Thursday, November 20, 2008

[MY REMEMBRANCE] 1 New Entry: ပိတ်ဆို့ခံ ဦးနှောက်

ပိတ်ဆို့ခံ ဦးနှောက်


ဒီအကြောင်းတွေ ငါမကြားချင်ဘူး။ စိတ်မကောင်းလွန်းလို့ ၊ ရင်လဲနာတယ်။ ခံစားရတယ်။ တကယ်ပါ။ သူလို တော်တဲ့လူတွေရဲ့ စွမ်းအားတွေ ငါတို့နိုင်ငံမှာ ရှေရှောက် ပျောက်ဆုံးဖို့ပဲ ရှိတော့တယ်။ နောင်ဆို မြန်မာလို့ဆိုရင် "မရှုတ် မလုပ် မပြုတ်"ဆိုတဲ့ လူစားမျိုးပဲ ဖြစ်လာတော့မယ်နဲ့ တူပါတယ်။ အခုလဲ တော်တော်များများ "မရှုတ် မလုပ် မပြုတ်" ဖြစ်နေကြပြီလေ။ ငါအပါ အဝင်ပေါ့။


အညွှန်တလူလူ တက်နေတဲ့ အပင်ကို ခေါင်ညွန်ကနေဖြတ်လိုက် သလိုပဲ။ တချို့ကလည်းပြောမပေါ့။ ခေါင်ညွန့် ကျိုးသွားရင် နောက်ထပ်ဘေးကနေ အညွန်တွေ ထပ်ထွက်လာမှာပေါ့။ ဒါပေမဲ့ အဲဒါက ဘေးကအညွန်တွေလေ။ ခေါင်ညွန်မှ မဟုတ်တာ။ ခေါင်ညွန်နဲ့ ဘေးကထွက်လာတဲ့ အညွန့် တခြားစီပါ။


နည်းနည်းတော့ကြာပြီ။ the voice weekly editorial ထဲမှာလား။ ဆရာမဂျူး ပြောတာလား မမှတ်မိတော့ဘူး။ အခုခေတ်မှာ လူတော်ခေါင်းဆောင်တွေ ရှားသွားပြီတဲ့။ ဟိုခေတ်က ဒေါက်တာဘမော်လို့။ ကိုအောင်ကျော်လို ရဲရဲတောက် ခေါင်းဆောင် ကောင်းတွေ ပေါ်ခဲ့ကြတယ်။ အခုတော့ မရှိသလောက်ပဲ။ နည်းနည်း ရှိလာမယ်ဆိုရင်လဲ အမြစ်ကပါတူးထုပ် လိုက်တော့ မရှိတာလဲ မဆန်းပါဘူး။


နိုင်ငံတော်တော်များများက brain drain ကိုပြသာနာ တစ်ရပ်လို စိုးရိမ်ကြတယ်။ ကျတော့ကတော့ brain drain ထက် brain block ကိုပိုစိုးရိမ်မိတယ်။ ကျတော်မသေသေးရင် နောင် အနှစ် ၂၀၊ ၃၀ လောက်မှာ ကျတော်တို့ brain block တွေ ခရီးဆက်ကြတာပေါ့။

..........................................................................................................................................................................

ကျတော်သုံးထားတဲ့ brain block ဆိုတဲ့ အသုံးအနှုန်း မှန်ချင်မှ မှန်ပါလိမ့်မယ်။ မှားနေရင် ပြင်ပါမယ်။

the above photo is taken from http://theguiridispatches.wordpress.com

You received this email because you are subscribed to the real_time feed for http://kookgyi.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညီနေမင်း] 1 New Entry: download AVG anti virus 8.0

download AVG anti virus 8.0

AVG ကိုတော့ တော်တော်လေးသဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကကတော့ free ရတာလဲ ပါတာပေါ့ .....ပြီးတော့ သုံးရတာလဲ လွယ်ကူတဲ့အပြင်။ ဖိုင်ဆိုက်ကလဲ သိပ်ပြီးနေရာမယူပါဘူး .. တစ်ခြား anti virus software တော်တော်များများကတော့ နေရာအရမ်းယူပါတယ် ... သူ့ဟာနဲ့သူတော့ အားနည်းချက်၊ အားသာချက်ရှိကြတာပါပဲဒီ AVG လေးရဲ့ အားနည်းချက်ကတော့ဗျာ .. ၂ ရက်ကိုတစ်ခါ၊ ၃ ရက်ကိုတစ်ခါ update လုပ်ပေးရပါလိမ့်မယ် ... ကျွန်တော်ကတော့ ကိုယ်ပိုင်အင်တာနက်လေးရှိနေတော့ အဆင်ပြေပါတယ် ... နောက်တစ်ခုက တစ်ခြား anti virus တွေမသိတဲ့ ဗိုင်းရပ်စ်တွေကို ဒီကောင်လေးက ဖော်ပေးနိုင်တယ်ဆိုရင် ယုံမလားတော့မသိဘူး .... ကဲဘာပဲပြောပြောပေါ့ဗျာ.. ကျွန်တော်တို့တွေအတွက်ကတော့ Free ဆိုတာကိုပဲ စိတ်ဝင်စားကြလိမ့်မယ်လို့ ကျွန်တော်တော့ထင်တယ် ... ၀ယ်ရမယ်ဟေ့ဆိုရင်တော့ လက်တွန့်နေကြတဲ့သူကများပါတယ် .. ကျွန်တော်အပါ အ၀င်ပါပဲ .. ဒေါင်းလော့လုပ်ချင်ရင်တော့ ''ဒီမှာ'' ပါ ..

ကျေ


You received this email because you are subscribed to the real_time feed for http://nyinaymin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Pyu State] 1 New Entry: ခွင့်လွှတ်ပါ ပြင်မယ်ဗျို့

ခွင့်လွှတ်ပါ ပြင်မယ်ဗျို့

မြန်မာပြည် အတွင်းတစ်နေရာက ကျနော့် သင်ဆရာ၊ မြင်ဆရာ
တစ်ဦး အင်တာနက်ပေါ်က ကျနော့် ဘလော့လေးကို မျက်စိလည်
လမ်းမှားပြီး တွေ့သွားပါတယ်။ ပြီးတော် စာ မတို မရှည် တစ်စောင်
ရေးပြီး အမှားတွေ များနေတယ် ပြင်ပါတဲ့။ သတ်ပုံ အမှား၊ ချပြမှု
အမှား၊ အယူအဆ ကောက်ကြောင်းဆွဲပုံ အမှား၊ ဒေါသ သင့် စာပေ
အမျိုးစုံပါပဲ။ အဓိက က ရွေးချယ်ခြင်း နဲ့ ရုန်းကန်ခြင်း ဆောင်းပါးများ
အပါအ၀င် ကဗျာ တစ်ပုဒ်၊ နုတ်ဆက်ခြင်း တစ်ပုဒ်တို့ပါ။

ကျနော့်ဘလော့မှာ အဲဒီ ပို့စ်တွေ စ'တင်တုန်းက စီဘောက်အတွင်း

အားပေးခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ ကော်မန့် ရေးကြတဲ့
အရင်းနှီဆုံး မိတ်ဆွေတွေ အားလုံးကို အထူး တောင်းပန် ပါတယ်။
ခွင့်လွှတ်ပါ … ။

ကဗျာလေး တစ်ပုဒ် လောက် ရေးခြင်း သပါ့။

"လူ့ဂွစာ"
သူ့လွယ်အိတ်ထဲ ပေတံအပြည်နဲ့
လူ့ဂွစာ။ ။

-စစ်ငြိမ်းဒီရေ

You received this email because you are subscribed to the real_time feed for http://pyustate.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DeGoLar] 1 New Entry: ♥ It's my life

♥ It's my life

အဟား၊ ကွန်ပြူတာပျက်ပေမယ့် ကင်မရာက အလုပ်လုပ်နေတယ်၊ အဲဒါကြောင့် ဓာတ်ပုံတွေတော့ ရိုက်ဖြစ်တယ်၊ အင်း၊ စိတ်ကူးပေါက်သလို ချောင်ကြိုချောင်ကြား ဝေးဝေးလံလံ လျှောက်သွားဖို့ ကားမရှိတဲ့ ကျနော့်လိုလူအတွက် ရိုက်စရာတွေ အရမ်းဟမ်းဟမ်းများတဲ့ ချင်ကာပူမှာ ရိုက်ဖြစ်တာတွေ ကလည်း ဒါတွေပါပဲ၊ နေရာတွေထပ်နေပြီ။ သို့သော်လည်း ဖီလင်ချင်းတော့ မတူဘူးပေါ့လေ၊ တခါတုန်းက ဖလစ်ကာထဲမှာ ဖတ်မိသလိုပေါ့၊ အဲဒီလူက သူ့သမီးတွေ ပွစိပွစိလုပ်တဲ့အကြောင်း ရေးထားတာ၊ ဖေဖေကလည်း ဒီနေရာတွေကို ရိုက်ဖူးပြီးသားပဲဥစ္စာ၊ ဘာလို့ တခါရောက်တိုင်း ထပ်တလဲလဲ ပြန်ရိုက်နေရတာလဲ လို့မေးတော့ သူဒီလိုပြန်ပြောတယ်တဲ့၊ အို သမီးရယ်၊ ဟိုး နောက်ခံကောင်းကင် ပေါ်က တိမ်တိုက်တွေက တူမှမတူတာပဲ တဲ့။ ကျနော်လည်း အဲသလို မှတ်ယူပြီး ရိုက်ရတာပဲ၊ လာအုံး၊ ဒူးရင်းသီး၊ လာအုံး၊ ခြင်္သူမ၊ လာအုံး၊ စီဘီဒီ၊ ရိုးကိုမရိုးနိုင်ဘူး။

မနေ့က မြို့ထဲလျှောက်လည်ဖြစ်တယ်၊ ရန်ကုန်က ဆွေမျိုးမိသားစု အလည်လာတာ လိုက်ပို့ရင်းနဲ့ပါ။ တူဝမ်းကွဲတော်တဲ့ မျောက်လောင်းလေး ၂ ကောင်လည်း ပါလာတယ်၊ ဆိုတော့ ကျနော့်အတွက် ရိုက်စရာကောင်းကောင်း ရှိသွားတာပေါ့။ ဒါက အောချတ် Wisma Atria ပေါ်က Food Republic မှာပါ၊ အဲဒီမှာ ဆိုင်တွေ တအားစုံတယ်၊ နေရာထိုင်ခင်းတွေလည်း မဆိုးဘူး၊ ဧည့်သည်တွေလာရင် ကျနော် ခေါ်သွားလေ့ရှိတယ်။


ဒါက Bugis နားက အဆောက်အအုံတစ်ခုရဲ့ မျက်နှာစာပါ၊ ဘယ်တော့မှ နှင်းမကျတဲ့ ချင်ကာပူ၊ ကမ္ဘာ့ အကြီးဆုံး နှင်းအစိုင်အခဲတွေ အတင်းကြီးကျခိုင်းနေတာ၊ အလုပ်သမားတွေ ချွေးတပြိုက်ပြိုက်နဲ့ပေါ့။ ဩော်၊ ဘာလိုလိုနဲ့ ခရစ္စမတ်တောင် ရောက်တော့မှာပါလား၊ တနှစ် တနှစ် ကုန်မြန်လိုက်တဲ့ အချိန်တွေ။


ဓာတ်ပုံရိုက်ဝါသနာပါတဲ့ ဒီကဦးလေးကြီးနဲ့ အရိုက်ခံချင်တဲ့တူတော်မောင်တွေနဲ့ ဟန်ကိုကျလို့...

မင်းတို့လုပ်ချင်တာလုပ်၊ ငါလည်း ရိုက်ချင်တာရိုက်မယ်။ ဒါပဲ။


ဒါနဲ့၊ ဒီရက်ပိုင်း ရုပ်ရှင် ၃ ကားကြည့်ဖြစ်တယ်၊ ပိုက်ဆံမလောက်ဘူး ဆိုတဲ့ စင်္ကာပူကား ၁ နဲ့ ၂ ပါ၊ ဒုတိယကားက ဟာသကား ဆိုတာထက် ဘဝသရုပ်ဖော် ဝမ်းနည်းဖွယ်ဇာတ်ကားလို့ ပြောလို့ရတယ်၊ ပုံမှန်လူတစ်ယောက်ကို ငိုချင်သလိုလို ဖြစ်စေတယ်။ ဇာတ်လမ်းလေးက မဆိုးဘူးဗျ၊ ကိုယ်လည်း တချိန်ချိန်မှာ အဲသလို အခြေအနေမျိုး ကြုံရလိမ့်မယ်လို့ ကြည့်ရင်းနဲ့ တွေးမိတယ်၊ အဖြေမရှိတဲ့ မေးခွန်းတွေလည်း ခေါင်းထဲရောက်လာတယ်။ နောက်တစ်ကားကတော့ သရုပ်ဆောင်တွေသာ ပြောင်းပြောင်းသွားမယ်၊ မင်းသားက ဘယ်တော့မှ မသေတဲ့ ဂျိမ်းစ်ဘွန်းပါပဲ။ ဒီကားက အရင်ကားတွေနဲ့ သိပ်မတူဘူး ထင်မိတယ်၊ စီးတော်ကားကို အမွှန်းတင်ပြီး ရိုက်မပြဘူး၊ နောက်ပြီး မင်းသမီးနဲ့လည်း သိပ်ပြီး ဟိုဒင်းဟိုဟာ မဖြစ်လိုက်ဘူး၊ ဆင်ဆာကြောင့်ပဲလား မပြောတတ်ဘူး၊ နှုတ်ခမ်းချင်း တေ့တာတောင် မတွေ့လိုက်ဘူးလိုပဲ၊ အဲသလို မူရင်းလမ်းကြောင်းက ဖယ်ခွာ ဖယ်ခွာ လုပ်လာတာ သိပ်တော့သဘောမကျဘူး၊ လူကိုများ ဂျိမ်းစ်ဘွန်းကြိုက်လွန်းလို့ သွားကြည့်တယ် ထင်နေသလားပဲ၊ ညှင်းညှင်း။ နောက်ပြီး ဘူဂစ်ဂျန်းရှင်းမှာ အန်တီယုက အတန်းဖော်တွေနဲ့ မိတ်ဆုံစားပွဲလေး သွားနွှဲဖြစ်သေးတယ်၊ နွှဲတယ်သာပြောတာ၊ ဗိုက်ပြည့်နေတော့ ရေခဲမုန့်ပဲ စားလိုက်ပါတယ်။ တစ်ယောက်သော ပြည်ကြီး တရုတ်က ပြည်ကြီးပြန်တော့မှာမို့ ဆုံကြတာပါ၊ နောက်တစ်ယောက်က အရင် ချင်းဂေးတူပျော်ပျော်ပို့စ်မှာ ရေးခဲ့ဖူးတဲ့ တရုတ်ပါ၊ သူတို့တွေနဲ့ မတွေ့တာ အတော်ကြာသွားပြီ၊ ဘယ်လောက်ကြာသလဲ ဆိုတော့ကာ အဲဒီလူတောင် မိန်းမ ယူသွားပြီတဲ့။ ဘာတွေရေးမှန်း မသိတဲ့အထိ ရေးလိုက်ပြီး သကာလ၊ ဆိုလိုရင်းက အင်တာနက်နဲ့ ကွန်ပြူတာ မရှိတဲ့ကာလအတွင်း အရှင်လတ်လတ် လူအစစ်တွေနဲ့ ပိုထိတွေ့မိတယ်၊ ဒါပါပဲ။
--
幾天前電腦掛了,打電話到惠普才知道保修期內會到府收件,不必親自送過去。今天打過去問情況,對方說還在等零件,結果到今天還沒修好。其實我的筆電應該是散熱系統出問題,要換零件也只是風扇之類的吧,不知道為什麼要等那麼久。沒有電腦的日子很無聊,除了工作以外沒有很多事情可以做,想查點什麼還得跑去附近的圖書館用電腦。

這段無聊的日子裡剛好表姐一家人從仰光過來玩,昨天一整天陪他們度過,時間也過的非常快。表姐兩個兒子很頑皮,老大愛玩、愛拍照,小的卻只顧著吃、睡,完全不一樣的個性。他們今天去了馬來西亞,等他們再次回到新加坡再一起去玩吧。沒有電腦的確很無聊,幸好還有相機讓我把玩。

下個月想坐郵輪去檳城跟普吉島,不過這航線很熱門,最便宜的票價含有的沒的費用大概七百多新幣。呼,還是下不了手,怎會那麼貴呢。

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[သက်ဝေ] 1 New Entry: ထိုနောင်တ

ထိုနောင်တ

ဟိုး ငယ်ရွယ်စဉ် သူငယ်ချင်း ဘ၀ ကထဲက ရင်းနှီး ခင်မင်ခဲ့ရသော သူမကို အချိန်တွေ ရှည်ကြာလာသည်နှင့်အမျှ ရင်ထဲက နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး ချစ်ခင် စုံမက်ခဲ့သော်လည်း ရှင်းပြရခက်ခဲလှသော အခြေအနေတစ်ခုကြောင့် ဖွင့်ဟခဲ့ပြီးသော နှလုံးသား တံခါးကိုပိတ်၊ ကြေငြာခဲ့ပြီးသော အချစ်စိတ်တို့ ကို မြိုသိပ်ကာ သူမ အပါအ၀င် သူငယ်ချင်းတစ်စုတို့ နှင့် ဝေးဝေးကို ဖယ်ခွာရှောင်ရှားကာ တစ်ယောက်တည်း အထီးကျန် ဆန်လှသော၊ ပျင်းရိငြီးငွေ့  ဖွယ် ကောင်းလှသော… နေ့ ပေါင်း ရက်ပေါင်း လပေါင်း နှစ်ပေါင်း များစွာကို အလုပ်ထဲတွင် အချိန်ပြည့် ခေါင်းစိုက်ရင်း ဘ၀ကို ဖြတ်သန်းလာခဲ့သည်မှာ… ထိုတစ်နေ့ အထိ…။

ထိုတစ်နေ့ …
သူမနှင့် မတွေ့ ခင် ထိုနေ့ မနက်အထိ သူ၏ ခိုင်မာသော ဆုံးဖြတ်ချက် နှင့် လုပ်ရပ်အပေါ် တွင် စိုးစဉ်းမျှ သံသယမရှိ၊ နောင်တဆို၍ အမှုန်တစ်စမျှပင်မရှိ၊ ကိုယ့်ကိုယ်ကို ကျေကျေနပ်နပ် ရှိနေခဲ့ကြောင်းကို သူ ရဲရဲကြီး သစ္စာဆိုဝံ့ပါသည်။ ထိုတစ်နေ့ အထိပေါ့လေ..

*****

သူမကို ချစ်မြတ်နိုးကြောင်း ဖွင့်ဟပြောဆိုပြီးကာမှ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာသော အခြေအနေတစ်ခုကြောင့် ဖွင့်ဟခဲ့ပြီးသော ထိုအချစ်တို့ ကို ပြန်လည် ရုပ်သိမ်းပါသည်ဟု (ရင်ထဲမှာ မောပန်း ဆို့ နင့် ကြေကွဲနေသော်လည်း) ပေါ့ပေါ့ဆဆ ဟန်ပန် အမူအရာမျိုးဖြင့် သူမကို စိမ်းကားခဲ့ပါသည်။ မယုံကြည်နိုင်သော၊ အံ့သြနေသော သူမ၏ မျက်လုံးဝိုင်းဝိုင်းကလေးများကို ရယ်မောချင်ယောင်ဆောင် ဥပက္ခာပြုရင်း… ထိုနေ့ က ကိုယ့်ဘ၀ကို ကိုယ် နာကျည်း ၀မ်းနည်း ကြေကွဲစိတ်တို့ ဖြင့် ဘယ်သူမှမသိအောင် တစ်ယောက်တည်း ကြေကြေကွဲကွဲ ငိုခဲ့မိပါသည်။ အကြောင်းသိ ရင်းနှီးခင်မင်သော သူငယ်ချင်း တစ်စုတို့ ၏ နားမလည်နိုင်လွန်းသော အကြည့်များ၊ အပြစ်တင်စွပ်စွဲသံများ၊ ကဲ့ရဲ့  ရှုံ့ ချသံများ... အားလုံးကို ဘာမှ ဖြေရှင်းချက် မပေးတော့ဘဲ… အားလုံးကို ကျောခိုင်း… အားလုံးနှင့် ဝေးရာ… အဝေးဆုံးနေရာ တစ်ခုသို့ …။

သူမနှင့်ဝေးရာမှာ နေထိုင်ရင်း သူမကို သတိရ လွမ်းဆွတ်မိသည့် အချိန်တွေတိုင်းမှာ ထို အလွမ်းစိတ်တို့ ကို ဖြေဖျောက်နိုင်ရန် စိတ်၏ တစ်ခုတည်းသော ထွက်ပေါက်အနေဖြင့် အလုပ်များကို လောဘတကြီး ကြိုးစားလုပ်ကိုင်ခဲ့ပါသည်။ ဟိုမှ သည်မှ၊ သူငယ်ချင်း အချို့  ထံမှ တစ်စွန်းတစ်စ ကြားသိရတတ်သော သူမ၏ သတင်းများကို ကြားချင်သော်လည်း မကြားချင်၊ သိချင်သော်လည်း မသိချင်၊ သူမလေးကို မြင်ချင်သော်လည်း မမြင်ရဲ၊ တွေ့ ဖို့  အခွင့်အရေးရှိနေပါသော်လည်း မတွေ့ ရဲဖြင့် အစစ အရာရာကို ထိန်းချုပ်ကာ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် အချိန်များကို ကုန်လွန်စေခဲ့ပါသည်။ သေသေချာချာ ပြန်တွက်ကြည့်ရလျှင် ကုန်လွန်ခဲ့သော အချိန်များမှာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိခဲ့လေပြီ။ သူ့ ကိုယ်သူ ထူးဆန်းစွာ အံ့သြခဲ့သည်မှာ တစ်ယောက်တည်း ဘ၀ကို ဖြတ်သန်းလာရင်း မကြာခဏ တွေ့ မြင် ကြုံဆုံရတတ်သော မိန်းကလေးငယ်များ၊ လွယ်လင့်တကူ ကြည်ဖြူ လိုက်လျောကြမည့် မိန်းကလေးငယ်များ အပေါ်တွင် နည်းနည်းလေးမျှ စိတ်မ၀င်စား စိတ်မကစားမိခြင်းပင်…။

*****

ကိုယ်တိုင်ရွေးချယ်ခဲ့သော လမ်းကို တည့်တည့်မတ်မတ် လျှောက်လှမ်းခဲ့သောကြောင့် ရင်းနှီးပေးဆပ်ခဲ့သော အချိန်ကာလများ၊ ကြိုးစားမှုများ၏ အကျိုးကို ချိုမြိန်စွာ စားသုံးနေရသော အချိန်တွင် အရာရာ အတန်အသင့် ပြည့်စုံသည့် ဘ၀တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီ ဟု ယူဆကာ စိတ်အစဉ်တို့ သည် ဟိုး အဝေး ကာလတစ်ခုဆီက သူမလေးဆီသို့  လွင့်မျော….။ သူ့ ကို နာကျည်းနေမည်ဟု ယူဆရသော သူမကလေး… သူ့ နှလုံးသားကို အချိန်ပြည့် လွှမ်းမိုးနေခဲ့သော.. အချိန်တိုင်း ဘယ်တော့မှ မေ့မရခဲ့သော သူမလေး…။ သူ၏ စိတ်ကူးအိပ်မက်တို့ သည်… အနည်းငယ် အဓိပ္ပါယ်ရှိလာ…။ အို.. ဘာဘဲဖြစ်ဖြစ် အမှားတွေကို ခွင့်လွှတ်ဖို့ ဆိုတာ ကိုယ်က အရင် တောင်းပန်ကြည့်ဖို့ တော့ လိုမှာပေါ့လေ…။

သူမနှင့် သူ၏ ဆက်စပ် ပတ်သက်ခဲ့သော အနေအထားကို ဟိုး ကကြီးမှသည် အ အထိ အစ အဆုံးသိနေခဲ့သော ငယ်သူငယ်ချင်း တစ်ယောက်နှင့်အတူ သူမကို သူ သွားရောက်တွေ့ ဆုံရန် ကြိုးစားခဲ့ပါသည်။ သာယာလှပသော ပြာလွင်သော မိုးကောင်းကင်ကြီး အောက်တွင် ရင်ခုန် လှိုက်မောဖွယ်ကောင်းလှစွာဖြင့် သူမကို သူ တွေ့ ခွင့်ရခဲ့ပါသည်။ ဆယ်နှစ်တာကာလအတွင်း ဘာမှထူးထူးခြားခြား မပြောင်းလဲဘဲ ဟိုးငယ်ငယ်တုန်းကလို နုနယ်ပျိုမြစ်၍ လှပနေသော၊ ချစ်စရာကောင်းသော၊ အေးချမ်းသိမ်မွေ့ ဆဲဖြစ်သော သူမကို သူ အံ့သြတကြီး ငေးကြည့်နေမိပါသည်။ သို့ သော်… သူမ ဘ၀၏ အကြီးမားဆုံး ပြောင်းလဲမှုကို သူမကိုယ်တိုင် ဖွင့်ဟ ပြောဆို လာသောအခါ… ။

ထိုနေ့ က သူမအတွက်.. တိတိကျကျပြောရလျှင် သူ၏ တွေဝေခဲ့မှု နှင့် အစားထိုးမရသော ကုန်လွန်ခဲ့ချိန် များစွာတို့ အတွက် ပထမဦးဆုံးအကြိမ်အဖြစ် နောင်တ အနည်းငယ် ရခဲ့မိပါသည်…။ သို့ သော် ထိုနောင်တတို့ ကို မာနတရားတို့ ဖြင့် ဖုံးလွှမ်းဖို့  ကြိုးစားရင်း သူမရှေ့ တွင် ဘာမှမဖြစ်လေဟန် ကောင်းကောင်း ဟန်ဆောင်နိုင်ခဲ့ပါသည်။ ထိုအချိန်ပိုင်းလေးအတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မဆုံးဖြစ်နေရင်း…။

*****

ထိုတစ်နေ့ …
ထိုတစ်နေ့ …
ထိုနေ့ က သူမနှင့် ဒုတိယအကြိမ်အဖြစ် တွေ့ ဆုံရန် အကြောင်းဖန်လာပါသည်။ ဒုတိယအကြိမ် ဆုံတွေ့ ရချိန်သည် ပထမအကြိမ်နှင့် ဆယ်စုနှစ် တစ်ခုနီးပါး ကွာခြားခဲ့ပြန်ပါသည်။

သူမ…
သက်တူ ရွယ်တူ သူငယ်ချင်းများစွာတို့ ကြားတွင် ဘာမှပြောင်းလဲသွားသည်ဟု မထင်ရသော သူမ…။ သူမကို ချစ်ခင်ကြင်နာသော အိမ်ထောင်ဖက်နှင့်အတူ… ချစ်စဖွယ် စကားတွေ တီတီတာတာ ဆိုတတ်နေသော သားကလေး တစ်ယောက်နှင့်အတူ… သာယာ ချမ်းမြေ့သော မိသားစုဘ၀လေးတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်သော သူမ…။ ဟိုးအရင်တုန်းကလို နုနယ်ပျိုမြစ်ခြင်းများ အပြည့်ဖြင့် လှပနေဆဲ သူမ…။ ဘ၀ကို စိတ်အေး ချမ်းမြေ့စွာ ဖြတ်သန်းခဲ့ရသော သူမ…။

ထိန်းချုပ်လို့ မရ ပြင်းပြင်းထန်ထန်လှုပ်ခတ်နေသော ကိုယ့်ရဲ့ စိတ်အစဉ်တွေသည်…
ရေခဲတမျှ အေးစက်နေသော ကိုယ့်ရဲ့ ခြေဖျား လက်ဖျားတွေသည်…
ခန္ဒာကိုယ် နေရာအနှံ့ မှာ တဒိတ်ဒိတ်ခုန်တိုးနေသော ကိုယ့်ရဲ့  နှလုံးသွေး တွေသည်…
နောက်ဆုံးမှာတော့ မျက်ဝန်းထဲမှ မျက်ရည်ကြည်များအဖြစ်သို့  ကူးပြောင်းခါနီးဆဲဆဲ…

ကြည်ကြည်လင်လင် ရယ်မောနှုတ်ဆက်နေသော သူမကို ပြန်လည်နှုတ်ဆက်ရန် ကြိုးစားပမ်းစား ကိုယ်အားယူနေဆဲမှာေ၀၀ါးသွားသော မြင်ကွင်းကြောင့်... အို.. ကိုယ့်ရဲ့  နောင်တတွေ အတ္တတွေ လွှမ်းမိုးနေတဲ့ မျက်ရည်တွေကို သူမလေး ရိပ်မိသွားမှာ စိုးလှပါသည်…။

အဆုံးမှာတော့…
နှစ်ပေါင်းများစွာ ကြာရှည်အောင် သော့ခတ် သိမ်းဆည်းထားခဲ့သော ကိုယ့်ရဲ့  နှလုံးခုန်သံကို ကိုယ်တိုင် မယုံကြည်နိုင်စွာဖြင့်… အပြင်ပန်းက ကြည့်လျှင် အစစအရာရာ ပြည့်စုံသည်ဟု ဆိုနိုင်သော်ငြားလည်း ရုပ်ဝတ္ထုအားဖြင့်သာ ပြည့်စုံပြီး အဖက်ဖက်က လိုအပ်ချက်ပေါင်း များစွာဖြင့် ကိုယ့်ရဲ့ အေးစက်စက် အထီးကျန် ဘ၀ကို ကိုယ်တိုင်ကြေကွဲစွာ… ။
ခိုင်မာသော ဆုံးဖြတ်ချက်တွေနှင့်အတူ ကိုယ်တိုင် ရွေးချယ်လျှောက်လှမ်း ခဲ့သော ကိုယ့်ဘ၀လမ်းကလေးမှာ သံသယတွေ၊ နောင်တ တရားတွေ ဖြင့် ပြည့်နှက်… ပြန်လည် ပြင်ဆင်ခွင့် မရှိတော့သော ဘ၀များ…။
ဘာနဲ့ မှ လိုက်လို့  မမှီနိုင်အောင် နောက်ကျခဲ့ပြီဖြစ်သော အချိန်ကာလများ… ပြန်လည်ဆုံဆည်းခွင့်ကို ဆု အဖြစ်တောင် တောင်းယူ၍ မရနိုင်တော့သော ကိုယ့်အဖြစ်ကို ကိုယ်တိုင် နာကျင် နာကျည်းစွာဖြင့်…။
သက်ပြင်းတွေကို အခါခါချရင်း တွေ့ ဆုံချိန်တွေကို အတတ်နိုင်ဆုံး ဆွဲဆန့် ထားလိုက် ချင်သော်လည်း လူ့ ဘ၀၏ နိယာမတွေအရ အချိန်တန်ရင် အိမ်ပြန်ရစမြဲမို့ ကိုယ့်ရဲ့  ပြန်ပြင်မရသော မှားယွင်းမှုတွေနဲ့ အတူ နောင်မှရသော နောင်တတရားတွေ၊ ယူကျုံးမရ စိတ်တွေ ရင်ထဲမှာ အပြည့်အနှက်ဖြင့်…။

*****

သူမကို ဘ၀တသက်လုံး ဘယ်တော့မှ မေ့လို့ မရနိုင်သော်လည်း ကိုယ်တိုင် ရွေးချယ်မှုနှင့် ဖြတ်တောက်ခဲ့ပြီးသော ကြိုးတစ်စ… ပြန်လည်၍ ဆက်သွယ် ထုံးနှောင်ရန်လည်း အခွင့်အရေးက မရှိတော့ပြီ… သူ့ အတိုင်းသာ ရှိပါစေတော့.. ။ သူမ ဘ၀ကလေး အစဉ်အမြဲ လှပ ပျော်ရွှင်စေနိုင်ရန် သူမ၏ စိတ်ကလေး အစဉ်သဖြင့် အေးချမ်း ပြည့်စုံစေနိုင်ရန် ဆုတောင်းပေးရုံမှတပါး….။

စာကြွင်း ။ ။ ဒီသီချင်းလေးနဲ့  အတူတူ နားထောင်ရင်း ဖတ်ကြည့်ပါနော်…။
အေးချမ်းမေ - ဇာတ်ဆရာ အလိုကျ


You received this email because you are subscribed to the real_time feed for http://thet-wai-blog.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: တူညီမှု

တူညီမှု

ခေါက်ရိုးကျိုးနေတဲ့
ဝတ်စုံတွေကနေ ရုန်းထွက်ဖို့
မျက်နှာဖုံးအတုတွေ ကွညကျဖို့လိုမယ်။
မီးဖိုချောင်ထဲက ခိုတွေလွတ်ငြိမ်းခွင့်ရဖို့
တရွေ့ရွေ့သွားနေတဲ့ ရထားကြီး
စက်သပ်ဖို့လိုမယ်။
တရိပ်ရိပ်ဆိုတဲ့စကားလုံးကို
ဒီရေနဲ့ပဲ တွဲသုံးသင့်ပေမယ့်
ရပ်တန့်ခြင်းမရှိတဲ့ အဟောင်းအဟာင်းတွေက
အိတ်ဖောင်းပြီး၊ စိတ်မပြောင်းတာဆိုးတယ်။
ခေါင်းငြိမ့်တာ ထောက်ခံတာမဟုတ်ဘူး။
အိပ်ငိုက်တာတာပါဆိုတာ
ရည်ရွယ်ချက်တွေမဲ့နေသရွေ့
ဝန်ခံဖို့လွယ်ကြပါ့မလား။
ပြောင်းရွေ့ခြင်းရဲ့နောင်တ
ငြီးတွားငိုငြီးသံတွေနဲ့
သံပတ်မဲ့ စက်ရုပ်အရှင်တွေ
ကံကြမ္မာစေရာက လွဲချော်နေခဲ့
လေးဘက်လေးတန် ပိတ်ကန်မှတော့
အနေကျပ်တာမဆန်းတော့ပါဘူး။
အဆုံးသတ်ကိုမြည်းဖို့အတွက်
ငါ့ကိုယ်ငါ ကျားကန်ထားရင်း
နေ၀င်ချိန်ကို ပြုံးပြီးကြည့်ချင်သေးရဲ့ ။ ။

သျှင်စော
ရိုးတံမဲ့ပွင့်ချပ်များပေါင်းစပ်မှု(၁) လက်ကမ်းကဗျာစာအုပ်တွင် ဖော်ပြခဲ့။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[MANORHARY] 1 New Entry: မှတ်စုများ

မှတ်စုများ

မှတ်စုများ


ဖေဖေ နဲ့ မေမေ

သူတို့ကျွန်မကို ဒီကမ္ဘာမြေဆီခေါ်ဆောင်လာတုန်းကတော့ ကျွန်မဟာ "ရတနာ"တစ်ပွင့်ပါပဲ..။တယုတယသိမ်းဆည်းထားခဲ့ကြသလို "တန်ဖိုး"
လည်းရှိခွင့်ရခဲ့ပါတယ်။ကျေးဇူး အနန္တပါ..မေမေ..ကျေးဇူးအနန္တပါ ဖေဖေ..။ ဒီကျေးဇူးတွေကိုကျွန်မက ခုထိဆပ်ခွင့်မကြုံခဲ့သေးဘူး…။ပြီးတော့..သူတို့ ဒိုင်ယာရီထဲက ပြဿဒါးရက်တစ်ရက်ကိုလည်း ခုထိဖဲ့ထုတ်မပေးနိုင်ခဲ့သေး
ဘူး…။ပဉ္စလက်တန်ခိုးနဲ့ သူတို့ရဲ့ပန်းလေးတစ်ပွင့်ခိုးယူခံလိုက်ရတဲ့နေ့တစ်
နေ့ပေါ့..။ကျွန်မဟာ လောကကြီးရဲ့အပူအအေးတွေကို မမျှမတခံစားခဲ့ရပြီး
ပါပြီမေမေ..။နေပူခံထွက်လျှောက်ခဲ့ပြီးကာမှ ပြန်စရာလမ်းကပျောက်နေခဲ့
ရပြန်တယ်…။မေမေရယ်….မေမေ့ရင်ခွင်ဆီကထွက်ခွာခဲ့တဲ့လမ်းကလေးကို
ပြန်လည်တည့်မတ်ပေးပါဦး..။ကျွန်မလှည့်ပြန်ချင်လှပါပြီ…။


မနှင်းဖြူ နဲ့ နဂါးလေး

မနှင်းဖြူဆိုတာ ကျွန်မနောက်မှ ကမ္ဘာကြီးးကိုခြေချခွင့်ရတဲ့ညီမလေးပါ…။
နဂါးလေးကတော့ အငယ်ဆုံးပေါ့…။နှင်းငွေ့တွေလိုသိပ်သည်းအေးစိမ့်နေတတ်
တဲ့ မနှင်းဖြူလေး က ကင်းမြီးကောက်တွေလိုပဲ..အဆိပ်ပြင်းတယ်။ နဂါးတွေရဲ့
မျက်စောင်းကလည်းအကြောင်းမရွေးတတ်ပါဘူး…။ဒါနဲ့တောင် ကျွန်မက စည်း
အပြင်ကိုကိုယ်တိုင်ထွက်ခဲ့မိတာလေ..။ခွင့်လွှတ်ပါညီမလေးရေ..။ခံတပ်တွေ
ကောင်းတိုင်းလည်းတိုက်ပွဲတွေမနိုင် နိုင်ပါဘူး..။ကံကြမ္မာကရှိသေးတယ်လေ.။
ကျွန်မကတော့ ရူးရူးမိုက်မိုက်နဲ့ သစ္စာရှိခွေးလေးတစ်ကောင်နဲ့တူတုန်းပါပဲ…။
ခုချိန်ကျကာမှ ငှက်ကုလားအုတ်လည်းဖြစ်ခွင့်မရ..။ရေခဲငှက် ဘ၀ကိုလည်း အခဲမကြေနဲ့..။နေ့ရက်တွေကိုရုန်းကန်ထုတ်နေတဲ့ ကျွန်မကိုသူတို့က ကရုဏာ
သက်နေကြတုန်း..။ကျွန်မ တရားခဲ့ပါသလား..။


မျက်လှည့်ဆရာ

ကိုယ့်ကိုယ်ကို "ုမျက်လှည့်ဆရာပါ "လို့ကြေညာထားပါလျက် နဲ့ တအံ့တသြငေး
မောကြည့်မိတာ ကတော့ …ပဉ္စလက်ရဲ့တန်ခိုးပဲလား..။ကိုယ်ကိုယ်တိုင်ရဲ့ညံ့
ဖျင်းမှုပဲလားတော့မသိပါဘူး..။အံစာအပွင့်တွေကိုရေတွက်ရင်း ကြွေအံမကစား
တတ်တဲ့ ဘုရားသခင်ကိုတိုင်တည်ရင်း..ပွဲခင်းထဲ အဆိပ်တက်ခဲ့ရတာလေ…။
လှည့်စားမှုတွေမှန်းသိသိကြီးနဲ့ အားတင်း ယုံကြည်ပစ်လိုက်ရတာ ..။တကယ်
တော့..ပျင်းစရာကောင်းသလိုနာကျည်းစရာလည်းကောင်းပါတယ်..။အားတင်း
လှည့်ထွက်ဖို့ကြိုးစားလိုက်ချိန်မှာ..ကျွန်မခြေထောက်မှာ အမြစ်တွေကဖွာရရာ
ကျဲပြန့်လို့..။ဥယျာဉ်မှူးတစ်ဦးတော့ အလိုရှိနေခဲ့ပြီ..။ ကျွန်မကို အမြစ်က တူး
ထုတ်သွားနိုင်ဖို့ပေါ့…။အသက်ရှင်လျက်နဲ့လေ..။


မိတ်ဆွေ

ကျွန်မဘ၀တစ်လျှောက်မှာ.."မိတ်ဆွေ"လို့ခေါ်လို့ရတဲ့ လူတချို့နဲ့ဆုံတွေ့ခဲ့ရဖူး
တယ်..။အဲဒီ "မိတ်ဆွေ" ဆိုတဲ့ဝေါဟာရကိုတိတိကျကျ..အဓိပ္ပါယ် မဖွင့်ဆိုရ
သေးခင်မှာပဲ..ကျွန်မက မိတ်ဆွေ သုံးမျိုးသုံးစား ရှိတာကိုတွေ့လိုက်ရပြီးနေပြီ။
ပထမ အမျိုးအစားက "လေ" နဲ့တူတယ်..။ကိုယ်က အောက်စီဂျင် အဖြစ်ရှူ
သွင်းလို့ရသလို..ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ်လည်းရှူထုတ်လိုက်လို့ရတယ်။
သူတို့ဟာ ရန်သူတွေလည်းမဟုတ်ကြသလို မိတ်ဆွေစစ်တွေလည်းမဟုတ်ကြ
ဘူး..။
ဒုတိယတစ်မျိုးကတော့..နောက်ကျောကဓါးတွေနဲ့တူတယ်။မျက်နှာဖုံးအတုတွေလည်းစွပ်ထားကြသေးရဲ့..။ခက်တာက မျက်နှာဖုံးမှန်းသိသိနဲ့ ဆွဲခွာမရခဲ့တာ
လေ…။သူတို့ဟာ ရန်သူစစ်စစ်တွေပါပဲ..။
တတိယတစ်မျိုးကတော့ ပုလဲနဲ့တူတယ်..။သူတို့ကိုရှာဖို့ဆိုတာ ဟိုးရေနက်ထဲ
ထိကိုယ်တိုင်ဆင်း ပြီး ကိုယ်တိုင်အမွန်းခံရသေးတယ်။ တွေ့ချင်မှလည်းတွေ့
ရတတ်တာမျိုးလေ..။ကိုယ်တိုင်က ဆလုံတွေလိုရေငုတ်ကျွမ်းကျင်ဖို့ကလည်း
လိုပါသေးတယ်။


ရှေ့ဖြစ်ဖတ်သူများ

ကျွန်မက ကံဇာတာကိုစစ်ဆေးဖို့ဝါသနာပါတတ်တဲ့သူတစ်ယောက်မဟုတ်လေ
တော့ ဘယ်ရှေ့ဖြစ်ဖတ်ဆရာကိုမှ ဘာမှ မမေးခဲ့ဖူးဘူး..။ဘာလို့လဲဆိုတော့
ကျွန်မဟာ ဘုရားသခင်ရဲ့စာမျက်နှာတွေနဲ့လူဖြစ်ခဲ့ရတာ လို့ ကိုယ့်ကိုယ်ကို ယုံ
ကြည်တယ်လေ..။ဒါဟာ..ကျွန်မအတွက် လုံလောက်တဲ့အဖြေပါ..။ကျွန်မလက်
ကလိုင်းတွေကိုပြုပြင်ဆွဲသားနိုင်သူဟာ ဘုရားသခင်ကလွဲလို့ဘယ်သူမှမဖြစ်
နိုင်ပါဘူး..။ကျွန်မရဲ့ကောင်းခြင်းဆိုးခြင်းတွေဟာ ဘုရားသခင် ထံကလာတဲ့ ဆု
ကြေး၊ဒဏ်ကြေးတွေပဲဖြစ်တယ်လို့ ကျွန်မယုံကြည်ထားပါတယ်။လူတွေဟာစိုက်
တဲ့အတိုင်းးရိတ်သိမ်းတတ်ကြရတာပဲမဟုတ်လား..။သူတစ်ပါးစိုက်ထားတာတွေ
ကိုခိုးယူရိတ်သိမ်းတတ်တဲ့ သူတချို့ကလွဲရင်ပေါ့…။



ဆရာဝန်

သူတို့ကိုကြည့်ရတာ တဖြည်းဖြည်းနဲ့ဆောင်းဥတုဆန်လာတယ်။နှင်းတောထဲ
မှာ စမ်းတ၀ါးဝါးနဲ့လျှောက်နေကြတဲ့သူတွေလိုပဲ..။တချို့ကျတော့လည်း ရူပဗေ
ဒ ပညာရှင်ဆန်ချင်လာတယ်။ သီအိုရီအကိုးအကားနဲ့ သက်သေပြချက်မခိုင်လုံ
ရင်ဘာမှမလုပ်တတ်ကြတော့သလိုပဲ..။ကျွန်မကမွန်းကြပ်နေချိန်မှာ သူတို့က
ကျွန်မကိုစစ်ဆေးရေးအတွက် ညွှန်ကြားချက်တွေပေးလို့ကောင်းတုန်း..။ကျွန်မ
ကနာကျင်ခံစားနေရချိန်မှာ..သူတို့က results တွေကိုဇဝေဇ၀ါဖတ်တုန်း…။
ကျွန်မက အသက်ငင်နေတဲ့အချိန်အထိသူတို့ကခေါင်းခါငြင်းပယ် တုန်း…။
Hypnosis ကိုကျွမ်းကျင်ပိုင်နိုင်တဲ့ Psychiatrist များရှိရင်တော့ ကျွန်မ ကုသ
ခံချင်ပါတယ်..။ဒါမှမဟုတ်လည်း တစ်လောကလုံးကို အိပ်မွေ့ချ..အသစ်ကပြန်
စခိုင်းချင်ပါတယ်။


ဇာတ်ခုံ

အလိုမတူပဲကရတဲ့ ကကွက်တွေက များများလာနေတယ်။ကြာလာတော့လည်း
သမ္ဘာရင့်ကြေးစားသရုပ်ဆောင်တွေနဲ့တူတူလာတာမဆန်းပါဘူး..။မှန်ထဲပြန်
ကြည့်ရင်ကိုယ့်ကိုယ်ကိုသိပ်မမှတ်မိချင်ဘူး.။မှတ်မိပြန်ရင်လည်းမသတီချင်ဘူး။
တစ်ခါတစ်ခါတော့ကိုယ့်ခြေကိုယ့်လက်တွေကိုလာသိုင်းထားတတ်တဲ့ ရုပ်သေး
ကြိုးတွေကိုဖြတ်မိချင်တတ်ကြတာပဲပေါ့..။ကျွန်မကဓားကိုင်မကျွမ်းကျင်ပြန်ဘူး။
မြေပုံမပါတဲ့လမ်းတွေကိုလျှောက်ရင်းလျှောက်ရင်း …ဒီကွန်တိုမျဉ်းတွေထဲပဲတ
လည်လည်ပြုတ်ကျနေတော့တယ်။ဇာတ်သိမ်းကားလိပ်ချမယ့်အချိန်ကလည်း..
ခုထိသံသရာရှည်တုန်း..။ခက်ပဲခက်ရချည်တော့ရဲ့..။


ဇာတ်ညွှန်း

ကျွန်မဘ၀ကိုရေးသားခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာကို ကျွန်မက ဘုရားသခင်လို့
သတ်မှတ်ထားခဲ့တာ…။ဒါပေမယ့် မာရ်နတ်ရဲ့ဇာတ်တွေကိုဝင်ဝင်ကပေးနေရ
တတ်တာကတော့ စဥ်းစားစရာပဲ…။စည်းကမ်းမရှိတဲ့ ကျွန်မရဲ့ခြေလက်တွေကို
ကျွန်မက ..တားဆီးပိတ်ပင်ထားဖို့ရာကျတော့လည်း..ကျွန်မက ကြိုးတွေနဲ့ ရှုပ်
နေတဲ့ ရုပ်သေးရုပ်ဖြစ်နေခဲ့ပြန်ရော…။အမှန်တော့ လူ့အလိုနတ်မလိုက်နိုင်တာ
ပါ..။ဒီနေ့ဟာ နေသာလို့ ကျွန်မတို့ခြေခင်းလက်ခင်းသာယာတယ်လို့ထင်ပေ
မယ့်..မထင်မှတ်တဲ့ထောင့်က ၀င်လာတတ်တဲ့အကြောင်းအရာတွေအရ..ကျွန်
မတို့ကြုံရာကွေ့ကိုကြုံရာတက်နဲ့ဆက်ခဲ့ရတာလည်းနည်းမှမနည်းပဲ..။တကယ်
တော့ပညာသားပါလွန်းလှတဲ့ဇာတ်ကွက်တွေကြောင့်သာ..ကျွန်မတို့ အကယ်ဒ
မီရခဲ့ကြတာမဟုတ်လား..။ဆုတံဆိပ်တွေကများတော့ ခါးချည့်နေခဲ့ရပြီ…။


ချစ်သူ

"ချစ်သူ"ဆိုတာကတော့ ကျွန်မရဲ့ အဘိဓာန်ထဲမှာ အရာအားလုံးနဲ့ကင်းလွတ်
တဲ့ဝေါဟာရပါ..။ပုံပြင်ထဲက "မင်းသား"တစ်ပါးလိုလည်းတင့်တယ် အပြစ်ကင်း
တယ်.။။သံစဉ်ခပ်ဖျော့ဖျော့လေးတွေနဲ့ ကျွန်မရဲ့နေ့ရက်တွေကိုအရောင်တင်
ပေးတတ်သူလည်းဖြစ်တယ်။ ကျွန်မရဲ့နာတာရှည်ရောဂါတွေကို ပဉ္စလက်နဲ့
လှည့်သိမ်းဖယ်ရှားနိုင်သူလည်းဖြစ်တယ်။မှောင်မိုက်အတိပြီးတဲ့ညတွေကို အခန်းဆက်စကားလုံးတွေနဲ့ လင်းချင်းစေနိုင်သူလည်းဖြစ်တယ်။ကျွန်မပေါ်ကို
နူးနူးညံ့ညံ့ဖြာကျနေမယ့်..အဖြူရောင်လရောင်ခြည်လေးလည်းဖြစ်သေးတယ်။
ကျွန်မရဲ့အနာဂတ်နေ့ရက်တွေကိုဖွဲ့နွဲ့ပေးသူလည်းဖြစ်တယ်။..ပြီးတော့……
အဲဒီအရာအားလုံးကိုဖျက်ခြွေချနိုင်သူလည်းဖြစ်သေးတယ်။
(ခုထိတော့ အိပ်မက်တွေက ကယောက်ကယက်နဲ့ သွေးပျက်စရာကောင်းနေ
တုန်းပဲ…)


အိပ်မက်

အိပ်မက်ဆိုးတွေကိုညစဉ်ရက်ဆက် အခန်းဆက်မက်ရတတ်တဲ့အခါ..ကြောက်
ရွံ့တုန်လှုပ်ခြင်းတွေကပျင်းရိငြီးငွေ့လာတာဆန်းသလား..။အနက်ရောင်စုတ်
ချက်တွေခပ်များများနဲ့ မကြားတကြားအိပ်မက်တွေကို ကျွန်မကမုန်းတယ်..။
တစ်ညလုံးမအိပ်ပဲငုတ်တုတ်ထိုင်နေတာကမှ အကျိုးရှိဦးမယ်လေ…။တချို့အိပ်
မက်တွေကတော့ ကျွန်မကိုနွမ်းလျစေတဲ့အထိ..ဖြားယောင်းတတ်လွန်းပါတယ်။
ဘ၀မှာ"ချို"ဖူးတာလည်းဒီဖြားယောင်းအိပ်မက်တွေပဲရှိခဲ့တာကိုး…။ခပ်တိုးတိုး
တိုက်ခတ်လွင့်မျောလာတဲ့..အိပ်ဖန်စောင့်နတ်သားရဲ့ဗျတ်စောင်းသံမှာ…အိပ်
မက်ရဲ့အပိုင်အစတွေပါလာသေးလား…ကျွန်မေ၀၀ါးစွာကြည့်နေမိခဲ့တယ်။


ပြိုင်ပွဲ

ငယ်ငယ်တည်းက ကျွန်မခုထိပြေးနေခဲ့ရတာ..။မရပ်မနားပါပဲ..။ပြိုင်ပွဲများစွာမှာ
ဆုတံဆိပ်များစွာနဲ့ ..နိုင်လျက်နဲ့ ရှုံးခဲ့သလို ရှုံးလျက်နဲ့လည်းနိုင်ခဲ့ရဖူးပါတယ်။
တယ်..။ပြိုင်ပွဲရဲ့အထာတွေကိုမသိရခင်တုန်းကတော့..ကျွန်မဟာ အားသွန်ခွန်
စိုက်ခြေလှမ်းတွေနဲ့..ရွှေရောင်အိပ်မက်တွေကိုမှမရရင် မျက်ရည်စိုခဲ့ဖူးတာပေါ့။
ခုတော့…ကျွန်မက ပြိုင်ပွဲတွေအကြောင်းကောင်းကောင်းသိနေတဲ့သူတစ်
ယောက်ဖြစ်နေခဲ့ပြီ..။ဒါတောင်မှ..အရှုံးတွေကိုတွေတွေဝေေ၀နဲ့စိုက်ကြည့်နေမိ
တတ်တုန်း..။ မစိုက်ပဲနဲ့ ရိတ်သိမ်းသွားတဲ့ပျိုးခင်းတွေကို တအံ့တသြတရားရနေ
မိတုန်း..။တကယ်တော့ ကျွန်မဟာ အမှတ်သညာနည်းတဲ့မိန်းမတစ်ယောက်ပါ
ပဲ…။
ပန်းတိုင်
အနိုင်အရှုံး
နားလည်ရခက်ခြင်းများ
ယုံမှားသံသယ
နိဂုံး


ပြည်ဖုံးကား

အချိန်မတိုင်ခင်ပြည်ဖုံးကားကျလာခဲ့ရင်…..
ကျွန်မကောင်းကင်က မောင်ရင်ဆိုင်းထမ်းကြယ်စုကလေးနဲ့ဝေးသွားရမှာပဲ
ကြောက်ပါတယ်..။
ကျွန်မက ကြယ်ကလေးရဲ့မေမေဖြစ်ချင်သေးတယ်လေ………။ ။
မနော်ဟရီ

You received this email because you are subscribed to the real_time feed for http://manorhary.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Royal-Myanmar.com] 2 New Entries: အလာကောင်းပေမယ့် အခါမကောင်းတော့ပါ

အလာကောင်းပေမယ့် အခါမကောင်းတော့ပါ

သူက ၁၀ တန်းပြီးတော့ သူများတွေ ထိုင်ဝမ်၊ ဂျပန်၊ စင်ကာပူ အသီးသီး ကျောင်းတွေ သွားတတ်ကျတဲ့ အခါမှာ မိဘ က စီးပွားရေး အဆင်မပြေတော့ မြန်မာပြည်မှာပဲ တက္ကသိုလ် တခုကို တက်လိုက်တာပေါ့။ ကျောင်းပြီးသွားတော့ သိတဲ့အတိုင်းပဲလေ မြန်မာပြည်မှာ အလုပ်အကိုင် ပေါမှပေါဆိုတော့။ နေရာကောင်းလေးများ ရမလားလို....

Visit www.royal-myanmar.com to read full post. (Sai Tun)

ဆေးဘဲဥ သုပ်

ပါဝင်သောပစ္စည်းများ ၁။ ဆေးဘဲဥ (အစိတ်လိုက်လှီးထားပါ) ၂။ ခရမ်းချဉ်သီး ပါးပါးလှီး ၃။ ငရုတ်သီးစိမ်း ၄။ ကြက်သွန်နီ(သို.) ကြက်သွန်ဖြူ ပါးပါးလှီး (ပုံထဲတွင်ကြက်သွန်ဖြူနှင့်) (အမှန်တကယ်တော့ ကြက်သွန်နီနှင့်ပိုစားကောင်းသည်၊ ၂ခုလုံးပါက ပို၍ကောင်းသည်):P ၅။ ကြက်သွန်နီ ဆီကျက် (ဇယားရူပ်တယ်ထင်ရင် မထည့်လဲရသည်) ၆။...

Visit www.royal-myanmar.com to read full post. (Sai Tun)

You received this email because you are subscribed to the real_time feed for http://www.royal-myanmar.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်တဲ့ မနောမြေ] 1 New Entry: လွိုင်ဆမ်ဆစ် ငိုတဲ့ည

လွိုင်ဆမ်ဆစ် ငိုတဲ့ည


လွိုင်ဆမ်ဆစ်

အပြစ်ကင်းစွာ အိပ်စက်၊ ငါ မနိုးရက်လည်း

မိုးသက် မုန်တိုင်း၊ မိုက်ရိုင်းတဲ့ ကြမ္မာညှိုး

လှုပ်နိုးခဏ၊ ကယ်ရီ အပျိုမရဲ့

အစဉ်မတူ၊ အခက်ဖွေသမျှ၊ ရတက်ပွေရမဲ့

မျက်ရည်ကျ ဇာတ်လမ်း၊ မှတ်တမ်းဖွင့် အစ

ကဲ … နိုးထတော့လေ ။


တရားစောင်းလို့လဲ၊ ဒါးတောင်းမရ

တရားညှိုးလို့လဲ၊ ဒါး မိုးမရ

အဓမ္မ ဥပဒေ၊ အုပ်စိုးနေသူ လုပ်

အုပ်ချုပ်ခံရသူ၊ မတရားခံ

အားမတန် အံကြိတ်၊ ဒေါသဟန်တောင် မဖိတ်ရဲ

စိတ်ထဲက ဝေဒနာ၊ ဖြေပြေစရာများ

ဘယ်နားမှာ ရှိပါလိမ့် ….. ။


ရိုးသားစွာ တောင်ယာလုပ်

သူတို့ဇာတ်ရုပ်ထဲ၊ ပုဒ်ထီး ပုဒ်မ

လုပ်ပြီး လုပ်သမျှ၊ တို့ခုတ်တဲ့ ယာကိုသိမ်း

တို့လုပ်တဲ့ မြေကိုယူ၊ မကြည်ဖြူ ငြူစူသူ ကြောင့်

နောက်မြီးတို ခုံဖိနပ်၊ တာယာ သဲကြိုးတပ်မှတော့

ခွေးငတ်လာ ကြိမ်ဆဲ၊ တရားခံ ဘယ်သူလဲလေ …. ။


ဝမ်းစာ အတွက်

လမ်းတကာ ထွက်

အလုပ်ရှာ အလုပ်တောင်း၊ ဝမ်းဟောင်းလောင်း နေ့များ

ရှည်လျားထပ်ထပ်၊ အငတ်ပြိုင် မိသားစု

ထွက်ပေါက်တခု အတွက် ….. ။


စာ မတတ်လည်း

ဘယာအငတ်ကြောင့်၊ ရှာတတ် ဖွေတတ်

လုပ်စား တတ်အောင်၊ အရပ်ထဲ စနည်းနာ

တွေ့ပါပြီလေ၊ ပြည်မကြီးက ကုန်စည်

တောမြေဆီ ရွှေ့ပြောင်း၊ ကယ်ရီလမ်းကြောင်း တခု

အထမ်း အရွက်နဲ့ လမ်းသွက်သွက် လျှောက်၊ တောရောက် တောင်ရောက်

ခြေရာကောက် လှုပ်ရှား၊ ဖမ်းသလား ? ဆီးသလား?

နည်းသလား ? များသလား ? ပေးထားမှ ရ

ဈေးစကား စ၊ အာဏာ ရတာတောင် အလိုမပြီး

ငို့ဘကြီးများနဲ့ ညှိုနှိုင်း၊ ဥပဒေထဲက အရိုင်း ယိမ်းအက

ညီ မှ ညီ၊ စည် မှ စည် သပေါ့ ….. ။


ရွှေသမင် ထွက်တဲ့လမ်း

ဘယ်ကမ်း မှာတုံး၊ ကြမ်းလို့ ရ

လှမ်းလို့ မြန်းရ၊ ဆန်းစွ ဥပဒေ

သည်မြန်ပြေမှာ ။ စုတေ နေလေရဲ့ ….. ။


သည်လိုနဲ့ တည

မူဆယ်က ထွက်ဖို့ လှမ်း၊ နမ့်ဖတ်ကာ ခရီးကြမ်းကို

တောလမ်း အထွက်၊ ရက်စက်တဲ့ ကံကြမ္မာ

စာ မတတ်တာလား ? မညှာ တတ်တာလား?

ညာ တတ်တာလား မသိ

လွိုင်ဆမ်ဆစ် ကို မေးပါဦးမည်။


နဂိုရ်နေ မဆန်း

အပျိုရည် ပန်းလေးတပွင့်၊ ကြွေလွင့် ရက်စော

အငိုနှင့် ဇာတ်မျှော၊ သည်တော သည်တောင်

ဘယ်မြိုင်ချောင် အသိ၊ ဘုရား…. ဘုရား…. ဘယ်နှစ်ပွင့်ရှိခဲ့ပြီ ….. ။


လောက ခုံရုံး

နောက်ဆုံး မေးခွန်းထုတ်၊ အကျွနုပ် မေးမည်

ကျားလုပ်တဲ့ ဥပဒေ၊ သမင်တွေ ခံရ

ဒါ …. နိယာမ လား?

ကြောင်ထုတ်တဲ့ ဥပဒေ

ကြွက်တွေခံရ ။ သဗ္ဗဝါဒ လား? …..။


အို ….. လွိုင်ဆမ်ဆစ်

တွေဝေနစ်မျှော၊ မောဟလှိုက်ဖွေ

အိပ်မနေနှင့်၊ သင် သက်သေရှိ

သင် အသိမို့၊ ပကတိ အမှန်

တရားခံကို၊ ပြည်သူ့ထံသို့ တင်စေ သတည်း၊

ပြည်သူ့ရင်ခွင် မြင်စေ သတည်း။

ဒူဝါကြီး


You received this email because you are subscribed to the real_time feed for http://chittemanawmyae.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Welcome] 1 New Entry: လူတိုင်းအတွက် .. ကိုယ်ပါ

လူတိုင်းအတွက် .. ကိုယ်ပါ


လူတိုင်းအတွက် .. ကိုယ်ပါ


ကိုယ့်မိသားစု အတွက်ဖြစ်စေ၊ ကိုယ်ချစ်တဲ့ ချစ်သူကိုဖြစ်စေ၊ ခင်မင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အတွက်ဖြစ်စေ မထင်မှတ်တဲ့ လိုအပ်တာ လေးတွေကို အကောင်းဆုံး ဖြည့်ဆည်း ပေးတာက သိပ်ကို ရိုးစင်းတဲ့အကူအညီ တစ်ခုပဲလို့ နားလည်ခဲ့ပါတယ်။ နေ့တိုင်း ကျွန်တော် ရွေးချယ်ပြီး ဘယ်သူ တစ်ဦးတစ်ယောက်မှ မသိအောင် လုပ်ဆောင်ခဲ့တဲ့ သေးသေးဖွဲဖွဲ့ အမှတ်တမဲ့ လုပ်ဆောင်ချက် လေးတွေ ရှိတတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံ ပေးတာမျိုး၊ အချိန်နဲ့ အင်အား ပေးဝေပြီး နားထောင်ပေးခဲ့တာမျိုး တွေ ဖြစ်ပါတယ်။ ကိုယ်ကျိုးမပါပါဘဲ လုံးဝ အတ္တမဆန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ကတော့ ကြိုးစားနေဆဲပါ။ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော့်ဘဝနဲ့ တခြားသူတွေ အတွက် လုပ်ဆောင်ချက် တွေတစ်သားတည်း တစ်ထပ်တည်း ဖြစ်ချင်မှ ဖြစ်ပေမယ့် ကြိုးပမ်းအားထုတ် ခဲ့မှုအတွက် ကိုယ့်ကိုယ်ကိုယ် သိတဲ့အလျှောက် ကျွန်တော်ရဲ့ ဘဝနေနည်းအပေါ် ကျွန်တော် အားရ ကျေနပ်မှုဖြစ်ခဲ့ပါတယ်။

ဆိုရိုးစကားတစ်ခုကို သာဓက ပြချင်ပါတယ်။ " ပေးဆပ်ခြင်းက သူရဲ့ ကိုယ်ပိုင်ဆုလာဘ် " ဆိုတာပါပဲ။ ကိုယ်ရေးလိုက်တဲ့ စာတွေအပေါ် စာဖတ်သူတွေက အသိအမှတ်ပြု ဖတ်ပေးတာကို ပြန်ပြီး ရရှိပါတယ်။ ကိုယ်ပေးလိုက်တာနဲ့ တိုက်ရိုက်အချိုးအစား ညီညီ ကိုယ်ပြန်ရတာပါ။ မေတ္တာပေးရင် မေတ္တာပြန်ရသလို စေတနာဟာလည်း တုံ့ပြန် စေတနာ ပြန်လာတတ် ပါတယ်။ ။ တစ်စုံတစ်ယောက် အတွက် ကောင်းတာလေး ကူညီပေးပေမယ့် တစ်ခြားသူတွေကရော ငါ့အတွက် ဘာလို့ပြန်မလုပ်ပေးတာလဲ ရယ်လို့ တွေးမိတာမျိုး မရှိခဲ့ပါဘူး။ သူတစ်ပါး အတွက် စေတနာနဲ့ ဆောင်ရွက်ပေးခြင်း၊ ကူညီပေးခြင်းတွေဟာ ဘဝတစ်ခုလုံး လုပ်ဆောင်နေရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့ ယူဆထားပါတယ်။ ဒါက မိတ်ဆွေ သူငယ်ချင်းတွေ အပေါ်မှာ ထားရမယ့် ကျွန်တော့် သဘေားထား အမြင်လေးပါ။


You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါက်တာလွဏ်းဆွေ] 2 New Entries: မြန်မာ့ရေးရာ သတင်းပဒေသာ (၁၉-၁၁-၀၈)

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၉-၁၁-၀၈)

- သံဃာ့တပ်ပေါင်းစု ဦးဆောင်သံဃာတော် အသျှင်ဂမ္ဘီရကို ထောင်ဒဏ် (၁၂) နှစ်ချ click
- မြန်မာဆန်တွေ ဘာကြောင့် ထိုင်းဘက်ကို မှောင်ခိုသွင်းရသလဲ (ဆောင်းပါး) click
- တရုတ်-မြန်မာနယ်စပ် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ် ကျဆင်း click
- ကလေးအခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာသစ် ထွက်ရှိ click
- စစ်အာဏာပိုင်များက နိုင်ငံရေးလှုပ်ရှားသူများကို ထောင်ဒဏ်များ ဆက်လက်ချမှတ် click
- မြန်မာ့နွားချေးဖြင့် ကမ္ဘာကို ကြီးစိုးမည် (ထွေရာလေးပါး)click
- ရဲချုပ်ခင်ရီ ပြည်ထဲရေး ဒု-၀န်ကြီးအဖြစ် တိုးမြှင့်ခံရ click
- အိုင်ဗင်ဟိုးလုပ်ငန်းများ နောက်လတွင် ပြန်စဖွယ်ရှိ click
- စာရေးဆရာမ နှင်းပန်းအိမ် ထိုင်းနယ်စပ်သို့ တိမ်းရှောင် click
- ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ ထောင်ဒဏ် ၁၂ နှစ် ကျခံရ click
- ဘဝတခုကို ပေါင်းစပ်ချုပ်လုပ်ခြင်း (ဆောင်းပါး) click
- လက်နက်ကိုင်တိုက်ပွဲကြောင့် ကလေးအခွင့်အရေး ချိုးဖောက်ခံရ click
- စစ်တွေ၌ စစ်အစိုးရကို ဆန့်ကျင်ပြီး ဆေးရေးဆန္ဒပြ click
- အမေရိကန်ကားကုမ္ပဏီကြီးတွေ ဒေ၀ါလီခံကြရတော့မှာလား click
- သံဃာလှုပ်ရှားမှုခေါင်းဆောင် သံဃာတွေ ထောင်ဒဏ်ချခံရ click
- ကိုစည်သူမောင်ရဲ့ မိဘတွေကို ထောင်ဒဏ်ချ click
- အစိုးရဆန့်ကျင်သူတွေ နှစ်ရှည်ထောင်ဒဏ်ချ click
- တရုတ်နဲ့ ကျူးဘားဆက်ဆံရေး ပိုမိုနွေးထွေးလာ click
- မဲဆောက်မှာ ရွှေထွက်ပြီ click
- UN experts condemn Burma trials click
- China-Myanmar diplomatic consultation held in Kunming click
- Burma Sentences 5 More Activists click
- MYANMAR-THAILAND: Min Min U, Myanmar: "We thought we were all going to die" click
- China to build pipeline in Myanmar click

ဒေဝူး မြန်မာပြည်က ထွက်သွား

ဒေဝူး မြန်မာပြည်က ထွက်သွား
ခင်မမမျိုး

(အခုတလော ယူကေနိုင်ငံမှာ အခြေစိုက်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုင်းဆိုင်ရာ ၀န်ဆောင်မှုတွေကို မြန်မာ ပြည်ပရောဂျက်မှာ စာချုပ်ချုပ်လုပ်ကိုင်ဖို့ ဒေ၀ူးကနေ ကမ်းလှမ်းနေတဲ့ သတင်းတွေ ကြားရပါတယ်။ ဒီလုပ်ငန်း တွေကို မြန်မာပြည်ပရောဂျက်မှာ မပါဝင်ဖို့ ကင်ပိန်းလိုက်လုပ်နေရင်းနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ဆောင်းပါးလေးတ ပုဒ် ရေးခဲ့ဖူးတာကို သွားပြီးသတိရမိပါတယ်။)

၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်။

တတိယအကြိမ်မြောက် ကမ္ဘာအနှံ့ဆန္ဒပြပွဲများ ခြိမ်းခြိမ်းညံသောနေ့။ "ဒေဝူး မြန်မာပြည်က ထွက်သွား" ဟူသော ကြွေးကြော်သံများ တခဲနက် ထွက်ပေါ်လာသည်။ ထုတ်ဖော်ဟစ်ကြွေးခွင့်မရသော မြန်မာပြည်သူ လူထု၏ နှလုံးသားပဲ့တင်သံများမှာလည်း ကမ္ဘာအရပ်ရပ်မှ မြန်မာများနှင့် တထပ်တည်း တသားတည်း။

ကုမ္ပဏီတစ်ခုအား ဝိုင်းဝန်းမောင်းထုတ်နေရသည်မှာ အကြောင်းရင်းမသိလျှင်တော့ မြန်မာပြည်သားများ စီး ပွားရေး အမြင်မရှိဟူ၍ ထင်ချင်စရာရှိသည်။ နအဖအကြိုက်ဆောင် ပညာရှင်ဆိုသူများကလည်း ဝေဖန်ကြ သည်။ မြန်မာပြည်အား စီးပွားရေးမပိတ်ဆို့ဘဲ၊ စီးပွားရေးလမ်းများ ဖွင့်ပေးသင့်သည်ဆိုပဲ။ ထိုသို့သော လူများ ကား ဒေဝူးနှင့် နအဖတို့၏ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအား အားတက်သရော ထောက်ခံကြသည်။ (၁၉၈၉) ခုနှစ်မှ (၁၉၉၆) ခုနှစ်ကာလတွင် စစ်အာဏာရှင်တို့ ထုတ်ပြန်ခဲ့သော ကူးသန်းရောင်းဝယ်ရေးဥပဒေများ၊ ရင်း နှီးမြှုပ်နှံရေး ဥပဒေများကိုသာ စနစ်တကျလေ့လာကြည့်လျှင် စီးပွားရေးခြွတ်ခြုံကျမှု ပြဿနာအရင်းခံများ သည် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုကြောင့်လား၊ စစ်အာဏာရှင်တို့ ပေါ်လစီညံ့ဖျင်းမှုများ၊ လာဘ်ပေးလာဘ် ယူမှုများကြောင့်လားဆိုသည့် အဖြေကား ထွက်ပေါ်လာပါလိမ့်မည်။ ဖက်စပ်စီးပွားရေးလုပ်ငန်းများတွင် ကိုယ် တိုင်ဖြစ်စေ၊ မိသားစုမှဖြစ်စေ ပါဝင်လုပ်ဆောင်ခဲ့သူများ အသိဆုံးပင်ဖြစ်မည်။ စနစ်တကျ လေ့လာစူးစမ်းပြီးမှ ပြောဆိုသည်မှာ ပိုမိုကောင်းမွန်ပါမည်။ အကြောင်းအရာတခုကို ဘက်လိုက် မပြောဆိုသင့်ပါ။ အမှန်တရားဆို လျှင် ရန်သူက လုပ်လျှင်လည်း ချီးကျူးရမည်။ မိတ်ဆွေမှ လုပ်လျှင်လည်း အားပေးရမည်။ အမှားဆိုလျှင်တော့ ရန်သူကလုပ်လျှင်လည်း ဆန့်ကျင်ရမည်။ မိတ်ဆွေမှ လုပ်လျှင်လည်း ထောက်ပြရမည်။ ဝေဖန်ရမည်။ ဤ သည်ကား လူ့ကျင့်ဝတ်။

'ဒေဝူး မြန်မာပြည်က ထွက်သွား' ဟူသော ကြွေးကြော်သံများ အဘယ်ကြောင့် ထွက်ပေါ်ခဲ့ပါသနည်း။

(၂ဝဝ၄) ခုနှစ်တွင် ဘင်္ဂလားပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့သိုက် တစ်တွင်းတူးဖော် တွေ့ရှိကြောင်း၊ ခန့်မှန်း တန်ဖိုးဒေါ်လာ (၄ဝ) ဘီလီယံရှိကြောင်း ဒေဝူးမှ ကြေညာသည်။ ယင်းနောက် အိန္ဒိယနိုင်ငံတွင်အဆုံးသတ်ပြီး မြန်မာနိုင်ငံမှ ရခိုင်နှင့် ချင်းပြည်နယ်ကို ဖြတ်သန်းသွားမည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြီး ထွက်လာသည်။ ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာကား ...

(၁) သဘာဝပတ်ဝန်းကျင်

ဓာတ်ငွေ့ထုတ်ဖော်ရာတွင် သုံးသော drilling mud များတွင် polycydric aromatic hydro carbons, barium, arsenic စသည့် ဓာတ်ငွေ့များ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ radio active materials (e.g. radium ၂၂၆) နှင့် အခြားပတ်ဝန်းကျင် ညစ်ညမ်းစေသော ဓာတ်သတ္တုများ ပါဝင်သည်။ ထို့အပြင် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ မစွန့်ပစ်ပါက toxic brine သည် စိုစွတ်မြေနှင့် သားငါးသတ္တဝါများပေါ်တွင် ဆိုးဝါးစွာ သက်ရောက်စေနိုင် သည်။ သို့ဖြစ်၍ သဘာဝဓာတ်ငွေ့ပိုက်လိုင်း မတည်ဆောက်ခင်တွင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအ တိုင်း သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု ဆန်းစစ်ချက်များ ပြုလုပ်ရပါသည်။ ရွှေစီမံကိန်းတွင်ကား ယင်းသို့သော ဆန်းစစ်ချက်များ ပြုလုပ်ထားခြင်းမရှိပါ။

(၂) ဒေသခံ ပြည်သူများ

ပိုက်လိုင်းစီမံကိန်းတလျှောက်တွင် ကျေးရွာအများအပြား ရှိနေသည်။ လုပ်ထုံးလုပ်နည်းအမှန်ကား တတ်နိုင်သ မျှ ပြည်သူများ မထိခိုက်စေရန် ပိုက်လိုင်းများ ရေးဆွဲရပါသည်။ မလွဲမရှောင်သာလျှင်ကား ဒေသခံများနှင့် ညှိ နှိုင်း၍ နစ်နာကြေးပေးခြင်း၊ နေရာချထားခြင်း စသည်များ ပြုလုပ်ရပါသည်။

နအဖတို့ သမိုင်းတလျှောက်တွင်ကား နစ်နာကြေးပေးဖို့ ဝေးစွ။ သေနတ်ပြ၍ မြေယာများ သိမ်းဆည်းသည်။ ရွာများပြောင်းရွှေ့သည်။ ဒေသခံများဘဝကား အိုးပစ်အိမ်ပစ်၍ လုပ်ကိုင်စားသောက်ရန် ခက်ခဲသော နေရာ များသို့ ရွှေ့ပြောင်းခံရရုံနှင့်လည်း မပြီးသေး။ အတင်းအကြပ် လုပ်အားပေးစေခိုင်းခံရမှုများ၊ လုံခြုံရေးအ ကြောင်းပြ၍ နယ်မြေခံ စစ်အင်အားများတိုးချဲ့ကာ အနိုင်ကျင့်စော်ကား ရက်စက်ခံရမှုများကလည်း ရှိသေး သည်။

(၃) ဒေဝူးကုမ္ပဏီ

သန်းပေါင်းများစွာသော ဒေါ်လာများ ရပါလိမ့်မည်။ သဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက်လည်း လုပ်ရန်မလို၊ နစ်နာကြေးများလည်း ပေးရန်မလို၊ ပိုက်လိုင်းလုံခြုံရေးဝန်ထမ်းများလည်း ငှားရန်မလို၊ လုပ်ခကြေးငွေများ လည်း လုပ်အားနှင့်အညီ ပေးရန်မလို၊ ကံကောင်းလျှင် အခမဲ့ လုပ်သားများလည်း ရနိုင်သည်ဆိုတော့ မျက်ဖြူ ဆိုက်လေ ဆရာကြိုက်လေ ဖြစ်နေသည်။ ဤသည်ကိုက ဒေဝူးတွင် စီးပွားရေးလုပ်ငန်းတို့ စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာမဲ့ကြောင်း ထင်ရှားနေသည်။

လောကတွင် အရာရာ၌ ကျင့်ဝတ်ဆိုသည်မှာ ရှိပါသည်။ အမှန်တရားနှင့် တာဝန်ယူမှုသည် လူ့သိက္ခာ၊ အဖွဲ့အ စည်းတစ်ရပ်၏ သိက္ခာပင်ဖြစ်သည်။ သိက္ခာရှိသည်ဆိုလျှင် သုဘရာဇာပင် တန်ဖိုးရှိသည်။ ညအချိန်မတော် အုတ်ဂူခိုးဖောက်သူများကို အသက်နှင့်ရင်းပြီး ရင်ဆိုင်သူ၊ သုဘရာဇာ၏ ဂုဏ်သိက္ခာကား၊ ကျက်သရေရှိလှ သည်။ ထို့အတူပင် တရားမျှတစွာ၊ သမာသမတ်တည်စွာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်သူသည် တိုင်း ပြည်၏ ကျက်သရေဆောင် ကုန်သည်ပွဲစား၊ စီးပွားရေးသမားဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ဖြတ်လမ်းလိုက်အ ချောင်နှိုက်ကာ ကြီးပွားချင်သူများ (လူပွဲစားများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူများ) ဆိုသည် ကား စီးပွားရေးသမားမဟုတ်။ မသမာသူများ၊ အခွင့်အရေးသမားများ၊ သူတပါးမျက်ရည်နှင့် ထမင်းစားသူများ သာဖြစ်သည်။

လူတစ်ဦးချင်း၏ ကျင့်ဝတ်ပင်လျှင် ဤမျှအရေးကြီးသည်ဆိုလျှင် စီးပွားရေးလုပ်ငန်းတစ်ခု စောင့်ထိန်းရမည့် ကျင့်ဝတ်ဆိုလျှင်ကား အဘယ်သို့ဆိုဖွယ်အံ့နည်း။ သည်သို့ဆိုလျှင် အပြစ်မဲ့ လူအများအား ချိန်ရွယ်ထားသော သေနတ်ထဲသို့ ကျည်ဆန်များ ထည့်ပေးနေသော ဒေဝူးအား မြန်မာပြည်သားများက 'ဒေဝူး မြန်မာပြည်က ထွက်သွား" ဟူ၍ မောင်းမထုတ်သင့်ပေဘူးလား။ မထွက်မချင်း မောင်းထုတ်ဖို့ ကြိုးပမ်းနေရမည်ကား မြန်မာ အားလုံး၏ တာဝန်တစ်ရပ် ဖြစ်၍နေပေပြီ။

(၄) နအဖ

ရွှေစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံမှ ၁၇ ဘီလီယံအား နအဖတို့ ရရှိမည်ဖြစ်ပါသည်။ နအဖတို့၏ မသမာမှုများအားပြောရလျှင် စာဖွဲ့၍မကုန်နိုင်ပါသောကြောင့် ဤဆောင်းပါးတွင် ပြောမနေတော့ပါ။ တစ်ခုပဲ ဆုတောင်းမိပါသည်။ "ဤဘီလီယံ ဒေါ်လာများသည် စိန်များအဖြစ်သို့မပြောင်းဘဲ ဆေးရုံများ၊ စာသင်ကျောင်း များအဖြစ်သို့ ပြောင်းလဲခွင့်ရပါစေ" ဟူ၍ ...။ ဆုတောင်း၍သာ နေရပေမယ့်လည်း သေချာနေသည်ကတော့ နအဖဆွေမျိုးသားချင်းများ၏ တိုက်တာအိုးအိမ်များ၊ စိန်ရွှေရတနာများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်မှာ မြေခတ်မလွဲ ဖြစ်နေလေတော့ ...။

သို့ဖြစ်ရာ အနှစ်ချုပ် ဆိုရသော်ကား ...

'ဒေဝူး မြန်မာပြည်က ထွက်သွား'

ခင်မမမျိုး (နိုဝင်ဘာ၊ ၂၀၀၆)
(www.khinmamamyo.blogspot.com မှ ကူးယူဖော်ပြပါသည်)

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Freedom For All] 1 New Entry: အစမ်းသေ

အစမ်းသေ


ရှေးရှေးတုန်းက ဘာမင်းကြီးဆိုလားပဲ။ သူ့ရဲ့ hair stylist က သူ့ဆီပို့လိုက်တဲ့ SMS လဲရပြီးရော "အော်၊ သေမင်းတောင် အလံဖြူလာစိုက်ပါကရောလား"လို့ သတိသံဝေဂရပြီး ထီးနန်းလွှဲ၊ တောခို ပြည်ပြေးလုပ်....အဲ့...တောရိပ်ခိုပြီး တရားဘာဝနာအားထုတ်တော်မူတယ်တဲ့။


ဟိုတရက်က မှန်ရှေ့မှာ ခေါင်းဖြီးနေတုန်း (အတိအကျပြောရရင် ဘီးကိုကိုင် ခေါင်းပေါ် လေးငါးချက်ဝဲလိုက်တာပါ။ ဘီးကမှန်တင်ခုံပေါ်မှာမို့ မှန်ရှေ့ရောက်ရတာပါ။ တသက်လုံးဖြီးလာတဲ့ခေါင်း မှန်ကြည့်ဖြီးမှ ဖြစ်တာမဟုတ်ပါဘူး။ မိန်းခလေးတွေကတော့ မှတ်ဥာဏ်မကောင်းရှာဘူးထင်တယ်။ ခေါင်းဖြီးရင် မှန်ကို တနာရီလောက်ကြည့်ပြီးဖြီးမှ ပြီးတာကိုး) အမှတ်မထင် သေမင်းရဲ့ အလံဖြူကိုတွေ့လိုက်ရတော့ တော်တော် တုန်လှုပ်သွားတယ်ခင်ဗျ။ စိတ်ကို ငြိမ်ငြိမ်ထားပြီး သေသေချာချာကြည့်တော့မှ စိတ်သက်သာရာရသွားတော့တယ်။ အလကား၊ သေမင်းက ချစ်လို့ လာစတာနေမှာ။ အလံဖြူလာစိုက်တာ နေရာမှားနေတယ်လေ။ နောက်ပြီး ပြောင်းပြန်ကြီးလာစိုက် သွားတယ်။ ခေါင်းမှာစိုက်ရမှာကို မေးစေ့မှာ လာစိုက်သွားလေရဲ့။

သိတ်တော့ စိတ်မချရဘူးပေါ့ဗျာ။ ခေါင်းမှာ အလံဖြူစိုက်စရာ နေရာလွတ်မရှိတော့လို့ စိတ်ပေါက်ပေါက်နဲ့ ရတဲ့နေရာ စိုက်သွားတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။ တခေါင်းလုံးလဲ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်သွားတာ ထုံးဗူးမှောက်ကျထားသလား မှတ်ရတယ်မဟုတ်လား။ အလံဖြူစတွေ့ကထဲက သံဝေဂရရင် ခုလောက်ဆို ဈာန်တွေ ဘာတွေတောင် ပျံနိုင်နေလောက်ပြီကိုး။ တရားမရသေးလို့ ဘလော့ဂ်နေတာ မဟုတ်လား။ အေးလေ ဘယ်လိုပဲဖြစ်ဖြစ် မလိုလဲ၊ လိုလဲ တကယ်လို့ သေရတော့မယ်ဆိုရင် မသေခင် ဘာလုပ်မလဲလို့တော့ စဉ်းစားထားအုန်းမှ။

ဘာစလုပ်ရမလဲဆိုတော့ "ဖြစ်ချင်တာတွေရယ်၊ ဖြစ်သင့်တာတွေရယ်၊ ဖြစ်နိုင်တာတွေရယ်" တန်းစီရောက်လာတာပဲ။ လက်တွေ့ကျကျ "ဖြစ်နိုင်တာတွေ" ပဲ စလုပ်ရမှာပေါ့နော။

ပထမဆုံးလုပ်မှာကတော့ ရှိစုမဲ့စုနဲ့ ၀ယ်ထားပြီး ဟိုတရွက်၊ ဒီတအုပ် ပြန့်ကျဲနေတဲ့ အာမခံပေါ်လစီလေးတွေ တစစီလိုက်ကောက်ရမှာပေါ့။ Celebrity တွေလိုတော့ ခြေသလုံးမွှေးအာမခံတို့၊ လက်သည်းအာမခံတို့ ဘယ်ဟုတ်မလဲ။ မတော်တဆထိခိုက်မှုအာမခံ (မကြည်တဲ့သူ များတယ်မဟုတ်လား။ ချောင်းရိုက်ခံရရင် အာမခံရအောင် လုပ်ထားရတာ။ ဘောင်ဝင်အောင်တော့ လိမ်သင့်လိမ်ရမှာပေါ့လေ)၊ နာမကျန်းအာမခံတို့လောက်တင်ပါ။ ကျန်ရစ်မဲ့သူတွေကို ပေးသင့်တာပေး၊ လွှဲသင့်တာလွှဲ၊ မှာသင့်တာမှာ လုပ်ရဦးမယ်။ တခြားတော့ မှာစရာ ကြီးကြီးကျယ်ကျယ်မရှိပါဘူး။ "အာမခံက ရတာကို ကြွေးဆပ်လိုက်" လို့ မှာလိုက်ရင် လုံလောက်တာပါပဲ။

မသေခင် ရဟန်းခံသွားချင်သေးတာ။ ဒါပေမဲ့ ရဟန်းခံဖို့ကိစ္စကိုတော့ "ဖြစ်ချင်တာ"ဆိုတဲ့ စာရင်းထဲပဲထည့်ထားရတော့ မှာပဲ။ စလုံးမှာ ရဟန်းခံလို့တော့ဖြစ်ပါတယ်။ ရန်ကုန်ပြန်ပြီး မိဘဆွေမျိုးတွေနဲ့လဲ နောက်ဆုံးတွေ့ချင်သေးတယ်။ ဆိုတော့ကာ ရွှေခေါင်းပြောင်ပြောင်နဲ့ မြန်မာပြည်ပြန်ဝင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ တော်ကြာ ပြောင်ပြောင်လေးကို ဆီးကြိုခေါ်ဆောင် ကျွေးမွေးချင်တဲ့ အမည်မသိတွေ ပေါ်လာရင် ဒုက္ခမဟုတ်လား။ ရန်ကုန်ရောက်မှ ရဟန်းခံဖို့တော့ မစဉ်းစားနဲ့။ ဘုန်းဘုန်းတို့ကို အလကားဒုက္ခသွားပေးသလိုဖြစ်နေမယ်။ ဘုန်းကြီး ၅ပါး ဆွမ်းကပ်ချင်တာတို့၊ သိမ်ဝင်ဖို့တို့ အခက်အခဲရှိတယ်။ ၅ပါးနှင့်အထက် မစုဝေးရဆိုတဲ့ ပုဒ်ထီးလဲမဟုတ်၊ ပုဒ်မလဲမဟုတ်တဲ့ လိုရာဆွဲသုံးနေတဲ့ နှစ်ဖက်ချွန် ပုဒ်အခြောက်နဲ့ တွေ့သွားမယ်။ ရသေ့စိတ်ဖြေအနေနဲ့ ၀တ်ဖြူစင်ကြယ်ဝတ်ပြီး ဖိုးသူတော်လုပ်နေဖို့ကလဲ မဖြစ်ပြန်ဘူး။ တော်ကြာ အဖြူဝတ်တယ်ဆိုပြီး ၆၅နှစ်စာရင်းထဲ ထည့်နေအုန်းမယ်။

ရွှေတိဂုံစေတီတော်ကြီးလဲ ဖူးချင်သေးတာပေါ့။ သာသနာရောင်ဝါ ထွန်းလင်းတောက်ပနေတဲ့ ခေတ်ကာလကြီးဆိုတော့ ဘုရားစေတီပုထိုးတွေကို ပိတ်မထားရင်တော့ ဖူးရမှာပဲ။ ကံပေါ့လေ။ ကြားဘူးတယ်မဟုတ်လား။ အကုသိုလ်သိတ်ကြီးတဲ့သူတွေဆို ဘုရားစေတီပုရ၀ုန်ရောက်တာတောင် ဘုရားစေတီတွေကို မမြင်ရဘူးတဲ့။ ကလူသစ်ကတော့ အဲ့လောက် အကုသိုလ်ကြီးတာ မလုပ်ဖူးခဲ့ပါဘူး။ ဒါပေမဲ့ ဘုရားစေတီတွေကို မဖူးရဘူးဆိုရင်တော့ ငရဲသားတွေ၊ ပြိတ္တာတွေက ကွယ်ထားလို့ပဲဖြစ်မယ်။

Tag ဗေဒင်အရ သေမဲ့နေ့မှာတော့ စိတ်အေးအေးချမ်းချမ်းလေးနေချင်တယ်။ အဲ့ဒီနေ့ကျရင် Ipod လေးနဲ့ ဘီယာတကဒ်လောက်ဆွဲ၊ အာလူးကြော်တထုပ်လောက်နဲ့ စိတ်အေးလက်အေးဖြစ်နိုင်တဲ့ နေရာကို သွားမယ်။ Ipod ထဲက မျိုးကြော့မြိုင်ရဲ့ "လူဖြစ်ရတဲ့ ဒုက္ခ" သီချင်းကိုတော့ ဖျက်ထားရမှာပေါ့။ တော်ကြာစောင်းဆိုတယ်ထင်လို့ ပုဒ်အခြောက်နဲ့ မရအရလိုက်ဆွဲနေအုန်းမယ်။ အေးအေးဆေးဆေးနေရာဆိုတာက ဆိုပါစို့၊ ကွင်းပြင်ကျယ်ကျယ်မှာ သစ်ပင်ထီးထီးတပင်ရှိမယ်။ စမ်းချောင်းလေးလဲရှိချင် ရှိမယ်။ မြက်ခင်းစိမ်းစိမ်းလေးတွေ ရှိမယ်။ မြက်တွေက ခုမှ ပေါက်ခါစ အသစ်စက်စက် စိမ်းစိမ်းလန်းလန်းကြီး ဖြစ်စရာမလိုပါဘူး။ မြက်ခင်းသစ်က နွားပေါတယ်မဟုတ်လား။ မျက်စိနောက်လို့။ တော်ရုံတန်ရုံ မြက်ခင်းလေးဆိုရပြီ။ အဲ့လိုနေရာမျိုးမှာ စိတ်လွတ်လက်လွတ်အေးဆေး ထိုင်နေမယ်ဗျာ။

ယောက်ဖကိုတော့ ညနေကျရင် လာကြိုဖို့ မှာထားတယ်။ ဟုတ်တယ်လေ။ စိတ်ကူးနဲ့ အစမ်းသေကြည့်တာမဟုတ်လား။ တကယ်မသေမချင်းထိုင်နေလို့မှ မဖြစ်တာ။ မနက်ဖြန်လေဆိပ်ဆင်းဖို့ ပစ္စည်းတွေ သိမ်းရအုန်းမယ်။ ပြန်မှဖြစ်မှာ ခွင့်က သိတ်ရတာမဟုတ်ဘူး။




You received this email because you are subscribed to the real_time feed for http://luthit.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 1 New Entry: ယုံကြည်မှု

ယုံကြည်မှု

အကြွင်းမဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရတာလောက်............................

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[နှလုံးသားရပ်ဝန်းမှ အသံများ...။] 1 New Entry: Shan New Year Celebration Concert in Singapore (2008)

Shan New Year Celebration Concert in Singapore (2008)






ဘလော့ဂ်ဖတ်လာ မိတ်သဟာ အပေါင်းတို့ခင်ဗျား။
အရင်က ဒီပို့စ်မှာ ရေးဖူးခဲ့သလိုပဲ စင်ကာပူပေါ်က အဝေးရောက် ရှမ်းမိသားစုများရဲ့ ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို အခုလ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်...။
ကျင်းပမဲ့ နေရာကတော့ လာဗဲန်းဒါး ဘူတာကနေ တစ်ဆင့် သွားရတဲ့ ဖူချောင်းခန်းမ မှာ ဖြစ်ပါတယ်။


ရှမ်းရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ဖေါ်ကျူးတဲ့ အကများ၊ ရှမ်းပျိုဖြူများရဲ့ လှပကျော့ရှင်းတဲ့ ကကြိုး၊ ကဟန်၊ ကကွက်များ၊ အိုးစည်ဗုံမောင်းသံ တစ်ညံညံနဲ့ ဓါးသိုင်းအကများ၊ တိုးနယားအကများ၊ ကိန္နရီ ကိန္နရာ ငှက်မောင်နှံ အကများ နဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။


ရွှေပွဲလာ ဧည့်ပရိသတ်များအတွက် ရှမ်းအမျိုးသားတို့ရဲ့ အစားအသောက်များနဲ့ တည်ခင်းဧည့်ခံပါဦးမယ်။
အနုပညာကို ၀ါသနာ ထုံသူများအတွက် ယခုနှစ် အထူးအစီအစဉ် အဖြစ် နာမည်ကြီးအဆိုတော် တင့်တင့်ထွန်းကို အထူးဖိတ်ကြားထားပါတယ်။
ရှမ်းသီချင်းသံကိုမှ နားဆင်ချင်ပါတ်ယလို့ ဆိုလာသူများအတွက်လည်း လစ်ဟာမှု မရှိရလေအောင် အဆိုတော် စိုင်းထီးဆိုင်ရဲ့ ညီအရင်း ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းအောင်ထီးခမ်းကိုလဲ ဖိတ်ခေါ်ထားပါတယ်...။
ကိုထီးအလွမ်းပြေ သီချင်းများကို စိုင်းအောင်ထီးခမ်းမှ လာရောက်ဖျော်ဖြေပေးပါဦးမယ်...။




တစ်နှစ်မှ တစ်ခါသာ ကျင်းပတဲ့ ဒီပွဲတော်ကို စင်ကာပူရောက် ရှမ်းမိသားစု၊ မောင်မယ်များမှ ၀ိုင်းဝန်းအကောင်အထည်ကြတဲ့ ဒီပွဲကို တက်ဖြစ်အောင် တက်လိုက်ကြပါ။
အမြတ်အစွန်းကို မဓါန မထားတဲ့ ပွဲပါ။
ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့ ပွဲမို့ လာရောက်အားပေးကြပါ...။

လက်မှတ်များကို ပွဲတော်ည အထိ ရောင်းချသွားပါမယ်....
လက်မှတ် တန်ဖိုးကတော့ SGD 30 နဲ့ 40 အသီးသီး ဖြစ်ပါတယ်။
လက်မှတ်များ ရရှိနိုင်တဲ့ နေရာကတော့ ပင်နီစူလားပလာဇာက ရှမ်းတောင်တန်း၊ လွိုင်ဟိန်း နဲ့ နီးစပ်ရာ ရှမ်းအမျိုးသား မိတ်ဆွေ အပေါင်းအသင်းများထံမှ ၀ယ်ယူရရှိနိုင်ပါတယ်...။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် (စနေနေ့) ညနေ ၅ နာရီမှာ စတင်ပါလိမ့်မယ်...။
ခုံနေရာများကို ဦးရာလူစံနစ် စီစဉ်ပေးထားတဲ့အတွက် နေရာကောင်းရရန် စောစောကြွပါ...။

အသေးစိတ် ဖတ်ချင်ရင်တော့ ဒီပို့စ်မှာ တင်ထားပါတယ် ခင်ဗျား...။

ပွဲတော်ညမှ ဆုံတွေ့ကြပါစို့။

You received this email because you are subscribed to the real_time feed for http://heartstations.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Ywar Thar Lay (YTU)] 1 New Entry: လွန်ဆွဲပွဲ

လွန်ဆွဲပွဲ




မိုးခေါင်ရင်လည်း လွန်ဆွဲရတယ်တဲ့။ ဒါပေမယ့် ကျနော်ကြုံရတဲ့ လွန်ဆွဲပွဲကတော့ စက်ရုံမိသားစုပျော်ပွဲရွှင်ပွဲပါ။ သူ့ဘက်ကိုယ့်ဘက် အပြိုင်ဆွဲကြသလို တဖက်နဲ့တဖက် စည်းဝိုင်းအပြင်မှာလဲ ဆွဲနေကြသလို…..

ရပ်ကွက်အလိုက်ဆွဲကြတဲ့ပွဲ။ ကြိုးတန်း အတုတ်ကြီးကို အလယ်မှာ အပြိုင်ဆွဲကြတဲ့ပွဲ။ နေမထွက်သေးပင်မယ့် ချွေးအပြိုင်ကျတဲ့ ပွဲ။ အ၀ဆုံး အားအသန်ဆုံးတွေက ဟိုးနောက်ဆုံးမှာနေ ပြီးတော့ ခါးမှာကြိုးကိုချည်ပြီး ခါးပြတ်မတတ်ဆွဲ နောက်ပြန်ပြေးတော့တာ။ အရှေ့ကလူတွေက ကော စည်းတစ်ဖက်မကျော်အောင် လက်နှစ်ဖက်ပွန်း တရွတ်တိုက်ပါသည်အထိ ခြေကန်ဆွဲကြရတာကိုး။ အသံမျိုးစုံထွက်လျက်က အားမာန်တင်းရင်း အနိုင်အရှုံးဆိုတာအတွက် နင်းကန်ကြိုးစားကြတဲ့ပွဲပါ။

လွန်ဆွဲပွဲက ပွဲအတွင်းမှာတင်မဟုတ်။ ပွဲအပြင်မှာပါ အားလုံးက တပြုံတမ တက်တက်ကြွကြွ။ ဟေးဟစ်သံတွေကလည်း အထက်တက်အောင် ဆူတော့တာ။ အထဲကဆွဲနေတဲ့ သူတွေကို အားမရလို့ ကိုယ်တိုင်တောင်ဝင်ဆွဲမလား ထင်ရအောင် ကြိုးနားကိုကပ်ကပ်သွားကြလို့ ဒိုင်တွေက ထိုင်ခုံရှည်ပေါ်ကနေအော်နေရသည်အထိ။ ဆိုင်ရာဆိုင်ရာ ဇနီးမယား သမီးသားတွေကလည်း ပင်ပန်းနေကြတာကိုတွေ့ပါလျက် ကြိုးစားအားတင်းဖို့ ပြောနေမိကြတယ်။ တကယ်တမ်းတော့ သူတို့အဖေပင်ပန်းနေပြီလေ။

လွန်ဆွဲပွဲမှာ ဒိုင်ပွဲရပ်မရှိသလို တကယ့်အကြိတ်အနယ်ယှဉ်ပြိုင်ကြတဲ့ပွဲ။ နိုင်သူရုံးသူနှစ်ဖက်လုံး ခြေကုန်လက်ပမ်းကြအောင် ကြိုးစားကြရတာလေ။ ကိုယ်ခန္ဓာပင်ပန်းမှု တင်မဟုတ်ပဲ စိတ်တွေပါ ပါဝင်ပင်ပန်းနိုင်တဲ့ပွဲမျိုးပါ။

အနိုင်အရှုံးတစ်ခုကို စက္ကန့်ပိုင်းအတွင်း လူတစ်ယောက်ရဲ့ ချွတ်ချော်မှုတစ်ခု သက်လုံတွေအပေါ်မှာ ဆုံးဖြတ်စေတဲ့ပွဲပါ။ အားလုံးကြိုးစားသမျှတွေဟာ အနိုင်ဖြစ်မလား အရှုံးဖြစ်မလား ဘယ်သူမှမခန့်မှန်းနိုင်။ ဘေးကရပ်ကြည့်သူတစ်ယောက်အနေနဲ့ အားမလိုအားမရမှုတွေဖြစ်နေတတ်တာမျိုးလေ။ ဘောလုံးပွဲကို ပွဲကြည့်သူတစ်ယောက်အနေနဲ့ ကိုယ်တိုင်ဝင်ကန်ရတာမဟုတ်ပဲ လွယ်လွယ်ဝေဖန်ရသလိုမျိုး။

ကျနော်တို့ရဲ့ဘ၀တွေကော။ လွန်ဆွဲပွဲနဲ့တူတယ်လို့မထင်ဘူးလားဗျာ။ ကိုယ်တိုင်တော့အားသွန်ခွန်စိုက်ကြိုးစားနေတာပါပဲ။ ဒါပေမယ့် အနာဂါတ်ဆိုတဲ့ အရှုံးအနိုင်ကို ဘယ်သူမှသိကြတာမှ မဟုတ်တာ။ တစ်ခါတစ်ခါ အလဲလဲအပြိုပြိုဖြစ်တိုင်း ဘေးနားက ချစ်ခင်ရင်းနှီးတဲ့သူတွေက ၀ိုင်းဝန်းအားပေးကြတယ်။ တစ်ခါတစ်လေကဲ့ရဲ့ အပြစ်တင်ကြတယ်။ အားမလိုအားမရတွေလည်း ခဏခဏဖြစ်တတ်ကြတယ်။ ကျနော်လည်း အဲလိုမျိုးဖြစ်ဖူးပါတယ်။ နှစ်နေရာလုံးမှာကို ဖြစ်ခဲ့ဖူးတာပါ။

အခုထိတော့ ကိုယ်ကိုတိုင်လည်း ဘ၀ဆိုတဲ့လွန်ဆွဲပွဲကို စောစောအရှုံးပေးရင်ကောင်းမလား နိုင်အောင်ပဲဆက်ကြိုးစားရမလား ဝေခွဲမရသေးပါဘူးဗျာ။ လက်ကနေကြိုးလွတ်ထွက်မသွားခင်အထိပေါ့…………

You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[The colors and the shapes] 1 New Entry: her in lomo

her in lomo


her in lomo, originally uploaded by Maung Maung aka Mexx.

just playing with lomo look.
graded in Lightroom.

You received this email because you are subscribed to the real_time feed for http://mgmg74.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Laminkhin] 1 New Entry: အငိုဒုက္ခ တိုင်းပြည်

အငိုဒုက္ခ တိုင်းပြည်

လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။

တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။

သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။

သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။

ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။

အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။

သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။

တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။

ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။

ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။

ကောင်းကင်ကို

ရေးသားတင်ပြသူ zawlay at

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 3 New Entries: မြန်မာပြည် ကုန်ဈေးနှုန်း အခြေအနေ

မြန်မာပြည် ကုန်ဈေးနှုန်း အခြေအနေ


-လင်းလင်း ( လသာ)-

မြန်မာပြည် ကုန်ဈေးနှုန်း အခြေအနေ တွေနဲ့ ပက်သက်တဲ့ သတင်းအချက်အလက် တွေပါ။ ပြည်တွင်း က
မလင်းလင်း (လသာ) ဆိုသူ ကျွန်တော်တို့ကို ပေးပို့ထားတာပါ။ ကျွန်နော် တို့ ဘလောက်ဂ် စာမျက်နှာကို အမြဲဖတ်ရှု့ နေတယ်ဆိုတဲ့ မလင်းလင်းကို အထူးကျေးဇူး တင်ရှိပါတယ်။ ထင်ထင်ရှားရှားဖတ်ရှု့ လိုလျှင် ပုံကို ကလစ်လုပ်ပါ။ ဖော်ပြပါ ဈေးနှုန်းများမှာ ဈေးကွက်အတွင်းမှ ကောက်ယူထားခြင်း ဖြစ်ပါတယ်။ အချိန်နှင့်အမျှ ဈေးနှုန်း ပြောင်းလဲနိုင်ပါသည်။
























စကော့တလန်ရောက် ကမ္ဘာ့ဘော်လုံးသမားတွေရဲ့အချစ်တော် မာရာဒိုနာ

၁၉၈၆ ခုနှစ်ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲမှာ
အင်္ဂလန်ဘော်လုံးဝါသနာအိုးတွေ အသည်းနာ ခဲ့ရတဲ့ ဂိုးကိုသွင်းသွားသူ
ကမ္ဘာ့ဘော်လုံးသမားတွေရဲ့ အချစ်တော် မာရာဒိုနာ

-ကိုဖိုးထောင် ( ဖ.ဆ.ပ.လ)-

ကမ္ဘာ့ဘော်လုံးသမားတွေရဲ့အချစ်တော် နာမည်ကျော် အာဂျင်တီးနား ဘော်လုံးသမားကြီး မာရာဒိုနာဟာ အာဂျင်တီးနားဘော်လုံးနည်းပြအဖြစ် စကော့တလန်ကို ရောက်ရှိနေပါတယ်။ သူဟာ နည်းပြဆရာ တဦးအဖြစ် အာဂျင်တီနားဘော်လုံးအသင်းကို သူ့ရဲ့ပွဲဦးထွက် နည်းပြ တဦးအဖြစ် ကြီးကြပ် အုပ်ချုပ် သွားမှာပါ။ မာရာဒိုနာဟာ အင်္ဂလန်ကို ၂ဂိုး ၁ဂိုး အနိုင်ရရှိတဲ့ ၁၉၈၆ ခုနှစ်ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲမှာ အနိုင်ဂိုးတွေကို သွင်းယူသွားခဲ့တယ်။ သူသွင်းယူခဲ့တဲ့ ပထမဂိုးဟာ လက်နဲ့ ပုပ် သွင်းယူ သွားတာကြောင့်၊ အင်္ဂလန်ဘော်လုံး အသင်းကစားသမားဟောင်းတွေနဲ့ အားပေး သူတွေ အတွက် အတော့်ကို စိတ်နာပြီး ဝေဖန်မှုတွေကို ဒီနေ့ထိတိုင် ပြုလုပ်နေဆဲပါ။ အင်္ဂလန်သင်းကို အားပေးခဲ့တဲ့ သူတွေနဲ့၊ တချို့ အင်္ဂလန်နိုင်ငံ သားတွေက မာရာဒိုနာဟာ ဒီပွဲမှာ လိမ်လည် လှည့်ဖျားမှု သုံးခဲ့၍သာ နိုင်ခဲ့ခြင်းဖြစ်တယ်လို့ စွပ်စွဲနေတုန်းပါ။ အင်္ဂလန်ဘော်လုံးဝါသနာအိုးတွေ ကတော့ ၁၉၈၆ ခုနှစ်တုန်းက သူတို့ရှုံးနိမ့်သွားခဲ့လို့ ကမ္ဘာ့ ဘော်လုံးဘုရင်ကြီး မာရာဒိုနာ ကို အခုထိ အသည်းနာ နေတုန်းပါ။

သူကတော့ ဒီလို ဝေဖန်စွပ်စွဲမှုတွေကို ဂရုစိုက်မှာမဟုတ်ဘူး၊ ဒိုင်သူကြီးရဲ့ အဆုံးအဖြတ် သာဖြစ်တယ် လို့ စကော့တလန်မှာရောက်နေစဉ် ပြန်လည်ချေပခဲ့တယ်။ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲမှာ အချိန်ပို ကစားစဉ်၌ အင်္ဂလန်က ဂျာမဏီကို ၄ဂိုး ၂ဂိုးနဲ့ နိုင်ခဲ့တယ်။ ဒီပွဲတုန်းကလည်း အင်္ဂလန်က သွင်းတဲ့ဂိုးဟာ စည်းမကျော်သော်လည်း ဂိုးပေးခံ ခဲ့ရတာရည်ညွှန်းပြီး၊ သူအပေါ်စွပ် စွဲမှုတွေကို ပြန်လည်ချေပ ပြောဆိုသွားတယ်။

သူကတော့ အနိုင်ဂိုးသွင်းခဲ့တဲ့ သူ့ရဲ့လက်ကို ဘုရားသခင်ရဲ့လက်လို့ တင်စားပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဟာသနော ပြောဆိုသွားတယ်။ သူဟာသကို ကြိုက်ပြီး ရည်မော်သူတွေရှိပေမဲ့၊ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲမှာ အင်္ဂလန် နောက်တန်းက ကစားခဲ့တဲ့ လက်ရှိ စကော့တလန် ဘော်လုံးအသင်း လက်ထောက်မန်နေဂျာ တယ်ရီဘုချာ တယောက် မပါ ပါဘူး။ တယ်ရီ ဘုချာ ကတော့ သူဟာ ပြိုင်ပွဲကစားရင် လက်ဆွဲတောင် မနုတ်ဆက်ဘူးလို့ နာနာကျည်းကျည်း ပြောဆိုနေတယ်။ မရာဒိုနာ ကတော့ တယ်ရီဘုချာ တယောက် ဘာလို့ ဒီလောက် တောင် အခုထိ နာကျည်းပြီး သူကိုစိတ်ဆိုးနေတာလည်း ဆိုတာ မစဉ်းစား တက်အောင်ဘဲ ဗျာ လို့ ပြောပြီး၊ သူကလည်း လိုက်ရှာပြီး နုတ်ဆက်မှာမဟုတ်ဘူး လို့ ပွင့်ပွင့်လင်းလင်းဘဲ သတင်းစာရှင်းလင်းပွဲ မှာပြောဆိုခဲ့တယ်။ သူ့ကို တယ်ရီဘုချာ ဘယ်လိုဘဲ စိတ်နာနာနေနေ၊ သူကတော့ အိပ် ကောင်း စားကောင်း နဲ့ ဘ၀ကို ပျော်ရွှင်စွာ နေထိုင်နေပါတယ်လို့ မထိတထိ နောက်ပြောင် သွားတယ်။

၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲမှာ အာဂျင်တီးနား နှင့် အင်္ဂလန် နှစ်နိုင်ငံ ဘော်လုံးအသင်း ယှဉ်ပြိုင်ခဲ့မှုဟာ ဖော်ကလန်စစ်ပွဲကြောင့် တကမ္ဘာလုံးက စိတ်ဝင်တစား ရှိခဲ့သလို၊ ဘော်လုံးဝါသနာအိုးတွေ အတွက် ဒီနေ့ထိ မေ့မရနိုင်တဲ့ သမိုင်းဝင် ဘော်လုံပွဲ တပွဲ ဖြစ်ခဲ့ရတယ်။ ဖော်ကလန်ကျွန်းကို သူပိုင်ကိုယ်ပိုင် ကျေညာပြီး ၁၉၈၂ ခုနှစ်မှာ အာဂျင်တီးနား နှင့် အင်္ဂလန် တို့စစ်ပွဲ ဖြစ်ပွားခဲ့တယ်။ အင်္ဂလန်ဘော်လုံး အသင်းအား ပေးနေကြတဲ့ ပွဲကြည့် ပရိတ်သတ်တွေကတော့ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲမှာ အာဂျင်တီးနား ကို ရှုံးနိမ့်သွားမှုအပေါ် အခုထိ မခံမရပ်နိုင် ဖြစ်နေတုန်းပါဘဲ။ အင်္ဂလန်နိုင်ငံ ဘော်လုံးဝါသနာအိုး တွေ ဘော်လုံးဘုရင်တဦးလည်းဖြစ်၊ ကမ္ဘာ့ဘော်လုံးသမားတွေရဲ့ အချစ်တော်လည်းဖြစ်တဲ့ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲ ရဲ့ အာဂျင်တီးနားအသင်း ခေါင်းဆောင် ဒစ်ကိုမာရာဒိုနာ ကို ကြိုဆိုလိုက်ပုံ တွေကို ကမ္ဘာ့သတင်းစာတွေထဲမှာ ဝေေ၀ ဆာဆာ ဖော်ပြနေပါတယ်။


န၀တ နွားကို ပလာတာ ကျွေးနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ


UN Press

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: BVA (Fortwayne) တည်ထောင်ခြင်း

BVA (Fortwayne) တည်ထောင်ခြင်း

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညီလင်းသစ်] 1 New Entry: Autumn

Autumn


Autumn (1)
IMG_1311a
Focal length 36 mm
Exposure 1/125
Aperture f/10
ISO 100


Autumn (2)
IMG_1318a
Focal length 55 mm
Exposure 1/200
Aperture f/10
ISO 100


Autumn (3)
IMG_1308a
Focal length 42 mm
Exposure 1/50
Aperture f/5
ISO 200


Autumn (4)
IMG_1286a
Focal length 47 mm
Exposure 1/100
Aperture f/8
ISO 400


Autumn (5)
IMG_1305a
Focal length 55 mm
Exposure 1/40
Aperture f/5.6
ISO 200


Autumn (6)
IMG_1324a
Focal length 53 mm
Exposure 1/125
Aperture f/8
ISO 100

You received this email because you are subscribed to the real_time feed for http://nyilinnthit.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[EverGreen] 1 New Entry: ပန်းနွေဦး ..။

ပန်းနွေဦး ..။

You received this email because you are subscribed to the real_time feed for http://www.nnai.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[See And Be Seen] 2 New Entries: ပေါ့ပေါ့ပါးပါး ရယ်မောမိသောနေ့တစ်နေ့

ပေါ့ပေါ့ပါးပါး ရယ်မောမိသောနေ့တစ်နေ့


မနေ့တုန်းက ရုံးမှာ စာသင်နှစ်ကုန်ပြီဖြစ်လို့ ဆရာ၊ ဆရာမတွေ အားလုံးကို စိတ်လက်ပေါ့ပါးပြီး တစ်နှစ်တာ ပင်ပန်းခဲ့သမျှ ကစားနည်းလေးတစ်ခုအမောပြေ ကစားစေပါတယ်။ ၀န်ထမ်းအားလုံးရဲ့ ကားတွေကို သုံးပြီး အုပ်စုလိုက် ပျော်ပျော်ပါးပါး ကားမောင်းရင်း ကစားကြရတာပါ။ ကားပေါင်း ၂၂ စီးနဲ့ လူပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ ကစားနည်းပါ။

ပထမဆုံးကိုယ့်ရဲ့ Group ကို ကိုယ်စားပြုမယ့် အလံအရင်လုပ်ရတာပါ။ Canvas တွေ၊ ဖောင်တိန်မျိုးစုံ၊ ရောင်စုံ၊ ကော်၊ ဖဲပြားအကုန်လုံး ပေးထားတာပါ။ ၁၅ မိနစ်အတွင်းကြိုက်နှစ်သက်သလို Design လုပ်ရတာပါ။ အဲဒီအလံကို ကားပေါ်တင်ယူသွားရတာပါ။ ကားတွေထွက်ခါနီးမှာ စီစဉ်သူတွေက ၃ ချက်မှာလိုက်ပါတယ်။
- မေးနိုင်သမျှမေးပါ။
- Emergency Case ကလွဲရင် ဒိုင်တွေကို ဖုန်းမခေါ်နဲ့
- ဆုက Million Dollars မဟုတ်တဲ့အတွက် Safety က အရေးကြီးဆုံးပါပဲ။











ဆုံမှတ် (စင်္ကာပူအရှေ့စွန်း) ကနေကားတွေအားလုံးကို မနက် ၁၀ နာရီ တိတိမှာ File လေးတစ်ခုရယ်၊ ၂၈ ဒေါ်လာရယ် ပေးပြီး လွှတ်လိုက်တာပါ။ ၂ နာရီခွဲအတွင်း သက်မှတ်ထားတဲ့ နေရာကို ပြန်ရောက်ကြရမှာဖြစ်ပြီး File ထဲမှာပါတဲ့ ညွှန်ကြားချက်တွေ အကုန်ယူလာနိုင်ရမှာပါ။ ထည့်ပေးလိုက်တဲ့ ၂၈ ဒေါ်လာထဲက ၂၀ က ဓါတ်ဆီဖိုးဖြစ်ပြီး ၈ ဒေါ်လာက လိုအပ်တာတွေ ၀ယ်ဘို့ပါ။ အများဆုံး ငွေပြန်အမ်းနိုင်တာကလည်း Point တွေနဲ့ အမှတ်ပေးတဲ့ထဲမှာ ပါပါတယ်။

သွားရမယ့် နေရာတွေကတော့ စင်္ကာပူ အနောက်ပိုင်းက နွားခြံတစ်ခုရယ်၊ ငါးမွေးကန်ရယ်၊ နောက်ပြီး Bukit Timah Nature Reserve ရယ်၊ Little India ရယ်၊ နောက်တစ်ခုကတော့ ဓါတ်ပုံပေးထားပြီး လိုက်ရှာခိုင်းထားတဲ့ နေရာလေးတစ်ခုရယ်ပါ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကြိုက်သလိုသွားနိုင်ပြီး ၂ နာရီခွဲအတွင်းပြန်ရောက်ပြီး ပစ္စည်းအားလုံးယူလာနိုင်တဲ့ အဖွဲ့က နိုင်တာပါပဲ။ သွားရမယ့် လိပ်စာတွေကလည်း အတိအကျမပေးထားပါဘူး။ သဲလွန်စတွေနဲ့ နာမည်တွေပဲ ပေးထားတာပါ။ ကိုယ်တို့အဖွဲ့က ယောင်္ကျားလေး (၃) ယောက်၊ မိန်းကလေး (၂) ယောက်ပါ။ ကားမှာ ကိုယ့် Group ရဲ့ နံပါတ် စတစ်ကာ ကပ်ရပါတယ်။ တစ်ယောက်က Driver ၊ တစ်ယောက်က မြေပုံလမ်းညွှန်တဲ့လူ၊ နောက် (၃) ယောက် သက်ဆိုင်ရာ Check Point တွေမှာ ပြေးလွှားလှုပ်ရှားဖို့ပါ။

ကားပေါ်တက်လိုက်တာနဲ့ မြေပုံအညွှန်းကိုင်တဲ့လူက Driver အတွက် GPS ကို အရင်ဖွင့်လိုက်တယ်။ ကျန်တဲ့လူတစ်ယောက်က ဖုန်းထဲက အင်တာနက်မှာ ငါးဆိုင်နာမည်ရိုက်ထည့်ပြီး Confirm လုပ်တယ်။ GPS ပြတဲ့အတိုင်းသွားရင် ကြာချင်ကြာနေမှာစိုးလို့ မြေပုံရှာပြီးကြည့်တယ်။ ကျန်တဲ့လူတစ်ယောက်က Yellow Pages မှာရှာတယ်။ အားလုံး Data ရှာတွေ့ပြီး အနီးဆုံးလမ်းကို သိတဲ့ အချိန်မှာ ကားအရှိန်ကလည်း ၁၂၀ ကီလိုမီတာ နှုန်းနဲ့ ပြေးနေပါပြီ။ အဲဒီမှာ လုပ်ရမှာက သုံးခုပါ။ တစ်ခုက အဲဒီငါးဆိုင်ရဲ့ Vision ကိုကူးယူရမှာပါ။ တစ်ခုက ရသလောက် ငါးဖမ်းရမှာပါ။ နောက်တစ်ခုကတော့ Black Dragon ငါးဘယ်နှစ်ကောင် ရှိသလဲလို့ ပြတိုက်ထဲမှာ ၀င်ရှာရမှာပါ။

ငါးမွေးတဲ့ခြံက တော်တော် လေးကို စနစ်ကျပါတယ်။ General office ရှိတယ်။ ပြတိုက်ရှိတယ်။ ငါးအစားအစာနဲ့ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ရှိတယ်။ အလုပ်သမား တန်းလျားတွေ စနစ်တကျ ရှိပါတယ်။ ငါးကန်ရှေ့မှာ ကားရပ်လိုက်တာ တပြိုက်နက် လေးယောက်အမြန်ဆင်းပြီး တစ်ယောက်က Vision ဘယ်မှာရေးထားသလဲ အမြန်လိုက်ရှာရပါတယ်။ ကျန်တဲ့တစ်ယောက်က ငါးဘယ်မှာဖမ်းရသလဲ မေးပါတယ်။ ငါးဖမ်းဘို့ ပိုက်လေးနဲ့ ပလတ်စတစ်ခွက်လေးတစ်ခုကို ၅ ဒေါ်လာနဲ့ဝယ်ရပါတယ်။ ပြီးတော့ အမြန်ပြေးပြီး ငါးဖမ်းရတာပါ။ ငါးဖမ်းတဲ့ နေရာက မြောင်းလေးတွေလုပ်ပေးထားပြီး ပိုက်သေးသေးလေးနဲ့ မြောင်းဘောင်ပေါ်ကနေ လိုက်ဖမ်း၊ ပလတ်စတစ်ခွက်ထဲထည့်၊ ထည့်ထားတဲ့ ငါးကလည်း အရမ်းလျှင်ပြီး ဖမ်းရခက်တဲ့ ငါးပိစိလေးတွေပါ။ ဖြစ်ချင်တော့ မူကြိုကလေးတွေကလည်း အပျော်ငါးလာဖမ်းနေတဲ့ အချိန်၊ ၀ုန်းဒိုင်းကြဲပြီး ရောက်လာတဲ့လူကြီးတွေကို အထူးအဆန်းလို ကြည့်လို့။ ငါးကဖမ်းရခက်နေတော့ ကိုယ့်သူငယ်ချင်းက ဘောင်းဘီကိုခေါက်၊ မြောင်းဘောင်ဘေးကနေရေထဲကို လက်နှစ်ဖက်လုံးထည့်ပြီး ငါးတွေကို ထောင့်တစ်ခုမှာ စုအောင်လုပ်၊ ကျန်တဲ့လူတစ်ယောက်က ပိုက်ကလေးနဲ့ အမြန်ဆယ်။ အဲဒီအချိန်မှာ ကျန်တဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်က ကလေးလေးတွေဆီမှာ ငါးလိုက်တောင်းပါတယ်။ တချို့ကလေးတွေကတော့ ကိုယ့်သူငယ်ချင်း ကိုယ်လုံးကို ကြောက်လို့လား။ မျက်နှာငယ်ငယ်လေးကိုပဲ သနားလို့လားမသိ။ ကြည်ကြည်ဖြူဖြူပဲပေးလိုက်ပါတယ်။ တချို့ကတော့ သူတို့ငါးခွက်လေးကို ပွေ့ပြီးအော်လိုက်တာ လွန်ရော။ ကိုယ့်သူငယ်ချင်း ကတော့ ရသလောက် တောင်းတာပါပဲ။ Black Dragon ငါးသွားရှာတဲ့ကောင်မလေးကလည်း တစ်မျိုး။ ပြတိုက်ထဲမှာ သူရှာတာ မတွေ့တာတော့ အဲဒီနားက အလုပ်သမားကို မေးတာ မဖြေဘူး။ ဒါနဲ့ ပြောပြပါ။ ငါတို့တခြားနေရာတွေသွားရဦးမှာ၊ ဘာညာသာရကာ လုပ်လိုက်တော့ Black Dragon ငါးမရှိဘူးတဲ့။ တမင်တကာ အချိန်ကုန်အောင်လုပ်ထားတာ သူသိလာပါရော။ ဒါနဲ့ပဲ ညွှန်ကြားချက်အတိုင်း ငါးပြတိုက်ရှေ့မှာ Group Photo ရိုက်ပြီး အမြန်မောင်းလို့ နွားခြံဆီကို ခရီးဆက်ရပြန်ပါတယ်။

နွားခြံမှာ နွားမငါးကောင်က နို့ညှစ်ခံရန်အသင့်။ နွားနို့ညှစ်ရမယ်ဆိုတော့ ကိုယ်တော့ အားလုံး ပြိုင်တူ "အားလားမား" လို့အော်မိကြတယ်။ နို့ခြံက ကုလားက ညှစ်နည်းပြတယ်။ Group တစ်ခုမှာ တစ်ယောက်ပဲ ညှစ်ရမှာဖြစ်ပြီး ကိုယ်တို့အဖွဲ့ထဲက အမျိုးသမီးက သူညှစ်မယ်ဆိုပြီး ဆင်းသွားတယ်။ သူလဲ အနားရောက်ရော နွားမ တစ်ကောင်က အီအီးပါလိုက်တာ ဘာပြောကောင်းမလဲ။ စင်္ကာပူမ အော်ပြီး ပြေးလိုက်တာ ကိုယ်တို့တွေ သူ့ကိုကြည့်ပြီး အူတတ်မတတ်ရယ်မောကြရတယ်။ နောက်တစ်ခေါက်ကျတော့ ညှစ်လိုက်တာ မညှစ်တတ်တော့ နို့ကမထွက်။ ဒါနဲ့ပဲ ကိုယ်လဲစမ်းကြည့်မယ် ဆိုပြီး ကုလားပြတဲ့အတိုင်း ဆွဲတာပေါ့။ ကုလားကတော့ ညှစ်ပြီးဆွဲခိုင်းတာ၊ ကိုယ်ကနာမလားဆိုတဲ့ စိတ်နဲ့ မဆွဲရဲ။ ဒါနဲ့ပဲ မလေးတစ်ယောက်က ငါလုပ်မယ်ဆိုပြီး တစ်ကောင်ပြီးတစ်ကောင် လိုက်ညှစ်ပါလေရော။ ပလတ်စတစ်အိတ်နဲ တော်တော်လေးရတော့ နွားတွေနဲ့ Group Photo ရိုက်ရသေးတယ်။ ပြီးတာနဲ့ Bukit Timah Nature Reserve ကို ခရီးဆက်ရပြန်တယ်။








Bukit Timah မှာ "S" နဲ့စတဲ့ အပင် (၃) မျိုးရဲ့နာမည်ရယ်၊ ကျားနဲ့ ဓါတ်ပုံရိုက်ဘို့ရယ်။ နားနေဆောင်လေးတစ်ခုနဲ့ ဓါတ်ပုံရိုက်ဘို့ရယ် (၃) ခုလုပ်ရတာပါ။ နှစ်ယောက်က သစ်ပင်လိုက်ရှာ၊ နောက်တစ်ယောက်က ကျားလိုက်ရှာ၊ ကျားက ပြတိုက်ထဲက အစာသွတ်အရုပ်ကြီးကို ပြောမှန်း တောင်ပေါ်၊ တောင်အောက် နှစ်ခါလောက် အတက်အဆင်းလုပ်ပြီးမှပဲ သိတော့တယ်။ အဲဒီမှာ ဟိုလူမေး၊ ဒီလူမေးနဲ့ ကျားအရှင်မရှိဘူး။ မျောက်အရှင်ဘဲရှိတယ်ဆိုလို့ ပြတိုက်ထဲဝင်ကြည့်မှ ကျားကြီးကို တွေ့တော့ အော်ဟစ်လိုက်ကြတာ ဆူညံလို့။ ဓါတ်ပုံရိုက်ဘို့ ဘေးနားက အဘိုးကြီးကို အကူအညီတောင်းတော့ သူက မရိုက်တတ်။ ရိုက်တတ်တဲ့လူလာပြန်တော့ ကိုယ့်တို့လူတွေက ကွယ်နေလို့ ကျားကို မမြင်ရနဲ့ အခါခါပြန်ရိုက်ပြီး ပျာယာကို ခတ်နေကြတာပါပဲ။ ဒါနဲ့ပဲ နောက်တစ်နေရာ Little India ဆီ အပြေးမောင်းရပြန်တယ်။



Little India မှာ (၃) ခု လုပ်ရတာပါ။ ပထမတစ်ခုက Madras Hotel နားမှာ Red Indian ပုံကြီးရှိတဲ့ Pub ကိုရှာပြီး အဲဒီ Red Indian အရုပ်ကြီးနဲ့ Group Photo ရိုက်ဘို့ပါ။ နောက်တစ်ခုက ကုလားမတွေ လက်မှာဆွဲတဲ့ ၃ လလောက်ခံတဲ့ ကုလား tatoo သွားဆွဲရတာပါ။ နောက်တစ်ခုကတော့ စံပါယ်ပန်းကုံးရှာဝယ် ရတာပါ။ အဲဒီ Hotel
ကို ရှာတွေ့ပြီး Pub ရှေ့မှာ ဓါတ်ပုံရိုက်ပြီးတဲ့ အချိန်ကိုယ်တို့အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ကို ကုလားမဆီမှာ ပုံသွားဆွဲဘို့၊ အရိုးဆုံးနဲ့ အမြန်ဆုံးပုံဆွဲပေးပါဆိုတော့ ကုလားမက စက်ဝိုင်းတစ်ခုထဲမှာ စင်္ကြာလိုလို၊ ဘာလိုလို ဆွဲပေးပြီး ၁ ဒေါ်လာ ယူလိုက်တယ်။ သူငယ်ချင်းတစ်ယောက်က လမ်းကနေ Little India မှာနေတဲ့ သူ့ကောင်မလေးကို စံပါယ်ပန်းကုံးဝယ်ခိုင်းပြီး အိမ်ရှေ့က ထွက်စောင့်ခိုင်း၊ သွားဝယ်ဘို့အချိန်က မရှိတော့ဘူးလေ။ ကောင်မလေးကိုယ်တို့ ကားရပ်ရပ်ချင်း အမြန် ပန်းကုံးပေး။ ဒါနဲ့ပဲ နောက်တစ်နေရာကို ဆက်မောင်းရပြန်တယ်။ အချိန်က ၂၅ မိနစ်ပဲ ကျန်တော့တယ်။

နောက်ဆုံးတစ်ခုကတော့ ဓါတ်ပုံပြထားပြီး အဲဒီနေရာမှာ ကိုယ်တို့ စောစောက Design လုပ်ထားတဲ့ အလံကြီးကို ကိုင်ပြီး ဓါတ်ပုံရိုက်ခိုင်းတာပါ။ ကံကောင်းတာက အဲဒါဘယ်နေရာလဲဆိုတော့ ကိုယ်တို့ အဖွဲ့ထဲကတစ်ယောက်က ဓါတ်ပုံမြင်လိုက်တာနဲ့ သိတာပါ။ သူသောက်နေကျ ကော်ဖီဆိုင်ရှေ့ကမြင်ကွင်း ဆိုပဲ။

ဒါနဲ့ပဲ ကိုယ်တို့တွေ အဲဒီနေရာကိုရောက်တဲ့ အချိန် မီးပွိုင့်တွေက မီးနီနေလို့ ကားတွေမလာသေးတဲ့ တခဏလေးမှာ လမ်းမဘေးကားထိုးရပ်၊ အားလုံးဆင်း အလံကြီးကိုကိုင်ပြီး ဘတ်စ်ကားဂိတ်က အစ်ကိုကြီးကို အကူအညီတောင်းဓါတ်ပုံရိုက်ရတာပါ။ ကားတစ်စီးအမြန်မောင်းလာပြီး လမ်းမပေါ်ရပ်၊ ကားပေါ်ကလူတွေအကုန်လုံး ပြာလောင်ခတ်ပြီး ဆင်းလာကြ။ ပေါက်ကရလျှောက်ဆွဲထားတဲ့ အလံကြီးကို မြှောက်ပြီး အရှက်မရှိတဲ့ မျက်နှာတွေနဲ့ ဓါတ်ပုံရိုက်နေကြတာကို မျက်နှာခြင်းဆိုင်က ကော်ဖီဆိုင်တွေ၊ ထမင်းဆိုင်တွေ အထဲက ပြည့်သိပ်နေတဲ့ လူတွေ ဘယ်လိုကြည့်နေကြမလဲဆိုတာ စဉ်းစားသာကြည့်ကြပေရော့။ အဲဒီတုန်းကတော့ ရှက်ရကောင်းမှန်းမသိ၊ ပြီးတာနဲ့ အမြန်တက်ပြီး Down Town East သို့ခရီးနှင်ပေါ့။



Down Town East ကိုရောက်တော့ ၁၂း၃၀ အတိ။ အဲဒီမှာ ရှိတဲ့ Sakura Internation Buffet ဆိုင်မှာ နေ့လည်စာကျွေးပါတယ်။ မောမောပန်းပန်းနဲ့ စားလိုက် ကြတာ ၀က်ဝက်ကွဲပါပဲ။ ကျန်တဲ့ အဖွဲ့တွေလည်း ရောက်လာကြ။ တဖွဲ့နဲ့ တဖွဲ့ အတွေ့အကြုံတွေပြောပြီး တ၀ါးဝါးရယ်ကြနဲ့ တဆိုင်လုံးဆူညံလို့။ စားပြီးသွားတော့ အလုပ်ရှိတဲ့ နေရာကို ပြန်ပြီး ရုံးခန်းမထဲမှာ ဒိုင်တွေက အမှတ်တွေ ပေါင်းပါတယ်။ အဲဒီအချိန်မှာ ၀န်ထမ်းအားလုံးကို ရောင်စုံစာရွက်တွေပေးပြီး ကိုယ့် နာမည်ကိုယ်ရေးခိုင်းပါတယ်။ ပြီးရင်အဲဒီ နာမည်ရေးထားတဲ့ စာရွက်ကို ကိုယ်ထိုင်တဲ့ စားပွဲမှာ ထားခဲ့ခိုင်းပြီး လူတွေကို နေရာ ပြောင်းပါတယ်။ ကိုယ်ရောက်သွားတဲ့ နေရာက စာရွက်မှာ သူ့အတွက် ကိုယ့်ရဲ့ အမှတ်တရ စာတိုလေးတွေရေးရ ပါတယ်။ နေရာတွေ အများကြီး ပြောင်းပြီး ဖွင့်ပေးထားတဲ့ Music မပြီးမချင်းရေးလိုက်တာ၊ သီချင်းဆုံးလို့ ကိုယ့်နေရာ ကိုယ်ပြန်ရောက်ရင် ကိုယ့်သူငယ်ချင်းတွေ ကိုယ့်အတွက် ရေးပေးထားတဲ့ စာတိုလေးတွေ A4 စာရွက်နဲ့ အပြည့်ပါပဲ။ ပြီးလည်းပြီးရော အမှတ်တွေ
ကြေငြာတော့ ကားနံပါတ် ၁၇ က ပထမရပါတယ်။ ၉ က ဒုတိယ ရပါတယ်။ ၂ က တတိယ ရပါတယ်။ ၁၇ က ဘယ်သူပါတဲ့ အဖွဲ့ရှိရမှာလည်း။ ကျွန်တော်ပါတဲ့ အဖွဲ့ပေါ့ဗျာ။







ဒီနိုင်ငံရောက်ပြီး မှတ်မှတ်ရရ ဟက်ဟက်ပက်ပက် ရယ်မောမိတဲ့ နေ့ပါပဲ။ တစ်နှစ်တာ ပင်ပန်းထားတဲ့ Stress၊ မိသားစုအတွက် စိတ်ပူရတဲ့ Stress၊ ကိုယ်အပင်ပန်းခံပြီး ကူညီခဲ့ပေမယ့် ကိုယ်ကတကယ် လိုအပ်တဲ့အခါ Busy ဒါမဟုတ် မေ့သွားလို့လို့ ပြန်ပြောတတ်တဲ့ မိတ်ဆွေတချို့ကပေးတဲ့ Stress၊ အလိုက်ကန်းဆိုးမသိတဲ့ ဆွေမျိုးတချို့ကပေးတဲ့ Stress၊ ငါ အလုပ်ပြုတ်နိုင်လားလို့ တွေးနေရတဲ့ ခေတ်ကပေးတဲ့ Stress၊ ဒါတွေအားလုံး ပြေဘို့ကတော့ တစ်ရက်တည်း ရယ်မောယုံနဲ့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း အချိန် ခဏလေးတော့ မေ့သွားပါတယ်လို့ ၀န်ခံရတဲ့ နေ့တစ်နေ့ပါဘဲ။

စုလျားရစ်ပတ် လက်ထပ် တဲ့ ပွဲ



နိုဝင်ဘာလ ၁၅ ရက်နေ့ကျရင် အရမ်းခင်မင်တဲ့ သူငယ်ချင်းက ရန်ကုန်က Sedona Hotel မှာ သူချစ်တဲ့ "ကို" နဲ့ လက်ထပ်မယ်တဲ့။ အဝေးမှာရောက်နေတဲ့ သူငယ်ချင်းတွေဆီကို Email ကနေ ဖိတ်စာတွေ ဝေလိုက်တယ်။ ကျွန်းပိစိမှာနေတဲ့ ကိုယ်တို့တွေလည်း သူ့မင်္ဂလာဆောင်မှာပြန်ကဲချင်လို့ ရွစိရွစိ။

မြန်မာပြည်က သတို့သမီးကလဲ "ငါ ဘာလက်ဆောင်မှ မလိုချင်ဘူး၊ နင်တို့မျက်နှာတွေပဲ မြင်ချင်တာ။ ငါ့ ဟန်းနီးမွန်းလဲ နင်တို့ကို ခေါ်သွားချင်တာ" ဆိုတော့ခွင့်ယူလို့မရတဲ့ ဒီဘက်က သူငယ်ချင်းတွေရင်ထဲ နေလို့ထိုင်လို့ မကောင်း။ ပြန်ဆုံဖြစ်ကြရင် အရမ်းကို ပျော်စရာကောင်းမှာ သေချာသိနေပေမယ့် ဘ၀ပေးအခြေအနေတွေက အဲဒီ ပျော်ရွှင်ခွင့် ဆီရောက်အောင်မသွားနိုင်။ ဒါနဲ့ပဲ "ငါတို့ဆီကို ဟန်းနီးမွန်း လာခဲ့လေ။ နင်တို့ လိုချင်တဲ့၊ လိုအပ်တဲ့ ပစ္စည်းစာရင်းကိုလဲ ငါတို့ ဘာဝယ်ရမလဲ သိအောင် ပို့ပေးလိုက်ဦး။" လို့ချော့မော့ပြောရတယ်။ လက်ဖွဲ့ပစ္စည်းကို သူတို့လိုချင်တာ၊ လိုအပ်တာလေတွေပဲရစေချင်တဲ့ စေတနာနဲ့ပါ။ ဒီကိစ္စနဲ့ပဲ စုလျားရစ်ပတ်ခွင့် မရရှာသေးတဲ့ ဒီကျွန်းလေးပေါ်က ကိုယ်တို့တတွေ ဆိုင်တစ်ဆိုင်မှာ ထိုင်မိကြတယ် ဆိုပါတော့။


ရင်းနှီးသူတွေ၊ မောင်နှမလိုနေသူတွေ တွေ့ဆုံကြတော့ တစ်ယောက်တစ်ပေါက် အော်ကြ၊ ဟစ်ကြ၊ ရင်ဖွင့်ကြ။ မင်္ဂလာကိစ္စနဲ့ ပတ်သက်ပြီး တွေ့ကြတာဆိုတော့ မင်္ဂလာဆောင်တာနဲ့ ပတ်သက်တဲ့ စကားတွေပဲ ပြောဖြစ်ကြတယ်။ ဘယ်သူတွေ က ဘယ်လိုချဲ့တာ။ ဘယ်သူကတော့ ဒီမှာပဲဆောင်လိုက်တာ စသည်ဖြင့်ပေါ့။

တချို့တွေလဲ မင်္ဂလာရေစင်ဖျန်းဘို့ ရေသန့်သန့်ကို မေခ၊ မလိခမြစ်ဆုံက နေ လေယာဉ်နဲ့ ရန်ကုန်အထိ သယ်တဲ့ အကြောင်း၊ တချို့လဲ တင်တောင်းတဲ့ ပစ္စည်းနဲ့ တကယ်ပေးတဲ့ ပစ္စည်းနဲ့ ကွာနေလို့ ယူပြီးပြီးချင်း ပြန်ကွဲကြတဲ့ အကြောင်း စုံလို့ပါပဲ။ သေချာတာတော့ ကိုယ်တို့တစ်တွေအားလုံး ပြောချင်တာတွေ ပြောပြီးတဲ့နောက်မှာ မြန်မာပြည်က သူငယ်ချင်းလေးအတွက် ပျော်ရွှင်စွာ ဆုတောင်းပေးခဲ့တယ် ဆိုတာပါပဲ။

ကိုယ့်သူငယ်ချင်းက အချစ်နဲ့ ပတ်သက်ပြီး ကြီးကြီးကျယ်ကျယ် ဒဏ်ရာရဖူးတဲ့သူ။ အရှိုက်ကို အထိုးခံလိုက်ရသလို နာကျည်းရှာသူဆိုတော့ သူတသက်လုံးနာနာကျင်ကျင်ကြီး နေသွားမှာ ကိုယ်တို့တွေက မမြင်ချင်ကြဘူး။ သူ့နှလုံးသားလေး အသစ်တဖန်ပြန်နိုးလာမဲ့နေ့ကို ကိုယ်တို့ အားလုံးမျှော်လင့်ခဲ့ကြရတာ။

အခုလက်ထပ်တော့မယ့် သှုက ဒီဒဏ်ရာရှင်လေးကို ဆေးထည့်ပေးခဲ့သူပါ။ အနွံ့အတာခံကုသခဲ့သူပါ။ ဒါနဲ့ပဲ ကိုယ်တို့ သူငယ်ချင်းတတွေ ဒီဒုတိယလူကို အမှတ်ပြည့်ပေးခဲ့ကြတယ်။ သူတို့နှစ်ယောက် စိတ်ဆိုးစိတ်ကောက်ရင်တောင် ပြဿနာကို မေးမနေကြတော့ပဲ သူငယ်ချင်းမကို နင်မှားတာပဲ နေမှာလို့ ပြောလို့ရအောင် ကောင်းတဲ့လူ။ ကိုယ့်သူငယ်ချင်းမကတော့ ပြောရှာတယ်။ "နာကျင်ဘူးတဲ့လူက ပိုပြီး ကြင်နာတတ်ပါတယ်ဟာ၊ နင်တို့ ငါ့ကိုချည်း အပြစ်မတင်ကြနဲ့တဲ့" ။
ဒီလိုနဲ့ စကားဝိုင်းက မယူဖြစ်သေးတဲ့သူတွေ ဘယ်တော့ယူကြမလဲ၊ ဘာလို့မယူကြသေးတာလဲဆိုတဲ့ ဘက်ကိုရောက်သွားပြန်ရော ။

သူငယ်ချင်းတစ်ယောက်ကတော့ သူ့ညီလေးဒီနိုင်ငံရောက်လာပြီး အလုပ်အကိုင်၊ အခြေတကျဖြစ်ပြီးမှ ယူတော့မယ်တဲ့။ မင်းကောင်မလေးက စောင့်နိုင်ပါ့မလားဆိုတော့ သူ့ဘက်ကလဲ သူ့ညီမလေးကို ရောက်လာစေချင်သေးတယ်တဲ့။ နှစ်ဦး သဘောတူဟန်ကိုကျလို့။

နောက်သူငယ်ချင်းကောင်မလေးကတော့ "ငါဖြင့်အေးချမ်းပျော်ရွှင်နေတဲ့အိမ်ထောင်ရေးကို ငါ့အဖေဘက်မှာရော၊ အမေဘက်မှာရော၊ နောက်ဆုံး ငါမိဘတွေ မှာရော မတွေ့ဘူးပါဘူး။ အယုံအကြည်မရှိပါဘူးဟာ" တဲ့။ ဒါဆိုရင် "နင်မယူတော့ဘူးပေါ့" ဆိုတော့ "အေး...ထင်တာပဲ" တဲ့။ ဒါဆိုသူတခြားလူနဲ့ ယူသွားရင်ကောဆိုတော့
"ဒါတော့ သူ့သဘောပဲလေ၊ ငါအယုံအကြည်မရှိတာကြီးကို ဘယ်လိုလုပ်မလဲ" တဲ့။ သူ့ကိုချစ်တဲ့အစ်ကိုကြီး သူ့ကိုပြောင်းလဲနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။

နောက်တစ်ယောက်ကတော့ "ငါရော၊ သူရော နောက် ၅ နှစ်အထိ သူ့မိသားစု၊ ကိုယ့်မိသားစု အတွက်ပဲနေဦးမယ်လို့ ဆုံးဖြတ်ထားတယ်" တဲ့။ "ငါအမေကလဲ ငါအိမ်ထောင်ပြုသွားမှာ စိုးရိမ်နေသလို ကောင်မလေးအဖေကလဲ သူ့ကို အိမ်ထောင်မပြုစေချင်သေးဘူး" တဲ့။ ညိုလို့ရနေလို့ တော်သေးရဲ့။

နောက်တစ်ယောက်ကတော့ နောက်နှစ်မယူရင် မယူတော့ဘူးလို့ သူ့ချစ်မမက ရာဇသံပေးထားလို့ အသည်းအသန်ငွေစုနေရတယ်။ အိမ်ငှားနိုင်ဘို့၊ တင့်တောင့်တင့်တယ်ထားနိုင်ဘို့၊ သူ့မိဘ၊ ကိုယ့်မိဘ ဂုဏ်ရှိအောင် တင့်တင့်တယ်တယ် ပွဲလေးလုပ်နိုင်ဘို့ပေါ့။ စုထားတဲ့ ပိုက်ဆံပြည့်ပြီလားဆိုတော့ "ဟီးဟီး..အိမ်ကနည်းနည်းတော့ တောင်းရမယ်ထင်တယ်" တဲ့။ ၀ိုင်းရယ်ခံရတာပေါ့။

နောက်ကောင်မလေးတစ်ယောက်ကတော့ "ငါကတစ်ယောက်တည်း မနေတတ်တာတော့ သေချာတယ်။ ဘေးနားမှာ တစ်ယောက်ယောက်ရှိနေ မှနေတတ်တာလဲ ဟုတ်တယ်။ ဒါပေမယ့် ငါ့အဖော်က ယောကျာင်္းတစ်ယောက်ဖြစ်နေစရာလည်း မလိုဘူး။ မိန်းမတစ်ယောက်ဆိုလဲ ရပါတယ်။ အခြောက်တော့ မဖြစ်ဘူးပေါ့ဟယ်၊ လူတစ်ယောက်ဖြစ်ရင် ပြီးတာပဲ" တဲ့။ သူမို့ ရှာရှာဖွေဖွေ။ အားလုံးက သူ့ကို ဘာပြောရမှန်းမသိ။

နောက်တစ်ယောက်ကတော့ ရှင်းတယ်။ "ဘာမင်္ဂလာဆောင်ပွဲမှ မလိုပါဘူးဟာ၊ လက်မှတ်ထိုးပြီး အရှေ့ ၇ အိမ်၊ အနောက် ၇ အိမ် ဖိတ်လိုက်ပြီးရော"။ လက်ရှိ သူ့ချစ်သူခမျာ ဘာပြောရမှန်း မသိတဲ့ မျက်နှာနဲ့။ ကြောင်တောင်တောင်လေး သူ့ရည်စားကို ကြည့်လို့။ "စိတ်ပေါက်တဲ့နေ့၊ ငါ့အတွက် ကောင်းမယ်လို့ ယုံကြည်ပြီး၊ ငါကလဲ ပြန်ကောင်းနိုင်မှာ သေချာတဲ့နေကျရင် ယူမှာပေါ"့ တဲ့။

စကားတလုံးဝင်မပြောတဲ့ ကိုယ့်သူငယ်ချင်း ဖက်တီးလေးကတော့ ငြိမ်လို့။ သူကြိုက်နေတဲ့ ကောင်မလေးကူရှေ့ပြေးလွှတ်လိုက်တဲ့ အောင်သွယ်ကို ပြန်ပြောလိုက်ပုံက ကြည့်ဦးလေ။ "မလုပ်ပါနဲ့ဟယ်။ သူ့ရုပ်ကို ငါဘယ်လိုမှ ခံစားလို့မရလို့ပါ။ ငါ မင်္ဂလာဦးညကျမှ ကုတင်ပတ်ပြေးနေရမှာကြောက်တယ်" တဲ့။ အောင်သွယ်တော်ကလဲ အောင်သွယ် ပီသစွာ အတိအကျ ပြန်ပြောလေတော့ ကိုယ့်သူငယ်ချင်း အသဲကွဲတာမဟုတ်၊ အသဲပြဲပြီး နောက်တစ်ယောက်ထပ်လိုက်ရမှာ ကြောက်တာနဲ့ မင်္ဂလာဆောင်ဆိုတာ သူနဲ့ လုံးလုံးမှ မဆိုင်သလို ဟိုဘက်ကြည့်လိုက်၊ ဒီဘက်ကြည့်လိုက် နားထောင်နေရဲ့။

နောက်သူငယ်ချင်းနှစ်ယောက်ကတော့ နောက်နှစ်ဆိုရင် သူတို့အလှည့် "အကြီးအကျယ်ကြီး မလုပ်တော့ပါဘူးဟာ၊ ဒီမှာပဲ အကျဉ်းချုံး လက်မှတ်ထိုး၊ ခင်မင်တဲ့ လူလောက်ပဲ ဖိတ်မှာ" တဲ့။ ဘာပဲဖြစ်ဖြစ် ချစ်သူတို့ ဘ၀ရဲ့ လမ်းဆုံးပန်းတိုင်က အချစ်တွေနဲ့ ချယ်မှုန်းထားရင် အလှဆုံးဖြစ်နေပြီပဲ မဟုတ်လား။

နောက်ကိုယ့်သူငယ်ချင်းကောင်မလေးကတော့ "ငါကတော့ မရဘူး။ အလှဆုံးနဲ့ အခမ်းနားဆုံးဖြစ်ချင်တာ။ ပန်းဆိုလဲ နှင်းဆီန်ီတွေချည်း၊ ၀တ်စုံဆိုလဲ နှစ်စုံလဲရမှ၊ ဘယ်လောက်ကုန်ကုန်" တဲ့။ သူ့ ကိုကို အဲဒီနေ့က မျက်ခုံးလှုပ်နေမယ်ထင်ရဲ့။

ကျွန်တော်လား။ ကျွန်တော်လည်း ဘယ်နေမလဲ။ ချစ်လှစွာသော လီယိုမလေးကို မေးတာပေါ့။ ကျွန်တော့်ချစ်သူ ဂေါက်တီးဂေါက်တောက် လေးက...
"ကျွန်တော် အေးအေးချမ်းချမ်းလေး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လွတ်လပ် ပျော်ရွှင်နေတာ မကြည့်ချင်ဘူးလား၊ အချစ်ဆိုတာ ကောင်းမွန်သော စေတနာ အမြဲ ရှိနေတာတဲ့။ ခင်ဗျားပဲ အရမ်း စေတနာရှိတယ်ဆိုပြီးပြောပြောနေပြီးတော့။ ကျွန်တော်ဆှိ ခင်ဗျားကို စေတနာရှိတယ်။ မိဘလုပ်ကျွေးပြီး ပိုတဲ့ ပိုက်ဆံ Game ပဲ ဆော့ဆော့၊ ဘာပဲလုပ်လုပ် ပျော်ပျော်ရွှင်ရွှင် နေပါစေလို့ စဉ်းစားပေးထားတာ။ သားကျွေးမှု၊ မယားကျွေးမှုနဲ့ ပူလောင် အလုပ်တွေရှုပ်ပြီး ဘာလုပ်မှာလဲ။" တဲ့။ " ဒီလက်ထပ်တဲ့ ကိစ္စကြီးပဲ ခဏခဏ ပြောပြောနေရတာ ခင်ဗျား ဗိုက်ကြီးနေတာတော့ မဟုတ်ပါဘူးနော်...ဟီးဟီး" တဲ့။
ဟင်း...ကဲ ဒါနဲ့ပဲ ကျွန်တော်တစ်ယောက် ကိုယ်စကားနဲ့ကိုယ် သူပြောတဲ့ စေတနာမျိုးရှိချင်ယောင်ဆောင်နေရဆဲ ဖြစ်ကြောင်းပါ အရပ်ကတို့ခင်ဗျာ။ ။

You received this email because you are subscribed to the real_time feed for http://seenbseen.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.