Sunday, November 30, 2008

[T.M.H] 1 New Entry: Digital Sketch 105

Digital Sketch 105


Did that in lunch time break. Quickie.

You received this email because you are subscribed to the real_time feed for http://tmyohlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကျွန်တော့်အိမ်] 1 New Entry: ခရီးထွက်ခြင်း

ခရီးထွက်ခြင်း



မ သေချာမှု့ ကလွဲရင် ငါ့ဘ၀မှာ
မ ရေရာမှု့ တွေ ချည်းပဲလို့ နားလည်တတ်ခဲ့တယ်...့ 
ရှုပ်ထွေးများပြားတဲ့
မာယာအတတ်တွေကို
ဘယ်ခေတ်တည်းက
လက်ဆင့်ကမ်းလိုက်သလဲ၊
တကယ်တော့......ငါတို့
မာယာတောမှာမောခဲ့ကြ
ခဏခဏဆိုသလိုပဲ....


ခွဲခဲ့ ခွာခဲ့ကြ
မာယာအနန္တနဲ့လူဖြစ်ခဲ့ကြ
မရနိုင်တော့တဲ့အတိတ်၊ နှိပ်စက်ကြရံဖန်ခါ
အိမ်မြောင်တစ်ကောင်ရဲ့ ဆာလောင်စွာ..................
အစာချောင်းရမှုတွေက ငါဆီကူးစက်လာရဲ့။
ငါလည်း အမှန်တရားတွေကိုဆာတယ်.......၊၊
သို့ပေသော်ငြား
ငါကားဦးမညွတ်...
အလျှင်းသင့်လွန်းစေဖို့ 
ငါလည်း မျက်နှာဖုံးလူသားတစ်ယောက်ဖြစ်ခဲ့တယ်....

ကံကိုသာယိုးမယ်ဖွဲ့ မထူးဟဲ့လို့လက်မှိုင်ချ
စိတ်ဓာတ်ကိုမကျပါစေနဲ့
အချိန်နဲ့သောကကိုရင်း
သစ္စာကိုလက်ကိုင်ပြုပါလို့
အားမာန်ကိုတင်း။
လူဆက်လုပ်ဖို့ 
အများကြီး ကျန်သေးတယ်...
သြော် ... ဆီင်္ဇာရေ
မင်းအတွက် ဘရုတပ်စ် က တစ်ယောက်တည်းနော်.... . . .


လမ်းကိုရှာ ကမ်းတွေပျောက်ရှ
ဗို့အားမပြည့်တဲ့ အလင်းနဲ့ ညတွေပဲ စုပုံ။
လက်ခုပ်နဲ့ ခပ်ယူလိုက်သော သမုဒ္ဒရာတောင်
လက်ချောင်းကြားက ယိုစိမ့်စီး....
နွေကန္တာခရောင်းလမ်း၊ ပန်းမခင်းထားလဲ
ကာကွယ်တွန်းလှန်
ကြံ့ကြံ့ခံရင်း
ဇွဲစိတ်တင်းမည်
သွေးတစက်နောက်ဆုံးကျန်သည်အထိ။







မှတ်ချက်... ကေသီပြောတဲ့ အားတက်စေဖို့ ရည်ရွယ်ထားပါတယ်... (အားလျော့သွားသလို ဖြစ်သွားရင် ဆောရီး :D )

You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[NYI LYNN SECK 18+ DEN] 2 New Entries: မိုးရေစက်များအကြောင်း

မိုးရေစက်များအကြောင်း

ကျွန်တော်နဲ့ ကတိကဝတ်များ

You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[MYANMAR POLITICAL NEWS AND IDEAS] 1 New Entry: Noble Persons Living in Jail

Noble Persons Living in Jail

"ထောင်တွင်းရောက် သူတော်စင်များ"
ယမထာ

(Image 1)

ကျွန်ုပ်တို့ ကမ္ဘာပေါ်တွင် လူသန်းပေါင်း များစွာ အကိုးအကွယ် အဆည်းကပ်ခံ ဂျေဆက်ခရိုက် ခေါ်သခင်ယေရှုသည် လူမသမာတို့၏ ထောင်သွင်းအကျဉ်းချထားခံရရုံသာမက ကားစင်တင် သတ်ပစ်ခြင်းပင် ခံခဲ့ရသည်ကို လူတိုင်း အသိပင် ဖြစ်ပေသည်။

သို့သော် မိမိ၏ လူသားအားလုံး မေတ္တာထားရေး ငြိမ်းချမ်းရေး ယုံကြည်ချက်ကို လုံးစမစွန့်လွှတ်ဘဲ အသက်အသေခံပြခဲ့သည့် အတွက်ကြောင့်ပင် ယခုကဲ့သို့ ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ၏ ဆည်းကပ်ကိုးကွယ်ခံ နေခဲ့ရခြင်း မဟုတ်တုံလော။

(Image 2)

ထို့အတူ ယခုအခါ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ကိုးကွယ်သူပေါင်း ခြောက်သန်းကျော် ပြန့်နှံ့နေသော ဘဟာအီး ဘာသာကို စတင်ထူထောင်သူ၊ မိမိကိုယ်ကို တံခါးပေါက်လို့ အဓိပ္ပာယ်ရတဲ့ (BAB) လို့ ကြေညာသူ ဆီရစ်အလီမိုဟာမက်ဆိုသူ ပါရှန်လူငယ်လေးဟာဆိုရင်လည်း ထောင်ထဲမှာပင် နေထိုင်ခဲ့ရပါတယ်။ သူ့ရဲ့ ကျော်ကြားတဲ့ အယူဝါဒရဲ့ အဓိကကျမ်းဖြစ်တဲ့ KITAB-1 AGDAS ကျမ်းကိုပင် ထောင်ထဲမှာ ထောင်ကျ တစ်ယောက်အနေနဲ့ ရေးသားထုတ်ဝေ ခဲ့ရပါတယ်။

သို့သော်လည်း သူ့ရဲ့ကောင်းမြတ်သော ရည်ရွယ်ချက်များဖြစ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး ထူထောင်နိုင်စေဖို့၊ မတူကွဲပြားတာတွေကို စားပွဲဝိုင်းထိုင် ညှိုနှိုင်းဆွေးနွေးကြပါဆိုသော တောင်းဆိုချက်ကြောင့်ပင် ထောင်မှ လွတ်ပြီး ကွယ်လွန်သွားချိန်မှာ ယခုတိုင်အောင် သူ့ဘာသာအယူဝါဒကို လိုက်နာကျင့်သုံးသူများ ကျယ်ပြန့်များပြား ပြန့်နှံ့နေခြင်းပင် ဖြစ်ပေသည်။

မှန်၏။ အမှန်တရားသည် အမှန်တရားလိုလားသူ လူသားများရှိနေသရွေ့ မည်သည့် အခါမျှ မဆိတ်သုံး၊ ယခုအခါ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလိုလားသော ရဟန်းသံဃာများနှင့် ကျောင်းသားပြည်သူများကို ထောင်သွင်းအကျဉ်းချရုံပင်မက နှိပ်စက်ညှင်းပန်း၍ နေပေပြီ။

(Image 3)

ထိုသို့ပြုလုပ်ရာတွင် ထူးခြားချက်တစ်ခုမှာ ထောင်တွင်းရောက် ရဟန်းသံဃာများသည် လုံးဝ သိက္ခာချ လူဝတ်မလဲကြခြင်းပင် ဖြစ်သည်။ ထိုသို့ သိက္ခာမချ၊ လူဝတ်မလဲကြခြင်းသည် နှယ်နှယ်ရရ ယုံကြည်မှုမျိုး မဟုတ်ပေ။ ပေါ့ပေါ့တန်တန် သတ္တိမျိုး မဟုတ်ပေ။ သူတော်စင် အရိယာတို့၏ ယုံကြည်ချက် သတ္တိဟု ကျွန်ုပ်ဆိုချင်ပေသည်။

ကျွန်ုပ်၏ ထိုအဆိုသည် အချီးနှီး အရူးချေးပန်း ပြောဆိုခြင်းမဟုတ်ပေ။ သောတာပတ္တိ မဂ်ဥာဏ်အလင်းကို ရရှိပြီးသော ပထမ အရိယ ပုဂ္ဂိုလ်သည် ရှေ့မှ အမြောက်ကြီးနှင့် ချိန်၍ ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာမဟုတ် ပြောဆိုရမည်ဟု ခြိမ်းခြောက်ညှင်းပမ်းစေကာမူ အသက်ကိုသာ အသေခံမည်ဟူသော သောတာပန်အင်္ဂါရပ်၌ ပါပေသည်။

ယခု ထောင်တွင်း ညှင်းပမ်းခံ သံဃာများသည် သိက္ခာမချဟုဆိုရာ၌ ထိုသောတာပန်၏ ယုံကြည်မှု သတ္တိမျိုး ပေတည်း။

လင်းဦးအံ့။ ရဟန်းတော်များ သိက္ခာချခြင်းသည် ဘုရားကို စွန့်ပါ၏ (၀ါ) ဘုရားကို ဘုရားမဟုတ်၊ တရားကို စွန့်ပါ၏ (၀ါ) တရားကို တရားမဟုတ်၊ သံဃာကို စွန့်ပါ၏ (၀ါ) သံဃာကို သံဃာမဟုတ်ဟု ပြောဆိုမှ သိက္ခာကျ၏။ ထိုမှ ဂိဟီတိမံ စာရေထ (ငါ့ကို လူလို့မှတ်ပါ)ဟု ပြောမှ သိက္ခာကျ၏။

ယခု ရဟန်းတော်များဖြစ်သော အရှင်ဂမ္ဘီရ၊ အရှင်္က္ကကကုဿရိယ၊ ဦးသုမန(ကဗျာဆရာ မင်းဆက်) စသော ရဟန်းသံဃာများသည် ညှင်းဆဲနှိပ်စက်၍ ရတနာသုံးပါးကို စွန့်ခိုင်းသည်ကို (၀ါ) သိက္ခာချခိုင်းသည်ကို အသက်အသေခံ၍ မစွန့်လွှတ်ခြင်း (၀ါ) သိက္ခာမချခြင်းသည် သောတာပတ္တိ မဂ်ဥာဏ်ရသော ပုဂ္ဂိုဟ်တို့၏ အင်္ဂါရပ်သတ္တိဟု ကျွန်ုပ် ဆိုလိုပေသည်။

ထို့ပြင်တ၀ တရားရုံး၌ စီရင်ချက်ချသည့် အချိန်၌ပင် မိမိတို့၏ သတ္တ၀ါတွေအပေါ်၌ မေတ္တာထားနိုင်ပုံကို "လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ" ဟု မင်းကွန်းတိပိဋက ဆရာတော်ကြီး၏ မေတ္တာပို့ဖြင့် မေတ္တာပွားများနိုင်ကြပုံကို တွေ့ရသည့်အခါ ထိုဆရာတော်သံဃာတော်တို့၏ ခန္တီပါရမီနှင့် စိတ်ဓာတ်ကို မလေးစားဘဲ မနေနိုင်ဖြစ်ရပေသည်။

၎င်းစိတ်ဓာတ်များသည် သာမန် ပုထုဇဉ်တို့တွင် ဖြစ်နိုင်ခဲစွာသော ဘုရားလောင်းစသော အရိယာ ပုဂ္ဂိုလ်တို့၌သာ ဖြစ်နိုင်သော သူတော်ကောင်း သူမြတ်လောင်းစိတ်ဓာတ်ဟု ကျွန်ုပ်ဆိုချင်ပေသည်။

၎င်းပြင် ကံကံ၏အကျိုးကို မမှိတ်မသုန်ယုံကြည်ခြင်း၊ အကြောင်းအကျိုးကို ခိုင်ခိုင်မာမာ စွဲစွဲမြဲမြဲ ယုံကြည်ခြင်းစသော အင်္ဂါရပ်များ ကိုလည်း တွေ့ရှိရသဖြင့် သောတာပန်စသော အရိယာ သူတော်ကောင်းတို့၏ အင်္ဂါရပ်များနှင့် ပြည့်စုံနေပေသည်။

ထိုထို အကြောင်းများကြောင့်ပင် ကျွန်ုပ်သည် ယခုအခါ ထောင်သွင်းအကျဉ်းချခံနေရသော ရဟန်းသံဃာတို့အား ထောင်တွင်းရောက် သူတော်စင်အရိယာများဟု ကျွန်ုပ် ဆိုလိုခဲ့ခြင်း ဖြစ်ပေသည်။

Image (4)

ထိုမျှမက မိမိတို့ ယုံကြည်ချက်ကို လုံးဝ မစွန့်လွှတ်ဘဲ အနှိပ်စက်၊ အညှင်းဆဲခံနေသော ထိုအရိယာတို့သည် ဂျေဆက်ခရိုက်စသူတို့ကဲ့သို့ပင် နောက်လိုက်နောက်ပါများဖြင့် သာသနာထွန်းပြောင်ပါရဦးမည်မလွဲဟု ကျွန်ုပ်ဟောကိန်းထုတ်ဝံ့ပေသည်။

သတ္တ၀ါများ ကျန်းမာကြပါစေ

ယမထာ

You received this email because you are subscribed to the real_time feed for http://bigbbrown.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆောင်း] 1 New Entry: ကိုယ်တွေ့ပုံပြင် - စိတ် -၁

ကိုယ်တွေ့ပုံပြင် - စိတ် -၁


အခုတလော မမြင်ရတဲ့ ဘလော့ရွာမှာ.... ဟိုက ... ဒီက .. အသံတွေ ညံနေလို့ ...

သိရပြန်တော့ .. ရယ်စရာလည်း ဖြစ်မိသလို တဖက်ကလည်း သနားတဲ့စိတ် ၀င်လာ မိပါတယ်။

ကျမ ကျောင်းတက်တဲ့ အခါတုန်းက တွေ့ခဲ့ဘူးတဲ့ ကိုယ်တွေ့ မျက်မြင် အဖြစ်အပျက်လေးကို သတိရမိသွားလို့ပါ။

ကျမ စတွေ့တဲ့ အချိန်မှာ ကျောင်းမှာ အလုပ်လုပ်နေတဲ့
ကိုယ်ဝန်ဆောင်အမ တစ်ဦးဟာ မျက်နာ သိပ်မကောင်းလှပါ။ ၀မ်းနည်းနေတာလား။ ကိုယ်ဝန်ကြောင့် ပင်ပန်းနေတာလားမပြောတတ်ပါဘူး။ ဗိုသီ ဖတ်သီနဲ့ ဘယ်သူနဲ့မှ စကားပြောတာလည်း မတွေ့ပါဘူး။

နောက် အတန်ကြာ ပျောက်သွားပါတယ်။ ကျမအထင်တော့ ကလေးမွေးတာလို့ ထင်ပါရဲ့ ကျမတို့လည်း စာမေးပွဲအပြီး နဲ့ ဆိုတော့ နောက် ၅လ-၆လလောက် မှ အဲဒီအမကို ရုံးမှာ ပြန်တွေ့ပါတယ်။

လုံးဝပြောင်းလဲသွားပါတယ်။ မျက်နာမှာ မိတ်ကပ်တွေ လိမ်းတာမှ ပုံထားတယ်ထင်ရလောက်အောင် ပြင်ပါတယ်။ အ၀တ်အစားတွေက မင်္ဂလာဆောင် သွားသလား အောင်းမေ့ရပါတယ်။

(လက်နာလာပြီ နောက်နေ့မှ ဆက်ရေးမယ်။ စိတ်ရှည်ရှည်နဲ့ သည်းညှည်းခံပေးပါနော်။)

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 1 New Entry: ရုန်းထွက်လို့....မဖြစ်နိင်ပါဘူး

ရုန်းထွက်လို့....မဖြစ်နိင်ပါဘူး


စာဖတ်ရင်း ဘလော့ဂ်လည်း ရေးချင်လာတာနဲ့ စိတ်ထဲရှိတာလေး ချရေးမိလိုက်တယ်။ တကယ်တော့ ဘလော့ဂ်ကို စွဲလန်းသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အဓိက တရားခံကတော့ ဂူဂယ်ပါပဲ။ နောက်ပြီးတော့ အခန်းထဲက သူငယ်ချင်း ၂ ယောက်။ တစ်ယောက်ကတော့ အခုမရေးတော့ပါဘူး။ နောက်တစ်ယောက်က ကိုရင် မှော်ဆရာပါ။ သူတို့ကြောင့် ဘလော့ဂ်လောကထဲကို ခြေစုံပစ်ဝင်လာပေမယ့် ကိုယ်ကလည်း စာရေးချင်စိတ်ကလေးကလည်း ရှိနေတယ်ဆိုတော့ ၀င်ပြီးကတည်းက ပြန်ကို မထွက်နိင်တော့ပါဘူး။ ဘယ်တော့မှလည်း ပြန်ထွက်မယ်လို့ စိတ်မကူးတော့ပါဘူး။ ကိုယ်က ကျွမ်းနေပြီကိုး။ မရေးနိင်သေးတဲ့အချိန် ရပ်နေမယ် ၊ အားသွားတဲ့ အချိန်ရေးမယ်။ အခုလည်း လူပျိုဘ၀ကနေ ရေးမယ်။း) ။ နောင်လည်း အိမ်ထောင်သည် ဖြစ်လာရင် ရေးဦးမယ်။ အဘိုးကြီး ဖြစ်တဲ့ အထိရေးမယ်ဗျာ။ နောက်ဆုံး ကျွန်တော်သေရင်တောင် ဓါတ်ပုံကို သားသမီးတွေ ၊ ဇနီးမယားတွေ ရိုက်ခိုင်းပြီး " ဘလော့ဂ်ဂါ ဆိုးသွမ်း အသက် ( ၁၀၂ ) နှစ်တွင် ကွယ်လွန်သည် " ဆိုပြီး ဓါတ်ပုံနဲ့ တင်ဦးမှာပါ။း) မှတ်ပြီလား။ ဒါပေမယ့် အင်တာနက်လေးတော့ ရနေဖို့ လိုတာပေါ့နော်။ ဂူဂယ်လေးကလည်း ဘလော့ဂ်ဆိုတာလေးကို လုပ်ပေးထားနိင်ပါစေလို့ ဆုတောင်းရမှာပဲ။ .com တွေ ၊ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ဒ်တွေ ၀ယ်ပြီး လုပ်ချင်ပေမယ့် blogspot.com ကိုခွဲရမှာဆိုတော့ မလုပ်ချင်ဘူး။ စိတ်ထဲမှာ အဲဒီလို လုပ်လိုက်ရင် ဘလော့ဂ်ဂါဆိုတာနဲ့ မလိုက်ဖက်တော့ သလိုပဲ။ ( ဒါက ကျွန်တော့်စိတ်ကူးပါ )။

ဒါနဲ့ပဲ ရေးမိ ၊ တင်မိ ၊ ပြောမိပြန်တယ်။ ဘလော့ဂ်ကို အကြောင်းအမျိုးမျိုးကြောင့် လက်လျော့ချင်ခဲ့တာတွေ ၊ စိတ်ညစ်ခဲ့တာတွေ ၊ ဖျက်ပစ်ချင်မိတာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်ကျရင် ဘလော့ဂ်ကို လုံးဝ လှည့်ကို မကြည့်ဘူး။ ဖျက်ပစ်လိုက်မိမှာ ဆိုးလို့ပါ။ ဖြစ်နိင်ရင် ကျွန်တော် စာတွေ အများကြီး ၊ ကဗျာတွေ အများကြီး ရေးချင်တယ်။ စိတ်ထဲမှာ ရှိတာတွေ ဖွင့်ဟချင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ မရေးသင့် ၊ မရေးအပ်တဲ့ အနေအထားတွေ ရှိပါတယ်။ နောင်တစ်ချိန်ကြရင်တော့ ရေးချင်ရေးမှာပေါ့ဗျာ။ ( ၁၀ ) ခါကောင်းခဲ့တာတောင် (၁) ခါလောက် အမှားလုပ်မိရင် လက်ညှိုးဆိုတာ ရှိလာနိင်တော့ ကျွန်တော်တို့ စာရေးရတဲ့ အနေအထားဟာ ဆင်ခြင်ရပါတယ်။ ပြောရင်းနဲ့ ရထားပေါ်မှာ ဆေးကြော်ငြာရောင်းသလို ဖြစ်နေပြီ။ အားလုံးအတွက် စကားလက်ဆောင်လေး ရှာကြံတင်ပေးလိုက်ပါတယ်။


" အထက်လူကြီးရဲ့ လုပ်ရပ်အတွက် ဘာကိုမှ မထောက်ထားဘဲ
ပြောရဲ ၊ ဆိုရဲတယ် ဆိုရင်တော့ ၊ ခင်ဗျားမှာ နောက်အလုပ်အတွက်
နေရာသစ်ရှိနေလို့ပဲတဲ့ "


ပျော်ရွှင်သော ရုံးပိတ်ရက်များကို ပိုင်ဆိုင်နိင်ကြပါစေ။


You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Road to Freedom] 1 New Entry: ရှည်လျှားသောဆောင်းရက်များနဲ့ အဝေးကရွာကလေး

ရှည်လျှားသောဆောင်းရက်များနဲ့ အဝေးကရွာကလေး



ကျနော့်အိမ်က ဟိုင်းဝေးလမ်းမကြီး ဘေးနားမှာ ကပ်ရက်ရှိတယ်။ အိပ်ခန်းနှစ်ခန်းပါပြီး၊ အပေါ်ထပ် အောက်ထပ်နှစ်ထပ်ရှိတဲ့ အလယ်အလတ်မကြီးမသေး အိမ်တစ်လုံးပါ။ ကျနော့်အိမ် ဘေးမှာခေတ်မီပုံစံ ဆောက်လုပ်ထားတဲ့ ရွာလူကြီးရဲ့ ဆေးဖြူသုတ် တိုက်အိမ်ကြီးတစ်လုံး ရှိပါတယ်။ ကျနော့်အိမ်ရဲ့ နောက်ဖက်မှာတော့ ရွာလူကြီးမိဘတွေရဲ့အိမ်၊ အဲဒီအိမ်မှာ အဖိုးကြီးအဖွားကြီး နှစ်ယောက် နေထိုင်ကြတယ်။

ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ အိမ်သုံးလုံးဟာ ဖိုခနောက်ပုံစံမျိုး ဆောက်လုပ်ထားတာပါ။ တကယ်တော့ အိမ်သုံးလုံးစလုံးကို ရွာလူကြီး မိဘတွေကပိုင်ဆိုင်ကြတယ်။ သူတို့ဟာ လယ်ဧကများစွာ၊ အိမ်ခြံမြေများစွာပိုင်ဆိုင်တဲ့ တောသူဌေးတွေဖြစ်ပါတယ်။ အိမ်ရှင်အဖိုးကြီး အဖွားကြီးဟာ ရွာသားတွေအပေါ် သြဇာအလွန် ညောင်းပါတယ်။ သက်ဦးဆံပိုင်စနစ်လွှမ်းမိုးမင်းမူနေဆဲ လူ့ပတ်ဝန်းကျင်မှာ ပိုက်ဆံရှိတဲ့ သူတွေဆီမှာ ပစ္စည်းမဲ့တွေက ရိုကျိုးခယ နေကြဆဲ။

ကျနော့်အိမ်ကလေးက ရွာရဲ့ အစွန်ဆုံး (ရွာထိပ်) မှာရှိပြီး၊ ရွာထဲကိုဝင်တဲ့ အဓိက လမ်းမကြီး ကကျနော့် အိမ်ရှေ့ ကနေ ဖြတ်ဖောက်ထား ပါတယ်။ အိမ်ဒေါင့် ခြံစည်းရိုး အပြင်ဖက်မှာ ပိုက်ဆံ အကြွေစေ့ထည့်ပြီးဆက်ရတဲ့ တယ်လီဖုန်းရုံလေး တစ်ခုရှိတယ်။ တယ်လီဖုန်း ရုံလေးကို ပုဂ္ဂလိက တယ်လီဖုန်း ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တာ ဖြစ်ပြီး၊ ဖုန်းရုံလေးရဲ့ အကာမှန်ထူထူ တွေဟာ ရွာခံ ကာလသား လူငယ်တွေရဲ့ ခဲလုံးနဲ့ကျောက်ခဲစာတွေကြောင့် မကြာခဏ ကွဲကြေကြရတယ်။ မကြာခဏ အသစ်လဲလှယ် ရတယ်။

အဲဒီတယ်လီဖုန်းရုံကလေးဟာ ရွာရဲ့အမည်နာမနဲ့တည်ရှိရာကို ဖော်ပြထားတဲ့ ဆိုင်းဘုတ်ကြီးအောက်မှာ ရှိပြီး၊ အဲဒီနေရာတစ်ဝိုင်ဟာ ရွာကာလသား၊ ကာလသမီးတွေ ညပိုင်းအရက်ဝိုင်းဖွဲ့တတ်တဲ့ နေရာလည်းဖြစ်တယ်။ ခြေခင်းလက်ခင်းသာတဲ့ တစ်ချို့ရက်တွေမှာ ရွာထဲက ဆယ်ကျော်သက်ကောင်လေး၊ ကောင်မလေးတွေဟာ ညသန်းခေါင်သန်းလွဲအထိ စုဝေးတတ် ကြတယ်။ ၀ိုင်းဖွဲစားသောက် ကခုန်ပျော်ပါးတတ်ကြတယ်။ လူငယ်တွေ ကြားက ဆက်ဆံရေး ဟာတော်တော် ပွင့်လင်းပုံရှိတယ်။ တစ်ခါတစ်ခါတော့လည်း အော်ကြီးဟစ်ကျယ် ရန်ဖြစ်တတ်ကြပြီး၊ အုပ်စုလိုက် တိုက်ခိုက်တတ်ကြတယ်။

ကျနော့်အိမ်ကလေးရဲ့တစ်ဖက် ဟိုင်းဝေးလမ်းမ ဟိုဖက်ခြမ်းမှာတော့ သားသတ်ရုံ တစ်ခုရှိတယ်။ ညနေပိုင်း နေ၀င်ရီတရော အချိန်တွေ ရောက်ရင် ကျွဲတွေ၊ နွားတွေကို သားသတ်ရုံ ကလေးဆီ ကားတွေနဲ့ လာပို့ကြတယ်။ ခေါင်းဖြတ်စက်ထဲကို မရောက်ခင် ငယ်သံပါ အောင်စူးစူးဝါးဝါး အော်ဟစ်လိုက်တဲ့ ကျွဲနွား အသံတွေကို ကျနော့်အိမ်ကလေးကနေ တစ်ခါတရံ ကြားရတတ်တယ်။

သားသတ်ရုံပိုင်ရှင်တွေဟာ ကျွဲနွားတွေကိုသတ်ဖို့ဖြတ်ဖို့နဲ့ ကုန်ချောဖြစ်လာအောင် ခုတ်ဖို့ထစ်ဖို့ မြန်မာ အလုပ်သမား လူငယ်တွေကို ငှားရမ်းထားကြတယ်။ တစ်ချို့နေ့တွေမှာ သားသတ်ရုံ မီးဖို မီးခိုးခေါင်တိုင်က ထွက်လာတဲ့ မီးခိုးငွေ့တွေနဲ့ အသားကင်နံ့ စူးစူးဝါးဝါးကို ကျနော့်အိမ်ကလေးကနေ ရနေတတ်တယ်။ ရောင်းမကုန်တဲ့ အသားတွေ ပုတ်သိုးမသွားအောင် မီးဖုတ်လိုက်ပြီးမှ ပြန်ရောင်းကြတယ်။ အိမ်ကလေး နောက်ဖက် ၀ရံတာကလေးကနေ ဟိုင်းဝေးလမ်းမကိုဖြတ်ပြီး ဟိုဘက်ကိုမျှော်ကြည့်ရင် သားသတ်ရုံက မြင်ကွင်းတွေကို မြင်နေရတယ်။

ကျနော့်အိမ်ကလေးရှိရာဘက်အခြမ်းမှာ ပင်မရွာမကြီးတည်ရှိပြီး၊ သားသတ်ရုံဖက်အခြမ်းမှာ နောက်တိုး အိမ်စုလေးတွေရှိတယ်။ အိမ်စုလေးတွေ ဆိုပေမဲ့ တိုက်အိမ်တွေ၊ ကျွန်းအိမ်ကြီးတွေ၊ အိမ်ကြီးအိမ် ကောင်းတွေ။ သားသတ်ရုံရဲ့နံဘေးဝန်းကျင်မှာ လယ်ကွင်းတွေ ရှိတယ်။ ကျနော့် အိမ်ရှေ့ကနေထွက်၊ ဟိုင်းဝေးလမ်းမ ပေါ်တက် ပြီး ငါးမိနစ်လောက် လမ်းလျှောက်သွားရင် သားသတ်ရုံဖက်အခြမ်းမှာ ကျနော့်ရုံးရှိတယ်။ ကျွန်းတိုင်လုံး တွေနဲ့ အုတ်ပတ်ကားတက်ပြီး ရဲတိုက်ပုံစံဆောက်ထားတဲ့ သုံးထပ်အဆောက်အအုံဟာ ခန့်ညားလှ တယ်။ အိမ်ပိုင်ရှင် ဟာရွာလူကြီးရဲ့ ညီဝမ်းကွဲတော်စပ်ပြီး၊ သူလည်း လယ်မြေများစွာ၊ အိမ်ခြံမြေများစွာ ပိုင်ဆိုင်သူပဲ။ လူအများစုဟာ မြို့နဲ့အတန်ငယ်အလှမ်းဝေးတဲ့ အဲဒီရွာကလေးမှာ မနေလိုကြတဲ့အတွက် အိမ်ငှားခ ဈေးသက်သာတယ်လို့ ဆိုရမယ်။

မကြာသေးခင်နှစ်တွေက ကျနော်တို့ရုံးနဲ့ သားသတ်ရုံအကြားက လယ်ကွင်းတစ်ချို့ကို ငှားပြီး၊ ထိုင်ဝမ်စီးပွားရေး သမားတွေဟာ အထည်ချုပ်စက်ရုံတစ်ခု လာတည်တယ်။ စက်ရုံစတည်တဲ့ အချိန်မှာ မိုးတွေစရွာနေပြီ။ ဂေါ်ထိုးကားကြီးတွေ၊ မြေသယ်ကားကြီးတွေ၊ စက်ပစ္စည်းတွေ အကူအညီနဲ့ လယ်ကွင်းကို မြေခဲတွေဖို့ကြပြီး၊ ကြီးမားတဲ့ စက်ရုံကြီးတစ်ခုကို တက်သုတ်ရိုက် ဆောက်ခဲ့တယ်။ သိန်းပေါင်းများကုန်ကျမဲ့ ဆေးသားအပြာရောင် သုတ် စက်ရုံကြီးဟာ အဲဒီနှစ်က မိုးကုန်သွားတဲ့အချိန်မှာပဲ မြန်မာအလုပ်သမားတွေ ရာပေါင်းများစွာနဲ့ စတင် လည်ပတ် တော့တာပဲ။

စက်ရုံက စွန့်ပစ်ပစ္စည်းတွေ၊ ပြီးတော့ စက်ရုံမှာပဲ အလုပ်သမားတွေက နေထိုင်ကြတာဆိုတော့ သူတို့စွန့်ပစ်တဲ့ အမိုက်တွေ၊ အညစ်အကြေးတွေနဲ့ တစ်ချိန်က သဘာဝအတိုင်းသာယာခဲ့တဲ့ တောသဘာဝအလှအပတွေဟာ အဲဒီပတ်ဝန်းကျင်လေးမှာ ပျောက်ဆုံးသွားတော့မှာပဲလို့ ကျနော်က ကျနော့်ရဲဘော်တွေကို ပြောခဲ့မိ သေးတယ်။ ကျနော်တို့ရုံးအနောက်ဖေး ၀ရန်တာ ကနေပြီးကြည့်ရင် စက်ရုံဝင်းကို အပေါ်စီး ကနေ မြင်နေရတယ်။ စက်ရုံ ဆင်းချိန် တွေမှာဆိုရင် အလုပ်သမားတွေ လူပ်ရှားနေတာကိုပါ မြင်ရတတ်တယ်။

ပြီးတော့ လူတွေများလာရင် ပုလိပ်တွေရူပ်လာပြီး ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်လေး ရူပ်ထွေး သွားမှာကို ကျနော်တွေးပူနေခဲ့မိတယ်။ မကြာပါဘူး.. စက်ရုံနောက်ဖေးလယ်ကွင်းထဲမှာ လူသတ်မူတစ်ခုဖြစ်တယ်။ အဲဒီနောက်ပိုင်း စက်ရုံ စတင်လည်ပတ်ချိန်ကစပြီး ရေတွက်ရင် လေးငါးလ အတွင်းမှာပဲ စက်ရုံလည်ပတ်မူတစ်ခုလုံး ရပ်ဆိုင်းသွားခဲ့တော့တယ်။ ဘာကြောင့် ရပ်ဆိုင်းသွားတယ်ဆိုတာ မသိပေမဲ့ စက်ရုံမှာ မှီခိုနေရတဲ့ မြန်မာလုပ်သားတွေ၊ သူတို့ကိုမှီခိုနေရတဲ့ မိသားစုတွေကတော့ ထုံးစံအတိုင်း ရေကြည်ရာမြက်နုရာ အလုပ်အကိုင်ရနိုင်တဲ့ နေရာသစ်ကို ထွက်ခွာသွားကြ ရတော့တယ်...

ညနေပိုင်း အလုပ်ပြီးချိန်တွေမှာ ညောင်းညာပင်ပမ်းမူတွေကို ဖြေဖျောက်ဖို့ ဒုတိယထပ် အနောက်ဖေး ဘက်က ၀ရံတာလေးမှာကျနော် အမြဲတမ်း တိတ်တဆိတ်ရပ်တန့်ပြီး လေညင်း ခံဖြစ်တယ်။ အဲဒီရုံး ၀ရန်တာလေးကနေ ကြည့်ရင် အနောက်ဖေးဘက်မှာ တမျှော်တခေါ် လယ်ကွင်းပြင်ကြီးကို မြင်တွေ့ရတယ်။ မြင်ကွင်းရှူခင်းတွေက ရာသီလိုက်ပြီးပြောင်းလဲသွားကြတယ်။

မိုးရာသီမှာဆိုရင် စိမ်းလန်းတဲ့ ကတ္တီပါလယ်ကွင်းတွေ.. တမန်းဆီနံ့၊ ကောက်ပင်ရနံ့တွေကို သယ်ဆောင် လာတဲ့လေညင်း.. တစ်ခါတစ်ခါ ကောက်စိုက်သမတွေသီဆိုတဲ့ သီချင်းသံကိုပါ လေညင်းက ဆောင်ယူ လာတတ်သေးတယ်။ လယ်ကွင်းအစပ်မှာ လယ်သမားတွေ စိုက်ထားတဲ့ ကျွန်းသစ်တောဝိုင်း ကလေး တစ်ခုလည်း ရှိသေးတယ်။ မိုးရာသီမှာတော့ လယ်ကွင်းတွေထဲက မြောင်းကလေးတွေနဲ့ ဟိုင်းဝေးလမ်းမဘေးတစ်လျှောက် မြောင်းဘေးတွေမှာ ဒေသခံအမျိုးသမီးတွေ ငါးမျှားတံကိုယ်စီနဲ့ ငါးမျှားနေကြတာတွေ့ကြရတယ်။ ဒီဒေသမှာ အမျိုးသားတွေက ငါးမမျှားပဲ၊ အမျိုးသမီးတွေကပဲ ငါးမျှားတတ်ကြတယ်။

ဆောင်းရာသီတွေမှာဆိုရင် ပဲပင်၊ ပြောင်းပင်၊ ကြံပင်၊ ဆေးရွက်ကြီးပင်၊ ဖရဲပင်တွေကို တမျှော်တခေါ် မြင်နေရတဲ့ မြင်ကွင်းဟာ စိမ်းစိမ်း စိုစိုနဲ့ ဘယ်တော့ကြည့်ကြည့် ရိုးမသွားခဲ့ဘူး။ ဆောင်းစိုက်ခင်းတွေကိုဖြတ်ပြီး တိုက်ခတ် လာတဲ့လေညင်းရနံ့က တမျိုး ထူးခြားတယ်… ညိုးညိုးညံ့ညံ့ကလေး။

အိမ်နောက်ဖေးက မာလကာ၊ သံပရာ၊ နာနတ်၊ မန်ကျည်းပင်တွေပေါ်က ငှက်ကလေးတွေရဲ့ တေးဂီတသံကိုပါ ညနေခင်းတွေမှာ ကြားရ တတ်တယ်။ အဲဒီအခါမျိုးတွေမှာဆိုရင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတတ်ပြီး၊ ငှက်သံတွေနဲ့အတူ ကျနော်ဟာ အားလုံးကို မေ့နေ တတ်တယ်။

ကျနော်တို့ရုံးနဲ့ အထည်ချုပ်စက်ရုံကြားမှာ မြေနီခင်းထားတဲ့ လမ်းကလေးရှိသေးတယ်။ လမ်းဘေးဝဲယာ မှာရှိတဲ့ တမျှော် တခေါ် လယ်ကွင်း တွေကိုဖြတ်ပြီး မြေနီလမ်းကလေးကနေ ဆယ်မိနစ်လောက် ဆိုင်ကယ်နဲ့ သွားလိုက် မယ်ဆိုရင် ဒေသခံ ကျေးရွာသုံး လေးရွာက စုပေါင်း တည်ထားတဲ့ ထုံးဖြူစေတီကလေး တစ်ဆူရှိတယ်။ နိုဝင်ဘာ လမှာ ဘုရားပွဲ နှစ်စဉ် လုပ်နေကြ။ စေတီတ၀ိုက်ဟာ အေးချမ်းသာယာပြီး၊ သီးပင်စားပင်တွေ၊ တောင်သူတွေ ပိုင်တဲ့ လက်လုပ်ငါးမွေးကန်တွေနဲ့ ပြည့်နေတယ်။ ဆောင်းညနေခင်း တွေမှာဆိုရင်တော့ လယ်သမားတွေရို့တဲ့ တောင်ယာ မီးခိုးငွေ့တွေနဲ့ စေတီပတ်ဝန်းကျင် တစ်ခုလုံးဟာ အုံ့မိုင်းနေတတ်တယ်။

မနက်စောစောအိမ်ကနေရုံးကို လမ်းလျှောက်ပြီးသွားနေကျ။ ညနေမှောင်ရီဖြိုးဖျအချိန်၊ အလုပ်တွေပြီးလို့ ၀ရံတာကလေးမှာရပ်ပြီး အတွေးနယ်ချဲ့လို့ဝတဲ့အချိန်ကျမှ အိမ်ကလေးကို လမ်းလျှောက်ပြန်သွားနေကျ။ နွေနွေမိုးမိုးဆောင်းဆောင်း မပျက်မကွက် စူးစူးနစ်နစ် ကျနော် လုပ်ခဲ့ဘူးတယ်။

ကျနော့်အိမ်ဘေး ဟိုင်းဝေးလမ်းမကြီးကနေ မြောက်ဘက်ကိုဆက်သွားမယ်ဆိုရင် အသီးအနှံ တွေနဲ့ ပန်းအမျိုးမျိုး အများဆုံး ထွက်ရှိရာ ဖြစ်တဲ့ ဖုတ်ဖတ်ဆိုတဲ့ တောင်သူ မြို့ကလေးကို ရောက်တယ်။ အဲဒီကနေဆက်သွားရင် အုန်းဖျန်အမည်ရတဲ့ ဒုက္ခသည်စခမ်းနဲ့ အဲဒီကနေ ဆက်သွားမယ်ဆိုရင် နိုဖိုးဆိုတဲ့ ဒုက္ခသည်စခမ်းရှိတယ်။ နိုဖိုး ဒုက္ခသည်စခမ်းကို သွားမယ် ဆိုရင်တော့ တစ်ရက်ခရီး နီးနီးကြာတယ်။ တောင်ပတ်လမ်းဆိုတော့ အကွေ့ အကောက် တွေများတယ်။ မိုးတွင်းဆိုရင် ကားတွေမကြာခဏ တိမ်းမှောက်တတ်ကြတယ်။

အိမ်ဘေးဟိုင်းဝေးလမ်းမကြီးကနေပြီး တောင်ဘက်ကိုသွားရင်တော့ မြို့တော်တည်ရှိရာကို ရောက်တယ်။ အဲဒီခရီးကလည်း တရက်နီးနီး ကြာတယ်။

အဲဒီပတ်ဝန်းကျင်တ၀ိုက်က ရွာသူရွာသားတွေက တောင်သူလယ်သမားတွေများတယ်။ တောင်သူဆိုပေမဲ့ ငွေကြေးပြည့်စုံကြတယ်။ တနှစ်ကို သုံးသီးစား စိုက်ကြတယ်။ ကားစီး နိုင်ကြတယ်။ လယ်ထဲအထိမြေနီခင်း လမ်းတွေဖောက်ထားတယ်။ ကားတွေ ဆိုင်ကယ် တွေနဲ့ လယ်ထဲကိုသွားတယ်။ ကိုယ်ပိုင်ရေစုပ်စက်တွေနဲ့ ရေတင်ပြီး အသီးအနှံတွေ စိုက်ကြတယ်။

ကျွဲနွားတွေနဲ့ လယ်မလုပ်ကြတော့ဘူး၊ ခေတ်မီစက်ပစ္စည်း နည်းကိရိယာတွေနဲ့ ထွန်ယက် စိုက်ပျိုးကြတယ်။ လူရှိတဲ့နေရာတိုင်းမှာ လျှပ်စစ်မီးရှိတယ်၊ တယ်လီဖုန်းလိုင်းရှိတယ်၊ ရေပိုက်နဲ့ သွယ်ယူထားတဲ့ ကောင်းမွန်တဲ့ ရေပေးဝေရေးစနစ်ရှိတယ်။ နယ်စပ်အစွန်အဖျား ရွာငယ်လေး တစ်ရွာကနေ နိုင်ငံတကာကို အင်တာနက် အီးမေးကနေတစ်ဆင့် အဆက် အသွယ်လုပ်လို့ ရတယ်။ ဖုန်းဆက်လို့ရတယ်။

ရုပ်ဝတ္တူဖွံ့ဖြိုးတိုးတက်ပေမဲ့ ရွာသားတွေရဲ့ အသိပညာကတော့ မြို့ကြီးသားတွေနဲ့ ရင်ဘောင်မတန်း နိုင်သေးတာ ၀န်ခံရမယ်။ ကျေးလက် သဘာဝ ပျော်ပျော်ပါးပါး နေတတ်ကြ တယ်။ အရက်ကလေး တမြမြနဲ့နေကြတယ်။ ရွာက ဆံပင်ညှပ်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်တွေမှာ နေ့လည်နေ့ခင်းဖက်ဆိုရင် သက်လတ်နဲ့ သက်ကြီးပိုင်း အမျိုးသားတွေ စုရုံးစုရုံးနဲ့ နေကြတယ်။ တက္ကသိုလ်ပညာ သင်ယူသူ ရှားပါးနေဆဲပဲ။ လွယ်လွယ်ကူကူ တတ်ဆင်လို့ရပေမဲ့ အင်တာနက် အီးမေးလ်သုံးစွဲသူ အနည်းအကျဉ်းပဲ ရှိနေသေးတယ်။

ရွာကနေ ဟိုင်းဝေးလမ်းမကြီးနဲ့ ဆန့်ကျင်ဘက်ကို သွားမယ်ဆိုရင်တော့ လယ်ကွင်းပြင် တွေကြားထဲမှာ ရွာနဲ့ မြို့ကလေးကို ဆက်သွယ် ထားတဲ့ ကတ္တရာခင်းလမ်းမငယ် တစ်ခုရှိတယ်။ ရွာသားတွေက အဲဒီလမ်းကလေးကနေ မြို့ကိုကားတွေ၊ ဆိုင်ကယ်တွေနဲ့ ဈေးဝယ် သွားကြတယ်။ အဲဒီရွာငယ်ကလေးထဲမှာကိုပဲ စက်ရုံအလုပ်ရုံ ငယ်ငယ်လေးတွေ လေးငါးခြောက်ခု ရှိတယ်။ အားလုံးမှာ မြန်မာပြည်သား အလုပ်သမားတွေကို ခန့်ထားတယ်။

ရွာကလေးကနေ ဟိုင်းဝေးလမ်းမကြီးကိုဖြတ်ပြီး တောင်ဘက်ကို သွားမယ်ဆိုရင်တော့ ငါးမိနစ်လောက်ပဲ ဝေးတဲ့နေရာမှာ နောက်ထပ် ရွာကလေး တစ်ရွာရှိသေးတယ်။ အဲဒီရွာဟာ တစ်ချိန်က ဦးနုရဲ့ ပီသုံးလုံး ပါတီရဲဘော်တွေ အခြေစိုက်တဲ့ ဌာနချုပ်စခန်း ဖြစ်တယ်။ ဦးသွင်ဦးဆောင် တဲ့ အလယ်ပိုင်းတိုင်းစခန်းပေါ့။ အဲဒီတုံးက ဦးသွင်တို့အုပ်စုဟာ ရွာထဲမှာတင် အေကေ သေနတ်တွေ ကိုင်တွယ်ပြီး နေထိုင်ကြတယ်လို့ သိရတယ်။

အဲဒီရွာမှာ ရွာနီးချုပ်စပ်ကို ရေပေးဝေတဲ့ ဆည်တစ်ခုရှိတယ်။ ဆည်ထိပ်မှာ ဦးနုတည်ခဲ့တယ် ဆိုတဲ့ ဘုရားတစ်ဆူလည်း ရှိတယ်။ ဘုရားက အတော်အတန် ကြီးပေမဲ့ ဒေသခံ အာဏာပိုင် တွေက ပြန်လည်ပြုပြင်မူ မလုပ်ကြဘူး။ ဦးနုကိုယ်တိုင်လည်း အပြီးသတ်အောင် တည်သွားနိုင်ခဲ့တာ မဟုတ်ဘူး။

ညပိုင်းလူခြေတိတ် ချိန်တွေမှာဆိုရင် ကတ္တရာလမ်းမကြီးပေါ်မှာ အော်ဟစ်ပြေးလွှားနေတဲ့ ကားသံတွေကို ကျနော့်အိမ်ကလေးကနေ ဆူညံစွာကြားနေရ တတ်ပါတယ်။ ပုစင်းရင်ကွဲ သံတွေ.. တစ်ခါတစ်ခါ စူးစူးဝါးဝါး ထိုးဟောင်တတ်တဲ့ ခွေးအူသံတွေကလွဲရင် ရွာကလေး ဟာ အမှောင်ထုအောက်မှာ တိတ်ဆိတ်နေတတ်တယ်။ တစ်ခါတခါမှာတော့ မူးယစ်နေတဲ့ ကားသမားက လမ်းပေါ်က ဆိုင်ကယ် မောင်းသူ၊ လမ်းလျှောက်သူတွေကို ၀င်တိုက်သွားတာ တွေကလွဲရင် ရွာကလေးဟာ အေးချမ်းပါတယ်။

ဒီလိုနဲ့ ကာလတွေကြာလာတော့ ရွာကလေးဟာ ကျနော့်ဇာတိမွေးရပ်လိုဖြစ်လာတယ်။ ဒေသခံရွာသားတွေ ကလည်း ကျနော်တို့ကို သိကြတယ်။ ရန်မမူကြဘူး။ ဖော်ရွေကြတယ်။ ဆောင်းရက်တွေမှာ သခွပ်ပွင့်ကောက်၊ ညနေခင်း မြေနီလမ်းကလေးတွေမှာ လမ်း လျှောက်၊ နွေရက်တွေမှာ တမာရွက်နုခူး၊ စေတီကလေးကိုသွားဖူး၊ မိုးရက်တွေမှာ ဒေသခံတွေဖမ်းလာတဲ့ ဖားငါးတွေကို ချက်ပြုတ် စားသောက်ရင်းနဲ့ ရွာကလေးဟာ ကျနော့်ရဲ့ ဒုတိယအိမ် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ခုတော့ ရွာကလေးဟာ ကျနော့်ဘ၀ထဲကို ထဲထဲဝင်ဝင် တိုးဝင် လာခဲ့ပြီး.. လယ်ကွင်းတွေပတ်လည်ဝိုင်းထားတဲ့ နယ်စပ်အစွန်အဖျားက ရွာငယ်ကလေးအပေါ်မှာ ကျနော့်ရဲ့ ခင်မင်တွယ်တာမူဟာ ကြီးမားသထက် ကြီးမား လာခဲ့တာ ငြင်းဆန်လို့ မရနိုင် တော့ပါဘူး။

မှတ်ချက်။ ။ ဤပိုစ့်တွင်အသုံးပြုထားသောပုံမှာ အင်တာနက်ကနေရှာထားတဲ့ ထိုင်းရွာကလေးတစ်ရွာရဲ့ပုံ ဖြစ်ပါတယ်။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.