Sunday, November 16, 2008

[We Fight We Win. -- " More than Media "] 2 New Entries: ဟေလာရီကလင်တန်နဲ့  ဘေလ် ရီချပ်ဆန်ကို အိုဘားမား တာဝန်ပေးဖို့ စဉ်းစားနေ

ဟေလာရီကလင်တန်နဲ့  ဘေလ် ရီချပ်ဆန်ကို အိုဘားမား တာဝန်ပေးဖို့ စဉ်းစားနေ

- ကို -

ရွေးချယ်ခံ သမ္မတ အိုဘားမား ( Obama) ဟာ
ယခင် ရွေးကောက်ပွဲ ပြိုင်ဘက်ဟီလာရီကလင်တန် ( Hillary Clinton )နဲ့  ဘေလ်ရစ်ချန်ဆန် (Bill Richardson )တို့ကိုတွေ့ဆုံ မေမြန်းခဲ့ပြီး၊ သူ့ရဲ့ ယခင်ပြိုင်ဘက်ဟောင်း တွေ ကိုအစိုးရသစ်ရဲ့အုပ်ချုပ်ရေးဆိုင်ရာ ၀န်ကြီးရာထူးသစ်တွေအတွက် ရွေးချယ်ဖို့ စဉ်းစားနေတယ်လို့  ဒီမိုကရက်ပါတီက ပြောခွင့်ဆိုခွင့်ရှိသူက ဆိုပါတယ်။

အိုဘားမား ဟာ ဟီလာရီ ကလင်တန် နဲ့ ချီကာဂိုရုံးခန်းမှာ တစ်ရောက်ချင်းတွေ့ဆုံခဲ့ပြီး၊ နောက်တစ်နေ့ ရစ်ချပ်ဆန် နဲ့  သောကြာနေ့ နေ့လည်ပိုင်းကတွေ့ဆုံခဲ့ပါတယ်လို့ သိရပါတယ်။ အိုဘားမားက အဲဒီမှာပဲ သူရဲ့ရီပက်ဘလီကန် အတိုက်အခံ ဂျွန်မက်ကိန်း (John McCain )နဲ့ လည်း တနလာင်္ နေ့မှာတွေ့ဆုံဖို့ ရည်ရွယ်ခဲ့ပေမ၊ဲ့ အကြံပေးအရာရှိများ ကတော့ အိုဘားမားဟာ မက်ကိန်း ကို အုပ်ချုပ်ရေးရာထူးအတွက် စဉ်းစားလိမ့်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

အိုဘားမား က ဟေလာရီ နဲ့သူ့ရဲ့ပြိုင်ဘက် ကို ဝန်ကြီးအဖွဲ့ရဲ့ အမြင့်ဆုံးရာထူးတစ်နေရာနဲ့ နိုင်ငံတော် သံတမန် ရေးရာ အကြီးအကဲ အဖြစ် ဆောင်ရွက်စေလိမ့်မယ်ဆိုတဲ့ အချက်က အကြီးအကျယ် အငြင်းပွားစေခဲ့တယ်။ ဒါပေမယ့် အဲဒီရာထူးယှဉ်ပြိုင်မှုအတွက် သူမရဲ့ အနေအထား ဘယ်လိုရှိတယ်ဆိုတာကတော့ အခြားသော ဒီမိုကရက် ပါတီဝင်တွေလိုပဲ မေးစရာ ဖြစ်လာပါတယ်။ ရစ်ချပ်ဆန် ကိုလည်း ထိုနည်းလည်းကောင်းပါပဲ။

သူတို့ နစ်ဦးတည်း အတွက်သာ ဒီရာထူးအတွက်ရွေးချယ်ခံ မဟုတ်ဘူးလိုံ့ အိုဘားမားက ဆိုပါတယ်။ သမ္မတရဲ့ ၀ါရင့်အကြံ ပေးကတော့ ဒီရာထူးအတွက်ရွေးချယ်မှုမှာ အိုဘားမားကဘယ်သူ့ကိုမျက်နှာသာပေးတယ်ဆိုတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဘေလ် ရစ်ချပ်ဆန် က ၁၉၉၄ ခုနစ် ၀န်းကျင်မှာ မြန်မာ ပြည်ကိုရောက်ဖူးပြီး ကိုမင်းကိုနိင်ကို အမေရိကန် ကိုခေါ်ယူဖို့ ဆန္ဒ ရှိခဲ့ပါတယ်။ မြန်မာ့အရေး ကိုအထူးကျွမ်းကျင်သူတဦးဖြစ်ပါတယ်။ တိုင်းပြည်အရေး အတွက် ပြိုင်ဖက်လို သဘောမထားပဲ တာဝန်ပေးဖို့ ခေါ်ယူ ဆွေးနွေးတာကတော့ အမေရိကန် ဒီမိုကရေစီမှာ လေးစားစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာ ဒီမိုကရေစီခေါင်းဆောင်တွေ မှာလည်း ဒီလို စိတ်ထားမျိုးမွေးမြူနိင် ကြပါစေ။ ။

- ကို -



Summary

Rest of your post

နယူးဝိစ် မဂ္ဂဇင်း အယ်ဒီတာ ဖရက်ဒ် ဇာကာရီးယား နဲ့ အင်တာဗျူး


ကမ္ဘာ ကျော် နယူးဝိစ် မဂ္ဂဇင်း အယ်ဒီတာ ဖရက်ဒ် ဇာကာရီးယား ကို စီအန်အန် နိင်ငံတကာရေးရာ ကျွမ်းကျင်သူသတင်းကတွေ့ ဆုံမေးမြန်းခန်းကိုဖေါ်ပြလိုက်ပါတယ်။ ဖရက်ဒ်ဇာကာရီးယားက အိန္ဒိယ နွယ်ဖွား အမေရိကန် နိင်ငံသားတဦးဖြစ်ပါတယ်။ သူရဲ့ နိင်ငံရေး သုံးသပ်ချက်တွေဟာ အမေရိကန် နိင်ငံရေးနဲ့ ပညာရှင်လောက မှာ သြဇာရှိသူတဦးဖြစ်ပါတယ်။ သူ က ၂၀၀၈ ခုနစ် ရွေးကောက်ပွဲမှာ ဘာကြောင့် ရီပတ်ပစ်ကန်တွေ ရှုံးနိမ့် သွားရတာနဲ့ ပတ်သက်လို့  သူ့ ရဲ့ အမြင်တွေကို ဆွေးနွေးထားပါတယ်။

စီအန်အန် - ဖရက်ဒ်ဇာကာရီရာအနေနဲ့  ရီပတ်ပလက်ကင်ပါတီက လမ်းမှန်ကိုရောက်ဖို့ အတွက် ဘာလုပ်သင့်တယ်လို့ မြင်ပါသလဲ ။ တကယ်လို့  ရွေးကောက်ခံ သမတ ဘားရက် အိုဘားမား နဲ့ ဒီမိုကရက်တွေ ရဲ့  ပြောင်းလဲရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ အကြီးအကျယ်အောင်ပွဲ ခံ တယ်။ ဘာကြောင့် ဆီနိတ်တာ ဂျွန်မက်ကိန်း အနေနဲ့  အရှုံး ကိုရင်ဆိုင်ခဲ့ရသလဲ လို့ ထင်ပါသလဲ။


ဇာကာရီးယား - ကျနော်ယူဆတာကတော့ ဆုံးရှုံးရတဲ့ အခြေအနေမှာ အကြောင်းအချက်တွေအများကြီး ပါဝင်နေတယ်။ နောင်ကိုအောင်ပွဲခံနိင်ဖို့ အတွက် သူတို့ ရဲ့ အယူဆတွေ ပြန်လည်သုံးသပ်ဖို့ လိုမယ်။

စီအန်အန် - ဒါဟာ သူတို့ အယူဆကြောင့် ..။ ဟုတ်လား။ သူတို့ ရဲ့ ဗျုဟာ ကြောင့်မဟုတ်ဘူးလား။

ဇာကာရီးယား -ရီပတ် ပလက်ကန် ပါတီဟာ အကျိုးရှိတဲ့အယူဆ ဒါမှမဟုတ် မှားယွင်းတဲ့ အယူဆပေါ် မှာ ရပ်တည်နေတဲ့ ပါတီတခုတော့ ဖြစ်လာပြီ။ ရီဂင်-သက်ချာ ခေတ်မှာ အခွန်တွေ ကိုလျော့ ချ ကောက်ခံတယ်ဆိုတာ တော်လှန်တဲ့ အယူဆ၊ ငွေကြေးဆိုင်ရာ တွေမှာ စည်းမျဉ်းသစ်တွေကို ရေးဆွဲတာ ငွေကြေး အကြပ်ဆိုက်တာ တွေဟာ ပြသာနာမရှိခဲ့ ပေမဲ့  ရီပတ်ပလစ် ကန် ပါတီရဲ့  လူမှုရေး အစီအစဉ် တွေဟာ ခေတ်မမှီတော့ဘူး။ လူငယ်တွေက တဟုန်တိုး တိုးတက်လာတယ်၊ အရေအသွေးစုံလာတယ်၊ မဲပေးတဲ့နေရာမှာ ပိုပြီးပွင့်လာတယ်။ နိင်ငံခြားရေးပေါ်လစီကတော့ တူသယောင်ရှိပေမဲ့  မဲဆန္ဒရှင်တွေ ရဲ့ အာရုံသိ မှာ ကမ္ဘာသစ်ကတော့ တနေရာမှာ ရှိနေပြီ ဒါပေမဲ့ မက်ကိန်းရဲ့  ရွေးကောက်ပွဲလှုပ်ရှားမှုမှာ ဒါကို ကမ္ဘာသစ် က ဘယ်မှာလည်းဆိုတာ မပြနိင်ခဲ့ဘူး။

စီအန်အန် - နေပါဦးဗျ၊ အမေရီကန်တွေက နိင်ငံခြားရေးပေါ်လစီကို ဂရုစိုက်လို့ လား။ အထူးသဖြင့် ခုလို စီးပွားရေးပြသာနာ ကြီးကို ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာပေါ့။ ''

ဇာကာရီးယား -စီးပွားရေး ကတော့ ပြသာနာကြီးတခု ဆိုတာအသေအချာပဲ။ ဒါပေမဲ့  သတိပြုရမှာက ၂၀၀၅ ခုနစ် သမတဂျော့ဘုရှ် ရဲ့ လူထုထောက်ခံမှုက မကြုံဘူးအောင် ကျဆင်းနေချိန်မှာ တောင် စီပွားရေးက ပုံမှန်လေးရှိနေခဲ့တယ်။ ကျနော်ယုံကြည်တာက တပါတီတည်းလွတ်လွတ်လပ်လပ် ကြီး လုပ်ကိုင်ဆောင်ရွက်ခွင့် ကို အမေရိကန်အများစု က ခွင့်ပြုခဲ့တယ်။ဒီအခြေအနေက အမေရိကန် က နိင်ငံတကာ သြဇာသက်ရောက်မှုကို ချိ နှဲ့ ဖို့ ဖြစ်လာခဲ့တယ်။ ရလဒ်က စစ်ရေးနည်းတခုတည်းကိုပဲ မှီခိုခဲ့ရတဲ့အတွက် ရလဒ်က အဖိုးနဂ အဖြစ်ပေးဆပ်လိုက်ရခြင်းဖြစ်တယ်။ မိစ္ဆာ အစိုးရပြောင်းလဲရေးဆိုတာ ဘုရှ် အယူဆရဲ့  အနစ်သာရ၊ မိစ္ဆာတွေကိုပြောင်းလဲပြစ်ဖို့ နည်းလမ်းက စစ်ရေးအရဆောင်ရွက်မှု။ ဒါက တကယ်တော့ သမတဟောင်း ၀ီလ်ဆင်ဝါဒ ( Wilsonianism ) ပဲ။ အီရတ်မှာပဲဖြစ်ဖြစ်၊ မြောက်ကိုးရီးယားနဲ့  အီရန်မှာပဲဖြစ်ဖြစ်။ အခြေခံအယူဆကတော့ စေ့စပ်တာ၊ သံတမာန်ရေး နည်းလည်းကိုသုံးတာတွေကိုလက်မခံပဲ
ဒီအစိုးရတွေကို ဖြုတ်ချ၊ မိတ်ဖက်ဖြစ်မဲ့သူကိုရာတင် ဆိုတာတွေပဲဖြစ်နေခဲ့တယ်။ အမေရိကန်
အများစုက ဒီအချက်ကို မြင်လာတယ်။ ဒါပေမဲ့ ဒီအချက်က သီအိုရီပဲရှိနေသေးတယ်။
ကမ္ဘာသစ်ကတော့ ရှုပ်ထွေးတဲ့နေရာမှာ ပဲရှိနေသေးတယ်။ အသွင်ကူးပြောင်းရေးကတော့ မျက်လှည်ပြလိုက်တဲ့ နည်း ဒါမှမဟုတ် စစ်အင်အားသုံးဖြေရှင်းနည်းတွေနဲ့ တော့ မဖြစ်နိင်ဘူး။

စီအန်အန် - ဒါဆိုရင် ကျနော်တို့ က ရန်သူတွေနဲ့ စေ့စပ်ရမယ်ပေါ့ ။

ဇာကာရီးယား- ကျနော်တို့  ဒီအစိုးရတွေနဲ့  ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ရမယ်။ အရင်က အတွင်းရေး မှု မဒ်ဒလင်း အော်လ်ဘရိုက်ပြောဘူးတယ်။ သံတမန်နည်းလည်းနဲ့  စကားပြောတယ်ဆိုတာ အမြဲတမ်း
ချိုသာနေစရာမလိုပါဘူး။ တကယ်က ကိုယ်ရဲ့  ခိုင်မာတဲ့ သတင်းစကားနဲ့ နားထောင်ခြင်း ကို သယ်ဆောင်
ပေးခြင်း ဖြစ်ပါတယ်။ ကျနော်လောင်းရဲ ပါတယ် - မီလိုရှီဗစ် ပဲဖြစ်ဖြစ် ကင်ယောင်အီးပဲဖြစ်ဖြစ် ကျနော်နဲ့ စကားပြောရတာ ဘယ်လို မှာ စိတ်ချမ်းသာမှမဟုတ်ဘူး။ ဟိုတလောကပဲ သမတဘုရှ် ကိုယ်တိုင်က စေ့စပ်တဲ့နည်းလမ်းဟာ လိုအပ် တယ်လို့ ယူဆလာတယ်လေ။ လွန်ခဲ့တဲ့ ၃ နစ်က မြောက်ကိုယီးယားတို့ လစ်ဗျားတို့ နဲ့  ဆွေးနွေးခဲ့တယ်မဟုတ်လား။ အိရန်နဲ့ တောင်သွေးတိုးစမ်းစကားပြောနေတယ် ပါလစ်စတိုင်းနဲ့ အစ္စရေးကြားမှာလည်း အဆင့်မြင့် ကိုယ်စားလှယ်တွေစကားပြောလာပါတယ်။ ကမ္ဘာကြီး ပူနွေးလာတဲ့ ကိစ္စမှာလည်း အမေရိကန်က အစီအစဉ်တွေလုပ်လာတယ်။ ဒါတွေ က သူရဲ့ သမတ သက်တမ်းကာလမှာ
ဆန်ကျင်ခဲ့တာဟာတွေပါ။ မဖြစ်မနေလုပ်ရတော့မယ်ဆိုတဲ့ လမ်းကြောင်းဆီကိုတော့ သူဦးတည်လာတာတွေ့ ရတယ်။ ပြသာနာက သူ စိတ်ထဲမှာ အာရုံစိုက်မှုနည်းနေသေးတာပဲ။

စီအန်အန်
- ကဲဒါဆို ရီပတ်ပလစ်ကန်ပါတီ အတွက် ခင်ဗျားရဲ့ အကြံပြုချက် က ဘာလဲ၊

ဇာကာရီးယာ- သူတို့ အနေနဲ့  ကျင့်သုံးလို့ မရတဲ့ ပေါ်လစီအဟောင်းတွေကို ကမ္ဘာကြီးက လက်မခံတော့ဘူး ၊ ကမ္ဘာကြီးက ပြောင်းလဲနေပြီ။ ရီဂင်လက်ထက်က ပြောခဲ့တဲ့ အမေရိကန် က နံပတ်-တစ် ဆိုတာ ကို ပြုပြင်ပြောင်းလဲဖို့ လိုလိမ့်မယ်။ အပေါစားစကားဖြစ်နေပြီ၊ လက်တွေ ဘ၀ ကင်းကွာနေတယ်။ အမေရိကန် ရဲ့  ခွန်အား တွေဖြစ်တဲ့ စစ်ရေး၊ နိင်ငံရေး၊ နည်းပညာ စွမ်းအား တွေကို တခြားသူတွေနဲ့ ပူးပေါင်းပြီး အသုံးပြုရမယ်။ ဒီစွမ်းရည်တွေ ပို ပြီး အသုံးကျတဲ့ ငြိမ်းချမ်းတဲ့ ကြွယ်ဝချမ်းသားတဲ့ ကမ္ဘာ ဖြစ်အောင် လုပ်ရမယ်။ ဒီကမ္ဘာမှာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့  ဒီမိုကရေစီ နဲ့ လွတ်လပ်ခြင်းဆိုတဲ့ တန်ဖိုးတွေ အာမခံချက်ရှိနေရမယ်။

ဆွေးနွေးခန်း

• ဇာကာရီးယား ရဲ့ အမေရိကန်အနေနဲ့  အီရန်၊ မြောက်ကိုရီးယား တို့ နဲ့ စေ့စပ်ရမယ်ဆိုတဲ့  အဆိုပြုချက်ကို သင်ဘယ်လိုယူဆပါသလဲ ။
• သမတသစ် အိုဘားမား က နအဖ စစ်အစိုးရ နဲ့ တွေ့ ဆုံဆွေးနွေးမှုတွေလုပ်လာနိင်တယ်လို့ ယူဆပါသလား။
• လုပ်မယ်ဆိုရင် ဘယ်လို အခြေခံမှု တွေ အပေါ်မှာလုပ်သင့်တယ်လို့ ယူဆပါသလဲ။
• ဇာကာရီးယာ နိင်ငံရေးအရ ကွန်ဆာဗေးတစ်တယောက်လား၊ လစ်ဘရယ် တယောက်လား ၊ ကြားနေ သမားတယောက်လား သင်ဘယ်လို ယူပါသလဲ။
• သူပြော တဲ့  Wilsonianism ၀ါဒ ဆိုတာ သင်ဘယ်လိုနားလည်ပါသလဲ ။ Wilosnianism ရဲ့  Central Theme - ဘာလဲ။


Summary

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.