Thursday, November 13, 2008

[Sawlinux] 1 New Entry: ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်ကို ကေအန်ယူဝင်သိမ်း ဒီကေဘီအေ (၃) ဦးကျဆုံး၊ ကေအန်ယူ (၃) ဦး ဒဏ်ရာရ

ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်ကို ကေအန်ယူဝင်သိမ်း ဒီကေဘီအေ (၃) ဦးကျဆုံး၊ ကေအန်ယူ (၃) ဦး ဒဏ်ရာရ

12 November 2008

သထုံခရိုင်တွင် အခြေစိုက်သည့် ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်စခန်းအား နိုဝင်ဘာ (၅) ရက်က ကေအန်ယူတပ်ဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်ရာ ဒီကေဘီအေတပ်ဖွဲ့ဝင် (၃) ဦးကျဆုံးပြီး ကေအန်အယ်လ်အေမှ (၃) ဦး ဒဏ်ရာရရှိသည်။


(Dr လွဏ်းဆွေ - တိုက်ပွဲသတင်း)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က သထုံခရိုင်အတွင်းရှိ ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်စခန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရခြင်းသည် ဒေသခံကရင်လူမျိုးများအပေါ် ဒီကေဘီအေအဖွဲ့မှ နည်းမျိုးစုံဖြင့် မတရားအနိုင်ကျင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် လူထုအကျိုးအတွက် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ခေတ်ပြိုင်သို့ ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁) နှင့် ကေအန်ယူ သထုံမြို့နယ်အဖွဲ့တို့ပူးပေါင်းပြီး သထုံခရိုင်တွင်အခြေစိုက်သည့် ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ပြောကြားသည်။

၎င်းက "ဒီကေဘီအေရဲ့ ဘယ်စခန်းကိုမဆို ဘယ်အချိန်ဖြစ်ဖြစ် တက်သိမ်းလို့ရတယ်။ ဒီကေဘီအေ (၃၃၃) တပ်က တပ်မဟာ (၁) သထုံခရိုင်မှာရှိတဲ့ လူထုကို အကြောင်းအမျိုးမျိုးပြပြီး အမြဲတမ်းညှဉ်းပန်းနှိပ်စက်မှုတွေ၊ မတရားဆက်ကြေးတောင်းခံမှုတွေ ကျူးလွန်နေတာကို မခံနိုင်တော့တဲ့ ကရင်လူထုတွေဟာ ကျနော်တို့ဆီကို လူနာမည်၊ တပ်ရင်းတပ်ဖွဲ့နာမည် အတိအကျနဲ့ မတရားအနိုင်ကျင့် သတ်ဖြတ်မှုတွေအပါအဝင် အရေးယူပေးဖို့တိုင်စာတွေ၊ သက်သေအထောက်အထားတွေနဲ့တကွ တိုင်ကြားလာတာတွေရှိတယ်။ လူထုအကျိုးအတွက် အခုလို အရေးယူတိုက်ခိုက်ရတာ" ဟု ပြောသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် ဒီကေဘီအေတပ်ဖွဲ့ဝင် (၃) ဦးကျဆုံးပြီး ကေအန်အယ်လ်အေမှ (၃) ဦး ဒဏ်ရာရရှိသည်။ ဒီကေဘီအေထံမှ (၆၀) မမ မော်တာ (၁) လက်နှင့် ၎င်းဗုံးသီး (၂၀)၊ အမ်-၁၆ (၃) လက်၊ အေကေ-၄၇ (၁၂) လက်၊ ကာဘိုင် (၁) လက်၊ အာရ်ပီဂျီ-၇ (၂)လက်၊ နင်းမိုင်း (၅) လုံး၊ လမ်းလျှောက်စကားပြောစက်ငယ် (၂) လုံး၊ စကားပြောစက်ကြီး (၁) လုံး၊ လက်နှိပ်စက် (၁) လုံး၊ ယူနီဖောင်း (၁၂) စုံနှင့် ဆက်စပ်ကျည်မျိုးစုံ သိမ်းဆည်းရမိသည်။

ယခုတိုက်ပွဲနှင့်ပတ်သက်၍ မြဝတီခရိုင်အခြေစိုက် ဒီကေဘီအေတပ်ရင်းတခုမှ အရာရှိငယ်တဦးက "ဒီကိစ္စဖြစ်တာ ကျနော်တို့ကြားတယ်။ ကျနော်တို့သိတာကတော့ ဒီတိုက်ပွဲမှာ (၃၃၃) အဖွဲ့က သေနတ် (၁၄) လက်ပါသွားတယ်လို့ ကြားတယ်။ သထုံဘက်မှာဖြစ်တာ။ အသေးစိတ်တော့ မသိဘူး" ဟု ပြောသည်။

လွန်ခဲ့သည့်တနင်္ဂနွေနေ့ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒူးပလာယာခရိုင် လက်အောက်ခံ တပ်မဟာလုံခြုံရေးတပ်ဖွဲ့ထံသို့ ဒီကေဘီအေ တပ်ရင်း (၉၀၇) တပ်ခွဲ (၆) တပ်ခွဲမှူး ဗိုလ်စိန်အဖွဲ့မှ တပ်ဖွဲ့ဝင် (၄) ဦး ကေအန်အယ်လ်အေနှင့် လာရောက်ပူးပေါင်းခဲ့သည်။

လာရောက်ပူးပေါင်းသူများမှာ တပ်သားစောဝင်းနိုင်၊ ရောင်ပြန်၊ သန့်စိုင်းနှင့် ရန်ပိုင်တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ အေကေ-၄၇ (၃) လက်၊ အမ်-၁၆ (၁)လက်၊ အေကေစက်လတ် (၁)လက်၊ လမ်းလျှောက်စကားပြောစက် (၁) လုံး ပါရှိသည်။ ၎င်းတို့အား လှိုက်လှဲစွာကြိုဆိုခဲ့ပြီး လိုအပ်သည့်ကူညီမှုများပေးကာ လက်ခံစောင့်ရှောက်ထားသည်ဟု တပ်မဟာလုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်လှမင်းက ပြောသည်။

The NEJ

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Chan Myae Oo] 2 New Entries: မင်္ဂလာပါ

မင်္ဂလာပါ

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ မေး(လ်)ကနေ ပို့(စ်)တင်ကြည့်တာပါ အဆင်ပြေတော့တင်တာပေါ့ ဒါထက် မေး(လ်)ကနေ BLOG ပေါ်ကို ပုံတွေတင်လို့ရလားပြောပြပေးကြပါဦး

thet mg wants to chat

-----------------------------------------------------------------------

thet mg wants to stay in better touch using some of Google's coolest new
products.

If you already have Google Mail or Google Talk, visit:
http://mail.google.com/mail/b-7fb4b8546-b36323a2e9-461f5847f8721894
You'll need to click this link to be able to chat with thet mg.

To get Google Mail - a free email account from Google with over 2,800
megabytes of
storage - and chat with thet mg, visit:
http://mail.google.com/mail/a-7fb4b8546-b36323a2e9-3fe26bfab1

Google Mail offers:
- Instant messaging right inside Google Mail
- Powerful spam protection
- Built-in search for finding your messages and a helpful way of organizing
emails into "conversations"
- No pop-up ads or untargeted banners - just text ads and related information
that are relevant to the content of your messages

All this, and its yours for free. But wait, there's more! By opening a
Google Mail
account, you also get access to Google Talk, Google's instant messaging
service:

http://www.google.com/talk/

Google Talk offers:
- Web-based chat that you can use anywhere, without a download
- A contact list that's synchronized with your Google Mail account
- Free, high quality PC-to-PC voice calls when you download the Google Talk
client

Google Mail and Google Talk are still in beta. We're working hard to
add new features
and make improvements, so we might also ask for your comments and suggestions
periodically. We appreciate your help in making our products even better!

Thanks,
The Google Team

To learn more about Google Mail and Google Talk, visit:
http://mail.google.com/mail/help/about.html
http://www.google.com/talk/about.html

(If clicking the URLs in this message does not work, copy and paste them into
the address bar of your browser).

You received this email because you are subscribed to the real_time feed for http://www.tarotknowledge.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[KyiMayKaung] 2 New Entries: Gretta Foundation Nursing Scholarships for Developing Countries --

Gretta Foundation Nursing Scholarships for Developing Countries --

http://www.earthtimes.org/articles/show/the-gretta-foundation-launches-nursing-scholarship-programs-for-developing-countries,617125.shtml

Men and women in Burma should research this and try for this -- I know nothing beyond what I read in this piece.

Please do your own Google and other searches.

Kyi May Kaung

Book review by Kyi May Kaung in FPIF -- The Three Trillion Dollar War by Joseph Stigltiz and Linda Bilmes -

http://www.fpif.org/fpiftxt/5642

You received this email because you are subscribed to the real_time feed for http://kyimaykaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကပ်ပါပေ့ ပီကေရယ်] 1 New Entry: အရှေ့သို့လားသော်

အရှေ့သို့လားသော်

ကျနော် ဒီခရီးကို စ မထွက်ခင်ကတည်းက မှတ်တမ်း ရေးမယ် မရေးဘူး စဉ်းစားနေမိတယ်။ နောက် ပြန်စဉ်းစားကြည့်တော့ တစ်လနီးပါးလောက် ဘလော့ဂ်မရေးဘဲ ပျောက်နေတာ၊ ဒီကာလတွေအတွင်း ပို့စ်အနေနဲ့ ဘလော့ဂ်ပေါ် မရောက်တောင် အတွေးတွေ၊ ကုန်ကြမ်းတွေ အနေနဲ့ ရှိနေသင့်တယ်၊ အနည်းဆုံး သိသလောက် ပြန်ပြီး ဝေမျှသင့်တယ်လို့ ယူဆမိတာကြောင့် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ပြီး အင်ဖော်မေးရှင်း ခေတ်ကြီးမှာ သတင်းနဲ့ လုပ်စားနေကြတဲ့ သူတွေ အများကြီး ရှိနေကြပေမယ့် ကိုယ့်နိုင်ငံသား အချင်းချင်း လုပ်စားတာ မဟုတ်ဘဲ ဝေမျှနိုင်ရင် ပိုကောင်းမယ်လို့ ခံယူမိတာကြောင့် ခရီးသွား မှတ်တမ်း တစ်ပုဒ် အနေနဲ့ ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီ ခရီးသွား မှတ်တမ်းကို မရေးခင်မှာ နိဒါန်းအနေနဲ့ ပြောစရာ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ တရုတ်နိုင်ငံအပေါ်မှာ အထင်သေး အမြင်သေးတွေ ရှိနေပါတယ်။ စီးပွားရေး အပိုင်းမှာလည်း အထင်သေးတယ်။ ကိုယ်ကတော့ ဘာမှ မဟုတ်ဘူး။ ဒါပေမယ့် အထင်သေးတယ်။ တရုတ်ပစ္စည်းဆို နှာခေါင်းရှုံ့ချင်ကြတယ်။ တရုတ်စက် တစ်ရက်စုတ် ဆိုတဲ့ ဆိုစကားတောင် ရှိသေးရဲ့။ နိုင်ငံရေး အပိုင်းမှာလည်း တရုတ်နိုင်ငံကို အမြင်စောင်းကြတယ်။ ထားပါ။ ကျနော် အဲဒါတွေကို ဆွေးနွေးဖို့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက အခုဆိုရင် စီးပွားရေး အင်အား တောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ရပ်တည်ဖို့ တစ်နေ့ထက်တစ်နေ့ အာမခံချက်တွေ အပြည့် ရှိနေပါပြီ။ နိုင်ငံရေးပိုင်းမှာလည်း သြဇာညောင်းတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ရပ်တည်နိုင်ဖို့ ကြိုးစားနေတာပါပဲ။ ကမ္ဘာ့ စူပါ ပါဝါ နေရာကို ရောက်ဖို့လည်း တာဆူနေလေရဲ့။ အခုအချိန် အနောက်နိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပျက်ကပ်ကို ပညာသားပါပါ အသုံးချသွားနိုင်မယ် ဆိုရင် တစ်နေ့မှာ ကမ္ဘာ့ စူပါ ပါဝါ ဖြစ်မလာနိုင်ဘူးလို့ ငြင်းမရနိုင်အောင် ဖြစ်နေပါပြီ။ အမေရိကန်တောင် ဒီအန္တရာယ်ကြောင့် မျက်စိထောင့်ထောက် ကြည့်နေရပါပြီ။ အခုဆိုရင် တောင်အမေရိကနဲ့ အာဖရိကနိုင်ငံတွေ အပေါ် တရုတ်က သြဇာ ထိုက်သင့်သလောက် ညောင်းနေပြီကိုး။

တရုတ်မှာ စကားတစ်ခွန်း ရှိပါတယ်။ ပိုက်ဆံတစ်ကျပ် ကုန်တစ်ကျပ်တဲ့။ အဓိပ္ပာယ်က ကုန်ပစ္စည်းတစ်ခုကို တစ်ကျပ်တန် လိုချင်လား တစ်ထောင်တန် လိုချင်လား ကြိုက်သလို ပြောလို့ရတယ်။ ဒါကြောင့် သူတို့ဆီမှာ ဈေးစကား သိပ်ပြောလို့မကောင်းဘူး။ ဈေးသွားဆစ်ရင် လျှော့ပေးလိုက်မယ်။ ဒါပေမယ့် အရည်အသွေးပါ လျှော့ပစ်မှာ။ တစ်ကျပ်ပေးရင် တစ်ကျပ်တန်ရမယ်။ တစ်ထောင်ပေးရင် တစ်ထောင်တန် ရမယ်ပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူငယ်ချင်းတစ်ယောက်က ဂဏန်းတွက်စက် CASIO တံဆိပ် scientific calculator တွေ သွင်းချင်တယ်ဆိုလို့ ဈေးတစ်ခါ စုံစမ်းပေးဖူးတယ်။ တရုတ်ကိုယ်စားလှယ် CASIO ကုမ္ပဏီနဲ့ ဆက်သွယ် မေးကြည့်တော့ တစ်လုံးကို မြန်မာငွေ နှစ်သောင်းနီးပါး ရှိနေတယ်။ ဒါ သယ်ယူစားရိတ်နဲ့ အခွန်တွေ မပါသေးဘူး။ သေချာတယ်။ တွက်ခြေ မကိုက်ဘူး။ သူ့ကို ပြောပြတော့ သူငယ်ချင်းက ပြန်ပြောတယ်။ ဝယ်ဈေး မြန်မာငွေ တစ်ထောင်လောက်နဲ့ ရရင် လိုချင်တယ်တဲ့။ ဟိုက် ရှားပါး။ ကြည့်ကြည့်ပါဦး။ နှစ်သောင်းတန်ကို တစ်ထောင်နဲ့ ရောင်းပေးရမလားပဲ။ မြန်မာပြည်မှာ ဒီလောက်နဲ့ ရောင်းနိုင်မှတော့ ဒီ ဈေးကွက် ရှိလို့ပဲပေါ့။ နယ်စပ်က ကုန်သည်တွေနဲ့ ချိတ်ဆက်ကြည့်လိုက်မှ အိုကေသွားတယ်။ ကျနော့်အနေနဲ့ မန္တလေးအရောက် တစ်ထောင်ကျပ်နဲ့ ရောင်းနိုင်တဲ့ ပစ္စည်းတစ်ခုဟာ အရင်း ဘယ်လောက် များနိုင်မှာတဲ့လဲ။ နောက်ပြီး သူ့ရဲ့ အရည်အသွေးကကော။

တစ်ထောင်တန် ပစ္စည်းတစ်ခုကို ပြပြီး တစ်ဆယ်လောက်နဲ့ ရအောင် လုပ်ပေးပါဆိုရင် တရုတ်က လုပ်ပေးမှာပဲ။ ဒါကို Business Ethic မရှိဘူးလို့ တရုတ်ကို အော်ကြတဲ့သူတွေ ရှိတယ်။ ဒါဆို ကျနော် တစ်ခု မေးချင်တယ်။ တစ်ဆယ်တန်ကို တစ်ဆယ်နဲ့ လုပ်ရောင်းတဲ့သူနဲ့ တစ်ဆယ်တန်ဝယ်ပြီး တစ်ထောင်နဲ့ ရောင်းနေတဲ့သူ ဘယ်သူက ပိုပြီး Business Ethic မရှိသလဲ။ မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ သုံးမြို့နဲ့ ယှဉ်ကြည့်ကြည့်ပါ။ အိန္ဒိယ - မြန်မာ နယ်စပ် တမူးမြို့မှာ အိန္ဒိယကို re-Export လုပ်ဖို့ တရုတ်ပစ္စည်းတွေ ရှိပါတယ်။ ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့မှာ ယိုးဒယားကို re-Export လုပ်ဖို့ တရုတ်ပစ္စည်းတွေ ရှိပါတယ်။ တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့မှာ မြန်မာနိုင်ငံမှာ သုံးဖို့ သွင်းလာတဲ့ ကုန်ပစ္စည်းတွေ ရှိပါတယ်။ နယ်သုံးနယ်မှာ ရှိတဲ့ တရုတ်ပစ္စည်းတွေကို ယှဉ်ကြည့်လိုက်ရင် အရည်အသွေးတွေ ကွာတယ်ဆိုတာ သိနိုင်ပါတယ်။ တစ်ကျပ်တန်သွင်းတဲ့ နိုင်ငံ၊ တစ်ဆယ်တန် သွင်းတဲ့ နိုင်ငံနဲ့ တစ်ရာတန် သွင်းတဲ့ နိုင်ငံ ကွာသလိုပေါ့။ မြန်မာနိုင်ငံအနေနဲ့ ဒုတိယအများဆုံး ကုန်ပစ္စည်း သွင်းတဲ့ နိုင်ငံက ထိုင်းနိုင်ငံပါ။ ကျနော် သိထားတာက ထိုင်းနိုင်ငံ ထုတ်ကုန်ရဲ့ ၈၀% ဟာ ကုန်ကြမ်းကို တရုတ်ကနေ သွင်းပြီး အဆင့်မြှင့် ထုပ်ပိုးထားခြင်းပဲ ဖြစ်ပါတယ်။ ဒါ ထိုင်းနိုင်ငံ အနေနဲ့ တရုတ်ရဲ့ ကုန်ထုတ်လုပ် တိုးတက်မှု ရေစီးကြောင်းကို အကျိုးရှိရှိ မျှောပါနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၀ ခုနစ် WTO ကို တရုတ်ဝင်ပြီး ကတည်းက ထိုင်းရဲ့ အိပ်မက်ဟာ လှိုင်းလုံးထဲမှာတင် လုံးချာလည်ရမ်းပြီး ဆုံးဆုံးမြှုပ်သွားရှာတယ်။

စီးပွားရေး တောင့်တင်းလာတဲ့ မိသားစုတွေမှာ သားသမီးတွေဟာ အပြောအဆို ခက်ထန်လာတာ သဘာဝပါပဲ။ ချမ်းသာလာတဲ့ နိုင်ငံအနေနဲ့လည်း အပြောအဆို အရင်လို မညက်ညောတော့ဘူး။ အဲဒီလို ဖြစ်နေတာက သူဌေးမဟုတ်ဘဲ သူဌေးသားတွေ များတယ်။ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ကြည့်မယ်ဆိုရင် စီးပွားရေး တောင့်တင်းဖို့ ကြိုးစားတဲ့ မျိုးဆက်မဟုတ်ဘဲနဲ့ အသီးအပွင့်တွေ ခံစားတဲ့ နောက်မျိုးဆက်ပေါ့။ တရုတ်နိုင်ငံအနေနဲ့ ပြောရရင် အသက် ၂၅ ဝန်းကျင် ရှိတဲ့ တရုတ်ပြည်သူ ပြည်သားတွေပေါ့။ ရုတ်တရက် ချမ်းသာလာတဲ့ မိသားစုတွေက ပိုပြီး ခက်ထန်တတ်တဲ့ သဘာဝ ရှိပါတယ်။ ဆယ်နှစ်အတွင်းမှာ အရှိန်ဟုန်မြင့်မြင့် ပြည့်စုံလာတဲ့ တရုတ်နိုင်ငံ အနေနဲ့ လူငယ်တွေမှာ မာန်တက်လာတာကို မြင်နေရတယ်။ ဘယ်လိုရောင်းရောင်း ကိုယ့်ပစ္စည်းက ရောင်းလို့ ကုန်နေရင် ဈေးဝယ်သူကို အလေးမထားတတ်တော့ဘူး။ မင်းမဝယ်လည်း နောက်တစ်ယောက် ဝယ်လိမ့်မယ်ဆိုတဲ့ အတွေး။ နည်းနည်း ဝယ်မယ့်သူကို အဖက်မလုပ်ချင်တော့ဘူး။ များများဝယ်မယ့်သူကိုပဲ ဦးစားပေးတော့မယ်။ ဒါ သဘာဝကျတဲ့ အပြောင်းအလဲတွေ ဆိုပေမယ့် အဆင်းကို ဘီးတပ်ပေးမယ့် တွန်းအားတွေပါ။ တရုတ်အနေနဲ့ စီးပွားရေးကို အဓိကထားတဲ့ ပေါ်လစီကနေ၊ ပညာရေး နဲ့ သုသေတနကို အားပေးတဲ့ ပေါ်လစီကို ပြင်ဆင် သုံးစွဲနေတော့ နောက်နှစ်ပိုင်းတွေမှာ ပညာနဲ့ ပြန်ထိန်းသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကဲ .. ကျနော် ပေရှည်နေတာနဲ့ ခရီးက အခုထိ မစရသေးဘူး။ တရုတ်နိုင်ငံမှာ တစ်နှစ်ကို နှစ်ကြိမ်လုပ်လေ့ရှိတဲ့ China Export-Import Fair ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပြပွဲကြီးပေါ့။ အမြဲတမ်း ဧပြီလ (သင်္ကြန်တွင်း) နဲ့ အောက်တိုဘာလမှာ လုပ်လေ့ရှိတယ်။ GuangZhou (ကွမ်ကျိုး) မြို့မှာ လုပ်ပါတယ်။ အဲဒီ နှစ်လအတွင်းမှာ ဆိုရင် လေယာဉ်လက်မှတ်က ခက်လေ့ရှိတယ်။ တစ်လလောက် ကြိုတင်ပြီး မှာထားမှ လက်မှတ်က ရတယ်။ တရုတ်နိုင်ငံကို ရောက်တဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ အားလုံး လက်မှတ်ခက်လေ့ရှိတယ်။ မြန်မာနိုင်ငံကနေ သွားမယ်ဆိုရင် အများဆုံး စီးကြတာက Thai Airway (TG) ပါ။ ဈေးနှုန်းနဲ့ ထိုက်သင့်တဲ့ ဝန်ဆောင်မှုကို ပေးနိုင်ပါတယ်။ ဒီနှစ်အတွင်း လေယာဉ်ဆီဈေး တက်တာကြောင့် လေယာဉ်လက်မှတ်တွေ ၃၀% အထိ ဈေးတက်သွားပါတယ်။ တကယ်လို့ TG စီးမယ်ဆိုရင် Bangkok ကနေတဆင့် GuangZhou ကို သွားပါတယ်။ Bangkok - GaungZhou အပိုင်းက လက်မှတ်ခက်တာပါ။ တကယ်လို့ GuangZhou လက်မှတ် မရဘူးဆိုရင်တော့ Hongkong ကနေ ပတ်သွားလေ့ရှိပါတယ်။ Yangon - Bangkok - Hongkong ပေါ့။ Hongkong နဲ့ GuangZhou က ကားစီးရင် နှစ်နာရီစာပဲ ဝေးပါတယ်။ တိုက်ရိုက် ရထားစီးရင် ပိုတောင် မြန်ပါသေးတယ်။ ဒါကြောင့် နောက် option တစ်ခုအနေနဲ့ Bangkok - GuangZhou လက်မှတ်မရရင် Bangkok - Hongkong ခရီးကို စီးကြတယ်။ ဒါပေမယ့် တရုတ်သံရုံးမှာ ဟောင်ကောင်ဗီစာ လျှောက်တဲ့အခါ စာရွတ်စာတမ်းတွေ အများကြီး လိုပါတယ်။ Bank Statement တွေက အစ လိုပါတယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ တရုတ်ဗီစာ ဆိုရင်တော့ လျှောက်လွှာတစ်ရွက်နဲ့တင် အဆင်ပြေတယ်။

နောက်ထပ် ရွေးချယ်စရာ တစ်ခုက တရုတ်ပြည်တွင်း လေကြောင်းလိုင်းပါ။ စုစုပေါင်း သုံးလိုင်း ရှိပါတယ်။ Air China, Southern China နဲ့ Eastern China ပါ။ Yangon - GaungZhou တိုက်ရိုက် ခရီးစဉ်ရှိတာက Southern China ပါ။ တိုက်ရိုက်ရောက်တာကြောင့် တစ်လလောက် စောပြီး လက်မှတ် ကုန်လေ့ရှိတယ်။ ကျန် လေကြောင်းလိုင်း နှစ်ခုလုံးက တရုတ်ပြည် Kunming (ကူမင်း) မြို့ကိုပဲ ရောက်တယ်။ နောက်မှ တဆင့် GuangZhou ကို ပြန်စီးရတယ်။ Air China က Yangon - Kunming သွားပြီး ဒေါ်လာ ၅၀၀ ကျော်တယ်။ Eastern China က Mandalay - Kunming ကို ဒေါ်လာ ၃၀၀ ကျော်နဲ့ သွားတယ်။ ကုန်သည် အများစုက ပြည်တွင်းကနေ တဆင့်ပြန်စီးရတဲ့ ကျန် လေကြောင်းလိုင်း နှစ်ခုကို ရွေးလေ့ မရှိပါဘူး။ ဘာလို့လည်း ဆိုတော့ တရုတ်ပြည်တွင်း လေကြောင်းလက်မှတ်ဖိုးက ဈေးအရမ်းကြီးလို့ပါ။ ဒါပေမယ့် အများစု သတိမထားမိတာက တကယ်လို့ နှစ်ပတ်လောက် ကြိုပြီး လက်မှတ်ဝယ်နိုင်မယ် ဆိုရင် ပြည်တွင်း လေကြောင်းလိုင်းတွေက discount ကို 80% အထိ ပေးတတ်ပါတယ်။ တကယ်လို့ ၅၀% အထိ လျှော့ဈေးရမယ်ဆိုရင် တွက်ခြေ ကိုက်ပါတယ်။ မန်းကို ကားစီးပြီးမှ ကူမင်းကို လေယာဉ်ပြန်စီးမယ် ဆိုရင် ငွေ နှစ်သိန်းလောက် သက်သာသွားမှာမို့ Eastern China ရဲ့ လက်မှတ်ကိုပဲ ဝယ်လိုက်ပါတယ်။ ပြန်မယ့်ရက် အတိအကျ မသိသေးတာကြောင့် အပြန်ရက် မသက်မှတ်သေးဘဲ Open date နဲ့ ဝယ်ခဲ့လိုက်ပါတယ်။ အဲဒီလို လုပ်လိုက်လို့ ဒုက္ခရောက်သွားမယ်လို့ အစက ဘယ်သိခဲ့မှာလဲ။

(ဆက်ရန်)

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

Wednesday, November 12, 2008

[ညီလင်းသစ်] 1 New Entry: ကျနော်နှင့်ထိုရောဂါ

ကျနော်နှင့်ထိုရောဂါ


အခုပြန်တွေးကြည့်တော့ ဘယ်တုန်းကတည်းက ကျနော့်မှာ အဲဒီရောဂါရသွားလဲဆိုတာ တိတိကျကျ မမှတ်မိတော့ဘူး၊ အချိန်အားဖြင့် ဒီနှစ်ပိုင်းအတွင်းမှာပဲ ဆိုတာတော့ သေချာတယ်၊ ကျနော့်အထင် မသကာ ရှိလှ ၆ လအောက်ပေါ့၊ အခုတော့ အဲဒီရောဂါက တော်တော့်ကို အမြစ်တွယ်နေပြီလို့ ပြောရတော့မယ်၊

ကျနော့်သူငယ်ချင်းတွေထဲမှာလည်း ဒီရောဂါရှိတဲ့သူတွေ ရှိတယ်၊ ဒီတုန်းကတော့ သူတို့တွေမှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်ဆိုတာ မျိုးပဲ၊ သူတို့ကို ကြည့်ရင်း ကျနော်ကတော့ သိပ်နားမလည်ခဲ့ဘူး၊ ဒါပေမယ့် အေးအေးဆေးဆေးပါပဲ၊ ကူးစက်ရောဂါလည်းမဟုတ်တော့ သူတို့နဲ့ လက်ပွန်းတတီး သွားလာနေခဲ့တာပေါ့၊ ကိုယ့်ရဲ့ ကိုယ်ခံအားနဲ့ သူတို့ရဲ့ကိုယ်ခံအားကလည်း တူမှမတူတာကိုး...၊

အခုတော့ ကျနော်လည်း သူတို့နေရာရောက်နေခဲ့ပြီ၊ ကျနော်ပြန်စဉ်းစားကြည့်တယ်၊ ဘယ်လိုဖြစ်လို့ ငါ ဒီပိုးဝင်သွားတာပါလိမ့်...လို့၊ အစောကြီးကတည်းက မရဘဲ အခုကျမှ ဘယ်လိုဖြစ်လို့ ဒီရောဂါက ကိုယ့်ဆီရောက်လာခဲ့ရတာလဲ၊ ကျနော်သုံးသပ်လို့ ရသလောက်ကတော့ ရောဂါရဲ့ အသွင်အပြင်ပြောင်းသွား တာကြောင့်ပဲ ဖြစ်လိမ့်မယ်၊ ဒါ့ကြောင့်လဲ ကျနော့်လိုပဲ မထင်မှတ်ဘဲ အလစ်အငိုက် ခံလိုက်ရတဲ့သူတွေတဖြည်း ဖြည်းနဲ့ များလာနေခဲ့တာနေမှာ၊ အင်းလေ...အခုပုံစံအတိုင်းဆိုရင် ကူးစက်ရောဂါတောင် ဖြစ်လာနိုင်ပါရဲ့...၊

ကျနော်အခုပြောနေတဲ့ ရောဂါက WHO မှာတောင် classified မလုပ်ရသေးပါဘူး၊ အကြောင်းကတော့ တဦး တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှု၊ ကျွမ်းကျင်လိမ္မာမှု၊ ငွေကြေးတတ်နိုင်မှု စ,တာတွေပေါ် မူတည်လို့ ရောဂါ ပြန့်နှံ့ပုံက ကွဲသွားလေ့ ရှိလို့ပါပဲ၊ ဒီရောဂါရဲ့ နာမည်က တခြားတော့ အထွေအထူးမဟုတ်ပါဘူးဗျာ၊ DSLR Addicted Disease လို့ကျနော်ခေါ်ချင်တဲ့ Digital Single-Lens Reflex camera တွေကို စွဲလန်းနှစ်သက်တဲ့ ရောဂါပါပဲ၊ ဟုတ်တယ်ဗျာ...ကျနော်တော့ DSLR addicted ဖြစ်နေခဲ့ပြီ၊

အရင်တုန်းက ကျနော့်သူငယ်ချင်းတွေ ဖလင်ထည့်ရိုက်ရတဲ့ ကင်မရာတွေနဲ့ အရူးထနေတုန်းက ကျနော်က အေးအေးဆေးဆေး နေခဲ့နိုင်တယ်၊ ရိုက်ပြီးရုံနဲ့ မပြီးသေးဘဲ ဖလင်ဆေးဦး၊ ကူးဦး စ,တဲ့ အဆင့်တွေနဲ့ လေးလံ ကြာရှည်လှတဲ့ အဲဒီကင်မရာကြီးတွေက ကျနော့်ရဲ့ စိတ်ကို မညွတ်နူးစေခဲ့ဘူး၊ ရိုက်မယ့်လူဖက်က ပညာရပ်ကို တစုံတရာ အတိုင်းအတာအထိ နားလည်ထားဖို့ကလည်း လိုသေးတာကိုး၊ ပြီးတော့ ရိုက်ချက်တွေအပေါ်မှာ ကိုယ်က အနုပညာ ကွန့်မြူးလိုက်ပေမယ့် Result ကချက်ချင်းမှ မသိရတာ...၊ အခုတော့ DSLR ကအဲဒါတွေ အားလုံးကို ချန်ထားဖြတ်တက်ခဲ့ပြီလေ၊ လုပ်ပိုင်ခွင့်တွေ အများကြီးပိုလာသလို အဖြေကို ချက်ချင်းသိခွင့်၊ ချက် ချင်းအမှား ပြင်ဆင်ခွင့် စ,တာတွေလည်း အပြည့်ပါပဲ၊

အဲဒီလိုနဲ့ DSLR ရဲ့အလှမှာ ကျနော်လည်း ရုန်းမထွက်နိုင် ဖြစ်ခဲ့ရတယ်ပေါ့ဗျာ၊ သူ့ မာယာတွေရဲ့အောက် ကျနော့်မှာ နေ့နဲ့ညတွေ မှားလို့၊ စားလည်းသူ့စိတ် သွားလည်း သူ့စိတ်နဲ့ အစွဲလန်းကြီးစွဲလန်း ခဲ့တာပါပဲ၊ အဲဒီလို မွတ်သိပ်တမ်းတမှုတွေရယ်၊ ပြန်အိပ်မရတဲ့ တရေးနိုးအိပ်မက် တွေရယ် ပေါင်းစပ်လွန်းမက ပေါင်းစပ်သွားတဲ့အခါမှာတော့ ' ဟေ့..ဒီမှာ DSLR, မင်းကိုစပြီး ချစ်မိကတည်းက ပိုင်ဆိုင်ဖို့အတွက်ပဲ ချစ်ခဲ့တာ ကွ ' ဆိုပြီး လူကြီးစုံရာတွေ ဘာတွေ စောင့်မနေတော့ဘဲ ကျနော်တစ်ယောက် တည်း သွားပြီး DSLR တစ်လုံး ဝယ်လိုက်တော့တာ ပါပဲ၊ အင်း..ဝယ်ရတော့တာပေါ့လေ၊ ခိုးပြေးတာတို့၊ ကားတင် ပြေးတာတို့မှ လုပ်လို့ မရဘဲ၊ အရောင်းဆိုင်မှာ ဗီဒီယိုကင်မရာတွေ၊ လုံခြုံရေးအစောင့်တွေက များပါဘိသနဲ့...၊

အခုတော့လည်း ဓါတ်ပုံအကြောင်းကို အချိန်ရှိသရွေ့ စဉ်းစားနေချင်တယ်၊ ဒီလိုအလင်းဆို ဘယ်လိုရိုက်လိုက် မယ်၊ ဒီနေရောင်နဲ့ဆိုရင် Exposure ကိုဘယ်လောက်ထားမှ သင့်မှာပဲ၊ ဒါမျိုးဆိုရင်တော့ Flash သုံးတာထက် ISO ကိုနဲနဲ ပိုတင်လိုက်တာ ကောင်းမလားပဲ...စသဖြင့်ပေါ့ဗျာ၊ ပုံလေးတွေကို ဘလော့ဂ်မှာတင်တဲ့အခါ လာ ကြည့်တဲ့သူတွေ ရှိတော့လည်း စိတ်ချမ်းသာရတာပေါ့၊ ကျနော်တို့ငယ်ငယ်က ကင်မရာနဲ့ ပတ်သက်ရင် အဖေ ပြောလေ့ရှိတာလေးကို သွားသတိရတယ်၊ ' လူတစ်ယောက်ကိုမုန်းရင် ကင်မရာတစ်လုံး ဝယ်ပေးလိုက်ပါ ' တဲ့၊ တွေ့ကရာ လျှောက်ရိုက်၊ ကူးလိုက်၊ ဆေးလိုက်၊ ထပ်ရိုက်လိုက်နဲ့ အဲဒီလူ မွဲသွားမယ်ပေါ့ဗျာ၊ အခု digital ခေတ် မှာတော့ မမှန်တော့ပါဘူး၊ ဝယ်တဲ့အခိုက်မှာတော့ အမျိုးအစားပေါ် မူတည်လို့ ဈေးများကောင်းများနိုင်ပေမယ့် နောက်ပိုင်းမှာ စိတ်ချမ်းသာရဖို့ များပါတယ်၊ ကျနော့်ရဲ့ ချစ်ရပါသော DSLR လေးနဲ့ ကျနော်ကတော့ ရှေ့သွား နောက်လိုက် ညီညီပါပဲ။ ။


ညီလင်းသစ်
၉ နိုဝင်ဘာ၊ ၂၀၀၈

You received this email because you are subscribed to the real_time feed for http://nyilinnthit.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညီလင်းသစ်] 1 New Entry: ကျနော်နှင့်ထိုရောဂါ

ကျနော်နှင့်ထိုရောဂါ


အခုပြန်တွေးကြည့်တော့ ဘယ်တုန်းကတည်းက ကျနော့်မှာ အဲဒီရောဂါရသွားလဲဆိုတာ တိတိကျကျ မမှတ်မိတော့ဘူး၊ အချိန်အားဖြင့် ဒီနှစ်ပိုင်းအတွင်းမှာပဲ ဆိုတာတော့ သေချာတယ်၊ ကျနော့်အထင် မသကာ ရှိလှ ၆ လအောက်ပေါ့၊ အခုတော့ အဲဒီရောဂါက တော်တော့်ကို အမြစ်တွယ်နေပြီလို့ ပြောရတော့မယ်၊

ကျနော့်သူငယ်ချင်းတွေထဲမှာလည်း ဒီရောဂါရှိတဲ့သူတွေ ရှိတယ်၊ ဒီတုန်းကတော့ သူတို့တွေမှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်ဆိုတာ မျိုးပဲ၊ သူတို့ကို ကြည့်ရင်း ကျနော်ကတော့ သိပ်နားမလည်ခဲ့ဘူး၊ ဒါပေမယ့် အေးအေးဆေးဆေးပါပဲ၊ ကူးစက်ရောဂါလည်းမဟုတ်တော့ သူတို့နဲ့ လက်ပွန်းတတီး သွားလာနေခဲ့တာပေါ့၊ ကိုယ့်ရဲ့ ကိုယ်ခံအားနဲ့ သူတို့ရဲ့ကိုယ်ခံအားကလည်း တူမှမတူတာကိုး...၊

အခုတော့ ကျနော်လည်း သူတို့နေရာရောက်နေခဲ့ပြီ၊ ကျနော်ပြန်စဉ်းစားကြည့်တယ်၊ ဘယ်လိုဖြစ်လို့ ငါ ဒီပိုးဝင်သွားတာပါလိမ့်...လို့၊ အစောကြီးကတည်းက မရဘဲ အခုကျမှ ဘယ်လိုဖြစ်လို့ ဒီရောဂါက ကိုယ့်ဆီရောက်လာခဲ့ရတာလဲ၊ ကျနော်သုံးသပ်လို့ ရသလောက်ကတော့ ရောဂါရဲ့ အသွင်အပြင်ပြောင်းသွား တာကြောင့်ပဲ ဖြစ်လိမ့်မယ်၊ ဒါ့ကြောင့်လဲ ကျနော့်လိုပဲ မထင်မှတ်ဘဲ အလစ်အငိုက် ခံလိုက်ရတဲ့သူတွေတဖြည်း ဖြည်းနဲ့ များလာနေခဲ့တာနေမှာ၊ အင်းလေ...အခုပုံစံအတိုင်းဆိုရင် ကူးစက်ရောဂါတောင် ဖြစ်လာနိုင်ပါရဲ့...၊

ကျနော်အခုပြောနေတဲ့ ရောဂါက WHO မှာတောင် classified မလုပ်ရသေးပါဘူး၊ အကြောင်းကတော့ တဦး တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှု၊ ကျွမ်းကျင်လိမ္မာမှု၊ ငွေကြေးတတ်နိုင်မှု စ,တာတွေပေါ် မူတည်လို့ ရောဂါ ပြန့်နှံ့ပုံက ကွဲသွားလေ့ ရှိလို့ပါပဲ၊ ဒီရောဂါရဲ့ နာမည်က တခြားတော့ အထွေအထူးမဟုတ်ပါဘူးဗျာ၊ DSLR Addicted Disease လို့ကျနော်ခေါ်ချင်တဲ့ Digital Single-Lens Reflex camera တွေကို စွဲလန်းနှစ်သက်တဲ့ ရောဂါပါပဲ၊ ဟုတ်တယ်ဗျာ...ကျနော်တော့ DSLR addicted ဖြစ်နေခဲ့ပြီ၊

အရင်တုန်းက ကျနော့်သူငယ်ချင်းတွေ ဖလင်ထည့်ရိုက်ရတဲ့ ကင်မရာတွေနဲ့ အရူးထနေတုန်းက ကျနော်က အေးအေးဆေးဆေး နေခဲ့နိုင်တယ်၊ ရိုက်ပြီးရုံနဲ့ မပြီးသေးဘဲ ဖလင်ဆေးဦး၊ ကူးဦး စ,တဲ့ အဆင့်တွေနဲ့ လေးလံ ကြာရှည်လှတဲ့ အဲဒီကင်မရာကြီးတွေက ကျနော့်ရဲ့ စိတ်ကို မညွတ်နူးစေခဲ့ဘူး၊ ရိုက်မယ့်လူဖက်က ပညာရပ်ကို တစုံတရာ အတိုင်းအတာအထိ နားလည်ထားဖို့ကလည်း လိုသေးတာကိုး၊ ပြီးတော့ ရိုက်ချက်တွေအပေါ်မှာ ကိုယ်က အနုပညာ ကွန့်မြူးလိုက်ပေမယ့် Result ကချက်ချင်းမှ မသိရတာ...၊ အခုတော့ DSLR ကအဲဒါတွေ အားလုံးကို ချန်ထားဖြတ်တက်ခဲ့ပြီလေ၊ လုပ်ပိုင်ခွင့်တွေ အများကြီးပိုလာသလို အဖြေကို ချက်ချင်းသိခွင့်၊ ချက် ချင်းအမှား ပြင်ဆင်ခွင့် စ,တာတွေလည်း အပြည့်ပါပဲ၊

အဲဒီလိုနဲ့ DSLR ရဲ့အလှမှာ ကျနော်လည်း ရုန်းမထွက်နိုင် ဖြစ်ခဲ့ရတယ်ပေါ့ဗျာ၊ သူ့ မာယာတွေရဲ့အောက် ကျနော့်မှာ နေ့နဲ့ညတွေ မှားလို့၊ စားလည်းသူ့စိတ် သွားလည်း သူ့စိတ်နဲ့ အစွဲလန်းကြီးစွဲလန်း ခဲ့တာပါပဲ၊ အဲဒီလို မွတ်သိပ်တမ်းတမှုတွေရယ်၊ ပြန်အိပ်မရတဲ့ တရေးနိုးအိပ်မက် တွေရယ် ပေါင်းစပ်လွန်းမက ပေါင်းစပ်သွားတဲ့အခါမှာတော့ ' ဟေ့..ဒီမှာ DSLR, မင်းကိုစပြီး ချစ်မိကတည်းက ပိုင်ဆိုင်ဖို့အတွက်ပဲ ချစ်ခဲ့တာ ကွ ' ဆိုပြီး လူကြီးစုံရာတွေ ဘာတွေ စောင့်မနေတော့ဘဲ ကျနော်တစ်ယောက် တည်း သွားပြီး DSLR တစ်လုံး ဝယ်လိုက်တော့တာ ပါပဲ၊ အင်း..ဝယ်ရတော့တာပေါ့လေ၊ ခိုးပြေးတာတို့၊ ကားတင် ပြေးတာတို့မှ လုပ်လို့ မရဘဲ၊ အရောင်းဆိုင်မှာ ဗီဒီယိုကင်မရာတွေ၊ လုံခြုံရေးအစောင့်တွေက များပါဘိသနဲ့...၊

အခုတော့လည်း ဓါတ်ပုံအကြောင်းကို အချိန်ရှိသရွေ့ စဉ်းစားနေချင်တယ်၊ ဒီလိုအလင်းဆို ဘယ်လိုရိုက်လိုက် မယ်၊ ဒီနေရောင်နဲ့ဆိုရင် Exposure ကိုဘယ်လောက်ထားမှ သင့်မှာပဲ၊ ဒါမျိုးဆိုရင်တော့ Flash သုံးတာထက် ISO ကိုနဲနဲ ပိုတင်လိုက်တာ ကောင်းမလားပဲ...စသဖြင့်ပေါ့ဗျာ၊ ပုံလေးတွေကို ဘလော့ဂ်မှာတင်တဲ့အခါ လာ ကြည့်တဲ့သူတွေ ရှိတော့လည်း စိတ်ချမ်းသာရတာပေါ့၊ ကျနော်တို့ငယ်ငယ်က ကင်မရာနဲ့ ပတ်သက်ရင် အဖေ ပြောလေ့ရှိတာလေးကို သွားသတိရတယ်၊ ' လူတစ်ယောက်ကိုမုန်းရင် ကင်မရာတစ်လုံး ဝယ်ပေးလိုက်ပါ ' တဲ့၊ တွေ့ကရာ လျှောက်ရိုက်၊ ကူးလိုက်၊ ဆေးလိုက်၊ ထပ်ရိုက်လိုက်နဲ့ အဲဒီလူ မွဲသွားမယ်ပေါ့ဗျာ၊ အခု digital ခေတ် မှာတော့ မမှန်တော့ပါဘူး၊ ဝယ်တဲ့အခိုက်မှာတော့ အမျိုးအစားပေါ် မူတည်လို့ ဈေးများကောင်းများနိုင်ပေမယ့် နောက်ပိုင်းမှာ စိတ်ချမ်းသာရဖို့ များပါတယ်၊ ကျနော့်ရဲ့ ချစ်ရပါသော DSLR လေးနဲ့ ကျနော်ကတော့ ရှေ့သွား နောက်လိုက် ညီညီပါပဲ။ ။


ညီလင်းသစ်
၉ နိုဝင်ဘာ၊ ၂၀၀၈

You received this email because you are subscribed to the real_time feed for http://nyilinnthit.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆုံဆည်းရာ] 6 New Entries: စစ်အစိုးရက လူပေါင်း ၄၀ ခန့်ကို ယနေ့ ထောင်ဒဏ်များ ချမှတ်

စစ်အစိုးရက လူပေါင်း ၄၀ ခန့်ကို ယနေ့ ထောင်ဒဏ်များ ချမှတ်

ဧရာဝတီ | နိုဝင်ဘာလ ၁၁ ရက် ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသော တောင်ဥက္ကလာ ငွေကြာယံကျောင်းတိုက်မှ သံဃာတော် ၅ ပါး အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ တသီးပုဂ္ဂလ လူမှုရေးလှုပ်ရှားသူများ စသည့် လူပေါင်း ၄၀ ခန့်ကို ယနေ့တွင် ထောင်ဒဏ် အမြင့်ဆုံး ၆၅ နှစ် အထိချမှတ်လိုက်သည်။

ငွေကြာယံ ကျောင်းတိုက်မှ သံဃာ ၅ ပါးကို ထောင် ၆ နှစ်ခွဲစီချမှတ်လိုက်ပြီး ကိုမင်းဇေယျ၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ် ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ မနီလာသိန်းနှင့် မမီးမီးတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၄ ဦး ကို ထောင်ဒဏ် ၆၅ နှစ် စီ ချမှတ်လိုက်သည်ဟု မိသားစုဝင်များ နှင့် ဥပဒေ အကျိုးဆောင်များက ပြောသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့မှ ကိုပြည့်ဖြိုးလှိုင်နှင့် ၉ ဦးကိုလည်း ထောင်ဒဏ် ၈ နှစ်မှ ၂၄ နှစ်အထိ ချမှတ်လိုက်ကြောင်း သိရသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးအား ထောင်ဒဏ် ၁၂ နှစ် ၆ လ ချမှတ်လိုက်ကြောင်းလည်း ၎င်း၏ အစ်မဖြစ်သူ မဌေးဌေးကြည်ကပြောသည်။ မစုစုနွေးနှင့်အတူ ကိုဘိုဘိုလှိုင်ဝင်းသည် ထောင် ၈ နှစ် ချမှတ်ခံရကြောင်းလည်း သိရသည်။

ရွှေသံစဉ်ကို ၀င်းမော်နှင့် အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီနေသူ ကိုသန်းနိုင်တို့ကိုလည်း ထောင် ၆ နှစ်စီ ချမှတ် လိုက်သည်။

တခြားသော ၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကိုလည်း လာမည့်ကြာသပတေးနေ့ ရုံးထုတ်မတိုင်မီ ထောင်ဒဏ်ချ မှတ်ရန် အစီအစဉ်ရှိကြောင်း၊ ကျန်ဖမ်းဆီးထားသည့် နိုင်ငံရေးလှုပ်ရှားသူအားလုံးကို နိုဝင်ဘာ ၂၅ ရက် ၀န်းကျင် တွင် ပြစ်ဒဏ်များ စီရင်နိုင်ကြောင်းလည်း အကျိုးဆောင်ရှေ့နေများ အသိုင်းအ၀န်းက သိရသည်။

"အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက နိုဝင်ဘာ လကုန်ပိုင်းလောက်မှာ ပြစ်ဒဏ်စီရင်တာတွေ အပြီးဖြတ် မယ်လို့ ကြားနေရတယ်၊ ဇေယျာသော်အမှုကိုလည်း ၂၀ ရက်လောက်မှာ ဖြတ်မယ်လို့ သိရပါတယ်"ဟု ဖမ်းဆီးခံထားရသည့် အဆိုတော် ဇေယျာသော်၏ ရှေ့နေ ဦးအောင်ကြီးက ပြောဆိုသည်။

ယခုကဲ့သို့ ပြစ်ဒဏ်များ စီရင်လိုက်ခြင်းကို ၈၈ မျိုးဆက်ကျောင်းသားများက ကြွေးကြော်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ ကြောင်း လည်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမင်းဇေယျက"၆၅ နှစ်ထဲပါ"ဟု ပြောဆိုလိုက်ပြီး မမီးမီးကမူ "ဘယ်တော့မှ မကြောက်ဘူး"ဟု ကြွေးကြော်ကာ တခြားသော သူများက"မြန်မာပြည်လွတ်မြောက်ရေး" ဟု ကြွေးကြော် ခဲ့ကြကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောပြသည်။

ပြီးခဲ့သော အောက်တိုဘာ ၂၉ ရက်နေ့တွင် ရန်ကုန် အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက တရား စီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈ ဖြင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို ၊ ကိုမြအေး၊ ကိုလှမျိုးနောင် ၊ ကိုအောင်သူ ၊ ကိုဥာဏ်လင်းနှင့် ကိုမျိုးအောင်တို့ ၉ ဦး ကို အာဏာပိုင်များက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တွင် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့ သည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချို၏ ဖခင်ဖြစ်သူ ဦးဝင်းမောင်က အဆိုပါ ၉ ဦးကိုလည်း ကြီးလေး သည့် ပြစ်ဒဏ်များ ချမှတ်နိုင်သည်ဟု မျှော်လင့်ရကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ရာထူးသစ်အတွက် ဘုရှ်အမည် တင်သွင်း

မဇ္ဈိမ၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၀၈

ချင်းမိုင်။ ။ မကြာသေးခင်က အသစ်ဖန်တီးခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး ရာထူးတွင် ခန့်ထားရန်အတွက် အမေရိကန် ပြည်ထောင်စု သမတကြီး ဂျော့ဘုရှ်က အမည်စာရင်း တင်သွင်းလိုက်ပါသည်။

ဤရာထူး သည် မြန်မာနိုင်ငံစစ်အစိုးရအား ကျယ်ပြန့်သော နိုင်ငံရေး အပြောင်းအလဲတရပ်ကို လက်ခံရန် တိုးမြှင့် ဖိအားပေးရေးအတွက် အဓိက ရည်ရွယ်ထားပါသည်။

လောလောဆယ် ဂျော့ခ်ျတောင်းတက္ကသိုလ် တွဲဘက်ပါမောက္ခနှင့် ဝါရှင်တန်ဒီစီရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့ လာရေးဗဟိုဌာန အကြီးတန်း အကြံပေးနှင့် ဂျပန်နိုင်ငံဆိုင်ရာ သဘာပတိဖြစ်သူ မိုက်ကယ်ဂရင်းကို ဤရာထူး၌ ခန့်အပ်နိုင်ရန်အတွက် အတည်ပြုပေးနိုင်ရန် ဆီးနိတ် အထက်လွှတ်တော်သို့ သူ၏ အမည်ကို တင်သွင်း ပေးပို့လိုက်ပြီ ဖြစ်ပါသည်။

ဤအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံပြည်သူများအား ကူညီရေးအတွက် ကျွန်ုပ်တို့၏ ကြိုးပန်းချက်များတွင် အခြားနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရာ၌ အမေရိကန်နိုင်ငံ၏ အဓိက ပါဝင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်မည် ဖြစ်ပါသည် ဟု အမေရိကန်နိုင်ငံ အမျိုးသားလုံးခြုံရေးကောင်စီ ပြောရေးဆို ခွင့်ရှိသူ ဂေါ်ဒွန်ဂျွန်ဒရိုး၏ အဆိုအရ သိရပါသည်။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနှင့် ပြုပြင်ပြောင်းလဲမှုများကို လက်ခံရေးအတွက် မြန်မာနိုင်ငံကို အုပ်စိုးနေသော ဗိုလ်ချုပ်ကြီးများအား နောက်ထပ် တနည်းတဖုံ ဖိအားပေးနိုင်ရန် မျှော်မှန်းသည့်အနေဖြင့် ဤရာထူးကို ထားရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ အစိုးရတရပ် ပေါ်ပေါက်ရေးကို အဓိကပန်းတိုင်အဖြစ် ထားရှိ၍ ဤအထူးကိုယ်စားလှယ်သည် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ ဒေသတွင်း အစိုးရများ၊ အဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဤရာထူးတွင် အတည်ပြု ခန့်အပ်ခြင်းခံရပါက ဂရင်းသည် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားသည့် အထောက်အပံ့များ ပေးအပ်ရေး၌ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်မည် ဖြစ်သည်။

ဤရာထူးတွင် ခန့်အပ်ခံရသူသည် ရန်ကုန်မြို့တွင် အခြေစိုက်မည် မဟုတ်သော်လည်း ဤရာထူးသည် သံအမတ်ကြီး ရာထူးအဆင့်အတန်းရှိသော ရာထူးဖြစ်သည်။ ၁၉၉ဝ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုသည် ရန်ကုန်မြို့ရှိ ယင်း၏သံရုံးတွင် သံအမတ်ကြီး ထားရှိခြင်း မရှိဘဲ၊ အမြင့်ဆုံးရာထူးအဖြစ် တာဝန်ခံ သံမှူးကိုသာ ထားရှိခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရာထူးသည် ဂျူလိုင်လအတွင်းက အတည်ပြုပြဌာန်းခဲ့သော စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး ကြိုးပန်းမှုများ ဥပဒေ၏ လုပ်ပိုင်ခွင့်အတွင်း ကျရောက်ပြီး အောက်လွှတ်တော် အမတ် တွမ်လန်းတော့စ် သေဆုံးခဲ့ပြီးနောက် ယခု ဒုတိယသမတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဂျိုးဘိုင်ဒင် က ဤဥပဒေကို လွှတ်တော်တွင် ဦးဆောင်တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် လာရီအမ်ဒင်းဂါး က ရန်ကုန်မြို့ရှိ အမေရိကန် သံရုံး တာဝန်ခံသံမှူးရာထူးကို ရှာရှီဗီလာရိုစာထံမှ လွှဲပြောင်း လက်ခံရယူခဲ့ပါသည်။

ဒေါ်စုနှင့် ဒေါက်တာ စင်သီယာမောင်ကို စပိန်နိုင်ငံက ဆုချီးမြှင့်

ဧရာဝတီ-အေးလဲ့ | နိုဝင်ဘာ ၁၁၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းမြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်တို့အား စပိန်နိုင်ငံရှိ ကတ်တာလိုနီးယားပြည်နယ်အစိုးရက ၎င်းမြို့၏ အမြင့်ဆုံးဂုဏ်ထူးဆောင် နိုင်ငံတကာ ဆုချီးမြှင့်ပွဲကို ယနေ့ကျင်းပမည်ဖြစ်သည်။

အဆိုပါဆုချီးမြှင့်ပွဲကို စပိန်နိုင်ငံမြို့တော်ဖြစ်သည့် ဘာစီလိုနားမြို့တွင် ကျင်းပမည် ဖြစ်ပြီး လက်ရှိနေအိမ် အကျယ်ချူပ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဗြိတိန်နိုင်ငံမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှ တာဝန်ခံတဦး ဖြစ်သူ ဇိုယာဖန်းက လက်ခံရယူမည်ဖြစ်ကြောင်း လည်းသိရသည်။

ဇိုယာဖန်းက "ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီဆုကိုသွားရောက်ယူခွင့်ရတဲ့ အတွက် ကျမဝမ်းသာမိပါတယ်။ ကျမစိတ်မကောင်းမိတာက သူကိုယ်တိုင်သွားရောက်ယူခွင့် မရတာကိုတော့ စိတ်မကောင်းပါဘူး။ ခုလိုဆုပေးတာဟာ ကတ်တာလိုနီးယား ပြည်သူ လူထုတွေရော ကတ်တာလိုနီးယား အစိုးရကပါ မြန်မာပြည် ဒီမိုကရေစီရေးအတွက် မြန်မာပြည်သူပြည်သားတွေနဲ့ အတူရပ်တည်နေတယ်ဆိုတာကို သိရတဲ့အတွက် အားတက်မိပါတယ်" ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန် အထက်လွှတ်တော်က အရပ်သား များကို ချီးမြှင့်သည့်ဆုများထဲမှအမြင့်ဆုံး ရွှေတံဆိပ်ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၎င်းသည် ၁၉၉၀ခုနှစ်က နော်ဝေး နိုင်ငံက ချီးမြှင့်သည့် နိုဘဲလ်ငြိမ်းချမ်းရေးဆု အပါအဝင် နိုင်ငံတကာ ဆုပေါင်းများစွားကို ရရှိ ထား သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှစတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီဖြစ်သော်လည်း စစ်အစိုးရက မေလတွင် အကျယ်ချူပ် သက်တမ်းတနှစ် ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိ နေအိမ်အကျယ် ချုပ် ဘဝဖြင့် နေရချိန်စုစုပေါင်းမှာ ၁၃ နှစ်ရှိပြီဖြစ်သည်။

ယမန်နေ့တွင် ဒေါက်တာစင်သီယာမောင်နှင့် ဇိုယာဖန်းတို့သည် ကတ်တာလိုနီးယားပြည်နယ် အစိုးရ အကြီး အကဲ José Montill နှင့် တွေ့ဆုံခဲ့စဉ်တွင် လက်ရှိမြန်ာနိုင်ငံရေးအခြေအနေများ၊ နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ နယ်စပ်ဒေသ တွင်ဒုက္ခသည်များ ပိုမိုတိုးများလာသည့်အခြေအနေ စသည့် မြန်မာစစ်အစိုးရ ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများအပေါ် စပိန်အစိုးရအနေနှင့် မြန်မာပြည်အရေးကိုပိုမို ဖိအားပေးပြောဆို ရန် တိုက်တွန်းနိုးဆော်ခဲ့ကြောင်းလည်း ဇိုယာဖန်းက ပြောသည်။

ဒေါက်တာစင်သီယာမောင်တည်ထောင်သည့် မယ်တော်ဆေးခန်းသည် မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာ ပြည်သား များအား မည်သည့်ရောဂါမဆို အခမဲ့ဆေး ကုသပေး နေသည့် တခုတည်းသော ဆေးခန်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာစင်သီယာမောင်သည် ယခုဆု အပါအဝင် နိုင်ငံတကာဆုပေါင်း ၁၃ခု ကိုရရှိထား သူဖြစ်သည်။
ကတ်တာလိုနီးယားပြည်နယ်သည် စပိန်နိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး ၎င်းပြည်နယ်၏ ဂုဏ်ထူးဆောင်ဆုကို ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး၊ ယဉ်ကျေးမှု ၊ သိပ္ပံပညာရပ်များ ဆိုင်ရာတို့တွင် ဖွံ့ဖြိုးတိုးတက်ရန် ဆောင် ရွက်သူများအား ချီးမြှင့်ကြောင်း လည်းသိရသည်။ ၎င်းဆုတွင် ခရိုနာငွေ ၁သိန်း အပါအ၀င် အထိမ်းအမှတ် သော့ ကျောက်ဆစ်ရုပ်ကိုပါ လက်ခံရရှိမည် ဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကြည်းတပ်များတိုးချဲ့ချထား

ဧရာဝတီ-ကိုစိုး | နိုဝင်ဘာ ၁၁၊ ၂၀၀၈

ရေပိုင်နက်အငြင်းပွားမှု ပြဿနာဖြစ်နေသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကုန်းတွင်းပိုင်း နယ်စပ် တလျှောက်တွင် နှစ်နိုင်ငံ လုံခြုံရေးတပ်များကို တပ်လှန့်ချထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အဆိုအရ မိုင် ၁၇၀ ခန့် ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက်တွင် လုံခြုံရေး တပ်ဖွဲ့များကို စနေနေ့က စတင်ချထားကြောင်း သိရှိရ သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အခြေစိုက် နိရဉ္စရာ သတင်းဌာနအယ်ဒီတာ ကိုခိုင်မြတ်ကျော်ကလည်း"ကုန်းပိုင်းမှာ ဟိုဘက် ဒီဘက် စစ်တပ်တွေ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိတယ်၊ လွန်ခဲ့တဲ့ စနေနေ့လောက်ကတည်း က စပြီး တော့ ဖြစ်တာ၊ တပ် အင်အား အရေအတွက်တော့ မသိရဘူး၊ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ red alert လုပ်ထား တယ်" ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ် တောင်ဘက် မိုင် ၃၀ ခန့် အကွာ စိန့်မာတင်ကျွန်း အနီးတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေ နေသော ကိုရီးယားကုမ္ပဏီ သဘောင်္လုံခြုံရေးအတွက် မြန်မာ ရေတပ် စစ်သင်္ဘောများ ပို့ဆောင်လိုက်ပြီး နောက် ပိုင်း ယခုကဲ့သို့ နှစ်နိုင်ငံ တင်းမာမှု ဖြစ်လာရခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ် လုံခြုံရေး တပ်များကိုတပ်လှန့်ချထားသည်ဟု တရားဝင်ပြောဆိုနေစဉ်အတွင်းမှာ ပင် အဆိုပါ အငြင်းပွားနေသော ရေပိုင်နက်ရှိ မြန်မာဘက်က ရေတပ် စစ်သင်္ဘောများ ပြန်လည် ဆုတ်ခွာသွား သည်ဟု ရိုက်တာ သတင်းဌာနက ရေးသားထားသည်။

နိုဝင်ဘာ ၆ ရက်နေ့က မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်အား ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေး အတွင်းဝန်နှင့် အဖွဲ့က လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ အငြင်းပွားရာရေပိုင်နက်အတွင်း သဘာဝဓာတ်ငွေ့ တူးဖော်နေသည့်လုပ်ငန်းကို ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်ကို နောက်တနေ့တွင် မြန်မာအစိုးရဘက်က ပယ်ချကြောင်း အစိုးရပိုင် သတင်းစာများမှ တဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၉ ရက်နေ့ထုတ် အစိုးရသတင်းစာတွင်မူ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ်ကွက် AD-7 ရှိ စမ်းသပ်တိုင်းတာရေးလုပ်ငန်းများ နိုဝင်ဘာ ၈ ရက်တွင် ပြီးစီးသောကြောင့် A-3 လုပ်ကွက် သို့ စတင် ပြောင်းရွှေ့နေ ကြောင်းနှင့် လုပ်ငန်းအစီအစဉ်များကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

မြန်မာဘက်က အစိုးရ သတင်းစာများကသာ ယင်းကဲ့သို့ထုတ်ပြန်ကြေညာချက်ကို ထည့်သွင်းဖော်ပြခဲ့သော် လည်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများကမူ အကျယ်တ၀င့် ဖော်ပြကြကြောင်း သိရသည်။

"ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အချာအာဏာပိုင်စိုးမှုကို မြန်မာပြည်က ကျူးကျော်တယ် ဆိုပြီး ရေးသားကြတယ်၊ ခေါင်းကြီးပိုင်းကကို ရေးကြတာများတယ်၊ ဒေးလီးစတားတို့ ဘာတို့မှာ ရေးကြတယ်"ဟု ကိုခိုင်မြတ်ကျော်က ပြောသည်။

ယခုကြုံတွေ့နေရသည့် ပြဿနာအတွက် လာမည့် နိုဝင်ဘာ ၁၆-၁၇ ရက်များတွင် နှစ်နိုင်ငံ တာဝန်ရှိသူများ အနေနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ရန် ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက စစ်အစိုးရ ဒုတိယ စစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ အဖွဲ့ဝင် ၅၀ ကျော်နှင့် သွားရောက်ခဲ့ပြီး ပင်လယ်ရေပိုင်နက် အငြင်းပွားမှုကိစ္စ အပါအ၀င် သဘာဝဓာတ်ငွေ့၊ လမ်းဖောက်လုပ်ရေး၊ ဆန်တင်သွင်းရေး ၊ အခွန် ၂ ထပ် လျှော့ချရေး၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စများ စသည့် နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စရပ်များကို လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ဆွေးနွေးခဲ့သည်။

မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်ကျော်ချ

ခေတ်ပြိုင်-ကိုဝိုင်း/ ၁၁ နိုဝင်ဘာ ၂၀၀၈

အင်းစိန်ထောင်၌ ထိန်းသိမ်းခံနေရသည့် မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်နှင့် (၆) လ ယနေ့ ချမှတ်လိုက်ကြောင်း အင်းစိန်တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် မစုစုနွေးနှင့် အမှုတွဲဖြစ်သူ ဘိုဘိုဝင်းလှိုင်ကိုလည်း ထောင်ဒဏ် (၈) နှစ်ချလိုက်ကြောင်း ၎င်းကပြောသည်။

နှလုံးရောဂါအခံရှိသဖြင့် ဆေးမှီဝဲနေရသူ မစုစုနွေးသည် ယနေ့ရုံးထွက်ရာတွင် လန်းလန်းဆန်းဆန်းရှိနေကြောင်း သိရသည်။
မစုစုနွေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ (၁၃) ရက်နေ့က စစ်အစိုးရဆန့်ကျင်ရေးပိုစတာကပ်မှုဖြင့် ဗဟန်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရဲစခန်း၌ အစာငတ်ခံဆန္ဒပြခဲ့သေးသည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ် ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။

သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဋ္ဌနှင့် ဆယ်အိမ်မှူးကို အဓမ္မလုပ်အားပေးခိုင်းစေမှု နှင့် အဓမ္မငွေကြေးကောက်ခံမှုဖြင့် တရားစွဲဆိုခဲ့ရာ အာဏာပိုင်များကို ခြိမ်းခြောက်သည်ဟု ပြန်လည်စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံခဲ့ရသည်။ ထို့နောက် မစုစုနွေးသည် ထောင်ဒဏ် တနှစ်ခွဲချမှတ်ခံခဲ့ရသော်လည်း (၇) လအကြာတွင် ပြန်လွတ်မြောက်လာခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးအား ထောင်ဒဏ် (၆၅) နှစ်စီချ

ခေတ်ပြိုင်-ကိုဝိုင်း/ ၁၁ နိုဝင်ဘာ ၂၀၀၈

စစ်အစိုးရက အင်းစိန်ထောင်အတွင်း၌ ဖမ်းဆီးထားသော ၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးအား ထောင်ဒဏ် (၆၅) နှစ်စီ ယနေ့ ချမှတ်လိုက်ကြောင်း ထောင်ဒဏ်ချမှတ်ခြင်းခံရသူတဦးဖြစ်သည့် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက ခေတ်ပြိုင်သို့ ပြော သည်။

အမိန့်ချမှတ်ခြင်းကို တရားဝင်အကြောင်းကြားခြင်းမရှိသေးသော်လည်း ယုံကြည်စိတ်ချရသည့် အဆက်အသွယ်များမှတဆင့် သိရခြင်းဖြစ်သည်ဟု ဒေါ်ညွန့်ညွန့်ဦးက ပြောသည်။

ယနေ့ ထောင်ဒဏ်ချမှတ်ခံရသူ (၁၄) ဦးမှာ ကိုမင်းဇေယျာ၊ ကိုဂျင်မီခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီးခေါ် ကိုကျော်ကျော်ထွေး၊ ကြီးသန်း ခေါ် ကိုသန်းတင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မီးမီးခေါ် မသင်းသင်းအေး၊ ရွှီးခေါ် မစန္ဒာမင်း၊ မသက်သက်အောင်တို့ဖြစ်ကြောင်း သိရသည်။

ဒေါ်ညွန့်ညွန့်ဦးသည် သားဖြစ်သူ ကိုပဏ္ဍိတ်ထွန်းအား ပြီးခဲ့သည့် (၉) ရက်နေ့က နောက်ဆုံးတွေ့ခဲ့ခြင်းဖြစ်ပြီး စီရင်ချက်ချမည့် လက္ခဏာတစုံတရာ ကြိုတင်မသိရှိရကြောင်း ပြောသည်။

ဒေါ်ညွန့်ညွန့်ဦးက "ကြိုပြီးမသိရဘူး၊ ဒိပြင့်လူတွေဆိုရင် ဘယ်နေ့စီရင်ချက်ချမယ်။ ရက်စွဲမဟုတ်တောင်မှ ရှေ့အပတ်ထဲ စီရင်ချက်ချမယ်၊ အဲဒီလိုမျိုး။ ကျမတို့က ဘာမှမသိရဘူး" ဟု ပြောသည်။

ယခင်လ (၂၉) ရက်ကလည်း ရန်ကုန်အင်းစိန်ထောင်အတွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုအောင်သူ၊ ကိုလှမျိုးနောင်နှင့် ကိုအောင်နိုင်တို့ (၉) ဦးကို တရားရုံးအား မထီမဲ့မြင်ပြုသည်ဆိုကာ အာဏာပိုင်များက ပုဒ်မ (၂၂၈) ဖြင့် ထောင်ဒဏ် (၆) လစီချမှတ်ပြီး မအူပင်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် (၉) ဦးတို့သည် တရားခွင်၌ မိသားစုကြားနာခွင့်မရသည့်အပေါ် ဆန္ဒပြသည့် အနေဖြင့် ရှေ့နေများ၏ မေးမြန်းချက်များအား ပြန်ဖြေခြင်းမပြုပဲ နေခဲ့ကြခြင်းဖြစ်သည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.