Friday, October 10, 2008

[ကောင်းကင်ကို] 1 New Entry: ကလေး

ကလေး

အနှစ် နှစ်ဆယ်လုံးလုံး
ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာတောင်
ထွက်မလာသေးတဲ့ ကလေး။

အင်္ဂုလိမာလ သုတ်မပြောနဲ့ ၊
ရွှေဝါရောင်လင်းနေတဲ့ ရင်ဘတ်တွေနဲ့ 
မေတ္တာသုတ် အထပ်ထပ်ရွတ်ခဲ့တာတောင်
ထွက်မလာသေးတဲ့ ကလေး။

နောင်နှစ်ပေါင်းများစွာကို လောင်းကြေးထပ်
ဒိုင်ယာလော့ခ် ဆိုတဲ့ ညှပ်နဲ့ 
ဆွဲထုတ်ပြီးတော့ မွေးရမလား။
လက်ရုံးတွေကို ဓားလိုသွေး
ခွဲစိတ်ပြီးတော့ မွေးရမလား။

အဖြစ်က
ဇက်သေနေတဲ့ စတီယာရင် တစ်ချောင်းနဲ့
ယာဉ်သုံးစီးကို တစ်ပြိုင်တည်း မောင်းနေရသလိုမျိုး။
ကလေး ထွက်လာဖို့ လည်းလိုတယ်။
မွေးမွေးချင်း သေမသွားဖို့ လည်း လိုတယ်။
မိခင်ရဲ့ အသက် မဆုံးရှုံးဖို့ လည်းလိုတယ်။

နတ်ကြီးတဲ့ ဝိညာဉ်နှစ်ခုမို့
ဘုရားသခင်က အတင်းလာလုနေတာလား။
အသက် နှစ်ချောင်းက ငါတို့ ရဲ့  လက်ထဲမှာ တည်းတည်းကလေး။

မိခင်ရဲ့  ငိုကြွေးသံကလဲ အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။
ကလေးရဲ့ ငိုကြွေးသံကလဲ အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။

ကလေးရဲ့ ဖခင်လည်း
တမလွန်ကနေ ပူပန်နေတော့မယ်။
ဘောလုံးပွဲကြည့် ပရိသတ်တွေလို
အနှစ် နှစ်ဆယ်လုံးလုံး အားပေးခဲ့ကြတဲ့ သူတွေလည်း
အသံတွေ ဝင်ပြီး မောကုန်ကြပြီ။

ဘာပဲဖြစ်ဖြစ်၊
ဒီကလေးဟာ
ကောင်းကင်ဖျားမှာ တည်းတည်းလေး သီးနေတဲ့ ပတ္တမြားတစ်ပွင့်ကို
ချူပေးနိုင်မယ့် တံချူကလေး၊
ငါတို့ ရှင်အောင် မွေးနိုင်ရင်
လာဘ်လာဘ တွေကို ယူဆောင်လာမယ့် ကလေးမို့
အိမ်သားအားလုံးကတော့
ရင်တထိတ်ထိတ်နဲ့ 
အံကိုကြိတ်ပြီး မျှော်နေကြတယ်။

အံကိုကြိတ်ပြီး မျှော်နေကြတယ်။

ကောင်းကင်ကို

You received this email because you are subscribed to the real_time feed for http://kaungkinko.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Yan Aung] 1 New Entry: လွမ်းမိပါသေးတော့သည်...

လွမ်းမိပါသေးတော့သည်...


ကျွန်တော် ရှစ်တန်းနှစ်မှာ မိတ္ထီလာကို ကျွန်တော်ရယ်၊ အမေရယ်၊ အစ်မရယ် ပြောင်းလာခဲ့ကြတယ်.

ကျွန်တော်ကျောင်းတက်တော့ ခြင်္သေ့ကြီးနှစ်ကောင်ကျောင်းမှာပေါ့ဗျာ.

ဟတ်ဟတ်. နာမည်ကြားတာနဲ့တင် တစ်မျိုးကြီးပဲလို့ တွေးနေမိပြီထင်တယ်.

ဘာလို့ အဲလိုခေါ်တာလဲဆိုတော့ ကျွန်တော်တက်တဲ့ အ.လ.က (၁) ကျောင်းရှေ့မှာ ဘုရားတစ်ဆူရှိတယ်. ဘုရားရှေ့မှာ ခြင်္သေ့ကြီးနှစ်ကောင်က မားမားမတ်မတ်ကြီး ထိုင်နေလို့ပေါ့. အဲဒီ့ခြင်္သေ့ကြီးနှစ်ကောင်ကို အစွဲပြုပြီး ဘုရားကိုလည်း ခြင်္သေ့ကြီးနှစ်ကောင် ဘုရားလို့ ခေါ်ကြတယ်.

အဲ… ဘုရားနဲ့ ကပ်နေတဲ့ ဘုန်းကြီးကျောင်းထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ စာသင်ကျောင်းလေးကိုလည်း ခြင်္သေ့ကြီးနှစ်ကောင်ကျောင်းလို့ ခေါ်တာ ဒီလောက်ဆို နားလည်ပြီ ထင်ပါရဲ့ဗျာ.

ဟုတ်တယ်ဗျ. ကျွန်တော်တို့ကျောင်းက ဘုန်းကြီးကျောင်းပိုင် မြေကွက်ပေါ်မှာ ဆောက်ထားတာ. ဒါကြောင့် ကျောင်းထဲဝင်ရင် ကျောင်းသားတွေရော၊ ဆရာဆရာမတွေရော ဖိနပ်ချွတ်ရပါတယ်. စာသင်ခန်းထဲရောက်မှ ပြန်စီးပေါ့.

ဒါကြောင့်လည်း ကျွန်တော်တို့ ကျောင်းသားတွေကို တစ်ခြားကျောင်းက ကျောင်းသားတွေက မခံချင်အောင်နောက်ပါတယ်.

"ဘုန်းကြီးကျောင်းသားတွေ…" တဲ့လေ…

:D

……..

ကျွန်တော် ဘုန်းကြီးကျောင်းသားအဖြစ် တစ်နှစ်နေခဲ့ရတဲ့ ရှစ်တန်းကျောင်းသား ဘ၀လေးဟာ ကျွန်တော့်ရဲ့ ဘ၀မှတ်တမ်းဒိုင်ယာရီထဲမှာ စာမျက်နှာပေါင်းများစွာ နေရာယူထားခဲ့ကြတယ်. အဲဒီ့စာမျက်နှာလေးတွေထဲကမှ ကျွန်တော် ဒီည ထူးထူးခြားခြား သတိရနေမိတာကတော့ အဖိတ်ဥပုသ်နေ့နဲ့ ဆွမ်းလောင်းပွဲလေး အကြောင်းပါပဲ.

ကျွန်တော်တို့ ကျောင်းဝတ်စုံလေးတွေဝတ်ပြီး စီတန်းလို့ ကထိန်လှည့်ခဲ့ဖူးတယ်. သိတယ်မဟုတ်လား. ကထိန်သင်္ကန်းတွေ၊ ရေခွက်၊ ပိုက်ဆံချပ်တွေ အစီအရီ ချိတ်ဆွဲထားတဲ့ စင်ကြီးကို မလို့ ဟိုဖက်ယိမ်းထိုး၊ ဒီဖက်ယိမ်းထိုးနဲ့ ပျော်ပျော်ပါးပါး ကခုန်ကြတာ၊ တစ်တန်းနဲ့တစ်တန်း၊ တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင် ပြင်ဆင်ကြတာ တကယ့်ကို ပျော်စရာ၊ ကြည်နူးစရာပါ.

ကထိန်သင်္ကန်းစင်အတွက် သစ်သားစင်တွေကို ကျောင်းအုပ်ဆရာမကြီး ရုံးခန်းထဲမှာ သိမ်းထားပါတယ်. အဲဒါကို တစ်တန်းကို တစ်စင်ခွဲပေးပါတယ်. ကျွန်တော်က ရှစ်တန်းနှစ်မှာ ဘယ်သူမှ မခန့်ထားတဲ့ မော်နီတာပေါ့ဗျာ. ဟတ်ဟတ်..

ဟုတ်တယ်. ဘယ်သူမှ မခန့်ဘူး. အခန်းထဲမှာ လုပ်စရာတစ်ခုခုရှိတိုင်း ကျွန်တော်က ၀င်ဝင်ပါတတ်တော့ နောက်ပိုင်း ကျွန်တော်က မော်နီတာလိုလို ဘာလိုလို ညာလိုလို ဖြစ်သွားတာပေါ့. (အဲလိုပဲ. ကျွန်တော်က ငယ်ငယ်ကတည်းက ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ပါတတ်တာ ကြီးမှပဲ အပြောခံရတော့တယ်ဗျာ.. ဟတ်ဟတ်. စကားချပ်ပါဗျာ.)

အဲဒါနဲ့ပဲ ကျွန်တော်တို့ ရှစ်တန်းနှစ်အတွက် သင်္ကန်းစင်တွေ ရှာတာ၊ စာအိတ်လေးတွေထဲ အလှူပိုက်ဆံတွေထည့်တာ၊ သင်္ကန်းတွေ ချိတ်ဆွဲတာကို တစ်ခြားကျောင်းသား ကျောင်းသူတွေ၊ ဆရာဆရာမတွေနဲ့ အတူတူ ကူလုပ်ပေးရပါတယ်. ပြန်တွေးလိုက်တိုင်း တော်တော့်ကို ကြည်နူးဝမ်းမြောက်မိပါတယ်.

ဝါတွင်းရောက်ရင် ကျွန်တော်တို့ ကျောင်းပိတ်ရက်က စနေတနင်္ဂနွေ မဟုတ်တော့ပါဘူး. အဖိတ်ဥပုသ်ကို ကျောင်းပိတ်ပါတယ်. စိတ်ဝင်စားဖို့ကောင်းပါတယ်. ဈေးဆိုရင်လည်း အဖိတ်ဥပုသ်ပိတ်ပါတယ်. ချစ်စရာကောင်းတဲ့ မြန်မာ့ယဉ်ကျေးမှုလေးတစ်ခုပါ.

ဘုရားတွေမှာဆိုရင် အလှူတွေလုပ်တာ၊ မုန့်တွေကျွေးတာ ခဏခဏပါပဲ. ကျွန်တော်ဆို စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတာ. အသွားအများဆုံးကတော့ ရွှေအုန်းပင် စားသောက်ဆိုင်နားမှာ ရှိတဲ့ ဆုတောင်းပြည့်ဘုရားပေါ့.

အဲဒီ့ဘုရားနားမှာ ကျွန်တော်တက်တဲ့ အင်္ဂလိပ်စာ ကျူရှင်ရှိတယ်. သင်တန်းချိန် နည်းနည်းစောနေရင် ဘုရားထဲမှာ လျှောက်သွားပြီး နံရံတွေပေါ် ကပ်ထားတဲ့ ဇာတ်တော်တွေကို လိုက်ဖတ်ကြည့်နေတတ်တယ်. (ပြောရင်းနဲ့ ငယ်ဘ၀ကို လွမ်းသွားပြီဗျာ.)

အသံမစဲ ပဋ္ဌာန်းရွတ်နေတာနဲ့ ကြုံရင်လည်း ရွတ်ဆိုနေတဲ့ ဘုန်းကြီးနားမှာ သွားထိုင်ပြီး ကြည့်နေတတ်တယ်.

ဖြတ်ပြောလိုက်ဦးမယ်ဗျ.

အသံမစဲ ပဋ္ဌာန်းက တကယ်ကို အသံမစဲအောင် ရွတ်ရတာနော်. ဘုန်းကြီးတစ်ပါးနဲ့တစ်ပါး အကူးအပြောင်းမှာ. "ကဲ. ကိုယ်တော်. တပည့်တော် အလှည့်ပြီးပြီ. ကိုယ်တော့်အလှည့်" ဆိုပြီး ထသွားလို့ မရဘူး.

နောက်ထပ် တာဝန်ယူရွတ်ဆိုမယ့် ဘုန်းကြီးက အရင်ရွတ်နေတဲ့ ဘုန်းကြီးနားမှာ ကပ်ထိုင်ပြီး ရောက်နေတဲ့ စာပိုဒ် (သို့) သုတ္တန်တစ်ခုခုကို အတူတူလိုက်ရွတ်ရတယ်. အဲလို လိုက်ရွတ်နေရင်းနဲ့မှ အရင်ရွတ်နေတဲ့ ဘုန်းကြီးက ဘုရားကို ၀တ်ပြုလို့ နောက်ကို အသာအယာယို့ပြီး လက်အုပ်ချီရင်း ထွက်သွားရတာ… ဒါကြောင့် အသံမစဲပဋ္ဌာန်းလို့ခေါ်တာ.

မိုးတွေရွာနေချိန်၊ ဖားတွေ အုံးအွမ်အုံးအွမ်နဲ့ အော်နေချိန်မှာ ကြားတစ်ချက် မကြားတစ်ချက် လေထဲလွင့်လာတဲ့ အသံမစဲ ပဋ္ဌာန်းတရားတော်အသံဟာ တကယ့်ကို အေးချမ်းလွန်းလှပါတယ်.

လွမ်းလိုက်တာ အညာမြေရယ်….

…..

အဲ. နောက်ထပ် ကြုံရတာကတော့ ဆွမ်းလောင်းပွဲပါ.

မိတ္ထီလာမှာ အဖိတ်နေ့ဆိုရင် ဆွမ်းလောင်းပွဲ လုပ်ပါတယ်. သက်ဆိုင်ရာ ဘုရားဂေါပက အဖွဲ့က ဦးဆောင်ပြီး ဘုန်းကြီးတွေ စီတန်းလို့ မြို့ထဲကို လှည့်လည်ပြီး ဆွမ်းဆန်စိမ်း အလှူခံတာပါ.

ကုန်းဆင်းကုန်းတက်၊ လျှိုမြောင်ချိုင့်ဝှမ်း၊ အနိမ့်အမြင့်လေးတွေ ပြည့်နှက်နေတဲ့ မိတ္ထီလာမြို့လေးထဲမှာ စီတန်းလှည့်လည်လာတဲ့ ဆွမ်းလောင်းပွဲ မြင်ကွင်းလေးဟာ တွေ့ကြုံမိသူတိုင်းကို ရင်ထဲ ပီတိဖြစ်စေနိုင်ပါတယ်. တစိမ့်စိမ့် ကြည်နူးဝမ်းမြောက်စေနိုင်ပါတယ်.

ဆွမ်းလောင်းပွဲဆိုတာ မနက်ခင်းတွေမှာ ကြွတတ်တဲ့ ဆွမ်းခံပွဲနဲ့ မတူဘူးနော်. ဆွမ်းလောင်းပွဲဆိုတာ ဆွမ်းဆန်စိမ်းအလှူခံတာပါ. အိမ်တွေက ဆွမ်းဆန်စိမ်းတွေ ထွက်ထွက်ပြီး လှူကြတာပါ. ဖြတ်သွားဖြတ်လာ ခရီးသွားများကလည်း မိမိတို့ တတ်နိုင်သမျှ ငွေကြေးဝတ္ထုလေးတွေ ကပ်လှူတတ်ကြပါသေးတယ်.

ဆွမ်းလောင်းပွဲတစ်ခုနဲ့ ကြုံကြိုက်ခဲ့ရင် များသောအားဖြင့် ဒီလိုပုံစံလေးတွေ တွေ့ရလိမ့်မယ်ဗျ. ရှေ့ဆုံးမှာ စာတမ်း အလံကိုင်ထားတဲ့ လူငယ်တွေ ရှိတယ်. ဘယ်ကျောင်းတိုက်၊ ဘယ်ဘုရားကပေါ့ဗျာ. ပြီးတော့ ဘုန်းကြီးတွေ စီတန်းလို့ ကြွတယ်. အဲဒီ့နောက်မှာ အသံချဲ့စက်တင်ထားတဲ့ ဆိုက်ကားရှိတယ်. အဲဒီ့နောက်မှာမှ မိုက်ကိုကိုင်လို့ ဂေါပကအဖွဲ့ဝင်လူကြီးတစ်ယောက်ယောက်က နိဗ္ဗာန်ဆော်လုပ်တာပါ. အဲဒီ့နောက်မှာ တစ်ခါ တီးဝိုင်းတွေ၊ အဆိုတော်တွေ၊ ဒိုးပတ်အိုးစည်အဖွဲ့တွေ ပါတတ်သေးတယ်. ဆိုက်ကားပေါ်မှာ အော်ဂင်၊ ဗုံ၊ မောင်းတွေ တင်ထားပြီး ဆိုက်ကားကို တစ်ယောက်ကတွန်းနေချိန်မှာ တူရိယာပညာရှင်တွေက ဘေးကနေ တီး၊ အဆိုတော်က ဆိုနဲ့ အားပါးပါး… တကယ့်ကို မြန်မာဆန်လှတဲ့ မြန်မာ့ ယဉ်ကျေးမှုတစ်ခုပါပဲဗျာ… တကယ့်ကို မြန်မာသံစဉ်တွေ ဆိုတာနော်. နားထောင်လို့လည်း တော်တော်ကောင်းတယ်.

ကျွန်တော်စိတ်အ၀င်စားဆုံး တူရိယာက ဗုံကို တီးတဲ့ အတံလေးနှစ်ချောင်းနဲ့ "တောက်..တောက်..တောက်..တောက်.." ဆိုပြီး အနောက်ကနေ လမ်းလျှောက်ရင်း လိုက်တီးရတဲ့ တူရိယာလေးပါ.

ကျွန်တော် မိတ္ထီလာမှာ နေခဲ့စဉ်တုန်းက အဲဒီ့ဆွမ်းလောင်းပွဲတွေနဲ့ ခဏခဏကြုံရပါတယ်. တွေ့တိုင်းလည်း ၅ ခါမှာ ၂ ခါလောက်ကတော့ ကျွန်တော့်မုန့်ဖိုးလေးထဲကနေ ထည့်လှူတတ်ပါတယ်.

ကျွန်တော်တို့ စာသင်ကျောင်းလေးတိုးချဲ့ဖို့အတွက် ရန်ပုံငွေလိုတော့ ဖောင်တော်ထိပ်ဘုရားနားမှာ အလှူခံမဏ္ဍပ်ထိုးပြီး အလှူခံကြပါသေးတယ်.

အဲဒီ့တုန်းက ကျောင်းစိမ်းဝတ်စုံလေးနဲ့ အလှူခံထွက်ခဲ့တဲ့ ကျွန်တော်တစ်ယောက် အလှူခံဖလားကို စားပွဲပေါ် တင်လို့ ခဏခဏ ပုဆိုးပြင်ဝတ်ခဲ့ရတာ ဆရာမတွေက လှမ်းနောက်တဲ့ အထိပါပဲ…

ဟုတ်တယ်လေဗျာ. စဉ်းစားကြည့်… ဒီဖက်ကနေ စက်ဘီးဆိုင်ကယ်တွေ ၀ီးခနဲ ဖြတ်သွားတယ်. ဖလားကို မြှောက်ခါမြှောက်ခါနဲ့ အလှူလှမ်းခံရတယ်. စက်ဘီးသမားတွေကတော့ အေးအေးဆေးဆေးလေးပဲ ဖလားထဲကို လှမ်းထည့်သွားတတ်ကြပေမယ့် ဆိုင်ကယ်သမားတွေကျတော့ တစ်ချို့တွေက အရှိန်သိပ်မလျှော့ပေးဘူး. ရှောင်ရတယ်. ရှားရတယ်. သူတို့က ခပ်လှမ်းလှမ်းရောက်မှ ပိုက်ဆံကို ချခဲ့ရင် သွားပြေးကောက်ရတယ်. ဒီကြားထဲ ချခဲ့တဲ့ ပိုက်ဆံပေါ်ကို ကားက ဖြတ်မောင်းသွားရင် လေနဲ့အတူ အဝေးကို လွင့်သွားပြန်ရော… အဲဒါလိုက်ကောက်ရတယ်. ပြီးတော့ ကိုယ့်နေရာကို ပြန်ပြေးလာပြီး နောက်ထပ်ဖြတ်လာမယ့် လူတွေကို လှမ်းမျှော်ရတယ်.

ပုဆိုးမကျွတ်ဘဲနေမလားလို့…

ဆရာမတွေကလည်း ကြင်နာပါတယ်.

"ဟဲ့. ရန်အောင်. နင် ဟိုဖက်သွားတာ. ဒီဖက်က လူနှစ်ယောက် လွတ်သွားပြီ…" တဲ့လေ..

ဟတ်ဟတ်ဟတ်…

အားးးးး

ကျွန်တော် အရမ်းလွမ်းသွားတယ်ဗျာ… ပြောရရင် ပြောစရာတွေက ထွက်ပြီးရင်းထွက်လာတော့တာပဲ… ဒီပို့စ်လေးကို အဆုံးသတ်နိုင်မှာကို မဟုတ်တော့ဘူး.

မြို့လေးက သိပ်မကြီးလှပေမယ့် သူ့ဟာနဲ့သူ ပြည့်စုံကြွယ်ဝနေတဲ့ အေးချမ်းတဲ့ မြို့လေးတစ်မြို့ပါ. စာရေးဆရာမ ဂျူးရဲ့ "ကျွန်မချစ်သော မြို့တစ်မြို့" ဆိုတာလေးကို သွားသတိရမိတယ်.

ကုန်းဆင်းကုန်းတက် လမ်းသွယ်လေးတွေ၊ မြင်းလှည်းလေးတွေ၊ စက်ဘီးဆိုင်ကယ်လေးတွေနဲ့ အတူတူ ညနေခင်း ဆည်းဆာ တိမ်တောက်ချိန်မှာ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းလှတဲ့ မိတ္ထီလာကန်တော်ကြီးရဲ့ မြင်ကွင်းလေးတွေ…..

နဂါးရုံဘုရားနားမရောက်ခင် ကန်စပ်နားမှာ ရှိတဲ့ ဗူးသီးကြော်ဆိုင်လေးတွေ..

အဲဒါတွေကို ကျွန်တော်အခု ထူးထူးခြားခြား လွမ်းဆွတ် သတိရနေမိတယ်ဗျာ….

….




နဂါးရုံဘုရား၊ မိတ္ထီလာကန်တော်နှင့် ရေလယ်ဘုရား


ဘယ်အရာမှတော့ အပြစ်ကင်းစင်တယ်ဆိုတာ မရှိပါဘူးလေ…

ကျွန်တော်ချစ်တဲ့ မြို့လေးမှာလည်း ကောင်းတဲ့လူတွေ ရှိသလို ဆိုးတဲ့လူတွေလည်း ရှိတာပဲပေါ့. ဒါပေမယ့် အားလုံးခြုံကြည့်လိုက်ရရင် ကျွန်တော် ထီလာမြေကို ချစ်တယ်. အေးချမ်းတယ်. စီးပွားရေး ဖွံ့ဖြိုးတယ်. ဘာသာရေးကိုင်းရှိုင်းကြတယ်. ပညာရေးကောင်းမွန်တယ်. ကြိုးစားအားထုတ်မှုနဲ့လည်း ပြည့်စုံတယ်.

အဲ…. လူမိုက်လည်း ပေါတယ်…း)

မန္တလေးသင်္ကြန်မှာ တစ်ခါ လည်တုန်းက ကျုံးဘေးနားမှာ ရန်ပွဲတစ်ပွဲနဲ့ သွားကြုံတယ်. ဟိုဖက်က တုတ်ကြီးကိုင်ပြီး လိုက်ရိုက်တဲ့ကောင်က ဘာပြောတယ်မှတ်လဲ…

"မိတ္ထီလာသားကွ…" တဲ့လေ…

….

အခုဆိုရင် ၀ါတွင်းပေါ့…

အရင်လို ဆွမ်းလောင်းပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပစည်ကားနေမြဲ ရှိနေမလား…

တော်သလင်းလမှာ ကျင်းပမြဲဖြစ်တဲ့ လှေပြိုင်ပွဲအတွက် မိတ္ထီလာကန်တော်ထဲမှာ လှေလှော်ကျင့်နေကြမှာလား..

ဒီနှစ် ဖောင်တော်ဦးဘုရားပွဲကရော အရင်လို စည်ကားသိုက်မြိုက်နေဆဲပဲလား..

နောက်ပေါက်လူငယ်တွေ လူကြီးနေရာတွေကို ၀င်ယူလို့ ချစ်စရာကောင်းလှတဲ့ မြန်မာ့ယဉ်ကျေးမှုလေးတွေကို လက်ဆင့်ကမ်း သယ်ယူသွားကြလေမလား…

ကျွန်တော်ချစ်တဲ့ မြို့လေးကရော အရင်လိုပဲ အေးချမ်းတည်ငြိမ်နေမလား…

အဲဒီ့အတွေးလေးတွေနဲ့အတူ ကျွန်တော်တစ်ယောက် ချစ်စရာကောင်းလှတဲ့ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းလေးတွေအကြောင်းကို အမိမြန်မာပြည်နဲ့ အလှမ်းကွာခြားလှတဲ့ ဟိုးအဝေးကြီးတစ်နေရာကနေ လွမ်းဆွတ်တမ်းတနေမိခဲ့တယ်ဗျာ….



"ဘယ်သူတွေဖျက် မပျက်ခဲ့ပါ ကမ္ဘေကမ္ဘာ၀ယ်
အလှူရေစက် လက်နဲ့မကွာ စေတနာကြွယ်
မြန်မာတို့ရင်ထဲ သဒ္ဒါမချို့လေတယ်.
ပသာဒတွေ မယွင်းမစောင်း…
သဘာဝအခြေ အတင်းမပြောင်း….
အသင်းအပေါင်း ကြည့်လေကွယ် ကြည့်လေကွယ်. သိစေမယ်.
ဟန်မတင်း…
မာန်မပြင်း…
ဖန်ဆင်းသည့် ပရိယာယ်မရှိတယ်..
လာလော့ဧည့်သည် ရှုလော့ဧည့်သည်…
ကမ္ဘာတူတွင်း…
ဗမာပျူရင်း
မြန်မာရှုခင်း
မြန်မာစိတ်ရင်း အစင်းသိရမယ်…"


(နောက်တစ်ခေါက်ကျရင် မန္တလေးအကြောင်းရေးမယ်ဗျာ. :) )

The pictures are the courtesy of National Geographic Magazine and Travel.webshots.com.

You received this email because you are subscribed to the real_time feed for http://www.yanaung.net/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Khin Ma Ma Myo's Blog] 1 New Entry: Women Peacemakers Program (calling interns)

Women Peacemakers Program (calling interns)

"Without Peace, development is impossible and without Women, neither peace nor development can take place"

WPP's International Orientation is a 6 weeks annual orientation at the IFOR International Secretariat and its Women Peacemakers Program for two young women active in civil society organizations (CSOs).

The objectives of the International Orientation are:

to facilitate skills sharing between peace activists from different regions, concentrating on women and youth, by supporting international participation in trainings, and finding and supporting temporary placements in peace projects and offices for periods of up to six weeks.

to provide specific orientation to help program participants further their thinking and familiarity with critical international issues in conflict resolution, development, human rights and gender awareness

The orientation includes an introduction to international peace work and exposure visits to relevant organizations and practical office work. The Interns will produce the newsletter Time is Now! Read the 2008 WPP interns produced newsletter "The Time Is Now".

Do you want to apply for the 2009 International Orientation? The deadline for application is 15 December 2008. The International Orientation takes place during spring time in Alkmaar, the Netherlands.

(Information taken from www.ifor.org/WPP)

You received this email because you are subscribed to the real_time feed for http://khinmamamyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sai Wunna] 3 New Entries: သန့်ရှင်းသောအစိုးရဆိုတာ ဘာကိုခေါ်တာလဲ ….

သန့်ရှင်းသောအစိုးရဆိုတာ ဘာကိုခေါ်တာလဲ ….

ဗမာနိုင်ငံရဲ့ သန့်ရှင်းသောအစိုးရ ကိုဖော်ဆောင်နေသည့်ဟု ပြောဆိုထားသော ဗိုလ်ကျော်ဆန်း၏ သတင်းစာရှင်းလင်းချက်ပေါ် အောက် လက်ငယ်သားများက ထိုသို့ လိုက်နာဆောင်ရွက်ကြသည် ၊

နအဖ စစ်အစိုးရ၏ နိုင်ငံရေး လှည့်ကွက်တခုဖြစ်သော ပြည်သူများလောင်းကစားစွဲမက် နစ်မွန်းစေခြင်းသည် စစ်အာဏာရှင်စနစ်ဆိုးကို အဓွန့်ရှည်တည်တန့်အောင် လုပ်ဆောင်နေသော လုပ်ဆောင်မှုဖြစ်ပါတယ် …  ဒါကြောင့် ဗိုလ်ကျော်ဆန်း သတင်းစာရှင်းလင်းပွဲတွေမှာ ပြောတဲ့ သန့်ရှင်းတဲ့အစိုးရ ဖြစ်ဖို့ ဖော်ဆောင်နေတယ်ဆိုတာ နဲ့ ပတ်သက်ပြီး အောက်လက်ငယ်သားတွေက လိုက်နာကြပါတယ် ….

ဘယ်လိုလိုက်နာလဲဆိုတော့   တခါ ကျွန်တော်လက်ဖက်ရည်ဆိုင်ထိုင်နေရင်း ရဲသားကြီးတွေ ၀င်လာပါရော ဘာလို့မှန်းတော့မသိပေမရ့် နဲ့နဲ့တော့ လန့်သွားတာပေါ့ ပြီးလဲပြီးရော ကျွန်တော့ဘေးတစ်ဝိုင်းကျော်က ကျွန်တော်နဲ့ သိတဲ့ ဦးလေးကြီးတစ်ယောက်ကို ဖမ်းသွားရော သူက ချဲရောင်းတာလေ ကားပေါ်တင်ပြီး ခေါ်သွားတာ နာရီဝက်လောက်လဲကြာရော ပြန်ရောက်လာတယ် ပါးစပ်ကလည်း ပိုက်ဆံတောင်းတာတောင် လက်ထိပ်ခတ်ပြီး တောင်းတယ် ခွေးသတောင်းစားတွေ ဒီမှာတောင်းလဲရရဲ့သားနဲ့ ခုတော့ကွာ …. လို့ပြောတာ့   ကျွန်တော် စိတ်ဝင်စားသွားပြီး  ကိုညီ ဘယ်လိုဖြစ်တာလဲကွာ …. မင်းကလည်းသိသားနဲ့ ငါတောင်တော်တော်လန့်သွား တယ် ခွေးမသားတွေက စီမံချက်နဲ့လားပေါ့ကွာ ဘယ်ဟုတ်မလဲကွ  ဘီယာဆိုင်ကို ခေါ်သွားတယ် ပြီးလဲပြီးရော ငါ့ကို ငွေ 50000 တောင်းတယ်ကွာ ငါ့မှာ သိပ်မှ မပါတာ ကွာ အိမ်ပြန်ပြီးအတင်းယူခိုင်းတယ် သူတို့ ရှုံးနေလို့တဲ့ ….

ကဲဗျာ သန့်ရှင်းတဲ့အစိုးရဆိုတာ ဘာကိုခေါ်တာလဲ ဆိုတာ နားလည်ချင်ပါရဲ့ကျော်ဆန်း တယ်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပြည့်အစုံကို PDF ဖြင့် လေ့လာလိုပါက

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပြည့်အစုံကို PDF ဖြင့် လေ့လာလိုပါက

saiwunna  ကိုကလစ်လုပ်လိုက်ပါ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုင်း (3)

Article(25.1)Everyone has the right to standard of liveng adequatefor the health and well being of himself of his flmily, including food, clothing housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability,widowhood,old age or other lack of livelihood in circumstances beyond his control.

အပိုဒ်(၂၅.၁) ။ ။လူတိုင်းသည်မိမိနှင့်တကွ မိမိ၏မိသားစု ကျမ္မာရေးနှင့် ကိုယ်စိတ်နှစ်ဖြာအေးချမ်းစွာ လူတန်းစေ့နေနိုင်ရန် လိုအပ်သောအစာအာဟာရ၊အ၀တ်အထည်၊နေအိမ်၊ဆေးဝါးအကူအညီနှင့်လိုအပ်သည့် လူမှုအထောက်အပံ့များပါဝင်သော သင့်တော်လျှောက်ပတ်သည့် လူမှုအဆင်အတန်းကို ခံစားရယူပိုင်ခွင့်များရှိ သည်။ထို့အပြင် အလုပ်လက်မဲ့ဖြစ်သွားသောအခါ၌ ဖြစ်စေ၊မကျမ္မာသောအခါ၌ဖြစ်စေ၊ကိုယ်အင်္ဂါပိုင်းဆိုင်ရာ မသန်မစွမ်းသောအခါ၌ဖြစ်စေ၊မုဆိုးမဖြစ်သွားသောအခါ၌ဖြစ်စေ၊အသက်အရွယ် အိုမင်းမစွမ်းဖြစ်သွားသောအ ခါ၌ဖြစ်စေ၊မိမိကိုယ်တိုင် မတတ်နိုင်သောအကြောင်းကြောင့် မိမိဘာသာ ၀မ်းစာမရှာဖွေနိုင်တော့သည့်အခါ၌ ဖြစ်စေ၊နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချမှု အခွင့်အရေးရှိသည်။

Article(25.2)Motherhood and childhood are entitled to special care and assistance.All children, whether born in or out of wedlock, shall enjoy the same social protection.

အပိုဒ်(၂၅.၂) ။ ။မိခင်နှင့်မလေးများသည် အတူစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရယူပိုင်ခွင့်ရှိရမည်။တရားဝင်လက်ထပ်ပြီး မွေးလာသောကလေးဖြစ်စေ၊ အခြားနည်းဖြင့်မွေးလာသောကလေး ဖြစ်စေ မွေးလာသောကလေးငယ်များအားလုံးသည် လူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားရာ၌ တန်းတူအခွင့်အရေးရှိကြရမည်။

လူသားတိုင်းသည် အခြားသူများနည်းတူ မိမိနှင့်မိမိ၏မိသားစုကို ကျမ္မာစွာဖြင့်တင့်တယ်စွာ နေထိုင်နိုင်ရန်အတွက် မရှိမဖြစ်လိုပအပ်သော အစားအစာ၊အ၀တ်အစား၊အိုးအိမ်၊ဆေးဝါးပစ္စည်းများ၊အခါ အားလျှော်စွာ ကျမ္မာရေးစောင့်ရှောက်ခံပိုင်ခွင့်နှင့် အခြားလူမှုဖူလုံရေး အထောက်အကူ ပစ္စည်းများ ရယူကာ လူ့လောကအတွင်း၌ ကျမ္မာရေး၊လူမှုရေးတို့တွင် ပြည့်ပြည့်စုံစုံ အဆင့်အတန်းရှိရှိ နေထိုင်ခွင့်ရှိသည်။ထို့အပြင် မိမိသည် လုပ်လက်မဲ့ဖြစ်နေရသော အခြေနေ၌ဖြစ်စေ မိမိရုပ်ဘ၀မှာ အလုပ်လုပ်နိုင်စွမ်းမရှိနိုင်သော အခြေအနေဖြစ်သည့် နေထိုင်မကောင်းဖြစ်ကာ ကျမ္မာရေးချို့ယွင်းနေခြင်း၊ကိုယ်လက်အင်္ဂါ မပြည့်စုံသော အခြေနေနှင့် ရင်ဆိုင်နေရခြင်း၊အသက်အရွယ်အိုမင်းမစွမ်းဖြစ်လာခြင်းဟူသည့် တခုခုသော အခြေအနေများ၌ ဖြစ်စေ၊မိမိ၏မှီခိုရာ အိမ်ထောင်ဖက်ကွယ်လွန်သွားခဲ့လျှင်ဖြစ်စေ၊မိမိကြောင့် မဟုတ်ပဲ အလုပ်လက်မဲ့ဘ၀ကို ရင်ဆိုင်နေရသည့် အချိန်အခါ၌ဖြစ်စေ၊မိမိတွင် ဘ၀လုံခြုံမှုရရှိပိုင်ခွင့်ရှိသည်။အထူးသဖြင့် မိခင်နှင့်ကလေးများ ကို အထူးအခွင့်အရေးများပေးရမည်။တရားဝင်လကမ်ထပမထိမ်းမြာ်းထားသော အိမ်ထောင်ဖက်မှ ဖွားမြင်လာ သည့်ကလေးဖြစ်စေ၊လူသည်လူသားဖြစ်သောကြောင့် တရားဝင်သည်⁄မ၀င်သည်မှာ သက်ဆိုင်ခြင်းမရှိစေရပဲ တူညီသော လူမှုရေးအကာအကွယနှင့်အကူအညီကို ရယူခံစားပိုင်ခွင့်ရှိရမည်။

လူတိုင်းလူတိုင်းသည် အခြားသောလူသားများနည်းတူ လုံလောက်သော လူနေမှုအဆင့်အတန်းကို ရရှိခံစားပိုင်ခွင့်ရရှိပြီး ကျမ္မရေးအခြေအနေ ချို့ယွင်းလာသည့်အခါ ဆေးကုသမှုခံယူပိုင်ခွင့် ရှိသည်။

Article (26.1) Everyone has the right to education. Education shall by free, at leaslltl in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all in the basis of merit.

အပိုဒ် (၂၆၊၁) ။ ။ လူတိုင်းတွင် ပညာသင်ကြားပိုင်ခွင့် ရှိသည်။ အနည်းဆုံးမူလတန်းနှင့် အခြေခံပညာရေးအဆင့်တွင် အခမဲ့သင်ကြားပိုင်ခင့်ရှိရမည်။ မူလတန်းပညာရေးသည် မသင်မနေရပညာရေး ဖြစ်ရမည်။ စက်မှု/လက်မှုပညာနှင့် အသက်မွေးဝမ်းကြောင်းပညာရေးတို့ကို အကြမ်းအားဖြင့် လူအများသင်ယူနိုင်အောင် ဖန်တီးပေးထားရမည်။ အဆင့်မြင့် ပညာရေးကိုမူ အရည်အချင်းပေါ်မူတည်၍ သင်ယူရန် အခွင့်အရေးရှိသည်။ မိဘများတွင် မိမိ၏ သားသမီးများ သင်ယူရမည့် မညာရေးအမျိုးအစားကို ဦးစွာရွေးချယ်ခွင့်ရှိသည်။

Article(26.2)Education shall be directed to the full development of the human personality and to the strengthening of respect ror human rights and fundamental freedoms.It shall promote understanding, tolerance and friendship among all nations racial or religious groups, and shall further the activities of the United Nations for the maintenance of place.

အပိုဒ်(၂၆.၂) ။ ။ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာ အပြည့်အ၀တိုးတက်မှုအပြင် အခြေခံလွပ်လပ်ခွင့်နှင့် လူ့အခွင့်အရေး ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ပညာသင်ကြားရေးသည် နိုင်ငံများအားလုံး၌ဖြစ်စေ၊လူမျိုးစုများ၌ဖြစ်စေ၊ဘာသာရေးအ သင်းအဖွဲ့များ၌ဖြစ်စေ အချင်းချင်းအကြား သည်းခံနားလည်မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို ဖေါ်ဆောင်ခြင်းဖြစ်စေ ရမည်။ထို့အပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက်အောင် အားပေးဖေါ်ဆောင်ရမည်။

Article(26.3) Parents have a piror right to hoose the kind of education that shall be given to their children.

အပိုဒ်(၂၆.၃) ။ ။မိဘတို့တွင် မိမိတို့၏ ကလေးငယ်များကို သင်ယူရမည့် ပညာရေးအမျိုးအစားကို ပထမဦးစွာရွေးချယ်နိုင်သော အခွင့်အရေးများရှိစေရမည်။

မည်သူမဆို ပညာသင်ကြားပိုင်ခွင့်ရှိရမည်။နိုင်ငံတိုင်း၏ ပညာရေးစနစ်သည်အနည်းဆုံးအားဖြင့် မူလတန်းအဆင့်နှင့် အခြေခံပညာရေးအဆင့်တို့ကို မဖြစ်မနေ မသင်မနေရ အခမဲ့ပညာရေးစနစ်အဖြစ် နိုင်ငံတော်မှ သတ်မှတ်ပြဋ္ဌာန်းထားရမည်။နည်းပညာရေးဆိုင်ရာ ဘာသာရပ်များနှင့် အသက်မွေးဝမ်းကြောင်း ပညာရေးဆိုင်ရာ ဘာသာရပ်များတို့ကို မည်သူမဆို သင်ကြားတတ်မြောက်ပိုင်ခွင့်ရှိပြီး ထိုကဲ့သို့ လူအများ သင်ယူတတ်မြောက်နိုင်စေရန်အတွက် အခြေအနေများကိုလည်း နိုင်ငံတော်အစိုးရများမှခွင့်ပြုဖန်တီးပေးထား ရမည်။အဆင့်မြင့် ပညာရေးဘာသာရပ်များကိုမူ တက်ရောက်သင်ကြားလိုသူ အသီးသီး၏အရည်အချင်း အဆင့်အတန်းပေါ်မူတည်၍ သင်ကြားနိုင်ရန် တူညီသော အခွင့်အရေးများရှိရမည်။မိဘများသည် မိမိတို့၏အရွယ်မရောက်သေးသော သားသမီးများအတွက် သင်ယူရမည့် ပညာရေးလမ်းကြောင်းအမျိုးအစား အား ပထမဦးဆုံးရွေးချယ်စဉ်းစား ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်။

လူသားတိုင်းသည် ပညာသင်ကြားပိုင်ခွင့်ရှိရမည်။ထိုသို့ သင်ကြားနိုင်စေရန်အတွက်လည်း နိုင်ငံတော်အစိုးရများမှ စနစ်တကျ စီမံဖန်တီးပေးထားရမည်။

Article(27.1)Everyone has the right freely to participate in the cultural life of the community, to enjoy the arts and to share in scientific advancement and its benefits.

အပိုဒ်(၂၇.၁) ။ ။လူတိုင်းသည် မိမိတို့နှင့်သက်ဆိုင်ရာ ယဉ်ကျေးမှုနယ်ပယ်၌ လွပ်လပ်စွာဖြင့် ဆောင်ရွက်ပါဝင်ပိုင်ခွင့် အနုပညာပိုင်းဆိုင်ရာ ပညာရပ်များကို လွပ်လပ်စွာဖြင့် လေ့လာလိုက်စားနိုင်ခွင့်နှင့် ထိုပညာရပ်များ၏ ရလဒ်ဖြစ်သည့် အကျိုးအာနိသင်များကို လွပ်လပ်စွာ ခံစားသုံးစွဲပိုင်ခွင့်များ ရှိသည်။

Article(27.2)Everyone has the right to the protection of the moral and material intersts resulting from any scientific, literary or artistic production of which he is the author.

အပိုဒ်(၂၇.၂) ။ ။လူတိုင်းသည် သိပ္ပံပညာရပ်များမှဖြစ်စေ၊စာပေမှဖြစ်စေ၊အနုပညာပိုင်းဆိုင်ရာမှဖြစ် စေ၊မိမိ၏ကိုယ်ပိုင်ညဏ်ဖြင့် တီထွင်ဖန်တီးလိုက်သောကြောင့် ဖြစ်ထွန်းပေါ်ပေါက်လာသည့် အကျိုးကျေးဇူး များဖြစ်သည့် ရလာသောငွေကြေး၊ရုပ်ဝတ္ထု၊ဂုဏ်သတင်းကျော်ဇောမှု အကျိုးအမြတ်များကို ခံစားပိုင်ဆိုင်နိုင်ရန် နှင့် အဆိုပါအခွင့်အရေးအတွက် ကာကွယ်ပိုင်ခွင့် အခွင့်အရေးတို့ရှိကြသည်။

လူသားတိုင်းသည် ဤလူ့လောကအသိုင်းအ၀ိုင်းထဲရှိ လောကီ၊လောကုတ္တရာ အတတ်ပညာမှန်သမျှ ကို လွပ်လပ်စွာသင်ကြားပိုင်ခွင့်၊လေ့လာလိုက်စားပိုင်ခွင့်ရှိပြီး ၎င်းပညာရပ်များမှ ပေါ်ထွက်လာသော အကျိုးရလဒ်များကိုလည်း လွပ်လပ်စွာမျှဝေပိုင်ခွင့်၊ဟောပြောပို့ချပိုင်ခွင့်ရှိကြသည်။ထို့အပြင် မိမိတို့၏ ကိုယ်ပိုင်ညဏ်ဖြင့် အသစ်တီထွင်ဖန်တီးလိုက်သည့် သစ်လွင်သော ရုပ်ဝတ္ထုပစ္စည်းတို့ကိုဖြစ်စေ၊နည်းပညာ ပိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက်များကိုဖြစ်စေ၊စာပေနှင့်အနုပညာဆိုင်ရာ အသစ်တီထွင်ဖန်တီးမှုတို့ကြောင့် ရရှိပေါ်ထွက်လာသော ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူး အမြတ်အစွန်းတို့ကိုဖြစ်စေ ရရှိခံစားပိုင်ခွင့်နှင့် ကာကွယ်ပိုင်ခွင့်ရှိကြသည်။

လူတိုင်းသည် မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၌ မည်သည့် အသိပညာ၊အတတ်ပညာများကိုမဆို သင်ကြားတတ်မြောက်ပိုင်ခွင့်၊လေ့လာလိုက်စားပိုင်ခွင့်နှင့် အသစ်စမ်းသပ်တီထွင်ပိုင်ခွင့်တို့ ရှိကြပြီး ၎င်းတို့ရရှိ လာသော အကျိုးရလဒ်များကိုလည်း မျှဝေပိုင်ခွင့် ခံစားပိုင်ခွင့်နှင့် ကာကွယ်ပိုင်ခွင့်များ ရှိကြသည်။

Article(28)Everyone is entitled to a social and internationalorder in which the rights and freedoms set form in Declaration can be fully realized.

အပိုဒ်(၂၈) ။ ။မည်သူမဆိုသည် ဤကြေငြာစာတမ်းအတွင်းတွင်ပြဋ္ဌာန်းဖေါ်ပြထားသည့် လွပ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများကို အပြည့်အ၀လေးစားလိုက်နာ၍ ခံစားရယူနိုင်သော လူမှုရေးအခြေအနေများနှင့် နိုင်ငံတကာအခြေအနေများတို့၏ အကျိုးကျေးဇူးများကို ရရှိပါဝင် ခံစားပိုင်ခွင့်ရှိကြည်။

လူတိုင်းလူတိုင်းသည် ဤလူ့အခွင့်အရေးကြေငြာစာတမ်းများတွင် ထည့်သွင်း၍ပြဋ္ဌာန်းထားသော လူ့အခွင့်အရေးများနှင့် လွပ်လပ်မှုများကို အပြည့်အ၀လေးစားပြီး အသိအမှတ်ပြုလိုက်နာကျင့်သုံးမည့် မည်သည့်အသိုင်းအ၀ိုင်းနှင့် အဖွဲ့အစည်းများ၌မဆို နေထိုင်ခွင့်နှင့် လွပ်လပ်စွာပါဝင်လှုပ်ရှားပိုင်ခွင့်တို့ အပြည့်အ၀ရှိကြသည်။

မည်သူမဆို လူတိုင်း၏လွပ်လပ်မှုနှင့် လူ့အခွင့်အရေးတို့ အပြည့်အ၀ရရှိစေရေးတို့အတွက် ဤကြေငြာစာတမ်းပါ လူ့အခွင့်အရေးများကို လေးစားလိုက်နာသွားရမည် ဖြစ်သကဲ့သို့ မည်သည့်အဖွဲ့အစည်း အသိုင်းအ၀ိုင်းမဆိုကလည်း မိမိတို့၏အ၀န်းအ၀ိုင်းအတွင်းသို့ လူအများပါဝင်နိုင်စေ ရေးအတွက် ဤကြေငြာစာတမ်းပါ လူ့အခွင့်အရေးများကို အပြည့်အ၀လေးစားလိုက်နာ ကျင့်သုံးသွားရမည်။

Article(29.1)Everyone has duties to the community in which alone the free and full development this personality is possible.

အပိုဒ်(၂၉.၁) ။ ။မိမိတို့၏ စရိုက်လက္ခဏာ လွပ်လပ်စွာဖွံဖြိုးတိုးတက်နိုင်သည့် လူ့အသိုင်းအ၀ိုင်းအတွက် လူတိုင်းသည် တာဝန်ရှိသည်။

Article(29.2)In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of other and of meeting just requirements of morlity, public order and the general welfare in a democratic society.

အပိုဒ်(၂၉.၂) ။ ။မိမိ၏အခွင့်အရေးများနှင့် လွပ်လပ်ခွင့်များကို ကျင့်သုံးရာ၌ လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွပ်လပ်ခွင့်များကို လေးစားရိုသေအသိအမှတ်ပြုစေရန်အတွက်နှင့် ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာမှုရှိစေရေး၊လူ ထုကြီး၏အကျိုးစီးပွား ဖြစ်ထွန်းတိုးတက်ရေးတို့အား တရားမျှတစွာကျင့်သုံးရန်တို့အတွက် ဥပဒေပြဋ္ဌာန်းထား သည့် ချုပ်ချယ်မှုများနှင့် ကန့်သတ်ခြင်းခံရသည်။

Article(29.3)These rights and freedoms may in no case be exercised contrary to the purposes and principles of the United Nations.

အပိုဒ်(၂၉.၃) ။ ။အဆိုပါ လွပ်လပ်ခွင့်များနှင့် အခွင့်အရေးများကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့်ဖြစ်စေ အခြေခံမူများနှင့်ဖြစ်စေ ဆန့်ကျင်ဖက်ပြု၍ အသုံးချခြင်း မပြုလုပ်ရ။

လူသားတိုင်းသည် မိမိ၏ကိုယ်ရည်ကိုယ်သွေးများကို ပြည့်ဝတိုးတက်လာအောင် လွပ်လပ်မှုနှင့် လူ့အခွင့်အရေးများကို ဆောင်ကျဉ်းပေးထားသော လောကလူ့ဘောင်ကြီးကို ကျေးဇူးဆပ်ခြင်းတရားအား ပြန်လည်ပေးဆပ်ရန် တာဝန်ရှိသည်။မည်သူမဆို မိမိ၏လွပ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို ရယူကျင့်သုံးရာ၌ အခြားသူများ၏ လွပ်လပ်ခွင့်နှင့် အခွင့်အရေးများကို ထိခိုက်ဆုံးရှုံးခြင်းမရှိစေရအောင် အပြည့်အ၀အသိအမှတ်ပြု လိုက်နာကြရမည်။နိုင်င်ံအသီသီး၌ ပြဋ္ဌာန်းလားသည့် ဥပဒေများသည် ဤလူ့အခွင့်အရေးကြေငြာစာတမ်းပါ အချက်အလက်များကိုဆန့်ကျင်တွန်းလှန် နိုင်ခွင့်ရှိကြသည့် အားလျှော်စွာ လူတိုင်းသည် မိမိတို့၏ လူ့အခွင့်အရေးများ၊လွပ်လပ်ခွင့်များနှင့် ရရှိပိုင်ခွင့်များ ရယူကျင့်သုံးကြရာ၌ ဥပဒေမှခွင့်ပြုထားသော အတိုင်းအတာများထက် ကျော်လွန်ရယူပိုင်ခွင့်မရှိစေရ။

မည်သူမဆို မိမိတို့ကို လူ့ဘောင်လောကကြီးမှ ပေးအပ်ထားသော အခွင့်အရေးများနှင့် ရပိုင်ခွင့်များအတွက် ပြန်လည်ကျေးဇူးဆပ်ကြရမည်။ထို့အပြင် မိမိတို့၏ အခွင့်အရေးများကို ရယူကျင့်သုံးရာ၌ အခြားသူများ၏ အခွင့်အရေးများကို ထိပါးစေခြင်းမရှိစေရ။ထို့ပြင် မိမိတို့၏ အခွင့်အရေးများကို ရယူကျင့်သုံးရာ၌ မည်သူမဆို ဥပဒေမှခွင့်ပြုထားသည်ထက် ကျော်လွန်ခြင်းမရှိစေရ။

Article(30)Nothing in this Declation may be imterpreted as implying for any atate, group or person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set form herein.

အပိုဒ်(၃၀) ။ ။ဤကြေငြာစာတမ်းပါ လွပ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများအား ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်ပေါ်လာစေရန်အတွက် ရည်ရွယ်၍ နိုင်ငံတခုခုအတွက်ဖြစ်စေ၊ လူပုဂ္ဂိုလ်တစုအတွက် ဖြစ်စေ၊လူပုဂ္ဂိုလ်တဦးတယောက်အတွက်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်ဟူ၍လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်ဟူသော်လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်း လုပ်ရပ်မျိုး အလျဉ်း မပြုလုပ်စေရ။

ဤလူ့အခွင့်အရေးကြေငြာစာတမ်းပါလူ့အခွင့်အရေးများနှင့်လွပ်လပ်ခွင့်များကို ပျက်စီးဆုံးရှုံးစေနိုင်ေ မည်သည့်လုပ်ငန်းစဉ်နှင့်လုပ်ရပ်မျိုးကိုမဆိုမည်သည့်နိုင်ငံတခုခုမှဖြစ်စေ၊မည်သည့်အဖွဲ့အစည်းတခုခုမှဖြစ်

စေ၊မည်သည့်လူပုဂ္ဂိုလ်တဦးမှဖြစ်စေ ပြုလုပ်ပိုင်ခွင့် လုံးဝမရှိကြစေရ။

မည်သူမဆို ဤကြေငြာစာတမ်းပါ မည်သည့်အချက်အလက်ကိုမဆို လုံးဝချိုးဖေါက်ခြင်း မရှိစေရ။

ဒီလိုသိတဲ့သူတွေကတော့ အဲဒီလိုအခြေအနေနဲ့ အချိန်ကာလမျိုးမှာသူတို့အလုပ်သင့်ဆုံးဆိုတဲ့ အလုပ်တွေကိုလုပ်ကြရတာပဲ။

ယခု စာမူကို ပေးပို့ပေးသော ညီငယ် မျိုးကိုနှင့် ချာခီးလာအား ကျေးဇူးတင်ပါသည် ။

စိုင်းဝဏ္ဏ

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[meelayzar ရဲ့ ပန်းသွန်းတဲ့ဥယျာဉ်] 1 New Entry: အချစ် လား

အချစ် လား

နင့်ရဲ့ နူးညံ့တဲ့

နှုတ်ခမ်း နှစ်လွှာမှ

စကားသံ တိုးတိုးလေးက

ငါ့ရဲ့ ရင်ကို

လာရောက်ထိခတ် ခဲ့သလို......

မျက်ဝန်းအကြည့် တစ်ချက်ကလဲ

ရင်မှာ ထာဝရ

စွဲငြိ စေပြန်တယ်....၊

မေ့ပြစ်ဖို့ ကြိုးစားတိုင်း

အတွေးထဲ ရောက်ရောက်လာတဲ့

နင့် အပြုံး

နင့် ပုံရိပ်ကို

မမေ့နိုင်အောင် ဘယ်လိုများ

ပြုစားထားပါလိမ့်......၊

အဲ့ဒါ သူများတွေ

ပြောပြောနေတဲ့

အချစ်ဆိုတာကို ...

ငါခံစား နေရတာလား....................၊

နှင်း

You received this email because you are subscribed to the real_time feed for http://khaingthinzar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အောင်သာငယ်] 1 New Entry: အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ














အဖြူရောင် ပန်းတပွင့် ဖြစ်ပြီး
အနက်ရောင် ပန်းတပွင့်လည်း ဖြစ်သည်။

၁ + ၁ = ၁ ဖြစ်သည့် အရာ ဖြစ်ပြီး
၁ + ၁ = ၂ ဖြစ်သည့် အရာလည်း ဖြစ်သည်။

တခါတရံ ၁ + ၁ = ၀ ဖြစ်တတ်သည့် အရာ ဖြစ်ပြီး
တခါတရံ ၁ + ၁ = အဆုံးအစမဲ့ ဖြစ်တတ်သည့် အရာလည်း ဖြစ်သည်။

စီးကရက် မီးခိုးငွေ့တခုလည်း ဖြစ်ပြီး
မီးမညှိရသေးသော စီးကရက် တလိပ်လည်း ဖြစ်သည်။

ကြည့်မှသာ မြင်ရသော လရောင်အပြာ ဖြစ်ပြီး
မကြည့်ဘဲ မြင်နေရသော လရောင် မှုန်မွှားလည်း ဖြစ်သည်။

ညဥ့်အခါကျမှသာ မြင်ရသော ပိုးစုန်းကြူးတကောင် ဖြစ်ပြီး
နေ့အခါတွင် မမြင်ချင်အဆုံးသော ပျံလွှားငှက် တကောင်လည်း ဖြစ်သည်။

အနက်ရှိုင်းဆုံး အရပ်မှလာသော အတိုးတိမ်ဆုံး အသံဖြစ်ပြီး
အနိမ့်ပါးဆုံး အရပ်မှလာသော အပေါက်ကွဲဆုံး မိုးခြိမ်းသံလည်း ဖြစ်သည်။

လေဟာနယ်တကာထက် ပိုမို လစ်ဟာနေသော အရာ ဖြစ်ပြီး
အသိပ်သည်းဆုံးဒြပ်ထုများကို သယ်ဆောင်ထားသည့် တွင်းနက်တလုံးလည်း ဖြစ်သည်။

ကမ္ဘာဦးကျမ်းပါ အမှောင်တကာထက် ပိုမိုမှောင်သော အမှောင် ဖြစ်ပြီး
ဘုရားသခင် ဖန်ဆင်းသော အလင်းထက် ပိုမို တောက်ပသော အလင်းရောင်လည်း ဖြစ်သည်။

ရေသာမက အခြားအရာများကိုပါ ထည့်ယူသယ်ဆောင်နိုင်သော ရေပုံး အလွတ် တပုံး ဖြစ်ပြီး
အခြားအရာများမှလွဲ၍ မည်သည့် ရေကိုမျှ မသယ်ယူနိုင်သော ခြင်းကြားတလုံးလည်း ဖြစ်သည်။

နိုင်ငံတော် အာဏာနှင့် ကောင်းကင်နိုင်ငံတော်ကို သူ့ခြေဖ၀ါးအောက်မှာ နင်းထားသူ ဖြစ်ပြီး
နိုင်ငံတော် အာဏာနှင့် ကောင်းကင်နိုင်ငံတော်ကို အံ့သြဘွယ်ရာ သူ့ ဦးခေါင်းထက်မှာ တင်ထားနိုင်သူလည်း ဖြစ်သည်။

တစုံတရာများဖြင့် ဖြည့်ဆည်း ပြည့်နှက်နိုင်စေသော အခန်းလွတ် တခု ဖြစ်ပြီး
ဖြည့်ဆည်းပြီးသည့်တိုင် အမြဲတစေ လိုအပ်နေတတ်သော ထပ်မံဖြည့်စွက်နေရဦးမည့် ကွက်လပ်တခုလည်း ဖြစ်သည်။

တစုံတရာနှင့် တစုံတဦး အကြား၊ တစုံတဦးနှင့် အခြား တစုံတဦးအကြား ချည်နှောင်ထားသော ကိုယ်ပျောက်ကြိုး တချောင်း ဖြစ်ပြီး
သူ၏ အတိုင်းအဆကို အလျား x အနံ x အမြင့် = ထုထည် ဟူသော ပုံသေနည်းဖြင့် ညီမျှခြင်းချမရသည့် ကြီးမြတ်သော ကြိုးတချောင်းလည်း ဖြစ်သည်။

ဦးနှောက်ဆိုသော အရာမှ ထွက်လာပြီး နှလုံးသားဆိုသောအရာကို ကျဉ်စက်ဖြင့် သွားသွားတို့တတ်သော လျှပ်စစ်လှိုင်းများ ဖြစ်ပြီး
နှလုံးသားဆိုသော အရာမှ ထွက်လာပြီး ဦးနှောက်ဆိုသောအရာကို လက်ထိပ်ခတ်ထားလေ့ရှိသော အလင်းလှိုင်းများလည်း ဖြစ်သည်။

မသိနားမလည်ခြင်းဟူသမျှ၏ ဖခင်ဖြစ်ပြီး
သိနားလည်ခြင်းဟူသမျှ၏ မိခင်လည်းဖြစ်သည်။

အစအားလုံး၏ အဆုံးဖြစ်ပြီး
အဆုံးအားလုံး၏ အစလည်းဖြစ်သည်။

သူကိုယ်တိုင် အာဒမ်ဖြစ်ပြီး
သူကိုယ်တိုင် ဧ၀လည်း ဖြစ်လေသည်။

သူကိုယ်တိုင် တားမြစ်ထားသော ပန်းသီးတလုံးဖြစ်ပြီး
သူကိုယ်တိုင် ဖန်ဆင်းတတ်သော ဘုရားသခင်လည်း ဖြစ်လေသည်။


(အခုရေးမိသမျှကို ကဗျာလို့ပဲ ပြောပြော၊ ခံစားမိသလိုရေးတဲ့စာ လို့ပဲ ပြောပြော၊ ပြောချင်တာပြော အမည်ပေးချင်တာသာ ပေးကြပါ)

ကူးစက် ခံစားနိုင်ကြဖို့ရာ အောက်ပါ မိတ်ဆွေများကို TAG ပါသည်။ အချိန်ရက ရေးကြပါရန်။

mirror၊ တူးတူးသာ၊ ခေါင်ခေါင်၊ လင်း၊ သက်ဝေ၊ ပန်ဒိုရာ၊
တောကျောင်းဆရာ၊(ရေးပြီး) မျက်ဝန်းနက်၊ ဇင်ယော်၊ တူမောင်မျိုး၊
သစ်နက်ဆူး၊ မျိုးဝင်းဇော်၊ လင်းထက်၊(ရေးပြီး) မောင်ဖုန်းမြင့်၊ (ရေးပြီး)

You received this email because you are subscribed to the real_time feed for http://aungthange.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ရင်မှ ခံစားမှုများ] 1 New Entry: Credit Card ကို အသုံးပြုရာဝယ်

Credit Card ကို အသုံးပြုရာဝယ်

တန်ဆေး လွန်ဘေး...............................................တဲ့။

သင့်တော်ရုံ သုံးလျှင် အကျိုးရှိသော်လည်း လွန်ကဲစွာသုံးလျှင် ဒုက္ခရောက်တတ်သော အရာများတွင် Credit Card (အကြွေးကဒ်)လည်းပါသည်။ Credit Card (အကြွေးကဒ်)သည် စနစ်ကျကျ သုံးတတ်လျှင် အရမ်းအသုံးဝင်ပါသည်။ ငွေအများကြီးသယ်သွားစရာမလိုပဲ Credit Card (အကြွေးကဒ်)တစ်ကဒ် ရှိရုံဖြင့် နိုင်ငံရပ်ခြားခရီးသွားလျှင်လည်း အဆင်ပြေလှသည်။ Credit Card (အကြွေးကဒ်)ဆိုသည့်အတိုင်း အကြွေးဖြင့် ဝယ်လို့ရသဖြင့် လက်တလော လက်ငင်းငွေမရှိသောသူများအနေနှင့်လည်း အကြိုက်တွေ့ကြသည်။ သို့သော်၊ Credit Card (အကြွေးကဒ်)ကို လုပ်ဖို့ ကိုတော့ လူတွေ လက်တွန့်ကြသည်။ "တော်ကြာ၊ ငါ့Credit Card (အကြွေးကဒ်) ကနေ ငွေတွေ ထုတ်သွားရင် ဘယ်လိုလုပ်ရမလဲ "ဟု စိုးရိမ်ပူပန်တတ်ကြသူများလည်း မနည်းလှပါ။ ဂျပန်မှာ ရှိသော သူငယ်ချင်းများထဲတွင် Credit Card (အကြွေးကဒ်)မရှိသောသူများ၊ လုပ်ရန် မစဉ်းစားသောသူများကိုလည်း ခဏခဏတွေ့ဖူးသည်။ ထိုသို့သော သူများသည် Credit Card (အကြွေးကဒ်)အကြောင်းကို နားမလည်သောကြောင့်ဖြစ်ပါသည်။ ကျမသိသလောက် ပြောရလျှင် Credit Card (အကြွေးကဒ်)ကို ပိုင်ရှင်မသိအောင် ခိုးသုံးရန် အချက်(3)ချက်သိရန်လိုပါသည်။ ကဒ်နံပါတ်၊ ကုန်ဆုံးမည့် ရက်စွဲ၊ Sign ဘေးမှာပါသော နောက်ဆုံးဂဏန်းနံပါတ်(3)လုံး(သို့)(Security code)ဆိုသော အချက်တွေပါ။

ပုံနှင့်တကွ ပြထားပါသည်။ကြည့်ကြည့်ပါရှင်။
(NO.4) မှာ ပြထားတဲ့ ကဒ်နံပါတ်၊
ဒါကတော့ Bank Card နဲ့ အတူတူပင် ဖြစ်သည်။ ဥပမာပြထားသော ပုံတွင် တွေ့ရသည့်အတိုင်း ဂဏန်း(16) လုံးမှာ Credit Card (အကြွေးကဒ်) ရဲ့ ကဒ်နံပါတ်များပင် ဖြစ်တော့သည်။ ဂဏန်းအားလုံးပါမှ အသုံးပြုလို့ ရသဖြင့် ပိုက်ဆံအိတ်ထဲတွင် တစွန်းတစ ထွက်နေရုံဖြင့် "ကဒ်ကိုမြင်သွားမလား ၊ အသုံးပြုလို့ ရသွားပြီလား " ဟူသော အကြောင်းမဲ့စိုးရိမ်ခြင်းများ မလိုအပ်ပါ။

(NO. 6) မှာ ပြထားတဲ့ သုံးစွဲခွင့်ကုန်ဆုံးမည့် ရက်စွဲ၊
ဒါလည်း အရေးကြီးလှပေသည်။ သုံးစွဲခွင့်ကုန်ဆုံးမည့် (လနှင့် နှစ် )မသိလျှင် ကဒ်ကို သုံးစွဲလို့ မရပါ။ ဂျပန်မှ တစ်ချို့Credit Card (အကြွေးကဒ်) များသည် "လ၊ နှစ်" ဟု စာမရေးထားပါ။ ဂဏန်းလေးပဲ ဖော်ပြတတ်တာတွေ့ဖူးပါသည်။ အဝေးက ကြည့်ရုံဖြင့် နားမလည်စေရန် ရည်ရွယ်သည်ဟု ထင်ပါသည်။
(NO.10) မှာ ပြထားတဲ့ Authorized Signature ဘေးမှာပါသော ဂဏန်းနံပါတ်(3)လုံး(သို့)(Security code)ပါ။
Credit Card (အကြွေးကဒ်) ၏ အနောက်ဘက် မျက်နှာစာတွင် Authorized Signature ထိုးရသောနေရာရှိပါသည်။ ထို Authorized Signature ထိုးရသောနေရာကွတ်လပ်၏ အပေါ်ထောင့်စွန်းတွင် ဂဏန်းလေးများပါပါသည်။ ထုတ်လုပ်သော Card Company ၊ ကဒ်အမျိုးအစားကိုလိုက်၍ ပါဝင်သော ဂဏန်းအရေအတွက်မတူပါ။ အရေးကြီးသည်မှာ နောက်ဆုံးဂဏန်း(3)လုံးဖြစ်သည်။ ထိုနောက်ဆုံးဂဏန်း(3)လုံး များကို မသိခဲ့ပါလျှင် ကျန်သောအချက်(2)ခုကို သိလျှင်တောင်မှ အသုံးပြုလို့မရပါ။

ထိုနည်းတူ နောက်ဆုံးဂဏန်း(3)လုံး နှင့်ကဒ်နံပါတ် အချက်(2)ချက်ထဲ သိရုံဖြင့် မည်သို့မှအသုံးပြုလို့မရပါ။ ဆိုလိုချင်သည်မှာ အထက်ပါ ဖော်ပြထားသော အချက်သုံးချက်စလုံးသိမှ အသုံးပြုလို့ရပါသည်။
အထူးသတိပြုသင့်သည်မှာ Online (Chatting)ထဲတွင် ထိုအချက်(3)ချက်ကို တတ်နိုင်သလောက် မရေးရန်ဖြစ်ပါသည်။ Online ဈေးဝယ်သောအခါတွင်လည်း အခြေခိုင်မာမည်ထင်သော Websiteများမှ ဝယ်သင့်ပါသည်။ အဆိုပါ အချက်(3)ချက်ကို ခိုးသော လူများလည်း Online ထဲတွင်အများအပြားရှိသည်ဟု ကြားဖူးပါသည်။ Credit Card (အကြွေးကဒ်) သုံးစွဲခြင်းမကျွမ်းကျင်လျှင် Online တွင် ဈေးမဝယ်တာအကောင်းဆုံးဖြစ်မည်ဟု အကြံပေးချင်ပါသည်။

အပြင်မှာ Credit Card (အကြွေးကဒ်) ကို အသုံးပြုသောအခါတွင် စက်ထဲ ထည့်၊ Authorized Signature ထိုးခြင်း(သို့ )လျှို့ဝှက်နံပါတ် ကို ရိုက်ထည့်ခြင်းဖြင့် အလွယ်တကူ အသုံးပြုလို့ ရနေပါသဖြင့် အပြင်မှာ အသုံးပြုခြင်းသည် Online ထဲတွင်အသုံးပြုခြင်းထက် အန္တရာယ်ကင်း၊ဘေးရှင်းသည်ဟု ထင်ပါသည်။

မတော်တဆ မှားပြီး အဆိုပါ အချက်(3)ချက်ကို တပါးသူသိသွားခဲ့သည်ဆိုပါစို့။
Credit Card (အကြွေးကဒ်)ကို ပိတ်ဖြစ်လို့ ရပါသည်။ ဂျပန်နိုင်ငံတွင် Credit Card (အကြွေးကဒ်)နှင့်ပတ်သတ်၍ 24 Hours Service System ရှိပါသဖြင့် သုံးစွဲခွင့်ကို ချက်ချင်းပိတ်ဖြစ်လို့ ရပါသည်။ (တခြားနိုင်ငံများတွင် မည်သို့သော System သုံးသည်ကား မသိပါ။)

သုံးစွဲခွင့် ပိတ်လိုက်ပါသော်လည်း မသမာသောသူမှာ ပိုင်ရှင်မသိအောင် သုံးစွဲသွားပြီဆိုပါစို့။
Credit Card Company ကို အကျိုးအကြောင်းပြောပြပြီး တိုင်ကြားလို့ရပါသည်။ ထိုသို့တိုင်ကြားရာတွင် မှန်ကန်ဖို့တော့ လိုပါသည်။ကိုယ် သုံးစွဲခဲ့သော ငွေပမာဏမှာ မည်မျှရှိကြောင်း၊ ကျန်သော ငွေပမာဏမှာ ကိုယ်နှင့်မဆိုင်၊ တခြားသူမှ ခိုးယူသုံးစွဲသွားခြင်းဖြစ်ကြောင်း အသေးစိတ် ရှင်းပြရန် လိုအပ်ပါသည်။ ကိုယ်ပေးသော အချက်အလက်မှန်ကန်ပါလျှင်၊ ပိုင်ရှင် အမှန်အကန် သုံးစွဲထားခြင်းမရှိပါလျှင် Credit Card Company မှ အလျော်ပေးပါသည်။ ပထမ စစချင်းတော့ ကိုယ့်ကဒ်ဖြစ်နေသဖြင့် ငွေချေရမည့်အချိန်ရောက်လာသော် ငွေချေပေးရပါမည်။ သို့သော်၊ ထိုငွေများကို နောက်ထပ်(1)လ(သို့)(2)လအကြာတွင် ပြန်လည်ရရှိမည်ဖြစ်ပါသည်။ Bank Companyနှင့် ချိတ်ထားသော Credit Card Company ဆိုလျှင် Bank account မှ တဆင့် ပြန်လည်ရရှိနိုင်သော်လည်း၊ Credit Card Company သီးသန့်ဆိုလျှင် ကိုယ့်မသုံးစွဲခဲ့ပဲ ပေးချေခဲ့ရသော ငွေပမာဏပြည့်သည်တိုင်အောင် နောက်လ၊ နောက်လများတွင် ငွေထပ်ပေးချေစရာမလိုပဲ သုံးစွဲခွင့်ရကြပါသည်။

ထိုသို့သော Security များလည်းရှိပါသဖြင့် Credit Card သုံးစွဲခြင်းသည် သုံးတတ်လျှင် အရမ်းကောင်းပါသည်ဟု ပြောကြားချင်ပါသည်။ မသုံးတတ်ခဲ့လျှင်တော့ အကြွေးသံသရာထဲတွင် လက်ပစ်ကူးနေနိုင်ပါသည်။

ဂျပန်တွင် ရှိသော Credit Card (အကြွေးကဒ်)များ နမူနာဖြစ်ပါသည်။
ကျောမျက်နှာစာဖြစ်ပါသည်။

မှတ်ချက်၊ တစ်ချို့ပုံများကို Google Search မှ ရယူပါသည်။
ကျမရှင်းပြထားသောအချက်အလက်များထက် ပိုမိုကောင်းမွန်ပြည့်စုံစွာရှင်းပြနိုင်မည့်သူများ ရှိခဲ့ပါလျှင် Commentတွင် သော်လည်းကောင်း၊ Cboxတွင် သော်လည်းကောင်း ပြောပြပေးစေချင်ပါသည်။ :y

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.