Thursday, November 20, 2008

[KyiMayKaung] 1 New Entry: Caucasian ? mummies found in Uigher Autonomous Region in China.

Caucasian ? mummies found in Uigher Autonomous Region in China.

http://www.nytimes.com/2008/11/19/world/asia/19mummy.html?th&emc=th

Pronounced "Wi- garr"

You received this email because you are subscribed to the real_time feed for http://kyimaykaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: ဆူညံနေသောတီးတိုးစကားသံများ...

ဆူညံနေသောတီးတိုးစကားသံများ...

.




"သတင်းတွေ ကြားပြီးပြီလား xxx..xxx....xxxx..xxxx...xx"


"ရှူး..!! တိုးတိုး.. ... xxx... ... xxx"
"ဟယ်.. ဟုတ်ရဲ့လား... xx ...xxx .."
"ဟာ.. ဒါတော့ လွန်တာပေါ့.. xxx.. xx.. xxx.. xxx ...."
"မဖြစ်သင့်ဘူးကွာ.. ..xx ..xx"
"ဟေ့လူ.. တိုးတိုး ပြောပါဆို.. .. xxx .. xxx xxxx ...."
"အမှန်တကယ်ဆိုဗျာ.. xxx.. xxx..."
"ရက်စက်လိုက်ကြတာကွာ... xx..xxxx...xxx..xxxx"
"..xxx...xxx.....xxx.. ဒါဆို သေရောပေါ့.."
"...xxx ..xx..xxx မဟုတ်ဘူးလား ကျုပ်ပြောတာ.."
"ငါကွာ.. စိတ်ရှိလက်ရှိ..xxx..xxx...xxx"
"ခင်ဗျား စဉ်းစားကြည့်လေ.. xxx...xxx...xx....xxxx.."
"...xxx..xxx.... ဟုတ်တာပေါ့.."
"ဟုတ်တယ် ကျုပ်လည်း ..xxx...xxxx..xx"
"နားထောင်တာပေါ့.. လိုင်းက မကောင်းဘူးဗျ..xxx...xxx..xx.."
"တိုးတိုးပြောပါဆို..xx..xxx..xxxx.."
"...xx..xxx.. အမှန်တရားဆိုတာ.. xxx.. xx..xx..."
"အင်း.. အဲ့ဒါပြောတာပေါ့.. xx..xxx...xx"
"သနားပါတယ်နော်.. xx..xxx..xx"
"ကျွန်တော်ပြောတာဗျာ... xx... xxx.. xxx.. "
"ဒါပေါ့..xx.."
"ဟုတ်ပဗျာ.. အဲ့ဒီတုန်းက.xx...xxx..xx..xxxx"
"...xxx..xx..xxx..xxx.. အင်းပေါ့.. မိသားစုတွေ.. xxx...xxxx.. xx..xxx"
"စိတ်ညစ်ပါတယ်..xx..xxx.."
"...xx.. သတိထားပြောဦး...xx..xxxx..xx"
"..xx...xxx..xx...xxxx..xx"
"ဟုတ်တယ်.."
"@#$%^&*+~!..xxxx.."
"တောက်..!!!! ...xxx.. xxx "


(ကိုရင်နော်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Wednesday, November 19, 2008

[Pan Pwint Lay - My Diary] 1 New Entry: Arashi

Arashi

You received this email because you are subscribed to the real_time feed for http://panpwintlay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါင်းမာန်ဟုန်] 1 New Entry: ဗမာပြည်မှ အာဇာနည်များ

ဗမာပြည်မှ အာဇာနည်များ

မဇ္ဈိမသတင်းဌာန
စီရင်ချက် ချမှတ်ခံရပြီးသူများ စာရင်း

စဉ် အမည် စီရင်ချသည့်နေ့ အဖွဲ့အစည်း၊ ပြစ်ဒဏ်
၁ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၂ နီလာသိန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၃ သင်းသင်းအေး (ခ) မီးမီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၎ သက်သက်အောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၅ အံ့ဖွယ်ကျော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၆ ကိုမင်းဇေယျ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၇ ကိုဇော်ဇော်မင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၈ ကိုသန်းတင် (ခ) ကြည်သန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၉ ကိုဇေယျ (လူ့ဘောင်သစ်) ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၀ ကိုကျော်ကျော်ထွေး (ခ) မာကီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၁ ကိုပဏ္ဍိတ်ထွန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၂ ကိုသက်ဇော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၃ မစန္ဒာမင်း (ခ) ရွှီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၄ မမာမာဦး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၅ ဦးနန္ဒ (ခ) သန်းထွဋ်အေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၆ ဦးအဂ္ဂဓမ္မ (ခ) ဖိုးသက် ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၇ ဦးဝိလာသက္က (ခ) လှထွေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၈ ဦးဇာနေယ (ခ) ဥာဏ်ဝင်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၉ ဦးဣသရိယ (ခ) အောင်ကိုငြိမ်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၂၀ ပြည့်ဖြိုးလှိုင် (ခ) အသည်းလေး ၁၁ နိုဝင်ဘာ တက္ကသိုလ်ကျောင်းသား၊ ၂၄ နှစ်
၂၁ သိန်းဇော် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၂ ပြည့်ဖြိုးအောင် (ခ) နန်းမူ ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၃ အောင်မျိုးပိုင် (ခ) အရိုး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၄ ဖြိုးမောင်မောင်စိုး (ခ) ဖြိုးကြီး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၅ ကို နေလင်းအောင် ၁၁ နိုဝင်ဘာ ၂၂ နှစ်
၂၆ သီဟ သက်တင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၇ သီဟ အောင်အောင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၈ ဥာဏ်လင်းထွဋ် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၉ အောင်သွင် (ခ) အောင်ကြီး ၁၁ နိုဝင်ဘာ ၂ နှစ်
၃၀ ကိုမြဇံ ၁၁ နိုဝင်ဘာ ၂ နှစ်
၃၁ ကိုတင်ဆန်း ၁၁ နိုဝင်ဘာ ၂ နှစ်
၃၂ ဦးအောင်မြင့် ၁၁ နိုဝင်ဘာ ၂ နှစ်
၃၃ ကိုအောင်ဇော်ဦး (ဘိုကလေး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၂ နှစ်
၃၄ မောင်ကံ (၀ါးခယ်မ) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၅ ကိုအောင်ကျော်စိုး (တောင်ကြီး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၆ ဂီတမှူး ကိုဝင်းမော် ၁၁ နိုဝင်ဘာ ဂီတမှူး၊ ၇ နှစ်
၃၇ ဘိုဘိုဝင်းလှိုင် ၁၁ နိုဝင်ဘာ စုစုနွေး အမှုတွဲ၊ ၈ နှစ်
၃၈ စုစုနွေး ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူ၊ ၁၂ နှစ် ၆ လ
၃၉ ကိုသန်းနိုင် ၁၁ နိုဝင်ဘာ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသူ၊ ၆ နှစ်
၄၀ နေဘုန်းလတ် ၁၀ နိုဝင်ဘာ ဘလော့ဂ်ဂါနှင့် အင်အယ်လ်ဒီလူငယ် အဖွဲ့ဝင်၊ ၂၀ နှစ်
၄၁ သင်းဇူလိုင်ကျော် ၁၀ နိုင်ဝင်ဘာ နေဘုန်းလတ်အမှုတွဲ၊ ၂ နှစ်
၄၂ စောဝေ ၁၀ နိုဝင်ဘာ ကဗျာဆရာ၊ ၂ နှစ်
၄၃ ညီညီထွေး ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၄၄ မင်းကိုနိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၅ ကိုကိုကြီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၆ လှမျိုးနောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၇ ဌေးကြွယ် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၈ မြအေး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၉ ဥာဏ်လင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၀ ပြုံးချို ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်သူ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်နိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၂ ဦးတင်ယု ၁၃ နိုင်ဝင်ဘာ အင်အယ်လ်ဒီပါတီ၊ ၇ နှစ် ၆ လ
၅၃ ကိုသန်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၄ မလှလှမော် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၅ ကိုစိုးမင်းမင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၆ ကိုသန့်စင်မျိုး ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၇ ကိုကျော်စိုးဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၈ ကိုဆန်းဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၉ ကိုအောင်မင်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၀ ဦးဝင်းမြင့် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၁ ကိုမျိုးကျော်ဇင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၂ ရန်နိုင်ထွန်း ၁၃ နိုင်ဝင်ဘာ ကြည့်မြင်တိုင် အင်အယ်လ်ဒီပါတီဝင်၊ ၇ နှစ် ၆ လ
၆၃ ဦးအောင်သိန်း ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၄ ဦးခင်မောင်ရှိန် ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၅ စောကျော်ကျော်မင်း ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၆၆ ကျော်ဇင်ဝင်း ၁၄ နိုဝင်ဘာ ၁၆ နှစ်
၆၇ ကျော်ကျော်လင်း ၁၄ နိုဝင်ဘာ ၁၃ နှစ်
၆၈ ကြည်ကြည်ဝါ ၁၄ နိုဝင်ဘာ ၁၁ နှစ်
၆၉ နေဇာမျိုးဝင်း ၁၄ နိုဝင်ဘာ ဒေါပုံ ၊ ၅ နှစ်
၇၀ အောင်ဇော်ဦး ၁၄ နိုဝင်ဘာ တောင်ကြီး၊ ၅ နှစ်
၇၁ ကိုသန်းဇော်မြင့်၊ ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၂ ကိုစန်းဝင်း ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၃ ကိုသန့်ဇင်မျိုး ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၄ ဒေါ်ငယ်မ ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၅ ကျော်စိုးဝင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၆ ကိုသိုက်မင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၇ ဦးရွှေမောင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၈ ကိုဝဏ္ဏအောင် ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၉ ကိုဇော်ဝင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၈၀ ကိုတင်ဝင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၁ ကိုညီညီမင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၂ အိမ့်ခိုင်ဦး ၁၄ နိုဝင်ဘာ သတင်းထောက်၊ ၂ နှစ်
၈၃ ကျော်ကျော်သန်း ၁၄ နိုဝင်ဘာ အိမ့်ခိုင်ဦးနှင့် အတူဖမ်းခံရသူ၊ ၇ နှစ်
၈၄ မင်းဟန် ၁၃ နိုဝင်ဘာ ကဗျာဆရာ၊ ၁၁ နှစ်
၈၅ မျိုးရန်နောင်သိန်း ၁၃ နိုဝင်ဘာ ၂ နှစ်
၈၆ မင်းမင်းစိုး ၁၃ နိုဝင်ဘာ ၂ နှစ်
၈၇ ဟန်နီဦး ၁၃ နိုဝင်ဘာ ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၉ နှစ်ခွဲ
၈၈ ဝေလွင်မျိုး ၁၃ နိုဝင်ဘာ ၇ နှစ် ၆ လ
၈၉ ဦးမျိုးခင် ၁၃ နိုဝင်ဘာ ရန်ကင်း အဖွဲ့ချုပ် ဥက္ကဌ၊ ၄ နှစ် ၆ လ
၉၀ ကိုမျိုးခိုင် ၁၃ နိုဝင်ဘာ ၄ နှစ် ၆ လ
၉၁ ကိုထင်ကျော် ၁၇ နိုဝင်ဘာ မြန်မာနိုင်ငံတိုးတက်ရေးကော်မတီ (MDC)၊ ၁၂ နှစ် ၆ လ
၉၂ ကြည်ဖြူမောင်
၆ နှစ် ၆ လ
၉၃ ကိုဇင်လင်းအောင်
၆ နှစ် ၆ လ
၉၄ မျိုးသန့် (ခ) ဂျွန်နော်သန်
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ၊ ၆ နှစ် ၆ လ
၉၅ ရဲမြတ်ဟိန်း
အင်အယ်လ်ဒီ၊ ၆ နှစ် နှင့် ၁၀ နှစ်
၉၆ ရဲမင်းဦး
အင်အယ်လ်ဒီ၊ ၆ နှစ်
၉၇ ကိုသိန်းဆွေ (ခ) မင်းစိုး
အင်အယ်လ်ဒီ၊ ၆ နှစ်
၉၈ စည်သူမောင် (ခ) ရာပြည့်
ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၁၁ နှစ်

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုတိုးလေး..............] 1 New Entry: သစ်ပင်

သစ်ပင်

အလင်းရောက်ကို လုယက်ရင်း
ငါ့လက်တွေမြောက်
ကွေးကောက်ခဲ့ရ
ဝမ်းစာအတွက် ရုန်းကန်ရင်း
ငါ့ခြေထောက်တွေကောက်
ဒူးထောက်ခဲ့ရ
ဒါပေမဲ့
ငါ့မြေငါထွန်ယက်
ငါ့မြေသြစာငါကျွေး
ငါ့မျိုးဆက်ကို ငါပဲမွေးခဲ့တယ်။

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညီလင်းသစ်] 1 New Entry: Autumn

Autumn


Autumn (1)
IMG_1311a
Focal length 36 mm
Exposure 1/125
Aperture f/10
ISO 100


Autumn (2)
IMG_1318a
Focal length 55 mm
Exposure 1/200
Aperture f/10
ISO 100


Autumn (3)
IMG_1308a
Focal length 42 mm
Exposure 1/50
Aperture f/5
ISO 200


Autumn (4)
IMG_1286a
Focal length 47 mm
Exposure 1/100
Aperture f/8
ISO 400


Autumn (5)
IMG_1305a
Focal length 55 mm
Exposure 1/40
Aperture f/5.6
ISO 200


Autumn (6)
IMG_1324a
Focal length 53 mm
Exposure 1/125
Aperture f/8
ISO 100

You received this email because you are subscribed to the real_time feed for http://nyilinnthit.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အတွေးရပ်ဝန်း] 1 New Entry: လက်ဆောင်

လက်ဆောင်

လူတစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးလာပြီဆိုရင် လက်ဆောင်လေးတွေ ပေးလေ့ပေးထ ရှိကြပါတယ်။ မွေးနေ့လက်ဆောင်တို့၊ နှစ်သစ်ကူးလက်ဆောင်တို့လို အထိမ်းအမှတ်တစ်ခုခုအတွက် ပေးကြတာမျိုးရှိသလို ခရီးတစ်ခုခုကနေ ပြန်လာတဲ့အခါ အမှတ်တရအနေနဲ့ လက်ဆောင်ပစ္စည်းလေးတွေ ၀ယ်လာပြီးတော့လဲ ပေးတတ်ကြပါတယ်။ ဘာအကြောင်းမှ မရှိဘဲ ခင်လို့မင်လို့ ပေးကြတာမျိုးလဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ဆောင်ရတယ်ဆို ပျော်ကြတဲ့သူချည်းပါပဲ။

ကျွန်မကတော့ မိတ်ဆွေ သူငယ်ချင်းတွေကို လက်ဆောင်ပေးရင် စာအုပ်လေးတွေ ပေးတတ်ပါတယ်။ စာဖတ်ဝါသနာပါတဲ့သူဆိုတော့ သူများကို လက်ဆောင်ပေးမယ်ဆိုရင် စာအုပ်ကလွဲပြီး ဘာမှ သိပ်စဉ်းစားလို့ မရပါဘူး။ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်မိရင် နှစ်အုပ်၊ သုံးအုပ်လောက် ပိုဝယ်ထားတတ်တာလဲ ကျွန်မအကျင့်ပါပဲ။ သူများက ကိုယ့်ကို လက်ဆောင်ပေးရင်တော့ ဘာလေးပဲရရ အရမ်းပျော်ပါတယ်။ ကိုယ့်ကို သတိတရနဲ့ အမှတ်ရပေးတဲ့အတွက် ကြည်နူးပီတိဖြစ်ပြီး ပျော်တာမျိုးပါ။ အခုလို အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်းကနေ ကိုယ်ခင်တဲ့သူတစ်ယောက်က မေးလ်လေးတစ်စောင်လောက်(တိုတိုလေးပဲဖြစ်ဖြစ်) ပို့လိုက်တာမျိုး၊ E-card လေးတစ်ခုလောက် ပို့ပေးတာမျိုးဆိုရင်လဲ ကိုယ့်အပေါ်မှာထားတဲ့ သူ့ရဲ့ အမှတ်တရရှိမှုအတွက် စိတ်ထဲမှာ ကျေနပ်ပြီး ပျော်မိပါတယ်။

အဲဒါကြောင့် ကိုယ်တိုင်လဲ Christmas တို့၊ New Year တို့လိုမျိုး၊ ဒါမှမဟုတ် အွန်လိုင်းက သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ မွေးနေ့လိုမျိုးဆိုရင် အမှတ်တရ ကဒ်လေးတွေ ပို့ပေးတတ်ပါတယ်။ ပြောမနာ ဆိုမနာ ခင်တဲ့ သူငယ်ချင်းတစ်ယောက်ကဆို ကျွန်မကို "နင်က အင်တာနက်ဆိုင်မှာ လုပ်နေတိုင်း အလကားရတဲ့ E-card တွေချည်းပဲ ပို့ပေးနေတယ်" တဲ့။

သူပြောသလို E-card ဆိုတာ အလကားရတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီကဒ်ကို ပို့ပေးတဲ့သူရဲ့ရင်ထဲက သံယောဇဉ်နဲ့ အမှတ်ရမှုကတော့ တန်ဖိုးထားတတ်တဲ့သူတွေအတွက် အလကားတော့ မဖြစ်လောက်ဘူးလို့ ကျွန်မ ယုံပါတယ်။ ကျွန်မကိုယ်တိုင်လဲ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုနဲ့ လုပ်ပေးတဲ့ အပြုအမူတိုင်းကို အပေါ်ယံမကြည့်ဘဲ တန်ဖိုးထားတတ်တာကြောင့်ပါ။

ဒီနှစ်ထဲမှာ ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးတွေ ရ,ထားတာရှိပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က အွန်လိုင်းမှာ ကျွန်မ အရမ်းခင်ရတဲ့ အစ်မတစ်ယောက်ဆီကနေ လက်ဆောင်တစ်ခု ရလိုက်ပါတယ်။ လူကြုံနဲ့ထည့်ပေးလိုက်တဲ့ DVD လေးတစ်ချပ်ပါ။ ရပ်ဝေးမြေခြားကနေ သတိတရနဲ့ တကူးတက ထည့်ပေးလိုက်တာရယ်၊ လုံးဝ မမျှော်လင့်ထားတာရယ်ကြောင့် အဲဒီ DVD လေး ကျွန်မလက်ထဲ ရောက်လာတဲ့အချိန်မှာ ပြောမပြတတ်အောင်ကို ပျော်မိပါတယ်။ အဲဒီအစ်မရဲ့ ကျွန်မအပေါ်မှာ ထားတဲ့ သံယောဇဉ်ကိုလဲ ရင်ထဲမှာ တကယ့်ကို အမှတ်တရနဲ့ ပီတိဖြစ်မိပါတယ်။

နောက်ထပ်ရ,ထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ဆိုတာကတော့ သီချင်းလေးတွေပါ။ စာအုပ်တွေကို ချစ်သလို ဂီတသံစဉ်လေးတွေကိုလဲ မြတ်နိုးတဲ့ ကျွန်မအတွက် သီချင်းအပုဒ်ရေပေါင်း များစွာကို လက်ဆောင်ရတာဟာ တကယ့်ကို ပျော်စရာလေးပါပဲ။ တစ်နေ့တာလုံး အလုပ်ခွင်မှာ အာရုံစိုက်ထားရသမျှ ညအချိန်မှာ သီချင်းလေးတွေ နားထောင်ပြီး အနားယူလိုက်ရရင်ပဲ ပင်ပန်းမှုတွေ ပြေပျောက်ရပါတယ်။ အဲဒါကြောင့် သီချင်းလက်ဆောင်ပေးတဲ့သူတစ်ယောက်ကိုလဲ ပြောမပြတတ်အောင် ကျေးဇူးတင်မိပါတယ်။ ဒီလို မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရှိနေတဲ့ ကိုယ့်ဘ၀ကိုယ်လဲ ကျေနပ်စိတ်နဲ့အတူ ပိုပြီး ခင်တွယ်မိပါတယ်။ ကိုယ့်ဘ၀ကိုယ် ခင်တွယ်ကျေနပ်နေတဲ့သူအဖို့ ဘ၀ဟာ နေပျော်ချင်စရာပါပဲ။

သက်မဲ့ လက်ဆောင်ပစ္စည်းတစ်ခုကနေ တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကြည်နူးပီတိဖြစ်မှုကို ရရှိခံစားစေတဲ့အတွက် ကျွန်မကတော့ လက်ဆောင်လေးတွေမှန်သမျှကို တန်ဖိုးထား မြတ်နိုးနေမှာပါ။ အဲဒီလိုပဲ ကျွန်မခင်တဲ့သူတွေကိုလဲ အွန်လိုင်းကနေပဲဖြစ်ဖြစ်၊ ပြင်ပလောကမှာပဲဖြစ်ဖြစ် ကျွန်မတတ်နိုင်တဲ့ အတိုင်းအတာအလျောက် အမှတ်တရလေးတွေ ဖန်တီးပေးသွားဖို့လဲ ဆုံးဖြတ်ထားပါတယ်။

တကယ်တော့ လက်ဆောင်ဆိုတာ တန်ဖိုးနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လူတစ်ယောက်ရဲ့စိတ်ကို ကြည်နူးမှုပေးနိုင်တာ အမှန်ပါပဲ။

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.