Sunday, November 16, 2008

[meelayzar] 2 New Entries: အေးခဲသွားတဲ့ နှလုံးသား

အေးခဲသွားတဲ့ နှလုံးသား

ငါ့နှလုံးသားကို
အချက်ပေါင်း များစွာ
ခွဲခဲ့ပြီး..........

ငါ့မျက်ရည်တွေကို
နင်းလျှောက်လို့........
ကျောခိုင်းထားခဲ့တဲ့မင်းကို....
ခွင့်လွတ်ခြင်းတွေနှင့်အတူ
ချစ်နေဆဲပါ...........၊

ရင်ခွင်သစ်မှာ........
ပျော်မွေ့နေမယ့် မင်းကို
မြင်ယောင်ရင်း.........

အခုလိုချမ်းအေးလွန်းတဲ့
ဆောင်းတွင်း ကာလမှာ....
ငါ့မျက်ရည်တွေနဲ့..........
ငါ့နှလုံးသားတွေလဲ....

ကိုယ့်အသက်ဘယ်အရွယ်ထိ နေရမလဲသိချင်လား

ဘယ်နေ့ထိနေရမလဲ သိချင်လားတဲ့
မှန်မမှန်တော့မသိပါဘူး သယ်ရင်းတစ်ယောက်ကပြောပြလို့
ဒီဆိုဒ်လေးမှာသွားကြည့်ခဲ့တာ ပြန်မျှဝေတာပါ
အပျော်ပေါ့နော်...မီးလေးကတော့အသက်..၉၀..လောက်ထိနေရဦးမှာတဲ့...ဟိဟိ
ဟုတ်လားမဟုတ်လားလဲသိဘူး.....
အားလုံးပဲပျော်ရွှင်နိုင်ကြပါစေနော်..အခုတလော...ဆားချက်နေလိုက်ဦးမယ်
ဆားဈေးတွေအရမ်းကောင်းနေလို့....ဟတ်ဟတ်
http://www.deathclock.com/index.cfm ဒီမှာပါ

You received this email because you are subscribed to the real_time feed for http://khaingthinzar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Public Health in Myanmar] 1 New Entry: Melamine & Health Problems

Melamine & Health Problems




အခုတလော ကျန်းမာရေးဆိုင်ရာ သတင်းများထဲတွင် တရုတ်နိုင်ငံထုတ် နို့မှုန့်များထဲ၌ လူကိုအန္တရာယ် ဖြစ်စေသော မယ်လမင်း ဓာတ်များပါဝင်သည့်သတင်းက တုန်လှုပ်စရာ စိတ်ဝင်စားစရာ သတင်းတစ်ခု ဖြစ်နေပါတယ်.. ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်ထိ ရရှိထားပြီးသော စာရင်းများအရ တရုတ်နိုင်ငံတွင် မယ်လမင်း ပါဝင်သော နို့မှုန့် သောက်သုံးမိခြင်းကြောင့် နာမကျန်းဖြစ်သူ ၅၃၀၀၀ ရှိပြီး ၁၂၈၀၀ ကျော်မှာ ဆေးရုံတက် ကုသမှု ခံယူနေရကာ ကလေးငယ် ၄ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်..

မယ်လမင်းသည် အသားဓာတ် (ပရိုတိန်း) ကဲ့သို့ နိုက်ထရိုဂျင် ကြွယ်ဝတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်.. ပရိုတိန်းဓာတ်က ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ် ဖြစ်သော်လည်း မယ်လမင်းဓာတ်ကတော့ ခန္ဓာကိုယ်အတွက် အသုံးမကျဘဲ ဆိုးကျိုးကိုသာ ရစေပါတယ်.. မယ်လမင်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်ဟာ ပြိုကွဲမှုနှုန်း နှေးသည့်ပြင် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီးပါက တော်ရုံနဲ့ ပြန်မထွက်နိုင်တော့ဘဲ ကြာလာတဲ့အခါ အဆိပ်ဓာတ် အဖြစ် ဒုက္ခပေးပါတော့တယ်..



အစားအစာ တစ်ခုတွင် ပရိုတိန်းပါဝင်မှုကို နိုက်ထရိုဂျင် ပါဝင်မှုဖြင့် တိုင်းပါတယ်.. "Kjeldaha Protein Test" "Dumas Protein Test" တို့ဖြင့် စမ်းသပ်၍ နိုက်ထရိုဂျင် များများပါလျှင် ပရိုတိန်း ကြွယ်ဝသဖြင့် များများ စားသင့်သည်ဟု သတ်မှတ်ချက် ထုံးစံ ရှိပါတယ်.. ဒါပေမယ့် စမ်းသပ်တွေ့ရှိတဲ့ နိုက်ထရိုဂျင်ဟာ အမှန်တကယ် ပရိုတိန်းလား? မယ်လမင်းလား? ဆိုတာကို ခွဲခြား မသိနိုင်ပါ.. ဒါကို အခွင့်ကောင်းယူ၍ စီးပွားရေးသမားများက နို့မှုန့်ထဲ မယ်လမင်း ထည့်ပြီး ပရိုတိန်း များသယောင်ယောင် ထင်မှတ်မှားအောင် ထုတ်လုပ် ရောင်းချလာကြပါတယ်..





မယ်လမင်း အစ

မယ်လမင်းကို ဂျာမန် ဓာတုဗေဒပညာရှင် Justus Vonliebig က အေဒီ ၁၈၃၄ ခုနှစ်တွင် တီထွင်တွေ့ရှိခဲ့ပါတယ်.. မယ်လမင်းဟာ အင်မတန်အသုံးဝင်တဲ့ စက်မှုကုန်ကြမ်း တစ်မျိုး ဖြစ်ပါတယ်.. မယ်လမင်းကို ဖော်မယ်လ်ဒီဟိုက်နဲ့ ပေါင်းလိုက်ပါက Melamine Resin ရရှိပြီး ၎င်းကို ပလတ်စတစ် ခွက်ယောက် အသုံးအဆောင်များတွင် သုတ်လိမ်း လိုက်တဲ့အခါ ပေါ့ပါးခိုင်ခန့်လှတဲ့ မယ်လမင်း အသုံးအဆောင်များ ဖြစ်လာပါတယ်.. မယ်လမင်း အသုံးအဆောင်များဟာ ပေါ့ပါးလှပ၍ တော်ရုံနဲ့ ကွဲအက် ပျက်စီးခြင်းမရှိသဖြင့် ကမ္ဘာတစ်လွှား လူကြိုက်များပါတယ်.. မယ်လမင်းဟာ နိုက်ထရိုဂျင် များစွာပါဝင်လို့ ဓာတ်မြေသြဇာ အဖြစ် စမ်းသုံးကြည့်သော်လည်း မအောင်မြင်ခဲ့ပါဘူး.. တိရိစ္ဆာန်အစာထဲ ထည့်သုံးကြည့်တော့လည်း မသင့်တော်ကြောင်း တွေ့ရှိခဲ့ပြန်တယ်..



မယ်လမင်းဟာ များပြားစွာ ထိတွေ့ပါက အန္တရာယ် ကြီးမားတဲ့ ပစ္စည်း ဖြစ်ပါတယ်.. ကြွက်များတွင် စမ်းသပ်မှုများအရ >3,000 mg/kg နှုန်းနဲ့ စားသုံးမိပါက မျိုးပွားနိုင်မှုကို ထိခိုက်စေခြင်း၊ ဆီးအိတ် (Urinary Bladder) နဲ့ ကျောက်ကပ် (Kidney) တွင် ကျောက်တည်ခြင်း၊ ဆီးအိမ်ကင်ဆာ ဖြစ်ခြင်း (Ca Bladder)၊ ကျောက်ကပ်ပျက်စီး သေဆုံးခြင်းများ တွေ့ရှိခဲ့ပါတယ်.. ၁၉၅၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသနအရ ခွေးများကို မယ်လမင်း ၃ % ပါဝင်သော အစားအစာများကို တစ်နှစ်ကြာ ကျွေးပြီးတဲ့အခါ စမ်းသပ် တွေ့ရှိချက်အရ ဆီးထဲမှာ မယ်လမင်းဓာတ် ပါဝင်လာခြင်း၊ ဆီးအနည်ပါခြင်း၊ ဆီးထဲတွင် သွေးပါခြင်း (Haematuria)၊ ဆီးထဲတွင် ပရိုတိန်းဓာတ် ပါလာခြင်း (Proteinuria)၊ ဆီးသွားများလာခြင်း (Polyuria) တို့ တွေ့ရှိခဲ့ပါတယ်..



တကယ်တော့ မယ်လမင်းပြဿနာဟာ ကောက်ရိုးမီးလို အခုမှ ဟုတ်ကနဲ တောက်ပြီး ပေါ်လာတာ မဟုတ်ဘဲ ဖွဲမီးလို တငွေ့ငွေ့ လောင်နေခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပါပြီ.. မယ်လမင်းပါဝင်တဲ့ တိရိစ္ဆာန် အစားအစာများကြောင့် အိမ်မွေးတိရိစ္ဆာန်များ နာမကျန်း သေဆုံးမှုများ ရှိကြောင်း ၂၀၀၇ ခုနှစ်ထဲမှာပင် သတိထားမိ လာကြပါတယ်.. ၂၀၀၇ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ အမေရိက အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က ထုတ်ပြန်ကြေညာရာတွင် တရုတ်နိုင်ငံ Xuzhou Anying Biologic Technology မှ ထုတ်လုပ်တဲ့ တိရစ္ဆာန် အစားအစာများမှာ မယ်လမင်းဓာတ် ပါဝင်ကြောင်း၊ ၎င်းအစားအစာများကို စားသုံးမိသော အိမ်မွေးတိရစ္ဆာန်များတွင် ဆီးကျောက်တည်ခြင်း၊ ဆီးတွင် သွေးပါခြင်းများ ဖြစ်စေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်..



၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်း ရောက်လာသောအခါ ကလေးငယ်များမှာ ထူးထူးခြားခြား ဆီးထဲသွေးပါခြင်း၊ ဆီးကျောက် ဆီးထဲပါလာခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း စတဲ့ ရောဂါများ သိသိသာသာ ဖြစ်လာကြောင်း သတိပြုမိလာကြတယ်.. သံသယစိတ်ဖြင့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် လေ့လာလိုက်သောအခါ ရောဂါအဓိက ဖြစ်ပွားရာ တရုတ်ပြည် အနောက်မြောက်ပိုင်းရှိ Gansu ဒေသတွင် ဝယ်ယူရရှိနိုင်သော ကလေးနို့မှုန့် အမျိုးအမည် ၂၂ မျိုးတွင် မယ်လမင်း ပါဝင်ကြောင်း တွေ့ရှိခဲ့ပါတယ်.. Mengnuiu , Yill နဲ့ Yashili အပါအဝင် အခြားကုမ္ပဏီများမှ ထုတ်လုပ်တဲ့ နို့မှုန့်များတွင်လည်း မယ်လမင်းဓာတ် ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်.. မယ်လမင်းဓာတ်ဟာ သူ့ချည်းသက်သက် ဖြစ်ပါက အန္တရာယ် မပေးနိုင်သော်လည်း Cyanuric Acid နဲ့ တွဲဖက်မိပါက ကျောက်တည်ခြင်းကို ဖြစ်စေပါတယ်..



တစ်ဖန် မယ်လမင်း အသုံးအဆောင် များနှင့် ပတ်သက်၍လည်း သတိထားစရာ ရှိလာပါတယ်.. ဗြိတိန်တွင် ၂၀၀၄ ခုနှစ်က မယ်လမင်း အသုံးအဆောင် ၅၀ ကို လေ့လာခဲ့ပါတယ်.. မယ်လမင်း အသုံးအဆောင်များကို အပူချိန် 70ံC ရှိသော အရည်ထည့်ကာ ၂ နာရီကြာ ထားကြည့်ခြင်း၊ ပန်းသီးဖျော်ရည် ထည့်ကြည့်ခြင်းများ ပြုလုပ် လေ့လာသောအခါ ပစ္စည်း ၅၀ အနက် ၄၃ ခုက မယ်လမင်း စိမ့်ထွက်မှုရှိပြီး၊ အခု ၅၀ စလုံးက ဖော်မယ်လ်ဒီဟိုက် ထွက်ရှိလာကြောင်း တွေ့ရှိရပါတယ်.. အဆိုပါတွေ့ရှိမှုကြောင့် ဈေးကွက်မှ ဖယ်ရှားစေခဲ့သည့် ဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးပါတယ်.. မယ်လမင်း အသုံးအဆောင်များကြောင့် ကျန်းမာရေး ထိခိုက်စေကြောင်း ခိုင်မာတဲ့ တိုက်ရိုက်တွေ့ရှိမှုမျိုး မတွေ့ရသေးသော်လည်း သတိထားရမယ့် အခြေအနေဖြစ်ကြောင်း သိထားသင့်ပါတယ်..



မယ်လမင်း အန္တရာယ်မှ ကင်းဝေးစေရန် အောက်ပါအချက်များကို လိုက်နာရန် လိုအပ်ပါတယ်..


  • ကလေးငယ်များကို မိခင်နို့သာ ပထမ ဦးစားပေးအဖြစ် ရွေးချယ် တိုက်ကျွေးပါ.. မယ်လမင်း ပါဝင်မှု မရှိကြောင်း သေချာသော နို့မှုန့်ပင် ဖြစ်ပါစေ၊ မိခင်နို့ကို အစားထိုးရန် မဖြစ်နိုင်ကြောင်း သတိရပါ..


  • အကြောင်းကြောင်းကြောင့် မိခင်နို့ တိုက်ကျွေးရန် မဖြစ်နိုင်ပါက သန့်ရှင်း လတ်ဆတ်သော နွားနို့ကို ကျိုချက် တိုက်ကျွေးပါ..


  • မယ်လမင်း ပါဝင်မှုကို စစ်ဆေးထားပြီး မယ်လမင်း ပါဝင်မှု မရှိကြောင်း အာမခံချက် ပါရှိသော နို့မှုန့်ကိုသာ ရွေးချယ် သုံးစွဲပါ..



  • မည်သို့ပင် ဆိုပါစေ မယ်လမင်း ပြဿနာဟာ မျက်မှောက်ခေတ် တီထွင် ကြံဆမှုများကို စိန်ခေါ်မှု တစ်ရပ်အဖြစ် ရှုမြင်တတ်ရပါမယ်..သဘာဝအတိုင်းနေ၊ သဘာဝကျကျ စားလျှင် အန္တရာယ် နည်းပါးသလောက် ဓာတုဗေဒ နည်းများကို အတတ်ဆန်းကာ အလွဲသုံးပါက အများသူငါအတွက် ကြီးမားသော ကျန်းမာရေး ပြဿနာကို ဆောင်ကြဉ်းပေး နိုင်ကြောင်း သဘောပေါက်စေရန် ရေးသားတင်ပြ လိုက်ပါတယ်..




    2008 Nov, ထုတ် အာရောဂျံ မဂ္ဂဇင်းမှ ဆရာ မြတ်ထွဋ်ညွန့်(ဆေး-၂)၏ ဆောင်းပါးကို အကျဉ်းချုပ် တည်းဖြတ် ဖော်ပြပါသည်။

You received this email because you are subscribed to the real_time feed for http://health.ngoinmyanmar.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: သူ့ကိုရှာပေးကြပါနော်

သူ့ကိုရှာပေးကြပါနော်


ဘလော့ဂါ ဦးဦးတို့ တီတီတို့ရေ (သောက်ချင်လို့)အဲမှားလို့ :P :P တစ်ခုလောက် ကူညီစေ ချင်တယ်ဗျာ။ မက်မက်ရဲ့ အစ်ကိုလို ခင်ရတဲ့ တစ်ရွာထဲသား ကိုဂျူဝသန်ပေါ့ဗျာ သူလေ ရွာကနေပြီး မြို့တက်အလုပ် လုပ်မယ်ဆိုပြီး ထွက်သွားလိုက်တာ မြို့ကနေ အဆက်အသွယ် ကောင်းတော့ နိုင်ငံခြား ရောက်သွားပြီး အလုပ်လုပ် နေတာပေါ့။ ဟိုတလောက ရွာကို အရီးလေး ဒေါ်မြတို့ မြို့ကနေ ပြန်ရောက်တော့ ကိုရင်ဂျူဝသန် တယောက် ကာတာနိုင်ငံ ဒိုဟာမြို့ ကကောင်မလေး တစ်ယောက်နဲ့ မင်္ဂလာဆောင် လိုက်တယ်တဲ့။ အဲဒါသူတို့တွေ ဒီလထဲမယ် ရွာကိုပြန်လာမယ်လို့ ပြောတော့ ရှိသမျှ ကာလသားတွေနဲ့ မက်မက်တို့လို ကွမ်းတောင်ကိုင် တွေဝမ်းသာ ရတာပေါ့။ သူကလေ ရွာကသူ့ သူငယ်ချင်းတွေ သူ့ကို လွမ်းနေမှာ စိုးလို့တဲ့ သူ့ဓာတ်ပုံရော၊ သူ့မိန်းမ ဓာတ်ပုံရော ပို့လိုက်တယ်။ အရီးလေး ဒေါ်မြက ရန်ကုန်က ပြန်လာတော့ သူငယ်ချင်းတွေ အတွက်ဆိုပြီး အဖိုးဦးတုတ်ကြီးက သူ့မြေး ဓာတ်ပုံတွေ ထည့်ပေး လိုက်တာလေ။ ရွာမှာ ရှိသမျှ လူတွေတော့ သူ့ကို သတိရ နေတာပေါ့။ သူကရွာမှာ ရှိတဲ့သူတွေကို ဆွေပြမျိုးပြ သူ့မိန်းမကို ခေါ်လာမယ်လို့လည်း ပြောထားတော့ အားလုံးက သူပြန်လာမယ့် ရက်ကိုစောင့် နေကြတာပေါ့။ အဲဒါဗျာ ရွာမှာလည်း ကွမ်းတောင်ကိုင် တွေကပျော် နေကြတယ်လေ။ သူတို့က ရွာမှာလည်း ဆွမ်းကျွေးမှာ ဆိုတော့ အပျိုတော် တွေက သူတို့ရဲ့ မရှိတဲ့ အလှကို ရှိသမျှ ထုတ်ကြွားဖို့ အားခဲထားလေရဲ့။ အမယ် အကိုတော် ဂျူဝသန် တို့များ နိုင်ငံခြား ရောက်တော့ သူ့ကိုယ်သူ အန်ဖတ်သန်ကောင် ဆိုလား၊ အန်စာဝိုင်းထဲက ၀ါးတန်း ဆိုလား အင်္ဂလိပ်လို ပြောင်းထားတယ်ဆိုပဲ။ အော်..သိပြီ သိပြီ ဘာတဲ့ အန်ထော်ပြီး နီနေတဲ့ ၀သန်တဲ့။ အော်..မွှားလို့...ဟိဟိ..အန်ထော်နီဝသန်တဲ့...နာမည်လေး ကလည်း အပျံစား ပဲနော်။ သူ့မိန်းမကိုတော့ ဖာသီမာအရှာခိုမီနီ ကနေပြီး မသီတာလို့ ပြောင်းခေါ် ပေးပါတဲ့။ တစ်ရွာထဲသား လည်းဖြစ် အစ်ကိုလို ခင်ရတဲ့ သူငယ်ချင်းလဲ ဖြစ်ဆိုတော့ ခေါ်ရမှာပေါ့နော့်။ အဲဒါနဲ့ဗျာ ရွာကို သူ့မိန်းမ မသီတာနဲ့ ပြန်လာတာပေါ့။ သူ့မိန်းမက နဲနဲတော့ ရှက်တတ်တယ် သိလား။ မျက်နှာကို ခုထိ လူမြင်မှာ ကြောက်လို့ ဖုံးထားတာ။ကိုဂျူဝသန်တို့များ ရွာထဲအနှံ သူ့မိန်းမကို လိုက်ကြွား ရတာလဲ အမောပဲ၊ ကိုအန်ထော်နီဝသန် တို့က အဲလောက်ထိ မိန်းမကို ချစ်တာ။ ဒါနဲ့ဗျာ ရန်ကုန်ကို ပြန်မယ်ဆိုတော့ မက်မက်တို့ ကွမ်းတောင်ကိုင် အပျိုလေး တစ်သိုက်ကလည်း မြို့ကို တစ်ခါမှ မရောက်ဖူးဘူး ဆိုတော့ လိုက်သွားတာပေါ့။ အဲဒီမှာဗျာ တစ်ရက် မဖာသီမာ ခေါ်မသီတာ ကိုခေါ်ပြီး ရန်ကုန်ထဲအနှံ လျှောက်လည်လိုက်တာ အားလုံးက မအူနဲ့ မလည် ညီအစ်မ နှစ်ယောက်နဲ့ ဆိုတော့အော်.. မှားလို့ :P မအူမလည်နဲ့ ဆိုတော့ မဖာတီမာခေါ် မသီတာလေး ပျောက်သွားတယ်ဗျာ။ 199မှာတော့ လူပျောက်တိုင် ထားပြီးပါပြီ။ အခုကိုရင်ဝသန် လည်း မိန်းမပျောက်လို့ မစားနိုင် မအိပ်နိုင် ဖြစ်နေတယ်ဗျာ။ သူ့မိန်းမကိုလည်း အရမ်းသတိရ နေတယ်။ညညဆို ယောင်ယောင်ပြီး သီတာကယ်ပါဦး၊ သီတာကယ်ပါဦး ဆိုပြီး သီချင်းတွေ ဆိုနေတာဗျာ ဘေးက လူတွေ တောင် မခံစားနိုင်ဘူး (ခဲနဲ့ပေါက်ချင်လို့ :P အော်..ဟုတ်ပါဘူး) သနားလို့တဲ့။မယုံရင် သူ့အိမ်ကို သွားကြည့်။ :P :P :P အဟားဟ..


အဲဒါဗျာ မသီတာခေါ် မဖာသီမာအရှာခိုမီနီ (အမလေးဗျာ ခေါ်ရတာ မောလိုက်တာ ..ဟောဟဲ.. ဟောဟဲ.. :P :P )လေးကို တွေ့ရင် ကိုဂျူဝသန်ရဲ့ အိမ်ဖြစ်ဖြစ်၊ မက်မက်ရဲ့ အိမ်ဖြစ်ဖြစ် ပို့ပေးကြပါ။ အဲ..သွေးဆောင်ပြီး ဖျာရောင်း..အဲ..ဖျားယောင်း ထားရင်တော့ ထောင်ဒဏ်ဆိုပဲ။သတိနော်သတိ.. အဟဲ.. ဦးရီးတော်တွေ သတိထားတော့။ :P :P ဒါပေမယ့် ရှာတွေ့လို့ ရှိခဲ့ရင် ဆုတော်ငွေ ချီးမြှင့် မယ် တဲ့။ ကဲ.. ရှာပေးလိုက် ကြပါနော်။ ဆုငွေက USD10 မီလီယန်တဲ့ဗျား... ကဲ..ရှာလိုက် ကြပါစို့နော်.... အခွင့်အရေးကို လက်လွတ်မခံနဲ့။ 10မီလီယန်နော် 10မီလီယန်.... အဟမ်းအဟမ်း.. :P :P

တကယ်တော့ ဒီရက်ပိုင်းမှာ မက်မက် တကယ်ကို လုံးဝ မအားတာပါ။ ပို့စ်ကောင်းလေးဖြစ်ဖို့ အတွက် စာရေးနေတာ မပြီးသေးခင် အိမ်ကို လာလည်တဲ့ ဦးဦး/တီတီတွေ ပျင်းနေမှာ စိုးလို့ ဆားချက် နေ တာပါ။ ဟဲဟဲ.. မက်မက် အိမ်ကို လာလည်လို့ တစ်ချက် ပြုံးသွားရင်ကိုပဲ ၀မ်းသာပါတယ်။ အခုလို ဆားကုန်ကြမ်း ထုတ်လုပ်ရာမှာ နာမည်သုံးခွင့် ပေးတဲ့ ကိုရင် ဂျူဝသန်ခေါ် ကိုအာခေါင်နီဝသန် အော်... မှားလို့ ..ကိုအန်ထော်နီဝသန် ခေါ် ဦးခပ်ညံ့ညံ့ကောင်ရေ..ကျေးဇူးနော်.. ဟဲဟဲ.. :P :P

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[HEALTH INFORMATION] 1 New Entry: မယ်လမင်းနှင့် ကျန်းမာရေး ပြဿနာများ (Melamine & Health Problems)

မယ်လမင်းနှင့် ကျန်းမာရေး ပြဿနာများ (Melamine & Health Problems)


အခုတလော ကျန်းမာရေးဆိုင်ရာ သတင်းများထဲတွင် တရုတ်နိုင်ငံထုတ် နို့မှုန့်များထဲ၌ လူကိုအန္တရာယ် ဖြစ်စေသော မယ်လမင်း ဓာတ်များပါဝင်သည့်သတင်းက တုန်လှုပ်စရာ စိတ်ဝင်စားစရာ သတင်းတစ်ခု ဖြစ်နေပါတယ်.. ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်ထိ ရရှိထားပြီးသော စာရင်းများအရ တရုတ်နိုင်ငံတွင် မယ်လမင်း ပါဝင်သော နို့မှုန့် သောက်သုံးမိခြင်းကြောင့် နာမကျန်းဖြစ်သူ ၅၃၀၀၀ ရှိပြီး ၁၂၈၀၀ ကျော်မှာ ဆေးရုံတက် ကုသမှု ခံယူနေရကာ ကလေးငယ် ၄ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်..


မယ်လမင်းသည် အသားဓာတ် (ပရိုတိန်း) ကဲ့သို့ နိုက်ထရိုဂျင် ကြွယ်ဝတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်.. ပရိုတိန်းဓာတ်က ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ် ဖြစ်သော်လည်း မယ်လမင်းဓာတ်ကတော့ ခန္ဓာကိုယ်အတွက် အသုံးမကျဘဲ ဆိုးကျိုးကိုသာ ရစေပါတယ်.. မယ်လမင်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်ဟာ ပြိုကွဲမှုနှုန်း နှေးသည့်ပြင် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီးပါက တော်ရုံနဲ့ ပြန်မထွက်နိုင်တော့ဘဲ ကြာလာတဲ့အခါ အဆိပ်ဓာတ် အဖြစ် ဒုက္ခပေးပါတော့တယ်..


အစားအစာ တစ်ခုတွင် ပရိုတိန်းပါဝင်မှုကို နိုက်ထရိုဂျင် ပါဝင်မှုဖြင့် တိုင်းပါတယ်.. "Kjeldaha Protein Test" "Dumas Protein Test" တို့ဖြင့် စမ်းသပ်၍ နိုက်ထရိုဂျင် များများပါလျှင် ပရိုတိန်း ကြွယ်ဝသဖြင့် များများ စားသင့်သည်ဟု သတ်မှတ်ချက် ထုံးစံ ရှိပါတယ်.. ဒါပေမယ့် စမ်းသပ်တွေ့ရှိတဲ့ နိုက်ထရိုဂျင်ဟာ အမှန်တကယ် ပရိုတိန်းလား? မယ်လမင်းလား? ဆိုတာကို ခွဲခြား မသိနိုင်ပါ.. ဒါကို အခွင့်ကောင်းယူ၍ စီးပွားရေးသမားများက နို့မှုန့်ထဲ မယ်လမင်း ထည့်ပြီး ပရိုတိန်း များသယောင်ယောင် ထင်မှတ်မှားအောင် ထုတ်လုပ် ရောင်းချလာကြပါတယ်..





မယ်လမင်း အစ

မယ်လမင်းကို ဂျာမန် ဓာတုဗေဒပညာရှင် Justus Vonliebig က အေဒီ ၁၈၃၄ ခုနှစ်တွင် တီထွင်တွေ့ရှိခဲ့ပါတယ်.. မယ်လမင်းဟာ အင်မတန်အသုံးဝင်တဲ့ စက်မှုကုန်ကြမ်း တစ်မျိုး ဖြစ်ပါတယ်.. မယ်လမင်းကို ဖော်မယ်လ်ဒီဟိုက်နဲ့ ပေါင်းလိုက်ပါက Melamine Resin ရရှိပြီး ၎င်းကို ပလတ်စတစ် ခွက်ယောက် အသုံးအဆောင်များတွင် သုတ်လိမ်း လိုက်တဲ့အခါ ပေါ့ပါးခိုင်ခန့်လှတဲ့ မယ်လမင်း အသုံးအဆောင်များ ဖြစ်လာပါတယ်.. မယ်လမင်း အသုံးအဆောင်များဟာ ပေါ့ပါးလှပ၍ တော်ရုံနဲ့ ကွဲအက် ပျက်စီးခြင်းမရှိသဖြင့် ကမ္ဘာတစ်လွှား လူကြိုက်များပါတယ်.. မယ်လမင်းဟာ နိုက်ထရိုဂျင် များစွာပါဝင်လို့ ဓာတ်မြေသြဇာ အဖြစ် စမ်းသုံးကြည့်သော်လည်း မအောင်မြင်ခဲ့ပါဘူး.. တိရိစ္ဆာန်အစာထဲ ထည့်သုံးကြည့်တော့လည်း မသင့်တော်ကြောင်း တွေ့ရှိခဲ့ပြန်တယ်..


မယ်လမင်းဟာ များပြားစွာ ထိတွေ့ပါက အန္တရာယ် ကြီးမားတဲ့ ပစ္စည်း ဖြစ်ပါတယ်.. ကြွက်များတွင် စမ်းသပ်မှုများအရ >3,000 mg/kg နှုန်းနဲ့ စားသုံးမိပါက မျိုးပွားနိုင်မှုကို ထိခိုက်စေခြင်း၊ ဆီးအိတ် (Urinary Bladder) နဲ့ ကျောက်ကပ် (Kidney) တွင် ကျောက်တည်ခြင်း၊ ဆီးအိမ်ကင်ဆာ ဖြစ်ခြင်း (Ca Bladder)၊ ကျောက်ကပ်ပျက်စီး သေဆုံးခြင်းများ တွေ့ရှိခဲ့ပါတယ်.. ၁၉၅၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသနအရ ခွေးများကို မယ်လမင်း ၃ % ပါဝင်သော အစားအစာများကို တစ်နှစ်ကြာ ကျွေးပြီးတဲ့အခါ စမ်းသပ် တွေ့ရှိချက်အရ ဆီးထဲမှာ မယ်လမင်းဓာတ် ပါဝင်လာခြင်း၊ ဆီးအနည်ပါခြင်း၊ ဆီးထဲတွင် သွေးပါခြင်း (Haematuria)၊ ဆီးထဲတွင် ပရိုတိန်းဓာတ် ပါလာခြင်း (Proteinuria)၊ ဆီးသွားများလာခြင်း (Polyuria) တို့ တွေ့ရှိခဲ့ပါတယ်..


တကယ်တော့ မယ်လမင်းပြဿနာဟာ ကောက်ရိုးမီးလို အခုမှ ဟုတ်ကနဲ တောက်ပြီး ပေါ်လာတာ မဟုတ်ဘဲ ဖွဲမီးလို တငွေ့ငွေ့ လောင်နေခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပါပြီ.. မယ်လမင်းပါဝင်တဲ့ တိရိစ္ဆာန် အစားအစာများကြောင့် အိမ်မွေးတိရိစ္ဆာန်များ နာမကျန်း သေဆုံးမှုများ ရှိကြောင်း ၂၀၀၇ ခုနှစ်ထဲမှာပင် သတိထားမိ လာကြပါတယ်.. ၂၀၀၇ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ အမေရိက အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က ထုတ်ပြန်ကြေညာရာတွင် တရုတ်နိုင်ငံ Xuzhou Anying Biologic Technology မှ ထုတ်လုပ်တဲ့ တိရစ္ဆာန် အစားအစာများမှာ မယ်လမင်းဓာတ် ပါဝင်ကြောင်း၊ ၎င်းအစားအစာများကို စားသုံးမိသော အိမ်မွေးတိရစ္ဆာန်များတွင် ဆီးကျောက်တည်ခြင်း၊ ဆီးတွင် သွေးပါခြင်းများ ဖြစ်စေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်..


၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်း ရောက်လာသောအခါ ကလေးငယ်များမှာ ထူးထူးခြားခြား ဆီးထဲသွေးပါခြင်း၊ ဆီးကျောက် ဆီးထဲပါလာခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း စတဲ့ ရောဂါများ သိသိသာသာ ဖြစ်လာကြောင်း သတိပြုမိလာကြတယ်.. သံသယစိတ်ဖြင့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် လေ့လာလိုက်သောအခါ ရောဂါအဓိက ဖြစ်ပွားရာ တရုတ်ပြည် အနောက်မြောက်ပိုင်းရှိ Gansu ဒေသတွင် ဝယ်ယူရရှိနိုင်သော ကလေးနို့မှုန့် အမျိုးအမည် ၂၂ မျိုးတွင် မယ်လမင်း ပါဝင်ကြောင်း တွေ့ရှိခဲ့ပါတယ်.. Mengnuiu , Yill နဲ့ Yashili အပါအဝင် အခြားကုမ္ပဏီများမှ ထုတ်လုပ်တဲ့ နို့မှုန့်များတွင်လည်း မယ်လမင်းဓာတ် ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်.. မယ်လမင်းဓာတ်ဟာ သူ့ချည်းသက်သက် ဖြစ်ပါက အန္တရာယ် မပေးနိုင်သော်လည်း Cyanuric Acid နဲ့ တွဲဖက်မိပါက ကျောက်တည်ခြင်းကို ဖြစ်စေပါတယ်..


တစ်ဖန် မယ်လမင်း အသုံးအဆောင် များနှင့် ပတ်သက်၍လည်း သတိထားစရာ ရှိလာပါတယ်.. ဗြိတိန်တွင် ၂၀၀၄ ခုနှစ်က မယ်လမင်း အသုံးအဆောင် ၅၀ ကို လေ့လာခဲ့ပါတယ်.. မယ်လမင်း အသုံးအဆောင်များကို အပူချိန် 70ံC ရှိသော အရည်ထည့်ကာ ၂ နာရီကြာ ထားကြည့်ခြင်း၊ ပန်းသီးဖျော်ရည် ထည့်ကြည့်ခြင်းများ ပြုလုပ် လေ့လာသောအခါ ပစ္စည်း ၅၀ အနက် ၄၃ ခုက မယ်လမင်း စိမ့်ထွက်မှုရှိပြီး၊ အခု ၅၀ စလုံးက ဖော်မယ်လ်ဒီဟိုက် ထွက်ရှိလာကြောင်း တွေ့ရှိရပါတယ်.. အဆိုပါတွေ့ရှိမှုကြောင့် ဈေးကွက်မှ ဖယ်ရှားစေခဲ့သည့် ဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးပါတယ်.. မယ်လမင်း အသုံးအဆောင်များကြောင့် ကျန်းမာရေး ထိခိုက်စေကြောင်း ခိုင်မာတဲ့ တိုက်ရိုက်တွေ့ရှိမှုမျိုး မတွေ့ရသေးသော်လည်း သတိထားရမယ့် အခြေအနေဖြစ်ကြောင်း သိထားသင့်ပါတယ်..


မယ်လမင်း အန္တရာယ်မှ ကင်းဝေးစေရန် အောက်ပါအချက်များကို လိုက်နာရန် လိုအပ်ပါတယ်..

  • ကလေးငယ်များကို မိခင်နို့သာ ပထမ ဦးစားပေးအဖြစ် ရွေးချယ် တိုက်ကျွေးပါ.. မယ်လမင်း ပါဝင်မှု မရှိကြောင်း သေချာသော နို့မှုန့်ပင် ဖြစ်ပါစေ၊ မိခင်နို့ကို အစားထိုးရန် မဖြစ်နိုင်ကြောင်း သတိရပါ..
  • အကြောင်းကြောင်းကြောင့် မိခင်နို့ တိုက်ကျွေးရန် မဖြစ်နိုင်ပါက သန့်ရှင်း လတ်ဆတ်သော နွားနို့ကို ကျိုချက် တိုက်ကျွေးပါ..
  • မယ်လမင်း ပါဝင်မှုကို စစ်ဆေးထားပြီး မယ်လမင်း ပါဝင်မှု မရှိကြောင်း အာမခံချက် ပါရှိသော နို့မှုန့်ကိုသာ ရွေးချယ် သုံးစွဲပါ..


မည်သို့ပင် ဆိုပါစေ မယ်လမင်း ပြဿနာဟာ မျက်မှောက်ခေတ် တီထွင် ကြံဆမှုများကို စိန်ခေါ်မှု တစ်ရပ်အဖြစ် ရှုမြင်တတ်ရပါမယ်..သဘာဝအတိုင်းနေ၊ သဘာဝကျကျ စားလျှင် အန္တရာယ် နည်းပါးသလောက် ဓာတုဗေဒ နည်းများကို အတတ်ဆန်းကာ အလွဲသုံးပါက အများသူငါအတွက် ကြီးမားသော ကျန်းမာရေး ပြဿနာကို ဆောင်ကြဉ်းပေး နိုင်ကြောင်း သဘောပေါက်စေရန် ရေးသားတင်ပြ လိုက်ပါတယ်..




2008 Nov, ထုတ် အာရောဂျံ မဂ္ဂဇင်းမှ ဆရာ မြတ်ထွဋ်ညွန့်(ဆေး-၂)၏ ဆောင်းပါးကို အကျဉ်းချုပ် တည်းဖြတ် ဖော်ပြပါသည်။

You received this email because you are subscribed to the real_time feed for http://drwinthein.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[MANORHARY] 1 New Entry: တစ်ယောက်ယောက်..

တစ်ယောက်ယောက်..

ဒီဝတ္ထုတိုလေးက ၂၀၀၆ အိုင်ဒီယာ အထူးထုတ်မှာပါသွားခဲ့တာပါ....ကိုယ်ရေးနေကျ အက်ဆေးဆန်ဆန်မျိုးပေမယ့် ရေးနေကျပုံစံထဲကနေကွဲထွက်နေသလို ခုချိန်မှာခံစားရတယ်...


တစ်ယောက်ယောက်
(၁)
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ရင်ထဲမှာကြပ်ခဲလေးလံပြီးထွက်ပေါက်မဲ့နေတဲ့
ငါ့မျက်ရည်တွေအကြောင်း…။ တစ်ယောက်ယောက်ကိုပြောပြချင်တယ်။
ငါဘယ်တော့မှမရနိုင်တဲ့ ဘယ်တော့မှလည်းရယူဖြစ်မှာမဟုတ်တဲ့ ဘ၀တစ်ခုအကြောင်း ။ တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ငါဘယ်လိုမှမတတ်နိုင်တော့လောက်အောင် လက်ကျန်အင်အားနည်းပါးနေပြီဖြစ်တဲ့အကြောင်း..။
(နောင်တတွေနဲ့ နပမ်းသတ်နေရတဲ့ဘ၀ဟာတကယ်တော့ ၀ိဘစ္ဆရသလိုပါပဲ..)

တစ်ယောက်ယောက်ဆိုတာဘယ်သူလဲလို့မမေးပါနဲ့..။
ဘယ်သူဟာငါ့ရင်ထဲကိုဝင်စာနာနိုင်မလဲ..။ဘယ်သူဟာငါ့ဒါဏ်ရာတွေရဲ့
နာကျင်မှုအတိုင်းအတာအတိုင်းလိုက်လံထိရှနိုင်မှာမို့လဲ..........။
ဘယ်သူဟာငါ့ကိုစကားလုံးအကျိုးအပဲ့တွေမပါပဲ အကြည့်တစ်ချက်နဲ့ကုစားနိုင်မှာမို့လဲ…။
တကယ်တော့ငါဟာ ရူးသွပ်နေတဲ့နေရောင်ခြည်တစ်စသာဖြစ်ပါတယ်…။
(၂)
တစ်ယောက်ယောက်ကိုချစ်မိတဲ့အတွက်ဆုံးရှုံးမှုတွေအကြောင်း
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ တစ်ယောက်ယောက်ကို
မုန်းချင်နေမိတဲ့ဆန္ဒတချို့ကို ပြောပြချင်တယ်။အချစ်ခံရတယ်ဆိုတာ
တကယ်တော့ ခေါင်းစဉ်လှလှလေးတပ်ထားတဲ့ ဖေတော့မောင်တော့
ဝတ္ထုတစ်ပုဒ်သက်သက်ပဲလားလို့ တစ်ယောက်ယောက်ကို မေးကြည့်ချင်တယ်။
တစ်ယောက်ယောက်က ငါ့ရဲ့အကျင့်သီလသိက္ခာတွေကိုခိုးယူသွားတဲ့အကြောင်း
ငါဘယ်ခုံရုံးကိုတိုင်ရမှာလဲဆိုတာ တစ်ယောက်ယောက်ကိုမေးကြည့်ချင်တယ်။ တစ်ယောက်ယောက်ကငါ့ကိုအနိုင်ကျင့်ဖို့ကြိုးစားနေပြီး တစ်ယောက်ယောက်ကို
ငါကအနိုင်ယူချင်နေတာကို တစ်ယောက်ယောက်ကိုပြောပြချင်တယ်။
ပြီးတော့ တစ်ယောက်ယောက်ကိုငါကမျှော်လင့်နေပြီး တစ်ယောက်ယောက်
ကများင့ါကိုမျှော်လင့်နေမလားလို့ စိတ်ကူးယဉ်မိတဲ့အဖြစ်အပျက်ကို
(ဟာသတစ်ပုဒ်အဖြစ်) တစ်ယောက်ယောက်ကိုပြောပြချင်တယ်။
တစ်ယောက်ယောက်ကမှနားမထောင်ပေးဘူးဆိုရင် လည်းကိစ္စမရှိပါဘူး။
တစ်ခါတစ်ရံမှာလေထဲကစကားလုံးတွေရဲ့တာရှည်ခံမှုစံနှုန်းနဲ့
လူတွေရဲ့ရင်ထဲကပြီးလွယ်ပျက်လွယ်သဘောထားတို့ အပြေးပြိုင်ပွဲမှာ
ဘယ်သူနိုင်ခဲ့သလဲဆိုတာ တစ်ယောက်ယောက်ဆီက confirm ရချင်နေတယ်။
ကိုယ်ချင်းစာတရားအကြောင်းကောင်းကောင်းသင်ကြားပြသနိုင်မယ့်
တစ်ယောက်ယောက်များကမ္ဘာပေါ်မှာရှိမလား…။
(၃)
တစ်ယောက်ယောက်ကိုပြောပြချင်ပြီး မပြောပြဖြစ်တဲ့ အကြောင်းအရာတွေကို
စာရွက်ဖြူဖြူတွေထဲ တွန်းထိုးပစ်ထည့်ထားလိုက်ရတာဟာဖြေသာစရာတစ်ခုလား…။ တစ်ယောက်ယောက်ကိုတမ်းတနေတတ်တဲ့ငါ့နှလုံးသားကို ..ငါ..ဥပက္ခာပြုကဲ့ရဲ့
ပစ်လိုက်ရတာဟာ စိတ္တဇတစ်ခုလား……………။"တစ်ခုခုတော့မှားနေပြီ"လို့တွင်တွင်ပြောရင်း အဲဒီအမှားတွေကိုဖြေရှင်းလို့မရနိုင်ခဲ့တာဟာ..လောကပါလတရားအစစ်လားလို့
တစ်ယောက်ယောက်ကိုမေးချင်မိပါတယ်။
တကယ်တော့ ကမ္ဘာခြားနေတဲ့သူတွေမှာ ဘာသာစကားချို့တဲ့မှုတော့ရှိမှာပဲ
ဆိုတာသိထားသင့်တာပေါ့…။စကားလုံးတွေရဲ့အားနည်းညံ့ဖျင်းမှု..
ဘာသာစကားတွေရဲ့မပြည့်စုံမှုဟာ..တကယ့်ပြဿနာပဲဆိုတာ
တစ်ယောက်ယောက်ကတော့သိနေမှာပဲ။
အသက်ရှူကြပ်လိုက်တာ…။
တကယ်ဆိုငါလိုချင်တာငါ့ဆီလာမယ့်အသံတစ်သံပါ…။
ငါ့ဆီကထွက်ခွာသွားမယ့်အသံတစ်သံမဟုတ်ပါဘူး..။ဘုရားစူးရ
ပါစေရဲ့..။စကားလုံးတွေကိုငါမုန်းတယ်..။
(၄)
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။"အချစ်"ဆိုတာ ပုံမှန်မဟုတ်တဲ့
"စိတ္တဇနာမ်"ဆိုတဲ့အကြောင်း…။ တစ်ယောက်ယောက်ကိုပြောပြချင်တယ်..။
လမ်းမှားချင်ယောင်ဆောင်ပြီး ဘ၀ထဲကိုခပ်တည်တည်နဲ့ တည့်တည့်ကြီးဝင်လာပြီး
အကြွေးတောင်းတတ်တဲ့ သံသရာ အကြောင်း..။ငါက တစ်ယောက်ယောက်ကို
တစ်ခုခုလုပ်ခဲ့မိသလား..။ တစ်ယောက်ယောက်
ကရောငါ့ကို တစ်ခုခု မလုပ်နိုင်ခဲ့ဘူးလား…။"၀ဋ်ကြွေး"ဆိုတာပေးဆပ်ရတာပဲလား…။
ပြန်ရယူရတာကောမပါဘူးလား..လို့ တစ်ယောက်ယောက်ကိုမေးကြည့်ချင်တယ်..။
တကယ်ဆိုသံစဉ်ကလည်းသိပ်မကောင်း၊စာသားကလည်းမလှမပ.၊အသံကလည်းခပ်ညံ့ညံ့နဲ့
သီချင်းတစ်ပုဒ်ကို ဘယ်လိုလူကမှနားမထောင်ချင်မှာ မဟုတ်ဘူးဆိုတာ သိသင့်တာပေါ့…။
ခပ်ချာချာရေးဖွဲ့ကပြနေတဲ့ ပြဇာတ်တစ်ပုဒ်ဆိုလည်းဘယ်သူကမှ ကြည့်ချင်မှာမဟုတ်ဘူး..။
တစ်ယောက်ယောက်ရဲ့ရင်ထဲမှာတော့ တစ်ယောက်ယောက်ကိုခံစားနားလည်ပေးနိုင်စွမ်းတွေ
ရှိနေမှာလို့ထင်နေမိတယ်။အဲဒီ တစ်ယောက်ယောက်ဟာ ငါမဟုတ်ခဲတာလေးတစ်ခုနဲ့တင်
ဘ၀တွေခြားသွားရတော့မယ်။
(၅)
တစ်ယောက်ယောက်ကများငါ့ကိုအလိုမလျောက်နားလည်သွားခဲ့ရင်ဆိုတဲ့ ရူးနှမ်းတဲ့
အတွေးတွေကခုထိ အုပ်စိုးမင်းမူနေတုန်း..။မရနိုင်မှန်းသိရက်နဲ့ ရလည်းရယူဖြစ်မှာ
မဟုတ် တဲ့ အိပ်မက်တစ်ခုကို တယုတယပျိုးထောင်နေမိတာ..ဘာကြော့င်လဲဆိုတာ တစ်ယောက်ယောက်များသိမလားပဲ…။အချိန်တွေ နာရီတွေစက္ကန့်တွေတိုက်စားသွားခဲ့တာတောင်မှ..
ပွန်းပဲ့မသွားပဲ ထုနဲ့ထည်နဲ့ တည်တံ့ခိုင်မာလာတဲ့အိပ်မက်တွေကို..မလွန်ဆန်
နိုင်ခဲ့တာ ငါမှားသွားသလား… တစ်ယောက်ယောက်ကပြောပေးပါဦး…။
မေးခွန်းတွေများလွန်းပြီး အဖြေမရှိတဲ့စာဖြေစာရွက်လို တကယ်တော့ ငါဟာ
အမှတ်ခပ်နည်းနည်းနဲ့ ဘ၀မှာ မင်ရည်ကျဲခဲ့တဲ့ကောင်ပါ…။ တစ်ယောက်ယောက်ကများ
ငါ့ကိုအရောင်တင်ပေးမလားဆိုတဲ့ ယောက်ယက်ခတ်မျှော်လင့်ချက်တွေနဲ့
ကျဲကျဲတောက်ပူလောင်နေခဲ့ရတာလည်း ငါပဲပေါ့ချစ်သူ….။
(၆)
တစ်ယောက်ယောက်ရဲ့ရင်ခွင်မှာပန်းတချို့ပွင်နေတဲ့ရနံ့ကိုငါကြားရတယ်။
လေအဝေ့မှာ ငါ့ဆီစီးမျောကူးခတ်လာပြီး မှ အဲဒီရနံ့တွေဟာ ငါနဲ့မှ တိတိပပ မသက်ဆိုင်ဘူးတဲ့လား…။ရနံ့တွေရဲ့လွင့်မျောမှုကိုတားဆီးလို့မရသလို..ငါ့ရဲ့ဝင်သက်
ထွက်သက်ကိုလည်းတားဆီးလို့်မရခဲ့တာ..သိပ်ဆိုးရွားခမ်းနားတဲ့ ကံကြမ္မာတစ်ခုပါ..။
ဒီအကြောင်းတွေကို တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ ဒါပေမယ့် အကြည့်တစ်ချက်နဲ့တင်အားလုံးနားလည်ပြီးမြောက်သွားမယ့် ဘာသာဗေဒကို
ငါတို့ဘာလို့မတတ်မြောက်ကြသေးတာလဲ…။
သင်ကြားခွင့်မရတာလား..။သင်ကြားဖို့မေ့နေတာလား..။သင်ခဲ့ရလျက် နဲ့
မအောင်မြင်ခဲ့ကြတာလား…။
အဖြေမထွက်နိုင်တဲ့ပုစ္ဆာတချို့ကို တစ်ယောက်ယောက်နဲ့ အတူတူတွက်ချင်တယ်။
တစ်ယောက်ယောက်ကပြောလာမယ့်သီအိုရီတချို့ကိုလည်း သက်သေပြချက်ပေးချင်နေတယ်။
ဘာတတ်နိုင်မှာလဲကွယ်။ တစ်ယောက်ယောက်ကဖန်ဆင်းမယ့်နေ့ရက်တွေမှာ
အသက်ရှင်ခွင့်ငါရှိနေချင်ခဲ့မိတာ ဘာတတ်နိုင်မှာလဲကွယ်။
တကယ်တော့ ငါဟာ ရုပ်သေးရုပ်တစ်ရုပ်ရဲ့ဘ၀ကို တိတ်တိတ်ကလေးမနာလိုနေမိတဲ့ အလှကြည့်မွေးပွရုပ်လေးတစ်ရုပ်သာဖြစ်ပါတယ်..။
(၇)
တစ်ယောက်ယောက်ကိုပြောပြချင်သေးတယ်။ မျက်ရည်တချို့ရဲ့ အတ္ထုပ္ပတ္တိပုံဆောင်ခဲတွေအကြောင်း…။ တစ်ယောက်ယောက်ကိုဖွင့်ဟချင်သေးတယ်။ ဘယ်တုန်းကမှမျှော်လင့်မထားခဲ့တဲ့
ချစ်ခြင်းတရားရဲ့လေးနက်မှုအကြောင်း။ တစ်ယောက်ယောက်ကိုရှင်းပြချင်သေးတယ်။
အနာဂတ်မပါပဲနဲ့နေပျော်စေတဲ့ မေတ္တာတရားတစ်ခုအကြောင်း…။
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ မိုက်ရူးရဲသိပ်ဆန်တယ်ထင်ရလို့
သိမ်းဆည်းထားတဲ့ သက်ငြိမ်ပန်းချီကားတချို့အကြောင်း…။ရေအေးစီးကြောင်းတွေ၊
ရေနွေးစီးကြောင်းတွေအောက်ခြေက ဖြတ်သန်းစီးဆင်းနေတဲ့ရေပြင်တစ်ခုအကြောင်း…။
အပ်ကြောင်းထပ် အဖြစ်အပျက်ဆန်လွန်းနေမလားမသိဘူး..လို့ တစ်ယောက်ယောက်က
ိုသေဖော်ညှိချင်သေးတယ်။
ဒါပေမယ့် ဒါတွေအားလုံးမှာ ပကတိအသံတွေပါဝင်နေမှာ မဟုတ်ဘူးဆိုတာ တစ်ယောက်ယောက်ကတော့မပြောပဲသိနိုင်ကောင်းပါရဲ့။
(၈)
တစ်ယောက်ယောက်ကပြောလာမယ့်စကားတွေကိုလည်းနားထောင်ချင်နေမိသေးတယ်။
အမြင်အကြည့်တွေရဲ့အောက်မှာငုံ့လျိုးဖျောက်ကွယ် ထားရတဲ့ ခံစားချက် တချို့အကြောင်း..။ တစ်ယောက်ယောက်ကခွင့်ပြုလာမယ့်နေ့ရက်တွေမှာ လိုအပ်နေတဲ့ အရိပ်တချို့အရောင်တချို့
စကားလုံးတချို့ကို သုံးပြီးခမ်းနားကြီးးကျယ်မြင့်မြတ်တဲ့ အကြောင်းအရာတစ်ခုကိုဖွဲ့
သီပြချင်သေးတယ်။
တစ်ယောက်ယောက်ကိုပြောပြချင်တဲ့အကြောင်းအရာတွေနဲ့ အဲဒီတမ်းမက်မှုတွေရောယှက်ပြာကျသွားတဲ့အခါ….။
တစ်ယောက်ယောက်ကမောင်းနှင်စီးနင်းသွားတဲ့ စစ်ရထားတစ်စီး ဖြစ်ခွင့်ရချင်နေမိပြန်ပါတယ်။
တစ်ယောက်ယောက်ဆီကို အရှိန်ပြင်းပြင်းနဲ့ချဉ်းကပ်နိုင်ခွင့်ရမလားရယ်လို့
ဆိုတဲ့အတွေးနဲ့များလားမသိဘူး..။ဒါမှမဟုတ်တစ်ယောက်ယောက်ရဲ့ရင်
ခွင်မှာ တောက်ပလောင်ကျွမ်းခွင့်ရနိုးနိုးနဲ့များလား…။
တကယ်တမ်းကျတော့ အဲဒီအတွေးတွေနဲ့ငါဟာ..ငါ့ဆီကိုအရှိန်ပြင်းပြင်းနဲ့ချဉ်းကပ်တောက်လောင်လာမယ့် မီးတောက်တစ်ခုကိုခေါင်းငုံ့စောင့်စားနေခဲ့ရတယ်။ တစ်ယောက်ယောက်ကများငါ့ကိုကယ်တင်သွားခဲ့မယ်ဆိုရင်……..။
မနော်ဟရီ

You received this email because you are subscribed to the real_time feed for http://manorhary.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Lu Lu] 1 New Entry: ဗယာကြော်သုပ်

ဗယာကြော်သုပ်

မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ဗယာကြော်၊ စမူဆာတို့ကို ပဲဟင်းရည်လေးနဲ့ သုပ်တာလေး လုပ်ကျွေးပါဦးမယ်နော်။ ရာသီဥတုကလည်း ဆောင်းလေအေးလေးတိုးဝှေ့လို့ အေးလာချိန်မှာ ပူပူရှိန်းရှိန်းစပ်စပ်အစားအစာလေးတစ်ခုလောက် လုပ်စားရင်ကောင်းတဲ့ အစားအစာလေး တစ်မျိုးပါ။
ဗယာကြော်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ဗယာကြော်၊ စမူဆာကြော်၊ ဂေါ်ဖီထုပ်၊ ပဲမှုန့်အစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်သီး၊ ဆား၊ ငရုတ်သီးကြော်၊ ဟင်းခတ်မှုန့်၊ ပူဇီနံ၊ ပျဉ်းတော်သိမ်၊ မာဆလာအမွှေး၊ မာဆလာအစပ်၊ ငရုတ်သီးအလှော်မှုန့်၊ နနွင်းမှုန့်အနည်းငယ် တို့ပါနော်။
ဗယာကြော်ကြော်နည်းကိုတော
http://lulucooking.blogspot.com/2008/02/blog-post_04.html မှာ ရေးပေးထားပြီး ဖြစ်သလို စမူဆာကြော်နည်းကိုလည်း http://lulucooking.blogspot.com/2007/11/blog-post_20.html မှာ ရေးထားပေးပါတယ်။
ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်နီ ၃လုံးလောက်နဲ့ ကြက်သွန်ဖြူတို့ကို မညက်တညက်လေး ထောင်းပေးထားပါ။ ကျန်တဲ့ ကြက်သွန်နီကိုတော့ အစိမ်းအတိုင်း ထည့်စားလို့ရအောင် ပါးပါးလှီး ရေဆေးပြီး ရေစစ်ပေးထားပါနော်။ဂေါ်ဖီထုပ်၊ ပျဉ်းတော်သိမ်ရွက်နဲ့ ပူစီနံရွက်တို့ကိုလည်း ရေဆေးပြီး ရေစစ်ပေးထားပါ။ ဂေါ်ဖီကို ပါးပါးလေးတွေလှီးထား၊ ပူစီနံကိုလည်း အနေတော်လေးတွေရအောင် ချွေပေးထားပါ။
ပဲဟင်းရည်ချက်နည်းကို ပြောပြပါမယ်နော်။ ပဲမှုန့်အစိမ်းကို ရေအေးနဲ့ ဖျော်ပြီး အားလုံးကြေသွား အောင် လက်နဲ့ခြေပြီး နယ်ပေးပါ။ နောက်မဟုတ်ရင် ပဲမှုန့်တွေက ရေနဲ့ထိပြီး အလုံးလေး တွေ ဖြစ်နေတတ်တာမို့နော်။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးကိုယူ ဆီနည်းနည်းထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ပြီးတော့ထောင်းထားတဲ့ ကြက်သွန်ဖြူနီကိုထည့်ပြီးဆီသတ်ပေးပါ။ ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်ရွက်ကို ထပ်ထည့်ပြီး ဆီသတ်၊ ပြီးတော့ ခပ်ပျစ်ပျစ်ဖျော်ထားတဲ့ ပဲရည်တွေထည့်ပြီး အားလုံးသမအောင် မွှေပေး၊ အရသာအတွက် ဆားနဲ့ ဟင်းခတ်မှုန့်လေးထည့်ပြီး ပဲစိမ်းနံ့ပျောက်တဲ့အထိ မီးအသင့်အတင့်နဲ့ အရင်ကျိုပေးပါ။ အောက်ကနေ ပဲ မကပ်အောင်လည်း ပဲခပ်ပျစ်ပျစ်ဖြစ်လာပြီဆိုရင် ရေနွေးလေးထပ်ဖြည့်ပြီး သတိထားကျိုပါနော်။ ပဲစိမ်းနံ့ပျောက်သွားပြီဆိုရင် အရသာကိုထပ်မြည်း၊ မာဆလာလေး အုပ်၊ မီးနွေးနွေးလေးနဲ့ ပဲဟင်းအိုးကို တည်ထားလိုက်ပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင် ပန်းကန်လုံးထဲကို ဗယာကြော် နှစ်ခု၊ စမူဆာ နှစ်ခုလောက်ညှပ်ထည့်၊ ပဲဟင်းရည် ပူပူလေးဆမ်းထည့်၊ ပါးပါးလှီးထားတဲ့ ဂေါ်ဖီနဲ့ ကြက်သွန်နီကိုထည့်၊ ပူစီနံကိုလည်း ထည့်၊ ဆားနည်းနည်း၊ ရှောက်ရည်လေးညှစ် (မန်ကျည်းနှစ်ထည့်ရင်လည်း ရပါတယ်)၊ ငရုတ်သီးအလှော်မှုန့်လေး ထည့်၊ ပြီးတော့ မာဆလာလေးထည့်ပြီး အားလုံးသမအောင် မွှေလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ မာဆလာနံ့ သင်းသင်းလေးနဲ့ အရသာရှိလှတဲ့ သတ်သတ်လွတ် စမူဆာ၊ ဗယာကြော်သုပ်လေးရပါပြီနော်။
(ကြိုက်တတ်ရင် ကုလားပဲလုံးဖြူနဲ့ အာလူးကိုလည်း ပြုတ်၊ ဆီသတ်ပြီး သုပ်တဲ့အထဲ ထည့်စားလို့ ရပါတယ်နော်)

You received this email because you are subscribed to the real_time feed for http://lulucooking.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Welcome] 1 New Entry: အချစ်က လွမ်းအောင်ဖန်

အချစ်က လွမ်းအောင်ဖန်

 


အတူရှိစဉ်ခဏ
ကြားယောင်မိတယ်
" တစ်ဒုတ်ဒုတ်နဲ့ "
မင်းရဲ့ ရင်ခုန်သံလေးပါ။
ငါ့ရင်ခုန်သံကိုတော့
တိုးလျလွန်းလို့
မကြားလိုက်မိဘူး။

ဒီလိုနဲ့ပဲ
မင်းနဲ့ငါ
ကြုံလိုက်
ဆုံလိုက်
ပျော်လိုက်
ငိုလိုက်
ဝေးလိုက်
ပြေးလိုက်
စိတ်ခုလိုက်မို့
ခုတော့
ငါ့ကို
မေ့လိုက်ပြီ .. .. .. တဲ့


You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 1 New Entry:

http://niknayman-niknayman.blogspot.com/feeds/2620218017584629590/comments/default

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sai Wunna] 4 New Entries: PHOTO

PHOTO

Bangladesh Navy Ships Abu Bakar and Jamuna are seen
on patrol in the vicinity of Korean Rig ‘Trans Ocean Legend’
that came to explore Oil and Gas for Myanmar in disputed
area of Bay of Bengal. Photo:ISPR

BDR personnel remain alert along border areas in
Naikhongchhari upazila under Bandarban district on Sunday.
FocusBangla
Ref:http://nation.ittefaq.com/issues/200…0/news0565.htm

ဇာနည်မင်း

အမိန့်ချတော့မည့် နိုင်ငံရေး အကျဉ်းသားစာရင်း

တရားလို/စွပ်စွဲခံရသူ/အကြောင်းအရာ(ပုဒ်မ)/အမှုနံပါတ်/တရားရုံး

(၁)ဒုရဲမှူးကြီးဇော်မင်းအောင်/ မင်းကိုနိုင် ပါ(၃၇)/ အမျိုးသားညီလာခံ
ပုဒ်မ(၄)/ ၅၄/၀၈ / အင်းစိန်အကျဉ်ထောင် သီးသန့် အထူးရုံး
(၂)ဒုရဲမှူးကြီးဇော်မင်းအောင်/ မင်းကိုနိုင် ပါ(၂၃)/ အီလက်ထရောနစ် ၃၃-က/
၉၂/၀၈ / အင်းစိန်အကျဉ်းထောင် သီးသန့် အထူးရုံး
(၃)ဒုရဲမှူးကြီး ကျော်စိုး/ မင်းကိုနိုင် ပါ(၃၇)/ ပြစ်မှုပုဒ်မ ၅၀၅(ခ)/ ၁၁၆/၀၈ /
အင်းစိန်အကျဉ်းထောင် သီးသန့် အထူးရုံး
(၄)ရဲမှူးရဲညွန့်/ ဦးဂမ္ဘီရ ပါ-၁၁/ ၂၉၅-က/၅၀၅-ခ/ ၁၆၅/၀၈ / အင်းစိန်
အကျဉ်းထောင် သီးသန့်အထူးရုံး
(၅)ရဲမှူးရဲညွန့် / ဦးဂမ္ဘီရ /၂၉၅-က/၅၀၅-ခ /၅၀၈/၀၈ /အင်းစိန် အကျဉ်း
ထောင် သီးသန့် အထူးရုံး
(၆)ရဲမှူးမျိုးသန့်/ မျိုးရန်နောင်သိန်းပါ-၂/ ၅၀၅(ခ)/ ၁၁၃/၀၈ /အင်းစိန်
အကျဉ်းထောင် သီးသန့် အထူးရုံး
(၇)ဒုရဲမှူးမျိုးသန့်/မင်းဟန်(ခ)မီရှဲလ်/ ၁၄၃/၁၄၅/၁၄၇/၁၅၂/၂၁၄/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၈) ဒုရဲမှူးမျိုးသန့်/မင်းဟန်(ခ)မီရှဲလ်/၅၀၅-ခ/၂၉၅-က/၂၁၅/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၉)ရဲအုပ်ကျော်သာဦး/စည်သူမောင်/၁၄၃/၁၄၅/၁၄၇/၅၀၅/ ၉/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၁၀)ရဲအုပ်ကျော်သာဦး/ဇင်လင်းအောင်(ခ)ရခိုင်/ ၁၄၃/၁၄၅/၁၄၇/၅၀၅/
၉/၀၈/ အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး

(၁၁)ရဲအုပ်ကျော်သာဦး/မျိုးသန့်/ ၁၄၃/၁၄၅/၁၄၇/၅၀၅/ ၉/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၁၂)ရဲမှူးရဲညွန့်/အောင်ကျော်ကျော်/လ၀က ၁၃-(၁)/၁၇၁/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၁၃)ရဲအုပ်အောင်မြင့်ဦး/ဇော်ဇော်အောင်/၁၄၃/၁၄၅/၁၄၇/၅၀၅(ခ)/၁၅၂/
၂၁/၀၈/ အရှေ့ပိုင်းခရိုင် အထူးတရားရုံး
(၁၄)ရဲအုပ်လှသိန်း/ခင်မောင်လှ(ခ)ရှဖီး/၁၄၃/၁၄၅/၁၅၂/၅၀၅(ခ)/
၃၅/၀၈/ အရှေ့ပိုင်းခရိုင် အထူးတရားရုံး
(၁၅)ဒုရဲအုပ်ဇင်မိုး/ကျော်ကိုကို/ဗွီဒီယို ၃၂/(က)(ခ)/၃၀၄/၀၈/
မရမ်းကုန်းမြို့နယ် တရားရုံး
(၁၆)ရဲအုပ်ဝင်းနိုင်ထွန်း/ကျော်သူထိုက်/လ၀က ၁၃-(၁)/၅၀၅-၁/
၂၉၆/၀၈/ မရမ်းကုန်းမြို့နယ် တရားရုံး
(၁၇)ရဲအုပ်မြအောင်/ မမြမြသိမ့်/၅၀၅(ခ)/လှိုင်မြို့နယ်တရားရုံး
(၁၈) ရဲအုပ်မြအောင်/ မမြမြသိမ့်/၂၉၅(က)/လှိုင်မြို့နယ်တရားရုံး
(၁၉)ရဲအုပ်မြင့်မောင်/စိုးလွင်+လှိုင်မျိုး/လ၀က ၁၃-(၁)/၇၂၂/၀၈/
မြောက်ဒဂုံ တရားရုံး
(၂၀)ရဲအုပ်မြင့်မောင်/မိုးထက်လျှမ်း+အောင်ကိုကိုလွင်/ လ၀က ၁၃-(၁)/၇၇၆/၀၈/
မြောက်ဒဂုံ တရားရုံး
(၂၁)ရဲအုပ်မြင့်မောင်/ ကျော်မျိုးဆက်+ရဲညွန့်/ လ၀က ၁၃-(၁)/၇၂၂/၀၈/
မြောက်ဒဂုံ တရားရုံး

http://pyustate.blogspot.com/

ပြည်တွင်း အနှပညာသည်တွေ ဒီလိုဖြစ်နေကြတယ်

နေမင်း

သွေးကြွေး လမ်းညွှန်

စစ်တပ်မှာ နာမည်တူတွေ များပါတယ်၊ ဥပမာ မောင်မောင်၊တင်ဦး၊နေ၀င်း၊
ဒီထဲကမှ စိုးဝင်းအေုကာင်းပြောခြင်ပါတယ်။ဝီကီsiteမှာ ပထမဆုံး သေသွားတဲ့ PMစိုးဝင်းကို ၁၉၉၀မှာနမခ ဗျူဟာမှူးလို့ရေးထားတာ မဟုတ်သေးဘူးထင်တယ်။ ((သောင်းဝေဦး ရဲ့  စာအုပ်မှာPM စိုးဝင်းဟာ ၁၉၈ရ-၈၈မှာ တမခ ၃၃မှာ G-2, 92-93 မှာ လပခ G1။))
ကျုပ်ပြောချင်တဲ့နောက်တခြားစိုးဝင်းက dsa7 က၊ သောင်းဝေဦး ရဲ့  စာအုပ်မှာပဲ ခလရ(၁၉)မှာ တပ်စုမှူး အတူလုပ်ခဲ့တဲ့ တယောက်၊
၈၈ မတိုင်ခင် ခလရ၆၈၊ ၈၈၈၈ ကာလမှာ ခမရ၂၀× တွေ မှာတပ်ရင်းမှူး၊ ၈၉ မှာ ရမခ G1/ နောက် နမခ ဗျူဟာမှူး ချင်းပ၀တ လုပ်ယင်း ပြုတ်သွား။

၈၈၈၈ကာလမှာ ဆူးလေ တ၀ိုက်နဲ့ ဆေးရုံကီး မှာစောက်ရမ်းပစ်တဲ့တရားခံအစစ်က ဒုတိယ စိုးဝင်းပါ၊ ဒီလူဘယ်မှာလဲ။
မေမြို့အနီးစခန်းမှာ ပန်းစိုက်သမားလိုလို၊ ဘာသာရေးသမားလိုလို ခြေရာဖျောက်ထားတယ်။ သွေးကြွေးရှိသူများအတွက် လမ်းညွှန်လိုက်ပရစေ။

http://myanmarrumours.blogspot.com/

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[နှလုံးသားရပ်ဝန်းမှ အသံများ...။] 1 New Entry: Monkey and Mango : BamBuser

Monkey and Mango : BamBuser

မျောက် အုန်းသီးရတာ မဟုတ်ပါဘူးတဲ့...။ မျောက် သရက်သီးရတာပါတဲ့...။ ဘာလို့လဲ ဆိုတော့ မျောက်သာ အုန်းသီး ရခဲ့ရင် ဘယ်လို ခွဲရမှာ မသိတာနဲ့ မစားလိုက်ရပဲ သရက်သီး ကျတော့ စားလို့ရလို့ပါတဲ့...။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်ဆီက အလုပ်မှာ ပျင်းပျင်းရှိတာနဲ့ ကိုယ့်စမတ်ဖုန်းလေးနဲ့ ကိုက်ညီမယ့် အပ်ပလီကေးရှင်း အသစ်များ ထပ်ထုတ်တာပါလိမ့် ဆိုပြီး အွန်လိုင်းပေါ် မွှေကြည့်ပါတယ်...။ ကိုယ့်ဖုန်းက စမတ်ဖုန်း ဆိုတော့ စွယ်စုံ ရတယ်လေ။ ရိုးရိုး စကားပြောနိုင်ရုံသက်သက် ဖုန်း ဆိုတာထက်ကို ကျော်လွန်ပြီးတော့ pocket PC သဖွယ် လုပ်လို့ရနိုင်တဲ့ စမတ်ဖုန်းပေါ့။
(ကြွားလိုက်ရတာ အရသာရှိပါ့...။)
:egdance:

အခု ဖုန်းက ပီစီအသေးစားလေး တစ်ခုလိုပါပဲ။ လိုအပ်တဲ့ ဆော့ဖ်ဝဲလေး ထည့်ပေးလိုက်တာနဲ့ မဆိုင်းမတွ ဆောင်ရွက်ပေးပါတယ်။ ဒီဖုန်း အကြောင်းကိုတော့ ဒီမှာ နဲ့ ဒီမှာ အနည်းအကျဉ်း ရှင်းပြဖူးပါတယ်။ သူ့ဆီမှာ သုံးတဲ့ OS က ကွန်ပြူတာမှာ သုံးတဲ့ Windows တော့ မဟုတ်ဘူးပေါ့။ (ဖုန်းအတွက် သုံးတဲ့ ၀င်းဒိုးကိုတော့ Window Mobile 3,4,5,6, 6.1 Windows CE စသဖြင့် သတ်သတ် ထုတ်လုပ်ထားပါတယ်။ ) ကျွန်တော်သုံးတဲ့ ဖုန်းက ဆိုနီအဲရစ်ဆန် ဖုန်းပါ။ OS ကတော့ Symbian OS 9.1 ဖြစ်ပြီး UI ဆိုတဲ့ User Interface ကိုတော့ oped source ဖြစ်တဲ့ UIQ 3.0 ကို သုံးထားပါတယ်။ OS က Symbian S60 ကို သုံးတဲ့ နိုကီယာဖုန်းများနဲ့ မတူပါဘူး။ UIQ နည်းပညာကို သုံးထားတဲ့အတွက် User Interface ဟာ ညက်ပါတယ်။ အနုစိတ်ပါတယ်။ ကွန့်လို့ ရတယ်။

ဆိုတော့ သူ့အိုအက်စ်နဲ့ ကိုက်ညီတဲ့ ဆော့ဖ်ဝဲဗားရှင်းများကို သုံးမှသာ သက်ဆိုင်ရာ ဖုန်းပေါ်မှာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်...။ (တစ်ချို့သော အက်ပဲလ် မက်ဆော့ဝဲများ မိုက်ခရိုဆော့ဖ် ၀င်းဒိုးမှာ သုံးမရသလိုပေါ့ဗျာ...။ ) အခုလဲ ကျွန်တော့် ဖုန်းနဲ့ ကိုက်ညီတဲ့ ဆော့ဖ်ဝဲများကို အွန်လိုင်းပေါ်မှာ လိုက်ရှာရင်းနဲ့ အသုံးလဲတည့်၊ အလကား လဲရတဲ့ ဟာလေးတွေကို စမ်းသုံးကြည့်မိပါတယ်...

နောက်ဆုံး တွေ့မိတဲ့ ဆော့ဖ်ဝဲကတော့ Bambuser လို့ခေါ်တဲ့ ဆော့ဖ်ဝဲပါ။ သူက မိမိဖုန်းမှာ ပါတဲ့ ဗွီဒီယို ရီကော့်ဒ်ဒင်း ဖန်ရှင်ကို အသုံးချပြီးတော့ မိမိဘလော့ဂ်၊ ၀က်ဆိုဒ်ပေါ်မှာ ဗွီဒီယိုတွေကို တိုက်ရိုက် လွင့်ပြနိုင်ပါတယ်။ Company တွေကတော့ မိမိတိုရဲ့ Website တွေမှာ company အကြောင်းကို တိုက်ရိုက် လွင့်ချင်တာပဲ ဖြစ်ဖြစ်၊ ပြပွဲတစ်ခုခုမှာ မိမိတို့ ထုတ်ကုန်တွေကို ပြသတာကို ကမ္ဘာအနှံ့က လူတွေ တိုက်ရိုက် ကြည့်ရှုနိုင်အောင် ထုတ်လွင့်ပြသချင်တာပဲ ဖြစ်ဖြစ် ဒီဆော့ဖ်ဝဲလေးကို အသုံးချရုံပါပဲ...။ ဘလော့ဂ်ပေါ်မှာတော့ မိမိတို့ရဲ့ ရောင်းရင်း၊ အပေါင်းအသင်း မိတ်ဆွေများကို မိမိတို့ရဲ့ happy moment ကို တိုက်ရိုက်ပြချင်တာ၊ ခရီးထွက်လို့ရှိရင် ရောက်တဲ့နေရာကနေ တိုက်ရိုက် ရိုက်ကူးပြီး မိမိတို့ ဘလော့ဂ်ပေါ်မှာ အချိန်မဆိုင်းပဲ လွင့်ပေးနိုင်ပါတယ်။ (ကြွားချင်တာကို တိုက်ရိက် ကြွားနိုင်အောင်ပေါ့လေ။)
:LoL:

ဒီဝက်ဘ်ဆိုဒ်မှာ ရီဂျစ်စတာ လုပ်လိုက်ပါ။ ကိုယ့်ဖုန်းနဲ့ ကိုက်ညီမဲ့ ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပါ။ ဖုန်းထဲကို အင်စတော လုပ်ပါ။ (၀က်ဘ်ကင်မ်သုံးပြီး ရိုက်ချင်သူများ အတွက်လဲ ၀က်ဘ်ကင်မ် ဆော့ဖ်ဝဲ ရှိပါတယ်။) ရီဂျစ်စတာ လုပ်ပြီးချိန်မှာ မိမိဘလော့ဂ်ပေါ် တင်ဖို့အတွက် လိုအပ်တဲ့ HTML စာသားတွေကို တစ်ခါတည်း ထုတ်ပေးပါတယ်။ ကော်ပီကူးပြီး မိမိတို့ ဘလော့်မှာ တင်လိုက်တာနဲ့ ကိုယ့်အကောင့်အတွက် သတ်သတ် assign လုပ်ပေးထားတဲ့ ဗွီဒီယို ပလေယာတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ တစ်ခုကောင်းတာက မိမိတို့ ရိုက်ကူးလိုက်တဲ့ ဗွီဒီယို ဖိုင်တွေကို သူ့ဆာဗာပေါ်မှာပဲ တစ်ခါတည်း တင်နိုင်တဲ့ အချက်ဖြစ်ပါတ်။ တစ်ခြားသော application များလို့ သတ်သတ် ဆာဗာပေါ်မှာ တင်စရာ မလိုပါဘူး။ မိမိတင်ထားတဲ့ ဖိုင်တွေကို လိုအပ်သလို ပြင်ဆင်၊ တည်းဖြတ်၊ ဖြတ်တောက်နိုင်ပါတယ်။

ရိုက်ကူးဖို့ စတင်တော့မယ်ဆိုရင် မိမိရဲ့ ဖုန်း၊ ရိုက်ကူးမယ့် ကင်မရာ၊ ၀က်ဘ်က်မ်ဟာ အင်တာနက်နဲ့ ဆက်သွယ်နေဖို့ လိုပါလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဖုန်းမှာ အိမ်က ၀ါယာလက်စ်ကို ၀ိုင်ဖိုင် နဲ့ အရင် ချိတ်ပါတယ်။ ပြီးမှ application ကို run ပါတယ်။ setting ကို အော်တို ကော်နက် ဆိုပြီး ရွေးထားတော့ application ကို run တာနဲ့ သူက အင်တာနက် ကော်နက်ရှင်ကို တန်းချိတ်ပြီး ရိုက်ကူးမှုကို စတင်ကာ မိမိတို့ရဲ့ ဗွီဒီယို ပလေယာ အကောင့်ထဲကို တိုက်ရိုက် လှမ်းပို့ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ဘက်က ကြည့်ရှုသူတွေကလဲ Video streaming လုပ်ပြီး ကြည့်နိုင်ပါတယ်။ တိုက်ရိုက်လွင့်နေချိန်မှာ မကြည့်လိုက်ရလဲ လွင့်ပြီးသား ဖိုင်တွေကို ပြန်လည် ကြည့်ရှုနိုင်အောင် လုပ်ပေးထားပါတယ်...။ တိုက်ရိုက်လွင့်နေချိန်မှာ သတိထားမိအောင် live ဆိုတဲ့ တိုင်တယ် တပ်ပေးပါတယ်။ offline ဖြစ်နေရင် "Boyz (အကောင့် ပိုင်ရှင်ပေါ့ဗျာ) is not broadcasting right now" ဆိုပြီး စာတမ်း ထိုးထားပေးပါတယ်။ ဒါဆိုရင် သူနောက်ဆုံးလွင့်ခဲ့တဲ့ဖိုင်ကို မြားကလေး ပုံစံဖြစ်နေတဲ့ ပလေး ခလုတ်ကို နှိပ်ပြီး ကြည့်နိုင်သလို ဒီမတိုင်ခင်တုန်းက လွင့်ခဲ့တဲ့ ဗွီဒီယိုဖိုင်များကို စတုရန်း အကွက်လေးတွေ တန်းစီနေတဲ့ ခလုတ်ကို နှိပ်ခြင်းအားဖြင့်လဲ တစ်ဖိုင်ချင်း ကြည့်နိုင်ပါတယ်။

အားနည်းချက်ကတော့ အင်တာနက် ကော်နက်ရှင် ရှိမှပဲ မိမိတို့ ရိုက်ကူးမှုကို ဆာဗာပေါ် လှမ်းချိတ်လို့ရတဲ့ အချက်ပါ။ ခရီးသွားနေသူများကတော့ ကြွားချင်ကြတယ်ဆိုရင် Data Plan Flat rate မယူထားရင်တော့ တေဘီဆြာပဲ...။
:suicide:
ဗွီဒီယိုဖိုင်များက ဒေတာတွေ တော်တော်များကို အသုံးပြုတာကိုး...။
:oops2:

Screenshot နဲ့ ရှင်းပြပေးချင်သော်ငြား စိတ်ဝင်စားသူ မရှိတာကတစ်ကြောင်း၊ ပျင်းနေတာက တစ်ကြောင်း ကြောင့်ရယ်ကြောင့် မတင်ဖြစ်တော့ပါ။ မေးမြန်း စုံစမ်းမှုများ ပြုသပ ဆိုရင်တော့ ကော်မန့်ဖြစ်ဖြစ်၊ စီပုံးထဲမှာ ဖြစ်ဖြစ် မက်ဆေ့ခ်ျများ ထားပေးပါ။ စိတ်အခန့်သင့်ရင်၊ ရွှီးတတ်တဲ့အချက်တွေဆိုရင် ခရီးသွားဟန်လွဲ၊ လမ်းကြုံ ၀င်ဖြေပေးပါမယ်။ ဖြေမထားဘူးဆိုရင်တော့ မသိလို့ပဲ ဖြစ်ဖြစ်၊ မအားလို့ပဲ ဖြစ်ဖြစ်၊ မတွေ့မိလို့ပဲ ဖြစ်ဖြစ်၊ မဖြေချင်တာပဲ ဖြစ်ဖြစ် အဲဒီ တစ်ဖြစ်ဖြစ်တွေထဲက တစ်ဖြစ်ဖြစ်ကြောင့် ဖြစ်လိမ့်မယ်လို့ ဖြစ်လိုက်ကြပါ အဲ. အဲ ဖြည့်တွေးလိုက်ကြပါ။ လိုက်ဖတ်ပေးတဲ့အတွက် ကျေးဇူးပါဗျား။
:thanks:

နောက်များမှာ အခုဖုန်းထဲမှာ လက်ရှိသုံးနေတဲ့ Third Party အလားရတဲ့ ဆော့ဖ်ဝဲများ အကြောင်းကို တစ်ခုချင်း လာရှင်းပြပါ့မယ်...။ (Note that "No Time Limit")


(အခုတစ်လော အတည်အတံ့တွေ ရေးမရ ဖြစ်နေပါတယ်။ လက်က ပျက်နေပြီလား မသိ... ဟိ..ပြောင်ချော်ချော် ဖြစ်နေပါတယ်...။)
:partyman:
မောတာ...။
:ashamed:

ရေး.... :dance:တစ်ပုဒ်ပြီးသွားပြီ...။ လေးငါးရက်လောက်တော့ အေးဆေး နားလို့ရပြီ...။ :excited:
:backtotopic:

You received this email because you are subscribed to the real_time feed for http://heartstations.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 2 New Entries: ဟေလာရီကလင်တန်နဲ့  ဘေလ် ရီချပ်ဆန်ကို အိုဘားမား တာဝန်ပေးဖို့ စဉ်းစားနေ

ဟေလာရီကလင်တန်နဲ့  ဘေလ် ရီချပ်ဆန်ကို အိုဘားမား တာဝန်ပေးဖို့ စဉ်းစားနေ

- ကို -

ရွေးချယ်ခံ သမ္မတ အိုဘားမား ( Obama) ဟာ
ယခင် ရွေးကောက်ပွဲ ပြိုင်ဘက်ဟီလာရီကလင်တန် ( Hillary Clinton )နဲ့  ဘေလ်ရစ်ချန်ဆန် (Bill Richardson )တို့ကိုတွေ့ဆုံ မေမြန်းခဲ့ပြီး၊ သူ့ရဲ့ ယခင်ပြိုင်ဘက်ဟောင်း တွေ ကိုအစိုးရသစ်ရဲ့အုပ်ချုပ်ရေးဆိုင်ရာ ၀န်ကြီးရာထူးသစ်တွေအတွက် ရွေးချယ်ဖို့ စဉ်းစားနေတယ်လို့  ဒီမိုကရက်ပါတီက ပြောခွင့်ဆိုခွင့်ရှိသူက ဆိုပါတယ်။

အိုဘားမား ဟာ ဟီလာရီ ကလင်တန် နဲ့ ချီကာဂိုရုံးခန်းမှာ တစ်ရောက်ချင်းတွေ့ဆုံခဲ့ပြီး၊ နောက်တစ်နေ့ ရစ်ချပ်ဆန် နဲ့  သောကြာနေ့ နေ့လည်ပိုင်းကတွေ့ဆုံခဲ့ပါတယ်လို့ သိရပါတယ်။ အိုဘားမားက အဲဒီမှာပဲ သူရဲ့ရီပက်ဘလီကန် အတိုက်အခံ ဂျွန်မက်ကိန်း (John McCain )နဲ့ လည်း တနလာင်္ နေ့မှာတွေ့ဆုံဖို့ ရည်ရွယ်ခဲ့ပေမ၊ဲ့ အကြံပေးအရာရှိများ ကတော့ အိုဘားမားဟာ မက်ကိန်း ကို အုပ်ချုပ်ရေးရာထူးအတွက် စဉ်းစားလိမ့်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

အိုဘားမား က ဟေလာရီ နဲ့သူ့ရဲ့ပြိုင်ဘက် ကို ဝန်ကြီးအဖွဲ့ရဲ့ အမြင့်ဆုံးရာထူးတစ်နေရာနဲ့ နိုင်ငံတော် သံတမန် ရေးရာ အကြီးအကဲ အဖြစ် ဆောင်ရွက်စေလိမ့်မယ်ဆိုတဲ့ အချက်က အကြီးအကျယ် အငြင်းပွားစေခဲ့တယ်။ ဒါပေမယ့် အဲဒီရာထူးယှဉ်ပြိုင်မှုအတွက် သူမရဲ့ အနေအထား ဘယ်လိုရှိတယ်ဆိုတာကတော့ အခြားသော ဒီမိုကရက် ပါတီဝင်တွေလိုပဲ မေးစရာ ဖြစ်လာပါတယ်။ ရစ်ချပ်ဆန် ကိုလည်း ထိုနည်းလည်းကောင်းပါပဲ။

သူတို့ နစ်ဦးတည်း အတွက်သာ ဒီရာထူးအတွက်ရွေးချယ်ခံ မဟုတ်ဘူးလိုံ့ အိုဘားမားက ဆိုပါတယ်။ သမ္မတရဲ့ ၀ါရင့်အကြံ ပေးကတော့ ဒီရာထူးအတွက်ရွေးချယ်မှုမှာ အိုဘားမားကဘယ်သူ့ကိုမျက်နှာသာပေးတယ်ဆိုတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဘေလ် ရစ်ချပ်ဆန် က ၁၉၉၄ ခုနစ် ၀န်းကျင်မှာ မြန်မာ ပြည်ကိုရောက်ဖူးပြီး ကိုမင်းကိုနိင်ကို အမေရိကန် ကိုခေါ်ယူဖို့ ဆန္ဒ ရှိခဲ့ပါတယ်။ မြန်မာ့အရေး ကိုအထူးကျွမ်းကျင်သူတဦးဖြစ်ပါတယ်။ တိုင်းပြည်အရေး အတွက် ပြိုင်ဖက်လို သဘောမထားပဲ တာဝန်ပေးဖို့ ခေါ်ယူ ဆွေးနွေးတာကတော့ အမေရိကန် ဒီမိုကရေစီမှာ လေးစားစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာ ဒီမိုကရေစီခေါင်းဆောင်တွေ မှာလည်း ဒီလို စိတ်ထားမျိုးမွေးမြူနိင် ကြပါစေ။ ။

- ကို -



Summary

Rest of your post

နယူးဝိစ် မဂ္ဂဇင်း အယ်ဒီတာ ဖရက်ဒ် ဇာကာရီးယား နဲ့ အင်တာဗျူး


ကမ္ဘာ ကျော် နယူးဝိစ် မဂ္ဂဇင်း အယ်ဒီတာ ဖရက်ဒ် ဇာကာရီးယား ကို စီအန်အန် နိင်ငံတကာရေးရာ ကျွမ်းကျင်သူသတင်းကတွေ့ ဆုံမေးမြန်းခန်းကိုဖေါ်ပြလိုက်ပါတယ်။ ဖရက်ဒ်ဇာကာရီးယားက အိန္ဒိယ နွယ်ဖွား အမေရိကန် နိင်ငံသားတဦးဖြစ်ပါတယ်။ သူရဲ့ နိင်ငံရေး သုံးသပ်ချက်တွေဟာ အမေရိကန် နိင်ငံရေးနဲ့ ပညာရှင်လောက မှာ သြဇာရှိသူတဦးဖြစ်ပါတယ်။ သူ က ၂၀၀၈ ခုနစ် ရွေးကောက်ပွဲမှာ ဘာကြောင့် ရီပတ်ပစ်ကန်တွေ ရှုံးနိမ့် သွားရတာနဲ့ ပတ်သက်လို့  သူ့ ရဲ့ အမြင်တွေကို ဆွေးနွေးထားပါတယ်။

စီအန်အန် - ဖရက်ဒ်ဇာကာရီရာအနေနဲ့  ရီပတ်ပလက်ကင်ပါတီက လမ်းမှန်ကိုရောက်ဖို့ အတွက် ဘာလုပ်သင့်တယ်လို့ မြင်ပါသလဲ ။ တကယ်လို့  ရွေးကောက်ခံ သမတ ဘားရက် အိုဘားမား နဲ့ ဒီမိုကရက်တွေ ရဲ့  ပြောင်းလဲရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ အကြီးအကျယ်အောင်ပွဲ ခံ တယ်။ ဘာကြောင့် ဆီနိတ်တာ ဂျွန်မက်ကိန်း အနေနဲ့  အရှုံး ကိုရင်ဆိုင်ခဲ့ရသလဲ လို့ ထင်ပါသလဲ။


ဇာကာရီးယား - ကျနော်ယူဆတာကတော့ ဆုံးရှုံးရတဲ့ အခြေအနေမှာ အကြောင်းအချက်တွေအများကြီး ပါဝင်နေတယ်။ နောင်ကိုအောင်ပွဲခံနိင်ဖို့ အတွက် သူတို့ ရဲ့ အယူဆတွေ ပြန်လည်သုံးသပ်ဖို့ လိုမယ်။

စီအန်အန် - ဒါဟာ သူတို့ အယူဆကြောင့် ..။ ဟုတ်လား။ သူတို့ ရဲ့ ဗျုဟာ ကြောင့်မဟုတ်ဘူးလား။

ဇာကာရီးယား -ရီပတ် ပလက်ကန် ပါတီဟာ အကျိုးရှိတဲ့အယူဆ ဒါမှမဟုတ် မှားယွင်းတဲ့ အယူဆပေါ် မှာ ရပ်တည်နေတဲ့ ပါတီတခုတော့ ဖြစ်လာပြီ။ ရီဂင်-သက်ချာ ခေတ်မှာ အခွန်တွေ ကိုလျော့ ချ ကောက်ခံတယ်ဆိုတာ တော်လှန်တဲ့ အယူဆ၊ ငွေကြေးဆိုင်ရာ တွေမှာ စည်းမျဉ်းသစ်တွေကို ရေးဆွဲတာ ငွေကြေး အကြပ်ဆိုက်တာ တွေဟာ ပြသာနာမရှိခဲ့ ပေမဲ့  ရီပတ်ပလစ် ကန် ပါတီရဲ့  လူမှုရေး အစီအစဉ် တွေဟာ ခေတ်မမှီတော့ဘူး။ လူငယ်တွေက တဟုန်တိုး တိုးတက်လာတယ်၊ အရေအသွေးစုံလာတယ်၊ မဲပေးတဲ့နေရာမှာ ပိုပြီးပွင့်လာတယ်။ နိင်ငံခြားရေးပေါ်လစီကတော့ တူသယောင်ရှိပေမဲ့  မဲဆန္ဒရှင်တွေ ရဲ့ အာရုံသိ မှာ ကမ္ဘာသစ်ကတော့ တနေရာမှာ ရှိနေပြီ ဒါပေမဲ့ မက်ကိန်းရဲ့  ရွေးကောက်ပွဲလှုပ်ရှားမှုမှာ ဒါကို ကမ္ဘာသစ် က ဘယ်မှာလည်းဆိုတာ မပြနိင်ခဲ့ဘူး။

စီအန်အန် - နေပါဦးဗျ၊ အမေရီကန်တွေက နိင်ငံခြားရေးပေါ်လစီကို ဂရုစိုက်လို့ လား။ အထူးသဖြင့် ခုလို စီးပွားရေးပြသာနာ ကြီးကို ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာပေါ့။ ''

ဇာကာရီးယား -စီးပွားရေး ကတော့ ပြသာနာကြီးတခု ဆိုတာအသေအချာပဲ။ ဒါပေမဲ့  သတိပြုရမှာက ၂၀၀၅ ခုနစ် သမတဂျော့ဘုရှ် ရဲ့ လူထုထောက်ခံမှုက မကြုံဘူးအောင် ကျဆင်းနေချိန်မှာ တောင် စီပွားရေးက ပုံမှန်လေးရှိနေခဲ့တယ်။ ကျနော်ယုံကြည်တာက တပါတီတည်းလွတ်လွတ်လပ်လပ် ကြီး လုပ်ကိုင်ဆောင်ရွက်ခွင့် ကို အမေရိကန်အများစု က ခွင့်ပြုခဲ့တယ်။ဒီအခြေအနေက အမေရိကန် က နိင်ငံတကာ သြဇာသက်ရောက်မှုကို ချိ နှဲ့ ဖို့ ဖြစ်လာခဲ့တယ်။ ရလဒ်က စစ်ရေးနည်းတခုတည်းကိုပဲ မှီခိုခဲ့ရတဲ့အတွက် ရလဒ်က အဖိုးနဂ အဖြစ်ပေးဆပ်လိုက်ရခြင်းဖြစ်တယ်။ မိစ္ဆာ အစိုးရပြောင်းလဲရေးဆိုတာ ဘုရှ် အယူဆရဲ့  အနစ်သာရ၊ မိစ္ဆာတွေကိုပြောင်းလဲပြစ်ဖို့ နည်းလမ်းက စစ်ရေးအရဆောင်ရွက်မှု။ ဒါက တကယ်တော့ သမတဟောင်း ၀ီလ်ဆင်ဝါဒ ( Wilsonianism ) ပဲ။ အီရတ်မှာပဲဖြစ်ဖြစ်၊ မြောက်ကိုးရီးယားနဲ့  အီရန်မှာပဲဖြစ်ဖြစ်။ အခြေခံအယူဆကတော့ စေ့စပ်တာ၊ သံတမာန်ရေး နည်းလည်းကိုသုံးတာတွေကိုလက်မခံပဲ
ဒီအစိုးရတွေကို ဖြုတ်ချ၊ မိတ်ဖက်ဖြစ်မဲ့သူကိုရာတင် ဆိုတာတွေပဲဖြစ်နေခဲ့တယ်။ အမေရိကန်
အများစုက ဒီအချက်ကို မြင်လာတယ်။ ဒါပေမဲ့ ဒီအချက်က သီအိုရီပဲရှိနေသေးတယ်။
ကမ္ဘာသစ်ကတော့ ရှုပ်ထွေးတဲ့နေရာမှာ ပဲရှိနေသေးတယ်။ အသွင်ကူးပြောင်းရေးကတော့ မျက်လှည်ပြလိုက်တဲ့ နည်း ဒါမှမဟုတ် စစ်အင်အားသုံးဖြေရှင်းနည်းတွေနဲ့ တော့ မဖြစ်နိင်ဘူး။

စီအန်အန် - ဒါဆိုရင် ကျနော်တို့ က ရန်သူတွေနဲ့ စေ့စပ်ရမယ်ပေါ့ ။

ဇာကာရီးယား- ကျနော်တို့  ဒီအစိုးရတွေနဲ့  ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ရမယ်။ အရင်က အတွင်းရေး မှု မဒ်ဒလင်း အော်လ်ဘရိုက်ပြောဘူးတယ်။ သံတမန်နည်းလည်းနဲ့  စကားပြောတယ်ဆိုတာ အမြဲတမ်း
ချိုသာနေစရာမလိုပါဘူး။ တကယ်က ကိုယ်ရဲ့  ခိုင်မာတဲ့ သတင်းစကားနဲ့ နားထောင်ခြင်း ကို သယ်ဆောင်
ပေးခြင်း ဖြစ်ပါတယ်။ ကျနော်လောင်းရဲ ပါတယ် - မီလိုရှီဗစ် ပဲဖြစ်ဖြစ် ကင်ယောင်အီးပဲဖြစ်ဖြစ် ကျနော်နဲ့ စကားပြောရတာ ဘယ်လို မှာ စိတ်ချမ်းသာမှမဟုတ်ဘူး။ ဟိုတလောကပဲ သမတဘုရှ် ကိုယ်တိုင်က စေ့စပ်တဲ့နည်းလမ်းဟာ လိုအပ် တယ်လို့ ယူဆလာတယ်လေ။ လွန်ခဲ့တဲ့ ၃ နစ်က မြောက်ကိုယီးယားတို့ လစ်ဗျားတို့ နဲ့  ဆွေးနွေးခဲ့တယ်မဟုတ်လား။ အိရန်နဲ့ တောင်သွေးတိုးစမ်းစကားပြောနေတယ် ပါလစ်စတိုင်းနဲ့ အစ္စရေးကြားမှာလည်း အဆင့်မြင့် ကိုယ်စားလှယ်တွေစကားပြောလာပါတယ်။ ကမ္ဘာကြီး ပူနွေးလာတဲ့ ကိစ္စမှာလည်း အမေရိကန်က အစီအစဉ်တွေလုပ်လာတယ်။ ဒါတွေ က သူရဲ့ သမတ သက်တမ်းကာလမှာ
ဆန်ကျင်ခဲ့တာဟာတွေပါ။ မဖြစ်မနေလုပ်ရတော့မယ်ဆိုတဲ့ လမ်းကြောင်းဆီကိုတော့ သူဦးတည်လာတာတွေ့ ရတယ်။ ပြသာနာက သူ စိတ်ထဲမှာ အာရုံစိုက်မှုနည်းနေသေးတာပဲ။

စီအန်အန်
- ကဲဒါဆို ရီပတ်ပလစ်ကန်ပါတီ အတွက် ခင်ဗျားရဲ့ အကြံပြုချက် က ဘာလဲ၊

ဇာကာရီးယာ- သူတို့ အနေနဲ့  ကျင့်သုံးလို့ မရတဲ့ ပေါ်လစီအဟောင်းတွေကို ကမ္ဘာကြီးက လက်မခံတော့ဘူး ၊ ကမ္ဘာကြီးက ပြောင်းလဲနေပြီ။ ရီဂင်လက်ထက်က ပြောခဲ့တဲ့ အမေရိကန် က နံပတ်-တစ် ဆိုတာ ကို ပြုပြင်ပြောင်းလဲဖို့ လိုလိမ့်မယ်။ အပေါစားစကားဖြစ်နေပြီ၊ လက်တွေ ဘ၀ ကင်းကွာနေတယ်။ အမေရိကန် ရဲ့  ခွန်အား တွေဖြစ်တဲ့ စစ်ရေး၊ နိင်ငံရေး၊ နည်းပညာ စွမ်းအား တွေကို တခြားသူတွေနဲ့ ပူးပေါင်းပြီး အသုံးပြုရမယ်။ ဒီစွမ်းရည်တွေ ပို ပြီး အသုံးကျတဲ့ ငြိမ်းချမ်းတဲ့ ကြွယ်ဝချမ်းသားတဲ့ ကမ္ဘာ ဖြစ်အောင် လုပ်ရမယ်။ ဒီကမ္ဘာမှာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့  ဒီမိုကရေစီ နဲ့ လွတ်လပ်ခြင်းဆိုတဲ့ တန်ဖိုးတွေ အာမခံချက်ရှိနေရမယ်။

ဆွေးနွေးခန်း

• ဇာကာရီးယား ရဲ့ အမေရိကန်အနေနဲ့  အီရန်၊ မြောက်ကိုရီးယား တို့ နဲ့ စေ့စပ်ရမယ်ဆိုတဲ့  အဆိုပြုချက်ကို သင်ဘယ်လိုယူဆပါသလဲ ။
• သမတသစ် အိုဘားမား က နအဖ စစ်အစိုးရ နဲ့ တွေ့ ဆုံဆွေးနွေးမှုတွေလုပ်လာနိင်တယ်လို့ ယူဆပါသလား။
• လုပ်မယ်ဆိုရင် ဘယ်လို အခြေခံမှု တွေ အပေါ်မှာလုပ်သင့်တယ်လို့ ယူဆပါသလဲ။
• ဇာကာရီးယာ နိင်ငံရေးအရ ကွန်ဆာဗေးတစ်တယောက်လား၊ လစ်ဘရယ် တယောက်လား ၊ ကြားနေ သမားတယောက်လား သင်ဘယ်လို ယူပါသလဲ။
• သူပြော တဲ့  Wilsonianism ၀ါဒ ဆိုတာ သင်ဘယ်လိုနားလည်ပါသလဲ ။ Wilosnianism ရဲ့  Central Theme - ဘာလဲ။


Summary

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Chan Myae Oo] 2 New Entries: လေ့လာတာ လွယ်ကူစေဖို့

လေ့လာတာ လွယ်ကူစေဖို့



လမ်းပြကြယ်

ကမ္ဘာ့အကောင်းဆုံးတားရော့»





လေ့လာသူမိတ်ဆွေအပေါင်း လွယ်လင့်တကူလေ့လာနိုင်ရန် မြန်မာလိုရေးထားတဲ့ POST တွေကို စုစည်းပေးထားတာပါ။ ဒီကလင့်တွေက ကျော်စရာမလိုပါဘူး




















Tattoo Tarot





အရူးထတယ်ပြောမလား တီထွင်တယ်ပြောရမလားတော့ မသိဘူးဗျာ။ သူတို့နိုင်ငံမှာဒီလိုလုပ်တာလေးတွေ့လို့ အားလုံးတွေ့ရအောင် တင်ပေးလိုက်တာပါ။ တွေ့ဖူးသွားတာပေါ့ဗျာ။ ဒါ့အပြင် ဘာမှရဖို့တော့ မရှိဘူးထင်ပါတယ်။ ဒါ့နဲ့ စကားကြုံပြောရဦးမယ်။ တားရော့ကဒ်ပြားတွေကို သွားလေရာ ဆောင်သွားချင်တဲ့ မိတ်ဆွေတွေအတွက်တော့ ဒီနည်းလေးက လန်းတယ်ဗျာ။ ကျွန်တော်တော့ အသားနာမှာကြောက်တယ်ဗျ။

အောက်မှာ youtube ကဟာ တင်ထားပေးတယ်။ ကြည့်ပေတော့ဗျို့။




You received this email because you are subscribed to the real_time feed for http://www.tarotknowledge.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အောင်မြေ] 1 New Entry: သာသနာတော်ကွယ်ပျောက်ပုံ ကွယ်ပျောက်နည်းများ (၁)

သာသနာတော်ကွယ်ပျောက်ပုံ ကွယ်ပျောက်နည်းများ (၁)




၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသာနကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။


၁။ အဓိဂမ သာသနာကွယ်ခြင်း
မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို အဓိဂမ သာသနာဟု ခေါ်ပါသည်။ ထိုတရားများသည် အဆင့်ဆင့် ကွယ်ပျောက်ကြလေသည်။ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးနောက် နှစ်တစ်ထောင် အတွင်း၌သာ ပဋိသမ္ဘိဒါလေးပါးကို ရနိုင်လေသည်။ ထိုနှစ် ကျော်လွန်သောအခါ အဘိညာဉ်ခြောက်ပါးကိုသာ ရကြ တော့သည်။ ထို့နောက် ၀ိဇ္ဇာသုံးပါးသာ ရကြတော့သည်။ ကာလကြာသော် ရဟန္တာမျှသာ ဖြစ်ကြတော့သည်။

ထိုမှ ဆင့်ကဲဆင့်ကဲ ယုတ်လျော့လာရာ အနာဂါမ်ခေတ်၊ သကဒါဂါမ်ခေတ်၊ သောတာပန်ခေတ်သို့ ရောက်သွားလေသည်။ အကြင်အခါ၌ နောက်ပိတ်ဆုံးသော သောတာပန် သေလွန်သည်။ ထိုအခါတွင် အဓိဂမ သာသနာ ကွယ်ပျောက်လေတော့သည်။

You received this email because you are subscribed to the real_time feed for http://wwwsuye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[My DiArY] 1 New Entry: ပုဇွန်ဟင်း

ပုဇွန်ဟင်း


Blog ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဒီညနေစာချက်ထားတဲ့ ပုဇွန်ဟင်းလေးစားသွားကြပါအုန်း။ ချက်နည်းကတော့ ကိုယ့်ထက်ဆရာကြီးတွေပဲမို့ မပြောပြတော့ပါဘူးနော် ။


စမူဆာကြော် ။
ဒါကအဆာပြေ ကိုAndy ဆီကနည်းနဲ့ ကြော်ထားတာလို့မထင်ပါနဲ့ ။ NTUC က Ready Made ဝယ်ပြီး ဆီအိုးထဲထည့်ပြီး ကြော်လိုက်တာပါ။ ဒါပေမဲ့ Ready Made လဲ အကျက်ညီအောင် မတူးအောင်ကြော်ရတာ ပညာသားပါတယ်လို့ ကိုယ့်ကိုကိုယ် အမှတ်ပေးလိုက်ပါတယ်။










You received this email because you are subscribed to the real_time feed for http://maymoe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောင်ငူသား] 1 New Entry: အရံ / မင်္ဂလာဦးည

အရံ / မင်္ဂလာဦးည

"အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ဤသုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်မျိုး" ဆိုတာ မြန်မာမှုနယ်ပယ်မှာ ထင်ရှားတဲ့ စကားတစ်ခုပါ။ အချိန်တန်အရွယ်ရောက်တဲ့အခါ ကိုယ်တိုင်က နှစ်သက်မြတ်နိုးလို့ပဲဖြစ်ဖြစ်၊ မိဘတွေက ထိမ်းမြားပေးလို့ပဲ ဖြစ်ဖြစ် အိမ်ထောင်ပြုကြတော့မယ် ဆိုရင် မင်္ဂလာဧည့်ခံပွဲဆိုတာ အဓိကနေရာက ပါဝင်လာပါပြီ။ မင်္ဂလာဧည့်ခံပွဲလို့ ခြုံပြောပေမယ့် တကယ့်လက်တွေ့မှာတော့ နှစ်ဖက်မိဘအသိုင်းအဝိုင်းနဲ့ မင်္ဂလာမောင်နှံတို့ရဲ့ အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး အသွင်သဏ္ဌာန်လေးတွေ ကွဲပြားသွားကြပါတယ်။


နီးစပ်ရာ မိတ်ဆွေတစ်စုကို လက်ဖက်ရည်၊ မုန့်နဲ့ ဧည့်ခံပြီး အကျဉ်းရုံး ကျင်းပကြတဲ့ ဧည့်ခံပွဲမှသည် သိန်းပေါင်းများစွာ အကုန်ကျခံပြီး အဆင့်မြင့်ဟိုတယ်ခန်းမကြီးတွေမှာ ခမ်းခမ်းနားနားကျင်းပကြတဲ့ ဧည့်ခံပွဲတွေအထိ ဘယ်လိုပင် အသွင်ပြောင်းပြောင်း တကယ့်အနှစ်သာရကတော့ မောင်နှံနှစ်ဦး နားလည်မှုရှိစွာ၊ သစ္စာရှိစွာနဲ့ သက်ဆုံးတိုင် ပျော်ရွှ့င်စွာ အတူလက်တွဲ ပေါင်းဖက်ကြဖို့ပါပဲ။


စတုတ္ထတန်းကတည်းက အခုချိန်ထိ ပြောမနာဆိုမနာ ရင်းနှီးတဲ့ သူငယ်ချင်းမတစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲအတွက် သတိုးသားအရံအဖြစ် သူငယ်ချင်းတွေထဲက ရွေးချယ်လိုက်တော့ ကျွန်တော် မဲပေါက်ပါတယ်။ မဲပေါက်တယ်ဆိုတော့ ချက်ချင်းနှိုက်တဲ့မဲမျိုး မဟုတ်ပါဘူး။ ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံနဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကြောင့် မွေးကတည်းက ပေါက်လာခဲ့တဲ့မဲမျိုးပါ။း) သူငယ်ချင်းတွေကတော့ ဝိုင်းပြီး သြဘာပေးကြတယ်။ သတိုးသားအရံဆိုတာဟာ သတိုးသားထက် ရုပ်ဆိုးတဲ့လူကို ရွေးရတယ်တဲ့။ အဲဒါမှ သတိုးသားက ပိုပေါ်လွင်တာတဲ့။ ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး။ အဘယ်သို့သော မင်္ဂလာမောင်နှံကမှ စင်ပေါ်မှာ သူတို့နဲ့ အတူတွဲပြီး ဓါတ်ပုံအရိုက်ခံ အရှုစားခံမည့်သူတွေကို ရုပ်ဆိုးဆိုးတွေ ထည့်ပါ့မလဲ။ ချောမောပြေပြစ်တဲ့သူတွေကို ခြံရံမှသာ ပရိတ်သတ်တွေ ကြည့်လို့လည်း တင့်တယ်တယ်။ ဓါတ်ပုံတွေ ဗွီဒီယိုတွေအဖြစ် တစ်သက်လုံးအမှတ်တရ သိမ်းဆည်းတဲ့အခါမှာလည်း ဘယ်အချိန်ချိန်ပြန်ကြည့်ကြည့် လှလှပပဖြစ်နေတော့မှာပေါ့။


ဒီလိုနဲ့ အခမ်းနားကျင်းပမဲ့နေ့ ရောက်တော့ ရန်ကုန်က Sedona Hotel ရဲ့ မင်္ဂလာခန်းမထဲ ဧည့်သည်တွေက တဖွဲဖွဲရောက်လာကြပြီ။ အပေါ်ထပ်က အခန်းတစ်ခုထဲမှာတော့ မင်္ဂလာမောင်နှံအပါအဝင် အရံတွေ ပန်းကြဲ ပန်းကိုင် ဗန်းကိုင်တွေနဲ့ မိဘဆွေမျိုးတွေ (အထူးသဖြင့် အမျိုးသမီးတွေ)ကို အလှဖန်တီးရှင်တစ်စုက အလှအပတွေ ပြင်ဆင်ပေးနေကြပြီ။ သတိုးသားကတော့ တောင်ရှည်ပုဆိုးတွေ ခေါင်းပေါင်းတွေနဲ့ ဆိုတော့ သူတို့လက်က မလွတ်မှာ သေချာတယ်။ အရံကတော့ ရိုးရိုးပိုးပုဆိုးနဲ့ တိုက်ပုံပဲဆိုတော့ ကိုယ့်ဘာသာ ဝတ်မယ်ပေါ့။ မရပါဘူးဗျာ။ ကိုယ့်ဘာသာ ဝတ်ရင် အဆင်မပြေဘူးတဲ့။ အင်း...သတိုးသားတော့ ဘယ်လိုနေမယ်မသိဘူး။ ကျွန်တော်ကတော့။း( ဒါတွေက ကိုယ်တိုင်ကြုံမှ သိမှာပဲ။း) သြော်... နေရခက်လိုက်တာ ပြောပါတယ်။ ဘယ်လိုပြောပြောမရဘူးလေ။ ဒီမိတ်ကပ်တွေ မတို့ပါနဲ့လို့ ပြောတာ။ မိတ်ကပ်မတို့ရင် ဓါတ်ပုံရိုက်တဲ့အခါ မျက်နှာကြီး မည်းနေလိမ့်မယ်တဲ့။ တော်သေးတာပေါ့နော့။ မိတ်ကပ်ကယ်ပေလို့။ မဟုတ်ပါဘူး။ ဓါတ်ပုံတွေ ထွက်လာတော့ သန့်သန့်ခန့်ခန့် ဖြစ်နေလို့ ပြောပါတယ်။ ဝဏ္ဏခွါနီးရဲ့ ရိုက်ချက်ကလည်း ကောင်းတော့ ပုံတွေက မိုက်တာပေါ့။


အခမ်းနားစတော့ ဟေမာနေဝင်းရဲ့ အခါတော်ပေးသီချင်းနဲ့ ခန်းမထဲ ဝင်ကြတာပေါ့။ မင်္ဂလာမောင်နှံတော့ မသိဘူး။ ကျွန်တော့်မှာတော့ မီးဆလိုက်တွေကြားထဲ သတိုးသမီးအရံလေးနဲ့ တွဲလျှောက်ရတာ ရှက်သလိုလို ပျော်သလိုလိုနဲ့ စင်ပေါ်ကို ဘယ်လိုရောက်လာမှန်းတောင် မသိတော့ဘူး။ ဦးကျော်စိုးဦးရဲ့ အစီအစဉ်တွေ မပြီးခင်ကတည်းက ဗိုက်ကဆာနေပြီ။ စားလို့လည်း ရပါပြီဆိုရော ဘယ်ရမလဲ တွယ်တာပေါ့။ ရှေ့က စားပွဲလေးပေါ်မှာ ချပေးထားတဲ့ မုန့်တွေ တစ်ခုပြီးတစ်ခု စားလိုက်။ ကော်ဖီလေးသောက်လိုက်နဲ့ တယ်လည်းကောင်းသကိုး။ စားလို့မှ မပြီးသေးဘူး။ သတိုးသား သတိုးသမီးက စင်ပေါ်ကဆင်းပြီး ပန်းကုံးတို့၊ လက်ထပ်လက်စွပ်တို့ စွပ်ပေးတဲ့ လူကြီးတွေဝိုင်းကို သွားနှုတ်ဆက်တယ်။ ပြီးတာနဲ့ ပရိတ်သတ်တွေလည်း တဖြည်းဖြည်း စပြီးပြန်ကုန်ကြပါရော။ အဆိုတော်တွေက ကိုယ်ကြိုက်တဲ့ သူတွေပဲဆိုတော့ စားသောက်ရင်း သီချင်းလေးတွေ နားထောင်မယ်လို့ ကျွန်တော်က အားခဲထားတာ။ သူတို့လည်း ဆိုချင်တာ ဆိုကြပြီး လစ်ကြပြန်ရော။ ရန်ကုန်မင်္ဂလာဆောင်များ ဘယ်လိုမှန်းကို မသိတော့ဘူး။ ပိုက်ဆံတွေ အများကြီးကုန်ထားတာ ဘယ်နှစ်နာရီမှ မခံပါလားဗျာ။


မင်္ဂလာစုံတွဲဆင်းသွားတော့ ကျွန်တော်လည်း သတိုးသမီးအရံလေးကို လှမ်းကြည့်လိုက်တယ်။ တို့လည်း ဆင်းကြမယ်ပေါ့။ ဒါနဲ့ မစားရသေးတဲ့ ရေခဲမုန့်ခွက်ကလေး ကိုင်ဆင်းလာပြီး ကျွန်တော်တို့အတွက် စီစဉ်ပေးထားတဲ့ ထိပ်ဆုံးက ထောင့်ဝိုင်းမှာ ထိုင်ပြီး ထပ်စားပြန်ရော။ သူငယ်ချင်းမက သိပ်တော်တယ်။ သူတို့နဲ့အတူ ပွဲထွက်ဖို့ ရွေးထားတဲ့ သူလေးတွေက အလှကလေးတွေချည်းပဲ။ သူတို့လေးတွေကြားထဲ ကျွန်တော်တစ်ယောက်တည်းဆိုတော့ ရှက်တာပေါ့ဗျာ။ ရှက်ရှက်နဲ့ပဲ မုန့်တွေ ထပ်စားလိုက် ကော်ဖီတွေ သောက်လိုက်နဲ့။ ပျော်စရာကြီးဗျ။း)


သူငယ်ချင်းတွေက အလိုက်ကို မသိကြဘူး။ သူတို့မနာလိုကြဘူးလေ။ ဟိုးနောက်ဝိုင်းကနေ ကျွန်တော့်ကို လှမ်းကြည့်ကြတော့ သူတို့ဆီ ထသွားရတာပေါ့။ ကျွန်တော်ဖြင့် ဝတောင်မဝသေးဘူး။ မုန့်စားတာ ပြောပါတယ်။ ဧည့်သည်တွေကုန်တော့မှ ကျွန်တော်တို့လည်း ဟိုစုံတွဲကို နှုတ်ဆက်ပြီး အပြင်ထွက်လာကြတယ်။ ဆီဒိုးနားရှေ့က အင်းလျားကန်ဘောင်ပေါ်မှာ ဓါတ်ပုံရိုက်ကြသေးတယ်။ ပြီးတော့ ဒဂုံစင်တာသွားကြမယ်တဲ့။ လုပ်ကြပုံက။ ဒဂုံစင်တာကို ကျွန်တော် ဒီဝတ်စုံနဲ့သာ သွားလို့ကတော့ မင်းသားအသစ်တစ်ယောက် ရုပ်ရှင်လာရိုက်တယ်ထင်ပြီး ဝိုင်းကြည့်ကုန်တော့မှာပေါ့။


အဲဒီညကျတော့ ညစာစားပွဲလေ။ လူကြီးတွေ မပါဘူး။ နှစ်ဖက်စလုံးရဲ့ သူငယ်ချင်းတွေချည်းပဲ ဆိုတော့ တကယ့်ကို လွတ်လွတ်လပ်လပ်ပဲ။ မလွတ်လပ်ပဲနေပါ့မလား။ ဝါးတန်းလမ်းဆိပ်ကမ်းက (အရင် Princess Resturant, အခုနာမည်တော့ မေ့နေတယ်) သဘောင်္ကြီးပုံလုပ်ထားတဲ့ ဆိုင်မှာ။ ရန်ကုန်မြစ်ပြင်က လေတဖြူးဖြူးနဲ့ ကြယ်မြင်လမြင်။ ကျွန်တော်တို့ ရောက်သွားတော့ သတိုးသားက သူ့သူငယ်ချင်းတစ်ဖွဲ့ကို သွားခေါ်နေတယ်။ သူငယ်ချင်းမက ပင်ပန်းပြီး ရုတ်တရက်နေမကောင်းဖြစ်သွားလို့ ဆေးခန်းကို မိန်းကလေးတစ်ဖွဲ့ သွားပြတယ်။ ခဏနေတော့ လိုက်သွားတဲ့မိန်းကလေးတစ်ချို့ ပြန်လာပြီး သတိုးသားအရံပူပူနွေးနွေး လက်ထဲကို ပိုက်ဆံ အထုပ်လိုက် လာထည့်တယ်။ သတိုးသမီးက အရမ်းပင်ပန်းသွားလို့ ဒီည ဆေးခန်းမှာ နားမှရမယ်တဲ့။ သတိုးသားလည်း လိုက်လာလို့ ဆေးခန်းမှာ ရောက်နေပြီတဲ့။ ဆိုင်မှာရောက်နေတဲ့ သူငယ်ချင်းတွေအားလုံးကို သတိုးသားအရံကပဲ လိုလေသေးမရှိအောင် ဧည့်ခံပေးပါလို့ အမှာစကား ပါးလိုက်လေရဲ့။ အဲဒီတော့လည်း အရံသတိုးသားတို့ ဝတ္တရားနဲ့အညီ အဓိက ကစားသမားတွေ ကွင်းထဲမှာ မရှိတဲ့အချိန်မှာ တာဝန်ကျေခဲ့ရပါတော့တယ်။


ကောင်းကင်ရဲ့ မဟူရာဧည့်ခံပွဲမှာ လမင်းကြီးက ကြယ်လေးတွေကြား တစ်ကိုယ်တည်း ဧည့်ဝတ်ကျေနေသလို၊ ရန်ကုန်မြစ်နံဘေးက မင်္ဂလာညစာစားပွဲလေးတစ်ခုမှာ အဖော်မပါတဲ့ သတိုးသားအရံလေးတစ်ယောက်က သူငယ်ချင်းတွေကြား အပြေးအလွှားဧည့်ခံနေတာကိုဖြင့်...


တစ်ခုသော ဆေးခန်းပေါ်က ကုတင်ထက်မှာ အနားယူနေရတဲ့ သတိုးသမီးရယ်၊ ကုတင်ဘေးက ထိုင်ခုံလေးမှာ ချစ်ရသူရဲ့ လက်ဖဝါးကို ခပ်ဖွဖွဆုပ်ကိုင်ရင်း ငိုက်မြည်းနေရှာတဲ့ သတိုးသားရယ်ကတော့ သိနိုင်ပါ့မလား...


သြော်... အရံမင်္ဂလာဦးညပါတကား။ ။
--------------------------------------------------------------------------------------
သူငယ်ချင်း ဇနီးမောင်နှံသို့ အမှတ်တရ။
--------------------------------------------------------------------------------------
ဆေးကွေးက စာဖတ်သူတစ်ယောက်ရဲ့ စာမူခအရ ခေါင်းစဉ်ကို (/) လေး ခံလိုက်ပါတယ်။ ပိုအဆင်ပြေသွားမယ် ထင်ပါတယ်။ ခုလိုထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ နောက်လည်း မြင်မိတာလေးတွေ ထောက်ပြပေးပါ။ ကြိုဆိုလျက်။ ။ တောင်ငူသား

You received this email because you are subscribed to the real_time feed for http://taungoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုတိုးလေး..............] 1 New Entry: မနှုတ်ဆက်ပါနဲ

မနှုတ်ဆက်ပါနဲ

တိုးတိတ်ညင်သာလွန်းတယ်
ဒါပေမယ့်...
နှလုံးသားရဲ့အနက်းရှိုင်းဆုံးကို ဆူးဆူးနစ်နစ်ပါပဲ
အိပ်မက်ချို ပြင်းရှရှ တစ်ခွက်သောက်လိုက်ရသလိုပဲ
ရင်ဘတ်ထဲမှာ လှိုင်းထသွားတယ်
အခန်းဆက် ၀တ္ထုတွေမဖွဲ့ တက်ပါဘူး
ဟန်ဆောင်မှုတွေနဲ့ လည်း စကားလုံးတွေ မဖွဲ့ သီပါဘူး
ကိုယ်ရေးတဲ့ စာတွေ
မင်းအတွက် တစ်မျက်နှာစာ
အချစ်သက်သေတွေပါပဲ
ထားခဲ့မယ်ဆိုရင်လည်း ......
မနှုတ်ဆက်ပါနဲ့ 
လက်မပြပါနဲ့  ချန်ရစ်လို့  ကျန်ခဲ့ရတဲ့
ဝေဒနာက ခါးသီးလွန်းလို့ ပါ အချစ်ရယ်...........

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[NYI LYNN SECK 18+ DEN] 1 New Entry: Friend's Wedding

Friend's Wedding






ဒီနေ့ မနက် ကျွန်တော့်သူငယ်ချင်း ချမ်းငြိမ့်ကိုနဲ့ အေးစုတို့ရဲ့ ဘုရားကျောင်းက မင်္ဂလာ အခမ်းအနားကို သွားပါတယ်။ ရေကြောင်းသိပ္ပံမှာ ချမ်းငြိမ့်ကိုရယ်၊ ကျွန်တော်ရယ်၊ မင်းမင်းဦးရယ်၊ ရန်လင်းရယ်၊ မင်းခန့်ကိုရယ်က တော်တော် တွဲဖြစ်ကြတယ်။ နောက်ပိုင်းကျတော့ ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်နေလိုက်ကြတာ တော်တော် မတွေ့ဖြစ်ကြတော့ဘူး။ ချမ်းငြိမ့်ကိုနဲ့ ရန်လင်းက သင်္ဘောဆက်လိုက်တယ်။ မင်းမင်းဦးက စင်္ကာပူမှာ ကျောင်းတက်နေတယ်။ မင်းခန့်ကိုက မိသားစု စီးပွားရေး ဆက်လုပ်တယ်။ ကျွန်တော်က တောင်ရောက်မြောက်ရောက်။ ဒီတစ်ခေါက် ပြန်တွေ့တော့ သူတို့ မင်္ဂလာဆောင် ဖိတ်စာရတယ်။ မနက်ကျတော့ မင်းခန့်ကိုက မန္တလေးကနေ ရောက်ချလာတယ်။ ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက် အဲဒီကို သွားကြပါတယ်။ မင်္ဂလာအခမ်းအနားကို ခရစ်ယာန် ထုံးစံအတိုင်း စိန့်မေရီ ဘုရားကျောင်းမှာ ကျင်းပပါတယ်။ ဒီဘုရားကျောင်းကို မရောက်ဖြစ်တာတောင် အတော်လေး ကြာခဲ့ပြီ။ အခုမှ ပြန်ရောက်တော့တယ်။ သူတို့ နှစ်ယောက်စလုံး ရွှင်လန်းပြီး လှပနေကြတယ်။ ဓမ္မတေးသံတွေက Church ထဲမှာ ပြန့်လွင့်နေတယ်။ ချစ်ခင်တဲ့ သူငယ်ချင်းနှစ်ယောက် ထာဝရ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးခဲ့တယ်။ ညနေ ဆီဒိုးနားက အခမ်းအနားကိုတော့ ကျွန်တော် တက်နိုင်တော့မယ် မထင်ဘူး။ သူငယ်ချင်းတွေ ကိုတော့ တွေ့ချင်သား။ 


Mark 10: 6-9 

Jesus said: At the beginning of creation God made them male and female; For this reason a man shall leave his father and mother and the two shall become as one. They are no longer two but one flesh. Therefore let no man separate what God has joined. 

You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆောင်း] 1 New Entry: အင်္ဂလန် နှင့် ကျွန်မ - ၈

အင်္ဂလန် နှင့် ကျွန်မ - ၈


အခုတလော လက်နာတာနဲ့ အလုပ်ရှုပ်တာတွေကြောင့် စာမရေးဖြစ်ပါဘူး။ ဘလော့ကိုလည်း ခေတ္တ နားမလို့လည်း ကြံနေပါတယ်။ ဒါပေမဲ့ ရင်ထဲက ကြည်နူးမှု့လေးတွေကို ဖွင့်အန်လိုက်ချင်လို့ ကျွန်မဆောင်း တယောက် ဘလော့ပေါ်ရောက်လာရပြန်ပါပြီ။

Merrit Wood College လို့ ခေါ်တဲ့ အတတ်ပညာသင် ကောလိပ်ကလေးကို တာဝန်ကျလို့ ရောက်ခဲ့ ရပါတယ်။ ပထမနေ့မှာ ဘတ်စ်ကားစီးပြီး ဆင်းရမဲ့မှတ်တိုင် ကို သတိပေးဖို့ ဒရိုင်ဘာကြီး ကိုပြောတော့ တကားလုံး ကောလိပ်မှာ ဆင်းမဲ့ ကျောင်းသားတွေဘဲလို့ ပြောပါတယ်။ မှတ်တိုင်တစ်ခုမှာ ခရီးသည် အကုန်ဆင်းတော့ ယောင်တောင် ပေါင်တောင်နဲ့လိုက်ဆင်း ရတာ ပေါ့။ ရှေ့က သွားနေတဲ့ ကျောင်းသူ ကျောင်းသားတွေ နောက် မျက်ခြေမပြတ်အောင် လိုက်ရတယ်။ ကောလိပ် သာ ဆိုတယ် မျက်မဲခေါင်ခေါင် သစ်ပင်ကြီးတွေ အုံ့ဆိုင်းနေတဲ့ သစ်တောလို့တောင် ထင်ရတယ်။ အ၀င် အုတ်နံရံကျော်တာနဲ့
ရုပ်တရက် တွေ့ရတာက လယ်ကွင်းတွေ ခြံတွေ ဟာ လိုက်ကာဖွင့်လိုက်သလို... တမျှော်တခေါ်ကြီးပါဘဲ။ ခြံတခုမှာ သိုးတွေ အုပ်စုလိုက် မြက်စားနေတော့ သဘောကျပြီး ဖုံးထဲက ကင်မရာနဲ့ရိုက်တာကို သိုးတွေက ကျမကို ခေါင်းထောင်ကြည့် ကြရော...

သိုးတွေကို ဓါတ်ပုံ အကြာကြီးရိုက်ရင် အရှေ့က အုပ်စုကို မျက်ခြေပြတ်မှာစိုးလို့ ကမန်းကတမ်း ကျောင်းသားအုပ်စု နောက်က တကောက်ကောက် လိုက်ရပြန်တယ်။ ကတ္တရာလမ်း တလျောက် ဂိုဒေါင်တွေ ခြံတွေ ဖြတ်ကျော်လို့ စာသင်ခန်းတထပ်တိုက် လေးတွေ တွေ့ရပြန်တယ်။ လမ်းညွှန်ဆိုင်းဘုတ်အရ သွားချင်တဲ့ရုံးက ကျောင်းဝင်းရဲ့ အတွင်းဘက်ကို ထပ်သွားရသေးတယ်။ လမ်းမရဲ့ ဘယ်ရော ညာရော တထပ်တိုက် စာသင်ခန်းလေးတွေရယ် ကျယ်ပြန့်လှတဲ့ မြက်ခင်းစိမ်းစိမ်း ခြံကြီးတွေ အရွက်တွေ ၀ါနေတဲ့ သစ်ပင်ကြီးတွေရယ်နဲ့ လေ... ကြည့်လိုက်ရင် စိတ်ထဲ လွတ်လပ်အေးချမ်းသလို ခံစားရပါတယ်။

ဟိုကွေ့ ဒီကွေ့နဲ့
အားကစားကွင်း စားသောက်ဆိုင်တန်း ကျောင်းဆောင်တွေ ကျော်ဖြတ်ပြီး လမ်းအဆုံးရဲ့ နောက်ဆုံးတိုက်အိုအိုကလေး ကိုရောက်မှ ကိုယ်သွားချင်တဲ့နေရာ မှန်းသိရပါတယ်။ ကောလိပ်သာဆိုပေမဲ့ ဝေါသရင်းဟိုက်ထဲက သူဌေးကြီးနေတဲ့ အုတ်နီကြီးနဲ့ ၂ထပ်တိုက်လေးပုံစံပါ။ ရုံး ဆိုပါတော့။ အဲဒီမှာ တာဝန်ခံနဲ့တွေ့ပြီး လုပ်ရမဲ့ တာဝန်တွေ ရှင်းပြပါတယ်။ အဖွဲ့သားတွေနဲ့လည်း တွေ့ရပါတယ်။

ဒါနဲ့ ကျွန်မတို့လည်း တခန်းဝင်တခန်းထွက်နဲ့ တာဝန်ယူလုပ်ရမဲ့အချက်တွေ ပြုစုရပါတယ်။ နေ့လည် ရောက်တော့ ထမင်းစားဖို့ ရုံးကထုတ်ပေးတဲ့ ၄ပေါင်တန် ကူပွန် နဲ့ ထမင်းစားကြပါတယ်။ ကိုယ်ကြိုက်တဲ့ အစားအစာ ရွေးယူနိုင်ပါတယ်။ စုစုပေါင်းကျသင့်ငွေ ၄ပေါင်ထက် နည်းရင် ပြန်မအမ်းပါဘူး။ ၄ပေါင်ထက် များရင် ကိုယ့်ငွေ ထပ်ပေး ရပါတယ်။ ကျွန်မအပါအ၀င် အဖွဲ့သား၎ယောက်စလုံး တဦးကိုတဦး မောင်နှမ တွေလို ရိုင်းပင်းကြပါတယ်။ အကြံဥာဏ်ပေးကြပါတယ်။ အဖွဲ့သားတွေက အင်္ဂလိပ်မလေးရယ် ဂရိ
တဦးရယ် ပိုလန်တဦးရယ် ဆောင်းရယ်ပေါ့နော်။

ဆောင်းတာဝန်ကျတဲ့ စာသင်ခန်းတွေက တိရိစ္ဆာန်ထိန်းသိမ်းရေးသင်တန်းနဲ့ ကွန်ပျူတာ စက်ခန်း ဆိုပါတော့။
အထူးပရောဂျက်အတွက် ဆောင်းတို့က စာသင်ခန်းတွေ လိုက်စစ်ပေးရပါတယ်။ တနာရီတခါ စာသင်ခန်း တွေ လှည့်ပြီး စစ်ဆေး ရတာ ကျောင်းသူ ကျောင်းသားတွေအတွက် တော့ နဲနဲ ထူးဆန်း နေမှာပေါ့။ ဘာလိုလိုနဲ့ တာဝန်ထမ်းဆောင်ပြီး ၃ရက်လည်းပြည့်ရော ဆောင်းရောက်လာရင် အတန်းထဲက ကလေးတွေ က လက်ဝှေ့ရမ်းပြီး နှတ်ဆက်တယ်ရှင့် အဟင်းဟင်း ကိုယ့်ကို နောက်တာဘဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ပုံစံက ရယ်စရာ ဖြစ်နေလို့ဘဲ ဖြစ်ဖြစ်၊ မတတ်နိုင်ဘူး ရယ်ကျဲကျဲနဲ့ ပြန်ပြုံးပြီး ရှက်ရှက်နဲ့ လစ်ရတာပေါ့။

ဒီလိုနဲ့ နောက်ဆုံးနေ့ ဒီနေ့ကို ရောက်လာတဲ့အခါမှာ နောက်ဆုံးတာဝန်ထမ်းဆောင်ရမဲ့နေ့ ဆိုတဲ့စိတ်နဲ့ နဲနဲတော့ ဒီကောလိပ်လေးကို သံယောဇဉ်ဖြစ်မိတာပေါ့ရှင်။ အလုပ်ချိန်ရောက်တော့ တာဝန်အရ စာသင်ခန်းထဲအသွား စာသောက်ဆိုင်ဘေးက အဖြတ်... မမျှော်လင့်တဲ့ နုတ်ဆက်မှု့လေးကြောင့် တကယ် ပီတိဖြစ်ရပါတယ်။ ကျောင်းသူလေး ၄ယောက် ဆောင်းကို လက်ဝှေ့ရမ်းပြီး ဟေး .. ဟေး ... နဲ့ နှတ်ဆက်တာ ကိုယ်လည်း ကလေးတွေနဲ့ရောပြီး ကြည်နူးမိ သွားတယ်။ ဒီနေ့ ကိုယ့်အလုပ်ဟာ နောက်ဆုံးနေ့ပါ လို့ပြောတော့ သူတို့လေးတွေ က စိတ်မကောင်းတဲ့မျက်နှာနဲ့ ဘယ်တော့ ပြန်လာအုန်းမလဲတဲ့ .... ကျွန်မရဲ့ ရင်ထဲ မှာလေ....

ဒါနဲ့ သူတို့လေးတွေနဲ့ အမှတ်တရ ဓါတ်ပုံရိုက်လိုက်တယ်။ မမျှော်လင့်တဲ့ ကလေးတွေရဲ့ မေတ္တာရလိုက်တော့ ကြည်နူးမိတယ်။ သူတို့လေးတွေကို နုတ်ဆက်ပြီး ကွန်ပျူတာ အဆောင်ဘက် သွားစစ်ပါတယ်။ ပြီးတော့
တိရိစ္ဆာန်ထိန်းသိမ်းရေးဌာနက စာသင်ခန်းတွေ လိုက်စစ်ဖို့အရောက် စာသင်ခန်းထဲက တတန်းလုံးနီးပါး ဆောင်းကို လက်ဝှေ့ရမ်းပြီး ဟေး .. ဟေး... ဟေး.. နဲ့ ပြုံးပြီး နုတ်ဆက်တာလေ... စာသင်တဲ့ဆရာမတောင် ကြောင်သွားတယ်။ ကိုယ်ကလည်း အခန်းအပြင် မှန်ပြူတင်းပေါက်ကနေ ပြုံးပြီး လက်ဝှေ့နုတ်ဆက် လိုက်တာပေါ့။ ထားပါလေ.. ဒီအခန်းထဲမှာ ခနက တွဲရိုက်ခဲ့တဲ့ ကောင်မလေးတွေ ပါနေမှာပါ။

နောက်ကပ်ရက်က စာသင်ခန်းကို ခြေဦးလှည့်တော့လည်း တခန်းလုံးနီးပါး လက်ဝှေ့ရမ်းပြီး ပြုံးနုတ်ဆက် ပြန်ရော စာသင်တဲ့ဆရာမကလည်း ပြုံး
ပြုံး ပြုံးပြုံးနဲ့ .. ကိုယ်လည်း ရှက်တာရော ၀မ်းသာတာရော အမှားမှား အယွင်းယွင်း ဖြစ်လို့..

တကယ်ကြည်နူးမိပါတယ် လုံးဝ မထင်ထားပါဘူး။ ကျွန်မ အမှန်အတိုင်းဝန်ခံရရင် အဲဒီဌာနကို မသွားချင်ဘူး။ အဲဒီဌာနမှာ ခွေးလှောင်အိမ်တွေ ရှိတယ်။ ငှက်ကလေးတွေရှိတယ်။ ယုန်ကလေးတွေ အမျိုးစုံရှိတယ်။ သိုးတွေရှိတယ်။ ကြောင်ဝတုတ်လေးတွေရှိတယ်။ Jerrasic Park ထဲက လည်ပင်းကော်လာနဲ့ ဒိုင်နိုဆော အကောင်လေးတွေရော။ လိပ်ကလေးတွေရော အစုံဘဲ။ ညီစော် အညစ်ကြေးစော် နံလွန်းလို့ အဲဒီဌာနကို သွားရင် ငိုချင်တယ် တကယ် တကယ်။ တာဝန်အရ အဲဒီနေရာကို တနာရီတခါ သွားစစ်ရတယ်။ သွားရင် အသက်ကြာကြာ အောင့်ထားလို့ လည်းမရ။ စိတ်ညစ်ပြီး နောက်ဆုံးနေ့ မှာ သူများနဲ့ တာဝန်လဲ ယူမယ် တောင် ကြံမိတာ. .

ကလေးတွေက တိရိစ္ဆာန်ထိန်းသိမ်းရေးသင်တန်းကို အထူးပြုယူထားတော့ စကားမပြောတတ်တဲ့ သနားစရာ့ တိရိစ္ဆာန်လေး တွေကို ချစ်တတ်တယ်ဆိုကထဲက တကယ် ရင်ထဲက အကြင်နာ စေတနာတွေပါလို့ သာ ဒီသင်တန်းကို တက်ကြတာပါ။ ဒါကြောင့် တာဝန်အရ ခနလေး လာတဲ့ဆောင်းကို တောင် စကားမပြောဘူး ပေမဲ့လဲ ချစ်ခင်ကြတာဘဲလို့ တွေးမိတယ်။ တာဝန်ကျတဲ့ ကျန်တဲ့ သူငယ်ချင်း၃ယောက်ကို ဒီလိုမျိုး နုတ်ဆက်တာ မျိုးတော့ မရှိဘူးတဲ့။ ဆောင်းစစ်ဆေးရတဲ့ နေရာ ၂ခုမှာ ဒီအဖွဲ့ကသာ ဆောင်းကို ပြုံးတာ နုတ်ဆက်တာ ရှိတယ်. ဘာဘဲ ဖြစ်ဖြစ် ကျွန်မဆောင်းအတွက် ကြည်နူးပီတိဝေတဲ့နေ့လေးပေါ့ရှင်။

သြော် ဒါနဲ့ စကားမစပ် စာသင်ခန်းတွေ စစ်ဆေးရင်း ကျောင်းသူကျောင်းသားတွေ အခန်းအပြင်မှာ မတ်တပ်ရပ်ပြီး တံခါးလာဖွင့်ပေးမဲ့ ဆရာမကို စောင့်နေတာ တွေ့ရင် စိတ်ထဲ မကောင်းဘူး။ အခန်းအပြင်မှာ အကြာကြီး မတ်တပ်ရပ်နေရတဲ့ ကလေးတွေကို သနားလို့ ကျွန်မက စာသင်ခန်း သော့အမြဲဖွင့်ပေးခဲ့ ပါတယ်.. ကျေးဇူးတင်ပါတယ်လို့ပြောတာလေးတွေက ကျွန်မအတွက် အမှတ်တမဲ့ဖြစ်ခဲ့ပေမဲ့

မေတ္တာပေး၍
မေတ္တာရခဲ့ရပါသည်။

ဘာနဲ့မျှ မလဲနိုင်ပါ......

ဆောင်း
၁၄ နိုဝင်ဘာ ၂၀၀၈

ပီကာဆာမှာ ဓါတ်ပုံတွေတင်ထားပါတယ် ဒီပို့စ်မှာ ထဲ့ချင်လို့ မထဲ့တတ်လို့ သိသူများရှိရင်သင်ပေးကြပါနော်

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 1 New Entry: ရွာဆန်သော......ကမ္ဘာကြီး သို့

ရွာဆန်သော......ကမ္ဘာကြီး သို့

ကမ္ဘာကြီးက ရွာဆန်တယ်တဲ့
မှန်သင့်သလောက် မှန်ပါတယ်
အခုတွေ့ချင်လား ဖြက်ခနဲ့ Webcam ပြ
ဆက်ခနဲ့ Phone ကောက်ဆက်
လွယ်လိုက်တဲ့ ဖြစ်ခြင်း

ဒါပေမယ့်
မိဘရင်အုပ်ကနေ သားသမီးတွေ
တဖြည်းဖြည်း အဝေးရောက်နေတာ
သတိမထားမိကြတဲ့ အဖြစ်

ရွာဆန်လွန်းတဲ့ ကမ္ဘာကြီးမှာ
သားသမီးဆုံးတာ မမှီလိုက်တဲ့မိဘတွေ
မိဘဆုံးတာ အချိန်မှီမပြန်နိင်တဲ့ သားသမီးတွေ
အများကြီး ရှိနေတယ်


ရွာဆန်တာ ကောင်းတယ်
ရွာပျက်အောင် ဆန်တာတော့ မကောင်းဘူး
အဲဒီအဆန်ဆုံးထဲမှာ အဆန်ဆုံးဖြစ်နေတာ
ပိုဆိုးတယ်

ကျွန်တော့်ဆန္ဒအရ
ကမ္ဘာကြီး ရွာမဆန်ချင်နေပါစေ
လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ
သူချစ်ခင်တဲ့သူ ၊ သူအနားမှာ ရှိစေချင်တဲ့သူ
အနားမှာ ရှိနေဖို့ပဲ ကျွန်တော်မျှော်လင့်တယ်

ဘ၀ကို ငွေကြေးနဲ့ လဲလှယ်နေရသူတွေ........နည်းပါစေ
ဆန္ဒနဲ့ ဘ၀ကို လဲလှယ်နေရသူတွေ ............နည်းပါစေ
ဘ၀ကို ဘ၀လို ပီပင်စွာ တည်ဆောင်နိင်ကြပါစေ

ဆုတောင်းတာ မဟုတ် မျှော်လင့်တာ
မျှော်လင့်တာ မဟုတ် ဖြစ်စေချင်တာ
ဖြစ်စေချင်တာ မဟုတ် လုပ်စေချင်တာ
ဒါကျွန်တော့် ဆန္ဒပါ






You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[J] 1 New Entry: Sport - Football ဘောသမားတို့ အတွက် လေလံ

Sport - Football ဘောသမားတို့ အတွက် လေလံ

ဘောလုံးဝါဒနာ အိုးများ စုဆောင်းလိုသူများ အတွက် လေလံပွဲ

programme

၁၈၉၂ခုနစ် ဘောလုံးပွဲ အစီအစဉ် ဖြတ်ပိုင်းဖြစ်ပါတယ်။ Arsenal ကို ၁၈၈၆တွင် Dial Square အမည်ဖြင့် ဖွဲ့ပြီး ၆နစ်အကြာတွင် မြို့အမည် Arsenalကို ပြန်ပြောင်းခေါ်ခဲ့ပါသည်။

အာဆင်နယ် အားပေးသူများ လေလံပွဲ တက်ရောက်နိုင်ပါသည်။

ပုံ
ဂျေ
ပွပွဲ အုတ်ကထ
အာ..... မှားသွားလို့ လေလံပွဲ ဥက္ကဌ

You received this email because you are subscribed to the real_time feed for http://joyful4all.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.