Sunday, November 30, 2008

[Ywar Thar Lay (YTU)] 1 New Entry: အမုန်းပေါင်း ရှစ်သောင်းလေးထောင်

အမုန်းပေါင်း ရှစ်သောင်းလေးထောင်




အမုန်းက အချစ်ရဲ့ အနောက်မှာ တိတ်တဆိတ်လိုက်ပါမြဲ။ သူတစ်ကာထက်ပိုတဲ့ အချစ်နဲ့ချစ်မိပြီဆိုမှတော့ အမုန်းဆိုတာလည်း ကြီးပြီပေါ့။ တကယ်တမ်းရေကြည့်ရင် အမုန်းပေါင်းက ရှစ်သောင်းလေးထောင်မက။ တစ်ထောင့်တစ်ညရှည်တဲ့ ပုံပြင်တွေမဖြစ်အောင် ဇကာတင်ရွေးထားတဲ့ လက်ရွေးစင်အမုန်းတွေကို ပဲရွေးထုတ်လိုက်ပါတယ်။ တစ်ချက်တော့ မှတ်ထားပေးပါ။ ဒီပို့စ်နဲ့ပတ်သတ်လို့ ထင်ရာမြင်ရာ ရေးချင်ရာကိုရေးခဲ့နိုင်ပါတယ်။ ဖြေရှင်းချက်တစ်စုံတစ်ရာတော့ လုံးဝလုံးဝရှိမည်မဟုတ်ပါခင်ဗျာ။

၁။ Why me?

စိတ်ဓါတ်ကျအားငယ်တိုင်း အကြိမ်ကြိမ် လဲကျမိတိုင်း ဒီမေးခွန်းကိုမေးနေမိတတ်တယ်။ တကယ်တမ်းလူ့ဘ၀ကြီးမှာ လူတိုင်းကြုံတွေ့ရမှာပါပဲ။ အသိတရားဆိုတာကို လက်ကိုင်မထားမိဘဲ ဘာကြောင့် ဒီမေးခွန်းကို အမြဲတစေမေးနေတတ်ပါလိမ့်ဆိုပြီး မုန်းတီးနေမိတာပါ။

၂။ ကျောက်သင်ပုန်း

ကြားဖူးတဲ့ ပုံလေးထဲကလို ဘ၀မှာကြုံရတဲ့ကောင်းပေ့ဆိုတဲ့ အရာတွေကို ကျောက်မှာထွင်းပြီး မကောင်းတဲ့အရာတွေကို ရေပေါ်မှာပဲရေးပါဆိုတာကိုပါ။ မြင်တွေ့သမျှ အမူအရာ အပြောအဆိုတွေကို ကျောက်သင်ပုန်းပေါ်မှာ ရေးသလို လွယ်လွယ်ကူကူ ပြန်ဖျက်ပစ်လို့မရတာကို မုန်းနေမိတာပါ။

၃။ ဘူးဆိုခ၀ဲသီးမသီးခြင်း

ဒါဆိုဒါပဲနော်ဆိုတဲ့ ဖုန်းပြောတဲ့ကလေးလိုပါပဲ။ ဒီခရီးဒီလမ်းကို သွားမယ်ဆုံးဖြတ်ပြီးရင် မဖြစ်ဖြစ်အောင် သွားတတ်လို့ပါ။ ဗီဒီယိုဖိုင်ထဲက ငှက်ကလေးလိုပါ ဘာဖြစ်မယ်ဆိုတာကို သိသိနဲ့ ရှေ့ဆက်တိုးဖို့ အဆင့်သင့်ဖြစ်နေတတ်လို့ မုန်းမိပြန်ရော။

၎။ ပြဒါးမဲ့မှန်

ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှကိုယ်ကြင်မတဲ့။ ကြည့်မှန်တစ်ချပ်ဆို သူပြုံး ရင် ပြန်ပြုံးပြတတ်တယ်။ သူမဲ့ပြရင် ကိုယ်ပြန်မဲ့ပြဖို့ ကိုယ့်စိတ်ကမရဲဘူးလေ။ တစ်ချက်တစ်လေ မဲ့ပြလိုက်မိလို့ မှန်ကြည့်သူနာကျင်သွားမှာကိုလည်း စိုးရိမ်မိတယ်။ ကြည့်မှန်လို နောက်မှာ ပြဒါးမထည့်ထားမိတဲ့ကိုယ့်ကိုကိုယ် အလိုမကျစွာ တိတ်တိတ်လေးမုန်းတီးနေတယ်လေ။

၅။ ပျောက်ဆုံးမျက်နှာဖုံးရှင်

သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတာရှိပါတယ်။ ဒီအချိန်မှာ ဒီမျက်နှာဖုံးကို သုံးသင့်တယ်ဆိုပေမယ့် ပိတ်ကားအချမှာမှ ကမန်းကတန်းကောက်တပ်လိုက်ရတယ်။ ကိုယ့်ရဲ့ သရုပ်အမှန်ကို ရှေ့တည့်တည့် ကြည့်သူတိုင်း သိလွယ်မြင်လွယ်ဖြစ်လွန်းလို့အားမလိုအားမရ မုန်းနေမိတာ။ တနေ့ ကအလုပ်ထဲမှာ ထုံးစံအတိုင်း ပြဿနာအသေးတစ်ခုတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကမေးပါတယ် ဘာဖြစ်နေတာလဲတဲ့ ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိပါတယ် ပျော်အောင်နေပါတဲ့ ကဲ အဲ့လောက်ကို မျက်နှာဖုံးလွတ်ကျတဲ့အထိနော်။

၆။ ကပ်ပါးကောင်

အမှီရှိမှ အသက်ရှင်နေထိုင်တတ်တယ်။ တစ်ကောင်တည်းမို့ အသိုင်းအ၀ိုင်းအရိပ်ဆို အားကြီးခုံမင်တယ်။ ဟိုအပင်ကပ် ဒီအပင်ကပ် ကပ်မြှောင်နေရတဲ့ ကပ်ပါးကောင်ဘ၀ကို မုန်းပါတယ်။

၇။ ပဲခူးဆား

တကယ့်ဆားက တန်ဖိုးပိုကြီးပါလိမ့်မယ်။ ဆိုလိုချင်တာက ဟိုနေရာ စပ်စပ် ဒီနေရာစပ်စပ်ပါ။ အဖြစ်မရှိပေမယ့် ၀မရှိပဲ ၀ိလုပ်ရမယ်ဆိုရင် နှစ်ယောက်မရှိတဲ့ အတွက် မုန်းနေမိတာ။

၈။ စည်းပျက်ကမ်းပျက်

မေရော ဖေရော စည်းကမ်းရှိပါလျက် ဘယ့်နဲ့ကြောင့်စုန်းပြူးရတာပါလိမ့်။ အသုံးစရိတ်တွေကို စနစ်တကျ ပြုစုတတ်တဲ့ မေ ပစ္စည်းပစ္စယတွေကို တရိုတသေကိုယ်တွယ်တတ်တဲ့ ဖေ။ ဆန့်ကျင်ဘက်တစ်ယောက်ဖြစ်နေတဲ့ ကိုယ့်ကို မုန်းတယ်ဆိုပြီး ဒီအတိုင်းလက်လွယ်စပယ်နေခဲ့တာ ကြာပြီလေ။ ဗီရိုထဲက အ၀တ်ပုံကြီးက တရားစွဲမယ်ဆိုရင် အခန်းထဲက ကို ထွက်နိုင်မယ်မထင်။

၉။ လေလွင့်ခြင်း

အကြိုက်ဆုံးဆောင်ပုဒ်က Freedom ဆိုပြီး အလွဲသုံးစား လုပ်နေတာကြာပါပကော။ ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ လူငယ်တစ်ယောက်အနေနဲ့ အဖြေမရှိလို့ ရှက်ရွံ့စွာ မုန်းနေမိတယ်ထင်ပါရဲ့။ မနက်ဖြန်ဆိုတာ မတွေးကြေး မမေးကြေးနော်။

၁၀။ Negative

လောကကို အပြုသဘောဆောင်တဲ့ အကောင်းမြင်ဝါဒနဲ့ ကြည့်ရအောင်။ ချက်ချင်းပြန်မေးမိတာက လောကကြီးကကော ဘယ်လောက်ကောင်းနေလို့လဲတဲ့ ကဲ။ ဘယ်အချိန်ကြည့်ကြည့် မျက်မှန်အမည်းကြီးတပ်ကြည့်နေတတ်တယ်။ မျက်မှန်ပေါ်က အနုတ်လက္ခဏာကို ဖြုတ်ရမယ်ဆိုတာ သိပေမယ့် မသိချင်ယောင်ဆောင်နေတတ်လို့ မုန်းပါတယ်။


ကိုဗီလိန် ရေ တာဝန်ကျေလောက်ပြီထင်တယ်ဗျာ။ မဟုတ်ရင် ကိုယ့်ကိုကိုယ် ကားစင်တင်ပြီး နေလှန်းမိတော့မယ်။

You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Ywar Thar Lay (YTU)] 1 New Entry: အမုန်းပေါင်း ရှစ်သောင်းလေးထောင်

အမုန်းပေါင်း ရှစ်သောင်းလေးထောင်




အမုန်းက အချစ်ရဲ့ အနောက်မှာ တိတ်တဆိတ်လိုက်ပါမြဲ။ သူတစ်ကာထက်ပိုတဲ့ အချစ်နဲ့ချစ်မိပြီဆိုမှတော့ အမုန်းဆိုတာလည်း ကြီးပြီပေါ့။ တကယ်တမ်းရေကြည့်ရင် အမုန်းပေါင်းက ရှစ်သောင်းလေးထောင်မက။ တစ်ထောင့်တစ်ညရှည်တဲ့ ပုံပြင်တွေမဖြစ်အောင် ဇကာတင်ရွေးထားတဲ့ လက်ရွေးစင်အမုန်းတွေကို ပဲရွေးထုတ်လိုက်ပါတယ်။ တစ်ချက်တော့ မှတ်ထားပေးပါ။ ဒီပို့စ်နဲ့ပတ်သတ်လို့ ထင်ရာမြင်ရာ ရေးချင်ရာကိုရေးခဲ့နိုင်ပါတယ်။ ဖြေရှင်းချက်တစ်စုံတစ်ရာတော့ လုံးဝလုံးဝရှိမည်မဟုတ်ပါခင်ဗျာ။

၁။ Why me?

စိတ်ဓါတ်ကျအားငယ်တိုင်း အကြိမ်ကြိမ် လဲကျမိတိုင်း ဒီမေးခွန်းကိုမေးနေမိတတ်တယ်။ တကယ်တမ်းလူ့ဘ၀ကြီးမှာ လူတိုင်းကြုံတွေ့ရမှာပါပဲ။ အသိတရားဆိုတာကို လက်ကိုင်မထားမိဘဲ ဘာကြောင့် ဒီမေးခွန်းကို အမြဲတစေမေးနေတတ်ပါလိမ့်ဆိုပြီး မုန်းတီးနေမိတာပါ။

၂။ ကျောက်သင်ပုန်း

ကြားဖူးတဲ့ ပုံလေးထဲကလို ဘ၀မှာကြုံရတဲ့ကောင်းပေ့ဆိုတဲ့ အရာတွေကို ကျောက်မှာထွင်းပြီး မကောင်းတဲ့အရာတွေကို ရေပေါ်မှာပဲရေးပါဆိုတာကိုပါ။ မြင်တွေ့သမျှ အမူအရာ အပြောအဆိုတွေကို ကျောက်သင်ပုန်းပေါ်မှာ ရေးသလို လွယ်လွယ်ကူကူ ပြန်ဖျက်ပစ်လို့မရတာကို မုန်းနေမိတာပါ။

၃။ ဘူးဆိုခ၀ဲသီးမသီးခြင်း

ဒါဆိုဒါပဲနော်ဆိုတဲ့ ဖုန်းပြောတဲ့ကလေးလိုပါပဲ။ ဒီခရီးဒီလမ်းကို သွားမယ်ဆုံးဖြတ်ပြီးရင် မဖြစ်ဖြစ်အောင် သွားတတ်လို့ပါ။ ဗီဒီယိုဖိုင်ထဲက ငှက်ကလေးလိုပါ ဘာဖြစ်မယ်ဆိုတာကို သိသိနဲ့ ရှေ့ဆက်တိုးဖို့ အဆင့်သင့်ဖြစ်နေတတ်လို့ မုန်းမိပြန်ရော။

၎။ ပြဒါးမဲ့မှန်

ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှကိုယ်ကြင်မတဲ့။ ကြည့်မှန်တစ်ချပ်ဆို သူပြုံး ရင် ပြန်ပြုံးပြတတ်တယ်။ သူမဲ့ပြရင် ကိုယ်ပြန်မဲ့ပြဖို့ ကိုယ့်စိတ်ကမရဲဘူးလေ။ တစ်ချက်တစ်လေ မဲ့ပြလိုက်မိလို့ မှန်ကြည့်သူနာကျင်သွားမှာကိုလည်း စိုးရိမ်မိတယ်။ ကြည့်မှန်လို နောက်မှာ ပြဒါးမထည့်ထားမိတဲ့ကိုယ့်ကိုကိုယ် အလိုမကျစွာ တိတ်တိတ်လေးမုန်းတီးနေတယ်လေ။

၅။ ပျောက်ဆုံးမျက်နှာဖုံးရှင်

သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတာရှိပါတယ်။ ဒီအချိန်မှာ ဒီမျက်နှာဖုံးကို သုံးသင့်တယ်ဆိုပေမယ့် ပိတ်ကားအချမှာမှ ကမန်းကတန်းကောက်တပ်လိုက်ရတယ်။ ကိုယ့်ရဲ့ သရုပ်အမှန်ကို ရှေ့တည့်တည့် ကြည့်သူတိုင်း သိလွယ်မြင်လွယ်ဖြစ်လွန်းလို့အားမလိုအားမရ မုန်းနေမိတာ။ တနေ့ ကအလုပ်ထဲမှာ ထုံးစံအတိုင်း ပြဿနာအသေးတစ်ခုတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကမေးပါတယ် ဘာဖြစ်နေတာလဲတဲ့ ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိပါတယ် ပျော်အောင်နေပါတဲ့ ကဲ အဲ့လောက်ကို မျက်နှာဖုံးလွတ်ကျတဲ့အထိနော်။

၆။ ကပ်ပါးကောင်

အမှီရှိမှ အသက်ရှင်နေထိုင်တတ်တယ်။ တစ်ကောင်တည်းမို့ အသိုင်းအ၀ိုင်းအရိပ်ဆို အားကြီးခုံမင်တယ်။ ဟိုအပင်ကပ် ဒီအပင်ကပ် ကပ်မြှောင်နေရတဲ့ ကပ်ပါးကောင်ဘ၀ကို မုန်းပါတယ်။

၇။ ပဲခူးဆား

တကယ့်ဆားက တန်ဖိုးပိုကြီးပါလိမ့်မယ်။ ဆိုလိုချင်တာက ဟိုနေရာ စပ်စပ် ဒီနေရာစပ်စပ်ပါ။ အဖြစ်မရှိပေမယ့် ၀မရှိပဲ ၀ိလုပ်ရမယ်ဆိုရင် နှစ်ယောက်မရှိတဲ့ အတွက် မုန်းနေမိတာ။

၈။ စည်းပျက်ကမ်းပျက်

မေရော ဖေရော စည်းကမ်းရှိပါလျက် ဘယ့်နဲ့ကြောင့်စုန်းပြူးရတာပါလိမ့်။ အသုံးစရိတ်တွေကို စနစ်တကျ ပြုစုတတ်တဲ့ မေ ပစ္စည်းပစ္စယတွေကို တရိုတသေကိုယ်တွယ်တတ်တဲ့ ဖေ။ ဆန့်ကျင်ဘက်တစ်ယောက်ဖြစ်နေတဲ့ ကိုယ့်ကို မုန်းတယ်ဆိုပြီး ဒီအတိုင်းလက်လွယ်စပယ်နေခဲ့တာ ကြာပြီလေ။ ဗီရိုထဲက အ၀တ်ပုံကြီးက တရားစွဲမယ်ဆိုရင် အခန်းထဲက ကို ထွက်နိုင်မယ်မထင်။

၉။ လေလွင့်ခြင်း

အကြိုက်ဆုံးဆောင်ပုဒ်က Freedom ဆိုပြီး အလွဲသုံးစား လုပ်နေတာကြာပါပကော။ ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ လူငယ်တစ်ယောက်အနေနဲ့ အဖြေမရှိလို့ ရှက်ရွံ့စွာ မုန်းနေမိတယ်ထင်ပါရဲ့။ မနက်ဖြန်ဆိုတာ မတွေးကြေး မမေးကြေးနော်။

၁၀။ Negative

လောကကို အပြုသဘောဆောင်တဲ့ အကောင်းမြင်ဝါဒနဲ့ ကြည့်ရအောင်။ ချက်ချင်းပြန်မေးမိတာက လောကကြီးကကော ဘယ်လောက်ကောင်းနေလို့လဲတဲ့ ကဲ။ ဘယ်အချိန်ကြည့်ကြည့် မျက်မှန်အမည်းကြီးတပ်ကြည့်နေတတ်တယ်။ မျက်မှန်ပေါ်က အနုတ်လက္ခဏာကို ဖြုတ်ရမယ်ဆိုတာ သိပေမယ့် မသိချင်ယောင်ဆောင်နေတတ်လို့ မုန်းပါတယ်။


ကိုဗီလိန် ရေ တာဝန်ကျေလောက်ပြီထင်တယ်ဗျာ။ မဟုတ်ရင် ကိုယ့်ကိုကိုယ် ကားစင်တင်ပြီး နေလှန်းမိတော့မယ်။

You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 1 New Entry: တကိုယ်ရေအင်တာနက်စာမျက်နှာ များ ပြပွဲ ပြိုင်ပွဲ

တကိုယ်ရေအင်တာနက်စာမျက်နှာ များ ပြပွဲ ပြိုင်ပွဲ

၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ Myanmar Info-teach အဆောက်အဦးတွင် ပြုလုပ်မည့် တကိုယ်ရေအင်တာနက်စာမျက်နှာ များ ပြပွဲ ပြိုင်ပွဲ

ကျွန်တော်တို့မှ လာမည့် လအတွင်းအောက်ပါရည်ရွယ်ချက်များဖြင့် အင်တာနက်အသုံးပြုသူ လူငယ်များ အနေဖြင့် web နည်းပညာနှင့် ဆက်သွယ်ရေး အချက်အလက်ဆိုင်ရာ များကိုပိုမိုပြန့်ပွားစေရန် အတွက် ယခု ပြပွဲပြိုင်ပွဲကိုကျင်းပမည်ဖြစ်ပါသည်။


၁- အင်တာနက်ပေါ်တွင် တဦးနှင့်တဦး မည်သူမည်ဝါဖြစ်ကြောင်းအလွယ်တကူပြသနိုင်ရန်
၂- ပြည်တွင်းပြည်ပမှ မိတ်ဆွေသူငယ်ချင်း သစ်များတိုးပွားလာပြီး ပညာရေး၊
လူမှုရေး ကဏ္ဍ များတွင် ပိုမို အကျိုးရှိစွာဆောင်ရွက်နိုင်စေရန်
၃- web ပိုင်းဆိုင်ရာ တိုးတက်ဖြစ်ပေါ်နေသော အချက်အလက်နည်းပညာများ
ကိုအမြဲတစေ ထိတွေ့နေစေရန်
၎- တဦးတယောက်ခြင်းမှ စကာ အင်တာနက်အသုံးပြုပြီး ၀င်ငွေတဖက်တလမ်းမှရရှိစေရန်
၅- နည်းပညာအခြေခံ၍ အခြားစီးပွားရေး ကဏ္ဍ များအတွက် အခွင့်အလမ်းများကို သိသာလာစေရန်

အဆိုပါရည်ရွယ်ချက်များကို အခြေခံ၍ တကိုယ်ရေ အင်တာနက်စာမျက်နှာများကို ယှဉ်ပြိုင်ပြသရန် စီစဉ် ထားပြီး လာရောက်ကြည့်ရှုသည့် ပရိတ်သတ်များမှ
ရွေးချယ်ပေးသည့် အမှတ်အများဆုံး စာမျက်နှာပိုင်ရှင်အား ဆုချီးမြှင့် ရန် စီစဉ်ထားရှိပါသည်။

ဆုချီးမြှင့်မည့် အစီအစဉ်
အကောင်းဆုံးဆုကို တခုသာသတ်မှတ် ရွေးချယ်သွားမည်ဖြစ်ကာ ဆုကြေးအဖြစ် ကျပ်ငွေ ၁ သိန်းနှင့် အခြားလက်ဆောင်များ ကိုပေးအပ်သွားမည်ဖြစ်ပါသည်။


Your success is our consern

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 2 New Entries: ဘီလ်ဂိတ် ကျောင်းပြေးတဲ့နေ့

ဘီလ်ဂိတ် ကျောင်းပြေးတဲ့နေ့

လူတို့သည် ညအချိန်တွင် အိပ်စက်ကြခြင်းသည် မလွဲမသွေ လုပ်ဆောင်ရမည့် အလုပ်တစ်ခုကို ဆောင်ရွက်ခြင်းပင် ဖြစ်သည်။ ဒါသည်ပင် ည၏ ၀ိသေသလည်း ဖြစ်ပါသည်။ အိပ်စက်ခြင်းဖြင့် တစ်နေကုန် ရုန်းကန် လှုပ်ရှားခဲ့သော ခန္ဓာကိုယ်နှင့် စိတ်ခံစားမှုအားလုံးကို ဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်ပြီး နောက်တစ်နေ့တွင် တစ်ဖန်ပြန်၍ ရင်ဆိုင်လှုပ်ရှားနိုင်အောင် အင်အားတစ်ရပ်ကို စုဆောင်းလိုက်ခြင်းလည်း ဖြစ်ပါသည်။ ကိုမောင်မောင်ထူးသည် ည၏ အဓိပ္ပာယ်ကို လိုက်နာရင်း အိပ်ရာထက်တွင် ဇွတ်အတင်း အိပ်စက်လျက် ရှိပါသည်။ သို့ငြား.. ကိုယ်ခန္ဓာကိုသာ လဲလျောင်းရင်း ငြိမ်ငြိမ်ကလေးနေလို့ရ၏။

စိတ်ပိုင်းဆိုင်ရာတုန်လှုပ်နေခြင်းကိုတော့ ဘယ်နည်းနှင့်မျှ ခါထုတ်ဖယ်ရှားနိုင်ပါမည်နည်း။ သူ၏ရင်ထဲ တနုံ့နုံ့ နာကျင်လျက် ရှိသည်ကော။ ထို့ကြောင့် ကြားဖူးနားဝရှိတဲ့အတိုင်း နှာခေါင်းဝမှာ တိုးဝင်နေတဲ့ လေကလေးကို သတိနှင့်မှတ်၏။ ထိုမှတ်စိတ်ကလေးသည် တစ်မိနစ်မျှ ကြာလိုက်ရဲကလား မသိ။ ရင်ထဲရိုက်ခတ်နေတဲ့ သောကစိတ်က ၀င်လာပြန်သည်။ တစ်ဖန် သင်္ချာနည်းဟုခေါ်သော တစ်နှစ်သုံးလေး ရေတွက်ခြင်း စိတ်အလုပ်ကူကြည့်သည်။ ရေတွက်ရင်းနဲ့ အတွေးများက နယ်ချဲ့လာပြန်သည်။

"ငါ့သားလေး.... သနားပါတယ်၊ ဘာကြောင့်များ သူ့အတွက် နားလည်မပေးမိခဲ့လေခြင်းနော်"
ကိုမောင်မောင်ထူး၏ နှုတ်မှ လွှတ်ခနဲ ထွက်သွားသော စကားလုံးများ ဖြစ်ပါသည်။ စိတ်မထိန်းနိုင်စွာ တိုးတိုး ရေရွတ်မိလိုက်သော်လည်း သူ့ဘေးမှာဆိုးသွမ်းနေတဲ့ သားမို့၊ ဆုံးမ စကား နားမထောင်တဲ့သားမို့ ဆိုရင်တောင်မှ ဖြေသာဦး မယ်ကွာ... တောက်"

"ကဲပါ ကိုထူးရယ်။ ရှင်လည်း နက်ဖြန် ရုံးတက် ရဦးမယ်။ အိပ်တော့နော်"

"မိန်းမ... မိန်းမ၊ ဟဲ့... မစိန်ထွေး"

"အင်း... ပြောလေ"

"ငါ ဒီကောင်ကို ဓာတ်ဘူးနဲ့ ပစ်ပေါက်လိုက်တော့ လက်ကိုများ ထိသွားသေးလား။ မင်း ကြည့်လိုက်ကဲ့ လား"

"ရှင့်သားလား။ လုံးဝ မထိပေါင်တော်။ လက်ဖ၀ါး နဲ့ ပက်သလို ခံလိုက်တာ။ ဓာတ်ဘူး အောက်ကျပြီး ကွဲရော"

"ဒီနေ့ ကျောင်းမတက်ဘူးတဲ့လား။ ဒီည သူ့အဒေါ် တွေအိမ်မှာ အိပ်မတဲ့လား။ နက်ဖြန်တော့ ဒီကောင် အိမ် ပြန်လာမှာပါနောကွာ"

"လာမှာပါဆိုတော်။ ဒီမှာ ကိုထူး၊ ရှင့်မှာ ဇော်လေးတစ်ယောက်တည်း သားသမီးရှိတာ မဟုတ်ဘူး။ ဇော်ကြီးရော၊ အငယ်ဆုံးမလေး မိမိုးရော ရှိသေးတယ်။ အလုပ်ပျက်အောင်၊ ကျန်းမာရေး ထိခိုက်အောင်ထိ ပူပန်ရမယ့် ကိစ္စမဟုတ်ဘူး။ မွေးထားတဲ့ အမေတောင် ဒီလောက်မပူဘူး။ အိပ်တော့"

မစိန်ထွေး၏ ဒေါသသံ နှောလာသော စကားကြောင့် ကိုမောင်မောင်ထူးသည် တစ်ဖက်သို့ လှည့်ရင်း အိပ်ဖို့ အသင့်အနေအထား ပြင်လိုက်သော်လည်း...

"ဒီကောင် သိပ်အားကျတဲ့ ဘီလ်ဂိတ်ဆိုတဲ့လူ ကျောင်းပြေးတဲ့အကြောင်းက ပြောလိုက်သေးရဲ့။ အင်း... ငါ့သားလည်း ဘီလ်ဂိတ်လို ကျောင်းပြေးဖူးတာပေါ့လေ"

ဟု ပြောဖြစ်အောင် ပြောလိုက်သေးသည်။ မစိန်ထွေးက မကြားဟန်ဆောင်ရင်း မျက်စိစုံမှိတ်နေလိုက်တော့သည်။

စင်စစ် ကိုမောင်မောင်ထူးသည်လည်း မိဘအပေါ် သိတတ်သော သားကောင်းတစ်ယောက် ဖြစ်ခဲ့သူပါ။
"သားသမီးက မိဘထက် သာအောင် မွေးမြူနိုင် မှ တကယ့်လူကွ"
ဆိုတဲ့ အဖေ့စကားကို နာခံကြိုးစားခဲ့ကြသဖြင့် ကိုမောင်မောင်ထူးတို့ မောင်နှမ ငါးယောက် စလုံး ဘွဲ့ရပညာတတ်တွေ ဖြစ်ခဲ့ကြ၏။ ကိုမောင်မောင်ထူးက အငယ်ဆုံးသား။
ကံအကျိုးပေးပုံချင်း တူ ချင်တော့ အဖေက ဆယ် တန်းအောင်၊ ရုံးစာရေးကြီး ဖြစ်ခဲ့ပြီး ကိုမောင်မောင်ထူး ကျတော့ သိပ္ပံဘွဲ့ရ ရုံးစာရေးကြီး ဖြစ်လာခဲ့ခြင်းပင်။ ဒါတောင် သည်စာရေးဝန် ထမ်းဖြစ်ဖို့ အဖေ ရုံးစာရေးကြီး၏ ဌာနမို့ အခွင့်အရေး ရခဲ့ခြင်းဖြစ်သည်။
အဖေတုန်းက ယခု သူ နေထိုင်တဲ့ အိပ်ခန်းကလေး မှာပဲ အငြိမ်းစားယူသည်ထိ နေထိုင်ခွင့် ရခဲ့ပြီး သူသည် လည်း သည်အခန်းကလေး မှာပဲ အစိုးရ၀န်ထမ်းမို့ ဆက်လက် နေခွင့်ရခဲ့သည်။
အဖေသည် သည် အခန်းလေးမှာပဲ ရိုးသားတိတ် ဆိတ်စွာ ဘ၀ကို ဖြတ်သန်း သွားခဲ့သူပါ။
တစ်ခု ကွာခြားသည်က အဖေသည် သူ၏လစာ တစ်ခုတည်းနှင့် သားသမီး များကို လိမ်ဖယ် လိမ်ဖယ် နှင့် ပညာသင်ကြားပေးခဲ့နိုင်သော်လည်း သူ့ကျတော့ ထိုသို့ မဟုတ်တော့။ မစိန်ထွေးက ဇာထိုးပန်းထိုး အငှား လက်ခံသည်။ အိမ်ခြံဝင်းထဲမှာ မြက်အလှစိုက်ပျိုး ရောင်းချသည်။ နှစ်ယောက်ဝင်ငွေ ရှိသည်။
ဒါတောင် အကြီးကောင် ဇော်ကြီးကို နေ့တက္ကသိုလ်သို့ မပို့နိုင်ခဲ့။
"မင်းအမှတ်ကလည်း သိပ် မကောင်းဘဲနဲ့"
ဆိုသော အကြောင်းပြချက်နှင့် စာပေး စာယူပဲ တက်ခိုင်းခဲ့သည်။ ပြီးတော့ သူ့အဖေတုန်းကလို နေရေးထိုင်ရေး မပူပန်ရအောင် သူတို့ရုံးမှာပဲ စာရေးလေးအဖြစ် အမှုထမ်းစေသည်။
သည်တော့လည်း သူတို့အိမ်မှာ သုံးယောက် ၀င်ငွေရှိလေပြီပေါ့။
သားငယ် ဇော်လေးကတော့ ငယ်ကတည်းက စာတော်တဲ့ကလေး။ ထက်မြက်ပြီး သတ္တိကလည်း ကောင်းသည်။ ကျောင်းမှာဆိုလျှင် ကျပန်းစကားပြိုင်ပွဲ၊ စကားရည်လုပွဲတွေမှာလည်း ဆုရ သည်ချည်း။ ပညာရည်ချွန်ဆု ဆိုတာတွေကတော့ ဂုဏ်ပြုလက်မှတ်တွေ တစ်ပုံကြီး ဖြစ်နေသည်သာ ကြည့် တော့။
သည်လို ကလေးမျိုး ဆယ်တန်းအောင်တော့ အမှတ်ကောင်းသည်ပေါ့။ နယ်တက္ကသိုလ်သို့ ပို့လျှင် နယ်ဆေးတက္ကသိုလ် အမှတ်ပင် မီသည်တဲ့။
အဲသည်တုန်းက "သား ကို ရေကြောင်းတက္ကသိုလ် မပို့ချင်ဘူးလားဟင်"လို့ သည်ကောင် မ၀ံ့မရဲ အခွင့် အရေး တောင်းဖူးသည်။ သူ က "ရေထဲ မိုးထဲ မလုပ်ပါ နဲ့။ အဖေ စိတ်မချဘူး"ဟု ခပ်တည်တည်နှင့် ငြင်းဆန်ခဲ့သည်။
အမှန်တော့ သားကို အဝေးတက္ကသိုလ် ဘော်ဒါဆောင် ထားနိုင်တဲ့အထိ သူ့ တွင် ၀င်ငွေမရှိမှန်း သူကိုယ်တိုင်လည်း သိသည်။ သားကလည်း နားလည်သည်။ သားအဖနှစ်ယောက် လက်တွေ့ဘ၀ကို မသိကျိုးကျွံပြု ပြီး စိတ်ဖြေပြော ပြောမိကြ ခြင်းမျှသာ။
ယခု ဇော်လေး တက်ခွင့်ရတဲ့ တက္ကသိုလ်ကလည်း သူ ၀ါသနာပါသော ပညာ ရပ်ပါပဲ။ မန္တလေး အိုးဘိုရပ် မှာရှိတဲ့ နည်းပညာတက္ကသိုလ် ဖြစ်သည်။ ဇော်လေးက စက်မှုအင်ဂျင်နီယာ ဘာသာတွဲ ယူသည်။
ဇော်လေး ကျောင်းတက်တော့ မြို့ကထွက်တဲ့ တက္ကသိုလ် ဖယ်ရီကား စီးသွားရုံပင်။ ခရီးစရိတ်တော့ တစ်ရက်သုံးရာ ထည့်ပေးရသည်။ သူ့အမေက မုန့်ဖိုး (လက်ဖက်ရည်ဖိုး) ဆိုပြီး နှစ်ရာတိုးကာ တစ်ရက် ငါးရာပေးသည်။
နေ့လယ်စာအတွက် ထမင်းချိုင့်ကလေး ထည့်ပေးရသည်။
သည်တော့ အိုးမကွာ အိမ်မကွာ စရိတ်စက မများဘဲ ဇော်လေး ကျောင်းတက် လို့ရသည်။ သူ့အတွက် အ၀တ်အစားကလည်း အဖေ နှင့် အစ်ကို၏ အ၀တ် မှန်သမျှ ယူဝတ်လို့ရသည်။
ယခုဆိုလျှင် ဇော်လေး သည် စက်မှုအင်ဂျင်နီယာတန်းခေါ်တဲ့ ဘီအီး ပထမ နှစ်တန်းသို့ပင် ရောက်ပြီ။ ဇော်လေးအတွက် ယခုလို သက်သောင့်သက်သာ ဖြတ်သန်းစေခြင်း၏ အဓိက အကြောင်းတစ်ချက် ရှိသေး သည်။
ကိုမောင်မောင်ထူး၏ အလုပ်က အရာရှိကြီးတစ် ယောက်ထံမှ ထောက်ပံ့မှု ကြောင့်ပါ။ သူတို့မိသားစုက ဆရာကြီးဟု ခေါ်ကြသော အရာရှိကြီး ဦးရွှေဦးက ဇော်လေး တက္ကသိုလ် ပထမနှစ် ကတည်းက ထောက်ပံ့ခဲ့သည်။ ယခု အင်ဂျင်နီယာ တန်းမို့ဆိုကာ တစ်လ သုံးသောင်းတောင် ပို့ပေးသည်။

"မောင်ထူးရာ... ငါ လည်း ၀န်ထမ်းမိဘနှစ်ပါးက ထားပေးခဲ့တဲ့ ပညာနဲ့ လူဖြစ်ခဲ့တာပါ။ ဒါက ငါ့အတွက် ပညာနဲ့ပတ်သက်တဲ့ ကုသိုလ် ကောင်းမှုပဲ။ ဘာမှအားမနာနဲ့။ ကလေးကိုသာ လိမ္မာအောင်၊ တော်အောင် မြေတောင်မြှောက်ပေးကြ"

ဆိုတဲ့ စကားက ကိုမောင်မောင်ထူးတို့ မိသားစုတစ်ခုလုံး၏ ဘ၀မျှော်လင့်ချက်များကို လင်းလက်စေခဲ့ သည်ပဲ။
ဆရာကြီး ဦးရွှေဦးက ဇော်လေး၏ ပညာရည် ပြည့် ၀ဖို့ အင်ဂျင်နီယာတွေ အထူး တတ်မြောက်ကြရမည့် အော်တိုကဒ်ဆိုတဲ့ ကွန်ပျူတာ ဘာသာရပ်ထိ သင်ကြားစေ ပြန်သည်။ ကိုမောင်မောင်ထူး တစ်ယောက် ၀မ်းသာလိုက် သည့်ဖြစ်ခြင်း။
နည်းပညာခေတ်မှာ ကွန်ပျူတာ ဆိုသော အရာကြီးက အဘယ်မျှ အရေးပါ ကြောင်းလောက်တော့ ကိုမောင်မောင်ထူး သိသည် ပဲ။ အဲသည့် နည်းပညာတွေ သင်ကြားဖို့ ငွေကြေးဆိုတဲ့ တံတိုင်းကြီးကြောင့်သာ လူ ငယ်လေးတွေ ငေးကြည့်နေ ကြရသည် မဟုတ်လား။
ဇော်လေးကတော့ ကံကောင်းပြန်ပြီ။ ဆရာကြီး၏ တပည့် အရာရှိလေး ဦးမျိုး ကျော်ထွန်းဆိုသော ပုဂ္ဂိုလ် တစ်ယောက် သူတို့မြို့၊ သူ ဌာနသို့ ပြောင်းလာပြန်တော့ (ဆရာကြီး၏ နှုတ်၏စောင်မမှုကြောင့်လည်းပါရဲ့) ဇော်လေးကို ကွန်ပျူတာပညာ သင်ပေးပြန်သည်။
ဆရာမျိုးက လူပျိုလူ လွတ်တစ်ယောက် ဖြစ်ပြီး နည်းပညာစာပေနှင့် မျက်နှာ မခွာစတမ်း လေ့လာလျက် ရှိတဲ့ ပညာရှင်တစ်ယောက် ဖြစ်သည်။ သူ ပညာတော် သင်သွားစဉ်က နည်းပညာ အဆင့်မြင့် ပီဖိုက်ကွန်ပျူတာ တစ်လုံး ၀ယ်လာခဲ့သည်။

"ခင်ဗျားသားလေး ကွန်ပျူတာ ကျင့်ချင်ရင် ကျွန်တော့်ဆီ ညနေဘက် အားတဲ့ နေ့တိုင်း လွှတ်လိုက်။ ကျွန်တော် သင်ပေးမယ်"

ဆိုတော့ ကိုမောင်မောင်ထူး ထခုန်မတတ် ၀မ်းသာသွား ပြန်သည်။ ဇော်လေးတို့များ ကံကောင်းပြီးရင်း ကောင်းရင်းဟု ကျေနပ်ပီတိဖြစ်ရ သည်။
သားငယ်အတွက် ကျေ နပ်မိတိုင်း မိဘနှင့်အတူ မိသားစုဝန်ကို ဒိုးတူပေါင် ဖက် ထမ်းနေရှာသော သား ကြီးအတွက် စိတ်မကောင်း ဖြစ်မိသည်။
ပညာကို လွတ်လပ်ပေါ့ပါးစွာ သင်ကြားရတဲ့ ကလေးနှင့် အလုပ်ဝတ္တရားပါ ထမ်းဆောင်ရင်း ပညာသင်ရသော ကလေးနှစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးက တစ်နေ့တခြား သိသိသာသာ ကွာလာသည်။
ထို့ကြောင့် ကိုမောင်မောင်ထူး ရင်ထဲတွင် သားကြီးကို သနားပိုလာပြီး သားငယ်ကို (မိသားစုအတွက် မငဲ့ကွက်ဘဲ) တစ်ကိုယ် ကောင်းဆန်သွားမှာ တွေးပူ မိလာသည်။ သည်ကြားထဲ ဇော်လေးထံမှ

"ဂလိုဘယ် ခေတ်မှာ ဘာကိုမှ ထည့် မတွက်ဘဲ ကိုယ့်ကိုယ်ကိုယ် အင်အားရှိအောင် ကြိုးစားဖို့ အဓိက"

ဆိုတဲ့ စကားက ပူပန်ရုံမျှမက ရင်ကို ဖိုစေသည်။ ထို့ကြောင့် ဇော်လေး အား...

"မင်း အခုလို ပညာ သင်နိုင်တာ ဇော်ကြီး ကျေးဇူးလည်းပါတယ်။ မင်း ကြီးပွားတဲ့အခါ ငါ့သားကြီးကို လည်း မမေ့နဲ့"ဆိုတာမျိုး။

"အိမ်မှာ ခွင့်ထူးခံ ပညာသင်ရတယ်ဆိုပြီး ဘ၀င်မမြင့်နဲ့။ အောက်ခြေ မလွတ်နဲ့"ဆိုတာက တစ်ဖုံ။

"ရည်းစားမထားနဲ့။ အိမ်ထောင်ရေးဆိုတာ ဝေ လာဝေး"ဆိုတာက တစ်လှည့် အမြဲတမ်း ဆုံးမသလိုနှင့် စကားနာ ထိုးမိနေတော့ သည်။
ဇော်လေးဆိုတဲ့ ကောင်က အမြဲတမ်း တော်ပြီး အကင်းပါးတဲ့ ကလေးပဲ။ သူ၏သောကကို သိနှင့်ပြီး ဖြစ်မှာပါ။ သို့ပေမယ့် သူ သည်လိုပြောတိုင်း မျက်နှာ ကလေး တင်းခနဲဖြစ်သွားရုံ ကလွဲ၍ ဘာမျှပြန်မပြောပေ။ သြော်... သူ့ရင်ထဲမှာလည်း ပြောစရာစကားတွေ ရှိနေ သည်လား ကိုမောင်မောင်ထူး တွေးမိခဲ့ဖို့ ကောင်းသည်။

တစ်ညနေ ဆရာမျိုး အိမ်ကအပြန် ဇော်လေးတစ်ယောက် စကားဆန်းတစ်ခု ပြောလာသည်။

"အဖေ မိုက္ကရိုဆော့ဖ် ဘိုးအေကြီး ဘီလ်ဂိတ် အကြောင်း ကောင်းကောင်း သိလား"

"အောင်မာ... မင်းက ငါ့ကို နိုင်ငံတကာ သတင်း မဖတ်တဲ့ကောင် ကျနေတာ ပဲ။ ဟားဗတ်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခ ဘီလ်ဂိတ်လေကွာ။ ကမ္ဘာ့ လူချမ်းသာကြီးဗျား။ အခု သူ က ပရဟိတသမားအဖြစ် ခံယူပြီး သူ့ချမ်းသာတဲ့အထဲက ဆင်းရဲသားတွေကို ကူညီ နေတာလေကွာ"

"အဖေက သိသားပဲ။ ဘီလ်ဂိတ်ကို ဟားဗတ် တက္ကသိုလ်က ဘာဖြစ်လို့ ဂုဏ်ထူးဆောင် ပါမောက္ခ ပေးရသလဲဆိုတာရော အဖေ သိလား"

"သူတို့တက္ကသိုလ်က ပညာနဲ့ ဘွဲ့ရပြီး အောင်မြင် သွားလို့ နေမှာပေါ့ကွာ။ မင်း ကလည်း"

"ဟာ... ဒါတော့ အဖေ လွဲသွားပြီ။ ဘီလ်ဂိတ် က ဟားဗတ်မှာ ဘွဲ့မရလိုက်ဘူး အဖေရ။ ဒီလူကြီး တက္ကသိုလ်ကျောင်းသားဘ၀ တုန်းက ကျောင်းပြေးလုပ်ခဲ့ တာ။ ကျောင်းမှာ စိတ်မပါ လို့ ကျောင်းဆက်မတက်ဖြစ်ဘူး"

"ဒီလောက် စာတော်တဲ့ ကျောင်းသားက ဒီလို ကျောင်းပြေးလူဆိုး မဖြစ်နိုင် တာပဲကွာ"

"အဖေကလည်း ကျောင်းပြေးတိုင်း လူဆိုး ဖြစ်မလား။ ဘီလ်ဂိတ်က ကျောင်းက သင်ပေးတာ လည်း ယူတယ်။ သူ့ဘာသာလည်း ဆော့ဖ်ဝဲယားတွေ တီထွင်နေတာလေ။ သူ သိတာတွေက ကျောင်းက သင်တာတွေထက် များနေလို့။ ကျောင်းစာတွေက သူ့လက် သူ့ခြေတွေနဲ့ တစ်သားတည်း ဖြစ်နေလို့ အဖေရ"

"ကဲ... ဟုတ်ပါပြီဗျာ။ ဒါတွေပြောတာ မင်းမှာ ပြော စရာတစ်ခုခု ရှိနေလို့ ထင်တယ်"

"ဟုတ်တယ် အဖေ။ သားကတော့ ဘီလ်ဂိတ်လို ကျောင်းလည်း မပြေးဘူး။ ကျောင်းစာလည်း ကြိုးစား သင်ပါရဲ့။ ဒါပေမယ့် သားတို့ သင်ရတဲ့ ပညာတွေက သားရဲ့ လက်တွေ၊ ခြေတွေ နဲ့ မနီးစပ်ဘူးဗျာ။ ကွန်ပျူ တာလည်း ဒီအတိုင်းပဲ။ ဘ၀ နဲ့ မနီးစပ်ဘဲ သင်ရတော့ မှား မှာ သိပ်ကြောက်တာပဲ။ အဲ လို ကြောက်ကြောက်နဲ့ လုပ်မိတော့ မှားသွားပြန်တယ်။ အဖေတို့ မတတ်နိုင်တဲ့ တန် ဖိုးထိ မှားတာ"

"ကြည့်စမ်း ဟေ့ကောင်၊ မင်း ဆရာမျိုး ကွန်ပျူတာ ဖျက်လာပြီလား"

"သိပ်တော့ မသေချာ ဘူး။ ပျက်သွားပြီ ထင်တာပဲ"

ကိုမောင်မောင်ထူး ခေါင်းနားပန်းကြီးလာကာ ရုတ်တရက် သွေးတိုးလာ သလို မူးနောက်သွားသည်။ သည်ကွန်ပျူတာကြီးက သူတို့လို လူတွေအတွက် စိတ်မကူးရဲလောက်အောင် တန်ဖိုးကြီးလှသည်။
ဆရာသမားက ဖခင် တစ်ယောက်၏ မျှော်လင့်ချက်မျိုးကို စာနာပြီး ပစ္စည်းရောပညာပါ ပုံပြီး သင်ကြား ပေးနေခြင်းပါ။ ယခု အဲသည် စက်ကြီး ပျက်စီးသွားပြီလား။ ပြုပြင်လို့ မရတော့ ဘူးလေလား။ မည်ကဲ့သို့ ပေး လျော်ရပါမည်နည်း။ စိတ်တွေ လှုပ်ရှားလိုက်တာ။
သူသည် ဆရာမျိုးအိမ် သို့ စက်ဘီးကလေးနှင့် သုတ်ခြေတင်ခဲ့သည်။ အရေးထဲ မီးကပျက်နေသည်။ လကွယ်ရက်မို့ လမ်းပေါ်မှာ အလင်း ရောင်မဲ့နေသည်။ အမှောင် လမ်းမှာ ခလုတ်မထိ၊ ဆူး မငြိဘဲနှင့် ဆရာမျိုးအိမ်သို့ ရောက်ခဲ့သည်။

"ပြင်လိုက်ရင်တော့ ကောင်းသွားမှာပါ ကိုမောင်ထူးရယ်။ သိပ်လည်း စိတ်မကောင်းမဖြစ်ပါနဲ့"

သူ့အမူအရာတွေ အဘယ်မျှ ပူလောင်နေသည်လဲ မသိ။ ပျက်စီးခံရတဲ့ စက်ပိုင်ရှင်ဖြစ်သူ ကိုယ်တိုင်က သူ့ကို နှစ်သိမ့်အားပေးနေရ ရှာပြန်သည်။

"တောင်းပန်ပါတယ် ဆရာရယ်။ ပြင်တဲ့အခါ လည်း ကျသင့်ငွေကို ကျွန် တော် ပေးပါရစေ ဆရာ။ ဒီကောင်လေး ပေါ့ဆဆနဲ့။ ကျွန်တော် ဆုံးမပါမယ် ခင်ဗျာ"

"ဟာ... ဘယ်ဟုတ်မလဲ။ ကျွန်တော်က စေတနာ နဲ့ သင်ပေးတာပဲ။ စက်ပြင်ခ လည်း သိပ်ကျမှာ မဟုတ်ပါဘူး။ အလွန်ဆုံးကုန်ကျရင် လေးငါးသောင်းပေါ့။ ကျွန်တော့်ဘာသာပဲ ပေးမယ်။ ကလေးကိုလည်း ရိုက်နှက်ဆုံးမတာတွေ မလုပ်နဲ့နော် ကိုမောင်ထူး။ လူငယ် ဆိုတော့ စမ်းကြည့်ချင်စိတ်နဲ့ တစ်ခုခုကို နှိပ်လိုက်မိပုံပဲ။ ဒါလည်း လူငယ်တွေရဲ့ စရိုက်ပဲလေဗျာ"

"မဟုတ်ဘူး ဆရာ။ ဒီကောင် လွတ်လွန်းတယ်။ မိဘတွေမှာတော့ မရှိတဲ့ကြား က ရုန်းကန်လိုက်ရတာ သူတောင်းစားကြီးတွေ ကျလို့။ သူက အခွင့်အရေးကိုရော ယုံကြည်မှုတွေကိုပါ ခပ်ပေါ့ ပေါ့ ဖျက်ဆီးပစ်တယ်။ နားလည်အောင်တော့ ဆုံးမမှ ဖြစ်တော့မယ် ဆရာ"

"ကိုမောင်ထူးနော်။ ကလေးကို ရိုက်နှက်ဆုံးမရင် ခင်ဗျား မှားသွားမယ်"
သားအပေါ် တင်းမာ နေသော ရင်တွင်းစိတ်ဖြင့် မချိပြုံး တုံ့ပြန်လိုက်တဲ့ ကိုမောင်မောင်ထူး၏ မျက်နှာက အိမ်ရောက်လျှင် မီးကုန် ယမ်းကုန် ကြဲတော့မည့်ပုံပဲ ဟု ဦးမျိုးကျော်ထွန်း တွေးရင်း ကျန်ရစ်သည်။

"ဟေ့ကောင်... မင်း အခုလုပ်လိုက်တဲ့ လုပ်ရပ် ကလေ ကွန်ပျူတာတင် ပျက် တာ မဟုတ်ဘူးကွ။ လူတွေ က မင်းအပေါ် ယုံကြည်မှု တွေကိုပါ မင်း ဖျက်ဆီးပစ် လိုက်တာကွ"

"၀ုန်း"

"အိမ်မှာ ကျန်တဲ့လူတွေက ငါးပိရည်နဲ့ စားလည်း ရတယ်။ မင်း ကျောင်း ထမင်းချိုင့်ထဲမှာတော့ ကြက်ဥဟင်းလေးနဲ့တော့ အနည်းဆုံး ထုပ်ပေးတဲ့ မိသားစုပါ ကွ"

"၀ုန်း"

"အလှူမင်္ဂလာပွဲ ရှိလို့ မှ အ၀တ်အစားသစ် ၀ယ် မ၀တ်ရရှာတဲ့ မင်းအမေနဲ့ နှမလေးတို့ကိုရော သတိထား မိရဲ့လားကွ ငါ့သားရ"

"၀ုန်း"

ကိုမောင်မောင်ထူး၏ တစ်ခါတစ်ခါ ပွင့်ထွက်လာ သော စကားလုံးများက တစ် သက်လုံး ပင်ပန်းခဲ့သမျှ ဒဏ်ရာဒဏ်ချက်တွေကို ခါ ထုတ်ပစ်နေသည်နှင့်ပင် တူတော့သည်။ အိမ်နံရံကို အား ရပါးရ ထိုးကြိတ်နေတဲ့ သူ၏ လက်သီးဆုပ်ကလည်း ပေါက်ပြဲစုတ်ပြတ်နေလေပြီ။

"တော်ပါတော့ ကိုထူး ရယ်"

ဇနီးသည် မစိန်ထွေးက ငိုရှိုက်ရင်း သူ့ကို ဆွဲခေါ် ရပ်တန့်စေသည်။ သားကြီးနှင့် သမီးငယ်တို့က မျက်ရည် အ၀ိုင်းသားဖြင့် ငေးကြည့် နေကြ၏။
ဇော်လေးကတော့ အောက်နှုတ်ခမ်းကို သွားဖြင့် ဖိကိုက်ရင်း ခေါင်းငုံ့လျက်။ သူ့မျက်နှာတစ်ပြင်လုံး ရဲမှည့် နေသည်။

"အဖေ ပြောစရာ ကုန်ပြီလားဗျာ။ အဖေ မပြောတော့ရင် သားပြောချင်တယ်။ ဒါကလည်း သားက အဖေ့ ကို ပြန်ပြောတာမျိုး မဟုတ်ပါဘူး။ အဖေ မသိသေးတာ တွေလည်း ရှိသေးတယ်ဗျ"

"ဘာကွ၊ ငါ မသိတာ ရှိတယ်ဟုတ်စ။ ပြောစမ်းပါဦးဗျာ၊ တောက်"
"ဟုတ်တယ် အဖေ။ အဖေက ဘ၀ရဲ့ ဆင်းရဲတာ တွေပဲ သိတာ။ သားက အဲဒီ ဆင်းရဲခြင်းတွေကို အဖေတို့ နဲ့ အတူခံစားရင်း ချမ်းသာတာတွေကိုလည်း ငေးကြည့် ရင်ဆိုင်နေရတာဗျ။ သားက ချမ်းသာတာတွေကိုပါ သိတယ် အဖေ"

ကိုမောင်မောင်ထူးက နားမလည်စွာ သူ့သားကို ကြည့်လိုက်သည်။ ဇော်လေး မျက်ရည်ပေါက်တွေ ဖြိုင်ကာ ကျလေသည်။

"သားက ဖယ်ရီကားနဲ့ ကျောင်းတက်ချိန်မှာ ကိုယ်ပိုင်ကားတွေ၊ ဆိုင်ကယ်တွေ နဲ့ တက်နေကြသူတွေ အများ ကြီးပဲ အဖေ။ သူတို့က စားသောက်ဆိုင်မှာ ထောင်ချီ သောင်းချီပေးပြီး နံနက်စာ စားကြတော့ သူတို့အတွက် သားရဲ့ထမင်းချိုင့်က ဟာသ တစ်ခု ဖြစ်နေကြတယ်"

"အမေပေးတဲ့ တစ်ရက် နှစ်ရာက လက်ဖက်ရည်ဆိုင် ထိုင်လို့မရဘူး အဖေ။ ဒါကြောင့် သားက တစ်ထောင်ရအောင် ငါးရက်စုပြီးမှ လက်ဖက်ရည်ဆိုင်ထိုင်ရတယ်။ ဒီလိုစုထားတဲ့ ပိုက်ဆံလေးကို အမေ မြင်သွားရင် သားမှာ ပိုက်ဆံတွေ ရှိသေးသားပဲဆိုပြီး အဲဒီနေ့တွက် ခရီးစရိတ်တောင် မပေးတော့ဘဲ ဒီအတိုင်း လွှတ်တော့ သား ဘာပြန်ပြောဖူးလို့လဲ"

"အဖေနဲ့ အစ်ကိုရဲ့ ဖိုးရိုးဖားရား အ၀တ်အစားတွေ ယူဝတ်မိတော့လည်း အခွင့်ထူးခံတဲ့။ စပို့ရှပ်အင်္ကျီ တစ်ထည် သိန်းဂဏန်းထိပေးရတဲ့ အ၀တ်တွေနဲ့ လှပနေကြတဲ့သူတွေကြားမှာ သားရဲ့ ဒီဇိုင်းကြီးက ဘယ်လောက် အောက်လိုက်သလဲ"

"သားလည်း လူငယ်ပဲ ဗျာ။ သူများတွေလို ကျောင်း စာလေ့ကျင့်တဲ့အခါ အမ်ပီ သရီး နားကြပ်ကလေးတပ်၊ ဒူးနှန့်ပြီး လုပ်ချင်တာပေါ့။ စာလုပ်ရတာ ပင်ပန်းတဲ့အခါ ဂီတာလေး တီးလိုက်ချင်တာ ပေါ့။ မန္တလေးမှာ လုပ်နေကြ တဲ့ ဂီတရှိုးပွဲတွေမှာ ၀င်ကြည့် ချင်တာပေါ့။ ဒါတွေက သား နေ့တိုင်း တွေ့နေရတဲ့ ပတ်ဝန်းကျင်လေ အဖေ"

"သား ကျောင်းဆက် မတက်တော့ဘူးဗျာ"

ဇော်လေး၏ နောက်ဆုံး စကားတစ်ခွန်းကြောင့် ခေါင်းငိုက်စိုက်ချ နားထောင် နေသော ကိုမောင်မောင်ထူး ၀ုန်းခနဲ ထရပ်လိုက်သည်။

"ဟေ့ကောင် ဘာကွ၊ ကျောင်းဆက်မတက်လို့ ခွေး ဖြစ်သွားမှာပေါ့။ ငါ့သားက ငါ့ထက် သာရမှာလေကွာ"

စိတ်မထိန်းနိုင်စွာဖြင့် အော်ဟစ်ရင်း သားငယ်အား ရေနွေးဓာတ်ဘူးဖြင့် ပစ် ပေါက်လိုက်မိတော့သည်။
ဇော်လေးတစ်ယောက် အိပ်ပေါ်မှ ဆင်းပြေးသွားလေ သည်မှာ ယနေ့ညထိ ပြန် မလာသေးတော့ပေ။

တိတ်ဆိတ်သော ည၏ နောက်ဆုံးနိမိတ်ပုံ ဖြစ်သော လင်းကြက်တွန်သံနှင့် ငှက် ကလေးများ အော်သံက ဆူညံ လာပေပြီ။ ကိုမောင် မောင်ထူး၏ နေ့သစ်သည် နွမ်းလျစွာ နိုးထလျက်။
သားလေး ပြန်လာလျှင်တော့ ကိုယ့်ဘ၀ကိုယ် ကျေနပ်အောင်နှင့် မိမိကိုယ်ကို ယုံကြည်မှု ရှိလာအောင် အား ပေးလိုက်ပါဦးမည်။
စင်စစ် သား အလွန် အားကျတဲ့ မိုက္ကရိုဆော့ဖ် ဥက္ကဋ္ဌကြီးဖြစ်သွားသူ ဘီလ် ဂိတ်တွင် နည်းပညာလေ့လာ မှုအတွက် ရုပ်ဝတ္ထုပစ္စည်းတွေ အလျှံပယ် ကြွယ်ဝခဲ့စေဦးတော့၊ သားငယ်မှာကဲ့သို့ ဘ၀ပါ ပုံအောပြီး ချစ်တတ်တဲ့ "အဖေ"တော့ ရှိလိမ့်မည် မဟုတ်ဟု သူ ယုံကြည်ပါသည်။
ကျောင်းပျက်လို့ အဖေ ဆူမှာ ကြောက်ရွံ့နေမည့် သားကိုလည်း "ဘီလ်ဂိတ် တောင် ကျောင်းပြေးသေးတာပဲ သားရယ်"ဟု ရယ်စရာလေး ဖြစ်အောင် ပြော ရပေဦးမည်။
ပြီးတော့ ဆရာမျိုး၏ ပျက်စီးသွားရှာတဲ့ ကွန်ပျူတာအတွက် တောင်းပန်တဲ့ အလုပ်ကို သူ မျက်နှာငယ် ကလေးနှင့် ကျေကျေနပ်နပ် ကြီးလုပ်ဖို့ ဆုံးဖြတ်ထားပါသည်။

X X X

မ၀င့်၊မြစ်ငယ်၊

(ရွှေအမြုတေ မှ ကူးယူဖေါ်ပြသည်။ ဤစာမူအား ရွှေအမြုတေ၏ ခွင့်ပြုချက်မရဘဲ အသုံးမပြုရ)

Burma: Land of Fear

Introduction 
 
 
'Inside Burma: Land of Fear' was first broadcast in May 1996. It was written and presented by John Pilger and produced and directed by David Munro.
 
The film detailed the many injustices and human rights abuses that have so badly marked the country's past and present.

Amnesty International has described Burma as a 'prison without bars' of a country which has a beauty and resources probably unequalled in Asia.
 
 
Yet it is also a secret country. Isolated for the past 34 years since a brutal military dictatorship seized power in Rangoon, this rich country has been relegated to one of the world's poorest with the suffering of its people mostly unseen.

The generals who crushed democracy in Burma have ruled with a regime so harsh, bloody and uncompromising that the parallels with Cambodia under Pol Pot and East Timor under Suharto are striking. 


According to the United Nations, untold thousands have been forced from their homes, massacred, tortured and subjected to a modern form of slavery.

How was this country allowed to descend in such dramatic fashion and, after the pro-democracy uprisings of 1988, are its people any closer to being granted their rights to a vote and an economic system which will reward their labour?

Click here to read John Pilger's articles on Burma

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 1 New Entry: မြန်မာ၊ ထိုင်း နဲ့ အိန္ဒိယ ကြားဖြတ်သတင်းများ

မြန်မာ၊ ထိုင်း နဲ့ အိန္ဒိယ ကြားဖြတ်သတင်းများ



၁-မန်ဘိုင် မြို့ မှ ပြန်ပေးဆွဲခံနေရတဲ့ ဂျူးလူမျိုး တံစာခံ ၅ ဦး ကို အကြမ်းဖက်သမားတွေက
သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွား နေပြီ။ သေဆုံးသူဦးရေ က ၁၅၁ ဦးအထိရှိလာပြီဖြစ်ပါတယ်။ ( နိုဝင်ဘာ ၂၈၊ ၁၁း ၁၉ )

၂- ဘန်ကောက်ဆန္ဒပြပွဲဆက်လက်ဖြစ်ပွားနေပါတယ်။ သုဝဏဘူမိ လေဆိပ်နဲ့  ချင်းမိုင်လေဆိပ်များကို ဆန္ဒပြသမားများက ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။ နိင်ငံတကာ ပျံသန်းနေတဲ့  လေကြောင်းလိုင်း ခရီစဉ် အားလုံးနီပါး ဖျက်သိမ်းလိုက်ရပါတယ်။

၃- ထိုင်း ၀န်ကြီးချုပ် က ဘန်ကောက်နဲ့  ချင်းမိုင်လေဆိပ်တွေကို အရေးပေါ် ကာဗျူး ထုတ်လိုက်ပါတယ်။ ဆန္ဒပြ ပွဲကိုဦးဆောင်နေတဲ့ ခေါင်းဆောင်တွေက အရေးပေါ်အမိန့် ကို ဂရုမစိုက်ဘူး လုပ်စရာရှိတာ ဆက်လုပ်မယ်လို့ ဆိုတယ်။
( နိုဝင်ဘာ ၂၇၊ ၂၀၀၈ ။ ၁၂း ၅၁ နာရီ)

၎- အိန္ဒိယ နိင်ငံ မန်ဘိုင်း မြို့  မှာ အကြမ်ဖက်တိုက်ခိုက်မှု ကြောင့် အကြမ်းဖက်သမား ၃ သေဆုံးတယ်။ ရဲ တွေဖက်က ၄၀ သေဆုံး ပြီလို့ သိရပါတယ်။ ( နိုဝင်ဘာ ၂၇၊ ၂၀၀၈ ။ ၁၂း ၅၁ နာရီ)




Summary

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တိမ်ညိုတွေပြိုသွားတဲ့ကောင်းကင်] 1 New Entry: ဆုတောင်း

ဆုတောင်း






















သြကာသလောကမှာ
နေနဲ့လ နှစ်ပါးဆိုင်လို့
နေမင်းက အလင်းဝင်တဲ့
နေ့ခင်းဆိုတာကို ပေးတယ်
လမင်းက ညခင်းကိုပေးတယ်...

နေအလင်းကြောင့် ကမ္ဘာကလင်းသလို
လမင်းက အေးမြခြင်းကိုဆောင်တယ်
လင်းထင်းခြင်းမှာ အပူလှိုင်းတစ်ခုရှိသလို
အေးမြခြင်းကိုတော့ လူတိုင်းငြိတွယ်ကြတယ်...

နေလာလို့ နှင်းပျောက်ခဲ့ချိန်မှာတောင်
ဝေဒနာတို့ ထွင်းဖောက်တဲ့ရင်ခွင်တွေနဲ့ဘဲ
ငါတို့ရဲ့လက်တွေ နွေးထွေးစွာတွဲခဲ့ကြတယ်
အမှတ်တမဲ့နေ့ရက် တွေဖြတ်သန်းရင်း
အမှတ်တရတွေ ရရှိခဲ့ကြတယ်...

ဒါပေမယ့်လည်းလေ
လောကကိုစိုးမိုးတဲ့ နိယာမတရားတွေကို
တွန်းလှန်ဘို့အင်အား ငါတို့မှာမရှိခဲ့ကြဘူး...

အနောက်အရပ်က နေမထွက်သလို
အရှေ့ဘက်ကလည်း နေမ၀င်ဘူး
ဂူတစ်ဂူမှာ ခြင်္သေ့နှစ်ကောင်မအောင်းသလို
လားရာခြင်းတူတဲ့ ပြိုင်မျဉ်းနှစ်ကြောင်းဟာလည်း
မပေါင်းဆုံနိုင်ဘူး...

တကယ်လို့များသာ ဘ၀ကိုပြန်စခွင့်ရှိခဲ့ရင်
ငါ့ကဗျာကို စွမ်းအင်ပြုလို့
ဒီနိယာမတရားတွေကို ကျွမ်းပြန်အောင်
ပြောင်းပြန်လှန်ပစ်ချင်တယ်
ဂူတစ်ဂူမှာ ခြင်္သေ့နှစ်ကောင်အောင်းလို့
ပြိုင်မျဉ်းနှစ်ကြောင်းလည်း ပေါင်းစေ...

ခုတော့လည်း
စိတ်ကူးပန်းချီနဲ့ ရေးသီတဲ့
ငါ့ကမ္ဘာ ငါ့ကဗျာမှာ
ရင်ခုန်သံတွေ တိုးပျောက်လို့
မှော်ဝင်တဲ့ အိပ်မက်တွေနဲ့ဘဲခရီးဆက်မယ်
ငါ့ကဗျာတွေက ညဉ်းလျက်နဲ့ဆွေးကြတယ်...

နောက်နောင်ဘ၀များမှာ
ကုသိုလ်ကံ အကြိုးပေးကောင်းလို့
လူဆိုတဲ့ ပေါင်းကူးလိုဘ၀မျိုးပြန်ရခဲ့ရင်
ငါ..လေးနက်စွာ ဆုတစ်ခုတောင်းမယ်
ဘယ်လို အကြောင်းမျိုးနဲ့မှ
ငါ့နှလုံးသားကို မစတေးရပါစေနဲ့.....



စိတ်၏စေရာနာခံလေသော

You received this email because you are subscribed to the real_time feed for http://moemyinttane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: ပထမအကြိမ် ပင်လုံရောက် ဗိုလ်ခင်မောင်မြင့် - အပိုင်း(၁)

ပထမအကြိမ် ပင်လုံရောက် ဗိုလ်ခင်မောင်မြင့် - အပိုင်း(၁)

စာဖတ်သူများခင်ဗျား

အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ်မှာ တိုင်းမှူးတစ်ဦး ဖြစ်ခဲ့သူရဲ့  ဘ၀ကောက်ကြောင်း တစိတ်တဒေသ နဲ့ စိတ်ဝင်စားဖွယ် အတွင်း သတင်းအဖုံဖုံ ကို အခန်းဆက် ဆောင်းပါးတွဲ အထူးကဏ္ဍအဖြစ် ကျွန်တော် ကိုဖိုးတရုတ်မှ နေ့စဉ် တင်ပြသွားပါမယ်။

ကျောက်တိုင်အဓိဌာန်မှ ဓါတ်တိုင် ဘဝရောက်ခဲ့သူ - အပိုင်း(၁)

ပထမအကြိမ် ပင်လုံရောက် ဗိုလ်ခင်မောင်မြင့်

လွန်ခဲ့သော နှစ်ပေါင်း (၂၅) .... အချိန်ကာလအားဖြင့် ၁၉၈၃-ခုနှစ်၊ အာဇာနည်ကုန်း ဗုံးကွဲပြီးခါစ အချိန်ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်တပ်နယ်သို့ တပ်ခွဲမှူး ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ကျ ပြောင်းရွေ့လာသူ ဗိုလ်ခင်မောင်မြင့် တယောက် ရှမ်းပြည်၏ အေးချမ်းသောရာသီဥတုဒဏ်ကို အံကြိတ်ခံစားရင်း လွိုင်လင် တပ်နယ်မှ (၆)မိုင်ဝေးကွာသော ပင်လုံမြို့ ဆီသို့ စက်ဘီးကလေးဖြင့်ထွက်ခွာလာသည်။

"ကမ္ဘာကျော်ပင်လုံစာချုပ်ကို ချုပ်နိုင်ခဲ့လို့ ဖေဖေတို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာကွ... ပင်လုံစာချုပ်ကိုသာ မချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင် ဗမာပြည် ဘယ်လွတ်လပ်ရေးရနိုင်မလဲ၊ တောင်တန်းဒေသတွေနဲ့ တစည်းတလုံးတည်း လွတ်လပ်ရေး ရဖို့မလွယ်ဘူး သားရေ.. ခုငါ့သား.. ပြောင်းရွေ့တာဝန်ကျတဲ့ လွိုင်လင်ဆိုတာ ပင်လုံနဲ့နီးနီးလေးဘဲ၊ ရောက်ရင်တော့ ပင်လုံကျောက်တိုင်ကို ရောက်အောင်သွားပါ" ဖခင်ဖြစ်သူ အငြိမ်းစား ကျောင်းဆရာကြီး မှာကြားလိုက်သော စကားများကို ပြန်လည်ကြားယောင်မိရင်း မိဘများရှိရာ ပျဉ်းမနားမြို့ကို ဗိုလ်ခင်မောင်မြင့် သတိရနေမိသည်။ ခြောက်မိုင်ခရီးကို စက်ဘီးဖြင့် နင်းရသည်မှာ ပင်ပမ်းမှုမရှိသော်လည်း ဤဒေသတွင် ကြီးစိုးနေသော ရှမ်းသူပုန်များနှင့် ပအိုဝ့်သူပုန်များ အကြောင်းကို တွေးမိရင်းနဖူးပြင်မှာ ချွေးသီးလေးများ စို့တက်လာသည်။ ဒါကြောင့်လည်း တပ်ရင်းက ထွက်ကတည်းက အရပ်သားဝတ်စုံကို ဆင်မြန်း ပြီးထွက်ခဲ့ရသည်။

ဗိုလ်ခင်မောင်မြင့်ကို အခမ်းအနား တစ်ခုမှာ တွေ့ရစဉ်

ဤဒေသအဖို့ သတိဆိုသည်မှာ အချိန်ပြည့်ရှိမှ သင့်တော်ရာ ရောက်သည်။ တောင်ဘက်တွင် ပအိုဝ့်နီသူပုန် (ခေါ်) ရ-လ-လ-ဖ နှင့် မြောက်ဘက်နှင့် အရှေ့ဘက်တွင် ရှမ်းသူပုန်များက ဝန်းရံထားသည်။ ယခင်ကာလများက စစ်ဗျူဟာမှူး မောင်အေး (နောင်အခါ နအဖ ဒု-ဥက္ကဌ) ၏စစ်ကြောင်းကို ပအိုဝ်နီခေါင်းဆောင် စောတာကလယ် ကိုယ်တိုင်တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်း လေးပိုင်းပြတ်ကာ အရေးနိမ့်ခဲ့ရဖူးသည်။ လွန်ခဲ့သော နှစ်ကလည်း တပ်မ (၅၅)တပ်မှူး ဒု-ဗိုလ်မှူးကြီး တင်ဦး (နောင်အခါ နဝတအတွင်းရေးမှူး(၂)နှင့် ရဟတ်ယာဉ်ပေါ်တွင် သေဆုံးခဲ့သူ) ၏ စစ်ကြောင်းကိုလည်း ရှမ်းခေါင်းဆောင် စဝ်ဆေထင် ကိုယ်တိုင် တိုက်ခိုက်သဖြင့် မရှုမလှ အရေးနိမ့်ခဲ့ရသည်။ ဤသင်ခန်းစာများကိုတွေးမိရင်း ပင်လုံမြို့လေးဆီသို့ ဘေးမသီ ရန်မခဘဲ ရောက်ရှိလာသည်။ ပင်လုံကျောက်တိုင်ကို ခက်ခက်ခဲခဲ ရှာဖွေစရာမလိုပါ မြို့ပြင်ကပင် ထီးထီးမားမား တွေ့မြင်နေရသည်။

ဗိုလ်ခင်မောင်မြင့်ဟာ ပင်လုံရောက်တာနဲ့ ဆာလောင်လှသောကြောင့် ကျောက်တိုင်အနီး ရှမ်းတို့ဟူးကြော် ဆိုင်တွင် ဝမ်းရေးကို ငြိမ်းလိုက်ရသည်။ တစိမ်း ဧည့်သည်မို့လို့လားမသိ ဆိုင်ရှင် ရှမ်းအဖွားကြီးက လူကဲခတ် ကောင်းသည်။ လူပုံစံကို အကဲခတ်ရင်း "နယ်က ဧည့်သည်လား ... လာလည်တာနဲ့ တူတယ်" ဟူ၍ မိတ်ဆက် စကားပြောလာသည်။

မဆိုင်းမတွပင် "ဟုတ်ကဲ့အဖွား.. နယ်ကပြောင်းလာတာပါ အစိုးရဝန်ထမ်းကျောင်းဆရာပါ"

မိမိကိုယ်ကို ကျောင်းဆရာလို့ လိမ်ပြောလိုက်ရသော်လည်း တကယ်ဖြစ်ချင်တာက ကျောင်းဆရာပါ။ ဖခင်ဖြစ်သူ ကျောင်းဆရာကိုယ်တိုင် "ငါ့လို ကျောင်းဆရာလုပ်မယ် စိတ်မကူးနဲ့ မင်းစစ်တပ်ထဲဘဲသွားရမယ်" ဆိုပြီး စစ်တပ်ထဲအတင်း သွတ်သွင်းခဲ့သောကြောင့်သာ စစ်သားဘဝရောက်ခဲ့ရသည်။ ဗိုလ်သင်တန်း ကာလ များတွင်လည်း မြန်မာစာဆရာကြီးသား ပီပီ ရေသည်ပြဇာတ်ကို မင်းသားသဖွယ် ကပြဖျော်ဖြေ တင်ဆက်သောကြောင့် ဗိုလ်လောင်းများကြားတွင် ရေသည်ခင်မောင်မြင့် ဟုပင် ဘွဲ့ရရှိခဲ့သည်။ ရဲမြင့်၊ ခင်ဇော်၊ မင်းအောင်လှိုင်နှင့် သာအေးတို့က မိမိရေသည်ပြဇာတ် ကပြဖျော်ဖြေတိုင်း ဘေးမှနေ၍ ပါးစပ်ဆိုင်းတီး၍ ကူညီပေးခဲ့တာကို ယနေ့တိုင် မေ့မရနိုင်ပါ။

"ဒီကျောက်တိုင်က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သစ္စာဓိဌာန်ပြုခဲ့တဲ့ ကျောက်တိုင်ကွဲ့၊ ဆရာ...ကျောက်တိုင် နားရောက်ရင် ကျောက်တိုင်ကို သုံးပါတ်ပတ်ပြီး လိုရာဆုတောင်း ... တကယ် ဆုတောင်းပြည့်တယ်" ဟု တို့ဟူးကြော်ဆိုင်မှ ရှမ်းအဖွားကြီးက မှာကြားလိုက်သောကြောင့် ပင်လုံကျောက်တိုင် ကို သုံးပါတ်ပတ်ပြီး ဆုတောင်းအဓိဌာန်ပြု လိုက်ပါတော့သည်။

"ငါသည်တနေ့တချိန်ဤရှမ်းပြည်ကို တာဝန်ကျပြောင်းရွေ့လာပါက ရှမ်းပြည်၏အမြင့်ဆုံးတိုင်းမင်းကြီးအဆင့်ဖြင့် ပြောင်းရွေ့ရပါလို၏ ..." ဟု ဆုတောင်းခဲ့ပါသည်။

နောက်ရက်မှာတော့ ဗိုလ်ခင်မောင်မြင့်ရဲ့  ဆုတောင်း ပြည့် မပြည့်နဲ့ ပင်လုံ ကျောက်တိုင်ရဲ့  အဓိဌာန် အကြောင်းကို ဆက်လက် တင်ပြသွားပါမယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.