Showing posts with label မ - မြစ်ကောက်. Show all posts

Tuesday, October 7, 2008

[အငွေ့ပျံ အိပ်မက်] 1 New Entry: ထီးတချောင်းနဲ့ မိုးထဲမှာ

ထီးတချောင်းနဲ့ မိုးထဲမှာ

မိုးစက်ပွင့်တွေက လွင့်ကြွေနေဆဲ ... အေးစိမ့်စိမ့်နံနက်ခင်းလေပြေက ရင်ကိုအေးမြမှုထက် ပိုမိုအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ခိုက်ခိုက်တုန်မတတ် ချမ်းအေးနေတဲ့အကြားက တာဝန်ဆိုတဲ့ စကားတခွန်းအတွက် အလုပ်ကိုသွားခဲ့ရတယ်။ အတွေးကတော့ နေရာအနှံ့ကပ်ပါနေဆဲ... တွေဝေမှုတွေ နေရာအနှံ့ကပ်ပါနေဆဲ... မိုးထဲမှာ ကျနော်ထီးပါရဲ့နဲ့ ရေတွေရွှဲလို့ လမ်းလျှောက်နေခဲ့တယ်...။

မိုးတွေရွှဲလို့ ရောက်လာတဲ့ကျနော့်ကို "မင်းထီးမပါဘူလား" လို့ တယောက်ကမေးတယ်။ ကျနော်ရဲ့ "အင်းပါတော့ပါတယ်" ဆိုတဲ့ စကားကို သူကနားမလည်သလိုနဲ့ ခေါင်းကုပ်ရင်းထွက်ခွာသွားခဲ့တယ်။ တကယ်ဆို ကျနော်မှာ ထီးပါလာခဲ့ပါတယ်။ မပါတာက စိတ်ပါ။ ကျနော့်မှာသွက်လက် ဖျတ်လတ်တတ်လေ့ရှိတဲ့ စိတ်ပါမလာခဲ့တာ။ တကယ်ဆို ထီးကလုံခြုံခဲ့ပါတယ်။ မိုးဖွဲလေးတွေထဲမှာ ထီးရဲ့ လုံခြုံမှုကို အပြည့်အ၀ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ ကျနော့်စိတ်မလုံခဲ့တာပါ။ ထီးပေါ်ကမိုးထက်တွေ စိတ်ဓါတ်တွေထဲဖြတ်သန်းစီးဝင်သွားတာပါ။ နှလုံးသားထိတိုင်ပေါ့...။

ဒီလိုနဲ့ ကျနော် ထီးတချောင်းနဲ့ မိုးရေထဲမှာ ဆက်လျှောက်နေတာ၊ လျှောက်ရင်း လျှောက်ရင်း ကြာခဲ့ပြီ။

ကြိုတင်အသိပေး ပန်ကြားခြင်း

ဒီစာမျက်နှာလေးပေါ်မှာ ဖန်တီးထားသမျှသော ပန်းချီ၊ ဓါတ်ပုံ၊ ဗွီဒီယို၊ နည်းပညာဆိုင်ရာ အချက်အလက် စသည်ဖြင့် ဖန်တီးထားမှုအားလုံးသည် တစုံတခုမျှ ကျနော့်၏ ကိုယ်ပိုင်ဖန်တီးထားမှုများ မဟုတ်ကြဘဲ အလျှင်းသင့်သလို ကြိုက်တာယူ၊ ကြုံရာဆွဲ ထင်တိုင်းကြဲထားခြင်းများသာ ဖြစ်သဖြင့် လူကြီးမင်းတို့၏ စီပွားရေး လုပ်ငန်းများတွင် အသုံးပြုလိုပါက ကျနော့်ထံခွင့်ပြုချက် တောင်းစရာမလိုဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ မူပိုင်ခွင့်နှင့်သာတိုက်ရိုက် သက်ရောက်မှုရှိပါလိမ့်မည်။
Creative Commons License
by is licensed under a Creative Commons Attribution 3.0 United States License.

You received this email because you are subscribed to the real_time feed for http://lostofthedream.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အငွေ့ပျံ အိပ်မက်] 1 New Entry: Blog မှာ View Page Source ပိတ်ရအောင်

Blog မှာ View Page Source ပိတ်ရအောင်

တခါတရံမှာ ကိုယ်တိုင်ဖန်တီးထားတဲ့အရာမဟုတ်ပေမယ့် ရှာဖွေရတာအလွန်ခက်တဲ့ ပစ္စည်းလေးတွေ ရှိတတ်ကြပါတယ်။ အထူးသဖြင့် glitter လေးများနဲ့ တန်းပလိတ် icon အချို့ ကြိုက်လို့ Blog မှာသုံးကြတယ်။ တချို့က ထပ်ယူသုံးတယ်၊ အဲဒီကနေပြီး copyright ဆိုပြီး စကာပြောကြရတတ်ပြန်ရော။ လွယ်ပါတယ် Blog ရဲ့ CSS Template ကို View Page Source မပေးဘဲ ပိတ်ထားလိုက်တာပေါ့။ ကဲဘယ်လိုပိတ်မလဲ ... ?
လွယ်ပါတယ်။ အောက်က ပုံထဲက အတိုင်း Layout ရဲ့ Page Elements ထဲက Add a Gadget ကို ၀င်လိုက်ပါ။

အဲဒီကမှ ဒုတိယပုံပါအတိုင်း HTML/JavaScript ထဲမှာ အောက်က ကုဒ်လေး ထည့်ပေးလိုက်ယုံပါဘဲ။

<script language="javascript">
<!-- Edit the message as your wish -->
var msg_box ="Write as you wish";

function dis_rightclickIE(){
if (navigator.appName == 'Microsoft Internet Explorer' && (event.button == 2 || event.button == 3))
alert(msg_box)
}

function dis_rightclickNS(e){
if ((document.layers||document.getElementById&&!document.all) && (e.which==2||e.which==3))
{
alert(msg_box)
return false;
}
}

if (document.layers){
document.captureEvents(Event.MOUSEDOWN);
document.onmousedown=dis_rightclickNS;
}
else if (document.all&&!document.getElementById){
document.onmousedown=dis_rightclickIE;
}
document.oncontextmenu=new Function("alert(msg_box);return false")

</script>

ပြီးရင် Save ဒါပေမယ့် ခေါင်းစဉ်တပ်ဖို့မလိုပါဘူး။ ပြီးရင် ရ/မရ ပြန်စမ်းကြည့်ရအောင်။ Blog စာမျက်နှာပေါ်မှာ မောက်(စ်)ရဲ့ ညာဖက်ကလစ်ကိုနှိပ်ကြည့်ပါ။ ခုနထည့်ထားတဲ့ "Write as you wish" ဆိုတဲ့စာလေး ပြန်ပေါ်လာပါလိမ့်မယ်။ "Write as you wish" ဆိုတဲ့စာလေးကို ကြိုက်တာပြောင်းထည့်ယူနိုင်ပါတယ်။ အားနည်းချက်ကတော့ အင်တာနက်လုပ်ဆောင်မှု လျှင်မြန်နှုန်းပေါ်မူတည်ပြီး ၀.၃ စက္ကန့်ကနေ ၀.၈၈ စက္ကန့်အတွင်း မောက်(စ်) ကလစ်ကို သုံးချက်နှိပ်နိုင်တဲ့သူကို တားဖြစ်ဖို့ခက်ခဲနိုင်ပါတယ်။

စာကြွင်း။ ။ အသုံးပြုတဲ့အခါ တောင်းယူတဲ့သူကိုတော့ ပေးကြပါဗျာ။ မတောင်းဘဲ ကျနော့်လို အလစ်ယူတတ်သူတွေကိုဘဲ တားကြပါလို့ အကြံပြုပါရစေ။

ကြိုတင်အသိပေး ပန်ကြားခြင်း

ဒီစာမျက်နှာလေးပေါ်မှာ ဖန်တီးထားသမျှသော ပန်းချီ၊ ဓါတ်ပုံ၊ ဗွီဒီယို၊ နည်းပညာဆိုင်ရာ အချက်အလက် စသည်ဖြင့် ဖန်တီးထားမှုအားလုံးသည် တစုံတခုမျှ ကျနော့်၏ ကိုယ်ပိုင်ဖန်တီးထားမှုများ မဟုတ်ကြဘဲ အလျှင်းသင့်သလို ကြိုက်တာယူ၊ ကြုံရာဆွဲ ထင်တိုင်းကြဲထားခြင်းများသာ ဖြစ်သဖြင့် လူကြီးမင်းတို့၏ စီပွားရေး လုပ်ငန်းများတွင် အသုံးပြုလိုပါက ကျနော့်ထံခွင့်ပြုချက် တောင်းစရာမလိုဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ မူပိုင်ခွင့်နှင့်သာတိုက်ရိုက် သက်ရောက်မှုရှိပါလိမ့်မည်။
Creative Commons License
by is licensed under a Creative Commons Attribution 3.0 United States License.

You received this email because you are subscribed to the real_time feed for http://lostofthedream.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အငွေ့ပျံ အိပ်မက်] 2 New Entries: Blog မှာ View Page Source ပိတ်ရအောင်

Blog မှာ View Page Source ပိတ်ရအောင်

တခါတရံမှာ ကိုယ်တိုင်ဖန်တီးထားတဲ့အရာမဟုတ်ပေမယ့် ရှာဖွေရတာအလွန်ခက်တဲ့ ပစ္စည်းလေးတွေ ရှိတတ်ကြပါတယ်။ အထူးသဖြင့် glitter လေးများနဲ့ တန်းပလိတ် icon အချို့ ကြိုက်လို့ Blog မှာသုံးကြတယ်။ တချို့က ထပ်ယူသုံးတယ်၊ အဲဒီကနေပြီး copyright ဆိုပြီး စကာပြောကြရတတ်ပြန်ရော။ လွယ်ပါတယ် Blog ရဲ့ CSS Template ကို View Page Source မပေးဘဲ ပိတ်ထားလိုက်တာပေါ့။ ကဲဘယ်လိုပိတ်မလဲ ... ?
လွယ်ပါတယ်။ အောက်က ပုံထဲက အတိုင်း Layout ရဲ့ Page Elements ထဲက Add a Gadget ကို ၀င်လိုက်ပါ။

အဲဒီကမှ ဒုတိယပုံပါအတိုင်း HTML/JavaScript ထဲမှာ အောက်က ကုဒ်လေး ထည့်ပေးလိုက်ယုံပါဘဲ။

<script language="javascript">
<!-- Edit the message as your wish -->
var msg_box ="Write as you wish";

function dis_rightclickIE(){
if (navigator.appName == 'Microsoft Internet Explorer' && (event.button == 2 || event.button == 3))
alert(msg_box)
}

function dis_rightclickNS(e){
if ((document.layers||document.getElementById&&!document.all) && (e.which==2||e.which==3))
{
alert(msg_box)
return false;
}
}

if (document.layers){
document.captureEvents(Event.MOUSEDOWN);
document.onmousedown=dis_rightclickNS;
}
else if (document.all&&!document.getElementById){
document.onmousedown=dis_rightclickIE;
}
document.oncontextmenu=new Function("alert(msg_box);return false")

</script>

ပြီးရင် Save ဒါပေမယ့် ခေါင်းစဉ်တပ်ဖို့မလိုပါဘူး။ ပြီးရင် ရ/မရ ပြန်စမ်းကြည့်ရအောင်။ Blog စာမျက်နှာပေါ်မှာ မောက်(စ်)ရဲ့ ညာဖက်ကလစ်ကိုနှိပ်ကြည့်ပါ။ ခုနထည့်ထားတဲ့ "Write as you wish" ဆိုတဲ့စာလေး ပြန်ပေါ်လာပါလိမ့်မယ်။ "Write as you wish" ဆိုတဲ့စာလေးကို ကြိုက်တာပြောင်းထည့်ယူနိုင်ပါတယ်။ ကျနော်ကတော့ "Copy Locked! Try to contact with myithkaught@gmail.com Thanks!" လို့ထည့်ထားပါတယ်။ အားနည်းချက်ကတော့ အင်တာနက်လုပ်ဆောင်မှု လျှင်မြန်နှုန်းပေါ်မူတည်ပြီး ၀.၃ စက္ကန့်ကနေ ၀.၈၈ စက္ကန့်အတွင်း မောက်(စ်) ကလစ်ကို သုံးချက်နှိပ်နိုင်တဲ့သူကို တားဖြစ်ဖို့ခက်ခဲနိုင်ပါတယ်။

စာကြွင်း။ ။ အသုံးပြုတဲ့အခါ တောင်းယူတဲ့သူကိုတော့ ပေးကြပါဗျာ။ မတောင်းဘဲ ကျနော့်လို အလစ်ယူတတ်သူတွေကိုဘဲ တားကြပါလို့ အကြံပြုပါရစေ။

ကြိုတင်အသိပေး ပန်ကြားခြင်း

ဒီစာမျက်နှာလေးပေါ်မှာ ဖန်တီးထားသမျှသော ပန်းချီ၊ ဓါတ်ပုံ၊ ဗွီဒီယို၊ နည်းပညာဆိုင်ရာ အချက်အလက် စသည်ဖြင့် ဖန်တီးထားမှုအားလုံးသည် တစုံတခုမျှ ကျနော့်၏ ကိုယ်ပိုင်ဖန်တီးထားမှုများ မဟုတ်ကြဘဲ အလျှင်းသင့်သလို ကြိုက်တာယူ၊ ကြုံရာဆွဲ ထင်တိုင်းကြဲထားခြင်းများသာ ဖြစ်သဖြင့် လူကြီးမင်းတို့၏ စီပွားရေး လုပ်ငန်းများတွင် အသုံးပြုလိုပါက ကျနော့်ထံခွင့်ပြုချက် တောင်းစရာမလိုဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ မူပိုင်ခွင့်နှင့်သာတိုက်ရိုက် သက်ရောက်မှုရှိပါလိမ့်မည်။
Creative Commons License
by is licensed under a Creative Commons Attribution 3.0 United States License.

ကာရံမဲ့ တမ်းချင်း

အစိမ်းရောင် ရင်ခွင်ရိုင်းရဲ့
သောကသံစဉ်လှိုင်းမှာ
ဆိုင်းမပါတဲ့ လွမ်းချင်းနဲ့
တမ်းတရင်း တေးဆို
ငိုချင်းရယ် ဆိုမလား ...
မျက်ရည်ပြိုဆင်း အိုမင်းရင့်ရော်
တနေ့သော် ကွယ်စေနိုးနဲ့
စိတ်အားတင်းလျှက် မြေခင်းတဲ့လမ်း
မင်း ...
မလှမ်းဝံ့ခက် လှမ်းဝံ့ခက်
ပျက်လွယ်မှုသဘောအောက်က
ကျောက်သားကိုထုဆစ်တဲ့လက်
ကြွေလုမျက်ရည် ပန်းတွေဝေအောင်
လုပ်ဆောင်ခွင့်တော့ ပြုစေချင်...။ ။