Saturday, November 15, 2008

[Pyu State] 2 New Entries: အမိန့်ချတော့မည့် နိုင်ငံရေး အကျဉ်းသားစာရင်း

အမိန့်ချတော့မည့် နိုင်ငံရေး အကျဉ်းသားစာရင်း

တရားလို/စွပ်စွဲခံရသူ/အကြောင်းအရာ(ပုဒ်မ)/အမှုနံပါတ်/တရားရုံး

(၁)ဒုရဲမှူးကြီးဇော်မင်းအောင်/ မင်းကိုနိုင် ပါ(၃၇)/ အမျိုးသားညီလာခံ
ပုဒ်မ(၄)/ ၅၄/၀၈ / အင်းစိန်အကျဉ်ထောင် သီးသန့် အထူးရုံး
(၂)ဒုရဲမှူးကြီးဇော်မင်းအောင်/ မင်းကိုနိုင် ပါ(၂၃)/ အီလက်ထရောနစ် ၃၃-က/
၉၂/၀၈ / အင်းစိန်အကျဉ်းထောင် သီးသန့် အထူးရုံး
(၃)ဒုရဲမှူးကြီး ကျော်စိုး/ မင်းကိုနိုင် ပါ(၃၇)/ ပြစ်မှုပုဒ်မ ၅၀၅(ခ)/ ၁၁၆/၀၈ /
အင်းစိန်အကျဉ်းထောင် သီးသန့် အထူးရုံး
(၄)ရဲမှူးရဲညွန့်/ ဦးဂမ္ဘီရ ပါ-၁၁/ ၂၉၅-က/၅၀၅-ခ/ ၁၆၅/၀၈ / အင်းစိန်
အကျဉ်းထောင် သီးသန့်အထူးရုံး
(၅)ရဲမှူးရဲညွန့် / ဦးဂမ္ဘီရ /၂၉၅-က/၅၀၅-ခ /၅၀၈/၀၈ /အင်းစိန် အကျဉ်း
ထောင် သီးသန့် အထူးရုံး
(၆)ရဲမှူးမျိုးသန့်/ မျိုးရန်နောင်သိန်းပါ-၂/ ၅၀၅(ခ)/ ၁၁၃/၀၈ /အင်းစိန်
အကျဉ်းထောင် သီးသန့် အထူးရုံး
(၇)ဒုရဲမှူးမျိုးသန့်/မင်းဟန်(ခ)မီရှဲလ်/ ၁၄၃/၁၄၅/၁၄၇/၁၅၂/၂၁၄/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၈) ဒုရဲမှူးမျိုးသန့်/မင်းဟန်(ခ)မီရှဲလ်/၅၀၅-ခ/၂၉၅-က/၂၁၅/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၉)ရဲအုပ်ကျော်သာဦး/စည်သူမောင်/၁၄၃/၁၄၅/၁၄၇/၅၀၅/ ၉/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၁၀)ရဲအုပ်ကျော်သာဦး/ဇင်လင်းအောင်(ခ)ရခိုင်/ ၁၄၃/၁၄၅/၁၄၇/၅၀၅/
၉/၀၈/ အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး


(၁၁)ရဲအုပ်ကျော်သာဦး/မျိုးသန့်/ ၁၄၃/၁၄၅/၁၄၇/၅၀၅/ ၉/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၁၂)ရဲမှူးရဲညွန့်/အောင်ကျော်ကျော်/လ၀က ၁၃-(၁)/၁၇၁/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၁၃)ရဲအုပ်အောင်မြင့်ဦး/ဇော်ဇော်အောင်/၁၄၃/၁၄၅/၁၄၇/၅၀၅(ခ)/၁၅၂/
၂၁/၀၈/ အရှေ့ပိုင်းခရိုင် အထူးတရားရုံး
(၁၄)ရဲအုပ်လှသိန်း/ခင်မောင်လှ(ခ)ရှဖီး/၁၄၃/၁၄၅/၁၅၂/၅၀၅(ခ)/
၃၅/၀၈/ အရှေ့ပိုင်းခရိုင် အထူးတရားရုံး
(၁၅)ဒုရဲအုပ်ဇင်မိုး/ကျော်ကိုကို/ဗွီဒီယို ၃၂/(က)(ခ)/၃၀၄/၀၈/
မရမ်းကုန်းမြို့နယ် တရားရုံး
(၁၆)ရဲအုပ်ဝင်းနိုင်ထွန်း/ကျော်သူထိုက်/လ၀က ၁၃-(၁)/၅၀၅-၁/
၂၉၆/၀၈/ မရမ်းကုန်းမြို့နယ် တရားရုံး
(၁၇)ရဲအုပ်မြအောင်/ မမြမြသိမ့်/၅၀၅(ခ)/လှိုင်မြို့နယ်တရားရုံး
(၁၈) ရဲအုပ်မြအောင်/ မမြမြသိမ့်/၂၉၅(က)/လှိုင်မြို့နယ်တရားရုံး
(၁၉)ရဲအုပ်မြင့်မောင်/စိုးလွင်+လှိုင်မျိုး/လ၀က ၁၃-(၁)/၇၂၂/၀၈/
မြောက်ဒဂုံ တရားရုံး
(၂၀)ရဲအုပ်မြင့်မောင်/မိုးထက်လျှမ်း+အောင်ကိုကိုလွင်/ လ၀က ၁၃-(၁)/၇၇၆/၀၈/
မြောက်ဒဂုံ တရားရုံး
(၂၁)ရဲအုပ်မြင့်မောင်/ ကျော်မျိုးဆက်+ရဲညွန့်/ လ၀က ၁၃-(၁)/၇၂၂/၀၈/
မြောက်ဒဂုံ တရားရုံး

မိတ်ဆက်သီချင်း

zzkey.jpg


ကျွန်တော့်လက်ကို ဖွဖွလေးဆုပ်ထားတယ်
ခင်ဗျား ယူလာရမှာက
နူးညံ့သိမ်မွေ့တဲ့
နှလုံးသားတစ်စုံသာ။ ။


အာကာသြရ
(၁၉၆၅- … … … …)


(မှတ်ချက်။ ။ ကျွန်တော့် ကဗျာ မဟုတ်ပါ။)

You received this email because you are subscribed to the real_time feed for http://pyustate.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးဦးဝေလွင်] 1 New Entry: ကဗျာစပ်နည်းများ-၁(အပျိုး)

ကဗျာစပ်နည်းများ-၁(အပျိုး)

You received this email because you are subscribed to the real_time feed for http://moeoowailwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 1 New Entry: စင်ကာပူ ဂျူရန်းတိုက်ခန်းမီးလောင်စဉ် စွန့် စားကယ်တင်ခဲ့သော သတ္တိခဲ အာဂ မြန်မာအမျိုးသမီး။

စင်ကာပူ ဂျူရန်းတိုက်ခန်းမီးလောင်စဉ် စွန့် စားကယ်တင်ခဲ့သော သတ္တိခဲ အာဂ မြန်မာအမျိုးသမီး။

စင်ကာပူကိုရောက်ရှိနေတဲ့ မြန်မာအိမ်ထောင်ရှင်အမျိုးသမီး ဒေါ်စန္ဒာကျော်တစ်ယောက် တိုက်ခန်းမီးလောင်စဉ် ဘေးခန်းရှိ အိပ်ခန်း ပြူတင်းပေါက်သံတန်းကို လက်ချည်းသက်သက်ဖြင့် ဆွဲဖြဲ၍ အိမ်နီးနားချင်း သားအမိသုံးယောက်ကို ကယ်ထုတ်ခဲ့ပါတယ်။ စင်ကာပူသတင်းဌာနတွေ သတင်းစာတွေမှာ ဒီသတင်းကိုဖေါ်ပြခဲ့ပါတယ်။ မြန်မာလူမျိုးတို့ ရဲ့  ဂုဏ်ရောင်ကိုထွန်းပြောင်စေခဲ့သူတစ်ဦး ဖြစ်လို့  လေးစားဂုဏ်ပြုအပ်ပါတယ်။











"ကျွန်မကိုယ် ကျွန်မ မပြာပါနဲ့လို့ သတိပေးမိတယ်။"

စင်ကာပူနိုင်ငံ၊ ခမ်ချင်းလမ်း၊ အကွက်အမှတ် ၁၃၄ (အေ) ရှိ (၁၀) လွှာတိုက်ခန်းတွင် အောက်တိုဘာ (၃၁) ရက် ညနေ (၂) နာရီ (၄၀) မိနစ်ခန့်တွင် ဒေါ်စန္ဒာကျော်တစ်ယောက်ထဲ တရားထိုင်နေစဉ် ရုတ်တရက် မီးခိုးနံ့ရလိုက်တယ်။

အဲဒါနဲ့ အပြင်စက်ြန်လမ်းကို ထွက်ကြည့်လိုက်တဲ့အခါ မြင်လိုက်ရတယ့် မြင်ကွင်းက သူမကို တုန်လှုပ်သွားစေတယ်။ မီးလောင်နေတယ်။ သူမအိမ်နီးနားချင်းတိုက်ခန်း မီးစွဲနေတယ်။ သူမနှင့် သုံးတိုက်သာကွာတယ်။ အဲဒီအချိန်မှာပဲ အမျိုးသမီးတစ်ဦးရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ရတယ်။ ကြားကြားချင်းပဲ အထဲမှာပိတ်မိနေတဲ့လူ ရှိမရှိသိရအောင် မီးတောက်တွေ၊ မီးခိုးငွေ့တွေရှိတယ့်ဘက်ကို တဟုန်ထိုးပြေးထွက်သွားမိတယ်။

အဲဒီရောက်တော့ တံခါးမကြီးရဲ့ဘေးက ပြတင်းပေါက်ကလေးကနေ အထဲကိုချောင်းကြည့်လိုက်တော့ အိန္ဒိယအမျိုးသမီးတစ်ယောက်နဲ့ ကလေးနှစ်ယောက် ပိတ်မိနေတယ်။ ဧည့်ခန်းက မီးကူးနေပြီဆိုတော့ ဧည့်ခန်းကဖြတ်ပြီး တံခါးမကြီးကနေ ထွက်ပြေးလို့မရတော့ဘဲ ချောင်ပိတ်နေတယ်။ အိန္ဒိယအမျိုးသမီးကလည်း ပြတင်းပေါက်နားကနေ အော်ဟစ်ငိုရိုပြီး အကူအညီတောင်းနေတယ်။

အကူအညီတောင်းနေတယ်ဆိုတာကလွဲပြီး သူဘာတွေပြောနေတယ်ဆိုတာ နားမလည်နိုင်ဘူး။ ကလေးနှစ်ယောက်ဆိုရင် ကြောက်လွန်းလို့ လူသေတွေလို လှုပ်တောင်မလှုပ်ရဲဘူး။ တံခါးမကြီးရဲ့ သံပန်းတံခါးက သော့ခတ်ထားတာလည်းတွေရော တော်တော်စိတ်ပျက်သွားတယ်။

ဒေါ်စန္ဒာကျော်လည်း သူမကိုယ် သူမ မပြာအောင် သတိထားပြီး သူမအခန်းကို ပြန်ပြေး၊ ၉၉၉ ကို ဖုန်းဆက်ခေါ်။ ပလာယာတစ်စုံ ကောက်ဆွဲပြီး၊ မီးလောင်ရာကို ပြန်ရောက်လာတယ်။ ပလာယာနဲ့ တံခါးသော့ကိုဖျက်ဖို့ကြိုးစားလည်း အချည်းနှီးပဲ။

မီးခိုးငွေ့တွေက ဘယ်လောက်တောင်များလည်းဆို သူမတောင် အသက်ကောင်းကောင်း မရှူနိုင်တော့ဘူး၊ မျက်လုံးတွေလည်းေ၀၀ါးလာတယ်။ တံခါးမကြီးနားအထိ မီးကရောက်နေပြီဆိုတော့ သံကလည်း ကျစ်ကျစ်တောက်ပူနေပြီ။ တခြားအိမ်နီးနားချင်းတွေကလည်း သူမသော့ဖျက်နေချိန်မှာ လက်ဆွဲရေဘုံးလေးတွေနဲ့ မီးတောက်ကြီးကို လှမ်းပတ်နေလေရဲ့။

သူမကိုယ်နှိုက်လည်း ရင်တွေ တဒိန်းတဒိန်းခုန်နေတယ်။ အထဲကလူတွေအတွက် တော်တော်စိတ်ပူနေရပြီ။ နောက်တော့ ကိုယ့်ကိုကိုယ် မပြာအောင်ထိန်းရင်း သူတို့ကိုဘယ်လို ကယ်ရမလဲဆိုတာ အသည်းအသန်စဉ်းစားနေမိတယ်။

ရုတ်တရက် အကြံထွက်လာတယ်။ စောစောက အိပ်ခန်းပြတင်းပေါက်လေး။ အဲဒီ့က သံပန်းတံခါးကို ဖျက်လိုက်ရင် သားအမိတွေ အဲဒီ့က ခုန်ထွက်နိုင်ပြီ။ ပြတင်းပေါက်သံပန်းကို စမ်းကြည့်တော့ တံခါးမကြီးလို မပူသေးဘူး။ အဲဒါနဲ့ သံပန်းကို လက်နှစ်ဖက်နဲ့ မရမက အတင်းကာရော ဆွဲဖြဲပါလေရော။ တကိုယ်လုံးရှိတဲ့အားတွေ လက်မှာစုပြီး အားကုန်သုံးပြီး ဆွဲလေရဲ့။ သူမနဲ့မသိတဲ့ တစ်ခြားအိန္ဒိယအမျိုးသမီးငယ်တစ်ယောက်ကလည်း လာကူပြီး ဆွဲပေးတယ်။ လူ့အသက်နဲ့ရင်းရတာဆိုတဲ့ဇောနဲ့ သံတန်းနှစ်ခုကို ဆွဲဖြဲကြတာ တော်တော်လေးလည်း ဟလာရော ကလေးတွေကို တစ်ယောက်ပြီး တစ်ယောက်လှမ်းဆွဲထုတ်၊ ပြီးတော့ မိခင်ကြီးကိုလည်း ထွက်လို့ရအောင် ၀ိုင်းကူရင်းနဲ့ သားအမိတွေ ဘေးကင်းရာ ရောက်ခဲ့လေသည်။

























ဒေါ်စန္ဒာကျော်ရဲ့စွမ်းဆောင်မှုနဲ့ သတ္တိအတွက် စင်္ကာပူအစိုးရက ပရဟိတဆု ချီးမြှင့်ခဲ့ပါတယ်။

(ရေးသားသူ - ကို Kangroo - မူရင်းသတင်းဆောင်းပါးဖြစ်သည့် http://newpaper.asia1.com.sg/news/story/0,4136,183101,00.html ကို မြန်မာပြန်ဆိုသည်။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 1 New Entry: အလိုမရှိ

အလိုမရှိ


ဒေါသက

ငါ့တံခါးကို အသာအယာဖွင့်


ခပ်လွယ်လွယ် ထွက်သွားတယ်


ဟေ့ .....

ဟေ့ .....ဒေါသ

မင်း...... ဘယ်တော့မှ ပြန်မလာနဲ့

ငါ့ဆီမှာ..... မင်းအတွက် အောက်ဆီဂျင်မရှိဘူး။ ။


မောင်လေးကဗျာပဲလေ။ ဆားချက်တာ၊ ဆားချက်တာ။ :z :z :z

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ရွှေပြည်သူ] 1 New Entry: ကိုယ့်ကိုကိုယ်မှ ရက်စက်သူ

ကိုယ့်ကိုကိုယ်မှ ရက်စက်သူ

ကျွန်မတို့ ဗုဒ္ဓဘာသာအယူအဆအရ ကိုယ့်ကိုကိုယ် သတ်သေခြင်းရဲ့ အပြစ်ကြောင့် အပါယ်လားနိုင်တယ်လို့ သိရပါတယ်။ ကြားဖူးနေကျ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ တကယ်မရှိဘူးလို့ သိရပေမယ့် ရခဲလှတဲ့ လူ့ဘ၀ကို ဆုံးရှုံးရတာနဲ့တင် လက်ငင်းဆုံးရှုံးမှုက သိပ်ကိုကြီးသွားခဲ့ပါပြီ။ ဒီနေ့တော့ တသက်လုံး ဘယ်တုန်းကမှ မကြားဖူးတဲ့ ကိုယ့်ကိုကိုယ် အရက်စက်ဆုံး သတ်သေ (တယ်လို့ ယူဆရ) သူတစ်ယောက်ရဲ့ အကြောင်းကို ချောက်ချားရင်နင့်စရာ ကြားဖူးလိုက်ရပါတယ်။ စင်္ကာပူတိရိစ္ဆာန်ရုံထဲမှာ သန့်ရှင်းရေး အလုပ်သမားအဖြစ် အလုပ်လုပ်နေတဲ့ အသက်(၃၂)နှစ်အရွယ် မလေးလူမျိုး နော်ဒင်မွန်တောင်း (Nordin Montong) ဟာ ကျားဖြူတွေ ပြသထားတဲ့ ခြံဝင်းထဲကို တမင်ဝင်ရောက်သွားပြီး တိရိစ္ဆာန်ရုံကို အလည်လာသူတွေရဲ့ ရှေ့မှာပဲ ရှားပါးကျားမျိုးစိတ်ဖြစ်တဲ့ ကျားဖြူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ပါတယ်။

မြင်ခဲ့ရသူတွေရဲ့ ပြန်ပြောပြချက်အရ ကျားဖြူတွေရဲ့ ၀င်းခြံထဲကို မ၀င်ခင်ကတည်းက နော်ဒင်ဟာ အော်ဟစ်နေပြီး ပစ္စည်းတွေကိုလည်း ဟိုလွှင့်ပစ် ဒီလွှင့်ပစ်လုပ်နေခဲ့ပါတယ်တဲ့။ အဲဒီနောက်တော့ သူဟာ အ၀ါရောင်လက်ဆွဲပုံးနဲ့ တံမြက်စည်းတစ်ချောင်းကို ကိုင်ရင်း နံရံအနိမ့်လေးကိုကျော်ပြီး ကျားခြံဝင်းထဲက ၁.၇၅ မီတာနက်တဲ့ (ကျားတွေ လူတွေရှိရာဘက်ကို မလာနိုင်အောင်လုပ်ထားတဲ့ အကာအကွယ်) ကျုံးလေးထဲကို ဆင်းသွားပါတယ်။ ကျုံးကိုဖြတ်ပြီး ကျားတွေရှိရာ အနားက ကျောက်ဆောင် ကျောက်တုံးတွေ အတိုင်းတက်သွားခဲ့ပါတယ်။ အပေါ်ရောက်တဲ့အခါမှာ တံမြက်စည်းကို လွှဲပြီး ကျားဖြူတွေကို ဒေါသထွက်အောင် သွားဆွခဲ့ပါတယ်။ ကျားနှစ်ကောင်က သူ့အနားကို ကပ်လာတဲ့အခါမှာတော့ သူဟာ လက်ဆွဲပုံးအ၀ါကို ခေါင်းမှာစွပ်ပြီး ကွေးအိပ်နေပါတော့တယ်။ ဒေါသထွက်နေပြီဖြစ်တဲ့ ကျားတစ်ကောင်က သူ့ကို ပုတ်လိုက်တဲ့အခါ ဒဏ်ရာဟာ (Baseball ကစားရမှာ အသုံးပြုတဲ့) Softball လက်အိတ်အရွယ်အစားလောက်တောင် ရှိပါတယ်တဲ့။ နော်ဒင်ရဲ့ အော်သံနဲ့ သွေးတွေကိုတွေ့ရမှ ရှိုးတစ်ခုပြနေတယ်အထင်နဲ့ ကြောင်ကြည့်နေခဲ့တဲ့ အလည်လာသူတွေလည်း ကြောက်လန့်တကြားဖြစ်ပြီး ထီးတွေနဲ့လှမ်း ပစ်တဲ့လူကပစ် အော်ဟစ်ခြောက်လန့်တဲ့သူက ခြောက်နဲ့ ကျားတွေကို အာရုံလွှဲဖို့ ကြိုးစားကြပေမယ့် မထိရောက်တော့ပါဘူး။ ကျားတွေဟာ နော်ဒင့်ရဲ့ ဇက်ကို ကိုက်ခဲပြီး ပြသထားတဲ့နေရာရဲ့ အနောက်ဘက်ကို ဆွဲသွားခဲ့ပါတယ်။ လူတွေရဲ့အော်သံတွေကြောင့် တခြားအစောင့်အယောက် ၂၀လောက်လည်း မိနစ်ပိုင်းအတွင်းရောက်လာကြပြီး တံမြက်စည်းတွေ လက်ဆွဲပုံးတွေနဲ့ ပစ်ကြပေမယ့် ကျားတစ်ကောင်ကတော့ နော်ဒင်ကို ဆက်ပြီး တိုက်ခိုက်နေပါသေးတယ်။ အစာကျွေးတဲ့နေရာရဲ့ တံခါးကို ဖွင့်လိုက်မှပဲ ကျားတွေဟာ လှုပ်ရှားမှုကင်းမဲ့နေပြီဖြစ်တဲ့ နော်ဒင်ကို ထားခဲ့ပြီး ထွက်သွားကြပါတော့တယ်။ ကျားတွေ အစာကျွေးတဲ့နေရာကို ရောက်သွားမှ တံခါးကို ပိတ်ပြီး တခြားအစောင့်တွေ နောင်ဒင့်ဆီကို ပြေးလာတဲ့အချိန်မှာတော့ နောက်ကျခဲ့ပါပြီ။ ဇက်ကို ကိုက်ခဲခံလိုက်ရတဲ့ နော်ဒင်ဟာ ဦးခေါင်းခွံကျိုးကျေတဲ့ဒဏ်နဲ့ ရဲတွေရောက်မလာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

စင်္ကာပူတိရိစ္ဆာန်ရုံမှာ စဖွင့်ခဲ့ချိန် (၁၉၇၃ခုနှစ်) ကနေ အခုချိန်အထိ တိရိစ္ဆာန်တိုက်ခိုက်တာကြောင့် လူသေဆုံးရတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်တဲ့။ ကျားဖြူတွေ ပြသတဲ့နေရာကိုလည်း ကြိုတင်ကာကွယ်မှုကို အကဲဖြတ်ဖို့ ယာယီပိတ်ထားလိုက်ပါပြီ။ "ကျွန်မတို့ ပြသတဲ့ဝင်းခြံတွေဟာ ဘေးကင်းလုံခြုံမှုရှိအောင် သေချာပုံစံချထားတာပါ။ ဒါပေမယ့် တမင်တကာ ၀င်ချင်တဲ့သူကတော့ လမ်းရှာပြီး ၀င်မှာပဲလေ" လို့ တိရိစ္ဆာန်ရုံရဲ့ Sales & Marketing ဒါရိုက်တာ အစ်စဘယ်လ်ချန်း (Isabel Cheng) ကပြောပါတယ်။ သူပြောသလိုပဲ တိရိစ္ဆာန်အရိုင်းမျိုးတွေကို ပြတဲ့နေရာကို ဘေးကင်းအောင် သေချာစီစဉ်ထားမယ်လို့ တွေးမိပါတယ်။ နော်ဒင်ကိုယ်တိုင်က တမင်တကာ ၀င်သွားသလို ကျားဖြူတွေကိုလည်း သူ့ကို လာမကိုက် ကိုက်အောင် တမင်ဆွပေးတာမျိုးတွေ လုပ်ခဲ့တာကြောင့် ကိုယ့်ကိုကိုယ် သတ်သေချင်တယ်လို့ပဲ ယူဆရမှာပါပဲ။ ဒီအဖြစ်အပျက် မဖြစ်ခင်လေးမှာပဲ ကျားဖြူတွေနဲ့ သိပ်မဝေးတဲ့ မိကျောင်းတွေ ပြထားတဲ့ အနားမှာ နော်ဒင့်ကို အော်ဟစ်ပြီး ပစ္စည်းတွေ ပစ်ပေါက်နေတာ တွေ့ခဲ့ရတယ်လို့ အလည်လာသူ သြစတျေးလျန်းလူမျိုး စုံတွဲကပြောသလို သူ့လုပ်ဖော်ကိုက်ဘက်တွေကလည်း နော်ဒင်ဟာ သူ့ရဲ့ဖြတ်ညှပ်တဲ့ ကိရိယာတွေကို လွှင့်ပစ် ထမင်စားဖို့ကူပွန်တွေကိုလည်း ဆုတ်ဖြဲပြီးတော့ "နှုတ်ဆက်ပါတယ်။ မင်းတို့ငါ့ကို နောက်ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး" လို့ မလေးလိုပြောတယ်လို့ ပြန်ပြောပြကြပါတယ်။ ကိုယ့်ဘာသာ (ဒီလောက်အထိတောင် ရက်ရက်စက်စက်) သတ်သေချင်လောက်အောင် သူ့မှာ ဘာစိတ်ဒုက္ခတွေများ ရှိခဲ့သလဲဆိုတာ နော်ဒင်သာ သိပါလိမ့်မယ်။ ဒါပေမယ့် သူရဲ့နောက်ဆုံးအချိန် နာကျင်ခံစားနေရတဲ့အခိုက်အတန့်မှာတော့ သူ့ကိုယ်သူ ဒီလိုလုပ်မိတဲ့အတွက် နောင်တများရသွားမလားလို့ တွေးနေမိပါတယ်။ သူရဲ့ အတိတ်ကံ ဒါမှမဟုတ် ၀ဋ်ကြွေးလို့လည်း ယူဆရမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ထွက်ပေါက်တွေပိတ်နေပါစေ... ဘယ်လောက်ပဲ ဒုက္ခတွေများနေပါစေ... ကိုယ့်ကိုကိုယ် သတ်သေတာကတော့ ဘယ်သောအခါမှ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်တာ အသေအချာပါပဲ။ အားလုံး ငြိမ်းချမ်းကြပါစေရှင်...

မှတ်ချက်။ ။ အမြဲတမ်း သတင်းထူးတွေ ပြောပြပေးတဲ့ ချစ်သူငယ်ချင်း Thajin နဲ့ "အဖန်ငါးရာ ငါးကမ္ဘာ"အကြောင်း ဗဟုသုတဝေမျှပေးတဲ့ မောင်ငယ်လေး အောင်ဦးတို့ကို အထူးကျေးဇူးတင်ပါတယ်။ ဒီပို့စ်အတွက် အောက်က Link တွေကနေ စုစည်းဖတ်ရှုပြီး အလျဉ်းသင့်သလို ရေးထားတာပါရှင်။ ဓာတ်ပုံတချို့ကိုလည်း ဒီမှာ ကြည့်နိုင်ပါတယ် (ဖြစ်ခဲ့တဲ့နေရာဝန်းကျင်ရဲ့ ဓာတ်ပုံတွေနဲ့ နော်ဒင့် Passport ပုံပါ။ ကြောက်စရာပုံတွေ မဟုတ်ပါဘူး)
http://www.straitstimes.com/Breaking%2BNews/Singapore/Story/STIStory_302154.html
http://www.straitstimes.com/Breaking%2BNews/Singapore/Story/STIStory_302188.html
http://www.digitaljournal.com/article/262331

You received this email because you are subscribed to the real_time feed for http://shwepyithu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 2 New Entries: Time to Review U.S Policy in Burma

Time to Review U.S Policy in Burma


ချစ်စွာသောစာဖတ်ပရိသတ်အပေါင်းတို့ ခင်ဗျာ..

စာဖတ်သူတို့အနေဖြင့်မြန်မာပြည်အပေါ်ထားရှိမည့်အမေရိကန်အစိုးရသစ်၏ပေါ်လစီနှင့်အသစ်ခန့်အပ်မည့်မြန်မာပြည်ဆိုင်ရာအမေရိကန်
အထူးကိုယ်စလှယ်အပေါ်ထားရှိသည့်သဘောထားများအကြံပြုချက်များပေးပို့လိုပါလျှင်ကျွန်နော်တို့အီးမေးကိုဖြစ်စေ၊ဘလောက်ဂ်မှာဖြစ်စေ
ရေးသားထားခဲ့နိုင်ပါသည်။ထို့အတူအဖွဲ့အစည်းတခုချင်းစီ၏ထင်မြင်ချက်သဘောထားများ၊အကြံပြုချက်များကိုလည်းကျွန်နော်တို့ကို
အီးမေးကနေတဆင့်ပေးပို့ထားနိုင်ပါသည်။

ကျွန်နော်တို့အနေဖြင့်သီးသန့်အကြံပြုချက်အစီရင်ခံစာကိုအမေရိကန်အစိုးရသစ်နှင့်သက်ဆိုင်ရာနေရာများသို့တင်ပြ
ပေးပို့သွားပါမည်။ချစ်စွာသောစာဖတ်ပရိသတ်အပေါင်းတို့၏အကြံပြုချက်များကိုလည်းတပါတည်းထည့်သွင်းပေးပို့တင်ပြသွားပါမည်။
သဘောထားတွေကိုအပြုသဘောဆန်ဆန်ဖြင့်လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။

လေးစားချစ်ခင်စွာဖြင့်

Dear friends of Burma,

We are going to write an independent report on Burma, which will be offering new strategic thinking for U.S Policy makers. The report will be submitted in January, 2009. Here is a chance for you to share your opinions with us. Please send your opinions to our e.mail account.

Best Regards,
We Fight We Win
Strategic Team
E-mail: wefightwewin@gmail.com



Rest of your post

Opinion Continues Over U.S Special Envoy Michael Green

The nomination of Michael Green as Special Envoy and Policy Chief for Burma by outgoing President Bush will be confirmed swiftly without hindrance by the congress, the long over due action that should had taken years ago after the bloody Deparyin incident and also after last year 2007 Saffron Revolution.

Instead, many Burma campaigners and lobbyists based in DC supported by NCGUB lobbied/pushed US State Department to include Burma in UNSC agendas and failed to get resolutions as predicted by many UN experts, being vetoed by China and Russia. After his misguided invasion on Iraq without seeking proper backing of International community, President Bush seemed quite adamant to get international consensus on Burma 's case, even on political front. While US's initiatives have backing from EU and other democratic countries, they were opposed by China , Russia , India and many Asean countries.

So, what could Dr. Green could achieved on Burma before his boss leave office on Jan 20, 2009, and what will happen of his role or particularly his position after this deadline. President Obama is likely to maintain this position with firm advise taken from former Secretary Sate and his senior foreign policy adviser, Madeline Albright, who happens to be a strong supporter of democratic Burma and admirer of Aung San Suu Kyi.

At least, in order to map alternative policies and strategies on Burma , it may be prudence for Dr. Green to seek wide opinions and views of leaders, individuals and representatives of many diverse exile Burmese and ethnic communities and groups residing in the US and other countries, not just only from those lobbyists who are located at his doorsteps.

And it would also be necessary for him to make direct meeting with Burmese military leaders, Aung San Suu Kyi and NLD, and ethnic leaders, having opportunities to make personnel assessments on the situations inside the country, and making recommendations to the new US President and the congress if any alternatives policy would bring positive results in Burma .


(Dr. Sein Myint serves as the director of Policy Development of Justice for Human Rights in Burma, Maryland, USA. He is a Honorary Member of Amnesty International Chapter 22, in Capitol Hill, Washington D.C., USA.)


*******************************************************
Dear Dr. Sein Myint:

A scenario of "old wine in a new bottle", as stressed, is likely to be the order of the day.
Obama's plate is full and Burma issue would be at the end of his long list of priority-
setting. As usual, realpolitik will prevail and he won't mind doling out a few million to
keep the exile movement alive, for this is just peanut for his administration. Besides, he
could occasionally ride a moral high horse and make use of the exiled activists or
politicians when it is needed.

All of us has hoped that there would be some kind of physical intervention inside the
country, but so far we are only getting some capacity-building in form of upgrading civil
society, which was quite good but not enough to change the balance of power.

My take is that even Bush, with his shoot-first- ask-later stance was not ready to go in
during cyclone Nargis. Obama seems even more considerate than Bush. But we will
never know. So let's wait and see, when he takes office in January.

Best,

Sai Wansai

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 4 New Entries: Made In China (or) MADE IN THAN SHWE ???

Made In China (or) MADE IN THAN SHWE ???

အလင်းတန်း ဂျာနယ် အမှတ် (၅၂၉)

စာဖတ်ရန် ဤပုံကိုနှိပ်ပါ

ရွှေပြန်ဖြစ်သွားတဲ့ သံခဲပုံပြင်

ကျွန်တော်တစ်ခါက နေထိုင်ခဲ့ဖူးသော ရပ်ကွက်ကလေးထဲမှာ ထူးခြားသော ဆေးခန်း ကလေးတစ်ခန်းရှိသည်။ ဆေးခန်းကလေးအမည်က အပေါင်းလက္ခဏာ တဲ့။ ဒါပေမယ့် ရပ်ကွက်သူ ရပ်ကွက်သားတို့ကတော့ ဆရာသံခဲ ဆေးခန်း ဟုသာ ရည်ညွှန်းလေ့ရှိကြသည်။ တကယ်တော့လည်း အပေါင်းလက္ခဏာဆိုတာကဆေးခန်းတစ်ခုအတွက် လိုက်ဖက်သော နာမည်တော့ မဟုတ်ပါ။ စေတနာတို့၊ ဇီဝကတို့၊ အာရောဂျံတို့လို နာမည်မျိုးနှင့်သာ ပိုသင့်တော်မှာ ဖြစ်ပါသည်။ သို့ပေမယ့် သည်ဆေးခန်းနာမည်မှာက သမိုင်းရှိသည်။ ဆေးခန်းစဖွင့်ပြီး ခြောက်လလောက်အထိ ဆိုင်းဘုတ်မရှိခဲ့ရာက တစ်နေ့ဆေးခန်းရှင် ဒေါက်တာမြင့်နိုင်ကို ရင်းနှီးသူတစ်ဦးက ဆိုင်းဘုတ်ရေးတတ်စ လူငယ်တစ်ဦးကို ခေါ်လာပြီး အတင်းဆိုင်းဘုတ် အပ်ခိုင်းသည်တဲ့။ ဒေါက်တာက ဆေးခန်းဆိုင်းဘုတ်ကို အနီရောင် အပေါင်းလက္ခဏာ (ကြက်ခြေနီ) အောက်မှာ ဆေးခန်းဟုသာ ရေးပေးရန် ပြောရာ ခပ်ပျော်ပျော် ဧည့်သည်တစ်ဦးက "ဒါဆို ဆရာ့ဆေးခန်းကိုလူတွေက အပေါင်းလက္ခဏာ ဆေးခန်းလို့ ခေါ်မှာပေါ့ ဆရာရဲ့" ဟုနောက်လိုက်ရာ ဆရာက...

" ခေါ်ပါစေကွာ၊ အပေါင်းလက္ခဏာဆိုတာ ကောင်းတဲ့ နာမည်ပဲဟာ။ ဘာဖြစ်လဲ။ အဲဒီအတိုင်းပဲလုပ်" ဟု ပြန်ပြောသည်တဲ့။ ထို " အဲဒီအတိုင်းပဲလုပ်" ကို ဆိုင်းဘုတ်ရေးတတ်စ ကောင်လေးက နားလည်မှုလွဲပြီး အပေါင်းလက္ခဏာဆေးခန်း လို့ပဲ ရေးပေးလိုက်ရာက ဆရာကလည်း မငြင်းမဆန် လက်ခံလိုက်၍ အပေါင်းလက္ခဏာ ဆေးခန်း ဖြစ်သွားသည်ဟု ဆိုသည်။

ရပ်ကွက်ရောက်စက သမီးငယ် ဖျားတော့ အိမ်ရှင်က " ဆရာသံခဲ ဆေးခန်းသွားပြ။ ဈေးလည်းသက်သာ၊ သဘောလည်းကောင်းတယ်" ဟုဆိုရာ မေးကြည့်မှ အပေါင်းလက္ခဏာကို ညွှန်းမှန်းသိရပြီး ပြဖြစ်ရာက ဒေါက်တာမြင့်နိုင်ကို စဆက်ဆံဖူးသည်။ ဈေးလည်းသက်သာတယ်ဆိုသည်ကို ထူး သက်သာလှမည် မထင်ပေမယ့် ထိုနေ့က သမီးဖို့ သောက်ဆေးအချို့ရပြီးနောက် ကျသင့်ငွေမေးသည့်အခါ ဆရာက... " သုံးကျပ်ပဲပေးပါဗျာ" ဆို၍ အတော် အံ့သြသွားရသည်။ လက်ဖက်ရည်တစ်ခွက် တစ်ကျပ်ခေတ်မို့ ဆေးခန်းက အနည်းဆုံး ငါးကျပ်မှ တစ်ဆယ်၊ ဆယ့်ငါးကျပ်၊ အထူးကုဆရာဝန်ကြီးမျိုး၏ အထူးဆေးခန်း မျိုးဆို တစ်ခါပြ ခုနစ်ဆယ် လောက် ဈေးပေါက်သော ကာလမှာ သုံးကျပ်ပဲ ဆို သည်က အားနာစရာ ဈေး ဖြစ်နေပါသည်။ ကျွန်တော် အိမ်ပြန် ရောက်၍ အိမ်ရှင်ကို ဈေး သက်သာလှပုံကို ပြောပြ တော့...

 "ဆရာသံခဲက ဒီလိုပဲ။ ဆေးဖိုးပဲယူတာ။ ၀ါးခက မဖြစ်စလောက်ပဲ။ သူ့မှာ လည်း ၀ါးစရာလူမှ မရှိတာ။ သူနဲ့ မိန်းမနဲ့ နှစ်ယောက် တည်း"ဟု ဆိုသည်။ "သူတို့မြေကွက်က အတော်ကျယ်တယ်နော်။ အိမ် ရှေ့မှာ ဆေးခန်းဆောက်ထား ပြီး နောက်ကွက်လပ်မှာ ဘာ မှ မဆောက်ဘူးလား"ဟု ကျွန်တော်က စပ်စုမိတော့...

          "အဲဒါ သူ့ယောက္ခမ တွေရဲ့ မြေနေရာလေ။ အဘိုး ကြီး၊ အဘွားကြီးက ဆုံးကုန် ကြပါပြီ။ ခု သူ့မိန်းမပဲ ကျန် တယ်။ အစက အိမ်အတော် ကြီးကြီးရှိတယ်။ မိဘတွေ မဆုံးခင်လေးမှာ သူတို့ တိုက် ဆောက်မယ်ဆိုပြီး အိမ်ကို ဖျက်လိုက်တာ။ မဖျက်ခင် အိမ်ရှေ့မှာ အခုဆေးခန်းလေး ရှိတယ်။ အိမ်ဖျက်ပြီး ယာယီ နေဖို့ ဆေးခန်းမှာ အဆောင် ထပ်တွဲတယ်။ အဲဒီမှာနေ တုန်း သူ့မရီးပါ ဆုံးသွားပြီး သူတို့လင်မယားပဲ ကျန် တယ်။ အဲဒါ ဆရာက လင် မယားချည်းပဲဆို ဒီအဆောင် နဲ့ နေလို့ဖြစ်တယ်ဆိုပြီး တိုက် ကို ဆက်မဆောက်တော့ဘူး။ အုတ်မြစ်တောင် ချပြီးသား နှမြောစရာ"

          ဒါက ဆရာနှင့် ပတ် သက်ပြီး စကြားရသည့် ထူး ခြားမှုဖြစ်သည်။ နောင် ဆရာ နှင့် ရင်းနှီးလာတော့ ဆရာ့ ကို တိုက် ဘာလို့ဆက် မဆောက်သလဲတောင် မေး ဖြစ်သည်။ ဆရာက...

          "တိုက် ဆက်ဆောက် မယ်ဆို တိုက်ဆောက်လောက် အောင် ငွေရှာနေရမှာပေါ့ဗျာ။ လောဘက အလိုလိုတက်နေ တာပေါ့။ အခုတော့ စားဖို့၊ သောက်ဖို့ပဲ ရှာရတော့ လော ဘလည်း သိပ်မရှိတော့ဘူး ပေါ့ဗျာ"ဟု ဆိုသည်။ ဆရာ့ စကားကို ရပ်ကွက်သူ၊ ရပ် ကွက်သားတွေ ကြားရင် တော့ ယုံချင်မှ ယုံမည်။ သူတို့အများစုက ဆရာ့ကို စိတ်နာနာဖြင့် ဘ၀ကို ဖြစ် သလို ရေစုန်မျှောနေသူဟု ယူဆကြသည်။ ဒီလိုယူဆ စရာအကြောင်းများ ရှိပုံကို လည်း နောင် ရင်းနှီးလာ တော့ သူတို့က ကျွန်တော့်ကို ပြောပြခဲ့ကြသည်။

          ကိုသံခဲ ခေါ် ကိုမြင့်နိုင် မှာ သည်ရပ်ကွက်သားစစ် စစ်ဖြစ်ပြီး ငယ်စဉ်က မိဘမဲ့ ဘ၀ဖြင့် ဦးလေးအိမ်မှာ ကြီး ပြင်းရသည်ဟု ဆိုသည်။ ဒါပေမယ့် ပညတ်သွားရာ ဓာတ်သက်ပါ ဆိုသည့် အတိုင်း ဘ၀ကို "မြင့်နိုင်"ဖို့ ကြိုးစားခဲ့ရာ ဆယ်တန်း အောင်တော့ ဆေးကျောင်းကို ၀င်သည်။  သို့သော် ကျောင်း ဆက် မတက်နိုင်။ ဒီအချိန်မှာ သူ့ဆယ်တန်း အတန်းပိုင် ဆရာမက ကျောင်းထားပေး ဖို့ တာဝန်ယူခဲ့သည်တဲ့။ ဆရာမ မိသားစုများက ငွေ ကြေး အတော်ချမ်းသာပြီး ယခု ရပ်ကွက်ထဲမှာပင် နေ ကြသူများ ဖြစ်သည်။

          ဆေးကျောင်းတက် ခရီးတစ်ဝက်မှာ ကိုမြင့်နိုင် က ငယ်သူငယ်ချင်း ဆရာမ လေးတစ်ဦးနှင့် ချစ်ကျွမ်းဝင် သည်။ ဆရာမလေးက အတော်ချောပေမယ့် ဆင်းရဲ ပြီး ဆယ်တန်းကို ဘီဖြင့်သာ အောင်ခဲ့သူ ဖြစ်သည်။ နေ တော့ ယခုရပ်ကွက်နှင့် လမ်း မကြီး ခြားထားသော ရပ် ကွက်မှဖြစ်သည်။ သို့သော် ကိုမြင့်နိုင်ခမျာ ဘ၀ကို မြင့် နိုင်ခဲ့ပေမယ့် ချစ်သူနှင့် မတင့်နိုင်။ ဆရာဝန်ဖြစ်ပြီး မကြာမီ ယခုဇနီးကို လက် ထပ်ခဲ့ရသည်။ ဇနီးဖြစ်သူက ကျေးဇူးရှင်ဆရာမ၏ ညီမ ဖြစ်ပြီး သူ့ထက် ခုနစ်နှစ်၊ ရှစ်နှစ်လောက် ကြီးသည်။

          ငယ်စဉ်ကတည်းက ဦးလေးနှင့် ကြီးခဲ့ရသူ ကိုမြင့်နိုင်က ဆရာဝန်ဖြစ်ပြီး ယောက္ခမများကို ခွင့်တောင်း ကာ ဦးလေးတို့ကို အိမ်ပြင် ဆောက်ပေးခဲ့သည်။ ထို့နောက် ယောက္ခမများ အလိုကျ ငွေရှာစက်တစ်ခု အဖြစ် ဘ၀ကို အလိုက်သင့် နေဖို့ စိတ်ကူးကောင်း ကူးခဲ့ မည်ဟု ဆိုသည်။ သို့သော် ချစ်သူကို သစ္စာဖောက်သလို ဖြစ်ရသူ ကိုမြင့်နိုင်၏နှလုံး သားကို စိတ်မချနိုင်သည့် ယောက္ခမများက အမှားတစ် ခု ထပ်ကျူးလွန်မိကြသည်။ အဲဒါကတော့ ဆရာမလေး အလယ်တန်း ဆရာဖြစ်သင် တန်းမှ သင်တန်းဆင်းလာပြီး နောက် လက်ရှိကျောင်းတွင် နေရာရှိ၍ ပြန်ရနိုင်ပါလျက် အဝေးရောက်အောင် သူတို့ နည်း သူတို့ဟန်ဖြင့် ကြိုးပမ်း ခဲ့ခြင်းဟု အများက ဆိုကြ သည်။

          ဆရာမလေးလည်း အဝေးနယ်ကို ရောက်သွားခဲ့ ရာ ယင်းမှာ အများယုံကြည် သည့်အတိုင်း ကိုမြင့်နိုင် ယောက္ခမများ ပယောဂ ပါမပါ မသိရသော်လည်း ကိုမြင့်နိုင်ကတော့ သူတို့ ကြောင့်ဟု စွဲစွဲမြဲမြဲ ယုံကြည် ခဲ့ပြီး အတော်စိတ်ဆိုးသွားပုံ ရသည်ဟု ဆိုသည်။ ထိုအချိန်  မှစ၍ ကိုမြင့်နိုင်သည် သူ့ ငယ်နာမည်အတိုင်း ကိုသံခဲ ဘ၀ရောက်သွားပြီး ဘ၀ကို မြင့်နိုင်ဖို့ စိတ်လုံးဝမ၀င်စား တော့ဘဲ မိသားစုအပေါ် ဆက်ဆံမှုကလည်း သံခဲလို ဖြစ်သွားပုံရသည်ဟု ဆိုကြ သည်။

"ကျွန်တော့်ကို မယုံတဲ့ သူတွေကို ကျွန်တော်က လည်း ယုံယုံကြည်ကြည် ဆက်ဆံလို့ မဖြစ်ဘူးဗျ"ဟု သူက ဆိုခဲ့သည်တဲ့။ ဆေးခန်း မှန်မှန်ထိုင် သော်လည်း ဆေးဖိုးနှင့် စားစရိတ်လောက်ရုံသာ ငွေရှာ ပြီး ချမ်းသာဖို့ ကိစ္စမျိုးကို လုံးဝ စိတ်မ၀င်စားတော့။ သည်တော့ ရွှေခဲငွေခဲအဖြစ် သမက်တော်ခဲ့သူတို့မှာ သံခဲ အသွင် ပြောင်းသွားခြင်းကို စိတ်ဆင်းရဲခဲ့ကြရသည်။ သို့သော် ဆရာသံခဲက သူတို့ကို ရန်မရှာ ပြဿနာမလုပ် ဘဲ ပြန်မပြော နားမထောင် ဖြင့် ခေါင်းမာသော သံခဲ အဖြစ် နေထိုင်သွားခဲ့သည်။

          အိမ်ကိုဖျက်ပြီး တိုက် ဆောက်မည်ဆိုတော့ ဘာမျှ မပြောသော်လည်း အုတ်မြစ် ချစဉ်မှာ တိုက်ပြီးသွားလျှင် သူ ဆေးခန်းမှာပင်နေမည်ဟု ဆိုခဲ့သည်။ သည့်နောက် သူ့ ယောက္ခမများ ကွယ်လွန်သွား ကာ သူ့ဆရာမနှင့် သူတို့ လင်မယား အဆောင်လေးထဲ အတူနေရင်း မကြာမီ သူ့မရီး ဆရာမလည်း ကွယ်လွန်သွား ခဲ့သည်။ ညီမအပျိုကြီးကို လိမ္မာ သော တပည့်လက်ထဲထည့် ဖို့ လူငယ်နှစ်ဦး၏ နှလုံးသား ကို စတေးမှားခဲ့သော ဆရာမ မှာ မိဘတွေနှင့် ဆရာသံခဲ တို့ကြား ပြဿနာစပေါ်ချိန် မှာပင် သူ့အမှားသူ သိသွားခဲ့ ပြီး ဆရာသံခဲကို အတိုက် အခံ ဘာမျှမပြောတော့ကြောင်း သိရသည်။ ဘာပဲ ဖြစ်ဖြစ် သူတို့မိသားစုရော ကိုမြင့်နိုင်ပါ နိုင်သူမရှိသော နှစ်ဖက်ရှုံးဇာတ်ကို ဆက်က ခဲ့ကြရသည်။

          ဆရာသံခဲဟု အများ ခေါ်ကြသော ဒေါက်တာမြင့်နိုင်သည် မိသားစုတို့၊ ဇနီး တို့ဖြင့်ဆို မေးတစ်ခွန်း၊ ပြောတစ်ခွန်း ဖြစ်သော်လည်း ပတ်ဝန်းကျင်နှင့် အဆင်ပြေသည်။ ပျော်ပျော်နေသည်။ သူ့ဆေးခန်းမှာ ကျားဝိုင်း၊ ချက်စ်ဝိုင်းတို့ဖြင့် လူငယ်များ တရုန်းရုန်း ရှိတတ်သည်။

          ခပ်ပေါ့ပေါ့ ခပ်ပျော်ပျော် ဘ၀ကို ဖြတ်သန်းနေ ဟန် ရှိသော်လည်း လူနာများကို ကုသရာတွင် လေးနက်ပြီး ဂရုစိုက်တတ်သဖြင့် ဆင်းရဲချမ်းသာမရွေး လူနာ တို့က အားကိုးကြသည်။ အထူးသဖြင့် ဆင်းရဲသူတို့ထံ မှ ဆေးဖိုးကို လျှော့ပေါ့ယူ၊ သို့မဟုတ် သိပ်ဆင်းရဲက လုံးလုံးမယူတတ်၍ မောင် ကာက မယ်ကာကတို့၏ ဆရာဇီဝက ဖြစ်ခဲ့သည်။ ကျွန်တော် ကြားဖူးခဲ့ရသမျှ ဆရာသံခဲပုံပြင်တွေကလည်း အများသား။

          ပုံပြင်တစ်ခုတွင် တစ်နေ့ ဆရာသွားကြည့်နေကျ အဝေးလူနာ တစ်အိမ်မှ ဆိုက် ကားလွှတ် အခေါ်ခိုင်းလိုက် သည်။ လမ်းရောက်တော့ ည မှောင်မှောင်မှာ ဆိုက်ကား ဆရာကို ဆရာက...

          "ဟေ့လူ... ဆိုက်ကား ဆရာ၊ အတော်မောလားဗျ"ဆို၍ "မောတာပေါ့ ဆရာ ရယ်"ဟု ပြန်ဖြေမိရာတွင်... "ကဲ... မောရင် ကျွန်တော် တစ်လှည့်နင်း မယ်။ ခင်ဗျားက ကျွန်တော့် နေရာထိုင်"ဟု ဆိုက်ကား ပေါ်မှ ခုန်ဆင်းပြီး ဇွတ်နေရာ လဲသည်။ ပထမတော့ သူ့ကို နောက်နေတာဟု ဆိုက်ကား ဆရာက ထင်ပေမေယ့် ဆရာက အတည်ပေါက် ပြောနေတာ ဖြစ်သည်။

          "နောက်တာ မဟုတ် ဘူးဗျ။ ကျွန်တော် ဆိုက်ကား နင်းကြည့်ချင်လို့။ လုပ်ပါဗျာ။ ညကြီး ဘယ်သူမှ လည်း မမြင်ပါဘူး" ဒီလောက် ပြောရုံနဲ့တော့ ဆိုက်ကားဆရာက မလဲရဲ။

          "လုပ်ပါ ဟေ့လူ၊ ကျွန်တော် ငယ်ငယ်လေးက တည်းက ဆိုက်ကား သိပ်နင်းချင်တာ။ ဆရာဝန်ဖြစ်ချင် တာက နည်းနည်းကြီးမှဗျ။ ဆိုက်ကား နင်းချင်တာက အရင်။ ခုကြုံတုန်း နင်းကြည့် ချင်လို့။ လုပ်ပါဗျာ။ ဆိုက် ကားခကို ကျွန်တော်ကပါ ထပ်ပေးဦးမယ်။ အိမ်နား ရောက်မှ လူချင်း ပြန်လဲတာပေါ့" တိုတိုပြောရလျှင် ဆိုက် ကားခ နှစ်ဆကို မက်လို့လား၊ ဆရာသံခဲကိုပဲ နိုင်အောင် မပြောနိုင်လို့လား မသိ။ ဆိုက်ကားဆရာနှင့် ဆရာဝန် လူလဲပြီး နင်းလာ ရာ လူနာအိမ်က စိတ်မချ၍ လိုက်လာသော စက်ဘီးနှင့် လမ်းမှာ ဆုံတော့မှ အံ့သြတကြီး ရင်ဘတ်စည်တီး ဖြစ် ကြရသည်။

          "ကျွန်တော် ဇွတ်လုပ် တဲ့ ကိစ္စနော်။ ခင်ဗျားတို့ သူ့ ကို အပြစ်မတင်နဲ့"လို့ ဆရာ သံခဲက ဟောဟဲခတ်နေသည့် ကြားက ပြောသေးသည်ဟု ဆိုသည်။ ဆရာသံခဲက ဆိုက်ကားဆရာကို သနားပြီး လူလဲနင်းလာတာလား၊ သူပဲ တကယ် ဆိုက်ကားနင်း ကြည့်ချင်တာလား၊ ဒါမှ မဟုတ် လောကကြီးကို အရွဲ့ တိုက်တာလား သူမှပဲ သိပါ လိမ့်မည်။ တစ်ခါကတော့ သူ့ ဆေးခန်းမှာ စွပ်ကျယ်လေး ဖြင့် ချက်စ်ထိုးနေရာ ကရင် အဘွားကြီးတစ်ဦး ရောက် လာပြီး... "ဟဲ့ ကောင်လေး၊ သံခဲ ဆိုတဲ့ဆရာ ရှိလား" ဟု သူ့ ကို မေးတဲ့အခါ ဆရာက ချက်ချင်း ဆိုသလို... "မရှိဘူး အမိုး၊ လက် ဖက်ရည်ဆိုင် ခဏသွား တယ်။ ပြန်လာမှာပါ။ အမိုး ဘာဖြစ်လို့လဲ" နောက်လိုက်ပြန်တော့ "နေမကောင်းလို့ပေါ့။ ဆရာ သံခဲက ဈေးပေါတယ်ဆိုလို့ လာတာ။ ငါကလည်း ပိုက် ဆံ မရှိဘူး။ အဲဒါကြောင့်" ဟု ပြောသည်ဟု ဆိုသည်။

          ဆရာက "ဟာ... ဈေး ကတော့ ပေါသလား မမေး နဲ့ အမိုးရဲ့။ ဒါပေမယ့် ဆေး ဖိုးတော့ ယူမှာပေါ့။ ဒီလို လုပ်ပါလား။ ဆေးဖိုးပါ သက်သာအောင် ကျွန်တော် ကုပေးလိုက်မယ်။ ပိုက်ဆံ တစ်ပြားမှ ပေးစရာမလိုဘူး" ဟု ဆိုသည့်အခါ...

          အဘွားကြီးက "အာ... မင်းနဲ့တော့ ဘယ်ဖြစ်မလဲ။ မလုပ်ပါနဲ့ကွယ်။ ဆေးဖိုးကုန်ချင် ကုန်ပါစေတော့" ဆို၍ အနားက လူတွေက ၀ိုင်းရယ် ကြသည်တဲ့။ နောက်တော့ သူ ဆရာဝန်ဆိုတာ အဘွားကြီးယုံအောင် မနည်းဝိုင်း ပြောကြရသည်ဟု ဆိုသည်။နောက် ပုံပြင်တစ်ပုဒ် မှာတော့ အဝေးက လာပင့်သည့် လူနာအိမ်လိုက်သွား ပြီး ဟိုရောက်တော့ မိသားစု ကလည်း အတော်ဆင်းရဲ၊ လူနာကို စမ်းကြည့်တော့ လည်း လုံးဝမရနိုင်တော့မှန်း သိ၍ လူနာကို ဝေဒနာသက် သာစေမည့် ဆေးအချို့ပေး ပြီး...

          "ဘကြီး... ဘာမှမပူ နဲ့။ နေကောင်းသွားမှာ။ ဘာ ရောဂါမှ မရှိဘူး။ ကြိုက်တာစား။ စားချင်တာစားဖို့ သူတို့ ကို ၀ယ်ခိုင်း။ ပိုက်ဆံ ကျွန်တော် လှူထားခဲ့မယ်" ဟုဆိုကာ လူနာရှင်များကို တိုးတိုးတိတ်တိတ် ခေါ် လျက် "လူနာက မရနိုင်တော့ ကြောင်း၊ ဆေးတိုက်ပြီး ကြိုက်တာကျွေးတော့။ စိတ် ချမ်းသာအောင် ထား။ ဆေး ဖိုးလည်းမပေးနဲ့" ဆိုကာ လူနာအတွက် သုံးဖို့ငွေ တစ် ထောင်ပေးပြီး ပြန်လာသည် ဟု ဆိုသည်။ ထိုအချိန်က ဆန်သုံးအိတ်ခန့် ၀ယ်လောက် သည့် ငွေ။

          ဒီလိုပုံပြင်တွေအပြင် တခြား ထူးထူးဆန်းဆန်းတွေ လည်း အများကြီး ကြားရ တတ်သည်။ သွားရင်းလာရင်း ဖျားတာတွေ့လို့ ဆေးဖိုး စိုက်ကုပေးခဲ့သည် ဆိုတာ မျိုး၊ သူဌေးလူနာကို ကုပေး ရင်း ရောဂါတူသော အခြား ဆင်းရဲသားအတွက်ပါ ဆေးဝယ်ပေးဖို့ အလှူခံသည် ဆို တာမျိုး စသည်တို့ကိုလည်း ကြားရဖူးသည်။ သူနဲ့ ပတ်သက်သော ပုံပြင်တွေထဲမှာ သူ့ချစ်သူ မိန်းကလေး၏ ပုံပြင်လည်း ပါ၏။ ထိုမိန်းကလေးသည် ရပ်ဝေးမှာ ကျောင်းဆရာမ လုပ်ရင်း သူ့ရပ်ကွက်ထဲမှ သူဌေးသားတစ်ဦးနှင့် အိမ် ထောင်ကျကာ အလုပ်ထွက် ပြီး ထိုရပ်ကွက်မှာပဲ ပြန်နေသည်ဟု ဆိုသည်။ ထိုမိန်းကလေးနှင့် သူ့ ယောက်ျားတို့ သူတို့ရပ်ကွက် မှ ထွက်အလာ အတူပါ မိတ်ဆွေက ပြောပြ၍ ကျွန်တော် မြင်ဖူးခဲ့ရာ ဆရာသံခဲ အသည်းကွဲလောက်သည်ဟု တွေးမိရဖူးသည်။ ကောင်မ လေးနာမည်က သိပ်အဆန်း အပြားမဟုတ်။ ဥမ္မာဟု သိရသည်။ ဒါပေမယ့် ဥမ္မာ ဆို သည်မှာ ရူးလောက်အောင် လှသူ (ဥမ္မာဒန္တီ)မှ လာတာ မို့ ၀င်းဦးက သူ့ဝတ္ထုတစ်ပုဒ် မှ မခင်ရူးလို့ မြန်မာမှုပြုထား တာကို ပြန်သတိရမိသည်။

          "ခင်ဗျား မြင်တဲ့အတိုင်း ပဲ ကောင်မလေးက ချော သလောက် ကောင်လေးက အရုပ်ဆိုးဆိုး၊ မိန်းမကလည်း ခပ်ရှုပ်ရှုပ်။ ကောင်မလေးကို လိုချင်လှချည့်ရဲ့ဆိုလို့ ကောင် လေးမိဘတွေက သိပ်သဘော မတူဘဲ ပေးစားလိုက်ရတာ။ ကောင်မလေးကလည်း သူ့ အဖေအမေတွေ ငွေရေးကြေး ရေး အဆင်ပြေအောင် ယူ လိုက်ရပုံ ပေါ်ပါတယ်။ သူတို့အဖြစ်က စိတ်မကောင်း စရာဗျာ" ထိုမိတ်ဆွေက ပုံပြင်ကို အလွမ်းနဲ့ အဆုံးသတ်သည်။ ကျွန်တော်ကတော့ ထိုမိန်း ကလေးထက် ရုပ်အဆင်း ရော နုပျိုမှုပါ အားနည်းရှာ သော ဆရာ့ဇနီးကို သတိရ လိုက်ပြီး သူတို့၏ အဓိပ္ပာယ်မဲ့ အိမ်ထောင်ရေးကို စိတ်မောခဲ့မိသည်။

          ဒါက လွန်ခဲ့သော နှစ် နှစ်ဆယ်ခန့်က ကျွန်တော် နေခဲ့ဖူးသော ရပ်ကွက်ကလေး မှ ဆရာဝန်တစ်ဦး၏ ဇာတ် လမ်းဖြစ်ပြီး ထိုနေရာကလေး မှ နောက်ထပ် နေရာ လေး ငါးနေရာထက်မနည်း ပြောင်း လဲ နေထိုင်ခဲ့ဖူးပြီး ဖြစ်ကာ ဆရာသံခဲကို မေ့လျော့စပင် ပြုခဲ့ပါသည်။

          တစ်နေ့တော့ လောက နတ်ခန်းမက ပန်းချီပြပွဲတစ်ခု တွင် ဆရာသံခဲတို့ ရပ်ကွက် မှာ နေသူ၊ တစ်ခါက ကျွန်တော် စာအုပ်ဝယ်နေကျ စာအုပ်ဟောင်း ရောင်းသမား တစ်ဦးနှင့် မမျှော်လင့်ဘဲ ပြန် တွေ့သည်။ နှစ်နှစ်ဆယ်ကျော် ကွဲနေသော မိတ်ဆွေ များ ၀မ်းသာအားရ နှုတ် ဆက်ကြရင်း လက်ဖက်ရည် ဆိုင်ထိုင်ဖြစ်ကာ ရှေးဟောင်း နှောင်းဖြစ် ပြောဖြစ်ကြ သည်။ ကျွန်တော်က သတိ တရ ဆရာသံခဲအကြောင်း မေးဖြစ်သည်။

          "ဟာ... ဆရာသံခဲ အကြောင်းကတော့ ၀တ္ထုရေး တတ်တဲ့သူဆို ဇာတ်လမ်း ကောင်းတစ်ပုဒ်ပဲ ဖြစ်မှာပဲ ဗျ"ဟု ထိုသူက အစချီသည်။ တကယ်တော့ သူက ကျွန်တော့်ကို စာအုပ်စုသူ အဖြစ်သာ သိထားပြီး စာရေး သူအဖြစ် လုံးဝသိမထားတာ မို့ ဇာတ်လမ်းပေးတာတော့ မဟုတ်ပါ။

          "လွန်ခဲ့တဲ့ ဆယ်နှစ် လောက်က သူ့မိန်းမ ဆုံး သွားတယ်လေ။ အိမ်ထောင် ရေးကလည်း မသာယာ တော့ နှစ်ယောက်စလုံး ၀ဋ် ကျွတ်သလိုပါပဲဗျာ။ သူ့မိန်း မက အသည်းကင်ဆာ ဖြစ် တယ် ပြောတာပဲ။ သူ့မိန်းမ နေမကောင်းတဲ့အခါတော့ ဆရာသံခဲက အတော်ဂရု စိုက်ပါတယ်။ ဆေးခန်း တောင် မထိုင်ဘဲ ပိတ်ထား တာ။ နောက် သူ့မိန်းမဆုံး ပြီးတော့ သူ့ဘ၀က ပိုအထီး ကျန် ဖြစ်သွားသလိုပါပဲ"

          "သူ့ဦးလေး မိသားစု ရှိတယ် မဟုတ်လား"

          ဟု ကျွန်တော်က မေး မိတော့ သူ့ဦးလေးရော ဦးလေးမိန်းမပါ ဆုံးပြီး သူတို့ အိမ်ကို ဆရာသံခဲက အမွေ ရ၍ အိမ်ငှားတင်ထားခဲ့ပုံ၊ နောက်တော့ သူ့မိန်းမဆုံး သွားသည့်အခါ သူက ဦးလေးတို့အိမ် ပြောင်းနေပြီး သူ့မိန်းမမိသားစုပိုင် မြေ ကွက်ကို ရောင်းပစ်ကာ အနှံ့ လျှောက်လှူပစ်ခဲ့တို့ကို ထို ဆရာက ပြောပြသည်။

          "ဒါပေမယ့် တစ်ခု တော်တာက ဘယ်လိုပဲ အထီးကျန်ကျန် ဆရာသံခဲ ဟာ အရက်မသောက်ဘူး။ လောင်းကစား မလုပ်ဘူး။ ပြီးတော့ မိန်းမကိစ္စလည်း လုံးဝကင်းရှင်းတယ်။ အရင် လိုပဲ ချက်စ်ထိုးတယ်။ ကျား ထိုးတယ်။ ကြွေလည်း ပစ် ချင် ပစ်တယ်။ ဒါပေမယ့် လောင်းကြေးနဲ့ ဘယ်တော့မှ မကစားဘူး။ ဆေးကုတဲ့ကိစ္စ ကိုတော့ အရင်လိုပဲ လေး လေးနက်နက် လုပ်တယ်။ အဲဒီမှာ လွန်ခဲ့တဲ့ လေးငါး နှစ်လောက်ကတော့ ဥမ္မာ ယောက်ျား ဆုံးသွားတယ်။ ဥမ္မာကလည်း ကလေးတစ် ယောက်နဲ့ ကျန်ရစ်တယ်"

          "သြော်... ဒါဆို သူတို့ ချစ်သူနှစ်ယောက် ပြန်ပေါင်း ဖြစ်တာပေါ့" ကျွန်တော်က ၀မ်းသာအားရ ၀င်ပြောဖြစ် သည်။ သို့သော် စာအုပ်ဆရာ က ခေါင်းရမ်းလိုက်ပြီး...

          "အဲဒီလို ဖြစ်ရင်တော့ ကောင်းတာပေါ့ဗျာ။ ဒါပေ မယ့် ဒီလိုမဖြစ်ဘူးဗျ။ မဖြစ် ရုံမက ဆိုးလိုက်ပုံက ဥမ္မာ့ ယောက်ျားက အေအိုင်ဒီ အက်စ်နဲ့ သေသွားတာ။ ဒါတင်မကဘူး။ သူသေပြီး ဥမ္မာ့မှာလည်း ရောဂါကူး လျက်ကျန်ခဲ့တာ။ ယောက်ျား သေတော့ကို အခြေအနေက အတော်ဆိုးနေပြီ။ ဒါကို ဆရာသံခဲက သွားသွားကြည့် ပေးပါတယ်။ ကြည့်ပေးရုံ တင် မကဘူး။ ဥမ္မာနဲ့ သူနဲ့ ပေါင်းဖို့ မဖြစ်နိုင်တော့ပေ မယ့် ညီမလေးတစ်ယောက် လို အနီးကပ် စောင့်ရှောက် ပေးဖို့ လက်ထပ်ပြီး အတူ နေပါရစေလို့ ပြောတာတဲ့။ ဒါပေမယ့် ဥမ္မာက လက်မခံ ဘူးလို့ ပြောတယ်။ နောက် တစ်နှစ်မကြာခင် ဥမ္မာလည်း ဆုံးတာပါပဲ။ တစ်ခုထူးတာ က ဥမ္မာမသေခင်မှာ သူ့သား ကို ဆရာသံခဲလက်ထဲ အပ်ခဲ့ တယ်လို့ ဆိုတယ်။ ကလေး ကလည်း မွေးကတည်းက ရောဂါပါ လာရှာတာပေါ့ဗျာ"

          "ဟာ... စိတ်မကောင်း စရာပဲနော်။ ဒါပေမယ့် ကလေးမှာ နှစ်ဖက် အဘိုး အဘွားရှိနေတာ မဟုတ် လား"

          "ရှိတော့ ရှိတယ်လေ။ ဒါပေမယ့် ဥမ္မာ့မိဘတွေက ငွေကြေးမှ သိပ်မပြည့်စုံတာ။ ကလေးမှာလည်း ဒီရောဂါ ကြီးနဲ့ဆိုတော့ သူတို့ ဘယ် မွေးနိုင်မလဲ"

          "သြော်... ဒါဆို အဖေ ဘက်ကကော"

          "သူတို့ကတော့ ငွေ ကြေး ပြည့်စုံပါတယ်။ ဒါပေ မယ့် ဒီကလေးကို မွေးထား သမျှ သူ့သား ဘယ်လိုသေခဲ့ တယ်ဆိုတာ သက်သေလို ဖြစ်နေတော့ ရှက်တယ်ထင် ပါရဲ့။ ပြီးတော့ ဒီရောဂါကို ကလေးဆီကနေ ကူးမှာ လည်း ကြောက်လို့ ဖြစ်မှာ ဗျာပေါ့။ ဥမ္မာမသေခင်မှာကို သူတို့က ငွေကြေးမဖြစ် စလောက် ပေးတာကလွဲရင် သိပ်မှ ဂရုတစိုက် မစောင့် ရှောက်ကြတာ"

          "ဒါဆို အခု ကလေးက ဆရာသံခဲဆီမှာလား"

          "ဟုတ်တယ်။ သူက တော့ ကလေးကို အရမ်းဂရု စိုက်ပြီး ယုယရှာပါတယ်။ ကလေးက သက်ဆိုးရှည်မှာ မဟုတ်ဘူးလို့ အများက ယုံကြည်ကြပေမယ့် ဆရာ သံခဲကတော့ ဒီကလေး အသက်ရှင်သန်ပြီး လူများစု ကောင်းကျိုး လုပ်နိုင်တဲ့အထိ သူ ပြုစုပျိုးထောင်ပြမယ်လို့ ကြိမ်းဝါးနေတာပဲ။ အခုတော့ သူ့မိန်းမမြေကွက်ကို ရောင်း ပြီး လျှောက်လှူမိတာတောင် မှားတယ် ပြောနေပြန်ပြီ။ ဆေးခန်းကိုလည်း ဂရု တစိုက်ဖွင့်ပြီး ငွေလည်း အာရုံ စိုက် ရှာတတ်လာပြီ။ အရင် လို အလကားမတ်တင်း ကုပေးတာမျိုး နည်းသွားပေ မယ့် လူတွေက ဆရာသံခဲကို နားလည် ကျေနပ်ကြပါ တယ်။ အင်း... သူ့အမျိုး တချို့က လွဲရင်ပေါ့လေ"

          "သူ့အမျိုးတွေ ရှိသေး လို့လား"

          "ရှိတယ်။ သွေးတော့ ဝေးပါတယ်။ ဒါပေမယ့် အမျိုးတော့ အမျိုးပေါ့။ သူ တို့က သွေးမတော် သားမစပ် ဒီရောဂါသည် ကလေးလေး ကို တစ်သက်လုံး ပြုစုနေရ မှာမျိုး မလုပ်စေချင်ကြဘူး ပေါ့။ အဖေဘက်က ချမ်း သာတဲ့ အမျိုးတွေလည်း ရှိရက်နဲ့ ဆရာသံခဲက နွား ကျသလို ဖြစ်တယ်လို့ သူတို့ က ထင်တာ။ ဒါပေမယ့် ဆရာသံခဲက ဘာပြောလဲ ဆိုတော့ ဒီကလေး အခုလို ဘ၀ ရောက်ရတာဟာ ကလေးအမေအပေါ် သူ သစ္စာ မစောင့်နိုင်ခဲ့လို့ ဖြစ် တာ။ သူ့မှာ တာဝန်ရှိတယ် တဲ့။ ပြီးတော့ သူ့အမျိုးတွေကို ပြောသေးတာက ခင်ဗျား တို့သာ အမြော်အမြင်ရှိရှိနဲ့ အငတ်ခံပြီး ကျွန်တော့်ကို ကျောင်း စုထားပေးခဲ့ကြရင် အခုလို အဖြစ်ဆိုးမျိုးတွေ ဘယ်ဖြစ်မလဲ။ ခင်ဗျားတို့ မှာလည်း တာဝန်ရှိတယ်။ ဒါပေမယ့် ခင်ဗျားတို့က ကိုယ့်တာဝန် ကိုယ်မသိချင် နေ၊ ကျွန်တော် လုပ်သင့်တာ လုပ်နေတာကိုတော့ ဘယ် တော့မှ ဖျက်ဖို့ မစဉ်းစားနဲ့လို့ ပြောသတဲ့"

          ပျော်စရာ ဇာတ်သိမ်း ဟု မဆိုနိုင်သော်လည်း ကျွန်တော် ကျေနပ်ကြည်နူး မိပါသည်။

          "ဆရာသံခဲက သူ့ သူငယ်ချင်းတွေကို ဘာပြော လဲဆိုတော့ ဥမ္မာ့အပေါ် သူ တင်ခဲ့တဲ့ အချစ်ကြွေးကို ဒီကလေးဆီမှာ အတိုးနဲ့ ပြန် ဆပ်ရမှာလို့ အမြဲပြောပြောနေတာတဲ့။ ပြီးတော့ ကလေး ကို ဘယ်လောက်ဂရုစိုက်စိုက် အသက်ရှင်ပါ့မလားလို့ မေးကြသူတွေကို ဆရာသံခဲက သူ့မှာ ဘာအပြစ်မှမှ မရှိ တဲ့ဟာ။ ရှင်ရမှာပေါ့လို့ ပြောတယ်တဲ့။ ပြီးတော့ နိုင်ငံ တကာမှာ အခုလို ကလေးမျိုးတွေကို ဘယ်လိုစောင့် ရှောက်ကြတာ၊ ဒီနိုင်ငံမှာလည်း စေတနာရှင်တွေ စုပေါင်း ပြီး သန်လျင်ဘက်မှာ ကလေးသုံးဆယ်ကျော် စောင့်ရှောက် ထားကြတာ ဆိုတာမျိုးတွေကို ပြောပြတယ်တဲ့။ သူက ကလေးတစ်ယောက်တည်း။ ပြီးတော့ သူ့ပယောဂမကင်း ဘဲ ဒုက္ခခံစားနေရတဲ့ ကလေးတစ်ယောက်ကို သူ အသက် ရှင်နေသရွေ့ နည်းပေါင်းစုံနဲ့ ပြုစုစောင့်ရှောက်သွားမယ်။ သူဟာ ကလေးအတွက် အသက်ရှင်နေမှာ ဖြစ်သလို ကလေးကလည်း သူ့အတွက် အသက်ရှင်ပေးမှာ သေချာ တယ်လို့တောင် ပြောသေးတယ်တဲ့ ဗျာ"

          "အေးဗျာ... ကြားရတာ ကလေးအတွက်ကော၊ သူ့ အတွက်ကော ကောင်းပါတယ်ဗျာ။ ဒါထက် ကလေးက ဘယ်အရွယ်ရှိပြီလဲဗျ" "ကျောင်းတောင် ထားရခါနီးပြီဗျ။ ဆရာသံခဲကတော့ သားချင်း မိုးမွှန်အောင်ခေါ်ပြီး ကျေနပ်ပြီး ပျော်နေပုံပါပဲ ဗျာ" "ကောင်းပါရဲ့ဗျာ။ ကျောင်းထားဖို့ကော အဆင်ပြေပါ့ မလား" "ပြေမယ် ထင်ပါရဲ့။ မပြေလည်း သူ့သားကို ဆရာမ ငှားပြီး သင်မယ်။ သူကိုယ်တိုင်လည်း သင်ပေးလို့ ရ တယ်လို့ ဆရာသံခဲကတော့ ကြွေးကြော်နေတာပါပဲဗျာ"

          "ကောင်းပါတယ်ဗျာ။ ဒါထက် ဆရာသံခဲ အခုနေ တဲ့ သူ့ဦးလေးအိမ်လိပ်စာ ကျွန်တော့်ကို ပေးပါဦးဗျာ"

          "ဘာလဲ... ခင်ဗျား စိတ်ဝင်စားသွားပြီး ဆရာသံခဲ ကို ပြန်တွေ့ချင်သွားပြီပေါ့။ ပေးရမှာပေါ့ဗျာ" ဟုဆိုကာ သူက ချက်ချင်းပဲ လိပ်စာရေးပေးပါသည်။

          မှန်ပါသည်။ တကယ်တော့ ဆရာသံခဲ ခေါ် ဒေါက် တာမြင့်နိုင်ကို ပြန်တွေ့ချင်ရုံ သက်သက်တော့ မဟုတ်ပါ။ ဆရာ့ဆီသွားပြီး ဆရာ့မျက်မှောက်မှာပင် ဆရာ့သားလေး ဖြစ်နေရှာသော ဥမ္မာ့သားလေးကို ကျွန်တော်ကိုယ်တိုင် လှိုက်လှဲစွာ ပိုက်ထွေးယုယ ကြင်နာပြချင်ပါသည်။ ပြီး တော့ ကလေးအနာဂတ်အတွက် ဆရာနဲ့ဆွေးနွေးပြီး ၀ိုင်း အဖြေရှာပေးရမည်။

          သည်လိုနည်းဖြင့် ဆရာ့ရဲ့ ချစ်ကြွေးဆပ်နှလုံးသားကို ကျွန်တော်လည်း တတ်အားသရွေ့ အားဖြည့်ဖေးကူသင့် သည် မဟုတ်ပါလား။

X X X

မောင်လွင်မွန်၊ကသာ၊

(ရွှေအမြုတေ မှ ကူးယူဖေါ်ပြသည်။ ဤစာမူအား ရွှေအမြုတေ၏ ခွင့်ပြုချက်မရဘဲ အသုံးမပြုရ)

အရှင်ဂမ္ဘီရ - ရွှေဝါနဲ့ ရွှေမြန်မာကို အလှဆင်စေခဲ့သူ

ကိုမော် | မဇ္ဈိမ
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 13:22 - မြန်မာစံတော်ချိန်

ရွှေဝါရောင်ကို ဦးဆောင်ရာမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တပါးလည်းဖြစ်၊ သံဃတပ်ပေါင်းစုအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တပါးဖြစ်သူ အရှင်ဂမ္ဘီရ ဖမ်းဆီးအကျဉ်းချ ခံထားရတာဟာ နိုဝင်ဘာလ ၄ ရက်နေ့မှာ တနှစ်တင်းတင်း ပြည့်သွားခဲ့တယ်။

အရှင်ဂမ္ဘီရဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင်း တနေရာမှာ  ဖခင်ဖြစ်သူနဲ့အတူ အာဏာပိုင်တွေရဲ့ လက်ပါးစေတွေက ရိုက်နှက်ဖမ်းဆီးတာကို ခံခဲ့ရသူပါ။

တကယ်တော့ သူဟာ သက်တော်အားဖြင့်လည်း ၂၉ နှစ်သာရှိသေးတဲ့ ငယ်ဖြူ စာသင်သား သံဃာတော်တပါးပဲ ဖြစ်ပါတယ်။

သိုပေမယ့် မျက်မှောက်ကာလ ဒကာ၊ ဒကာမတွေ ခံစားကြုံတွေနေကြရတဲ့ အခက်အခဲ၊ အကျပ်အတည်း မျိုးစုံရဲ့ အခြေခံဇစ်မြစ်ဟာ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ တဖက်သတ် ဗိုလ်ကျ အနိုင်ကျင့်နေတာတွေကြောင့်ပဲ ဖြစ်တယ်လို့  သိမြင်နားလည်လာတဲ့ အချိန်မှာတော့ လျစ်လျူရှု မနေနိုင်တော့ဘဲ မိမိနဲ့အတူ တခြား ရဟန်း သံဃာတော်များကပါ ပူးပေါင်းပါဝင် ဖြေရှင်ပေးနိုင်ဖို့အတွက် စာသင်သား လောကကို စွန့်ခွာပြီး ကြိုးစား အားထုတ်ခဲ့ပါတော့တယ်။ 

အခုဆိုရင် သံဃာ့သမိုင်းမှာ ကဗ္ဗည်းထိုးရမယ့် သံဃာတော်များ မေတ္တာပို့သ ဆန္ဒပြမှုကြီးဟာလည်း ၀င့်ဝင့်ကြွားကြွားနဲ့ ဂုဏ်ပြောင်နေဆဲ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ အရှင်ဂမ္ဘီရကတော့ အကျဉ်းထောင်မှာ အကျဉ်းစံနေရပါတယ်။

ပြီးခဲတဲ့ စက်တင်ဘာလ ၁၀ ရက်နေ့တုန်းက မိသားစုဝင်တွေ အဖမ်းခံရတာရယ်၊ စက်တင်ဘာ နှစ်ပတ်လည် နေ့ရယ်ကြောင့် အရှင်ဂမ္ဘီရဟာ စိတ်ဖိစီးမှုဒဏ်တွေကို ပြင်းထန်စွာ ခံစားနေရတဲ့ ကာလမှာ အကျဉ်းထောင်တွင်း တာဝန်ရှိတဲ့ ရဲမှူးတွေ လာကပ်တဲ့ နွားနို့ကို ဘုန်းပေးမိတဲ့အတွက်လည်း အဲဒီနေ့မှာပဲ ၃ ခါ အန်ပြီး ဆေးရုံတင်လိုက်ရတယ်လို့ သိရတယ်။

အဖမ်းဆီးခံရခြင်း တနှစ်ပြည့် နှစ်ပတ်လည်ကာလမှာကို အရှင်ဂမ္ဘီရဟာ အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေး ဆိုးဝါးစွာ ခံစားနေရလေရဲ့။ ဆေးရုံတက်ပြီးမှ သိရတဲ့ ကျန်းမာရေး အခြေအနေတွေက အကြောင်းအရာ တခုခုကို စဉ်းစားလိုက်ရင် ခေါင်းကိုက်တယ်၊ ဇက်ကြောတွေ တက်လာတယ်၊ ဘာကိုမှ လေးလေးနက်နက် စဉ်းစားလို့ မရဘူး ဖြစ်သွားတဲ့အပြင်ကို လူကလည်း ပိန်ချုံးကျသွားလိုက်တာ အရိုးပေါ် အရေတင်ပါပဲလေ။

ဒိအပြင်ကို ထူးဆန်းတာက ထောင်ဝင်စာ ပုံမှန်တွေ့နေတဲ့ အမတော်ကြီးကို တခါမှ မပြောဘူးခဲ့တဲ့ ''နိုင်ငံရေး မလုပ်ပါနဲ့၊ ပေါက်မြို့မှာပြန်ပြီး အေးအေးဆေးဆေး နေပါ၊ သူကိုလည်း ထောင်ဝင်စာ တွေ့မနေပါနဲ့တော့'' အစရှိတဲ့ စိုးရိမ်တဲ့ စကားလုံးတွေနဲ့ ခဏခဏ ထပ်မှာနေတဲ့အပြင် ပုံစံကလည်း အရမ်း စိုးရိမ်စိတ် ကြီးနေတဲ့ ပုံပဲလို့ ကြားသိရတော့ စာရေးသူအနေနဲ့ အတော့်ကို အံ့သြမိသွားပါတယ်။ 

ဘာကြောင့်လဲဆိုတော့ စာရေးသူနဲ့ အရှင်ဂမ္ဘီရနဲ့ အနီးကပ်နေခဲ့ဖူးတော့ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်ပုံတွေကို မျက်မြင်ကိုယ်တွေ့ သိရှိထားရသူ ဖြစ်နေတဲ့အတွက် အံ့သြမိတာပါပဲ။ 

သူနဲ့ စကားပြောလိုက်မှဖြင့် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းကကို လွတ်တယ်မရှိဘူး။ သူ စဉ်းစားတွေးခေါ်နေတဲ့ အကြောင်းအရာ မှန်သမျှဟာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ နည်းလမ်းတွေပါပဲ။ ဒါမှ နှစ်ဦးနှစ်ဖက် မနစ်နာစေဘဲ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်မယ်လို့ သူကိုယ်တိုင် ခံယူထားပြီး ကြိုးစားနေတယ်ထင်ရဲ့။ 

အရှင်ဂမ္ဘီရရဲ့ ဘွဲတော်အရင်းက စန္ဒောဘာသ။ သူ့ကို သူငယ်ချင်း အပေါင်းအသင်းတွေက ဗိုလ်စံ ဘာတွေလုပ်နေတုန်းဗျလို့ မေးတဲ့အခါတိုင်း သူ ပြန်ဖြေလေ့ရှိတာက ''တပည့်တော် ဗုဒ္ဓအလိုတော်ကျ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ ဆိုတဲ့အလုပ်တွေကိုပဲ ပုံမှန်လုပ်ဖြစ်နေပါတယ် ဘုရား'' တဲ့။

အရှင်ဂမ္ဘီရဟာ အဲသလို ရည်မှန်းချက်ကြီးမားသလို စိတ်ထားကလည်း ဖြုစင်သန့်ရှင်းရုံမက ပေးဆပ်မှုတွေကလည်း များပြားလှပါတယ်။ သို့ပေမယ့်လည်း သူ ပြန်လည်ရရှိတဲ့ ခံစားပိုင်ခွင့်တွေကျတော့ အဘက်ဘက်က နိမ့်ကျလှပါတယ်။ 

စာရေးသူတို့ ရန်ကုန်ကို အရှင်ဂမ္ဘီရနဲ့ တွေ့ဆုံဆွေးနွေးဖို့  ပထမဦးဆုံးအကြိမ် ရောက်တုန်းကဆိုရင် အောင်မင်္ဂလာ အဝေးပြေးကွင်းကို လာကြိုတဲ့ အရှင်ဂမ္ဘီရရဲ့ ပုံစံဟာဖြင့် အတော့်ကို ဘ၀င်ကျစရာ မကောင်းလှပါဘူး။ ဆံပင်က လက်မ၀က်သာသာ ရှည်ပြီး၊ ထိုင်းပိုး သင်္ကန်းကို ဂျွတ်တက်အောင်ဝတ်ထားကာ ပိုးလွယ်အိတ် ခပ်ညစ်ညစ်ထဲမှာ ပစ္စည်းအပြည့်ထည့်ပြီး လွယ်ထားတဲ့ သူ့ပုံစံလေးကို ခုထက်ထိ မြင်ယောင်နေမိပါသေးတယ်။

အဲဒီတုန်းကဆို ''ဒီဘုန်းကြီးကွာ ဘုန်းကြီးမပီသဘူး။ တော်တော်ကို ပေတိပေစုတ် နိုင်တာပဲ'' လို့ပြောကြတာတွေ ကြားဖူးပါရဲ့။ ရေနံချောင်းမြို့ ဆိုတာကလည်း ရေနံချောင်းသား စကားငှားသုံးရရင် "အစိုးရက အညိုရောင်ဆိုလား၊ အမဲရောင်ဆိုလား။ အဲသလိုသတ်မှတ်ပြီး ဘာတခုမှ ဖွံ့ဖြိုးအောင် ဆောင်ရွက်မပေးလို့ မြို့က စုတ်ခြာခြာဖြစ်နေတာတဲ့" တကယ်တော့ ရေနံချောင်းဆိုတာက အချက်အချာကျတဲ့ သမိုင်း အစဉ်အလာကြီးမားတဲ့ မြို့တမြို့ဖြစ်ပြီး နိုင်ငံရေးအရလည်း တက်ကြွမှုအပြည့်ရှိတဲ့ မြို့ပဲကိုး။ 

အဲသလို အသင့်အတင့် ပြည့်စုံနေတဲ့ စာသင်သားတွေဆိုတော့ အရှင်ဂမ္ဘီရရဲ့ အပေါ်ယံ ရုပ်ပုံလွှာကိုကြည့်ပြီး အတင်းပြောတာ (တနည်း) သုံးသပ်တာ ဖြစ်လေ့ဖြစ်တာရှိတဲ့ သဘာဝတခုလိုပါပဲ။ ဒါပေမဲ့ သူနဲ့ စကားပြောလိုက်မှဖြင့် လူပုံစံ စုတ်ခြာခြာ နိုင်သလောက် စကားအရာ၊ ဒီထက် ချုံ့ပြောရရင် စိတ်ထားအရာမှာကျတော့ သိက္ခာအပြည့်ပဲ ဖြစ်နေလေတော့ မလေးစားဘဲ ဘယ်နေနိုင်တော့မလဲ။ အံ့သြတကြီးကို ဖြစ်ခဲ့ရတာပေါ့။ 

ဒီထက် အံ့သြစရာကောင်းတာက သူ့မှာ အဲဒီ သင်္ကန်းတစုံနဲ့ ရေလဲစရာ သင်းပိုင်တထည်၊ တခြား ကိုယ်ပတ် သင်္ကန်းလေးတထည်သာ ရှိတာကြောင့် အဲဒီသင်္ကန်းကို လျှော်လိုက်မှဖြင့် သူ အပြင်ထွက်ဖို့ အဆင်မပြေနိုင်ပဲ ဖြစ်သွားပြီး အလုပ်တွေ နှောင့်နှေးကုန်မှာကို ငဲ့ညှာနေတာကြောင့်ပဲလို့ စာရေးသူ နားလည် သဘောပေါက်လိုက်ချိန်မှာတော့ တကယ့်ကို လေးလည်းလေးစား၊ သနားလည်း သနားမိတော့တာပါပဲ။ 

သူဟာ စာသင်သားတို့ ရသင့်ရထိုက်တဲ့ လာဘ်လာဘတွေ မရရှိတော့တဲ့အပြင် အရင် ရှိရင်းစွဲကျောင်းမှာ  ရှိပြီးသား အသုံးအဆောင်လေးတွေကိုတောင်မှ လုံခြုံရေးအရ ဂရုမစိုက်နိုင်အားတော့ဘဲ  ရှိသမျှနဲ့ ရောင့်ရဲပြီး နိုင်ငံအရေး အားထုတ်တော်မူတာပါ။

အဲဒီလို ဘ၀ဖြတ်သန်းမှုရဲ့ ဒဏ်တွေကို ကြံ့ကြံ့ခံပြီး နိုင်ငံအရေး အားထုတ်၊ အားပေးခဲ့တဲ့ ကိုယ်တော်ဟာ အခုတော့ သူ့အမကို နိုင်ငံရေးမလုပ်ဖို့ တားမြစ်နေတယ်ဆိုတော့.. ။ ဒါနဲ့ ဇနီးသည် (အရှင်ဂမ္ဘီရရဲ့ အမတော်အငယ်) ကို အရှင်ဂမ္ဘီရအကြောင်း စေ့စေ့စပ်စပ် မေးကြည့်တော့မှ အရှင်ဂမ္ဘီရဟာ ကိုယ်တိုင်ခံစားရတဲ့ အခက်အခဲ ဒုက္ခတွေကို ဂရုစိုက်လေ့ မရှိပေမယ့် သူ့ကြောင့် သူ့ရဲ့ မိသားစု၊ ဆွေးမျိုးညာတိ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်လာရင်တော့ စိုးရိမ်စိတ် အလွန်ကြီးမားသူဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့ရတယ်။

ဒါကို ကောင်းကောင်း သဘောပေါက်နေတဲ့ အာဏာပိုင်တွေကလည်း အရှင်ဂမ္ဘီရကို ဖိအားပေးသတဲ့။ စာရေးသူနဲ့ ဇနီးသည်ဖြစ်တဲ့ အရှင်ဂမ္ဘီရရဲ့ အမတော်အငယ်တို့ ရှောင်တိမ်းနေရတဲ့ကာလမှာ အမတော်အငယ်ဖြစ်သူနဲ့ သူ့အမျိုးသားကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းကို နေ့ရက်အတိအကျ၊ အချိန်၊ နေရာ၊ လက်ရှိ ချုပ်ထားတဲ့ အဆောင်နံပါတ် အစရှိတဲ့ အချက်အလက်တွေနဲ့ အယုံသွင်းတဲ့အပြင် ညီတော်ဖြစ်သူနဲ့ အမတော်အကြီးရဲ့ အမျိုးသားဖြစ်သူ နှစ်ဦးစလုံးကို တပြိုင်နက် ဖမ်းပြလိုက်တော့ မိသားစုကို သံယောဇဉ်ကြီးပါတဲ့ အရှင်ဂမ္ဘီရ ဘယ်လိုခံစားနေရမလဲ တွက်သာကြည့်ပါတော့လေ။ ဒီ့အပြင် အမတော်ဖြစ်သူကလည်း မွေးခါနီးဖွားခါနီး ကိုယ်ဝန်ဆောင် မိခင်လောင်း ဖြစ်နေပြီး၊ မိဘနှစ်ပါးက ဆိုရင်လည်း အသက် ၇၀ ကျော်မှ ဆေးပေးမီးယူ အားကိုးစရာ သားသမီးတွေ တယောက်မှ အနားမှာ မရှိဖြစ်နေတာကို အရှင်ဂမ္ဘီရ ဘယ်လိုလုပ် မေ့ထားလို့ ရနိုင်ပါ့မလဲ။

သို့ပေမယ့် အရှင်ဂမ္ဘီရဆိုတဲ့ သံဃာ့အာဇာနည် ခေါင်းဆောင်တပါးဟာ နအဖ ထံ ဒူးထောက်ပြီး အဓမ္မကို ဘယ်တော့မှ အားပေးအားမြှောက် လုပ်မှာမဟုတ်ဘူး ဆိုတာကတော့ အသေအချာပါပဲ။ 

အရှင်ဂမ္ဘီရ ဖမ်းဆီးခံရခြင်း နှစ်ပတ်လည်မှာ အရှင်ဂမ္ဘီရကို ဒီစာလွှာနဲ့ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။ 


ကိုမော်
(စာရေးသူသည် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်သည်။)

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.