Showing posts with label မ - မုန်းချောင်းတေး. Show all posts
Showing posts with label မ - မုန်းချောင်းတေး. Show all posts

Thursday, October 9, 2008

[မုန်းချောင်းတေး.....] 5 New Entries:

http://streammone.blogspot.com/feeds/8866778044014639907/comments/default

အဓိပ္ပါယ်ပျက်တယ်


ကဲ့..ကိုယ့်ကောင်းကင်ကို ကိုယ်ပဲယုံကြရုံ..
အဓိပ္ပါယ်မဲ့ဆင်ခြင်မှုမှာ တရားတွေမဲ့တာ..ဆန်းသလား
အတ္တ..မာန်န...မောဟ...ရေးပြရုံနဲ့လုံလောက်ပြီ..
တဒိုင်းဒိုင်းကန်သွင်းနေတဲ့ ဘက်လိုက်မှုမျိုးဖြင့်..မုန်းတယ်
ရေရောထားသားလား...မထားဘူးလား...ဒီလျှာကသိတယ်..
အချိန်တန်တော့လည်း ဒီကောင်းကင်လေးပဲ ခလုပ်တိုက်
ဘာမှမမြင်လောက်အောင် ဒီဒုက္ခတွေက အရေပြားထူသလား..
တတ်နိုင်သလောက် ချစ်ခြင်းအားဖြင့် သီဆိုခဲ့ပါတယ်.....
တတ်နိုင်သလောက် အရေပြားများအား ခွါချခဲ့ပါတယ်....
တတ်နိုင်သလောက် လူဖြစ်ချင်ခဲ့ပါတယ်..
ကဲ...ဘယ်နှစ်ဂိုးသွင်းမလည်း...
အဓိပ္ပါယ်မဲ့ဆင်ခြင်မှုမှာ တရားတွေမဲ့တာ..ဆန်းသလား


စိတ်ကြေကွဲ



မှုံရီေ၀၀ါးသွားခဲ့ပြီးဖြစ်သည်။။လွန်ခဲ့လေသောလမ်းအတိုင်း ကျော်ဖြတ်ခဲ့ပြီးသောမိုင်တိုင်များအတိုင်း ဘ၀ဆိုတာကိုအခါမလပ်မေ့လျှောချင်နေခဲ့မိတယ်။ စိုက်ပျိုးခဲ့တဲ့အတိုင်း ရိတ်သိမ်းနိုင်ဖို့ အဓိကကျလေရဲ့။ ဟိုးအဝေးလွင်ပြင်ကနေ ဖြတ်သန်းခဲ့ရလိုလား ဒီလေပြေမှာ အလွမ်တေးတွေပါရှိတယ်။ ဒီလိုပါပဲလို ပြောနိုင်ခဲ့ပြီလား။ အလွမ်းတွေတနင့်တပိုးနဲ့မို့လို့လား မရွေ့လျားနိုင်တဲ့တိမ်တိုက်တွေ ဟိုး...ကောင်းကင်မှာတွဲလည်းခိုနေလေရဲ့။

ဆင်အိပ်ရာဆိတ်နှိုး
တိပ်တခိုးချစ်စိတ်ဝင်
အရိပ်မြင်မင်းပဲပေါ့
အတွေးမခိုင် ယိုင်ချင်သူမို့
ချစ်စိတ်ကိုလျှော့။

ကဗျာဆုံးပြီလား။အတွေးတွေမဆုံးတတ်သေး။ ဆတ်တောက်တောက်စိတ်အဆာမပြေမှု။စိမ်းစိမ်းခါးခါး အကြည့်တွေ နဲ့ တ၀တပြဲဖေါင်းဝနေတဲ့ တနေ့တာ ကြာရှည်နေမှုမျာဖြစ်သလိုအသက်ရှခြင်းများနဲ့နေသားတကျ ဘ၀ ခင်းကျင်း။ အူလိုက်သည်းလိုက်မရီရတာ ဒီတဘ၀စာ။ဒါတွေဟာ....ဒါတွေဟာ..ဒီလို...အဲဒါပဲ....ဟိုးမိုးကုပ်စက်ဝိုင်းရဲ့တဖက်မှာ ဘာတွေရှိမလည်း....အင်းမသေချာဘူး။ ဗိုက်ဆာတယ်။ တနေ့တာ ကြွေကျခဲ့ရတဲ့ ခပ်အုပ်အုပ် သက်ပြင်း တွေအကြောင်းစဉ်းစားချင်သေးတယ်။ တနေ့ပြီးတော့ နောက်တနေ့ ရေတိမ်နစ်တယ်ဆိုတာဒါလား။
မသေချာဘူးဆိုတာ သေချာနေလောက်ပြီုလို့ မနေ့က သေချာသလောက်ရှိခဲ့ပြီ။ ဒါပဲ...လက်ပြ...နှုတ်ဆက်...ကွဲအက်...


ခံစားမိသောသီချင်းများ

ကျွန်တော်ခံစားမိသော သီချင်းများ...
ခင်ဗျားတို့လည်းတစုံတခုရမည်ဆိုလျှင်....

ဝိုင်ဝိုင်း
ကိုငှက်
ကြယ်တွေစုံပြီ
ဒီဇင်ဘာ ကိုလွမ်းတယ်

http://streammone.blogspot.com/feeds/8725632397252001743/comments/default

ဒီကဗျာလေးကတော့ကြာပြီဗျ
2000 ခုနှစ်ဝန်းကျင်လောက်ကဖြစ်မယ်
ရယ်စရာတော့ဖြစ်နေမယ်ထင်တယ်..
သတိတရပေါ့



မငိုချင်းတေး

ဒီလေညင်းထဲ ဘယ်လိုရနံ့တွေနဲ့
မြူဆွယ်မလည်းရယ်လို့
ရေတမာပင်လေးရေ
မြို့တမြို့လုံးဖုန်းသွားတာတောင်
မင့်ရယ်သံလွင်လွင်တွေ
ငါမုန်းမသွားဘူး
ဒါရှက်စရာလားကွယ့်
ဒီနေ့ငါ့ကောင်းကင် ပြိုကျတယ်.


နှစ်သက်မိသောကဗျာလေးပါ...
ညိမ်းညိုဘလောဂ့်မှကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်..

အရိုင်းတေး

ငါ့ဘ၀က ပျံကျဆိုရင်
ငါ့အနုပညာက ခေါင်းရွက်ဗျပ်ထိုး
ကျပျောက်လိုက် ပြန်ကောက်လိုက်နဲ့ပဲ
ခရီးစဉ်တိုင်းဟာ တေ့လွဲ
တစ်နေ့တစ်နေ့
မမြဲခြင်းတရားကို ရှုလို့
မျက်နှာမူရာအရပ်က
နေမထွက်တော့တာလဲ ကြာပြီ
အကုသိုလ်သိပ်ကြီးတဲ့အလုပ်
ငါးအချင်းချင်း
ဘယ်တော့မှ ပြန်မမျှားလေနဲ့
ဒီမှာ..
ဘ၀ကို ချစ်တတ်ဖို့ပဲလိုတယ်
အသက်ကို အသစ်ပွင့်လိုက်။

ညိမ်းညို

ရဲရင့်ခြင်းလား..အားကျစိတ်

မုန်းချောင်း..
သူစတင်ခဲ့တဲ့နေရာကတော့
ဟိုး...ရခိုင်ရိုးမတောင်စဉ်တောင်တန်းတွေကပေါ့...
အဝေးကြီးလာခဲ့ရတာ...
မိုးရာသီများဆိုရင် သူအတွက်အလုပ်ရှပ်ဆုံးအချိန်တွေလေ
သူစီးဆင်းခဲ့ရာတလျှောက်လုံးတွေ့သမျှ အမှိုက်သရိုက်တွေ
အညစ်အကြေးတွေအားလုံး ထမ်းပိုးလာရတယ်....
ပြီးတော့ သူ့မိခင်ဧရာဝတီရဲ့ဝမ်းဗိုက်ထဲကို ပို့ချ အနယ်ထိုင်ရတယ်..
ဒါလည်းသူရဲ့ဘ၀ဖြစ်စဉ်တခုပေါ..
တခါတခါကျတော့လည်း လှိုင်းထန်သလို ဒေါသတွေကြီးနေတတ်ပြန်တယ်..
တခါတလေတော့လည်း..သူမဟုတ်သလို အေးငြိမ့်ငြိမ့်လေးစီးဆင်းနေပြန်တယ်..
ဒါလည်းသူဘ၀ ရဲ့တစိတ်တပိုင်းပဲလို့ထင်မြင်မိပြန်တယ်...
မိခင်အတွက်တာ ၀န်ကျေပွန်တဲ့သူ....
လူသားများအတွက် တာဝန်ကျေပွန်တဲ့သူ....
သဘာဝတရားအတွက် တာဝန်ကျေပွန်တဲ့သူ...
မုန်း.....
ကျွန်တော်
ဘ၀မှာ ယူစရာတာဝန်တွေအများကြီးရှိပါလျှက် မေ့လျှော့နေ(မေ့ချင်ရောင်ဆောင်နေ)
လုပ်စရာတွေအများကြီးရှိပါလျှက်နဲ့ အလုပ်ရှပ်ချင်ယောင်ဆောင်နေ
ဒီမုန်းချောင်းကိုဖြတ်ကူးတိုင်း သူရဲ့ကျောပြင်ကြီးကို အားနာ..ရှက်ကြောက်နေမိတော့တယ်..

You received this email because you are subscribed to the real_time feed for http://streammone.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.