Tuesday, September 30, 2008

စမ်းသပ်ခြင်း

တစ်နေ့ကို ပို့စ် ၅၀ အထက် မရလို့ ပိုရအောင် စမ်းနေတာပါ။

Monday, September 29, 2008

[My Blog] 25 New Entries: စက္ကူရုပ်လေးတွေခေါက်ကြမယ်(၂)

စက္ကူရုပ်လေးတွေခေါက်ကြမယ်(၂)

အိုရီဂါမီ ကြောင်ရုပ်လေးတွေပါ။

Kitty










Black Cat








စက္ကူရုပ်လေးတွေခေါက်ကြမယ်(၁)

ဂျပန်ရိုးရာ(Origami)အိုရီဂါမီစက္ကူရုပ်ခေါက်နည်းလေးတွေပါ။

ဝါသနာပါသူများ အတွက်တော့ အပျင်းလည်းပြေ၊ စိတ်ဝင်စားစရာ လည်းကောင်းတဲ့ လက်မှုအနုပညာတစ်ရပ်ပါ။ စတုန်းရန်းပုံ စာရွက်တစ်ရွက်ဟာ ဖန်တီးသူရဲ့ လက်ထဲမှာ ကြိုးကြာတစ်ကောင် ဖြစ်နိုင်သလို၊ ပန်းတစ်ပွင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားစိတ်ဝင်စားစရာ အရုပ်မျိုးစုံလည်း ဖြစ်နိုင်ပါတယ်။

တစ်ယောက်တည်း ပျင်းနေတဲ့အခါမှာဖြစ်စေ၊ တစ်စုံတစ်ရာက စောင့်ဆိုင်းရတဲ့ အခါမျိုးမှာဖြစ်စေ လက်ထဲမှာ စက္ကူတစ်ရွက်သာ ရှိနေခဲ့ရင် အရုပ်ကလေးတစ်ရုပ် ဖန်တီးခြင်းဖြင့် အဲ့ဒီအချိန်တစ်ခုကို ကျော်ဖြတ်နိုင်ပါတယ်။


ဒါကတော့ လူသိများ၊ထင်ရှားတဲ့ အိုရီဂါမီကြိုးကြာ လေးပါ။
ဒီကြိုးကြာလေးနဲ့က ကလေးဘ၀ကတည်းက ရင်းနှီးခဲ့တာပါ။ သကြားလုံးထုပ်တဲ့ စက္ကူလေးတွေ၊ မုန့်ထုပ်ထဲမှာပါတဲ့ တံဆိပ်ကလေးတွေကနေ ကြိုးကြာလေးတွေ အများကြီးဖြစ်ခဲ့ဖူးပါတယ်။

ကဲ..စိတ်ဝင်စားတယ် ဆိုရင်တော့ ဒီလိုကြိုးကြာလေး တစ်ကောင်ကို ကိုယ်တိုင်ဖန်းတီး ကြည့်နိုင်ပါတယ်။



စတုရန်းပုံ အခြေခံခေါက်နည်းပါ။ အရုပ်အများစုဟာ ဒီခေါက်နည်းပေါ်မှာ အခြေခံပါတယ်။




ခေါက်နည်းအဆင့်ဆင့် ဖြစ်ပါတယ်။





သရုပ်ပြ video လေးပါ။



Click on the crane to see animated diagrams.


Video Download Link

၎၊ ဒီဇင်ဘာ အမှတ်တရ

တစ်ခုသောဆောင်းဥတုရဲ့
ဟောဒီလိုနေ့ရက်တစ်ခုမှာ
အစပြုခဲ့ပါတယ်။

ဘယ်နက္ခက်နဲ့ စန်းယှဉ်မှန်းမသိတဲ့
သန်းခေါင်ကျော် ညဉ့်နက်နက်မှာ
အပ်နှစ်စင်းပေါင်းဆုံမှုထက်
ခက်ခဲတဲ့ဖြစ်တည်မှုနဲ့အတူ
လူဖြစ်လာခဲ့သတဲ့။

သူတကာထက် မထူးခြားတဲ့
သာမန်လူသားတစ်ယောက်ပါပဲ
အထွန်းဖွားဆိုသော်လည်း
ဘယ်နေရာမှမထွန်းကားခဲ့သလို
နတ်တော်မှာမွေးပြီး မတော်ခဲ့တာလည်း
လွဲချော်မှုတစ်ခုထင်ပါရဲ့။

ရှင်သန်ခဲ့ပြီးသလောက်ကတော့
ကမောက်ကမနဲ့ပေါ့။
နောက်လာမယ့် အနာဂါတ်အတွက်လည်း
အားတင်းလျက်ပါပဲ။

ဒီဇင်ဘာရေ...
မင်းကနှင်းတွေ အခါခါရွာချပေမယ့်
ငါကခုထိ မအေးမြနိုင်သေးဘူး။

တစ်နှစ်ပြီးတစ်နှစ် သစ်နေတဲ့
ငါချစ်တဲ့ဆောင်းရေ...
မင်းမရှိတဲ့မြေမှာ
နှင်းဝေတဲ့ နံနက်ခင်းတွေကိုလွမ်း..လို့။

ပွဲစဉ်မှတ်တမ်း(၂၃)၊(၃၂)

ဒီနေ့တော့အလည်သွားရင်းဖတ်ခဲ့ရတဲ့ linoo2007 ရဲ့ကဗျာလေးနဲ့
ဆားချက်ရင်း...
ဒီဇင်ဘာ(၁)ရက်ကို နှုတ်ခွန်းဆက်လိုက်ပါတယ်။smile


``ပွဲစဉ်မှတ်တမ်း(၂၃)´´

သံသရာအသင်းမှာ ဆက်ပြီးကစားဖို့
သေခြင်းတရားဆီကနေ
ဒုက္ခကိုအလိုက်ပေးပြီး
မေမေကျွန်တော့်ကို ၀ယ်ယူခဲ့တယ်။

ဒီရာသီမှာလည်း
ဖလားလက်မဲ့နဲ့ ပွဲသိမ်းခဲ့တဲ့အကြောင်း
မေမေ့ကို ဘယ်လိုပြောရမလဲ။
တန်းဆင်းဇုန်ထဲမရောက်အောင်
ရုန်းကန်နေရတဲ့ အသင်းတစ်သင်းလောက်ပဲ
သားက ရပ်တည်ခဲ့ချင်တာပါမေမေ။
ငွေကြေးနဲ့ အောင်မြင်မှုအတွက်
အသင်းပြောင်းပြီး ခြေစွမ်းမပြချင်ဘူး။

မေမေရေ.........
ခုဆိုရင်
သားရဲ့တောအုပ်မှာ
အနာဂတ်တွေခဏ ခဏ ခုတ်လှဲခံခဲ့ရပေါ့။
လောကနဲ့ အချိတ်အဆက်မိအောင်
မကစားနိုင်ခဲ့တော့လည်း
အခွင့်အရေးဆိုတာ
မိနစ်ကိုးဆယ်မပြည့်ခင် လူးစားလဲခံခဲ့ရတယ်။

ဗျူဟာအခင်းအကျင်းကပဲ လွဲနေလို့လား
ရိုးသားခြင်းဟာ
ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိသလို
ဖြစ်ဖြစ်နေတော့
မျှော်လင့်ချက်တွေလည်း
ဂိုးမိုးခေါင်ခဲ့တာကြာပြီ။
အနုပညာဆိုတာ
ဖြေဆေးမရှိတဲ့ အဆိပ်ခွက်ဖြစ်ခဲ့ရင်တောင်
ကျေကျေနပ်နပ်ကြီး မော့သောက်ရဲသူပါ မေမေ ။

အခုတော့ ကံကြမ္မာကလပ်နဲ့ ခြေစမ်းပွဲမှာ
ဂိုးတိုင်ပျောက်နေတဲ့
ကဗျာရှေ့တန်းတိုက်စစ်မှူးဟာ
မေမေရဲ့သား ဖြစ်နေလေရဲ့...။


မူရင်း-->လင်းဦး



``ပွဲစဉ်မှတ်တမ်း(၃၂)´´

မေမေရေ...
ဟောဒီသံသရာအသင်းမှာဆက်ကစားဖို့
သေခြင်းတရားဆီက
ဒုက္ခနဲ့အလိုက်ပေးဝယ်ခဲ့တဲ့သားအတွက်
ဘယ်တော့မှရင်းစားမရှုံးစေရဘူး။

ဖလားလက်မဲ့နဲ့ပွဲသိမ်းခဲ့ဖြစ်ရင်တောင်
မဆုတ်မနစ်တဲ့စွမ်းဆောင်ချက်အတွက်
မေမေကျေနပ်နိုင်ကောင်းပါရဲ့။

အသင်းကောင်းမဖြစ်သေးရင်တောင်
ငွေကြေးနဲ့မလဲရက်တဲ့စိတ်ဓါတ်နဲ့
သားဂုဏ်ယူတတ်ပါတယ်။

အနာဂတ်တွေခဏခဏခုတ်လှဲခံရတဲ့
သားရဲ့တောအုပ်လေးစိမ်းလန်းအောင်
အကြိမ်ကြိမ်ပျိုးထောင်ပြမယ်။

လောကနဲ့အချိတ်အဆက်မမိဘဲ
လူစားလဲခံခဲ့ရရင်တောင်
ဘ၀ဆိုတာမိနစ်ကိုးဆယ်နဲ့ပြီးသွားမဲ့
ကစားပွဲမှမဟုတ်တာ။

ဟောသည်သံသရာအသင်းမှာ
ထာဝရအသင်းဝင်နေသရွေ့
လက်ရွေးစင်ဖြစ်မလာဘူးလို့
ဘယ်သူပြောနိုင်မလဲမေမေ။

ဗျူဟာအခင်းအကျင်းမှားလို့
ရိုးသားစွာကိုယ့်ဂိုးကိုယ်သွင်းမိခြင်းဟာ
မရိုးသားစွာပယ်နယ်တီချော်သွင်းတာလောက်တော့
ခံပြင်းစရာမရှိပါဘူးနော်..မေမေ။

အနုပညာဆိုတဲ့ဖြေဆေးမရှိတဲ့
အဆိပ်ခွက်ကိုကျေနပ်စွာသောက်သုံးတတ်ပေမဲ့
အရှုံးထွက်နေတဲ့ပွဲစဉ်မှာ
နှစ်ဝါ တစ်နီဖြစ်စေတဲ့အတွန်းအတိုက်ကို
မနှစ်ခြိုက်တဲ့သားပါမေမေ။

သားရဲ့ဆန္ဒစောမှုကြောင့်
လူကျွံဘောအဖမ်းခံထိတတ်ပေမဲ့
ရည်မှန်းချက်တွေယိမ်းယိုင်
ဂိုးတိုင်တော့မပျောက်စေရဘူးမေမေ။

မေမေရေ...
ဘယ်လောက်ပဲဂိုးမိုးခေါင်ခေါင်
တောင်ဘက်မှာမိုးညိုလာအောင်
တစ်ခုတ်တရပျိုးထောင်ထားတဲ့
တောအုပ်လေးကြောင့်
လေထုတွေအေးမြလို့
ဂိုးမိုးတွေဖြိုင်ဖြိုင်ကျတဲ့တစ်နေ့မှာ
အဲ့ဒီကံကြမ္မာရဲ့ရင်ဝကို
(ခပ်ပြင်း..ပြင်း..လေး)
သား..ကန်သွင်းပြမယ်မေမေ။


မိတ္တူ-->တူးတူး

အနုမှာအာနန္ဒာ



Myanma Ancient Cultural Heritage Zone, Bagan, has over 2,000 religious edifices, mostly pagodas, stupas and temples. Out of those, the ... all » Ananda Temple, built by King Kyansittha in the 11th Century AD, is the most famous for its artistic and stylistic architectural designs.

The foundation plan of the Ananda is in the form of Perfect Greek Cross, which is in much contrast to others in Bagan.The 4 special chambers for the use of the Buddha are also a singnificant point of the strange foundation plan. In each of the chambers, one standing Buddha image, which is huge and is of carved with wood is a display of exquisite art. It is appreciable that in Bagan era, such huge wood logs were carried and carved to be kept in vertical position. Each Buddha image is 31 ft high and its pedestal is 8 ft high. The diameter of the head of the image is 5 ft. So, these images are the longest among other standing Buddha images in Bagan.

By standing at the very first entrance to the prayer hall, you can pay homage to the whole Buddha image without raising your head.

Especially, the standing Buddha image straight to the north archway seems to have stable face when you are near. The face gradually changes and seems to smile when you go backwards one step after another from the image. This proves how intelligent those people of Bagan era were and smart in the art of carving. Systematic management for lighting at the Ananda is so impressive that visitors have to have high appreciation for the standard of architecture of the time.

There is a space, which can give direct natural light to each face of the standing Buddha image. Although the images are in the innermost part of the temple, pilgrims and visitors can clearly pay homage to the image because of such idealistic lighting spaces. It seems to be managed for the pilgrims to show strong devotion and concentration while they pay homage to the Buddha

There are two inner corridors at the Ananda while you go around the temple, you may surely remark on the fact that Bagan people have excellent thoughts for lighting and creation of proper ventilation.

Because natural light can enter not only through two tiers of windows around the Ananda but also passages between two corridors.

အားမာန်ပေးတဲ့ကဗျာလေးတွေ

ကိုယ်တိုင်မရေးတတ်လို့ ဖတ်ဖူးတဲ့ကဗျာလေးတွေ မှတ်မိသလောက်
ချရေးပေးလိုက်ပါတယ်။


``ထိပ်ဆုံးသို့´´

တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့။

တစ်နေ့မှာဆုံးရာရောက်ပါလိမ့်
အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေလို့
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတစ်သွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ်လူသား။


ငွေတာရီ

ဒီကဗျာကတော့ဖတ်ဖူးတယ်ဆိုတာထက် ကျက်ဖူးတယ်လို့ပြောရမှာပါ။
ကလေးတုန်းက ကျောင်းစာအနေနဲ့အော်အော်ပြီးကျက်ခဲ့ကဗျာပါ။
အဲ့ဒီတုန်းက အဓိပ္ပာယ်တောင်သေချာမစဉ်းစားပဲ ကျက်ခဲ့ပေမယ့်
ဘ၀ဆိုတဲ့ကျောင်းမှာတော့ ဒီကဗျာဟာ စကားပြေပြန်စရာမလိုအောင်
မှတ်မိနေခဲ့ပါပြီ။



``ပျဉ်းမငုတ်တို´´

ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင်၊ တစ်ပင်တည်း။

ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ၊ အိုင်းအမာတို့
ကျယ်စွာဟက်ပက်၊ ခြအိမ်ပျက်။

ကုန်းမိုကမ်းပါး၊ မြေပက်ကြားတွင်
စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်းလက်ပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင်ယောင်္ကျားကောင်းတကား။


မင်းသုဝဏ်



``ရဲခဲ့သည်ပါ့´´

မြစ်တန်းမှာတဲ့ လေကြမ်းဆင်
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းကဘောင်ဘင်။

တစ်လှိုင်းထွက် တစ်လှိုင်းဝင်၊ ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။

မြစ်ရိုးမှာတဲ့ မိုးသက်ဆင်
လျှက်ကြိုးပျံမိုးသံထစ်
မိုးစစ်ဘုရင်။

မိုးညစ်လို့မြစ်မမြင် ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မိုးသက်လေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။

စိုးမရွံ့တွန့်မတုန်
မိုးနှင့်လေရေရှုပ်ထွေး၊ ရွေးမျှမဖြုံ
ဆန်လိုက်ပြန်တုန်၊ စုန်လိုက်ပြန်ရ
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင်သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့။

ဇော်ဂျီ


``မာန်´´

အရွက်အတံ
အနှံအသီး
ဖျက်ဆီးရုံမျှ
အားမရသေး
ပင်မကိုဖြတ်
အသေသတ်လည်း
မားမတ်ညွှန့်ဝေ
ခေါင်းထောင်နေအံ့
ရေသောက်မြစ်မှ
လူးလွန့်ထကာ
ခက်မရှင်သန်နေအုံးမည်။


မောင်စိန်ဝင်း(ပုတီးကုန်း)




မီးရဲရဲမှာကင်
ပေပေါ်တင်တူနဲ့ထု
ဒုက္ခရဲ့ ကြည်စားမှုတွေထဲ
အနေရဲစွာဖြတ်သန်း
ဒဏ်ရာကိုပန်းလိုနမ်းပြီးမှ
အကြမ်းထည်ဘ၀ကုန်ဆုံး
သံမဏိအားလုံးဓါးဖြစ်လာမယ်။


ဒီကဗျာကတော့ မဂ္ဂဇင်းဝတ္ထုတိုတစ်ပုဒ်ထဲမှာဖတ်ခဲ့ဖူးတာလို့ထင်ပါတယ်။
ခေါင်းစဉ်ရောရေးသူပါမသိတော့ပေမယ့်အထုအထောင်းခံရတဲ့အခါတိုင်း
ပြန်ပြန်ရွတ်မိလို့ မှတ်မိနေတဲ့ကဗျာပါ။ဒါပေမယ့် ``ဓါးမဖြစ်ခင် ငါတော့ပြာဖြစ်ရချည်ရဲ့ ´´လို့တွေးခဲ့ဖူးတာလည်းအခါခါပါပဲလေ...။

ကဗျာဖြစ်စေသတည်း...

စာမရေးတတ်ပေသိ
ကလိရတာဝါသနာပါလေတော့
ဘလော့ဂ်လုပ်ခဲ့မိတယ်။

လာလည်တဲ့မိတ်ဆွေတို့က
ပို့စ်အသစ်တင်ပါဗျို့ ..တဲ့
တို့ကတော့စိတ်ညစ်တယ်
ဘာရေးရမယ်မသိဘူး။

အခုမှခက်ပြီကွယ်
အရပ်တကာလည်စားခဲ့ပြီး
ကိုယ့်အိမ်မယ်အလည်ရောက်သခိုက်
ရေတိုက်ဖော်တောင်မရတဲ့အိမ်ရှင်ဘဝ
မျက်နှာပြဖို့တော့ခက်နေပြီ။

ခက်နေလို့မပြီးသေး
ရေးတော့ရေးရမယ်
တွေးလိုက်စမ်းကွယ်။

ခွေးချစ်သူ ညီမလေးတောင်
ရိုးသားစွာကလေးအတွေးနဲ့
ချစ်စရာလေးတွေရေးတတ်သေးတယ။်

တွေးတတ်သူအလွယ်ကလေးပေမယ့်
မရေးတတ်သူ idea ရှားလေတော့
ခက်ပါပေ့ ပီကေ ရယ်။

ထက်မြက်တဲ့ နည်းပညာ တွေ
မျှဝေ တဲ့ ဆရာ က၀ိတို့ကိုလည်း
အားကျပါဘိတော့တယ်။

ချစ်မယ်နော် ရဲ့ ဂွီဂေါ် လို
ပျော်စရာတွေတင်ဆက်ရန်လည်း
မွေးရာပါဟာသဉာဏ်က
မရှင်သန်လှပြန်ဘူး။

ကြံကြံဖန်ဖန် အတွေးအမြင်နဲ့
ဝင်္ကပါ ညီမလေးလိုလည်း
အဆန်းတကြယ်စိတ်ကူးက
မကြွယ်ဝလှပါဘူး။

ဘ၀တစ်ခုရွေ့လျားဖို့
လိုအပ်တာသူငယ်ချင်းပါ ဆိုတဲ့
ကဗျာချစ်သူ လေးတွေလို
နှစ်သက်ဖွယ် ကဗျာလမ်း တစ်လျှောက်
တို့လည်းလျှောက်ချင်တာပေါ့ကွယ်။

စာ၊ ကဗျာမရေးတတ်ပေမယ့်
နည်းပညာရှာဖွေသိချင်လို့
ဘလော့ဂ်မိတဲ့ ကိုငတေ လို
ကိုယ့် ကိုယ်ကိုအရှိန်သတ်ရတဲ့အထိ
တို့လည်းရေးတတ်ချင်လှတယ်။

ရေးဖြစ်မယ့် စာတစ်ပုဒ်ကိုတော့
ဇီးကွက် ရဲ့ ဘလော့ဂ်သတင်းမှာ
အတင်းအဖြစ်ပါချင်သေးတယ်။

သီချင်းကြိုက်တဲ့ dilo အတွက်
ဝက်ဝံလေးတွေရှာပေးချင်သေးတယ်။

ငယ်ကတည်းက ဇ မသေးတဲ့
နှစ်ပါးသွားလေးကချင်တဲ့ နှင်းဆီ လို
ဟိုအတိတ်အကြောင်းတွေ
ပြန်ပြောင်းရေးရင်ကောင်းမလား။

ရင်ထဲမှာတေးထားသမျှ
ဘလော့ဂ်မှာကြွေးတောင်းနေသော
ခုတလော ပေါပေါနေတဲ့ ကောင်မလေး လို
မုန့်ကျွေးပြီး ဆုမွန်ကောင်း
တို့များလည်းတောင်းချင်ပါရဲ့။

ရွာသားလေး တစ်ယောက်ရဲ့ရင်ခုန်သံလို
စိတ်ကူးလေးချန်ထားရုံနဲ့
ဘာမှမဆုံးရှုံးဘူးဆိုရင်တော့
အာဃာတတွေမေ့ဖျောက် လို့
ပျော်စရာကမ္ဘာ လေးတည်ဆောက်ချင်ပါတယ်။

အဲ့ဒီလိုယောက်ယက်ခက်အတွေးတွေနဲ့
ရေးမယ်လို့ဟန်ရေးပြပေမယ့်
မရနိုင်တဲ့အဆုံးမှာ ညံ့ဖျင်းတဲ့ကိုယ့်ကိုယ်ကို
နဘန်သာကျင်းချင်တော့တယ် မျှားပြာ ရယ်။

ထားပါတော့လေ ကြိုက်တာရေးပါဆိုတဲ့
ဆရာရန် က တော့ခွေးချင်းကိုက်တာတောင်
မြင်သာအောင်ရေးနိုင်ရင်ပို့စ်ကောင်းဖြစ်သတဲ့။

ကဲ.. ဒီလိုဆိုရင်တော့
ပြောနေကြာရော့မယ်
ဂါထာစုံမန်းမှုတ်လို့
မှန်းသမ်းကာရမ်းတုတ်လိုက်မယ်
ကဗျာတစ်ပုဒ်ဖြစ်စေသတည်း...။

လျှောက်သွားခဲ့ဖူးတဲ့မိတ်ဆွေများနဲ့ ရောက်လာခဲ့ဖူးတဲ့မိတ်သဟာများ
အားလုံးအတွက်အမှတ်တရပါ။
ကျန်ရစ်ခဲ့သူများမှာ ကာရန်မရှာတတ်တော့ပါသဖြင့်ချန်လှပ်ခဲ့ရခြင်း
သာဖြစ်ပါကြောင်း....။

လပြည့်နေ့အလှူ


လပြည့်နေ့မှာအလှူလုပ်ပါတယ်။
လာလည်တဲ့မိတ်ဆွေများကြိုက်တာယူစားကြပါ။

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ...


သူငယ်ချင်းရေ…ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ…
သူငယ်ချင်းရေ…
ရပ်မရတဲ့အချိန်ရထားကတော့
သွားမြဲသွားလျက်ပါပဲ။

ခရီးသွားငါတို့တွေဟာ
ပျော်ရွှင်ရင်ရယ်မော
ဝမ်းနည်းတော့ငိုကြွေး။

မရသေးရင်ငေးမှိုင်
ပိုင်ဆိုင်တော့ပျော်မဆုံး။

ရှုံးနိမ့်ရင်အားငယ်
အောင်မြင်တော့အားတက်။

သံသရာမရပ်သရွေ့
ခရီးဆက်နေရအုံးမှာပဲ။

အဲ့ဒီခရီးတလျှောက်
ဘယ်လောက်ပဲပင်ပန်း
စိတ်နွမ်းကိုဖြေဖျောက်
နောက်တဖန်အားသစ်လောင်းလို့
"Be Strong" ကြရအောင်။

ခရီးသွားဖော်ငါတို့နှစ်ယောက်လည်း
ကတောက်ကဆနဲ့
တစ်ယောက်ကိုတစ်ယောက်အပြစ်တင်
မြင်တာနဲ့အော်ဟစ်
ဆက်ရန်ဖြစ်ကြရအောင်။







သင့်သွေးဖြင့်အသက်ကယ်ပါ

ရန်ကုန်မြို့တွင်းရှိဆေးရုံဆေးခန်းများတွင်တက်ရောက်ကုသနေသော

လူနာများသွေးသွင်းကုသရန်လိုအပ်ပါကပံ့ပိုးပေးရန်အတွက်

ရက်ဗန်သွေးလှူရှင်အဖွဲ့ မှစေတနာအလျှောက်ဆောင်ရွက်ပေးနေ

ပါတယ်။သွေးလှူလိုသူစေတနာရှင်များလှူဒါန်းနိုင်ရန်နှင့်လူမှုရေး

လုပ်ငန်းစိတ်ပါဝင်စားသူများပါဝင်ဆောင်ရွက်နိုင်ရန်ပြန်လည်

ဖောက်သည်ချလိုက်ပါတယ်။

အသေးစိတ်ကို ဒီမှာ ဖတ်ရှု့ နိုင်ပါတယ်။

Tags: , ,

မေတ္တာတရား



မေတ္တသုတ်

၁။ ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ၊
ပရိတံ္တ တံ ဘဏာမ ဟေ။

၃။ ကရဏီယာ မတ္တကုသလေန၊
ယန္တသနံ္တပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနီ၊

၎။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ
ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘ၀န္တု သူခိသတ္တာ။

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ၀ါ ထာဝရ၀ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊
မဇ္စျိမာ ရဿကာ အဏုကထူလာ။

၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိအ၀ိဒူရေ။
ဘူတာဝ သမ္ဘဝေသီဝ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋ္ဋိဃသည၊
နာညမညဿ ဒုက္ခ မိစ္ဆေယျ။

၉။ မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာဝတာဿ ၀ိတမိဒ္ဓေါ။
ဧတံ သတိ ံအဓိေ႒ယ်၊
ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊
သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊
နဟိ ဇာတု ဂၢဗ ၻေသယ် ပုန ရေတိ။

မေတ္တသုတ္တံ နိဋ္ဌိတံ။

နိုင်ငံတည်ဆောက်ရေးသည်စကားနိုင်လုသောပြိုင်ပွဲမဟုတ်

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်သက်၍ နိုင်ငံသားအမျိုးမျိုးက သုံးသပ် ပြောကြားကြရာတွင် အယူအဆအမျိုးမျိုး ကွဲပြားနေသည် ဖြစ်သော်လည်း စနစ်တကျ ခွဲခြမ်းစိတ်ဖြာလျှင် Emotion ခေါ် စိတ်လှုပ်ရှားမှုသက်သက်ဖြင့် ပြောကြားသော သုံးသပ်ချက်နှင့် အကြောင်းအကျိုး သဘောသဘာဝနှင့် ပြောကြားသော သုံးသပ်ချက်ဟူ၍ နှစ်မျိုးသာရှိသည်ဟု ဆိုရမည် ဖြစ်ပေသည်။

နိုင်ငံသား အမျိုးမျိုးဟု အထက်တွင် သုံးနှုန်းထားခြင်းမှာ လစာရိက္ခာနှင့် တာဝန်တစ်ခုကို ထမ်းဆောင်နေသောကြောင့် တာဝန်အရ ပြောရခြင်း၊ အထောက်အပံ့ တစ်ခု ယူထားသောကြောင့် ထောက်ပံ့သူများ မငြိုငြင်အောင် ပြောရခြင်း၊ အမှန်တကယ် စိတ်ပါဝင်စားခြင်းကြောင့် ပြောခြင်း စသည့် ကွဲပြားခြားနားမှုများ ရှိနေသောကြောင့် ဖြစ်သည်။

မည်သို့ပင် ရှိနေသည်ဖြစ်စေ Emotion ခေါ် စိတ်လှုပ်ရှားမှု သက်သက်ဖြင့် ပြောဆိုလုပ်ကိုင်ခြင်းသည် မည်သို့မျှ အကျိုးမထူးသည်ကို ပတ်ဝန်းကျင်တွင် မကြာခဏ ကြုံတွေ့နေရသော ဖြစ်ရပ်များက သက်သေခံလျက် ရှိပေသည်။ တစ်ခါတစ်ရံ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အကျိုးမဖြစ်စေသည့် ဆဲရေးတိုင်းထွာခြင်း သို့မဟုတ် နင်ပဲငဆ ပြောကြားခြင်းမျိုးကိုပင် မြင်တွေ့ရတတ်ပေရာ အမှန်တကယ် လိုအပ်ချက်ဖြစ်သော အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေသည်ကို တွေ့ရသည်။

ခြုံ၍ပြောရလျှင် များစွာအရေးကြီးသော အချက်မှာ ပါဝင်ပတ်သက်နေသော stakeholder များ၏ အသိဉာဏ်ပင် ဖြစ်သည်ဟု ဆိုချင်ပါသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ သဘော သဘာဝများကို နားမလည်ဘဲ စိတ်လှုပ်ရှားမှုသက်သက်ဖြင့် ချဉ်းကပ်ခြင်းသည် စကားနိုင်လုသော ပြိုင်ပွဲများတွင်သာ အလုပ်ဖြစ်နိုင်ပြီး နိုင်ငံတည်ဆောက်ရေးနှင့် ပတ်သက်၍ မည်သို့မျှ အဖြေမထွက်နိုင်ဆိုသော အချက်ကိုကျွန်ုပ်တို့အားလုံး သဘောပေါက်ကြရန် များစွာ အရေးကြီးပါသည်။

အယ်ဒီတာ
၃-၈-၂၀၀၇

credit : LIVINGCOLOR No.146,September,2007

ကိုစစ်အိမ် ရဲ့ blog မှကူးယူဖော်ပြပါသည်။


မွေးနေ့ဆုတောင်း



သူငယ်ချင်းရေ...ဒီနေ့မှာကျရောက်တဲ့ နင့်ရဲ့မွေးနေ့အတွက် ကာရံမညီ စာမပီနဲ့ ရေးထားတဲ့ကဗျာ ဆက်ဖတ်ပါနော်...

"မွေးနေ့ဆုတောင်း"

မွေးနေ့မင်္ဂလာ ၊ ချိန်ခါမှသည်
လာမည့်ရာချီ ၊ နှစ်အလီလီတိုင်

ပိုင်ဆိုင်ချင်သမျှ ၊ ရွယ်ကာမျှဖြင့်
လိုတိုင်းတ၍ရပါစေ…။

ရင်ဆိုင်တွေ့မြဲ ၊ အခက်အခဲကို
ကျော်လွှားအောင်မြင်နိုင်ပါစေ…။

ကိုယ်လည်းကျန်းမာ ၊ စိတ်ချမ်းသာ၍
နှစ်ဖြာစိတ်ဝမ်းရွှင်လန်းစေ…။

.............................စေ…။

.............................စေ…။

.............................စေ…..လို့
တန်ခိုးရှင်လိုအစွမ်းနဲ့
မန်းမှုတ်လို့မပေးနိုင်သည့်တိုင်
တတ်နိုင်သမျှဉာဏ်ရည်နဲ့
ဖွဲ့သီတဲ့ကဗျာအစွမ်းကြောင့်
ရွှင်လန်းစွာဒီတစ်ရက်မှာ
ပျော်မြူးကာပီတိတစ်ခုနဲ့
ကြည်နူးမှုဖြစ်စေ…။


သံဃာတော်များဆန္ဒပြ

http://www.mizzimaburmese.com/


http://www.ko-htike.blogspot.com/


http://www.lightofmyanmar.blogspot.com/


ရှမ်းခေါက်ဆွဲစားချင်တယ်

ဗယာကြော်စားကြမလား

Flowers in growth

ရိုးရှင်းသွက်လက် မြန်မာ SMS

GSM ဖုန်းတွေမှာ SMS ကိုမြန်မာဘာသာ အသုံးချပြီး ပို့နိုင်တဲ့ Software အကြောင်းကိုအောက်ပါ linkမှာဖတ်နိုင်ပါတယ်
http://bagannat.blogspot.com/2007/09/sms.html

Download sm3 Here

မြန်မာဘလော့ဂါများရဲ့ Seminar

မြန်မာဘလော့ဂါများရဲ့ Seminarမှဓါတ်ပုံများကိုကြည့်ရှု့နိုင်ပါတယ်

http://why-do-we-blog.blogspot.com/

မြန်မာ ဘလော့ဂါများ ပူးပေါင်းကျင်းပတဲ့ Seminar

မြန်မာ ဘလော့ဂါများ ပူးပေါင်းကျင်းပတဲ့ Why do we blog ဆိုတဲ့ Open Seminar ဟောပြောပွဲ အခမ်းအနားကို လာမည့် 01.09.2007 စနေနေ့ ၁၁နာရီကနေ ၄နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် ဘလော့ဂ် ရေးသားနေကြတဲ့ ကျွမ်းကျင်သူ ပညာရှင် ဘလော့ဂါတွေကိုယ်တိုင် ဟောပြောကြမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ မြန်မာဘလော့ဂါတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ သိစေချင်လို့ ဖြစ်ပါတယ်။ နောက်ပြီး မီဒီယာ ကန့်သတ်ချက် တော်တော်များများကို ရိုက်ချိုးလိုက်တဲ့ ဘလော့ဂ် ယဉ်ကျေးမှု အကြောင်းနဲ့ အသုံးပြုရ ဘယ်လောက် လွယ်ကူတယ် ဆိုတဲ့ အကြောင်းတွေကို မျှဝေချင်လို့လဲ ဖြစ်ပါတယ်။ အဓိကကတော့ ကမ္ဘာတစ်ဝှမ်းမှာ လူတိုင်း စိတ်ဝင်တစား အသုံးပြုနေကြတဲ့ နည်းပညာနဲ့ အခွင့်အလမ်းတွေကို မြန်မာလူငယ် လူကြီးအားလုံး သိစေချင်တာရယ်၊ စီးပွားရေး အခွင့်အလမ်းတွေ ရရှိလာစေရန် စတဲ့ အချက်တွေကို ရည်ရွယ်ပါတယ်။ ဒီပွဲတစ်ခု လုပ်ရတာ မလွယ်ပါဘူး။ အကုန်အကျ အများကြီး ရှိသလို အလွန်ပင်ပန်းပါတယ်။ ပိုက်ဆံ အကျိုးအမြတ် တစ်ပြား တစ်ချပ်မှ မရဘဲ အထက်က ရည်ရွယ်ချက်တွေ သက်သက်အတွက် ကျွန်တော်တို့ လုပ်ဖြစ်ကြတာပါ။ Company တော်တော်များများကလည်း ဒီပွဲအတွက် ပံ့ပိုးပေးထားပါတယ်။ အသက်ကန့်သတ်ချက် မရှိပါဘူး။ အားလုံးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ တက်ရောက် လာသူတွေအတွက် အစားအသောက်နဲ့ ကံစမ်းမဲ အစီအစဉ်တွေလည်း ထည့်သွင်းထားပါကြောင်း။

ကိုညီလင်းဆက် post မှ ကူးယူဖော်ပြသည်။

Air-Bagan

Air-Bagan ရန်ကုန်-စင်ကာပူခရီးစဉ် စက်တင်ဘာ ၇ ရက်နေ့စတင်မည်
Posted August 20th, 2007 by soewaisoe

Air-Bagan လေကြောင်းလိုင်းသည် ၎င်း၏ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ လာမည့်စက်တင်ဘာလ ၇ ရက်နေ့မှ စတင်၍ နေ့စဉ်ပျံသန်းသွား မည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ ယခုရက်ပိုင်းတွင် သတင်းထုတ် ပြန်ချက်အရ သိရသည်။
လေကြောင်းလိုင်း အေဂျင်စီအသိုင်းအဝိုင်းမှ သတင်းများအရ Air-Bagan ၏ ရန်ကုန်-စင်ကာပူ လက်မှတ်နှုန်းထားမှာ အမေရိကန်ဒေါ်လာ ၁၂၃ ဒေါ်လာဟုသတ်မှတ်ထားပြီး လက်ရှိပြေးဆွဲနေသည့် စင်ကာပူ Silk- Air လေကြောင်းလိုင်း ထက်များစွာသက်သာကြောင်း သိရှိရသည်။
Air-Bagan လေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်သစ်များ ပြေးဆွဲရန်အတွက် မကြာမီက လေယာဉ်မယ် ၂၀ ဦးကို အသစ်ထပ်မံခေါ်ယူထားပြီးကြောင်း လေကြောင်းလိုင်းကိုယ်စားလှယ်များက ပြောကြားသည်။
Air-Bagan လေကြောင်းလိုင်းကို ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းရှိမြို့ပေါင်း ၁၇ မြို့နှင့် နိုင်ငံတကာ ခရီးစဉ်အဖြစ်ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့ သို့ပျံသန်းပြေးဆွဲလျက်ရှိသည်။

မြန်မာသံစဉ်ချိုနားဝင်

မန်မာ့အလှအပများကိုကြည်ရှု့ရင်းမြန်မာသံစဉ်များနားဆင်ခံစား
နိုင်စေဖို့


မြန်မာပြည်ရဲ့လောင်စာဆီ

လောင်စာဆီဈေးတွေတက်သွားလို့တဲ့...သိလား

http://burmese.dvb.no/news.php?id=1522

အောင်ခြင်း (၈) ပါး

ရွှေနိုင်ငံသို့ဖိတ်ခေါ်ပါတယ်



You received this email because you are subscribed to the real_time feed for http://tuzzaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဘောင်ခတ်ခြင်းတို့ လွတ်မြောက်ရာ] 18 New Entries: နေဘုန်းလတ်သို့ ….

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

အရေခွံငတ်နေသောခန္ဓာ၏အော်သံ ( သို့ ) လူ့အခွင့်အရေး ဘာလည်း၊ ဘယ်လည်း



လူအချင်းချင်း သတ်ဖြတ်မှုတွေ၊ နိုင်ထက်စီးနင်းပြုမှုတွေ၊ မတရားဖိနိပ်ချုပ်ချယ်မှုတွေစတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို အတင်းတိုးဝှေ့ကျော်ခွပြီး ကမ္ဘာ့လူ့အခွင့်အရေးနေ့ဆိုတဲ့ နေ့တစ်နေ့ကတော့ ၂၀၀၇ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ (၅၇)နှစ်မြောက်မွေးနေ့ပွဲကျင်းပဖို့အတွက် ကမ္ဘာမြေပေါ်ကိုထပ်မံ ရောက်ရှိလို့လာခဲ့ပြန်ပြီပေါ့။

၁၉၄၈ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ သူ့ကိုမွေးဖွားခဲ့ကြတယ် ဆိုပေမယ့် ၁၉၅၀ ဒီဇင်ဘာလ (၁၀)ရက် နေ့မှပဲ သူ့မွေးနေ့ပွဲကို တရားဝင်စတင်ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် မွေးနေ့ပွဲကို (၅၇)နှစ်ကြိမ်မြောက် ကျင်းပခြင်းလို့ ခေါ်ဆိုချင်ခေါ်ဆိုနိုင်ပေမယ့် သူ့အသက်အမှန်ကတော့ (၅၉)နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာမြေရဲ့ တစ်ဖက်ခြမ်းအမှောင်ထုထဲက ဆင်းရဲဒုက္ခမျိုးစုံခံစားနေရတဲ့ လူပေါင်းများစွာရဲ့ အော်ဟစ်ညည်းညူသံတွေကို လစ်လျှူရှုပြီး ဒီမွေးနေ့ပွဲကြီးကို ပျော်ပျော်ရွှင်ရွှင်ကျင်းပနေခဲ့မယ်ဆိုရင် သူတရားမှတရားပါ့မလားဆိုတဲ့ သံသယစိတ်တွေဝင်လာနေမိတော့ မွေးနေ့ရှင်တို့ရဲ့ထုံးစံ လာသမျှလူကို ဟန်မပျက်အောင်လိုက်ပြုံးပြနေတာကလွဲလို့ သူ့ဆီမှာ မွေးနေ့ရှင်တစ်ယောက်ရဲ့ ရင်ခုန်တက်ကြွမှုမျိုးတွေ ရှိမနေနိုင်တော့ပါဘူး။

အထူးသဖြင့် သူ့ အသက်(၅၉)နှစ်ပြည့်သည်အထိ သူ့နာမည်ကို ယောင်လို့တောင်မကြားဘူးသေးတဲ့ မြန်မာဆိုတဲ့ နိုင်ငံငယ်လေးတစ်ခု ကမ္ဘာပေါ်မှာ ရှိနေသေးတယ် ဆိုတဲ့အဖြစ်အပျက်က သူ့ရဲ့မွေးနေ့ပွဲကြီးကို အကြီးအကျယ်အရှက်ရစေခဲ့ပါတယ်။


ဟုတ်ပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာ လူ့အခွင့်အရေးဆိုတဲ့ စကားတစ်ခွန်းပါးစပ်က ထွက်မိတယ်ဆိုရင်ပဲ လူတွေကတစ္ဆေသရဲကိုမြင်မိသလို ပြောနေတဲ့လူအနားက ကြောက်လန့်စွာနဲ့ ထွက်ပြေးသွားကြမှာဖြစ်ပါတယ်။ ဒါကလည်းသူတို့အမှားတော့ မဟုတ်ပါဘူး။ မကြာခင် အဲဒီစကားလုံးပြောမိတဲ့လူရဲ့ အနောက်ကို မိစ္ဆာရဲ့အရိပ်လို ကျိန်စာတွေ တစ်ပုံတစ်ခေါင်းကြီး လိုက်ချလာတော့မှာဆိုတော့ သူတို့ပါရောပြီးပါမသွားအောင် ကြိုတင်ကာကွယ်တဲ့ သဘောပဲဖြစ်ပါတယ်။

အထက်မှာဆိုခဲ့တဲ့အတိုင်းပဲ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို လူသိရှင်ကြားပြောဆိုမိခဲ့တဲ့ လူတိုင်းလိုလို ပြောပြီးမကြာခင်မှာပဲ အကျဉ်းထောင်ဆိုတဲ့ ပစ္စုပ္ပန်ငရဲကြီးထဲကို အရှင်လတ်လတ်သွတ်သွင်းခြင်း ခံခဲ့ရတာတွေများများလာတာနဲ့အမျှ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးဟာလည်း မြန်မာပြည်ရဲ့ အဘိဓါန်မှာ ကြောက်စရာအကောင်းဆုံး စကားလုံးတစ်ခုဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာပြည်ရဲ့ရင်ခွင်မှာ လူ့အခွင့်အရေးဆိုတဲ့ ရင်ခုန်သံတွေ တဖြည်းဖြည်းနဲ့ ဆိတ်သုန်းသွားခဲ့ရပါတယ်။

ဒါပေမယ့် သိခွင့်မရှိတာတွေကိုမှ ပိုသိချင်နေတဲ့ လူသားရဲ့ပြင်းပြထက်သန်တဲ့ စိတ်သဘာဝကို ဘယ်လိုအရာမျိုးကမှ ရေရှည်ဖုန်းကွယ်မထားနိုင်ခဲ့တော့လည်း လူ့အခွင့်အရေးဆိုတာဘာလည်းဆိုတဲ့ ပဲ့တင်သံတွေ မြန်မာပြည်ရဲ့ နံရံတွေကို တဖန်ပြန်လည်ရိုက်ခတ်လို့လာခဲ့ပါတယ်။


အဲဒီ လူ့အခွင့်အရေးဆိုတာကြီးက ကမ္ဘာထိပ်သီးခေါင်းဆောင်ကြီးတွေ မနေနိုင်မထိုင်နိုင် အစည်းအဝေးပွဲတွေ မကြာခဏကျင်းပလို့ရအောင် ခေါင်းစဉ်တပ်လို့ကောင်းတဲ့ အသုံးချခံအရာတစ်ခုလား။

ဒါမှမဟုတ် လက်ရှိအစိုးရကို ကြည့်မရတာနဲ့ လူတွေစုရုံးပြီးဝိုင်းအော်လို့ကောင်းအောင် အတိုက်ခံပါတီတွေက ဆွဆွပေးနေတဲ့ ကျွေးကြော်သံတစ်ခုလား။

ဒါမှမဟုတ် ကျွန်တော်တို့အာရှတိုက်သားတွေနဲ့ အံဝင်မှုလုံးဝမရှိတဲ့ အစမ်းသပ်ခံနိုင်ငံရေးစနစ်သစ်တစ်ခုလား။

အဲဒါတွေကတော့ ကျွန်တော်တို့မြန်မာပြည်က လူသန်းပေါင်း(၆၀)လောက် သို့လောသို့လော ထင်နေကြတဲ့ လူ့အခွင့်အရေးပေါ်မြင်တဲ့ အမြင်တစ်ချို့တစ်ဝက်မျှသာဖြစ်ပါတယ်။

တစ်ချို့ကဆို လူ့အခွင့်အရေးဆိုတာကို နိုင်ငံတွင်းမတည်ငြိမ်မှုတွေဖြစ်ပွါးအောင် အနောက်နိုင်ငံက သွတ်သွင်းလာတဲ့ ကျိန်စာတစ်ပုဒ်လို့တောင်မြင်နေကြတဲ့ အထိဖြစ်နေပါတယ်။

မြန်မာပြည်ကလူအတော်များများ လူ့အခွင့်အရေးအပေါ် အဲဒီလိုအမြင်တွေစောင်းနေအောင် ချော့၍တစ်မျိုး၊ ခြောက်၍တစ်ဖုံ၊ အခြေအမြစ်မရှိတဲ့ ၀ါဒဖြန့်နည်းပေါင်းမျိုးစုံ အသုံးပြုပြီး သပ်ရိုက်သွင်းခဲ့ကြတဲ့ လူတစ်စုကတော့ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေဆိုသည့်အတိုင်း လူ့အခွင့်အရေးပေါ်ကို လူတွေ အဲဒီလို အမြင်စောင်းလေ သူတို့အကြိုက်တွေ့လေ ဖြစ်နေခဲ့ပါတယ်။

ဒါဆို လူ့အခွင့်အရေးဆိုတာ တန်ခိုးရှင်တစ်ယောက်ကဖန်ဆင်းပြီး ကြီးကျယ်မြင့်မြတ်တဲ့ လူတွေသာခံစားစေလို့ မိုးပေါ်ကနေရွေးချယ်ပြစ်ချပေးလိုက်တဲ့ လူတိုင်းနဲ့မဆိုင်တဲ့ မိုးကျရွှေကိုယ်ခံစားခွင့်တစ်ခုသက်သက်ပဲပေါ့။

မဟုတ်ပါဘူး။ အဲဒီအပေါ်မှာ ပြောခဲ့တဲ့ အချက်အလက်တွေအားလုံး သွေးထွက်အောင်မှားယွင်းနေတယ်ဆိုတာ ကျွန်တော်ဒီနေရာကနေပြီး အကြောက်အကန်ငြင်းဆိုပါတယ်။

လူ့အခွင့်အရေးဆိုတာ လွယ်လွယ်နားမလည်နိုင်လောက်အောင် ရှပ်ထွေးပွေလီနေတဲ့ သပွတ်အူဝါဒတစ်ခု လုံးဝမဟုတ်သလို ကြောက်စရာကောင်းလှတဲ့ နိုင်ငံရေးကျိန်စာတစ်ပုဒ်လည်းမဟုတ်ပါဘူး။

အမှန်တကယ်ကတော့ လူ့အခွင့်အရေးဆိုတာ ကမ္ဘာပေါ်မှာ ကိုယ့်ကိုကိုယ်လူလို့ သိထားကြတဲ့ လူသားတိုင်း မမွေးဖွားခင်ကပဲ ပိုင်ဆိုင်ပြီးသားဖြစ်တဲ့ အလွန်ရိုးရှင်းသော မွေးရာပါလက်ဆောင်မွန် တစ်ခုဆိုတာကလွဲလို့ အခြားဘာအသွင်သဏ္ဌန်တစ်ခုမှ မဟုတ်ခဲ့ပါဘူး။

မွေးရာပါလက်ဆောင်မွန်ဆိုတာက ကျွန်တော်တို့ မွေးကတည်းက ကပ်ပြီးပါလာတဲ့ အရေပြားတစ်စုံလိုပဲ လူတိုင်းရဲ့ မွေးရာပါခံစားခွင့်တစ်ခုလို့ ဆိုလိုလိုက်ခြင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် ၀မ်းနည်းစရာက အဲဒီလူသားတိုင်း ပိုင်ဆိုင်ခွင့်ရှိတဲ့ မွေးရာပါအရေခွံကို လုံး၀၀တ်ဆင်ခွင့်မရှိပဲ မွေးဖွားကြီးပြင်းလာရတဲ့ သနားစရာလူတွေ ဟောဒီကမ္ဘာမြေပေါ်မှာ ဒုနဲ့ဒေး ရှိနေသေးတယ်ဆိုတာကိုပါ။ အဲဒီသနားစရာ လူတွေထဲမှာ ခင်ဗျားတို့ ကျွန်တော်တို့အပါအ၀င် မြန်မာပြည်သား သန်းပေါင်း(၆၀)လောက်က ရှေ့ဆုံးကပါဝင်နေခဲ့တယ်ဆိုတဲ့ အချက်ကတော့ အဲဒီဝမ်းနည်းစရာကို ခြောက်ခြားစရာတစ်ခုအဖြစ် အသွင်ပြောင်းလဲပြစ်ခဲ့ပါတယ်။


လူသားတစ်ယောက်ဖြစ်ရက်နဲ့ ကိုယ်ပိုင်အရေခွံလေးတောင် ၀တ်ဆင်ခွင့်မရှိတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ဘ၀ဟာ သွေးရဲရဲ သံရဲရဲနဲ့ ခြောက်ခြားစွာ အကျည်းတန်လွန်းလှပါတယ်။

အဲဒါကလည်း အပေါ်မှာပြောခဲ့သလို ကျွန်တော်တို့က အရေပြားမဲ့စွာနဲ့ မွေးဖွားလာခဲ့ခြင်းမျိုးမဟုတ်ပဲ မွေးဖွားခဲ့ပြီးမှ အဲဒီအရေပြားကို ရက်ရက်စက်စက် ချွတ်ယူခြင်းခံလိုက်ရတာမျိုးဖြစ်ပါတယ်။

ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ်လှပနေရမယ့် အရေပြားတစ်ခုကို ကိုယ်ပိုင်ဝတ်ဆင်ခွင့်မရတဲ့ လူတွေလောက် လူဖြစ်ရှုံး အော့နှလုံးနာစရာ ကောင်းတဲ့လူရယ်လို့ ဒီကမ္ဘာပေါ်မှာ ရှိမနေနိုင်တော့ပါဘူး။ ခန္ဓာကိုယ်ပေါ်မှာ အရေပြားမရှိတဲ့ ကိစ္စဟာ လူသားတစ်ယောက်အနေနဲ့ အခြားအခြားသော ရှက်စရာကောင်းတာတွေနဲ့ဘယ်လိုမှ နိုင်းယှဉ်လို့မရအောင်ပင် အလွန်ရှက်စရာကောင်းလှတဲ့ ကိစ္စတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။

အဲဒီတော့လည်း ကိုယ့်အရေပြားကိုယ်ပြန်လိုချင်တဲ့ လူတွေက "ငါဟာပြန်ပေး ငါဟာပြန်ပေး" ဆိုပြီး မုန့်လုစားခံရတဲ့ ကလေးငယ်တွေလို ငိုယိုပြီးပြန်လည်တောင်းယူမိခဲ့ကြတာပေါ့။

ဒါပေမယ့်ကိုယ့်အရေပြားကိုယ် ပြန်လည်ပိုင်ဆိုင်ဖို့ တရားဝင်တောင်းဆိုမှုတွေကို လူ့အခွင့်အရေးချိုးဖောက်တဲ့ လက်နက်ကိုင်လူတစ်စုက နိုင်ငံတော်ကိုပုန်ကန်နေပါပြီဆိုပြီး အကြမ်းဖက်နှိပ်နင်းခဲ့လေတော့ လူတွေရဲ့ငိုသံဟာ ခြောက်ခြောက်ကပ်ကပ်နဲ့ ပြန်လည်တိတ်ဆိတ်ခဲ့ရတယ်။

အဲဒီအခါမှာ အဲဒီလိုတောင်းဆိုမိခဲ့တဲ့ လူတွေကိုယ်တိုင်ကတောင် ငါတို့ခန္ဓာပေါ်မှာ အရေပြားတစ်ခုရှိသင့်တယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားလို့ ကိုယ့်ကိုကိုယ်တောင် သံသယပြန်ဝင်လာကြတော့တာပါပဲ။ အဲဒီကမှတစ်ဆင့် လူတွေဟာ အရေခွံမရှိတဲ့ ဘ၀ကိုတစ်ဖြည်းဖြည်းနဲ့ နေသားကျလာခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီလို နေသားကျနေတယ်ဆိုတာကလည်း သက်တောင့်သက်သာ နေသားကျခြင်းမျိုးမဟုတ်ပဲ ပေဖြစ်တော့လည်းခံရတော့မှာပေါ့ဆိုတဲ့ ပေတုံးတစ်တုံးရဲ့ အထုအနှက်ခံဘ၀ကို ကျင့်သားရနေသလို နေသားကျမှုမျိုးပဲဖြစ်နေခဲ့ပါတယ်။

ဒါဆို ဘာဖြစ်လို့များ ကျွန်တော်တို့အားလုံးရဲ့ အရေခွံတွေကို အဲဒီလူတစ်စုက အညိုးရမ္မက်ကြီးစွာနဲ့ လိုက်လံခွါယူနေကြတာလည်းလို့ အဖြေရှာကြည့်လိုက်တော့ လယ်ပြင်မှာ လင်းတတွေ အပြုံလိုက်နားနေသလို ထင်ရှားတဲ့ အဖြေတစ်ခုထွက်ပေါ်လို့လာခဲ့ပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ သူတို့ရဲ့အကျည်းတန်တဲ့ အနာဂါတ်တွေမှာ ပိုမိုလှပစွာဝတ်ဆင်နိုင်ဖို့ လောဘ၀တ်စုံအကြီးကြီးတစ်ခု ကြိုတင်ချုပ်လုပ်ရန်အတွက်ပဲ ဖြစ်ပါတယ်။

လူတွေအားလုံးပိုင်ဆိုတဲ့ လူ့အခွင့်အရေးတွေအားလုံးကို လူတစ်စုစာပစ္စည်းတွေအဖြစ် အတင်းအဓမ္မ သိမ်းကျုံးယူငင်ပြီး သူတို့ရဲ့ကိုယ်ပိုင်အတ္တတွေကို အရောင်တွေ တောက်သထက်တောက်အောင် လောဘဆေးတွေ ဆိုးနေကြခြင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် သူတို့တွေ သေချာမတွေးမိတာက ကိုယ့်ကိုယ်ပိုင်အရေပြားနဲ့ချပ်ချပ်ရပ်ရပ်လှပပြီးသား လူတစ်ယောက်ဟာ သွေးသံတွေရဲနေတဲ့ အခြားသူတွေရဲ့အရေခွံတွေကို ထပ်မံဝတ်ဆင်လိုက်ခြင်းအားဖြင့် ပိုမလှလာတဲ့အပြင် နဂိုရှိရင်းစွဲ အရေခွံရဲ့အလှကိုတောင် ပျက်ပြားသွားစေနိုင်တယ်ဆိုတာကိုပါ။

လူတစ်စုရဲ့ အနာဂါတ်ခန္ဓာကိုယ်တွေပိုမိုလှပအောင်မွမ်းမံဖို့ လူသန်းပေါင်းများစွာရဲ့ အရေခွံတွေကိုလိုက်လံခွါယူနေတဲ့ ကိစ္စဟာ နှစ်ဦးနှစ်ဖက်ဘယ်လိုမှ အကျိုးဖြစ်ထွန်းမှုမရှိနိုင်တဲ့ စိတ်ဖောက်ပြန်နေတဲ့ဝါဒတစ်ခု သက်သက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အာဏာဂုဏ်မောက်နေတဲ့လူတွေဟာ အမှန်တရားကိုအချိန်မှီပြုပြင်ဖို့ တိုက်တွန်းပြောဆိုချက်တွေကို မသိသလိုလစ်လျှရှုကာ ပေါက်တဲ့နဖူးမထူးတော့ဘူးကွာဆိုပြီး ရှက်ရမ်းတွေဆက်ရမ်းခဲ့ကြပါတယ်။

ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့နွားငါကျောင်း ကျောက်ပန်းတောင်းရောက်ရောက်ဇာတ်ခင်းနေကြတဲ့ အဲဒီလူစုဟာ လှေတွေ၊ နွားတွေအားလုံးကို သူတို့ဘိုးဘွားပိုင်ပစ္စည်းတွေအဖြစ် မတရားသတ်မှတ်ခဲ့ကြပါတယ်။

အဲဒါတွေကြောင့်လည်း ယ္ခုလက်ရှိမြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်သူ လက်နက်ကိုင်လူတန်းစား (အရေခွံခွါယူနေသူများ) နဲ့ လူ့အခွင့်အရေးအချိုးဖောက်ခံကျောမွဲပြည်သူများ (အရေခွံအစိမ်းလတ်လတ်ချွတ်ခံရသူများ) ဆိုပြီးဆန့်ကျင်ဘက်လူတန်းစားနှစ်ရပ် သိသိသာသာကွဲပြားလာခဲ့ပါတယ်။

့ အလွန်အမင်းကြွယ်ဝချမ်းသာမှုနှင့် အဆုံးစွန်ဆင်းရဲမွဲတေမှုတို့ အပြိုင်အဆိုင် ကျောခြင်းယှဉ်ရပ်နေခြင်း လို့ပြောရင်လည်း မမှားပါဘူး။

အဲဒီလို လူတန်းစားကွာဟမှုမျဉ်းကြောင်းကြီး အကျဲဆုံးဖြစ်နေတဲ့ အနေအထားက နိုင်ငံကြီးလုံးဝဥသုန်ပျက်စီးနေတာကို ထင်ရှားစွာ မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။

ပထ၀ီမြေပုံပေါ်မှာကြည့်မယ်ဆိုရင်တော့ သွေးသံရဲရဲနဲ့ အရေခွံမဲ့နေတဲ့ မြန်မာပြည်မြေပုံကြီးကို ပုပ်ရှကွဲအက်နေတဲ့ အနာအိုင်းကြီးတစ်ခုအနေနဲ့ သွေးပျက်ခြောက်ခြားစွာတွေ့မြင်နိုင်ပါတယ်။

သမိုင်းရှုထောင့်ကကြည့်မယ်ဆိုရင်လည်း အရုပ်ဆိုးအကျည်းတန်တဲ့ အဲဒီလူ့အခွင့်အရေးချိုးဖောက်မှုကြီးကို မြန်မာ့သမိုင်းရဲ့ အဆိုးရွားဆုံးဆုတ်ကပ်ကြီးတစ်ခုအနေနဲ့ တွေ့မြင်နိုင်ပါတယ်။ အရင့်အရင် သမိုင်းတွေမှာ ဖတ်ရှုခဲ့ရတဲ့ ပလိပ်ကပ်လိုဆုပ်ကပ်ကြီးတွေကတောင် လက်မြောက်အရှုံးပေးရလောက်အောင် ယ္ခုလက်ရှိခံစားနေရတဲ့ ဆုတ်ကပ်ကြီးက ဆိုးရွားပြင်းထန်လွန်းနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေဖန်တီးထားတဲ့ အဲဒီဆုတ်ကပ်ဆိုးကြီးက သဘာဝကဖြစ်လာခဲ့တဲ့ ဆုတ်ကပ်တွေထက် အဆပေါင်းများစွာ လူတွေကို အထိနာစေခဲ့လို့ပဲဖြစ်ပါတယ်။ ပလိပ်ကပ်ကြီးကျရောက်စဉ်အချိန်အခါက လူတွေဟာ မြို့ရွာအိုးအိမ်တွေကို စွန့်ခွါထွက်ပြေးပြီး ရောဂါကြီးအကင်းသေတဲ့အထိ နိုင်ငံအတွင်း အခြားဘေးလွတ်ရာနေရာတွေမှာ ပုန်းရှောင်ခွင့်ရခဲ့ကြပေမယ့် အာဏာရူးတွေကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ အဲဒီဆုတ်ကပ်ကြီးကတော့ နိုင်ငံတစ်ခုလုံး လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန်အောင် ကူးစက်ပျံ့နှံ့နေတဲ့အတွက် သနားစရာလူတွေဟာ ပြေးစရာမြေမရှိတဲ့အပြင် ကုရာနတ္ထိဆေးမရှိလည်း ဖြစ်နေခဲ့ပါတယ်။

ကျွန်တော်တို့မြန်မာပြည်ရဲ့ အနာဂါတ်ကလေးငယ်တွေဟာ ဇာတ်တူသားစားတဲ့ ဟင်္သာကိုးသောင်းထက် အဆပေါင်းများစွာ အော့နှလုံးနာစရာကောင်းလှတဲ့ ဇာတ်တူသားစားတဲ့ လူတွေအကြောင်းကို သမိုင်းဖတ်စာတွေအဖြစ် နောင်တချိန်မှာ ရင်နာနာနဲ့ သင်ယူရကြတော့မှာ ဖြစ်ပါတယ်။

ဘယ်လိုရှုထောင့်တွေကပဲကြည့်ကြည့် ကျွန်တော်ကတော့ အဲဒီလူမဆန်တဲ့ အခွင့်အရေးချိုးဖောက်မှုကြီးကို သားသတ်ရုံက သွေးပေါင်းစုံစွန်းထင်းနေတဲ့ သားသတ်ဓားတစ်လက်ထက်ပိုပြီး မမြင်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သွေးညှီနံ့တစ်ခု မပျောက်ခင် နောက်ထပ်သွေးတွေထပ်ထပ်စွန်းနေတဲ့ အဲဒီသားလှီးဓားကြီးရဲ့အောက်မှာ မြန်မာပြည်ရဲ့လူ့အခွင့်အရေး အရေခွံကြီး သွေးဟုန်းဟုန်းတောက်အောင် ခွါယူခြင်းခံခဲ့ရလို့ပဲဖြစ်ပါတယ်။

နိုင်ငံသားတိုင်းတူညီတဲ့ ဂုဏ်သိက္ခာပိုင်ဆိုင်ရေး၊ နိုင်ငံသားတိုင်း တူညီတဲ့ အခွင့်အရေးရရှိရေး၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ယုံကြည်ပြောဆိုခွင့်ရှိရေး အစရှိတဲ့ အခြေခံ အရေပြားကြီး ကာကွယ်ဝတ်ဆင်ခွင့် မရရှိတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ပညာရေးနိမ့်ကျမှု၊ စီးပွါးရေးချွတ်ခြုံကျမှု၊ နိုင်ငံရေးမတည်ငြိမ်မှု အစရှိတဲ့ ကူးစက်ရောဂါပေါင်းမြောက်များစွာကို ခြောက်ခြောက်ခြားခြားရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

တကယ်လို့ အုပ်ချုပ်သူ အာဏာပိုင်တွေအနေနဲ့ ၎င်းတို့နေထိုင်ကြီးပြင်းခဲ့ရတဲ့ နိုင်ငံတော်ကြီး ရောဂါဘယကင်းစင်ပြီး ကျန်းကျန်းမာမာရှိနေတာကို တကယ်ပဲမြင်ချင်တဲ့ စိတ်စေတနာအမှန် ရှိနေသေးတယ်ဆိုရင်တော့ အဲဒီလူ့အခွင့်အရေးဆိုတဲ့ မွေးရာပါအရေခွံကြီးကို ပြန်လည်လွမ်းခြုံပေးဖို့ အချိန်တွေသိပ်မနှောင်းသေးပါဘူး။

ဒါနဲ့တောင် အမှန်ကိုမမြင်နိုင်သေးပဲ ဆက်လက်မိုက်တွင်းနက်နေဦးမယ်ဆိုရင်တော့ အဲဒီအကာအကွယ်မဲ့နေတဲ့ သွေးရဲရဲသံရဲရဲ ခန္ဓာကိုယ်ကြီးကို တစ်စစီဝါးမြိုစားသောက်တော့မယ့် အမျိုးအမည်ဖော်ပြခြင်းငှာ မစွမ်းသာတဲ့ အခြားသောအခြားသောကူးစက်ရောဂါတွေ အမှောင်ထုတွေထဲကနေ ညာသံပေးချီတက်လာနေပြီ ဖြစ်တဲ့အကြောင်း အရေခွံငတ်နေတဲ့ လူသားတွေကိုယ်စား ကျွန်တော့်အာခေါင်တွေခြစ်ထုတ်ပြီး ရင်ကွဲနာကျစွာ ဟစ်အော်လိုက်ပါတယ်။

<မင်းတစေ>


(မှတ်ချက်။ကျွန်တော်တို့ မ၀တ်ဖူးခဲ့တဲ့ အရေခွံကြီးကို မြင်ဖူးချင်တယ်ဆိုရင်တော့ အောက်မှာခင်းကျင်းပြသထားပါတယ်။ မြင်ဖူးပြီးသား လူတွေလည်းစိတ်ကူးနဲ့ ထပ်မံဝတ်ဆင်ကြည့်နိုင်ပါတယ်။)


အပိုဒ် ၁

လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီ လွတ် လပ် သော အခွင့် အရေး များဖြင့် လည်းကောင်း၊ မွေးဖွား လာသူများ ဖြစ်သည်။ ထိုသူ တို့၌ ပိုင်းခြား ဝေဖန် တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ် သော စိတ်တို့ ရှိကြ၍ ထိုသူ တို့သည် အချင်းချင်း မေတ္တာ ထား၍ ဆက်ဆံ ကျင့်သုံး သင့်၏။

အပိုဒ် ၂

လူတိုင်းသည် လူ့အခွင့် အရေး ကြေညာ စာတမ်းတွင် ဖော်ပြ ထားသည့် အခွင့် အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံး တို့ကို ပိုင်ဆိုင် ခံစားခွင့် ရှိသည်။ လူမျိုးနွယ် အားဖြင့် ဖြစ်စေ၊ အသား အရောင် အားဖြင့် ဖြစ်စေ၊ ကျား ၊ မ ၊ သဘာဝ အားဖြင့် ဖြစ်စေ၊ ဘာသာ စကာား အားဖြင့် ဖြစ်စေ၊ ကိုးကွယ် သည့် ဘာသာ အားဖြင့် ဖြစ်စေ၊ နိုင်ငံရေး ယူဆချက်၊ သို့တည်း မဟုတ် အခြား ယူဆချက် အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်း မဟုတ် လူမှု အဆင့် အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့် ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုး ဇာတိ အားဖြင့် ဖြစ်စေ၊ အခြား အဆင့် အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်း
မရှိစေရ။
ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေ ဒေသ ၏ နိုင်ငံရေး ဆိုင်ရာ ဖြစ်စေ စီရင် ပိုင်ခွင့် ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင် ရာဖြစ်စေ၊ အဆင့် အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသ နယ် မြေ တစ်ခုသည် အချုပ် အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်း မဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ် တဒေသ လောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။

အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှု ခွင့်နှင့် လုံခြုံ စိတ်ချခွင့် ရှိသည်။

အပိုဒ် ၎
မည်သူကိုမျှ ကျေးကျွန် အဖြစ်၊ သို့တည်း မဟုတ် အစေအပါး အဖြစ်၊ နိုင်ထက် စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန် သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ် ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်း ဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။

အပိုဒ် ၅
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်း မဟုတ် ရက်စက် ကြမ်းကြုတ်စွာ လူ မဆန် စွာ ဂုဏ်ငယ် စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်း မပြုရ။

အပိုဒ် ၆
လူတိုင်းတွင် ဥပဒေ အရာ၌ လူပုဂ္ဂိုလ် တစ်ဦး အဖြစ်ဖြင့် အရာ ခပ်သိမ်းတွင် အသိ အမှတ် ပြုခြင်းကို ခံယူ ပိုင်ခွင့် ရှိသည်။

အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေ အရာ၌ တူညီ ကြသည့် အပြင်၊ ဥပဒေ၏ အကာအကွယ် ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။ ဤကြေညာ စာတမ်းပါ သဘော တရား များကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ ခွဲခြားခြင်းကို
လှုံဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာ အကွယ်ကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၈
ဖွဲ့စည်းပုံအခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်း အတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီး ခြင်းခံ ခဲ့ရလျှင် ထိုသို့ ချိုးဖောက် ဖျက်ဆီးသော ပြုလုပ် မှုကြောင့် ဖြစ်ပေါ် လာသော
နစ်နာချက် အတွက် ထိုသူသည် နိုင်ငံ ဆိုင်ရာ အာဏာပိုင် တရားရုံးတွင် ထိရောက် စွာ သက်သာ ခွင့် ရနိုင် စေရမည်။

အပိုဒ် ၉
မည်သူမျှ ဥပဒေ အရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင် ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကို ဖြစ်စေ မခံစေရ။

အပိုဒ် ၁၀
အခွင့်အရေးများနှင့် တာဝန် ၀တ္တရား များကို အဆုံးအဖြတ် ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရား စွဲဆို စီရင် ဆုံးဖြတ် ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက် သော တရား ရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာ စစ်ဆေး ခြင်းကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၁၁
(၁) လူအများ ရှေ့မှောက်၌ ဥပဒေ အတိုင်း စစ်ဆေး၍ ပြစ်မှု ကျူးလွန် သည်ဟု ထင်ရှား စီရင်ခြင်း ခံရသည့် အချိန် အထိ ပြစ်မှုနှင့် တရား စွဲဆိုခြင်း ခံရသူ တိုင်းသည် အပြစ်မဲ့သူ ဟူ၍ ယူဆခြင်း ခံထိုက်သည့် အခွင့်အရေး ရှိသည်။ ထိုအမှုကို ကြားနာ စစ်ဆေး ရာဝယ် စွပ်စွဲ ခံရသည့် ပြစ်မှု အတွက် ခုခံ ချေပ နိုင်ရန် လိုအပ်သော အခွင့် အရေး များကို ထိုသူအား ပေးပြီး ဖြစ်စေ ရမည်။
(၂) လူတစ်ဦး တစ်ယောက်အား နိုင်ငံ ဥပဒေ အရ ဖြစ်စေ၊ အပြည်ပြည် ဆိုင်ရာ ဥပဒေ အရ ဖြစ်စေ၊ ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှု အရ ဆွဲဆို ပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှု ကျူးလွန်စဉ် အခါက ထိုက်သင့် စေနိုင်သော
အပြစ် ဒဏ်ထက် ပိုမို ကြီးလေးသော အပြစ် ဒဏ်ကို ထိုက်သင့်ခြင်း မရှိစေရ။

အပိုဒ် ၁၂
မည်သူမျှ မိမိ သဘော အတိုင်း အေးချမ်း လွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်း ကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက် အ၀န်းကို သော်လည်းကောင်း၊ စာပေး စာယူကို သော်လည်းကောင်း၊ ဥပဒေအရ မဟုတ်သော ၀င်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ ဂုဏ်သိက္ခာ ကိုလည်း အထက်ပါ အတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ၀င်ရောက် စွက်ဖက် ခြင်းမှ သော် လည်းကောင်း ပုတ်ခတ် ခြင်းမှ သော်လည်းကောင်း ဥပဒေ အရ ကာကွယ် ပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၃
(၁) လူတိုင်းတွင် မိမိ၏ နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် မိမိ နေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြား တိုင်းပြည်မှ လည်းကောင်း ထွက်ခွာ သွားပိုင်ခွင့် ရှိသည့် အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာ ပိုင်ခွင့်လည်း ရှိသည်။

အပိုဒ် ၁၄
(၁) လူတိုင်းသည် ညှဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြား တိုင်းပြည် များ၌ အေးချမ်းစွာ ခိုလှုံ နေနိုင်ခွင့် ရှိသည်။
(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှု များမှ သော်လည်းကောင်း၊ ကုလ သမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘော တရား မှုများကို ဖီဆန်သော အမှုများမှ သော်လည်း ကောင်း၊ အမှန် ပေါ်ပေါက် လာသော ပြစ်မှုကြောင့် တရား စွဲဆိုခြင်း ခံရသည့် အမှု အခင်း များတွင် အထက်ပါ အခွင့်အရေးကို အသုံး မပြုနိုင် စေရ။

အပိုဒ် ၁၅
(၁) လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသား အဖြစ် ခံယူခွင့် ရှိသည်။
(၂) ဥပဒေ အရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခြင်း မခံ စေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲ နိုင်သော အခွင့်အရေး ကိုလည်း ငြင်းပယ်ခြင်း မခံစေရ။

အပိုဒ် ၁၆
(၁) အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမ တို့တွင် လူမျိုးကို သော်လည်း ကောင်း၊ နိုင်ငံသား အဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော် လည်းကောင်း၊ အကြောင်း ပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြား နိုင်ခွင့် နှင့် မိသားစု ထူထောင် နိုင်ခွင့် ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယား အဖြစ် ပေါင်းသင်း နေစဉ် အချိန် အတွင်း၌ သော်လည်း ကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်း ကြသည့် အခါ၌ လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင် ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေး များကို ရရှိ ထိုက်သည်။
(၂) သတို့သား နှင့် သတို့သမီး နှစ်ဦး နှစ်ဘက်၏ လွတ်လပ်သော သဘော ဆန္ဒရှိမှ သာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။
(၃) မိသားစု တစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝ ကျသော အခြေခံ အဖွဲ့တစ်ရပ် ဖြစ်သည်၊ ထိုမိသားစုသည် လူ့ အဖွဲ့အစည်းနှင့် အစိုးရ တို့၏ ကာကွယ် စောင့်ရှောက် ခြင်းကို ခံယူခွင့် ရှိသည်။

အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦး ချင်းသော်လည်း ကောင်း ၊ အခြားသူ များနှင့် ဖက်စပ်၍ သော်လည်း ကောင်း၊ ပစ္စည်း ဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေး ရှိရမည်။ ဥပဒေ အရ မဟုတ်လျှင်၊ မည်သူမျှ မိမိ၏ ပစ္စည်း ဥစ္စာ ပိုင်ဆိုင် ခွင့်ကို စွန့်လွှတ်ခြင်း မခံ စေရ။

အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆ နိုင်ခွင့်၊ လွတ်လပ်စွာ ခံယူ ရပ်တည် နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ် နိုင်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေး များ၌ မိမိ ကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည် ချက်ကို
လွတ်လပ်စွာ ပြောင်းလဲ နိုင်ခွင့် ပါဝင်သည့် အပြင် မိမိ တစ်ယောက် ချင်းဖြစ်စေ၊ အခြား သူများနှင့် စုပေါင်း၍ ဖြစ်စေ၊ ပြည်သူ အများ ရှေ့မှောက်တွင် သော်လည်း ကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော
ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည် ချက်ကို လွတ်လပ်စွာ သင်ပြ နိုင် ခွင့်၊ ကျင့်သုံး နိုင်ခွင့်၊ ၀တ်ပြု ကိုးကွယ် နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆ နိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြ နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေး များ၌ အနှောင့် အယှက် မရှိဘဲ လွတ်လပ်စွာ ထင်မြင် ယူဆ နိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံ နယ်နိမိတ် များကို ထောက်ထားရန် မလိုဘဲ သတင်း အကြောင်း အရာနှင့် သဘော တရား များကို တနည်း နည်းဖြင့် လွတ်လပ်စွာ ရှာယူ ဆည်းပူး နိုင်ခွင့်၊ လက်ခံ နိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့် တို့လည်း ပါဝင်သည်။

အပိုဒ် ၂၀
(၁) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေး နိုင်ခွင့် နှင့် ဖွဲ့စည်း နိုင်ခွင့် တို့ ရှိသည်။
(၂) မည်သူ ကိုမျှ အဖွဲ့အစည်း တစ်ခုသို့ ၀င်စေရန် အတင်းအကျပ် မပြုရ။
အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိ နိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင် ဖြစ်စေ၊ လွတ်လပ်စွာ ရွေး ချယ် လိုက်သည့် ကိုယ်စားလှယ် များမှ တစ်ဆင့် ဖြစ်စေ ပါဝင် ဆောင်ရွက် နိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏ နိုင်ငံရှိ ပြည်သူ့ ၀န်ထမ်း အဖွဲ့၌ ၀င်ရောက် နိုင်ရန် တူညီသည့် အခွင့် အရေး ရှိသည်။
(၃) ပြည်သူ ပြည်သား တို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံ ဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန် ကာလ ပိုင်းခြားလျက် စစ်မှန်သော ရွေးကောက်ပွဲ များဖြင့် ထင်ရှား စေရမည်။ ရွေးကောက် ပွဲများ တွင်လည်း လူတိုင်း အညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့် အပြင် ၊ ထိုရွေးကောက်ပွဲ များကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေး စနစ် ဖြင့်ဖြစ်စေ၊ ကျင်းပ ရမည်။

အပိုဒ် ၂၂
လူတိုင်းတွင် လူ့အဖွဲ့ အစည်း၏ အဖွဲ့ဝင် တစ်ဦး အနေနှင့် လူမှုရေး လုံခြုံခွင့် ရယူ ပိုင့်ခွင့် ရှိသည့် အပြင် နိုင်ငံရေး ကြိုးပမ်းမှုဖြင့် ဖြစ်စေ၊ နိုင်ငံ တကာ ပူပေါင်း ဆောင် ရွက်မှု ဖြင့်ဖြစ်စေ၊ နိုင်ငံ အသီးသီး၏ ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတ အင်အားနှင့် လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက် လက္ခဏာ လွတ်လပ်စွာ တိုးတက် မြင့်မားရေး အတွက် မရှိမဖြစ် လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး များကို သုံးစွဲ ပိုင်ခွင့် ရှိသည်။

အပိုဒ် ၂၃
(၁) လူတိုင်းတွင် အလုပ် လုပ်ရန် လည်းကောင်း၊ မိမိ နှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ရန် လည်းကောင်း၊ တရား မျှတ၍ လုပ်ပျော် သော အလုပ်ခွင်၏ အခြေ အနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာ အကွယ် ရရှိရန် လည်းကောင်း အခွင့်အရေး ရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်း မခံရ စေဘဲ၊ တူညီသော အလုပ် အတွက် တူညီသော အခ ကြေးငွေ ရနိုင်ခွင့် ရှိသည်။
(၃) အလုပ် လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစု အတွက် လူ့ဂုဏ် သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက် နိုင်ရန်၊ စိတ်ချ လောက်င သည့်ပြင်၊ တရား မျှတ၍ လုပ်ပျော်သည့် လစာ ကြေးငွေ ရပိုင်ခွင့် ရှိသည်။ လိုအပ် ခဲ့လျှင် အခြား နည်းလမ်း များမှ လူမှုရေး အထောက်အပံ့ ကိုလည်း ထပ်မံ၍ ရနိုင်ခွင့် ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံး များ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ် လျော်ကန်စွာ ကန့်သတ် ထားသည့် အလုပ် လုပ်ချိန် အပြင်၊ လစာနှင့် တကွ အခါ ကာလ အားလျော်စွာ သတ်မှတ် ထားသည့် အလုပ် အားလပ် ရက်များ ပါဝင်သည့် အနား ယူခွင့်နှင့် အားလပ်ခွင့် ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၂၅
(၁) လူတိုင်းတွင် မိမိနှင့် တကွ မိမိ၏ မိသားစု ကျန်းမာရေး နှင့်တကွ ကိုယ်စိတ် နှစ်ဖြာ အေးချမ်းစွာ နေထိုင် နိုင်ရေး အတွက် အစာ အဟာရ၊ အ၀တ် အထည် နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက် အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူ ခံစားခွင့် ရှိသည်။ ထို့ပြင် အလုပ် လက်မဲ့ ဖြစ်သော အခါ၌ သော် လည်းကောင်း၊ မကျန်း မမာ ဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန် ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မုဆိုးမ ဖြစ်သော အခါ၌ သော်လည်းကောင်း၊ အသက် အရွယ် အိုမင်းသော အခါ၌ သော် လည်းကောင်း၊ မိမိ ကိုယ်တိုင်က မတတ် နိုင်သော အကြောင်းကြောင့် ၀မ်းစာ ရှာမှီး နိုင်သော နည်းလမ်း မရှိသော အခါ၌ သော်လည်းကောင်း၊နေထိုင်စားသောက် ရေးအတွက် လုံခြုံ စိတ်ချ ရမှု အခွင့်အရေး ရှိသည်။
(၂) သားသည် မိခင် များနှင့် ကလေး များသည် အထူး စောင့်ရှောက် ခြင်းနှင့် အကူ အညီ ပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေ အရ ထိမ်းမြား ခြင်းဖြင့် ဖြစ်စေ အခြား နည်း ဖြင့် ဖြစ်စေ မွေးဖွားသော ကလေး အားလုံးသည် တူညီသော လူမှု ကာကွယ် စောင့်ရှောက် ရေးကို ရယူ ခံစားကြ ရမည်။

အပိုဒ် ၂၆
(၁) လူတိုင်းသည် ပညာ သင်ယူ နိုင်ခွင့် ရှိသည်၊ အနည်းဆုံး မူလတန်းနှင့် အခြေခံ အဆင့် အတန်း များတွင် ပညာ သင်ကြား ရေးသည် အခမဲ့ ဖြစ်ရမည်။ မူလတန်း ပညာ သည် မသင် မနေရ ပညာ ဖြစ်ရမည်။ စက်မှု လက်မှု ပညာနှင့် အသက် မွေးမှု ပညာ များကို ယေဘူယျ အားဖြင့် သင်ကြား ရယူ နိုင်စေ ရမည်။ ထို့ပြင် အထက်တန်း ပညာ အတွက် အရည်အချင်းကို အခြေခံ ပြု၍ တူညီသော အခွင့်အရေး ရရှိစေ ရမည်။
(၂) ပညာ သင်ကြား ရေးကို လူသား တို့၏ စရိုက် လက္ခဏာ အပြည့်အ၀ တိုးတက်မှု အပြင်၊ လူ့ အခွင့် အရေးနှင့် အခြေခံ လွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို ရှင်သန် ဖွံ့ဖြိုး လာစေရန် ရည်ရွယ်၍ သင်ကြား စေရမည်။ ပညာ သင်ကြား ရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစု များတွင် လည်းကောင်း၊ ဘာသာရေး အသင်း အဖွဲ့ များတွင် လည်းကောင်း၊ အချင်းချင်း နားလည်မှု၊ သည်းခံ မှုနှင့် ခင်မင် ရင်းနှီးမှု တို့ကို အားပေး ရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှါ၊ ကုလ သမဂ္ဂ၏ ဆောင်ရွက်မှု များကိုလည်း ဖြစ်မြောက် အောင် အားပေး ရမည်။
(၃) မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူ ရမည့် ပညာ အမျိုး အစားကို ရွေးချယ် နိုင်သော လက်ဦး အခွင့်အရေး ရှိသည်။

အပိုဒ် ၂၇
(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမ ပညာရပ် များကို လွတ်လပ်စွာ လိုက်စား မွေ့လျော် နိုင်ခွင့်၊ သိပံ္ပ ပညာ ထွန်းကားရေး လုပ်ငန်း များတွင် လွတ်လပ်စွာ ၀င်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင် များကို လွတ်လပ်စွာ ခံစား သုံးစွဲ နိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် သိပံ္ပမှ ဖြစ်စေ၊ စာပေမှ ဖြစ်စေ၊ သုခုမ ပညာမှ ဖြစ်စေ၊ မိမိ ကိုယ်ပိုင် ဥာဏ်ဖြင့် ကြံစည် ဖန်းတီး မှုမှ ဖြစ်ထွန်း လာသည့် ဂုဏ်နှင့် ငွေကြေး အကျိုး အမြတ် များကို ခံစား ရယူ နိုင်ရန် အခွင့်အရေး အတွက် ကာကွယ် မှုကို ရရှိရန် အခွင့်အရေး ရှိသည်။

အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြ ထားသည့် အခွင့် အရေး များနှင့် လွတ်လပ်ခွင့် များကို အပြည့် အစုံ ရယူ နိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည် ဆိုင်ရာ ဆက်ဆံရေး အခြေအနေ တို့၏ အကျိုး ကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။

အပိုဒ် ၂၉
(၁) မိမိ၏ စရိုက် လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက် နိုင်သည့် တစ်ခုတည်း သော လူ့ အသိုက်အ၀န်း အတွက် လူတိုင်း၌ တာဝန် ရှိသည်။
(၂) မိမိ၏ အခွင့်အရေး များနှင့် လွတ်လပ် ခွင့်များကို သုံးစွဲ ရာတွင် လူတိုင်းသည်၊ အခြား သူများ၏ အခွင့်အရေး များနှင့် လွတ်လပ်ခွင့် များကို အသိ အမှတ် ပြု၍ ရိုသေ လေးစား စေရန် အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီ ကျင့်သုံးသော လူ့အဖွဲ့ အစည်း တွင် ကိုယ်ကျင့်တရား အပြင်၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ပြည်သူ့ အကျိုး စီး ပွား ဖြစ်ထွန်း ရေးတို့ အတွက်၊ တရား မျှတစွာ ကျင့်ဆောင်ရန် အလို့ငှာ လည်း ကောင်း၊ ဥပဒေက ပြဌာန်း ထားသည့် ချုပ်ချယ်မှု များဖြင့်သာ ကန့်သတ်ခြင်း ခံရမည်။
(၃) အဆိုပါ အခွင့်အရေး များနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စ တွင်မျှ ကုလ သမဂ္ဂ၏ ရည်ရွယ်ချက် များနှင့် လည်းကောင်း၊ အခြေခံမူများနှင့် လည်း ကောင်း ဆန့်ကျင်၍ မသုံးစွဲရ။

အပိုဒ် ၃၀
ဤကြေညာ စာတမ်းပါ အခွင့်အရေး နှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာ ပျက်စီး ကြောင်း တို့ကို ရည်ရွယ်၍၊ နိုင်ငံ တစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စု အတွက် ဖြစ် စေ၊ လူတစ်ဦး တစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့် ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင် ဆောင်ရွက်ရန် အခွင့် ရှိသည်ဟု သော် လည်း ကောင်း အဓိပ္ပါယ် ပိုင်းခြား ကောက်ယူခြင်း မရှိစေရ။


ကိုမင်းတစေဘလော့ဂ်မှ ကူးယူဖေါ်ပြပါသည်။

လတ်တလော စဉ်းစားမိသမျှ

လူတိုင်းကိုယ်စီကိုယ်ငှ ဘ၀မှာ တွေ့ကြုံဖြတ်သန်းခဲ့ရတာတွေကနေ သင်ခန်းစာတွေရပြီး ကိုယ့်ဘ၀အတွက် ခံယူချက်တွေ မျှော်လင့်ချက်တွေ အတွေးခေါ်တွေက ပိုပြီးတော့ ခိုင်မာပီပြင်လာတာတွေ ရှိသလို ပြောင်းလဲသွားတာ ပျောက်ဆုံးသွားတာတွေလဲ ရှိသတဲ့။
သူများတွေအတွက်တော့ မသိဘူး။ ကျမငယ်ငယ်ကတည်းကတော့ ဘယ်သူ့ကိုမှ မနှောက်ယှက်၊ နင်လဲ နင်လမ်း နင်သွား၊ ငါလည်း ငါ့လမ်း ငါသွား၊ ကိုယ်ကြိုက်တာကိုယ်လုပ် တပါးသူ မထိခိုက်ရင် ပြီးရောလို့ ထင်မှတ်ခဲ့တယ်။ သူ့အတွက်အမှန်တရားက ကိုယ့်အတွက် မှန်ချင်မှ မှန်မှာဖြစ်သလို ကိုယ်ထင်ထားတဲ့ အမှန်တရားဆိုတာကလည်း သူများအတွက် မှားချင်မှားမှာပေါ့။ ဘာပဲဖြစ်ဖြစ် ကျမကတော့ ခေါင်းမာသူပီပီ ကိုယ်မှန်မယ်ထင်ရင် ဘယ်သူတားတား သွားတာပါပဲ။ လုပ်တာပါပဲ။

ခံယူချက်ကြီးကြီးမားမားတော့ မရှိပါဘူး။ ကိုယ်က အများကိုကူညီနိုင်တဲ့သူဖြစ်ပြီး ကိုယ့်ကြောင့် သူများပျော်ရွှင်မယ်ဆိုရင် ကိုယ့်မျက်ရည်နဲ့ ရင်းရလဲ ၀မ်းသာကျေနပ် တတ်တာပါ။ ဖြေတတ်မယ်ဆိုရင်လဲ နေတတ်စရာ ဘ၀တခုကို ရထားတယ်လို့လဲ ထင်မိပါတယ်။ ဒါပေသိ အသက်ကြီးလာလေလေ ကိုယ့်ရဲ့ ပေးဆပ်နိုင်စွမ်းကပဲ လျော့နည်းလာလေလေလို့ ထင်ရပါတယ်။ ကိုယ်က ကူညီချင်တိုင်းလဲ ကူညီပေးရမဲ့သူတွေက များသထက်များလာပြီး နောက်ဆုံးတော့ နင့်ကိုလဲ သနားပါတယ်။ ငါ့ကိုလဲ ကယ်ပါဦး ဆိုတဲ့ အခြေအနေကို ဆိုက်နေတာပေါ့။

မျှော်လင့်ချက်တွေကတော့ ဖြစ်နိုင်တာထက် ပိုပြီးတော့ပဲ မျှော်မှန်းမိသလားမသိပါဘူး။ ဖြစ်မလာတာတွေက များလွန်းပါတယ်။ ဘယ်သူ့ ဘယ်သူ့ကိုမှတော့ တရားခံမရှာချင်တော့ပါဘူး။ ဇကာတင်အရွေးခံရပြီးတိုင်းမှာမှ အရာထူးအရာခံ သားသမီးမဟုတ်ခဲ့လို့ အကြိမ်ပေါင်းများစွာ ကျန်ရစ်ခဲ့ဖူးသူပါ။ ၀မ်းနည်းလို့ ကျရတဲ့ မျက်ရည်တိုင်းသာ နျူကလီးယားဖြစ်မယ်ဆိုရင် မတရားအနိုင်ကျင့်ခဲ့သူတွေကို ပြန်တုန့်ပြန်ဖို့ လက်နက်ကောင်းဖြစ်မှာပါ။ ဘုရားဟောကတော့ ရှိတယ်မဟုတ်လား။ ပြုသူအသစ် ဖြစ်သူအဟောင်းပေါ့။ ကိုယ်ပဲ ၀ဋ်ကြွေးရှိလို့ ဒီဘ၀မှာ ဒီလိုနေရာမှာ ဒီစနစ်နဲ့ လူလာဖြစ်ရတယ်မဟုတ်လား။

အတွေးအခေါ်ကတော့ ခပ်ပါးပါးပဲ တွေးတတ်သလို အတုံးလိုက်အတစ်လိုက် တွေးမိတာတွေလဲ ရှိပါတယ်။ အကောင်းတွေ တွေးရင် အတွေးတွေကောင်းတယ်ဆိုကြပေမဲ့ ကိုယ်ကကောင်းတိုင်း ကြိုးစားတိုင်းလည်း အကောင်းမဖြစ်တာတွေများတော့ အဆိုးမြင်လာသလားလဲ မပြောတတ်ပါဘူး။ ဒီတော့ အတွေးတွေလဲ ဆိုးလာမှာပေါ့။ အဆိုးမြင်ဝါဒီပဲဖြစ်နေလား မသိပါဘူး။ "မြန်မာပြည်ကြီး စီးပွါးရေးတွေ တနေ့ထက်တနေ့ အရမ်းတိုးတက်ပါတယ်" တဲ့။ အဲဒီထဲမှာ ကိုယ်လခတိုးတာ မပါဘူးလေ။ ကိုယ်ခါးကျိုးအောင် လုပ်ရတာ ပင်ပန်းရတာနဲ့ ကိုယ်ပြန်ရတဲ့ ၀င်ငွေ၊ မရှိမဖြစ်သုံးရတဲ့ ထွက်ငွေ မမျှတိုင်း အကောင်းမမြင်နိုင်ဘူးဗျာ။ "သခင်လုပ်မလား၊ ကျွန်ခံမလား" မေးတော့လဲ အတွေးထဲမှာ ဘယ်ဟာ ထမင်းဝသလဲ ဆိုတာကိုပဲ စိတ်ဝင်စားသဗျ။ ဟုတ်တယ်လေ`သခင်လုပ်မှာလား၊ ကျွန်လုပ်မှာလား´ လို့ တွေ့တဲ့လူတိုင်းကို မေးလိုက်ပါ။ `ကျွန်လုပ်မယ်´ လို့ ဖြေတဲ့လူ တယောက်မှ မရှိပါဘူး။ `သခင်လုပ်မယ်´ ဆိုတဲ့ အဖြေက သိပ်ဖြေလို့ကောင်းတာကိုး။ ငါးနှစ်သားကလေးကို သွားမေးရင်တောင် `အနော်လဲ သခင်ပဲ လုပ်မှာ´ လို့ ဖြေပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အခုလောလောဆယ် အနေအထားက သခင်ဖြစ်နေတာလား၊ ကျွန်ဖြစ်နေတာလား။ (ကိုစေးထူးရဲ့ ပို့စ်တခုမှာ အဲဒီစာသားလေးဖတ်လိုက်မိတယ်)

"ဆွမ်းကွမ်းမလုံလောက်တဲ့ ဘုန်းကြီးကျောင်းဆိုတာ ဗမာပြည်မှာ မရှိသလောက်ပဲလို့" ပြောတဲ့သူရှိတော့လဲ အဲဒီသူက မြန်မာပြည်အနှံ့ မပြောပါနဲ့ဦး။ ရန်ကုန်မြို့ အနှံ့တောင်ရောက်ဖူးရဲ့လား ဆိုတာလိုမျိုး တွေးမိနေသေးတော့ ကိုယ့်ရဲ့ အတွေးအခေါ် ကပဲ ကန့်လန့်တိုက်နေသလား ဒါမှမဟုတ် အဆိုးမြင်တတ်နေတာလားလို့ ပဲ ကိုယ့်ကိုယ်ကို အပြစ်ပုံချပြီး နှုတ်တုန့်ပြန်ပြောချင်စိတ်လဲမရှိတော့ပါဘူး။ ပြောပြန်ရင်လဲ မြန်မာမှာက တစ်ခုခု ညိတာနဲ့ ကွိမှာကိုးဗျ။

နောက်ထပ် စိတ်ပျက်စရာက ကျောင်းနေအရွယ်ကလေးတွေ လမ်းပေါ်ထွက် အလုပ်လုပ်နေရတဲ့ ကိစ္စ။ မြို့ပေါ်မှာလဲ မြို့ပေါ်အလျှောက် အဲလိုကလေးတွေတွေ့နေရသလို ကျေးလက်မှာလဲ ကျောင်းမတက်နိုင်ကြဘူး။ အဲလိုဘ၀တွေကို ဆယ်တင်ချင်တယ်။ ကိုနေဘုန်းလတ် ဘလော့ဂ်က ပို့စ်တစ်ခုမှာလဲ တပိုင်းတစ တင်ထားတယ်။ အဲဒါအဖြစ်မှန် လက်ရှိအခြေအနေတွေပါ။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လဲ
ကလေးတွေကို ကျောင်းထားပေးဖို့ ကျမတို့ စဉ်းစားဖူးတယ်။

ပြောမယ်ဆိုရင် ကျမတို့ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ ကိုယ်က အွန်လိုင်းမှာ အင်တာနက်မှာ ကမ္ဘာကြီးက ရွာကြီးတရွာအဖြစ်ပြောင်းလဲမှု trend ထဲမှာ အမီလိုက်နေခိုက် အထက်မှာ ပြောခဲ့တဲ့ ပုဂ္ဂလိက ခံစားချက်၊ မျှော်မှန်းချက်နဲ့ အတွေးအခေါ်တွေကို ဘေးချိတ်လို့ ပြည်တွင်းက လိုအပ်ချက်ဖြစ်တဲ့ ကွက်လပ်လေးတွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ ပဲ ညီညီညာညာနဲ့ တတ်နိုင်သလောက်လေး အကောင်အထည်ဖေါ်ချင်မိပါတယ်။

စုစည်းညီညာသော မြန်မာဘလော့ဂါများကနေပြီး အသင်းအဖွဲ့အနေနှင့် သော်လည်းကောင်း အများပြည်သူကောင်းကျိုးရှေးရှုသော လှုပ်ရှားမှုများ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန် အခွင့်အရေးလေးရဖို့တော့ မျှော်လင့်မိပါတယ်လေ။

အောင်ဆန်းလမ်းစဉ် ဆိုတာ

၁၉၄၀ ပြည့်နှစ် ဇန်န၀ါရီ လအတွင်းက ဗြိတိသျှ လေဘာပါတီ ခေါင်းဆောင် ဆာ စတက်ဖို့ ကရစ် ( Sir Stefford Crisp) မြန်မာ နိုင်ငံကို ရောက်လာပါတယ်။ ထိုစဉ်က တို့ဗမာ သခင် ခေါင်းဆောင်များ မန္တလေး မြို့မှာ ရောက်ရှိနေကြတာမို့ ဆာ စတက်ဖို့ကရစ်ကို သခင် ကျော်စိန် (ပြည်သူ့ စာပေ) က မန္တလေး အရောက် လိုက်လံ ပို့ဆောင် ပေးခဲ့ပါတယ်။

သခင်ခေါင်းဆောင် ရှစ်ဦးနဲ့ မန္တလေး မြို့တွင် တွေ့ဆုံ ဆွေးနွေး ရာမှာ ဆာ စတက်ဖို့ကရစ်က ' ကျွန် တော် လန်ဒန်မှာ ရှိတုန်းက ခင်ဗျားတို့ လူငယ် သခင် ခေါင်းဆောင်တွေဟာ အလုပ်လက်မဲ့ လူဆိုး လူ တေ ကလေးတွေ အဖြစ် ကြားခဲ့ ရတာတွေ မဟုတ် မမှန်ကြောင်း ရန်ကုန် ရောက်တာနဲ့ ရှင်းရှင်း လင်းလင်း သိရှိခဲ့ရပါတယ်။ ခင်ဗျားတို့ ကိုယ့်တိုင်းပြည်ကို ချစ်လို့ သူ့ကျွန် ဘ၀က လွတ်မြောက်အောင် စွမ်းဆောင် နေကြတဲ့ လူ့အဖိုးတန် လူငယ်တွေ ဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်။ ဒါနဲ့ နေပါဦး ခင်ျေားတို့ ဘယ်လိုနည်းနဲ့ လွတ်လပ်ရေး အရယူကြမှာလဲ' ဆိုပြီး မေးခွန်း ထုတ်လာတဲ့ အခါမှာ သခင် အောင်ဆန်းက မဆိုင်းမတွ ဒီလို ဖြေကြားခဲ့ပါတယ်။

' တရားတယ် ထင်တဲ့ နည်းနဲ့ ကျွန်တော်တို့ လွတ်လပ်ရေးကို အရယူမှာ ဖြစ်ပါတယ်'

သခင် အောင်ဆန်း ပြောတဲ့ တရားတယ် ထင်တဲ့ နည်းဆိုတာကို ထပ်ပြီး ရှင်းပြဖို့ ဆာ စတက်ဖို့ ကရစ်က တောင်းဆိုလာပါတယ်။

'ဆိုပါတော့ဗျာ.. ခင်ဗျား အိတ်ထဲက ဖောင်တိန်ဟာ ကျွန်တော့ ဖောင်တိန် ခင်ဗျားက ကျွန်တော့ဆီက ဗိုလ် ကျပြီး ယူထားတာ ဆိုပါတော့၊ ပထမဦးဆုံး အသာတကြည် ပြန်တောင်းမယ်။ မရဘူး ဆိုရင် တင်းတင်း မာမာ တောင်းမယ်၊ ဒါနဲ့မှ ခင်ဗျားက ငြင်းနေရင်တော့ ဟောဒီလို ယူရမှာပဲ' ဆိုပြီး အတင်း လုယူ လိုက်တယ်။

' အဲဒီလို ယူရတော့ ကောင်းသလားဗျာ၊ ခင်ဗျား ကုတ်အင်္ကျီ အိတ်ကြီးလဲ ပြဲ၊ ကျွန်တော့လက်လဲ နာသွား တယ်။ ကျွန်တော် ပြောတဲ့ တရားတယ် ထင်တဲ့ နည်းဆိုတာ အဲဒီလိုမျိုးပေါ့။ ဒါဟာ လက်တွေ့ ဖြစ်လာ နိုင်တဲ့ အနေအထား ဖြစ်ပါတယ်' ဆိုပြီး ရှင်းပြလိုက်တော့ ဆာစတက်ဖို့ ကရစ်ဟာ တဟားဟား ရယ်ရင်း သခင် အောင်ဆန်းရဲ့ ဖြေကြားပုံကို အားရကျေနပ် သွားဖူးပါတယ်။

ဒီတုန်းက သခင် အောင်ဆန်းရဲ့ အသက်ဟာ ၂၅နှစ် ပြည့်ဖို့ တလလောက် လိုနေပါ သေးတယ်။ ကျွန်တော် တို့ တတွေ ဒီမိုကရေစီ တိုက်ပွဲ ဆင်ရာ မှာလဲ အမျိုးသား ခေါင်းဆောင်ကြီး သခင်အောင်ဆန်း ရဲ့ လမ်းစဉ် အတိုင်း 'တရားတယ် ထင်တဲ့ နည်းမှန်သမျှကို ဇွဲနပဲ ကြီးစွာနဲ့ ပြည့်ပြည့်၀၀ အသုံးချ နိုင်အောင် ကြိုးစား အားထုတ် ကြရမှာ ဖြစ်ပါတယ်။
(www.faxtoon.com မှ ကူးယူ ဖော်ပြပါသည်)

မစ္စတာဂမ်ဘာရီ ထိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံ



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီသည် ထိုင်းနိုင်ငံ၌ ရောက်ရှိနေပြီး ထိုင်းအစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့် ယနေ့တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးသည်။

မစ္စတာဂမ်ဘာရီသည် ယနေ့နံနက်ပိုင်း၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နစ်ဖိဘွန်ဆွန်ဂရာနှင့် သွားရောက်တွေ့ဆုံ၍ မွန်းလွဲပိုင်း၌ ထိုင်းဝန်ကြီးချုပ် စူရာယွတ်ချူလာနွန်ကို သွားရောက်တွေ့ဆုံသည်။

မြန်မာပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် နီးကပ်စွာ အတူပူးပေါင်း လုပ် ကိုင်ခြင်းဖြင့် ရှေ့တိုးဆောင်ရွက်နိုင်မည်ဟု ကုလသမဂ္ဂအနေဖြင့် ယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် မစ္စတာဂမ်ဘာရီက သတင်းထောက်များကို ပြောကြားသည်။

၎င်းက "ကျနော်တို့ ပိုမိုကောင်းမွန်လာအောင်လုပ်နိုင်ပါတယ်။ ထိုင်း၊ တရုတ်၊ အင်ဒိုနီးရှားနိုင်ငံတို့ အပါအ၀င် ကျ နော်တို့အားလုံးပဲပေါ့။ ကျနော်တို့လုပ်နိုင်သလောက် အကောင်းဆုံးလုပ်နေပါတယ်။ ပြီးတော့ မြန်မာအစိုးရက လူ့ အခွင့်အရေး ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်သူတွေရဲ့ သာယာဝပြောမှုကို အပြည့်အ၀ လေးစားလိုက်နာဖို့ တောင်းဆို ပါတယ်" ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးမှုရှိနေဆဲဖြစ်ပြီး ခြိမ်းခြောက်မှုများသည် အလွန်အမင်း ထိတ်လန့်စရာ ကောင်းကြောင်း၊ ကမ္ဘာ့အဖွဲ့အစည်းများနှင့် မြန်မာအာဏာပိုင်တို့အကြား ပူးပေါင်းဆောင်ရွက်လို စိတ်နှင့် စေ့စပ်ညှိနှိုင်းချင်စိတ်တို့မှာ ဆန့်ကျင်ဘက် ဖြစ်နေကြောင်းလည်း မစ္စတာဂမ်ဘာရီက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ အဖမ်းအဆီးများ ဆက်လက်ဖြစ်ပေါ်နေခြင်းကို လက်မခံနိုင်ကြောင်း၊ လူ့အခွင့်အရေး ချိုး ဖောက်မှုများကို ရပ်တန့်ရန်၊ အင်တာနက် ပိတ်ပင်ထားမှု ရုပ်သိမ်းပေးရန်၊ ညမထွက်ရအမိန့် သတ်မှတ်ချိန် လျော့ချပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်တို့ကို မြန်မာစစ်အစိုးရထံ တောင်းဆိုကြောင်း လည်း ၎င်းက ဆက်လက်ပြောကြားသည်။

မစ္စတာဂမ်ဘာရီသည် ထိုင်းနိုင်ငံခရီးစဉ်အပြီး မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့သို့ ဆက် လက်သွားရောက်၍ မြန်မာနိုင်ငံပြဿနာ အဖြေရှာနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများမှ အစိုးရခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးရန်ရှိသည်။

ဒီနေရာမှ ကူးယူဖေါ်ပြသည်။

နှလုံးသွေးနှင့် ရေးမည့် ကလောင်ရှင်

ကမ္ဘာကြီးက ရွာကြီးတရွာဆိုလား
ဒီလိုပုံပြင်တပုဒ်ကြားဖူးတယ်။

အဲဒီရွာပြားကြီးပေါ်က
နေရာအနှံ့အပြားမှာလေ
လူတွေအများကြီးက
နေထိုင်အသက်ရှင်နေကြတယ်တဲ့။

ကဗျာဆရာကတော့
ကဗျာတွေရေးဖို့ မွေးဖွားလာသလား
ဒါဆို ကျမကရော…

ဂီတဆရာကလဲ
သံစဉ်တွေကို ရေးဖွဲ့နေလေသတဲ့
ဒါဆို ကျမကရော…

တကယ်တမ်းတော့
ကျမဟာ ခပ်ညစ်ညစ်ကလောင်တံတချောင်းနဲ့အတူ
ရေးချစရာ ဘောင်ကျဉ်းကျဉ်း သင်ပုန်းတချပ်နဲ့
သေးငယ်တဲ့ အစက်အပြောက် တနေရာက
လူသူမသိတဲ့ အညတြစာရေးဆရာ တစ်ယောက်ပေါ့

ပြောပြချင်ပါတယ် ကျမနေရာဆီက
မိုးလေ၀သနဲ့ စပါးနှံတွေအကြောင်း
တစိတ်ကို တအိတ်လုပ်လိုလုပ်
တအိတ်ကို တစိတ်လုပ်လိုလုပ်
လိုတမျိုး မလိုတမျိုးနဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်သူတို့အကြောင်း

ဒါပေမဲ့..
ပုံနှိပ်ခွင့်မရှိတဲ့ စာမူတွေအတွက်
အန်ထွက်လာတဲ့ ရင်ဘတ်ထဲက ကာရန်တွေနဲ့အတူ
အမှန်တရားကို သဘာဝတရားက မသတ်ဘူးလို့ ယုံကြည်ရင်း

သန့်စင်တဲ့ စေတနာနဲ့
တွဲဖေါ်တွဲဖက်၊ ရဲဘော်ရဲဘက် သူငယ်ချင်းတွေအတွက်
ရောက်တဲ့ နေရာမှာ ရသလို တိုက်ပွဲဝင်ရင်း
အမိမြေကို တိုးတက်ပြောင်းလဲစေဖို့
နှလုံးသွေးနဲ့ ဆက်ရေးဦးမယ်။

ကျွန်းတကျွန်းပေါ်မှ ကလောင်ရှင်အတွက် ထပ်တူခံစားရေးသားသည်။

"ညီစေနော်.. တို့ရဲဘော်"

အမှောင်ဖုံးတဲ့ တော်သလင်းလပြည့်

သံဃာတော်တွေ သွေးချောင်းစီး၏။


တတိုင်းပြည်လုံး စိတ်နှလုံး

ယူကြုံးမရ တသသ


ခြောက်တိုင်းလဲ မကြောက်သင့်ပါ

ဒီလောက်ရိုင်းတော့ လွန်တာပေါ့

အားမတန်လဲ မာန်မလျှော့

တဘ၀တော့ သေမပေါ့


စတေးခဲ့တဲ့ အသက်သွေးချွေး

အချည်းအနှီး မဖြစ်စေဖို့ အရေး

တို့တွေမနှေး ရှေ့သို့ချီ

လက်တွဲညီညီ တက်ကြပါစို့။

သတင်းစဉ်


......ကမာသိအောင် ကြေညာပါသည်

အမိန့်ပေးသူက နိုင်ငံခြားထွက်ပြေးနေတာတောင် ဘာလို့ အဲလို အမိန့်ကို ဆက်နာခံနေတာလဲ အမိန့်ပေးသူကိုယ်တိုင် ရှေ့ကထွက်လို့ ဒီလို ရတနာ ၃ပါးကို စော်ကားရဲတယ်ဆိုရင် ထားပါတော့

ပြည်သူ့သတင်းကိုနားမထောင်ရဲတာ ပြည်သူ့ကို ထိတာ မနာနိုင်တာ ပြည်သူကို အသတ်ခံနေရတာကို ကျောခိုင်းတာ ရာဇ၀င်ရိုင်းလှချည်လား ပြည်သူ့တပ်မတော်ဆိုတာ ဒါလား ပြည်သူကို သတ်ရုံနဲ့ အားမရ၊ ရတနာ၃ ပါး ဂိုဏ်းဝင် သံဃာကိုတောင် သတ်ရဲလာတာ လူတွေမှ ဟုတ်ကြသေးရဲ့လား။ လက်ရှိ ပြည်သူ့ တပ်မတော်ဆိုတာထဲမှာ အမှန်တရားကို လက်ခံကျင့်သုံးသူ၊ မတရားမှုကို တားရဲသူ၊ တစ်ယောက်ကလေးမှ မရှိတော့ဘူးလား။

လောက မှာ အမှန်တရား အစစ်ဟာ တစ်ခုထဲရှိတယ် အားလုံးမှန်လို့ မရဘူး အဖြစ်မှန်ကို လက်မခံဝံ့တာ၊ ပြည်သူ့မျက်နှာကို မကြည့်ရဲလောက်အောင် အာဏာရှင်ကို ကြောက်နေကြတာ ပြည်သူ့တပ်မတော်လား.. ပြည်သူ့တပ်မတော်က အမှန်တရားကို ကြည့်မြင်ဖို့ ဗန္ဓုလရဲ့ မြင်းလောက်တောင် သတ္တိ မရှိကြဘူးလား။ ပြည်သူ ဒဏ်ခတ်တာကို ဘယ်လိုခံရတော့မလဲ ဆိုတာ စောင့်ကြည့်ကြပါ



မိုးမခဘလော့မှ ရရှိပါသည်။











ရတနာသုံးပါး ဂိုဏ်းဝင် ဘုန်းကြီးကို ပစ်သတ်လို့ ခု ၂ပါး ပျံလွန်တော်မူပါပြီ


ရှေးဦးသူနာပြုစုနည်း

ရှေးဦးပြုစုခြင်းနဲ့
ပါတ်သတ်ပြီး အခုလက်တလော အသုံးဝင်မယ့် အရာလေးတွေကို တင်ပြချင်တဲ့စိတ်က
အခုတလော ဖြစ်ပေါ်နေပါတယ်။ ရှေးဦးပြုစုခြင်းဆိုတာ ကောင်းနိုးရာရာ မှန်းဆပြုစုတဲ့ ပညာရပ်မဟုတ်ပါဘူး။
ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက လက်ခံထားတဲ့ နည်းစနစ်ကျ ပညာရပ်ကို အသုံးပြုခြင်းဖြစ်ပါတယ်။ ဆေးရုံဆေးခန်းက ဆရာဝန်တွေလို ရောဂါလုံးဝအရှင်း ပျောက်ကင်းအောင် ဆေးကုသတာမျိုးလည်း မဟုတ်ပါဘူး။

အဲဒါဆို ရှေးဦးပြုစုခြင်း First Aid ဆိုတာ ဘာလဲပေါ့ ...
ရှေးဦးပြုစုခြင်း ဆိုသည်မှာ မတော်တဆနှင့် တမင် ကြံရွယ်ချက်ကြောင့် ရရှိသော
ဒဏ်ရာများနှင့် ရုတ်တရက် ဖြစ်ပေါ်လာသော ရောဂါဝေဒနာရှင်များကို တွေ့သည့်နေရာတွင်
ရရှိသည့်ပစ္စည်းဖြင့် ဝေဒနာ သက်သာစေ၍ အသက်ချမ်းသာမှု ရရှိစေရေးအတွက် ဆေးဘက်ဆိုင်ရာ (ဆရာဝန်၊ ဆေးရုံ စသည်များ) အကူအညီ ရရှိသည်အထိ ပြုစုခြင်း ဖြစ်ပါသည်။ (မှီငြမ်း ...
အခြေခံရှေးဦးပြုစုနည်း စာအုပ်)

ရှေးဦးပြုစုခြင်းထဲက ကြွက်တက်ခြင်း Cramp၊ အပူရှိန်ကြောင့် ပင်ပန်းခြင်း Extreme Heat၊ အပူရှပ်ခြင်း Heat stroke နဲ့ အဖျားတက်ခြင်း Fever တို့နဲ့ ပါတ်သတ်ပြီး ပြုစုနည်းများကို တင်ပြရေးသား သွားပါမယ်။
လတ်တလောမှာ အဝေးကနေ ကူညီပေးနိုင်တာလေးတွေကို ကူညီပေးတာပါ။
အကျိုးရှိမယ်လို့ ယူဆရပါတယ်။

ကြွက်တက်ခြင်း Cramp
ကြွက်သားတွေ ပင်ပန်းစွာ အလုပ်လုပ်ရရင် ဥပမာ တာဝေး လမ်းလျှောက်ရင် ပြေးရင် ၊ ရေကူးရင် ကြွက်တက်တတ်ပါတယ်။ ကိုယ်တွင်းမှာရှိတဲ့ ရေနဲ့ ဆားဓါတ်တွေ လျှော့နည်းသွားရင် ဖြစ်တတ်သလို အစာအာဟာရဓါတ်များ ချို့တဲ့ လျှော့နည်းရင်လည်း ဖြစ်တတ်ပါတယ်။ နေပူထဲမှာ ပင်ပန်းကြီးစွာ အလုပ်လုပ်ရတဲ့အခါမှာလည်း ချွေးထွက်လွန်ပြီး ကြွက်တက်တတ်ပါတယ်။

ကြွက်တက်သူကို ဘယ်လို ပြုစုမလဲ ...
လူနာကို
ပထမဦးဆုံး လှဲလျောင်းထားလိုက်ပါ။ ကြွက်တက်တဲ့ အစိတ်အပိုင်းကို လက်နဲ့
ဆုပ်နယ်ပေးပါ။ တာဝေး ခရီးရှည် အပြေးသမား လမ်းလျှောက်လာသူများ

ကြွက်တက်ရင် လင်နမင်နဲ့ ပရုပ်ဆီ မလိမ်းသင့်ပါ။ ရေအေးအေး၊
ရေခဲကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ကြွက်တက်တဲ့နေရာကို ကပ်ပေးပါ။
ပြီးရင် လူနာကို အနားယူခိုင်းပါ။ ဆေးဘက်ဆိုင်ရာ အကူအညီ ယူခိုင်းပါ။

ပေါင်သလုံးရဲ့
အနောက်ဘက်မှာ ကြွက်တက်ရင် ကြွက်တက်တဲ့ ခြေထောက်ကို ပြုစုသူရဲ့
ထိုင်လျှက်အနေအထား ပခုံးပေါ်ကို ဖြောင့်ဖြောင့်တန်းတန်း တင်လိုက်ပါ။
ပြီးရင် ကြွက်တတ်တဲ့နေရာကို နှိပ်နယ်ပေးပါ။ ပေါင်ရဲ့
အရှေ့ဘက်မှာ ကြွက်တက်ရင်ဒူးကို ကွေးပြီး ထောင်ခိုင်းထားလိုက်ပြီး နှိပ်နယ်ပေးပါ။ ခြေဖ၀ါးမှာ
ကြွက်တက်ရင် ခြေဖ၀ါးကို ပြုစုသူရဲ့ ပေါင်ပေါ်မှာ အနည်းငယ်မြှောက်
တင်ပြီး နှိပ်နယ်ပေးပါ။ ခြေသလုံးမှာ ဖြစ်တယ်ဆိုရင် ဒူးနဲ့ ခြေသလုံးကို
တပြေးတည်းထားပြီး နှိပ်နယ်ပေးပါ။

အပူရှိန်ကြောင့် ပင်ပန်းခြင်း Extreme Heat
ချွေးထွက်လွန်ရင် ကိုယ်ပူရှိန်တက်လာပြီး ရေဓါတ်ကုန်ဆုံးကုန်လို့ ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ အဲဒါမျိုးဆိုရင် လူနာကို လေ၀င်လေထွက်ကောင်းတဲ့ အေးတဲ့နေရာမှာ
ထားပါ။ ထူထဲတဲ့ အ၀တ်အစားတွေကို ဖယ်ရှားပေးပါ။ ပန်ကာ၊ ယပ်တောင်တို့နဲ့
လူနာကို သက်သာစေဖို့ လုပ်ဆောင်ပါ။ ရေပတ်တိုက်ပါ။ ရေအေး၊
ဓါတ်ဆားရည်တွေ တိုက်ပါ။ အကယ်လို့များ သတိမေ့သွားမယ် ဆိုရင်
ဆေးရုံကို အမြန်ပို့ဆောင်ပါ။

အပူရှပ်ခြင်း Heat stroke
အပူရှပ်တဲ့အခါ
လူနာက အပူချိန် ၁၀၆ နဲ့ ၁၀၇ ဒီဂရီအထိ ရှိတတ်ပြီး
ချွေးခြောက်ခမ်းနေပါမယ်။ အပူရှပ်ခြင်းက လူကို သေစေနိုင်ပါတယ်။
အဲဒါကြောင့် ဂရုတစိုက် ပြုစုပေးဖို့ လိုအပ်ပါတယ်။

လူနာရဲ့ ထူထဲတဲ့အ၀တ်တွေကို ဖယ်ရှားပါ။ အသက်ရှု လေလမ်းကြောင်းတွေ
ဖွင့်ထားပေးပါ။ အေးမျှတဲ့ နေရာကို ပြောင်းလို့ရရင်
ပြောင်းပေးပါ။ လေကောင်းလေသန့်ရဖို့ အခန်းတံခါးတွေ ဖွင့်ထားပါ။
ရေအေး၊ ရေခဲရေတွေနဲ့ ကိုယ်ကို အဆက်မပြတ် ပွတ်တိုက်ပေးပါ။
ဦးခေါင်း၊ နဖူးတို့မှာ ရေခဲရေ ရေအေးအေး ဆွတ်ထားတဲ့
အ၀တ်ခေါက်ကို တင်ပေးထားပါ။ ကိုယ်အပူချိန် ၁၀၂ ဒီဂရီ ရောက်လာတဲ့အထိ
ရေခဲဖတ် ဆက်လက်အုပ်ပေးပါ။ ရေအေးတွေနဲ့ ပွတ်တိုက်ပေးနေပါ။ အကယ်လို့
လူနာက အရေပြား အေးစက်လာပြီး ချွေးပြန်နေရင် ရေပတ်တိုက်တာကို

ရပ်ပြီး ဓါတ်ဆားရည်တိုက်ပါ။ ဆေးဘက်ဆိုင်ရာ အကူအညီ တောင်းခံပါ။

အဖျားတက်ခြင်း Fever
ငှက်ဖျား၊ တိုက်ဖွိုက်နဲ့ အခြားအပူကြီး ရောဂါတွေကြောင့် အဖျားတက်စေပါတယ်။ လေကောင်းလေသန့်ရဖို့ အခန်းတံခါးတွေ ဖွင့်ထားပါ။ ထူထဲတဲ့ စောင်တွေ အ၀တ်တွေကို လူနာကိုယ်ပေါ်က ဖယ်ရှားပါ။ လူနာကို လေ၀င်လေထွက်ကောင်းတဲ့ အေးတဲ့နေရာမှာ ထားပါ။ ရေအေး၊ ရေခဲရေတွေနဲ့ ရေပတ်တိုက်ပါ။
အပူကြီးတဲ့သူဆိုရင် ရေငတ်ပြီး အာခြောက်တဲ့အတွက် ရေအေး၊
ဓါတ်ဆားရည်တွေ တိုက်ပါ။ နို့စို့ကလေးအရွယ် ဆိုရင်
မိခင်နို့များများ တိုက်ပါ။ ဆေးအကူအညီ ရယူပါ။

နောက်ထပ် အသုံးဝင်မယ့် ရှေးဦးပြုစုနည်းတွေကို ဆက်လက်တင်ပြပေးပါမယ်။

ဒါဏ်ရာရ ရဟန်းရှင်လူပြည်သူများအတွက် ရှေးဦးသူနာပြုစုနည်း

အပြင်းအထန် သွေးထွက်သံယိုဖြစ်လာသောအခါ

  • ပထမဦးစွာ ဒါဏ်ရာကိုမကိုင်တွယ်မီ လက်ကိုစင်ကြယ်စွာဆေးကြောပါ ။ ဖြစ်နိုင်ရင် လက်အိတ်ဝတ်ပါ။ ရောဂါပိုးတတ်နိုင်သလောက်မ၀င်အောင် ဖြစ်ပါတယ် ။
  • အကယ်လို့ ဒါဏ်ရာဟာ ၀မ်းဗိုက် ၊ ရင်ခေါင်း ပိုင်းတွင်ဖြစ်ပါက သတိရှိရန် ။ ကလီစာများထွက်သည်ထိဒါဏ်ရာပြင်းထန်လျှင် ကလီစာများကို ပြန်ထည့်သွင်းရန်မကြိုးစားပါနှင့် ။ အ၀တ်သန့်သန့်ဖြင့် အုပ်ထားကာထားပေးပါ။
  1. လူနာကို ပက်လက်အနေအထားထားပါ ။ လူနာဧ။် ခေါင်းကို ကိုယ်ပိုင်း ခြေထောက်ပိုင်းထက် အနည်းငယ်နိမ့်ထားပါ ။ ဦးဏှောက်သို့သွေးရောက်မှသာ မေ့မြောသတိလစ်ခြင်းမဖြစ်မှာဖြစ်ပါသည် ။
  2. ဒါဏ်ရာကို ဆေးကြောပါ ။ အသားစများ ၊ ဖုန်များ ၊ ရွှံ့များကို ဖယ်ရှားပစ်ပါ ။ သို့သော် အသားတွင်းနက်ရှိင်းစွာ စိုက်ဝင်နေသော အရာများကို ရုတ်တရက် ဖယ်မပစ်ရပါ ။
  3. သွေးထွက်နည်းနိုင်သမျှနည်းစေရန် ဒါဏ်ရာကို ဖိအားဖြင့် ဖိပေးပါ ။ ပတ်တီး ၊ အ၀တ်သန့်သန့်ဖြင့် စည်းပေးပါ ။ မရှိလျှင် လက်ဖြင့်ဖိထားပေးပါ ။
  4. သွေးတိတ်သွားတဲ့ထိ ဖိထားပေးပါ ။ အနည်းဆုံးမိနစ် ၂၀ လောက် အနာသွေးတိတ် မတိတ် မကြည့်ပဲ ဖိထားပေးပါ ။ ပတ်တီးကျပ်ကျပ်စည်းခြင်း ဖြင့် ဖိအားကိုထိန်းထားပေးနိုင်ပါသည် ။
  5. ပတ်တီး ၊ အ၀တ်များ သွေးရွှဲနေလျှင် ဖယ်မပစ်ရ ။ ထိုအပေါ်တွင် သွေးစုပ်နိုင်သည့်အ၀တ် သို့မဟုတ် ပတ်တီးထပ်တင်ပေးနိုင်သည် ။
  6. အထက်ပါအတိုင်းပြုစုပြီး သွေးမတိတ်သေးပါက ။ဒါဏ်ရာရှိရာနေရာကိုသွေးထောက်ပံ့ပေးသော သွေးကြောမကြီးများကို ဖိပေးရန်လိုအပ်ပါသည် ။
  7. သွေးတိတ်သွားလျှင် ဒါဏ်ရာရ အစိတ်အပိုင်းကို လှုပ်ရှားမှုနည်းနိုင်သမျှနည်းအောင် ထိန်းထားပြီး အရေးပေါ်ဌာနကို အမြန်ဆုံးပို့သပါ ။

အတွင်းသွေးထွက်ဒါဏ်ရာဟုသံသယရှိလာပါက အရေးပေါ်သို့အမြန်ဆုံးပို့ရန်လိုပါသည် ။
  • နား၊နှာခေါင်း ၊ စအို စသည်တို့မှ သွေးယိုခြင်း ။
  • သွေးအန် ၊ ချောင်းဆိုး သွေးထွက်ခြင်း ။
  • လည်ပင်း ၊ ရင်ဘတ် ၊ ၀မ်းဗိုက် တို့တွင် သွေးခြေဥခြင်း ။
  • ဦးခေါင်း ၊ ရင်ဘတ် ၊ ၀မ်းဗိုက် တွင် ထိုးသွင်းဒါဏ်ရာရခြင်း။
  • အရိုးကျိုးခြင်း ၊ကြေခြင်း
  • ရှော့ခ်ဝင်ခြင်း ( လက်ဖျားခြေဖျား အေးခြင်း ၊ ရေငတ်ခြင်း ၊ အားပျော့သွားခြင်း ၊ စိတ်ပူပန်လာခြင်း တို့သည် ရှော့ခ် ဧ။် လက်ခဏာများဖြစ်သည် )
အထက်ပါလက်ခဏာများ ဖြစ်ပေါ်ခဲ့လျှင် အတွင်းသွေးထွက်ဒါဏ်ရာ ရနိုင်သည်ဟု သံသယရှိပါ။

"အောင်ခြင်းကိုးပါး"

"အောင်ခြင်းကိုးပါး"
လူတိရစ္ဆာန် ယုတ်စွယုတ်စွာ
ရှိလေရာကို
ဂေါတမ ချက်ချင်းသွားနေကျ
အောင်ခြင်းကိုးပါး လာတော့မယ်
မင်းမမီမှာ စိုးသကွယ်
ရေးသူအမည် မင်းသိတယ်။
(ဒေါက်တာ သန်းထွန်း)

ဟုတ်ကဲ့ အထက်က ဖွင့်ဆိုထားသလို ကျနော်တို့ မြန်မာနိုင်ငံတော်ကြီးအတွက် အောင်ခြင်းကိုးပါးလာပါတော့မယ်။

ဒါတခါတော့ ဗုဒ္ဓဘာသာရဲ့ အမြင့်မြတ်ဆုံး ဗုဒ္ဓမြတ်စာဘုရားရဲ့ ပုံတော်တွေ ဆင်းတုတော်တွေကို ကိုင်ဆောင်ဦးထိပ်တင်ပြီးတော့ သာသနာ့အလံကို လွှင့်ထူပြီး စစ်အာဏာရှင်ကို အနိုင်ယူဖို့ အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ ၊ အားဖြည့်လိုက်ပါသူ ပြည်သူလူထုတွေကို အားမာန်တက်ကြွလာစေဖို့ မဖြစ်မနေ ရှေ့တန်းတင်ရပါတော့မယ်။ အကြမ်းဖက်လာမယ့် လူတွေကိုလည်း ဗုဒ္ဓဘုရားရှင်ကို မြင်တွေ့ခြင်းအားဖြင့်လည်း အသိတရားများရလာပြီး လက်နက်ချ ပူးပေါင်းပါဝင်လာစေဖို့လည်း အကျိုးရှိနိုင်ပါတယ်။

ကျနော်တို့ဖက်မှာ မြတ်ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ရှိနေပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တိုင် ကလည်း အကြောက်တရားကင်းဖို့အတွက် ဟောာကြားခဲ့ဖူးတဲ့ တရားတော်တွေရှိပါတယ်။
"စစ်သည်ရဲမက်တွေဟာ စစ်ကို အနိုင်ရဖို့အတွက် တပ်ဦးမှာ လွှင့်ထူထားတဲ့ တံခွန်တွေ အလံတွေကို ကြည့်ပြီး အားမာန်တက်ကြွစွာနဲ့ စစ်ကို နိုင်အောင်တိုက်ကြတယ်။ ထို့အတူ ရဟန်းသံဃာတော်တွေကလည်း အကြောက်တရားများနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ငါဘုရားရှင်ရဲ့ ကျေးဇူးဂုဏ်တော်များကို အောက်မေ့ဆင်ခြင်ပြီး သတိနဲ့ရင်ဆိုင်က အကြောက်တရားကို အောင်မြင် အနိုင်ရရာ၏"
လို့ ဟောကြားခဲ့တော်မူပါတယ်။

ကျနော်တို့ဖက်က အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်အောင် ရိုးသားသန့်ရှင်းတဲ့ တရားမျှတသော နည်းလမ်းပေါင်းစုံကို သုံးရပါမယ်။ ကိုယ်တတ်နိုင်သမျှ နည်းပေါင်းစုံကို စဉ်စားတွေးခေါ်ပြီး ဒီနေ့ ဒီအချိန်မှာ သံဃာတော်များနှင့် ပြည်သူလူထုကို တင်ပြ အကြံဥာဏ်ပေးဖို့ အထူးလိုအပ်နေပါတယ်။

နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးအတွက် လုပ်သင့်တဲ့အချက်များကတော့ ...

၁။သံဃာတပ်ဦးနှင့် လူထုတပ်ဦးများတွင် မြတ်ဗုဒ္ဓရဲ့ ရုပ်ပုံများ၊ ဆင်းတုတော်များနှင့် သာသနာ့အလံတော်များကို ခပ်များများသုံးပြီး တောင်းဆိုချက်များနဲ့ ချီတက်သင့်ပါတယ်။

၂။ အကြမ်းဖက်လာမည့် အင်အားစုများကို အတတ်နိုင်ဆုံး သံဃာတော်များမှ တရားဟောပြ စည်းရုံး နားချသင့်ပါတယ်။

၃။ အကြမ်းဖက်လာပါကလည်း စုစုစည်းစည်းထား တောင့်ခံပြီး "လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ၊ မင်းတို့တတွေ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ" ဆိုတဲ့ မေတ္တာပို့သတဲ့ စကားတွေ မပြတ်တမ်း ရွတ်ဆိုနေသင့်ပါတယ်။

၎။ ထိပ်တိုက်ရင်ဆိုင်မှုများတွေ့ပါက "ပြည်သူ့သံဃာ တို့သံဃာ ပြည်သူ့စစ်သား တို့စစ်သား ပြည်သူ့အရေး တို့အရေး သံဃာစစ်သား ပြည်သူအားနှင့် အာဏာရှင်စနစ် တိုက်ဖျက်ပစ်" လို့ ကြွေးကြော်သင့်ပါတယ်။

၅။ နိုင်ငံရေးသမားများ ကျောင်းသားခေါင်းဆောင်များက ပြည်သူလူထုကို နိုင်ငံရေးတရားများ ဟောပြောစည်းရုံးခြင်းတွေလည်း အမြန်ဆုံး အကျယ်ပြန့်ဆုံး လုပ်ဆောင်သင့်ပါတယ်။

သန့်ရှင်းရိုးသား၍ တရားမျှတသော ဒီမိုကရေစီစနစ်သို့ ရည်ရွယ်လျှက်

ကိုနေမိုးက ဘလော့ဂ်တွေမှာ မှတ်ချက်ထဲမှာရေးသွားတာပါ။ မှတ်ချက်ထဲမှာဆိုတော့ ဘလော့ဂ်လာသူများ အလွယ်တကူ မမြင်မှာ စိုးတာနဲ့ ပို့စ်တစ်ခုအဖြစ် သပ်သပ် တင်လိုက်ပါတယ်။

လွတ်လပ်မှုအတွက် ကြိုးပမ်းဖို့ တို့ အချိန်တန်

ယနေ့ သည် လူထုတစ်ရပ်လုံးပါဝင်ဆင်နွဲမည့် စစ်အာဏာရှင်ပြုတ်ကျရေး လှုပ်ရှားမှုကြီးကျင်းပမည့် နေ့ ဖြစ်ပါသဖြင့် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပြည်သူများအားလုံး မိမိတို့ အနေဖြင့် သတ္တိရှိရှိ ရဲရဲရင့်ရင့်ဖြင့် လက်တွေ့ ပါဝင်ကြပါရန် အထူးတိုက်တွန်းအပ်ပါသည်။ ပြည်သူ့ အင်အားကို ထိရောက်စွာပြကြပါစို့ ။ ကျွန်တော်တို့ ဘ၀အတွက်သာမက နောင်လာမည့် မျိုးဆက်ရင်သွေးများအတွက် သမိုင်းပေးတာဝန်ကို ထမ်းဆောင်ကြပါစို့ ။ ပြည်သူတစ်ယောက်ရဲ့  ၀တ္တရားအားကျေပွန်ကြပါစို့ လို့ ။ စစ်အာဏာရှင်လက်တစ်ဆုပ်စာအား တုန့် ပြန်ကြပါစို့ ။ ရဟန်းရှင်လူကျောင်းသားပြည်သူများနှင့် ပြည်သူ့ တပ်မတော်သားများအားလုံး လက်တွဲ တော်လှန်ကြပါစို့ ။

NIknayman ၏ ဆီဗုံးမှ

တပြည်လုံး အထွေထွေသပိတ်ကြီး စတင်ရမည့်အချိန်

တပြည်လုံး အထွေထွေသပိတ်ကြီး စတင်ရမည့်အချိန်

၂၀၀၇ ခုနှစ်
စက်တင်ဘာလ
(၂၄) ရက်၊ တနင်္လာနေ့
နေ့လည် ၁ နာရီတိတိ
ကိုယ့်အခွင့်အရေးကို ကိုယ်ကိုယ်တိုင်စည်းကမ်းရှိစွာ
စနစ်တကျ အကြမ်းမဖက်သည့် နည်းလမ်းဖြင့်တောင်းဆိုကြပါရန်

ရဟန်းရှင်လူ ကျောင်းသားပြည်သူ တပ်မတော်သားအားလုံးပူးပေါင်းပါဝင်ကြရန်

(မခင်မင်းဇော်ရဲ့ ဘလော့ဂ်မှာ တွေ့လို့ ပြန်လည် လက်ဆင့်ကမ်းလိုက်ပါတယ်။)

မျက်စိဖွင့်ပြီး အိပ်ကြသူများ ...

နေမင်းက ခေါင်းပြူကြည့်

နံနက်ခင်း ဆိုတာကိုပေးသိပေမယ့်

အိပ်မက်တွေတခမ်းတနားနဲ့

ငါ တို့တွေ မနိုးတမ်းအိပ်ခဲ့ကြတယ် …။


နောက်မကျဖို့အရေးကြီးတယ်တဲ့

အော်ခေါ်သံအဟောင်းတွေကြားမှာ

နာရီတွေပြောင်းပြန်လည်

ငါတို့ ဘယ်အချိန်ထရမလဲကွယ် …။


နံနက်ခင်းမပါတဲ့ နေ့ရက်တွေထဲက

ကျနေဆဲနေရောင်မှာ

ဘာဒဏ်ရာတွေ ပါလာဦးမှာလဲ

လျှောက်နေကြလမ်းတွေကရော

ဘယ်လို မာယာတွေထဲမျောဦးမှာလဲ …။


အဲဒါတွေထားလိုက်ပါ …

မရှိခြင်းတွေက မွေးဖွားတဲ့

မသိခြင်းတွေများစွာနဲ့ အိပ်

ငါတို့ရဲ့ ညတွေကတော့ …

အလင်းတွေကို ဘေးချပြီး တိတ်ဆိတ်လို့ …။


ရေးသားသူ နေဘုန်းလတ်"ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" ထံမှ ကူးယူဖေါ်ပြပါသည်။

မြန်မာပြည်အတွက် လိုအပ်နေတဲ့ 3R

စနစ်ဆိုးတစ်ခုကနေ ကောင်းတဲ့စနစ်တစ်ခုကို အောင်အောင်မြင်မြင်နဲ့ ပြောင်းလဲပစ်ဖို့ ဆိုရင် ကျွန်တော်တို့ မလွဲမသွေလုပ်ရမယ့် အလုပ်သုံးခုရှိပါတယ်။ အဲဒါတွေကတော့...

Revolution အစိုးရစနစ်တစ်ခုကို အမြစ်လှန် ပြောင်းလဲရေး။
Regeneration စနစ်တစ်ခုကို ပိုမိုတိုးတက်အောင်မြင်အောင်လုပ်ရေး။
Reconstruction ပြန်လည်ထူထောင်ရေး။


လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်အရပ်ကို သုံးသပ်ကြည့်မယ်ဆိုရင် စစ်အာဏာရှင်စနစ်ကို အမြစ်လှန် ပြောင်းလဲပစ်မယ့် Revolution တစ်ခု မဖြစ်မနေ လိုအပ်နေပြီဆိုတာကို အသေအချာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင် အဆက်ဆက် ရှင်သန်ကြီးပြင်းခဲ့ကြတဲ့ မြန်မာနိုင်ငံတော်ရဲ့ လွတ်မြောက်ရေးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံးရဲ့ လွတ်မြောက်ရေးပါပဲ။ အိန္ဒိယနိုင်ငံရဲ့ ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်တဲ့ ဂျဝါဟလာနေရူးလ် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။

The time is bad. Well, but you are there to make it better.
"ခေတ်ကာလကြီးက ဆိုးဝါးနေတယ်။ ဟုတ်ပါပြီ။ ဒါပေမယ့် အဲဒါကို ပိုကောင်းလာအောင် လုပ်ဖို့ အဲဒီနေရာမှာ မင်းရှိနေတယ်လေ" တဲ့။


ကျွန်တော်တို့တွေ ဆိုးဝါးလှတဲ့ ဖြစ်ပျက်နေမှုတွေအားလုံးကိုကျောခိုင်းပြီး ကိုယ့်အတ္တ တံတိုင်းကိုပဲ အခိုင်အမာ စိုက်ထူနေကြတော့မှာလား။ ဒီနေရာမှာ မလွတ်လပ်လဲ လွတ်လပ်တဲ့ အခြားတစ်နေရာမှာပဲ သွားနေတာပေါ့ကွာဆိုတဲ့ တကိုယ်ကောင်းဆန်လွန်းတဲ့ စကားကို အသက်တွေ၊ ဘ၀တွေ ရင်းနှီးပေးဆပ်ခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့ မျက်နှာကိုမှ မငဲ့ကွက်ပဲ ကျွန်တော်တို့ ပါးစပ်တွေက ပြောထွက်ရဲကြတော့မှာလား။ ကိုယ့်အတ္တနဲ့ ကိုယ်သာ အားလုံးမဆိုင်သလို နေကြရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လူညံ့တွေရဲ့ လက်ထဲမှာ ဒီအတိုင်းပဲ ပြီးဆုံး ပျောက်ကွယ်သွားနိုင်ပါတယ်။ မတရားမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ လူလူချင်း ညှင်းပမ်းနှိပ်စက်မှု တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဆိုတာ ကမ္ဘာလောကရဲ့ အလှကို ဖျက်ဆီးနေကြတဲ့ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေပါ။ မြန်မာနိုင်ငံဟာ အဲဒီ ဆိုးဝါးယုတ်ညံ့လှတဲ့ ဖြစ်စဉ်တွေ အားလုံးရဲ့ ပြယုဂ်တစ်ခုအဖြစ် ယနေ့ထက်တိုင် ရှိနေရခြင်းဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံးအတွက် တကယ့်ကို ရှက်စရာ ကောင်းပါတယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်တစ်ခုနဲ့ "ငါမြန်မာမဟုတ်ဘူး" ဆိုတဲ့စကားကို ကျွန်တော်တို့ရဲ့ ပါးစပ်က ပြောမထွက်နိုင်ခဲ့ကြတော့လည်း ကျွန်တော်တို့အားလုံး တိုင်းပြည်ရဲ့လွတ်မြောက် ရေးအတွက် Revolution တစ်ခုအလျင်အမြန် ဖြစ်လာရေးကို တတ်စွမ်းသရွေ့ ကြိုးစားသွားကြရမှာပါပဲ။

Regeneration (စနစ်တစ်ခုကိုပိုမိုတိုးတက်အောင်မြင်အောင်လုပ်ရေး) နဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အခုလက်ရှိမှာ နိုင်ငံတော်ရဲ့ စနစ်တွေ၊ မူဝါဒတွေ၊ လမ်းစဉ်တွေကို ကာယကံမြောက် ထိတွေ့ဆောင်ရွက် ပြုပြင်ခွင့် မရှိသေးပေမယ့် ကျွန်တော်တို့တွေ တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ မိမိကိုယ်ကို တိုးတက်နေတဲ့ ခေတ်ကာလနဲ့အညီ နောက်ကျကျန်မနေခဲ့အောင်၊ အမီလိုက်နိုင်အောင် လို့အမြဲတစေ ပိုမို တိုးတက် ကောင်းမွန်လာအောင်လို့ပျိုးထောင်နေခွင့်တော့ ရှိပါတယ်။ တနည်းပြောရရင် ကာလယန္တရားနဲ့ အညီ ရွှေ့လျားလိုက်ပါနိုင်ဖို့ အားသစ်တွေ ပြန်ပြန်ဖြည့်နေကြဖို့ပါ။ နောက်ပြီး ကိုယ့်ကိုယ်ကို အမြဲတစေ တိုးတက်နေအောင် ကြိုးစားနေရင်း နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး စတဲ့ စတဲ့ ကဏ္ဍတွေကို တစ်နေ့နေ့ငါတို့ခေတ်ကိုများရောက်လာခဲ့ရင် ဘယ်လိုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြမလဲ ဆိုတာကိုလည်း ကြိုတင်အစီအစဉ်တွေ ဆွဲပြီး ပြင်ဆင်ထားကြလို့ ရပါတယ်။ ဒီကိစ္စတွေကို ကျွန်တော်တို့ Revolution လုပ်နေစဉ်အတွင်းမှာပဲ တပြိုင်နက်တည်း တတ်စွမ်းသ၍ ကြိုးစားလုပ်ဆောင် နေဖို့လိုအပ်ပါတယ်။ အဲဒီ့လိုမှမဟုတ်ဘူးဆိုရင် ကျွန်တော်တို့တွေ Revolution ကြီးအပြီးမှာ အားအင် တွေကုန်ခမ်းသွားပြီး နှစ်ပေါင်းများစွာ အမြစ်တွယ် တပ်စွဲခဲ့ကြတဲ့ မကောင်းမှုတွေရဲ့ ပြန်လည်လွှမ်းမိုး သွားခြင်းကို ခံရနိုင်ပါတယ်။

နောက်ဆုံး R တစ်ခုအနေနဲ့က Reconstruction (ပြန်လည်ထူထောင်ရေး)ပါ။ အားလုံးကတော့ ပြန်လည်ထူထောင်ရေးဆိုတာ စနစ်ကြီးတစ်ခုလုံးကို အမြစ်လှန်ပြောင်းလဲပစ်ပြီးမှ လုပ်ကြတာပေါ့လို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ဟုတ်တော့ဟုတ်ပါတယ်။ ကာယကံမြောက်အနေနဲ့ကတော့ Revolution ပြီးမှ Reconstruction ဆိုတာလုပ်လို့ရမှာပါ။ ဒါပေမယ့် အဲဒီအချိန်မှသာ ကျွန်တော်တို့တွေ တစ်ကပြန်စ ကြမယ်ဆိုရင် ပြန်လည်ထူထောင်ရေး ကာလကြီးဟာ အချိန်တွေ အများကြီး ကြာသွားနိုင်ပြီး ပင်ပန်းတကြီးနဲ့ ခေတ်ကို သုတ်ခြေတင်လိုက်ရမလို ဖြစ်သွားနိုင်ပါတယ်။ Reconstruction ရဲ့အဓိပ္ပါယ်မှာကိုက ဖျက်ဆီးခြင်း ခံထားရသော အရာများကို ပြန်လည်ဖန်တီး ထူထောင်ခြင်းလို့ ဆိုထားပါတယ်။ ကျွန်တော်တို့နိုင်ငံ အနေနဲ့ ကြည့်မယ်ဆိုရင် ကဏ္ဍတိုင်း ကဏ္ဍတိုင်းဟာ မဖြစ်စလောက်ဥာဏ်တို့ရဲ့ ကမောက်ကမ လမ်းညွှန်ချက်တွေရဲ့ အောက်မှာ သုံးမရအောင်ကို ပျက်စီးယိုယွင်း နေခဲ့ပါပြီ။ တကယ်လို့များသာ အခုနေအချိန်မှာ ကျွန်တော်တို့ရဲ့ လက်ထဲကို တိုင်းပြည်ရောက်လာခဲ့ရင်တောင် အခြေအနေတွေ အားလုံးကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကျွန်တော်တို့ အများကြီး အားစိုက်ထုတ်ပြီး အပြင်းအထန် ကြိုးစားကြရမှာပါ။ အဲဒါကြောင့် ကျွန်တော်တို့တွေ အခုအချိန်ကတည်းက Revolution, Regeneration တွေလုပ်နေတုန်း တပြိုင်နက်တည်းမှာပဲ Reconstruction အတွက် ကျွန်တော်တို့ရဲ့ စိတ်ကူးတွေ၊ အကြံအစည်တွေ၊ ရည်မှန်းချက်တွေနဲ့ မျှော်လင့်ချက်တွေကို စနစ်တကျနဲ့ အစီအစဉ်တွေဆွဲရင်း စတင်လုပ်ဆောင်နေကြပါမှ တော်ကာကျမယ် လို့ထင်ပါတယ်။ စနစ်ဆိုး တစ်ခုကို တွန်းလှန်ပြီး စနစ်ကောင်း တစ်ခုဆီကို ပြောင်းလဲတည်ထောင်နိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်တဲ့ ကိစ္စကြီးတစ်ခုပါ။ ဆိုးဝါးလှတဲ့ စစ်အာဏာရှင် စနစ်တစ်ခုရဲ့အောက်မှာ နှစ်ပေါင်းများစွာ အသားသေနေခဲ့တဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံလိုမျိုးဆိုရင်တော့ ပိုဆိုးပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ အခက်အခဲတိုင်းကသာ ခြေလှမ်းတွေကို ရပ်တန့်စေခဲ့ကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးတောင် ရခဲ့မှာမဟုတ်ပါဘူး။ တရားမျှတခြင်းအတွက်၊ လွတ်လပ်ခြင်းအတွက်၊ လူ့အခွင့်အရေးတွေအတွက် အသက်တွေပေး၊ ဘ၀တွေ စတေးခဲ့ကြသူတွေ ဒုနဲ့ဒေးဟာ မြန်မာတို့ရဲ့ ကြီးမြတ်တဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အထင်ရှားဆုံး မှတ်ကျောက်တင်ထားတဲ့ သမိုင်းရဲ့ စာမျက်နှာတွေပါ။ အင်္ဂလိပ်တို့ရဲ့ သေနတ်ပြောင်းဝမှာ တစ်မျိုး၊ ဂျပန်တို့ရဲ့ လှံစွပ်ဖျားအောက်မှာ တစ်ဖုံ၊ အခုနောက်ဆုံး ကိုယ့်လူမျိုးအချင်းချင်းရဲ့ လူမဆန်တဲ့ရက်စက်မှုတွေ အောက်မှာ တစ်နည်း သွေးချောင်းစီးခဲ့ရတဲ့ အဖြစ်ဟာ မြန်မာတို့ရဲ့ ကံကြမ္မာလို့ပဲ ဆိုပါစို့ ။ ပြီးခဲ့တာတွေ အားလုံးအတွက် ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့လိုက်ကြမယ်။ ဒါပေမယ့် အနာဂတ်ကိုကျွန်တော်တို့ပိုင်တယ်။

နိုင်ငံရဲ့ အနာဂတ်ဟာ ကျွန်တော်တို့နဲ့ဆိုင်တယ်။ မြန်မာနိုင်ငံရဲ့ ခေတ်သစ်တစ်ခေတ်ကို ကျွန်တော်တို့လက်နဲ့ ရေးမှတ်နိုင်ခဲ့ရမယ်။ နိုင်ငံရဲ့ အနာဂတ်စာမျက်နှာသစ်ကို ကျွန်တော်တို့မြန်မာတွေအားလုံး တတ်နိုင်သမျှ၊ လုပ်ခွင့်ရှိသမျှ ကြိုးစားထုဆစ်ကြမယ်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ မြန်မာရဲ့သမိုင်းကို ထိုးခွဲဆန်းစစ်တဲ့အခါ ကျွန်တော်တို့ခင်ဗျားတို့ရဲ့ နှလုံးသွေးတွေဟာ နီစွေးရဲရင့်စွာနဲ့တထောင့်တနေရာကနေ ပါဝင်အားဖြည့် ခဲ့တယ် ဆိုတာကို နှောင်းလူတွေ မြင်တွေ့စေကြမယ်။ မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေပြီ ဖြစ်တဲ့ 3R ကို ကျွန်တော်တို့တွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် ၀ိုင်းဝန်းကြိုးစားကြမယ်။ အခုလောလောဆယ် တော့ ပထမဆုံး R ဖြစ်တဲ့ Revolution တစ်ခုကို မဖြစ်မနေအကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးရဲ့ ကိုယ်အား၊ ဥာဏ်အား ၊ စိတ်အားတွေကို တိုင်းပြည်အတွက် ပေးအပ်လိုက်ကြပါစို့လားဗျာ။

ရေးသားသူ - ဘုန်းမင်းဇွန်

(အင်တာနက်မှ တဆင့် ရရှိခဲ့သော ကိုဘုန်းမင်းဇွန်၏ ဆောင်းပါးတစ်ပုဒ်ကို ပြန်လည် ဝေမျှထားခြင်း ဖြစ်ပါသည်။)

တာရာဖြူ၏မွေးဖွားခြင်း နိဒါန်း

`လက်ရှိ မြန်မာဘလော့ဂ် လောကမှာ လူတန်းစား သုံးရပ်ရှိတယ်။ ပြည်တွင်းနေ၊ ပြည်ပနေ(အိမ်ပြန်ရ)၊ ပြည်ပနေ (အိမ်ပြန်မရ) ဆိုပြီး လူတန်းစား သုံးရပ်ရှိတယ်´

နိုင်ငံခြားမှာ နေပြီး ကြားနေ၀ါဒလုပ်နေသူ ဥပက္ခာဝါဒီ လုပ်နေသူများရှိသလို နိုင်ငံခြားမှာနေလို့ မဟားဒရားဘေးတီးပေးသူတွေလဲ ရှိမှာပဲ။ ပြည်တွင်းအရေးကို ပြည်တွင်းကလူအချင်းချင်း ယုံကြည်ပြီး ညီညွတ်ဖို့တော့လိုပါတယ်။ ပြည်တွင်းနေဘလော့ဂါ သူငယ်ချင်းတစ်ယောက် ကပြောတယ်။ ပြီးတော့ သူ့မှာ လွတ်လွတ်လပ်လပ်ရေးဖို့ တွေးဖို့ သူ့ အမြင်တွေ တင်ပြဖို့ အခွင့်အရေးအပြည့်မရှိဘူးတဲ့။ ဒီလို ဘောင်ခတ်ခံရတာတွေကို မုန်းပါသတဲ့ ။ ကျမကိုလဲ ဘလော့ဂ်တစ်ခုလုပ်ဖို့ တိုက်တွန်းတယ်။ ကျမချစ်တဲ့ သူ့အတွက် ကျမတတ်နိုင်တဲ့ တဘက်တလမ်းကနေ ဘောင်ခတ်ခြင်းကလွတ်မြောက်ရာ ကလောင်တချောင်းအနေနဲ့ အားဖြည့် ပါရစေ။ ကျမ အများကြီးမရေးနိုင်ရင်လဲ ရေးထားပြီးသားဘလော့ဂါတွေရဲ့ ပို့စ်ကောင်းလေးတွေကို စုစည်းနိုင်သလောက် စုစည်းပေးပါရစေ။ ဒီလိုနဲ့ ပဲ မြန်မာဘလော့ဂ်ကောင်းကင်ပြင်မှာ ကြယ်ဖြူတစ်စင်းတောက်ပစွာ ထွန်းလင်းခွင့် ပြုပါလို့ နှုတ်ခွန်းဆက်ပါရစေရှင်..။

You received this email because you are subscribed to the real_time feed for http://taryarphyu.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.