Showing posts with label SawLinux. Show all posts
Showing posts with label SawLinux. Show all posts

Friday, October 10, 2008

Thursday, October 9, 2008

[Sawlinux] 1 New Entry: ဒါတွေဟာ.....တိုးတက်တဲ့ မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းတဲ့လား

ဒါတွေဟာ.....တိုးတက်တဲ့ မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းတဲ့လား

09 October 2008

ဓာတ်ပုံတွင် ချင်းပြည်နယ်မှာ တွေ့ရသောမိသားတစ်ခု၏ လူနေမှုအဆင့်အတန်း

မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး စသော မြို့ကြီးတွင်သာ လူနေမှုအဆင့်အတန်းအနည်းငယ်သာရှိပြီး ကျန်နေရာအစိတ်အပိုင်းအများစု၊
အထူးသဖြင့် တောလက်ကျေးရွာ နှင့် နယ်စပ်ဒေသများမှာ လူမှုဘ၀များသနားစရာကောင်းလောက်အောင် ရင်နာစရာကောင်းလောက်အောင်
အခုလက်ရှိနိုင်ငံခေါင်းဆောင်းများ ဘာကြောင့်ဖန်တီးနေကြသလဲ၊ သူတို့လေးတစ်တွေဟာ ခင်ဗျားတို့ရဲ့နိုင်ငံသားဆိုတာ မေ့နေကြရော့သလား။

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Tuesday, October 7, 2008

[Sawlinux] 1 New Entry: ကရင်တပ်ကို တိုက်ဖို့ နအဖ က စစ်အင်အားတိုးချဲ့

ကရင်တပ်ကို တိုက်ဖို့ နအဖ က စစ်အင်အားတိုးချဲ့

07 October 2008

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ထိန်းချုပ်ရာ ဒေသအတွင်း နအဖတပ်နှင့် ပူးပေါင်းထားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်များ ထိုးစစ်ဆင်ရန်အတွက် တပ်အင်အား ထပ်မံ တိုးချဲ့ထားသည်ဟု KNLA က ပြောသည်။

ကရင့်အမျိုးသားအစည်းအရုံး KNU ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသော KNLA တပ်မဟာ ၆ နယ်မြေ ၂ဝ၁ စခန်းများ ရှိသော ဒေသများ၌ လွန်ခဲ့သည် စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ၁ဝ ရက်အတွင်း နအဖ နှင့် ပူးပေါင်းထားသော ဒီကေဘီအေ တပ်များက ၄ ကြိမ် ထိုးစစ်ဆင်ခဲ့ပြီးနောက် ထပ်မံ ထိုးစစ်ဆင်ရန် ပြင်ဆင်ထားပုံကို KNLA က ပြောဆိုခြင်း ဖြစ်သည်။

"အခု နောက်ဆုံးအခြေအနေက ကျနော်တို့ကို လာတိုက်ဖို့ အင်အားဖြည့်ပြီးတော့ ပြင်ဆင်ထားတယ်။ အဲဒီတပ်ရင်းတွေကတော့ ဒီကေဘီအေ တပ်ရင်း ၉ဝ၇ ၊ ၉ဝ၆ ၊ ၃၃၃ တပ်ရင်းနဲ့ နအဖ (ခလရ) ခြေလျင်တပ်ရင်း ၄ဝ၁ ၊ ၄ဝ၇ ရယ်၊ ကေအန်အယ်လ်အေ ဒေသအတွင်းမှာ ရှိတဲ့ ကလဲဝေါ၊ ဘလာတို၊ ကော့စဲ ဟောဖိုးကီး၊ ဖော်ဘူးလထ၊ ဝေါလေခီး စတဲ့ ကျေးရွာတွေမှာ တပ်စွဲထားတယ်" ဟု KNLA ၂ဝ၁ တပ်ရင်းမှ အမည်မဖော်လိုသူ ဗိုလ်ကြီးအဆင့် ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "အခုဖြစ်တဲ့ တိုက်ပွဲတွေက သူတို့ (ရန်သူ) ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ ဖြစ်တာပဲ ရှိတယ်။ ကျနော်တို့က သူတို့ကို တခါမှ ထိုးစစ်မဆင်ပါဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာ ကျနော်တို့ဘက် ကိုယ့်ကိုယ်ကို ကာကွယ်ပြီးတော့ တိုက်ပွဲဖြစ်တာပဲ ရှိတယ်။ အခု တိုက်ပွဲက ထိုးစစ်ဆင်တာကြောင့် ဖြစ်တာဖြစ်တယ်" ဟု ပြောသည်။

ပူးပေါင်းထားသော တပ်ရင်းများမှ နအဖ နှင့် DKBA တပ်သား ခန့်မှန်ခြေ အင်းအား ၄ဝဝ ခန့် ရှိသည်နိုင်ကြောင်းနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည် ရက်မှစ၍ ၄ ကြိမ် တိုက်ပွဲဖြစ်ပွားရာ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၅ ဦးကျဆုံးခဲ့သလို ၁ဝ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNLA က ဆိုသည်။ သို့သော် KNLA ဘက်မှ ကျဆုံးခြင်းမရှိဟု ဆိုသည်။

Help Without Frontiers Refugees For Burma – အဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးကလည်း "လက်ရှိ နအဖ တပ်သားတွေ အဲဒီဒေသတွေမှာ ရှိတဲ့ ကျေးရွာတွေမှာ အခြေချ နေထိုင်နေကြတယ်။ နောက်ပြီးတော့ ရွာသူရွာသားတွေလည်း ဒုက္ခရောက်နေကြတယ်။ သူတို့တွေ ကြောက်ရွံ့တာပေါ့နော်။ ပုန်းနေရတဲ့လူတွေလည်း ပုန်းနေပေါ့။ စာသင်ကျောင်းတွေ ပိတ်ထားတာ ၃ ရက်လောက်ရှိပြီ။ ဆေးခန်းတွေလည်း ပိတ်ထားရတယ်။ ဆရာဝန်တွေက အခုတလော ထွက်ပြေးနေရတယ်" ဟု ပြောသည်။

ဤအဖွဲ့သည် အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) ဖြစ်ကာ ထိုင်း-မြန်မာနယ်စပ်တလျှောက် မြန်မာဘက်ခြမ်းတွင် ပညာရေးနှင့် ကျန်းမာရေးအတွက် လိုက်လံကူညီနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။

ယခုလို နအဖ ၊ DKBA ပူးပေါင်းတပ်များနှင့် KNLA တပ်ရင်းများ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများသည် ထိုင်း- မြန်မာ နယ်စပ်မြို့ မဲဆောက်၏ တောင်ဘက် ၄၅ ကီလိုမီတာခန့် အကွာအဝေးတွင် တည်ရှိသည်။

Mizzima News

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Monday, October 6, 2008

[Sawlinux] 1 New Entry: ထိုင်းရွာ မယ်ပလောခီးကို ဒီကေဘီအေ၀င်တိုက်၊ မယ်ပလောခီးသူကြီးအိမ်ကိုလက်နက်ကြီးများဖြင့်ပစ်

ထိုင်းရွာ မယ်ပလောခီးကို ဒီကေဘီအေ၀င်တိုက်၊ မယ်ပလောခီးသူကြီးအိမ်ကိုလက်နက်ကြီးများဖြင့်ပစ်

06 October 2008

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (ဒီကေဘီအေ) တပ်ရင်း (၉၀၇) နှင့် (၉၀၆) မှ ဗိုလ်ဒီးကီနှင့် ဗိုလ်ဘာလ နာ ဦးဆောင်သည့် တပ်ဖွဲ့ဝင် (၄၀) ခန့်သည် ပြီးခဲ့သည့် သောကြာနေ့ ညနေ (၅) နာရီအချိန်ခန့်က ထိုင်းဘက်ခြမ်းရှိ မယ်ပလောခီးရွာသို့ ၀င်ရောက်ကာ အကြမ်းဖက် လုယက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် မယ်ပလောခီးကျေးရွာအပါအ၀င် နယ်စပ်မျဉ်းတလျှောက်တွင် ဒေသအခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာကွပ်ကဲရေးတပ်မှ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားတိုးမြှင့်ချထားလိုက်သည်။

သောကြာနေ့က ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ၎င်းဒေသအခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၀၁) ၏ ဒု-ရင်းမှူး ဗိုလ်ကြီးဘူးဖောက "အဲ့ဒီနေ့ညနေ (၅) နာရီမှာ ဒီကေဘီအေ တပ်ဖွဲ့တွေ ရွာထဲဝင်လာတယ်။ ရွာသားတဦး ပိုင်တဲ့ကားကိုလာယူပြီး အဲ့ဒီအိမ်မှာတည်းနေတဲ့ ပြောင်းခင်းလုပ်သားတယောက်ကို လည်း ပစ်သတ်သွားတယ်။ ထိုင်းကျေးရွာသူကြီးကို ဖမ်းဖို့လုပ်တော့ သူကြီးက ထွက်ပြေးသွားတယ်။ သူကြီးအိမ်ကို M(79) နဲ့ နှစ်ချက်ပစ်ပြီး ဈေးဆိုင်ဖွင့်ထားတဲ့ သူကြီးအိမ်က ပစ္စည်းတွေကို ယူသွားတယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

"အဓိကကတော့ ဒီကေဘီအေ နယ်ကလူတွေဟာ သူတို့လက်အောက်မှာ လုပ်ကိုင်စားသောက်ရတာ အခွန်အကောက် များတော့ ထိုင်းဘက်ခြမ်းမှာပဲ လာရောက်ရှာဖွေလုပ်စားကြတယ်။ အဲ့ဒါကို ဒီကေဘီအေက ရွာသားတွေကို ပြန်ခိုင်း တယ်။ သူတို့ဆီမှာ အလုပ် လုပ်မယ့်လူ မရှိဘူး။ ရွာသားတွေ ပြန်လာဖို့အတွက် သူတို့အကြမ်းဖက်တဲ့နည်းကို သုံးပြီး ပြန်ခေါ်တာ ဖြစ်တယ်။ အခုလက်ရှိ အခြေအနေအရ မြန်မာဘက်ခြမ်းမှာ ဒီကေဘီအေ တပ်ရင်း (၉၀၇)၊ (၉၀၆)နဲ့ မြန်မာစစ်တပ် ခမရ (၄၁၀)၊ (၄၀၇) တို့ ဒေသတွင်းရွာတွေဖြစ်တဲ့၊ ဘာလတို၊ ကော်စော့၊ ကလဝေါ်၊ ဘီလားလေ့၊ တာဒိုကီမှာ ပူးတွဲပြီး တပ်စွဲ ထားတယ်။ ဒီကေဘီအေက ဘီလားလေ့ ရွာရဲ့ကျောက်တောင်မှာ စေတီတည်ဖို့ လုပ်နေ ကြတယ်။ ဒီလ တရက်၊ နှစ်ရက်၊ သုံးရက်တွေမှာ သူတို့နဲ့ကျနော်တို့ ကြိုကြား ပစ်ခတ်မှုတွေတော့ရှိတယ်။ တိုက်ပွဲကြီး တွေတော့ တခါမှမဖြစ်သေးဘူး။ ကျတော်တို့ နယ်မြေကို သူတို့က နယ်မြေစိုးမိုးရေးလုပ်ဖို့ ကြိုးစားနေတယ်။ ကျနော် တို့ဒေသမှာ ကာလဝေါ်မိုင်းရှိတယ်။ အဲ့ဒီမိုင်းနဲ့ အခြားလုပ်ငန်းတွေကနေ အခွန်အကောက်တွေ ရဖို့အတွက် သူတို့ ကြိုးစားနေတာ ဖြစ်တယ်" ဟု ပြောသည်။

ခေတ်ပြိုင်က စုံစမ်းချက်အရ ဒီကေဘီအေက အဆိုပါ လမ်းကြောင်းကို အသုံးပြုပြီး ဘန်ကောက်တွင် အလုပ်သွား လုပ်မည့် သူများကို ခိုးပို့ရန် စီစဉ်နေသည်ဟု သိရသည်။ ကေအန်ယူနယ်ကနေ တောလမ်းဖြတ်ပြီး ခြေလျင်သွား မည်ဆိုလျှင် ကန်ဖဲ ခရိုင်ကို နှစ်ရက်ဖြင့် ခရီးပေါက်သည်။ လူမှောင်ခို ပို့သည့်အလုပ်ကို လက်ရှိမှာလည်း အဆိုပါ လမ်းကြောသုံးပြီး ဒီကေဘီ အေက လုပ်ကိုင်နေသည်ဟု ဗိုလ်ကြီးဘူးဖောက ပြောသည်။

၎င်းက "နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းပြီး စစ်ဆင်လာရင်တော့ ကျနော်တို့ဘက်က ပြန်ပြီးတော့ ခုခံစစ်ဆင်နွှဲဖို့ အရန် သင့်ပဲ။ အဓိကကတော့ ခံစစ်ရှင် ပြောက်ကျားနည်းနဲ့ တိုက်ထုတ်သွားမှာဖြစ်တယ်" ဟု ပြောသည်။

မယ်ပလောခီးရွာသို့ ဒီကေဘီအေ တပ်ဖွဲ့ ၀င်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ အုန်းဖန်နှင့် မဲဆောက် ကားလိုင်းပြေးဆွဲနေ သည့် ယဉ်မောင်းတဦးဖြစ်သူ နိုင်နိယုံးက "ဒီကေဘီအေတွေ ရွာထဲဝင်တဲ့နေ့က ကျနော် အဲ့ဒီရွာအနားက ကားလမ်းဘေး မှာရှိတယ်။ သူကြီးအိမ်ကို လက်နက်ကြီးနဲ့ပစ်ပြီး ပစ္စည်းတွေ ယူသွားတယ်လို့ ပြောတယ်။ ဒီရွာသားတွေက အရင် ကတည်းကနေ ဒီကေဘီအေနဲ့ တွဲပြီး အရောင်းအ၀ယ်တွေ လုပ်နေကြတယ်။ ငွေကြေးအရှုပ်အရှင်းကိစ္စတွေလည်း အများကြီး ရှိတယ်လို့ သိရတယ်။ ဒါကြောင့် ဒီကေဘီအေက အခုလို ပြဿနာလာရှာတာဖြစ်တယ်။ ဒီနေ့တော့ မယ်ပလောခီးရွာမှာ အေးအေးဆေးဆေး ဖြစ်သွားပြီ။ ရွာထဲမှာ ထိုင်းစစ်တပ်တွေလည်း အများကြီးချထားတယ်" ဟု ပြောသည်။

မယ်ပလောခီးရွာသို့ ၀င်ရောက်စီးနင်းသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ အခြေအနေအမှန်ကို သိရှိရန် ဒီကေဘီအေ (၉၀၇) မှ ဗိုလ်ဘာလနာကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားသည်။ ဒီကေဘီအေ တပ်ရင်းများ၏ ဗျူဟာမှူးဖြစ်သော ဗိုလ်မှူးကြီး စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေး၏ ရုံးသို့ ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ လူကြီးတယောက်မှ မရှိဘူးဟု ဆိုကာ ဖုန်းချသွားသည်။

အဆိုပါ ဒီကေဘီအေ အဖွဲ့သည် ယခုလ (၁) ရက်နေ့က မြန်မာဘက်ခြမ်းရှိ ဘာလာတိုရွာတွင် အိမ် (၄) လုံးနှင့် ပြောင်းခင်း တဲ (၂) လုံးကို မီးရှို့သွားပြီး၊ (၂) ရက်နေ့ နေ့လယ် (၁) နာရီခန့်တွင်လည်း မြန်မာဘက်ခြမ်းရှိ အိမ် (၄) လုံးနှင့် ပြောင်းခင်း အချို့ကို မီးရှို့ဖျက်ဆီးသွားသည်။

အခင်းဖြစ်ပွားခဲ့သည့် မယ်ပလောခီးရွာသည် မဲဆောက်မြို့မှ ကီလိုမီတာ (၁၄၀) အကွာအဝေးအနီးတွင် တည်ရှိပြီး ရွာ အတွင်းဝင်ရောက်ရန် မဲဆောက်-အုန်းဖန် ကားလမ်းဘေး မှ (၃) ကီလိုအကွာအဝေးသို့ ၀င်ရောက်ရပြီး ထိုင်း-မြန်မာ နယ်စပ်မျဉ်းအနီး တည်ရှိသည့် ရွာဖြစ်သည်။ ထိုင်းဘက်ခြမ်းတွင် တာခ့်ခရိုင် အုန်းဖန်မြို့နယ် တည်ရှိပြီး မြန်မာ ဘက်ခြမ်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တည်ရှိပြီး ဒီကေဘီအေ တပ်ရင်း (၉၀၁) တပ်ရင်းမှူး စောဘလူး၊ တပ်ရင်း (၉၀၇) တပ်ရင်းမှူး ဗိုလ်ဥာဏ်မင်း၊ တပ်ရင်း (၉၀၆) တပ်ရင်းမှူး ဗိုလ်မောသို တို့၏ တပ်ရင်းများ အခြေစိုက်ပြီး ၎င်းတပ်ရင်း (၃) ရင်းကို (၁) ဗျူဟာဖွဲ့ထားပြီး ဗျူဟာမှူးမှာ ဗိုလ်မှူးကြီးစောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်း မွေးဖြစ်သည်။

By NEJ

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Sunday, October 5, 2008

[Sawlinux] 1 New Entry: ပျောက်ကွယ်တော့မည့် ကရင်ဂန္ထ၀င်တေးတစ်ပုဒ် အပိုင်း (၂)

ပျောက်ကွယ်တော့မည့် ကရင်ဂန္ထ၀င်တေးတစ်ပုဒ် အပိုင်း (၂)

04 October 2008



ထိုစဉ်က အရှားပါးဆုံး အခက်ခဲဆုံးအဖြစ် နှဲဆရာအနေနှင့် နောင်လုံလှိုင်ကားကျေးရွာမှ (ရှေးနှဲဆရာ) မန်းထွန်းမြိုင်(စောခေတ်မေး)သည်လည်း အရွေးခံရပြီး၊ ထိုမှ နောက်ထပ်ဆယ်နှစ်တိုင်အောင် ပြည်ထောင်စု ဒုံးအဖွဲ့ဝင်တွင် အမြဲတမ်းနှဲမှုတ်ဆရာအဖြစ် ကျော်ကြားခဲ့သည်သာမက ထိုနှစ် ရန်ကုန်မြို့၊ မြေပဒေသာကျွန်း စိုက်ပျိုးရေးဝန်ကြီးဌာနက ကမကထပြုလုပ်သော မြေပဒေသာကျွန်း သစ်သီးဝလံပြပွဲ၊ ပျော်ပွဲရွှင်ပွဲအစီအစဉ်တွင် ကရင်ရိုးရာဒုံးအကလည်း ပါဝင်ရပေရာ နှဲဆရာမန်းထွန်းမြိုင်၏ သင်္ကေတမပါသော နှဲမှုတ်ခြင်းအတတ်ကို အနုပညာဌာနမှ နှဲကျွှမ်းကျင်သူများ၊မွန်ယဉ်ကျေးမှု နှဲဆရာများက အံ့သြချီးမွမ်းခြင်းကိုပင် ခံရသူဖြစ်ပါသည်။


ကရင်အမျိုးသားပိုင် ဂန္ထ၀င် ဆယ့်နှစ်လရာသီ တေးကြီးအတွင်း ပုဒ်စဉ်တစ်ဆယ့်နှစ်ပုဒ်ပါရှိသောကြောင့် တာဝန်ကျသည့် ဒုံးအကနည်းပြ ဆရာခြောက်ဦးတို့အား တစ်ဦးလျှင် နှစ်ပုဒ်စီတေးသံစဉ်များ ထည့်သွင်းရန် ခွဲဝေသတ်မှတ်ပေးလိုက်၍ ဒေသစုံ၊ ခေတ်မျိုးစုံ တချိန်တုန်းဆီက တေးသံစဉ်များ သူ့နေရာနှင့်သူ သီဆိုဖွဲ့နွဲ့သွားနိုင်ကြသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။



ထိုစဉ် တေးသံစဉ်အမျိုးမျိုးကို လေ့လာနားဆင် ကြည့်လိုက်လျှင် ဒေသအသီးသီးမှ ဒုံးတေးသံစဉ်များ ပါဝင်နေကြောင်း သိသာနိုင်ပေသည်။ ရှေးရိုးတေးသံစဉ်များ၊ မုက္ကဒိ ဒုံးတေးသံစဉ်များ၊ ရသေ့ပျံဒုံး တေးသံစဉ်များ၊ လှိုင်းဘွဲဒုံး တေးသံစဉ်များ၊ လွမ်းညဒုံး တေးသံစဉ်များအပြင် ဒုံးအဖွဲ့၏ အဓိကအ၀င်နှင့် အထွက် တေးသံစဉ်များ နှစ်ပုဒ်ကို ဆရာစောကျော်တင့် (စောကျော်လေး)၏ ထိုနှစ်ပြည်နယ်နေ့တွင် ပထမဆုရ ရွှေဥသြဒုံးအဖွဲ့ (ရွှေကင်းကျေးရွာဒုံးအဖွဲ့)၏ တေးအဆင်းအထွက်ကို ပြုပြင်မွမ်းမံ ဖြည့်စွက်ပြီး အသုံးပြု တင်ဆက်ခဲ့ခြင်းဖြစ်၍ အလွန်နားဝင်ချိုသော တေးများအဖြစ် ဒေသအတော်များများတွင် ကျော်ကြားခဲ့ရပါသည်။


ကရင်အမျိုးသားတို့၏ ဂန္ထ၀င် ဆယ့်နှစ်လရာသီ တေးကြီး ယခုနှစ်ပေါင်း (၄၀) နှစ်အတွင်း တစ်ချို့သော ကရင်အမျိုးသားများ သတိမထားမိ၍ ခေတ်ပေါ်တေးများ အောက်တွင် မေ့တန်ကောင်းလောက်ပြီဟု ယူဆရမည်ဖြစ်သကဲ့သို့ နှောင်းလူငယ်များလည်း မသိလိုက်ပဲ ဖာသိဖာသာနေလိုက်မည်ကို စိုးရိမ်သောကြောင့် ရှားရှားပါးပါး ကျန်ရှိနေသေးသော မူလတေး၏ ကရင်ဘာသာစာသားကို လေ့လာနိုင်ကြစေရန် ဆောင်းပါး၏ အဆုံးတွင် ပူးတွဲ ဖော်ပြလိုက်ပါသည်။ ကွယ်လွန်သွားကြပြီဖြစ်သော တေးသီချင်း၏ အဓိကပုဂ္ဂိုလ်များဖြစ်ကြသည့် အရှင်ဥတ္တမ(စ၀်အဲဆိုဒ်)၊ အရှင်စန္ဒန (မန်းနဲစန်)၊ ဒေါက်တာ စောလှထွန်း၊ စောမောင်ဝင်း၊ မန်းဟန်သိန်း၊ စောသောင်းရွှေ (ဖထီး)၊ စောကျော်တင့်

(ဇွဲကပင်ကျော်လေး)၊ မန်းစိုးသန်း(နဲခါးလူ)၊ မန်းကံစိန်( ရသေ့ပျံသား ဒုံးအကနည်းပြ)၊ တို့အား ဤစာစုဖြင့် သမိုင်းဝင် ဂုဏ်တင် မှတ်တမ်းပြုလျက်…….။

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.