Wednesday, October 15, 2008

[Random] 1 New Entry: ခန္ဓာကိုယ်ပေါ်က အနုပညာ

ခန္ဓာကိုယ်ပေါ်က အနုပညာ

ခုနောက်ပိုင်း အပြင်ထွက်ရင် ကောင်လေးတွေ အစ်ကိုကြီးတွေ ဦးလေးကြီးတွေ.. ယောက်ျားလေး တော်တော်များများရဲ့ ကိုယ်ပေါ်မှာ tattoo အရုပ်တွေကို အတွေ့များလာတယ်.. tattoo ဆိုတာ တဟီတီကျွန်းစကား tatau ကနေ ဆင်းသက်လာတယ်လို့ ၀ီကီပီးဒီးယား ထဲမှာ ဖတ်လိုက်ရပါတယ်.. tattoo ကိုဆေးမင်ကြောင်လို့ မြန်မာမှုပြုကြတယ်မဟုတ်လား.. နန်းညီကတော့ body art လို့ခေါ်တာကို ပိုပြီးသဘောကျတယ်..ကိုယ်ခန္ဓာပေါ်မှာ ပန်းချီဆွဲပြီး အလှဆင်တယ်ပေါ့နော်.. ကင်းဗတ်စ်ပေါ်မှာ ဆေးနဲ့စုတ်တံသုံးပြီးဆွဲတယ်.. အသားပေါ်မှာဆိုတော့ ဆေးကို အပ်နဲ့ထိုးပြီး ဆွဲရတယ်ပေါ့..

tattoo ထိုးတဲ့ဓလေ့က ဟိုးရှေး ဘီစီ ၁၂၀၀ လောက်ကတည်းက ပေါ်ခဲ့တာလို့ သိရပါတယ်.. တဟီတီကျွန်းကမိန်းမတွေ.. ဂရိ အီဂျစ် နဲ့အာရှတွေမှာ အပျိုဖော်ဝင်တဲ့အခါ မျက်နှာမှာ အထိမ်းအမှတ်အဖြစ် ရေးခြစ်ကြတယ်.. (apoclyapto ဆိုတဲ့ ကားထဲမှာဆို အင်ဒီးယန်းလူမျိုးနွယ်တွေဟာ အဲဒိလို မျက်နှာမှာ ရေးခြစ်အလှဖော်တဲ့ ဓလေ့ရှိတာတွေ့ရတယ်)..
အစပိုင်းမှာတော့ အမှတ်အသားတစ်ခုအနေနဲ့သာ ရေးကြဆွဲကြပေမယ့်.. နောက်ပိုင်းမှာတော့ အလှဆင်တဲ့အနေနဲ့ tattoo ထိုးလာကြပါတယ်.. မျက်နှာမှာ tattoo ထိုးပြီးအလှဆင်တာကို မြန်မာမှာ ဆိုရင် ချင်းလူမျိုးတွေဆီမှာ တွေ့နိုင်ပါသေးတယ်.. နောက်တော့ tattoo ကို ယောက်ျားကြီးတွေ သတ္တိပြဖို့ထိုးကြတယ်.. နောက် ခေတ်နည်းနည်းပြောင်းလာတော့ tattoo ထိုးတာကို အားမပေးကြတော့ပြန်ဘူး.. ကူးစက်ရောဂါတွေ ခေတ်စားနေချိန်မို့လည်း ပါတယ်နေမှာပေါ့.. ခုတော့ အဲဒါတွေပြန်ပြီးခေတ်စားလာပြန်ပါပြီ.. အခုခေတ်မှာတော့ သတ္တိပြတဲ့အရာ အထိမ်းအမှတ် ဆိုတာတွေထက်
အနုပညာတစ်ခုအနေနဲ့ ပြန်ခေတ်စားလာတယ်ဆိုရမှာပါ.. ခုနကပြောခဲ့သလို body art အနေနဲ့ ပြန်ခေတ်စားလာတာပါ..

ရှေးမြန်မာတွေက ဆေးမင်ကြောင်ထိုးဖို့ဆိုရင် နေ့ကောင်းရက်မြတ်ကိုရွေး.. ဂါထာတွေ အင်းအိုင် လက်ဖွဲ့အစီအရင်တွေလုပ်ပြီး တခမ်းတနားနဲ့ ဆေးမင်ကြောင်ထိုးပွဲလုပ်လေ့ရှိပါတယ်.. စာရေးဆရာ ရန်ကုန်ဘဆွေရေးတဲ့ "မြန်မာပြည်သား" ၀တ္တုကြီးထဲမှာ ဆေးမင်ကြောင်ထိုးတဲ့အကြောင်းတွေ အသေးစိတ်ဖတ်လိုက်ရတယ်..
ဒီခေတ်မှာတော့ အရင်ကလို စုတ်အကြီးကြီးတွေနဲ့ ပေါက်စရာမလိုတော့ ပါဘူး.. အင်းအိုင်လက်ဖွဲ့အစီအရင် ထိုးတာလည်း ရှားသွားပါပြီ.. body art ဆိုတဲ့အတိုင်းပဲ နဂါး.. ငါးကြင်း.. ကနုတ်တွေ.. ပန်းတွေ.. စာတန်း စာလုံးတွေ.. လှရာလှရာ စိတ်ကြိုက်ရွေးပြီးပဲ ထိုးကြတော့ တာပါ.. ထိုးတဲ့စက်ကလည်း မော်တာနဲ့ အပ်သေးသေးလေးတွေနဲ့..
ဆေးပုလင်းရောင်စုံကို တစ်ခါတည်း တပ်ပြီးထိုးလို့ရတဲ့စက်လည်း ရှိပါသေးတယ်..ဆေးအပြည့်ဖြည့်ထိုးရတဲ့နေရာတွေဆို အပ် ၃ ချောင်းတွဲတို့ ၄ ချောင်းတွဲတို့ ဆိုတာတွေနဲ့ ထိုးကြတယ်.. အပ်သေးသေးလေးနဲ့ မော်တာနဲ့ဆွဲတာဆိုတော့ အရင်ခေတ်ကလိုလည်း မနာတော့ပါဘူး.. မြန်မြန်လည်းပြီးပါတယ်.. အနာလည်းကျက်မြန်ပါတယ်..

tattoo အသိုင်းအ၀ိုင်းက နန်းညီနဲ့မဝေးပါဘူး.. နန်းညီ အစ်ကိုက tattoo ထိုးပါတယ်.. နဂိုကတည်းက ပန်းချီသမားလည်းဖြစ်.. ကောက်ကြောင်းလည်း သိပ်သန့်ပြီးသေသပ်တော့ သူ့လက်ရာက အတော်ကောင်းပါတယ်.. သူနဲ့ထိုးချင်သူတွေက
တန်းကိုစီနေရတာပါ..ရန်ကုန်က နာမည်ကြီး tattoo artist တွေထဲမှာ သူလည်းပါတယ်ဆို မမှားပါဘူး.. (လမ်းကြုံတုန်းကြွားထားတာ.. ထိုးချင် နန်းညီကို ဆက်သွယ်နော်..အဟိ).. ဒီတော့ မျက်စိရှေ့မှာ မြင်ရသမျှ tattoo ထိုးချင်သူ လူပေါင်းစုံကို အသေအချာ လေ့လာဖြစ်တာပေါ့..

tattoo ထိုးဖို့ဆို စိတ်အတော်ပြတ်ပြီး ဆုံးဖြတ်ချက်လည်း ခိုင်မာမှရမယ် ထင်ပါတယ်.. ဟုတ်တယ်လေ.. ကိုယ့်ကိုယ်ပေါ်မှာ တစ်သက်လုံးကြီး ရှိနေမယ့် အရုပ်တစ်ခု.. သို့မဟုတ် စာတန်းတစ်ခု. . ကိုယ်တစ်သက်လုံး မငြီးငွေ့သွားမယ့် အရာဖြစ်ရမယ်.. လှရမယ်.. သူများနဲ့မတူချင်တာကလည်း လူတိုင်းဆန္ဒဖြစ်မှာပါ.. ပြီးတော့ ခေတ်မမီတော့တာ ပုံတုံးကြီးဖြစ်သွားတာမျိုးလည်း မဖြစ်ရဘူး.. စာတန်းဆိုရင်လည်း အဓိပ္ပါယ် ရှိရမယ်.. ကိုယ်တစ်သက်လုံးကြိုက်မှာသေချာရမယ်.. ထိုးတော့မယ် သေချာရင်လည်း စိတ်ချရတဲ့ လက်ရာကောင်းတဲ့ ကိုယ်လိုသလို ထိုးပေးနိုင်မှာသေချာတဲ့ tattoo artist ကိုရွေးရတော့မယ်..
အမလေး .. ရွေးချယ် ဆုံးဖြတ်ရမှာတွေ.. ထည့်စဉ်းစားရမှာတွေ အများကြီးပါ.. (နန်းညီဆို ငါသာ ထိုးမယ်ဆို ဘာအရုပ်
ဘာစာတန်းကိုရွေးမလဲလို့ ခဏခဏ စဉ်းစားကြည့်ပါတယ်.. ခုထိကို မဆုံးဖြတ်နိုင်သေးပါဘူး).. တစ်ချို့တွေကတော့ အသေအချာ စဉ်းစားပါတယ်.. ရွေးပါတယ်.. တစ်ချို့ကတော့ ဘာပုံမြင်မြင် "မိုက်တယ်ဗျာ .. ချမယ်" ဆိုတာချည်းပဲ.. တစ်ချို့ကကျတော့ ထိုးနေရင်းမှ စိတ်ကူးပေါက်ရာ လျှောက်လျှောက်ပြောပြီး ထိုးတဲ့သူကို ပြင်ခိုင်းတာမျိုးရှိသေးတယ်.. ဘယ်လိုပဲပြောပြော ထိုးဖို့ရွေးချယ်ဆုံးဖြတ်ရဲတာကိုက သူတို့သတ္တိ.. သူတို့ရူးသွပ်မှုပါပဲ..
tattoo ထိုးတယ်ဆိုတာလည်း အရင်လို ဘုရားပွဲဈေးလေးမှာ ဖြစ်သလိုလေးထိုးတာမျိုးမဟုတ်တော့ပါဘူး.. နိုင်ငံခြားမှာဆို ဆိုင်ခန်းနဲ့ အကြီးအကျယ်ပါပဲ.. ဒီမှာတော့ ဒီလောက်မကျယ်ပြန့်သေးပေမယ့် အဆင့်မြင့်မြင့်ထိုးတဲ့သူတွေ ရှိနေပါပြီ.. လက်မောင်းတစ်ဖက် အပြည့် အရောင်စုံဆို ၅ သောင်းဝန်းကျင်လောက်အထိ ပေးရပါတယ်.. စာတန်းလေးတစ်ခုဆို ၁ သောင်းခွဲ ၂ သောင်း.. ကျောပြည့် အမည်းရောင်သက်သက်ဆို ၁ သိန်းခွဲကျော်ပါတယ်.. လက်ရာအလိုက် ဈေးတော့ကွာသေးတာပေါ့လေ.. နောက် အရောင်.. အမည်းသက်သက်ဆို ဈေးသက်သာပါတယ်.. အနီ.. အပြာ အစိမ်းတွေပါလာရင် အရောင်အလိုက် ဈေးတက်သွားပါတယ်.. အဖြူက ဈေးအကြီးဆုံးပါပဲ..
ဆေးဗူးချည်းသက်သက်ကိုပဲ သိန်းကျော်ပေးရပါတယ်.. နန်းညီ ကြည့်သလောက်တော့ အစ်ကို့ဆီမှာ အဖြူရောင်ထည့်ထိုးတဲ့သူ မရှိသေးပါဘူး.. အပြင်ထွက်တိုင်း သူများလက်မောင်းတွေမှာ အရုပ်တွေကြည့်ရင် ပြူးပြဲပြီး သေချာလိုက်ကြည့်တာက အကျင့်လိုဖြစ်နေပါပြီ.. ကြည့်သလောက်လည်း အဖြူနဲ့အရုပ်မမြင်သေးပါဘူး ..

အရုပ်ထိုးတာကလည်း မသိသာပေမယ့် စွဲပါတယ်.. လက်မောင်းမှာ ငါးလေးတစ်ကောင်ဖြစ်ဖြစ် နဂါးဖြစ်ဖြစ် ထိုးပြီးရင်.. နောက်လက်တစ်ဖက်.. နောက်..ပုခုံး..တဖြည်းဖြည်း ဖြည့်ဖြည့်လာလိုက်တာ.. နောက်ဆုံး ကျောပြည့်ထိုးမယ်ဗျာ ဆိုပြီးဖြစ်လာတတ်ပါတယ်.. အဲလိုဖြစ်တဲ့သူတွေ အတော်များပါတယ်.. ထိုးသူများလာလေ.. လုံခြုံမှုနဲ့ သန့်ရှင်းရေးက
အရေးကြီးလာပါပြီ.. အစ်ကိုကတော့ အပ်တွေကို အများကြီးဝယ်ပြီး မထိုးခင် အရက်ပြန်နဲ့ဆေးပါတယ်.. အင်္ကျီချုပ်တဲ့အပ်ကလေးတွေက ဈေးလည်းမကြီးတော့ ပေါပေါများများလည်းသုံးနိုင်တယ်.. ထိုးတဲ့စက်ကလည်း လက်မှာကိုင်ရင် ခဲတံတို့ ဘောပင်တို့ကိုင်သလို ကိုင်ပြီးဆွဲရထိုးရတာဆိုတော့ သူ့ကိုယ်သူ အပ်ပြန်ထိုးမိမှာလည်း
မပူရတော့ပါဘူး.. ဘာပဲဖြစ်ဖြစ် အရမ်းတော့ ဂရုစိုက်ရတာပါပဲ..

အခုဆိုရင် လက်မောင်းမှာ အရုပ်ကိုယ်စီနဲ့ လူတွေအတော်များလာပါပြီ .. ကိုယ်ခန္ဓာပေါ်မှာ အလှဆင်သူ များပေါ့လေ.. ထိုးတဲ့အချိန် ခံရတဲ့နာကျင်မှု.. ဒီအရုပ်တစ်ရုပ်ထိုးဖို့အတွက် သတ္တိရှိရှိ ဆုံးဖြတ်ရဲတဲ့အတွက်ရော.. နောက်.. ပိုက်ဆံအကုန်ခံထားရတာရော.. အဲဒါတွေအားလုံးအတွက်ပေါ့လေ.. ကိုယ်ခန္ဓာပေါ်မှာ အနုပညာတစ်ခုပိုင်ဆိုင်ထားတဲ့ သူတို့ကို အားလည်းကျ လေးလည်းလေးစားမိပါတယ်..

You received this email because you are subscribed to the real_time feed for http://www.random-random.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[meelayzar ရဲ့ ပန်းသွန်းတဲ့ဥယျာဉ်] 1 New Entry: တုန့်ယမ်ကု ဟင်းချက်နည်း

တုန့်ယမ်ကု ဟင်းချက်နည်း

မမ၀ါနဲ့သဉ္ဖာက တုန့်ယမ်ကုဟင်းချက်နည်းလေး ပြောပြပေးလို့ ပြောထားတဲ့အတွက် မီးလေးလဲ

ပုံနှင့်တစ်ကွဖော်ပြပေးချင်တာနဲ့ ဟင်းကိုပြန်ချက်လိုက်တယ်.........ဟီးးးးးးး....ကြွားချင်တာဟုတ်ဖူးနော်

သေချာပြောပြလို့မတတ်လို့.........လိုအပ်တဲ့ပစ္စည်းတွေကတော့.................

(၁)..ပုဇွန်........၅ကောင်း

(၂)မှို...........အပွင့်ကြီး......၇ပွင့်

(၃)စပလင်....၃ပင်နှင့်ပတဲကော်...လက်နှစ်ဆင့်လောက်...

(၄)ငရုပ်သီးတောင့်..၆တောင့်နှင့်ဆားအနည်းငယ်

(၅)နံနံပင်နှင့်ကြက်သွန်မြိတ်အနည်းငယ်

(၆)သံပရာသီးတစ်လုံးနှင့်ငရုပ်သီးဆီစိမ်ထားတဲ့ဟာလေးအနည်းငယ်ပါ(ပုံမှာပလင်းလေးပုံလေးပြထားပါတယ်)

(၇)ခနော်တစ်တုံးနှင့်အုန်းနို့ဘူးသေးတစ်ဘူး

(၈)ရှောက်နိုရွက်၃-၄ရွက်နှင့်ခရမ်းချဉ်သီးတစ်လုံးတို့ပဲဖြစ်ပါတယ်


ပုဇွန်ကိုအခွံနွှာနောက်ချီးထုတ်ထားပါ ၊ မှိုကိုရေစင်အောင်ဆေးပြီးအပွင့်ကြီးလျင် ထက်ခြမ်းခွဲပြီးရေစစ်ထားပါ ၊

စပလင်ကိုလက်တစ်ဆင့်ခန့်စောင်းပြီးလှီးထားပါ ၊ ပတဲကော်ကိုပါးပါးလှီးထားပါ. နံနံပင်၊ကြက်သွန်မြိတ်၊သံပရာ

သီး နှင့်ခရမ်းချဉ်သီးကိုလိုသလိုလေးလှီးထားပါ ငရုပ်သီးကိုပါးပါးလေးစောင်းပြီးလှီးထားပါ ၊ ရှောက်နိုရွက်ကို

အရွက်လိုက်ရေဆေးပြီးထား ထားပါ ၊ရေကိုနို့ဆီဘူး၃ခွက် စာလောက်တည်ထားပါ ၊

ရေဆူလာတာနဲ့စပါလင်၊ပတဲကောနှင့်ခနော်ထည့်ပါ၊ နှစ်မိနစ်လောက်ကြာရင် ခရမ်းချဉ်သီးနဲ့ငရုပ်သီးထည့်ပါ ၊
ရေပြန်ဆူလာရင်( ငရုပ်သီးဆီစိမ်ထားတာလေး)ထမင်းစားဇွန်းနဲ့တစ်ဇွန်ထည့်ပါ၊ ပြီးရင်မှိုထည့်ကြက်သွန်မြိတ်

်ထည့် ရှောက်နိုရွက်ထည့် ရေပြန်ဆူလာရင်ဆားအနည်းငယ်ထည့်..အပေါ့အငန်မြည်းကြည့်..

ပုဇွန်ထည့်အုန်းနို့အနည်းငယ်

ထည့်ပြီးနောက်ထပ်တစ်ကြိမ် ရေပြန်ဆူလာရင်သံပရာသီး အနည်းငယ်ထည့်ပြီးချလို့ရပါပြီး

မှတ်ချက်၊ ။ ပုဇွန်ကိုနောက်ဆုံးမှထည့်ရပါမယ် ထည့်ပြီးတာနဲ့ရေပြန်ဆူရင်အိုးကိုချရပါမယ်

မဟုတ်ရင်ပုဇွန်အသားမာသွားပါလိမ့်မယ်.. ခနော်အစားကြက်ရိုးကိုအကြာကြီးပြုတ်လဲရပါတယ်

သံပရာသီးကိုစားခါနီးမှ...စားသုံးမဲ့ပန်ကန်ထဲကိုညစ်ထဲ့ ရင်ပိုပြီးအရသာရှိပါတယ် ပုံထဲမှာပြထားသလိုလေး

ဟင်းကိုပန်ကန်ထဲထည့်ပြီးအပေါ်ကနံနံပင်လေးအုပ်ပြီး သံပရာရည်လေးညစ်ပြီးတော့ စားလိုက်လို့

ဆွေမျိုးမေ့သွားမယ် ဆိုရင်မီးလေးမသိဘူးနော်...........ဟီးးးးး

အလွယ်တစ်ကူစားသုံးနိုင်တဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ရှင်...........

မီးလေးချက်ထားတာလေး အိမ်ပြန်သယ်သွားကြပါဦးနော် အကုန်ယူသွားလဲ ချိတ်ချိုးဘူးနော်.........ဟတ်ဟတ်


မီးလေး

You received this email because you are subscribed to the real_time feed for http://khaingthinzar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မုန်းချောင်းတေး.....] 1 New Entry:

http://streammone.blogspot.com/feeds/3244232540125211592/comments/default
















်ငတ်

အစောဆုးံရောက်လာတဲ့နေရောင်ခြည်ဟာ
အိမ်မက်တွေနဲ့ထုတ်သိမ်းထားတဲ့...မဂ်လာဦးလက်ဆောင်...။
လရောင်မျှော်ပန်းတွေကြောင့်
ကိုယ့်ဘ၀ စိန်းလန်းရတယ်...။
တိမ်တွေဝေတဲ့နေ့တနေ့လို...
မှုံ...ရီ....ရိုင်း...ဆိုင်း...
လမ်း....
ပြီးတော့...
လမ်း....
ရင်ဘတ်လေးဖွင့်ကြည့်လိုက်တော့.......
ဓါတ်ပုံလေးထွက်ကျလာတယ်....။

သားသို့...သတိတရ

You received this email because you are subscribed to the real_time feed for http://streammone.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[သက်ဝေ] 1 New Entry: သီတင်းကျွတ်

သီတင်းကျွတ်

ငယ်ငယ်က
တပျော်တပါး ရွတ်ဆိုခဲ့ဖူးတယ်…
သီတင်းကျွတ်ပြီ…
မီးပုံးပျံ လွှတ်ရအောင် တဲ့…

ငယ်ဘ၀…
ပျော်ခဲ့ရတဲ့ သီတင်းကျွတ်…
မြတ်ဘုရားထံ ရည်ရော်မှန်း ဆီမီးနဲ့  ကန်တော့ပန်းဆင်ခဲ့ရတဲ့ သီတင်းကျွတ်…
မိဘ ဖိုးဖွား ဆရာသမား အလေးနက်ထား ပူဇော်ကြတဲ့ သီတင်းကျွတ်…
ကုသိုလ်တွေရ မုန့် တွေဝ ကြည်ရွှင်ပျတဲ့ သီတင်းကျွတ်…
လမင်းရောင်သာ ထိန်ထိန်ဖြာ ကြည်လင်လှတဲ့ သီတင်းကျွတ်…
ဆီမီးရောင်ရှိန် ထိန်ထိန်ဝါ သာယာလှတဲ့ သီတင်းကျွတ်…
မီးပန်းတွေ တလက်လက် ဗျောက်အိုးသံ တညံညံ စည်ကားလှတဲ့ သီတင်းကျွတ်…
ပွဲတွေလမ်းတွေ ချိမ့်ချိမ့်သဲ နွှဲခဲ့ရတဲ့ သီတင်းကျွတ်…
စည်ဗျောသံ ညံမစဲ လူတိုင်းပျော်တဲ့ သီတင်းကျွတ်…
တစ်နှစ်တစ်ခါ ရင်ထဲမှာ မျှော်ကာ မှန်းဆ တမ်းတရတဲ့ သီတင်းကျွတ်…

အခုတော့…
တကယ်ကဆို ငယ်ဘ၀လို ပျော်စရာ မရှိတဲ့ သီတင်းကျွတ်…
ဖိုးဖိုး ဖွားဖွား တွေ ဖေဖေ မေမေတွေကို
စိတ်ထဲကသာ မှန်းကန်တော့ရတဲ့ သီတင်းကျွတ်...
လေထဲကသာ လှမ်းကန်တော့ရတဲ့ သီတင်းကျွတ်...
မီးပုံး မဆင် ရတဲ့ သီတင်းကျွတ်...
မီးပန်း မမြင်ရတဲ့ သီတင်းကျွတ်...
မီးပုံး မတွန်းရတဲ့ သီတင်းကျွတ်…
မီးလုံး မထွန်းရတဲ့ သီတင်းကျွတ်…
ဗျောက်အိုးသံ တိတ်တဲ့ သီတင်းကျွတ်…
စည်ဗျောသံ ပိတ်တဲ့ သီတင်းကျွတ်…
ပျောက်မေ့ချင်အောင် ခြောက်သွေ့ တဲ့ သီတင်းကျွတ်...
လူသူမသိအောင် တိတ်ဆိတ်တဲ့ သီတင်းကျွတ်…

အင်း… ဒီလိုနဲ့ ဘဲ
သီတင်း တချီ ကျွတ်ခဲ့ပြန်လေပြီ…။

(သီတင်းကျွတ် လပြည့်နေ့  ၁၄-၁၀-၀၈ အမှတ်တရ)

You received this email because you are subscribed to the real_time feed for http://thet-wai-blog.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: ဖော်ဝေး မိတ်ဆက် (အပိုင်း-၁)

ဖော်ဝေး မိတ်ဆက် (အပိုင်း-၁)

မြန်မာခေတ်ပေါ်ကဗျာအကြောင်းပြောကြရင် ဖော်ဝေးဟာ ချန်လှပ်ထားခဲ့လို့မရတဲ့
ကဗျာဆရာတစ်ယောက်ဖြစ်တယ်။ ခေတ်ပေါ်ကဗျာကို ခုံမင်သူတိုင်းဟာ ဖော်ဝေးကို သိသင့်တယ်။
ဒီအတွက်ကြောင့် မသိသေးတဲ့လူတွေ သိအောင် ကျွန်တော်က မိတ်ဆက်ပေးပါရစေ။

မောင်ချောနွယ်ကိုသိတယ်၊ အောင်ချိမ့်ကိုသိတယ်၊ ဖော်ဝေးဆိုတာ ရှိခဲ့တယ်။
သူတို့သုံးယောက်ပေါင်းပြီး ကဗျာစာအုပ်တစ်အုပ် ထွက်ခဲ့ဖူးတယ်။
သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ။ ၁၉၇၄ ခုနှစ်က။

ဖော်ဝေးကဗျာတွေရှိတယ်။ ဖော်ဝေးကဗျာ စာအုပ်ဆိုတာမရှိခဲ့ဘူး။ သူကွယ်လွန်အပြီး နှစ်ဆယ့်ငါးနှစ်ကျော်မှာ
ဖော်ဝေးကဗျာစာအုပ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်။ ဖော်ဝေးငှက်များ ပျံသန်းချိန်။
နှစ်ကာလများက ထုတ်ဝေခဲ့တယ်။ ၂၀၀၄ ခုနှစ်။
ဖော်ဝေးရေးခဲ့တဲ့ ကဗျာအားလုံးမပါဝင်ခဲ့ဘူး ဆိုပေမယ့် ဖော်ဝေးပရိသတ်အတွက်၊ကဗျာချစ်သူတွေအတွက်
ပြည့်စုံတဲ့စာအုပ်တစ်ခုတော့ဖြစ်ခဲ့တယ်။ အဲဒီစာအုပ်မှာပါတဲ့ ကဗျာတွေဟာ အောင်ချိမ့်မူပိုင်ဖြစ်တယ်လို့
ကြွေးကြော်ထားခဲ့ပေမယ့် အခုရေးမယ့်ဖော်ဝေးမိတ်ဆက်မှာ ဒီစာအုပ်ထဲက ကဗျာတွေကို
ပြန်တင်ပေးသွားမယ်။

ပထမဆုံး အောင်ချိမ့်မြင်တဲ့ ဖော်ဝေးအကြောင်း ကိုဖတ်ကြည့်ကြတာပေါ့။

ဖော်ဝေး( ခေတ်ပေါ်ကဗျာနဲ့ကဗျာရေးခဲ့သူ)

၁။
မြန်မာခေတ်ပေါ်ကဗျာအတွက် လမ်းပြ ‘ထင်းရှုးပင်ရိပ်’ ၁၉၆၈ ခုနှစ်မှာ ထွက်ခဲ့။ ဒီ့နောက်
၂-နှစ်အကြာမှာ သိဒ္ဓတ္ထလှိုင်က ‘ ဂျွန်လ၏မိုးရေများ’ ရေးဖွဲ့ပြီးစီးခဲ့။ ၁၉၇၀။
နောက်ထပ် ၂ နှစ်အကြာ ၁၉၇၂ ရောက်တော့ ‘ဂျွန်မိုးရေ’ ပုံနှိပ်ထုတ်ဝေဖြစ်။
နောက်ထပ် ၂-နှစ် ထပ်ကြာပြီး ‘သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ’ စာအုပ်ထွက်ခဲ့။
အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ်တို့ ရေးဖွဲ့ခဲ့ကြ။ ၁၉၇၄။

မြန်မာခေတ်ပေါ်ကဗျာ ဇာတ်ခုံပေါ်တက်ခဲ့ ရာဇ၀င်ထဲဝင်ခဲ့။

၂။
အဲဒီရာဇ၀င်ထဲက တစ်ဦးဖြစ်တဲ့ ဖော်ဝေးဟာ တောသား။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့၊ ဒေါနတောင်ခြေ၊
ပတ်ချောရွာဇာတိ။ ဦးစံချိန်၊ ဒေါ်နုတို့၏သား။ ၁၉၄၅ ဖွား(ဟုထင်)။ ဆင်းရဲ့၍ ကျောင်းတန်းလန်းနဲ့
စစ်ထဲဝင်။ စာကြိုးစား။ စာတွေဖတ်။ တပ်ကြပ်ကြီးစာရေးဖြစ်။ ရန်ကုန်ရောက်။

အောင်ချိမ့်၊မောင်ချောနွယ်၊သုခမိန်လှိုင်တိုနဲ့ပူးပေါင်း။ တစ်ယောက်ကိုတစ်ယောက် ချစ်ကြိုက်ကြ။
ချီတက်ကြ။ ၁၉၇၃။

အဆီပျံမျက်နှာများ၊ ဆံပင်များ၊ ဘေးဖယ်ထားခံရမှုများ၊ ချွေးသွေးများ၊ အရယ်အမောများ
မီးခိုးအူလျက်။

၃။
ဒီတော့မှ သူဟာ မြန်မာတေခ်ပေါ်ကဗျာကို ထမ်းရွက်ရန်၊ ခုန်ချရန်၊ တိတိကျကျရွေးချယ်ခဲ့ကြောင်း
ကျွန်တော်တို့တွေ သိခဲ့ကြရ။ သူ့သက်တမ်းဟာတိုခဲ့တဲ့အတွက် ကျွန်တော်တို့တွေ
အသံမထွက်နိုင်အောင်ဝမ်းနည်းကြေကွဲခဲ့ရ။ ၁၉၇၈။

သန်းပေါင်းများစွာ လူတွေထဲမှ ‘ ဖော်ဝေး’ တစ်ယောက်လျော့ပါးသွားခဲ့တာဟာ သိသာလွန်းလှ။

၎။
မကျေပွန်နိုင်ခဲ့တဲ့ နှစ်အများကြီးကို ကျော်လွန်ပြီး အခု “ဖော်ဝေးငှက်များ ပျံဥန်းချိန်”အမည်ရှိ
“ဖော်ဝေးကဗျာ ပေါင်းချုပ်ပဲ” လို့ခေါ်လောက်တဲ့ စာအုပ်ကို ကျွန်တော်တို့တင်ဆက်ဖြစ်။
ခေတ်ပေါ်ကဗျာချစ်သူများ တွေ့ဆုံကြပါစို့။

လေးစားစွာဖြင့်
အောင်ချိမ့်
၁၇-၁-၂၀၀၄

အပေါ်ကစာက ”ဖော်ဝေးငှက်များ ပျံသန်းချိန်”စာအုပ်မှာ အောင်ချိမ့်ရေးခဲ့တဲ့ ဖော်ဝေးအကြောင်း။
အခုချိန်မှာ ဖော်ဝေးမရှိတော့ဘူး၊ မောင်ချောနွယ်မရှိတော့ဘူး၊ အောင်ချိမ့်က ခြောက်သွေ့နေပြီ။

ဖော်ဝေးကဗျာတွေ ဆက်ထုတ်ဖို့အစီအစဉ်မရှိတော့ဘူးလားလို့ ကိုမိုးဝေးကိုမေးကြည့်တော့
လုပ်နေတယ်၊ မကြာခင်လာမယ် တဲ့။ ဖော်ဝေးဒိုင်ယာရီလို့ အမည်ပေးထားတယ်။
အမြန်ဆုံးထွက်လာလိမ့်မယ်လို့ မျှော်လင့်တယ်။

နှစ်ကာလတစ်ခုကို ကျွန်တော်တို့ ပြန်သွားကြည့်ကြတာပေါ့။
ဖော်ဝေးကဗျာတစ်ပုဒ် တင်ဆက်ချင်ပါတယ်။ ၇၃ ကိုဖြတ်သန်းခြင်း။

၇၃ ကိုဖြတ်သန်းခြင်း

ချစ်သူရဲ့
ချိုမြိန်တဲ့နှုတ်ခမ်း
အနမ်းများ
ကြောက်လန့်တကြားပြေးကြပြီ။

အနော်ရထာလမ်းမမှာ
စိမ်းဝါနီပြာ
ဖိနပ်များ
ခွဲခြားရခက်စွ
ကင်းခြေထောက် ဘုရင်မင်းမြတ်
လမ်းလျှောက်နေတယ်။

၁၉၄၄
ငါမွေးတဲ့နှစ်ကလည်း
ငါ့ခေတ်ကို မနာလိုကြီးစွာ
သရော်နေရဲ့။

ကျောက်ဆောင်တွေကြားက
မြစ်ဖျားသံလွင်
ရင်ခွင်မှေးစက်
အိပ်မက်တွေ
သေးငယ်ကျဉ်းမြောင်း
အကွေ့အကောက်ပေါင်းများစွာ
ဖြတ်သန်းလာရ။
မုတ္တမကွေ့က ရှင်းပြလိမ့်မယ်။
သော့ခတ်ထားတဲ့
စာတိုက်ပုံးနီနီကလေးထဲကစာ
သက်ဆိုင်သူရှိရာ သွားလိမ့်မယ်။

နက်ဖြန်နေထွက်မှာ
အခါတစ်ရာပြောပြီး
သစ္စာဝါဒီဘဝ
လက်မထောင်
အချောင်ခိုမနေရစ်ချင်ဘူး။

ကောက်ရိုးပုံပေါ်က
ဒိုက်ဗင်ထိုးချ
“ရွှေဘကွ” အော်တဲ့
ငါ့ကလေးဘ၀ ကျန်ခဲ့ပါပြီ။

ဝင်းမှည့်ချိုမြိန်တဲ့အရသာ
ဘယ်သူ့ထံပို့မယ်
နားလည်စည်းခြားပြီးနောက်။

သရက်သီးမမှည့်ခင်
ချဉ်တဲ့အရသာ
အချိန်ကာလက ဆုံးဖြတ်မယ်။

စားပွဲပေါ်က
ဖတ်လက်စစာမျက်နှာ
တစ်ပိုင်းတစ်စကဗျာ
ရင်ထဲက သန္ဓေသား
ဘယ်နေ့များမှ မွေးပါ့
လူရွန်းဝိညာဉ်ရဲ့ သက်မချသံ
တစ်ခန်းလုံး ညံနေတယ်။

ငပလီပင်လယ်ပြာ
သဲက္ဓဗ္ဗလာဖြူတစ်လျှောက်
တိမ်တောက်ချိန် ညနေခင်း
မြင်ကွင်းအလှ
တစ်မိနစ်က တစ်မိနစ်
အလှသစ်များ တဖျတ်ဖျတ်
ငါ့ရင် ဆတ်ဆတ်ခုန်ခဲ့ပြီ။

စပယ်ဖြူဖြူလေးတွေဟာ
နေ့နေ့ညည
ပွင့်ကြစမြဲ လှစမြဲ
အသဲထဲထိ မွှေးလာတယ်။

၁၉၇၃၊နိုဝင်ဘာလ၊
“နေ့စွဲကျော်ဒိုင်ယာရီစာမျက်နှာများ”မှ

ဆက်လက်ဖော်ပြပါမည်။  :)

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[Myanmar Entrepreneur Group] 1 New Entry: နာကျင်ခံခက်မှု (The Pain)

နာကျင်ခံခက်မှု (The Pain)

အဋ္ဌမမြောက်အလေ့အထ - ၁

(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့)

"ငါတော့ အကျပ်ရိုက်နေပြီကွာ၊ လှုပ်လေမြုပ်လေပဲ"

"ကျွန်တော့်ကို ဘယ်သူကမှ အလေးမထား၊ အရေးတယူ မရှိကြဘူး၊ အလုပ်ရှင်ကလည်း ကျွန်တော့် အစွမ်းအစကို တစ်စက်မှ မသိဘူး..."

"အဆင်မပြေလိုက်တာ၊ စိတ် ဓာတ်ကျနေပြီ..."

"ဘာမှ ထူးထူးခြားခြား၊ လုပ် မပြနိုင်ဘူး ဖြစ်နေတယ်..."

"ခံစားချက်မဲ့နေတယ်... ဘ၀က အဓိပ္ပာယ်မရှိဘူး... ပျောက်ဆုံးနေပြီ..."

"အထီးကျန်ဆန်လိုက်တာ..."

"အချုပ်အချယ်တွေများလို့ ... မွန်းကျပ်နေတာပဲ..."

"အိမ်က မိန်းမကလည်း နားလည်မှုမပေး... ကလေးတွေကလည်း ကိုယ့်စကားနားမထောင်... အိမ်မှာနေ ရတာထက်... အလုပ်မှာ နေရတာက စိတ်ချမ်းသာသေးတယ်..."

စသည်တို့မှာ အလုပ်တွင်၊ အိမ်တွင်၊ ကိုယ့်ပတ်ဝန်းကျင်တွင် ကြားရတတ်သောအသံများ ဖြစ်သည်။ နာကျင်ခံခက်မှုသည် ကိုယ့် ဘာသာ တစ်ကိုယ်ရေ (Personal) ခံစားနေရသော ကိစ္စဖြစ်တတ်ပြီး ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေတတ်သည်။ ­ထိုကဲ့သို့ အကြိမ်များစွာ ဖြစ်ဖူးကြပေမည်။ လူဖြစ်ရခြင်း (On Becoming a Person) အမည်ရှိ စာအုပ်တွင် ကားလ်ရော်ဂျာစ် ရေးခဲ့သလိုပင် ကိုယ်ရေးကိုယ်တာ ခံစားချက်အများစု သည် သူသူငါငါ ခံစားနေကြရသည့် အတိုင်းပင် ဖြစ်သည် ဟု ဆိုရပေမည်။

အချို့က ကိုယ့်အလုပ်တွင် အာရုံစူးစိုက်ထားမှု၊ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု၊ အင်တိုက်အားတိုက် လုပ်မှုရှိကြသည်။ သို့သော် အနည်းစုသာ ဖြစ်သည်။ စတီဗင်ကိုဗေးက ဟောရင်းပြောရင်း ပရိသတ်များကို လက်ရှိ လုပ်ကိုင်နေမှု သို့မဟုတ် လုပ်ခွင့်ပြုထားသည့် အတိုင်းအတာထက် အရည်အသွေး၊ အသိပညာ၊ အစွမ်း အစ၊ ဖန်တီးနိုင်မှုပိုရှိသော ၀န်ထမ်း အင်အားစုများ ၄င်းတို့ အဖွဲ့အစည်း လုပ်ငန်းအတွင်း များစွာရှိနေသည်ကို သဘောတူ၊ မတူ မေးမြန်းသဘော ထားတောင်းခံကြည့်ရာ အများစုကြီးက သဘောတူကြောင်း လက်ထောင် ကြသည်။ ကမ္ဘာတစ်လွှားနည်း နှင်နှင်ပင် ဖြစ်သည်။ ရာခိုင်နှုန်းလောက်ပင် အရေအတွက်ရှိသော လူ များကလည်း အတိုင်းအတာတစ်ခု အထိသာလုပ်ရန် ကြီးမားစွာ ဖိအား ပေးခံရသည်ဟု ဆိုသည်။ အများစုမှာ သူတို့၏ ပင်ကိုအရည်အသွေးဖြစ်သော ပါရမီ၊ ထက်မြက်ပါးနပ်မှုတို့ကို အသုံးချခွင့်မရမှုနှင့် ကြုံတွေ့နေကြရ သည်။

ဘဏ်လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ စစ်တပ်၊ နည်းပညာဝန်ဆောင်မှု စသော အဓိက လုပ်ငန်းစုများ (Key Industries) နှင့် စာရင်းစစ်၊ အတွင်းရေးမှူး၊ ကြော်ငြာ လုပ်ငန်း၊ ကွန်ပျူတာကျွမ်းကျင်သူ၊ ပညာရေးစီမံခန့်ခွဲသူ၊ အရောင်းကိုယ် စားလှယ် စသော အဓိကအသုံးချဧရိ ယာများ (Key Functional Area) တွင် အလုပ်လုပ်နေကြသော အမေရိကန် ပြည်ထောင်စုရှိ အလုပ်သမား ၂၃၀၀၀ ကို မကြာသေးမီက တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူခဲ့သော စွမ်းဆောင် နိုင်မှုအရည်အချင်းပြညွှန်းကိန်း xQ (Execution Quotient) မေးခွန်းလွှာ ရလဒ်ကို ကောက်နုတ်လေ့လာနိုင် သည်။

အလုပ်သမားဝန်ထမ်းများတွင် …..

- ၃၇ ရာခိုင်နှုန်းကသာ သူတို့လုပ်ကိုင်နေသော အဖွဲ့အစည်းလုပ်ငန်း၏ ကြိုးပမ်းနေသော အောင်မြင်မှု ဘာဖြစ်သနည်းဆိုသည်နှင့် ဘာကြောင့် ထိုသို့ ကြိုးပမ်းသည်ဆိုသည်တို့ကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်သည်ဟု ဆိုသည်။

- ငါးဦးတွင် တစ်ဦးကသာ အဖွဲ့အစည်း၊ လုပ်ငန်း၏ ပန်းတိုင်နှင့် လုပ်ဖော်ကိုင်ဖက် အသင်းအပင်းအပေါ် စိတ်ဝင်စားမှုရှိသည်။

- ငါးဦးတွင် တစ်ဦးက (၁) သူတို့၏ တာဝန်နှင့် (၂) လုပ်ဖော်ကိုင်ဖက် အသင်းအပင်းအဖွဲ့နှင့် အဖွဲ့အစည်း လုပ်ငန်း၏ ရည်မှန်းချက်ပန်းတိုင်နှစ်ရပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်သည်ဟု ဆိုသည်။

- အလုပ်သမားဦးရေထက်ဝက်ခန့်ကသာ သီတင်းပတ်အကုန်တွင် ပြီးမြောက်အောင် လုပ်လိုက်သော သူတို့ အလုပ်အပေါ် ကျေနပ်မှု ရှိသည်။

- ၁၅ ရာခိုင်နှုန်းကသာ ရည်မှန်းချက် ပန်းတိုင်ကို ဖော်ဆောင်ရေးအတွက် သူတို့၏ အဖွဲ့အစည်း၊ လုပ်ငန်းက အပြည့်အ၀ အထောက်အပံ့ပေးနိုင်သည်ဟု ခံစားမိသည်။

- ၁၅ ရာခိုင်နှုန်းကသာ သူတို့သည် လုံးဝယုံကြည်စိတ်ချရသော ၀န်းကျင် အသိုင်းအ၀ိုင်းတွင် အလုပ်လုပ်နေရ သည်ဟု ခံစားမိသည်။

- သစ်လွင်ကောင်းမွန်သော အိုင်ဒီယာများနှင့် ကွဲပြားသော်လည်း အလေးထားလောက်ဖွယ် အမြင်များ အပေါ် လွတ်လပ်စွာ ရှင်သန်ခွင့်ကို သူတို့၏ အဖွဲ့အစည်း၊ လုပ်ငန်းက အားပေးအားမြှောက် ရှိသည်ဟု ၁၅ ရာခိုင်နှုန်းကသာ ခံစားမိသည်။

- အကောင်းအဆိုး၊ အကျိုးရလဒ် အပေါ် အဖွဲ့အစည်းလုပ်ငန်းက တာဝန်ခံပေးသည်ဟု ၁၀ ရာခိုင်နှုန်း ကသာ ခံစားမိသည်။

- ၂၀ ရာခိုင်နှုန်းကသာ သူတို့အလုပ် လုပ်နေသည့် အဖွဲ့အစည်း၊ လုပ်ငန်းအပေါ် အပြည့်အ၀ယုံကြည်မှု ရှိသည်။

- ၁၃ ရာခိုင်နှုန်းကသာ အခြားသော အဖွဲ့အစည်းအုပ်စုများ သို့မဟုတ် ဌာနများနှင့် ဆက်ဆံလုပ်ဆောင်ရာ တွင် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု၊ လုံးဝယုံကြည်မှု ရှိသည်။

အထက်ပါရလဒ်များကို ဘောလုံးစကားနှင့် ပြောရလျှင် ကစား ကွင်းထဲ ဘောလုံးသမား ၁၁ ဦး အနက် လေးဦးကသာ အသင်း၏ ရည်ရွယ်ချက်ကို သိသလို ဖြစ်နေမည်။ ၁၁ ဦးအနက် နှစ်ဦးကသာ ဂရုတစိုက် ရှိမည်။ ၁၁ ဦးအနက် နှစ်ဦးကသာ သူတို့ကစားနေသည့် အနေအထားနှင့် သူတို့ ဘာလုပ်ရမည်ကို ရေရေရာရာ သိမည်။ အနှီ ကစားသမား နှစ်ဦးမှအပ ကျန်ကစားဖော်များသည် ပြိုင်ဘက်အသင်းကို ယှဉ်ပြိုင်ရမည့် အစား ကိုယ့်အသင်းသား အချင်းချင်း ပြန်ပြိုင်ဆိုင်သလို ဖြစ်နေပေလိမ့်မည်။

အချက်အလက်များသည် အလေးအနက်ဆင်ခြင်ရမည့်ကိစဖြစ်သည်။အချက်အလက်များသည် ကမ္ဘာတစ်ဝန်း အမျိုးမျိုးသော အဖွဲ့အစည်းများရှိ လူများနှင့် ပတ်သက်ကိုယ်တိုင်တွေ့ရသည့်အတွေ့အကြုံများ နှင့် စပ်ဟပ်မိသည်ဟု စတီဖင်ကိုဗေးက ဆိုသည်။ နည်းပညာများ၊ ဆန်းသစ်ပြောင်းလဲနေသော ထုတ်ကုန်များ၊ ကမ္ဘာနှင့်ချီသော ဈေးကွက်များ ကျွန်ုပ်တို့ ရရှိနေသည့်တိုင် အများစုသော လူများသည် သူတို့အလုပ်လုပ်ကိုင်ရာ အဖွဲ့အစည်းလုပ်ငန်းများအတွင်း၌ ပျော်ဝင်ရှင်သန်ခြင်း (Thriving) မရှိ ကြပေ။ ကျေနပ်စိတ်ချမ်းသာမှု၊ တက်ကွမှုမရှိပေ။ မချင့်မရဲ ရှိကြသည်။ သူတို့သည် ကိုယ့်အဖွဲ့အစည်း၏ ဦးတည်ရာကိုလည်းကောင်း၊ ကိုယ့် အသိုင်းအ၀ိုင်း၏ အမြင့်ဆုံး သာလွန် ကောင်းမွန်ချက်ကိုလည်းကောင်း ဂဃ နဏ မသိကြ။ ရှေ့မတိုးနိုင်ဖြစ်ကာ အာရုံထွေပြားလျက် ရှိသည်။ အားလုံး ထဲတွင် အများစုမှာ သူတို့အဖို့ အပြောင်းအလဲဖြစ်အောင် မလုပ်နိုင်ဟု ခံစားနေရသည်။ ၀န်ထမ်းအင်အားစု စိတ်ထက်သန်မှု၊ ပါရမီအရည် အသွေး၊ အသိညဏ်ပညာတို့ကို အပြည့်အ၀အသုံးချရန် အခွင့်မသာမှုကြောင့် တစ်ဦးချင်းအရဖြစ်စေ၊ အဖွဲ့ အစည်းလိုက်ဖြစ်စေ ဆုံှးုံးနစ်နာရမှုကို ခန့်မှန်းကြည့်နိုင်ပါပြီလား။ အခွန်ပေး ဆောင်ရခြင်း၊ အတိုးငွေပေးရခြင်း၊ လုပ်ခပေးရခြင်း အားလုံးပေါင်းတို့ ထက် အဆများစွာ ပို နစ်နာပါ သည်။

(စီမံခန့်ခွဲမှုနဲ့ ဆိုင်တဲ့ ဒီဆောင်းပါး တွေက အားလုံး ၆၀ ကျော်ရှိပါတယ်။ ခောတ်မြန်မာ ဂျာနယ်(အခုတော့ ရပ်လိုက်ပြီ)မှာ ကောင်းမြတ်ကျော်စွာဆိုတဲ့ ကလောင်အမည်နဲ့ အပတ်စဉ် ဖော်ပြဖူးပါတယ်။ တစ်စုတစည်းတည်း ဖတ်ချင်သူ၊ မဖတ်ရသေးသူတွေအတွက် တင်ပေးလိုက်ပါတယ်။)

သင်ကာ

မူရင်း - The 8th Habit by Stephen Covey

You received this email because you are subscribed to the real_time feed for http://mmentrepreneur.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Smoke & Spice] 1 New Entry: ကြက်သား နှင် ပဲ (အချိုချက်)

ကြက်သား နှင် ပဲ (အချိုချက်)

ပါဝင်သောအရာများ

ကုလားပဲ
ကြက်သွန်ဖြူ၊ ကြက်သွန်နီ
ဆီ
ဆား
နနွင်း
ပဲငံပြာရည် (အကြည်၊ အနောက်)

ကုလားပဲ ကို မချက်ခင် ၁နာရီလောက်ကြိုပြီး ဆားအနည်းငယ်ထည့်ပြီး စိမ်ထားလျှင်
ပြုတ်တဲ့အခါ အချိန်ခဏလေးနဲ့ ကျက်သွားပါတယ်။

အရင်ဆုံးကြက်သားကို  ပဲငံပြာရည် (အကြည်၊ အနောက်) ၂မျိုး၊ ဆားနဲ့ တကွ နယ်ထား
ထားရပါမယ်။ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ ကို မထူမပါးလေးတွေလှီးပြီး နနွင်းထည့်
ဆီသပ်ရပါမယ်။ ကြက်သွန်ဖြူ ၊ နီ တွေ အနံ့မွှေးလာရင်တော့ နယ်ထားတဲ့ ကြက်သားကို
ထည့်ရပါတယ်။ အသားနူးလာရင်တော့ ကုလားပဲပြုတ်ကိုရောထည့်လိုက်ပါတယ်။ ရေ
အနေတော်ထည့်ပြီး မီးခပ်အေးအေးလေးနဲ့ ကြာကြာနှပ်ချက်လိုက်ပါတယ်။  ဆားအပေါ့
အငံမြည်းပြီး ရေနည်းနည်းစီထည့်ရင်း အသားနူးအိသွားတဲ့ အထိချက်ပေးရပါမယ်။



အထက်ကနည်းအတိုင်း ၀က်နရိုး နဲ့ ပဲဟင်းကိုလဲ ချက်ပြုတ်နိုင်ပါတယ်။

ကုလားပဲအမြန်ပြုတ်နည်းဝေမျှပေးတဲ့ နေးတစ်မြန်မာမှ အနီရောင်ကိုကျေးဇူးတင်ပါတယ်။
ဝိုင်အေအမ်စီဖိုရမ်မှ krystle ရဲ့  ၀က်နံရိုးနဲ့ပဲဟင်း ပို့စ်ကိုမှီငြမ်းချက်ပြုတ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://smokenspice.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ခရီးသည်၏ လွင့်မျောခြင်း] 1 New Entry: လောကငရဲမှ ခဏ လွတ်ကင်းခြင်း

လောကငရဲမှ ခဏ လွတ်ကင်းခြင်း



တလောတုန်းက အမေရိကန် ဘဏ် အရှုပ်တော် ဖြစ်ပွားခဲ့သည့် အချိန်ထက် ( ၂ ) ပတ်လောက် စောပြီး ကျွန်ုပ် လူလ လောကငရဲမှ ခတ္တ လွတ်မြောက် လာခဲ့ပါသည်။
လွန်ခဲ့သောလ ( ၃ ) လ ကျော်ကျော်က ကျွန်နော်တို့ အလုပ်ရုံ၌ ကုန်စည်များ ပြတ်လပ်မည်၊ မကြာခင် ကျွန်နော်တို့ အလုပ်ဖြစ်သော ညနေပိုင်း အလုပ်အား ခတ္တ ဖြုတ်နိုင်သည် ဟု ကြားနေရပါသည်။

ကျွန်နော်တို့ အလုပ်ရုံက တခါတလေ ညနေပိုင်း အလုပ်ကို ဖြုတ်လေ့ ဖြုတ်ထ ရှိသည်။ ကျွန်နော် အရင်တုန်းက နေ့အချိန် အလုပ်တွင် လုပ်နေခြင်း ဖြစ်သည်။ ထို အလုပ်အချိန်ကို မကြိုက်သဖြင့် ညနေအလုပ် အချိန်အား ဒီနှစ်မှ ပြောင်းလုပ်တာ ဖြစ်သည်။ ပြောင်းလိုက်တော့ အခုလို အလုပ်မှ ခတ္တနားခြင်း ခံရသည်။ နောက်ပြီး ကျွန်နော်က လူကြီးကို နေ့အချိန် အလုပ်ဆို မလုပ်ပါရစေနှင့် ဟု ပြောထားသောကြောင့် နားရတာ ဖြစ်သည်။ ( ၆ ) ( ၇ ) ပတ်လောက် နားမည် ဟု သိရပါသည်။
နားပြီဆိုတော့ ကျွန်နော်တွင် ၀မ်းနည်းခြင်း ၀မ်းသာခြင်း တစိုးတစိတ်မှ မခံစားမိပါ။ ပျော်သလိုလို ဖြစ်နေ၏။

အဘယ်ကြောင့်ဆိုသော် ကျွန်နော်တို့ နေတဲ့ နေရာမှာ အလုပ်သမားအဖွဲ့အစည်းတွေ ရှိသည်။
တစ်လကို ယူရို ( ၅၀ )၊ ယူရို ( ၁၀၀ )၊ ယူရို ( ၁၂၀ ) ၀င်ကြေးဆောင်ပြီး နှက်သက်ရာကို ရွေးချယ် အဖွဲ့ဝင် လုပ်ကြရသည်။ ဆန္ဒပေါ့ အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင် မဖြစ်လည်း မြိုနယ်က ထောက်ပံပါသည်။ ဒါဗေမဲ့ ရသည့် ပိုက်ဆံ နည်း၏။ မိမိလစာ၏ သုံချိုး တစ်ချိုးမျှသာ ရ၏။ နောက်ပြီး ၁၀၉၊ ၁၁၀ ခေါ်ခံရမည် ဟဲ ဟဲ .. ရှက်တယ်။ ထို့ကြောင့် မြို့နယ်က ထောက်ပံသည့် အနေအထားကို မနှစ်မြို့သဖြင့် အလုပ်ရပြီးကဒဲက အလုပ်သမားအဖွဲ့အစည်းကို တစ်လ ယူရို ( ၁၀၀ ) ပေးရသည့် အမျိုးအစားကို ရွေးချယ်ပြီး အဖွဲ့ဝင် လျှောက်ထားပါသည်။ သို့ဗေမဲ့ အလုပ်အချိန် ( ၂၀၀၀) နာရီ မပြည့်သည့်အချိန်တွင် အလုပ် ရပ်နားခြင်းဖြစ်ပါက သူတို့ ပြန်လှည် ထောက်ပံမည် မဟုတ်ပေ။ နာရီ နှစ်ထောင်ပြည့်မှ အဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်း ခံရသည်။


အလုပ်နားပြီ…၊
အလုပ်ရှင်၏ အလုပ်နားလက်မှတ်ကို ကိုင်ပြီး မိမိ အဖွဲ့ဝင်ထားသော ရုံးဋ္ဌာနရှိသည့် နေရာကို ချီတက်ရပါသည်။ အလုပ် လုပ်လာသည်မှာ ခြောက်နှစ်ကျော်ဖြစ်၍၊ တခါမှမကြုံဖူးသောကြောင့် အတွေ့အကြုံမရှိပါ။ အလုပ်သမားအဖွဲ့အစည်းရုံးကို စမ်းတ၀ါးဝါး သွားရောက်ခြင်း ဖြစ်သည်။ ရုံးစာရေးမကြီးက " နင့်ရဲ့ အလုပ်ပြုတ်စာသည့် စာရွက်က layout ဖြစ်တယ်။ အလုပ်ဖြုတ် ပစ်လိုက်ခြင်း မဟုတ်ပါ။ ဒါကြောင့် dagpenge ဆိုသော အလုပ်ပြုတ်သည့် ရက်ကစပြီး ပုံမှန် လခကို ရရှိမည်။ ထို့အဖွဲ့အစည်းမှာ ပြန်လှည် ထောက်ပံသော ပမာနသည် မိမိ အလုပ်လုပ်သည့်အချိန်က ရသော လစာ၏ ( ၉၀ ) ရာခိုင်နှုန်း ခံစားရသည်။ ပုံမှန်လစာ ယူရို ၂၀၀၀ ရမည်ဆိုပါက ယူရို ၁၈၀၀ လောက် ရရှိနိုင်မည်
အလုပ်ဖြုတ်ခြင်း ခံရသည့် သူသည် အထက်ပါ အနေထားမျိုး ရမည်မဟုတ်ပါ။." ဟု ရှင်းပြသည်။ သူရှင်းပြသည်ကို ကြိုတင် သိရှိနေသောကြောင့် မသိသလိုဖြင့် သူ၏ ရှင်းပြခြင်းကို နာခံလိုက်ပါသည်။ ယခု ကျွန်နော် ရနေသည့် အနေအထားက "နေ့အချိန် ရသည့် လစာနှင့် ညနေ ရသည့် လစာမတူ၊ ညနေ လစာက နည်းနည်း ပိုများသည်။ ထို့ကြောင့် ကျွန်နော်က နေ့အချိန် လစာ ပမဏာဖြင့် ညီမျှသော လစာကို ရရှိမည် ဖြစ်သည်"။ ဒါဗေမဲ့ အလုပ်ဖြုတ်ခြင်း ခံရသည်ဖြစ်ဖြစ်၊ မိမိ အလိုအလျှောက် အလုပ်မှ ထွက်ခွာလာလျှင် ထို့ကဲသို့သော အခွင့်အရေးကို မြန်မြန်ဆန်ဆန် ရနိုင်မည် မဟုတ်ပေ။
ပြီးနောက် ဖောင်ဖြည့်ရန်အတွက် စာရွက် စာတမ်းမှာ ဖြည့်စရာဖြည့် လက်မှတ်ထိုး ရသည်။ လက်မှတ်ထိုးပြီးမှ ထိုထောက်ပံငွေကို ရသည်။ ရက်နောက်ကျပြီး လာရောက်လျှင် နောက်ကျသည့်ရက်များကို လက်ခံ စဉ်းစားမည် မဟုတ်ပါ။

အလုပ်မရှိသည့် ကာလအတွင်း သူတို့ ထောက်ပံသည့် အချိန်က အပတ် ( ၃၀၁ ) ဖြစ်သည်။ ခြောက်နှစ် ကာလကို ခံစားခွင့် ရှိသည်ဟု ဆိုရမည်။ ထိုကာလများ လွန်မြောက်သွားလျှင် သူတို့ အဖွဲ့ဝင်အဖြစ်မှ နှုတ်ပယ် လိုက်သည်။ ဆိုလိုသည်မှာ လူတယောက်သည် အလုပ်လည်းမလုပ်၊ ကိုယ်ဘ၀ တိုးတက်ရေးအတွက် ကျောင်းလည်း ဆက်မတက်၊ ယောင်ခြောက်ဆယ် လုပ်နေလျှင် ထုတ်ပယ်ခြင်း ခံရသည်။ ဤသို့ ထောက်ပံထားသည့် ကာလ သုံးလမြောက်သို့ ရောက်လျှင် လူတွေ့ ခေါ်ယူပြီး ရှေ့ဆက် ဘာလုပ်ချင်သနည်း စသော အချက်များကို ဆွေးနွေးရမည်။ ဥပမာ ။ ။ အလုပ် ဆက်လုပ်မလား ဒါမဟုတ် ကျောင်းတက်မည်လား။ ကျောင်းတက်မည်ဆိုလျှင် ကျောင်းတက်စရိတ်ကို သူတို့ ပေးဆောင်ရသည်။ အလုပ် ဆက်လုပ်လျှင်လည်း သူတို့ပဲ ရှာဖွေပေးပါသည်။
ထိုသည်ကား ကျွန်နော် ရွေးချယ် အဖွဲ့ဝင်လုပ်ထားသည့် အလုပ်သမားအဖွဲ့အစည်း၏ အမျိုးအစား ဖြစ်သည်။

အလုပ်ရှင်က ခြောက်ပတ်၊ ခုနှစ်ပတ် စောင့်ရမည်ဆိုတော့ လောလောဆယ် ဘာမှ အစီအစဉ် မရှိသေးပါ။ စာဖတ် စာရေး စား အိပ်ဖြင့် နေနှင့်ည မှားယွင်းနေသည်။ " ယူ " နေသည်ဟု မှတ်ပါ။ ခရီးထွက်ခြင်သော်လည်း ကိုယ့်သဘောဖြင့် ထွက်လို့မရ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် အလုပ်တိုင်းတွင် နွေရာသီ အားလပ်ရက် တနှစ်လျှင် ငါးပတ် ရရှိသည်။ အကယ်လို့ မိမိတွင် ထိုအားလပ်ရက် ရှိပါက အလုပ်မရှိသည့်အတော့အတွင်း ခရီးထွက်နိုင်သည် အလုပ်သမားအဖွဲ့အစည်းက ပိုက်ဆံ ထောက်ပံမည် မဟုတ်။ ကျွန်နော်မှာတော့ အားလပ်ရက် သုံးပတ် ကျန်သေးသည်။ နောက်နှစ် သင်္ကြန်တွင် ခရီးထွက်မည့် အစီအစဉ်ရှိသဖြင့် အသုံးမပြုခြင်း ဖြစ်သည်။ ခရီး ခိုးထွက်သည့် အမှုလည်း ပြုလုပ်မရပါ။ ထို့နောက် သူတို့ အဖွဲ့အစည်းက အထောက်ပံဖြစ်သွားလျှင် သူတို့ ကိုယ်ပိုင် ၀စ်ဆိုက် တစ်ခု ပေးလိုက်သည်။ ထိုဝစ်ဆိုက်ထဲသို့ တပတ်လျှင် နှစ်ကြိမ် သုံးကြိမ် ၀င်ရောက် ရမည်။ တကယ်လို့များ သူတို့ ၀င်ရောက် စစ်ဆေးသည့်အချိန်တွင် မိမိ ၀င်ရောက်ထားခြင်း မရှိပါက သူတို့ စာဖြင့် ခေါ်လွတ်သည်။ ဆိုလိုသည်က ခရီး ခိုးထွက် မရနိုင်အောင် ပြုလုပ်ထားဟန် ရှိသည်။

ဆိုတော့လည်း ကျွန်ုပ် လူလသည် ပျင်းရိလေးတွဲစွာဖြင့် လောက ငရဲမှ ခဏ လွတ်မြောက်နေခြင်း ဖြစ်သည်။



လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…


မှတ်ချက်။ ။ အသုံးပြုထားသော ဓါတ်ပုံက Yahoo Images in search မှ eat and sleep ကို ရိုက်ထည့်ပြီး ရှာထားသည်။

dagpenge = (~arbejdsløshedsunderstøttelse) unemployment benefit - He recieved unemployment benefits for a time
jobseekers allowance - He applied for jobseekers allowance
income maintenance - The couple have been granted income maintenance

You received this email because you are subscribed to the real_time feed for http://phonyaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါက်တာလွဏ်းဆွေ] 2 New Entries: မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၁၀-၀၈)

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၁၀-၀၈)

- ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံခြင်းမဟုတ်ဟု မစ္စတာဂမ်ဘာရီ ငြင်းဆို click
- လှိုင်သာယာမြို့နယ်မှာ သုံးရေ အရည်အသွေး စစ်ဆေးရန် လိုအပ် click
- ၀ာာဝန်ပျက်ကွက်မှုဖြင့် ပါရဂူဘွဲ့ရဆရာ (၂၃) ဦး အလုပ်မှ အထုတ်ခံရ click
- သီတင်းကျွတ်လပြည့် ရွှေတိဂုံမှာ ဘုရားဖူး (၂) သိန်းကျော်၊ သံဃာတွေကို ရန်ကုန်ရဲက မျက်ခြေမပြတ် စောင့်ကြည့် click
- မုန်တိုင်းလွန်ကာလ မသန်မစွမ်းသူများ အကူအညီလိုနေဆဲ click
- ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများဘ၀ တိုးတက်ရေး အိုင်အယ်အို အကြံပေး click
- ရခိုင်ပြည်နယ် မြို့တော်မှာ လုံခြုံရေး ထူထပ် click
- စစ်တွေဆွမ်းတော်ကြီးလောင်းပွဲ ရဟန်းအရေအတွက် နည်းပါး၍ စည်ကားမှုမရှိ click
- လယ်မြေသိမ်းပိုက်ခံရသော လယ်သမား ၁၀ ဦး လျော်ကြေးမရ၍ အခက်ကြုံ click

သီတင်းကျွတ်လပြည့်နေ့ညက မဲဆောက်မြို့ မယ်တော်ဘုန်းကြီးကျောင်းမှာ
မြန်မာမိသားစုတွေကို ဖျော်ဖြေနေတဲ့ သီးလေးသီးအငြိမ့်

ဓာတ်ပုံ - လမင်းခင်ဘလော့
၈၈မျိုးဆက်ကျောင်းသား မိသားစုဝင်များ၏
တရားခွင် ၀င်ရောက်ကြားနာကြည့်ရှုခွင့် လျှောက်ထားစာ

နာဂစ် … လပြည့်ည (ကဗျာ)

နာဂစ် … လပြည့်ည
ကမာပုလဲ

လရောင်ရဲ့ အထိအပွေ့မှာ
ဘ၀ဟာ လမင်းနဲ့ ဝေးနေခဲ့ …။

ဘယ်လိုကြမ္မာမျိုးလဲ
မြစ်တွေတောင် ငိုချင်းရှည်ဖွဲ့လို့
ဟောဒီ …
ရေပြင်ကန္တာရကြီးမှာ …။

ဒို့တတွေအတွက်
ကမ္ဘာကြီးဟာ
ကိုယ်ချင်းစာ ငိုကြွေးခဲ့လေသတဲ့
အဲဒီနေ့တွေတုန်းကတဲ့ …
ခုတော့လည်း …။

တမိုးတွင်းလုံး
မိုးစက်မြားတံတွေက
အကာအကွယ်မဲ့ခဲ့ရတဲ့
ဒို့ရဲ့ အသားအရေတွေကို ဖောက်ထွင်း
ဒို့ရဲ့ အညတရဘ၀တွေကို ပစ်ခွင်း
အောင်သေအောင်သား စားနေကြသလို
လရောင်ရဲ့ ပွတ်သပ်ယစ်မူးနေမှုအောက်မှာ …။

ခုတော့
ကြွေစရာ တောလည်းမရှိ
ဝေစရာ မျက်ရည်တွေလည်း ခမ်းခြောက်ခဲ့ …
သီတင်းကျွတ် လပြည့်ညတဲ့
သိခဲ့သားပဲ …
ဒီည …
လမင်း ဘယ်လိုသာမယ်ဆိုတာ ။ ။

ကမာပုလဲ

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ALL FRIEND's WELCOME To My Blog] 1 New Entry: JOKES

JOKES

Two priests decided to go to Hawaii on vacation
They were determined to make this a real vacation
by not wearing anything that would identify them as clergy.
As soon as the plane landed they headed for a store
and bought some really outrageous shorts, shirts, sandals, sunglasses, etc.
The next morning they went to the beach
dressed in their 'tourist' garb.
They were sitting on beach chairs,

 
enjoying a drink, the sunshine and the scenery when a
'drop dead gorgeous' blonde in a bikini
came walking straight towards them.
They couldn't help but stare.

 
As the blonde passed them she smiled and said
'Good Morning, Father ~ Good Morning, Father,'
nodding and addressing each of them individually,
then she passed on by.
They were both stunned.
How in the world did she know they were priests?
So the next day, they went back to the store
and bought even more outrageous outfits.

 
These were so loud you could hear them before you even saw them!
Once again, in their new attire, they settled down in their chairs to enjoy the sunshine.
After a little while, the same gorgeous blonde,
wearing a different colored bikini, taking her sweet time,
came walking toward them.
Again she nodded at each of them, said


'Good morning, Father ~ Good morning, Father,'
and started to walk away.
One of the priests couldn't stand it any longer and said,
'Just a minute, young lady.' 'Yes, Father?'
'We are priests and proud of it, but I have to know,
how in the world do you know we are priests, dressed as we are?'
She replied,


'Father, it's me, Sister Kathleen.'

You received this email because you are subscribed to the real_time feed for http://jokesandpoem.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.