အချစ်
အချစ်ဆိုတဲ့ အရာက လူကို ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးသလား?
စိတ်ပျက်ဝမ်းနည်းစရာတွေ ယူဆောင်ပေးသလား?
ချစ်ခဲ့ဖူးတဲ့ အချစ်တွေ ချိုမြိန်ခဲ့သလား? ခါးသက်ခဲ့သလား?
အချစ်အတွက် တိကျတဲ့အဖြေ မရှိခဲ့ပါဘူး...
အချစ်ကို သိချင်နေတဲ့ လူငယ်တစ်ယောက်ဟာ အဖြေရှာဖို့ ထွက်လာခဲ့တယ်။ လမ်းမှာ အသဲကွဲနေတဲ့ မိန်းမငယ်တစ်ယောက်ကို တွေ့လို့ မေးတော့ "အချစ်က လူကို နာကျင်စေလွန်းတယ်။ အချစ်က ငါ့အနားကနေလည်း ထွက်သွားရော ငါ့ဝိညာဉ်တွေပါ ယူသွားခဲ့တယ်" လို့ ပြန်ဖြေခဲ့တယ်။
လူငယ်ဟာ ရှေ့ဆက်သွားပြီး တစ်နေရာမှာ ချစ်သူနှစ်ယောက်ကို တွေ့တော့ မေးပြန်တယ်။ ချစ်သူနှစ်ယောက်က မတိုင်ပင်ဘဲ " အချစ်က လူကို သိမ့်မွေ့နူးညံ့စေတယ်။ မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ ပေးတယ်။ အဲဒီစိတ်ကူးကို ကျွန်တော်တို့ အကောင်အထည် ဖော်ကြတော့မယ်" လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။
မတူညီတဲ့ အဖြေတွေ ကြားပြီးနောက် လူငယ်ဟာ လက်ရှိ ရှင်သန်နေတဲ့အချိန်၊ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေမှာ အရာရာကို အကောင်းမြင်သူတွေက ဘယ်အရာကိုမဆို ကြည်ကြည်နူးနူး ခံစားကြပြီး အရာရာကို အဆိုးမြင်သူတွေက ဘယ်အရာကိုမဆို ခါးသက်တယ်လို့ ခံစားနေကြရတယ်လို့ မှတ်ချက်ချလိုက်တယ်။
ကိုယ်သိချင်တဲ့ အဖြေကို သိခဲ့ပြီလို့ ထင်ပြီး လူငယ်ဟာ နေအိမ်ကို လှည့်ပြန်ခဲ့တယ်။ လမ်းမှာ အဘိုးအိုတစ်ဦးနဲ့ တွေ့ပြန်တယ်။ ဒါနဲ့ လူငယ်က အဘိုးအိုကို ထပ်မေးလိုက်ပြန်တယ်။
အဘိုးအိုက..
နိုင်းနိုင်းစနေ
htpp://www.youthwant.com.tw
စိတ်ပျက်ဝမ်းနည်းစရာတွေ ယူဆောင်ပေးသလား?
ချစ်ခဲ့ဖူးတဲ့ အချစ်တွေ ချိုမြိန်ခဲ့သလား? ခါးသက်ခဲ့သလား?
အချစ်အတွက် တိကျတဲ့အဖြေ မရှိခဲ့ပါဘူး...
အချစ်ကို သိချင်နေတဲ့ လူငယ်တစ်ယောက်ဟာ အဖြေရှာဖို့ ထွက်လာခဲ့တယ်။ လမ်းမှာ အသဲကွဲနေတဲ့ မိန်းမငယ်တစ်ယောက်ကို တွေ့လို့ မေးတော့ "အချစ်က လူကို နာကျင်စေလွန်းတယ်။ အချစ်က ငါ့အနားကနေလည်း ထွက်သွားရော ငါ့ဝိညာဉ်တွေပါ ယူသွားခဲ့တယ်" လို့ ပြန်ဖြေခဲ့တယ်။
လူငယ်ဟာ ရှေ့ဆက်သွားပြီး တစ်နေရာမှာ ချစ်သူနှစ်ယောက်ကို တွေ့တော့ မေးပြန်တယ်။ ချစ်သူနှစ်ယောက်က မတိုင်ပင်ဘဲ " အချစ်က လူကို သိမ့်မွေ့နူးညံ့စေတယ်။ မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ ပေးတယ်။ အဲဒီစိတ်ကူးကို ကျွန်တော်တို့ အကောင်အထည် ဖော်ကြတော့မယ်" လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။
မတူညီတဲ့ အဖြေတွေ ကြားပြီးနောက် လူငယ်ဟာ လက်ရှိ ရှင်သန်နေတဲ့အချိန်၊ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေမှာ အရာရာကို အကောင်းမြင်သူတွေက ဘယ်အရာကိုမဆို ကြည်ကြည်နူးနူး ခံစားကြပြီး အရာရာကို အဆိုးမြင်သူတွေက ဘယ်အရာကိုမဆို ခါးသက်တယ်လို့ ခံစားနေကြရတယ်လို့ မှတ်ချက်ချလိုက်တယ်။ကိုယ်သိချင်တဲ့ အဖြေကို သိခဲ့ပြီလို့ ထင်ပြီး လူငယ်ဟာ နေအိမ်ကို လှည့်ပြန်ခဲ့တယ်။ လမ်းမှာ အဘိုးအိုတစ်ဦးနဲ့ တွေ့ပြန်တယ်။ ဒါနဲ့ လူငယ်က အဘိုးအိုကို ထပ်မေးလိုက်ပြန်တယ်။
အဘိုးအိုက..
"ပြီးဆုံးခဲ့တဲ့ အချစ်အတွက် ထိခိုက်မနေပါနဲ့၊
ရှိခဲ့ဖူးတဲ့ အချစ်အတွက် ပြုံးလိုက်ပါ" လို့ အချစ်ကို ဖွင့်ဆိုလိုက်တယ်။
ရှိခဲ့ဖူးတဲ့ အချစ်အတွက် ပြုံးလိုက်ပါ" လို့ အချစ်ကို ဖွင့်ဆိုလိုက်တယ်။
နိုင်းနိုင်းစနေ
htpp://www.youthwant.com.tw
The World's Ugliest Buligings
Monstrosities, eyesores, nightmares of architecture -- call them what you like, ugly buildings are sadly all around us.
အထက်က ဆိုထားတဲ့အတိုင်း ငွေကြေးအများအပြား အသုံးပြုပြီး ဆောက်လုပ်ခဲ့ကြတဲ့ ပုံပျက်ပန်းပျက် အဆောက်အဦးတွေ၊ ဆွဲဆောင်မှု မရှိတဲ့၊ မအောင်မြင်တဲ့ အဆောက်အဦး လက်ရာတစ်ချို့ကို Nov.7.2008 မှာ CNN က စစ်တမ်းကောက် ဖော်ပြခဲ့ပါတယ်။ ပါဝင်တဲ့ အဆောက်အဦးတွေက...
ဒီအဆောက်အဦးကို စတာလင်ပေါင် သန်း၁၂ဝ အကုန်အကျခံပြီး ဆောက်လုပ်ခဲ့ပါတယ်။ ဆောက်လုပ် ပြီးစီးတဲ့အချိန်မှာ ဒီအဆောက်အဦးကို အင်္ဂလန်ပြည်သူတွေ သဘောမကျကြသလို အစိုးရကလည်း မနှစ်သက်ခဲ့ပါဘူး။ ပိုဆိုးတာက အဆောက်အဦး နှစ်စဉ်ပြုပြင်ထိန်းသိမ်းခက တစ်နှစ်ထက် တစ်နှစ်တိုးလာ တာပါပဲ။
၂) Rock and Roll Hall of Fame in ClevelandCleveland က Rock and Roll Hall အဆောက်အဦးဖြစ်ပါတယ်။ အမေရိကန်တွေ ဒီဟောကို မနှစ်သက်ကြသလို အသုံးလည်း မပြုကြပါဘူး။ ကုန်ကျငွေက အမေရိကန်ဒေါ်လာ ၈၄သန်းထက်မက ကုန်ကျထားတယ်လို့ ဆိုပါတယ်။
၃) Ryugyong Hotel in North Korea၁၉၈၇ ခုနှစ်မှာ စဆောက်ခဲ့ပေမယ့် စီးပွါးရေး ကြပ်တည်းမှုကြောင့် ၁၉၉၂ ခုနှစ်မှာ ဆောက်လုပ်ခြင်းမှ ရပ်နားခံခဲ့ရတဲ့ အဆောက်အဦးဖြစ်ပါတယ်။ ကမ္ဘာ့အစုတ်ပြတ်ဆုံး အဆောက်အဦးဟောင်းအဖြစ် နာမည်ကျော်ကြားပါတယ်။ ကုန်ကျငွေက အမေရိကန်ဒေါ်လာ သန်း၇၅ဝ ဖြစ်ပါတယ်။
၎) Experience Music Museum in Seattleမိုက်ခရိုဆော့ တွဲဖက်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ Paul - Allen က ကွယ်လွန်သွားတဲ့ ရောခ့်အင်ရိုးအဆိုတော် တစ်ဦးအတွက် အထိမ်းအမှတ် ဆောက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် လာရောက်လည်ပတ်သူနဲ့ အမေရိကန်ပြည်သူတွေရဲ့ နှစ်သက်မှုကို မရခဲ့ပါဘူး။ ကုန်ကျငွေက အမေရိကန်ဒေါ်လာ သန်း ၁ဝဝဖြစ်ပါတယ်။

၅) Birmingham Bullring in England Birmingham
အင်္ဂလန်နိုင်ငံ ဘာမင်ဟန်မြို့မှာ တည်ထားတဲ့ ရှော့ပင်းမောလ် ဖြစ်ပါတယ်။ ၂ဝဝ၅ ခုနှစ် အောက်တိုဘာမှ စတင်ဖွင့်လှစ်ခဲ့ပြီး အဆောက်အဦး ၃လုံးနဲ့ ဆက်စပ် ဆောက်လုပ်ထားပါတယ်။ အဆောက်အဦးတွေကို မတူတဲ့လမ်းတွေနဲ့ ကားရပ်နားရာနေရာ ၃၁ဝဝနဲ့ ဆက်ထားပါတယ်။ ကုန်ကျငွေ စတာလင်ပေါင် သန်း ၁ဝဝဝ ကုန်ထားတဲ့ တကယ့်ငနွား နွားသိုးအဆောက်အဦးဖြစ်ပါတယ်။
ကျန်ရှိနေသေးတဲ့ အဆောက်အဦး (၅) ခုကို CNN ဆိုက်ထဲမှာ ဆက်ကြည့်နိုင်ပါတယ်။ အပေါ်ဆုံး ကိုယ်တိုင်ရိုက်ပုံက လွဲရင် ကျန်ပုံလေးပုံကို CNN ထဲက ယူထားပါတယ်။
နိုင်းနိုင်းစနေ
"မိုင်ဆွမ်ခ"
ဲ
"မိုင်ဆွမ်ခ" လို့ ပထမဦးဆုံး နှုတ်ဆက်လိုက်ပါတယ်။ တကယ်တော့ ဒီပို့စ်ကို ကျွန်မရေးချင်နေတာ တန်ဆောင်တိုင်ပွဲပြီးလို့ ဒီပွဲအတွက် ပွဲစင်တွေ ထပ်ပြန်ဆောက်တဲ့ အချိန်ကတည်းကပါ။ ဒီပွဲက ကျောင်းပိတ်ရက်နဲ့ မကြုံတော့ နေ့ခင်းဖက်တွေမှာ ဓာတ်ပုံတွေ သွားရိုက်ဖို့ အချိန်မရှိခဲ့ဘူး။ ညရိုက်တဲ့ ပုံတွေက ကင်မရာ အညံ့စားလေးကြောင့် မကြည်မလင်ဖြစ်နေပါတယ်။ အကောင်းဆုံးပုံတွေ ရွေးပြီး တင်လိုက်ပါတယ်။
ကွင်းတစ်ခုလုံး "မိုင်ဆွမ်ခ... မိုင်ဆွမ်ခ" ဆိုတဲ့အသံနဲ့အတူ ဖန်ခွက်ချင်းထိသံ၊ ပျော်ရွှင်ရယ်မောသံတွေအပြင် ....
ဲ
You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.