Thursday, November 6, 2008

[J] 1 New Entry: Technology - Robot ဘယ်သူပြိုင်လို့ တီးပါတော့နိုင်

Technology - Robot ဘယ်သူပြိုင်လို့ တီးပါတော့နိုင်

ထွင်ပြန်ပြီဗျာ စက်ရုပ် ဂီတသမား

Robot flautist
Musical robot
Musical robot

စာမှီး ။ ။ ဒေးလီးမေးလ်

You received this email because you are subscribed to the real_time feed for http://joyful4all.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[လွတ်လပ်စွာ ပျံသန်းရင်း..] 1 New Entry: ကိုယ်ထူကိုယ်ထအချုပ်ခန်း

ကိုယ်ထူကိုယ်ထအချုပ်ခန်း

တာချီလိတ်မြို့အချုပ်ခန်း ပြည်သူ့ရဲစခန်း၌ ဗုံးပေါက်ကွဲမှုမတိုင်မှီ ကိုယ်ထူကိုယ်ထအချုပ်ခန်း အကြောင်းစုံလေး
တွေကို အကျဉ်းချုပ်ဖော်ပြပေးလိုပါရစေ......။
``ကူညီပါရစေ´´ (May I help you) ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို ရဲစခန်းအ၀င်မှာ စတင်မြင်လိုက်ရစဉ်က ကျွန်တော်တို့လိုအမှုသည်များအဖို့ ရင်ထဲမှာနွေးထွေးသွားပြီး ယုံကြည်အားကိုးချင်စိတ်များပေါ်ပေါက်လာ မိပါတယ်.တကယ်ပါဗျာ.၊ အချုပ်ခန်းထဲရောက်လို့ ``ပုံစံ´´ ပေးပြီးပြီဆိုရင်တော့ အခန်းတန်းစီးမှတဆင့် ဆွေးနွေးစကားတွေကို မည်သူမှမသိအောင် မကြားအောင်အနားမှာခေါ်ထိုင်ခိုင်းစေပြီး
တီးတိုးချွေပါတော့တယ်.၊ ``ရဲအချုပ်သည်အလကားဝင်လို့မရပါ ၊ အခန်းဝင်ကြေကိုထုံးစံအတိုင်း ပေးးဆောင်ရ
မည်ပေါ့၊´´ သို့မှသာလျှင်ကျောတစ်နေရာစာသာအတွက် သန့်ရှင်းသောနေရာကို ဦးစားပေးမည်ဖြစ်ပြီး မရှိသူများအဖို့တော့နေရာထိုင်ခင်းအတွက် မသန့်ရှင်းသောကျောတစ်နေရာစာအတွက်
မိလ္လာချောင်မှာကပ်အိပ်ပေတော့..၊ အခန်းဝင်ကြေးမှာတစ်ဦးလျှင် ဘတ်ငွေ(၁၀၀၀)မှ(၅၀၀၀)ထိဖြစ်ပြီး ၀င်လာသောသူ၏နောက်ခံစီးပွားရေးကို အခြေခံ၍ဈေးသတ်မှတ်ပါသည်၊ အခန်းတန်းးစီးမှငွေကောက်ခံပြီး
တာဝန်ကျရဲဂါတ်စာရေး၊တာဝန်မှူးနှင့် ကင်းမှူးများကိုတိတ်တဆိတ်ပေးဆောင်ရပါသည်။
ဒါဟာ ၀င်ကြေးဘဲရှိပါသေးတယ်..၊ အချုပ်ကြနေသည့်သူအားအပြင်မှ မိသားစုများမှလာရောက်တွေ့လိုပါက
တစ်ဦးလျင်ဘတ်(၅၀)မှ(၁၀၀)ထိကင်းမှူးအားပေးရပြန်သည်..၊ အချုပ်ခန်းအတွင်းတွင်ရေကိုနေ့စဉ်
ဝယ်ယူရပါသည်၊ အခန်းတစ်ခန်းလျှင် တစ်နေ့ကိုဘတ်(၁၀၀)ဖြင့်ဝယ်ယူသုံးစွဲ/ရေချိုးကြရသည်..၊။
တစ်လလျှင်မိလ္လာ(၄)ကြိမ်စုပ်ခိုင်းရာတွင်လည်း တစ်ခန်းလျှင်တစ်ကြိမ်ကို ဘတ်ငွေ(၃၀၀)အား အချုပ်သားများမှ
ပေးဆောင်ရသေး၏.၊ နေ့စဉ်ရဲစခန်း၏ရုံးသုံးမိတ္တူကူးခငွေအားတစ်ခန်းလျှင်(၁၀)ဘတ်စီကို နံနက်တိုင်းပေးရ
ပြန်သည်..၊ မပေးနိုင်ပါက တာဝန်ကျရဲများ၏ ဆူပူဆဲဆိုမှုများကနံက်ခင်းရဲ့ တရားသံမဆဲသလိုပါဘဲ...။
ရုံးထုတ်ရုံးချိန်းတိုင်းတွင် စခန်းမှအချုပ်ကားစီးခ တစ်ဦးလျှင်ဘတ်ငွေ(၂၀)အား စက်သုံးဆီအစားထိုးကို
မစားရက်မသောက်ရက်နဲ့ ပေးရပြန်သေးတယ်..၊ ဒါတင်မကသေးပါဘူး..၊ အပြစ်ကျအကျဉ်းသားများထောင်သို့
သွားရန်အတွက်လက်ဗွေနှိပ်ယူရန်မှင်ဆေးဗူးအတွက် တစ်ခန်းလျှင်ဘတ်ငွေ(၅၀)နှင့် အကျဉ်းထောင်သို့မပို့မှီ
အကျဉ်းသားများကို ခြေကျင်းခတ်ရန်ခြေကျင်းခတ်ခနှင့်ကားခပေါင်း တစ်ခန်းလျှင်ဘတ်(၂၀၀)စီကိုတန်းစီးမှ
တိတ်တဆိတ်လက်သိပ်ထိုးပေးရပြန်သေး၏...၊ ဗုံးကွဲပြီးနောက်ပိုင်း အထက်အမိန့်အရခေါင်းတုံး တုံးခိုင်းတာကို
တစ်ဦးလျှင်ဆံပင်ရိတ်ခဘတ်ငွေ(၂၀)စီကို အကြွေးတောင်းသလို သတိရတိုင်းတောင်းနေတာကကိုသနားစရာ..။
ထို့အပြင်မြန်မာ့ရိုးရာမီးထွန်းပွဲများနှင့်သာရေးနာရေးအလှူကိစ္စအ၀၀ကိုလည်း အချုပ်သားများထံမှကောက်ခံ
ကြသေးတယ်၊မပေးဆောင်နိုင်သူများကတော့ ပုံစံနဲ့စားပုံစံနဲ့နေပြီး တတ်နိုင်သူများရဲ့ဝေယျာဝစ္စများကို
ဆောင်ရွက်ပေးရပါသည်၊ ၀မ်းရေးအတွက်အနှိမ်ခံကြရ၏..၊တာဝန်ကျရဲများမူးလာလျှင် အချိန်မရှိအချိန်မတော်
သန်းခေါင်ကျော်အထိဆဲဆိုကျိန်းမောင်းခြင်းများကိုခံရပါသည် ၊ ၄င်းတို့တောင်းသမျှမပေးပါက တန်းစီးနှင့်
အခြားအချုပ်သားများအား ခန္တီစတရားများကို ရဲများကကျင့်ဆောင်ပေးတတ်သည်မှာ သာဓုခေါ်ချင်စရာပါ..။
(၁၇-၁၀-၂၀၀၈)ရက်နေ့ညဗုံးမကွဲမှီအချိန်ထိ တာချီလိတ်အချုပ်ခန်း(၅)ခန်းစလုံးဟာ ပုံမှန်``လိုတရ´´
အဆင်ပြေနေပြီး တာဝန်ကျရဲများနှင့်အချုပ်သားများဟာ အပြန်အလှန်``ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ´´ပေါ့......။
``ကူညီပါရစေ´´ဆိုတဲ့ဆိုင်းဘုတ်ကလေးဟာ တစ်ကယ်ဘဲတစ်ဖက်နှင့်တစ်ဖက် အခက်အခဲတွေကိုအပြန်
အလှန်``ကူညီပါရစေ´´ပဲလား..၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အချုပ်သားများတို့ရဲ့စည်းစိမ်တွေကို ပြောင်သွားအောင်ပဲ``ကူညီပါရစေ´´ပဲလား ၊ တာဝန်ကျကိုရွှေရဲတို့ရဲ့ အခက်အခဲတွေကိုပဲ အချုပ်သားးများက
``ကူညီပါရစေ´´ပဲလား ဆိုတာမစဉ်းစားတတ်အောင်ပါဘဲ..။ သေချာတာကတော့ဘာမှမရရင်နေပါစေ အချုပ်ခန်းအပြင်ဘက်သံတိုင်ကြားအပေါက်မှ ခြေထောက်တို့လက်တို့ကိုထိုးသွင်းပြီး အပျင်းပြေတော့နှိပ်ခိုင်း
သေးတာဘဲ...။စဉ်းစားသာကြည့်ပေတော့ဗျို့......၊ ပြည်သူ့ရဲရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ``ကူညီပါရစေ´´ဆိုတာ
ဘယ်လိုကူညီမှုမျိုးလဲလို့မေးကြည့်ချင်ပါတယ်..။ အကြောင်းကြောင့်ဒုက္ခနဲ့ကြုံတွေ့နေရတဲ့သူတွေရဲ့ အပေါ်မှာ
အာဏာပြချိန်းခြောက်စားရနည်းမျိုးစုံကို သင်တန်းကျောင်းမှာများသင်ပေးထားသလားဆိုတာ သိချင်လိုက်တာ.၊
သို့သော်......ကျေနပ်စရာတစ်ခုကတော့ ကံကြမ္မာဝဋ်ကြွေးဟာ နောက်ဘ၀ကိုမကူးပြောင်းဘဲချက်ခြင်းတန်ပြန်
ကျရောက်လာတာကတော့ အံဩစရာဘဲလေ...၊၀ဋ်ကြွေးရှိရင်ကြေအောင်ဆပ်ကြပါ...။ ကိုယ့်အလှည့်ကျနွဲ့ကြစတမ်းပေါ့ဗျာ......။

(အချုပ်သားတစ်ဦး၏ကိုယ်တွေ့ဖြစ်ရပ်အားပေးစာ) မှဖော်ပြလိုပါသည်။

You received this email because you are subscribed to the real_time feed for http://www.joephyu1.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကလိုစေးထူး] 1 New Entry: ရွေးကောက်ပွဲည...

ရွေးကောက်ပွဲည...

`ဒီနေ့မှာ ကျနော်တို့ ရှုံးသွားလို့ စိတ်ပျက်နိုင်တယ်။ ဒါပေမယ့် မနက်ဖြန်ကျရင်တော့ ကျနော်တို့ နိုင်ငံကောင်းဖို့အတွက် ပူးပေါင်းဆောင်ရွက်ရမယ်´

အရှုံးသမား ရွိုင်မက်ကိန်းက အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ အထက်ပါ မိန့်ခွန်းကို ပြောနေချိန်မှာပဲ ချီကာဂိုမြို့မှာတော့ ဘားရက်အိုဘားမားရဲ့ အနိုင်ရလဒ်အတွက် ထောင်ပေါင်းများစွာသော အမေရိကန်ပြည်သူတွေ အောင်ပွဲခံအော်ဟစ်လို့ နေပါပြီ။

`အိုဘားမားကို ကျနော့်အနေနဲ့ ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်´

ဘာမှမဖြစ်သလို အားတင်းထားတဲ့ မျက်နှာထားနဲ့ ရွိုင်မက်ကိန်းရဲ့ တချက်တချက်မှာ တိမ်ဝင်သွားတဲ့ အသံက အရှုံးသမားတယောက်ရဲ့ ခံစားချက်ကို အထင်းသား ပေါ်လွင်လို့ နေလေရဲ့...။

***

အခု ကျနော် ဒီစာကို ရေးနေတဲ့ အချိန်မှာ ၂၀၀၈ ခုနှစ်ရဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ရလဒ်မှာ အိုဘားမားက ၃၃၈၊ မက်ကိန်းက ၁၅၅ ဖြစ်နေပါပြီ။ အနိုင်ရဖို့အတွက် လိုအပ်တဲ့ အရေအတွက်က ၂၇၀ နေရာမို့ အိုဘားမားက မဲရေတွက်ဖို့ တချို့ပြည်နယ်တွေ ကျန်နေသည့် တိုင်အောင် မက်ကိန်းကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။ တက်ဂ်ဆက် ပြည်နယ်မှာ မက်ကိန်းက အနိုင်ရပြီးတော့ သူ့အတွက် မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့သေးပေမယ့် ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေမှာ အိုဘားမား အနိုင်ရသွားတဲ့အခါမှာတော့ ဒီမိုကရက်တွေ အောင်ပွဲခံနိုင်ခဲ့ကြပါပြီ။

ဒီနိုင်ငံကို ရောက်တဲ့အချိန်မှာ အခုလို သမ္မတရွေးကောက်ပွဲနဲ့ ကြုံကြိုက်ရတာဟာ ထူးတဲ့ကံတမျိုးလို့ပဲ ပြောရမလား...။ သူတို့နိုင်ငံသားတွေရဲ့ ကိုယ့်နိုင်ငံကို ခေါင်းဆောင်မယ့် လူအပေါ် လွတ်လပ်စွာ၊ အနှောင်အတည်းကင်းစွာ၊ အခြိမ်းခြောက်ခံရမှု ကင်းစွာ၊ အကျပ်ကိုင်ခံရမှု ကင်းစွာ၊ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား မဲပေးနိုင်ကြတာတွေ၊ ဝေဖန်ပြောဆိုနိုင်ကြတာတွေကို တွေ့ရ၊ကြားရတာ အတော်ကြီးကို အားကျစရာ ကောင်းလှတယ်။

လူတယောက်က သူ့ဘာသာသူ ဘယ်အကြောင်းနဲ့ပဲ ကြိုက်ကြိုက် သူနှစ်သက်ရာ သမ္မတလောင်းကို ဘယ်သူတဦးတယောက်ရဲ့ အနှောက်အယှက် မရှိပါဘဲ လွတ်လပ်စွာ မဲပေးနိုင်တယ်။ ဘယ်လောက်များ နှစ်သက်စရာ ကောင်းလိုက်ပါသလဲ။ မနက်ကဆို ကျနော့် အလုပ်ရှင်နဲ့ ကျနော် အလုပ်အတူတူ တွဲလုပ်ဖြစ်တော့ သူ့ကို မေးမိတယ်၊ `ခင်ဗျား ဘယ်သူ့ကို မဲပေးမလဲ´ ဆိုတော့ သူက `မက်ကိန်းပဲပေါ့ကွ´ တဲ့...။ သူ မဲပေးရမယ့် အကြောင်းပြချက်က မက်ကိန်းနိုင်ရင် သူ အခွန်ပေးရ သက်သာမှာမို့လို့တဲ့...။ ဘာပဲဖြစ်ဖြစ် သူကြိုက်တဲ့ မက်ကိန်းကို သူလွတ်လွတ်လပ်လပ်တော့ မဲပေးလိုက်ရတာပဲ။ နိုင်တာ မနိုင်တာကတော့ အများရဲ့ ဆန္ဒအပေါ် မူတည်တာပေါ့။

***

ရွှေပြည်ကြီးမှာ နေခဲ့ရစဉ် ကျနော် အသက် ၁၅ နှစ်သားလောက်တုန်းကလဲ ရွေးကောက်ပွဲ ဆိုတာကို ကြုံရဖူးတယ်။ အသက် ၁၅ နှစ်ဆိုတော့ မဲပေးလို့တော့ မရဘူးပေါ့။ ဒါပေမယ့် မဲဆွယ်ကြ၊ စည်းရုံးကြတာတွေကိုတော့ တွေ့ခဲ့၊ မြင်ခဲ့ရတယ်။ `ခမောက်မှ ခမောက်ပဲဟေ့´ ဆိုတဲ့ အားတက်သရောနဲ့ အားပေးကြတဲ့ ကျနော့် အမေအဖေအရွယ်၊ ဦးလေးအရွယ်တွေရဲ့ အဲဒီတုန်းက အားတက်သရောဟန်တွေကို မြင်ခဲ့ရတယ်။

ရွေးကောက်ပွဲ လုပ်တဲ့နေ့မှာ `စပါးနှံ ပါတီက လူကြီးက သူ့အိမ်မှာ ထမင်းကျွေးတယ်ဟေ့´ ဆိုလို့ ကျနော်တို့ ကလေးတွေ သွားစားသေးတယ်။ ဟိုရောက်တော့ ကလေးမို့ မကျွေးဘူး...တဲ့။ ပြန်လှည့်လာရတယ်။ သွားစားတဲ့ လူကြီးတွေကတော့ `ငါတော့ သူဖိတ်ကျွေးတာ စားတာစားတာပဲ၊ ဒါပေမယ့် မဲကတော့ ခမောက်ကိုပဲ ထည့်ခဲ့တယ်´ ...တဲ့။ ရွေးကောက်ပွဲ လုပ်တဲ့နေ့ကြမှပဲ ကွက်ကျားမိုး သဒ္ဓါပေါက်တဲ့ ဟိုစပါးနှံလူကြီးကြားရင်တော့ တော်တော်ရင်ထုမနာ ဖြစ်ရှာမှာပဲ။

`ခမောက်တွေ နိုင်တယ်ကွ´ ဆိုပြီး လူကြီးတွေ ပျော်ကြတော့ ကျနော်တို့ ကလေးတွေလဲ လိုက်ပျော်ခဲ့ကြတာပဲ။

***

အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲနေ့ နိုဝင်ဘာ ၄ ရက်နေ့မှာတော့ အပြောင်းအလဲကို လိုလားတဲ့ အသက် ၄၇နှစ် အရွယ်၊ လူငယ်သမ္မတလောင်း တယောက်က အောင်ပွဲခံနိုင်ခဲ့ပါပြီ။ သိပ်မကြာခင်မှာပဲ သူ သူ့နိုင်ငံနဲ့တကွ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံကို ထက်မြက်တဲ့ အတွေးတွေနဲ့အတူ ခေါင်းဆောင် စီမံတော့မယ်။ လွတ်လပ်စွာ မဲဆွယ်လို့ လွတ်လပ်စွာ မဲပေးမှုတွေနဲ့အတူ အောင်ပွဲရခဲ့ပြီ။

ကျနော်တို့ ရွှေပြည်ကြီးရဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလဲ အသက် ၄၅နှစ်အရွယ် ထက်မြက်တဲ့ ခေါင်းဆောင် ဦးဆောင်တဲ့ ပါတီကို လူထုက ပြတ်ပြတ်သားသား ထောက်ခံမဲ ပေးခဲ့ကြတယ်။ လွတ်လပ်စွာ မဲဆွယ်ခွင့်မရခဲ့သလို ညစ်ပတ်မှုတွေကြားက နိုင်ခဲ့ရတာ...။

ဒါပေမယ့်...။

အဲဒီ ခေါင်းဆောင်ကတော့ အခုအချိန်ထိ ... ... ...။

ကလိုစေးထူး

You received this email because you are subscribed to the real_time feed for http://klosayhtoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညီနေမင်း] 3 New Entries: Flash Drive, Pen Drive တွေ ဗိုင်းရပ်မကူးရအောင်။

Flash Drive, Pen Drive တွေ ဗိုင်းရပ်မကူးရအောင်။

ဗိုင်းရပ် အများစု ဟာ Removeable Drive တွေ ဖြစ်တဲ့ Flash ,Pen Drive တွေကနေ အများဆုံး ကူးစက်တတ်ပါတယ်။ မိတ်ဆွေ ရဲ့ Pen Drive မှာ ဗိုင်းရပ် ရှိနေရင်တော့ ကွန်ပြူတာနဲ့ ချိတ်ဆက် လိုက်တာနဲ့ ကူးစက်ဖို့ လွယ်ကူ သွားမှာပေါ့။ တစ်ခါ တစ်လေ ကျရင် My Computer က ကိုယ့် Pen Drive ရဲ့ ပေါ်မှာ Right Click နှိပ်လိုက်တာနဲ့ Explore , Open တို့ ဖြစ်ရမယ့်အစား Autorun , Play တို့ ဖြစ်နေ တတ်တာ ကို သတိပြုမိမှာပေါ့။ ဒါဆိုရင်တော့ မိတ်ဆွေ ရဲ့ Pen Drive မှာ ဗိုင်းရပ် ကပ်တယ် ဆိုတာ သေချာပါတယ်။ ဗိုင်းရပ်က Autorun.inf ဆိုတာလေးကို ဖန်တီးထားပြီး စက်မှာ တပ်လိုက် တာနဲ့ အလုပ်လုပ်စေတာပါ။ ကျွှန်တော် သုံး တဲ့ Flash-Disinfector ဆိုတဲ့ Freeware လေးက ဗိုင်းရပ်က Create လုပ်မယ့် Autorun.inf ဖိုင်ကို သူက ကြိုဖန်တီး ပြီး ဗိုင်းရပ် ထပ် မလုပ် နိုင်အောင် တားပေးတာပါ ။ Flash-Disinfector ကို ဒီမှာ ယူလိုက်ပါ။ Download လို့ ရလာတဲ့ ဖိုင်လေးကို မိမိ Pen Drive ကို စက်မှာ တပ်ပြီး Run လိုက်ပါ။ Dialog Box လေးကျလာရင် Ok နှိပ်လိုက်ပါ။ Monitor မှာ ခဏ Blank ဖြစ်ပြီး Ok လို့ပေါ်လာပါ လိမ့်မယ်။ အဲဒါ ဆို ရင် မိတ်ဆွေ ရဲ့ Pen Drive ကနေ ဗိုင်းရပ် ကူးဖို့ဆိုတာ 100 % မဟုတ်ရင်တောင် ကာကွယ်ပြီး သား ဖြစ်သွား ပါလိမ့် မယ်။

Hacking အကြောင်း

ကျွန်တော်က ပထမဦးဆုံးပြောမယ့် အကြောင်းကတော့ logmein ဆိုတဲ့ဆော့ဝဲလေး အကြောင်းပါ။ ဒီဆော့ဝဲလေးက နိုင်ငံတွေ ဘယ်လောက်ပဲ ကွာဝေးနေပါစေ လှမ်းပြီးတော့ ကိုယ့်ရှေ.မှာသုံးနေတဲ့ ကွန်ပြူတာလိုမျိုး အဝေးကနေ ကိုင်တွယ်ပြီး ပြသနာတွေကို ဖြေရှင်း ပြင်ဆင်ပေးလို. ရပါတယ်။
တခုကြိုပြောချင်တာက ဒီဆော့ဝဲလေး အကြောင်းကို နားလည်သွားရင် ဘယ်သူကိုမှသွားပြီး ဒုတ်ခမပေး ဖို.ပါဘဲ။ အဲဒီအတွက် ကြိုပြီး ပြောထားပရစေ။
၁။ www.logmein.com ကိုဝင်ပါ။ ပြီးရင် Download logmein free ဆိုတဲ့ အစိမ်းရောင် အကွက်လေးကို ကလစ်လုပ်ပါ။ ပြီးရင် အီးမေးလ် တို. ဘာညာတို. ရိုက်ပြီး အကောင့် ဖွင့်ပါ။ ပြီးရင် Go ကို နှိပ်။
၂။ပြီးရင် add computer ကို ထပ်နှိပ်။ ပြီးရင် ဆော့ဝဲကို ဒေါင်းလော့ဆွဲပါ။
၃။ ပြီးရင် ဆော့ဝဲကို Run လိုက်ပါ။ Next => I agree => typical => Next =>Next=>
computer access code ဆိုပြီးတောင်းရင် ပေးချင်တဲ့ password 8 လုံးပေးလိုက်ပါ။ အောက်မှာလည်း အဲ ဒီ 8 လုံးပဲ ပြန်ရိုက်။
ကိုပေးထားတာတော့ မှက်ထားဦးနော်။
၎။ Email တောင်းရင် ခုနက အကောင့် ဖွင့်တုန်းက ပေးခဲ့တဲ့ အီးမေးကို ပြန်ထည့်။ password ကလဲ အကောင့်ဖွင့်တုန်းကပေးတဲ့ password ပဲအင။ ပြီးရင် Next ကို မနှိပ်နဲ.ဦး။ logmein freee ဆိုတာရွေးပေးလိုက်ဦး။ ပြီးမှ Next လုပ်။
၅။ အင်စတောလုပ်ပြီးသွားရင် Restart ချရလိမ့်မယ်။ ဒါဆိုရင် ပြီးသွားပါပြီ။ Task Bar ရဲ့ ညာဘက်အောက်မှာ ခွေးခြေရာ ပုံလေးပေါ်နေပါလိမ့်မယ်။
၆။ အဲဒီ ကွန်ပြူတာကို ဖွင့်ထားပြီး

တခြားကွန်ပြူတာကနေပြီး အင်တာနက်က www.logmein.com ဆိုတဲ့ ၀က်ဆိုဒ်ကို ပြန်ဝင်
၇။ ၀တ်ဆိုဒ်ရဲ့ ညာဘက် ထိတ်နာမှာ Email မှာ ကိုယ်အကောင့်ဖွင့်ထားတဲ့ အီးမေးလ် ရိုက်ထည့် ၊ ပြီးရင် Password ပေါ့။ Enter ။
ကျန်တာတွေကတော့ ကိုယ့်ဘာသာစမ်းလို.ရလိမ့်မယ်လို. ထင်ပါတယ်။
ပညာရှိုတာမဟုတ်ပါဘူး။ နောက်ဟာတွေက အရမ်းလွယ် နေလို.ပါ။
နိုင်ငံရပ်ခြားက ကွန်ပြူတာတွေကို ကိုယ့်နေရာကနေပြီး လှမ်းပြင်နိုင်ပါစေဗျာ။

ဓါတ်ပုံလေးတွေပါ

Image Hosting by Picoodle.com

Image Hosting by Picoodle.com

Image Hosting by Picoodle.com

Image Hosting by Picoodle.com

Image Hosting by Picoodle.com

Image Hosting by Picoodle.com

Image Hosting by Picoodle.com

You received this email because you are subscribed to the real_time feed for http://nyinaymin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.