Sunday, October 12, 2008

[MY REMEMBRANCE] 1 New Entry: ကျတော်၏ ဗရုတ်သုတ်ခ

ကျတော်၏ ဗရုတ်သုတ်ခ

မမ၀ါ တက်ထားတဲ့ "ဗရုတ်သုတ်ခနေ့" ။ဘယ်နေများ ဖြစ်မလဲ။ စလုံး လို ပုံမှန် လည်ပတ်နေတဲ့ နေ့တွေထဲမှာ ဘယ်နေ့ကများ ကျတော် ဗရုတ်သုတ်ခ ဖြစ်နေခဲ့လဲ။

အင်း အဲဒီနေ့ဗျ။ တောသားလေး စလုံးကို ရောက်တော့ မျက်စိသူငယ် နားသူငယ်နဲ့ ပေါ့ဗျာ။ ရောက်တာက စနေနေ့ .. ဒါနဲ့ ရောက်တဲ့နေကတည်းက အလုပ်တွေတင်.. ပထမဆုံး အင်တာဗျူက ရောက်ပြီး လေးရက်မြောက်နေ့ ဗုဒ္ဓဟူးနေ့မှာ စရတယ်။ အဲဒီမှာ စတွေ့တော့တာပဲ။ အင်တာဗျူးလာဖို့ ဖုန်းလာတာက အင်္ဂါနေ့ ညနေ။ ဖုန်းလာတော့ ရင်ကလဲတုန်။ စလုံးတရုတ်မရဲ့ အင်္ဂလိပ်ကို ကိုယ်ကနားမလည်။ ဒုက္ခကို ရောက်ရော။ ဒါနဲ့ တက်သမျှ မှတ်သမျှ အင်္ဂလိပ်လေးနဲ့ နာ့ကို မင်းတို့လိပ်စာ email ပို့ပေးလို့ပြောလိုက်ရတယ်။


ဗုဒ္ဓဟူးနေ့ နံနက်ရောက်တော့ ပုလုကွေးတစ်ယောက် အင်တာဗျူးသွားပါတော့မယ်။ ရှိုးနဲ့ စမိုးနဲ့ စတိုင်အပြည်နဲ့ပေါ့ဗျာ။ သွားတုန်းကတော့ အကောင်းဗျ။ ပထမရေးဖြေ ဖြေရတယ်။ တော်တော်တော့ ဖြေနိုင်တယ်။


နောက်တစ်ပိုင်း လက်တွေ့ကို နေ့လည်ထမင်းစားပြီး ဖြေရမှာ။ ဆိုင်မှာ ထမင်းသွားစားပြီးအပြန် ဒုက္ခရောက်တော့တာပဲ။ စီးလာတဲ့ ဖိနပ်အကောင်းစား တရုတ်လုပ်က ပြသာနာရှာပါတော့တယ်။ ပထမဆုံး ခွာကကွာလာတယ်ဗျာ။ ခွာကွာတာလောက်တော့ ပြသာာနာရှိဘူးပေါ့။ မှေးပြီးစီးသွားမယ်။ လမ်းတစ်ဝက်လောက် အရောက်မှာ ဖိနပ်ထဲက သံပြားက ဂလုပ်ဆိုထွက်ကျလာပါရော။ သံပြားနဲ့ လမ်းထိပြီးထွက်လာတဲ့ အသံနဲနဲကျယ်တော့ အတူပါလာတဲ ဖားတစ်ကောင်က ဘာဖြစ်တာလဲ ဆိုပြီးနောက်လှည်ကြည့်။ ကိုယ့်မှာ ရှက်ရှက်နဲ့ ဘာမှဖြစ်ဘူးပေါ့ ရှက်လိုက်တာကတော့ ပြောမနေနဲ့။


ရုံးထဲအ၀င်မှာ ပြသာနာကထက် ဖြစ်တော့တာပဲ။ ဂျပန်ကုပ္မဏီဆိုတော့ ရုံးအ၀င်ကို အားလုံးဖိနပ်ချွတ်ကတယ်။ ဖိနပ်ချွတ်တော့ ကိုယ့်ဖိနပ် အစုတ်လေးက သိသာနေတယ်။ ဟိဟိ။ ဒါနဲ့ ဂျောင်လေးထဲမှာ ဖိနပ်ချွတ်ပြီး နောက်တစ်ပိုင်း လက်တွေ့ကို ဖြေရတယ်။ ဖြေရတာက လွယ်လွယ်လေးကို ဖိနပ်ပြသာနာတက်ပြီး ဗရုတ်သုတ်ခဖြစ်တာနဲ့ အားလုံးအလွဲလွဲ အချော်ချော်ပေါ့။ အင်တာဗျူး အပြန်လမ်းမှာ ဖိနပ်လေးကို ထော့နဲ့ထောနဲ့ နဲတရွတ်တိုက် စီးလာပြီး အိမ်ပြန်လာခဲ့တယ်။


အိမ်ပြန် ကားပေါ်မှာကလည်း ကိုယ့်ဖိနပ်က စုတ်နေပါတယ်။ အင်းတာဗျူးက ကောင်းကောင်းမဖြေနိုင်တာတွေ ပေါင်းပြီး ဆင်းရမဲ့မှတ်တိုင် တစ်ခုကျော်သွားပါလေရော။ အဲဒါလဲဒွတ်ခ။ ဖိနပ်မကောင်းပါဘူးဆို လမ်းထပ်လျှောက်ရတောမယ်။ ဖိနပ်အစုတ်လေးနဲ့ လမ်းကိုမှေးလျှောက်လာတယ်။ လမ်းဖြတ်အကူး လမ်းတစ်ဝက် လဲရောက်ရော . ဖိနပ်ခွာ တစ်ခုလုံးက ကွာသွားပါလေရော။ ကားလမ်းအကူး လမ်းအလည်တဲ့တဲ့မှာ ကိုယ့်ဖိနပ်ခွာ လေးက ထီးထီး ကျန်ခဲ့တယ်။ စလုံးလို အမှိုက်နဲတဲ့ နိုင်ငံမှာ ကိုယ်ဖိနပ်ခွာလေး(အောက်ခံ ဆိုးလ်ပြားတစ်ခုလုံး)က လမ်းလည်မှာ ထင်ထင်ရှားရှားလေးပေါ့။ ဟီးဟီး ရှက်လိုက်တာ။ လူတွေက ကွက်ကြည့်ကွက်ကြည့် ကြည့်သွားကြတယ်ဗျာ။


အိမ်လဲ ပြန်ရောက်ရော ဒီလောက် ဒုက္ခပေးတဲ့ ဖိနပ် အမှိုက်ပုံးထဲကို ၀ဲပစ်လိုက်တော့တယ်။

စိတ်ကလဲ ညစ်ညစ် . ရှက်လဲရှက်ရှက်နဲ့ အရမ်းကို ဗရုတ်သုတ်ခ ဖြစ်ခဲ့တဲ့ နေ့လေး တစ်ခုပါပဲဗျာ။ အခုချိန် ပြန်တွေကြည့်တော့ ရီစရာပေမဲ့ တော်တော်ကို ဗရုတ်ဗယတ် နေ့လေးတစ်ခုပေါ့။


-------------------------------------------------------------------------------------------------
အဟင်း....အဟင်း.. ပုလုကွေးတစ်ယောက် လည်ချောင်း၇ှင်းနေကာ တစ်ခုခုပြောပါတောမည်။ ကျတော် မောင်ပုလုကွေး ဆက်လက်ပြီး tag ချင်တာက တော့ သယ်ရင်း ဘိုဘို(EOM). မမလေးသွန်းသွန်း. မမလေး မဗေဒါ. မမလေး မိဂုမိ တို့ကိုပါပဲ။ ရေးပေးကြပါ ကုန်.. ကိုကို မမတို့ရေ...

You received this email because you are subscribed to the real_time feed for http://kookgyi.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်သူ့ ပုံရိပ်] 1 New Entry: ပြောင်းလဲမှုအက်ကြောင်းများ

ပြောင်းလဲမှုအက်ကြောင်းများ

ဆယ်ပေပတ်လည်အခန်းကျဉ်းလေးထဲမှာ
နှစ်ထပ်ကုတင်နှစ်လုံးနဲ့
လူလေးယောက်နေကြတယ် ....
ကိုယ့်အခန်းနဲ့ကိုယ် မနေဖူးတဲ့ငါ့အတွက်
မွန်းကြပ်တယ်လို့ မငြီးမိပေမဲ့
(ဘာလို့လဲ မသိဘူး)
အမေ့အိမ်ကိုပဲ ငါပြန်ချင်တယ်
အဲ့ဒီမှာ ငါ့အရိပ်ကိုရှာတွေ့တယ် .....

ငါးမိနစ်တစ်စီးလာတဲ့ရထားကို
နည်းနည်းလောက်ကပ်လွဲရင်
လူတွေ အလိုမကျဖြစ်နေကြတယ်
ရန်ကုန်က ဘတ်စကားတွေအကြောင်းတွေးမိတော့
ယောင်ယောင်လေးပြုံးမိခဲ့ပေမဲ့
သူတို့ထဲက ကိုယ်တစ်ယောက်
ရထားတွေနောက်ပြေးပြေးလိုက်တတ်လာတယ် ..

လပြည့်ညတွေရောက်တိုင်း
အေးမြမှုနဲ့ လရောင်ရဲ့ အလှအပ
ငါတို့အပြည့်အ၀ခံစားကြရတယ် ..
မီးခလုတ်ပိတ်ပစ်လိုက်မှသာ
အမှောင်ကျသွားမဲ့ ဒီမှာတော့
ငါ့ရင်ထဲက လတစ်စင်းကိုမြင်ရဖို့
ခဏခဏ Download လုပ်နေရတယ် .....

တရံသောအခါက
'လူကြီးမင်းခေါ်ဆိုသော ...' တို့
'ဆက်သွယ်မှုဧရိယာပြင်ပ...' တို့
ဖြေချင်ရာဖြေတတ်တဲ့ ဖုံးသံတွေကို ငါမုန်းတတ်တယ် ...
Power Off လုပ်လိုက်မှသာ
ဆက်သွယ်မှုပြတ်တောက်မဲ့နည်းနဲ့တော့
ငါရှောင်ရမှာကြောက်တာနဲ့
Silence တွေ မသိမသာလုပ်ရင်း
ငါ ကိုယ်တိုင် တိတ်ဆိတ်ငြိမ်သက်လာတယ် ....

by....DecemberCinderella

(အရင် blog အဟောင်းမှာ Transformation ဆိုတဲ့ ခေါင်းစဉ်နဲ့တင်ပြီးသား post ပါ ...ဖတ်ဖူးပြီးသားဖြစ်နေမှာစိုးလို့)

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Royal-Myanmar.com] 1 New Entry: Mister Royal-Myanmar photogenic

Mister Royal-Myanmar photogenic

အပျော်တမ်း အမျိုးသား ဓါတ်ပုံ ပြိုင်ပွဲလေးပါခင်ဗျာ။ ပါဝင်ယှဉ် ပြိုင်ကျသော ညီအစ်ကိုများ ကို ကျေးဇူး အထူးတင်ရှိပါတယ်။ သင်တို.အနေဖြင့် မိမိသဘောကျသော ဓါတ်ပုံ ရှင်အား မှန်မှန်ကန်ကန် မဲပေးကျပါခင်ဗျာ။ ပြိုင်ပွဲဝင်သူများ အား စိတ်အနှောက်အယှတ် ဖြစ်စေသော comment များ၊ ပုပ်ခတ် ပြောဆိုချင်းများ မပြုလုပ်ကျ ပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။ ရွှေ မြန်မာ ညီအစ်ကို အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကျမယ်လို.မျှော်လင်.ပါတယ်။ ခေါက်ထားတဲ. ဓါတ်ပုံလေး တွေကို ဖြန်.ကြည်.ကျပါ ခင်ဗျာ။




(click on image to enlarge)

ကိုဇင်လင်း (ထိုင်း)


ကိုဇော်ဇော်အောင် (စင်ကာပူ)


ကိုအောင်ကို (ရန်ကုန်)


ကိုဖြိုး (စင်ကာပူ)


ကိုဝဏ္ဏသိင်္ခ (မန္တလေး)


ကိုနိုင်းနိုင်း (ရန်ကုန်)


ကိုမိုးလုံး (ရန်ကုန်)


ကိုစောကိုကို (ရန်ကုန်)


ကိုရဲလင်း (စင်ကာပူ)





မှတ်ချက် - ယခုအကြိမ်တွင် မပါဝင်လိုက်ရသော ညီအစ်ကို၊မောင်နှမ များ နောက်အကြိမ်များတွင် ပါဝင်နိုင်ပါတယ်ခင်ဗျာ။ အပျော်တမ်း ဓါတ်ပုံ ပြိုင်ပွဲဝင်ရန် မိမိဓါတ်ပုံကို www.photofunia.com (သို.) www.magmypic.com တွင် စိတ်ကြိုက်ပြုလုပ်၍ အမည်၊ နိုင်ငံ နှင်. တကွ webmaster@royal-myanmar.com ကို ပို.ပေးလိုက်ပါ။ ရှင်းရှင်း လင်းလင်း မမြင်ရသော ပုံများ ထည်.သွင်းစဥ်းစားမည် မဟုတ်ပါ။

စိုင်းထွန်း

You received this email because you are subscribed to the real_time feed for http://www.royal-myanmar.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[: : : Nay Lynn ~ နေလင်းဘလော့ဂ် မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ။ : : :] 1 New Entry: ဖြစ်သလိုလေးပဲ စားလိုက်ပါတယ် ...

ဖြစ်သလိုလေးပဲ စားလိုက်ပါတယ် ...

မင်္ဂလာပါ။ ခင်မင်ရပါတဲ့ မမဝါ က ဒီနေ့မနက် စီဘောက်စ်မှာ ထပ်ပြီး Remind လုပ်တာကြောင့် အိမ်ထဲမှာ ပုန်းနေလို့ မရတော့ပါဘူး။ ဟီးဟီး ... ။ မမဝါ လာပြီး တက်ဂ်တာက ၆ ရက်နေ့ ညကပါ။ Eyesight မကောင်းချင်ယောင် ဆောင်နေတာ။ မြင်ဘူး မြင်ဘူး။ မြင်ဘူးဆိုမြင်ဘူးပဲ.... ဟီး..
မြန်မာစာ ကို စီကာပတ်ကုံး ကောင်းကောင်းမရေးတတ်လို့ ဟိုရှောင်ဒီရှောင်လုပ်နေတာ။ ဟင့်ဟင့်... သားသားကို...။
မမဝါက မောင်လေးခန့်ခန့်ချောချောလေး (၁၀) ယောက်ကို လက်ရွေးစင်ရွေးပြီး တစ်ပြိုင်ထဲ တက်ဂ်ထားတာဆိုတော့လဲ ... ဟင့်ဟင့်... ရေးရတော့မှာပေါ့...။

ကျွန်တော်က အစားအသောက်နဲ့ ပတ်သက်လာရင် ဂျီးမများတတ်ပါဘူး။ အကုန်ဝါးတယ်.. ဟီး။ အသား ၊ ငါး တွေထက်စာရင် အသီးအရွက်တွေကို ပိုကြိုက်တယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ပြောသလို ဝက်ဆိုရင်တော့ ဝက်မွေးနဲ့ ဝက်ခွာ ကလွဲရင် အားလုံးလာထားပဲ။ ဟီး ဟီး...



အစားအသောက်ဆိုရင် ဖြစ်သလိုစားခဲပါတယ်။ အစားကောင်း အသောက်ကောင်း ဆိုရင် အသေကြိုက်။ ရန်ကုန်မှာ ဆိုရင် သူငယ်ချင်းတွေနဲ့ အတူ ဆိုင်အသစ်တွေဖွင့်ရင် သွားတီးနေကြ။ ရယ်စရာ ပြောပြရဦးမယ်။ ရန်ကုန်မှာ ဘူဖေးတွေ စပေါ်တုန်းကပေါ့။ အဲဒီ မတိုင်ခင်က ဘူဖေးမစားဖူးသေးပါဘူး။ ရွှေဂုံတိုင်က ယုဇနဟော်တယ်မှာ သူငယ်ချင်းတွေနဲ့ အတူသွားစားတာ။ ပထမဦးဆုံး ဘူဖေးစားတာဆိုတော့ သားသားလဲ သိဘူးလေ။ တန်အောင်ဆိုပြီး အသေစားတော့တာပေါ့။ ဟီးဟီး... အိမ်ရောက်တော့မှ ဒုက္ခနဲ့ လှလှ နဲ့တွေ့တော့တာပဲ။ ဘယ်လောက်တောင် အစားသောင်းကျန်းခဲ့သလဲ ဆိုရင် စွပ်ကျယ်အင်္ကျီတောင် ဝတ်ထားလို့မရတော့ဘူး။ ဝတ်ထားရင် ဗိုက်ကိုလာထိပြီး ထိုင်ရတော့မလို၊ ထရတော့မလိုနဲ့ လူတစ်ကိုယ်လုံး ဂနာမငြိမ်ဖြစ်နေရော။ ဟီးဟီး .. တင်းကားနေတာ ပေါက်ထွက်တော့မတတ်... ။ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့တာ။ တော်သေးတယ်.... အိမ်ကို ချောချောမောမော ပြန်ရောက်လာလို့.. ဟီး...ဟီး...။ ပါးပါးကတော့ ပြောပါတယ်။ စားပိုးနင့်ပြီး မာလကီးယား တတ်တယ်တဲ့။ နောက်ပိုင်း ဘူဖေးဆိုရင် စပါယ်ရှယ် လန့်သွားတာ။ Pancreatitis မဖြစ်တာတော်သေး... အဟေးဟေး။ ဒီလောက်ဆိုရင် သဘောပေါက်လောက်ရောပေါ့နော်....

နိဒါန်းပျိုးနေတာ နဲနဲရှည်သွားတယ်။ ဟီး.. ဖြစ်သလိုစားတတ်တဲ့ အကျင့်ကတော့ ဒီရောက်မှ နဲနဲရလာတာ။ ဟင်းမချက်ဖြစ်တဲ့နေ့၊ အပြင်မှာသွားမစားဖြစ်တဲ့နေ့ တွေဆိုရင် Tuna ဆီစိမ်ငါးသေတ္တာကို မိုင်ခရိုဝေ့ဗ်ထဲ ထည့်ပြီး လွေးလိုက်တော့တာပဲ။ ငါးတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ အရသာလုံးဝမတူပါဘူး။ နောက်တစ်မျိုးဖြစ်သလိုစားတာကတော့ ဝက်အူချောင်းနဲ့ပါ။ မထူမပါးလေးလှီးပြီး ထမင်းအိုးထဲ ထည့်ပေါင်းလိုက်တာပေါ့။ ကြော်နေရင် အလုပ်ရှုပ်မှာ စိုးလို့။


တစ်ခါတစ်လေတော့လဲ KFC မှာ ကြက်ကြော် Set Menu ကို ကျွန်တော့် ပူတူတူလေးနဲ့ နှစ်ယောက်သား ဖြစ်သလို သွားစားလိုက်ပါတယ်။ အိမ်နဲ့ နီးနီးလေးဆိုတော့လေ။


Mc Donald's က ကြက် ထမင်းဘာဂါလေးလဲ ကြိုက်သား။ အဲဒီဆိုင် နှစ်ဆိုင်က ဘေးချင်းကပ်ရက် ဖွင့်ထားတာလေ။


ဒီမှာ က ကျီးဖိုင်(雞排)လို့ ခေါ်တဲ့ ကြက်သားပြားကြော် တော်တော်လေး လူကြိုက်များပါတယ်။ ကျွန်တော်လဲ သိပ်မကြိုက်ရှာပါဘူး။ တစ်ပါတ်မှာ ခုနစ်ရက်လောက်ပဲ သွားဝယ်စားဖြစ်ပါတယ်။ ဟဲဟဲ..အဲဒါလေးနဲ့ ထမင်းကို တစ်ခါတစ်လေ ဖြစ်သလို စားဖူးပါတယ်။ လူလဲ ဒီရောက်မှ ဖြစ်သလိုလေးတွေ စားနေရလို့ Body Weight ၇-၈ ကီလို တဟုန်ထိုး တက်လာတာ။ ဟဲဟဲ... ပြန်ချလို့လဲရဘူး.. ဟင့်ဟင့်...

အဆိုးဆုံးကတော့ ဘလော့ဂ်လည်လည်သွားနေတဲ့ အချိန်ပေါ့။ ဘလော့ဂ် လည်ပြီဆိုရင် ထမင်းမေ့၊ ဟင်းမေ့ အကုန်လုံးကို မေ့နေတော့တာပဲ။ ဟီး ဟီး... ဘလော့ဂ်မလည်ခင် ထမင်း၊ ဟင်း၊ ရေခွက်၊ သစ်သီးစတဲ့ လက်နက်အပြည့်အစုံ ကွန်ပျူတာရှေ့ အသာလေးချ၊ ပြီးရင် တိုက်ပွဲစတော့တာပဲ။ ဟီး ... ထမင်းတစ်လုပ်စားလိုက်၊ ဘလော့ဂ်လည်လိုက်၊ chatting လုပ်လိုက်၊ လုံးချာလည် လိုက်တော့တာပဲ။ တစ်ခါတစ်လေ ပန်းကန်ထဲက ထမင်းက ကုန်သွားပြီ။ သိဘူးလေ...ဆက်ခပ်နေတုန်းပဲ။ အင်း... ဘလော့ဂ်ကပေးသနားတဲ့ သုခ လေးတွေပေါ့။ ဒါပေမဲ့ ဘလော့ဂ်လည်ရတာ အရမ်းပျော်ပါတယ်။ လူချင်း မတွေ့ဖူးပေမဲ့လဲ အွန်လိုင်းကနေ နှုတ်ဆက်ကြ၊ ပျော်ကြ ၊နောက်ကြ နဲ့ ရင်းနှီးခင်မင်သွားကြပါတယ်။

ကဲ... မမဝါရေ.... မရေးတတ်ရေးတတ်နဲ့ ရေးလိုက်တာ ပြီးသွားပြီ။ ဟီးဟီး.... သည်းခံပြီး အဆုံးအထိဖတ်ပေးတဲ့ သယ်ရင်းအားလုံးကို လဲ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

ကြော်ငြာခဏဝင်မယ်နော်.. ဒန် တန် တန်... ကျွန်တော့် မဒီလေးရဲ့ ဘလော့ဂ်လေး ကိုလဲ လည်လည်သွားရင်း အားပါးတရ မင့်နိုင်ပါကြောင်း။ သူလေးရဲ့ ပို့စ်လေးတွေလဲ အားပေးနိုင်ပါကြောင်း။ ဒန် တန် တန်...

(ကြော်ငြာ ပြီးသွားလို့ ဇာတ်လမ်း ဆက်လာနေပါပြီ... ဟီး..)

ဒီတစ်ခါတော့ ကျွန်တော့်အလှည့်။ ဟီးဟီး... သူများတွေကို တစ်ခါမှ မတက်ဂ်ဖူးဘူး။
ဒီ တက်ဂ်ပို့စ်လေးကို မရေးရသေးတဲ့၊ အွန်လိုင်းမှတဆင့် ခင်မင်ရပါတဲ့သူတွေကို ပြူးပြဲပြီးရှာလိုက်တာ...
ဟော.. တွေ့ပါပြီ တွေ့ပါပြီ .....

ကံထူးရှင် တွေကတော့ ...

(၁)ဖြူစင်တဲ့နှင်းတွေကိုချစ်တဲ့ ဒီဇင်ဘာနှင်း (ရေးပြီး)
(၂)သမိုင်းဆောင်းပါးလေးတွေ မျှဝေတဲ့ မသက်ဇင်
(၃)လေလှိုင်းကြမ်းတွေကြားက ညီလေးဇင်ယော် (ရေးပြီး)
(၄)ရသစုံ ပို့စ်လေးတွေ တင်တတ်တဲ့ ကိုဂျူလိုင် (ရေးပြီး)
(၅)စာရေးအရမ်းကောင်းတဲ့ မရွှေပြည်သူ
(၆)အရမ်းခင်ဖို့ကောင်းတဲ့ မမခင်ဦးမေ
(၇)စာအရမ်းကြိုးစားတဲ့ ညီမလေး POOH (ရေးပြီး)
(၈)မွန်လူမျိုးလေး ညီလေးမော်စီ (ရေးပြီး)
(၉)အတွေးအမြင် စာစုတွေရဲ့ ကို Republic
(၁၀)စိမ်းနေတာချင်းတူတဲ့ မ Greengirllailai (ရေးပြီး)
(၁၁)ကဗျာလေးတွေ ဝေဆာနေတဲ့ ညီလေးသီဟညိမ်း
(၁၂)ကြိုးကြာနီကို ကြိုက်တဲ့ ကိုကေမောင်ငြိမ်း

(ရေးပြီးသားဆိုရင်လဲ ဆောရီးနော်...)

ကံထူးသူအားလုံး တစ်ဒါဇင်တိတိပါ။ ဖြောင်း ဖြောင်း ဖြောင်း... (လက်ခုပ်သံများ)...

ကံထူးရှင်များအားလုံး ကျွန်တော့်ကို ခင်မင်ရင် ရေးပေးကြပါဦးနော်...

ရွှင်လန်းချမ်းမြေ့ကြပါစေ။


You received this email because you are subscribed to the real_time feed for http://nl80.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.