Friday, December 26, 2008

[ညီနေမင်းရဲ့အချစ်အိမ်မှ ကြိုဆိုပါ၏။] 1 New Entry: post မှာ code view အနေနဲ့ပေါ်အောင်

post မှာ code view အနေနဲ့ပေါ်အောင်

ကျွန်တော့်သူငယ်ချင်း ကိုဖြိုးရဲ့ ပို့စ်လေးကို ကိုးကားထားပါတယ် ...
blogger help တွေ ရေးနေတဲ့ ဘလော့ဂ် တွေ အတွက် အောက်မှာ မြင်ရတဲ့ အတိုင်း မိမိ ပေးချင်တဲ့ CODE တွေ ကို သတ်သတ်မှတ်မှတ် နဲ့ ထင်ထင်ရှားရှား ရှိလို့ စာဖတ်သူတွေ အနေနဲ့ အဆင်ပြေပါတယ်။ ကြည့်ကြည့်လိုက်ပါဦး ...


.codeview {
margin : 15px 35px 15px 15px;
padding : 10px;
clear : both;
list-style-type : none;
background : #f9f9f9 url(http://i263.photobucket.com/albums/ii150/mohamedrias/cv-1.gif) no-repeat right bottom;
border-top : 1px solid #eeeeee;
border-right : 2px solid #cccccc;
border-bottom : 2px solid #cccccc;
border-left : 1px solid #eeeeee;
}
.codeview li {
font-size : 13px;
line-height : 24px;
font-family : "Courier New", "MS Sans Serif", sans-serif, serif;
color : #333333;
font-weight : normal;
margin : 0;
padding : 0;
}

အပေါ် box ထဲက စာသားတွေ ကို ကူးပြီး Layout - Edit HTML မှာ ]]> ကို ရှာပြီး သူ့ရဲ့ အပေါ်မှာ ကူးလာတဲ့ စာသားကို ထည့်လိုက်ပါ။ (အနီရောင်နဲ့ ပြထားတာတွေ ကိုတော့ မိမိ စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။ အားလုံး သိကြမှာပါ)

မှတ်ချက်။ HTML Tag တွေ အတွက် < ကို < အဖြစ် ပြောင်းပြီး > ကို > အဖြစ် ပြောင်းပေးရဦးမယ်။
ဒါမှ HTML Tag တွေကို ပို့စ်မှာ နဂိုအတိုင်း မြင်ရမယ်။

You received this email because you are subscribed to the real_time feed for http://nyinaymin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[သက်ဝေ] 1 New Entry: Merry Christmas & Happy New Year 2009

Merry Christmas & Happy New Year 2009






အခုရက်တွေမှာ အလုပ်များနေလို့  ဘာမှလဲ အသစ်မရေးဖြစ်၊
သူငယ်ချင်းတွေဆီလဲ မှန်မှန် အလည် မရောက်ဖြစ်ပါဘူး။
လာလည်ကြတဲ့ သူငယ်ချင်းများကို
ခရစ်စမတ် ပွဲတော် နှင့် မင်္ဂလာ နှစ်သစ် ၂၀၀၉ မှာ ချမ်းမြေ့ ပျော်ရွှင်ကြပါစေ လို့ 
ဆုတောင်းပေးရင်း E Mail က ရတဲ့ ချစ်စရာ ပုံလေးတွေကို
အမှတ်တရ အဖြစ် လက်ဆောင်ပေးလိုက်ပါတယ်။


You received this email because you are subscribed to the real_time feed for http://thet-wai-blog.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DeGoLar] 3 New Entries: ♠ Give me Ten!

♠ Give me Ten!

ကျနော် လက်ပုံတွေ ကြိုက်ပါတယ်၊ လူသားတွေရဲ့ ကိုယ်အင်္ဂါတွေထဲမှာ လက်အစုံဟာ အင်မတန်မှ ထူးခြားပြီး ၁၀ ချောင်း တိတိတောင် ရှိပါတယ်၊ လက်ချောင်းတွေသာ မရှိခဲ့ရင် ညှပ်စရာလက်သည်း မရှိတော့ပဲ အံ့မခန်းတီထွင်မှုဖြစ်တဲ့ လက်သည်းညှပ်တွေဟာ အချီးနှီး ဖြစ်သွားမှာပါ၊ ကီးဘုတ် ကိုလည်း ခြေချောင်းဖြစ်ဖြစ်၊ တံတောင်ဆစ်ဖြစ်ဖြစ်နဲ့ ရိုက်နေရမှာဖြစ်ပြီး၊ ဝက်ခြံညှစ်ဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ စုံတွဲတွေ တီးတိုးစကား ပြောတဲ့အခါ လက်မောင်းကြီးနဲ့ နှစ်ကိုယ်ကြား ကွယ်ထားရမှာဖြစ်ပြီး ရှူရှူးပေါက်ဖို့ ဆရာမကို ခွင့်တောင်းတဲ့အခါလည်း နှုတ်ခမ်းရှေ့မှာ ထောင်ပြစရာ လက်ညိုးမရှိတဲ့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ အပေါ့အပါးသွားဖို့လို ကိစ္စတွေမှာတောင် အခက်တွေ့လာနိုင်ပါတယ်၊ အယားကုတ်တာ၊ နှပ်ချေးကလော်တာ၊ ခြင်ရိုက်တာ၊ ကလိထိုးတာ စတဲ့ နေ့စဉ်နဲ့အမျှ လုပ်နေရတဲ့ အလုပ်မျိုးကို ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာအထိတော့ တွေးတောင် မတွေးဝံ့အောင်ပါပဲ။ အဆိုးဆုံးကတော့ ဘုရားရှိခိုးလို့ မရတော့ဘူး Oh My Gosh! သို့သော်လည်း အဆိုးချည်းပဲတော့လည်း မဟုတ်ရပါ၊ တစ်ခုတည်းသော ကောင်းကွက်ကတော့ လက်ချောင်းတွေ မရှိတဲ့အတွက် လူသားအချင်းချင်း သတ်ဖြတ်ဖို့ရာ တီထွင်ထားတဲ့ လက်နက်တွေကို အသုံးပြုလို့ မရတော့တာပါပဲ။ အဲလိုအနေအထားမှာ တကမ္ဘာလုံး ငြိမ်းချမ်းစွာနဲ့ ဘောလုံးကန်နေကြမယ်လို့ မျှော်လင့်ရင်း...

အဲသလို အရေးပါလှတဲ့ လက်အစုံကို ဒီပို့စ်လေးနဲ့ ဂုဏ်ပြုလိုက်ရပါတယ်။ လင်းလက်မင်္ဂလာပွဲရဲ့ နောက်ဆက်တွဲပို့စ် လို့လည်း ပြောလို့ရပါတယ်။






Bonus : ညဖက် တရုတ်တန်းမှာ ပွဲဆက်ပါတယ်၊ (ဗလတောင့်တဲ့) သူငယ်ချင်းနဲ့ပါ။

--
စင်္ကာပူမှာ လက်မရှိတော့တဲ့ ဒုက္ခိတတွေ စုပေါင်းပြီး ပို့စ်ကဒ်ဆွဲရောင်းတဲ့ အဖွဲ့လေးတစ်ခုရှိတယ်၊ ပါးစပ် ဒါမှမဟုတ် ခြေထောက်နဲ့ ဆွဲကြရတာပါ။ ကျနော် နှစ်ကဒ် ရထားတယ်၊ နောက်မှ ပုံနဲ့တကွ ဖြေဆိုပါ့မယ်။ သူတို့ ဆွဲထားတာတွေ တော်တော်မိုက်တယ်။

♥ No Smoking

နောက်နှစ် နှစ်ဆန်းတစ်ရက်နေ့ကစပြီး ဆေးလိပ်မသောက်ရလို့ တားမြစ်ထားတဲ့ ဧရိယာတွေကို ထပ်မံ တိုးချဲ့လိုက်ပါတယ်။ လောဆိုသူရဲ့ အပြောအရ အဲလေ တရားဥပဒေအရ (by Law) တားမြစ်ထားသည် ဆိုတဲ့ သတိပေးစာတန်း ကပ်ထားတာတွေ့ရင် မသောက်ပါနဲ့တော့၊ အများဆုံး ဒေါ်လာ ၁၀၀၀ အထိ ဒဏ်ချနိုင်ပြီး အဲဒီလို ဧရိယာကို တာဝန်ယူသူက ထိထိရောက်ရောက် မတားမြစ်ဘူးဆိုရင် အများဆုံး ဒေါ်လာ ၂၀၀၀ ထိ ဒဏ်ချခြင်း ခံရနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်းကို ဘယ်သူဘယ်ဝါက စထွင်ခဲ့တယ်မသိဘူး၊ သို့သော် အဲဒါက လူတွေအတွက် ကောင်းကွက် တစ်စက်မှမရှိတဲ့ ကိစ္စပဲ၊ ပိုက်ဆံမီးရှို့ရုံတင်မကပဲ ကိုယ့်ကျန်းမာရေးကိုလည်း မီးရှို့နေရာ ကျတယ်။ ကျနော့် ချစ်လှစွာသော ဒယ်ဒီဖခင်ဖေဖေက ဆေးလိပ်ကို ကိုးကွယ်သူပါ၊ သူ့ကြောင့် ကျနော် ဆေးလိပ်ကို ရှောင်ကြဉ်ခဲ့တာပဲ၊ အိမ်ခန်းထဲမှာ မီးခိုးတလူလူနဲ့ မွှန်နေတဲ့ အခြေအနေကို ဘယ်လိုမှ လက်ခံလို့မရဘူး။ သူသောက်ပြီဆိုရင် ကျနော်တို့ မောင်နှမတွေ မနှစ်လိုကြောင်း မျက်နှာရှုံ့၍တမျိုး၊ အသံပြု၍တဖုံ ဆန္ဒပြကြတယ်၊ အဲဒါဆိုရင် သူက စစ်ရှုံးသွားတဲ့သူရဲကောင်းကြီး စတိုင်ဖမ်းပြီး ဝရန်တာအပြင်ဖက် ထွက်သောက်ပါတယ်၊ ခုနောက်ပိုင်း လျှော့သောက်တယ် ပြောတာပဲ၊ ဟုတ်မဟုတ်ကိုတော့ အဝေးရောက်နေတဲ့ ကျနော်လည်း မသိဘူး။ ကျနော်တို့အိမ်မှာ လောဆိုသူ မသတ်မှတ်ထားပေမယ့် အိမ်အတွင်းပိုင်းက မီးခိုးကင်း ဧရိယာ ဖြစ်နေပြီး ဝရန်တာက မီးခိုးမှုတ်ဖို့ သီးသန့်နေရာလေး ဖြစ်နေပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ၊ မသောက်ရမနေနိုင်သူများ လျှော့သောက်ကြပါလို့ မှာကြားလိုက်ရပါတယ်။



新加坡從明年元月一日起將禁煙範圍擴大,這些範圍包括公共室內設施、電梯前的候客廳附近區域、禁止吸煙的建築進出口、兒童遊樂區和運動場所等等。違者將被罰高達一千新元的罰款,沒有上前阻止的管理者則將被罰高達兩千新元的罰款。呵呵,名副其實的 fine city (罰款之城),但我喜歡這種作法。
NEA : Smoking Ban Extension

♠ Ko NMA + Ma LLKS

ဆောင်ပါပြီ၊ ဆောင်ကုန်ပါပြီ။ မဆောင်သေးသူများ အမှီလိုက်၍ ဆောင်ပြီးသူများ အမြန်မွေးကြပါ။





ချင်ကာပူမှာ ဦးဆုံးအကြိမ် သွားဖြစ်တဲ့ ဟိုတယ်မင်္ဂလာဧည့်ခံပွဲပါ၊ ဒီက မင်္ဂလာဧည့်ခံပွဲတွေရဲ့ ထုံးစံကို မရင်းနှီးတော့ ဘယ်လောက် ထည့်ရမလဲလို့ လူမေးရပါသေးတယ်။ စားပွဲ ၁၀ ဝိုင်းလောက်ရှိပြီး သိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးတဲ့ ပွဲလေးပါပဲ။ ဝိုင်းနံပါတ် ၉ မှာ နေရာချထားခြင်းခံရပြီး ကျရာနေရာမှာ ဖြစ်သလိုပဲ ဝအောင် စားခဲ့ပါတယ်။ ဇင်ကိုလတ်၊ မဗေဒါ၊ မယ်လိုဒီမောင် စတဲ့ ဘလော့ဂါများနဲ့ တဝိုင်းတည်းဖြစ်ပြီး ဓာတ်ပုံကိုလည်း အားမနာတမ်း ရိုက်ခဲ့ပါတယ်။ ကိုပေါဆိုသူ လူပျိုလေးကတော့ တနေ့ကတင် Nikon D90 ကင်မရာ ဝယ်လိုက်တဲ့အကြောင်း ဝင်ဝင်ချင်း ဆီးပြီး ကြွားတာကလွဲလို့ တခြား အထွေအထူး တင်ပြစရာ မရှိပါဘူး။ အဟမ်း၊ ထုံးစံအတိုင်း ဆုတောင်းပါတော့မယ်...

ကိုနိုင်မိုးအောင်နဲ့ မလင်းလက်ကြယ်စင်တို့ ပျော်ရွှင်သင့်မြတ်စွာနဲ့ အိုအောင်မင်းအောင် ရွှေလက်တွဲပြီး ပေါင်းဖက်နိုင်ကြပါစေဗျား။

Bonus :

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Smoke & Spice] 1 New Entry: သီးစုံပဲကုလားဟင်း

သီးစုံပဲကုလားဟင်း

ဒီနေ့တော့ သီးစုံပဲကုလားဟင်းချက်စားဖြစ်ပါတယ်။

ပဲဓါတ်ဟာ သက်သတ်လွတ်စားသုံးတဲ့သူတွေအတွက် အဓိက အသားဓါတ်ကိုပေး
တဲ့အတွက် မကြာခဏဆိုသလို သက်သတ်လွတ်သမားတွေစားသုံးဖို့သင့်လျော်ပါ
တယ်။ ပဲဟင်း ကို ပဲစင်းငုံ၊ ပဲနီလေး၊ ပဲဝါလေး စတဲ့ ပဲတွေနဲ့လဲ ချက်ပြုတ်နိုင်ပါတယ်။
ရှင်မင်းကတော့ ကုလားပဲ နဲ့ ချက်ပါတယ်။

လိုအပ်တဲ့အဆာပလာတွေကတော့

ကုလားပဲ
ခရမ်းသီး
ရုံးပတီသီး
ခရမ်းချဉ်သီး
မုန်လာဥနီ (သို့) ခါကြက်ဥ
ဇီယာ
ဖာလာစေ့
ပဲနသာစေ့
မုန်ညှင်းစေ့
အရောင်တင်မှုန့် (ငရုပ်သီးမှုန့်)
နနွင်း
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ
ဆား
ဆီ
မကျည်းမှည့်ရည် တို့ပါပဲ။

ပဲကိုမချက်မှီ ရေ တနာရီ ခန်းစိမ်ထားပါတယ်။ ပြီးလျှင် ပဲကိုအိုးကြီးကြီးမှာ ယောင်းမ
တပ်ပြီး တည်ထားပါတယ်။ ပဲအိုးတည်ထားစဉ်မှာ အသီးအနှံတွေ လှီးချွှတ် ရပါမယ်။
အိမ်မှာအသင့် ရှိတဲ့ ဟင်းသီးဟင်းရွက် မျိုးစုံကိုပဲဟင်းထဲထည့်ချက်နိုင်ပါတယ်။ ရှင်မင်း
အပေါ် က ရေးခဲ့တဲ့ အသီးအနှံတွေအပြင် ပန်းဂေါ်ဖီ၊ ဒန့်တလွန်သီး၊ အာလူး နဲ့ ဘူးသီး
စတဲ့ အသီးအနှံတွေကိုပါထည့်သွင်းချက်ပြုတ်နိုင်ပါတယ်။

ပဲကျက်ပြီ ဆိုလျှင် တဘက်က ဒယ်အိုးမှာ ဆီ ပူအောင်တည်ပြီး၊ မုန်ညှင်းစေ့၊ ဖာလာစေ့
ပဲနသာစေ့၊ ဇီယာ တို့ကိုဆီသတ်ပါတယ်။ အစေ့အကြီးတွေကိုအရင်ထည့်ပြီး၊ တအောင့်
နေမှ အစေ့သေးတွေကိုထည့်ပါတယ်။ အနံမွှေးလာလျှင် ကြက်သွန်ဖြူ၊ နီ လှီးထားတာကို
ထည့်ပါတယ်။ နနွင်း၊ အရောင်တင်မှုန့် တို့ပါ ထည့်ပြီး အသီးအနှံတွေထဲမှ အမာဆုံးအသီး
အနှံ ကျက်ချိန်အကြာဆုံးမှ အကျက်အလွယ်ဆုံးထိ အစဉ်အတိုင်းထည့်ပါ။ ရှင်မင်းကတော့
မုန်လာဥနီ အရင်ထည့်ပါတယ်၊ ပြီးမှ ခရမ်းသီး  ၊ ရုံးပတီသီး၊ ခရမ်းချဉ်သီး တို့ကိုထည့်ပါတယ်။
ရေစပ်စပ်ကလေးထည့်ပြီးအဖုံးအုပ်ထားရပါမယ်။ အသီးအနှံတွေ မကျက်တကျက်ဖြစ်နေ
ချိန်မှာပဲ စောစောက ပဲပြုတ်ထားတာတဲ့ အိုးထဲကို ထည့်လိုက်ပါတယ်။ ရေအနည်းငယ်
ထည့်ပြီး၊ ခဏထားပါ။ ဆားအပေါ့အငံမြည်းပြီး ဆားထည့်ပါ။ ချကားနီးလျှင်မကျည်းမှည့်ရည်
ဖျော်ထားတာကိုလောင်းထည့်ပါ။ ပဲရော၊ အသီးအနှံတွေပါနူးလျှင် နံနံပင်လေးအုပ်ပြီး မီးပိတ်
နိုင်ပါပြီ။

ပဲဟင်း ကို ပါပရာကြော်၊ သရက်သီးသနပ် များနဲ့ တွဲဖက်သုံးဆောင်ပါက အလွန်လိုက်ဖက်လှ
ပါတယ်။

You received this email because you are subscribed to the real_time feed for http://smokenspice.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Lu Lu] 1 New Entry: ချောကလက်ကျောက်ကျော

ချောကလက်ကျောက်ကျော


အားလုံးသော မောင်နှမများမင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ချောကလက်ကျောက်ကျော လုပ်နည်းလေး မျှဝေပေးပါဦးမယ်နော်။ အဲ့ဒီကျောက်ကျောကိုတော့ ကျွန်မတူမလေးရဲ့ မွေးနေ့မှာ ကျွန်မတို့ လုပ်ပေးခဲ့တာပါ။

လိုအပ်တဲ့ပစ္စည်းတွေကတော့ အာဂါးကျောက်ကျော (၁) ထုပ်၊ လက်ဖ၀ါးအရွယ်ရှိတဲ့ ချောကလက်(၃) ပြား၊ သကြား (၂၀) ကျပ်သား၊ ရေ ၁ လီတာနဲ့ နို့စိမ်း တစ်ဗူးတို့ပါနော်။


more...

You received this email because you are subscribed to the real_time feed for http://lulucooking.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Royal-Myanmar.com] 1 New Entry: Mister Christmas 2008

Mister Christmas 2008

၂၀၀၈ ခုနှစ် ခရစ်စမတ် အထူးအစီအစဉ်အနေဖြင့် ပုံမှန် ပြိုင်နေကျ Mister Royal-Myanmar ပွဲများမှ ပရိသတ် အကြိုက် အရွှေးချယ်ခံရသော ညီ၊အစ်ကို များကို ပြန်လည် ဖိတ်ခေါ်ပြီး ပါဝင် ယှဉ်ပြိုင်ပေးထားပါတယ်။ ပါဝင်ယှဉ် ပြိုင်ကျသော ညီအစ်ကိုများ ကို ကျေးဇူး အထူးတင်ရှိပါတယ်။ သင်တို.အနေဖြင့် မိမိသဘောကျသော ဓါတ်ပုံ ရှင်အား...

Visit www.royal-myanmar.com to read full post. (Sai Tun)

You received this email because you are subscribed to the real_time feed for http://www.royal-myanmar.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါက်တာလွဏ်းဆွေ] 1 New Entry: မြန်မာ့ရေးရာ သတင်းပဒေသာ (၂၃-၁၂-၀၈)

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၃-၁၂-၀၈)

- မဲဆောက်ကို မြန်မာစစ်အစိုးရက လက်နက်ကိုင်တွေ စေလွှတ် click
- ပဲခူးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် click
- စံပယ်လူထုလှုပ်ရှားမှု စတင်ပြီ click
- နယ်စပ်ဒေသကိုယ်ဝန်ဆောင်မိခင်များ ဒုက္ခမျိုးစုံ ဆက်လက်တွေ့ကြုံ click
- မြန်မာအရှေ့ဘက်နယ်စပ်ရှိ ကိုယ်ဝန်ဆောင်မိခင်များအပေါ် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပျက်ယွင်း click
- အမေရိကန်စီးပွားရေး သိသိသာသာ အားပျော့လာ click
- ဂီနီ အာဏာသိမ်းအစိုးရကို အမေရိကန် အသိအမှတ်မပြု click
- သမ္မတကွယ်လွန်အပြီး ဂီနီနိုင်ငံမှာ စစ်အာဏာသိမ်း click
- မင်္ဂလာဒုံလေတပ်စခန်းကို ဦးတေဇပိုင် ပုဂံလေကြောင်းလိုင်း အသုံးပြုမည် click
- အလုပ်သမားအခွင့်အရေး လှုပ်ရှားသူကို ထောင်ဒဏ်ထပ်ပြီး စီရင်ချက်ချ click
- နိုင်ငံရေးအကျဉ်းသားမိသားစုများကို ဦးဝင်းတင် သွားရောက်အားပေး click
- နိုင်ငံရေးအကျဉ်းသားတွေ ကူညီနေတဲ့ ဦးဝင်းတင်ကို အာဏာပိုင်တွေ နှောင့်ယှက် click
- တရုတ်-ထိုင်ဝမ် ပန်ဒါချစ်ကြည်ရေး click
- ပြည်ပတပ်တွေ အီရတ်ကရုပ်ဖို့ အချိန်ဇယားထွက်လာ click
- နည်းပညာထဲမှာ ၂၀၀၈ ကို ထားရစ်ခဲ့ (ဆောင်းပါး) click
- ပန်းချီ(ဦး)နန်းဝေရဲ့ နောက်ဆုံးခရီးနဲ့ သူ၏ ပန်းချီများ အမှတ်တရ၊ စပစ်ရစ်(လိပ်ပြာ)အမည်ရ ခေတ်ပြိုင်အ နုပညာပြပွဲ ဗိဿနိုးပြခန်းမှာ ကျင်းပ click
- သတင်းစာဆရာကြီး မြန်မာ့အလင်းဦးသန်းညွန့် ကွယ်လွန် click
- သန်းရွှေနှင့်အဖွဲ့ ဆိုင်ကလုန်းဒဏ်ခံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ကြည့်ရှုမည် click
- မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေလုံလောက်မှုမရှိဟု MSF ပြောကြား click
- Myanmar Has Widespread Maternal Health Problems click
- North Korean defector asks Myanmar to release her children click
- China''s CNPC lines up five new oil, gas projects click
- Myanmar to grant more new blocks for gem mining click
- Government decides to set up 13 Integrated Check Posts (ICPs) along Indian land border click

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.