Wednesday, November 12, 2008

[ညီလင်းသစ်] 1 New Entry: ကျနော်နှင့်ထိုရောဂါ

ကျနော်နှင့်ထိုရောဂါ

အခုပြန်တွေးကြည့်တော့ ဘယ်တုန်းကတည်းက ကျနော့်မှာ အဲဒီရောဂါရသွားလဲဆိုတာ တိတိကျကျ မမှတ်မိတော့ဘူး၊ အချိန်အားဖြင့် ဒီနှစ်ပိုင်းအတွင်းမှာပဲ ဆိုတာတော့ သေချာတယ်၊ ကျနော့်အထင် မသကာ ရှိလှ ၆ လအောက်ပေါ့၊ အခုတော့ အဲဒီရောဂါက တော်တော့်ကို အမြစ်တွယ်နေပြီလို့ ပြောရတော့မယ်၊

ကျနော့်သူငယ်ချင်းတွေထဲမှာလည်း ဒီရောဂါရှိတဲ့သူတွေ ရှိတယ်၊ ဒီတုန်းကတော့ သူတို့တွေမှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်ဆိုတာ မျိုးပဲ၊ သူတို့ကို ကြည့်ရင်း ကျနော်ကတော့ သိပ်နားမလည်ခဲ့ဘူး၊ ဒါပေမယ့် အေးအေးဆေးဆေးပါပဲ၊ ကူးစက်ရောဂါလည်းမဟုတ်တော့ သူတို့နဲ့ လက်ပွန်းတတီး သွားလာနေခဲ့တာပေါ့၊ ကိုယ့်ရဲ့ ကိုယ်ခံအားနဲ့ သူတို့ရဲ့ကိုယ်ခံအားကလည်း တူမှမတူတာကိုး...၊

အခုတော့ ကျနော်လည်း သူတို့နေရာရောက်နေခဲ့ပြီ၊ ကျနော်ပြန်စဉ်းစားကြည့်တယ်၊ ဘယ်လိုဖြစ်လို့ ငါ ဒီပိုးဝင်သွားတာပါလိမ့်...လို့၊ အစောကြီးကတည်းက မရဘဲ အခုကျမှ ဘယ်လိုဖြစ်လို့ ဒီရောဂါက ကိုယ့်ဆီရောက်လာခဲ့ရတာလဲ၊ ကျနော်သုံးသပ်လို့ ရသလောက်ကတော့ ရောဂါရဲ့ အသွင်အပြင်ပြောင်းသွား တာကြောင့်ပဲ ဖြစ်လိမ့်မယ်၊ ဒါ့ကြောင့်လဲ ကျနော့်လိုပဲ မထင်မှတ်ဘဲ အလစ်အငိုက် ခံလိုက်ရတဲ့သူတွေတဖြည်း ဖြည်းနဲ့ များလာနေခဲ့တာနေမှာ၊ အင်းလေ...အခုပုံစံအတိုင်းဆိုရင် ကူးစက်ရောဂါတောင် ဖြစ်လာနိုင်ပါရဲ့...၊

ကျနော်အခုပြောနေတဲ့ ရောဂါက WHO မှာတောင် classified မလုပ်ရသေးပါဘူး၊ အကြောင်းကတော့ တဦး တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှု၊ ကျွမ်းကျင်လိမ္မာမှု၊ ငွေကြေးတတ်နိုင်မှု စ,တာတွေပေါ် မူတည်လို့ ရောဂါ ပြန့်နှံ့ပုံက ကွဲသွားလေ့ ရှိလို့ပါပဲ၊ ဒီရောဂါရဲ့ နာမည်က တခြားတော့ အထွေအထူးမဟုတ်ပါဘူးဗျာ၊ DSLR Addicted Disease လို့ကျနော်ခေါ်ချင်တဲ့ Digital Single-Lens Reflex camera တွေကို စွဲလန်းနှစ်သက်တဲ့ ရောဂါပါပဲ၊ ဟုတ်တယ်ဗျာ...ကျနော်တော့ DSLR addicted ဖြစ်နေခဲ့ပြီ၊

အရင်တုန်းက ကျနော့်သူငယ်ချင်းတွေ ဖလင်ထည့်ရိုက်ရတဲ့ ကင်မရာတွေနဲ့ အရူးထနေတုန်းက ကျနော်က အေးအေးဆေးဆေး နေခဲ့နိုင်တယ်၊ ရိုက်ပြီးရုံနဲ့ မပြီးသေးဘဲ ဖလင်ဆေးဦး၊ ကူးဦး စ,တဲ့ အဆင့်တွေနဲ့ လေးလံ ကြာရှည်လှတဲ့ အဲဒီကင်မရာကြီးတွေက ကျနော့်ရဲ့ စိတ်ကို မညွတ်နူးစေခဲ့ဘူး၊ ရိုက်မယ့်လူဖက်က ပညာရပ်ကို တစုံတရာ အတိုင်းအတာအထိ နားလည်ထားဖို့ကလည်း လိုသေးတာကိုး၊ ပြီးတော့ ရိုက်ချက်တွေအပေါ်မှာ ကိုယ်က အနုပညာ ကွန့်မြူးလိုက်ပေမယ့် Result ကချက်ချင်းမှ မသိရတာ...၊ အခုတော့ DSLR ကအဲဒါတွေ အားလုံးကို ချန်ထားဖြတ်တက်ခဲ့ပြီလေ၊ လုပ်ပိုင်ခွင့်တွေ အများကြီးပိုလာသလို အဖြေကို ချက်ချင်းသိခွင့်၊ ချက် ချင်းအမှား ပြင်ဆင်ခွင့် စ,တာတွေလည်း အပြည့်ပါပဲ၊

အဲဒီလိုနဲ့ DSLR ရဲ့အလှမှာ ကျနော်လည်း ရုန်းမထွက်နိုင် ဖြစ်ခဲ့ရတယ်ပေါ့ဗျာ၊ သူ့ မာယာတွေရဲ့အောက် ကျနော့်မှာ နေ့နဲ့ညတွေ မှားလို့၊ စားလည်းသူ့စိတ် သွားလည်း သူ့စိတ်နဲ့ အစွဲလန်းကြီးစွဲလန်း ခဲ့တာပါပဲ၊ အဲဒီလို မွတ်သိပ်တမ်းတမှုတွေရယ်၊ ပြန်အိပ်မရတဲ့ တရေးနိုးအိပ်မက် တွေရယ် ပေါင်းစပ်လွန်းမက ပေါင်းစပ်သွားတဲ့အခါမှာတော့ ' ဟေ့..ဒီမှာ DSLR, မင်းကိုစပြီး ချစ်မိကတည်းက ပိုင်ဆိုင်ဖို့အတွက်ပဲ ချစ်ခဲ့တာ ကွ ' ဆိုပြီး လူကြီးစုံရာတွေ ဘာတွေ စောင့်မနေတော့ဘဲ ကျနော်တစ်ယောက် တည်း သွားပြီး DSLR တစ်လုံး ဝယ်လိုက်တော့တာ ပါပဲ၊ အင်း..ဝယ်ရတော့တာပေါ့လေ၊ ခိုးပြေးတာတို့၊ ကားတင် ပြေးတာတို့မှ လုပ်လို့ မရဘဲ၊ အရောင်းဆိုင်မှာ ဗီဒီယိုကင်မရာတွေ၊ လုံခြုံရေးအစောင့်တွေက များပါဘိသနဲ့...၊

အခုတော့လည်း ဓါတ်ပုံအကြောင်းကို အချိန်ရှိသရွေ့ စဉ်းစားနေချင်တယ်၊ ဒီလိုအလင်းဆို ဘယ်လိုရိုက်လိုက် မယ်၊ ဒီနေရောင်နဲ့ဆိုရင် Exposure ကိုဘယ်လောက်ထားမှ သင့်မှာပဲ၊ ဒါမျိုးဆိုရင်တော့ Flash သုံးတာထက် ISO ကိုနဲနဲ ပိုတင်လိုက်တာ ကောင်းမလားပဲ...စသဖြင့်ပေါ့ဗျာ၊ ပုံလေးတွေကို ဘလော့ဂ်မှာတင်တဲ့အခါ လာ ကြည့်တဲ့သူတွေ ရှိတော့လည်း စိတ်ချမ်းသာရတာပေါ့၊ ကျနော်တို့ငယ်ငယ်က ကင်မရာနဲ့ ပတ်သက်ရင် အဖေ ပြောလေ့ရှိတာလေးကို သွားသတိရတယ်၊ ' လူတစ်ယောက်ကိုမုန်းရင် ကင်မရာတစ်လုံး ဝယ်ပေးလိုက်ပါ ' တဲ့၊ တွေ့ကရာ လျှောက်ရိုက်၊ ကူးလိုက်၊ ဆေးလိုက်၊ ထပ်ရိုက်လိုက်နဲ့ အဲဒီလူ မွဲသွားမယ်ပေါ့ဗျာ၊ အခု digital ခေတ် မှာတော့ မမှန်တော့ပါဘူး၊ ဝယ်တဲ့အခိုက်မှာတော့ အမျိုးအစားပေါ် မူတည်လို့ ဈေးများကောင်းများနိုင်ပေမယ့် နောက်ပိုင်းမှာ စိတ်ချမ်းသာရဖို့ များပါတယ်၊ ကျနော့်ရဲ့ ချစ်ရပါသော DSLR လေးနဲ့ ကျနော်ကတော့ ရှေ့သွား နောက်လိုက် ညီညီပါပဲ။ ။

ညီလင်းသစ်
၉ နိုဝင်ဘာ၊ ၂၀၀၈

You received this email because you are subscribed to the real_time feed for http://nyilinnthit.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆုံဆည်းရာ] 6 New Entries: စစ်အစိုးရက လူပေါင်း ၄၀ ခန့်ကို ယနေ့ ထောင်ဒဏ်များ ချမှတ်

စစ်အစိုးရက လူပေါင်း ၄၀ ခန့်ကို ယနေ့ ထောင်ဒဏ်များ ချမှတ်

ဧရာဝတီ | နိုဝင်ဘာလ ၁၁ ရက် ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသော တောင်ဥက္ကလာ ငွေကြာယံကျောင်းတိုက်မှ သံဃာတော် ၅ ပါး အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ တသီးပုဂ္ဂလ လူမှုရေးလှုပ်ရှားသူများ စသည့် လူပေါင်း ၄၀ ခန့်ကို ယနေ့တွင် ထောင်ဒဏ် အမြင့်ဆုံး ၆၅ နှစ် အထိချမှတ်လိုက်သည်။

ငွေကြာယံ ကျောင်းတိုက်မှ သံဃာ ၅ ပါးကို ထောင် ၆ နှစ်ခွဲစီချမှတ်လိုက်ပြီး ကိုမင်းဇေယျ၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ် ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ မနီလာသိန်းနှင့် မမီးမီးတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၄ ဦး ကို ထောင်ဒဏ် ၆၅ နှစ် စီ ချမှတ်လိုက်သည်ဟု မိသားစုဝင်များ နှင့် ဥပဒေ အကျိုးဆောင်များက ပြောသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့မှ ကိုပြည့်ဖြိုးလှိုင်နှင့် ၉ ဦးကိုလည်း ထောင်ဒဏ် ၈ နှစ်မှ ၂၄ နှစ်အထိ ချမှတ်လိုက်ကြောင်း သိရသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးအား ထောင်ဒဏ် ၁၂ နှစ် ၆ လ ချမှတ်လိုက်ကြောင်းလည်း ၎င်း၏ အစ်မဖြစ်သူ မဌေးဌေးကြည်ကပြောသည်။ မစုစုနွေးနှင့်အတူ ကိုဘိုဘိုလှိုင်ဝင်းသည် ထောင် ၈ နှစ် ချမှတ်ခံရကြောင်းလည်း သိရသည်။

ရွှေသံစဉ်ကို ၀င်းမော်နှင့် အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီနေသူ ကိုသန်းနိုင်တို့ကိုလည်း ထောင် ၆ နှစ်စီ ချမှတ် လိုက်သည်။

တခြားသော ၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကိုလည်း လာမည့်ကြာသပတေးနေ့ ရုံးထုတ်မတိုင်မီ ထောင်ဒဏ်ချ မှတ်ရန် အစီအစဉ်ရှိကြောင်း၊ ကျန်ဖမ်းဆီးထားသည့် နိုင်ငံရေးလှုပ်ရှားသူအားလုံးကို နိုဝင်ဘာ ၂၅ ရက် ၀န်းကျင် တွင် ပြစ်ဒဏ်များ စီရင်နိုင်ကြောင်းလည်း အကျိုးဆောင်ရှေ့နေများ အသိုင်းအ၀န်းက သိရသည်။

"အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက နိုဝင်ဘာ လကုန်ပိုင်းလောက်မှာ ပြစ်ဒဏ်စီရင်တာတွေ အပြီးဖြတ် မယ်လို့ ကြားနေရတယ်၊ ဇေယျာသော်အမှုကိုလည်း ၂၀ ရက်လောက်မှာ ဖြတ်မယ်လို့ သိရပါတယ်"ဟု ဖမ်းဆီးခံထားရသည့် အဆိုတော် ဇေယျာသော်၏ ရှေ့နေ ဦးအောင်ကြီးက ပြောဆိုသည်။

ယခုကဲ့သို့ ပြစ်ဒဏ်များ စီရင်လိုက်ခြင်းကို ၈၈ မျိုးဆက်ကျောင်းသားများက ကြွေးကြော်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ ကြောင်း လည်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမင်းဇေယျက"၆၅ နှစ်ထဲပါ"ဟု ပြောဆိုလိုက်ပြီး မမီးမီးကမူ "ဘယ်တော့မှ မကြောက်ဘူး"ဟု ကြွေးကြော်ကာ တခြားသော သူများက"မြန်မာပြည်လွတ်မြောက်ရေး" ဟု ကြွေးကြော် ခဲ့ကြကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောပြသည်။

ပြီးခဲ့သော အောက်တိုဘာ ၂၉ ရက်နေ့တွင် ရန်ကုန် အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက တရား စီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈ ဖြင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို ၊ ကိုမြအေး၊ ကိုလှမျိုးနောင် ၊ ကိုအောင်သူ ၊ ကိုဥာဏ်လင်းနှင့် ကိုမျိုးအောင်တို့ ၉ ဦး ကို အာဏာပိုင်များက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တွင် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့ သည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချို၏ ဖခင်ဖြစ်သူ ဦးဝင်းမောင်က အဆိုပါ ၉ ဦးကိုလည်း ကြီးလေး သည့် ပြစ်ဒဏ်များ ချမှတ်နိုင်သည်ဟု မျှော်လင့်ရကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ရာထူးသစ်အတွက် ဘုရှ်အမည် တင်သွင်း

မဇ္ဈိမ၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၀၈

ချင်းမိုင်။ ။ မကြာသေးခင်က အသစ်ဖန်တီးခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး ရာထူးတွင် ခန့်ထားရန်အတွက် အမေရိကန် ပြည်ထောင်စု သမတကြီး ဂျော့ဘုရှ်က အမည်စာရင်း တင်သွင်းလိုက်ပါသည်။

ဤရာထူး သည် မြန်မာနိုင်ငံစစ်အစိုးရအား ကျယ်ပြန့်သော နိုင်ငံရေး အပြောင်းအလဲတရပ်ကို လက်ခံရန် တိုးမြှင့် ဖိအားပေးရေးအတွက် အဓိက ရည်ရွယ်ထားပါသည်။

လောလောဆယ် ဂျော့ခ်ျတောင်းတက္ကသိုလ် တွဲဘက်ပါမောက္ခနှင့် ဝါရှင်တန်ဒီစီရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့ လာရေးဗဟိုဌာန အကြီးတန်း အကြံပေးနှင့် ဂျပန်နိုင်ငံဆိုင်ရာ သဘာပတိဖြစ်သူ မိုက်ကယ်ဂရင်းကို ဤရာထူး၌ ခန့်အပ်နိုင်ရန်အတွက် အတည်ပြုပေးနိုင်ရန် ဆီးနိတ် အထက်လွှတ်တော်သို့ သူ၏ အမည်ကို တင်သွင်း ပေးပို့လိုက်ပြီ ဖြစ်ပါသည်။

ဤအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံပြည်သူများအား ကူညီရေးအတွက် ကျွန်ုပ်တို့၏ ကြိုးပန်းချက်များတွင် အခြားနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရာ၌ အမေရိကန်နိုင်ငံ၏ အဓိက ပါဝင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်မည် ဖြစ်ပါသည် ဟု အမေရိကန်နိုင်ငံ အမျိုးသားလုံးခြုံရေးကောင်စီ ပြောရေးဆို ခွင့်ရှိသူ ဂေါ်ဒွန်ဂျွန်ဒရိုး၏ အဆိုအရ သိရပါသည်။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနှင့် ပြုပြင်ပြောင်းလဲမှုများကို လက်ခံရေးအတွက် မြန်မာနိုင်ငံကို အုပ်စိုးနေသော ဗိုလ်ချုပ်ကြီးများအား နောက်ထပ် တနည်းတဖုံ ဖိအားပေးနိုင်ရန် မျှော်မှန်းသည့်အနေဖြင့် ဤရာထူးကို ထားရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ အစိုးရတရပ် ပေါ်ပေါက်ရေးကို အဓိကပန်းတိုင်အဖြစ် ထားရှိ၍ ဤအထူးကိုယ်စားလှယ်သည် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ ဒေသတွင်း အစိုးရများ၊ အဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဤရာထူးတွင် အတည်ပြု ခန့်အပ်ခြင်းခံရပါက ဂရင်းသည် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားသည့် အထောက်အပံ့များ ပေးအပ်ရေး၌ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်မည် ဖြစ်သည်။

ဤရာထူးတွင် ခန့်အပ်ခံရသူသည် ရန်ကုန်မြို့တွင် အခြေစိုက်မည် မဟုတ်သော်လည်း ဤရာထူးသည် သံအမတ်ကြီး ရာထူးအဆင့်အတန်းရှိသော ရာထူးဖြစ်သည်။ ၁၉၉ဝ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုသည် ရန်ကုန်မြို့ရှိ ယင်း၏သံရုံးတွင် သံအမတ်ကြီး ထားရှိခြင်း မရှိဘဲ၊ အမြင့်ဆုံးရာထူးအဖြစ် တာဝန်ခံ သံမှူးကိုသာ ထားရှိခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရာထူးသည် ဂျူလိုင်လအတွင်းက အတည်ပြုပြဌာန်းခဲ့သော စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး ကြိုးပန်းမှုများ ဥပဒေ၏ လုပ်ပိုင်ခွင့်အတွင်း ကျရောက်ပြီး အောက်လွှတ်တော် အမတ် တွမ်လန်းတော့စ် သေဆုံးခဲ့ပြီးနောက် ယခု ဒုတိယသမတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဂျိုးဘိုင်ဒင် က ဤဥပဒေကို လွှတ်တော်တွင် ဦးဆောင်တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် လာရီအမ်ဒင်းဂါး က ရန်ကုန်မြို့ရှိ အမေရိကန် သံရုံး တာဝန်ခံသံမှူးရာထူးကို ရှာရှီဗီလာရိုစာထံမှ လွှဲပြောင်း လက်ခံရယူခဲ့ပါသည်။

ဒေါ်စုနှင့် ဒေါက်တာ စင်သီယာမောင်ကို စပိန်နိုင်ငံက ဆုချီးမြှင့်

ဧရာဝတီ-အေးလဲ့ | နိုဝင်ဘာ ၁၁၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းမြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်တို့အား စပိန်နိုင်ငံရှိ ကတ်တာလိုနီးယားပြည်နယ်အစိုးရက ၎င်းမြို့၏ အမြင့်ဆုံးဂုဏ်ထူးဆောင် နိုင်ငံတကာ ဆုချီးမြှင့်ပွဲကို ယနေ့ကျင်းပမည်ဖြစ်သည်။

အဆိုပါဆုချီးမြှင့်ပွဲကို စပိန်နိုင်ငံမြို့တော်ဖြစ်သည့် ဘာစီလိုနားမြို့တွင် ကျင်းပမည် ဖြစ်ပြီး လက်ရှိနေအိမ် အကျယ်ချူပ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဗြိတိန်နိုင်ငံမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှ တာဝန်ခံတဦး ဖြစ်သူ ဇိုယာဖန်းက လက်ခံရယူမည်ဖြစ်ကြောင်း လည်းသိရသည်။

ဇိုယာဖန်းက "ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီဆုကိုသွားရောက်ယူခွင့်ရတဲ့ အတွက် ကျမဝမ်းသာမိပါတယ်။ ကျမစိတ်မကောင်းမိတာက သူကိုယ်တိုင်သွားရောက်ယူခွင့် မရတာကိုတော့ စိတ်မကောင်းပါဘူး။ ခုလိုဆုပေးတာဟာ ကတ်တာလိုနီးယား ပြည်သူ လူထုတွေရော ကတ်တာလိုနီးယား အစိုးရကပါ မြန်မာပြည် ဒီမိုကရေစီရေးအတွက် မြန်မာပြည်သူပြည်သားတွေနဲ့ အတူရပ်တည်နေတယ်ဆိုတာကို သိရတဲ့အတွက် အားတက်မိပါတယ်" ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန် အထက်လွှတ်တော်က အရပ်သား များကို ချီးမြှင့်သည့်ဆုများထဲမှအမြင့်ဆုံး ရွှေတံဆိပ်ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၎င်းသည် ၁၉၉၀ခုနှစ်က နော်ဝေး နိုင်ငံက ချီးမြှင့်သည့် နိုဘဲလ်ငြိမ်းချမ်းရေးဆု အပါအဝင် နိုင်ငံတကာ ဆုပေါင်းများစွားကို ရရှိ ထား သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှစတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီဖြစ်သော်လည်း စစ်အစိုးရက မေလတွင် အကျယ်ချူပ် သက်တမ်းတနှစ် ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိ နေအိမ်အကျယ် ချုပ် ဘဝဖြင့် နေရချိန်စုစုပေါင်းမှာ ၁၃ နှစ်ရှိပြီဖြစ်သည်။

ယမန်နေ့တွင် ဒေါက်တာစင်သီယာမောင်နှင့် ဇိုယာဖန်းတို့သည် ကတ်တာလိုနီးယားပြည်နယ် အစိုးရ အကြီး အကဲ José Montill နှင့် တွေ့ဆုံခဲ့စဉ်တွင် လက်ရှိမြန်ာနိုင်ငံရေးအခြေအနေများ၊ နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ နယ်စပ်ဒေသ တွင်ဒုက္ခသည်များ ပိုမိုတိုးများလာသည့်အခြေအနေ စသည့် မြန်မာစစ်အစိုးရ ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများအပေါ် စပိန်အစိုးရအနေနှင့် မြန်မာပြည်အရေးကိုပိုမို ဖိအားပေးပြောဆို ရန် တိုက်တွန်းနိုးဆော်ခဲ့ကြောင်းလည်း ဇိုယာဖန်းက ပြောသည်။

ဒေါက်တာစင်သီယာမောင်တည်ထောင်သည့် မယ်တော်ဆေးခန်းသည် မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာ ပြည်သား များအား မည်သည့်ရောဂါမဆို အခမဲ့ဆေး ကုသပေး နေသည့် တခုတည်းသော ဆေးခန်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာစင်သီယာမောင်သည် ယခုဆု အပါအဝင် နိုင်ငံတကာဆုပေါင်း ၁၃ခု ကိုရရှိထား သူဖြစ်သည်။
ကတ်တာလိုနီးယားပြည်နယ်သည် စပိန်နိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး ၎င်းပြည်နယ်၏ ဂုဏ်ထူးဆောင်ဆုကို ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး၊ ယဉ်ကျေးမှု ၊ သိပ္ပံပညာရပ်များ ဆိုင်ရာတို့တွင် ဖွံ့ဖြိုးတိုးတက်ရန် ဆောင် ရွက်သူများအား ချီးမြှင့်ကြောင်း လည်းသိရသည်။ ၎င်းဆုတွင် ခရိုနာငွေ ၁သိန်း အပါအ၀င် အထိမ်းအမှတ် သော့ ကျောက်ဆစ်ရုပ်ကိုပါ လက်ခံရရှိမည် ဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကြည်းတပ်များတိုးချဲ့ချထား

ဧရာဝတီ-ကိုစိုး | နိုဝင်ဘာ ၁၁၊ ၂၀၀၈

ရေပိုင်နက်အငြင်းပွားမှု ပြဿနာဖြစ်နေသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကုန်းတွင်းပိုင်း နယ်စပ် တလျှောက်တွင် နှစ်နိုင်ငံ လုံခြုံရေးတပ်များကို တပ်လှန့်ချထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အဆိုအရ မိုင် ၁၇၀ ခန့် ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက်တွင် လုံခြုံရေး တပ်ဖွဲ့များကို စနေနေ့က စတင်ချထားကြောင်း သိရှိရ သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အခြေစိုက် နိရဉ္စရာ သတင်းဌာနအယ်ဒီတာ ကိုခိုင်မြတ်ကျော်ကလည်း"ကုန်းပိုင်းမှာ ဟိုဘက် ဒီဘက် စစ်တပ်တွေ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိတယ်၊ လွန်ခဲ့တဲ့ စနေနေ့လောက်ကတည်း က စပြီး တော့ ဖြစ်တာ၊ တပ် အင်အား အရေအတွက်တော့ မသိရဘူး၊ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ red alert လုပ်ထား တယ်" ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ် တောင်ဘက် မိုင် ၃၀ ခန့် အကွာ စိန့်မာတင်ကျွန်း အနီးတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေ နေသော ကိုရီးယားကုမ္ပဏီ သဘောင်္လုံခြုံရေးအတွက် မြန်မာ ရေတပ် စစ်သင်္ဘောများ ပို့ဆောင်လိုက်ပြီး နောက် ပိုင်း ယခုကဲ့သို့ နှစ်နိုင်ငံ တင်းမာမှု ဖြစ်လာရခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ် လုံခြုံရေး တပ်များကိုတပ်လှန့်ချထားသည်ဟု တရားဝင်ပြောဆိုနေစဉ်အတွင်းမှာ ပင် အဆိုပါ အငြင်းပွားနေသော ရေပိုင်နက်ရှိ မြန်မာဘက်က ရေတပ် စစ်သင်္ဘောများ ပြန်လည် ဆုတ်ခွာသွား သည်ဟု ရိုက်တာ သတင်းဌာနက ရေးသားထားသည်။

နိုဝင်ဘာ ၆ ရက်နေ့က မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်အား ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေး အတွင်းဝန်နှင့် အဖွဲ့က လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ အငြင်းပွားရာရေပိုင်နက်အတွင်း သဘာဝဓာတ်ငွေ့ တူးဖော်နေသည့်လုပ်ငန်းကို ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်ကို နောက်တနေ့တွင် မြန်မာအစိုးရဘက်က ပယ်ချကြောင်း အစိုးရပိုင် သတင်းစာများမှ တဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၉ ရက်နေ့ထုတ် အစိုးရသတင်းစာတွင်မူ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ်ကွက် AD-7 ရှိ စမ်းသပ်တိုင်းတာရေးလုပ်ငန်းများ နိုဝင်ဘာ ၈ ရက်တွင် ပြီးစီးသောကြောင့် A-3 လုပ်ကွက် သို့ စတင် ပြောင်းရွှေ့နေ ကြောင်းနှင့် လုပ်ငန်းအစီအစဉ်များကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

မြန်မာဘက်က အစိုးရ သတင်းစာများကသာ ယင်းကဲ့သို့ထုတ်ပြန်ကြေညာချက်ကို ထည့်သွင်းဖော်ပြခဲ့သော် လည်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများကမူ အကျယ်တ၀င့် ဖော်ပြကြကြောင်း သိရသည်။

"ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အချာအာဏာပိုင်စိုးမှုကို မြန်မာပြည်က ကျူးကျော်တယ် ဆိုပြီး ရေးသားကြတယ်၊ ခေါင်းကြီးပိုင်းကကို ရေးကြတာများတယ်၊ ဒေးလီးစတားတို့ ဘာတို့မှာ ရေးကြတယ်"ဟု ကိုခိုင်မြတ်ကျော်က ပြောသည်။

ယခုကြုံတွေ့နေရသည့် ပြဿနာအတွက် လာမည့် နိုဝင်ဘာ ၁၆-၁၇ ရက်များတွင် နှစ်နိုင်ငံ တာဝန်ရှိသူများ အနေနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ရန် ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက စစ်အစိုးရ ဒုတိယ စစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ အဖွဲ့ဝင် ၅၀ ကျော်နှင့် သွားရောက်ခဲ့ပြီး ပင်လယ်ရေပိုင်နက် အငြင်းပွားမှုကိစ္စ အပါအ၀င် သဘာဝဓာတ်ငွေ့၊ လမ်းဖောက်လုပ်ရေး၊ ဆန်တင်သွင်းရေး ၊ အခွန် ၂ ထပ် လျှော့ချရေး၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စများ စသည့် နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စရပ်များကို လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ဆွေးနွေးခဲ့သည်။

မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်ကျော်ချ

ခေတ်ပြိုင်-ကိုဝိုင်း/ ၁၁ နိုဝင်ဘာ ၂၀၀၈

အင်းစိန်ထောင်၌ ထိန်းသိမ်းခံနေရသည့် မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်နှင့် (၆) လ ယနေ့ ချမှတ်လိုက်ကြောင်း အင်းစိန်တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် မစုစုနွေးနှင့် အမှုတွဲဖြစ်သူ ဘိုဘိုဝင်းလှိုင်ကိုလည်း ထောင်ဒဏ် (၈) နှစ်ချလိုက်ကြောင်း ၎င်းကပြောသည်။

နှလုံးရောဂါအခံရှိသဖြင့် ဆေးမှီဝဲနေရသူ မစုစုနွေးသည် ယနေ့ရုံးထွက်ရာတွင် လန်းလန်းဆန်းဆန်းရှိနေကြောင်း သိရသည်။
မစုစုနွေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ (၁၃) ရက်နေ့က စစ်အစိုးရဆန့်ကျင်ရေးပိုစတာကပ်မှုဖြင့် ဗဟန်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရဲစခန်း၌ အစာငတ်ခံဆန္ဒပြခဲ့သေးသည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ် ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။

သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဋ္ဌနှင့် ဆယ်အိမ်မှူးကို အဓမ္မလုပ်အားပေးခိုင်းစေမှု နှင့် အဓမ္မငွေကြေးကောက်ခံမှုဖြင့် တရားစွဲဆိုခဲ့ရာ အာဏာပိုင်များကို ခြိမ်းခြောက်သည်ဟု ပြန်လည်စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံခဲ့ရသည်။ ထို့နောက် မစုစုနွေးသည် ထောင်ဒဏ် တနှစ်ခွဲချမှတ်ခံခဲ့ရသော်လည်း (၇) လအကြာတွင် ပြန်လွတ်မြောက်လာခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးအား ထောင်ဒဏ် (၆၅) နှစ်စီချ

ခေတ်ပြိုင်-ကိုဝိုင်း/ ၁၁ နိုဝင်ဘာ ၂၀၀၈

စစ်အစိုးရက အင်းစိန်ထောင်အတွင်း၌ ဖမ်းဆီးထားသော ၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးအား ထောင်ဒဏ် (၆၅) နှစ်စီ ယနေ့ ချမှတ်လိုက်ကြောင်း ထောင်ဒဏ်ချမှတ်ခြင်းခံရသူတဦးဖြစ်သည့် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက ခေတ်ပြိုင်သို့ ပြော သည်။

အမိန့်ချမှတ်ခြင်းကို တရားဝင်အကြောင်းကြားခြင်းမရှိသေးသော်လည်း ယုံကြည်စိတ်ချရသည့် အဆက်အသွယ်များမှတဆင့် သိရခြင်းဖြစ်သည်ဟု ဒေါ်ညွန့်ညွန့်ဦးက ပြောသည်။

ယနေ့ ထောင်ဒဏ်ချမှတ်ခံရသူ (၁၄) ဦးမှာ ကိုမင်းဇေယျာ၊ ကိုဂျင်မီခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီးခေါ် ကိုကျော်ကျော်ထွေး၊ ကြီးသန်း ခေါ် ကိုသန်းတင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မီးမီးခေါ် မသင်းသင်းအေး၊ ရွှီးခေါ် မစန္ဒာမင်း၊ မသက်သက်အောင်တို့ဖြစ်ကြောင်း သိရသည်။

ဒေါ်ညွန့်ညွန့်ဦးသည် သားဖြစ်သူ ကိုပဏ္ဍိတ်ထွန်းအား ပြီးခဲ့သည့် (၉) ရက်နေ့က နောက်ဆုံးတွေ့ခဲ့ခြင်းဖြစ်ပြီး စီရင်ချက်ချမည့် လက္ခဏာတစုံတရာ ကြိုတင်မသိရှိရကြောင်း ပြောသည်။

ဒေါ်ညွန့်ညွန့်ဦးက "ကြိုပြီးမသိရဘူး၊ ဒိပြင့်လူတွေဆိုရင် ဘယ်နေ့စီရင်ချက်ချမယ်။ ရက်စွဲမဟုတ်တောင်မှ ရှေ့အပတ်ထဲ စီရင်ချက်ချမယ်၊ အဲဒီလိုမျိုး။ ကျမတို့က ဘာမှမသိရဘူး" ဟု ပြောသည်။

ယခင်လ (၂၉) ရက်ကလည်း ရန်ကုန်အင်းစိန်ထောင်အတွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုအောင်သူ၊ ကိုလှမျိုးနောင်နှင့် ကိုအောင်နိုင်တို့ (၉) ဦးကို တရားရုံးအား မထီမဲ့မြင်ပြုသည်ဆိုကာ အာဏာပိုင်များက ပုဒ်မ (၂၂၈) ဖြင့် ထောင်ဒဏ် (၆) လစီချမှတ်ပြီး မအူပင်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် (၉) ဦးတို့သည် တရားခွင်၌ မိသားစုကြားနာခွင့်မရသည့်အပေါ် ဆန္ဒပြသည့် အနေဖြင့် ရှေ့နေများ၏ မေးမြန်းချက်များအား ပြန်ဖြေခြင်းမပြုပဲ နေခဲ့ကြခြင်းဖြစ်သည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 1 New Entry: အဖေ့လက်သံလား......ကျွန်တော့်အော်သံလား

အဖေ့လက်သံလား......ကျွန်တော့်အော်သံလား

အဖေလား ။ သူ့နာမည်က ဦးထွန်းဝင်းတဲ့။ စိတ်ဆက်တာကတော့ ပြောမနေနဲ့။ အဖေ့မျက်နှာ သုန်မှုန်နေပြီဆို ကျွန်တော် ဆိုးသွမ်းတို့ ဘယ်ချောင်ကပ်နေရမှန်း မသိဘူး။ ဘယ်လောက်တောင် ဒေါသကြီးသလဲဆိုရင် သူ့အမေ ( ကျွန်တော်တို့ အဘွားပေါ့ ) နေမကောင်းတုန်းက အိမ်ရှေ့မှာ ကုလားက " ဒယ်အိုးဒန်ခွက်တွေ ၀ယ်တယ် ၊ သတင်းစာ စက္ကူတွေဝယ်တယ် " လို့ဆိုပြီး အော်သွားတာ။ ဟိုကုလားကတော့ သူ့ဟာသူ အော်သွားတာပါ။ ဒါကို အဖေက သူ့အမေ နေမကောင်းဖြစ်နေလို့ အိပ်နေတာကို နှောင့်ယှက်ရမလားဆိုပြီး ကုလားကို လိုက်ရိုက်တာ။ ရပ်ကွက်က ၀ိုင်းဆွဲလို့ ကုလားလဲ ခေါင်းမကွဲ ၊ အဖေလည်း ရပ်ကွက်ရုံးမရောက်တယ်။ ငယ်ငယ်တုန်းကလည်း ၉ တန်းအောင်ပြီး ၁၀ တန်းဆက်တက်မယ်လုပ်တော့ ကျောင်းအုပ်ဆရာကြီးက လက်မခံဘူး။ အဘိုး ( သူ့အဖေကလည်း ဆုံးပါး ) မရှိတော့ အဘွားကလည်း ပြောမနိင်ဘူး။ အဖေကဆိုးတာတော့ မဟုတ်ပါဘူး။ မဟုတ်မခံစိတ်ပျင်းတာပါ။ ဒါနဲ့ ရပ်ကွက်ထဲက ဥက္ကဌက အာမခံပါတယ်ဆိုမှ ကျောင်းအုပ်ကြီးက လက်ခံတော့တယ်။ အဖေတို့များ အဲဒီလောက်ထိ နာမည်ကြီးတယ်။

သူအလုပ်က ပင်ပန်းလာလို့များ အိမ်ရောက်လို့ အနေမတက် အထိုင်မတက်တာ မတွေ့လိုက်နဲ့ လာထား ။ ဗုန်းတချက်ပဲ။ အိမ်မှာ တုတ်မထားဘူး။ အလုပ်ရှုပ်တယ်တဲ့။ သူက လက်သီးတွေ ၊ ပတ်တံတောင်တွေပဲ ထားတာ။ တခါတလေ ကံမကောင်းတဲ့ အချိန်ဆို မျိုးလှိုင်ဝင်း ကန်ချက်တွေလည်း ရနိင်ပါသေးတယ်။ :(

အဖေက သူပြန်လာရင် ခေါင်းမှာ ကျွန်တော်တို့ခေါင်းမှာ အုံးဆီ ၊ သနပ်ခါး မရှိရင် အမေ့ကို အရင်ဆူတယ်။ သူ့မိန်းမ သူဆူလို့ ဟိုက " ကျမက လုပ်ပေးထားတယ် ၊ ရှင့်သားသမီးတွေကိုက ကမြင်းလွန်းလို့ ပျက်ကုန်တာ " လို့များ ပြောလိုက်လို့ကတော့ ဆိုးသွမ်းတို့ ပြေးရင်ပြေး ၊ မပြေးရင် အနားမှာ ရှိတဲ့ ပစ္စည်းတွေက အကုန်သူ့လက်နက်တွေ ချည်းပဲ။ နီးရင် ခေါ်ထိုးတယ် ၊ မနီးရင် ကောက်ပေါက်တယ်။ အဲဒီလို အကျင့်ကြောင့် ကျွန်တော့် ခေါင်းမှာ အခုအသက် ၂၅ နှစ်ထိ အုန်းဆီရှိတုန်း ၊ အိမ်ပြန်ရင် မျက်နှာကို သနပ်ခါးပွတ်နေတုန်း။ အဖေပေးတဲ့ လက်တလော အမွေတွေပေါ့။

ငယ်ငယ်တုန်းက သူများ စက်ဘီးကို နေပူထဲ နောက်ကနေ လိုက်တွန်းပေးနေတုန်း အဖေအလုပ်က ပြန်လာတဲ့ အချိန်နဲ့ သွားတိုးတာ ဆိုးသွမ်းတို့ ရပ်ကွက်ပတ်ပြီး ပြေးလိုက်ရတာ ၊ နောက်ဆုံး ဘယ်လိုမှ မလွတ်တော့ ဦးလေး အိမ်အောက်ထဲကို ၀င်ပုန်းနေမှ လွတ်သွားတယ်။ ဒါပေမယ့် ပြန်လာတော့ ဗျင်းခံရတာပါပဲ။ အမေက ကျွန်တော်တို့ ငယ်ငယ်တုန်းက အသုပ်ဆိုင်လေးလုပ်ရောင်းတယ်ဗျ။ ကျွန်တော်က မနက်ဆို ခေါက်ဆွဲသွားယူ ပေးနေကြ ။ ဒီကြားထဲ ရောင်းနေရင်း ခေါက်ဆွဲကုန်သွားလို့များ ( ကျွန်တော်ကလည်း အဲဒီအချိန် ဆော့လို့ကောင်း ) နေတဲ့အချိန် " သားလေးရေ အမေ့ကို ဈေးမှာ ခေါက်ဆွဲ ၅၀သားလောက် သွားယူ ပေးပါဦးဆို " ဆိုးသွမ်းတို့ မျက်နှာက ရှုံတွနေပြီ ။ အဲဒီလောက် အားကိုးရတာ။ ဒါကိုအမေက မြင်တော့ " ကိုထွန်းဝင်းရေ ရှင့်သားက ကျမ ခေါက်ဆွဲယူခိုင်းတာကို ....." လှမ်းတိုင်နေတုန်း ရှိသေးတယ် ကျွန်တော် ဈေးရောက်နေပြီ။ အဲဒီလောက် ကြောက်တာ။

အဖေလိုက်ရိုက်လို့ အိမ်ပေါ်ထပ်တက်ပြေးရင်း အပြေးလွန်လို့ လှေကားထိပ်ကနေ ပြုတ်ကျတာ ထောင်ထားတဲ့ သံပြားအဟောင်းနဲ့ ကျောကုန်းခြစ်မိတာ အခုထိ ကျောကုန်းမှာ သေရာပါ အမာရွတ်ကြီး ရှိတုန်း။ အဲဒါကို မနာနိင်ဘူး။ အဖေမိသွားမှာ ဆိုးလို့ ထပြေးတာ သွေးတွေမြင်မှ " သားလေးလာ ၊ ပြန်လာခဲ့ " ဆိုပြီး လေသံပျော့သွားတယ်။ အဲဒီလိုလည်း ချစ်ဖို့ကောင်းတယ်။ အဲဒီတုန်းကလည်း အမ ၁ ယောက် ၊ ညီမ ၂ ယောက်ဆိုတော့ ယောင်္ကျားလေးဆိုလို့ ကျွန်တော် ၁ ယောက်ပါတယ်။

တခါတုန်းကလည်း ၇ တန်းစာမေးပွဲကို မနက်ဖြန် မြန်မာစာဖြေမယ်ဆို စာအကုန်ရနေတော့ ဘာအလုပ်မှ မရှိတာနဲ့ အိမ်အောက်မှာ အရုပ်ဆင်းပစ်နေတာ။ အဖေအလုပ်က ပြန်လာတာနဲ့ တိုးတော့ ခြေထောက်ကနေ ဆွဲမပြီး နောက်ဖေးကို လှမ်းပစ်လိုက်တာ ၃ မိနစ်လောက် မေ့သွားတယ်။ အိမ်နောက်ဖေးမှာ ပုံပုံလေး။ တဦးတည်းသော သားဆိုတော့ ချစ်ကြပါတယ်။ ကျွန်တော်က ပဲဟင်းကို မကြိုက်ဘူး။ ဒါပေမယ့် သီးစုံကုလားပဲဟင်းကြတော့ ကြိုက်တယ်။ အိမ်မှာ တခါပဲဟင်းနဲ့ တခြားဟာတွေ ချက်တော့ အဖေက သူ့သားလေး အကောင်းများကြီးမလား ၊ အရပ်တွေများ ရှည်လာမလားလို့ ဦးဆုံး " သားလေးလာ " ဆိုပြီး ကျွန်တော် မကြိုက်တဲ့ပဲဟင်းတွေ ပန်းကန်ထဲ လောင်းထည့်လိုက်တာပေါ့။ အဲဒီအချိန် ကျွန်တော်လည်း " ဟာဗျာ ဒီပဲဟင်းက ဘာလုပ်ရမှာဒုန်း ....မကြိုက်ဘူးပြောပြီး ပန်းကန်ကို ရှေ့ကို ဆောင့်တိုးလိုက်တာ ၊ အဲဒီအချိန် အဖေ့လက်ကလည်း မြန်တယ် ၊ ရွှေဓူဝံရှုံးလောက်တယ် ။ ပဲဟင်းထည့်ထားတဲ့ စတီးပန်းကန်ကို ယူပြီး ခေါင်းကို ပိတ်ရိုက်လိုက်တာ ကိုယ်ပေါ်မှာ ထမင်းလုံးတွေ ၊ ပဲဟင်းတွေ ၊ ကြာဇံဖတ်တွေနဲ့ ဖြစ်သွားပါလေရော။ ကဲ.....ကျွန်တော် မပြောဘူးလား ကျွန်တော့်အဖေ စိတ်တိုတက်ပါတယ်လို့ ။

၁၀ တုန်းကလည်း ကျူရှင်ဖိုးတွေကို ဆရာ့ဆီမပေးဘဲ ဘောလုံးချိန်းကန်ပစ်လို့ သွားတစ်ချောင်းကျိုးအောင် ထိုးခဲ့ဘူးလေရဲ့။ အော်...အဖေ အဖေ ။ ပြန်တွေးကြည့်မှ ပိုတောင်ကြောက်လာတယ်။ " ပြောင်ချက်က ယောင်ထွက်သွားမယ်....လက်သံကို ပြောတာပါ ။း) အဲဒီလို ချစ်ဖို့ကောင်းတဲ့အဖေ။

အခုတော့လည်း လိမ်မာသွားပါပြီ။ အဖေလိမ်မာတာလား ကျွန်တော်လိမ်မာတာလား မသိဘူး။ အရင်လို မဆုံးမတော့ဘူး။ သူကလည်း သာမာန်အမြင်မတော်တာလောက် မပြောတော့ဘူး။ တခါတခါ သူက ထကြုံးဝါးသေးတယ် ။ ထွန်းဝင်း " စနေသားကွ ၊ နေတက်ရေတက်မှာ မွေးတာ " တဲ့။ ဘယ်ရေတက်တုန်း နေတက်တုန်းလည်းတော့ မသိဘူး။ ဟိတ်ကောင်.....ကျော်....ထွန်း ( စိတ်တိုလွန်းလို့ အလယ်က လင်း ပျောက်သွားတာ ) ခေါ်လိုက်တာနဲ့ ငြိမ်ပဲ။ မငြိမ်ရင် အဖေ့လက်သံက ပြောင်နေတုန်းပဲကိုး။

ရွှင်လန်းချမ်းမြေ့ကြပါစေ.......

You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Road to Freedom] 1 New Entry: မေမေနဲ့ စကားစမြည်

မေမေနဲ့ စကားစမြည်

အေဒီအက်လ်အယ် ၀ိုင်ယာလက်
အင်တာနက် ဟိုက်စပိတွေလည်း တပ်ပြီးပြီ
စကိုင်းပိ ဂျီတော့ ဗွီဇက်အိုချက်တင်း တယ်လီကွန်ဖရင့်
ကွန်မြူနကေးရှင်းချယ်နယ်တွေလည်း တည်ဆောက်ပြီးပြီ
စတက်ဒက်ဂျီ အိုင်ဒီယော်လော်ဂျီ ပေါ်လစီ ထရိန်နင် ၀ပ်ရှော့ စီမီနာ
အသိပညာ အတတ်ပညာလက်နက်တွေလည်းစုံသလောက်ရှိခဲ့ပြီ
ကျနေတဲ့ စိတ်ဓါတ် ညစ်ထေးဟောင်းနွမ်း နေတဲ့ရင်ခုန်သံကို
ပေါ်လစ်သုတ်အရောင်တင်ဖို့ နည်းလမ်းမရှိသေး

ပုဆိုးခြုံထဲက လက်သီး
အကဲဖြတ်တစ်ယောက်ရဲ့ ဟိတ်ကြီးဟန်ကြီးစကားသံ
အသံသာပြီး အဆံမပါတဲ့ ကြေငြာချက်
သံခင်းတမံခင်း ၀တ်ကြေတမ်းကြေ တောင်းဆိုသံ
ကြည်ကွယ်မျက်ကွယ်စည်းဝေးပွဲ
သင်းကွပ်ခံထားရတဲ့ယူအမ်အဆမ်ဘလီ
ရာသီစာအမီ ကတိုက်ကရိုက် ထွက်ပေါ်လာတဲ့ ရှော့တန်းစတက်ဒက်ဂျီ
မေမေရေ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာဦးမှာလား
ကျနော်တို့ အိုဘားမားကို တကယ်အားကိုးနိုင်မှာလား
လွယ်လွယ်ကူကူနဲ့ အပြောင်းအလဲလုပ်နိုင်မယ်ဆိုရင်
ကျနော်တို့လည်း လုပ်ချင်တယ်မေမေ

ခါးသက်တဲ့ အတိတ်
မရေရာသေးတဲ့ အနာဂတ်
ကျယ်ကျယ်လောင်လောင်ချလိုက်တဲ့သက်ပြင်း
မညီညွတ်နိုင်သေးတဲ့ ညီညွတ်ရေး
ပွင့်လန်းခွင့်မရတဲ့ လောင်းတန်းစတက်ဒက်ဂျီ
အကြပ်အတည်းကြားက ဘဏ္ဍာရေး
လျော့နည်းလာတဲ့ မန်းပါဝါ တွေနဲ့
ကျနော်တို့အောင်ပွဲမရနိုင်သေးဘူး မေမေ

ဘယ်နေရာမှာ မှားခဲ့တာလဲ
လက်နက်လည်းကိုင်ပြီးပြီ
ကွန်ပြူတာလည်းကိုင်ပြီးပြီ
ကျနော်တို့နောက်ထပ်ဘာကိုင်စရာ ကျန်သေးလဲမေမေ

ပန်းပျိုးတဲ့လက်တွေလည်း ပန်းဆိပ်သင့်ကြ
ဗမာပြည်ဖွတ်မွဲပြာထိုင်ဖြစ်စဉ်မှာ
ကျနော်တို့ဟာ တရားခံတွေမဟုတ်ပါဘူးမေမေ
စစ်ဗိုလ်ချုပ်တွေသာ တရားခံအစစ်ဖြစ်ကြောင်းပါ
အမှောင်ခေတ်ကသမိုင်းတင်ရစ်လိမ့်မယ်

ကလေးငယ်တွေအတွက်ပေးချင်တဲ့ အနာဂတ်လက်ဆောင်
အဖိုးအဖွားတွေမျှော်လင့်နေတဲ့ ဒီမိုကရေစီနဲ့ ထာဝရငြိမ်းချမ်းရေး
အလှမ်းဝေးနေဆဲပဲ မေမေ

မေမေရေ
၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်လိုအဖြေထွက်မှာလဲ
အန်အယ်ဒီရွေးကောက်ပွဲဝင်မှာလား
ယူအန်အေရွေးကောက်ပွဲဝင်မှာလား
ဒီမိုကရေစီတမတ်သား ပါလီမန်တကယ်ပေါ်လာတော့မှာလား
နယ်စပ်က ဖက်ဒရယ်ကွန်စတီကျူးရှင်းလည်း အလုပ်မဖြစ်ဘူးမေမေ
နယ်စပ်က ယူအန်-အန်စိ ပရိုဂရမ်မှာလည်း အကွဲအပြဲတွေရှိနေတာမကောင်းဘူးမေမေ
ဒီကေဘီအေနဲ့ နအဖ တပ်တွေပေါင်းပြီး ကေအန်ယူကို အနိုင်ကျင့်နေကြတယ်မေမေ
အခုလေးတင်ပဲ ကျောင်းသားခေါင်းဆောင်တွေ ထောင် ၆၅-နှစ် ချခံလိုက်ရတယ်မေမေ

ဘာတစ်ခုမှ အရသာမဖြစ်တဲ့နေ့ရက်တွေမှာ
မြင်မြင်သမျှဟာ ရူခင်းအသေတွေပဲ
အာရုံမလာဘူး
ကွန်ပြူတာမျက်နှာပြင်ဟာအသေ
ရေဒီယိုကသတင်းတွေအသေ
နှလုံးသားအသေ
ဘ၀အသေ
ကျနော့်စိတ်ကူးစိတ်သန်းတွေလည်း သေနေကြတယ်မေမေ

ရေရှည်စစ်အတွက်ပြင်ဖို့ဆိုရင်
နယူးအိုင်ဒီရော်လော်ဂျီ
နယူးဘလဒ်
နယူးမက်သပ်တွေ လိုအပ်နေတာ
သေချာပါတယ်မေမေ….။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်သူ့ ပုံရိပ်] 1 New Entry: ဘာကို ..အာရုံစိုက်ကြမလဲ ?

ဘာကို ..အာရုံစိုက်ကြမလဲ ?

တစ်နေ့မှာ (Tiny Frogs) ဖားသေးသေးလေးတွေစုပြီး တိုင်ထိပ်တစ်ခုရဲ့ အမြင့်ဆုံးထိ ရောက်အောင် ဘယ်သူ တက်နိုင်မလဲ ဆိုတာ ယှဉ်ပြိုင်မဲ့ပွဲလေး လုပ်တယ်။ သူတို့ အဲ့ဒီလို ပြိုင်ပွဲလုပ်မယ်ဆိုကတည်း စုရုံးစုရုံးရောက်ရှိလာတဲ့ ပရိတ်သတ်ကြီးက 'ရူးနေပြီလား ၊ ဒီလောက်ခက်တဲ့ကိစ္စကြီးကို ၊ ဒါဘယ်လိုမှမဖြစ်နိုင်ဘူး' စသဖြင့် ဝေဖန်ပြောဆိုနေကြပါတယ်။ ပြိုင်ပွဲစပြီး တက်တဲ့သူတွေ တက်နေတဲ့ အချိန်မှာလဲ ဆက်လက်ပြောဆိုနေတုန်းပါပဲ။ အဲ့ဒီ အချိန်မှာ တစ်ဝက်လောက်ရောက်တဲ့သူလဲ ရောက်နေကြပြီဖြစ်သလို အားလျှော့တဲ့ သူလဲ လျှော့ကုန်ကြပြီ။ နောက်ဆုံးမှာ တစ်ကောင်တည်းသာကျန်ခဲ့ပြီး အဲ့ဒီတစ်ကောင်တည်းသော ဖားသေးသေးလေးကပဲ အမြင့်ဆုံး တိုင်ထိပ်ကိုရောက်ရှိသွားပါတယ်။ ပရိတ်သတ်ကြီး အံသြပြီး ဒီလောက် အမျိုးတူဖားတွေအကုန်လက်လျှော့ပြီးမရောက်နိုင်ကြတာတောင် သူကတော့ ဘယ်လိုခွန်အားနဲ့ ရောက်အောင်တက်နိုင်ခဲ့တာလဲလို့ ဝိုင်းမေးကြတဲ့အခါ ဖားလေးက ဘာပြန်ဖြေသလဲဆိုတော့ ..

သူမဖြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူက နားမကြားတဲ့ဖားလေးတစ်ကောင်ဖြစ်နေလို့ပါပဲ။

အဲ့ဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကတော့ လူ့ဘဝမှာ တစ်ခါတစ်ခါ (ကြမ်းတမ်းပါတယ်ဆိုတဲ့ လမ်းတွေကိုဖြတ်ပြီး အခက်ဆုံးအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့အချိန်မှာ) ပတ်ဝန်းကျင်က စကားတွေဟာ ကိုယ့်ရဲ့ Actions တွေပေါ်မှာ သိသိသာသာထိခိုက်မှု ရှိလာပါတယ်။ များသောအားဖြင့် Positive မဖြစ်တဲ့အတွေးအခေါ်တွေ၊ Pessimistic ဖြစ်နေတဲ့စကားသံတွေဟာ ကိုယ့်ရဲ့အရှိန်အဟုန်တွေကို နှေးကွေးသွားစေနိုင်ရုံမကပဲ ခရီးတစ်ဝက်ရောက်နေတာတောင် လက်မြှောက်အရှုံးပေးလိုက်ကြတဲ့ ဖားကလေးတွေလို ဖြစ်သွားစေ ပါတယ်။ တကယ်တော့ You will never really lose until you stop ဆိုတဲ့အတိုင်း ကိုယ့်ကြိုးစားမှုတွေမရပ်သေးသရွေ့ ကိုယ်တကယ် မရှုံးသေးပါဘူး။

နောက်တစ်ခုက အကြားအာရုံချို့တဲ့နေတဲ့ ဖားကလေးက ဘာကြောင့်နိုင်ခဲ့တာလဲ။ အဓိကကတော့ အဆိုးမြင်ပတ်ဝန်းကျင်က ဝေဖန်သံတွေကိုမကြားနိုင်တော့ သူ့အတွက် အနှောက်အယှက်ဖြစ်စေနိုင်တဲ့စကားသံတွေဟာ သူ့ကို ဘာသက်ရောက်မှုမှမရှိစေခဲ့ဘူး။

ဒါကြောင့် ပုံပြင်ရဲ့အဆုံးမှာရေးထားတဲ့ ဒဿနတစ်ခုက ကိုယ်ကြိုးစားနေတဲ့ အချိန်မှာ ဘာတွေပဲကြုံခဲ့ကြုံခဲ့ 'မကြားသလိုနေလိုက်ပါ (Be Deaf) တဲ့'။ ကျွန်မက အဲ့ဒီထက်ပိုပြီး ဖြည့်စွက်ပြောရရင် 'မမြင်ဘူးလို့လဲ သဘောထားပါ (Be Blind) လို့'။ လောကကြီးကို (Half Glass Full) အနေနဲ့ မမြင်တတ်ကြပဲ (Half Glass Empty) အနေနဲ့မြင်တတ်တဲ့သူတွေရှိလို့ (ဖားကလေးတွေကို ဒီလောက်ခရီးကြမ်းများ သူတို့မို့ အပင်ပန်းခံပြီး ကိုယ့်ဒုက္ခကိုယ်ရှာနေတယ်လို့) တိုက်ခိုက်ကြတဲ့အသံတွေကြောင့် အရှုံးပေး သူတွေ အရှုံးပေးသွားကြတယ်။ တစ်ကောင်တည်း ကျန်နေခဲ့တဲ့ဖားကလေးတောင်မှ ဘာကိုမှမကြားနိုင်ခဲ့လို့သာပါ။ ပတ်ဝန်းကျင်ရဲ့ Effect တွေဟာ တစ်ခါတစ်ခါ မျှော်လင့်ထားပြီးသားအခြေအနေထက် ပိုကြောက်စရာကောင်းတဲ့အပြင် ရှေ့ဆက်ရမဲ့လမ်းတွေကိုပါ ယိမ်းယိုင်သွားစေပါတယ်။

အခုအချိန်မှာ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်၊ ကျွန်မတို့ ကြီးပြင်းလာခဲ့တဲ့မြေမှာ ဖားကလေးတွေကို ဝေဖန်တိုက်ခိုက်ကြတဲ့သူတွေလို လူမျိုးတွေရှိလာတဲ့အခါ …(ရေမြေခြားက သူစိမ်းတို့ရဲ့ အလယ်မှာ ရုပ်ပိုင်း ဆိုင်ရာတွေ တိုးတက်သလောက် စိတ်ပိုင်းဆိုင်ရာကို ဟိုးအနိမ့်ဆုံးထိကျမသွားအောင် ကြိုးစား ရုန်းကန်နေရတဲ့) ကျွန်မတို့တွေ ……….ဘာကို အာရုံစိုက်ကြမလဲ …

ဘာတွေပဲကြုံလာကြုံလာ ကိုယ့်အနေအထားတွေကိုတော့ နည်းနည်းမှအထိခိုက်မခံပဲ ပုံပြင်ထဲက ဖားကလေးလို ပန်းတိုင်ကိုပဲ ဦးတည်ချက်ထားကြရအောင် ...

by ...DecemberCinderella

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[လင်းဦး(စိတ်ပညာ)] 1 New Entry: အိုဘားမား ၄င်း၏ အိမ်ယာသစ်အား စစ်ဆေးခြင်း

အိုဘားမား ၄င်း၏ အိမ်ယာသစ်အား စစ်ဆေးခြင်း

တစ်ခါက ဗြိတိသျှတို့၏ လက်ချက်ကြောင့် မီးလောင်ကျွမ်းခြင်းခံရသည့် ဂုဏ်ကျက်သရေရှိလှသော သမ္မတအိမ်တော်ကို သမ္မတအချို့မှ ဤသို့ မှတ်ချက်ပြုခဲ့ပါသည်။ သမ္မတထရူးမင်းက စိတ်လှုပ်ရှားစရာ စွဲဆောင်မှုရှိသည့် အကျဉ်းထောင်ဟူ၍လည်းကောင်း၊ သမ္မတ ဖို့တ်က ကမ္ဘာတွင် အကောင်းဆုံး ပြည်သူ့ အိမ်ယာဟူ၍လည်းကောင်း၊ သမ္မတရီဂင်က ကြယ်(၈)လုံး အဆင့်ရှိ ဟိုတယ်ဟူ၍လည်းကောင်း ဖော်ပြခဲ့ ကြပါသည်။

မည်သို့ပင်ဖြစ်စေ နောက်နှစ် ဇန်န၀ါရီလ (၂၀)ရက်နေ့တွင် ဖော်ပြပါအိမ်တော်မှာ အိုဘားမားမိသားစု၏ အိမ်တော်ဖြစ်လာပါလိမ့်မည်။

သမ္မတဘွတ်ရှ်ကတော် မစ္စစ်ဘွတ်ရှ်အနေဖြင့် မစ္စစ်အိုဘားမားကို သမ္မတမိသားစုအတွက် သီးသန့်အခန်းများကို လိုက်လံပြသမည်ဖြစ်ပြီး၊ သမ္မတဘွတ်ရှ်အနေဖြင့် မစ္စတာ အိုဘားမားကို သမ္မတရုံးခန်း (Oval Office) နှင့် မစ္စတာအိုဘားမားအနေဖြင့် မရှောင်လွှဲနိုင်သည့် အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းပြဿနာများကို ဖြေရှင်းရမည့် အခြေအနေများဆိုင်ရာ မြေအောက်ခန်း (Underground Situation Room) တို့ကို ရှင်းလင်းပြသလိမ့်မည် ဖြစ်ပါသည် ။

အိမ်ဖြူတော်လွှဲပြောင်းမှုသည် အချို့နိုင်ငံများနှင့်မတူဘဲ အလွန်ပင် အရပ်သားဆန်သော လွှဲပြောင်းမှု ကိစ္စဖြစ်ပါသည်။ ဥပမာအားဖြင့် ဗြိတိန်နိုင်ငံတွင် ၀န်ကြီးချုပ်ဟောင်းအနေဖြင့် ၄င်းကို သယ်ဆောင်သွားမည့် ကားအတွင်းသို့ ၄င်းနှင့် ၄င်းကတော်ပိုင်ဆိုင်သည့် ပစ္စည်းများကို ရှာဖွေသိမ်းဆည်းထုတ်ပိုး ထည့်သွင်းပြီးနောက် ထွက်ခွာသည့်အခါ အမှတ်(၁၀)၊ဒေါင်းနင်းလမ်း (No-10, Downing Street)ရှိ ရုံးခန်းသည် ၀န်ကြီးချုပ်အသစ်ကို ကြိုဆိုမည် ဖြစ်ပါသည်။

နောက်လာမည့်နှစ် ဇန်န၀ါရီလ (၂၀)ရက်နေ့တွင် အိုဘားမားမိသားစုနှင့် ဘွတ်ရှ်မိသားစုတို့ ပူးတွဲ၍ အိမ်ဖြူတော်မှ Capital Hill သို့ သမ္မတသစ် ကျမ်းသစ္စာခံရန်အတွက် ထွက်ခွာမည်ဖြစ်ပါသည်။
လင်းဦး(စိတ်ပညာ)

You received this email because you are subscribed to the real_time feed for http://linoo.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sai Wunna] 7 New Entries: ဟာသများ

ဟာသများ

(၁)
> လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို “အသုံးမကျတဲ့လူ” လို့ ပြောလို့
> အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့
> ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့
> မေးတော့ တရားသူကြီးက ” ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက်
> ပြစ်ဒဏ် ၁၀နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်” လို့
> ပြောလိုက်သတဲ့။
>
> (၂)
> တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
> နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
>
> ပထမ အကြီးအကဲ ” တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်
> ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ”
>
> ဒုတိယ အကြီးအကဲ ” တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင်
> လူနှစ်ယောက်ပျော်ရမယ်”
>
> တတိယ အကြီးအကဲ “တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက်
> ပျော်ရမယ်”
>
> သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို
> ပြောလိုက်သတဲ့…
>
> “အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး
> ပျော်ကြမှာပဲ” ဟူတည်း။
>
> (၃)
> လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးက
> သူ့ကိုဦးဆောင်ပြီး နတ်ပြည်အနှံ့ လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ
> နာရီအပြည့်ချိတ်ထားတဲ့ အခန်းတစ်ခုကို ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့
> နာရီတစ်ချို့က အလုပ်လုပ်နေပြီး၊ တစ်ချို့က ရပ်နေတယ်။ နတ်သားက “ဒီနာရီတွေက
> လူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်း
> ဒီထဲမှာရှိတယ်” လို့ ရှင်းပြတယ်။ နာရီတစ်ချို့က မြန်လိုက်၊ နှေးလိုက်
> ဖြစ်နေတာကို တွေ့တော့ နတ်သားက ” လူတစ်ချို့ မုသားစကားပြောနေတဲ့ အချိန်မှာ သူ့ကိုယ်စားပြု
> နာရီက အရမ်းမြန်နေတတ်တယ်” လို့ ထပ်ရှင်းပြတယ်။
>
> နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား “ဒါဆို ကျွန်တော်တို့
> နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူးလား ကျွန်တော့်ကို ခဏပြလို့ရမလား” လို့
> တောင်းဆိုလိုက်တယ်။
>
> နတ်သားပြန်ဖြေလိုက်တာက “ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။ နတ်မင်းကြီးက
> ပူလို့ဆိုပြီး အဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူသွားလို့ပါ” ဟူသတည်း။
>
> (၄)
> တစ်ခါက နိုင်ငံ အကြီးအကဲ သုံးဦးဟာ ဘုရားသခင်ကို တွေ့ဖို့ အခွင့်အရေးရခဲ့တယ်။ ဘုရားသခင်က
> သူ့တို့ကို မေးခွန်းတစ်ခုစီ မေးဖို့ ခွင့်ပြုလိုက်တော့…
>
> ပထမနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ
> ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
> ဘုရားသခင် ” အနှစ် ၅၀ စောင့်ရလိမ့်မယ်”
> ပထမနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) “ဒါဆို ကျွန်တော်
> မမီတော့ဘူးထင်တယ်”
>
> ဒုတိယနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ
> ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
> ဘုရားသခင် “နှစ် ၁၀၀ စောင့်ရလိမ့်မယ်”
> ဒုတိယနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) “ဒါဆို ကျွန်တော်
> မမီတော့ဘူးထင်တယ်”
>
> တတိယနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ
> ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
> ဘုရားသခင် (စိတ်ပျက်ဝမ်းနည်းစွာနဲ့) ” အကျွန်ုပ် မမီတော့ဘူး ထင်တယ်” ဟူတည်း။
>
> ဟာသ ကြိုက်နှစ်သက်သူများအတွက် အင်တာနက်မှာ ရှာကြံပြီး ဘာသာပြန်
> မျှဝေလိုက်ပါတယ်။ ရယ်မောနိုင်ကြပါစေး)
>
>
> (၃)
>  ပဲရစ်မြို့က ကော်ဖီဆိုင်တစ်ဆိုင်မှာ ပြင်သစ်စုံတွဲတစ်တွဲ ထိုင်နေတယ်။ ကောင်လေးက
> ကောင်မလေးကို စူးစိုက်ကြည့်လို့… ကောင်မလေးက ရှက်သွေးတွေဖြာလို့.. ရုတ်တရက်
> ကောင်လေးက ကောင်မလေးကို “ခင့် ဖေဖေက သူခိုးလား” လို့ မေးတော့ ကောင်မလေးက
> ပျာပျာသလဲ….
>
> “အိုး.. မဟုတ်ရပါဘူး။ ခင့်ဖေဖေက ရဲသားရှင့်။ ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ”
>
> “ခင့်ဖေဖေက သူခိုးမဟုတ်ခဲ့ရင် ဘယ်လိုလုပ်ပြီး ခင်မျက်လုံးထဲ
> ကောင်းကင်ကကြယ်တွေကို ခူးထည့်ပေးခဲ့ ရတာလဲ”
>
> တရုတ်ပြည်ရှိ ကျောင်းသားတစ်ယောက်က အထက်ပါ ပုံပြင်ကိုနားထောင်ပြီး
> သူ့ကောင်မလေးကို သွားရှာခဲ့တယ်။ ကောင်လေးက ကောင်မလေးကို စူးစိုက်ကြည့်ပြီး
> မေးလိုက်တယ်။
>
> “ခင့်ဖေဖေက အဆောက်အဦး အင်ဂျင်နီယာလားဟင်”
> “မဟုတ်ရပါဘူး။ ဖေဖေက ဆရာဝန်ပါ.. ဘာဖြစ်လို့လဲ”
> “အဆောက်အဦး အင်ဂျင်နီယာ မဟုတ်ခဲ့ရင် ဘယ်လိုလုပ်ပြီး ခင့်ရင်ဘတ်မှာ
> လေယာဉ်ကွင်းတစ်ကွင်း ဆောက်ပေးခဲ့ရတာလဲ”
>
> (၄)
> ဦးနှောက်မရှိတဲ့ မိန်းမကို ဘုရားသခင်က သူ့အတွက် ကိုယ်လုံးလှအောင်
> ဖန်ဆင်းပေးသတဲ့။ ကိုယ်လုံးမလှတဲ့ မိန်းမကို ဘုရားသခင်က ဦးနှောက်ထက်မြက်အောင်
> ဖန်ဆင်းပေးသတဲ့။
>
> တကယ်လို့ ဦးနှောက်လဲမရှိ ကိုယ်လုံးလဲ မလှခဲ့ရင်ကော…?
>
> အဲဒီမိန်းမအတွက် ကံဆိုးတဲ့ ယောက်ျားတစ်ယောက်ကို ဘုရားသခင်က ပေးလိုက်မယ်။
>
>
>
> ၂)
> ဆရာမတစ်ဦးက မူကြိုကလေးတွေကို အိမ်မွေးတိရိစ္ဆာန် အခေါ်အဝေါ်တွေ သင်ပေးနေတယ်။
>
> ဆရာမ ” ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း
> နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း
> အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား”
>
> ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။
> အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ် “မေမေ” တဲ့။
>
> ၃)
> ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက
> “ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ်
> ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ” လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက
> “ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ” ဟူတည်း။
>
> ၄)
> “အာဒံနဲ့ ဧ၀သာ တရုတ်ဖြစ်ခဲ့ရင် ငါတို့တွေ ကောင်းကင်ဘုံ ရောက်နေကြမယ်
> ထင်တယ်နော်”
> “ဘာဖြစ်လို့လဲ”
> “သူတို့သာ တရုတ်ဖြစ်ခဲ့ရင် ပန်းသီးကို မစားဘဲ မြွေကိုပဲ စားလိုက်မှာလေ”
>
> ၅)
> တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ
> နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က
> ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး
> (၁) နေ့တိုင်း ရေသောက်ရပါစေ
> (၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
> (၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
> လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ……
> ——–
> ——–
> ——–
> ——–
>
>
> အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့
>
>
> ရီရလား မရီရလားတော့ မသိဘူး။ ကျွန်မက ပျင်းရင်၊ စိတ်ညစ်ရင် ဟာသတွေ
> တင်တဲ့ဆိုက်ထဲ ၀င်ဝင် ဖတ်တတ်တယ်။ ခုဖတ်မိတာလေးတွေကို မျှဝေလိုက်ပါတယ်။
> ပြုံးပျော် ရယ်မောနိုင်ပါစေး)

အီးမေးလ်ထဲက ရသော ဟာသလေးတွေပါ ခင်ဗျာ …. မူရင်းပိုင်ရှင်းကိုကျေးဇူးတင်ပါတယ်

ယခုလိုပေးပို့သောသူငယ်ချင်းကိုလဲ ကျေးဇူးတင်ပါတယ် … စိုင်းဝဏ္ဏ

မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်ကျော်ချ

pakis

အင်းစိန်ထောင်၌ ထိန်းသိမ်းခံနေရသည့် မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်နှင့် (၆) လ ယနေ့ ချမှတ်လိုက်ကြောင်း အင်းစိန်တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် မစုစုနွေးနှင့် အမှုတွဲဖြစ်သူ ဘိုဘိုဝင်းလှိုင်ကိုလည်း ထောင်ဒဏ် (၈) နှစ်ချလိုက်ကြောင်း ၎င်းကပြောသည်။

နှလုံးရောဂါအခံရှိသဖြင့် ဆေးမှီဝဲနေရသူ မစုစုနွေးသည် ယနေ့ရုံးထွက်ရာတွင် လန်းလန်းဆန်းဆန်းရှိနေကြောင်း သိရသည်။

မစုစုနွေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ (၁၃) ရက်နေ့က စစ်အစိုးရဆန့်ကျင်ရေးပိုစတာကပ်မှုဖြင့် ဗဟန်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရဲစခန်း၌ အစာငတ်ခံဆန္ဒပြခဲ့သေးသည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ် ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။

သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဋ္ဌနှင့် ဆယ်အိမ်မှူးကို အဓမ္မလုပ်အားပေးခိုင်းစေမှု နှင့် အဓမ္မငွေကြေးကောက်ခံမှုဖြင့် တရားစွဲဆိုခဲ့ရာ အာဏာပိုင်များကို ခြိမ်းခြောက်သည်ဟု ပြန်လည်စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံခဲ့ရသည်။ ထို့နောက် မစုစုနွေးသည် ထောင်ဒဏ် တနှစ်ခွဲချမှတ်ခံခဲ့ရသော်လည်း (၇) လအကြာတွင် ပြန်လွတ်မြောက်လာခဲ့သည်။

အာဟာရစာစောင် အပိုင်း 93

aaharasazaung-93_1 ဖတ်ကြည့်လိုလျှင် ကလစ်နှိပ်ပါ

ကျောင်းသားခေါင်းဆောင်များကို ထောင် ၆၅ နစ်ချမှတ်

၈ လေးလုံးမျိုး ဆက်ခေါင်းဆောင်များ၁၄ ဦးကို ကို စစ်အစိုးရ ထောင်ဒဏ် ၆၅ နစ် မတရားထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။ ခေါင်းဆောင်များကတော့
၁- ကိုမင်းဇေယျ
၂- ကိုဂျင်မီ
၃- ကိုဇော်ဇော်မင်း
၎- ကိုသန်းတင်
၅ - ကိုဇေယျ ( လူဘောင်သစ်)

၆- ကိုအံဘွယ်ကျော်
၇- ကိုကျော်ကျော်ထွေး
၈- ကိုပန်တိတ်ထွန်း
၉- ကိုသက်ဇော်
၁၀- မသင်းသင်းအေး (ခ) မမီးမီး
၁၁- မမာမာဦး
၁၂- မနီလာသိန်း
၁၃- မစန္ဒာမင်း
၁၄- မသက်သက်အောင် တို့ ဖြစ်ကြပါတယ်။ မစုစုနွေး ကိုလည်းထောင် ၁၂ နစ်ခွဲ ချမှတ် ပါတယ်။

မင်းကိုနိင်၊ ကိုကိုကြီးနှင့် ကိုဌေးကြွယ်တို့ ကိုမူ မသိရသေးပါ။ ကိုမင်းဇေယျ က ၆၅ နစ်ထဲလားကွာ ဟု ကြွေးကြော်သွားကြောင်းသိရပါတယ်။ မမီးမီးကလည်း ဘယ်တော့မှ မကြောက်ဘူး။ မြန်မာ ပြည် လွတ်မြောက်ပါစေလို့အရေးတော်ပုံအောင်ရမည်လို့ ထောင်ထဲတွင် ကြွေးကြော်သံများ ကို တိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်။

ရှက်ဖို့ကောင်းလိုက်တာဗျာ

သတင်းခေါင်စဉ်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဆာဗားအမျိုးသားအာဇာနည်ဗိမာန် လွမ်းသူ့ပန်းခွေချ အလေးပြု” တဲ့။

ကိုယ်ြ့မန်မာပြည်လွတ်လပ်ရေးအတွက် အသက်ပေးသွားကြရတဲ့ သခင်အောင်ဆန်း အမှူးပြုတဲ့ အာဇာနည်ကိုးဦးကျဆုံးတဲ့ အာဇာနည်နေ့ကိုကျတော့ သတိမရ၊ အလေးပြုဖို့ အာဇာနည်ဗိမာန်ကို ခြေဦးတောင်မှ လှည့်ဖော်မရ။

သတင်းခေါင်းစဉ်ကို ကြည့်ပြီး ရှက်ဖိုကောင်းလိုက်တာ ဖတ်မိလိုက်ရကတည်းက ဘာကြောင့်ဒေါသထွက်သာ တရာပါတယ် နော်။

3K Group

ဘိန်းခွန်ကောက်စားဖို့အရေး နအဖစစ်တပ် လွတ်လပ်စွာ ဘိန်းစိုက်ခွင့်ပေး

Photobucket
သျှမ်းပြည်တောင်ပိုင်းတစ်နေရာမှ အောင်မြင်ဖြစ်ထွန်းသော ဘိန်းခြံ
၂၀၀၈ နှစ်နှောင်းပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးလုံအုပ်စု ဘိန်းခွန်ကောက်စားလွယ်သည့်လားဟူ ပြည်သူ့စစ်ထိန်းချုပ် နယ်မြေတွင် မိုင်းပြင်းအခြေစိုက် နအဖစစ်တပ်တို့ဒေသခံ များအား လွတ်လပ်စွာဘိန်းစိုက်ပျိုးခွင့်ပေးထားသည်ဟု နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။ လာမည့် တန်ဆောင်မုန်းလ၌ ဘိန်းဆီခြစ်မည့် ဘိန်းခင်းကို တော်သလင်းလက စိုက်ပျိုးပြီး အချို့မှာပန်းပွင့်ဆဲ၊ အချို့ မှာသီးနေပြီ ဖြစ်ကြောင်း အသက် ၃၀ ၀န်းကျင် မိုင်းပြင်းဒေသခံ အမျိုးသား တစ်ဦးက ပြောပြသည်။
"ဒုတိယသုတ်ဘိန်းခင်းကိုတော့ ပြီးခဲ့တဲ့ သီတင်းကျွတ်ကဘဲ ယာမြေရှင်းတာ။ ပလောင်ဒေသခံတွေက တောင်ကုန်း တွေမှာစိုက် တယ်။ မိုင်းပူးလုံအုပ်စု အနောက်ဘက် မိုဟိုင်း၊ ဟွေ့ပိန်း၊ မိုင်းပူးလုံတောင်ဘက် လွယ်ခီ့ခတ်၊ ပိန်းလုံ၊ မိုင်းပူးလုံအရှေ့ဘက် လုံဝိုင်၊ နားဟွန်၊နားမော် တို့ဘက်မှာ လားဟူတို့ဘိန်းခင်းတွေချည်းဘဲ။ အဲဒီဘက်မှာ ထိန်း ချုပ်နေတာ လားဟူပြည်သူ့စစ် ဂျဖိုးလူတို့ အဖွဲ့ပေါ့။ ဒေသခံ သျှမ်းတွေ အိမ်ခြေ ၂၀ လောက်ဘဲရှိတယ်"ဟု ၎င်းက ပြောသည်။

တစ်လတစ်ခေါက်သွားရောက်လှည့်လည်သော နအဖစစ်ကြောင်းတို့က ဆိုင်ရာရွာသူကြီးထံ၌သာ ဘိန်းခွန်ကောက်သည် ဟုလည်း ဆို၏။

"လားဟူပြည်သူ့စစ်က ၁ ဧက ၃၀ ကျပ်သား ဘိန်းခွန်ကောက်တယ်။ ပိုက်ဆံမယူဘူး၊ ဘိန်းဘဲယူတယ်။ နအဖ စစ်ကြောင်းတို့ ကတော့ ရွာသူကြီးကိုဘိန်းခွန်ကောက်ပေးခိုင်းတယ်။ ဘယ်လောက်လို့ မသတ်မှတ်ဘူး။ စစ်ကြောင်းမှူးကို ရွာသားတွေက ကြက်၊ ၀က်၊ အရက် တည်ခင်းဧည့်ခံရင် 'တောတောင်တွေမှာနေတော့ ဘိန်းမစိုက်ရင်၊ သာမာန် ဆန်၊ ပြောင်းဘဲစိုက်ရင် ၀င်ငွေရှိမှာ မဟုတ်ဘူး ' လို့တောင် အားပေးသေးတယ်" ဟု မိုင်းပူးလုံအုပ်စု ဒေသခံပလောင်အမျိုးသမီး တစ်ဦးကလည်း ပြောပြသည်။

ဘိန်းခင်းအလုပ်သမားများ လုပ်အားခ တစ်ရက် ကျပ် ၂,၅၀၀ ရပြီး ယာထွန်ကျွဲပါ အလုပ်လုပ်ရပါက ကျွဲရောလူပါ လုပ်အားခ တစ်ရက် ကျပ် ၆,၀၀၀ ရသည်ဟုဆို၏။ ယခုနှစ် ဘိန်းသစ်ရောင်းဝယ်သည့် အစိမ်းဈေးနှုန်းမှာ ၁ ပိဿာ ကျပ် ၄၅၀ယ၀၀၀၊ ဘိန်း ဟောင်းတစ်ပိဿာ ကျပ် ၇၈၀,၀၀၀ အပြင် ရာဘတစ်ပြား ကျပ် ၁,၅၀၀ မှ ကျပ် ၂,၀၀၀၊ ဆေးတောင့် (ကက်ပ်ဆူး) သွင်းရောင်း သော ရာဘဆေးမှုန့် တစ်တောင့်ကျပ် ၂,၃၀၀ ရှိသည်ဟုဆိုပါသည်။ ဒိုင်ခံ ရောင်းဝယ်သည့် လောပန်းကြီး မရှိသော်လည်း လားဟူ ပြည်သူ့စစ်အဖွဲ့ဝင်များက မိုင်းဆတ်ဘက်မှ (ရာဘများ)ယူဆောင်၍ဒေသခံ များအားရောင်းပေးကြောင်း၊ ငွေကြေးကြွယ်ဝသူများ တစ်ဦးလျှင် ၃-၄ ဧကထက်မနည်း ရင်းနှီး၍ ဘိန်းစိုက်ပျိုးကြပြီး သံလွင်အနောက်ခြမ်းကျိုင်းခမ်းမှငွေရှင်အချို့လည်း မိုင်းပူးလုံဘက် သို့ ဘိန်းလာစိုက်ကြကြောင်း သိရပါသည်။
* သျှမ်းသံတော်ဆင့်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာစင်သီယာမောင် ဆုထပ်မံရရှိ

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်လှုပ်ရှားနေသူ အမျိုးသမီး ခေါင်းဆောင်နှစ်ဦးကို ဥရောပနိုင်ငံက ဂုဏ်ထူးဆောင်ဆုတဆု ချီးမြှင့်။ ဥရောပမှာ အထင်ရှားဆုံး ဆုတခုဖြစ်တဲ့ စပိန်နိုင်ငံက ဂုဏ်သိက္ခာအရှိဆုံး Catalonia International ဂုဏ်ထူးဆောင်ဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်တို့ကို ချီးမြှင့်ခြင်း ဖြစ်သည်။ ဒေါ်စုကိုယ်စားကို Burma Campaign UK မှ မြန်မာ့အရေးလှုပ်ရှားသူ ဇိုရာဖန်းမှ လက်ခံရယူမည်။

စပိန်နိုင်ငံ Catalonia ပြည်နယ်မြို့တော် ဘာစီလိုနားတွင် နိုဝင်ဘာ ၁၁ ရက် ဒေသစံတော်ချိန် ည ၇ နာရီ၌ ဆုပေးပွဲ အခမ်းအနား ကျင်းပမည်။

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[လေနုအေး] 1 New Entry: တို့ ကျောင်း

တို့ ကျောင်း

သူငယ်တန်းမှ ၅ တန်းထိ လသာ၂မှာ ၆နှစ်တိတိ နေခဲ့ပြီး မိဘတွေက အသက်နဲနဲရလာတဲ့ ကျွန်မကို အမေ့မျက်စိရှေ့ မှာ နေသင့်တယ်ဆိုကာ အမေရှိတဲ့ကျောင်းကို ပြောင်းပေးခဲ့တယ်။ အဲဒီကျောင်းကတော့ အောင်ဆန်းကွင်းရှေ့ ၊ အထက ၄ မင်္ဂလာတောင်ညွန့် နဲ့  ယခင် ကူးစက်ရောဂါ ဆေးရုံကြားက အထက ၃ မင်္ဂလာတောင်ညွန့်  ပဲဖြစ်ပါတယ်။ အမေက အဲဒီကျောင်းမှာ ဆရာမလုပ်တော့ ကျောင်းကြီးကို ရင်းနှီးနေပေမယ့် ကျယ်ဝန်းပြီး ကစားကွင်းများစွာရှိတဲ့ လသာ၂မှာ ၆နှစ်လောက် နေသားကျလာတော့ ပြောင်းကာစက ကျွန်မ မပျော်ခဲ့ပါဘူး။ သူငယ်ချင်းဟောင်းတွေနဲ့  ခွဲပြီး ပတ်ဝန်းကျင်အသစ်မှာ ပြောင်းနေရတာရယ်… ပြီးတော့ ဆရာမသမီးဆိုပြီး ဆရာမတွေကရော၊ ကျောင်းသူတွေကပါ စောင့်ကြည့်နေကြတော့ အစပိုင်းမှာ တော်တော်ကို စိတ်ကျဉ်းကျပ်ရပါတယ်။ ဒါပေမယ့် ၃ လလောက်ကြာတော့ ကိုယ့်ငယ်မွေးခြံပေါက်ကျောင်းလို စရင်းနှီးပြီး ပျော်လာခဲ့ပါတယ်။ တဖြေးဖြေးနဲ့  သံယောဇဉ်တွေတွယ်လာတာရယ်… ပိုသိတတ်တဲ့အရွယ်မှ အဲဒီကျောင်းကို ရောက်သွားတာရယ်ကြောင့် ခုချိန်မှာ ကျွန်မက လသာ၂ထက် တောင်ညွန့် ၃ ကျောင်းကြီးကို ပိုလွမ်းတတ်တယ်ဆို သိပ်များ မတရားရာ ကျသွားမလားပဲ။

ကျွန်မတို့  ၆ တန်းနှစ်က လမ်းမနဲ့ ကပ်နေတဲ့ အဖြူရောင်စာသင်ဆောင်ကြီးမှာ တက်ခဲ့ရတယ်။ အဲဒီစာသင်ဆောင်ကြီးရဲ့ အလယ်ထပ်မှာ ဆုပေးပွဲလုပ်နေကျ စတိတ်ကြီးရှိပါတယ်။ အောက်ဆုံးထပ်Hall ကြီးကတော့ မနက်တိုင်း စုဝေးပြီး ကျွန်ုပ်တို့ ၏ ယုံကြည်ချက်နဲ့  ကမ္ဘာမကြေဆိုနေကျနေရာဖြစ်သလို ညနေပိုင်းကာယလုပ်နေကျ… တခါတလေ မျက်လှည့်ပွဲတို့  ကာယဗလပြပွဲတို့ လုပ်နေကျ နေရာလဲဖြစ်တယ်။ အဲဒီဘေးက ကစားကွင်းကတော့ ကျွန်မတို့  ထုတ်ဆီးအကြီးအကျယ်တိုးခဲ့တဲ့ နေရာပေါ့။ အမြင့်ပိုင်း စာကြည့်တိုက်ကို စတိတ်လို သဘောထားပြီး အာစရိယ ပူဇော်ပွဲတွေ လုပ်ခဲ့တဲ့ နေရာလဲဖြစ်တယ်။

တောင်ညွန့် ၃ မှာ ကျွန်မ အလွမ်းဆုံးကတော့ ယခင်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းလေး ဖြစ်ခဲ့တဲ့ စာကြည့်တိုက်လေးရယ် စာကြည့်တိုက်ရှေ့ က ခေါင်းလောင်းလေးရယ်… ပြီးတော့ စာကြည့်တိုက်နောက်က ဂွေးပင်ကြီးရယ်ပေါ့။ စာကြည့်တိုက် ဖွဲ့ စည်းမှုရယ်၊ ဆိတ်ငြိမ်မှုရယ် ၊ စာကြည့်တိုက် နံရံမှာ ကပ်ထားတဲ့ ကျောင်းက မွေးထုတ်ပေးလိုက်တဲ့ လူရည်ချွန်အမကြီးတွေရဲ့ ပုံရယ် စာကြည့်တိုက်မှုး အမပက်ထရစ်ရှာရဲ့ ဆက်ဆံရေးကောင်းမှုကြောင့် ကျောင်းသူအများက စာကြည့်တိုက်ကို ချစ်ကြ ၀င်ကြ ထွက်ကြပါတယ်။ ကျွန်မတို့ ကတော့ ညနေကျောင်းဆင်းခါနီး ကျောင်းရှေ့ က အလံတိုင် သိမ်းဖို့ တာဝန်ကျရင် ငွေသွားကြီးတွေ ပေါ်အောင် အမြဲပြုံးနေတတ်တဲ့ ကျောင်းစောင့်ကြီး ဦးဟန်စိန် သဘောကောင်းတာကို အခွင့်ကောင်းယူပြီး စာကြည့်တိုက်ရှေ့ က ကျောင်းဆင်းခေါင်းလောင်းကို ၃ မိနစ်လောက်ကြိုကြို သွားတီးတတ်ပါတယ်။ ဆရာမတွေ ကျောင်းသူတွေကတော့ ဦးဟန်စိန်ကြီး စောတီးတယ်ထင်နေတာပေါ့။

စာကြည့်တိုက်ထက် ပိုမြင့်မားတဲ့ ဂွေးပင်ကြီးက တကျောင်းလုံး စားနိုင်တဲ့ ဂွေးသီးတွေ သီးပေးတယ် ဆိုရင် အံ့သြသွားကြမလား။ ကျွန်မ အမှတ်မမှားဘူးဆိုရင် နှစ်စဉ် ပထမအစမ်း စာမေးပွဲ ဖြေချိန်ဆို ဂွေးပင်ကြီးသီးတဲ့အချိန်ပါ။ ဆရာမတွေက မေးခွန်းစာရွက်တွေ ဝေပြီး မကြာခင် ကျောင်းသူတလုံးကို ဂွေးသီးတလုံးကျ ဝေပေးတတ်တာ မှတ်မိနေပါသေးတယ်။ တလုံးထဲစားရလို့ လားမသိ အရမ်းချိုမြတဲ့ ဂွေးသီးပါ။ ခုတော့ အဲဒီဂွေးပင်ကြီးလဲ သေသွားရှာပြီတဲ့။ လသာ၂က စိန်ပန်းပြာပင်ကြီးကို လွမ်းသလို တောင်ညွန့် ၃ စာကြည့်တိုက်ရှေ့ က သနပ်ခါးပင်နဲ့  ယုဇနပင်တွေကိုလဲ ခဏခဏ လွမ်းတတ်ပါတယ်။

စာကြည့်တိုက်ရှေ့ က ကျောင်းရဲ့ ပင်မအဆောက်အဦး အုတ်နီရောင်။ ဆရာမကြီး ရုံးခန်းက အောက်ထပ်မှာ ရှိတယ်။ ကျွန်မတို့  ခေတ်က ကျောင်းအုပ်ဆရာမကြီးကတော့ နာမည်ကျော် ဂီတဆရာစောဘွဲ့ မှုးရဲ့ အမကြီး ဒေါ်နော်မာစီကြီးဖြစ်ပါတယ်။ ဆရာမကြီးက သဘောကောင်းသလို စည်းကမ်းလဲကြီးတဲ့ ကရင်လူမျိုး အပျိုကြီးပါ။ သူရဲ့ စည်းကမ်းကောင်းမှုကြောင့် အောင်ချက်တွေ ကောင်းတဲ့အပြင် မြန်မာတနိုင်ငံလုံး ၁ မှ ၁၀ ကျောင်းသူတွေ လူရည်ချွန်တွေ ဆရာဝန် အင်ဂျင်နီယာတွေ အပြင် အားကစားသမားကောင်းတွေ အနုပညာသမားတွေ အများကြီး မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

ဆရာမကြီး အခန်းနဲ့ ကပ်လျက်က ဘင်ခရာခန်း။ အတွင်းဘက် အစွန်ဆုံးက ကျွန်မတို့  ၁၀တန်းA။ စစ်ဆေးရေးလာရင် အရင်ဆုံးဝင်တဲ့ အခန်း။ ကူးစက်ဆေးရုံနဲ့ ကပ်နေတာမို့  ၁၀တန်းနှစ်မှာ တချို့ ကျောင်းသူတွေ ခဲတံထဲ သရဲဝင်ပူးပြီး ခဲတံနတ်ဆို မေးကြတာလဲ ဒီအခန်းထဲမှာပဲ။ အတန်းခေါင်းဆောင် မဆွေဆွေလွင်က အတန်းကို ကောင်းကောင်းနိုင်တယ်။ သူ့ နေရာက ကော်ရစ်ဒါကို လှမ်းမြင်နေရတဲ့နေရာ။ ဆရာမ မလာခင်တော့ လွတ်လွတ်လပ်လပ် နေခွင့်ပေးထားတယ်။ ဆရာမလာတာမြင်လိုက်တာနဲ့  တတန်းလုံးကို လှမ်းအော်လိုက်တာပဲ။ အဲဒီအချိန်ဆို စာဂျပိုးတွေရဲ့ စာအော်ဆိုသံတွေလဲရပ်၊ အချစ်တော်စာ ခိုးရေးနေသူတွေလဲ စာတွေဖွက်၊ မုန့် ခိုးစားနေသူတွေက မုန့် တွေဖွက်နဲ့  ၅မိနစ်အတွင်း ငြိမ်သက်စည်းကမ်းရှိတဲ့ Aတန်းဖြစ်သွားရော။ အဲဒီလိုဆိုလို့  တကယ် မလိမ္မာဘူး မထင်နဲ့ နော်။

အပေါ်ထပ်မှာ ဘုရားခန်းရှိတယ်။ ကထိန်နဲ့ ဝါဆိုပန်းကပ်တဲ့ အချိန်ဆို သိပ်ပျော်ဖို့ ကောင်းတာ။ တကျောင်းလုံးက ယူလာတဲ့ ၀ါဆိုပန်းတွေကို ရွှေတိဂုံဘုရားမှာ သွားကပ်ရတာရယ် ရပ်ကွက်ထဲကို အဖြူအစိမ်းလေးတွေ ၀တ်ပြီး ကထိန်လှည့်ရတဲ့ အချိန်တွေဆို မြူးတူးတက်ကြွ။ အဲဒီလိုနေ့ ဆို အဖြူအစိမ်း အကီင်္ျအသစ်လေးဝတ်၊ သနပ်ခါးတွေ ခါတိုင်းထက် ဖွေးနေအောင်လိမ်းလို့ လေ။ ပင်မအဆောက်အဦးကြီးက ရတန်း ၊ ၉ တန်း၊ ၁၀ တန်း ၃နှစ်တောင် နေခဲ့ရတာမို့  ပိုသံယောဇဉ်ရှိမိပါတယ်။ အချစ်တော်နဲ့ ချိန်းတွေ့ ခဲ့တဲ့ သစ်သားလှေကားထစ်တွေ၊ အချစ်တော်ကို စိတ်ဆိုးပြီး သူပေးခဲ့တဲ့ စာအုပ်လေးကို ကူးစက်ရောဂါဆေးရုံထဲ လွှင့်ပစ်ခဲ့တာတွေ ခုထိသတိရမိနေတုန်း။ ခုချိန်လောက်ဆို ကျွန်မ အချစ်တော် မိမိနွယ်လဲ ကလေး ဘယ်နှစ်ယောက်လောက် ရနေပြီလဲ မသိဘူး။

၈ တန်းနှစ်က ဆရာမ မလာခင် ခုံနောက်မှာ ဇယ်ခုပ်တိုင်း ကစားကြလို့  Aတန်းဖြစ်ပြီး စည်းကမ်းပျက်ရမလားဆို ဆရာမဒေါ်ခင်မြမေ တတန်းလုံး ကြိမ်လုံးနဲ့ တီးခဲ့တာ မှတ်မိပါသေးတယ်။ တိုးချဲ့ ဆောင် ၈ တန်းဆောင်ရဲ့ရှေ့  ဗန်ဒါပင်ကြီးက အသီးတွေ ထုပြီးစားခဲ့တာလဲ လွမ်းမိသေးပါတယ်။ မုန့် ဈေးတန်းမှာတော့ ကျွန်မအရမ်းကြိုက်တဲ့ အရည်ကျဲကျဲ မုန့် ဟင်းခါးရှိတယ်။ တပွဲငါးမူး။ လူတွေက အမြဲကြိတ်ကြိတ်တိုး။ သရက်သီးကို ပေါက်ပြီး ငရုတ်သီးမှုန့် ၊ မဆလာ၊ ငံပြာရည်နဲ့ နယ်ထားတာ တမတ်ဖိုးဆို သူငယ်ချင်းတွေ ၀ိုင်းစားလို့ ရတယ်။ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်ကို ခုံအောက်ထဲထည့် ခိုးစားခဲ့တဲ့ အရသာက ဘာနဲ့ မှ မတူဘူး။

အလယ်တန်းနဲ့  အထက်တန်း ကျောင်းသူဘ၀တွေ ဖြတ်သန်းခဲ့ရတဲ့ ဒီကျောင်းမှာ အမှတ်တရတွေက အများသား။ ဘယ်လောက်ကျောင်းကို ချစ်သလဲဆို ၁၀တန်းအောင်ပြီး ကျောင်းနဲ့ မခွဲနိုင်လို့  လုပ်အားပြန်ပေးခဲ့ပါတယ်။ ကိုယ်မတက်ခဲ့ရတဲ့ ၅ တန်းဆောင်မှာ အင်္ဂလိပ်စာ လုပ်အားပေး ဆရာမ ပြန်လုပ်ခဲ့တာပါ။ မဖြစ်စလောက် ဆံပင်လေးကို စီးပြီး လက်ဆောင်ရတဲ့ ပန်းလေးတွေ ပန်ပြီး ဆရာမ ခဏလုပ်ခဲ့ရတဲ့ ဘ၀က အတော်ငြိမ်းချမ်းပါတယ်။ ဒီကျောင်းနဲ့  ဝေးခဲ့ပေမယ့် အမေနဲ့  ညီမလေး ကျောင်းမှာရှိနေတုန်းက ကျွန်မ မကြာမကြာရောက်ဖြစ်ခဲ့ပါတယ်။ အမေနဲ့ ညီမလေး ကျောင်းမှာ မရှိတော့ ကျွန်မလဲ ဒီကို ရောက်နေတော့ ကျောင်းနဲ့ အတော်လေး အလှမ်းဝေးခဲ့ပါတယ်။

ဆရာမဟောင်းတွေ ကန်တော့ပွဲကို နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလ ၄ ရက်နေ့ မှာ ကျင်းပလေ့ ရှိပါတယ်။ ကျွန်မပြန်တဲ့ အချိန်နဲ့  တိုက်ဆိုင်လို့ ရှိရင် မပြတ်မကွက် တက်ရောက်ပါတယ်။ ကိုယ့်ဆရာမတွေ ရှေ့ မှာ လက်လေးပိုက်ပြီး မင်္ဂလာပါဆရာမ လို့  နှုတ်ဆက်ရတာ အထက်တန်းကျောင်းသူဘ၀ ပြန်ရောက်သွားသလိုပါပဲ။ ကျွန်မတို့ ကို သင်ပေးခဲ့တဲ့ ဆရာမဟောင်းတွေ များသောအားဖြင့် ပင်စင်ယူလိုက်ကြပါပြီ။ တချို့ ကျန်းမာရေး အတော်ချို့ တဲကြပါတယ်။ များသောအားဖြင့် ငွေကြေးမပြည့်စုံကြပါဘူး။ တချို့ ဆရာမတွေတော့ ဆုံးသွားရှာပါပြီ။ ကျွန်မ သတိထားမိတာ တခုက နှစ်အဆက်ဆက် ဒီကျောင်းက မွေးထုတ်ပေးလိုက်တဲ့ ပညာတတ်တွေ အတော်များပါလျက် ဆရာကန်တော့ပွဲ လာသူဦးရေက အတော်ကို နည်းပါတယ်။ ဆရာမတွေ တကယ်လိုအပ်နေတဲ့ အချိန်မှာ တပည့်အများစုက အနားမှာ မရှိတာတွေ့ ပြီး အတော်ဝမ်းနည်းမိပါတယ်။ ဟိုတနှစ်က ဆရာကန်တော့ပွဲ သွားတော့ ကျွန်မတို့ နှစ်က သူငယ်ချင်းတွေနဲ့ များ တွေ့ မလားလို့  လိုက်ရှာလိုက်ရတာ တယောက်ပဲတွေ့ ပါတယ်။ ကျွန်မညီမလေးနှစ်ကလဲ တယောက်စ နှစ်ယောက်စ။ များသောအားဖြင့် တကယ့် ကျောင်းသူဟောင်း အကြီးတွေပါ။ ဒီနှစ်ဆရာကန်တော့ပွဲ နီးပြန်ပါပြီ။ ဆရာမဟောင်းတွေကို ဟိုးငယ်တုန်းက Assembly Hall ထဲမှာ လူအပြည့်လို တပည့်တွေ အပြည့်ကန်တော့ စေချင်ပါတယ်။ သူတို့  ဘယ်လောက်များ ကြည်နူးလိုက်ကြမလဲနော်။ တကယ်လို့  ဒီပို့ စ်ကို ဖတ်မိသူတွေထဲမှာ အထက ၃ တောင်ညွန့် က ကျောင်းသူဟောင်းတွေများ ပါခဲ့ရင်၊ ဆရာမတွေကို ကန်တော့ဖို့  စိတ်အားထက်သန်ခဲ့ရင် ကျွန်မဆီ အီးမေးလဲနဲ့  ဆက်သွယ်နိုင်ပါတယ်။ ကျွန်မ အီးမေးက cmyayt@gmail.com ပါ။ အဲဒီအခါကျရင် ကျွန်မနာမည်အရင်း ကျွန်မအမေနာမည်နဲ့  ကျွန်မဘယ်နှစ်က ဆယ်တန်းအောင်ခဲ့တယ်ဆိုတာ အသေးစိတ်ပြောပြပါမယ်။ ဆရာ့ကျေးဇူးကို ဆပ်ခွင့်ရတုန်း တတ်နိုင်သမျှ အတူ ဆပ်ကြစို့ လား။

တန်ခူး
12:30 pm 11-Nov-2008

You received this email because you are subscribed to the real_time feed for http://laynuaye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[သက်ဝေ] 1 New Entry: ကလေးများကို ခြိမ်းခြောက်ခြင်း

ကလေးများကို ခြိမ်းခြောက်ခြင်း

အခုတလော ကလေးများနှင့် သက်ဆိုင်သော Child Psycho အကြောင်းတွေသည် ကျွန်မ၏ စိတ်အတွေးတွေကို အချိန်တော်တော်များများ လွှမ်းမိုးနေသောကြောင့် ဤပိုစ့်များကို ရေးနေခြင်း ဖြစ်ပါသည်။ အခြား တောင်တောင်အီအီများကို မတွေးစေချင်ပါ…။

အခြားသော လူမျိုးခြား နိုင်ငံသားများ၏ ယဉ်ကျေးမှုများကို ကျွန်မ အများကြီး မသိပါ။ သူတို့ ၏ ပါတ်ဝန်းကျင်၊ သူတို့ ၏ ယဉ်ကျေးမှု၊ သူတို့ ၏ နေ့ စဉ် ရှင်သန်နေထိုင်ပုံ၊ အထူးသဖြင့်တော့ သူတို့ ၏ မိသားစု ဆက်ဆံရေး… လူကြီးနှင့် လူငယ်တို့ ၏ ဆက်ဆံရေး… မိဘနှင့် သားသမီး ဆက်ဆံရေး…။ ထိုအကြောင်းအရာများကို ကျွန်မ အလွန် စိတ်ဝင်စားလှသော်လည်း အတန်အသင့်သာ လေ့လာဖူး၊ တွေ့ ဖူး မြင်ဖူး ကြားဖူးပါသည်။

သို့ သော် ကျွန်မသိသမျှ တွေ့ ဖူး မြင်ဖူးသမျှထဲတွင် ကျွန်မတို့  မြန်မာလူမျိုးတွေသည် ကလေးများ၏ ခံစားချက် သေးသေးလေးများကို၊ သူတို့ ၏ စိတ်ဓါတ်ရေးရာများကို တော်တော်ပင် လျှစ်လျှူရှုတတ်ကြသူများ ဟု ထင်မြင်မိပါသည်။ ထိုထင်မြင် ယူဆချက်သည် ကျွန်မတစ်ဦးတည်း၏ ထင်မြင်ချက်သည် ဖြစ်သောကြောင့် မှားချင်လဲ မှားနေပါလိမ့်မည်။ လက်မခံနိုင်သူများ ဝေဖန်ချင်က ဝေဖန်နိုင်ပါသည်…။

"အဲဒီနားမှာ မကစားရဘူး သစ်ပင်ပေါ်မှာ သရဲကြီး ရှိတယ်…"

"ဒီကစားကွင်းမှာ သရဲကြီး စောင့်နေတယ် လာကစားတဲ့ ကလေးလေးတွေကို ဖမ်းမလို့ …"

"ညကျ စောစောမအိပ်ရင် ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး လာဖမ်းလိမ့်မယ်…"

"ဟော.. ဟိုမှာ ပီပီ ပီပီ နဲ့  မှုတ်နေတဲ့ လူကြီး လာနေပြီ ဆိုးတဲ့ ကလေးတွေကို ဖမ်းမလို့ တဲ့…"

"သား ဆိုးနေရင် မေမေ အိမ်ပြန်မလာတော့ဘူး ရုံးမှာဘဲ နေ နေတော့မယ်…"

"သမီး မေမေတော့ ကုလားကြီးနောက် လိုက်သွားပြီ…"

"သား ဖေဖေတော့ ကုလားမကြီးက လာခေါ်သွားပြီ…"

အစရှိတဲ့ စကားစုတွေကို လူတော်တော်များများ ကြားဖူးကြလိမ့်မည် ထင်ပါတယ်။ ကြားဖူးရုံတင်မက အဲဒီလိုရော ပြောဖူးကြပါသလား… အဲဒီလို စကားတွေကိုသုံးပြီး ကိုယ့်ကလေးကိုပဲ ဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်းများ၏ ကလေးများ၊ မိမိပါတ်ဝန်းကျင်မှ ကလေးတွေကို ခြိမ်းခြောက်ဖူးကြပါသလား….။

ကျွန်မ သတိထားမိသလောက် လူကြီးတွေက ကလေးတွေကို စသလို နောက်သလို နှင့်ဖြစ်စေ၊ တကယ် ကြောက်လန့်  စေလိုသောကြောင့် ဖြစ်စေ ဤစကားမျိုးကို ပြောတတ်ကြပါသည်။ အပေါ်ယံအားဖြင့်ကြည့်လျှင် ထိုစကားတို့ သည် ဘာမှမဖြစ်လောက်ပါဘူး ဟု ခပ်လွယ်လွယ် ထင်ရသော်လည်း စိတ်ဓါတ်အားဖြင့် နုနယ်လှသော ကလေးများအဖို့  သူတို့ လေးတွေ၏ စိတ်ထဲတွင် တော်တော်ပင် ထိတ်လန့်  တုန်လှုပ် ကြောက်ရွံ့ သွားတတ်ကြသည်ကို သတိပြုကြစေချင်ပါသည်။ ထိုကြောက်စိတ်မှာလဲ အချိန်ကာလ အတော်ကြာသည့်အထိ မမေ့ပျောက်နိုင်ဘဲ စွဲစွဲလမ်းလမ်းဖြင့် ကြောက်နေတတ်ကြသည့် ကလေးငယ်များကို ကိုယ်တိုင်တွေ့ ဖူးခဲ့ပါသည်။ တကယ်လဲ ထိုကြောက်စိတ် နှင့် ထိုအစွဲအလမ်းတို့ သည် တော်တော်နှင့် ဖျောက်ဖျက်ပြစ်၍ မရပါ…။ သူတို့ စိတ်ထဲတွင် မမြင်တွေ့ ဖူးသော သရဲကြီး၊ ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး၊ ကုလားကြီး တို့ ကို ကြောက်မက်ဖွယ်ရာ ရုပ်ဆိုးဆိုး ပုံပန်းများဖြင့် စိတ်ကူးပုံဖေါ် မြင်ယောင်ကြည့်ကာ ကြောက်လန့် စိတ်များ တစ်စထက် တစ်စ တိုးပွား နေတတ်ကြသည်။ သနားစရာလဲ အလွန်ကောင်းပါသည်။

သူတို့ သည် အသက်အရွယ် တော်တော်ရလာပြီး အစစအရာရာကို တော်တော်လေး နားလည်လာသော အရွယ်လောက်တွင်မှသာ သူတို့ ငယ်ငယ်က ကြောက်ရွံ့ ခဲ့ဖူးသော ထို သရဲကြီး၊ ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး၊ ကုလားကြီး တို့ သည် တကယ်မရှိကြောင်း၊ လူကြီးများ တမင် ခြောက်လှန့် ကြကြောင်း ကို နားလည်သိမြင် လာနိုင်ပါသည်…။

ပြောပြရလျှင် ကျွန်မ ငယ်ငယ်က (၆ နှစ်သမီးလောက်ဟု ထင်ပါသည်) မိဘများနှင့် ခင်မင်ရင်းနှီးသော ကျွန်မနှင့်လည်း ဦးလေးတစ်ယောက်လို ရင်းနှီးသော သူတစ်ယောက် အိမ်ကိုအလည်လာရင်း တခုခုကို အလိုမကျ၍ နဲနဲဂျီတိုက်နေသော ကျွန်မကို စသလို နောက်သလိုဖြင့် "ဒီလိုဆိုးနေရင် ကျောပေါက်ကြီး လာဖမ်းလိမ့်မယ်နော်" ဟု ပြောလေသည်။ ထိုအခါ ကျွန်မသည် တစ်ခါမှ မသိဖူး မကြားဖူး မမြင်ဖူးသော ထို ကျောပေါက်ကြီး ဟူသော လူကို ထိတ်လန့် စွာဖြင့် မရဲတရဲ ပုံဖေါ်ကြည့်ရင်း တုန်လှုပ် ကြောက်ရွံ့ စိတ်များ တစ်ဖွားဖွား ပေါ်လာပေတော့သည်။

ည အိပ်ရာဝင်ချိန်များတွင် သော်လည်းကောင်း၊ မေမေတို့  အလုပ်သွား၍ အိမ်မှာ အဖိုးနှင့် နှစ်ယောက်တည်း ကျန်ခဲ့ချိန်များတွင် သော်လည်းကောင်း၊ ဘာမှလုပ်စရာမရှိသည့် အချိန်များတွင် ထောင့်လေးတစ်ထောင့်တွင် ငြိမ်သက်စွာ ထိုင်နေရင်း သော်လည်းကောင်း နက်နက်နဲနဲ တွေးနေမိသည်မှာ ထိုကျောပေါက်ကြီး အကြောင်းပင်...။ ကျောကြီးက ဘယ်လိုပေါက်နေတာလဲ… ကျောကုန်းမှာ အပေါက်ကြီး ရှိနေရက်သားနဲ့  ဘာကြောင့်မို့ အသက်ရှင်နေနိုင်တာလဲ… ပေါက်နေသော ကျောပြင်မှနေ၍ ဗိုက်ထဲက အသဲတို့  နှလုံးတို့ ကိုရော မြင်နေရမှာလား… နီနီရဲရဲ သွေးတွေရော ထွက်နေမှာလား… စသဖြင့်…။ ထိုစဉ်က မိုးတွင်းကာလ ဖြစ်သောကြောင့် မိုးများမှောင်မဲ၍ ရွာသောအချိန်တွင်မူ ကျွန်မ၏ ကြောက်စိတ်မှာ အထွတ်အထိပ်သို့ ရောက်နေပါသည်…။ ဘယ်ထောင့်ကများ ကျောပေါက်ကြီး ပေါ်လာလိမ့်မလဲ ဟု ဟိုကြည့် သည်ကြည့်ဖြင့် ကျောချမ်းနေခဲ့ဖူးသည်မှာ ပြန်တွေးကြည့်တော့ တော်တော် သနားစရာကောင်းလှပါသည်။

အလုပ်မှ မောမောပန်းပန်းပြန်လာသော ဖေဖေနှင့် မေမေ့၏ အရိပ်အကဲကိုကြည့်၍ မရဲတရဲနှင့် ထိုကျောပေါက်ကြီး အကြောင်းကို မေးကြည့်သောအခါတွင်လည်း မေမေက အရေးမဟုတ်တာ အရေး လုပ်နေရပါ့မလား… အဓိပ္ပါယ်မရှိ အပိုတွေ တွေးကြောက်နေရလား… ဟူသော ပုံစံမျိုးဖြင့် ကျွန်မလိုချင်သော "ကျောပေါက်ကြီး ဆိုသည်မှာ အပြင်လောကတွင် တကယ်မရှိကြောင်း၊ ဘာမှကြောက်စရာ မလိုကြောင်း…" စသည့် လုံလောက် တိကျ နွေးထွေးသော အဖြေမျိုးကို မရခဲ့ပါ။

တကယ်ကတော့ လူကြီးတွေ၏ စိတ်ထဲတွင် ကျွန်မ ဒီလောက် စွဲစွဲလမ်းလမ်း ကြောက်နေမည်ဟု တွေးထင် မထားသောကြောင့် ခပ်ပေါ့ပေါ့သာ သဘောထား ဖြေကြားသည်ဟု ယူဆမိပါသည်။ သို့ သော်လည်း ကျွန်မ၏ စိတ်ထဲမှာတော့ ဘာမဟုတ်တဲ့ ထိုစကားလေး တစ်ခွန်းကြောင့် တော်တော်လေး စိတ်ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရသည်မှာ တသက် မမေ့ဖွယ်ရာပင်…။

ထိုကဲ့သို့  ကလေးများကို ခြောက်လှန့် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အကျိုးဆက် နှင့် နုနယ်လှသော ကလေးများ၏ စိတ်ခံစားချက်တို့ ကို အလေးအနက်ထား ထည့်သွင်း စဉ်းစားကာ မိမိတို့ ကိုယ်တိုင်လဲ ကလေးများကို အမှန်တကယ် ကြောက်စေချင်၍ ဖြစ်စေ၊ စချင် နောက်ချင်၍ ဖြစ်စေ... သူတို့ လေးတွေ၏ စိတ်ထဲ၌ စွဲစွဲလမ်းလမ်း ကြောက်ရွံ့  သွားနိုင်ချေရှိသော စကားစုများကို ဝေးဝေးမှ ရှောင်ရှားကြပါ ဟု အလေးအနက်ထား တိုက်တွန်းချင်ပါသည်။

အနာဂတ်ကာလတွင် တိုးတက်သော လူ့ ဘောင်လောကကြီးထဲသို့  အနေအထားအမျိုးစုံ၊ ပုံပန်းသဏ္ဍာန် အမျိုးစုံဖြင့် လူတန်းစား အလွှာအသီးသီးသို့  ရှင်သန်ဝင်ရောက်လာမည့် လူသားလေးများ၏ နုနယ်သော စိတ်အတွေးလေးများကို အတတ်နိုင်ဆုံး အလေးအနက်ပြု ဂရုစိုက်ကြစေချင်ပါသည်။

You received this email because you are subscribed to the real_time feed for http://thet-wai-blog.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးချိုသင်း မှတ်တမ်း] 1 New Entry: မိတ်ဆုံပွဲ (၂)

မိတ်ဆုံပွဲ (၂)

ဆန်ဖရန်စစ်စကိုမှာ စာပေဟောပြောပွဲသွားတာ မနေ့က ည ၉နာရီခွဲလောက်မှာ အယ်လ်အေ ကို ပြန်ရောက်ပါတယ်။ ဒီအပတ် စနေတနင်္ဂနွေကတော့ အဓိပ္ပါယ်ရှိတဲ့ စိတ်ပျော်ရွှင်ရတဲ့ နားရက်ပါပဲ။

ကိုယ်က စာပေဟောပြောပွဲကို မသွားခင် ဗုဒ္ဓဟူးနေ့လောက်မှာကတည်းက ခရီးတိုလေး သွားမယ်ဆိုပြီး ဘလော့ဂ်မိတ်ဆွေတွေကို ခွင့်တောင်း ခွင့်တိုင် သွားတယ်။ သောကြာနေ့ နေ့လည်မှာ သွားတာ၊ တနင်္ဂနွေညမှာ ပြန်ရောက်တယ်ဆိုတော့ တကယ် ခရီးသွားတဲ့အချိန်က ၂ရက်ခွဲ ၃ရက်လောက်ပဲ ကြာပါတယ်။

ဒါပေမဲ့ ကိုယ်က ကြိုပျော်နေတာက ၂ရက်ဆိုတော့ စုစုပေါင်း ရောသောပြီး ၅ရက်ခွင့်တိုင်လိုက်တယ်။ ဆိုင်လား မဆိုင်လားတော့ မသိဘူး၊ သင်္ကြန်ဆိုလဲ သင်္ကြန်အကြိုရက်တွေ ပိတ်တာပဲဆိုတော့ ကိုယ်လဲ ခရီးအကြိုဆိုပြီး ကိုယ့်ဖာသာကိုယ် ဘလော့ဂ်ပိတ်ပြီး တိတ်တိတ်လေး ပျော်နေတယ်။

တကယ်တော့ ဆန်ဖရန်စစ်စကိုနဲ့ အယ်လ်အေဆိုတာ မဝေးလွန်းတာမို့ ဂဒီးဂဒီး ရောက်နေတာပါ။ ဒါပေမဲ့ ဒီတခေါက်ကတော့ စာပေဟောပြောပွဲမို့ ပိုပြီးပျော်မိ၊ ပိုပြီး အဓိပ္ပါယ် ရှိရတာပါ။ ကိုယ်တို့ကလဲ မိုးမခက ကိုမောင်ရစ်တို့အိမ်မှာပဲ တည်းနေကျဆိုတော့ သွားကတည်းက အဲဒီကိုပဲ ဦးတည်သွားတယ်။

လာသမျှစာရေးဆရာကြီးတွေကလဲ အဲဒီမှာပဲ တည်းကြမှာဆိုတော့ စကားတွေ ပြောကြရတော့မှာပေါ့။ ကိုမောင်ရစ်နဲ့အမတို့အိမ်က San Francisco State University ထဲမှာ။ တည်းဖို့က သူတို့အိမ်အပြင် တက္ကသိုလ်က ဧည့်ရိပ်သာ ၂ခန်းလဲ ငှားထားတယ်။

ကိုယ်တို့စ ထွက်တော့ လူက ၅ယောက်။ မလွင်မာ၊ ငယ်ငယ်၊ ဘိုဘိုနဲ့ ကိုယ်တို့ နှစ်ယောက်။ ရုံးကို နေ့လည် ၁၂နာရီအတိမှာ ဘိုဘို့ကားနဲ့ အမတို့လာကြိုတယ်။ ဒါနဲ့ နေ့လည်စာ ထိုင်းဆိုင်လေး တဆိုင်မှာ စားသောက်ပြီးတာနဲ့ တခါတည်း မောင်းကြတာပေါ့။ ကားပေါ်မှာ စကားလဲ ပြော၊ သီချင်းလဲ ဆို၊ အသီးတွေလဲ စားကြတယ်။ Rest Area တွေမှာလဲ နားရင်း အညောင်းဖြေ ရတာပေါ့။

ကိုမောင်ရစ်နဲ့ မမေသန်းဌေးတို့အိမ်ကို ရောက်တော့ ည ၈နာရီထိုးပြီ။ အိမ်မှာ ဆရာဦးဝင်းဖေ၊ ဆရာဦးစွမ်းရည်၊ အံတီဒေါ်မာမာအေး၊ ဆရာ ဦးအောင်ဝေးတို့နဲ့ ဆုံရတာပေါ့။ မိုးမခ ဝိုင်းတော်သားတွေ ဖြစ်တဲ့ ကိုထိန်လင်းနဲ့ ဒီဇင်မိုးတို့ မောင်နှံ၊ ကိုဇာနည်ဝင်းတို့ကလဲ စောင့်နေသေးတယ်။

ကိုယ်တို့ကို စောင့်ရင်း ညစာ ထမင်းစားကြတာမို့ ပျော်စရာကောင်းလိုက်တာ။ ဆူညံနေတာပဲ။ ဒီလူကြီးသူမတွေက အဖေ့မိတ်ဆွေရင်းကြီးတွေ။ ကိုယ်က သူတို့မျက်စိအောက်မှာ သူတို့လက်ထဲမှာ ကြီးပြင်းလာရတာ။ ကိုယ့်ဦးလေး၊ အဒေါ်တွေဆိုလဲ ဟုတ်၊ ကိုယ်လေးစား ချစ်ခင်ရတဲ့ စာရေးဆရာကြီးတွေ၊ ကဗျာဆရာကြီးတွေ၊ အဆိုတော်တွေလဲ ဟုတ်တာကိုး။

ကိုယ်တို့တွေ အချင်းချင်း စကားတွေလုပြော၊ ပြိုင်ပြောနေကြတာကို လူကြီးတွေက ပြုံးပြီး ကြည့်နေ နားထောင်နေတာ။ ဦးအောင်ဝေးက ပျော်ပြီး ဆရာ ဦးစွမ်းရည်ရဲ့ အချစ်ကဗျာတပုဒ်ကို အဲဒီတညတည်းမှာပဲ ၄ခေါက်တိတိ ထ ရွတ်တယ်။ သူ့တကိုယ်လုံး ကဗျာတွေ ဖြစ်ကုန်ပြီထင်ပါရဲ့၊ အလွတ်ရလိုက်တဲ့ ကဗျာတွေ နည်းတာမှ မဟုတ်ဘဲ။

ဦးအောင်ဝေးက ဆံပင်ကောက်ကောက်နဲ့မို့ ဆံပင်စည်းထားရင် ထူးအိမ်သင်နဲ့တူပြီး ဆံပင်ချထားရင်တော့ ဆရာ ဒဂုန်တာရာ နဲ့ တူပြန်ရော။ သူက အောင်ဝေးဟန်အတိုင်း ရှေ့တိုး နောက်ငင် ကဗျာရွတ်တော့ ကိုယ်တို့လဲ ရီလိုက်ရတာ။

ဒါနဲ့ ည ၁၂နာရီလောက်ကျတော့ လူကြီးတွေလဲ အိပ်ချင်ပြီမို့ လူစုခွဲပြီး ဆရာတွေနဲ့ ယောကျာင်္းလေးတွေ က ဧည့်ရိပ်သာကို သွားပြန်အိပ်ကြပြီး ကိုယ်တို့မိန်းကလေးတွေက မမေသန်းဌေးတို့အိမ်မှာပဲ အိပ်ကြတယ်။ တွေ့တုန်းတွေ့ခိုက် သူငယ်ချင်းတွေ စကားပြောနေရင်း ပြောလို့လဲ ကောင်းပါရဲ့၊ ကိုယ်ကတော့ အိပ်လို့လဲ ကောင်းသွားတယ်။ စားတာများလို့ ချက်ချင်း အိပ်ပျော်သွားတာ။

စနေနေ့မနက်ကိုတော့ ဗမာပီပီ ပဲပြုတ်နဲ့ ထမင်းကြော် စားကြတယ်။ နေ့လည်စာကိုတော့ မမေသန်းဌေးက အကုန်ချက်ပြုတ်ထားတာ ဟင်းတွေက စုံလို့။ အမက တက္ကသိုလ်က ဆရာမ ဆိုတော့ ဒီတခေါက် စာမေးပွဲစစ်ရာမှာ တပည့်တွေကို မေးခွန်းတွေ အရင်လို ခက်ခက်ခဲခဲ မစဉ်းစားနိုင်ဘဲ လွယ်လွယ်လေးတွေချည်း မေးလိုက်တာ တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူအများကြီးစာ ဟင်းတွေ စီစဉ်ရ၊ ကြိုချက်ရတာမို့လေ။ သူ့တပည့်တွေ ကံကောင်းသွားတာ။

ကိုမောင်ရစ်က ဧည့်ဝတ်ကျေရမှာတွေနဲ့ သူ့အလုပ်က TTMY (ဗမာလို တောက်တိုမယ်ရ) ဖြစ်နေတာမို့ ဓာတ်ပုံရိုက်ဖို့ ကင်မရာကို ငယ်ငယ့်ကို တာဝန်ပေးထားတယ်။ ငယ်ငယ် ဓာတ်ပုံရိုက်မှာကို သဘောအကျဆုံးက ကိုယ်တို့ ညီအမ ၃ယောက်ပါ။ ဘာဖြစ်လို့လဲဆိုရင် ကိုမောင်ရစ် ဓာတ်ပုံရိုက်ရင် ကိုယ်တို့ပုံတွေက ထမင်းစားတုန်း ပါးစပ်ကြီးဟပြီး သွင်းနေပုံတို့၊ ကိုယ်တခြမ်းကြီး လိမ်နေတာတို့၊ မျက်စိတွေမှိတ်ပြီး ထမင်းလုံးစီ ငိုက်နေတာတို့ ရွေးပြီး ရိုက်တတ်လို့ပါ။

ငယ်ငယ်ကျတော့ အိုကေတယ်လေ။ ရိုက်ပြီးတာနဲ့ သမီးရေ၊ အံတီ့ကို ပြပါအုန်းဆိုပြီး ကြည့်လိုက်တာ။ မလှဘူး ထင်ရင်၊ ဒါကြီးက မလှဘူးကွ၊ ဖျက်လိုက် ဖျက်လိုက် လုပ်တာ။ ကိုယ်တို့ကို ဓာတ်ပုံရိုက်ဖို့ ချိန်နေပြီဆိုရင်လဲ တကိုယ်လုံး မရိုက်နဲ့နော်၊ သိပ်ဝ နေပြီ၊ ကိုယ်တဝက်ပဲ ရိုက်၊ အောက်ပိုင်း မပါဘူးဟေ့ လို့ အော်ကြတာ။

ပွဲပြီးလို့ ငယ်ငယ်ရိုက်ထားတဲ့ပုံတွေ ကြည့်တော့ နောက်စိပဲ ပါတဲ့ပုံနဲ့၊ မျက်နှာတခြမ်းမှာ ဆံပင်တွေအုပ်နေတာမို့ သူလဲ ဝတာတွေ ရှောင်ရိုက်ရင်း ရိုက်ရင်းနဲ့ ဒီလိုပုံတွေပဲ ကျန်ရှာတော့တယ်။ တကယ်က ကိုယ်က ဘလော့ဂ်မိတ်ဆွေတွေအတွက် ဓာတ်ပုံ ကောင်းကောင်းလေးတွေ တင်ပေးချင်ပေမဲ့ တပုံမှ အဆင်မပြေတာနဲ့ လက်လျှော့လိုက်ရတာပါ။

စနေနေ့ ညနေ ၄နာရီကနေ ည ၁၀နာရီအထိ ဆရာတွေ တလှည့်စီ စာပေဟောပြောကြတယ်။ နားထောင်လို့ ကောင်းလိုက်တာ။ ဗမာပြည်မှာ စာပေဟောပြောပွဲ နားထောင်ရတဲ့ ဆောင်းညချမ်းတွေကို ပြန်ရောက်သွားသလိုပါပဲ။

ဝတ္ထုအကြောင်း၊ ကဗျာအကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာ ကို ထိန်းသိမ်းသင့်တဲ့ အခြေခံအချက်တွေအကြောင်း။ ဆရာဦးဝင်းဖေနဲ့ အံတီဒေါ်မာမာအေးက version နှစ်မျိုးနဲ့ ချစ်သမျှကို သဖြန်ကို ဆိုပြသွားသေးတယ်။ ကောင်းမှကောင်းပဲ။ ဗဟုသုတလဲရ၊ ပျော်စရာ ကြည်နူးစရာလဲကောင်း၊ ကိုယ့်အဖို့မှာတော့ အဖေ့ကိုလဲ လွမ်းပေါ့လေ။

တနင်္ဂနွေကျတော့ မိုးမခ (၅)နှစ်ပြည့် စကားဝိုင်းကို မေတ္တာနန္ဒ ဘုန်းကြီးကျောင်းမှာ လုပ်ပါတယ်။ ပထမဆုံး ဘုန်းဘုန်းဆွမ်းကပ်ပြီးတော့ ဆရာကြီးတွေကို အားလုံးကန်တော့ကြတယ်။ ပြီးမှ တဦးချင်းစီ မိတ်ဆက်၊ ဆရာတွေ မြင်တဲ့ ညီညွတ်ရေး သဘောထားအယူအဆတွေ နားထောင်ကြ၊ ဒီမှာမွေးတဲ့ မြန်မာကလေးတွေကို ကိုယ့်မြန်မာစကား မမေ့အောင် ဘယ်လို ကြိုးစားအားထုတ်မလဲ ဆွေးနွေးကြ ပေါ့။

ညနေ ၃နာရီထိုးတော့ အားလုံးကို နှုတ်ဆက်ပြီး ကိုယ်တို့ အိမ်ပြန်ခဲ့ကြတယ်။ မနက်ဖန်မနက် အလုပ်သွားရအုံးမှာမို့ ၇နာရီကြာ ကားမောင်းပြီး အိမ်ကို အသော့နှင်ခဲ့ကြပါတယ်။ ဒီလိုလေး စာပေဟောပြောပွဲလေးလုပ်တာ တနှစ်စာ ကျေနပ်မှုတွေ ရလိုက်သလိုပါပဲလေ။

အိမ်ရောက်တော့ ဝမ်းမနာသား သမီးတွေ ဖြစ်တဲ့ ကြောင်လေး ၄ကောင်က အိမ်ထိပ်မှာ မျှော်လို့။ ကိုယ်တို့မရှိတဲ့ နှစ်ရက် သုံးရက်အတွင်း သခင်တွေများ ပျောက်သွားပြီလား ဆိုပြီး သူတို့ပူရှာပေလိမ့်မယ်။ ကိုယ်တို့နှစ်ယောက်ကို မျက်စိအောက်က အပျောက်မခံ လိုက်ကြည့်လို့။ အစာတွေ အပြည့်ထားခဲ့တာတောင် မကုန်ပါဘူး။

ကြောင်သမီး ပဲထုပ်ကလေး (ပဲများလွန်းလို့ပါ)က ဘာနဲ့ ထိခိုက်မိမှန်း မသိ၊ လက်တဖက်က ထော့ကျိုး ထော့ကျိုး ဖြစ်နေပါလေရော။ သွားစွယ်လေးတချောင်းလဲ ကျွတ်ထားသေးတယ်။ သားပိညှက်ကတော့ ကိုယ်တို့ရှေ့ရောက်မှ ချောင်းပိုဆိုးပြတယ်။ ကိုယ်လုံးလေးတောင် တုန်ပြနေလို့ အဆုပ်များ အအေးမိကုန်ပလားဟဲ့ လို့ ပူရသေး။ နောက်သားနှစ်ကောင် ဖြစ်တဲ့ အိုဘားမား နဲ့ အကြီးကောင်ကတော့ တမှိုင်မှိုင်နဲ့။ မိဘတွေ မရှိလို့ အလွမ်းအဆွေးပဲ ပိုနေသလိုလို။

ဒါနဲ့ မိဘနှစ်ပါးလဲ အပြစ်ပိုကြီးပြီး စိတ်မကောင်းခြင်းကြီးစွာနဲ့ ပြောရတယ်။ သားတို့ သမီးတို့ရေ.. အဖေတို့ အမေတို့ ဒီပိတ်ရက်လေး ၂ရက်မှာ ပျော်မိပါတယ်ကွယ်၊ ကလေးတို့ ခွင့်လွှတ်ကြပါလို့။

မိုးချိုသင်း

(ဒီနေ့ ရုံးကပြန်လာတော့ ဗြောင်းဆန်အောင် ဆော့နေကြပါရောလား ။.. ဤကား စကားချပ်။)

You received this email because you are subscribed to the real_time feed for http://moechothin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.