Showing posts with label တ - တီး. Show all posts
Showing posts with label တ - တီး. Show all posts

Thursday, October 9, 2008

[ကျွန်တော့်အိမ်] 1 New Entry: အပြစ်ရှိသူ၏ နိဂုံး

အပြစ်ရှိသူ၏ နိဂုံး

ထစ်ခနဲဆို
သင့်နာမည်ပဲကောက်ကောက်တနေရဲ့ …
ငါ့ အလွမ်းတွေကလည်း အငြိုးအတေးကြီးလွန်းတယ်….
ငါသင့်ကို လွမ်းတယ်ကွယ်…
အတိတ်က ရိုးသားမှုတွေအတွက် အားနာပါးနာဖြစ်ဖြစ်
ပျော်ရွှင်မှုဟောက်ပက်ဖြစ်သွားမှုအတွက် ကိုယ်ချင်းစာနာလို့ ဖြစ်ဖြစ်
သင် တစ်ဆိတ်လောက် ၀မ်းနည်းပေးစမ်းပါ….

ကမ်းလာတဲ့လက်တစ်ဖက်ကို
သင်မလိုချင်ရင် (စိတ်လိုလက်ရ) ငြင်းဆိုနိုင်ပါရဲ့ 
ဒါပေမယ့်
လူတစ်ယောက် သင့်ရှေ့ မှာထရပ်
သူ့ ရင်ဘတ်ကို ယုံယုံကြည်ကြည်လှပ်ပြရုံနဲ့ 
ပြင်းပြင်းထန်ထန် အရေးဆိုလို့ မသင့်ပါဘူးကွယ်…
သူ့ ဘ၀တစ်လျောက်လုံး အလွင့်လွင့် အကြွေကြွေ သိမ်ငယ်သွားလိမ့်မယ်….


သင်ကငါ့ကိုပူဆာမယ်
"မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့ "လို့ 
ငါကငါ့ကိုယ်ငါပူဆာမယ်
" ဘယ်အင်အားနဲ့  ခံစားမှုကို ထိမ်ဝှက်ရမှာလဲ"လို့ 
ဘုရားသခင်အတွက် မာရ်နတ်ဟာရှိခဲ့တယ်…
အလင်းရောင်အတွက် အမှောင်ထုဟာရှိခဲ့တယ်…
ချစ်ခြင်းတရားအတွက် အမုန်းတရားများစွာရရှိခဲ့ရတယ်…


သတိဆိုတာကို နှာသီးဖျားမှာ တိတ်နဲ့ ကပ်
ငါ့ရူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကိုက
ဒြပ်စင်တစ်ဆ ၊ သင့်အကြောင်း နှစ်ဆ
သင်လက်ညိုးတစ်ချောင်းကွေးလိုက်တာနဲ့ 
မိုးပျံပူပေါင်းလို ၀ုန်းကနဲ ပျောက်ကွယ်
ဒီလို သင့်အတွက် လှလှပပ ခန်းခန်းနားနား
သေဆုံးရတာကိုလည်း ငါသဘောကျတယ်….


ခင်မင်လျက်
အိမွန်တာ

မှတ်ချက်.. နားမလည်ဘူးပြောမည့်သူများဒုတ်ကောက်ထားပါ...:P

You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကျွန်တော့်အိမ်] 1 New Entry: Invitation to the Bay Area Community Event

Invitation to the Bay Area Community Event

Click Here to see the Large Image!

You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Wednesday, October 8, 2008

[ကျွန်တော့်အိမ်] 1 New Entry: ASK ME စားပွဲဝိုင်း (အမှတ် - ၂)

ASK ME စားပွဲဝိုင်း (အမှတ် - ၂)


အခု ASK ME စားပွဲဝိုင်း ရဲ့ အမှတ် (၂) မှာ မေးခွန်း ၄ခုရဲ့ အဖြေကို ဖော်ပြသွားပါမယ်။ မေးခွန်း အသစ်တွေ ဆက်မေးချင်တယ် ဆိုရင်တော့ ဒီနေရာ ကို သွားပြီး မေးမြန်းနိုင်ပါတယ်။


နိုင်ငံရေးဆိုင်ရာ မေးခွန်းများ

ခင်ခင် (ဂျပန်) ၏ မေးခွန်း
ကိုတီးတို့ဘလော့ကနိုင်ငံရေးဘက် မှာ အရမ်းကိုတက်ကြွ နားလည်တယ်ဆိုတော့၊ သမီးသိချင်တာတစ်ခုမေးပါရစေရှင့်။ သမီးတို့မြန်မာပြည်ကြီးဘယ်တော့လောက်များ ဒီမိုကရေစီဆိုဒါကြီးကိုရမလဲမသိဘူးနော်၊ အဲဒါလေးကို ကိုတီးတို့အဖွဲ့ အမြင်အရဖြေပေးပါလား။ သမီးမေးခွန်းကို မပယ်လိုက်ပါနဲ.နော်။
ခင်ခင် (ဂျပန်) ရဲ့ မေးခွန်းကို မပယ်ပါဘူး ကွယ် အတတ်နိုင်ဆုံးနဲ့ အနီးစပ်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဖြေနိုင်အောင်ဘဲ ကြိုးစားပါတယ်ရှင်... ကျမ တို့ ဘလောခ်က နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ် တစ်ချို့ပါဝင်တာ မှန်ပေမယ့် နိုင်ငံရေးဘက်မှာ နားလည်တဲ့ လူငယ်တွေတော့ မဟုတ်ကြပါဘူး သို့သော် နိုင်ငံ၏ အေ၇းကို စိတ်ဝင်စားသော လူငယ်များက တတ်နိုင်သမျှ မိမိထင်မြင်ယူဆချက်များကိုသာ အစွန်းမရောက်ဘဲ ရေးသားခဲ့တာ များပါတယ် အဲဒါကိုလည်း ခင်ခင် (ဂျပန်) တစ်ယောက် သတိထားမိကောင်းထားမိပါလိမ့်မယ်......
ခင်ခင်(ဂျပန်)ရဲ့ မေးခွန်းကတော့ မြန်မာပြည်ကြီး ဒီမိုကရေစီဘယ်တော့များမှ ရမလဲ ဆို တဲ့မေးခွန်းအတွက်လေးပါ...
ခင်ခင်(ဂျပန်)ရေ ကျမတို့ နိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီ မေးခွန်းကို အများပြည်သူများေ၇ှ့မှာ ဖြေကြားခဲ့ဖူးပါတယ် အဲတော့သူ့အဖြေလေးကို အတိုင်းဘဲ ကျမ ဝေမျှပါရစေ
မြန်မာနိုင်ငံကြီး ဒီမိုကရေစီဘယ်တော့ရမလဲ မမေးကြပါနဲ့ မြန်မာနိုင်ငံကြီးဒီမိုကရေစီရအောင် ကျမ တို့ တစ်တွေ ဘယ်လို ပူးပေါင်းပါဝင်ရမလဲ ဆိုတာ ကို စဉ်းစားကြပါ လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားတာကို ကျမ မှတ်သားခဲ့ဖူးပါတယ်...
မေသူပိုင်

Mr.curious ၏ မေးခွန်း
Who is going to win? Barack Obama or John McCain?

ကို curious ရဲ့ လာမည့် ၂၀၀၈ နိုဝင်ဘာမှာ လုပ်မယ့် အမေရိကန် ပြည်ထောင်စုရဲ့ သမ္နတရွေးကောက်ပွဲမှာ အိုဘားမား နိုင်မလား၊ မက်ကိန်း နိုင်မလား ဆိုတာကို ကျွန်တော့်အမြင်ပြောကြည့်ပါမယ်။ ဒါက ပြောရခက်တယ်ဗျ့။ အိုဘားမား (democratic) က လူတွေ သူ့ကို အမေရိကန်ကို ဒုက္ခဘေးမှ ကယ်တင်ပြီး တိုင်းပြည်ကို CHANGE (ပြောင်းလဲမှု) ဖန်တီးပေးနိုင်မယ် လို့ ယုံကြည်ထားခံရတဲ့သူ။ တစ်ဖက်က မက်ကိန်း (republican) က သူ့မှာ ဟိုးအရင် စစ်ပွဲထဲက တိုင်းပြည်အတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်ကာ လက်ရှိ အတွေ့အကြုံတွေ များစွာကို ပိုင်ဆိုင်ထားသူ။ အိုဘားမားက အတွေ့အကြုံ မက်ကိန်းလောက် မရှိဘူး။ ပြောရမယ်ဆို မက်ကိန်းက သူသာ ရွေးကောက်ခံရမယ်ဆိုရင် အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သမ္နတ ဖြစ်လာမယ်။ အသက်က ၇၂။ အိုဘားမားက အတွေ့အကြုံမရှိပေမယ့် သူ့ရဲ့ policy တွေကို လူတွေ ကြိုက်ကြတယ်။ အခုလက်ရှိ အမေရိကန်မှာ ဖြစ်ပျက်နေတဲ့ စီးပွားရေး ပြဿနာတွေ၊ အနောက်နိုင်ငံတွေနဲ့ယှဉ်ရင် နောက်ကောက်ကျကျန်တာတွေကို တစ်ဖန် ပြန်ပြီး ပြောင်းလဲ ပေးနိုင်မယ့်သူလို့ ယုံကြည်ထားကြတယ်။ လက်ရှိ အိုဘားမားက POLLS တွေမှာ မက်ကိန်းကို သိသိသာသာကြီး အားသာပြီး ရှေ့ကပြေးနေတယ်။ အခုနှစ် ၂၀၀၈ ဟာ democratic party အတွက် အားသာမှာပါ။ ဘာလို့လဲဆိုတော့ Bush Administration ရဲ့ လုပ်ရပ်ကြောင့် ယနေ့ အမေရိကန်ကြီး အများကြီး စုတ်ပြတ်နေတယ်ဟု ယုံကြည်ထားပြီး republican party ကို လူတွေ အမြင် နောက်နေကြတယ်။ ဒါဟာ အိုဘားမားအတွက် အကြီးမားဆုံး အားသာချက်တစ်ခုပဲပေါ့။ ပြီးတော့ သူတို့ရဲ့ Vice Presidents တွေ၊ VP နှစ်ဦးကို ယှဉ်မယ် ဆိုရင် အိုဘားမားရဲ့ VP ဖြစ်သူ Joe Bidden က မက်ကိန်းရဲ့ VP Sarah Palin ထက် အများကြီး ပိုပြီး အတွေ့အကြုံရှိပြီး အခြေအနေပို အများကြီးကောင်းပါတယ်။ Palin ရဲ့ အရည်အချင်းမဲ့လှသော အင်တာဗျူးဖြေပုံတွေကြောင့် မက်ကိန်းကို လူတွေက အပြစ်တင်နေကြပါတယ်။ အခုလို POLL တွေရဲ့ ရလာဒ်ကြောင့် တစ်ကြောင်း၊ လက်ရှိ စီးပွားရေး အခြေအနေကြောင့် တစ်ကြောင်း၊ VP တွေရဲ့ အရည်အချင်းကြေင့် တစ်ကြောင်း၊ BUSH ရဲ့ အသုံးမကျမှုကြောင့် တစ်ကြေင်း.. ကျွန်တောင့် အထင်မှာ အိုဘားမား နိုင်ပါလိမ့်မယ်။
Tea


နည်းပညာဆိုင်ရာ မေးခွန်းများ

Wai ၏ မေးခွန်း
ယူနီကုဒ်နဲ့ မြန်မာလိုရေးထားတဲ့ဘလော့တွေကို ဖောင့်အင်စတောလုပ်စရာမလိုဘဲဖတ်လို့ ရတဲ့ဆိုဒ်တွေရှိပါတယ်
အဲဒါဖောင့်အင်စတောလုပ်စရာမလိုဘဲဖတ်လို့ ရအောင် ဘယ်လိုလုပ်သလဲသိချင်ပါတယ်
ကိုဝေရေ ကျွန်တော့်ပြောချင်တာက EOT နဲ့ပတ်သက်နေတယ်လို့ ပြောချင်ပါတယ်။ EOT အကြောင်း မသိရင်တော့ http://mmbloggershelpdesk.blogspot.com/search/label/EOT ကိုသွားပြီး လေ့လာလိုက်ပါ။ EOT လုပ်ပြီး သွားရင် ဇော်ဂျီဖောင့်မရှိပဲနဲ့ မြင်ရပါတယ်။ ကျွန်တော့်ဘလောခ့်လဲ EOT အသစ်ပြန်လုပ်ရဦးမယ်။ အခုအထိ မလုပ်ရသေးပါ။ တစ်ချို့ EOT တွေက Internet Explorer နဲ့ ဖွင့်မှ မြင်ရတာရှိတယ်။ တစ်ချို့ EOT က ဘာနဲ့ ဖွင့်ဖွင့် အိုကေတယ်။ အဓိကအားဖြင့် လုပ်နည်း နှစ်မျိုးရှိတယ်လို့ သူငယ်ချင်းတစ်ယောက်ရဲ့ ပြောပြချက်အရ သိထားတယ်။ အဓိကကတော့ EOT ပါ။
Tea

ဖြိုး ၏ မေးခွန်း
iPhone ကို စင်ကာပူမှာ တရားဝင် မရခင်က ဆိုင်မှာ unlock လုပ်ခိုင်းခဲ့ပြီး ၀ယ်ခဲ့ပါတယ်။ တစ်ချိန်လုံး ပြန်ပြီး ဆိုင်မှာ unlock (hack) သွားလုပ်နေရပါတယ်။ အခု စင်ကာပူမှာ iPhone က တရားဝင် ရောင်းနေပြီဆိုတော့ အရင်က သုံးခဲ့တဲ့ ဖုံးတွေက အခု hack လုပ်စရာ လိုသေးလား မလိုဘူးလား ဆိုတာ သိပါရစေ။ အရင်တုန်းက ရော ဘာကြောင့် hack လုပ်ရတယ် ဆိုတာလဲ သိပါရစေ။
There are different purposes of hacking an iPhone. IPhones come in with powerful and complex locking system from preventing people from using service other than AT&T or other approved service providers. In most cases, people hack iPhone in order to use services provided by other people and it is called "unlocking". Another purpose of hacking an iPhone is to activate the phone for general use without forcing the user to go through the official steps. By hacking, you are also allowed to install unofficial software not provided by Apple or doing different things you normally can't. Even though legal unlocked iPhones are now available for use in Singapore, your iPhone is still
not legal because it was not 'unlocked officially'. I am not sure why you have to hack your iPhone again and again because normally you only have to unlock it once. You should be able to find instructions on how to unlock the iPhone online.
သိပ္ပံမောင်ပိန်


အားလုံးကို လေးစားလျှက်
www.myhome16.com


You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Tuesday, October 7, 2008

[ကျွန်တော့်အိမ်] 1 New Entry: ဖြစ်ပုံကဒီလို

ဖြစ်ပုံကဒီလို


မီးရထားတစ်စင်းပေါ်တွင် လူနှစ်ယောက် ဘေးချင်းယှဉ်ပြီး ထိုင်နေကြသည်။ ဘေးမှလူက ပြတင်းပေါက် ဘက်မှ လူအား မရဲတရဲမေးလိုက်သည်။

"အစ်ကိုကြီး၊ အစ်ကိုကြီးက စစ်ဗိုလ်လားဟင်"

အမေးခံရသူက မျက်မှောင်ကျုတ်လိုက်ပြီး ပြန်ဖြေသည်။
"မဟုတ်ပါဘူး"

"ဒါဆိုရင် အစ်ကိုကြီးက စစ်သားလား" ဟု ထိုသူက ဆက်မေးလေသည်။


"အစ်ကိုကြီး အမျိုးတွေထဲမှာရော စစ်ဗိုလ်တွေ၊ စစ်သားတွေ ရှိလားခင်ဗျာ"
"မရှိပါဘူး"

"ဟို အစ်ကိုကြီး မိတ်ဆွေ၊ သူငယ်ချင်းတွေထဲမှာရော စစ်ဗိုလ်၊ စစ်သားတွေ ရှိသလားခင်ဗျာ"
"မရှိပါဘူး။ ဒါနဲ့နေပါအုံး၊ ခင်ဗျားက ဘာဖြစ်လို့ ဒီလောက်မေးနေရတာလဲ"

"ဘာမှမဟုတ်ပါဘူး။ ကျွန်တော့်ခြေထောက်ပေါ်နင်းထားတဲ့ အစ်ကိုကြီး ခြေထောက်ကို ဖယ်ခိုင်းမလို့ပါ" :D

Source : mmcp

You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကျွန်တော့်အိမ်] 1 New Entry: အင်ဂျင်နီးယားရင်းအံ့ဖွယ် - A380 (အပိုင်း ၃)

အင်ဂျင်နီးယားရင်းအံ့ဖွယ် - A380 (အပိုင်း ၃)

ကျွှန်တော်အရင်တစ်ပတ်က post မတင်ဖြစ်တာ အရမ်း sorry တင်ပါတယ်။ ဒီမှာ ၇ာသီဥတု ပြောင်းလဲနေသည်နဲ့ အမျှ ရိုးရိုးတုတ်ကွေး ရောဂါများလည်း ကူးစက်လျှက်ရှိပါတယ်။ ကျွှန်တော်လည်း ရှာရှည်ပြီး မပေဖူးလွှာ လိုမျိုး တစ်ရက်လောက် ကဲကြည်မလားလို့ မိုးထဲမှာ
အပျော် လမ်းလျှောက်လိုက်တာ တစ်ပတ်လုံးလုံး ခေါင်းကိုက်လိုက်၊ နှာစီးလိုက်၊ ဟားချီလိုက်နဲ့ ငရဲ ဒုက္ခ ခံလိုက်ရတယ်။ ကျောင်း ပါမောက္ခ ကလည်း စေတနာရှိရှိနဲ့ စာမေးပွဲတွေစစ်လိုက်တာ ကျွှန်တော် မောင်ပိန် ငါးဖောင် ရိုးနီးပါး ဖြစ်သွားခဲ့တယ်။ ဒေါ်ပေဖူးလွှာ ကောင်းကျိုးလို့ မပြောရဘူး။



အင်ဂျင်နီးယားရင်းအံ့ဖွယ်- A380 (အပိုင်း- ၁)
အင်ဂျင်နီးယားရင်းအံ့ဖွယ်- A380 (အပိုင်း- ၂)

A380 နဲ့...Ok၊ A380 အကြောင်း ဆက်ပြောပါမယ်။ ဒီတစ်ပတ်တော့ ကျွှန်တော် A380 ဆောက်ပြီး၊ ဒီဇိုင်းပြီးတော့ လက်တွေ့လောကမှာ တစ်ကယ် အလုပ်လုပ်မလုပ် အရေးကြီးဆုံးဖြစ်သော Test phase အကြောင်း ပြောပြ သွားလိုပါတယ်။ A380 လိုမျိုး အဆမတန် မတရား ကြီးမားသော ကိုယ်ထည် (ပေဖူးနဲ့မတိမ်းမယိမ်း) ကို ကောင်းကင်ထဲ စိတ်ချချ ရောက်အောင်တင်ပို့ပေးဖို့ Test ပေါင်း မြောက်များစွာ လုပ်ဖို့တော့်လိုတယ်။ ဒီTest ထဲမှအရေးကြီးသော Test တချို့ကို ကျွှန်တော် ဒီတစ်ပတ် ရှင်းလင်း သွားလိုပါတယ်။


Blade-Off Test




ဒီ Test ကတော့ A380 အင်ဂျင်တွေ ၄င်း၏အတွင်းတွင်ရှိုသော Blade ပျက်စီးသွားပြီးအင်ဂျင်ထဲ ၀င်သောချိန်တွင် ပေါက်ကွဲမသွားဘဲ အတွင်းမှ ဖိအားအားလုံးကို အန္တရာယ် ကင်းစွာ ထိန်းချို့နိုင်မနိုင်စစ်ဆေးခြင်း ဖြစ်ပါတယ်။ လေယဉ်အင်ဂျင်ထဲတွင် လောင်စာအမြဲရှိနေတလို အကယ်၍ လေယဉ်ကောင်းကင်တွင်ပျံနေတုံး Blade ပြုတ်ထွက် သွားသည်သော် လည်းကောင်း၊ လေယဉ်အင်ဂျင်ထဲငှက်သို့မဟုတ် တစ်ခုခုဝင်သွား ပါက အင်ဂျင်အလွယ်တကူ ပေါက်ကွဲ သွားနိုင်ပါတယ်။ အကယ်၍အထက်ပါ အခြေအနေ နဲ့ကြုံခဲ့ချိန်တွင် A380 အင်ဂျင်သည် ခိုင်ခိုင်မာမာမရှိဘဲ ပျံသန်းနေတုံး ပေါက်ကွဲသွား ပါက ပေါက်ကွဲသွားသော အစိတ်အပိုင်းများသည် Cabin နဲ့အခြားအင်ဂျင်များပါထိခိုက်နိင်ပြီင်္း လေယဉ်ပျံတစ်ခုလုံးပျက်ကျသွားနိုင်ပါတယ်။ အကယ်၍ လေယဉ်အင်ဂျင်သည် လုံလောက်စွာ ခိုင်မာပါက ရှိတမျှပေါက်ကွဲမှုအားလုံးကို စုတ်ယူထားနိုင်မည့်အပြင် ပျက်စီးသွား သော အစိတ်အပိုင်း များ ကိုလည်း အပြင်သို့မလွင့်အောင်ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ဒီ Test ကိုလုပ်ဖို့ကတော့ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ဈေးလည်း မသက်သာ။ A380 ၏ဂျက်အင်ဂျင်ထဲတွင် Blade ၂၄ ခုရှိပြီး Blade တစ်ခုစီသည် ဒေါ်လာ ၄၊ ၅ သောင်းတန်ပြီး အင်ဂျင်တစ်လုံးလုံး သည်ရွှေ လေးတန်နဲ့ညီမျှတယ်လို့ပြောပါတယ်။ အခုတော့ဒီ Test မှာအင်ဂျင်နီယာတွေက safety အတွက် အင်ဂျင်တစ်ခုလုံးကို ဖျက်စီးရမည်ဖြစ်ပြီး ဒေါ်လာသိန်းပေါင်းရာချီကို မီးရှို့ လိုက်တလိုပါဘဲ။ Enjoy။

Minimum Velocity Test



ဒီ Test ကတော့ လေယဉ်ပျံတစ်ဆင်း၏ မြေပြင်မှ ခွာရန် အနည်းဆုံးလိုအပ်သော အရှိန်ကိုရှာခြင်း ဖြစ်ပါတယ်။ ယင်း အရှိန်ကိုရှာရန် အင်ဂျင်နီယာများသည် အရင်ဆုံး A380 ၏နောက်မှီးကို တတ်နိုင် တမျှမြေကြီးနဲ့ထိကပ်နေစေပါတယ်။ ဒါက attack angle ကို အကြီးမားဆုံးဖြစ်အောင်လုပ်ခြင်းဖြစ်ပြီး၊ ဒီ angle ကနေတစ်ဆင့် velocity ဘယ်လောက်တွင် လေယဉ်ပျံ ကောင်းကင်ပေါ် ရောက်တလဲဆိုတာကို ရှာခြင်း ဖြစ်ပါတယ်။ ထို angle တွင် စပျံသန်းသောအရှိန်သည် minimum velocity ဖြစ်ပြီး A380 Take off
ကိုလုံလုံခြုံခြုံလုပ်နိုင်ရေးအတွက် အလွန်အရေးပါသော Test ဖြစ်ပါတယ်။ Blade-off Test လောက်တောပိုက်ဆံမကုန်ပေမဲ့ video ထဲကပြထားတလို လေယဉ်နောက်ခြမ်း ကိုယ်ထည် အောက်တွင် Protection မခံထားပါက လေယဉ် နောက် ခြမ်းတစ်ခုလုံး ပျက်စီးသွားနိုင်ခြေရှိပါတယ်။ အဲ့ဒီလို ဖြစ်ခဲ့လျှင်တော့...ဒေါ်လာသန်း ၃၀ တန်လေယဉ်ကိုအစအဆုံးပြန်ပြင်ရမှာဖြစ်ပါတယ်။


Evacuation Test


A380 tests ထဲမှာအံ့သြစရာကောင်းတာတစ်ခုကတော့ evacuation test ပါဘဲ။ လူအယောက် ၈၅၃ ယောက်ဆံ့သောလေယဉ်ကြီးကို အရေးပေါ်ကိစ္စကြုံချိန်တွင် မိနစ်ပိုင်းအတွင်း ခရီးသည်အားလုံး လုံခြုံစွာ လေယဉ်အပြင်သို့ရောက်အောင် လုပ်ဆောင်ပေးနိုင်တာက အံ့သြစရာ ကောင်းပါတယ်။ ဒီ evacuation test ကတော့ ခရီးသည် လေယဉ်သမိုင်းမှာ စည်းအကြပ်ဆုံး test တစ်ခုဖြစ်ပါတယ်။ A380 တွင်းပိုင်းဟာ အလွန်ပင် ကြပ်တေ့ပြီး ခရီးသည် ၈၅၃ ယောက်ကိုတင်ထားမှာဖြစ်ပါတယ်။ ထို့ပြင် test တွင်ပါဝင်မဲ့ခရီးသည် အားလုံးသည် အမှောင်ထဲတွင် လမ်းရှာပြီး အပြင်သို့ထွက်ရမှာဖြစ်ပါတယ်။ ခရီးသည်များသည် လေယဉ်၏တံခါး များနှင့် ထွက်ပေါက် ဘယ်မှာ ရှိတလဲဆိုတာလဲ ကြိုတင်သိခွင့်မပေးထားပါဘူး။ ဒီ test ဟာနောက်ဆုံးတော့အောင်မြင်စွာပြီးဆုံးခဲ့တယ်။ လူအယောက် ၈၅၃ လုံးကို ၇၄ စကန့်အတွင်း(ကန့်သတ်ချိန်တစ်မိနစ်အတွင်း) ရှိသောတံခါး ၁၂ ခုအနက် ၆ခုဖြင့် အောင်မြင်စွာ evacuate လုပ်နိုင်ခဲ့တယ်။


Wing test

























A380 ၏တောင်ပံဟာ wing test မှာစမ်း တပ်ချိန်တွင် လိုအပ်သော ultimate load target မရောက်အနည်ငယ် အလိုမှာ ပျက်သွားခဲ့ပါတယ်။ ဒါပေမဲ့ Airbus ကတောသူတို့၏ လေယဉ်တောင် ကြံ့ခိုင်မှုကိုယုံကြည်မှုရှိတယ်လို့ပြောပါတယ်။ လေယဉ်ဆောက်သူတွေက တော့ limit load အထိရောက်အောင် အောင်မြင်စွာစမ်းတပ်ခဲ့တယ်။ Limit load ကတော့ပုံမှန်အချိန်တွင် လေယဉ်အတောင်ပံ တစ်ခုလက်တွေ့တွင် အများဆုံး ကြုံတွေ့နိင်ခြေရှိသော load ပမာဏကိုဆိုလိုပါတယ်။ limit load test အောင်မြင်စွာပြီးဆုံးတော့ နိင်ငံတကာကံ့သတ်ထားသော limit load ထက် ၁.၅ များသော တွန်းအားပမာဏဖြင့် ထပ်မံစမ်းကြည့်ခဲ့ပါတယ်။ ဒါပေမဲ့လေယဉ်ပျံအတောင်ပံဟာ limit load ၇ဲ့ အဆ ၁.၄၅ နှင့် ၁.၅ ကြားထဲမှာပျက်စီးခဲ့ပါတယ်။ ဒီ test မှာတော့လေယဉ်တောင်ကို ၇.၄ မီတာထိကွေးသွားသည် အထိ တွန်းအားပေးခဲ့ပါတယ်။


Weather and High Altitude tests



























ဒီ စမ်းတပ်မှုများကတော့ ရာသီဥတုနဲ့ မမြင့်ပေတွေ လေယဉ် နဲ့ အဓိက လေယဉ်အင်ဂျင်ပေါ်တက်ရောက်မှုဘယ်လိုရှိလဲဆိုတာ စမ်းတပ်ခြင်းဖြစ်ပါတယ်။ A380 ကို Abu Dhabi, United Arab Emirates စသည့် နေရာမှာ hot weather test လုပ်ခဲ့ ပြီး ပင်လယ်ရေမျက်ပြင်အထက် ၇၆၂၇ ပေအမြင် ရှိသော Ethiopia မှာတော့ high attitude test ကို လုပ်ဆောင်ခဲ့ပါတယ်။ ထို့ပြင် cold weather test ကို ကနေဒါနိုင်ငံမှာ စမ်းတပ်ခဲ့တယ်။ hot weather test မှာတော့အပူချိန် ၄၀ ဒီကရီထိမြင့်ခဲ့ပြီး ကနေဒါနိင်ငံရောက်တော့ သုညအောက် ရာသီဥတုတွင်စမ်းတပ်ခဲ့ပါတယ်။ ဒီ tests အားလုံးတွင် engineer များသည် လေယဉ်ပျံကို ၁၂ နာရီတိတိ ဆက်တိုက် run စေခဲ့ပြီး အဂျင်များကို အဆုံးထိဖွင့်ခြင်း၊ hydraulic system စစ်ခြင်းစသည့် စမ်းတပ်မှုများလုပ်ဆောင်ခဲ့တယ်။


Type certification

အထက်ပါ test များပြီးတော့အရေးကြီးဆုံး အဆင့်ကတော့ စံချိန်မီကြောင်း ထောက်ခံမှုရခြင်းပါဘဲ။ (ဒီလောက်လုပ်ပြီး မှ ပယ်ချခံရရင်တော့ Airbus ထိုက်ငိုရလိမ့်မယ်။) ဒီ type certification ကို ပြင်သစ်နိုင်ငံ Toulouse တွင်ကျင်းပခဲ့ပါတယ်။ ဒီ certificate ကို European Aviation Satety Agency(EASA) နဲ့ Federal Aviation Administration(FAA) အဖွဲ့အစီးနှစ်ခုပေါင်းပြီး ပေးခဲ့ပါတယ်။ အခုလက်ရှိတော့ A380 ကို ကုမ္ပဏီ ၁၁ ခုမှ အစီး ၁၆၅ စီးမှာယူထားပါတယ်။ A380 နောက်ဆုံးပြီးသွားချိန်တွင် project တစ်ခုလုံးအတွက် ဒေါ်လာ ၁၃.၃ ဘီလျီကုန်ကျခဲ့ပါတယ်။
အင်ဂျင်နီယာများကိုဂုဏ်ပြုလျက်။

You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Sunday, October 5, 2008

[ကျွန်တော့်အိမ်] 1 New Entry: နှလုံးသားပြဿနာအဖြေရှာ

နှလုံးသားပြဿနာအဖြေရှာ

ပြီးခဲ့တဲ့ September 28th ရက်နေ.ဟာ ကမ္ဘာ့ နှလုံးများနေ. ဖြစ်ပါတယ်။ အဲ့ဒီနေ.ကိုဂုဏ်ပြုပြီး ဒီpost ကိုတင်လိုက်ပါတယ်။

"အိမ်နားက အဖိုးကြီး တစ်ယောက် heart attack ရသွားတယ်" ၊ ရုပ်ရှင်ထဲက မင်းသမီးအမေ အောင့်တယ် ၊ အောင့်တယ် ဆိုပြီး ရင်ဘတ်ကို ဖိပြီး လဲကျသွားတယ်" စသဖြင့် ကျွန်တော်တို. ပတ်ဝန်းကျင်မှာ ဒီလို စကားတွေ ကြားနေရ တတ်ပါတယ်။ ဒါဟာ heart attack ဆိုတဲ့အလွန်ဆိုးရွားတဲ့ နှလုံး ရောဂါကြောင့်ပဲ ဖြစ်ပါတယ်။ ဆေးပညာ ခေါ်အဝေါ်နဲ. Myocardial Infarction (MI) လို.လည်း ခေါ်ပါတယ်။ လူတွေရဲ. နေထိုင်မှုပုံစံ (Life style) ပြောင်းလဲ လာတာနဲ. အမျှ ဒီလို ရောဂါတွေ နေ.စဉ်နဲ. အမျှ ပိုပိုပြီး ဖြစ်လာ ကြပါတယ်။ စက္ကန်. နဲ. မိနစ် နဲ. အမျှ ဒီရောဂါနဲ. လူတွေ သေဆုံး နေကြ ရပါတယ်။ ဒါကြောင့် ဒီရောဂါ အကြောင်း ၊ မဖြစ်အောင် နဲ. ကုသနည်းတဲ့ နည်းလမ်းတွေကို ဒီအပတ် ဖော်ပြပေး လိုက်ပါတယ်။




ဒီရောဂါ အကြောင်း အသေးစိတ် မပြောခင် နှလုံးရဲ. သွေးကြော ဖွဲ.စည်းပုံကို အရင်တင်ပြလိုပါတယ်။ နှလုံးဟာ လူတစ်ကိုယ်လုံးမှာ ရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အားလုံးဆီကို သွေးရောက်အောင် ပို.ဆောင်ပေးသလို သူကိုယ်တိုင်လည်း သွေးရဖို.လိုအပ်ပါတယ်။ ဒါကြောင့် နှလုံးဟာ ပုံမှန်အလုပ်လုပ်နိုင်ဖို. ဆိုရင် သူ.ကို အဓိကသွေး supply လုပ်နေတဲ့ သွေးကြောတွေဖြစ်တဲ့ Left Coronary Artery နဲ. Right Coronary Artery တို.ဆီကနေသွေး မပြတ်ရရှိဖို. လိုပါတယ်။ ဒီသွေးကြောတွေက ပုံမှာပြထားတဲ့အတိုင်း Aorta ဆိုတဲ့ သွေးလွှတ်ကြောမကြီး ဆီကနေ ထွက်လာကြပါတယ်။ ဒီ Left နဲ. Right Coronary သွေးလွှတ် ကြောတွေက နှလုံးကြွက်သားတွေရဲ. ဘယ်အခြမ်းနဲ. ညာဘက်အခြမ်းတို.ကို အသီးသီး သွေးတွေ ရောက်အောင် ပို.ဆောင်ကြပါတယ်။

Left Coronary Artery ကနေ Anterior Interventricular Artery နဲ. Circumflex Artery ဆိုပြီး ဖြာထွက်လာကြပြီး နှလုံးရဲ.အနောက်ဘက်ခြမ်းကို ကွေ.၀င်သွားပါတယ်။ ပုံမှာ တွေ.မြင်နိုင်ပါတယ်။

Right Coronary Artery ကနေ Marginal Artery (နှလုံးရဲ.ရှေ.ဘက်ခြမ်း အောက်ဘက်မှာ) နဲ. Posterior Interventricular Artery (နှလုံးနောက်ဘက်ခြမ်းမှာ) ဆိုပြီး ခွဲထွက် လာကြပါတယ်။

ရောဂါဖြစ်ပုံ


အခုဖော်ပြခဲ့တဲ့ coronary artery တွေကို တစ်ခုခုပိတ်ဆို.ခဲ့မယ်ဆိုရင် နှလုံးကြွက်သားတွေ ဆီကို သွေးရောက်တာကို ဟန်.တား နှောင့်နှေး စေပါတယ်။ အများအားဖြင့် ပိတ်ဆို.နိုင်တဲ့ အရာကတော့ atherosclerotic plaque လို.ခေါ်တဲ့ အဆီခဲ(lipid) ဥပမာ-cholesterol အခဲ ပဲဖြစ်ပါတယ်။ ဒီအခဲဟာ အစပိုင်းမှာ နှလုံးသွေးကြောရဲ. အတွင်းနံရံမှာ တွယ်ကပ်နေပါတယ်။ ဒါပေမယ့် မြဲမြဲတော့မတွယ်ကပ်နိုင်ပါဘူး။ တစ်ချိန်မှာတော့ သွေးစီးကြောင်းနဲ. အတူ ဒီအဆီခဲက ပြုတ်ထွက်ပြီး သွေးကြောရဲ. တစ်နေရာမှာ ဆို.ပါလေရော။ ဆို.သွားတော့ အဲဒီသွေးကြောက supply လုပ်တဲ့ သက်ဆိုင်ရာ နှလုံးကြွက်သား တွေဟာသွေးနဲ. အတူပါတဲ့ oxygen မရရှိတော့ပါဘူး။ ဒီလိုသွေးမရတော့ဘဲ မိနစ် ၂၀ ကနေ ၄၀ အထိကြာရင် နှလုံးကြွက်သားတွေ ဟာ သေသွားပါတယ်။ (ischemia လို.ခေါ်ပါတယ်)။ ဒီအခါ ရင်ဘတ်အောင့်တဲ့ ဝေဒနာခံစားရပါတယ်။ အဆီခဲပိတ်တတ်သလို သွေးခဲလည်း ပိတ်နိုင်ပါတယ်။

နှလုံးကြွက်သားဟာ သေပြီးရင် ပြန်မကောင်းလာတော့ ပါဘူး။ သေသွားတဲ့ နှလုံးကြွက်သားတွေ နေရာမှာ အမာရွတ်နေနဲ. Fibrous tissue တွေဝင်လာပြီး နေရာယူ ကြပါတယ်။(Fibrosis လို.ခေါ်ပါတယ်) (ကျွန်တော်တို. လက်မှာ ဒဏ်ရာရပြီး အနာကျက်တော့မယ် ဆိုရင် အနာဖေး မာမာလေးဖြစ်လာသလိုမျိုးပါ) နှလုံးဟာ စည်းချက်ကျကျ ပုံမှန်ခုန်နိုင်ဖို. အတွက် ဓာတ်အား (impulse) တွေဟာ Sino-Atrial node (SA node) (pacemaker) လို.ခေါ်တဲ့ နေရာကနေ အဓိကထုတ်လွှတ်ပါတယ်။ ပြီးမှ နှလုံးကြွက်သားအသီသီးကို ဓာတ်အားရောက်ပြီး နှလုံးက စည်းချက်ကျကျ ခုန်ရတာပါ။ ပုံပြထားပါတယ်။


ခုနကလို Fibrosis oင်သွားတဲ့နေရာ ကို ဓာတ်အားကဖြတ်မစီးနိုင်ပါဘူး။ ဒီအခါမှာ နှလုံးက ခုန်တဲ့နေရာခုန် မခုန်တဲ့နေရာမခုန် ဖြစ်လာတာကို arrhythmia လို.ခေါ်ပါတယ်။ ဒါဟာသေစေနိုင်ပါတယ်။ ventricular arrhythmia ဆိုတာကတော့ အဆိုးဆုံး arrhythmia ကို ဆိုလိုတာပါ။

ရောဂါလက္ခဏာများ

၁။ ရင်ဘတ်အောင့်ခြင်း (Chest pain) (Angina)

ရင်ဘတ်အောင့်တာ ကတော့ MI ရဲ. Common ဖြစ်တဲ့ ရှေ.ပြေး လက္ခဏာတစ်ခုပါ။ အောင့်လိုက် ပျောက်လိုက် ဖြစ်တတ်ပြီး ခံစားရတဲ့အချိန်မှာ လူနာတွေပြောတတ်တာက ရင်ထဲမှာ တင်းကျပ်ပြီးနေလို.မကောင်းဘူး၊ လေးတဲ့ ပစ္စည်းတစ်ခုခုနဲ. ရင်ဘတ်ကိုဖိထားသလိုပဲ၊ စသဖြင့် ပြောတတ်ကြပါတယ်။ ဒီရင်ဘတ်အောင့်တာက နှလုံးကြွက်သားဆီ သွေး(oxygen) မရောက်ဘဲ ကြွက်သားသေပြီးပုပ်သွားတဲ့အခါ (ischemia) မှာဖြစ်တတ်ပါတယ်။ အောင့်တဲ့အခါ Pain Radiation ရှိပါတယ်( နာတာကဘယ်ဘက် ရင်ဘတ်ကနေအစပြုပြီး ဘယ်ဘက် လက်မောင်းအတွင်းဘက် ၊ အောက်ဘက်မေးရိုး၊ လည်ပင်း နဲ. ၀မ်းဗိုက်ဘက်တွေကိုပါ ပျံ.နှံ.တတ်ပါတယ်) ။ပုံမှာပြထားပါတယ်။

၂။ အသက်ရှုရခက်ခဲခြင်း (Dyspnea)

၃။ ချွေးစေးများထွက်ခြင်း (Diaphoresis)

၎။ နွမ်းနယ်ခြင်း၊ ခေါင်းအနည်းငယ်ကိုက်ခြင်း

၅။ ပျို.အန်ခြင်း

၆။ ရင်တုန်ခြင်း

၇။ သတိလစ်ခြင်း နဲ.

၈။ ရုတ်တရက်သေဆုံးခြင်း တွေဖြစ်နိုင်ပါတယ်။


ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးခြင်း

ဒီရောဂါဖြစ်မဖြစ် ဘယ်လိုစမ်းသပ်စစ်ဆေးမလဲဆိုရင် --

၁။ ECG (Electrocardiogram) နဲ.စစ်ဆေးရင် ပေါ်နေတဲ့ လှိုင်းတွေကိုကြည့်ပြီး နှလုံးရဲ. ဘယ်အပိုင်း ကောင်းကောင်း အလုပ်လုပ် မလုပ်သိနိုင်တယ်။ သူက နှလုံးကြွက်သားတွေမှာ ဖြတ်သန်းစီးဆင်းနေတဲ့ လျှပ်စစ်လှိုင်းတွေကို ပုံဖော်ပေးတာဖြစ်တဲ့ အတွက် ဘယ်အပိုင်းက လျှပ်စစ်ရမရသိနိုင်တယ်။

၂။ Cardiac Markers တွေဖြစ်တဲ့ creatine kinase(CK) enzyme, Troponin I, Lactate Dehydrogenase နဲ. Aspartate transaminase စတဲ့ enzyme တွေ၊ ဓာတ်ပစ္စည်းတွေဟာ နှလုံးဒဏ်ရာရပြီဆိုတာနဲ. သွေးထဲမှာမြင့်တက်လာတဲ့အတွက် သွေးထဲမှာဒီပစ္စည်း အနည်းအများကိုလည်း စစ်ဆေးပြီးရောဂါရဲ. ခြေနေကို ခန်.မှန်းနိုင်ပါတယ်။

၃။ Coronary Angiogram ကတော့ ပေါင်မှာရှိတဲ. Femoral Artery ကနေ (radio-opaque dye)ဆိုတဲ့ X-ray မဖြတ်နိုင်တဲ့ dye ကို ထည့်သွင်း လိုက်ပြီး သွေးထဲကို dye တွေရောက်စေပါတယ်။ ပြီးတော့နှလုံးကို X-ray (Fluroscopy) တွေကို ရိုက်ယူတဲ့အခါမှာ ကျဉ်းနေတဲ့၊ ပိတ်နေတဲ့ နှလုံးသွေးကြောတွေ ရဲ.နေရာကို တွေ.နိုင်တာပေါ့။


ကုသမှု

အရေးပေါ်ကုသမှု

အရေးပေါ်ခြေနေ ဖြစ်တဲ့ လူနာ ရုတ်တရက်လဲကျသွာချိန်မှာ-

-ဘာလုပ်ရမှန်းမသိ စောင့်ဆိုင်းမနေဘဲ လူနာတင်ကားခေါ်သင့်ပါတယ်။ ဒါမှ နှလုံးကြွက်သားတွေကို ထိခိုက်မှု နည်းနိုင်သမျှနည်းမှာဖြစ်ပါတယ်။ တစ်ချို.က (Time is Muscle) လို.တောင်ပြောကြပါတယ်။

-လူနာတင်ကားမလာခင် လူနာကို သက်တောင့်သက်သာရှိမယ့် အနေအထားမှာထားပါ။

-သွေးခဲပျော်စေတဲ့ သတ္တိရှိတဲ့ Aspirin ကိုရှိရင် တိုက်ပါ။ တကယ်လို. ဆေးမမျိုနိုင်ရင် လျှာအောက်မှာ(sublingual) ဆေးကိုထည့်နိုင်ပါတယ်။

-ရင်ဘတ်အောင့် တဲ့အခါပေးလေ့ရှိတဲ့ GTN လို.ခေါ်တဲ့ Glyceryl Trinitrate ကိုပေးနိုင်ပါတယ်။ ဒီဆေးကတော့ လျှာအောက်မှာငုံတဲ့နှလုံးဆေး လို.လူသိများနေတဲ့ဆေးပဲဖြစ်ပါတယ်။

-လူနာရဲ. သွေးခုန်နှုန်း၊ အသက်ရှုမှန်မမှန်၊ သွေးပေါင်ချိန် နဲ. သတိရှိမရှိဆိုတာကိုလည်း ဖြစ်နိုင်ရင် တိုင်းတာပြီး စောင့်ကြည့်သင့်ပါတယ်။

-ဒီလိုကြည့်နေရင်းကမှ နှလုံးမခုန်တော့ရင်၊ ဒါမှမဟုတ် အသက်ရှုရပ်သွားရင် CRP (Cardiopulmonary Resuscitation) လုပ်ပေးရပါမယ်။ လက်နှစ်ဘက်နဲ. လူနာရဲ.နှလုံးပေါ်ကိုတင်ပြီး ဖိပြီး လူနာရဲ. ပါးစပ်ထဲကို ကိုယ့်ပါးစပ်နဲ. တေ့ပြီး လေမှုတ်သွင်းတာကို ဆိုလိုတာပါ။ ဒီနည်းနဲ. လူနာတင်ကားမလာမချင်း၊ သတိမရမချင်း တတ်နိုင်သလောက် လုပ်ပေးရပါမယ်။

-လူနာတင်ကား လာလို. ကားမှာ defibrillator (နှလုံးနှိုးစက်)ပါတယ်ဆို ရင်အဲဒါနဲ. နှလုံးကို နှိုးမှာပါ။

ပုံမှန်ကုသမှု

သွေးခဲဖြစ်တာမဖြစ်စေတဲ့ Aspirin, Glyceryl Trinitrate, Heparin စတဲ့ဆေးတွေကတော့ First Line Drugs တွေလို.ပြောရမှာပဲဖြစ်ပါတယ်။ ဒီဆေးတွေကြောင့် သွေးကြောတွေထဲမှာသွေခဲဖြစ်နှုန်း နည်းစေမှာပါ။ ဒါမှပိတ်ဆို.တဲ့နှုန်းလည်း နည်းစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေ သောက်ရင် သွေးခဲတာကို မဖြစ်စေတော့တဲ့အတွက် ဥပမာ သွားနှုတ်မယ်ဆိုရင်ဒီဆေးတွေ ကိုမသောက်ထားရပါဘူး။ သောက်ထားရင် သွေးတိတ်မှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီဆေးတွေ သောက်နေရင် သတိထားရပါမယ်။

Percutaneous coronary intervention (PCI) ဆိုတဲ့ နည်းပညာကိုလည်း သုံးလာကြပါပြီ။ ဒါကတော့ coronary angiogram ရိုက်ပြီး သွေးကြောကျဉ်း(သို.) ပိတ်နေတဲ့ နေရာကိုတွေ.အောင်ရှာပြီး သွေးကြောချဲ.ပါတယ်(angioplasty).

နောက်တစ်နည်းကတော့ အကြီးစားခွဲစိတ်မှုတစ်ခုဖြစ်တဲ့ CABG (Coronary Artery Bypass Graft Surgery) ပါပဲ။ ခြေသလုံးက Great Saphenous Vein ကိုဖြတ်ယူပြီး ပိတ်နေတဲ့ Coronary Artery နေရာကိုကျော်ပြီး နှလုံးကြွက်သားတွေ သွေးပုံမှန်ရရှိအောင် လုပ်တာပါ။ ဒီ ခွဲစိတ်မှုကြောင့် အသက်ချမ်းသာရာရ သွားတဲ့လူတွေမနည်းပါဘူး။ ဒါပေမယ့် ကုန်ကျစရိတ်တော့ မြင့်မားပါတယ်။ သာမန် လက်လုပ်လက်စားဆိုရင် ဒီခွဲစိတ် စရိတ်ကိုတတ်နိုင်မှာ မဟုတ်ပါဘူး။

နောက်ဆက်တွဲ ဆိုးကျိုးများ

၁။ Congestive Heart Failure -နှလုံးကောင်းမွန်စွာ အလုပ်မလုပ်နိုင်တော့ခြင်း– MI ကြောင့် နှလုံးရဲ. Pump action ပျက်တာကိုပြောတာပါ။

၂။ Myocardial Rupture- သေသွားတဲ့ နှလုံးကြွက်သားတွေပေါက်ထွက်ကုန်ခြင်း

၃။ Arrhythmia- နှလုံးခုန်နှုန်းမမှန်တော့ဘဲ ခုန်ချင်သလိုခုန်တာကိုပြောတာပါ။

၎။ Pericarditis - နှလုံးကိုအုပ်ထာတဲ့ အိတ်ရောင်ယမ်းခြင်း

၅။ Cardiogenic shock- နှလုံးကောင်းကောင်း အလုပ်မလုပ်တဲ့အတွက် အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးလုံလောက်အောင် ညှစ်ပြီး မပို.ဆောင်ပေးနိုင်တဲ့ အတွက် နောက်ဆုံးမှာ သွေးပေါင်တွေအရမ်းကျဆင်းပြီး အသက်ဆုံးရှုံးတဲ့ အထိဖြစ်စေပါတယ်။

ရောဂါမဖြစ်စေဖို.

MI တစ်ခါရပြီးတဲ့ လူတွေဟာ နောက်ထပ် ထပ်မဖြစ်စေဖို. ဆေးတွေကို ရေရှည်စွဲပြီး သောက်ရပါတယ်။ ဒီလိုမှမသောက်ရင် နောက်ထပ် တစ်ခါ MI ဖြစ်ရင်ဖြစ်၊ ဖြစ်လို.ပြန်ကောင်းရင်လည်း၊ ဦးနှောက်သွေးကြောပြတ် တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။

ဒီရောဂါဟာ ယောက်ျားတွေမှာ ပိုဖြစ်တဲ့ အတွက် ရောဂါမဖြစ်ဖို. အတွက် ဆေးလိပ်၊ အရက်ရှောင်ပါ၊ မသောက်တာအကောင်းဆုံးပါ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အဆီများတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်သင့်ပါတယ်။ စိတ်သက်သာ ပေါ့ပါးအောင်အမြဲ နေသင့်ပါတယ်။ ဒီလိုကောင်းမွန်မှန်ကန်တဲ့ life style အတိုင်းနေထိုင်မယ်ဆိုရင်

အခုပြောခဲ့လို ပြင်းပြင်းထန်ထန် ခံစားရမယ့် Myocardial Infarction ဆိုတာလည်း ဖြစ်ဖို. ရာနှုန်းနည်းသွားမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်တော့ ဒီမျှနဲ. ကျေနပ်မယ်လို.မျှော်လင့်ပါတယ်။

ဒေါက်တာရမ်းကု

Source: http://en.wikipedia.org/wiki/Myocardial_infarction

You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကျွန်တော့်အိမ်] 1 New Entry: ငါနဲ့ လာနေလှည့် ၊ ငါ့ချစ်သူဖြစ်လှည့်

ငါနဲ့ လာနေလှည့် ၊ ငါ့ချစ်သူဖြစ်လှည့်


Come live with me and be my love
And we will all the pleasures prove
That valleys, groves, hills and fields
Woods, or steepy mountain yields.

And we will sit upon the rocks,
Seeing the shepherds feed their flocks,
By shallow rivers to whose falls
Melodious birds sing madrigals.

And I will make the beds of roses
And a thousand fragrant posies,
A cap of flowers, and a kirtle
Embroidered all with leaves of myrtle.

A belt of straw and ivy buds,
With coral clasps and amber studs:
And if these pleasures may the move
Come live with me and be my love.

The shepherds' swains shall dance and sing
For thy delight each May morning:
If these delights thy mind may move,
Then live with me and be my love.

xxxxxxxxxxxxxxxxxxx


ငါနဲ့ လာနေလှည့် ၊ ငါ့ချစ်သူဖြစ်လှည့်


ငါနဲ့ လာနေလှည့် ၊ ငါ့ချစ်သူဖြစ်လှည့်
ငါတို့ သက်သေပြကြမယ် ၊တောင်ကြားတွေ ၊ တောင်တန်းတွေ
တောင်ကုန်းတွေ ၊ လယ်ကွင်းတွေ ၊ ၀ါ ၊ မက်စောက်တောင်တွေက
ပျော်ရွှင်မှုတွေပေးတယ်ဆိုတာ၊၊

ငါတို့ ကျောက်ဆောင်တွေပေါ်ထိုင်ကြမယ်၊၊
သိုးထိန်းတွေက သိုးအုပ်တွေကို အစာကျွေးတာကို ကြည့်ရင်းပေါ့၊၊
ရေတိမ်တိမ် မြစ်နံဘေးမှာ ရေတံခွန်ကျသံနဲ့ အတူ
သာယာနာပျော်ဖွယ် အသံရှိတဲ့ငှက်တွေက ချစ်စာတိုလေးတွေ သီကျူး၊၊

ငါမင်းကိုအိပ်ရာလုပ်ပေးမယ်၊၊
ပြီးတော့သင်းပျံ့ တဲ့ ပန်းစည်းတစ်ထောင်လုပ်ပေးမယ်၊၊
ပန်းဦးထုပ်နဲ့ 
မာတဲ့အရွက်တွေနဲ့  ဆင်ယင်ထားတဲ့ ဂါဝန် မင့်အတွက် လုပ်ပေးမယ်၊၊

ငါတို့ သိုးကလေးတွေဆီကရတဲ့
အကောင်းဆုံး သိုးမွေးနဲ့ ဝတ်ရုံလုပ်ပေးမယ်၊၊
အသန့် စင်ဆုံးရွှေနဲ့ လုပ်ထားတဲ့ ခါးပတ်ခေါင်းနဲ့ 
ကောင်းစွာရေးဆွဲထားတဲ့ခြေညှပ်ဖိနပ် လုပ်ပေးမယ်၊၊

ပယင်းနဲ့ 
ကောက်ရိုးနဲ့ တိုက်ကပ် နွယ်ဖူးနဲ့ လုပ်ထားတဲ့ခါးပတ်လုပ်ပေးမယ်၊၊
အဲဒီပျော်မွေ့ ဖွယ်တွေက မင့်စိတ်ကိုလှုပ်ရှားစေရင်
ငါနဲ့ လာနေလှည့် ၊ ငါ့ချစ်သူဖြစ်လှည့် ၊၊

မေလမနက်ခင်းတိုင်းမှာ မင်းနှစ်သက်ဖို့ အတွက်
သိုးထိန်းတွေရဲ့  ကျေးတောသားတွေဟာ သီဆိုကပြကြလိမ့်မယ်၊၊
ဒီနှစ်သက် ပျော်မွေ့ ဖွယ်ရာတွေက မင့်စိတ်ကိုလှုပ်ရှားစေရင်
ငါနဲ့ လာနေလှည့် ၊ ငါ့ချစ်သူဖြစ်လှည့် ၊၊


မှတ်ချက် ၊၊ ၊၊ ၂၀၀၈ နှစ်လပိုင်းလောက်တုန်းက
ကြိုက်မိလို့ စာအုပ်ထဲကူးယူထားတဲ့ကဗျာလေးပါ…အဲဒီတုန်းက
အတော်သဘောကျလို့ ကူးထားတာ၊၊ ခုတော့လည်း သိပ်စိတ်ကူးမယဉ်တော့ပါဘူးလေ (အသက်တွေကမှ မငယ်တော့တာ :P :) :D)

ခင်မင်လျက်
အိမွန်တာ

You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.