Thursday, November 20, 2008

[ချစ်တဲ့ မနောမြေ] 1 New Entry: လွိုင်ဆမ်ဆစ် ငိုတဲ့ည

လွိုင်ဆမ်ဆစ် ငိုတဲ့ည


လွိုင်ဆမ်ဆစ်

အပြစ်ကင်းစွာ အိပ်စက်၊ ငါ မနိုးရက်လည်း

မိုးသက် မုန်တိုင်း၊ မိုက်ရိုင်းတဲ့ ကြမ္မာညှိုး

လှုပ်နိုးခဏ၊ ကယ်ရီ အပျိုမရဲ့

အစဉ်မတူ၊ အခက်ဖွေသမျှ၊ ရတက်ပွေရမဲ့

မျက်ရည်ကျ ဇာတ်လမ်း၊ မှတ်တမ်းဖွင့် အစ

ကဲ … နိုးထတော့လေ ။


တရားစောင်းလို့လဲ၊ ဒါးတောင်းမရ

တရားညှိုးလို့လဲ၊ ဒါး မိုးမရ

အဓမ္မ ဥပဒေ၊ အုပ်စိုးနေသူ လုပ်

အုပ်ချုပ်ခံရသူ၊ မတရားခံ

အားမတန် အံကြိတ်၊ ဒေါသဟန်တောင် မဖိတ်ရဲ

စိတ်ထဲက ဝေဒနာ၊ ဖြေပြေစရာများ

ဘယ်နားမှာ ရှိပါလိမ့် ….. ။


ရိုးသားစွာ တောင်ယာလုပ်

သူတို့ဇာတ်ရုပ်ထဲ၊ ပုဒ်ထီး ပုဒ်မ

လုပ်ပြီး လုပ်သမျှ၊ တို့ခုတ်တဲ့ ယာကိုသိမ်း

တို့လုပ်တဲ့ မြေကိုယူ၊ မကြည်ဖြူ ငြူစူသူ ကြောင့်

နောက်မြီးတို ခုံဖိနပ်၊ တာယာ သဲကြိုးတပ်မှတော့

ခွေးငတ်လာ ကြိမ်ဆဲ၊ တရားခံ ဘယ်သူလဲလေ …. ။


ဝမ်းစာ အတွက်

လမ်းတကာ ထွက်

အလုပ်ရှာ အလုပ်တောင်း၊ ဝမ်းဟောင်းလောင်း နေ့များ

ရှည်လျားထပ်ထပ်၊ အငတ်ပြိုင် မိသားစု

ထွက်ပေါက်တခု အတွက် ….. ။


စာ မတတ်လည်း

ဘယာအငတ်ကြောင့်၊ ရှာတတ် ဖွေတတ်

လုပ်စား တတ်အောင်၊ အရပ်ထဲ စနည်းနာ

တွေ့ပါပြီလေ၊ ပြည်မကြီးက ကုန်စည်

တောမြေဆီ ရွှေ့ပြောင်း၊ ကယ်ရီလမ်းကြောင်း တခု

အထမ်း အရွက်နဲ့ လမ်းသွက်သွက် လျှောက်၊ တောရောက် တောင်ရောက်

ခြေရာကောက် လှုပ်ရှား၊ ဖမ်းသလား ? ဆီးသလား?

နည်းသလား ? များသလား ? ပေးထားမှ ရ

ဈေးစကား စ၊ အာဏာ ရတာတောင် အလိုမပြီး

ငို့ဘကြီးများနဲ့ ညှိုနှိုင်း၊ ဥပဒေထဲက အရိုင်း ယိမ်းအက

ညီ မှ ညီ၊ စည် မှ စည် သပေါ့ ….. ။


ရွှေသမင် ထွက်တဲ့လမ်း

ဘယ်ကမ်း မှာတုံး၊ ကြမ်းလို့ ရ

လှမ်းလို့ မြန်းရ၊ ဆန်းစွ ဥပဒေ

သည်မြန်ပြေမှာ ။ စုတေ နေလေရဲ့ ….. ။


သည်လိုနဲ့ တည

မူဆယ်က ထွက်ဖို့ လှမ်း၊ နမ့်ဖတ်ကာ ခရီးကြမ်းကို

တောလမ်း အထွက်၊ ရက်စက်တဲ့ ကံကြမ္မာ

စာ မတတ်တာလား ? မညှာ တတ်တာလား?

ညာ တတ်တာလား မသိ

လွိုင်ဆမ်ဆစ် ကို မေးပါဦးမည်။


နဂိုရ်နေ မဆန်း

အပျိုရည် ပန်းလေးတပွင့်၊ ကြွေလွင့် ရက်စော

အငိုနှင့် ဇာတ်မျှော၊ သည်တော သည်တောင်

ဘယ်မြိုင်ချောင် အသိ၊ ဘုရား…. ဘုရား…. ဘယ်နှစ်ပွင့်ရှိခဲ့ပြီ ….. ။


လောက ခုံရုံး

နောက်ဆုံး မေးခွန်းထုတ်၊ အကျွနုပ် မေးမည်

ကျားလုပ်တဲ့ ဥပဒေ၊ သမင်တွေ ခံရ

ဒါ …. နိယာမ လား?

ကြောင်ထုတ်တဲ့ ဥပဒေ

ကြွက်တွေခံရ ။ သဗ္ဗဝါဒ လား? …..။


အို ….. လွိုင်ဆမ်ဆစ်

တွေဝေနစ်မျှော၊ မောဟလှိုက်ဖွေ

အိပ်မနေနှင့်၊ သင် သက်သေရှိ

သင် အသိမို့၊ ပကတိ အမှန်

တရားခံကို၊ ပြည်သူ့ထံသို့ တင်စေ သတည်း၊

ပြည်သူ့ရင်ခွင် မြင်စေ သတည်း။ ။

ဒူဝါကြီး


You received this email because you are subscribed to the real_time feed for http://chittemanawmyae.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.