Tuesday, October 7, 2008

[Htoo Myat] 1 New Entry: ထူးမြတ် ပထမဆုံး ရဲဖမ်းခံရခြင်း

ထူးမြတ် ပထမဆုံး ရဲဖမ်းခံရခြင်း

ပထမဆုံးတွေ ရေးရင်းနဲ့ ပထမဆုံး ရဲဖမ်း ခံခဲ့ရတဲ့ အကြောင်းလေးကို နည်းနည်း အကျယ်တ၀င့် ရေးချင်စိတ် ပေါက်လာတယ်။ ကျနော့်ဘ၀ သက်တမ်းမှာ လှည်းတန်းဆိုတဲ့ နေရာဟာ ကိုယ့်အိမ် ကိုယ့်ယာနဲ့ မခြားခဲ့ပါဘူး။ ကျနော် အဲဒီ တက္ကသိုလ် ရိပ်သာလမ်းမှာ နေခဲ့တုန်းက ကျနော် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး ကျောင်းကို လမ်းလျှောက် တက်ပါတယ်။ အဲဒီတုန်းက မမစိမ်းက ကားလေးနဲ့ပြန်တော့ ဓနရှင်ဆိုပြီး စွဲချက်တင်လိုက်သေး။ ဒါပေမဲ့ သူကားနဲ့ ပြန်တဲ့ လမ်းကနေလည်း လှည့်လှည့်ပြန်မိသေးတာ... ဟားဟား...

ကျနော်တို့ ကျောင်းက ၂နာရီ ခွဲလောက် လွှတ်ပြီဆို (အင်း... ဟုတ်မယ်ထင်တယ်၊ မေ့တေ့တေ့ပဲ) ကျနော် အိမ်ကို လမ်းလျှောက်ပြန်မယ်။ ဘယ်လောက်မှမကြာပဲ ခဏဆို ရောက်သွားပြီးတဲ့နောက် ကျနော် အ၀တ်အစားလဲပြီး လှည်းတန်းကို လမ်းလျှောက် ထွက်ပြန်ပါတယ်။ ကျနော် တကယ်ဆို ကျောင်းဝတ်စုံနဲ့ပဲ လှည်းတန်းကို သွားလည်း ရတော့ ရပါတယ်။ ဒါပေမဲ့ အဲဒီတုန်း တခါတလေ အဖွားဆီကနေ ပိုက်ဆံ တောင်းတောင်းသွားတတ်လို့ ထင်တယ်။

ကျနော် အိမ်အရင်ပြန်ပါတယ်။ နောက်မှ တီရှပ်လေး၊ ဘောင်းဘီတိုနဲ့ ခေါက်ထီးအမဲလေး ကိုင်ပြီး လူကောင်ကြီးကြီး ကလန်ကလားနဲ့ လှည်းတန်းကို ပလက်ဖောင်း ဘေးက သစ်ပင်တန်း ကြားထဲကနေ လျှောက်ပါတယ် (အဲဒီမှာ လမ်းလျှောက်ဖူးတဲ့ လူတွေဆို အဲဒီ သစ်ပင်ကြားက လူလျှောက်လမ်းလေးကို မှတ်မိကြမှာပါ၊ ပလက်ဖောင်း ရှိနေရဲ့သားနဲ့ ဘာလို့ အဲဒီကနေ လျှောက်ကြလဲ ဆိုတာ ကျနော်လည်း မသိဘူး။ တော်တော်တော့ လျှောက်လို့ကောင်းတယ်)

အဲဒီတုန်းက လှည်းတန်းမှာ INFO တို့လို အပြင်အဆင် ကောင်းကောင်းနဲ့ ဆိုင်တွေ ရှိတယ်၊ ဆက်လျှောက်ရင် ၁၂ လုံးတန်းအထိပဲ။ ကျနော် ကစားတာကတော့ ပြည်မြန်မာ ကုန်တိုက် (အခုခေတ် လူငယ်တွေဆို လှည်းတန်း စင်တာပဲ သေချာ သိတော့မယ်ထင်တယ်၊ ကျနော် သွားသွား ဆော့နေတုန်းက အဲဒါကြီး ဆောက်လို့ မပြီးသေးပါဘူး။ မြေကြီးပေါ်ကတောင် မတက်သေးဘူးထင်ပါတယ်။) လှည်းတန်း စင်တာဘေးက ပြည်မြန်မာ ကုန်တိုက်ရဲ့ ဘေး ကျူရှင် တွေအများကြီး ရှိတဲ့ တိုက်ကြီးက Power ဆိုတဲ့ ဂိမ်းဆိုင်ပိစိလေးပါ။

အဲဒီနေ့က ကျနော် ပုံမှန်နေ့တစ်နေ့ လိုပဲ ဖြတ်သန်းပါတယ်။ လှည်းတန်းမှာ မျဉ်းကြားက မကူးရင် ဖမ်းတယ် ဆိုတာကို ကျနော် အမြဲတမ်း သတိရှိခဲ့ပါတယ်။ ဒါပေမဲ့ မျဉ်းကြား နှစ်ခုလုံးဟာ အလွန် ဝေးလံတဲ့ ဒေသတွေမှာ ရှိနေတော့ ကျနော် လမ်းဆုံမှာဆို အရိပ်အခြေ ကြည့်ပြီး ကူးဖြစ်တာ များပါတယ်။ အဲဒီနေ့မှ ကျနော် လမ်းဖြတ် ကူးနေရင်း လက်လာဆွဲတာ ခံလိုက်ရပါတယ်။ ကျနော် မှတ်မိသလောက်ဆို ကျနော် ဖြတ်ကူးတဲ့ အလယ်မှာ ပန်းခြံလေး ရှိတယ်။ အဲဒီ ပန်းခြံရဲ့ တ
က္ကသိုလ် ရိပ်သာ လမ်းဖက်ခြမ်းမှာ အဆွဲခံလိုက်ရပါတယ်။ စစခြင်း အရပ်ဝတ်ကနေ နောက် ယူနီဖောင်းတစ်ယောက်က လာဆွဲပါတယ်။ ကျနော်တို့ ခေါ်ခေါ်နေတဲ့ ဘဲဥပေါ့။ ဘဲဥ ဦးထုပ် ဆောင်းထားတာ ဖြူဖွေးနေတာပဲ။

ဒိုင်နာကားပေါ် ရောက်တော့ ယဉ်ထိမ်း ရဲမေလည်း ပါတာကိုး... ကျနော် လမ်းမှာ တစ်လမ်းလုံး ပြောလာတယ်။ ပုခုံးဖက်ပြီး ခေါ်လာတုန်းက၊ ကျနော်ဟာ ကျောင်းသားပါ။ ကျနော် ၈တန်းပဲ ရှိပါသေးတယ်။ အကိုတို့ ဖမ်းလည်း ကျနော့်မှာ ဒါဏ်ငွေ ဆောင်စရာမရှိပါဘူး ဆိုတာကို... အဲဒီ ပုလိပ်ကလည်း မယုံဘူးဗျာ... ကျနော် ၈တန်း ဆိုတာကို၊ ဇွတ်အတင်းကြီး ခေါ်တင်တော့တာပဲ။

နောက် ကားပေါ်ရောက်တော့ သူက အဆင်းနေရာရဲ့ ခုံတန်း အစွန်မှာ ယဉ်ထိမ်းရဲနဲ့ ရဲမေ ပိတ်ထိုင်ထားတယ်။ ကျနော့် မျက်စောင်းထိုးမှာ ရှိနေတဲ့ ယဉ်ထိမ်းရဲကို ကျနော်က ပိုက်ဆံမရှိကြောင်း နားညီးအောင် ပြောမိတယ်။ နောက် ဘာဆက်ဖြစ်မယ် ဆိုတာမေးတော့ စခန်းကို လိုက်ခဲ့ပြီး ဒါဏ်ငွေ ၂၀၀၀ ဆောင်ရမတဲ့... ကျနော့်မှာက ရှိတာမှ ၃၀၀ ပဲ ရှိတာ... အဲဒါနဲ့ ပိုက်ဆံထုတ်ပြပြီး ဒါအကုန်ပဲ၊ ကျနော် ဘယ်လိုလုပ်ရမလဲ၊ ကျနော့် အိမ် ပိုက်ဆံ ၀င်ယူလို့ ရမလား စသဖြင့်ပေါ့။ သူက မရဘူးပဲ ပြောနေတော့ နောက်ဆုံး... ဒီတိုက်မှာ ကျနော်နဲ့ ခင်တဲ့ ဂိမ်းဆိုင် ရှိတယ်၊ ကျနော် အဲဒီကို လာတုန်း အဖမ်းခံရတာပါ။ ကျနော် လိုတဲ့ပိုက်ဆံ အဲဒီကနေ ချေးပြီး ပြန်လာပါ့မယ်လို့ ပြောလိုက်တယ်။

ဒီလူ့နှယ် သနားပဲ သနားသွားလား (ကျနော့်ပုံစံကြီးကတော့ ဘယ်လိုမှ သနားဖွယ် မကောင်းပါဘူး) နားပဲ ငြီးလာလားတော့ မသိ၊ အေး ပိုက်ဆံ ပြန်ယူဆိုပြီး လုပ်လိုက်တယ်။ ကျနော် မောင်ထူးမြတ်ကလည်း ရိုးသားလိုက် ပုံများကတော့ ဒါဆို ကျနော် ထီးထားခဲ့မယ်လေလို့ ပြောလိုက်သေးတယ်။ အဲဒါကို သူက မထားခဲ့နဲ့ ယူသွားတဲ့... ကျနော်က အဲဒါ ထူးဆန်းတယ် ထင်လိုက်သေးတယ်။ ထီးထားခဲ့မယ် ပြောတာကို ဘာလို့ ယူမထားတာလဲ လို့ပေါ့။

အဲဒါနဲ့ အဲဒီ တိုက်ပေါ် ပြေးတက်ခဲ့ပြီး ဂိမ်းဆိုင်ထဲ ရောက်တာနဲ့ ဆိုင်ထိုင်တဲ့ အကိုကြီးကို ပြောတာပေါ့။ ကျနော့်ကို ၂၀၀၀ လောက် ချေးပါ။ ကျနော် ပုလိပ်ကားနဲ့ မိလို့ ဒါဏ်ငွေ ဆောင်ရမယ်လို့ပေါ့။ အဲဒါ အဲဒီ အကိုကြီးက မင်းကို ဘယ်လို လွှတ်ပေးလိုက်တာတုန်းလို့ ပြန်မေးတယ်။ ကျနော်က ဒီကနေ ပိုက်ဆံယူပေးမယ် ပြောလို့ လွှတ်ပေးလိုက်တာလို့ ပြန်ပြောတာပေါ့။ သူက ထပ်မေးတယ်... သူတို့က မင်းဆီကနေ ဘာယူထားလိုက် ကြသလဲတဲ့... ကျနော်က ဘာမှမယူထားဘူးလို့ ပြန်ဖြေတော့... မင်းကလည်း တုံးပကွာ... ဘာလို့ ပြန်သွားဦးမှာလဲ လို့ ပြောလိုက်ရော...

အဲဒီတော့မှ ကျနော်လည်း သဘောပေါက်သွားပြီး အောက်ကို ပြူတင်းပေါက်လေးကနေ ချောင်းတယ်။ ကျနော် ထုံးစံအတိုင်း ၁ နာရီခွဲစာ ဂိမ်းဆော့တယ်။ နောက် တော်တော်နဲ့ ကျနော် မပြန်ရဲခဲ့ဘူး။ နည်းနည်း အမှောင်ကျလာမှ ကျနော် ကုပ်ကုပ်ကုပ်ကုပ်နဲ့ ပြန်ပါတယ်။ မျဉ်းကြားကနေ သေချာ ကူးပြီးတော့ပေါ့။

နောက်ထပ် တစ်ရက်နှစ်ရက်လောက်တော့ လေးလေးစားစား မျဉ်းကြားကနေ ကူးနေခဲ့ပါသေးတယ်။ နောက်ကျတော့လည်း စည်းကမ်းပြည့်ဝသော မြန်မာနိုင်ငံသားလေး ပြန်ဖြစ်သွားခဲ့ပါတယ်။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ပန်းခရမ်းပြာ] 1 New Entry: ဖြစ်သလို ချက်စားမိတဲ့ ဟင်းတစ်ခွက်

ဖြစ်သလို ချက်စားမိတဲ့ ဟင်းတစ်ခွက်

အလွန်ဇီဇာကြောင်တဲ့ ကျမ၊ မနေ့က ဖြစ်သလို ဟင်းတစ်ခွက် ချက်လိုက်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မနက် C Box မှာ အိမ်က လာအော်သွားတယ်။ Tag ထားတယ်… ဖြစ်သလိုစားတာ ရေးပေးပါတဲ့ …။ ရေကန်အသင့် ကြာအသင့်၊ Tag သူအသင့် ပို့စ်အသင့်နဲ့။ ဟန်ကြလိုက်တာ။

မနေ့ညနေ ရုံးကအပြန် Super Market NTUC ကိုဝင်တယ်။ အိမ်မှာ ပုဇွန်ထုပ် နည်းနည်းကျန်သေးတယ်။ ရောချက်စရာရှာတာ နွမ်းနေတဲ့ ဟင်းရွက် တွေပဲတွေ့တယ်။ ဒါနဲ့ မှို (Oyster Mushroom) ကိုပဲ ဝယ်လာခဲ့တယ်။ ထုံးစံက မှိုနဲ့ ကန်စွန်းရွက် ကြော်ရမှာ။ ခုတော့ အိမ်မှာရှိတဲ့ လက်ကျန်တွေကို ရောမွှေချက်ရတော့မယ်။

ပုဇွန်ု အခွံနွာ ဆားနဲ့နယ်၊ မှိုကို ရေဆေး အနေတော်လေးတွေဖြတ်၊ ကြက်သွန်နီက ခပ်ပါးပါး၊ ငရုတ်စိမ်း ထက်ချမ်းခွဲ၊ ခရမ်ချဉ်သီး လေးစိတ်စိတ်။

ဒယ်အိုးထဲမှာ ဆီပူအောင် တည်လိုက်တယ်။ ပုဇွန်တွေ ထည့်ကြော်တယ်။ ရေထွက်လာမှာစိုးလို့ အဖုံး မအုပ်ဘူး။ အနီရောင် သန်းလာတော့ ခပ်ထားလိုက်တယ်။ ကြက်သွန်နီ ငရုတ်စိမ်း ဆနွင်းမှုန့်ထည့် ဆီသတ်တယ်။ မှိုကို ထည့်၊ ဆားထည့်မွှေ၊ ကြော်ထားတဲ့ ပုဇွန် ထည့်မွှေ၊ အဖုံးအုပ်ထားလိုက်တယ်။ ထွက်လာတဲ့ ရေနဲ့ မှိုနူးသွားလိမ့်မယ်။ ခရမ်းချဉ်သီးလေး ထည့်မွှေပြီးရင် စားလို့ရပြီ။ ပြင်ဆင်ချိန် မပါ။ စုစုပေါင်း ချက်ချိန် ငါးမိနစ်ပဲကြာတယ်။

ဖြစ်သလို မှိုပုဇွန် ချက်လိုက်တာ စားကောင်းသား။ နှစ်ယောက်စာ ပုဇွန် ဆယ်ကောင် မှိုတစ်ထုပ်ဆို ကန်စွန်းရွက် လေးစည်းဘိုးလောက်ပဲ ကုန်တယ်။ စကာင်္ပူဈေးနှုန်းနဲ့ တွက်တာနော်။

You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဖြိုးသက်အောင်] 1 New Entry: Blog မရေးဖြစ်ရခြင်း အကြောင်း

Blog မရေးဖြစ်ရခြင်း အကြောင်း

စာမရေးဖြစ်တာလဲ တော်ကိုကြာပြီဗျာ .... ။ ကိုယ့် ဘလောဂ်ကိုယ်ကြည့်ရတာလည်း တော်လေး ကိုခြောက်ကပ် ကပ် နိုင်နေတယ် ။ အဲ့ဒါနဲ့ စာလေး တစ်ပုဒ်လောက်တော့ ရေးမယ်ဟေ့ဆိုပြီး ကွန်ပျူတာလေးရှေ့ထိုင် ပြီး ဘာရေး မယ်ဆိုတာစဉ်းစားနေတုန်း ။ ဖလပ် တီတီတီ !!!!!!!!! အဲ့ဒါဘာဖြစ်တုန်း စဉ်းစားကြည့်ပေါ့ဗျာ။ ကိုရွှေမီး ကပျက် သွားလို့ UPS မြည်တဲ့ အသံပေါ့ဗျာ ။ စိတ်ထဲညစ်ညစ်ရှိတာ နဲ့ ဆိုင်ရာပိုင်ရာ အားလုံး စိတ်ရှိလက်ရှိအော်ဆဲ လူလဲ တော်တော်လေးမောသွားတယ်။ အဲ့ဒါနဲ့ ပြီးတော့ ငယ်ငယ်တုန်းက အကြောင်းလေး ကိုလည်းသတိရမိတယ်။ ရုပ်သံက လာတဲ့ဇာတ်လမ်းတွဲတွေ လာခါစတုံးက တီဗွီက ကြည့်နေတုန်း မီးကပျက် ၊ မီးကပျက်နေတုန်းဆို တီဗွီကကြည့်ချင်၊ အဲ့ဒီတုန်းကတော့ စဉ်းစားမိပါတယ် နောင်လာမယ့် 9 နှစ် 10 နှစ်လောက်ဆို ဒီလို ဒုက္ခတွေ မရှိတော့ ဘူးလို့ ပေါ့။ ခုတော့ လည်း အရင်တုန်းက လိုပါပဲ ကိုရွှေမီးလေးက ပျက်လို့ကောင်းဆဲပါပဲ။ အဲ့တုန်းက တွေနေရတဲ့ စာတန်းများ" ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ကြီးဆီသို့ " ကိုလည်း ခုတိုင်လည်း တွေ့ နေ ရဆဲပါပဲ။ နောက်ထပ်စာတန်းအသစ်တွေလဲ ထပ်တွေနေရပါပဲ ဥပမာတစ်ခုလောက်တော့ပြောလိုက်အုံးမယ် ဘာတဲ့ " Access has been denied " အဟတ် အဟတ် .... ။ အော်ဒီလိုပုံ နဲ့ မိုးကြီးချုပ်ရင်တော့ ............................................ ? ဘာဖြစ်မယ်ထင်သလဲ

" မီးပျက်တော့မှာဗျို့ ဘန်းကျော်ပြီးတော့ ပို့စ်လေးတစ်ခု မြန်မြန်တင်ထားမှ "

You received this email because you are subscribed to the real_time feed for http://phyothetaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[SOMETHING IS BETTER THAN NOTHING] 1 New Entry: သိရင်ပြောကြပါ

သိရင်ပြောကြပါ

မေတ္တာနဲ့ မော်ဒန်
ရင်မှာ ကာရန်ညီပါလျက်
တကယ်ဖွင့်ထုတ်မိတော့
ထွက်လာတာက
အနှစ်မရှိတဲ့ စကားလုံး.....
အပြုံးမရှိတဲ့ မျက်နှာ.....

ငါ့ ရင်အစုံ မေတ္တာဝတ်ရုံခြုံပါလျက်.....
ငါ့ စက္ခ္ခုနှစ်ကွင်း သစ္စာနဲ့ လင်းပါလျက်.....
အကြင်နာစကား ငါ့နားကကြားပါလျက်....
ရင်ခွင်မှာ အချစ်ပျောက်တာ
ဘာကြောင့်များလဲ?????????

စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

You received this email because you are subscribed to the real_time feed for http://moemyinttane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Myint Aung] 1 New Entry: Strategic Doctrine နှင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေး

Strategic Doctrine နှင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေး

ခင်မမမျိုး
(www.khinmamamyo.blogspot.com မှ ကူးယူဖော်ပြပါသည်)

အခုတလော တီဗွီသတင်းတွေမှာပဲဖြစ်ဖြစ်၊ ရေဒီယိုမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကော်ရီဒါတွေမှာပဲဖြစ်ဖြစ် ကြားနေ ရတတ်တဲ့ စကားလုံးလေးတခုရှိပါတယ်။ မြူးနစ်စာချုပ် ဆိုတာပါပဲ။ ဒါနဲ့အတူ တွဲပြီးနာမည်ကြီးနေတာက တော့ တချိန်က ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ချန်ဘာလိန်အကြောင်းပါပဲ။ ချန်ဘာလိန် မှားတယ်၊ မှန်တယ်နဲ့ ငြင်းခုန်နေကြတဲ့ အသံတွေက နေရာအနှံ့ပါပဲ။ ဒီဖြစ်ရပ်တွေနဲ့ အဓိက ဆက်စပ်နေတဲ့ strategic doctrine အ ကြောင်း ရေးသားတင်ပြချင်ပါတယ်။

မြူးနစ်နှင့် ချန်ဘာလိန်

ချန်ဘာလိန်အကြောင်း မပြောခင် ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်ဆယ်တိတိက ယခုလို အပတ်ထဲ၊ အတိအကျဆို ရရင်တော့ ၁၉၃၈ ခု၊ စက်တင်ဘာ ၂၉ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ မြူးနစ်စာချုပ်လေးအကြောင်း အရင်ကြည့်ကြရ အောင်ပါ။ ၁၉၃၈ ခု၊ စက်တင်ဘာလက ဗြိတိသျှဝန်ကြီးချုပ် ချန်ဘာလိန်နဲ့ ဂျာမန်ခေါင်းဆောင်ကြီး ဟစ်တလာ တို့ Berchtesgaden မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ဟစ်တလာက ဂျာမနီရဲ့ Sudetenland ကို သိမ်းပိုက်ဖို့ အစီ အစဉ်ကို ဗြိတိန်က မထောက်ခံရင် ချက်ကိုစလိုဗက်ကီးယားကို ကျူးကျော်မယ်လို့ ချန်ဘာလိန်ကို ခြိမ်း ခြောက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ချန်ဘာလိန်က ပြင်သစ်၊ ချက်ကိုစလိုဗက်ကီးယားနဲ့ ဆွေးနွေးပြီးတဲ့အခါ ဒီကိစ္စဟာ လက်ခံနိုင်ဖွယ် ရာ မရှိဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒီအခါမှာ ခေါင်းဆောင်ကြီး ဟစ်တလာအတွက် အကျပ်ရိုက်သွားပါ လေရော။ ဗြိတိန်နဲ့ ပြင်သစ်ဟာ စစ်မဖြစ်ချင်ဘူးဆိုတာကိုလည်း သူက သိထားပြန်လေတယ်။ ပြီးတော့ သူ တွက်ဆထားလိုက်တာက ဒီနှစ်နိုင်ငံကတော့ ဆိုဗီယက်ယူနီယံနဲ့ ပူးပေါင်းမှာ မဟုတ်ဘူးပေါ့။

ဒီလိုအခြေအနေမှာ ၀င်ပြီး အကြံပေးလုပ်သူကတော့ အီတလီ ဖက်ဆစ်ခေါင်းဆောင်ကြီး မူဆိုလိုနီပါပဲ။ သူက ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နိုင်ငံတွေအနေနဲ့ ကွန် ဖရင့်တခု ကျင်းပဖို့ပဲဆိုပြီး အကြံပေးတယ်။ ဟစ်တလာက မူဆိုလိုနီစကားကို နေရာတော်တော်များများ နား ထောင်တာ တွေ့ရတယ်။ အခု ဒီကိစ္စမှာလည်း သူက နားထောင်တာပဲ။

ဒီလိုနဲ့ ၁၉၃၈၊ စက်တင်ဘာလ ၂၉ ရက်မှာ မြူးနစ်စာချုပ်ကြီး ပေါ်ပေါက်လာတော့တယ်။ စာချုပ်အရ ချန်ဘာ လိန်နဲ့ ပြင်သစ် Daladier တို့က ဂျာမနီဟာ Sudetenland ကို သိမ်းပိုက်နိုင်ကြောင်း သဘောတူညီခဲ့ကြတယ်။ အပြန်အလှန်အနေနဲ့ ဥရောပထဲမှာ နောက်ထပ် နယ်မြေတောင်းဆိုမှုတွေ မလုပ်ဖိုဟစ်တလာကလည်း ကတိပေးခဲ့တယ်။ ချက်ကိုစလိုဗက်ကီးယားက ထကန့်ကွက်တော့ ချန်ဘာလိန်က ဗြိတိန်ဟာ Sudetenland အတွက်နဲ့ စစ်အဖြစ်ခံမှာ မဟုတ်ဘူးလို့ ဆိုခဲ့တယ်။ အဲဒီအထိတုန်းကတော့ အကောင်းပဲ။ သူ့ကိုလည်း စစ်ကို ရှောင်နိုင်တယ်ဆိုပြီး တချို့ ကောင်းချီးသြဘာတွေပေးလို့။

အဲ … သိပ်မကြာပါဘူး။ ၁၉၃၉၊ မတ်လလည်း ရောက်ရော၊ ဂျာမန်စစ်တပ်ကြီးက ချက်ကိုစလိုဗက်ကီးယားကို သိမ်းလိုက်ပါလေရော။ နောက်များမကြာမီ ဒုတိယကမ္ဘာစစ်ကြီးလည်း ဖြစ်လာပါရော။ ဒီတော့မှ ချန်ဘာလိန် ဟာ ဟစ်တလာက မယုံရဘူးဆိုတာ သိသွားပြီး၊ သူ့ရဲ့ appeasement ပေါ်လစီ မှားသွားတယ်ဆိုတာ သိပါ လေရောတဲ့။ လူအများက ချန်ဘာလိန်ကို ၀ိုင်းအပြစ်တင်ကြပါလေရော။

ဟိုတချိန်တုန်းကတော့ ဒီဖြစ်ရပ်အကြောင်းးပြောကြတိုင်း ကျွန်မလည်း အပြစ်တင်တာပဲ။ ဗြိတိသျှဝန်ကြီးချုပ် ကြီးဖြစ်ပြီး ဒီလောက်တောင်ပဲ အယုံလွယ်ရလားလို့။ အဲ … စစ်မဟာဗျူဟာလေ့လာရေးနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ကျောင်းသူဖြစ်လာပြီး strategic doctrine ကို လေ့လာပြီးတဲ့အခါကျတော့ ကျွန်မ ချန်ဘာလိန်ကို နားလည်မှု ရှိသွားတယ်။ သူမှန်တယ်၊ မှားတယ်ဆိုတာကို မပြောချင်တော့ပေမယ့် သူဒီလို ဆုံးဖြတ်ချက်ချရတဲ့ အကြောင်းဟာ ဘာကြောင့်ဆိုတာကို သတိထားမိသွားတာကြောင့်ပါ။

အဲဒီအချိန် ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးမူဝါဒတွေအပေါ်မှာ သက်ရောက်မှုရှိနေတဲ့ strategic doctrine က offensive strategy မဟုတ်ပဲ defensive strategy ဖြစ်နေတာကြောင့်ပါပဲ။ အဲဒီလို အချိန်မှာ ဟစ်တလာကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင် အားနည်းချက်တွေ ရှိနေသေးတာကို တွက်ဆပြီး ဒီဆုံး ဖြတ်ချက်ကို သူချခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံတခုမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတခုမှာပဲဖြစ်ဖြစ် strategic doctrine ရှိရပါတယ်။ ဒီလိုရှိမှလည်း မှန်ကန်တဲ့ နည်းဗျူဟာတွေကို ဆက်လက်ချမှတ်နိုင်မှာပါ။ စစ်အေးကာလအတွင်း က နေတိုးရဲ့ strategic doctrine ကို ဆက်ပြီး ကြည့်ကြရအောင်ပါ။

နေတိုးနှင့် 'flexible response' strategic doctrine

နေတိုးလို့ လူအများ အတိုကောက်ခေါ်လေ့ရှိတဲ့ North Atlantic Treaty Organizations (NATO) ဆိုတာ ဟာ ၁၉၄၉ခု၊ ဧပြီလ (၄)ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ North Atlantic Treaty ပါ ရည်မှန်းချက်တွေကို အကောင်အ ထည်ဖော်နေတဲ့ alliance organization တရပ်ပါ။ စစ်အေးကာလအတွင်းမှာ နေတိုးရဲ့ အခန်းကဏ္ဍက တော် တော်ကြီးမားခဲ့ပါတယ်။ ဒီအချိန်တုန်းက နေတိုးကျင့်သုံးခဲ့တဲ့ strategic doctrine က flexible response ဖြစ် ပါတယ်။

ဒီ doctrine ကို အဆင့်သုံးဆင့်နဲ့ ရေးဆွဲထားပါတယ်။ နယူးကလီးယားလက်နက်တွေ ရှိတာနဲ့တင် ချက်ချင်း ကာရော စစ်ဖြစ်တာနဲ့ နယူးကလီးယားလက်နက် သုံးစွဲမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ သုံးသင့်တဲ့ အဆင့် ရောက်မှ သုံးမှာဖြစ်ပါတယ်။ အဲဒီမှာ ပထမအဆင့်က direct defense ပါ။ ဆိုဗီယက်က နယူးကလီးယားလက် နက်မသုံးဘဲ conventional forces တွေပဲ သုံးပြီး တိုက်ခိုက်လာခဲ့ရင် ဒီလိုအလားတူ တပ်တွေနဲ့ပဲ ပြန်လည် တိုက်ခိုက်တာပါ။ ဥပမာ- ဆိုဗီယက်တပ်တွေ အနောက်ဂျာမနီကို ကျူးကျော်လာခဲ့ရင် နေတိုးတပ်တွေမှ ပြန် လည်ခုခံတိုက်ခိုက်ခြင်းပါ။

ဒီအဆင့်မှာမှ မရတော့ဘူးဆိုရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ Deliberate Escalation အဆင့်ကို ရောက်ပါ မယ်။ ဒီအဆင့်ကတော့ အကယ်၍များ ဆိုဗီယက်တပ်များက နေတိုးတပ်များကို ချေမှုန်းနိုင်တဲ့ သွင်ပြင်ရှိနေ မယ်ဆိုရင် နယူးကလီးယားလက်နက် အနည်းငယ်ကို အကန့်အသတ်နဲ့ သုံးတဲ့အဆင့်မျိုးပါ။ တတိယအဆင့် ကတော့ ကြောက်စရာ အကောင်းဆုံးပါပဲ။ General nuclear response ပါ။ အလုံးစုံသော ချေမှုန်းရေးပါပဲ။ mutual assured destruction scenario နဲ့ အနည်းနဲ့အများ ဆက်စပ်နေပါတယ်။

ဒီနေရာမှာ စစ်အေးကာလမှာ အမေရိကန်ပြည်တောင်စု ကျင့်သုံးခဲ့တဲ့ containment ဆိုတဲ့ ပေါ်လစီအ ကြောင်း အနည်းငယ် တင်ပြချင်ပါတယ်။ ဒီပေါ်လစီက ဒုတိယကမ္ဘာစစ်ကာလအပြီးမှာ ဆိုဗီယက်ရဲ့ နိုင်ငံရေး ထိန်းချုပ်မှုအောက်ကို ကျရောက်သွားတဲ့ နိုင်ငံများရဲ့ ဒိုမီနိုသက်ရောက်မှုကို ရပ်တန့်ဖို့ ပေါ်ပေါက်လာခဲ့တဲ့ ပေါ်လစီဖြစ်ပါတယ်။ ဒီပေါ်လစီရဲ့ အခြေခံကို George Cannan ဆိုတဲ့ အမေရိကန် သံတမန်တယောက်က စတင်ခဲ့တာဖြစ်ပါတယ်။ ဒီပေါ်လစီက Negotiation နဲ့ compromise ကို အခြေခံတဲ့ appeasement ပေါ်လစီ နဲ့ အမြစ်လှန်ချေမှုန်းရေးကို အခြေခံတဲ့ rollback ပေါ်လစီကြားမှာရှိတဲ့ ပေါ်လစီဖြစ်ပါတယ်။ အလုံးစုံချေမှုန်း ရေးအထိ ဆက်မသွားဘဲ နေရာတခုမှာပင် ရပ်နေလိုက်ခြင်းမျိုး ဖြစ်ပါတယ်။

၁၉၆၄ တုန်းက အမေရိကန်ပြည်ထောင်စုမှာ republican candidate, Barry Goldwater က ဘာကြောင့် အ နိုင်မတိုက်တာလဲလို့ containment ပေါ်လစီကို challenge လုပ်တော့ ဒီမိုကရက်တစ် candidate, President Johnston က အနိုင်တိုက်ဖို့ လုပ်လိုက်ရင် နယူးကလီးယားစစ်ပွဲကို risk လုပ်လိုက်သလို ဖြစ်မှာပေါ့လို့ ဖြေ ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဗီယက်နမ်စစ်ပွဲကာလမှာ လာအိုအထိ ၀င်ရောက်ပြီး ထောက်ပံ့ရေးလမ်း ကြောင်းဖြတ်ဖို့ ဗိုလ်ချုပ်တယောက်ရဲ့ ပရိုပိုဆာကို အမေရိကန်သမ္မတက ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီပေါ်လစီ က နိုင်ငံခြားရေးပေါ်လစီဆိုပေမယ့် နိုင်ငံတွင်းပဋိပက္ခများမှာလည်း အသုံးပြုတတ်ကြပါတယ်။

စစ်အေးကာလတလျှောက်မှာ နေတိုးက flexible response doctrine ကို ကျင့်သုံးပြီး၊ defensive အနေနဲ့ပဲ နေခဲ့ပါတယ်။ အဲ … စစ်အေးကာလပြီး နောက်ပိုင်းမှာတော့ နေတိုးလည်း offensive strategy ကို ကျင့်သုံး လာပါတယ်။ ဥပမာ- ၁၉၉၅ မှာဖြစ်ခဲ့တဲ့ ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား ဗုံးကြဲမှု (code name - Operation Deliberate Force) ၊ ၁၉၉၉ မှာ ဖြစ်ခဲ့တဲ့ ယူဂိုဆလားဗီးယား ဗုံးကြဲမှု (code name - Operation Allied Force) စတာတွေပါ။ ဒီအပိုင်းတွေနဲ့ကတော့ Humanitarian Intervention နဲ့ ပတ်သက်တာမို့ အသေးစိတ် ကို နောက်ဆောင်းပါးများမှာ ဖော်ပြပေးပါမယ်။ ဘာပဲဖြစ်ဖြစ် စစ်အေးကာလပြီးနောက်ပိုင်းမှာ အနောက်နိုင်ငံ များ (အထူးသဖြင့် အမေရိကန်နိုင်ငံ) ရဲ့ strategic doctrine က Preemptive strategy ကို ဦးစားပေးလာပါ တယ်။

အမေရိကန်ပြည်ထောင်စုနှင့် Preemptive Strategic Doctrine

Preemptive doctrine ဆိုတာက ရန်သူက ကိုယ့်ကိုလာမတိုက်မီ ကိုယ်က ရန်သူကို ဦးအောင် ချေမှုန်းရမယ် ဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံထားပါတယ်။ ဒါပေမယ့် မည်းမည်းမြင်တိုင်း ရန်သူဆိုပြီး တိုက်ချင် တိုင်း လိုက်တိုက်နေလို့တော့ မရပါဘူး။ တဘက်ကနေ လုံလောက်တဲ့ ခြိမ်းခြောက်မှု အတိုင်းအတာ ရှိနေမှ တိုက်လို့ ရတာမျိုးဖြစ်ပါတယ်။ ဥပမာ - ခြောက်ရက်ကြာစစ်ပွဲလို့ နာမည်ကြီးခဲ့တဲ့ ၁၉၆၇ခုနှစ်၊ အာရပ်-အစ္စရေး စစ်ပွဲဟာ Preemptive စစ်ပွဲဖြစ်ပါတယ်။ ဒီတုန်းက အီဂျစ်သမ္မတ နာဆာဟာ ကုလသမဂ္ဂ အရေးပေါ်တပ်တွေ ကို ဖယ်ရှားပြီး၊ ထောင်ပေါင်းချီတဲ့ တင့်ကားတွေ၊ သိန်းချီနေတဲ့ စစ်သားတွေကို အစ္စရေးနယ်စပ်အနီးကို စေ လွှတ်ခဲ့ပါ တယ်။ ဒါကြောင့် အစ္စရေးက သူ့နိုင်ငံတော် လုံခြုံရေးအတွက် Preemptive war ကို စတင်ဆင်နွှဲခဲ့ပါ တယ်။

ဒါပေမယ့် Preemptive strategic doctrine ကို တချို့က Preventive strategic doctrine နဲ့ မှားတတ်ကြပါ တယ်။ Preventive strategic doctrine ကကျတော့ ရန်သူဘက်က ခြိမ်းခြောက်မှုအတိုင်းအတာ မပေါ်လွင် သေးဘဲ ရန်သူကို စတင်တိုက်ခိုက်တာ ဖြစ်ပါတယ်။ Future threat လို့ ဆိုပေမယ့် နိုင်ငံတကာဥပဒေများနဲ့ ကမ္ဘာ့လူထုက ဒါကို လက်မခံကြပါဘူး။ အမေရိကန်နဲ့ မဟာမိတ်တပ်များ အာဖဂန်နစ္စတန်နိုင်ငံကို တိုက်ခိုက်မှု အပေါ်မှာ ကန့်ကွက်သံများ မကြားရပေမယ့် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ၂၀၀၃ ခုနှစ် အီရတ်နိုင်ငံ တိုက် ခိုက်မှုမှာကျတော့ ကန့်ကွက်သံများ ထွက်လာကြပါတယ်။

အာဖဂန်နစ္စတန်ကိစ္စမှာ Preemptive strategic doctrine ကို သုံးထားပေမယ့် အီရတ်ကိစ္စမှာကျတော့ ဘွတ်ခ်ျအုပ်ချုပ်ရေးက Preemptive လို့ဆိုပေမယ့် Preventive လို့ ယူဆသူများက အများအပြား ပေါ်ထွက် နေပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ပွဲတခုကို justified လုပ်ရတာဟာ အခက်ခဲဆုံး ကိစ္စတခုပဲ ဖြစ်ပါတယ်။ ပညာရှင် များကတော့ debate တွေ ဆက်လုပ်နေကြဆဲပါပဲ။

အဓိကပြောလိုတဲ့ အကြောင်းအရာကတော့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးဆိုင်ရာများကို အဓိက လွှမ်းမိုး သက်ရောက်နေတဲ့ strategic doctrine ရဲ့ အရေးပါမှုကိုပဲ ဖြစ်ပါတယ်။ strategic doctrine ဟာ နိုင်ငံတကာ ရေးရာများနဲ့ နိုင်ငံတရပ်အတွက်သာမက အဖွဲ့အစည်းများအတွက်ပါ အရေးကြီးပါတယ်။ အဖွဲ့အစည်းတခုအ နေနဲ့ ကိုယ်ရင်ဆိုင်ဆင်နွှဲနေတဲ့ စစ်မျက်နှာအသီးသီးအတွက် strategic doctrine လိုအပ်ပါတယ်။ ကိုယ်နဲ့ ရင် ဆိုင်ရမယ့် ရန်သူနဲ့ ကိုယ့်ကို မဟာမိတ်ပြုနေတဲ့ တိုင်းပြည်အဖွဲ့အစည်းများရဲ့ strategic doctrine ကို သေချာ သိရှိနားလည်ဖို့ လိုအပ်လှပါတယ်။

လက်ရှိမြန်မာအရေးနှင့် strategic doctrine

ကျွန်မအမြင်ကို ပြောရရင် ကျွန်မတို့ မြန်မာ့နိုင်ငံရေးရဲ့ ဦးဆောင်ပါတီတရပ်ဖြစ်တဲ့ အန်အင်ဒီပါတီရဲ့ Strategic Doctrine က defensive ဖြစ်ပြီး၊ နအဖရဲ့ အန်အယ်ဒီအပေါ်မှာ တောက်လျှောက် ကျင့်သုံး လာခဲ့တာကတော့ containment ဖြစ်ပါတယ်။ အန်အယ်ဒီကို မတရားအသင်းကြေငြာပြီး အပြီးသတ် roll back လုပ်လိုက်တဲ့အခါမှာ မြေအောက်ဆင်းသွားပြီး လူထုတော်လှန်ရေးကို trigger လုပ်လိုက်သလို ဖြစ်သွားမှာ စိုးတာရယ်၊ အန်အယ်ဒီ ရှိနေခြင်းအားဖြင့် စစ်ခေါင်းဆောင်အချင်းချင်း ကွဲပြားမှုအပေါ်မှာ အန်အယ်ဒီကို ဘုံ ရန်သူထားရှိပြီး မကွဲ အောင် ထိန်းထားဖို့ရယ်၊ နိုင်ငံတကာက လက်ခံလာနိုင်မယ့် ရွေးကောက်ပွဲတခု အခြေအ နေအကြောင်းကြောင်း ကြောင့် မလုပ်နိုင်သေးခဲ့တာအတွက်ရယ်ကြောင့် အန်အယ်ဒီအပေါ်မှာ containment strategic doctrine ကို အသုံးပြုနေခဲ့တာဖြစ်တယ်။

နောက်ပြန်ပြီး compromise strategy ကိုသွားဖို့ နအဖမှာ အစီအစဉ်မရှိနိုင်ဘဲ ရှေ့ဆက်တက်တဲ့ rollback strategy အလုံးစုံချေမှုန်းရေးကိုသာ အစီအစဉ် ရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့် အန်အယ်ဒီအနေနဲ့ compromise ထိုင်ပြီး တောင်းဆိုနေခြင်းဟာ ဖြစ်လာနိုင်ဖွယ်မရှိကြောင်း အမှန်တရားကို လက်ခံဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ငြိမ်းချမ်းစွာနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းရေးဟာ မြန်မာပြည်အတွက် အကောင်းမွန်ဆုံးသော solution ပါပဲ။ ဒါ ပေမယ့် Frederick the Great ဆိုခဲ့ဖူးတဲ့ "Negotiations without arms are like music without instrument" ဆိုတာလိုပဲ ငြိမ်းချမ်းစွာနဲ့ ထိပ်တိုက်ရင်ဆိုင်မတွေ့ဘဲ ဒီမိုကရေစီတောင်းနေတာကို နအဖက အ မှုတောင်ထားမှာ မဟုတ်ပါဘူး။

အခြားသော အတိုက်အခံများအပေါ်မှာတော့ နအဖက rollback strategy ကို တောက်လျှောက် ကျင့်သုံးလာ ခဲ့တာ ဖြစ်ပါတယ်။ ဆင်ပြောင်ကြီးသွားတဲ့ လမ်းကို ဒီလောက်ရှင်းနေရဲ့နဲ့ ဒိုင်ယာလော့ခ်ပဲ ထိုင်အော်နေလို့က တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အော်သူများပဲ အချိန်ကုန်ပါလိမ့်မယ်။ compromise လုပ်ရမယ်လို့ တ ချို့ဆိုတတ်ကြပါတယ်။ compromise ဆိုတာက လက်ခုပ်နှစ်ဘက်တီးမှ မြည်လာမယ့် ကိစ္စပါ။ လက်ခုပ်မတီး ချင်တဲ့ နအဖလက်ကို အတင်းသွားဆွဲပြီး တီးနေလို့ကတော့ compromise မဖြစ်လာဘဲ ခေါင်းပုတ်နှစ်သိမ့်ခံ လိုက်ရတာပဲ ဖြစ်လာပါလိမ့်မယ်။

တပ်ဦးပါတီက defensive strategy ကို သုံးလာတာ ရာစုနှစ်တွေ ချီနေပြီဖြစ်ပါတယ်။ ဒီ doctrine က ကြာ ကြာသုံးတာများရင် offensive မလုပ်ရဲတော့ဘဲ ဖြစ်တတ်ပါတယ်။ ဒါကိုနားလည်ပြီး အပြစ်တင်မှုမဟုတ်ဘဲ confrontation အတွက် ၀န်းရံပေးခြင်း (သို့) ၀န်းရံရင်လည်း မထနိုင်ဖြစ်လာတဲ့အခါ ခဏနောက်ချန်ထားပြီး၊ လုပ်သင့်တာကို ဆက်လက်လုပ်ကိုင်သွားခြင်းများ လုပ်ကြဖို့ တပ်ဦးပါတီမဟုတ်တဲ့ အခြားသော အဖွဲ့အစည်း များမှာ တာဝန်ရှိပါတယ်။

နိုင်ငံတကာအကူအညီ ဆိုတာမှာလည်း collective security ဆိုတဲ့ strategic doctrine အပေါ်မှာ အခြေခံ ထားတဲ့ ယူအင်မှာ အားနည်းချက်တွေ အများကြီးရှိပါတယ်။ တနိုင်ငံချင်းစီကနေဆိုရာမှာလည်း သူတို့ရဲ့ strategic doctrine တွေမှာ offensive strategy နည်းပါတယ်။ နိုင်ငံတကာဥပဒေများအရ Humanitarian Intervention ဆိုတာဖြစ်လာဖို့ကလည်း အတော်ကို ခဲယဉ်းလှပါတယ်။ ဒီတော့ ကျွန်မတို့အနေနဲ့ ကိုယ်ပိုင် strategic doctrine တခု ပိုင်ပိုင်နိုင်နိုင် ရှိနေဖို့လိုအပ်နေပါပြီ။

ပြည်တွင်းလူထုတိုက်ပွဲကိုပြပြီး၊ နိုင်ငံတကာ ၀င်ပေးပါဆိုပြီး တောင်းဆိုမယ့် doctrine လား၊ ယူအင်နဲ့ ပြည်ပ က ၀င်ရောက်စွက်ဖက်ပေးပါလို့ ထိုင်အော်နေမယ့် doctrine လား၊ နအဖကို compromise လုပ်ရမယ်ဆိုပြီး ခေါင်းပုတ်ကျောသပ်သွားခံမယ့် doctrine လား၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေး တွဲစပ်ပြီး တော် လှန်ရေးအရှိန်ရောက်လာချိန်မှာ ခွဲထွက်ပူးပေါင်းလာမယ့် တပ်က လူတချို့နဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းပြီး ဒီမို ကရေစီလမ်းကြောင်းပေါ်သွားမယ့် doctrine လား ပိုင်ပိုင်နိုင်နိုင် ရွေးချယ်ဆုံးဖြတ်ကြဖို့ လိုပြီဖြစ်ပါတယ်။ ရန် သူ့အခြေအနေကြည့်ပြီး flexible response သုံးမည်ဆိုလျှင်လည်း လိုအပ်သည့် အဆင့်များကို ဖော်ထုတ်သင့် ကြပြီဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် strategic doctrine ဟာ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးရာကိစ္စများမှာ အရေးပါလှသော ကျော ရိုးမဏ္ဍိုင်တရပ်ဖြစ်တာမို့ ရေရာတိကျသော strategic doctrine မရှိရင် တိုက်ပွဲဖော်ဆောင်မှုနဲ့နည်းဗျူဟာ များဟာ ပြန့်ကျဲနေပြီး၊ ပစ်မှတ်ကို မထိရောက်နိုင်ဘဲ ဖြစ်တတ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

တော်လှန်ရေးသစ္စာဖြင့် …
ခင်မမမျိုး (၁၊ ၁၀၊ ၂၀၀၈)

You received this email because you are subscribed to the real_time feed for http://myomyintaungmm.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အငွေ့ပျံ အိပ်မက်] 1 New Entry: ထီးတချောင်းနဲ့ မိုးထဲမှာ

ထီးတချောင်းနဲ့ မိုးထဲမှာ

မိုးစက်ပွင့်တွေက လွင့်ကြွေနေဆဲ ... အေးစိမ့်စိမ့်နံနက်ခင်းလေပြေက ရင်ကိုအေးမြမှုထက် ပိုမိုအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ခိုက်ခိုက်တုန်မတတ် ချမ်းအေးနေတဲ့အကြားက တာဝန်ဆိုတဲ့ စကားတခွန်းအတွက် အလုပ်ကိုသွားခဲ့ရတယ်။ အတွေးကတော့ နေရာအနှံ့ကပ်ပါနေဆဲ... တွေဝေမှုတွေ နေရာအနှံ့ကပ်ပါနေဆဲ... မိုးထဲမှာ ကျနော်ထီးပါရဲ့နဲ့ ရေတွေရွှဲလို့ လမ်းလျှောက်နေခဲ့တယ်...။

မိုးတွေရွှဲလို့ ရောက်လာတဲ့ကျနော့်ကို "မင်းထီးမပါဘူလား" လို့ တယောက်ကမေးတယ်။ ကျနော်ရဲ့ "အင်းပါတော့ပါတယ်" ဆိုတဲ့ စကားကို သူကနားမလည်သလိုနဲ့ ခေါင်းကုပ်ရင်းထွက်ခွာသွားခဲ့တယ်။ တကယ်ဆို ကျနော်မှာ ထီးပါလာခဲ့ပါတယ်။ မပါတာက စိတ်ပါ။ ကျနော့်မှာသွက်လက် ဖျတ်လတ်တတ်လေ့ရှိတဲ့ စိတ်ပါမလာခဲ့တာ။ တကယ်ဆို ထီးကလုံခြုံခဲ့ပါတယ်။ မိုးဖွဲလေးတွေထဲမှာ ထီးရဲ့ လုံခြုံမှုကို အပြည့်အ၀ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ ကျနော့်စိတ်မလုံခဲ့တာပါ။ ထီးပေါ်ကမိုးထက်တွေ စိတ်ဓါတ်တွေထဲဖြတ်သန်းစီးဝင်သွားတာပါ။ နှလုံးသားထိတိုင်ပေါ့...။

ဒီလိုနဲ့ ကျနော် ထီးတချောင်းနဲ့ မိုးရေထဲမှာ ဆက်လျှောက်နေတာ၊ လျှောက်ရင်း လျှောက်ရင်း ကြာခဲ့ပြီ။

ကြိုတင်အသိပေး ပန်ကြားခြင်း

ဒီစာမျက်နှာလေးပေါ်မှာ ဖန်တီးထားသမျှသော ပန်းချီ၊ ဓါတ်ပုံ၊ ဗွီဒီယို၊ နည်းပညာဆိုင်ရာ အချက်အလက် စသည်ဖြင့် ဖန်တီးထားမှုအားလုံးသည် တစုံတခုမျှ ကျနော့်၏ ကိုယ်ပိုင်ဖန်တီးထားမှုများ မဟုတ်ကြဘဲ အလျှင်းသင့်သလို ကြိုက်တာယူ၊ ကြုံရာဆွဲ ထင်တိုင်းကြဲထားခြင်းများသာ ဖြစ်သဖြင့် လူကြီးမင်းတို့၏ စီပွားရေး လုပ်ငန်းများတွင် အသုံးပြုလိုပါက ကျနော့်ထံခွင့်ပြုချက် တောင်းစရာမလိုဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ မူပိုင်ခွင့်နှင့်သာတိုက်ရိုက် သက်ရောက်မှုရှိပါလိမ့်မည်။
Creative Commons License
by is licensed under a Creative Commons Attribution 3.0 United States License.

You received this email because you are subscribed to the real_time feed for http://lostofthedream.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကာရန်မဲ့ အတွေးစများ] 1 New Entry: ကျွန်မနှင့် အားနာခြင်း

ကျွန်မနှင့် အားနာခြင်း

"အားနာတယ်"ဆိုတဲ့စကား အသုံးအနှုန်းကို မြန်မာစကားကလွဲလို့ ကျန်တဲ့ဘာသာစကားတွေမှ မသုံးကြ၊ မရှိကြသလောက်ပါပဲ။ "အားနာတတ်တဲ့ လူမျိုး" အဖြစ် မြန်မာတော်တော်များများ ဂုဏ်ယူကြတဲ့ "အားနာခြင်း"ဆိုတဲ့ စကားကို အင်္ဂလိပ်တွေကတော့ သူတို့ဘာသာစကားမှာ မရှိတဲ့အတွက် အနီးစပ်ဆုံး ဘာသာပြန်ပစ်လိုက်တာက "hesitate"ပါတဲ့။ (တခြားစကားလုံးလည်း ရှိဦးမှာပါ။ လတ်တလော ကျွန်မ မှတ်မိတာလေး ချရေးလိုက်တာ။) ဒီ "hesitate"ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုရရင် "ချီတုံချတုံဖြစ်တာ"၊ "စကားတွန့်ဆုတ်ပြောတာ"၊ "စိတ်ဒွဟဖြစ်တာ"၊ "wait to act because of fear" ပါတဲ့။ တော်တော်မလှပတဲ့ စကားလုံးအဓိပ္ပါယ်တွေပါပဲနော်။ ပြောရရင်တော့ သူတို့လူမျိုးအနေနဲ့ "အားနာခြင်း"ဆိုတာမရှိလို့ စကားလုံးတောင် မရှိရှာဘူးလို့ မြန်မာအများစုက ယူဆကြ၊ အားနာခြင်းကို ယဉ်ကျေးမှုတရပ်အနေနဲ့ ဂုဏ်ယူတတ်ကြတယ်လို့ ထင်ပါတယ်။ ကျွန်မကတော့ ဒီအားနာတယ်ဆိုတဲ့ စကားနဲ့ စိတ်ကို အရမ်းမုန်းတာပဲ။ ဒီအားနာမှုနဲ့ သူတပါးကို ကူညီခြင်းတွေက ကျွန်မ ဘ၀မှာ သင်ခန်းစာယူစရာ အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်။

ဒေါသအရမ်းကြီးပြီး စွာလည်း စွာတဲ့ ကျွန်မတို့ မိသားစုဟာ အဲဒါနဲ့ ဆန့်ကျင်ဘက် အရမ်းအားနာတတ်ကြပြန်တယ်။ တစုံတယောက်က အကူအညီလာတောင်းရင်၊ ကိုယ်လုပ်ပေးနိုင်တာ တခုကို သူတို့အတွက် လုပ်ပေးဖို့ လာပြောရင် "ဟင့်အင်း၊ မကူညီနိုင်ဘူး၊ မလုပ်ပေးနိုင်ဘူး"လို့ ပြောဖို့လည်း အရမ်းဝန်လေးတတ်ကြပြန်ပါတယ်။ အဲဒါကြောင့် အဖေနဲ့ အမေ ငယ်ငယ်ကလည်း သူများတွေကို ကိုယ့်လိုပဲ ထင်မြင်ယူဆပြီး ယုံကြည်ခြင်း၊ အားနာတတ်ခြင်းတွေနဲ့ပဲ သင်ခန်းစာတွေ အများအပြားရရှိခဲ့ဖူးပါတယ်။ ကျွန်မအဖေ အစိုးရ၀န်ထမ်းအဖြစ် ၀င်မလုပ်ခင် စီးပွားရေးလောကမှာ ၉ ကြိမ်တိတိ အလိမ်ခံခဲ့ရဖူးတဲ့အထိ ဆိုပါတော့။

ကျွန်မရဲ့ သင်္ချာဆရာတစ်ယောက် လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ၁၀သိန်းလောက် အလိမ်ခံရမလို ဖြစ်ပြီး ပြန်အဆင်ပြေတဲ့အချိန် သူပြောတဲ့ စကားတခွန်းရှိတယ်။ "ဘယ်သူ့ဆီကမှ ခိုးထား၊ ၀ှက်ထား၊ လိမ်ညာပြီး ရှာထားတာလည်း မဟုတ်၊ သူများတွေ ဒုက္ခရောက်စေတဲ့နည်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေလည်း မဟုတ်။ ငါ့ဟာငါ သမ္မာအာဇီဝနဲ့ စာသင်ပြပြီး ရှာထားတဲ့ပိုက်ဆံတွေ။ အဲဒါကြောင့် သူ့ပိုက်ဆံတွေ အလိမ်မခံရဘဲ ပြန်ရတာ"လို့ ပြောတယ်။

ဒီကို စရောက်ထဲက အဖေ့ကျေးဇူးနဲ့ PR တန်းဖြစ်ပြီး သိပ်မကြာခင်မှာပဲ အသက် ၂၁ ပြည့်ခဲ့တဲ့ ကျွန်မက ကိုယ့်ပတ်ဝန်းကျင်မှာ student pass နဲ့နေသူတွေကြား ကံမကောင်းဆုံး ဖြစ်ခဲ့တယ်လို့ပဲ ပြောရမလား။ အဲဒီတုန်းက PR ဆိုတာလည်း မြန်မာတွေကြားမှာ ခုလို များများစားစား မရှိသေးပါဘူး။ ဒီမှာ ဖုန်းဝယ်ချင်ရင် PR နဲ့ နိုင်ငံသားတွေပဲ plan တွေနဲ့ ၀ယ်လို့ရတယ်။ နောက်ပြီး starhub ဖုန်းလိုင်းက PR နဲ့ နိုင်ငံသားတွေကိုပဲ ရောင်းတယ်။ တခြား နေထိုင်ခွင့်နဲ့ နေသူတွေက စပေါ် ၂၀၀ လောက် ပေးပြီး ၀ယ်ရတော့ PR တစ်ယောက်လောက်နဲ့များ သိတာနဲ့ ဖုန်းဝယ်ခိုင်းဖို့ပဲ ကြိုးစားကြတယ်။ အသက် ၂၁ နှစ်ပြည့်ပြီးတဲ့သူက ကုမ္ပဏီ ၃ ခုရှိတဲ့အနက် တခုစီမှာ ဖုန်းလိုင်း ၃ လိုင်း ၀ယ်ခွင့်ရှိတယ်ဆိုတော့ "ဟင့်အင်း၊ မ၀ယ်ပေးနိုင်ပါဘူး"လို့ ပြောမရတဲ့ ပါးစပ်ကြောင့် လိုင်းအပြည့်၊ ကုမ္ပဏီအပြည့်။ တိုတိုပြောရရင်တော့ 2 year plan တွေနဲ့ ၀ယ်တဲ့အတွက် အလကားရတဲ့ ဖုန်းခွံတွေက သူတို့ဆီမှာ။ plan ပြည့်အောင် မသုံးတဲ့အတွက် S$1700 ကျော် လိုင်းကြေးစိုက်လျော်ရတာက ကျွန်မ။ ဒါက ပထမဆုံးခံရတဲ့ အီစိမ့်မှု။ ဒါတောင် အမှတ်မရှိ၊ ဒီလူကတော့ မလုပ်လောက်ပါဘူး။ ဟိုလူကတော့ ယုံရမှာပါ။ IDD မသုံးရင် အိမ်ဖုန်းကတော့ သိပ်မကျလောက်ပါဘူး။ ဘာဘူး၊ ညာဘူးနဲ့ ဖုန်းလိုင်းတွေ လျှောက်ပေးမိတာ ဖုန်းကုမ္ပဏီ ၃ ခုလုံးမှာ Black List ကို ဖြစ်ရောပဲ။

အဲဒီထိ ကျွန်မမှာ ကိုယ့်ကို "ဟိုဟာလေး အာမခံပေးပါလား၊ ဒီဟာလေး sponsor လုပ်ပေးပါလား" ပြောရင် "ဟင့်အင်း" လို့ ပါးစပ်က ပြောမထွက်နိုင်သေး။ "ဟင့်အင်း၊ ငါ မကူညီနိုင်ပါဘူး" ပြောဖို့အတွက် "အီး၊ အဲ" နဲ့ မျက်နှာက ဖိန်းခနဲ၊ ရှိန်းခနဲဖြစ်ပြီး ကျွန်မတို့ မြန်မာတွေ အများစု ပြောတတ်၊ ဖြစ်တတ်ကြတဲ့ အားနာမှုဆိုတာကြီးက ကျွန်မကို လည်လိမ်ချိုးထားတဲ့အတိုင်းပါပဲ။ ကိုယ့်ထမင်း ကိုယ်စားပြီး ဘယ်သူ့အကူအညီမှမပါဘဲ ကျွန်မမိဘတွေရဲ့ ပြီးပြည့်စုံတဲ့ supporting တွေနဲ့ ဒီလို အခြေအနေရောက်လာတဲ့ ကျွန်မက သူတို့ကျေးဇူးမရှိပါဘဲ အဲဒီ အသိမိတ်ဆွေဆိုသူတွေရဲ့ အကူအညီတောင်းမှုတွေကို မငြင်းဆိုနိုင်တာကြီးက တော်တော်တော့ အဓိပ္ပါယ်မရှိဘူးနော်။

ကျွန်မကို နမူနာကြည့်ပြီး ကျွန်မညီမ အသက် ၂၁ ပြည့်ချိန်မှာ ဘယ်သူ့ကိုမှ ဖုန်းလိုင်းမ၀ယ်ပေးဘူးလို့ ကြွေးကြော်တယ်။ အဲဒီတော့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့၊ ဖုန်းဝယ်ခိုင်းမယ်လို့ ထင်တဲ့သူတွေကို "ငါ့ မလေးတုန်းက ဒီလို၊ ဒီလိုတွေဖြစ်တယ်။ အဲဒါကြောင့် ဘယ်သူ့ကိုမှ ဖုန်းဝယ်မပေးရဲဘူး၊ ဘာညာနဲ့" သူ့ကို ဖုန်းမ၀ယ်ခိုင်းအောင် ကြိုတင်ပြီး ပြောထားတယ်တဲ့။ ဒါပေမဲ့ တရက်တော့ သူအတန်တန် ပြောထားလျက်နဲ့ ကောင်မလေးတစ်ယောက်က သိသိကြီးနဲ့ ဖုန်းဝယ်ပေးဖို့ လာပြောတဲ့အခါ ကျွန်မညီမ ကြောင်အပြီး ဘာပြန်ပြောလို့ ပြောရမှန်းတောင် မသိဘူး ဖြစ်သွားသတဲ့။ နောက်ဆုံးတော့ ထုံးစံအတိုင်း ခွေးအကြီး လှည်းနင်းခံရသလို တအိအိသာ အသံထွက်နိုင်ပြီး "ဟင့်အင်း"လို့ ပြောမရတဲ့ ပါးစပ်ကြီးကြောင့် ဖုန်းတလုံး ၀ယ်ပေးလိုက်ရပါတယ်။ တလ ၂၀၀ကျော် ကျအောင် ဖုန်းပြောပြီး ဖုန်းစ၀ယ်ပေးတဲ့ လထဲက နှစ်လကြာသည့်တိုင် ဖုန်း bill တပြားမှ မပေးတဲ့အခါ ကျွန်မညီမက ဖုန်းလိုင်းကို cancel လုပ်၊ ဖုန်းbillဖိုး ပေးပြီး အဲဒီ နံပါတ်ကို နှစ်နှစ်ပြည့်အောင် ကျွန်မ ဆက်သုံးပေးရပါတယ်။ ဒီလိုနည်းနဲ့ ကျွန်မအမေလည်း သူ့နာမည်နဲ့ ဖုန်းဝယ်ပေးတာ ၁၀၀၀ကျော်လောက် စိုက်ပေးလိုက်ရဖူးတယ်။ နောက်မှ အဲဒီသူဆီက နည်းနည်းချင်း ပြန်တောင်းယူရတယ်။

ခုဆို ကျွန်မအဖေက ပြောတယ်။ ဖုန်းဝယ်ပေးဖို့များ လာပြောရင် "ဒီနားတိုးစမ်းပါ"ဆိုပြီး "ပါးသာ အရင်ဆုံး ရိုက်ပစ်လိုက်ချင်တော့တယ်"လို့ ပြောရလောက်အောင် ကျွန်မတို့ မိသားစု အာမခံပြီး ဖုန်းဝယ်ပေးလိုက်တိုင်း သူတို့သုံးတဲ့ဖုန်းဖိုး ကျွန်မတို့ စိုက်မပေးရတာ မရှိသလောက်ပေါ့။ ဖုန်းကိစ္စက နမူနာသဘောလောက် ပြောပြတာပါ။ (သိပ်မရင်းနှီးတဲ့သူထဲက) အိမ်မှာ သုံးလလောက် လာနေပြီး နေစရိတ်၊ စားစရိတ် တပြားမှ မပေးတဲ့အပြင် စားဖို့၊ သောက်ဖို့ ထမင်းဟင်းတောင် အလိုက်တသိနဲ့ ၀င်ကူချက်ဖော်မရတဲ့၊ အလုပ်လေးရမှ အိမ်ပေါ်ကနေ ကော့တော့ကော့တော့နဲ့ ပြောင်းသွားတဲ့၊ တော်ရုံလူတွေ ကြုံရမှာ မဟုတ်တဲ့ ဇာတ်လမ်းမျိုးတွေလည်း အများအပြား ရှိပါသေးတယ်။ ကျွန်မတို့ အားနာတတ်တာကို သူတို့အဖို့ လူနုံ၊ လူအတွေ အဖြစ်များ မြင်နေကြလားတော့ မသိဘူး။ အန်တီငြိမ်းကတော့ ကျွန်မတို့ မိသားစုကို ဝေသန္တရာ မိသားစုတဲ့။

ဒီမှာ အစိုးရကျောင်းတွေ တက်ခွင့်ရရင် အစိုးရက ကျောင်းစားရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းထောက်ပံ့တယ်။ အဲဒီအတွက် သူတို့နိုင်ငံမှာ ၃ နှစ် အလုပ်လုပ်ပါမယ်ဆိုတဲ့ စာချုပ်ပဲ ချုပ်ရတယ်။ ကျောင်းသားတွေ ပေးရမယ့် ကျန်တဲ့ ၂၀ ရာခိုင်နှုန်းထဲကနေမှ ၈၀ ရာခိုင်နှုန်းကို ဒီက ဘဏ်တွေဆီမှာ ချေးလို့ရသေးတယ်။ ကျောင်းပြီးမှ ပြန်ဆပ်ရုံသာ။ အဲဒီတော့ ကျောင်းသား တစ်ယောက် အစိုးရအထောက်အပံ့နဲ့ ဘဏ်က ချေးအပြီး ကျောင်းလခ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ၃၈၀ ကျော်လောက်ပဲ ပေးရပါတော့တယ်။ အစိုးရထောက်ပံ့တာကို အသက် ၂၁ ပြည့်တဲ့ မည်သူမဆို အာမခံနိုင်ပေမယ့် ဘဏ်က ချေးငွေကိုတော့ PR ဒါမှမဟုတ် နိုင်ငံသားက လက်မှတ်ထိုး အာမခံရပါတယ်။ များသောအားဖြင့် အာမခံပေးတဲ့သူ ရှားပါတယ်။ လက်မှတ်ထိုးပေးကြတဲ့ PR တွေက အာမခံခ S$500 လောက် အနည်းဆုံး တောင်းတတ်ကြပါတယ်။ တော်ရုံတန်ရုံ ဘယ်သူမှ လက်မှတ်ထိုးမပေးကြပါဘူး။ အဲဒီတုန်းကတော့ "အမယ်လေး ဒါလေး လုပ်ပေးရတာများ ဘာလို့ မကူညီကြပါလိမ့်"လို့ ကျွန်မ မိုက်မဲစွာ တွေးခဲ့ဖူးပါတယ်။

ကျွန်မအတွက်ကတော့ ဘာမှမခက်ခဲတဲ့ လက်မှတ်လေး တချက်ထိုးပေးရုံများ အပန်းကြီးတာမှ မဟုတ်တာပေါ့။ ဟုတ်ကဲ့၊ အဲဒီအတွက် ကျွန်မ ဘဏ်မှာ အာမခံလုပ်ပေးမိတယ်။ ကံဆိုးစွာနဲ့ပဲ ကျွန်မ အာမခံလုပ်ပေးတဲ့သူ စာမေးပွဲကျလို့ ပြည်တော်ပြန်ရပါတယ်။ အဲဒီအခါ အစိုးရထောက်ပံ့ကြေးကို ပြန်ပေးစရာမလိုပေမယ့် ဘဏ်ကနေ ချေးထားတဲ့ သုံးနှစ်စာ ကျောင်းစားရိတ်ကိုတော့ ပြန်ဆပ်ရပါမယ်။ မြန်မာပြည်ပြန်နေလို့လည်း ဘာမှ အကျိုးမရှိတဲ့အတွက် သူက ဩဇီ ဒါမှမဟုတ် မလေးရှားမှာ ကျောင်းပြန်တက်ဖို့ ကြိုးစားပါတယ်။ အဲဒီအတောအတွင်း ပိုက်ဆံလိုမှာဖြစ်တဲ့အတွက် ကျွန်မက ဘဏ်မှာ ချေးထားတဲ့ပိုက်ဆံကို မတောင်းဘဲထားတယ်။ သူကလည်း ကျောင်းတက်ခွင့်ရရင် ဘဏ်ကပိုက်ဆံ ဆပ်မယ်ပြောတာကိုး။ သူ့မိဘတွေက အရာရှိအရာခံတွေလည်း ဖြစ်လေတော့ ပြန်ဆပ်မှာပါလို့ ကျွန်မ တွေးခဲ့တယ်။

ဒါပေမဲ့ အဲဒီ ငွေ S$5000 ကျော်ကို ခုချိန်ထိ တပြားတချပ်မှ မရသေးပါဘူး။ "အားလုံး တပြိုင်တည်း မဆပ်နိုင်ရင် နေပါ။ တလ ၁၀၀၊ ၂၀၀ လောက်တော့ တတ်နိုင်သလောက် ဆပ်ပါ"လို့ ကျွန်မ ပြောပေမယ့် အချည်းနှီးပါပဲ။ သူတို့က နိုင်ငံတကာပတ်လို့၊ ရောက်တဲ့နိုင်ငံမှာ ကားတွေဝယ်စီးလို့ နေချိန် ကျွန်မကတော့ တရားစွဲမယ်ဆိုတဲ့ ဖြူ၊ နီ၊ ပြာ၊ ၀ါ Reminder စာရွက်ပေါင်းများစွာနဲ့ သူများအကြွေး ၅၀၀၀ကျော်ကို ဆပ်လို့ မဆုံးဖြစ်နေတော့တယ်။ ကျွန်မက ၂၀၀၀ကျော်လောက် ဆပ်လိုက်၊ မဆပ်ဘဲ နေလိုက်၊ အတိုးတွေက ထပ်ထပ်တက်လိုက်နဲ့ ပေးစရာ ၅၀၀၀ကျော်က လျော့တယ်လို့ မရှိပါဘူး။ သူတို့အနေနဲ့ ဒီငွေတွေကို ပေးနိုင်တဲ့အခြေအနေလည်း ရှိလျက်၊ နည်းနည်းချင်းလည်း ပေးရမှာဖြစ်လျက် ဘာလို့များ မပေးတာလဲဆိုတာ ကျွန်မအနေနဲ့ စဉ်းစားလို့ မရအောင်ပါပဲ။

အဲလိုအခြေအနေမှာတောင် ကျွန်မရဲ့ အားနာမှုက မရပ်တန့်နိုင်သေးပါဘူး။ ဒီကို အလည်အပတ်လာပြီး အလုပ်ရှာကြတဲ့အခါ ဗီဇာလျှောက်ဖို့ sponsor လိုပါတယ်။ အဲဒီအတွက် တချို့တွေက မြန်မာငွေ ၄၊ ၅ သိန်း တောင်းပြီး sponsor လုပ်ပေးကြတယ်လို့ ပြောပါတယ်။ ကျွန်မအနေနဲ့တော့ ကိုယ့် IC လေး scan ဖတ်ပြီး Invite Letter နဲ့အတူ အီးမေးလ်ကနေ ပို့လိုက်ရတာဟာ ဘာမှ ပြောပလောက်တဲ့ ကိစ္စလို့ မထင်ပါဘူး။ အဲဒီအတွက် ခုလက်ရှိ ဒီမှာ အလုပ်လုပ်နေကြတဲ့ ကျွန်မ အသိတွေ၊ သူငယ်ချင်းတွေ၊ ကျွန်မ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေ အမြောက်အမြားကို ကျွန်မ sponsor လုပ်ပေးခဲ့တယ်။ အဲဒီ sponsor ကိစ္စနဲ့ပတ်သက်ပြီး ခုချိန်ထိ ဘာပြဿနာမှတော့ မဖြစ်ပါဘူး။ တချို့ရှိသေးတယ်။ အစိုးရကျောင်းမဟုတ်တဲ့ ကျောင်းကို တက်ရင် student pass အတွက် sponsor လိုတယ်။ ကိုယ်နဲ့ မသိပေမယ့် ကိုယ့်သူငယ်ချင်းက အကူအညီတောင်းလို့ (သူများအကြွေး စိုက်လျော်ရလွန်းလို့) သူများအကြွေးနဲ့ လူလုပ်နေရတဲ့ ကျွန်မ ရင်တထိတ်ထိတ်နဲ့ အားနာစွာ sponsor လုပ်ပေးဖြစ်တယ်။ ဒါလည်း ပြဿနာမပေါ်ခဲ့လို့သာပေါ့ မဟုတ်ရင် ကျွန်မတော့ ရူးလောက်ပြီ။ ဒီကြားထဲ အချိန်ပိုင်းအလုပ်လုပ်ခွင့်မရှိတဲ့ Private ကျောင်းသူက ကျွန်မ အိုင်စီကတ်နဲ့ အလုပ်လုပ်မလို့ ခဏငှားပါလို့ လာပြောသေးတာ။

သေချာတာက သူတို့ကို ဖုန်းလိုင်းဝယ်ပေး၊ sponsor လုပ်ပေး၊ အာမခံလုပ်ပေးပြီး သူတို့ဆီက မုန့်တခု၊ ငွေတကျပ်တောင် ကျွန်မ မစားခဲ့၊ မယူခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ ပြန်ရလိုက်တာက စိုက်ဆပ်ပေးရမယ့် အကြွေးတွေပါ။ ကျွန်မ အလုပ်လုပ်ပြီး ရှာရတဲ့ပိုက်ဆံက ကျွန်မ သုံးရတယ်ကို မရှိသလောက်ပါပဲ။ ကျွန်မ ဆရာပြောခဲ့သလိုဆို ကျွန်မလည်း ဘယ်သူ့ဆီကမှ လိမ်ညာခိုးဝှက်ပြီး ရှာထားတဲ့ ပိုက်ဆံတွေ မဟုတ်ပါဘဲလျက် ဘာလို့များ ဒီလိုမျိုးတွေ ကြုံနေရပါလိမ့်။ ကျွန်မ သစ္စာဆိုရဲတယ်။ ကျွန်မ sponsor လုပ်ပေးသမျှ၊ အာမခံပေးသမျှ ဘာကျေးဇူးခံ၊ ကျေးဇူးစား၊ ဘာအကြောင်းအချက်မှ မပါဘဲ ကိုယ့်အတွက် အပန်းမကြီးတာလေး ကိုယ်လုပ်ပေးနိုင်လို့ လုပ်ပေးလိုက်တယ် ဆိုတာပါပဲ။ ထို့အတူ ယနေ့အချိန်ထိ ကျွန်မတို့ တမိသားစုလုံး သူများ စိတ်ဆင်းရဲ၊ ဒုက္ခရောက်အောင် မလုပ်ခဲ့သလို သန့်သန့်ရှင်းရှင်းနဲ့ ရှာလို့ရတဲ့ ပိုက်ဆံတွေနဲ့ပဲ ထမင်းစားခဲ့ကြသူတွေ။ ကျွန်မအဖေ အစိုးရ၀န်ထမ်းဘ၀တုန်းကလည်း ပြည်သူပိုင်ပစ္စည်း ကိုယ့်ပစ္စည်းမလုပ်ခဲ့။ သူများပိုက်ဆံ အလွဲသုံးစား မလုပ်ခဲ့။ ကျေးဇူးရှင်ကို ကျေးမစွပ်ခဲ့။ ဒါပေမဲ့ ကိုယ့်အကြွေး ကိုယ်ပြန်မဆပ်ချင်တဲ့၊ သူတပါးကို ဒုက္ခပေးချင်တဲ့သူတွေနဲ့ ကြုံတွေ့နေရတာ ဘယ်လို အကြောင်း အကျိုး ဆက်စပ်ပြီးများ ဖြစ်ပေါ်လာရတာလဲလို့ သိချင်လိုက်တာ။

တကယ်ဆို အဲဒီ "အားနာတယ်"၊ "ကူညီတယ်"၊ "သူလည်း ကိုယ့်လိုပဲ နေမှာပါလေ"ဆိုတဲ့ အတွေးတွေ မရှိချင်၊ မကြားချင်တော့လောက်အောင် ကျွန်မ မုန်းတီးမိနေပါပြီ။ ကိုယ့်ကိုယ်ကိုလည်း အပါအ၀င်ပေါ့။ ကျွန်မတို့ မိသားစုရဲ့ နောက်မျိုးဆက်ကို အားနာခြင်းဆိုတာ မသိတဲ့သူတွေ ဖြစ်စေချင်တယ်။ (လူတွေအပေါ် စီးပိုးပြီး သူများမျက်ခုံးမွှေးပေါ် လမ်းလျှောက်တတ်တဲ့ လူစားမျိုးတော့ ဘယ်ဟုတ်မလဲ။ အဲလို လူမျိုးတော့ ကျွန်မ အရမ်းမုန်းတယ်။) အရင်ဆုံး ကျွန်မရဲ့ တဦးတည်းသော တူမလေးကို အားနာတယ်ဆိုတဲ့ စကား မကြားဖူးအောင်၊ အားနာတယ်ဆိုတာ ဘယ်လိုမျိုးမှန်း မသိအောင် သူ့ရှေ့မှာ နေပြဖို့ ကြိုးစားရပါမယ်။ နောက်ပြီး အားနာတတ်တာ 'လူအ'တွေမှလို့
ကျွန်မတူမလေး နားလည်အောင် ပြောပြရဦးမယ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် အားမနာတတ်တဲ့၊ ကူညီချင်စိတ်မရှိတဲ့သူ ကျွန်မ ဖြစ်ပါရစေလို့။
ပြီးတော့ ကျွန်မ စိုက်ဆပ်နေရတဲ့ အကြွေးတွေရပါစေလို့လည်း ကူပြီး ဆုတောင်းပေးကြပါဦး။:D

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Maung Myo's Heartfelt] 1 New Entry: မှတ်တိုင်.... ၂၀၀

မှတ်တိုင်.... ၂၀၀

တစ်ခါခါ ကျနော်က လူရွှင်တော်တစ်ယောက်နဲ့ တူတဲ့ စကားလုံးတွေနဲ့  ချယ်သ တစ်ခါခါတော့ အဆွေးသမားလိုလို အသဲကွဲသမားလိုလို ယောင်ဝါးဝါးနဲ့  ကိုယ်က ဘယ်လိုလိုင်းကိုရေးတဲ့ ဘလော့ရေးသူမှန်းကိုမသိတော့ဘူး ဒါပေမယ့် စာတွေရေးရရင်ကိုက ပျော်နေတာ ကိုယ်ရေးတဲ့စာက ဖတ်သူတွေအတွက် ရယ်စရာတွေဖြစ်ဖြစ်သွားတာကိုလည်း ကျေနပ်သလိုလို ကိုယ်တိုင်တော့ မရယ်ရပါဘူး ပေးခဲ့တဲ့ မှတ်ချက်တွေကြည့်ပြီးမှ ဟုတ်သား ငါရေးတာ အဲ့လိုဖြစ်သွားတာကိုးလို့  စဉ်းစားမိတယ်း) ။ဘလော့ပိုးကိုက်လို့  အလုပ်ကလည်း ပြုတ်လုပြုတ်ခင် မျက်းလုံးကလည်းကြာရင် မျက်မှန်တပ်ရမယ့် အနေထားမှာရှိတယ် ။ ခေါင်းကိုက်နေရင် ဆေးသောက် ပလာစတာကပ်ပြီး ဘလော့တယ် အိပ်လို့ မရတော့ဘုးး ညညတွေဆိုသလို အိပ်မက်ထဲမှာလည်း ဘလော့ ဘလော့နဲ့ ကိုဖြစ်နေတာ ...။

ဆြာနဲ့  ဖုန်းပြောဖြစ်ရင် ဘလော့ဂါတွေ အတင်း အယ်လေ သတင်းတွေ ပြော ဘယ်သူကကျနော့်ကို ဘယ်လိုပြောသွားတာဆိုပီး တိုင်ကြောထူနေတာ " ကိုယ့်ပါသာရေးစရာရှိတာ ရေးစမ်းပါ ညီရာ စိတ်ထဲမထားနဲ "့တဲ့ မှတ်ထားမှ ဆြာ့ စကားမြေ၀ယ်မကျနားထောင်မယ် :P၊ အစ်ကိုစေးထူး ပို့ စ်အသစ်တင်ထားတယ် အရင်ဆုံးကော့မန့် ပေးချင်တာဆိုပြီး ဘယ်ကြည့် ညာကြည့် ဘယ်ညာကြည့် လူလစ်ရင် ခိုးဖတ် ကော့မန့် ပေး ဟိဟိ ကြာတော့ အကျင့်ဖြစ်လို့  ဘလော့တွေခိုးဖတ်တာ စာဖတ်မြန်လာတယ် ၊ မုတ်သုန်လို ဖတ်ဖူးတဲ့ စာတွေထဲက ကောင်းနိုရာရာတွေတင်ပေးချင်ပေမယ့် သူဖတ်တဲ့စာရေးဆရာတွေကို ကိုယ်ကကြားတောင်မကြားဖူးဘူး ၊ ကိုအိပ်မက်နက်လို အက်ဆေးအပြင်းစားတွေရေးတက်ချင်တာ ပြီးတော့ သူ့ လို စာမူခတွေအများကြီးလိုချင်တာ ဘီလိုလုပ်ရပါ့ ၊ ကိုညိမ်းညို ကိုတင့် ၊ကိုအိုင်း တို့လို စကားလုံထိထိမိမိ ကာရန်လှလှလေးတွေနဲ့  ကဗျာရေးချင်ပေမယ့် ကိုယ်ရေးတဲ့ ကဗျာက ကြက်ဟင်းခါးသီးတောင်ပါလိုက်သေး ကွာချက် ...။

ကဖြိုးငယ် လွမ်းလုင်
တို့ လိုမျိုး အချစ်ကဗျာ နုနုရွရွလေးလည်းရေးတက်ချင်တယ် ကျနော့်အချစ်တွေကသေသွားတာကြာလှပေါ့ အချစ်ဆိုရင် ဒီကောင်က ဂစ်ချင်နေပြီး ရေးလို့ မဖြစ်.။ ကိုဇင်ယော် ၊မရွှေပြည်သူ တို့  ဘာသာပြန်တွေကကောင်းချက် ကိုယ့်အစွမ်းစနဲ့ ဆို ဒီလိုစာကောင်းတွေဖတ်လို့ ဘယ်ရမတုန်း ။ ကိုကြီးဝိ ရဲ့ ဒဿနတွေနဲ့ ဘ၀အကြောင်းစာပေတွေကို အားကျ သို့ သော် ရေးဖို့ နေနေသာသာ သူရေးတဲ့ ပို့ စ်တွေ ၃ ခေါက်လောက်ဖတ်မှ သဘောပေါက်တယ် ။ အန်ကယ်အောင်ရေးတဲ့ ကဗျာတွေက ကျနော့်ကို အားပေးနေသလိုလို စိတ်ညစ်နေတုန်းက ကဗျာလေးတစ်ပုဒ်ရေးပေးတဲ့ အစ်ကိုကြီးရုပ်ဆိုးကတော်တော်ခင်ဖို့ ကောင်း တယ်၊ စာရေးအားကောင်းတဲ့ ကိုရွာသား အားကြီးပဲများတယ် ငါ့ဆီကျလာလည်းမလာဘူး :D ၊ ကိုနိ က ပေးမယ်တဲ့ ဟီး ပျော်လိုက်တာ မဇနိ ကလည်း ဟင်းချက်ကောင်းမှကောင်း ထမင်းစားမမြိန်ရင် သူတို့ ဘလော့ဖွင့် စားလိုက်ကြည့်လိုက်နဲ့  အဖြစ်ကဆိုးလိုက်တာ .၊ အစ်မ မေမိုးတို့  မောင်နှံ နှစ်ယောက်စလုံးချောတယ်ဗျ နေနဲ့  လရွှေနဲ့ မြ ။

အစ်မတန်ခူး မနုစံ အစ်မမြ တို့အိမ်သွားလည်ရင် ကိုယ့်အစ်မအရင်းတွေအိမ်သွားလည်ရသလိုစိတ်ထဲမှာ ခံစားရတာကလည်းထူးဆန်းပါ့ ။မကြာသေးခင်ကမှ ခင်တဲ့ ကိုဟဟညိမ်း ပလုတ်တုတ်ခင်လေး မျက်ဝန်းနက် ဟီးရိုး ညမီးအိမ် တို့ ကိုလည်း မမြင်ဖူးပဲ တကယ့် ညီအစ်ကိုအရင်းတွေလို ဖြစ်နေတာ ဒါကြောင့်ပြောတာပေါ့ရှေးရေပေါက် (ရေပေါက်နဲ့ ရေစက် တူတယ်ဟုတ် :P) ။ စိတ်ညစ်တိုင်း အားပေးစကားပြောတတ်တဲ့ ကိုရင် မယ်မျိုးလို့ ထူးထူးဆန်းဆန်းခေါ်တဲ့ ခင်လေး ချစ်စရာကောင်းတဲ့ ခလေးလေးတို့  ဆီပုံးမှာ သွားဆော့ရတာလည်းပျော်စရာကောင်းမှကောင်း ၊စလို့ ကောင်းတဲ့ အစ်မတော် သက်တန့် ၊ တစ်ဥင်္ီးတည်းသော ညီမဝေလေး သူကတော့ တစ်ခါခါ လူကြီးလေသံနဲ့ ဆုံးမတက်တယ် ...။စိတ်မဆိုးတက်တဲ့ အနန်ဒါ ( စိုးမြနန္ဒာသက်လွင်) မလာတာကြာပေါ့ ဘယ်မှာ weekend နေလဲမသိ ၊ဂျစ်ကန်ကန် ကောင်မလေး စိုးမိုး ဂိမ်းဆော့လို့  ၀မှ ဘလော့ရေးတာတဲ့ ဆိုးပါ့ ဒီခလေးမနှယ် ..။

ဟိုးး..သွေးမနှော အစ်မကြီးလေးမ တစ်ယောက် လက်နာနေတယ် တကယ်လားမသိ စိတ်ပူပါ့ ကောင်ကင်ကြီးကို အချွဲပိုနေတာဖြစ်မှာပါလေး) ၊ ကိုမှော်က ပြောတော့ ပို့ စ်တွေမကြာမကြာတင်မယ်ဆိုပြီး မဖတ်ရတာ တစ်လတောင်ကျော်ပြီးးး ၊ ကိုပြတိုက် လည်းပင်ပန်းနေမှာ သူ့  အဖေ မြန်မြန်နေကောင်းပါစေလို့  ဆုတောင်းမိတယ် ၊ ရွှန်းမီ တစ်ယောက် မပြောမဆိုနဲ့  ဘလော့ပိတ်သွားပြန်ပြီးဘာဖြစ်တာလဲမသိဘူးး ၊ကြယ်စင်နှပ်သမီးကြီး နဲ့  နှပ်သမီးလေးမွန်က ဟိုလဒ နှစ်ကောင်ကို လွမ်းနေတာသိသား တနားပါတယ် သွပ်သွပ် :D ၊ ကိုလင်းထက်ကြီးက အခုအိပ်ယာထရင် မျက်နှာသစ်ပြီးပြောတယ် တော်သေးတာပေါ့ ၊ မောင်ငယ် ကလည်း တမမ နဲ့  မနေလိုက်တာ ကြက်သီးပါထတယ် ၊ ဦးသားထူးကို ရင်း၂နှီး၂ သားထူးသွားလုပ်နေတယ် ကိုယ့်ထက် ၁၆ နှစ်တောင်ကြီးတယ် ဟားဟား အားနာလိုက်တာ ဘဘရယ် အနော်က မသိလို့ နော့်း) ၊ ကိုကျန် နဲ့  ကိုညာ နောင်တော်နှစ်ပါး ဘယ်ချောင်မှာ သဝေထိုး ၀က်အူရစ်နေကြလဲမသိ မတွေ့ တာကြာပြီးးး.... ပြည်တော်ပြန်ပြီး မိဘနဲ့ တူတူနေဖို့  အမြဲပြောတက်တဲ့ သယ်ရင်းလေး မင်းယွန်း နဲ့  ပို့ စ်ဖတ်ပြီးတိုင်းစိတ်ပူပြီး ဖုန်းဆက်တတ်တဲ့ ကိုတိုးလေး တို့ ကိုကျေးဇူးနော့် မနေ့ ကမှ မျက်စိလည်ပြီးရောက်လာတဲ့ ပိစိလေး ကို နာမည်ကြားတာနဲ့  ရယ်ချင်နေပြီး.........။

ဟူးး....မောလိုက်တာ တစ်ယောက်ချင်းဆီလိုက်ရေးနေရတား) ဘယ်သူတွေ ကျန်သေးလဲ မသိ မမှတ်မိတော့လို့  ကျန်ခဲ့ရင်လည်း စိတ်မဆိုးကြနဲ့ နော့် ။ သူငယ်ချင်းတို့ ရေ့ ကျနော့်ရဲ့ ၂၀၀ မြောက်ပို့ စ်အမှတ်တရလေးပါ တစ်နှစ်ပြည့်မှ ဒီလိုပုံစံလေးရေးဖို့ စဉ်းစားမိပေမယ့် ရေးသူကိုတိုင်တောင် သိပ်မသေချာလို့  ဒီပို့ စ်လေးနဲ့ ပဲရေးလိုက်တော့တယ် ဘာပဲဖြစ်ဖြစ် ဒီနေရာလေးမှာ ကြောင်တောင်တောင် ကောင်လေးတစ်ယောက် ကိုအသိမှတ်ပြုပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ အခြေနေနဲ့  အချိန်ခါပေးနေသရွေ့  Blogging ပါအုံးမယ် ။ကျနော့်ရဲ့ တောင်ရောက် မြောက်ရောက် စာတွေအချိန်ကုန်ခံဖတ်သွားကြတဲ့ ဘလော့ရေးသူးများ ဖတ်သူများ အားလုံးကို ကျေးဇူးတင်ရင် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ခင်ဗျာ အားလုံးပဲ ပျော်ရွှင်ကြပါစေ...။

ပို့ စ် ၂၀၀ ပြည့် အမှတ်တရ လက်ဆောင်လေး လုပ်ပေးတဲ့ ကျနော့်အစ်မ မအိမ့် ကိုကျေးဇူးအထူး .........။

You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကာရန်မဲ့ အတွေးစများ] 1 New Entry: ကျွန်မနှင့် အားနာခြင်း

ကျွန်မနှင့် အားနာခြင်း

"အားနာတယ်"ဆိုတဲ့စကား အသုံးအနှုန်းကို မြန်မာစကားကလွဲလို့ ကျန်တဲ့ဘာသာစကားတွေမှ မသုံးကြ၊ မရှိကြသလောက်ပါပဲ။ "အားနာတတ်တဲ့ လူမျိုး" အဖြစ် မြန်မာတော်တော်များများ ဂုဏ်ယူကြတဲ့ "အားနာခြင်း"ဆိုတဲ့ စကားကို အင်္ဂလိပ်တွေကတော့ သူတို့ဘာသာစကားမှာ မရှိတဲ့အတွက် အနီးစပ်ဆုံး ဘာသာပြန်ပစ်လိုက်တာက "hesitate"ပါတဲ့။ (တခြားစကားလုံးလည်း ရှိဦးမှာပါ။ လတ်တလော ကျွန်မ မှတ်မိတာလေး ချရေးလိုက်တာ။) ဒီ "hesitate"ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုရရင် "ချီတုံချတုံဖြစ်တာ"၊ "စကားတွန့်ဆုတ်ပြောတာ"၊ "စိတ်ဒွဟဖြစ်တာ"၊ "wait to act because of fear" ပါတဲ့။ တော်တော်မလှပတဲ့ စကားလုံးအဓိပ္ပါယ်တွေပါပဲနော်။ ပြောရရင်တော့ သူတို့လူမျိုးအနေနဲ့ "အားနာခြင်း"ဆိုတာမရှိလို့ စကားလုံးတောင် မရှိရှာဘူးလို့ မြန်မာအများစုက ယူဆကြ၊ အားနာခြင်းကို ယဉ်ကျေးမှုတရပ်အနေနဲ့ ဂုဏ်ယူတတ်ကြတယ်လို့ ထင်ပါတယ်။ ကျွန်မကတော့ ဒီအားနာတယ်ဆိုတဲ့ စကားနဲ့ စိတ်ကို အရမ်းမုန်းတာပဲ။ ဒီအားနာမှုနဲ့ သူတပါးကို ကူညီခြင်းတွေက ကျွန်မ ဘ၀မှာ သင်ခန်းစာယူစရာ အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်။

ဒေါသအရမ်းကြီးပြီး စွာလည်း စွာတဲ့ ကျွန်မတို့ မိသားစုဟာ အဲဒါနဲ့ ဆန့်ကျင်ဘက် အရမ်းအားနာတတ်ကြပြန်တယ်။ တစုံတယောက်က အကူအညီလာတောင်းရင်၊ ကိုယ်လုပ်ပေးနိုင်တာ တခုကို သူတို့အတွက် လုပ်ပေးဖို့ လာပြောရင် "ဟင့်အင်း၊ မကူညီနိုင်ဘူး၊ မလုပ်ပေးနိုင်ဘူး"လို့ ပြောဖို့လည်း အရမ်းဝန်လေးတတ်ကြပြန်ပါတယ်။ အဲဒါကြောင့် အဖေနဲ့ အမေ ငယ်ငယ်ကလည်း သူများတွေကို ကိုယ့်လိုပဲ ထင်မြင်ယူဆပြီး ယုံကြည်ခြင်း၊ အားနာတတ်ခြင်းတွေနဲ့ပဲ သင်ခန်းစာတွေ အများအပြားရရှိခဲ့ဖူးပါတယ်။ ကျွန်မအဖေ အစိုးရ၀န်ထမ်းအဖြစ် ၀င်မလုပ်ခင် စီးပွားရေးလောကမှာ ၉ ကြိမ်တိတိ အလိမ်ခံခဲ့ရဖူးတဲ့အထိ ဆိုပါတော့။

ကျွန်မရဲ့ သင်္ချာဆရာတစ်ယောက် လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ၁၀သိန်းလောက် အလိမ်ခံရမလို ဖြစ်ပြီး ပြန်အဆင်ပြေတဲ့အချိန် သူပြောတဲ့ စကားတခွန်းရှိတယ်။ "ဘယ်သူ့ဆီကမှ ခိုးထား၊ ၀ှက်ထား၊ လိမ်ညာပြီး ရှာထားတာလည်း မဟုတ်၊ သူများတွေ ဒုက္ခရောက်စေတဲ့နည်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေလည်း မဟုတ်။ ငါ့ဟာငါ သမ္မာအာဇီဝနဲ့ စာသင်ပြပြီး ရှာထားတဲ့ပိုက်ဆံတွေ။ အဲဒါကြောင့် သူ့ပိုက်ဆံတွေ အလိမ်မခံရဘဲ ပြန်ရတာ"လို့ ပြောတယ်။

ဒီကို စရောက်ထဲက အဖေ့ကျေးဇူးနဲ့ PR တန်းဖြစ်ပြီး သိပ်မကြာခင်မှာပဲ အသက် ၂၁ ပြည့်ခဲ့တဲ့ ကျွန်မက ကိုယ့်ပတ်ဝန်းကျင်မှာ student pass နဲ့နေသူတွေကြား ကံမကောင်းဆုံး ဖြစ်ခဲ့တယ်လို့ပဲ ပြောရမလား။ အဲဒီတုန်းက PR ဆိုတာလည်း မြန်မာတွေကြားမှာ ခုလို များများစားစား မရှိသေးပါဘူး။ ဒီမှာ ဖုန်းဝယ်ချင်ရင် PR နဲ့ နိုင်ငံသားတွေပဲ plan တွေနဲ့ ၀ယ်လို့ရတယ်။ နောက်ပြီး starhub ဖုန်းလိုင်းက PR နဲ့ နိုင်ငံသားတွေကိုပဲ ရောင်းတယ်။ တခြား နေထိုင်ခွင့်နဲ့ နေသူတွေက စပေါ် ၂၀၀ လောက် ပေးပြီး ၀ယ်ရတော့ PR တစ်ယောက်လောက်နဲ့များ သိတာနဲ့ ဖုန်းဝယ်ခိုင်းဖို့ပဲ ကြိုးစားကြတယ်။ အသက် ၂၁ နှစ်ပြည့်ပြီးတဲ့သူက ကုမ္ပဏီ ၃ ခုရှိတဲ့အနက် တခုစီမှာ ဖုန်းလိုင်း ၃ လိုင်း ၀ယ်ခွင့်ရှိတယ်ဆိုတော့ "ဟင့်အင်း၊ မ၀ယ်ပေးနိုင်ပါဘူး"လို့ ပြောမရတဲ့ ပါးစပ်ကြောင့် လိုင်းအပြည့်၊ ကုမ္ပဏီအပြည့်။ တိုတိုပြောရရင်တော့ 2 year plan တွေနဲ့ ၀ယ်တဲ့အတွက် အလကားရတဲ့ ဖုန်းခွံတွေက သူတို့ဆီမှာ။ plan ပြည့်အောင် မသုံးတဲ့အတွက် S$1700 ကျော် လိုင်းကြေးစိုက်လျော်ရတာက ကျွန်မ။ ဒါက ပထမဆုံးခံရတဲ့ အီစိမ့်မှု။ ဒါတောင် အမှတ်မရှိ၊ ဒီလူကတော့ မလုပ်လောက်ပါဘူး။ ဟိုလူကတော့ ယုံရမှာပါ။ IDD မသုံးရင် အိမ်ဖုန်းကတော့ သိပ်မကျလောက်ပါဘူး။ ဘာဘူး၊ ညာဘူးနဲ့ ဖုန်းလိုင်းတွေ လျှောက်ပေးမိတာ ဖုန်းကုမ္ပဏီ ၃ ခုလုံးမှာ Black List ကို ဖြစ်ရောပဲ။

အဲဒီထိ ကျွန်မမှာ ကိုယ့်ကို "ဟိုဟာလေး အာမခံပေးပါလား၊ ဒီဟာလေး sponsor လုပ်ပေးပါလား" ပြောရင် "ဟင့်အင်း" လို့ ပါးစပ်က ပြောမထွက်နိုင်သေး။ "ဟင့်အင်း၊ ငါ မကူညီနိုင်ပါဘူး" ပြောဖို့အတွက် "အီး၊ အဲ" နဲ့ မျက်နှာက ဖိန်းခနဲ၊ ရှိန်းခနဲဖြစ်ပြီး ကျွန်မတို့ မြန်မာတွေ အများစု ပြောတတ်၊ ဖြစ်တတ်ကြတဲ့ အားနာမှုဆိုတာကြီးက ကျွန်မကို လည်လိမ်ချိုးထားတဲ့အတိုင်းပါပဲ။ ကိုယ့်ထမင်း ကိုယ်စားပြီး ဘယ်သူ့အကူအညီမှမပါဘဲ ကျွန်မမိဘတွေရဲ့ ပြီးပြည့်စုံတဲ့ supporting တွေနဲ့ ဒီလို အခြေအနေရောက်လာတဲ့ ကျွန်မက သူတို့ကျေးဇူးမရှိပါဘဲ အဲဒီ အသိမိတ်ဆွေဆိုသူတွေရဲ့ အကူအညီတောင်းမှုတွေကို မငြင်းဆိုနိုင်တာကြီးက တော်တော်တော့ အဓိပ္ပါယ်မရှိဘူးနော်။

ကျွန်မကို နမူနာကြည့်ပြီး ကျွန်မညီမ အသက် ၂၁ ပြည့်ချိန်မှာ ဘယ်သူ့ကိုမှ ဖုန်းလိုင်းမ၀ယ်ပေးဘူးလို့ ကြွေးကြော်တယ်။ အဲဒီတော့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့၊ ဖုန်းဝယ်ခိုင်းမယ်လို့ ထင်တဲ့သူတွေကို "ငါ့ မလေးတုန်းက အဲလိုဖြစ်တယ်။ အဲဒါကြောင့် ဘယ်သူ့ကိုမှ ဖုန်းဝယ်မပေးရဲဘူး၊ ဘာညာနဲ့" သူ့ကို ဖုန်းမ၀ယ်ခိုင်းအောင် ကြိုတင်ပြီး ပြောထားတယ်တဲ့။ ဒါပေမဲ့ တရက်တော့ သူအတန်တန် ပြောထားလျက်နဲ့ ကောင်မလေးတစ်ယောက်က သိသိကြီးနဲ့ ဖုန်းဝယ်ပေးဖို့ လာပြောတဲ့အခါ ကျွန်မညီမ ကြောင်အပြီး ဘာပြန်ပြောလို့ ပြောရမှန်းတောင် မသိဘူး ဖြစ်သွားသတဲ့။ နောက်ဆုံးတော့ ထုံးစံအတိုင်း ခွေးအကြီး လှည်းနင်းခံရသလို တအိအိသာ အသံထွက်နိုင်ပြီး "ဟင့်အင်း"လို့ ပြောမရတဲ့ ပါးစပ်ကြီးကြောင့် ဖုန်းတလုံး ၀ယ်ပေးလိုက်ရပါတယ်။ တလ ၂၀၀ကျော် ကျအောင် ဖုန်းပြောပြီး ဖုန်းစ၀ယ်ပေးတဲ့ လထဲက နှစ်လကြာသည့်တိုင် ဖုန်း bill တပြားမှ မပေးတဲ့အခါ ကျွန်မညီမက ဖုန်းလိုင်းကို cancel လုပ်၊ ဖုန်းbillဖိုး ပေးပြီး အဲဒီ နံပါတ်ကို နှစ်နှစ်ပြည့်အောင် ကျွန်မ ဆက်သုံးပေးရပါတယ်။ ဒီလိုနည်းနဲ့ ကျွန်မအမေလည်း သူ့နာမည်နဲ့ ဖုန်းဝယ်ပေးတာ ၁၀၀၀ကျော်လောက် စိုက်ပေးလိုက်ရဖူးတယ်။ နောက်မှ အဲဒီသူဆီက နည်းနည်းချင်း ပြန်တောင်းယူရတယ်။

[ရှင်ရဲထွတ်] 1 New Entry: ဖြစ်သလို ကြုံသလို စားသုံးခြင်း

ဖြစ်သလို ကြုံသလို စားသုံးခြင်း

လုပ်ချလိုက်ပြန်ပြီ တစ်မျိုး ''ဖြစ်သလို ကြုံသလို စားသုံးခြင်း'' တဲ့ ။
ခက်တာပဲ... ငယ်ငယ်ကတည်းက ဖြစ်သလို၊ ကြုံသလို မစားခဲ့ဖူးတော့၊
ဘယ်လိုရေးရပါ့၊ အတွေးလှအောင် tag ရက်တယ် ညီမလေးရယ် ။
ဖြစ်သလို ကြုံသလို မစားခဲ့ဖူးတော့လည်း၊ ကြုံခဲ့ ဖြစ်ခဲ့တဲ့ စားသောက်ခြင်း
ပုံစံကို၊ ညီမလေးကို ပြောပြမယ်၊ ညီမလေးရဲ့ နီးစပ်ရာ အသိုင်း၊ အ၀ိုင်းကိုလည်း
ပြောပြလိုက်ပေါ့နော် ။ ( လွတ်လပ်သော မိန်းမချောများ ) မှတ်ချက်*

ဒီအကြောင်းကို စပြောရရင် ငယ်ဘ၀က စရမှာပဲ၊ မောင်နှမ များတဲ့ မိသားစုကနေ
ဆင်းသက်လာတဲ့၊ ကျွန်တော်မျိုး ရှင်ရဲထွတ် ဟာလည်း၊ မိခင်ရဲ့ အမျှော်အမြင် ကြီးခြင်း၊
ပုံစံသွင်းခြင်း၊ များနဲ့အတူ မီးဖိုချောင်ကို ကြီးစဉ် ငယ်လိုက်၊ အကူလိုက် ပေးခဲ့ရတဲ့၊
မိခင်ရဲ့ စီမံမှုကြောင့်၊ (ကျား၊မ မခွဲခြားပါ)* ဟင်းချက်ခြင်း၊ အတတ်ပညာကို
ငယ်စဉ်ခါကပင် တတ်ကျွမ်းလာခဲ့ရတော့သည်ပေါ့။ (မောင်နှမအားလုံး)*

ခုတော့ နိုင်ငံရပ်ခြားမှာ တစ်ယောက်ထဲ၊ ပျင်းရိငြီးငွေ့ဖွယ် လုပ်ငန်းခွင် ၀င်နေပေမယ့်၊
တတ်သည့် ပညာမနေသာ ဆိုသလို၊ မအားလပ်တဲ့ကြား စားသောက်ခြင်း ကိစ္စကို၊
ဖွယ်ဖွယ်ရာရာနဲ့ အပင်ပန်းခံပြီး၊ ကိုယ်တိုင် ဈေးဝယ်၊ ကိုယ်တိုင်ချက်ပြုတ်၊
စားသောက်လာတာ ၆ နှစ်ကျော် လာပါပြီ။

ကျွန်တော့်ရဲ့ တစ်နေ့တာ ပုံမှန် စားသောက်တဲ့ စတိုင်ကို အကြမ်းဖျင်း ပြောပြမယ်။
မနက်စာဆိုရင် ရှမ်းခေါက်ဆွဲ စားတတ်တယ် အရမ်းကြိုက်တာ၊ (ရှမ်းလူမျိုးမို့ပါ)*
ဒီအတွက် ဘာကိုကြိုတင် စီမံထားရတာလည်း ဆိုရင်၊ အထားခံ တာရှည်ခံ၊
မရှိမဖြစ်တဲ့ ( ကြက်သွန်ဖြူဆီကျက်၊ ငရုပ်သီးဆီကျက်၊ ပါကော့ချောင်ကော့)
စတာတွေကို ပြုလုပ်ပြီး ပုလင်းလေး၊ ဗူးလေးတွေနဲ့ ကြိုတင် လုပ်ထားရတာပေါ့။
ကြက်သားဖြစ်ဖြစ်၊ ၀က်သားဖြစ်ဖြစ်၊ ကီလိုဝက်လောက် ချက်ပြီး ရေခဲသေတ္တာထဲ
သိမ်းထားရုံပဲ၊ တပတ်စာလောက်တော့ ခိုင်ပြီပေါ့။ အလုပ်က မနက် ၇ နာရီဆိုတော့၊
၅း၃၀ လောက်ထ၊ ရေနွေးတည်၊ ရေနွေးဆူလာရင် ကိုးကန့် လ္ဘက်ခြောက်လေး နှပ်ထားလိုက်၊
ပြီးရင် ရေမိုးချိုး၊ အိုကေ အနေတော်အိုးလေး တစ်လုံးထဲ ဆူနေတဲ့ ရေနွေးလောင်းထည့်၊
မီးဖိုပေါ်တင်၊ ဗွက်လာရင် ညကစိမ်ထားတဲ့ ရှမ်းခေါက်ဆွဲကို တစ်ပန်းဂံစာ မှန်းထည့်၊
ပျော့သွားရင် ပန်းဂံလုံးထဲထည့်၊ ချက်ထားတဲ့ အသားကိုထည့် (ကြက်သွန်၊ငရုပ်သီး၊ပါကော့ချောင်ကော့)
ဆီကျက်ကိုထည့်၊ ကြာညို့ထည့်၊ ကြက်သွန်မိတ်လေးနဲ့ သင်းပျံ့မွှေးကြိုင်ပြီး၊ အကောင်းဆုံး၊
မနက်စာ ရှမ်းခေါက်ဆွဲ လေးပဲပေါ့။ (မနက်စာအတွက်နော်)*

နေ့လည်စာတော့ အလုပ်ထဲက canteen မှာပဲ၊ အဆင်ပြေသလိုပေါ့၊ ကြက်ဆီထမင်းစားလိုက်၊
ဘဲကင်စားလိုက်၊ သိပ်မထူးခြားပါဘူး။.........

ကဲလာပြီ ညနေစာ dinner ပေါ့ဗျာ....
လုပ်ငန်းခွင် သိမ်းဆည်းချိန်နီးလာရင်၊ စဉ်းစားမိပြီ ... ရေခဲသေတ္တာထဲမှာ ဘာရှိလည်း၊
အိုး.... မနေ့က ၀ယ်ထားတဲ့ ၀က်အသည်း၊ ကိုက်လန်ရွက်၊ ဆေးဘဲဥ၊ စွမ်ထန်လည်းရှိသေးတာပဲ၊
အိမ်ပြန်ရောက်တာနဲ့ အ၀တ်လဲ၊ မီးဖိုချောင် ၀င်ပြီဗျာ။
ဝက်အသည်းကို ရေခဲသတ္တာထဲကထုတ်၊ ကိုက်လန်ရွက်ကိုချိုး အရင်းကို ဓါးပြားရိုက်၊ ရေဆေး
ဇကာနဲ့ ရေစစ်ထားလိုက်၊။ ဆေးဘဲဥ အခွံခွာ၊ ကြက်သွန် ဖြူ၊နီ ခွာထား၊ ချင်းခွာထား၊ ငရုပ်သီးစိမ်း
ဓါးပြားရိုက်၊ စွမ်ထန်အတွက် ရေနွေးတည်ထားလိုက်၊ ထမင်းအိုး တည်ထားဖို့လည်း မမေ့နဲ့ဦး။

ဝက်သည်းကို အနေတော် ပါးပါးလေးလှီးပြီး ပန်းဂံထဲမှာ ဟင်းချက်ဝိုင်နဲနဲ၊ ကြာညို့နဲနဲ၊
ဆား၊ ဟင်းချိုမုန့်နဲ့ နှပ်ထားလိုက်၊ ချင်းကို သေးသေးမျှင်မျှင်လေးလှီးထား၊ ကြက်သွန်နီ လေးစိပ်ကွဲ
လေးပေါ့၊ ငရုပ်သီးစိမ်းဓါးပြားရိုက်၊ ကြက်သွန်ဖြူ ဓါးပြားရိုက်၊ ရယ်ဒီလုပ်ထားတာပေါ့။

ကိုက်လန်အရင်ကြော်မယ်နော်၊ ဒယ်အိုးကောင်းကောင်း ဆီပူတည်မယ်၊ ဆီပူလာရင် ကြက်သွန်ဖြူကို
ပစ်ထည့်၊ ဆီမွှေးလာရင် ကိုက်လန်ကိုထည့်၊ ဆား အချိုမှုန့် ပစ်ထည့်ပြီး အဖုံး ဖုံးထားပေါ့၊ မီးပြင်းပြင်းနဲ့
မိနစ်ဝက် ခရုဆီထည့်၊ ရေနဲနဲလေးထည့် ရှဲရှဲရှဲ အိုး ရပြီပေါ့၊ ကိုက်လန်ကြော် စိမ်းစိမ်းစိုစိုလေး။

ဆေးဘဲဥ သုပ်မယ်၊ ဆေးဘဲဥကို လှီး ပန်းဂံထဲထည့်၊ ကြက်သွန်နီ ပါးပါးလေးလှီး ရေဆေးပေါ့ မမွှန်အောင်ပေါ့၊
ပြီးရင် ငရုပ်ဆီကောင်းကောင်း ကြက်သွန်၊ငရုပ် ဆီကျက်၊ ကြာညို့၊ သံပုရာသီလေးညှစ်၊ ဆားအချိုမှုန့်ထည့်၊
ဖွဖွလေးနယ်ပေါ့လေ။

ဝက်အသည်းကြော်မယ်၊ ချင်းပါးပါးလေးရယ်၊ ကြက်သွန်ဖြူရယ်၊ ကြက်သွန်နီလေးစိပ်ကွဲရယ်၊ ငရုပ်သီးစိမ်းရယ်၊
ဆီပူပူလေးမှာ မွှေးလာအောင်ကြော်ပေါ့၊ ပြီးရင် ၀က်အသည်းကို ပစ်ထည့်ပေါ့၊ အကြာကြီး မကြော်ရဘူးနော်၊
ဝက်အသည်းက ကြာကြာကြော်ရင် မာသွားတတ်တယ်၊(သတိပြု)*

စွမ်ထန်ဟင်းရည်တော့ လွယ်ပါတယ်၊ ဆူနေတဲ့ ရေနွေးထဲ ချင်းထည့်၊ ငရုပ်သီးစိမ်းထည့်၊ စွမ်ထန်ထည့်၊
ဆားအချိုမှုန့်ထည့်၊ သုံးမိနစ်ပေါ့၊

ဟား.... အားလုံးစားပွဲပေါ်ရောက်ပြီ၊ ရေချိုးမယ်၊ စားချင်တဲ့လူ မြန်မြန်လာနော်၊ ကဲညီမလေး မယ်ဂုမိရေ
စားရအောင်ဟေ့............

You received this email because you are subscribed to the real_time feed for http://saishinyehtut.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စောမဏ္ဍိုင် ရဲ့ Gipsy Dream] 2 New Entries: .......

.......

အလွမ်းတွေရယ်

ခဏတာလေးနဲ့ ငြိမ်းသွားပါလား?

ကောက်ရိုးမီးလိုပေါ့။

သတိရစိတ်တွေကလည်း

ထပ်တူကျနေလိုက်တာ

ငါ့ ရင်ခုန်သံတွေနဲ့ ယှဉ်လို့

အမြင်တောင်ကတ်တယ်။

အခုတော့

စစ်သူကြီးတွေတောင် လက်ပန်းကျကုန်ပီ

သတိရစိတ်တွေကို နှိမ်နှင်းရလွန်းလို့

ဟော့ဒီ ဗလာနန်းတော်မှာ။

မှတ်ချက်။ ။စာဖတ်သူ ဆဒ္ဒအတိုင်း ကဗျာခေါင်းစဉ် သတ်မှတ်နိုင်သည်။ :P ♥ မဏ္ဍိုင်

Future

ဘာကြီးလည်းကွာ

ဆုပ်ကိုင်ထားရတာ လေးလံလိုက်တာ

ဖြစ်နိုင်ခဲ့ရင် ၀ဲ ပစ်ပါရဲ့

အဲဒီ မျှော်လင့်ချက်တွေနဲ့

ဒိုက်ပုံကြီးကို

တစ်ခါတစ်လေ

အသက်ရှုတောင်ကြပ်တယ်

ရင်ခွင်ပိုက် ထွေးပွေ့ရလွန်းလို့။ ♥ မဏ္ဍိုင်

You received this email because you are subscribed to the real_time feed for http://sawmandai.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကာရန်မဲ့ အတွေးစများ] 1 New Entry: ကျွန်မနှင့် အားနာခြင်း

ကျွန်မနှင့် အားနာခြင်း

"အားနာတယ်"ဆိုတဲ့စကား အသုံးအနှုန်းကို မြန်မာစကားကလွဲလို့ ကျန်တဲ့ဘာသာစကားတွေမှ မသုံးကြ၊ မရှိကြသလောက်ပါပဲ။ "အားနာတတ်တဲ့ လူမျိုး" အဖြစ် မြန်မာတော်တော်များများ ဂုဏ်ယူကြတဲ့ "အားနာခြင်း"ဆိုတဲ့ စကားကို အင်္ဂလိပ်တွေကတော့ သူတို့ဘာသာစကားမှာ မရှိတဲ့အတွက် အနီးစပ်ဆုံး ဘာသာပြန်ပစ်လိုက်တာက "hesitate"ပါတဲ့။ (တခြားစကားလုံးလည်း ရှိဦးမှာပါ။ လတ်တလော ကျွန်မ မှတ်မိတာလေး ချရေးလိုက်တာ။) ဒီ "hesitate"ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုရရင် "ချီတုံချတုံဖြစ်တာ"၊ "စကားတွန့်ဆုတ်ပြောတာ"၊ "စိတ်ဒွဟဖြစ်တာ"၊ "wait to act because of fear" ပါတဲ့။ တော်တော်မလှပတဲ့ စကားလုံးအဓိပ္ပါယ်တွေပါပဲနော်။ ပြောရရင်တော့ သူတို့လူမျိုးအနေနဲ့ "အားနာခြင်း"ဆိုတာမရှိလို့ စကားလုံးတောင် မရှိရှာဘူးလို့ မြန်မာအများစုက ယူဆကြ၊ အားနာခြင်းကို ယဉ်ကျေးမှုတရပ်အနေနဲ့ ဂုဏ်ယူတတ်ကြတယ်လို့ ထင်ပါတယ်။ ကျွန်မကတော့ ဒီအားနာတယ်ဆိုတဲ့ စကားနဲ့ စိတ်ကို အရမ်းမုန်းတာပဲ။ ဒီအားနာမှုနဲ့ သူတပါးကို ကူညီခြင်းတွေက ကျွန်မ ဘ၀မှာ သင်ခန်းစာယူစရာ အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်။

ဒေါသအရမ်းကြီးပြီး စွာလည်း စွာတဲ့ ကျွန်မတို့ မိသားစုဟာ အဲဒါနဲ့ ဆန့်ကျင်ဘက် အရမ်းအားနာတတ်ကြပြန်တယ်။ တစုံတယောက်က အကူအညီလာတောင်းရင်၊ ကိုယ်လုပ်ပေးနိုင်တာ တခုကို သူတို့အတွက် လုပ်ပေးဖို့ လာပြောရင် "ဟင့်အင်း၊ မကူညီနိုင်ဘူး၊ မလုပ်ပေးနိုင်ဘူး"လို့ ပြောဖို့လည်း အရမ်းဝန်လေးတတ်ကြပြန်ပါတယ်။ အဲဒါကြောင့် အဖေနဲ့ အမေ ငယ်ငယ်ကလည်း သူများတွေကို ကိုယ့်လိုပဲ ထင်မြင်ယူဆပြီး ယုံကြည်ခြင်း၊ အားနာတတ်ခြင်းတွေနဲ့ပဲ သင်ခန်းစာတွေ အများအပြားရရှိခဲ့ဖူးပါတယ်။ ကျွန်မအဖေ အစိုးရ၀န်ထမ်းအဖြစ် ၀င်မလုပ်ခင် စီးပွားရေးလောကမှာ ၉ ကြိမ်တိတိ အလိမ်ခံခဲ့ရဖူးတဲ့အထိ ဆိုပါတော့။

ကျွန်မရဲ့ သင်္ချာဆရာတစ်ယောက် လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ၁၀သိန်းလောက် အလိမ်ခံရမလို ဖြစ်ပြီး ပြန်အဆင်ပြေတဲ့အချိန် သူပြောတဲ့ စကားတခွန်းရှိတယ်။ "ဘယ်သူ့ဆီကမှ ခိုးထား၊ ၀ှက်ထား၊ လိမ်ညာပြီး ရှာထားတာလည်း မဟုတ်၊ သူများတွေ ဒုက္ခရောက်စေတဲ့နည်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေလည်း မဟုတ်။ ငါ့ဟာငါ သမ္မာအာဇီဝနဲ့ စာသင်ပြပြီး ရှာထားတဲ့ပိုက်ဆံတွေ။ အဲဒါကြောင့် သူ့ပိုက်ဆံတွေ အလိမ်မခံရဘဲ ပြန်ရတာ"လို့ ပြောတယ်။

ဒီကို စရောက်ထဲက အဖေ့ကျေးဇူးနဲ့ PR တန်းဖြစ်ပြီး သိပ်မကြာခင်မှာပဲ အသက် ၂၁ ပြည့်ခဲ့တဲ့ ကျွန်မက ကိုယ့်ပတ်ဝန်းကျင်မှာ student pass နဲ့နေသူတွေကြား ကံမကောင်းဆုံး ဖြစ်ခဲ့တယ်လို့ပဲ ပြောရမလား။ အဲဒီတုန်းက PR ဆိုတာလည်း မြန်မာတွေကြားမှာ ခုလို များများစားစား မရှိသေးပါဘူး။ ဒီမှာ ဖုန်းဝယ်ချင်ရင် PR နဲ့ နိုင်ငံသားတွေပဲ plan တွေနဲ့ ၀ယ်လို့ရတယ်။ နောက်ပြီး starhub ဖုန်းလိုင်းက PR နဲ့ နိုင်ငံသားတွေကိုပဲ ရောင်းတယ်။ တခြား နေထိုင်ခွင့်နဲ့ နေသူတွေက စပေါ် ၂၀၀ လောက် ပေးပြီး ၀ယ်ရတော့ PR တစ်ယောက်လောက်နဲ့များ သိတာနဲ့ ဖုန်းဝယ်ခိုင်းဖို့ပဲ ကြိုးစားကြတယ်။ အသက် ၂၁ နှစ်ပြည့်ပြီးတဲ့သူက ကုမ္ပဏီ ၃ ခုရှိတဲ့အနက် တခုစီမှာ ဖုန်းလိုင်း ၃ လိုင်း ၀ယ်ခွင့်ရှိတယ်ဆိုတော့ "ဟင့်အင်း၊ မ၀ယ်ပေးနိုင်ပါဘူး"လို့ ပြောမရတဲ့ ပါးစပ်ကြောင့် လိုင်းအပြည့်၊ ကုမ္ပဏီအပြည့်။ တိုတိုပြောရရင်တော့ 2 year plan တွေနဲ့ ၀ယ်တဲ့အတွက် အလကားရတဲ့ ဖုန်းခွံတွေက သူတို့ဆီမှာ။ plan ပြည့်အောင် မသုံးတဲ့အတွက် S$1700 ကျော် လိုင်းကြေးစိုက်လျော်ရတာက ကျွန်မ။ ဒါက ပထမဆုံးခံရတဲ့ အီစိမ့်မှု။ ဒါတောင် အမှတ်မရှိ၊ ဒီလူကတော့ မလုပ်လောက်ပါဘူး။ ဟိုလူကတော့ ယုံရမှာပါ။ IDD မသုံးရင် အိမ်ဖုန်းကတော့ သိပ်မကျလောက်ပါဘူး။ ဘာဘူး၊ ညာဘူးနဲ့ ဖုန်းလိုင်းတွေ လျှောက်ပေးမိတာ ဖုန်းကုမ္ပဏီ ၃ ခုလုံးမှာ Black List ကို ဖြစ်ရောပဲ။

အဲဒီထိ ကျွန်မမှာ ကိုယ့်ကို "ဟိုဟာလေး အာမခံပေးပါလား၊ ဒီဟာလေး sponsor လုပ်ပေးပါလား" ပြောရင် "ဟင့်အင်း" လို့ ပါးစပ်က ပြောမထွက်နိုင်သေး။ "ဟင့်အင်း၊ ငါ မကူညီနိုင်ပါဘူး" ပြောဖို့အတွက် "အီး၊ အဲ" နဲ့ မျက်နှာက ဖိန်းခနဲ၊ ရှိန်းခနဲဖြစ်ပြီး ကျွန်မတို့ မြန်မာတွေ အများစု ပြောတတ်၊ ဖြစ်တတ်ကြတဲ့ အားနာမှုဆိုတာကြီးက ကျွန်မကို လည်လိမ်ချိုးထားတဲ့အတိုင်းပါပဲ။ ကိုယ့်ထမင်း ကိုယ်စားပြီး ဘယ်သူ့အကူအညီမှမပါဘဲ ကျွန်မမိဘတွေရဲ့ ပြီးပြည့်စုံတဲ့ supporting တွေနဲ့ ဒီလို အခြေအနေရောက်လာတဲ့ ကျွန်မက သူတို့ကျေးဇူးမရှိပါဘဲ အဲဒီ အသိမိတ်ဆွေဆိုသူတွေရဲ့ အကူအညီတောင်းမှုတွေကို မငြင်းဆိုနိုင်တာကြီးက တော်တော်တော့ အဓိပ္ပါယ်မရှိဘူးနော်။

ကျွန်မကို နမူနာကြည့်ပြီး ကျွန်မညီမ အသက် ၂၁ ပြည့်ချိန်မှာ ဘယ်သူ့ကိုမှ ဖုန်းလိုင်းမ၀ယ်ပေးဘူးလို့ ကြွေးကြော်တယ်။ အဲဒီတော့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့၊ ဖုန်းဝယ်ခိုင်းမယ်လို့ ထင်တဲ့သူတွေကို "ငါ့ မလေးတုန်းက အဲလိုဖြစ်တယ်။ အဲဒါကြောင့် ဘယ်သူ့ကိုမှ ဖုန်းဝယ်မပေးရဲဘူး၊ ဘာညာနဲ့" သူ့ကို ဖုန်းမ၀ယ်ခိုင်းအောင် ကြိုတင်ပြီး ပြောထားတယ်တဲ့။ ဒါပေမဲ့ တရက်တော့ သူအတန်တန် ပြောထားလျက်နဲ့ ကောင်မလေးတစ်ယောက်က သိသိကြီးနဲ့ ဖုန်းဝယ်ပေးဖို့ လာပြောတဲ့အခါ ကျွန်မညီမ ကြောင်အပြီး ဘာပြန်ပြောလို့ ပြောရမှန်းတောင် မသိဘူး ဖြစ်သွားသတဲ့။ နောက်ဆုံးတော့ ထုံးစံအတိုင်း ခွေးအကြီး လှည်းနင်းခံရသလို တအိအိသာ အသံထွက်နိုင်ပြီး "ဟင့်အင်း"လို့ ပြောမရတဲ့ ပါးစပ်ကြီးကြောင့် ဖုန်းတလုံး ၀ယ်ပေးလိုက်ရပါတယ်။ တလ ၂၀၀ကျော် ကျအောင် ဖုန်းပြောပြီး ဖုန်းစ၀ယ်ပေးတဲ့ လထဲက နှစ်လကြာသည့်တိုင် ဖုန်း bill တပြားမှ မပေးတဲ့အခါ ကျွန်မညီမက ဖုန်းလိုင်းကို cancel လုပ်၊ ဖုန်းbillဖိုး ပေးပြီး အဲဒီ နံပါတ်ကို နှစ်နှစ်ပြည့်အောင် ကျွန်မ ဆက်သုံးပေးရပါတယ်။ ဒီလိုနည်းနဲ့ ကျွန်မအမေလည်း သူ့နာမည်နဲ့ ဖုန်းဝယ်ပေးတာ ၁၀၀၀ကျော်လောက် စိုက်ပေးလိုက်ရဖူးတယ်။ နောက်မှ အဲဒီသူဆီက နည်းနည်းချင်း ပြန်တောင်းယူရတယ်။

ခုဆို ကျွန်မအဖေက ပြောတယ်။ ဖုန်းဝယ်ပေးဖို့များ လာပြောရင် "ဒီနားတိုးစမ်းပါ"ဆိုပြီး "ပါးသာ အရင်ဆုံး ရိုက်ပစ်လိုက်ချင်တော့တယ်"လို့ ပြောရလောက်အောင် ကျွန်မတို့ မိသားစု အာမခံပြီး ဖုန်းဝယ်ပေးလိုက်တိုင်း သူတို့သုံးတဲ့ဖုန်းဖိုး ကျွန်မတို့ စိုက်မပေးရတာ မရှိသလောက်ပေါ့။ ဖုန်းကိစ္စက နမူနာသဘောလောက် ပြောပြတာပါ။ (သိပ်မရင်းနှီးတဲ့သူထဲက) အိမ်မှာ သုံးလလောက် လာနေပြီး နေစရိတ်၊ စားစရိတ် တပြားမှ မပေးတဲ့အပြင် စားဖို့၊ သောက်ဖို့ ထမင်းဟင်းတောင် အလိုက်တသိနဲ့ ၀င်ကူချက်ဖော်မရတဲ့၊ အလုပ်လေးရမှ အိမ်ပေါ်ကနေ ကော့တော့ကော့တော့နဲ့ ပြောင်းသွားတဲ့၊ တော်ရုံလူတွေ ကြုံရမှာ မဟုတ်တဲ့ ဇာတ်လမ်းမျိုးတွေလည်း အများအပြား ရှိပါသေးတယ်။ ကျွန်မတို့ အားနာတတ်တာကို သူတို့အဖို့ လူနုံ၊ လူအတွေ အဖြစ်များ မြင်နေကြလားတော့ မသိဘူး။ အန်တီငြိမ်းကတော့ ကျွန်မတို့ မိသားစုကို ဝေသန္တရာ မိသားစုတဲ့။

ဒီမှာ အစိုးရကျောင်းတွေ တက်ခွင့်ရရင် အစိုးရက ကျောင်းစားရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းထောက်ပံ့တယ်။ အဲဒီအတွက် သူတို့နိုင်ငံမှာ ၃ နှစ် အလုပ်လုပ်ပါမယ်ဆိုတဲ့ စာချုပ်ပဲ ချုပ်ရတယ်။ ကျောင်းသားတွေ ပေးရမယ့် ကျန်တဲ့ ၂၀ ရာခိုင်နှုန်းထဲကနေမှ ၈၀ ရာခိုင်နှုန်းကို ဒီက ဘဏ်တွေဆီမှာ ချေးလို့ရသေးတယ်။ ကျောင်းပြီးမှ ပြန်ဆပ်ရုံသာ။ အဲဒီတော့ ကျောင်းသား တစ်ယောက် အစိုးရအထောက်အပံ့နဲ့ ဘဏ်က ချေးအပြီး ကျောင်းလခ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ၃၈၀ ကျော်လောက်ပဲ ပေးရပါတော့တယ်။ အစိုးရထောက်ပံ့တာကို အသက် ၂၁ ပြည့်တဲ့ မည်သူမဆို အာမခံနိုင်ပေမယ့် ဘဏ်က ချေးငွေကိုတော့ PR ဒါမှမဟုတ် နိုင်ငံသားက လက်မှတ်ထိုး အာမခံရပါတယ်။ များသောအားဖြင့် အာမခံပေးတဲ့သူ ရှားပါတယ်။ လက်မှတ်ထိုးပေးကြတဲ့ PR တွေက အာမခံခ S$500 လောက် အနည်းဆုံး တောင်းတတ်ကြပါတယ်။ တော်ရုံတန်ရုံ ဘယ်သူမှ လက်မှတ်ထိုးမပေးကြပါဘူး။ အဲဒီတုန်းကတော့ "အမယ်လေး ဒါလေး လုပ်ပေးရတာများ ဘာလို့ မကူညီကြပါလိမ့်"လို့ ကျွန်မ မိုက်မဲစွာ တွေးခဲ့ဖူးပါတယ်။

ကျွန်မအတွက်ကတော့ ဘာမှမခက်ခဲတဲ့ လက်မှတ်လေး တချက်ထိုးပေးရုံများ အပန်းကြီးတာမှ မဟုတ်တာပေါ့။ ဟုတ်ကဲ့၊ အဲဒီအတွက် ကျွန်မ ဘဏ်မှာ အာမခံလုပ်ပေးမိတယ်။ ကံဆိုးစွာနဲ့ပဲ ကျွန်မ အာမခံလုပ်ပေးတဲ့သူ စာမေးပွဲကျလို့ ပြည်တော်ပြန်ရပါတယ်။ အဲဒီအခါ အစိုးရထောက်ပံ့ကြေးကို ပြန်ပေးစရာမလိုပေမယ့် ဘဏ်ကနေ ချေးထားတဲ့ သုံးနှစ်စာ ကျောင်းစားရိတ်ကိုတော့ ပြန်ဆပ်ရပါမယ်။ မြန်မာပြည်ပြန်နေလို့လည်း ဘာမှ အကျိုးမရှိတဲ့အတွက် သူက ဩဇီ ဒါမှမဟုတ် မလေးရှားမှာ ကျောင်းပြန်တက်ဖို့ ကြိုးစားပါတယ်။ အဲဒီအတောအတွင်း ပိုက်ဆံလိုမှာဖြစ်တဲ့အတွက် ကျွန်မက ဘဏ်မှာ ချေးထားတဲ့ပိုက်ဆံကို မတောင်းဘဲထားတယ်။ သူကလည်း ကျောင်းတက်ခွင့်ရရင် ဘဏ်ကပိုက်ဆံ ဆပ်မယ်ပြောတာကိုး။ သူ့မိဘတွေက အရာရှိအရာခံတွေလည်း ဖြစ်လေတော့ ပြန်ဆပ်မှာပါလို့ ကျွန်မ တွေးခဲ့တယ်။

ဒါပေမဲ့ အဲဒီ ငွေ S$5000 ကျော်ကို ခုချိန်ထိ တပြားတချပ်မှ မရသေးပါဘူး။ "အားလုံး တပြိုင်တည်း မဆပ်နိုင်ရင် နေပါ။ တလ ၁၀၀၊ ၂၀၀ လောက်တော့ တတ်နိုင်သလောက် ဆပ်ပါ"လို့ ကျွန်မ ပြောပေမယ့် အချည်းနှီးပါပဲ။ သူတို့က နိုင်ငံတကာပတ်လို့၊ ရောက်တဲ့နိုင်ငံမှာ ကားတွေဝယ်စီးလို့ နေချိန် ကျွန်မကတော့ တရားစွဲမယ်ဆိုတဲ့ ဖြူ၊ နီ၊ ပြာ၊ ၀ါ Reminder စာရွက်ပေါင်းများစွာနဲ့ သူများအကြွေး ၅၀၀၀ကျော်ကို ဆပ်လို့ မဆုံးဖြစ်နေတော့တယ်။ ကျွန်မက ၂၀၀၀ကျော်လောက် ဆပ်လိုက်၊ မဆပ်ဘဲ နေလိုက်၊ အတိုးတွေက ထပ်ထပ်တက်လိုက်နဲ့ ပေးစရာ ၅၀၀၀ကျော်က လျော့တယ်လို့ မရှိပါဘူး။ သူတို့အနေနဲ့ ဒီငွေတွေကို ပေးနိုင်တဲ့အခြေအနေလည်း ရှိလျက်၊ နည်းနည်းချင်းလည်း ပေးရမှာဖြစ်လျက် ဘာလို့များ မပေးတာလဲဆိုတာ ကျွန်မအနေနဲ့ စဉ်းစားလို့ မရအောင်ပါပဲ။

အဲလိုအခြေအနေမှာတောင် ကျွန်မရဲ့ အားနာမှုက မရပ်တန့်နိုင်သေးပါဘူး။ ဒီကို အလည်အပတ်လာပြီး အလုပ်ရှာကြတဲ့အခါ ဗီဇာလျှောက်ဖို့ sponsor လိုပါတယ်။ အဲဒီအတွက် တချို့တွေက မြန်မာငွေ ၄၊ ၅ သိန်း တောင်းပြီး sponsor လုပ်ပေးကြတယ်လို့ ပြောပါတယ်။ ကျွန်မအနေနဲ့တော့ ကိုယ့် IC လေး scan ဖတ်ပြီး Invite Letter နဲ့အတူ အီးမေးလ်ကနေ ပို့လိုက်ရတာဟာ ဘာမှ ပြောပလောက်တဲ့ ကိစ္စလို့ မထင်ပါဘူး။ အဲဒီအတွက် ခုလက်ရှိ ဒီမှာ အလုပ်လုပ်နေကြတဲ့ ကျွန်မ အသိတွေ၊ သူငယ်ချင်းတွေ၊ ကျွန်မ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေ အမြောက်အမြားကို ကျွန်မ sponsor လုပ်ပေးခဲ့တယ်။ အဲဒီ sponsor ကိစ္စနဲ့ပတ်သက်ပြီး ခုချိန်ထိ ဘာပြဿနာမှတော့ မဖြစ်ပါဘူး။ တချို့ရှိသေးတယ်။ အစိုးရကျောင်းမဟုတ်တဲ့ ကျောင်းကို တက်ရင် student pass အတွက် sponsor လိုတယ်။ ကိုယ်နဲ့ မသိပေမယ့် ကိုယ့်သူငယ်ချင်းက အကူအညီတောင်းလို့ (သူများအကြွေး စိုက်လျော်ရလွန်းလို့) သူများအကြွေးနဲ့ လူလုပ်နေရတဲ့ ကျွန်မ ရင်တထိတ်ထိတ်နဲ့ အားနာစွာ sponsor လုပ်ပေးဖြစ်တယ်။ ဒါလည်း ပြဿနာမပေါ်ခဲ့လို့သာပေါ့ မဟုတ်ရင် ကျွန်မတော့ ရူးလောက်ပြီ။ ဒီကြားထဲ အချိန်ပိုင်းအလုပ်လုပ်ခွင့်မရှိတဲ့ Private ကျောင်းသူက ကျွန်မ အိုင်စီကတ်နဲ့ အလုပ်လုပ်မလို့ ခဏငှားပါလို့ လာပြောသေးတာ။

သေချာတာက သူတို့ကို ဖုန်းလိုင်းဝယ်ပေး၊ sponsor လုပ်ပေး၊ အာမခံလုပ်ပေးပြီး သူတို့ဆီက မုန့်တခု၊ ငွေတကျပ်တောင် ကျွန်မ မစားခဲ့၊ မယူခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ ပြန်ရလိုက်တာက စိုက်ဆပ်ပေးရမယ့် အကြွေးတွေပါ။ ကျွန်မ အလုပ်လုပ်ပြီး ရှာရတဲ့ပိုက်ဆံက ကျွန်မ သုံးရတယ်ကို မရှိသလောက်ပါပဲ။ ကျွန်မ ဆရာပြောခဲ့သလိုဆို ကျွန်မလည်း ဘယ်သူ့ဆီကမှ လိမ်ညာခိုးဝှက်ပြီး ရှာထားတဲ့ ပိုက်ဆံတွေ မဟုတ်ပါဘဲလျက် ဘာလို့များ ဒီလိုမျိုးတွေ ကြုံနေရပါလိမ့်။ ကျွန်မ သစ္စာဆိုရဲတယ်။ ကျွန်မ sponsor လုပ်ပေးသမျှ၊ အာမခံပေးသမျှ ဘာကျေးဇူးခံ၊ ကျေးဇူးစား၊ ဘာအကြောင်းအချက်မှ မပါဘဲ ကိုယ့်အတွက် အပန်းမကြီးတာလေး ကိုယ်လုပ်ပေးနိုင်လို့ လုပ်ပေးလိုက်တယ် ဆိုတာပါပဲ။ ထို့အတူ ယနေ့အချိန်ထိ ကျွန်မတို့ တမိသားစုလုံး သူများ စိတ်ဆင်းရဲ၊ ဒုက္ခရောက်အောင် မလုပ်ခဲ့သလို သန့်သန့်ရှင်းရှင်းနဲ့ ရှာလို့ရတဲ့ ပိုက်ဆံတွေနဲ့ပဲ ထမင်းစားခဲ့ကြသူတွေ။ ကျွန်မအဖေ အစိုးရ၀န်ထမ်းဘ၀တုန်းကလည်း ပြည်သူပိုင်ပစ္စည်း ကိုယ့်ပစ္စည်းမလုပ်ခဲ့။ သူများပိုက်ဆံ အလွဲသုံးစား မလုပ်ခဲ့။ ကျေးဇူးရှင်ကို ကျေးမစွပ်ခဲ့။ ဒါပေမဲ့ ကိုယ့်အကြွေး ကိုယ်ပြန်မဆပ်ချင်တဲ့၊ သူတပါးကို ဒုက္ခပေးချင်တဲ့သူတွေနဲ့ ကြုံတွေ့နေရတာ ဘယ်လို အကြောင်း အကျိုး ဆက်စပ်ပြီးများ ဖြစ်ပေါ်လာရတာလဲလို့ သိချင်လိုက်တာ။

တကယ်ဆို အဲဒီ "အားနာတယ်"၊ "ကူညီတယ်"၊ "သူလည်း ကိုယ့်လိုပဲ နေမှာပါလေ"ဆိုတဲ့ အတွေးတွေ မရှိချင်၊ မကြားချင်တော့လောက်အောင် ကျွန်မ မုန်းတီးမိနေပါပြီ။ ကိုယ့်ကိုယ်ကိုလည်း အပါအ၀င်ပေါ့။ ကျွန်မတို့ မိသားစုရဲ့ နောက်မျိုးဆက်ကို အားနာခြင်းဆိုတာ မသိတဲ့သူတွေ ဖြစ်စေချင်တယ်။ (လူတွေအပေါ် စီးပိုးပြီး သူများမျက်ခုံးမွှေးပေါ် လမ်းလျှောက်တတ်တဲ့ လူစားမျိုးတော့ မဟုတ်ဘူး။ အဲလို လူစားမျိုးတော့ ကျွန်မ အရမ်းမုန်းတယ်။) အရင်ဆုံး ကျွန်မရဲ့ တဦးတည်းသော တူမလေးကို အားနာတယ်ဆိုတဲ့ စကား မကြားဖူးအောင်၊ အားနာတယ်ဆိုတာ ဘယ်လိုမျိုးမှန်း မသိအောင် သူ့ရှေ့မှာ နေပြဖို့ ကြိုးစားရပါမယ်။ နောက်ပြီး အားနာတတ်တာ လူအတွေမှလို့
ကျွန်မတူမလေး နားလည်အောင် ပြောပြရဦးမယ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် အားမနာတတ်တဲ့၊ ကူညီချင်စိတ်မရှိတဲ့သူ ကျွန်မ ဖြစ်ပါရစေလို့။
ပြီးတော့ ကျွန်မ စိုက်ဆပ်နေရတဲ့ အကြွေးတွေရပါစေလို့လည်း ကူပြီး ဆုတောင်းပေးကြပါဦး။:D

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sawlinux] 1 New Entry: ကရင်တပ်ကို တိုက်ဖို့ နအဖ က စစ်အင်အားတိုးချဲ့

ကရင်တပ်ကို တိုက်ဖို့ နအဖ က စစ်အင်အားတိုးချဲ့

07 October 2008

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ထိန်းချုပ်ရာ ဒေသအတွင်း နအဖတပ်နှင့် ပူးပေါင်းထားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်များ ထိုးစစ်ဆင်ရန်အတွက် တပ်အင်အား ထပ်မံ တိုးချဲ့ထားသည်ဟု KNLA က ပြောသည်။

ကရင့်အမျိုးသားအစည်းအရုံး KNU ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသော KNLA တပ်မဟာ ၆ နယ်မြေ ၂ဝ၁ စခန်းများ ရှိသော ဒေသများ၌ လွန်ခဲ့သည် စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ၁ဝ ရက်အတွင်း နအဖ နှင့် ပူးပေါင်းထားသော ဒီကေဘီအေ တပ်များက ၄ ကြိမ် ထိုးစစ်ဆင်ခဲ့ပြီးနောက် ထပ်မံ ထိုးစစ်ဆင်ရန် ပြင်ဆင်ထားပုံကို KNLA က ပြောဆိုခြင်း ဖြစ်သည်။

"အခု နောက်ဆုံးအခြေအနေက ကျနော်တို့ကို လာတိုက်ဖို့ အင်အားဖြည့်ပြီးတော့ ပြင်ဆင်ထားတယ်။ အဲဒီတပ်ရင်းတွေကတော့ ဒီကေဘီအေ တပ်ရင်း ၉ဝ၇ ၊ ၉ဝ၆ ၊ ၃၃၃ တပ်ရင်းနဲ့ နအဖ (ခလရ) ခြေလျင်တပ်ရင်း ၄ဝ၁ ၊ ၄ဝ၇ ရယ်၊ ကေအန်အယ်လ်အေ ဒေသအတွင်းမှာ ရှိတဲ့ ကလဲဝေါ၊ ဘလာတို၊ ကော့စဲ ဟောဖိုးကီး၊ ဖော်ဘူးလထ၊ ဝေါလေခီး စတဲ့ ကျေးရွာတွေမှာ တပ်စွဲထားတယ်" ဟု KNLA ၂ဝ၁ တပ်ရင်းမှ အမည်မဖော်လိုသူ ဗိုလ်ကြီးအဆင့် ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "အခုဖြစ်တဲ့ တိုက်ပွဲတွေက သူတို့ (ရန်သူ) ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ ဖြစ်တာပဲ ရှိတယ်။ ကျနော်တို့က သူတို့ကို တခါမှ ထိုးစစ်မဆင်ပါဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာ ကျနော်တို့ဘက် ကိုယ့်ကိုယ်ကို ကာကွယ်ပြီးတော့ တိုက်ပွဲဖြစ်တာပဲ ရှိတယ်။ အခု တိုက်ပွဲက ထိုးစစ်ဆင်တာကြောင့် ဖြစ်တာဖြစ်တယ်" ဟု ပြောသည်။

ပူးပေါင်းထားသော တပ်ရင်းများမှ နအဖ နှင့် DKBA တပ်သား ခန့်မှန်ခြေ အင်းအား ၄ဝဝ ခန့် ရှိသည်နိုင်ကြောင်းနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည် ရက်မှစ၍ ၄ ကြိမ် တိုက်ပွဲဖြစ်ပွားရာ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၅ ဦးကျဆုံးခဲ့သလို ၁ဝ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNLA က ဆိုသည်။ သို့သော် KNLA ဘက်မှ ကျဆုံးခြင်းမရှိဟု ဆိုသည်။

Help Without Frontiers Refugees For Burma – အဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးကလည်း "လက်ရှိ နအဖ တပ်သားတွေ အဲဒီဒေသတွေမှာ ရှိတဲ့ ကျေးရွာတွေမှာ အခြေချ နေထိုင်နေကြတယ်။ နောက်ပြီးတော့ ရွာသူရွာသားတွေလည်း ဒုက္ခရောက်နေကြတယ်။ သူတို့တွေ ကြောက်ရွံ့တာပေါ့နော်။ ပုန်းနေရတဲ့လူတွေလည်း ပုန်းနေပေါ့။ စာသင်ကျောင်းတွေ ပိတ်ထားတာ ၃ ရက်လောက်ရှိပြီ။ ဆေးခန်းတွေလည်း ပိတ်ထားရတယ်။ ဆရာဝန်တွေက အခုတလော ထွက်ပြေးနေရတယ်" ဟု ပြောသည်။

ဤအဖွဲ့သည် အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) ဖြစ်ကာ ထိုင်း-မြန်မာနယ်စပ်တလျှောက် မြန်မာဘက်ခြမ်းတွင် ပညာရေးနှင့် ကျန်းမာရေးအတွက် လိုက်လံကူညီနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။

ယခုလို နအဖ ၊ DKBA ပူးပေါင်းတပ်များနှင့် KNLA တပ်ရင်းများ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများသည် ထိုင်း- မြန်မာ နယ်စပ်မြို့ မဲဆောက်၏ တောင်ဘက် ၄၅ ကီလိုမီတာခန့် အကွာအဝေးတွင် တည်ရှိသည်။

Mizzima News

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Maung Myo's Heartfelt] 1 New Entry: ပြည့်ရာ...

ပြည့်ရာ...

ပို့ စ် ၂၀၀ ပြည့် အမှတ်တရ လက်ဆောင်လေး လုပ်ပေးတဲ့ ကျနော့်အစ်မ မအိမ့် ကိုကျေးဇူးအထူး .........။

တစ်ခါခါ ကျနော်က လူရွှင်တော်တစ်ယောက်နဲ့ တူတဲ့ စကားလုံးတွေနဲ့  ချယ်သ တစ်ခါခါတော့ အဆွေးသမားလိုလို အသဲကွဲသမားလိုလို ယောင်ဝါးဝါးနဲ့  ကိုယ်က ဘယ်လိုလိုင်းကိုရေးတဲ့ ဘလော့ရေးသူမှန်းကိုမသိတော့ဘူး ဒါပေမယ့် စာတွေရေးရရင်ကိုက ပျော်နေတာ ကိုယ်ရေးတဲ့စာက ဖတ်သူတွေအတွက် ရယ်စရာတွေဖြစ်ဖြစ်သွားတာကိုလည်း ကျေနပ်သလိုလို ကိုယ်တိုင်တော့ မရယ်ရပါဘူး ပေးခဲ့တဲ့ မှတ်ချက်တွေကြည့်ပြီးမှ ဟုတ်သား ငါရေးတာ အဲ့လိုဖြစ်သွားတာကိုးလို့  စဉ်းစားမိတယ်း) ။ဘလော့ပိုးကိုက်လို့  အလုပ်ကလည်း ပြုတ်လုပြုတ်ခင် မျက်းလုံးကလည်းကြာရင် မျက်မှန်တပ်ရမယ့် အနေထားမှာရှိတယ် ။ ခေါင်းကိုက်နေရင် ဆေးသောက် ပလာစတာကပ်ပြီး ဘလော့တယ် အိပ်လို့ မရတော့ဘုးး ညညတွေဆိုသလို အိပ်မက်ထဲမှာလည်း ဘလော့ ဘလော့နဲ့ ကိုဖြစ်နေတာ ...။

ဆြာနဲ့  ဖုန်းပြောဖြစ်ရင် ဘလော့ဂါတွေ အတင်း အယ်လေ သတင်းတွေ ပြော ဘယ်သူကကျနော့်ကို ဘယ်လိုပြောသွားတာဆိုပီး တိုင်ကြောထူနေတာ " ကိုယ့်ပါသာရေးစရာရှိတာ ရေးစမ်းပါ ညီရာ စိတ်ထဲမထားနဲ "့တဲ့ မှတ်ထားမှ ဆြာ့ စကားမြေ၀ယ်မကျနားထောင်မယ် :P၊ အစ်ကိုစေးထူး ပို့ စ်အသစ်တင်ထားတယ် အရင်ဆုံးကော့မန့် ပေးချင်တာဆိုပြီး ဘယ်ကြည့် ညာကြည့် ဘယ်ညာကြည့် လူလစ်ရင် ခိုးဖတ် ကော့မန့် ပေး ဟိဟိ ကြာတော့ အကျင့်ဖြစ်လို့  ဘလော့တွေခိုးဖတ်တာ စာဖတ်မြန်လာတယ် ၊ မုတ်သုန်လို ဖတ်ဖူးတဲ့ စာတွေထဲက ကောင်းနိုရာရာတွေတင်ပေးချင်ပေမယ့် သူဖတ်တဲ့စာရေးဆရာတွေကို ကိုယ်ကကြားတောင်မကြားဖူးဘူး ၊ ကိုအိပ်မက်နက်လို အက်ဆေးအပြင်းစားတွေရေးတက်ချင်တာ ပြီးတော့ သူ့ လို စာမူခတွေအများကြီးလိုချင်တာ ဘီလိုလုပ်ရပါ့ ၊ ကိုညိမ်းညို ကိုတင့် ၊ကိုအိုင်း တို့လို စကားလုံထိထိမိမိ ကာရန်လှလှလေးတွေနဲ့  ကဗျာရေးချင်ပေမယ့် ကိုယ်ရေးတဲ့ ကဗျာက ကြက်ဟင်းခါးသီးတောင်ပါလိုက်သေး ကွာချက် ...။

ကဖြိုးငယ် လွမ်းလုင်
တို့ လိုမျိုး အချစ်ကဗျာ နုနုရွရွလေးလည်းရေးတက်ချင်တယ် ကျနော့်အချစ်တွေကသေသွားတာကြာလှပေါ့ အချစ်ဆိုရင် ဒီကောင်က ဂစ်ချင်နေပြီး ရေးလို့ မဖြစ်.။ ကိုဇင်ယော် ၊မရွှေပြည်သူ တို့  ဘာသာပြန်တွေကကောင်းချက် ကိုယ့်အစွမ်းစနဲ့ ဆို ဒီလိုစာကောင်းတွေဖတ်လို့ ဘယ်ရမတုန်း ။ ကိုကြီးဝိ ရဲ့ ဒဿနတွေနဲ့ ဘ၀အကြောင်းစာပေတွေကို အားကျ သို့ သော် ရေးဖို့ နေနေသာသာ သူရေးတဲ့ ပို့ စ်တွေ ၃ ခေါက်လောက်ဖတ်မှ သဘောပေါက်တယ် ။ အန်ကယ်အောင်ရေးတဲ့ ကဗျာတွေက ကျနော့်ကို အားပေးနေသလိုလို စိတ်ညစ်နေတုန်းက ကဗျာလေးတစ်ပုဒ်ရေးပေးတဲ့ အစ်ကိုကြီးရုပ်ဆိုးကတော်တော်ခင်ဖို့ ကောင်း တယ်၊ စာရေးအားကောင်းတဲ့ ကိုရွာသား အားကြီးပဲများတယ် ငါ့ဆီကျလာလည်းမလာဘူး :D ၊ ကိုနိ က ပေးမယ်တဲ့ ဟီး ပျော်လိုက်တာ မဇနိ ကလည်း ဟင်းချက်ကောင်းမှကောင်း ထမင်းစားမမြိန်ရင် သူတို့ ဘလော့ဖွင့် စားလိုက်ကြည့်လိုက်နဲ့  အဖြစ်ကဆိုးလိုက်တာ .၊ အစ်မ မေမိုးတို့  မောင်နှံ နှစ်ယောက်စလုံးချောတယ်ဗျ နေနဲ့  လရွှေနဲ့ မြ ။

အစ်မတန်ခူး မနုစံ အစ်မမြ တို့အိမ်သွားလည်ရင် ကိုယ့်အစ်မအရင်းတွေအိမ်သွားလည်ရသလိုစိတ်ထဲမှာ ခံစားရတာကလည်းထူးဆန်းပါ့ ။မကြာသေးခင်ကမှ ခင်တဲ့ ကိုဟဟညိမ်း ပလုတ်တုတ်ခင်လေး မျက်ဝန်းနက် ဟီးရိုး ညမီးအိမ် တို့ ကိုလည်း မမြင်ဖူးပဲ တကယ့် ညီအစ်ကိုအရင်းတွေလို ဖြစ်နေတာ ဒါကြောင့်ပြောတာပေါ့ရှေးရေပေါက် (ရေပေါက်နဲ့ ရေစက် တူတယ်ဟုတ် :P) ။ စိတ်ညစ်တိုင်း အားပေးစကားပြောတတ်တဲ့ ကိုရင် မယ်မျိုးလို့ ထူးထူးဆန်းဆန်းခေါ်တဲ့ ခင်လေး ချစ်စရာကောင်းတဲ့ ခလေးလေးတို့  ဆီပုံးမှာ သွားဆော့ရတာလည်းပျော်စရာကောင်းမှကောင်း ၊စလို့ ကောင်းတဲ့ အစ်မတော် သက်တန့် ၊ တစ်ဥင်္ီးတည်းသော ညီမဝေလေး သူကတော့ တစ်ခါခါ လူကြီးလေသံနဲ့ ဆုံးမတက်တယ် ...။စိတ်မဆိုးတက်တဲ့ အနန်ဒါ ( စိုးမြနန္ဒာသက်လွင်) မလာတာကြာပေါ့ ဘယ်မှာ weekend နေလဲမသိ ၊ဂျစ်ကန်ကန် ကောင်မလေး စိုးမိုး ဂိမ်းဆော့လို့  ၀မှ ဘလော့ရေးတာတဲ့ ဆိုးပါ့ ဒီခလေးမနှယ် ..။

ဟိုးး..သွေးမနှော အစ်မကြီးလေးမ တစ်ယောက် လက်နာနေတယ် တကယ်လားမသိ စိတ်ပူပါ့ ကောင်ကင်ကြီးကို အချွဲပိုနေတာဖြစ်မှာပါလေး) ၊ ကိုမှော်က ပြောတော့ ပို့ စ်တွေမကြာမကြာတင်မယ်ဆိုပြီး မဖတ်ရတာ တစ်လတောင်ကျော်ပြီးးး ၊ ကိုပြတိုက် လည်းပင်ပန်းနေမှာ သူ့  အဖေ မြန်မြန်နေကောင်းပါစေလို့  ဆုတောင်းမိတယ် ၊ ရွှန်းမီ တစ်ယောက် မပြောမဆိုနဲ့  ဘလော့ပိတ်သွားပြန်ပြီးဘာဖြစ်တာလဲမသိဘူးး ၊ကြယ်စင်နှပ်သမီးကြီး နဲ့  နှပ်သမီးလေးမွန်က ဟိုလဒ နှစ်ကောင်ကို လွမ်းနေတာသိသား တနားပါတယ် သွပ်သွပ် :D ၊ ကိုလင်းထက်ကြီးက အခုအိပ်ယာထရင် မျက်နှာသစ်ပြီးပြောတယ် တော်သေးတာပေါ့ ၊ မောင်ငယ် ကလည်း တမမ နဲ့  မနေလိုက်တာ ကြက်သီးပါထတယ် ၊ ဦးသားထူးကို ရင်း၂နှီး၂ သားထူးသွားလုပ်နေတယ် ကိုယ့်ထက် ၁၆ နှစ်တောင်ကြီးတယ် ဟားဟား အားနာလိုက်တာ ဘဘရယ် အနော်က မသိလို့ နော့်း) ၊ ကိုကျန် နဲ့  ကိုညာ နောင်တော်နှစ်ပါး ဘယ်ချောင်မှာ သဝေထိုး ၀က်အူရစ်နေကြလဲမသိ မတွေ့ တာကြာပြီးးး.... ပြည်တော်ပြန်ပြီး မိဘနဲ့ တူတူနေဖို့  အမြဲပြောတက်တဲ့ သယ်ရင်းလေး မင်းယွန်း နဲ့  ပို့ စ်ဖတ်ပြီးတိုင်းစိတ်ပူပြီး ဖုန်းဆက်တတ်တဲ့ ကိုတိုးလေး တို့ ကိုကျေးဇူးနော့် မနေ့ ကမှ မျက်စိလည်ပြီးရောက်လာတဲ့ ပိစိလေး ကို နာမည်ကြားတာနဲ့  ရယ်ချင်နေပြီး.........။

ဟူးး....မောလိုက်တာ တစ်ယောက်ချင်းဆီလိုက်ရေးနေရတား) ဘယ်သူတွေ ကျန်သေးလဲ မသိ မမှတ်မိတော့လို့  ကျန်ခဲ့ရင်လည်း စိတ်မဆိုးကြနဲ့ နော့် ။ သူငယ်ချင်းတို့ ရေ့ ကျနော့်ရဲ့ ၂၀၀ မြောက်ပို့ စ်အမှတ်တရလေးပါ တစ်နှစ်ပြည့်မှ ဒီလိုပုံစံလေးရေးဖို့ စဉ်းစားမိပေမယ့် ရေးသူကိုတိုင်တောင် သိပ်မသေချာလို့  ဒီပို့ စ်လေးနဲ့ ပဲရေးလိုက်တော့တယ် ဘာပဲဖြစ်ဖြစ် ဒီနေရာလေးမှာ ကြောင်တောင်တောင် ကောင်လေးတစ်ယောက် ကိုအသိမှတ်ပြုပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ အခြေနေနဲ့  အချိန်ခါပေးနေသရွေ့  Blogging ပါအုံးမယ် ။ကျနော့်ရဲ့ တောင်ရောက် မြောက်ရောက် စာတွေအချိန်ကုန်ခံဖတ်သွားကြတဲ့ ဘလော့ရေးသူးများ ဖတ်သူများ အားလုံးကို ကျေးဇူးတင်ရင် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ခင်ဗျာ အားလုံးပဲ ပျော်ရွှင်ကြပါစေ...။

You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[All Together on A Planet ...] 1 New Entry: အီး-သူခိုးများအဖွဲ့ (၂)

အီး-သူခိုးများအဖွဲ့ (၂)

နည်းပညာထုတ်ကုန်များ

အီး-သူခိုးများအဖွဲ့က သူတို့ရဲ့နည်းပညာနှင့်အတူ အခမဲ့သင်ကြားရေး ဗီဒီယိုကိုလည်း ပြန်လည်ရောင်းချပေးပါတယ်။ သူတို့ရောင်းချပေးတဲ့ နည်းပညာနှင့် သင်ကြားရေး ဗီဒီယိုဟာ ကိုယ်ပိုင်လုံခြုံရေးနှင့် ပညာရပ်ပိုင်း ဆိုင်ရာအတွက်သာ ရည်ရွယ်ပါတယ်လို့ ပြောကြားထားပါတယ်။ ဝယ်ယူသုံးစွဲသူအနေနဲ့ တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက် ရှိမယ်ဆိုရင် ဝယ်ယူခြင်းမပြုဖို့လည်း တားမြစ်ထားပါတယ်။ သူတို့ရဲ့ နည်းပညာကို လွဲမှားစွာအသုံးမပြုကြဖို့ အီး-သူခိုးများအဖွဲ့က တောင်းဆိုထားပါတယ်။ သူတို့ရောင်းချတဲ့ ဒီနည်းပညာထုတ်ကုန်ဟာ ဆော့ဖ်ဝဲတစ်ခု မဟုတ်ပါဘူး။ ဒီအထဲမှာ Hackလုပ်နိုင်တဲ့ နည်းပေါင်းရာနဲချီပါဝင်ပြီး Hackမလုပ်တတ်သေးသူတွေနှင့် Hackersတွေအတွက်ပါ အသုံးတည့်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။ အီး-သူခိုးများအဖွဲ့မှ ရောင်းချတဲ့ နည်းပညာထုတ်ကုန်မှာ Hackingနဲ့ပတ်သက်တဲ့ Ebooks, scripts, fake pages, spywares, keyloggers, questions, tips & tricks, methods တွေပါဝင်ပါတယ်။ (more…)

You received this email because you are subscribed to the real_time feed for http://www.kjohnblog.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar] 1 New Entry: ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,7th,2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,7th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )မိသားစုတွေ တရားခွင် လာရောက်ခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတွေ ကန့်ကွက်

( 2 )၈၈ ကျောင်းသား နီလာသိန်းတို့ရုံးထုတ်၊ ကိုအောင်သူမူးလဲ

( 3 )ကလေးစစ်သား စုဆောင်းအသုံးပြုသူများ အမေရိကန်လာရင် အရေးယူမည်

( 4 )Without Suu Kyi, where would the country be?

( 5 )Myanmar media stress important role of teachers

( 6 )မန္တလေးတွင် မြန်မာနိုင်ငံ၏ ဘောလုံး အကယ်ဒမီ ဖွင့်တော့မည်

( 7 )မြန်မာအပါဝင် တရားမ၀င်ဝင်ရောက်သူ (၁၈) ဦး တူရကီနိုင်ငံတွင် ကားမှောက်သေ

( 8 )တရားရုံးအတွင်း မိသားစုကြားနာခွင့်ပေးရန် မင်းကိုနိုင် တောင်းဆို

( 9 )နိုင်ငံရေး အကျဉ်းသား ၄ ဦး ထောင်ဒဏ်ချမှတ်ခံရ

( 10 )လျှပ်စစ်မီး တရားမ၀င် ပေးသုံး၍ ငွေသိန်းချီဒဏ်တပ်

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[Padauk Myay] 1 New Entry: ဖတ်စေချင်သောစာများ (၁)

ဖတ်စေချင်သောစာများ (၁)

(တကယ်တော့ ဒီစာတွေက Comment မှာ ကိုမျိုးဆွေတင်တဲ့စာပါ။ ပို့စ်အနေနဲ့ ဖော်ပြဖို့ ခွင့်တောင်းတော့ ရေးသူ မသိကြောင်းနဲ့ မိတ်ဆွေတစ်ယောက်က ပေးတာဖြစ်ကြောင်း ပြန်ကြားလာပါတယ်။ ဖတ်သင့်တဲ့စာဖြစ်လို့ ဝေမျှလိုက် ပါတယ်။ ရေးသူကိုမသိလို့ ခွင့်ပြုချက်မတောင်းနိုင်တာ ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။)

ပေးစာ (၁).... လူထုသည် အချဉ်မဟုတ်

ပေးစာ (၂ )....မြေအောက်လှုပ်ရှားမှု နှင့်ပတ်သက်သော.....

ပေးစာ (၃) ....ဘာလုပ်ကြမှာလဲ

ပေးစာ (၄).... ဆိုင်ကလုန်းကမွှေနှောက်သွားသောအတွေးများ

ပေးစာ (၁)....... လူထုသည်အချဉ်မဟုတ်

၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်၊ ကျနော်တို့မန္တလေးအိမ်တော်ရာသပိတ်စခန်းတွေကို အာဏာသိမ်းပြီး တပတ်လောက်အထိ ဝင်သိမ်းလို့မရခဲ့ဘူး။ သပိတ်စခန်းမှာ လက်နက်တွေရှိတယ်လို့ သတင်းရခဲ့ကြသလို၊ ရပ်ကွက်ထဲကလူတွေက ရရာလက်နက်နဲ့ ပြန်ချမယ်ဆိုတာ သိနေလို့ပါ။ နောက်...မကြာခင် စစ်တပ်ကဝင်လာပြီး ရက်ကွက်ထဲက လူတွေကို ချောဆွဲလိုက်တယ်။ တားဆီးထားတဲ့အုတ်ပုံတွေကို ရပ်ကွက်ကလူတွေကို ရှင်းခိုင်းတယ်။ အုတ်ပုံထဲမှာ တရုတ်ဘက်ကတင်သွင်းတဲ့ လက်ပစ်ဗုံးတွေ မြှုပ်ထားတယ်ဆိုတာ သူတို့သိတယ်။ တချို့ဆို ဗုံးပေါက်လို့ သေကုန်ကြတယ်။ ဒါပေမဲ့ လူထုကအားမလျော့ခဲ့ကြပါဘူး။ လက်နက်ဘယ်လို ရမလဲဆိုတာကို ကြံခဲ့ကြတယ်။ ကျောင်းသားတွေကို လက်နက်ရှာပေးဖို့ တောင်းဆိုခဲ့ကြတယ်မို့လား။ ကျနော်ပြောချင်တာက လူထုဟာ
သူပုန်ကို မျှော်ခဲ့ကြတာပါ။ ကုလသမဂ္ဂတပ်ကို မဟုတ်ပါဘူး။ အနှစ်(၂၀) နီးပါးလောက်ထိ သူပုန်ကမြို့ထဲဝင်ပြီး သေနတ်ဖောက်သံမကြားမှ ကုလသမဂ္ဂကို ဟုတ်နိုးနိုးမျှော်ခဲ့ကြတယ် ထင်တာပဲ။ လူထုကိုလျော့မတွက်ပါနဲ့။ လူထုက ဘယ်သူဘာလဲ ဆိုတာသိပါတယ်။ သမိုင်းတွေကိုသိပါတယ်။ ဘလော့တွေပေါ်မှာ ပိုက်ဆံမပေးရတိုင်း လူထုကို ဘာလုပ်ကြ၊ ညာလုပ်ကြဆိုတဲ့ မိန့်ခွန်းတွေကို ဘာမှမသိတဲ့ ကလေးတွေကသာ အဟုတ်မှတ်ကြပါလိမ့်မယ်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာ သေချာလုပ်ရတာပါ။ လေစစ်တိုက်နေလို့မရပါ။

ပေးစာ (၂ ) မြေအောက်လှုပ်ရှားမှု နှင့်ပတ်သက်သော........

ကျနော်တို့ နိုင်ငံရေး စလုပ်ခါစတုံးက၊ ကျနော်တို့ရဲ့ ယူဂျီခေါင်းဆောင်တွေက သင်ကြားခဲ့ဘူးတယ်။ ကိုယ်ဖတ်မဲ့ စာအုပ်ကို စာအုပ်ဆိုင်မှာ တွေ့ရင်တောင် ကိုယ်တိုင်မဝယ်နဲ့တဲ့။ ကိုယ်ဘာဖတ်နေလဲဆိုတာ မိဘတောင် အသိမပေးရဘူး။ ကိုယ်က ယူဂျီလုပ်မဲ့သူဆို တော့လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်နေပါတဲ့။ စစ်ကြောရေးအတွက်လည်း သူငယ်ချင်းတွေနဲ့ ဇာတ်လမ်းတွေကို ဇာတ်တိုက်ထားရ သေးတယ်။ မြေအောက်လုပ်ငန်းဆိုတာ အချိန်မရွေးဖမ်းခံရနိုင်တယ်။ သေလူဖြစ်နေတယ် ဆိုတာကို သတိထားဖို့ပါ။ မကြာသေးခင်က ဗျာ.... ခင်ဗျား တို့ထိုင်းနယ်စပ်ကဆိုပြီး ကျောင်းသားတချို့ဝင်လာတယ်။ ပိုက်ဆံကူညီချင်တယ်လို့ပြောတယ်။ ကျနော်တို့က ဘာလုပ်ပေးရမှာလဲလို့မေးတော့၊ ပုံမှန်သတင်းတွေကိုသာပို့ပေးပါတဲ့။ ကျနော်တို့သူ့ဆီကပိုက်ဆံကိုမယူခဲ့ပါဘူး။ ငွေရေးကြေးရေး ကူညီတယ်ဆိုတာ ၈၈အရေးတော်ပုံ ကထဲကရှိတာဗျ။ ခုမှမဟုတ်ဘူး။ ဒါပေမဲ့ ၈၈ တုံးက မြေအောက်လှုပ်ရှားမှု လာလုပ်တဲ့သူတွေက ခုလိုလူတွေလိုမဟုတ်ဘူး။ သံမဏိ စည်းကမ်းနဲ့နေတာ။ ခုကျ... သတင်းဝယ်ယူတာကို၊ သတင်းရောင်းစားတာကို မြေအောက်လှုပ်ရှားမှု လုပ်တယ် ထင်နေကြတာ။ လူတိုင်းနဲ့လျှောက်တွေ့တယ်။ မျိုးဆက်သစ်လူငယ်အုပ်စုတွေ အဖမ်းခံရတယ်။
ရင်မောစရာပဲဗျာ။ မခက်ဘူးလား။

ပေးစာ (၃) ဘာလုပ်ကြမှာလဲ

အတိုက်အခံဆိုသော၊ ကျောင်းသားခေါင်းဆောင်ဆိုသော ပုဂ္ဂိုလ်တွေကို တခုမေးချင်ပါတယ်။ ဂန်ဘာလီလာတော့ ဂန်ဘာလီနောက် လိုက်သုံးသပ်၊ ဘန်ကီမွန်းလာတော့ ဘန်ကီမွန်းနောက် လိုက်ပြီးသတင်းပေါ်မှာ လိုက်ဆွေးနွေး။ ဆိုင်ကလုံးဖြစ်တော့ ဆိုင်ကလုန်းပေါ်မှာမျော.. ခင်ဗျားတို့ပြောတော့ ကုလသမဂ္ဂဆိုတာ ဘာမှ သုံးမရဘူး ဆို...ခင်ဗျားတို့ပြောတော့ လူထုအင်အားဆို... ဘာလို့လူထုအင်အားကို အခြေခံပြီးမလုပ်ပဲ ပေါ်ပင်တွေ လုပ်နေကြတာလဲ။ ဆီမီနာတွေ၊ ညီလာခံတွေလုပ်ပြီး လိမ်စားမနေကြပါနဲ့တော့၊ တချို့ အနှစ် (၂၀) စာစုစောင်းမိထားတဲ့ ထိုင်းနယ်စပ်က လူတွေကိုလည်း အပြစ်မပြောချင်တော့ပါဘူး။ ဒါပေမဲ့ ဒီတခါတော့ တောင်းပန်ပါတယ်ဗျာ။ ပိုက်ဆံတွေ လိမ်စား နေတာတွေရပ်ပြီး ပြည်သူအကျိုးကို တချက်လောက် လုပ်ကြပါအုံး။ လူတွေ ပြောနေတဲ့ " ဗမာပြည်နိုင်ငံရေးက ထိုင်းနယ်စပ်ကကောင်တွေနဲ့ စစ်တပ်ပဲ ချမ်းသာပြီး လူထုကငတ်နေတယ်" ဆိုတဲ့ ဝေဖန်သံတွေကိုလည်း ကြားမိကြလိမ့်မယ်လို့ထင်ပါတယ်။ စစ်တပ်လို အကျင့်ပျက်ချစားနေတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ
ကျဆုံးကြပါစေလို့ ဆုတောင်းနေတယ်ဗျာ။ ကြာပန်းလည်းခူး၊ ဟိုဘက်ကမ်းလည်းရောက်အောင်ပို့ တဲ့ ဘုရားဟောခဲ့ ဘူးတယ်။

ပေးစာ(၄)..... ဆိုင်ကလုန်းကမွှေနှောက်သွားသောအတွေးများ.......

ဆိုင်ကလုန်းမကျခင်တုံး က အတိုက်အခံနိုင်ငံရေးသမားတွေကြားမှာ လူထုအင်အားဆိုပြီး အော်ခဲ့ကြတယ်ဗျ။ ဆိုင်ကလုံးလဲ ကျ၊ လူတွေလည်းဒုက္ခရောက်ရော.. လူသားချင်းစာနာမှုအကူအညီတွေနဲ့ ပြင်သစ်ကပဲ ဝင်မှာလိုလို၊ အမေရိကန်ကပဲလာမှာလိုလို.. ဟိုအားကိုး၊ ဒီအားကိုးဖြစ်ကုန်ကြရော။ ကျနော်ထင်တယ်။ အဲ့ဒီလူတွေ.. လူထုအင်အားကို တကယ်မယုံဘူးလို့.. မသိလို့မေးပါရစေအုံး လူသားချင်းစာနာသနားမှုအကူအညီတွေဇွတ်ဝင်ပေးပြီး အာဏာရှင်တွေ ပြုတ်ကျသွားတဲ့ တိုင်းပြည်တခုလောက်ရှိရင် ပြောပြစမ်းပါအုံး။ အော်... ဆိုင်ကလုံးက ဧရာဝတီ မြစ်ဝကျွန်းပေါ်တင် မကဘူး။ အတိုက်အခံတွေကိုလည်း ဝင်တိုက်သွားတာကိုး.... ကျွတ်ကျွတ်... ကျွတ်ကျွတ်....

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[balargout's blogger] 1 New Entry: ကျန်းမာရေးချူချာ

ကျန်းမာရေးချူချာ

ကျန်းမာခြင်းသည် လာဘ်တပါးတဲ့၊ ကျွန်တော်တော့ ဒီနေ့ ကျန်းမာရေးမကောင်းဘူး၊ တကိုယ်လုံးညောင်းနေလို့ အိမ်ခေါ်ပြီး မနေ့က အနှိပ် သည်ခေါ်နှိပ်ပါတယ်။ ခါးရိုးတွေ နာပြီးအခုမသက်မသာဖြစ်နေတယ်။ နောက်ပြီးတော့ဗိုက် ထဲကအောင့်နေတာ ညကတည်းကဘဲ။ မနက်စော စောပိုင်းလဲ ပလာတာလေးတချပ်ဘဲ စားနိုင်တယ်။ ဒါတောင်ဆေးသောက်ထားလို့။ မနက်က connect ဂျာနယ်က အယ်ဒီဒါ မမေသန္တာဝင်း နဲ့ အလုပ်ကိစ္စ အချို့သွားဆွေး နွေးတာတောင် မနဲအောင့်အီးပြီး စကားပြောနေရတယ်။ သူကနားလည် တတ်တဲ့သူတယောက် မို့ ကြာကြာ မဆွေး နွေးလိုက်ရပါဘူး။ အဆင်ပြေခဲ့တယ်။ ရုံးပြန်ရောက်တော့ လူကတယ့်ကို ခါးကနာ ဗိုက်ကအောင့်နဲ့ မအီမသာကြီး။ အခု ဘာအလုပ်မှာ လဲ လုပ် နိုင်ဦးမယ်မထင်ဘူး။ သင်တန်းကလဲ နေ့လည်ကျ ထသင်ရဦးမယ်။ လောလောဆည်တော့ ထမင်းလဲ ဆင်းမစားတော့ဘူး။ ရုံးခန်းထဲမှာဘဲ အိပ်တော့မယ်။ ဒီနေ့တော့ ကျန်းမာရေးဆိုတဲ့ လာဘ်တပါးတော့ ဆုံးရှုံးသွားလေပြီပေါ့။

ကြောရိုးလေး ၁၈၀ ဒီကရီ ရောက်လာတာတောင်
အတွေးထဲမှာမွှေ - မီးခိုးတွေလိုဝေ နေတဲ့
အလုပ် - ငွေကြေး - ဘ၀နဲ့ မိန်းမ
သြော် - ဒုက္ခ ဒုက္ခ

You received this email because you are subscribed to the real_time feed for http://zawzaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Golden Colour Revolution] 3 New Entries: တပ်မတော်အရာရှိတယောက်ရဲ့ ပြန်စာ

တပ်မတော်အရာရှိတယောက်ရဲ့ ပြန်စာ

မှားနေတာလေးနည်းနည်းဝင်ထောက်ပေးမလို့ သေနတ်က အမ်အေ-၁၃၊ အရာရှိတွေကိုင်ဆောင်ဖို့အတွက် ကာဘိုင်နဲ့အစားထိုးပေးထားတာ အခုတော့ ပြန်သိမ်းလိုက်ပြီ၊ နီးနီးလေးပဲရောက်လို့ထင်ပါ့။ကျုပ်တို့တော့ ကိုင်ဖူးလိုက်ပါသေးတယ်။ အခုတော့ အမ်အေ-၃ ကိုပြောင်းကိုင်ထားခိုင်းတယ်။ ယူနီဖောင်းလည်း အိတ်ရှူးပဲ။ (issue)ကိုပြောတာ။ အရင်တော်လှန်ရေးနေ့စစ်ရေးပြလျောက်ဖူးတဲ့ညီငယ်တယောက်ကန်တော့ထားလို့ အခုထိရှိတုန်း။ ကျုပ်ထင်တတော့ အီကွေးမန့်လည်း အိတ်ရှူးပဲဗျ ဘာလို့ဆိုတော့ fitသိပ်မဖြစ်ဘူး။ အခုနောက်ပိုင်းကပုံစံတော်တော်များများစမ်းထုတ်နေတယ်ေ လ။ ပြီးတော့ လက်မောင်းတံဆိပ်၊ တခါမှမမြင်ဖူးဘူးဗျ။ ကျုပ်အတွေ့အကြုံနဲ့ပြောရင်တော့ နိုင်ငံခြားသင်တန်းသွားတဲ့အရာရှိ၊ စစ်သည်ဖြစ်နိုင်တယ်။

နောင်ကြီးတို့ပြောသလို ဦးသန်းရွှေရဲ့ ကိုယ်ရံတော်တပ်သားပဲထားပါတော့။ အဲစစ်သည်နဲ့ ခြေလျင်စစ်သည်နဲ့ဘာကွာမယ်ထင်လဲ။ နေရာတိုင်းမှာ အကောင်းအဆိုးရှိတယ်နောင်ကြီး။
ကျုပ်လည်းအရာရှိငယ်ဘဝနဲ့တုန်းက လုံခြုံရေးတပ်စုမှူးအရမ်းဖြစ်ချင်တာဗျ။ စတိုင်ကမိုက်တယ်လေ။ ကျုပ်တို့ကဖြစ်မယ့်ဖြစ်တော့ လုံခြုံရေးတပ်ခွဲမှူးဖြစ်တာ။ သေချင်စော်ကိုနံသွားရော။ နေရတာတော့ ဘာဇိမ်ကျသလဲမမေးနဲ့။ ရေမီးအစုံ။ သွားလိုက်ရတာလည်းလွန်ရော။ မိန်းမနဲ့ပြန်အိပ်ဖို့နေနေသာသာ မိန်းမလက်ရာတောင်မစားနိုင်ဘူး။ ခြေလျင်မှာကျတော့ နေရထိုင်ရအတော်ဆင်းရဲတယ်။ ရှေ့တန်းထွက်တဲ့အချိန်ဆို စားစရာမရှိဘူး။ နဂိုထဲက သိပ်မလောက်ချင်တဲ့ရိက္ခာ ဆန့်စားလိုက်တဲ့အခါကျတော့ ဆန်ပြုတ်နဲ့ လက်တကမ်းဟင်းချိုနဲ့ညားရော။ ဒါပေမယ့် နောက်တန်းပြန်ဝင်တဲ့အချိန်၊ အနားပေးတဲ့အချိန်ကတော့ လုံခြုံရေးနဲ့စည်းရုံးရေးကလွဲရင် အေးဆေးပဲ။ နောင်ကြီးပြောသလို ခြေလျင်စစ်သားကိုင်တဲ့သေနတ်က အနုတ်စုတ်ဂုတ်စုတ်တော့ မပြောပါနဲ့။ ဓါတ်ပုံထဲက စစ်သည်ကိုင်ထားတဲ့ သေနတ်နဲ့ ၂ လက် ၁ လက်ယှဉ်ပစ်လို့ရပါတယ်။ တောထဲမှာပြောတာနော်။ လက်နက်တွေအကြောင်းသိချင်ရင်တော့ သက်ဆိုင်တဲ့ ဝက်ဘ်ဆိုက်မှာရှာပြီးလေ့လာကြည့်ပေါ့ဗျာ။ နောင်ကြီးတို့ကလည်း စစ်သားများဝဖီးနေရင် မသထာရေစာတွေစားပြီး ဝဖီးနေတယ်ပြောတယ်။ ပိန်ပြန်တော့ အဟာရမပြည့်တဲ့ ရုပ်တဲ့။ ဘာမှကိုအပြောမလွတ်ဘူး။ ကျုပ်လည်း ဒီမှာအမြဲနီးပါးဝင်ဖတ်ဖြစ်ပါတယ်။ ညီငယ်တယောက်လမ်းညွန်လို့လေ။
တချို့အကြောင်းအရာတွေကျတော့ အမှန်တရားလေးတွေပါ။ ဒါပေမယ့် ဖြစ်သင့်တဲ့အမှန်တရားဆိုတာလည်းရှိသေးတယ်။ နေရာတိုင်းမှာကန့်သတ်ချက်ရှိတယ်။
တချို့သော ရေးသားချက်တွေကျတော့၊ စိတ်မရှိနဲ့ဗျာ။ ရီချင်တယ်။ ကျုပ်အခုပြောသွားတဲ့အထဲမှာ မြန်မာတပ်မတော်အရေးလေ့လာနေတဲ့ ပြောခွင့်ရ ဝါရင့်နိုင်ငံရေးသမားကြီးများ ဖတ်မိရင်လည်း နောင်မြန်မာ့တပ်မတော်အကြောင်း သတင်းရေးတဲ့အခါ ပြင်သင့်တာတွေပြင်ပေါ့ဗျာ။ ဒါမှမဟုတ်ရင်တော့ နောင်ကြီးတို့ရေးတဲ့အကြောင်းအရာတွေဟာ စစ်သည်တွေရင်ထဲဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။

တပ်တွင်းပုန်ကန်မှုများ စတင်ပြီ

အောက်တိုဘာ-၆

တပ်တွင်းမှာ မကြေနပ်မှုတွေ တစ်စထက်တစ်စတိုးပွားလာနေပြီ။ မနေ့ က မင်းလှမှာရှိတဲ့ မြို့ စောင့်တပ်အတွင်းမှာ တပ်တွင်းပုန်ကုန်မှုစတင်ဖြစ်ပွားတယ်လို့ သိရပါတယ်။
တပ်ရင်းမှုးများရဲ့  မတရားစေခိုင်းခံရမှု ၊ ဖိနှိပ်ခံရမှု၊ လုပ်ခလစာ မလောက်ငမှုများကြောင့်မကျေနပ်မှုများ တိုးပွားလာပြီး ခုလို ပုန်ကန်မှုဖြစ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပုန်ကန်မှုကို တပ်ကြပ်ကြီးများက ဦးဆောင်တယ်လို့ သိရတယ်။
တပ်ရင်းမှုးကိုရဲဘော်များက ပြစ်ခတ်သတ်ဖြတ်လိုက်ပါတယ်။ ပုန်ကန်သောရဲဘော်များဖက်မှ သုံးဦး ကျဆုံးတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေမှုကြောင့်ပြည်ရန်ကုန်ကားလမ်းကိုပိတ်ဆို့လိုက်တယ်လို့ သိရတယ်။ အသေးစိတ်ကိုဆက်လက်တင်ပြပေးပါမယ်။

အာရှဟစ်တလာလို့ ခေါ်တဲ့ ဗိုလ်ချုပ်ရှုး ကြီးသန်းရွှေအောက်က မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်နေမှု

ဘန်ကောက်၊ ကွမ်လမ်လာပူ နှင့် လက်ရှိရန်ကုန်မြို့ (နိုင်ငံ သုံးနိုင်ငံ၏ မြို့ ကြီးများကို နှိုင်းယှဉ်ကြည့်ပါ။)

-မြတ်စိုး-

န၀တစစ်အုပ်စုခေါင်းဆောင်တွေ သေနတ်ခါးကြားထိုးပြီး နေရာတကာမှာ ပြည်သူတွေ အပေါ်အမြဲတမ်း လိမ်ညာပြောဆိုနေတဲ့ စကားတခုရှိတယ်။ ချောက်ထဲကျတော့မည့် တိုင်းပြည်ကိုကယ်တင်ပြီးဖွံ့ဖြိုး တိုးတက်အောင်ပြုလုပ်နေပါတယ်ဆိုတဲ့စကားဘဲ။

ဖွံ့ဖြိုးတိုးတက်မှုကိုန၀တစစ်အုပ်စုခေါင်းဆောင်တွေဟာဘယ်ပေတံနှင့်တိုင်နေသလဲ တော့မသိဘူး။ အပြည်ပြည်
ဆိုင်ရာစံနှုန်းတွေကတော့ တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အဲဒီတိုင်းပြည်ရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ငွေကြေးစံနစ်၊လူနေမှုအဆင့်အတန်း၊လူတဦးချင်းဝင်ငွေ၊တိုင်းပြည်ကုန်ထုတ်လုပ်မှုအခြေအနေ၊ လူတဦးချင်းပျှမ်းမျှသက်တမ်း၊ စာတက်သူများနှုန်းထား၊ စတဲ့အခြေခံအချက်တွေပေါ်မှာမှုတည်ပါတယ်။

ဒီအခြေခံပေါ်မှုတည်၍နိုင်ငံတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းကိုအောက်ပါအတိုင်းအဆင့် အတန်းခွဲခြား ထားတာတွေ့ရတယ်။

  • (၁)ဖွံ့ဖြိုးတိုးတက်မှုမရှိသောနိုင်ငံ ((LDCs)
  • (၂)အနိမ့်ဆုံးဖွံ့ဖြိုးတိုးတက်မှုရှိသောနိုင်ငံ(LEDCs),
  • (၃) တတိယနိုင်ငံ ("underdeveloped nations" or Third World nations
  • (၄) စက်မှုထွန်းကားမှုမရှိသေးသောနိုင်ငံ ("non-industrialized nations".)
  • (၅)စက်မှုထွန်းကားသောနိုင်ငံ (Most Economically Developed Countries (MEDCs), First World nations and "industrialized nations".)

(ဘန်ကောက်၊ ကွမ်လမ်လာပူ လေဆိပ်ကြီးများ နှင့် လူမရှိသော ရန်ကုန်မြို့ လေဆိပ်)

(မွမ်းမံမှုမရှိသောရန်ကုန်မြို့ ဟောင်းမြို့ လယ်ခေါင် နှင့် မလေးရှားကွမ်လမ်လာပူမြို့ ပြလူနေမှုဘ၀)

မြန်မာနိုင်ငံဟာ ဘယ်အဆင့်မှာ ရောက်ရှိနေပြီလဲဆိုတာကို ကုလသမဂ္ဂအဖွဲ့ UNDP ရဲ့ နှစ်ပတ်လည် လေ့လာစမ်းစစ်မှုမှတ်တမ်းမှာ အတိအကျအသေးစိတ်အချက်အလက်များဖြင့် ဖော်ပြခဲ့တယ်။ မြန်မာပြည်ဟာ တကမ္ဘာလုံးနှင့် ယှဉ်ယင် အောက်ဆုံး အဆင့်ကိုရောက်ရှိနေတယ်။ အမှန်တရားဖော်ပြခဲ့မှုကြောင့် ကုလသမဂ္ဂအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲကို မြန်မာပြည်က နှင်ထုတ်ခဲ့တယ်။ နားဂစ်မုန်တိုင်းပြီးနောက် မြန်မာနိုင်ငံဟာ ဘယ်လောက်ထိဆိုးယွား နေလည်းဆိုတာတကမ္ဘာလုံးကသိလာခဲ့ ကြတယ်။

နိုင်ငံတော်ဘဏဏ္ဍာဖြင့်တည်ဆောက်ထားသော ကြပ်ပြေးရှိ ဗိုလ်ချုပ်ရွာ(ခေါ်) ကြပ်ပြေးစစ်သင်္ချိုင်းကုန်း နှင့် ရန်ကုန်ဗိုလ်ချုပ်ရွာအနီးရှိဆင်းရဲသားပြည်သူများဘဝ

မြန်မာန၀တစစ်အုပ်စုခေါင်းဆောင်တွေဟာ တိုင်းပြည်ဖွံ့ ဖြိုး တိုးတက်အောင် ပညာရေး၊ကျန်းမာရေး၊ စွမ်းအင်၊နှင့် အခြားအရေးပါတဲ့ အခြေခံအဆောက်အအုံ မြင့်တင်ရေးတွေမှာ ရင်းနှီးမြုပ်နှံမူ့မရှိဘဲ၊ မလိုအပ်သောစစ်အင်အားတိုးချဲ့မူ့တွေ၊ တိုင်းပြည်ဘဏ္ဍာငွေတွေကိုအလွှဲသုံးစားပြုလုပ်နေမှု၊ မိသားစု ကိုယ်ကျိုးပြုလုပ်နေမှုတွေ၊ အာဏာရှုးနေမှုတွေကြောင့် တိုင်းပြည်ဟာ အိမ်နီးချင်းနိုင်ငံတွေနှင့်နှိုင်းယှဉ်ရင် ကိုယ့်နိုင်ငံ ဘယ်အဆင့်ရောက်နေသလဲဆိုတယ် တတိုင်းပြည်လုံးသိနေကြတယ်။

မြန်မာနိုင်ငံမှာ တိုးတက်နေတာတွေကိုပြန်ကြည့်ယင်.......

ပြည်တွင်းစစ်ဟာ အရင်လောက်မရှိတော့တာကတကြောင်း၊ ခေတ်မှီစစ်အင်အားတိုးချဲ့ မူ့တွေ ပြုလုပ်ခဲ့တာကြောင့် တကြောင်း၊ စစ်ဗိုလ်တွေသေဆုံးမှုနည်းပါးလာပြီး၊ စစ်ဗိုလ်ချုပ်တွေ မှိုလိုလမ်းမပေါ်မှာ ရေတွက်မရအောင်ပေါ်များလာလို့ စီးပွားရေးအကျိုးအမြတ်ခွဲဝေမှုတွေတိုးတက်လာတယ်။
သေနတ်ခါးကြားထိုး အာဏာရှုး ဗိုလ်ချုပ်အရည်အတွက်တိုးလာတယ်။

ဗိုလ်ချုပ်တွေရဲ့မိသားစုတွေကောင်းစားလာပြီး ကိုယ်ကျိုးရှာမှုတွေ၊ လာဒ်ပေးလာဒ်ယူမှုတွေ ပိုမို တိုးတက် သွားတယ်။ ခေတ်ပျက်ကောင်းစားသူတွေတိုးတက်လာတယ်။ တိုင်းပြည်ရဲ့သံယာဇာတတွေကတော့ ကုန်ဆုံးမှုပိုများပြားလာခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာပိုတိုးလာတယ်။ ငွေကြေးဖောင်ပွမှုဟာ တဟုန်ထိုးတိုးတက်နေတယ်။ တိုင်းပြည်မှာ စစ်တပ်လက်ကိုင်ဒုတ် သူခိုး၊ဓါမြတိုးလာတယ်။ အလုပ်လက်မဲ့ဦးရေတိုးလာတယ်။ ပြည့်တဆာအရည်အတွက်တိုးလာတယ်။တိုင်းပြည်မှာ ဒုက္ခသည်သန်းနဲ့ချီ အရေအတွက် ပိုများလာတယ်။.........

ဒါဟာ
န၀တစစ်အုပ်စုခေါင်းဆောင်တွေပြောနေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေထင်ပါတယ်။ တိုင်းပြည်ဖျက်ပိုး န၀တစစ်အုပ်စုခေါင်းဆောင်တွေကတော့ မြန်မာပြည်ကို လက်ညိုးထိုးရောင်းစားပြီး တိုင်းပြည်ကို ကယ်တင်ပြီး ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်နေပါတယ်ဆိုသတဲ့။

(မွမ်းမံမှုမရှိသောရန်ကုန်ဆိပ်ကမ်း၊ နှင့် ဘန်ကောက် မြို့ ပြလူနေမှုအဆင့် )

တချိန်တုံးက ဘင်္ဂလားဒေ့ရှ်ကပြည် သူတွေ ဟာ သူတို့နိုင်ငံမှာ ရေဘေး ၊လေဘေး သဘာဝရာသီဥတုဆိုးဒဏ် ကြောင့် မြန်မာပြည်ကိုထွက်ပြေး ခို လှုံ ခဲ့ကြတယ်။ တရုပ် တွေဟာ သူတို့နိုင်ငံ မှာ စားစရာမရှိလို့ မြန်မာပြည်ကိုထွက်ပြေး ခဲ့ကြတယ်။ မလေးရှား လူမျိုးတွေ ဟာ မြန်မာပြည်မှာ စီးပွားလာရှာ ခဲ့ ကြဘူးတယ်၊ ပညာလာဆည်းပူးလေ့ ရှိ ကြတယ်။ ထိုင်းလူမျိုးတွေဟာ မြန်မာပြည် နယ်စပ်မြို့ တွေမှာ ဆေးဝါးကုသခံယူကြတယ်။ အခုတော့ အမတန်မှ အရှက်မရှိ တဲု့ အာဏာရှင် စစ်အုပ်စု ဆိုး ဒဏ်ကြောင့် တွေ မြန်မာပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခအမျိုး မျိုး ရင်ဆိုင်ကြုံတွေ့ နေကြရတယ်။

ဒါဟာ အာရှဟစ်တလာလို့ ခေါ်တဲ့ ဗိုလ်ချုပ်ရှုး ကြီးသန်းရွှေအောက်က မြန်မာနိုင်ငံရဲ့ အဖြစ်ဆိုးတွေပါ။ ။

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.