Saturday, February 21, 2009

[စပ်မိစပ်ရာ] 3 New Entries: ချစ်သူဘာဝ

ချစ်သူဘာဝ

ဖြစ်ရပ် ၁
တီတီ…တီတီ…. (တယ်လီဖုန်းသံ)
ကောင်လေး ။ ။ ဟလို
ကောင်မလေး။ ။ တီဗီ ဖွင့်ကြည့် မြန်မြန်
ကောင်းလေး ။ ။ ဟုတ်..
ကောင်မလေး ။ ။ မြန်မြန်… ဖွင့်ပြီးပြီလား
ကောင်လေး ။ ။ အင်း…
ကောင်မလေး ။ ။ အဲဒီ မော်ဒယ်ဂဲလ် ဘယ်သူလဲ သိလား
ကောင်လေး ။ ။ သြော်… xxxx လေ။ xxxx ကားမှာလဲ ပါတယ်လေ…
ကောင်မလေး။ ။ သူ လှလား..
ကောင်လေး ။ ။ အင်း… လှပါတယ်
ကောင်မလေး ။ ။ သူ့ကို ကြိုက်လား
ကောင်လေး ။ ။ (ဒွတ်ခ.. စပြီ) အင်း.. ဒီလိုပါပဲ (အတွင်းစိတ်။ သိပ်ကြိုက် အရမ်းခိုက်)
ကောင်မလေး ။ ။ လှတယ်ဆို ကြိုက်ရမှာပေါ့ လာမလိမ်နဲ့
ကောင်လေး ။ ။ အာာ.. မလိမ်ပါဘူး
ကောင်မလေး ။ ။ ဒါဖြင့် ကြိုက်တယ်ပေါ့
ကောင်လေး ။ ။ ဒွတ်ခ ကြိုက်တယ်လဲမဟုတ် မကြိုက်ဘူးလဲမဟုတ် ပုံမှန်ပါပဲ (ကြိုက်ယုံမကဘူးဟေ့ အသေရရ အရှင်ရရလောက်ပဲ :P )
ကောင်မလေး ။ ။ အင်း အင်း.. ဒါဆိုလဲ ပီးရော… ဂလောက်
(ဖုန်းချသံ)
ကောင်လေး ။ ။ ဟူးး.. ဘာတွေလဲကွာ….

ဖြစ်ရပ် ၂
ကောင်မလေး။ ။ ညနေကျ ကျောင်းက သူငယ်ချင်းတွေနဲ့ အပြင်သွားမယ် သိလား
ကောင်လေး။ ။ သြော်.. သွားလေ အကြာကြီးတော့မသွားနဲ့နော်
ကောင်မလေး။ ။ အင်း.. သိပ်မကြာပါဘူး
ည ၁၀ နာရီခန့်အချိန်… ကောင်မလေးမှ ဖုန်းဆက်လာ…
ကောင်မလေး။ ။ ညနေက လိုက်လဲမလာဘူး သိပ်စိတ်ချတယ်ပေါ့…
ကောင်လေး။ ။ အာာ.. မဟုတ်ပါဘူး ဗိုလ်ချုပ်ဈေးသွားမှာ သိနေတာပဲ အဝေးကြီးမှ မဟုတ်တာ
ကောင်မလေး။ ။ အင်းပါ ဘာပဲဖြစ်ဖြစ် စိတ်မပူဘူးမလား သိပါတယ်
ကောင်လေး။ ။ အာ… အဲလိုမဟုတ်….
ဟူးး…. နေတာက ကျောက်တံတား သွားတာက ဗိုလ်ချုပ်ဈေး နီးနီးလေးကိုဗျာ…

ဖြစ်ရပ် ၃
ဒီနေ့ ကောင်လေး သူငယ်ချင်းများနှင့် စာ အတူလုပ်ရန် ချိန်းထားပါသည်။ ကောင်မလေး ထံမှ ခွင့်ပြုချက် ယူထားပြီးလဲ ဖြစ်သည်။ စာလုပ်နေချိန်တွင် ကောင်မလေး ထံမှ ဖုန်းဝင်လာသည်။

ကောင်မလေး။ ။ တော်ကြာ ရုပ်ရှင်သွားကြည့်ရအောင်ဟာ
ကောင်လေး။ ။ အန်.. စာလုပ်နေတယ်လေ ပြောထားတာပဲဟာ

ကောင်မလေး။ ။ သိပါတယ်၊ ဒါမယ့် အဲဒီကားအရမ်းကြည့်ချင်လို့ နောက်တစ်ပါတ်ကျ မရှိတော့ရင် ဘယ်လိုလုပ်
ကောင်လေး။ ။ အာာ… မရဘူးဟ စာမေးပွဲလဲနီးပြီ ထွက်လာရင် သူငယ်ချင်းတွေ ဆဲကြမှာ

ကောင်မလေး။ ။ တကယ်ရော စာလုပ်နေတာ ဟုတ်ရဲ့လား (မှားပါတယ်) သူတို့နဲ့ပေးပြော (လေသံမာတယ်ဟ)
ကောင်လေး။ ။ ဟုတ်.. ဟုတ်
ကောင်လေး သူငယ်ချင်း။ ။ ဟုတ်ပါတယ်ဟ ငါတို့ စာလုပ်နေတာ

ကောင်မလေး။ ။ ……………. (အသံတိတ်)
ကောင်လေး။ ။ ယုံပြီလား စာလုပ်နေပါတယ်ဆို

ကောင်မလေး။ ။ ဘယ်လိုဖြစ်ဖြစ် မသွားဘူး ဆိုပါတော့ (ဒွတ်ခ စိတ်ကြီးပဲ)
ကောင်လေး။ ။ ကဲပါ ဒီလိုလုပ် ညနေပွဲ သွားမယ်နော် အိုကေလား

ကောင်မလေး။ ။ ဟင့်အင်း သွားဘူး ညနေလူများတယ်
ကောင်လေး။ ။ …………….. (ညနေလူများမယ်တဲ့ ကြိုသိနေတော့တာပဲ နတ်မျက်စိများရနေလားမသိ)

ကောင်မလေး။ ။ ချစ်သူအတွက်ဆို ဒါလေးတောင် မလုပ်ပေးဘူး (ဘုရားရေ)
ကောင်လေး သူငယ်ချင်း။ ။ ကဲပါ သွားလိုက်ပါကွာ ညကျမှ ဘာတွေ အရေးကြီးတယ်ဆိုတာ ဖုန်းဆက်ပေးလိုက်မယ်(ချစ်ဖို့ကောင်းလိုက်တဲ့ သူငယ်ချင်း :) )
ကောင်လေး။ ။ အိုကေ အိုကေ ဒါဆိုလဲ သွားမယ်လေ လာကြိုရမလား

ကောင်မလေး။ ။ တော်ပါ အပိုတွေလုပ်မနေနဲ့ မကြည့်ချင်လဲ နေတော့ လာမဖားနဲ့ ပုံမှန်ဆက်ဆံ
ကောင်လေး။ ။ (ဟူး..ငါပဲမှားတာပါ) မဟုတ်ရပါဘူးကွာ တကယ်ကြည့်ချင်တာပါ လာခေါ်လိုက်မယ်နော်

ကောင်မလေး။ ။ အင်း.. ဒါဆိုလဲ ပြီးရော လာမခေါ်နဲ့တော့ xxxxx မှာစောင့်နေ ထွက်လာခဲ့မယ်
ကောင်လေး။ ။ အမိန့်တော်မြတ် အတိုင်းပါ :)

ဟုတ်ကဲ့ အားလုံးအဆင်ပြေသွားပြီလို့ ထင်နေပါသလား ဆက်ရန် ကျန်ပါသေးတယ်။ ကောင်းလေး ချိန်းထားတဲ့နေရာမှာ စောင့်နေပြီး ရုပ်ရှင်ပြဖို့ အချိန် တဖြေးဖြေး နီးလာပါပြီ။ ကောင်မလေးကတော့ ပေါ်မလာသေးပါ။

ကောင်လေး။ ။ ဟလို… ဘယ်နားရောက်ပြီလဲ
ကောင်မလေး။ ။ အင်း.. အိမ်မှာပဲ ရှိသေးတယ်

ကောင်လေး။ ။ (လုပ်ပီကွာ..) ဘာဖြစ်လို့လဲ အိမ်က ထွက်လို့မရလို့လား
ကောင်မလေး။ ။ မဟုတ်ပါဘူး ခုနက ဖုန်းချပြီးတော့လေ ဗိုက်ထဲအောင့်လာလို့ အဲဒါ ပိုဆိုးလာမှာ စိုးလို့

ကောင်လေး။ ။ ဟုတ်လား ဒါဆိုလဲ ဖုန်းဆက်လိုက်ရောပါ့ကွာ (ဟူးးး.. စိတ်ညစ်တယ် သက်သက်လုပ်တာ)
ကောင်မလေး။ ။ အင်း.. သက်သာမလားလို့ စောင့်ကြည့်နေတာ ဟီးဟီးး

ကောင်လေး။ ။ ဒါဆို မကြည့်တော့ဘူးပေါ့
ကောင်မလေး။ ။ အင်း… ဗိုက်အောင့်နေလို့ စိတ်ဆိုးနဲ့နော် kiss kiss

ကောင်းလေး။ ။ (လုပ်ထားဟေ့…) ဟုတ်ဟုတ် မဆိုးပါဘူး။ ခဏလောက် အိပ်လိုက်ပါလား သက်သာသွားအောင်လေ တာ့တာနော်

အထက်ပါဖြစ်ရပ်များဖြစ်ပွားပြီးနောက် တစ်ပါတ်အကြာ ကောင်းလေး သူငယ်ချင်းများနှင့် စာစုလုပ်နေချိန်တွင်…

ကောင်မလေး။ ။ ဟလို ဘယ်ရောက်နေလဲ ရုပ်ရှင်သွားကြည့်ရအောင်ကွာ @#$%&(^%$@#$……………….
ကောင်လေး။ ။ ……………………………………………

မိုးဟေကို လိင် အင်တာနက်

ဟဲဟဲ… ပို့စ် ခေါင်းစဉ်ကို ကြည့်ပြီး ဘာလဲလို့မတွေးလိုက်ပါနဲ့။ စပ်မိစပ်ရာ ဘလော့ဂ်က keywords တွေပါ။ ဒီနေ့ ပျင်းပျင်းရှိတာနဲ့ ဘလော့ဂ် လာလည်သူ စာရင်းကို ကြည့်မိတယ်။ January လ စာရင်းမှာ အများဆုံးနေ့က ၁၆၁ အနည်းဆုံးက ၃၂ ပျှမ်းမျှဆိုရင် တစ်ရက်ကို ၅၀ ပါတ်ချာလည် ဆိုတော့ လာလည်သူ အနည်းငယ်ကျသွားတယ် ပေါ့ဗျာ။ ဒါနဲ့ Top Traffic Sources ကို ဆက်ကြည့်လိုက်တော့ Direct ၀င်ကြည့်သူက နံပါတ်တစ်ဖြစ်ပြီး Referring Sites တွေကတော့ ၁။ မောင်မျိုး ၂။ တောကျောာင်းဆရာ ၃။ လေးမ တို့ဖြစ်ကြတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက ဂူဂယ်မှာ ရှာပြီး စပ်မိကို ရောက်လာကြသူတွေပါ။ ပို့စ်ခေါင်းစဉ်ပေးထားသလိုပဲ မိုးဟေကို ၊ လိင် ၊ အင်တာနက် ၊ ကဗျာများ ၊ စပ်မိစပ်ရာ ၊ ဆိုတဲ့ စကားလုံး keywords တွေကိုရှာရင်းနဲ့ ကျွန်တော်တို့ ဘလော့ဂ်ကို ရောက်လာကြတယ်ခင်ဗျ။ Search Engine က တဆင့် ရောက်လာကြသူတွေက ၂၆.၀၈% နဲ့ ဒုတိယ နေရာမှာ ရှိနေတယ်ဆိုတော့ အဲဒီ ကီးဝေါ့တွေကို အတော်လူကြိုက်များပါလား လို့ သဘောပေါက်မိတယ် :P ။ ကျွန်တော် ဘာသာပြန်ဖူးတဲ့ လိင် မီဒီယာများ နဲ့ အင်တာနက် ဆိုတဲ့ ပို့စ်က ဒေတာ တွေ မမှားဘူး ဆိုတာ သက်သေပြနေတာပေါ့နော့် :D ။ ဘလောဂ်ရေးတာ လာလည်သူနည်းနေတာနဲ့ လိုင်းပြောင်းလိုက်ရင်တောင် ကောင်းလေမလားပဲ :D :D

မောင်ခွန်းချို နှင့် တီဗီဂိမ်းဆိုင်

မောင်ခွန်းချို နှင့် သူငယ်ချင်း တသိုက်သည် ၁၉၉၄ ခုနှစ်တွင် ဘဝ၏ တဆစ်ချိုးဟု ထိုထိုလူတို့ ခေါ်ဆို သမုတ်အပ်သော ဒဿမတန်း စာမေးပွဲအား အောင်မြင်ပြီးမြောက် ကြလေသည်။ အောင်မြင်ပြီးနောက် ရှေးရှေး အထက်ကျော်ကာရီမှ လူပုဂ္ဂိုလ်တို့၏ အစဉ်အလာအတိုင်း တက္ကသီလာ မြကျွန်းသာသို့ သွားလို ၏။ သို့သော် မသွားနိုင်။ သူတို့ အလှည့်ကျရန် နှစ်နှစ်နီးပါး စောင့်ဆိုင်းရပါမည်။ ဤနှစ်နှစ်နီးပါး အချိန်ကာလ အား မည်သို့ ကျော်ဖြတ်ရပါမည်နည်း။ သူငယ်ချင်းတသိုက် လက်ဖက်ရည်ဆိုင် တို့တွင် တွင်တွင်ထိုင်၍ ခေါင်းချင်းရိုက်ကြ၏။ မည်သည့်အဖြေမှ မထွက်။ လက်ဖက်ရည်ဖိုး ဆေးလိပ်ဖိုး တို့သာ အတော်ကုန်သော ဟူ၏။ ထိုမျှဖြင့် မကျေနပ်နိုင်။ ယမကာဆိုင် ထိုင်သောအခါ တွင်လည်း ဆွေးနွေး ကြပြန်၏။ ပီဘိ အရက်သမားကြီး တွေအလား အရက်ခွက်အား ဆကာဆကာ တိုင်ပင်ကြပြန်၏။ နောက်ဆုံးတွင် စီးပွားရေးလုပ်ငန်း တစ်ခုအား စုပေါင်းလုပ်ကိုင် ကြရန် အဖြေထွက်လာ၏။ သို့သော် နေပါဦး။ မည်သည့်လုပ်ငန်းကို လုပ်ကိုင်ကြမည်နည်း။ တယောက်က ဟန်ကျမည်ထင်သည်ကို တယောက်က ဟန်မရ ဟု မြင်၏။ တယောက်က တင်ပြသော အလုပ်အား တယောက်က ကန့်ကွက်၏။ တော်တော်နှင့် အဖြေမထွက်။ ဂွကျလျက်သာ နေ၏။ နောက်ဆုံးတွင်မှ အများသဘောနှင့် ကိုက်ညီသော အဖြေတစ်ခု ထွက်လာ၏။ တီဗီဂိမ်းဆိုင် ဖွင့်ရန်တည်း။

ဤနေရာတွင် မောင်ခွန်းချို နှင့်တကွ သူငယ်ချင်းတသိုက်အား အနည်းငယ် မိတ်ဆက်လို၏။ မောင်ခွန်းချိုကား စာပေသမားတည်း။ အထွေထွေ အထူးထူးသော ကျမ်းကြီးကျမ်းငယ် မှအစပြု၍ မဂ္ဂဇင်း စာအုပ်များအဆုံး မပြတ်တမ်း ဖတ်ရှုလေ့လာ၏။ မျက်မှန်ထူထူ၊ ဆံပင်ရှည်ရှည်ပွပွ၊ ပိန်ကိုင်းကိုင်း နှင့် ကဗျာဆရာဂိုက် ဖမ်းနေသူ ဖြစ်၏။ အကြောင်းအရာ အတော်များများကို စပ်စပ်စပ်စပ် သိ၏။ သို့သော် မည်သည့် အရာကိုမျှ ခြေခြေမြစ်မြစ် မသိ။ မည်သည့်အလုပ်ကို မှလည်း လုပ်ရန် စိတ်မဝင်စား။ အကြောင်းပြချက် ကား စာပေဖတ်ရှုလေ့လာ နေရသဖြင့် အချိန်မရှိ ဟူသတတ်။ အာဂ မောင်ခွန်းချိုတည်း။

မောင်သင်္ကြန် ကား သူငယ်ချင်း အပေါင်းအသင်း ကို ခုံမင်သောသူ တယောက်ဖြစ်၏။ ဟေးလားဝါးလား နေရသည်ကို ပျော်၏။ မိဘလက်ငုပ်လက်ရင်း ကုန်သွယ်စီးပွား ကိုလည်း စိတ်မဝင်စား။ မည်သည့်အရာ ကို စိတ်ဝင်စားမှန်းလဲမသိ။ ပုဂံမင်းအကြောင်း ကျမ်းဂန်တွင် ပါသည့်အတိုင်းဆိုရသော် လွေ့လွေ့ရမ်းရမ်း ပေးကမ်းစွန့်ကြဲ တတ်၏။ ဤမျှဖြင့်ပင် မောင်သင်္ကြန်အကြောင်း တော်လောက်ပြီ။

မောင်ကျော်စိုး နှင့် မောင်ကောင်းဟန် တို့ကား အထက်ပါ ပုဂ္ဂိုလ်ကျော် နှစ်ဦး နှင့် နှိုင်းစာသော် ထကြွ ဝိရိယ ရှိသူများဖြစ်၏။ မောင်ကျော်စိုးကား အလုပ်တစ်ခုကို စနစ်တကျ သေချာကျနစွာ လုပ်လို၏။ မောင်ကောင်းဟန် ကား လူ့ဘဝကို စာရင်းဇယား ဆွဲသကဲ့သို့ နှစ်ကာလ အပိုင်းအခြား နှင့် သတ်မှတ် ထားသူဖြစ်၏။ သူ့မူသူ့ဟန် နှင့် နေတတ်၏။ ဤမျှဖြင့်ပင် သူတို့ နှစ်ယောက်အကြောင်း ရပ်ဦးမည်။

နောက်ဆုံးတယောက် ဖြစ်သော မောင်ပြည့်ဖြိုးကား တမူထူး၏။ တဇွတ်ထိုး လုပ်တတ်သောဥာဉ် ရှိ၏။ စိတ်နောက်သို့ ကိုယ်ပါလွန်း၏။ အိမ်မှ မကြာမကြာဆင်း၏။ အပေါင်းအသင်း မင်၏။ ကွန်ပြူတာအား ကျွမ်းကျင်နိုင်နင်းသူလဲ ဖြစ်၏။ ဤမျှဖြင့်ပင် မောင်ပြည့်ဖြိုး အကြောင်း တန်ဦးမည်။

ထိုထိုဤဤ ကြန်အင်လက္ခဏာ တို့နှင့် ပြည့်စုံသော သူငယ်ချင်းတသိုက်သည် တီဗီဂိမ်းဆိုင် ဖွင့်ရန် အပြီးသတ် သဘောတူညီ ကြလေသည်။ တကယ် လုပ်ငန်းစမည် ပြုသောအခါ မောင်ခွန်းချို မပါဝင်ဖြစ်။ လိုအပ်သည်များကို ကူညီမည် ဟုဆိုကာ ကျန်ရစ်၏။ မောင်သင်္ကြန်၊မောင်ကျော်စိုး နှင့် မောင်ကောင်းဟန် တို့သုံးဦးသာ ငွေရင်းစိုက်ထုတ်၍ ဆိုင်ဖွင့်ရန် ပြင်ဆင်ကြ၏။ မောင်ပြည့်ဖြိုး ကား ဆိုင်မန်နေဂျာ လုပ်ချိမ့်မည်။ မောင်ခွန်းချိုက ဝိုင်းပေးဝန်းပေးမည်။ ကောင်းလေစွ၊ ကောင်းလေစွ။ ဆိုင်ခန်း ရှာပုံတော် ဖွင့်ကြ၏။ ၂၂လမ်း အလယ်လမ်းတွင် ပထမထပ် အခန်းတခန်း အား ငှားရမ်း ရရှိသည်။ ဟန်ကျပြီ။ ဆိုင်အမည် မပေးရသေး။ ဤတွင် မောင်ခွန်းချိုက ဆိုင်အမည်ကို "Sunday" ဟု ပေး၍ တနင်္ဂနွေနေ့ တွင် စတင်ဖွင့်လှစ်ရန် အကြံပေး၏။ ခေါ်ရလွယ်ကူသည် ဟု အကြောင်းပြ၏။ အမှန်က ဘာမှမဟုတ်။ ထိုစဉ်က ခေတ်စားနေသော "Micheal learns to rock" ၏ သီချင်း "Someday" နှင့် ခပ်ဆင်ဆင် "Sunday" ဟု ပေးလိုက်ခြင်းဖြစ်၏။ ထိုသို့ ဆိုင်အမည်အား လှပသေသပ်စွာ ကင်ပွန်းတပ်ပြီး သကာလ ဆိုင်တွင် စံပယ်ရန် ဘုရားရုပ်ပွားတော် တစ်ဆူအား ကန်တော်ကလေး ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ပင့်လှူပူဇော် ပြန်လေသည်။ ဆိုင်ဖွင့်ရန် အသင့်ဖြစ်ပြီ။ ၁၉၉၅ ခုနှစ် မိုးဥတု၏ တခုသော တနင်္ဂနွေနေ့၌ ဆိုင်ကို စတင် ဖွင့်လှစ်ကြလေ သတည်း။

ထိုနေ့ကား မင်္ဂလာ အပေါင်း ခညောင်းသောနေ့ ဖြစ်၏။ အဘယ်ကြောင့်နည်း။ နှယ်နှယ်မဟုတ်။ "Sunday" ဟု ခေါ်တွင် သမုတ်အပ်သော တီဗီဂိမ်းဆိုင် ဖွင့်သောနေ့ ဖြစ်သောကြောင့်တည်း။ တချိန်တွင် Sunday ဟူသော အမည်နာမ နှင့်ပင် နိုင်ငံတကာတွင် ဖျော်ဖြေရေး လုပ်ငန်းကြီး တစ်ခု ဖြစ်ကောင်းဖြစ်လာ ချိမ့်မည်။ မဖြစ်ဟု မည်သူ ပြောနိုင်အံ့နည်း။ ထိုသို့ စိတ်ကူးယဉ်ကြ ပြီးသကာလ ဆိုင်ကို စတင် ဖွင့်လှစ်ကြ၏။ တီဗီဂိမ်းစက် ရှစ်လုံး ကား လာရောက်ဆော့ကစားမည့် ကလေးသူငယ် လူကြီးလူငယ် အပေါင်းတို့အား ငံ့လင့်၏။ ကြာကြာ မငံ့လင့်ရပါ။ ဖွင့်ပြီး တစ်နာရီ အတွင်း စက်ငါးလုံးခန့် လူပြည့်သွား၏။ ဟန်ကျချေပြီ။ သို့ရာတွင် နေပါဦး။ ဆော့နေသူများကို သေချာကြည့်ပါဦး။ ဆိုင်ဝင်ပေါက် နှင့် အနီးဆုံး ဖြစ်သော စက်တွင် တင်ပျဉ်ခွေလျက် အကျအန ထိုင်ဆော့ နေသူကား မောင်ခွန်းချိုတည်း။ ကိုယ်ကာယ ကြုံလှီသဖြင့် အပြင်အပတွင် ဘောလုံးမကန် ရသည်ကို အတိုးချသလော မပြောတတ်။ သည်းကြီးမည်းကြီး တီဗီဂိမ်း ဖြင့် ဘောလုံးကန်နေ၏။ မောင်အေးလွင် ကား သိုင်းဝတ္ထုများကို အရည်ကြိုသောက်ထား သူဖြစ်၏။ သို့ကြောင့်လော မပြောတတ်။ တီဗီဂိမ်း ဖြင့် သည်းကြီးမည်းကြီး ဓားသိုင်းကစား နေ၏။ နောက်စက်များတွင်လည်း မောင်ခွန်းချိုတို့ သူငယ်ချင်း တသိုက်၏ သူငယ်ချင်းများ ဂိမ်းခွေအမျိုးမျိုး တို့ကို အားပါးတရ ကစားနေကြ၏။ တကယ် ပိုက်ဆံပေး၍ ဆော့မည့် ကလေးများ လာသောအခါမှ မထချင်ထချင် နှင့် ထပေးကြသော ဟူ၏။ ခေါင်းမာသူ တချို့ကား မသိဟန်ဆောင်နေ၏။ ဆိုင်ရှင် မောင်သင်္ကြန်ကား ခပ်ပေါ့ပေါ့ ခပ်ပျော်ပျော် သမားမို့ မထောင်းတာ။ မောင်ကျော်စိုး နှင့် မောင်ကောင်းဟန် ကား ဆူလိုလှပြီ။ မဆူသာ။ လူနိုင်သူငယ်ချင်းများ ဖြစ်သောကြောင့်တည်း။ မတတ်နိုင်။ လက်ပိုက်ကြည့်နေရ ပါသည်။

ဆိုင်ဖွင့်ပြီး တစ်လအတွင်း Sunday ကား မောင်ခွန်းချိုတို့ သူငယ်ချင်း တသိုက်၏ စတည်းချရာ ဖြစ်လာ၏။ မနက်ပိုင်းတွင်သာ လူအတန်ငယ် ရှင်း၏။ အခြားကြောင့် မဟုတ်ပါ။ စောစော မနိုးကြ သောကြောင့် ဖြစ်ပါသည်။ နေ့လယ်ပိုင်း မှစ၍ တရုန်းရုန်းနှင့် သောင်းကျန်းလိုက် ကြသည်မှာ ညဆယ်နာရီ တိုင်သောဟူ၏။ မောင်ခွန်းချိုကား ဆိုင်စဖွင့်သောနေ့ ကတည်းက အိမ်တွင်မကပ်ပြီ။ နေ့လယ်ပိုင်းတွင် မှန်မှန်လာ၏။ ရောက်သည်နှင့် ဂိမ်းထိုင်ဆော့သည်မှာ ညနေတိုင်တော့သည်။ ညနေ သုံးနာရီ ခန့်တွင် ဆိုင်ရှိသော တိုက်ရှေ့ လမ်းဘေး လက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်၊ စီးကရက် တို့ကို မှာယူ ဘုန်းပေး၏။ သူ့နည်းတူ မှာယူထားသော လက်ဖက်ရည်ခွက် ကော်ဖီခွက် တို့လည်း အပုံအပင် ဖြစ်၏။ ရှင်းသူလဲ ရှင်းကြ၏။ မရှင်းသူလဲ မရှင်း။ ဆိုင်စာရင်းထဲ ထည့်လိုက်သော ဟူ၏။ လွန်စွာ ချစ်ခင်ဖွယ်ရာသော သူငယ်ချင်းများတည်း။ မောင်အေးလွင်ကား မအူကုန်းတွင် နေ၏။ ဆိုင်သို့ နေ့တိုင်းလိုလို လာ၏။ ည တစ်ချက်တီး မှ ပြန်၏။ ထိုအချိန် ပြန်ရန် လိုင်းကား အဘယ်မှာ ရှိတော့အံ့နည်း။ ကိစ္စမရှိပါ။ ဆိုက်ကား နှစ်ဆင့် စီး၍ ပြန်ပါသည်။ ဆိုင်ရှင် မောင်သင်္ကြန်၊ မောင်ကောင်းဟန် တို့ပင် သူတို့လောက် မနေနိုင်။ ကျလဲကျတဲ့ လူတွေ။ ဆိုင်မန်နေဂျာ မောင်ပြည့်ဖြိုးကား မနက်စောစော ထလေ့မရှိ။ ည နှစ်နာရီ သုံးနာရီထိ ဂိမ်းဆော့ရသည် ဖြစ်ရာ အဘယ်မှာလျှင် စောစောထနိုင် အံ့နည်း။ ညဥ့်နက်သန်းခေါင် အထိ ဂိမ်းထိုင်ဆော့ ရချေမည်လော ဟု အပြစ်တင် မစောစေလိုပါ။ မည်သည့် ဂိမ်းက မည်သို့ ကောင်းသည်ကို လာရောက်ဆော့ကစားသည့် ပရိသတ်အား ရှင်းလင်းပြောပြ စေနိုင်ခြင်း အလို့ငှာ ဆော့ရခြင်း ဖြစ်ပါသည်။ ဆိုင်ရှိ စာရင်းအင်း တို့ကို ပြုစုသည့်အခါ ပြုစုသည်။ မပြုစု သည့်အခါ မပြုစု။ ဆိုင်ရှင် မောင်သင်္ကြန်၊ မောင်ကျော်စိုး နှင့် မောင်ကောင်းဟန် ကား မောင်ပြည့်ဖြိုး အား ဆူလိုလှ၏။ မဆူနိုင်။ လူနိုင်ဖြစ်သော ကြောင့်တည်း။ ည ရှစ်နာရီ ထိုးသည်နှင့် မောင်ပြည့်ဖြိုး ဝရန်တာ သို့ရောက်၏။ ဝရန်တာတွင် တင်ပါးလွှဲ ထိုင်၏။ သူမို့ မကြောက်မရွံ့။ မည်သူတို့ကို မျှော်သနည်း။ လာရောက်ဆော့ကစားမည့် ဧည့်ပရိသတ် တို့ကိုလော။ မဟုတ်ပါ။ ဆိုင်ရှေ့တိုက်တွင် ဖွင့်လှစ်ထားသော ဗီဒီယိုဆိုင် သို့ လာရောက်ကြမည့် ကောင်မလေး များကို ဖြစ်ပါသည်။ ညဆယ်နာရီ ခန့်တွင် ဆိုင်ပိတ်၏။ ဂိမ်းစက်များကို အနားပေးရတော့မည်။ နေပါဦး၊ နေပါဦး။ သူငယ်ချင်းများ ဆက်ဆော့ကြဦးမည် ဖြစ်ပါသည်။ ဂိမ်းစက်များကား အနားမရကြရှာ။ လူဆိုလျှင် ညည်းညူကြမည် ဧကန်ဖြစ်၏။

ထိုသို့ ဆိုင်ဖွင့်နေရင်း နှင့်ပင် တရုတ် နှစ်သစ်ကူး သို့ ရောက်လာသည်။ ဆိုင်ရှင် မောင်သင်္ကြန် နှင့် မောင်ကျော်စိုးကား တရုတ်လူမျိုး များတည်း။ နှစ်ကူးတည်းဟူသော အခါသမယ ကို အကြောင်းပြုပြီး သကာလ ဖဲရိုက်ပွဲကြီး ကို ဝှဲချီး ကျင်းပ ကြပြန်သည်။ မောင်ကျော်စိုး၊ မောင်ကောင်းဟန် နှင့် မောင်ခွန်းချို ကား အထက်တန်းကျောင်းသား ဘဝကတည်းက ဖဲရိုက်ဖက်များတည်း။ ဖဲရိုက်ရင်းနှင့် လိမ္မော်ဖြူ တည်းဟူသော ပေါင်းခံရည် အား မပြတ်ဘုန်းပေးကြ၏။ ထိုသို့ ဖဲရိုက်လိုက်ကြ သည်မှာ တော်တော်နှင့် အတောမသတ်ပြီ။ နှစ်ကူးပြီး လပေါက်သည်အထိ ရိုက်ကြသတည်း။ ပြီးပြီလော။ မပြီးသေးပါ။ တရုတ်နှစ်ကူး ပြီးလျှင် မြန်မာနှစ်ကူး ရောက်လာ ပြန်ပါသည်။ မောင်ခွန်းချို နှင့် မောင်အေးလွင် ဦးဆောင်၍ ဂျစ်ကားတစ်စီး ကို ငှား၏။ ဒရိုင်ဘာ၊ စပယ်ယာ တို့နှင့်တကွ သူငယ်ချင်းများ အားလုံး ဆိုင်တွင်ပင် စတည်းချ ကြပါသည်။ သောက်လိုက်ကြသည့် အရက်ကား နေ့မီး ညမီး ဆက်တော့သည်။ သင်္ကြန်ပြီးသော် Sunday ကား တီဗီဂိမ်း ဆိုင်နှင့်မတူ။ သာလာယံ ဇရပ်ကဲ့သို့ ဗွက်ပေါက် ကျန်ရစ်၏။

ထိုသို့ မောင်ခွန်းချို တို့တသိုက် တရုန်းရုန်း လုပ်နေသည်ကို အိမ်ရှင် ကိုဝင်းရှိန် ကား ကြည့်မရချေပြီ။ သို့သော် တစ်နှစ်စာ ငှားရမ်းပြီး ဖြစ်နေ၏။ ကိုဝင်းရှိန် ကား လူပျိုကြီး ဖြစ်၏။ ညစ်ကတ်ကတ် နိုင်သောသူ လည်းဖြစ်၏။ ဆိုင်စဖွင့်သော နေ့ကတည်းက ဆိုင်မန်နေဂျာ မောင်ပြည့်ဖြိုး နှင့် ကတောက်ကဆ ဖြစ်သော အကြိမ် မနည်းပြီ။ ချိတ်ချိတ်ချင်း ချိတ်မိကြပြီ။ တစ်ရက်တွင် မောင်ပြည့်ဖြိုး ခရီးယာယီ ထွက်သွား၏။ ဆိုင်သို့ ပြန်ရောက်သောအခါ ဆိုင်တံခါးအား သော့အသစ်ဖြင့် ပြောင်းလဲ ခတ်ထားသည်ကို တွေ့ရသည်။ ဆိုင်အပေါ်ထပ် အခန်းတွင်ပင် နေထိုင်သော ကိုဝင်းရှိန် အား သော့တက်တောင်း၏။ ကိုဝင်းရှိန် မရှိ။ နဂိုကပင် စိတ်တိုလွယ်သော မောင်ပြည့်ဖြိုး သည်းမခံနိုင်ပြီ။ သော့ကို ချိုးဖျက်ဝင်လိုက်သည်။ ထိုအချိန်မှ စ၍ မောင်ပြည့်ဖြိုး အပေါ် ကိုဝင်းရှိန် ကမ္ဘာမကြေပြီ။ ချက်ကောင်းကို စောင့်၏။ ကြာကြာ မစောင့်ရ။ တစ်ရက်သော် ဆိုင်ပိတ်ပြီးသကာလ မောင်ခွန်းချို တို့တသိုက် အရက်ဝိုင်း ဖွဲ့ကြလေသည်။ စကားပြောသံ ရယ်မောသံ တို့ကား ကိုဝင်းရှိန် ရှိရာ အပေါ်ထပ် တိုင် လျှံတက်၏။ အချက်ရပြီ။ ကိုဝင်းရှိန် ဘာမှမပြော။ ရပ်ကွက်လူကြီး များအား သွားခေါ်၏။ မောင်ခွန်းချို တို့တသိုက် ဆူပူအော်ဟစ် သောင်းကျန်းနေကြ ပါသည်ဟု အကြောင်းပြ၏။ မိမိ နှင့်တကွ သူငယ်ချင်း များအား ထိုသို့ စွပ်စွဲသည်ကို မောင်ကျော်စိုး မခံနိုင်။ အပြန်အလှန် စကားများကြ လေသည်။ နောက်ဆုံးတွင် တစ်နှစ် အိမ်ငှား စာချုပ်အား ကိုးလဖြင့် အပြီးသတ်ရန် နှစ်ဦးနှစ်ဖက် ဆုံးဖြတ်လိုက်ကြ တော့သည်။

သို့ဖြင့် မောင်သင်္ကြန်၊ မောင်ကျော်စိုး နှင့် မောင်ကောင်းဟန် တို့ အိမ်ခန်း ရှာကြပြန်၏။ သည်တကြိမ် တွင်တော့ ကန်တော်ကလေး ဘက်ရှိ လမ်းတစ်လမ်း သို့ ပြောင်းရွှေ့ခဲ့ကြလေသည်။ ထိုလမ်းကလေး ကား ၂၂လမ်း လောက် လူ စည်စည်ကားကား မရှိ။ လူမလာ။ အနည်းငယ်လဲ ချောင်ကျသော လမ်းကလေး ဖြစ်၏။ ထိုနေရာတွင် ခြောက်လခန့် ဖွင့်ကြ၏။ အခြေအနေမဟန်။ နောက်ဆုံး ဆိုင်ကို ပိတ်သိမ်းရန် ဆုံးဖြတ် လိုက်ရလေသည်။ ထိုသို့ ဆုံးဖြတ်ပြီးသကာလ ဆိုင်ရှိ ပစ္စည်းများအား မြတ်စွာဘုရား ဓာတ်တော်မွေတော် များကို အပြည်ပြည်ထောင် မင်းတို့ ညီမျှစွာ ခွဲယူတော် မူသကဲ့သို့ ခွဲယူကြ၏။ စီဒီ ထည့်၍ ဆော့ရသော အကောင်းဆုံး ဂိမ်းစက်ကား တစ်လုံးသာ ရှိ၏။ ထို ဂိမ်းစက် ကိုမူ ပိုက်ဆံပွတ်၍ ကံထူးရှင် ရွေးချယ်ကြလေသည်။ စက်ကား တန်ကြေး မြင့်သောကြောင့် သုံးယောက်စလုံးက လိုချင်ကြ၏။ ဘူကြီးပွတ်၏။ မောင်ကောင်းဟန်ကားမဖြစ်။ မောင်သင်္ကြန်ကား ခြောက်ပေါက်ရ၏။ မဆိုး။ သို့သော် မောင်ကျော်စိုးကား ခုနစ်ပေါက် ဖြစ်သွားသတည်း။ မောင်သင်္ကြန် မိမိကံကို အတော် စိတ်ပျက်သွားသော ဟူ၏။ စာရင်းချုပ်၍ သတ္ထုချကြည့် လေသော် တယောက်လျှင် အနည်းငယ်စီမျှ အရှုံးပေါ် ကြ၏။ မောင်ကောင်းဟန် ကား ဤလူစုဖြင့် မည်သည့် အလုပ်ကိုမျှ တွဲ၍ မလုပ်တော့ပြီ ဟူသော ကြီးစွာသော သန္နိဌာန် ကိုချ၏။ မောင်ကျော်စိုးလဲ စိတ်အတော်ပျက်သွား သောဟူ၏။ Sunday ကား တစ်နှစ် နှင့် သုံးလ သာ ခံသည်။ နိဌိတံ ရရှာလေသည်။ မောင်ခွန်းချို ၏ စိတ်ကူးစိတ်သန်း တို့ကား နိဌိမတံ။ တနေ့နေ့တွင် မိမိ နှင့် မိမိ သူငယ်ချင်းများ တစုံတရာ ကို ကြီးကြီးကျယ်ကျယ် လုပ်နိုင်မည် ဟု စိတ်ကူးယဉ်တုန်း ဖြစ်၏။ ဤဘဒ္ဒ ကမ္ဘာ တွင်လား၊ ဤကမ္ဘာ၏ အခြားအပ တွင်လားတော့ မပြောတတ်။ မောင်ခွန်းချို ၏ စိတ်ကူးစိတ်သန်း များ ထမြောက်ပါစေ သတည်း ။ ။

ခွန်းညို
(ဆရာကြီး သိပ္ပံမောင်ဝ ၏ ရေးသားဟန်အတိုင်း အတုယူရေးသား ပါသည်။)

You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[စိတ်မီးအိမ်] 3 New Entries: စက္ကန့်တံမပါသော နာရီလို နေပါ ..။

စက္ကန့်တံမပါသော နာရီလို နေပါ ..။

စက္ကန့်တံမပါသော နာရီတစ်လုံးကဲ့သို့
အချိန်များကို တည်ငြိမ်စွာ ဖြတ်သန်းပါ ..။
သင့်ကိုယ် သင် သတိမပြုမိသော အချိန်အတွင်
သင် ခရီးများစွာ ရောက်နှင့်နေပါလိမ့်မည် ...။

နာကျည်းစွာနဲ့ကြေကွဲလျက်ပါ

အိမ်မက်လှေဟာ ဦးတည်ရာမဲ့ -ကြေကွဲခြင်း၊ခံစားခြင်း၊ပူလောင်ခြင်းတွေရဲ့ နေရာမှာ ဝေ့၀ဲလို့ အလွမ်းမီးပြတိုက်ရဲ့ အနီးမှာ.XXXXXX
ဘယ်အချိန်ထိ ခံစားကြေကွဲနေရဦးမှာလဲ....၊မင်းပေးခဲ့တဲ့ ရက်စက်ခြင်းတွေ ခုံမင်စွာနဲ့ခံယူ ခုထိလွမ်းနေဆဲပါပဲ၊ မင်းနင်းလျှောက်သွားတဲ့ ငါ့ရင်ဘက်ထဲက အသဲနှလုံးတစ်စုံဟာ မင်းဆီက တစ်စုတစ်ရာကို ဆာလောင်နေတယ်၊မင်းမရှိတော့ မင်းထိုင်ခဲ့တဲ့ ခုံတန်းလေးပေါ်က နှင်းဆီရိုင်းလေးတစ်ပွင့်ဟာ ငါ့ရဲ့နာကျင်ခြင်းတွေကို ကိုယ်စားပြုနေတယ်။တစ်ချိန်က ရင်နှင့်မကမြတ်နိုးခဲ့ရပါတယ်ဆိုတာထက် ပိုတဲ့ မြတ်နိုးရသူ ကောင်မလေးရယ်......ခုတော့ ငါ့အတွက် ကြေကွဲခြင်း ၊နာကျင်ခြင်း တွေကို မင်းအလွယ်တကူပဲ ပေးအပ်ထွက်ပြေးသွားခဲ့။
ဘ၀ရဲ့ ငြိမ်းချမ်းမှု့တွေမှာ အချစ်ဟာ ဘယ်အခန်းကပါလဲ မသိချင်တော့..အချစ်ဆိုတဲ့အရာဟာ နှစ်လုံးသားချင်းသာ သက်ဆိုင်တယ်လို့ နှစ်ဦးစလုံး နားလည်လက်ခံထားကြတဲ့အတွက် ငါတို့နှစ်ယောက်ရဲ့ နှစ်လုံးသားမှာ တခြားဘာဂုဏ်ဓနအရောင်တွေမှ အစွန်းထင်းမခံခဲ့၊ရင်ထဲမှာ ဖြစ်တည်နေတဲ့ နှစ်လုံးသားရဲ့ ချစ်ခြင်းတရားကိုသစ္စာတရားနဲ့ ဘောင်ခက်ထိန်းချုပ်ရင်း အနာဂတ်မှာ အသိုက်အမြုံတစ်ခု တည်ဆောက်မယ်လို့ ခိုင်ကျဉ်စွာဆုံးဖြတ်ထားခဲ့ကြ.......ဒါတွေဟာ အိမ်မက်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး၊ဒါပေမယ့် အိမ်မက်တွေလိုပါပဲ........တစ်ချိန်က မင်းရဲ့ "သိပ်ချစ်ပါတယ်"ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ရက်စက်တဲ့အပြုံးတွေပါနေတာ ငါမသိခဲ့၊ခုတာ့ ဒါတွေဟာ အတိတ်ရဲ့အမှတ်ရစရာတွေ ဒါဏ်ရာတွေဖြစ်ဖို့ ဖန်တီးခဲ့တာလား၊ဆုံးဖြတ်ချက်တွေ အခိုင်အမာချခဲ့ပြီးခါမှ အနားမှ ထွက်ခွာသွားသူရယ် ဖုန်းထဲကနေ မကြာမကြာ ငါ့ကိုမခြောက်လှန့်ပါတော့နဲ့ကွာ၊မင်းရဲ့"ကို့ကိုသိပ်ချစ်နေဆဲပါပဲ"ဆိုတဲ့ ရိသဲ့သဲ့စကားသံတွေ ၊မင်းရဲ့လှောင်သလိုလိုရယ်မောသံတွေ ငါသိပ်ကြောက်လွန်းလို့ပါ...မင်းရဲ့ အဲ့ဒီစကားသံတွေရဲ့နောက်ကွယ်မှာ ဘယ်လိုစီမံကိန်းတွေရှိမလည်းဆိုတာ ငါမသိပေမယ့် ငါ့ရဲ့ရင်ကိုကြေကွဲခြောက်ခြားစေနိုင်တာကိုတော့ ငါအခိုင်အမာယုံကြည်တယ်။
တော်ပါတော့ကွာ၊တော်ပါတော့ မင်းစကားတွေရပ်လိုက်ပါတော့၊အရာအားလုံးကိုပေးဆပ်ခဲ့ပြီးပြီပဲ ၊ငါ့ဆီက ဘာတွေထပ်လိုချင်နေသေးလဲ၊ဒီလောက်ရက်စက်မှု့တွေနဲ့မတင်းတိမ်နိုင်သေးဘူးလား၊မင်းရဲ့ပျော်ရွှင်ရာမှာ ငါခေါင်းတွေအခါခါငုံ့ခဲ့ပြီးပြီပဲ၊အားလုံးပြောင်းလည်းခဲ့ပါပြီ၊ဒီပြောင်းလည်းခြင်းရဲ့အဆုံးမှာဒါဏ်ရာတွေသာပိုလာခဲ့၊တစ်ချိန်က မင်းရဲ့အချစ်တွေကို ယုံကြည်ခဲ့မိတဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမလား၊ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ ငါမင်းကို သိပ်ကြောက်သွားပါပြီ။ငါ မင်းကိုလွမ်းမိတယ်ဆိုပေမယ့် နာကျည်းနေပါပြီ၊ကြေကွဲနေတယ်ဆိုပေမယ့် မုန်းနေပါပြီ၊မင်းကိုအရင်လို ချစ်နေတုန်းပါပဲ ဒါပေမယ့် သတ်ပြစ်ချင်နေတယ်၊သေချာတာတစ်ခုကတော့ ငါမင်းကို ဘယ်လိုမှ မေ့လို့မရသေးဘူးကွယ်။
အိမ်မက်လှေဟာ ဦးတည်ရာမဲ့--ကြေကွဲခြင်း၊နာကျည်းခြင်း၊ပူလောင်ခြင်းတွေရဲ့နေရာမှာ ဝေ့၀ဲလို့ အလွမ်းမီးပြတိုက်ရဲ့ အနီးမှာ...XXXX/

အရိုင်း သို့မဟုတ် မုဆိုး

အရိုင်းတယောက်လို

ဖြစ်ကတတ်ဆန်း ငါ့ကို

အချစ်ငတ်သရမ်း လို့

မင်း.က သမုတ်တတ်နေပြီလား……။

အညစ်ကျပ် အနမ်းတဖွကို

အသစ်စပ် ဖြန်းဘ၀လိုလိုနဲ့

အမြစ်ပြတ် အမ်းချင်တုန်းကလဲ

မင်း….ပဲလေ။

မင်း.…..

မှတ်ထား……။

အလကား မတ်တင်းရတိုင်း

လျှာဖျား အဖတ်တင်ရုံလေး

ငါ…..

အာယား အမှတ်ထင်ခဲ့တာ မဟုတ်ဘူး။

အဲဒီတုန်းက

မင်း ကို ငါ…

တကယ်ချစ်ခဲ့ရိုးအမှန်ပါ။

အေး..ခုတော့

ငါ့လို… အရိုင်းကောင်က

အပြစ်မှတ်ပြီဆို

အချစ်ထပ်မပိုနိုင်တော့ဘူး။

တကယ်ဆို..

ယုန်ငယ်သားကိုမှ အကုန်ရှယ်စားချင်တဲ့

အမဲလိုက် ငါ.မုဆိုးအတွက်…

မင်း…..က

နှာသရုပ်ပိုးတွေနဲ့

အသပြာထုပ်ခိုးဖို့

မသမာ စုတ်ထိုးပြီး

မြူဆွယ်ခဲ့။

ဒါကို..

ငါ….

အချစ်မှတ်လို့ ကိုးကွယ်ခဲ့ပြီး

အဖိုးမဆယ်နိုင်ခဲ့တာ

ရင်နာစရာ…။

ဘာပဲဖြစ်ဖြစ်

ခုတော့…

ငါ…

ငါ့ မုဆိုးဆရာ အဘိုးကဗျာကို

ခံစားတတ်ခဲ့ပြီ။

ကေသရာဇာမျိုးက

မြေခွေးနဲ့ ခွေးအ

ဝေငှစားရတဲ့

ယုန်သူငယ်ကိုလည်း

ပုံမ၀ယ်တော့ဘူး။

အနမ်းပေးတဲ့

ပန်းကလေးတွေကိုလည်း

အငမ်းမငေးတော့ဘူး။

ဒါပေမယ့်

ငါ့..လည်ဆံတွေတော့

အတွယ်ခံ ခဲ့ရပြီပေါ့…။

နောက်ဆုံးတော့

အရိုင်းမုဆိုး

ငါ…ဟာ

မုဆိုးအရိုင်းပဲ ဖြစ်နေဆဲပါ။

ကောင်းတမန်

ညနေ ၅ နာရီ ၄၃ မိနစ်

၂၀၀၉၊ဖေဖော်ဝါရီ၊ ၁ရက်။

You received this email because you are subscribed to the real_time feed for http://seitmeeain.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မင်္ဂလာပါ] 1 New Entry: အနမ်းတွေအကြောင်း

အနမ်းတွေအကြောင်း

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။

You received this email because you are subscribed to the real_time feed for http://sithu08.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[xinyaw13] 1 New Entry: Valentine's Gift

Valentine's Gift

For Those Who Love and Beloved
ချစ်ခြင်းမှာ နစ်ဝင်သူများအတွက်....

You received this email because you are subscribed to the real_time feed for http://xinyaw13.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စောလင်းနက်စ်] 3 New Entries: ကရင်အမျိုးသားများအကြောင်း သိမှတ်ဖွယ်ရာများ (အပိုင်း -၂-)

ကရင်အမျိုးသားများအကြောင်း သိမှတ်ဖွယ်ရာများ (အပိုင်း -၂-)

ကရင်နှင့် ဗုဒ္ဓဘာသာ
(က) AD 4 ရာစုမှ စတင်ရရှိသည်။ သထုံပြည်မနူဟာမင်းလက်ထက် ဗညားအိန္ဒဘွဲ့ခံ ကရင်အမျိုးသားပညာရှိ အမတ်ကြီး ဖူးဒိုက်ကော် (ခေါ်) မွန်ဒိန်းသည် ဗုဒ္ဓတရားတော် ပိဋကတ် သုံးပုံကို ကရင်ဘာသာဖြင့် ပြန်ဆိုရေးသားခဲ့ပြီးဖြစ်သည်။

(ခ) ကော့သံခါရွာသား စောတာမိတ်သည် AD 1707၊ အသက် (၁၉)နှစ်အရွယ်တွင် သန်ကပိုင် ဆရာတော်ထံ၌ ရှင်သာမဏေပြုခဲ့သည် (ရှင်နန္ဒမာလာဘွဲ့) 1738 ခုနှစ်တွင် အင်းဝပဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် မင်းဆရာတော် (မောင်းထောင်ဆရာတော်)ထံတွင် ရဟန်းခံသည်။ ရဟန်းဘွဲ့မှာ နန္ဒမာလာသဒ္ဒမ္မကောဝိဒရာဇာဓိရာဇာဂုရုဖြစ်သည်။ 1776 (အမေရိကန်တော်လှန်ရေးကာလအတွင်း) ခုနှစ်တွင် မွေးရပ်မြေသို့ ပြန်ကြွလာခဲ့သည်။

ကရင်နှင့် နှစ်ခြင်းခရစ်ယာန်
(က) ကိုသာဖြူသည် 1828 ၊ မေလ (16) ရက်နေ့တွင် နှစ်ခြင်းခံသည်။ (စကောကရင်)
(ခ) ဖူးစံဖေါင်သည် 1837၊ ဇန်န၀ါရီလ (12)ရက်နေ့တွင် နှစ်ခြင်းခံသည်။ (ပိုးကရင်)

ကရင်အမျိုးသားများ၏ အမျိုးသားရေးကြိုးပမ်းမှု
(က) ပထမဆုံး ကရင်အမျိုးသားအစည်းအရုံး၊ ဒေါကလု (Karen National Association) ကို 1881 ခုနှစ် (အိန္ဒိယကွန်ဂရက်ပါတီထက် ၂-ခန့်စောသည်) တွင် ဖွဲ့စည်းပြီး အမျိုးသားအရေးကို ဆောင်ရွက်ခဲ့သည်။

ဒေါကလု၏ဆောင်ရွက်ချက်
(ခ) အထက်တန်းများ ကရင်စာပေနှင့် ပညာသင်ကြားရေး (1922) ခုနှစ်တွင် (ဘုရင်ခံဆာ ဟကုတ်ဘတ္တလာ) စဝှော်ကရင် (၁၀ တန်းအထိ) (ပ၀ိုကရင် ၇-တန်းအထိ) ပညာသင်ကြားခွင့် ရရှိခဲ့ကြသည်။ 1958 ခုနှစ် နောက်ပိုင်းမှစ၍ ယင်းခွင့်ပြုချက်ကို အကြောင်းတစုံ
တရာခေါ်ဖေါ်ပြခြင်းမပြုပဲ ရပ်ဆိုင်းလိုက်သည်။

(ဂ) ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို တရားဝင် ရုံးပိတ်ရက်ဖြင့် ရရှိရန်ဆောင်ရွက်ရာတွင်
1937 ခုနှစ်၌ ဥပဒေကြောင်းမှတ် (26/1937) ဖြင့် ရရှိခဲ့သည်။1938 ခုနှစ် ဒီဇင်ဘာလ (၁၂)ရက် ကရင်သက္ကရာဇ် ၂၆၇၈-ခုနှစ်၊ သလေး-ထိုင်ခုတ်ဖို၊ ပြာသိုလ္ဆန်း (၁)ရက် နေ့တွင် ပထမဆုံး ကရင်နှစ်သစ်ကူးမိန့်ခွန်းကို အသံလွင့်ပြောကြားခဲ့သည်။

၈။ 1931 ခုနှစ်၌ သတ်မှတ်ထားသော ကရင်မျိုးနွယ်စုများ
(၁) သီးခြားမဖေါ်ပြသောကရင် (၂) စကောကရင် (၃) ပကူးကရင် (၄) မိုဝေကရင် (၅)ဘွဲကရင် (၆) ပရင်းဘောကရင် (ရ)ဝေေ၀ါကရင် (ဂ) မိုပွာကရင် (၉) ပအိုကရင် (၁၀)ပဒေါင်ကရင် (၁၁) ကရင်ဖြူ (၁၂) ကရင်နီ (၁၃)ဂဲခို၈ဲဘားကရင် (၁၄) ဇယိမ်ကရင်(ပဒေါင်ခေါင်းကို) (၁၅) တလိုင်းကရင် (၁၆) ပိုးကရင်

၉။ ယနေ့သတ်မှတ်ကရင်အမျိုးသားများ
(၁) ပိုးကရင် (မွန်ကရင်) (၂)စကောကရင် (၃)ဘွဲကရင် (၄)ပကူးကရင် (၅)ဘလပွာကရင်(၆)မော်နေပွါကရင် (၇)ကရင်ဖြူ (၈)ပလေခီး(ပလေချီး) (၉)ပိုးကရင်(အနောက်) (၁၀)မိုပွာကရင် (၁၁)ဃဲခိုကရင် (၁၂)ဃဲဘားကရင်

၁၀။ ကရင်အမျိုးသား လူဦးရောမှာ 1931 ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ (၁၀.၆) သန်းရှိနေစဉ်၊ ကရင်အမျိုးသားဦးရေမှာ (၁.၄) သန်း။ 1943 ခုနှစ် ဂျပန်ခေတ်သန်းခေါင်းစာရင်းအရ ကရင်လူဦးရေမှာ (၄)သန်းကျော်ခန့်ရှိပြီး၊ စစ်အစိုးရခေတ် 1992 ခုနှစ် စစ်အစိုးရသန်းခေါင်းစာရင်းအရ ကရင်အမျိုးသားဦးရေမှာ (၂.၆)သန်း (၂၆)သိန်းရှိကြောင်းသိရှိပါသည်။

၁၁။ 1951 ခုနှစ် သံလွင်ခရိုင်ကို အထူးဒေသအဖြစ်အခြေပြုလျှက် ကရင်ပြည်နယ်ကို ဖာပွန်၊ မြ၀တီ၊ လှိုင်းဘွဲ့ကော့ကရိတ်၊ သံတောင်၊ ကြာအင်းဆိပ်ကြီးစသည့် မြို့နယ်များကို ပါဝင်ဖွဲ့စည်းပြီး။ ကရင်ပြည်နယ်ထူထောင်ပေးခဲ့ရာတွင် 1992 ခုနှစ်သန်းခေါင်းစာရင်း
အရ ကရင်လူမျိုး (2.6)သန်း၊ (၂၆)သိန်းရှိသည့်အနက် ကရင်ပြည်နယ်တွင် (၆)သိန်းမျှနေထိုင်ကြ၍ ကရင်ပြည်နယ်ပြင်ပ အခြားတိုင်းကြီးများနှင့် ပြည်နယ်များတွင် (၂)သန်း(သိန်း ၂၀) နေထိုင်ကြကြောင်း သိရှိရပါသည်။

၁၂။ ဗမာဘုရင်များအုပ်စိုးချိန် ကရင်အမျိုးသားများ၏ အခြေအနေ
ပဒေသရာဇ်စနစ်ကြီး၏ အောက်ဆုံးထပ်တွင် ပိပြားနေခဲ့ရ၏၊ ကြမ်းကြုပ်ရက်စက်မှု အားလုံးကို ၀၀လင်လင်ကြီးခံစားရ၏။ ဘ၀အခြေအနေတို့မှာ ကျေးကျွန်တို့ထက်ပင် ဆိုးဝါးလှ၏။

ဗမာလူမျိုးတို့နှင့် ရှောင်ရှားနိုင်သမျှရှောင်ပြီးတော့ တောတောင်များတွင် သစ်တပ်များဝိုင်းရံ တည်ဆောက်ပြီး နေကြ၏။

ခရစ်ယာန်ဘာသာကိုးကွယ်လာသူများကို မိစ္ဆာတွေဟု မျတ်ချကာ ပိုမိုနှိပ်စက်ခြင်းကို ခံရပေ၏။ ဗြိတိသျှနယ်ချဲ့သမားတို့ ဗမာနိုင်ငံကို သိမ်းပိုက်လာသည့်အခါ ကရင်တို့သည်ဗြိတိသျှ အစိုးရကို အားကိုးအားထားပြုကာ ကာကွယ်စောင့်ရှောက်မှုကို အရယူလာခဲ့၏။

(အားမာန်သစ် မဂ္ဂဇင်း)
ဆက်လက်တင်ပြမည်

ကရင်အမျိုးသားများအကြောင်း သိမှတ်ဖွယ်ရာများ

မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိနေထိုင်ခြင်း

၁။ ကရင်အမျိုးသား သမိုင်ဆိုင်ရာသုတေသီများက ကရင်အမျိုးသားများ မြန်မာနိုင်ငံတွင်းB.C 739 တွင် ရောက်ရှိနေထိုင်ကြသည်ဟု အတည်ပြုထားသည်။

၂။ ဒီကိုးဒီ

လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က အရှေ့တောင်အာရှဒေသရှိ ဒီရေရောက်ရာ မြစ်ဝှမ်းကိုးသွယ်တို့တွင် ဖြတ်သန်းနေထိုင်ခဲ့ကြသဖြင့် ရောင်ခြည်ကိုးဖြာနှင့် မြစ်ဝှမ်းကိုးသွယ် ကရင် အနွယ်ဟူ၍လည်းကောင်း၊ ကိုးဒီ၏သားဟူ၍လည်းကောင်း တင်စားခေါ်ဝေါ်ကြသည်။ တီ (၉) တီ ၁။ ဧရာဝတီ ၂။ ဟံသာဝတီ ၃။ ဓည၀တီ ၄။ သာယာဝတီ ၅။ ကန္တရ၀တီ ၆။ ဒွါရ၀တီ ၇။ ဇေယျာဝတီ ၈။ ကေတုပတီ ၉။ မြ၀တီတို့ ဖြစ်ကြသည်။

၃။ မြစ်ဝှမ်းကိုးသွယ်

၁။ ယန်စီကျန်းမြစ်ဝှမ်း ၂။ ဟိုဝှမ်ဟိုမြစ်ဝှမ်း ၃။ စစ်ကျန်မြစ်ဝှမ်း ၄။ ကောင်းတုံမြစ်ဝှမ်း ၅။ မဲနမ်မြစ်ဝှမ်း ၆။ မဲခေါင်မြစ်ဝှမ်း ၇။ စစ်တောင်းမြစ်ဝှမ်း ၈။ သံလွင်မြစ်ဝှမ်း ၉။ ဧရာဝတီမြစ်
ဝှမ်းတို့ဖြစ်ပါသည်။

၎။ ကရင်လူမျိုးများ၏ သရေတ္တေရာမပျက်မှီအချိန်ခန့်ကပင် တရွေ့ရွေ့ ၀င်ရောက်နေထိုင်ကြသူများဖြစ်ပြီး မြန်မာများထက် စောစွာ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်နေထိုင်ခဲ့ကြသူဖြစ်ကြသည်။

(က) မွန်ဂိုလီးယားမှနှစ်ပေါင်း (၁၈၀)နေခဲ့ပြီး မွန်ဂိုလီးယားပြည်မှ ထွက်ခွါသောအချိန်သည် ခရစ်တော်မပေါ်ထွန်းမှီ သက္ကရာဇ် (B.C 2013) ခုနှစ်ဖြစ်သည်။ အရှေ့တာကစ္စတန်သို့ ခရစ်တော်မပေါ်ထွန်းမှီ သက္ကရာဇ် (B.C 2017) ခုနှစ် ရောက်ရှိလာခဲ့ပြီး။ ကြားကာလတွင် လမ်းခရီး (၄)နှစ် ကြာညောင်းပါသည်။

(ခ) အရှေ့တာကစ္စတန်မှ နှစ်ပေါင်း (147)နှစ် နေထိုင်ခဲ့ပြီး အရှေ့တာကစ္စတန်မှ ထွက်ခွါသောအချိန်သည် ခရစ်တော်မပေါ်ထွန်းမှီ သက္ကရာဇ် (B.C 1864) ခုနှစ်ဖြစ်သည်။ တီဗက်ပြည်သို့ (B.C 1866) ခုနှစ် ရောက်ရှိလာခဲ့ပြီး။ ကြားကာလတွင် လမ်းခရီး (၂)နှစ် ကြာညောင်းပါသည်။

(ဂ) တိဗက်ပြည်မှ နှစ်ပေါင်း (476)နှစ် နေခဲ့ပြီး တိဗက်ပြည်မှထွက်ခွါသောအချိန်သည် ခရစ်တော်မပေါ်ထွန်းမှီ (B.C
1388)ခုနှစ်ဖြစ်သည်။ ယူနန်ပြည်သို့ ခရစ်တော်မပေါ်ထွန်းမှီ (B.C 1385)ခုနှစ် ရောက်ရှိလာခဲ့ပြီး၊ ကြားကာလတွင် လမ်းခရီး (၃)နှစ်ကြာညောင်းပါသည်။

(ဃ) ယူနန်ပြည်နယ်မှ နှစ်ပေါင်း (257ခုနှစ်နေထိုင်ခဲ့ပြီး၊ ယူနန်ပြည်မှထွက်ခွါသောအချိန်သည် ခရစ်တော်မပေါ်ထွန်းမှီ (B.C 1128)ခုနှစ်မာနိုင်ငံသို့ခရစ်တော်မပေါ်ထွန်းမှီ (B.C 1125)ခုနှစ်ရှိခဲ့ပြီး၊ လမ်းခရီး (3)နှစ် ကြာညောင်းပါသည်။

(င) ယူနန်ပြည်မှ နှစ်ပေါင်း (B.C 644)နှစ် နေထိုင်ခဲ့ပြီး၊ ယူနန်ပြည်မှ ထွက်ခွါသော
အချိန်သည် ခရစ်တော်မပေါ်ထွန်းမှီ (B.C 741)ခုနှစ်ဖြစ်သည်။ မြန်မာနိုင်ငံသို့ ခရစ်တော်မပေါ်ထွန်းမှီ (B.C 739) ခုနှစ် ရောက်ရှိလာခဲ့ပြီး၊ ကြားကာလတွင် လမ်းခရီး (၂)နှစ် ကြာညောင်းပါသည်။

(အားမာန်သစ် မဂ္ဂဇင်း)
ဆက်လက်တင်ပြမည်

Forever at the Frontline

January 31 marks the 60th anniversary of one of Asia's oldest rebel movements—the Karen National Union (KNU). It is a day commemorated by Karen people all around the world.

Since it declared war on the central government in 1949—shortly after Burma declared independence from Great Britain—the KNU has faced a great many ups and downs during its six-decade fight for autonomy.

A Karen soldier at the frontline. (Photo: Steve Sandford)

(Photo: Reuters)

It is undergone rifts and splits, and breakaway Karen groups have emerged. It suffered defeat at the hands of the Burmese army and in 1995 was forced to abandon its jungle fortress at Manerplaw on the Thai- Burmese border. Its aging leadership is fading away while the number of Karen refugees continues to grow. Discontent is high among the Karen population and thousands of families are currently resettling in Western countries under the auspices of the United Nations High Commissioner for Refugee (UNHCR).

However, unlike so many other armed insurgent groups, the KNU has steadfastly refused to sign a ceasefire agreement with the Rangoon government.

When the KNU's founding father, Saw Ba U Gyi, established the rebel movement in 1949, he unveiled his "Four Principles" of resistance: "There shall be no surrender; The recognition of the Karen State must be completed; We shall retain our arms; and We shall decide our own political destiny."

The KNU has locked itself to those principles through thick and thin for 60 years.

In 1995, the Democratic Karen Buddhist Army (DKBA) split from the KNU and joined forces with the Burmese army. Manerplaw fell soon after. The KNU, led by Gen Bo Mya, scattered while its civilian population joined the exodus into Thai border refugee camps. The KNU lost their only true sources of income: logging and taxation.

After fighting the Burmese army for 30 years, KNU commander Tha Mu He and hundreds of his followers surrendered to the regime in April 1997.

He told journalists and diplomats that he split from the KNU because of the failed peace talks between the Burmese junta and his mother organization in 1994 and the realization that the conflict would continue indefinitely.

Soldiers of the Karen National Liberation Army, the oldest rebel group, stand at parade arms at a base near the Thai-Burmese border.

One year later, Phado Aung San, a central executive member of the KNU, and hundreds of his followers also surrendered to the Rangoon government. He gave the same reasons for laying down his weapons as Tha Mu He had.

Then in early 2007, another splinter group reached a ceasefire agreement with the Burmese regime. Known as the KNU/ KNLA Peace Council and led by Maj-Gen Htein Maung, it included around 300 defecting KNU soldiers.

Brig-Gen Johnny, head of KNLA Brigade 7, said that Karen breakaway leaders who had reached ceasefire agreements with the Burmese regime had betrayed their people and their comrades who had died for the Karen revolution.

"We have to carry on the unfinished duty for our people. If we give up, it is as if we were betraying our comrades and our leaders who have died for us," said Brig-Gen Johnny.

"Our enemy [the Burmese military regime] is trying to divide us every day. We have to be united and always be careful," he said.

Meanwhile, the DKBA has boasted that its forces will overrun the KNU's military wing, the KNLA, by 2010.

The target of its operation would appear to be Kawkareik Township in southern Karen State, which is rich in gold, teak forest, antimony, zinc and tin. Sources from both the KNU and the DKBA circles have said that the DKBA seeks to control the regions that do business with the Thai authorities.

However, the KNU leadership, as always, remains resolute.

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.