Sunday, November 9, 2008

[မိုးဦးဝေလွင်] 1 New Entry: မေလေးသို့ကဗျာ(၁)

မေလေးသို့ကဗျာ(၁)

You received this email because you are subscribed to the real_time feed for http://moeoowailwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Pyu State] 1 New Entry: အဆိပ်သောက် ပြိုင်ပွဲ

အဆိပ်သောက် ပြိုင်ပွဲ

ရေးသူ- စစ်ငြိမ်းဒီရေ


မာရ်နတ်က ထာဝရဘုရားကို
ကမ္ဘာမြေပေါ်မှာ နေရာအလွတ်မရှိ
ဂါရ၀ ပြုပြီး ဆုတွေတောင်းတယ်၊
အကျွန်ုပ်ကို လူတကာရဲ့
သွေးသားထဲထိ နှောက်ယှက်ခွင့် ပေးပါ။

ဤသတင်းစကား အကျွန်ုပ် ကြားတော့
နေ့စဉ် နေ့တိုင်း ဒီလိုကျင့်တယ်။

zlife.jpg

အဆိပ်တွေကို နည်းနည်းခြင်းစီ ငါစ'မြိုတယ်
မှော်ရုံတောမှာ ငါစ'မြိုတယ်

နာရီမရှိတဲ့ အခန်းထဲမှာ ငါစ'မြိုတယ်
စားပွဲနဲ့ ကုလားထိုင်မရှိတဲ့ နေရာမှာ ငါစ'မြိုတယ်
အသံတွေကြားပြီး ရုပ်မမြင်ရတဲ့ လူ့ငရဲမှာ ငါစ'မြိုတယ်။

ရာသီစက်ဝိုင်းတိုင်း အဆိပ်မြိုချတယ်
သက်ပြင်းချမိတိုင်း အဆိပ်မြိုချတယ်
ရှုံးနိမ့်မှုနဲ့ လဲကျသွားတိုင်း အဆိပ်မြိုချတယ်
ဘိုးဘွားတွေကို သတိရမိတိုင်း အဆိပ်မြိုချတယ်။

ဝိုင်ချိုချိုနဲ့ အဆိပ်မြိုပြီးပြီ
သူယောင်မယ်တွေနဲ့ အဆိပ်မြိုပြီးပြီ
လှောင်ရယ်သံတွေနဲ့ အဆိပ်မြိုပြီးပြီ
အဆိပ်တွေကို ငါမြိုပြီးပြီ။

ဟဲ့ … မာရ်နတ်
ငါ့ သွေးသားတွေ အဆိပ်သင့်နေပြီ၊
အဆိပ်သောက် ရဲရင်
ဝင်လာခဲ့လေ။ ။


(မှတ်ချက်။ ။အင်တာနက်ပေါ်မှ ရှာဖွေထားသော ပုံကို အသုံးပြုထား
ပါသည်။)

You received this email because you are subscribed to the real_time feed for http://pyustate.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[star behind the sky] 1 New Entry:

http://ahnai.blogspot.com/feeds/6147637201524193526/comments/default

မနေ့ က သူငယ်ချင်း အသစ်ရောက်တော့ ဒီနေ့  ဘူးဂစ်(စ) ဖက် လျှောက်သွာမိတယ်။ တိုက်ကို အရောင်ချယ်ထားတာ သူများနဲ့  မတူလို့  လှနေသလိုပဲ။







ဘယ်လိုကနေတာလဲမသိဘူး။


ဘာပဲဖြစ်ဖြစ်.. စွဲချင်စရာလေး.. :D


လတောင်ပြည့်တော့မယ်။



MRT ပေါ်၊ လမ်းလျှောက်နေတဲ့ အခါမျိုး မှာ အတွေးတွေ များပြီး နေပေမယ့်.. အိမ်ပြန်ရောက်တာနဲ့  အာရုံမရတော့လို့  ဘလော့ပေါ်မှာလည်း ဘာမှရေးစရာမရှိဘူး။ ဒီတော့ ပေစုတ်စုတ် ဘလော့ ဆိုတော့ ပေစုတ်စုတ် ပုံလေးတွေပဲ တင်ပါတယ်။ ပေစုတ်စုတ် ကောင်လေး တစ်ယောက်လည်းပါတယ်ပေါ့။ အေးလေ ပေစုတ်စုတ် ဘ၀လေးပဲကိုး။ ဒီတော့ ပေစုတ်စုတ် လူတွေ ပဲ လာဖတ်ကြမယ်။ (ဟိ..ဟိ.. နောက်တာနော်။ ဆွဲဆန့် စဉ်းစားလိုက်တာ ရှည်သွားတယ်။ :D) ပေစုတ်စုတ် ဖြစ်မှာကြောက်ပီး.. ကွန်မန့်  မပေးပဲ ပြန်မသွားနဲ့ ဦး.. :P

You received this email because you are subscribed to the real_time feed for http://ahnai.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 1 New Entry: မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်.............
ဂျူး ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ :z မိန်းမတစ်ယောက်ရဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးသွားနိုင်တယ်သိလား။ ;) တော်တော်လေးကောင်းပါတယ်။ နည်းနည်းတော့ တစ်ဖက်စွန်းရောက်နေသလိုပဲ။ :p ဂျူးရဲ့ ထုံးစံအတိုင်းပေါ့နော်။ :z စစချင်း ပြောလိုက်တဲ့ အကြောင်းအရာက" မိန်းမနှင့်အချစ်.".....တဲ့။

ချစ်ပြီးသွားတော့ ပတ်ဝန်းကျင်က ပါလာပြီလေ။ :z
လက်ထပ်ကြပြီ။ :z
မာနတွေပါလာတော့ အနိုင်၊အရှုံး တွေ ရှိလာတာပေါ့နော်။
နောက်ဆုံးမှာတော့ မုန်းခဲ့ရပြီ။

ဝတ္ထုကောင်းလေးတစ်ပုဒ်ပါ။ ဖတ်ပြီး ဘာတွေမှန်းမသိတဲ့ ခံစားချက်တွေ ရခဲ့တယ်သိလား။ ;) အခုတလော စိတ်ညစ်ညစ်နဲ့ ဝတ္ထုဖတ်နေတာ ကောင်းတာလေးတွေ့လို့ မျှဝေလိုက်ပါတယ်။ ဂျူးပြောတဲ့ မိန်းမတစ်ယောက်အကြောင်း မှန် ၊ မမှန်တော့ ကျမလည်း သိဘူးနော်။ ;) :p

ဪ၊ မေ့လို့ အစအဆုံး ဖတ်ချင်ရင် ဒီမှာ ယူနော်။ :z

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Ywar Thar Lay (YTU)] 1 New Entry: သူ, သူမ ပြီးတော့ ၁ ၂ ၃ ၄ ၅

သူ, သူမ ပြီးတော့ ၁ ၂ ၃ ၄ ၅



တိတ်ဆိတ်ငြိမ်သက်တဲ့ တောအုပ်တစ်ခုရဲ့အလယ်မှာ သူရယ် သူမရယ် တည်ရှိနေကြသည်။ သူတို့နှစ်ယောက် အကြောင်းအရာတစ်ခုကို အသေအချာဆွေးနွေး နေကြဟန်တူ၏။ အဲဒါကစားနည်းတစ်ခု အတွက်ဥပဒေသပါပဲ။

အဲဒီကစားနည်းအတွက် သူတို့နှစ်ယောက်အပြင်ဘယ်သူမှ မရှိ။ ထို့အတွက် စည်းမျဉ်းစည်းကမ်းတွေက သူတို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေပေါ့။ တရားမျှတသော နည်းလမ်းများဖြစ်ရန် သူတို့နှစ်ယောက်လုံး တိကျသေချာစွာ ရေးဆွဲနေကြပါသည်။ အမှားအယွင်းနည်းနိုင်သမျှနည်းရန် ဖြစ်နိုင်သမျှသော အငြင်းပွားမှုများအတွက် ကြိုတင်ဖြေရှင်းနည်းများကို အပြိုင်အဆိုင် ရေးနေမိကြသည်။ သို့သော် အဓိက ပြဿနာကို သူတို့နှစ်ယောက်လုံး မဖြေရှင်းနိုင်ကြသေးပေ။ ထိုပြဿနာမှာ ထိုကစားပွဲတွင် သူတို့နှစ်ယောက်စလုံး ပြိုင်တူကစားလိုကြခြင်းပင်။ ထိုကစားနည်းကစားရန် နှစ်ဦးစလုံး ပြိုင်တူဆော့၍ မဖြစ်နိုင်ပါ။

အရာအားလုံး အဆင်သင့်ဖြစ်သွားသော်လည်း ပြဿနာကို မဖြေရှင်းနိုင်သေးပေ။ လေတစ်ချက် တစ်ချက်အတိုက်တွင် လှုပ်ခတ်နေသော သစ်ပင်တို့သည်လည်း ကစားပွဲစတင်ရန် လှုံ့ဆော်နေကြပြီ။ တရွေ့ရွေ့မြင့်တက်လာသော နေလုံးသည်လည်း အချိန်မရှိတော့ ပြီဖြစ်ကြောင်းနိုးဆော်နေသည်။

ဒိုင်လူကြီးမရှိသော ကစားပွဲဖြစ်၍ မြောက်ပန်းလှန်ကာ ဆုံးဖြတ်ရန်လည်း မဖြစ်နိုင်သေး။ နောက်ဆုံး မပြီးဆုံးသော ကစားပွဲမဖြစ်ရန် အဆုံးအဖြတ်တစ်ခုကို ကမန်းကတန်းချလိုက်ကြသည်။ မဖြစ်နိုင်ပါဆိုသော ပြိုင်တူဆော့ရန်ကို နှစ်ဦးစလုံးက သဘောတူလက်ခံလိုက် ကြခြင်းပင်။

ကြီးမားသောအခက်အခဲကို ဖြေရှင်းလိုက်နိုင်သော သူနှင့်သူမသည် တစ်ဦးလက်ကို တစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ဘောလုံးပွဲမစခင် တစ်ဖက်အသင်းနှင့် တစ်ဖက်အသင်း လက်ဆွဲနှုတ်ဆက်ကြသကဲ့သို့သာ။ ပွဲစတင်သည်နှင့် အနိုင်ဂိုးရရန် အခြေအတင် ကစားကြမည်မို့ သက်ညှာမည်မဟုတ်တော့။

ဝီစီမှုတ်မည် မဟုတ်၍ သူနှင့်သူမ အတွက် ပြိုင်ပွဲစခြင်းကို ဂဏန်းများရေတွက်ခြင်းဖြင့် စတင်လိုက်ပါသည်။ ယုံကြည်မှုဟူသော ဖိနပ်ကို ဖိနင်းရင်း တစ်ဦးနှင့်တစ်ဦး မိမိ ဦးတည်ရာဘက်ဆီသို့ အပြိုင် လျှောက်လှမ်းခဲ့ကြသည်။ နှစ်ဦးစလုံးက သူတို့နိုင်မည်ဟုထင်မှတ်ထားကြသည်။ ကစားပွဲတစ်ခုတွင် အနိုင်အရှုံးရှိသော်လည်း ယခုကစားပွဲတွင် သူတို့နှစ်ဦးစလုံးနိုင်မည်ဟု မှတ်ယူနေကြခြင်းသည် ယခုပွဲ၏ ထူးခြားချက်ပင်။











လေသည် တစ်ဖြည်းဖြည်းတိုက်ခတ်နေသည်။ သစ်ပင်တွေလည်း လှုပ်နေတုန်းပင်။ သို့သော် သူနှင့်သူမတို့ ရှိမနေတော့………

ကိုဖားကြီးရေ အက်ဆေးဖြစ်မယ်ထင်တယ်ဗျာနော် မဟုတ်ဘူးဆိုလည်း ပြန်ပြောပါဗျာ…


You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Laminkhin] 1 New Entry: မြန်မာနိုင်ငံ - ဘင်္ဂလားဒေ့ရှ် ပင်လယ်ရေကြောင်းဆိုင်ရာ အချက်အလက်များ

မြန်မာနိုင်ငံ - ဘင်္ဂလားဒေ့ရှ် ပင်လယ်ရေကြောင်းဆိုင်ရာ အချက်အလက်များ

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်ခြင်းကြောင့် ကုလသမဂ္ဂ အစီအစဉ်အတိုင်း ၂၀၀၉
ခုနှစ်နှစ်လယ်ပိုင်းနောက်ဆုံးထားကာသူ၏ ပင်လယ်ပိုင်နက်ကို ရေးဆွဲရန် တာဝန်ရှိသည်။(ဘင်္ဂလားဒေ့ရှ်
မှာ ၂၀၁၁ အထိ အချိန်ရသေးသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့်လည်း ရေပိုင်နက်ကိစ္စအား
နိုဝင်ဘာလကုန်တွင် ဆွေးနွေးရန် တာဝန်ရှိသည်။

- ၁၉၅၁ ခုနှစ်တွင် ကုလသမဂ္ဂအောက်ရှိ နိုင်ငံတကာ ရေကြောင်းဆိုင်ရာ အဖွဲ့အစည်း (International
Maritime Organization- IMO) သို့ ၀င်ရောက်ခဲ့သည်။

- ၁၉၇၇ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် "ပိုက်နက်ပင်လယ်နှင့် ပင်လယ်ဇုံများ ဥပဒေ"
ကို ပြဌာန်းခဲ့သည်။ ထိုဥပဒေအရ (အခြေခံမျဉ်းမှ) ပင်လယ်ဘက်သို့ ရေမိုင် ၁၂ မိုင် (ရေမိုင် ၁ မိုင် =
၁၈၅၂ မီတာ/၁.၁၅၀၇၇၉ မိုင်) ပိုင်ဆိုင်သည်ဟု ပြဌာန်းသည်။

- မြန်မာနိုင်ငံသည် ပင်လယ်ပိုင်နက်ဆိုင်ရာ သဘောတူညီချက်ကို အိန္ဒိယနှင့် (၁၉၈၆ ခုနှစ် ဒီဇင်ဘာလ
၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး၊ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် အသက်ဝင်) ထိုင်း
နိုင်ငံ (၁၉၈၀ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး၊ ၁၉၈၂ ခုနှစ် ဧပြီလ၁၂ ရက်နေ့တွင်
်အသက်ဝင်) တို့နှင့် တသီးတခြား သဘောတူညီမှု ရရှိခဲ့ပြီး ၃ နိုင်ငံ (မြန်မာ၊ အိန္ဒိယနှင့် ထိုင်း) သဘော
တူညီချက် (၁၉၉၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး၊ ၁၉၉၅ ခုနှစ် မေလ
၂၄ ရက်နေ့တွင် အသက်ဝင်) ရေးထိုးနိုင်ခဲ့သည်။

- ဘင်္ဂလားဒေ့ရှ်နှင့် ယနေ့အချိန်အထိ သဘောတူညီမှု မရသေး။ ဆွေးနွေးဆဲကာလဖြစ်သည်။

- မြန်မာ့ပိုင်နက်ရခိုင်ကမ်းလွန်ဒေသရှိ Block A-1, A-3 နှင့် AD-7လုပ်ကွက်များသည်ကိုရီးယားကုမ္ပဏီ
Daewoo ၏ လုပ်ကွက်ဖြစ်သည်။ ၎င်းလုပ်ကွက် တောင်ဘက်ရှိ AD-8, AD-2, AD-3, AD-4 လုပ်ကွက်
များမှာ တရုတ်ကုမ္ပဏီ ONGC ၏ လုပ်ကွက်များဖြစ်သည်။

- ဘင်္ဂလားဒေ့ရှ်၏ တခုတည်းသော သန္တာကျောက်တန်း တည်ရှိရာလည်းဖြစ်၊ ကမ္ဘာလည့်ခရီးသည်များ
ကို ဆွဲဆောင်ရာနေရာလည်းဖြစ်သည့် St. Martin's ကျွန်းသည် မြန်မာကမ်းရိုးတန်းအနောက်-မြောက်
ဘက် ၈ ကီလိုမီတာ အကွာတွင် တည်ရှိသည်။

- ယခုနှစ်ဦးပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ အခက်အခဲအား ဖြေရှင်းရန် နိုင်ငံ
တကာ ရေနံကုမ္ပဏီများထံ သူ၏ ရေပိုင်နက်အား block 28 ခု ပိုင်းကာ ရေနံနှင့် ဂက်စ် ရှာဖွေတူးဖော်
ရေးအတွက် လေလံတင် ရောင်းချလျက်ရှိသည်။ ယခု အငြင်းပွားနေသည့် ဒေသမှာ ဘင်္ဂလားဒေ့ရှ်၏
block – 3 နှင့် block – 8 အနီးတွင် တည်ရှိသည်ဟု ဆိုသည်။

- ဘီဘီစီသတင်းအရ ယခုအငြင်းပွားနေသည့် နေရာမှာ St. Martin's ကျွန်းမှ အနောက်တောင်ဘက်
ရေမိုင် ၅၀ အကွာတွင် တည်ရှိသည်ဟုဆိုသည် ဖြစ်ပွားပုံမှာ မြန်မာနိုင်ငံမှ ကမ်းလွန်ပင်လယ်ရေနံနှင့်
သဘာဝဓာတ်ငွေ့ရှာဖွေရေး ရေနံရှာဖွေရေးယာဉ် ၄ စီး (ဘာဟားမားစ်တွင် မှတ်ပုံတင်ထားသော ရေ
ယာဉ် ၂ စီး၊ Belize တွင် မှတ်ပုံတင်ထားသော ရေယာဉ် ၁ စီး၊ အိန္ဒိယတွင် မှတ်ပုံတင်ထားသော ရေ
ယာဉ် ၁ စီး) နှင့် မြန်မာရေတပ်မှ ရေယာဉ် ၂ စီးတို့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ၀င်ရောက်လာ
ခြင်းဖြစ်သည်ဟု ဆိုသည်။

-ဘင်္ဂလားဒေ့ရှ်ကယခုကိစ္စအားညှိနှိုင်းပေးရန်တရုတ်အစိုးရကိုအကူအညီတောင်းခံခဲ့သည်ဟု ဆိုသည်။

- ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ခရီးစဉ်တွင်
ပါဝင်လိုက်ပါခဲ့သည့်စွမ်းအင်ဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်လွန်းသီကနှစ်နိုင်ငံရေပိုင်နက် သတ်မှတ်ခြင်း
ကိစ္စ မပြီးပြတ်မချင်း အငြင်းပွားလျက်ရှိသော ကမ်းလွန်ဒေသအတွင်း ရေနံ၊ သဘာဝဓာတ်ငွေ့ ရှာဖွေ
ခြင်းကို ပြုလုပ်မည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို အာမခံခဲ့သည်ဟု ဆိုသည်။

- ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်နိမတ် ၉၀ ကီလိုမီတာ ရှည်လျားသည်။

- ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနအတွင်းရေးမှူးက မြန်မာသံတမန်သို့ ပေးအပ်သည့် ကန့်ကွက် လွှာ
တွင် ဘင်္ဂလားဒေ့ရှ်၏၁၉၇၄ ခုနှစ်Territorial Water and Maritime Zone Act ဥပဒေအရ ဘင်္ဂလား
ဒေ့ရှ် ပိုင်နက်အတွင်း ရောက်ရှိနေသည်ဟု ဆိုသည်။

- ဘင်္ဂလားပင်လယ်အော်သည် ၂၀၀၅-၂၀၀၆ ခုနှစ် အိန္ဒိယက 100 trillion cubic feet ရှိ သဘာဝ
ဓာတ်ငွေ့သိုက် ရှာဖွေတွေ့ရှိခြင်း၊ မြန်မာက 7 trillion cubic feet တချိန်တည်းတွင် ရှာဖွေတွေ့ရှိခြင်း
တို့ကြောင့် အရေးပါရာ ဒေသဖြစ်လာသည်။
saffrontoward@gmail.com

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 1 New Entry: အနားမှာမရှိဘူး

အနားမှာမရှိဘူး

ငါ့မှာ...
အန်ချစရာ စကားလုံးတွေ
ကောင်းကင်နဲ့ အပြည့်ရှိတရ်
ဒါပေသိ
ဇီဝစိုးငှက်ရဲ့ အန်ဖတ်တွေလို
တန်ဖိုးထားပေးတတ်တဲ့
နင်...အနားမှာမရှိဘူး။

ငါ့မှာ...
အူကြောင်ကျားတဲ့ အတွေးအခေါ်တွေ
ယာတစ်ခင်းစာရှိတရ်
ဒါပေသိ
ရေလောင်းပေါင်းသင်ပေးရင်း
ရွှေသီးအောင် လုပ်ပေးနိုင်တဲ့
နင်...အနားမှာမရှိဘူး။

ငါ့မှာ...
နူးညံ့လှပတဲ့ အကြင်နာတွေ
စမ်းချောင်းတစ်စင်းစာရှိတရ်
ဒါပေသိ
ဒိုက်နဲ့အမှိုက်တွေကင်းစေလို့
သန့်ရှင်းကြည်လင်အေးမြအောင်လုပ်ပေးနိုင်တဲ့
နင်...အနားမှာမရှိဘူးလေ။

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[M Y] 1 New Entry: ဦးနာအောက် ၊ အောက် မအောက် (၁)

ဦးနာအောက် ၊ အောက် မအောက် (၁)

မနှစ် သြဂတ်(စ) က ကိုရွက်ဝါ ဘလော့ဂ်က သူ့ ရဲ့  " ဦးနာအောက် ကျရှုံးမှုနှင့် တိုင်းရင်းသားများ၏ မျိုးချစ်စိတ် " ဆိုတဲ့ပို့  စ် မှာ လာရောက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ခဲ့တာ အမှတ်ရမိတယ်။ အဲဒိပို့ စ်ကို ပြန် ဆွေးနွေးထားတဲ့ ဆိုးဝှတ် က " ဦးနာအောက်နှင့် ကျွန်မရဲ့ အမြင် " ဆိုပြီးတင်ပြခဲ့တာလဲဖတ်လိုက်ရပါတယ်။

ကိုရွက်ဝါ က ဦးနာအောက် ရဲ့ သဘောင်္လုပ်ငန်း ကျရှုံးရတာဟာ သူ့ ရဲ့ စီးပွားရေး အတွေးအခေါ်မှားယွင်းမှု နဲ့ ပြိုင်ဘက်အင်အားကို မသုံးသပ်ဘဲ လက်ဝါးကြီး အုပ်ချင်တဲ့ စိတ်ကြောင့်လို့ သုံးသပ်ပြခဲ့ တဲ့အပြင် တိုင်းပြည်ချစ်စိတ်နဲ့ တော်လှန်ရေးစိတ် မတွေ့  ရပါ လို့ သူထင်မြင်ပုံကိုလဲ တင်ပြထားခဲ့ပါတယ်။

သူတင်ပြချက်တစ်ချို့ က အခုချိန် ခေတ်သစ်ဘောဂဗေဒအမြင်နဲ့ ချဉ်းကပ်မယ်ဆိုရင်တော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၆ နှစ် ၁၉ ရာစုနှစ်တုန်း က မွေးဖွားခဲ့တဲ့ ဦးနာအောက်ရဲ့ စီးပွားရေး အတွေးအခေါ်တွေဟာ ဒိတ် အောက်သလိုဖြစ်နေတာ အပေါ်ယံကြည့်လိုက်ရင် မှန်နေသလိုလိုပါပဲ။

အဲဒိတုန်း က သူ့ ထင်မြင်သုံးသပ်ချက်တွေကို ပြန်သုံးသပ် ဆွေးနွေးချင်စရာ တွေရှိခဲ့တဲ့အတွက် ကြောင့်မနှစ်ထဲက ဒီပို့ စ်ကိုရေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးနာအောက်နဲ့ ပတ်သတ်တဲ့ အချက်တချို့  ၊ ကွင်းဆက်တချို့ လိုနေတဲ့အတွက် ဒီဆွေးနွေးချက်ပို့ စ်ကို မတင်ဖြစ်ခဲ့ပါဘူး။

အခုတော့ " S0wha1 " နဲ့  " ကိုဟံင်ဂဟူ " ဘလော့ဂ်တွေမှာ ဦးနာအောက် အထုပ္ပတ္တိ ဆိုပီး ရှာဖွေ တင်လာပေးတဲ့ အတွက် အဲဒိတုန်းက လိုချင်နေခဲ့တဲ့အချက်အလက်တစ်ချို့ ရလိုက် လို့ ဒီပို့ စ်ကို တစ်နှစ်ကျော်ကြာပြီး ကာလ ၊ အခုမှ အဆုံးသတ်လို့ ရသွားပါတယ်။ ဒီအတွက် ဆိုးဝှတ်၊ ကိုဟံင်ဂကူ တို့  ကိုကျေးဇူးမှတ်တမ်း တင်တဲ့အပြင်၊ ဒီအကြောင်း ရေးဖြစ်ခဲ့လို့ ကိုရွက်ဝါကိုလဲကျေးဇူးတင်ပါတယ်။

အပိုင်းများ ခွဲပြီးတင်သွားပါမယ်။ လိုတာတွေ တွေ့ ရင်လဲထောက်ပြ ဆွေးနွေးပေးကြပါ။

ဦးနာအောက် ၊အောက်မအောက် (၁)

"ဟဲ့.ကိုရင်မောင်..ကိုရင်မောင်…တော်ကြားပြီးပြီလား…ဦးနာအောက် သင်္ဘောကြီးက လက်မှတ်ခ မယူစရိတ် ငြိမ်းပေးစီးတော့မတဲ့.."



အူလျားဖားလျားပြောရင်း အိမ်ဝိုင်းထဲအပြေးတပိုင်းဝင်လာသော ကြီးဒေါ်တုတ်စကားကြောင့် အိမ်ရှေ့ ကွပ်ပျစ်ထက်မှာ ထိုင်နေသော ကိုရင်မောင့် ဘေးမှ ညီမတော် မိဂျမ်းဘုံတစ်ယောက် လိပ်လက်စ ပြောင်းဖူးဖက်ဆေး လိပ်ကြီးအားအသာချလျက်…

"အို..ကြီးဒေါ်ဗွေးတုတ်နှယ်..အလကားပေးစီးရုံတင်ဘဲလားတော်..ဦးနာအောက် သင်္ဘောစီးမယ့်အစား ကုလားဖြူ သင်္ဘော ကြီးသွား စီးရင်.ထမင်းပါကျွေးပြီး စရိတ် ငြိမ်းတဲ့တော် ကျုပ်တော့ ..ကုလားဖြူ သင်္ဘောဘဲစီးတော့မပေါ့..တော်တို့ နှယ်.."

ဟုသူသိထားသမျှ သွက်သွက်လက်လက်ကြီး ပြန်ပြောလိုက်သော မိ ဂျမ်းဘုံအား အင်မတန်မှ စိတ်ပျက် လက်ပျက် ဟန်ဖြင့် ကြီးဒေါ်တုတ် ကတစ်ချက်ကြည့်လိုက်ရင်း..

"ရော်..ခက်လှပါကလား မိဂျမ်းဘုံ၊ ဒီမှာ ကရင်မောင် ကိုငါပြောနေတာ.. ညဉ်းမသိရင်အသာနေစမ်း။ ညဉ်းငါ့နောက်မှထမင်းစားလာတာပါအေ့.၊ကျုပ်ကခုလေးတင်မြင်းလှည်းနဲ့ လိုက်ကြော်ငြာတာနားနဲ့ ဆတ်ဆတ်ကြားလိုက်တာပ။ ငါတို့ မြန်မာသူဌေး.ဦးနာအောက်ကြီးက ထမင်းကျွေးစရိတ်ငြိမ်းအပြင် ဒေသထွက်လက်ဆောင်တွေ ပါပေးဦးမယ်ဆိုတော့...."

ကြီးဒေါ်တုတ် စကားတောင် ဖြောင့်အောင်အဆုံးမသတ်လိုက်ရ…မိဂျမ်းဘုံ က ကြီးဒေါ်တုတ်အား အင်မတန်မှ သနားဂရုဏာသက်သော မျက်နှာပေး နှင့်အတူ အသံစူးစူးဖြင့် ..

"အမ်မလေး…ကြီးဒေါ်တုတ်ရယ်…ဒီကလဲ..အစွမ်းကုန် သိတဲ့ ဂျမ်းဘုံအမိပါတော့..ဒီမယ်..ဦးနာအောက်
ကြီး ပေးတာ ဘာဟုတ်သေးတုန်း၊ ကုလားဖြူ သင်္ဘောတွေက စရိတ်ငြိမ်း၊ ထမင်းကျွေး၊တဲ့အပြင် ပေးတဲ့လက်ဆောင်ကဦးနာအောက်ကြီးလို.. ခပ်ရိုးရိုးလက်ဆောင်တွေဟုတ်ဘူးတော့.. ပုဝါလက်ဆောင်လှလှတွေ..ချောကလစ် ဆိုတဲ့ ဘိုမြေပဲယို ဆိုလား ..အဲဒါတွေ. . ပိုလိုစီးကရက်ဘူးတွေ..ပေးသတဲ့..လက်ဆောင်တွေကလဲဆန်းမှဆန်းတော်ရေ"

ပြောလိုက်ရာ..ကြီးဒေါ်တုတ်တစ်ယောက်လဲ မျက်ခုံးများပင့်တက် မျက်လုံးများပင် ပြူးကျယ်သွားပြီးအလွန် အမင်းစိတ် အားတက်ကြွ လာသောလေသံဖြင့်….

"အံမယ် ထမင်းတောင်ကျွေး၊လက်ဆောင်လဲပေးဦးမတဲ့၊ တကယ်ပဲလား ဂျမ်းဘုံ..ဒါဆိုနေရာကျပြီဟဲ့…သူ့  ဘဲအားပေးရအောင်အေ.."
(Photo adapted from "www.irrawaddyflotilla.com"without permission.)
အချီအချ စိတ်အားတက်ကြွစွာဖြင့် လုပ်လက်စအလုပ်များဘေးချလျက် ပါးစပ်မပိတ်စတမ်း တယောက်တလှည့် သတင်းထုးသတင်းဦး များ ၊ ရေကြောင်းသင်္ဘောလိုင်းများအကြောင်းမြိန်ရည်ယှက်ရည်ပြောနေသောအမျိုးသမီးနှစ်ဦးအား အေးအေးသက်သာအနားယူနေသောကိုရင်မောင် တစ်ယောက်မနေနိုင်တော့ပဲ အင်မတန်မှစိတ်အိုက်လာသဖြင့်….

"ဟာ..နေကြစမ်းပါဦး၊ ဒေါ်တုတ်တို့ မိဂျမ်းဘုံတို့ ရာ…ခင်ဗျားတို့ နှယ်၊ အလကားပေးစီးတာ ဟုတ်ပါပြီ..ဘယ်မြို့  ကိုသွားမှာ တုန်းဟ..သွားစရာခရီးဖြင့်မရှိဘဲဟာ...."

ဟုစိတ်မရှည်သောလေသံဖြင့်ဝင်ရောက်ပြောလိုက်သော ကိုရင်မောင့် စကားတောင်အဆုံးမသတ်လိုက်ရ…

"အို..ကိုရင်နှယ်..အ လိုက်ချက်..တော့်အဲဒါတွေကြောင့်သူများ နောက်ကဘဲ ကျန်ကျန်နေတာ.. …အလကားပါဆိုမှ အသွားအပြန်သင်္ဘောပတ်စီး..အပျော်ခရီးပေါ့တော် ..ခရီးစရိတ်မကုန် လက် ဆောင်လဲရ..အိ.ု..တော်မလိုက်ရင်နေခဲ့.. ..ဟိုတောင်ဘက်ပိုင်းက..ရွှေမိတို့ တ၀ိုင်းလုံးသွားမှာ. ကျုပ်တော့.လိုက်ကိုသွားမယ် အနည်းဆုံးတော့ရွှေတိဂုံ ဘုရားဖူးပေါ့တော်. ဟုတ်ဖူးလားဒေါ်တုတ်ကြီး အဲ..ကြီးဒေါ်တုတ်... "

အစွမ်းကုန်သိတဲ့ ဂျမ်းဘုံအမိရဲ့ အထက်ပါမဟာအလကား ခရီးသွားစီမံကိန်းကြီး ကိုကြားလိုက်ရတဲ့တဒင်္ဂ…ကိုရင်မောင် တစ်ယောက် ပါးစောင်မှာတမြုံ့ မြုံ့ ငုံထားသော ကွမ်းသီးစိတ် ပင်ထွက်ကျလုမတတ် ပါးစပ်အဟောင်းသားနှင့်
"အမ်"
ဟုသာရေရွတ်ရင်း….
…………………………………………………………………………
ဒါကတော့ ကိုယ်မမီလိုက်တဲ့ ခေတ်ကို စိတ်ကူးယဉ်ကြည့်တာပါ။ လက်ဆောင်တွေ၊ဘာတွေဆိုတာက အလကားပေးစီးသည်အထိ အပြိုင်အဆိုင် ခရီးသည်ခေါ်ကြတယ် လို့ သူတို့ ပြော လို့  ကွန့် တွေးကြည့်တာပါ။အဲဒိလို ကြီး တကယ်ရောဟုတ်ပမလားပေါ့။

အထက်ကအတိုင်းသာ ဆိုရင်တော့ဖြင့် ဦးနာအောက် တစ်ယောက်လုံးပါးမပါးဘဲ တိခနဲ ဒေ၀ါလီခံရကိန်းဘဲလို့ စီးပွားရေးဗျူဟာအရ ချည်းကပ်ပုံမှားတယ်လို့  ထင်စရာပါ။ ဒီလို ချဉ်းကပ်တွေး မယ်ဆိုရင်လဲ ခေတ်သစ် ဘောဂဗေဒ နိယာမတွေအရ သဘာဝကျတယ်ထင်ချင်စရာပါ။

ဒါပေမယ့် သူ့ ကျွန်လက်အောက်က ကျွန်တော်တို့ မြန်မာလူမျိုးတွေကို တစ်ကယ်ပဲ အင်္ဂလိပ်ပိုင်သင်္ဘောကုမ္ပဏီတွေက ဒီလို ဆက်ဆံခဲ့ပါသလား။ ဒီလိုမြန်မာ လူမျိုးများကိုအရေးတယူအပြိုင်အဆိုင်ဈေးကွက်ရှာဆွဲဆောင်ခဲ့တာရောဟုတ်ပါ့မလား။ လက်ဆောင်တွေ အပြိုင်အဆိုင်နဲ့ ထမင်းကျွေးစရိတ်ငြိမ်းပြိုင်ကြသည်ဆိုတာကရော တကယ်ဟုတ်ခဲ့ ပါရဲ့ လား…

ဦးနာအောက် ကရော တစ်ကယ် စီးပွားရေး လက်ဝါးကြီးအုပ်ချင်ခဲ့တာပါလား။ ဦးနာအောက်ဘာကြောင့် စိန်ခေါ်ခဲ့တာပါလဲ။အင်မတန် နွမ်းပါးနိမ့်ကျတဲ့ဘ၀ကလာခဲ့တဲ့ နွားကျောင်းသား ကလေး မောင်နာအောက် ကို ဘာဖြစ်လို့  မျိုးချစ်စိတ်ရှိသူ တိုင်းရင်းသား သူဌေးကြီး အဖြစ် သမိုင်းက မှတ်တမ်း တင်ထားခဲ့တာပါလဲ…အဲဒိအချိန်မှာ မြန်မာတွေကရောတကယ်ကို မျိုးချစ်စိတ်ကင်းမဲ့ခဲ့ပါသလား ။ ကိုလိုနီခေတ် ရေကြောင်းကုန်သွယ်မှု စီးပွားရေးလောကမှာ ဘယ်သူက ဘယ်သူ ကိုလက်ဝါးကြီးအုပ်ဖို့ ကြိုးစားခဲ့ပါသလဲ………..

တစ်ကယ်တော့….

(အပိုင်း ၂ - ဆက်ပါမည်…..)

မောင်ရင်

xxxxxxxxxxxxxxxxxxxxxxxxxxx

.


You received this email because you are subscribed to the real_time feed for http://maungyin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 3 New Entries: ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,9th,2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,9th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )အိုဘားမားရဲ့ အောင်မြင်မှု အတွက် ၀မ်းမြောက် ကြောင်း မြန်မာစစ်အစိုးရ သ၀ဏ်လွှာပို့

( 2 )Prosecution of Four Defense Lawyers in Burma

( 3 )မြန်မာ-ဘင်္ဂလာ နယ်စပ် အလွန်တင်းမာ

( 4 )အစိုးရထံ ဆားရောင်းချပေးရမည်ကို စိုးရိမ်နေကြ

ရန်သူ့အကြောင်း ကိုယ့်အကြောင်း ကျနော်တို့တော်လှန်ရေးအကြောင်း (၂ )

အညတြတော်လှန်ရေးသမားတဦး ( ၇ နိုဝင်ဘာ ၂၀၀၈ )

ကျနော်တို့က တော်လှန်ရေးသမားတွေဆိုတော့ ကျနော်တို့အားလုံးဟာ ချွင်းချက်အနည်းငယ်မှတပါး၊ လူကောင်း သူကောင်းသူ တွေချည်းဘဲ ဖြစ်နေဖို့လိုပါတယ်၊၊ မြို့ပေါ်မှာနေစဉ်အခါတုန်းက အစိုးရဆန့်ကျင်ရေးသမား ကျနော်တို့ရဲဘော်အတော်များများနဲ့ ရင်းနှီးတဲ့ နိုင်ငံရေးသမားမဟုတ်သူ မိတ်ဆွေတယောက်နဲ့ ကျနော်တို့ရဲဘော်တွေအကြောင်း ပြောမိကြပါတယ်။

ကျနော်က ရဲဘော်တယောက် (အဲဒီရဲဘော်ဟာ ခုထက်ထိ တော်လှန်ရေးတနေရာမှာ ရှိနေပါတယ်) ကို ရည်ညွှန်းပြီး "ဒီလူက စိတ်ကောင်း တော်တော်ရှိတယ်ဗျ" လို့ အမှတ်မထင်ပြောလိုက်မိပါတယ်။ အဲဒီတုန်းက ကျနော့်မိတ်ဆွေပြန်ပြောလိုက်တဲ့စကားကို လက်နက် ကိုင်တော်လှန်ရေးဘဝတလျှောက်လုံး ကျနော်အမှတ်ရနေမိပါတယ်။ "စိတ်ကောင်းရှိတာကတော့ သူတယောက်ထဲ မဟုတ်ပါဘူး။ အားလုံးပါဘဲ" တဲ့။ ကျနော်တို့ဟာ တော်လှန်ရေးထဲမှာ မကောင်းသူတွေကို ကောင်းလာအောင် ပြုပြင်ပေးရမှာပါ၊၊ တဘက်က စည်းကမ်းနဲ့ ထိန်းချုပ်ခြင်း၊ပညာပေးခြင်းတွေရှိရမယ့်အပြင် မိမိတို့လက်နက်ကိုင်တပ်တွေ လူထုဆန့်ကျင်ရေး မလုပ်နိုင်အောင် ထိန်းချုပ်ဟန့်တားဖို့ အခြေခံဒေသပြည်သူတွေကို အာဏာပေးထားသင့်ပါတယ်။

ပြည်သူထူထု မဆိုထားနဲ့ နယ်မြေအုပ်ချုပ်ရေး၊ စည်းရုံးရေးတာဝန်ခံတယောက်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအရ မိမိထက် တဆင့်လောက်နိမ့်တဲ့ တပ်မှူးတယောက်ကိုတောင် မလွှမ်း မိုးနိုင်လို့ အဲဒီတပ်မှူးလုပ်အမျှ လက်ပိုက်ကြည့်နေခဲ့ရတာကို ကျနော်တွေ့ခဲ့ဖူးပါတယ်။ ရန်သူစစ်အစိုးရရဲ့ အုပ်ချုပ်ရေးအရာရှိက စစ်ဗိုလ်လေးတယောက်ကို မလွန်ဆန်ရဲတာနဲ့ သွားတူနေပါတယ်။ အဲဒီတော်လှန်ရေးအဖွဲ့အစည်းအနေနဲ့ ဒါဟာ စစ်ကာလ စစ်ရေးစစ်ရာမို့ တပ်မှူးတွေကို ဒီလိုဘဲ ဦးစားပေးထားရတယ်လို့ စောဒကတက်နိုင်ပါတယ်။ နောက်က လူထုဆန့်ကျင်ရေးပါ တပါ တည်း လိုက်ပါနေတဲ့ အဲဒီစစ်ရေးဟာ မိမိထက်အဆပေါင်းများစွာသာလွန်ပြီး လက်နက်ခဲယမ်းအပြည့်အစုံတပ်ဆင်ထားတဲ့ ရန်သူ့ ငွေဝယ်ကျွန်တပ်ကြီးကို လူထုရဲ့စိတ်ရောကိုယ်ပါထောက်ခံမှု၊ ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်မှုနဲ့ ခြေမှုန်းပစ်ဖို့နေနေသာသာ ခုတော့လှန်တောင်မလှန်နိုင်တော့ဘူးမဟုတ်ပါလား။

ဒါတောင် ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့အတော်များများမှာ တပ်မှူးအဆင့်နေရာ(position) တွေကို ဗျူရိုကရက်စစ်ရာထူးတွေလို ထင်မှတ်မှားပြီး လက်အောက်ငယ်သားကို ဆက်ဆံရာမှာဖြစ်စေ၊ ကိုယ်စည်းရုံးရမယ့်ပြည်သူတွေ(အထူးသဖြင့် ခေတ်အဆက် ဆက် အာဏာရရန်သူလူတန်းစားရဲ့ ဖိနှိပ်မှုတွေ၊ သွေးစုပ်မှုတွေကြောင့် ဆင်းရဲနုံချာ နေကြရရှာတဲ့ တောသူတောင်သား ဆင်းရဲ သားတွေ) အပေါ် အထက်စီးနဲ့ ဆက်ဆံကြပါတယ်။

ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့များရဲ့တပ်မှူးအများစုဟာ လယ်သမား သားသမီးတွေဖြစ်ပါတယ်၊၊ ဘွဲ့ရမှ၊ ဘယ်နှစ်တန်းအောင်မှ အရာရှိဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ တော်လှန်ရေးထဲမှာ မရှိပါဘူး။ သူတို့ကို ဗျူရိုကရက်ယန္တရားကြီးကနေ ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ ဒါတောင် မိမိတို့ဟာ ရန်သူ့တပ်က တပ်မှူးတွေ လို မဟုတ်ဘူး။ ပြည်သူလူထုကို စည်းရုံးရမယ့်သူတွေဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်ဟန် မတူပါဘူး။ မိမိရဲ့ လက် အောက်ငယ်သားတွေဟာ ကြေးစားတွေ မဟုတ်ဘူး။ မိမိလိုဘဲ အဖိနှိပ်ခံရလို့ တော်လှန်ရေးထဲရောက်လာကြရတာ ဆိုတာကိုစဉ်း စားမနေတော့ဘူး။

တော်လှန်ရေးတပ်ဖွဲ့ရဲ့တပ်မှူးတပ်သားများဟာ စစ်တိုက်ရုံသာမက လူထုကိုစည်းရုံးဖို့လည်း တာဝန်ရှိတယ် ဆိုတာကို သဘောပေါက်သူနည်းပါတယ်။ ဒီလိုပုံနဲ့ လူထုကို စည်းရုံးဖို့နေနေသာသာ ကိုယ့်ရဲဘော်တွေကိုတောင် ကိုယ်မစည်းရုံး နိုင်ခဲ့တာအမှန်ပါဘဲ။ တပ်တတပ်ထဲမှာ တပ်မှူးတွေ အခွင့်ထူးခံတာကို ငယ်သားတွေ မကျေနပ်တော့ တပ်မှူးတွေပြောလေ့ရှိတဲ့ စကားတခွန်းကို အမှတ်ရမိပါတယ်။ "ငါ့လိုအခွင့်အရေးလိုချင်ရင် ငါ့လိုဖြစ်အောင်လုပ်" တဲ့။

ဒီလိုတော်လှန်ရေးမဆန်ဘဲ အာဏာလက်ရှိအုပ်စိုးသူတွေလိုဖြစ်နေတဲ့ ကျနော်တို့ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရန်သူကို မလှန်နိုင်တော့ဘူးဆိုတာ ဒီနေ့မြို့ရောတောရော ပြည်သူတွေပါ အတိုင်းသားမြင်နေကြရပါပြီ။ တော်လှန်ရေးဆိုတာ မင်းဆိုး မင်းညစ်တပါးကို ဆန့်ကျင်တိုက်ခိုက်ပြီး၊ နောက်မင်းဆက်တဆက်တည်ထောင်ဖို့ မဟုတ်ပါဘူး။ ရော်ဘင်ဟုလို တောပုန်းပြီး မင်းဆိုးမင်းညစ်ရဲ့တပ်တွေက နှိမ်နင်းဖို့လာတာကို ချောင်းမြောင်းတိုက်ခိုက်နေရုံနဲ့ပြီးတာမဟုတ်ပါဘူး။ လက်ရှိ လူမှုဆက်ဆံ ရေးစနစ်ဟောင်းကို အခြေအမြစ်ကျကျ ပြောင်းလဲပစ်ရမှာပါ။ ဒီလိုပြောင်းလဲပစ်ဖို့တကယ်ရည်ရွယ်သလား မရည်ရွယ်သလား ဆိုတာကို အနာဂတ်မှာတည်ထောင်မယ့် လူနေမှုစနစ်ရဲ့ပုံစံငယ် (microcosm) ကို မိမိအခြေခံဒေသမှာ တည်ဆောက်ထား သလား၊ မတည်ဆောက်ထားသလားဆိုတာနဲ့ တိုင်းတာဆုံးဖြတ်ရမှာဘဲဖြစ်ပါတယ်။

တရုတ်တော်လှန်ရေးရဲ့ ပထမပြည်တွင်းစစ် ကာလ (၁၉၂၇-၃၇) နဲ့ ဂျပန်ခုခံရေးစစ်ပွဲကာလ (၁၉၃၇-၄၅) အတွင်းမှာ အနာဂတ်ပြည်သူ့ဒီမိုကရေစီစနစ်ရဲ့ ပုံစံငယ်ကို တည် ဆောက်ထားခဲ့ပါတယ်။ ဒီလိုနဲ့ လွတ်မြောက်ဒေသတွေဟာ စစ်ကာလမို့ရုပ်ဝတ္တုပစ္စည်းအရ မတိုးတက်သေးပေမယ့် ပြည်သူတွေ အဖို့ ဖိနှိပ်မှုများမှ လွတ်မြောက်ပြီး လူမှုရေးအခြေအနေသစ်ထဲ ရောက်သွားခဲ့ကြပါတယ်။ ဒီလိုစစ်ပွဲမျိုးဟာ ပြည်သူလူထုကြီးက တဘက်၊ အာဏာရအုပ်စိုးသူတွေကတဘက်ဖြစ်တဲ့ စစ်ပွဲလို့ဆိုနိုင်ပါတယ်။ အထက်မှာ ကျနော်တင်ပြခဲ့တဲ့ အခြအနေမျိုးနဲ့ ဆိုရင်တော့ ပြည်သူလူထုဟာ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်လို ဖြစ်နေအုံးမှာပါဘဲ။

ဗမာပြည်စစ်အစိုးရလို ဘာကိုမှဂရုမစိုက်၊ စစ်တပ်အားကိုးနဲ့ အာဏာကိုသာ အသေဖက်တွယ်ထားဖို့ ပိုင်းဖြတ်ထားပုံရတဲ့ အစိုးရမျိုးကို လက်နက်ကိုင်အကြမ်းဖက်တိုက်နည်းမပါဘဲ ဖယ်ရှင်းပစ်လို့မရနိုင်ပါဘူး။ ဒီတော့လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဖေါ်ဆောင်သွားဖို့ လိုအပ်နေတာကတော့ အမှန်ပါဘဲ။ ဒါပေမယ့် တော်လှန်ရေးကို တော်လှန်ရေးပီသအောင် ရန်သူ နဲ့ လူ့စည်းဘီလူးစည်း ခြားရပါလိမ့်မယ်။ ရန်သူကို အားကျပြီးလိုက်တုနေလို့ မဖြစ်တော့တာ အမှန်ပါ။

အောင်ပွဲခံခဲ့တဲ့ အတိတ်က တော်လှန်ရေးတွေအကြောင်းသာမက ခေတ်ပြိုင်ဖြစ်ပွားနေတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကိုပါ တက်တက်ကြွကြွလေ့လာပြီး ကျနော်တို့တိုင်းပြည်ရဲ့အခြအနေ၊ နိုင်ငံတကာအခြေအနေတွေနဲ့ ဟပ်စပ်တဲ့ တော်လှန်ရေးလှုပ်ရှားမှုအသစ်ကို စတင်ကြဖို့ ပြင်ဆင်ချိန်တန်ပါပြီ။

(တော်လှန်ရေးမဆန်သော အဖွဲ့အစည်းများနဲ့ တော်လှန်ရေးသမားမဆန်သော ပုဂ္ဂိုလ်များကိုသာ ရည်ညွှန်းခြင်း ဖြစ်ပါတယ်)

ခေတ်ပြိုင် မှ ကူးယူဖေါ်ပြပါသည်

ဒေါက်တာစိန်ဝင်း နှင့် ဘလော့ဂါ များသို့ အိတ်ဖွင့် ပေးစာ

ကျုပ်မြန်မာပြည်သူတဦးပါ..။ ကျုပ်အသက် က အခုဆို ( ၆၀ ) နားနီးနေပြီ ။ ကျုပ်တို့ ပြည် သူတွေ လို ချင် ခဲ့တဲ့ ဒီမိုကရေစီ အရေး က အလှမ်းဝေးလိုက်တာဗျာ….။ နှစ်တွေ လဲ ကြာ ပြီ..။ ဒီမိုကရေစီအရေး ဆောင် ရွက် နေကြတဲ့  ပြည်တွင်း က ပုဂ္ဂိုလ်ကြီးတွေ ကိုရော….ပြည်ပက ပုဂ္ဂိုလ်တွေ ကို ကျုပ် အရမ်း လေးစား တာဗျ…။ ပြောရရင်ကျုပ်တို့ လိုချင်နေတဲ့ ဒီမိုကရေစီစနစ် ကို ဒီလိုသူတွေ က သာအရယူပေးနိုင်လိမ့်  မယ်..လို့ ကို ယုံကြည် ထားတာ….။ အခုဆိုရင်အနှစ် ( ၂၀ ) တောင်ကျော် လာပြီ..။ တနေ့ရလိမ့်နိုး…တနေ့ ရလိမ့်  နိုးနဲ့ … အခုထိမျှော်နေဆဲပါဗျာ…။ ပြည်တွင်းပြည်ပ က လှုပ်ရှားမှု့ တွေ ကို လဲ မျက်ခြေမပျက် ဘူး…အသံလွှင့်  ဌာနတွေ …နိုင်ငံရေးနဲ့ နီးစပ် တဲ့သူတွေ ဆီ ကနေ အမြဲနားစွင့် နေတယ်ဗျ…။ ကျနော်ပြောချင်တာက ခင်ဗျားတို့  တွေ ရဲ့ လုပ်ဆောင်နေမှု့  တွေ ကို ..ကျနော်တို့  ပြည် သူတွေ က လဲ မျက် ခြေမပျက်ပါဘူးဆိုတာပါ….။

အဲဒီမှာ ကျနော်တို့  ရဲ့ အမြင်လေးတွေ ကိုလဲ တင် ပြချင်တယ်ဗျ…။ ပြည်တွင်းအနေအထားမှာဆို ရင် တော့  ခင်ဗျားတို့ လဲ သိ တဲ့အတိုင်းပေါ့ ဗျာ….။ ဒီမိုကရေးစီအရေးကြိုးပမ်းနေသူတွေ ဟာ အခုဆိုရင်..ထောင်ထဲ မှာ နဲ့ အပြင် မှာ နဲ့က ထောင်ထဲ မှာလူပိုများနေတယ်….။ မတရားအမှု့ ဆင် ဖမ်းတာ တွေ …။ မတော်မတရား ပုဒ်ထီး ၊ ပုဒ်မတွေ နဲ့ အမျိုးအမျိုး ဖမ်းဆီးနေတာ….။ ကျနော်တော့  ဗျာ….ပြည်သူတယောက် အနေနဲ့ တဖြည်းဖြည်းနဲ့ မျှော်လင့် ချက်မဲ့လာသလိုပဲ …။ ပြောရရင်အားငယ်လာတယ်ပေါ့ ဗျာ…။ ကျုပ်တို့  တွေ ကို ခင်ဗျား တို့  ဒီအတိုင်းပဲ ထားတော့  မှာ လား…။ ဒီလိုပဲ နေနေကြတော့  မှာလား….။ ပြည်ပကို ရောက် သွား တဲ့ တော်လှန်ရေးသမားတွေ ဆို ကျုပ်နေ့  တိုင်းမေတ္တာ ပို့  တယ်ဗျ…။ ကျန်းမာကြပါစေ.. ချမ်းသာကြပါစေ ရယ်လို့ ။ ခုလိုခေတ်မှာအင်တာနက် ခေတ်ရောက်လာပြီ ဆိုတော့  ကျနော်တို့  တွေအတွက် ပိုတောင်ကောင်းသေး တယ်….။ ဘာလို့ လဲ ဆိုတော့ သတင်းစာမျက်နှာလေးတွေများလာကိုးဗျ…။ ကျုပ်ရုံးမှာ က လဲ သဌေးက အင်တာနက်ချိတ်ပေးထားတော့ ပို အဆင် ပြေတာ ပေါ့ဗျာ…။ ပြည်ပ က ကိုယ်ပိုင်ဘလော့ လေးတွေဟာ ပို ပြီးလွတ်လပ်တယ်..ပိုပြီးပွင့် လင်းတဲ့သဘောဆောင်တယ်လို့  ထင် မိတယ်ဗျာ…။ ဘာမဆို ကိုယ် ပြော ချင်တာ..တင်ပြချင်တာတွေ ကို ဘယ်သူ့  ဆီမှာ ခွင့် တောင်းစရာမလိုဘူးတဲ့ ဆို လို့  ဗျ..။ အဲဒါဆိုလဲ ဗျာ ပွင့်  ပွင့် လင်းလင်းပြောကြစေချင်တယ်…။ ဟိုတလောက ဆိုရင် ကုလသမဂ္ဂမှာ မြန်မာ စစ်အစိုးရ ကို တရားဝင် အစိုးရ မဟုတ်တဲ့အကြောင်းကိုတင်ပြမယ်ဆိုတုန်းကလေ..ကျုပ်ဗျာ…ဘယ်လိုပြောရမလဲ..ဒီတခါတော့ပြည်ပပုဂ္ဂိုလ်ကြီးတွေ က အပြတ်ဆော်ပြီ..ဆိုပြီးတော့ ..ကျုပ်တို့ ရဲ့ စကားဝိုင်းလေးတွေမှာ မပါမဖြစ်ပေါ့…။ ကျုပ်ကတော့  ခပ်ကြွားကြွားကို ပြောထားတာ….ဒီတခါတော့  ဒီအစိုးရ ..ခွေးကျကျ မှာသေချာပြီဆို ပြီး… စကားဝိုင်းတွေ ထဲမှာ ကျုပ်က ..ဒီကိစ္စနဲ့ပါက်သက် ရင် နဲနဲ မှအပြောမခံ ဘူး…။ တချို့  က မေးလာ သေး တယ်.. ဟုတ်ပါ့ မလားမောင်ကာလု..ရယ် တဲ့…။ အဲလိုပြောလာတဲ့သူဆိုရင် ကျုပ်က အပြတ်ပြောချလိုက်တာဗျ…။ ခင်ဗျားတို့  ကြည့် နေ ကုလသမဂ္ဂ ရဲ့ အစည်းဝေးပြီးတာ နဲ့ စစ်အစိုးရဟာ ခွက်ဆွဲတောင်းစားရကိန်းဆိုက်မယ်လို့  အမှတ်အပြည့်ပေးလိုက်တာ..ခုတော့ ဗျာ…ဘယ်နဲ့ပြောပါလိမ့် ကျုပ်ဖြင့် လူကြားထဲ့မျက်နှာတောင်မပြရဲတော့  ဘူး….။ အဲဒီအစီစဉ်မအောင်မြင်သေးဘူးတဲ့ ဗျာ…ဘာလို့ လဲဆိုတော့  ဒေါက်တာစိန်ဝင်းကလက်မှတ်မထိုးလို့ တဲ့ဗျ….။ ကျုပ်ကို ကုလားမနိုင်ရခိုင်မဲတယ်ပြောချင်ပြောဗျာ..ကျုပ်ကတော့ ..ဒေါက်တာစိန်ဝင်းဆို တဲ့ ကုလသမဂ္ဂ မှာနေရာရနေတဲ့ မြန်မာပြည်ကိုယ်စားလှယ်ကြီးကို ခုနေများတွေ့ရင် မျက်နှာ ကိုလက်သီးနဲ့တောင် ထိုးလိုက် ချင်တယ်…. ကျုပ်အသက် ( ၆၀ ) နားနီးနေပေမယ့်…လူတယောက် ကို တော့  တချက် ထဲနဲ့ ဖင် ထိုင်ကျအောင် ထိုးနိုင်ပါသေးတယ်ဗျ..။ ဘယ်နှယ့်ဗျာ….အာဇာနည်းမျိုး ရိုးမပီသ လိုက်တာ..ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုကြီး ဦးဘ၀င်းက မွေးတာ တဲ့…။ သူ့ညီမ တ၀မ်းကွဲ အောင်ဆန်းစုကြည် ဆိုရင်လဲ အခုထိ အထိမ်း သိမ်း ခံ နေရတုန်း….။ စကားမစပ်ပြောရဦးမယ်..ကျန်ခဲ့တဲ့နှစ်ရက်လောက်က ပဲဒေါ်အောင်ဆန်းစုကြည်နေတဲ့ အိမ်ရှေ့ လမ်းကဖြတ်သွားတော့  ကျုပ်ရင်ထဲဆို့  သွားတယ်ဗျာ…နှစ်တွေအကြာကြီး ဒီအိမ်ထဲနေနေရတာ… ကျုပ်ဆိုရင်တော့ နေနိုင်မှာမဟုတ်ဘူး..။ သူကတော့ရည်မှန်းချက်တွေ တသီကြီးနဲ့ အစီစဉ်တွေ ချထားမှာပဲ.. လို့တွေးမိတယ်..အပြင် မှာဘာတွေဖြစ်နေလဲ ဆိုတာကိုသူမသိလောက်ဘူးထင်တယ်ဗျာ.. သူ့  အကို တယောက် ကတော့ ပြည်သူအတွက် မပြောနဲ့ သူ့ညီမ အတွက် တောင် လွတ်အောင် လုပ်ချင်ပုံ မရဘူး…။ ထိုင်ခုံနေရာ ပျောက်မှစိုးနေလားမသိဘူး…။ နှစ်တွေ လဲကြာပြီ…ကျုပ်ရေးလိုက်တဲ့ဒီစာကို ဒေါက်တာစိန်ဝင်း. .ခင်ဗျား ဖတ်မိရင်တော့ ..စိတ်မကောင်းမဖြစ်နဲ့ဗျာ..ကျုပ်ရင်ထဲက အမှန်အတိုင်းပြောတာဗျ..။ ဒီကိစ္စ ကို ပြည်ပ က အနေနီးစပ်တဲ့..သူတွေ ..လက်တွဲလုပ်နေတဲ့သူတွေ က လဲ မပြောကြဘူးလားဗျာ… ခင်ဗျားတို့  ပါတကျိတ် ထဲတဥာဏ် ထဲ လား…ဘာတွေ ကို မက်မောနေကြတာလဲ…ဘာတွေ တွေ ဝေနေကြတာလဲ..ခင်ဗျားတို့  ကြိုးပမ်း နေကြတာတွေ က ခင်ဗျားတို့  အတွက်လားကျုပ်တို့  အတွက် လား….ကျုပ်တို့  ကထင်ထားတာက ..ခင်ဗျားတို့  ရဲ့ အနှစ်နာခံမှု့ တွေ ကြိုးစားနေမှု့  တွေ က ကျုပ်တို့  ပြည် သူတွေ အတွက် လို့ ထင်နေ တာဗျ.. အရင်က အမှတ် အပြည့်ပေးထားတာ…အခုတော့ ဗျာ…။ ကျန်တဲ့ သူတွေ လဲ ကျုပ်ပြော လိုက်ချင် တယ်ဗျ..ငခုံးမ တကောင် ကြောင့်တော့တလှေလုံးမပုတ်စေနဲ့ပေါ့ ဗျာ…။ ကျန်တဲ့သူတွေ က ကြိုးစားကြစေချင်တယ်… အောင်မြင်အောင် ဆောင်ရွက်စေချင်တယ်…ကျုပ်တို့ပြည်သူတွေ ရဲ့အကျိုးကို အမှန်တကယ်လိုလား တယ်ဆိုရင် ပေါ့ဗျာ.. ကျားကြောက်လို့ရှင်ကြီးကိုး..ရှင်ကြီးကျားထက်ဆိုး..ဆိုသလိုဖြစ်နေမလားပဲ…။

ကျုပ်..သတင်းဌာနတွေ က လွဲရင်..ကျုပ်ဖတ်လေ့ ဖတ်ထ ရှိတဲ့ဘလော့ တွေကို ..ကျုပ်အကုန်ပို့  ထားတယ်..ကျုပ်ရဲ့ ရင်တွင်းစကား…ပြည်သူတွေ ရဲ့ ဆန္ဒတွေ ကို ခင်ဗျားတို့ အလေးထား မထားသိချင် တယ်… ပြောရရင်ခင်ဗျားတို့ ဘလော့ တွေ ကို လဲသွေးတိုး စမ်းလိုက်တာပဲဗျ…။ အမှန် အတိုင်းပြောရဲ့တဲ့သူတွေ ဘယ်နှစ်ယောက် ရှိလဲလို့ …ပြည်တွင်းက စစ်အစိုးရ မဟုတ်တာလုပ်နေတာတွေ တော့ ..အသံကုန် အော် တယ်..ခင်ဗျားတို့  ထဲ က မဟုတ်တာ..လုပ်တာကျတော့ ငြိမ်နေကြတယ်မဟုတ်လား. .ကျုပ်အထင်ပြောရ ရင်တော့ ခင်ဗျားတို့ ဘလော့တွေ့ဟာ မီဒီယာတခု ပဲ အဂတိလိုက်စားမှု့  မရှိရဘူး..မှန်တယ်ထင်ရင် ပြောရဲ ကြရမယ်..ကျုပ်ရေးတာကိုဖော်ပြလိုက်တဲ့အတွက် ခင်ဗျားတို့ ကကျုပ်ကို..ထင်နေကြလိမ့်မယ်… ကျုပ်ကို.. ဒီလူကရော ဘာတွေလုပ်လို့  လဲ…လို့…ကျုပ်လုပ်တာကျုပ်ပြောမယ်… ကျုပ်ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကမှ မဟုတ်ဘူး… ဒါပေမယ့်..ခင်ဗျားတို့  တွေရဲ့အမာခံပြည်သူတဦးပဲ..ဟိုးအရင်ထဲက နေ ခုချိန်ထိ ခင်ဗျားတို့ရဲ့ အမာခံပြည်သူပဲ. .နောက်ပိုင်းအချိန်ဆိုရင်တော့  ပြောင်းလဲချင်ပြောင်းလဲ ..သွားလိမ့်  မယ်…အဲဒါကတော့  ခင်ဗျားတို့ ရဲ့ လုပ်ရပ် အပေါ်မူတည်နေတယ်..ဗျ..ခင်ဗျားတို့  ကိုကြည့် ရတာ လူများပြီးပွဲမစည်ဘူးဖြစ်နေတယ်…။ အင်း…ကျုပ်..ပြောချင်တာ တွေပြောလိုက်ရလို့တော်တော်လေးတော့  ပေါ့ သွားပြီ..မဟုတ်ရင် ကျုပ်ရင်တွေ တင်းကျပ် နေတယ်…. မျိုသိပ်ထားရတာတွေများနေတယ်…ခုတော့……..


မောင်သက်ပြင်း ( အင်းယားမြေ )

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 3 New Entries: ဘင်္ဂလားဒေ့ရှ် တပ်မတော် နယ်စပ်စစ်အင်အားတိုးမြှင့်ချထား

ဘင်္ဂလားဒေ့ရှ် တပ်မတော် နယ်စပ်စစ်အင်အားတိုးမြှင့်ချထား

ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ မြန်မာ နယ်စပ်တွင် ထပ်မံအင်အားဖြည့် တပ်များ ချထားပြီဖြစ်သည်။
ထိုသို့ အင်အားတိုးမြှင့်ချထားသော်လည်း နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဒက်ကာမြို့တွင် ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။

ပြည်ပအလုပ်အကိုင်ရှာဖွေကြသူတို့အကြောင်း ( ၂ )


အောင်ပန်
ယနေ့မြန်မာစစ်အာဏာရှင်တစု၏ စစ်အာဏာရှင်သက်ဆိုးရှည်ရေး၊ စစ်တပ်ပိုင်မိသားစုအကျိုးစီးပွားလက်oါးကြီးအုပ်ချုပ်နိုင်ရေး
တို့အတွက် သာ ရှေ့ရှုနေမှုကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဟူ၍ မရှိသလောက်ရှားပါးလာခဲ့ရာ ယနေ့မြန်မာခေတ်ပညာတတ်လူငယ်များ
အတွက် အလုပ်အကိုင်မှာအလွန်ခက်ခဲလှသည်။ မိမိတို့တတ်ကျွမ်းသောပညာရပ်ဖြင့် ဘ၀ရပ်တည်နိုင်ရေးမှာ မိမိတိုင်းပြည်တွင် မဖြစ်နိုင်ပေ။

ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြရန်ကြိုးပမ်းနေကြသူများ၊ ထွက်ခွာသွားကြသူများ မှာ ယနေ့မြန်မာနိုင်ငံ၏ ထူဆန်းသော မြင်ကွင်းမဟုတ်သော်လည်း ထိုလူငယ်များ၏ဘ၀ များမှာရင့်နှင့်ဖွယ်ကောင်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်များ
သင်ကြားတက်ရောက်ခဲ့ရသော ကျောင်းများကလည်း အထောက်အကူပြုပစ္စည်း မပြည့်စုံ၊မိမိတို့ဘ၀ရှေ့ရေးခိုင်မာစေရန် အတွက် ပြင်ကသင်တန်းများ၊ကိုယ်တိုင်လေ့လာဆည်းပူးခဲ့ကြ သူများက အများစုဖြစ်နေကြသည်။ ထိုလူငယ်များထဲတွင် စစ်အာဏာရှင်တို့၏
သားသမီးများပါဝင်သည်ကိုမတွေ့ရဘဲ လူလတ်တန်းစားမိသားစုများ ကသာဖြစ်နေပေသည်။

ထိုခေတ်ပညာတတ်လူငယ်အများစုရွေးချယ်သည့် တိုင်းပြည်အရှေ့တောင်အာရှရဲ့ထိပ်တန်းရောက်နိုင်ငံတခုဖြစ်သော စက`်ာပူနိုင်ငံဖြစ်သည်။အကြောင်းမှာ အနောက်နိုင်ငံများထက် ဗီဇာရမှုလွယ်ကူခြင်း၊အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီခသက်သာခြင်း တို့ကြောင့်ရွေးချယ်ကြခြင်းဖြစ်သည်။ စက`်ာပူတွင် အလုပ်လုပ်ရန်အတွက် ရွေးချယ်ရာတွင်မိမိ၏ပညာအရည်အချင်း၊ လုပ်ငန်း အတွေ့အကြုံ့၊ ဘာသာစကားကျွမ်းကျင်မှုတို့အပေါ်တွင်များစွာမူတည်ပေသည်။ စက်မှုဆိုင်ရာအင်ဂျင်နီယာဘွဲ့ရသူများ၊I T နည်းပညာကျွမ်းကျင်သူများ၊ နိုင်ငံတကာ အသိအမှတ်ပြုစာရင်းကိုင်ဒီပလိုမာရရှိသူများ အတွက်အလုပ်အကိုင်အခွင့်အလမ်းများမှာ
အခြားလူငယ်များထက်လွယ်ကူပေသည်။ထိုသူများမှာ စက`်ာအစိုးရ က employment pass နှင့် S Pass ဟူ၍ အဆင့်ခွဲထားပေသည်။

နိုင်ငံတကာအသိအမှတ်ပြုသင်တန်းများပြီးဆုံးပြီးချိန်မှစ၍ ပြည်ပထွက်ခွာနိုင်ရေးအတွက် မိသားစုဝင်များသာမက
ဆွေမျိုးသားချင်းများပါခေါင်းခြင်းဆိုင်တိုင်ပင်ကြရသည်။အလုပ်အကိုင်ရှာဖွေရေးအေးဂျင့်ကိုပေးရမည့်အမေရိကန်ဒေါ်လာ၃၀၀၀နီးပါးအတွက်ဝိုင်းဝန်းရှာ ဖွေကြရန်အတွက်ဖြစ်သည်။ မိမိ မိသားစုများအနှစ်နှစ်အလလချွေတာစုဆောင်းလာခဲ့ကြ တဲ့လက်ဝတ် ရတနာလေးများ ထုခွဲ ပေါင်နှံပေးလိုက်ရမှာဖြစ်တဲ့အတွက်တိုင်ပင်ကြဆွေး နွေးကြရပါတယ်။ လိုအပ်ရင်လည်း ချေးငှားကြပြီး မိမိတို့ သား(သို့)သမီးကို မိမိတို့ မိသားစုရဲ့ဘ၀ကိုကယ်တင်နိုင်မယ့်သူအဖြစ် ပုံအောရင်းနှီးကြရပါတယ်။ ထိုလူငယ်တို့မှာ မိမိသားစုအတွက်
တိုက်ပွဲဝင်သူရဲကောင်း တယောက်ပမာစက`်ာပူကိုထွက်ခွာခဲ့ကြ ခြင်းဖြစ်သည်။ ထိုသို့ထွက်ခွာခဲ့သော လူငယ်တို့မှာ မိမိတို့မိသားစုထံ
ငွေပြန်ပို့ခြင်း အပြင် ညီငယ်ညီမငယ်တို့ပညာရေးကိုရွေးချယ်ပေးပြီးထောက်ပံခြင်းတို့အပြင် မိမိတို့၏ချွေးနှဲစာထဲမှ စစ်အစိုးရ၏ သံရုံးကိုလည်းအခွန်ပေးကြရသေးသည်။

အခြားလူငယ်များမှာ တန်ဘိုးမရှိသောဘွဲ့တခုရရှိပြီး စက`်ာပူသို့သွားရောက်အလုပ်လုပ်ကိုင်လိုကြသောအခါ စက`်ာပူမှလာရောက်ဖွင့်လှစ်သော သံချည်သံကွေး၊ဂဟေဆော် အစရှိည့် ကျွမ်းကျင်မှုသင်တန်းများကိုတက်ရောက်ပြီးမှသာစက`်ာပူတွင်အလုပ်ရနိုင် ပေသည်။ ထိုသင်တန်းသားများတက်ရောက်ရန်အတွက် အခကြေးငွေမှာ အမေရိကန်ဒေါ် လာ ၆၅၀ ခန့်ကုန်ကျကြရသည်။ ထိုအပြင်အေးဂျင့်၏၀န်ဆောင်ခ အမေရိကန်ဒေါ်လာ ၁၈၀၀ခန့်ပေးကြရသေးသည်။ ထိုလူငယ်များအား စက`်ာပူအစိုးရက work permit အဆင့် သတ်မှတ်ပေးကာ လစာနည်းဝန်ထမ်းများဖြစ်ကြသော်လည်း မိမိသားစုအား ထောက်ပံနိုင်ကြသည်။

ထိုသို့ထွက်ခွာသွားကြသူများအပြင် မည်သည့်ဝန်ဆောင်ခမှအကုန်မခံဘဲ လေယာဉ်လက် မှတ်တခုဘဲ အရင်းပြုပြီး အလည်အပါတ
်ဗီဇာဖြင့်စက`်ပူသို့ဝင်ရောက်အလုပ်ရှာဖွေကြ သော လူငယ်များလည်းအများအပြားရှိပေသေးည်။ အလုပ်တန်းရသူများရှိသလို၊အလုပ်
မရသေးသူ များမှာလည်း-----------တလပြည့်၍အလုပ်မရသေးလျှင် နောက်ထပ်တလသက်တမ်းတိုးပြီးအလုပ်ရှာဖွေကြသည်။ ထို၂ လမှမရသေးလျှင် မလေးရှား၊ထိုင်းသို့တပါတ်ခန့်ထွက်ခွာပြီး စက`်ာပူသို့ပြန်ဝင်ရောက်ပြီးလျှင် မြန်မာပြည်
အေးဂျင့်ဝန်ဆောင်ခပေးရမည့် ငွေကြေးပမာဖြင့် စက`်ာကူရှိပုဂ္ဂလိကကျောင်းများတွင် ကျောင်းအပ် studend pass ရလျှင် ကျောင်းကိုpart time တက်၊ တဖက်ကအလုပ်ခိုးလုပ်၊တဖက်ကအလုပ်ရှာ နေကြ နဲ့ မြန်မာမိန်းကလေးတွေစွန့်စားခဲ့ကြတယ်။

စက်တင်ဘာသံဃာတော်လှန်ရေးအပြီး စီးပွားရေးချွတ်ခြုံကြမှုကြောင့်နဲ့နာဂစ်မုန်တိုင်း အပြီးမှာတော့ စက`်ာပူကို အလုံးအရင်းနဲ့
ခေတ်တတ်ပညာတွေထွက်ခွာလာမှုဟာ စက`်ာကူအစိုးရအတွက် စိုးရိမ်စရာစြေ်လာနေသလို၊ အလည်အပါတ်ဖြင့် ၀င်ရောက အလုပ်အကိုင်ရှာဖွေသူတို့အတွက် အလုပ်အကိုင်ရရှိရေးအခွင့် အလမ်းလည်းနည်း လာပါတော့တယ်။ ထို့အပြင် ဗီဇာသက်တမ်း တိုးမှုကိုလည်းစက`်ာပူအစိုးရက တင်းကျပ်လာနေပါပြီ။ မြန်နိုင်ငံအတွင်းမှာကလည်း စစ်အစိုးရရဲ့ တင်းကျပ်မှုတွေကြောင့်ရယ်၊ရေရှည်မှာ
မိသားစုထမင်းငတ်တော့မယ့်အရေးတွေကြောင့်ရယ် လူငယ်တွေဟာ စက`်ာပူနေ့ စဉ်ဝင်ရောက်နေကြသလို၊ ထွက်ခွာဖို့ပြင်ဆင်နေကြသလို၊ ယနေ့လူငယ်တွေရဲ့အနာဂတ်ကတော့ မတွေးဝံ စရာ။

အောင်ပန်

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ပြသာနာ ( ကြားဖြတ်သတင်း)


အေပီ -
ဘင်္ဂလားဒေ့ရှ် က မြန်မာ နယ်စပ်ကို မျက်စေ့တောက်ထောက်ကြည့်  နေ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ့ ကိုတပ်လှန့် ထား တယ်လို့ သိရတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အရာရှိ အေ-ကေ- အမ် နယူလ် ဘာဟာ က မြန်မာတပ်တွေ နယ်စပ်မှာ တိုးချဲု့ ချလာတယ်လို့ ပြောပါတယ်။ စိုးရိမ်ရတဲ့အနေထားမှာတော့ မရှိသေးဘူးလို့ ပြောတယ်။ ဘင်္ဂလားဒေ့ရှ် က သူတို့ နယ်နမိတ်လို့ ကြေညာချိန်မှာ မြန်မာကတော့ မှန်းယွင်းစွာ ကြေညာတယ်လို့  တုန့် ပြန် ခဲ့တယ်။


Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: အတ္တ နဲ့ မာန

အတ္တ နဲ့ မာန

စာဖတ်ပရိသတ်များခင်ဗျား

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေရဲ့  အတ္တလောင်းရိပ်ကြောင့် ပြည်သူလူထုရဲ့  ဘ၀တွေ နစ်မွန်းနေ ကြရပါတယ်။ တဆက်တည်းမှာဘဲ အတ္တနဲ့ မာနကြောင့် အတိုက်အခံ အင်အားစု တွေရဲ့  လှုပ်ရှားမှုတွေဟာလည်း ၀ါး အစည်းပြေ သလို ဖြစ်နေကြလို့ မျိုးဆက်သစ် လူငယ်များ အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်နိုင် ဖို့အတွက် မွန်မြတ်တဲ့ စိတ်ထားနဲ့ အတူ သူတို့ရဲ့  သဘောထား၊ အမြင်ကို ကျွန်တော် ကိုဖိုးတရုတ် ထံ ပေးပို့လာပါတယ်။ မျိုးဆက်သစ် လူငယ်များရဲ့  စွန့်လွှတ် စွန့်စားတဲ့ စိတ်ဓာတ်ကို ဂုဏ်ပြုရင်း စာဖတ်ပရိသတ်များအား ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြပေးလိုက်ရပါတယ်။

သူငယ်ချင်း၊ မိတ်ဆွေ၊ ရဲမေ၊ ရဲဘော် အပေါင်းတို့ ---

တကယ့်စစ်မှန်တဲ့အပြောင်းအလဲကို လိုချင်ရင် မိမိတို့ယနေ့ရှိနေတဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ရပ် အခြေအနေကို ပြန်လည်သုံးသပ်ကြဖို့လိုတယ်၊ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့ပြီးမယ့် ကိစ္စမဟုတ်ဘူးဆိုတာလဲ လူတိုင်းလိုလိုသိနေကြတယ်။ အတ္တနဲ့မာန ခ၀ါမချနိုင်ဘဲနဲ့တော့ ရေးချင်ရာရေး ဆွေးနွေးချင်ရာဆွေးနွေး ပြောချင်တာပြော ဘာမှဖြစ်မှာ မဟုတ်ဘူး။ ဒီတော့ တကယ့် အပြောင်းအလဲတစ်ခု တိုင်းပြည်မှာဖြစ်ပေါ်ဖို့ ဒီထက်ကြီးမားတဲ့ ပေးဆပ်မှု ထပ်ပြီးရှိဖို့ လိုပါသေးတယ်။ ပေးဆပ်မှုမရှိ ရင်းနှီးမှုမရှိဘဲ အလကား လိုချင်ရင်တော့ (အလကား) ရရှိလာတဲ့အရာဟာ တန်ဖိုးရှိမယ် တန်ဖိုးမရှိဘူးဆိုတာ အများစုနားလည်ပြီးသားပါ။ အားလုံးမှာတူညီတဲ့ ပေးဆပ်မှု နားလည်မှုတွေ မရှိသေးသ၍ မြန်မာနိုင်ငံပြဿနာဟာ အခုလိုဘဲ ဖြစ်နေအုံးမယ်။

လုပ်နေတဲ့ လူငယ်တွေ လူကြီးတွေကြားမှာ ဘယ်လိုမှ သေချာတဲ့ ညီညွှတ်ရေး တည်ဆောက်လို့ မရသေးဘူး။ မိမိကိုယ်တိုင် အပါအ၀င်ဘဲ။ ဘာကြောင့်လဲ ငါ့အတ္တက လာလာရှူပ်တယ်။ တစ်ခါတစ်ရံ ငါ့မာနက ၀င်ရောက်လာပြန်တယ်။ အသိရှိပေမယ့် သတိမကပ်တဲ့ အချိန်တွေမှာ ဖြစ်ခဲ့ရတဲ့ အပြောင်းအလဲတွေအတွက် ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့ကြမယ်ဆိုရင် နောက်ဆုံးကာဆီးနိုင်မှာကတော့ ၀န်ခံခြင်းနဲ့ပြုပြင်ခြင်းဘဲ။ ဒီလောက်နားလည်နေကြပြီး ဘာလို့ ဘာလို့ ငါတို့တွေ စစ်မှန်တဲ့ ညီညွှတ်မှု မတည်ဆောက် နိုင်ရတာလဲ။ (အားလုံးခေါင်းအေးအေးထားပြီး စဉ်းစားနိုင်မယ်ဆိုရင်ဖြစ်ပါတယ်) လက်ရှိနိုင်ငံရေး အပြောင်းအလဲကို ဦးဆောင်ဖော်နိုင်တဲ့ အုပ်စုတွေကို နအဖ စတင်ကစားတဲ့ အကွက်ကတော့ ဖမ်းဆီးအမိန့်ချပြီး ထောင်ပြောင်း လိုက်ခြင်းက ပြဿနာပိုမိုရှုပ်ထွေးလာနိုင်တယ်လို့ သုံးသပ်မိတယ်။

ဒီတော့ သူတို့တွေ (ဦးဆောင်နိုင်သူတွေ) နဲ့ ဆက်သွယ်ဆွေးနွေးနိုင်ရေးအတွက် ပြင်ပပုဂ္ဂိုလ်တွေ ပိုမိုကြိုးစားပြီး လုပ်ပေးရလိမ့်မယ်။ နိုင်ငံတကာဖိအားအရှိန်မြှင့်တင်ရေးလုပ်နေချိန်မှာ ပြည်တွင်းလူထုလှုပ်ရှားမှု ဖြစ်ပေါ်ရေး ပြိုင်တူတွန်းနိုင်ဖို့ ဘာတွေလုပ်ကြမလဲ။ အင်အားဆောက်တည်ရေး အစွမ်းကုန်ကြိုးစားနိုင်ရင်တော့ အကောင်းဆုံးအခြေအနေတစ်ခု ပြန်လည်ဖန်တီးလို့ရမယ်လို့ အားလုံးနားလည်ထားတဲ့အတိုင်း ပြည်တွင်း အင်အားရှိလာဖို့ လူငယ်ထုတည်ဆောက်ရမယ်၊ သံဃာထု တည်ဆောက်မှုကို မတ်လ-မေလ ၂၀၀၉ခုနှစ်မှာ (အပြီးလုပ်နိုင်ဖို့) စမ်းစစ်မှုနဲ့ သုံးသပ်ချက် တစ်ခုလောက်လုပ်နိုင်ဖို့ အထိ ၀ိုင်းဝန်းဖော်ဆောင်ကြမယ်ဆိုရင် ကောင်းပါတယ်။ အဲဒီလောက် လုပ်နိုင်ခဲ့မယ်ဆိုရင် အချိန်ရနိုင်တယ်၊ ၂၀၁၀ မတိုင်မှီ လူထုတိုက်ပွဲ အတွက်၊ ဒီထက်နောက်ကြပြီးမှ လူငယ်အင်အား တည်ဆောက်မယ် ဆိုရင်တော့ အတိုက်အခံအတွက် အရှူံးကြီးကြီးနဲ့ ရင်ဆိုင်သွားရဖို့ ရှိတယ်လို့ ခန့်မှန်းမိတယ်။

ထွက်ပြေးလို့ လွတ်မြောက်တာ မဟုတ်ဘူး၊ နောက်ဆုတ်လို့ အဖြေထွက်မှာ မဟုတ်ဘူး၊ တည်ဆောက်တိုက်ပွဲဝင်နိုင်မှ မိမိတို့လိုလားတောင့်တတဲ့ ဆန္ဒတွေပြည့်ဝမယ်ဆိုတာ သိနေပြီးရင် အခုကစလို့ အားလုံးစိတ်မှာ ပျိုးထောင်နိုင်ကြမယ်ဆိုရင် မိမိတို့ဖန်တီးတည်ဆောက်ချင်တဲ့ အနာဂတ် နိုင်ငံတော်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ် ယောင်တောင်တောင် နိုင်ငံရေး-တော်လှန်ရေး အမည်ခံ လုပ်နေမယ်ဆိုရင်တော့ ဘာလဲ ဘယ်လဲ ဆိုတဲ့ အဖြေအတွက် စဉ်းစား ရတော့မှာပေါ့။

လတ်တလော ပြင်ပအင်အားစုတွေ ညှိနှိုင်းအဖြေရှာဖို့၊ ပြည်တွင်းအင်အားစုတွေ ဆွေးနွေးမှု ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့၊ အင်အားတည်ဆောက်ဖို့ စတဲ့ အရေးကိစ္စတွေဟာ အဓိက (အရေးကြီး) လုပ်ငန်းရပ် ဖြစ်တယ်ဆိုတာ နားလည် တည်ဆောက်ကြဖို့ တိုက်တွန်းရင်း ---

တော်လှန်ရေးသစ္စာဖြင့်
ညီညီအောင်

(အောက်က ပုံပြင်လေးကို ကိုက်ညီမယ်ထင်လို့ ထည့်သွင်းဖေါ်ပြပေးလိုက်ပါတယ်)

စွန့်လွှတ်လိုက်ပါ

တခါတုန်းက သိပ္ပံပညာရှင် တစ်ယောက်ဟာ လေ့ကျင့်မှုပေါင်းများစွာ အားထုတ်မှုပေါင်းများစွာကို ဖြတ်သန်းအပြီးမှာ သူနဲ့ပုံစံတူကို ပြန်ဖန်တီးနိုင်တဲ့အတတ်ကို တတ်မြောက်သွားပါတယ်။ သူ့အတတ်ပညာဟာ ပြီးပြည့်စုံလွန်းတော့ ဘယ်သူက ဖန်တီးထားတဲ့အတု ဘယ်သူက တကယ့်အစစ်လို့တောင် ခွဲခြားပြီး မပြောနိုင်ကြပါဘူး။

သူ့ရဲ့နည်းပညာက အရမ်းအောင်မြင်ပေမယ့် တနေ့ သုတေသနလုပ်နေတုန်းမှာ မရဏနတ်သားက သူ့ကို လိုက်ရှာနေပြီမှန်း သိလိုက်ရပါတယ်။ အဲဒါနဲ့ ထာဝရအသက်ရှင် နေနိုင်ဖို့ သူနဲ့တပုံစံထဲဖြစ်တဲ့ ကိုယ်ပွားပေါင်း တစ်ဒါဇင်လောက်ကို ဖန်တီးလိုက်ပါတယ်။ သူ့ရဲ့ဖန်တီးမှုဟာ ပြည့်စုံစေ့စပ်လွန်းတော့ အားလုံးဟာ သူနဲ့တထပ်တည်းကို တူနေပါတယ်။

မရဏနတ်သား ဆင်းလာတဲ့အခါမှာတော့ သူ့အရှေ့မှာရှိတဲ့ လူ(၁၃)ယောက်ထဲက ဘယ်သူဟာ တကယ့် သိပ္ပံပညာရှင်အစစ်လဲဆိုတာ မသိနိုင်ဘဲ ရှုပ်ထွေးသွားပါတော့တယ်။ အဲဒါနဲ့ သူတို့ကို ထားခဲ့ပြီး နတ်ပြည်ကို ပြန်တက်သွားပါတယ်။ သိပ်မကြာလိုက်ပါဘူး လူ့သဘာဝကို ကောင်းကောင်း နားလည်ကျွမ်းကျင်သူ မရဏနတ်သားဟာ သိပ်ကောင်းတဲ့ အကြံအစည်တစ်ခု ရသွားပါတယ်။ နတ်သားဟာ ပြန်ရောက်လာပြီး ရှိနေတဲ့ လူ(၁၃)ယောက်စလုံးကို ဦးတည်ရင်း သိပ္ပံပညာရှင်ကို ပြောတဲ့အနေနဲ့ ပြောလိုက်ပါတယ်။

"သိပ္ပံပညာရှင်ကြီး... ခင်ဗျားဟာ ကိုယ်နဲ့ပုံတူတွေကို ပြီးပြည့်စုံအောင် ဖန်တီးတဲ့နည်းပညာမှာ တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်ပါပဲ။ ဒါပေမယ့် ခင်ဗျားရဲ့ဖန်တီးမှုမှာ ချို့ယွင်းချက်လေးတစ်ခု ရှာတွေ့ပါတယ်။ ချို့ယွင်းချက် သေးသေးလေး တစ်ခုထဲပါ"

သိပ္ပံပညာရှင်ဟာ ချက်ချင်းပဲ ထပြီး "မဖြစ်နိုင်ဘူး။ ဘယ်မှာလည်း ချို့ယွင်းချက်!!!" လို့အော်ပြောပါတော့တယ်။

"ဒီမှာပါပဲ" လို့ မရဏနတ်သားက ဖန်တီးထားတဲ့အတုတွေကြားထဲက သိပ္ပံပညာရှင်အစစ်ကို ရွေးထုတ်လိုက်ပြီး ခေါ်ယူတဲ့ အချိန်မှာ ပြောလိုက်ပါတော့တယ်...

သိပ္ပံပညာရှင် နဲ့ သူ့ပုံတူတွေကိုဖန်တီးတဲ့ နည်းပညာရဲ့ ရည်ရွယ်ချက်ဟာ သူ့ရဲ့အတ္တမာနကို မထိန်းချုပ်လိုက်နိုင်တဲ့ အချိန်မှာပဲ ပျက်စီးသွားခဲ့ပြီး အသက်ပါ ဆုံးရှုံးခဲ့ရပါတယ်။ ဇာတ်လမ်းကရခဲ့တဲ့ သင်ခန်းစာကတော့... ကိုယ့်ရဲ့ ဗဟုသုတနဲ့ အရည်အချင်းက ကိုယ့်ကို လှေကားရဲ့ထိပ်ဆုံးအထိ သယ်ဆောင်သွားပြီး အောင်မြင်မှုတွေ ရနေစေတဲ့ အချိန်မှာပဲ "အတ္တမာန"က အောက်ဆုံးကို ဆွဲချသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အတ္တမာနတွေကို စွန့်လွှတ်လိုက်ပါ... (Let go the EGO)

ရွှေပြည်သူ (ဘာသာပြန်ပါသည်) ......ဖိုးကျော် (Generation Wave)

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ပန်ဒိုရာ] 1 New Entry: စက်ဘီးကလေး

စက်ဘီးကလေး



စက်ဘီးကလေးတစ်စီး ရှိသည်ဆိုပါစို့။ မြေနီနီ လမ်းကလေးတစ်လမ်း ရှိသည်ဆိုပါစို့။ လမ်းကလေး၏ ဘေးတဘက်တချက်မှာ တောပန်းလေးတွေ မြက်ပင်တွေ အပြိုင်းအရိုင်း ပေါက်ချင်ပေါက်နေမည်။ လယ်ကွင်းတွေဖြင့် စိမ်းချင်စိမ်းနေမည်။ စက်ဘီးကလေး လိမ့်သွားဖို့ လမ်းကလေးတစ်ခုသာ လိုအပ်ပါသည်။



မြေနီလမ်းလေးလား။ ကတ္တရာလမ်းလေးလား။ မြေခံမာပြီး ချောမွေ့သော လမ်းကလေး မဖြစ်လျှင်တော့ သွားရတာ နည်းနည်းခက်မည်။ လမ်းကလေး ပီပီပြင်ပြင် မဟုတ်လျှင် ဘယ်လိုဖြစ်လာမလဲ။ တကယ်တော့ လမ်းကလေးရယ်လို့ ရှိမနေလည်း စက်ဘီးကလေး တစ်စီးသာ ရှိခဲ့လျှင် ဘယ်လိုပဲဖြစ်ဖြစ် တွန်းတွန်းတိုက်တိုက် ဖြတ်ကျော်မသွားနိုင်ဘူးလား။ ဒါဆိုလျှင်တော့ လမ်းကလေး ဖောက်မထားလည်း ကိစ္စမရှိတော့။ စက်ဘီးကလေးက ဆက်လက်ပြေးလွှားနေပါဦးမည်။

စက်ဘီးကလေးဆိုသည်မှာ စက်အားကိုးဖြင့် အလိုအလျောက် ပြေးလွှားနိုင်သော ယာဉ်တစ်စီးမဟုတ်။ ခြေထောက်ဖြင့် နင်းဖို့လိုသည်။ ဖြေးဖြေးနင်း။ မြန်မြန်နင်း။ တစ်ချက်ချင်းနင်း။ အားကုန်နင်း။ မောလျှင် ခဏနားရင်း အရှိန်ကလေးဖြင့် ဆက်လှိမ့်သွား။ အကွေ့ဆို လက်ကိုင်ကို ထိန်း။ ကုန်းဆင်းကလေးဆိုလျှင်တော့ သတိဖြင့် လျှောချရမည်။ ကုန်းမြင့်မြင့်ကို တက်ဖို့ ခပ်ဝေးဝေးကတည်းက အရှိန်ယူထားရမည်။ တစ်ယောက်တည်းလား။ ပေါ့ပေါ့ပါးပါး စီးမှာလား။ တခုခုကို သယ်ဆောင်ပြီး စီးမှာလား။ လက်နှစ်ဘက်လုံး လွှတ်စီးလျှင်တော့ စွန့်စားမှု များလွန်းသည်ဟု မထင်ဘူးလား။



စက်ဘီးကလေးဖြင့် ကျေးလက်ရနံ့ကို သယ်လာချင်ပါသည်။ တ၀က်တပျက်သာ စက်မှုဆန်လာသည့် ယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုလို့ပေါ့။ ညနေခင်း၏ ကန်ပတ်လမ်းကလေးမှာ လေပြည်အေးအေးလည်း သာသာ တိုးဝှေ့နေစေချင်သေးသည်။ အဲသည်လိုအချိန်မှာ ကောင်ကလေးက ရှေ့ကနင်းလို့ ကောင်မလေးက ကယ်ရီယာခုံမှာ ထိုင်လို့ ဆိုတာမျိုးပေါ့။ လမ်းက ဆိုးလို့ဖြစ်ဖြစ် အကွေ့ကိုရောက်လို့ဖြစ်ဖြစ် ဒါမှမဟုတ် ကောင်ကလေးကိုက စက်ဘီးလက်ကိုင်ကို တမင် လှုပ်ယမ်းလိုက်လို့ဖြစ်ဖြစ် စက်ဘီးကလေး ယိမ်းခနဲ ဖြစ်သွားတဲ့အခါ…။ ကောင်မလေးက ကြောက်တတ်လို့ ဒါမှမဟုတ် ကြောက်ချင်ယောင် ဆောင်လိုက်တဲ့အခါ ….။

စေတီဖြူဖြူလေးရှိရာ ကုန်းမြင့်ကလေးအတိုင်း တက်လာမည်။ မြစ်ကမ်းတလျောက် ကမ်းနားလမ်းကလေးအတိုင်း ပြန်ဆင်းသွားမည်။ သစ်သားပြားလေးများ မညီမညာခင်းထားသော တံတားလေး ရှိခဲ့လျှင်တော့ ဂျလိမ်းဂျလိမ်းဖြင့် အသံမြည်ဦးမည်။ ဗွက်အိုင်ကို ကျော်မည်။ ဈေးတန်းကလေးကို ဖြတ်မည်။ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်များ။ လမ်းဘေးဈေးသည်များ။ လက်ဖက်ရည်ဆိုင် ခုံပုကလေးများ။ လူတွေ ပိတ်ဆို့လွန်းလျှင်တော့ ခဏဆင်းပြီး တွန်းရပါမည်။ မိုးရွာခဲ့သည်ဆိုပါစို့။ ထီးကို လက်တစ်ဖက်က ကိုင်ပြီး ကျန်လက်တစ်ဖက်က စက်ဘီးလက်ကိုင်ကို ထိန်းကာ သင်စက်ဘီးစီးဖူးပါသလား။



စက်ဘီးကလေးသည် ကျွီကျွီဟု တမင်တကာ အသံမြည်အောင် ကတ္တရာလမ်းနှင့် ဘီးကို အရှိန်ဖြင့် ပွတ်တိုက်နိုင်စွမ်းမရှိပါ။ ဝေါဝေါဟု စက်သံပေးကာ မီးခိုးဖုန်လုံးများ တလိမ့်လိမ့်ဖြင့် လေထုကို ညစ်ညမ်းအောင် မထားခဲ့ပါ။ စက်ဘီးကလေးက အသစ်ဖြစ်ရန်လည်း မလိုပါ။ သံချေး နည်းနည်းပါးပါး တက်နေနိုင်သည်။ ဘီးဖုံးမှာ ချိန်းဖုံးမှာ ကယ်ရီယာခုံနောက်မှာ မီးတောက်ပုံ ပန်းပွင့်ပုံ ကြယ်ပုံ စတစ်ကာတွေ ဟိုရောက်ဒီရောက် ကပ်ချင်ကပ်ထားမည်။ စက်ဘီးကလေးက အနီရောင် ဒါမှမဟုတ် အစိမ်းရောင် ဖြစ်နိုင်သည်။ ထိုင်ခုံမြင့်မြင့် လက်ကိုင်နိမ့်နိမ့် ဘားတန်းကလေးနှင့် ဖွဲ့စည်းထားသော ပြိုင်ဘီးလေးတော့ မဟုတ်ပါ။ အားကစားကျင့်သော စက်ဘီးကလေးတစ်စီး မဟုတ်ပါ။ စက်ဘီးကလေးစီးလျှင် ဟဲလမက် ဆောင်းစရာမလို။ အားကစားဝတ်စုံ ၀တ်စရာမလို။ ရှေ့ကခြင်းကလေးထဲမှာတော့ ဖြစ်နိုင်လျှင် ပန်းပွင့်မွှေးမွှေးလေးတွေ အပြည့် ထည့်ထား လိုက်ချင်သေးသည်။



ဘယ်သူ့ကိုမှတော့ နာကျင်အောင် ၀င်မတိုက်မိချင်ပါ။ စက်ဘီးကလေးသည် တိုက်ဖို့ မဟုတ်ပါ။ ပြိုင်ဖို့မဟုတ်ပါ။ တနေရာရာကို အရောက်သွားဖို့တောင် ဟုတ်ချင်မှ ဟုတ်ပါမည်။ စက်ဘီးကလေးသည် ရပ်မနေသောအခါ လေကိုတိုးရင်း တလိမ့်လိမ့် ပြေးသွားဖို့သာ ဖြစ်ပါသည်။ အတိတ်တွေ အနာဂတ်တွေ ရည်ရွယ်ချက်တွေ မျှော်လင့်ချက်တွေ ခဏ ခွာချထားခဲ့ပါ။ သတ်မှတ်ချက်တွေ အနက်အဓိပ္ပာယ်တွေ ဆိုလိုရင်းတွေ လုပ်သင့်တာတွေ လုပ်ရမှာတွေ တာဝန်ယူမှုတွေ ကျင့်ဝတ်တွေ … စကားလုံးတွေ အားလုံး ကင်းစင်နေသည့် စက်ဘီးကလေး သက်သက်သာ ဖြစ်ပါသည်။ စိတ်တွေ ခဏအားလပ်တဲ့အခါ စက်ဘီးကလေး တစ်စီးကို နားလည်ရုံလေး ငေးမောမကြည့်ချင်ဘူးလား။ ဟောဒီမှာ.. ဘဲလ် သံ ကလင်ကလင်ပေးလို့ စက်ဘီးကလေး လိမ့်လာနေပြီ။



ပန်ဒိုရာ



(ဒီလို အက်ဆေးလေးတွေ ရေးဖို့ကြိုးစားနေတုန်းပဲ။ အရင်ကလည်း ကြိုးစားရေးခဲ့ဖူးပါတယ်။ ပြန်ဖတ်ကြည့်ချင်ရင်

နံနက်ခင်းနှင့်စကားပြောခြင်း

Identity

မျှော်လင့်ချက်မပါတဲ့အိပ်မက် )

You received this email because you are subscribed to the real_time feed for http://pandora-and-pandora.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ko htike's prosaic collection] 1 New Entry: Lloyd TSB terminate insurance with Burmese junta Air lines

Lloyd TSB terminate insurance with Burmese junta Air lines


One of the Biggest Bank in United Kingdom, Lloyd TSB inform in writing for their intention of not continuing the insurance business with Air Bagan when present policy is expired. Air-Bagan will be in the air without covering sufficient amount of insurance before the end of 2008.


Some unrated farms from Russia are approaching but they are not reliable. Name of most approach farm is Malakut. MAI(Myanmar Airway International) received the same letter as Air-Bagan.


Not only were the airlines affected but also the factories and production business, mostly of the foreign investments, which have the insurance from Lloyd TSB and associates are receiving the same treatment. The most talk name of the farm among the others is Willis, which act same as what Lloyd is doing; Sending a termination of insurance policy in writing.

Reported by
Thu Ye Kaung

You received this email because you are subscribed to the real_time feed for http://ko-htike.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Htoo Myat] 2 New Entries: My Followers

My Followers

ဘလော့ရဲ့ ဘေးမှာ My followers ဆိုတဲ့ဟာလေး ထည့်လိုက်ပြီးတာ တစ်ပတ်လောက် ရှိမှ သူ့ဆီက Learn more ဆိုတာလေး ၀င်ဖတ်ကြည့် မိတယ်။ သူက ဘလော့ဂ်ကို စိတ်ဝင်စားတဲ့ လူတွေ ကလစ်ခ်ဖို့ လုပ်ထားတာပါ။ အမာခံ ပရိတ်သတ် စာရင်း သဘောပေါ့။ အဲဒီကနေ တစ်ဆင့် ကိုယ့်ဘလော့ဂ်ကို ၀င်ဖတ်တဲ့ လူတွေလည်း ပိုများလာနိုင်တယ်။ ရေးသူအတွက်လည်း အားရှိစေတယ် ဆိုတဲ့ ပုံမျိုးပေါ့။

အဲဒီထဲမှာ သင့်ဘလော့ဂ်မှာ အဲဒီ follower ၀င်လို့ရတဲ့ widget လေး တင်ထားတယ် ဆိုတာကို လူသိအောင် ပိုစ့်တစ်ခု တင်တာ ကောင်းပါတယ်လို့ ပြောလို့ အခု တင်လိုက်တာဗျို့။ တချို့ ကျနော် follow လုပ်ချင်တဲ့ အားပေးနေကျ ဘလော့ဂ်တွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒါလေးကို တန်းပလိတ် > လေးအောက် ထဲမှာ မတင်ထား ကြတော့ ကျနော် လုပ်လို့ မရ ဖြစ်နေတယ်။ သူတို့ကိုလည်း တင်ထားစေချင်ပါတယ်။ :) (Edit: အခု လုပ်နည်း သိပါပြီ။ Profile မှာ ၀င်လုပ်လို့ ရပါတယ်။ ဒါပေမဲ့ ရေးသားသူက ဆက်ရေးဖို့ အားပေးနေသူ တွေရဲ့ ပုံလေးတွေ မမြင်ရတော့ သိပ် အားတက် စေချင်သလောက် အားမတက်တော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒါလေး တင်ထားစေချင်ပါတယ်)

ကဲ... မောင်ထူးမြတ်ရဲ့ အမာခံ ပရိတ်သတ်များ follower ဖြစ်နိုင်ပါပြီခများ... (အဟီး)

အဖိုးရဲ့ ဖောင်တိန်


အားလုံး ပြီးဆုံးသွား စေမဲ့ ဒီစာရွက်လေးကို ကြည့်မိတော့ အရောင်က ငါ့ အသားရောင် လောက်တောင် ၀ါကျင့်ကျင့် ဖြစ်မနေရှာဘူး။ ပုရွက်ဆိတ်လေးကို ချချ ကျွေးဖြစ်တဲ့ ထမင်းစေ့လေးတွေ လောက်လည်း ဖြူဖွေး တောက်ပမှု ရှိမနေပြန်ဘူး။ ဒါပေမဲ့ ငါ့ဘ၀ကြီး လောက်လည်း မမည်းညစ်ဘူး။ ဖတ်မယ်လို့ ဆွဲယူလိုက်တော့ ပေါ့ပေါ့ ပါးပါးပဲ ပါလာတယ်။ ကုန်သွားခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုစာ နီးပါးလောက်လည်း လေးလံမနေပါဘူး။

စာတွေကို ဖတ်ပေမဲ့ ၀ါးဝါး လာတော့ ဘာမှလည်း မမြင်နိုင်ဘူး ဖြစ်နေတယ်။ နေ့တိုင်း လုပ်စရာ မရှိ ကြမ်းပိုးတွေ ကြားထဲ တစ်ချိန်လုံး ကျိတ်မှိတ် အိပ်ခဲ့တာတောင် ငါ့မျက်လုံးက အနားမယူရသလို ဘာလို့ မှုန်ဝါးနေရတာလဲ။ စာလုံးတွေ တစ်လုံးမှ မမြင်နိုင်တော့တဲ့ စာရွက်ကို ကြည့်ရင်း တချိန်တုန်းက ဒီလို စာရွက်မျိုးကို ကိုင်ထားခဲ့ ဖူးတာကိုပဲ ပြန်သတိရတယ်။

ငယ်ငယ် တုန်းက လေးကြောင်းမျဉ်း စာရွက်လေးတွေမှာ အေ၊ ဘီ၊ စီ၊ ဒီ ရေးခဲ့တဲ့ ကာလကိုလည်း မဆီ မဆိုင် သတိရမိသေးရဲ့။ တရားရုံးပေါ် သက်သေခံ ပစ္စည်းအဖြစ် စားပွဲပေါ် တင်ပြခဲ့တဲ့ စာရွက်လေးကို ဖယောင်းတုံးနဲ့ လှိမ့်ခဲ့ကြတာတွေကို ပြန်မြင်ပြန်ရော။ ဒါပေမဲ့ ဒီစာရွက်လို အသားမကောင်းပဲ ၀ါကျင့်ကျင့် ဖြစ်နေခဲ့တာပေါ့။ ဒီစာရွက် လိုလည်း စာသားတွေက သပ်သပ်ရပ်ရပ် မရှိခဲ့ဘူး။ တစ်ဆက်တည်းမှာ ဖြန့်ဖတ်ခဲ့ရတဲ့ ဆေးပေါ့လိပ် အစီခံထဲက သတင်းစာ စက္ကူပိုင်းကလေး ကိုလည်း သတိရမိသား... စိတ်ကူးထဲမှာ အဲဒီက စာသားတွေ လိုက်ဖတ်ရင်း ထုံးစံအတိုင်း စာရွက်တိုလေး ဆုံးသွားတော့ မျက်လုံး အကြည့်က အုတ်နံရံမှာပဲ ဆုံးသွားတယ်။

ဘေးနားမှာ ချထားတဲ့ ဘောပင်ကို ကြည့်ပြန်တော့လည်း မဆီမဆိုင် အခန်း တလာစီတုန်းက ရှာတွေ့သွားလို့ သေကောင်ပေါင်းလဲ ရိုက်ခံခဲ့ရတဲ့ မှင်ကုန်ခါနီး ရေးလို့ရရုံ မင်ချောင်း အစုတ်လေး တစ်ချောင်းကို ပြန် မြင်မိပြန်တယ်။ နောက်တစ်ခါ ငါ့မြေး ပညာတတ်ကြီး ဖြစ်အောင် ကြိုးစားနော် ဆိုပြီး ရန်ကုန် မလာခင် အဖိုး ၀ယ်ပေးခဲ့တဲ့ ဖောင်တိန်လေးကို သတိရပြန်တယ်။ အဆောင်မှာပဲ ပျောက်သွားလား၊ ပြေးလွှား နေရတုန်းကပဲ ပျောက်သွားလားတော့ မမှတ်မိတော့ပြန်ဘူး။ မှတ်မှတ်ရရ အဲဒီ ဖောင်တိန်လေးကို ဒီထဲမှာ အခုထိ စုစုပေါင်းမှ သုံးခါပဲ ပြန်သတိရဖူးတယ်။ အခု လက်မှတ် ထိုးရတော့မဲ့ အခါရယ်၊ အဖိုး ဆုံးသွားတယ်လို့ အမေ လာတွေ့တုန်းက ပြောသွားတဲ့ တစ်ခေါက်ရယ်၊ ဖော်ကောင်ကို ဖိနပ်ဘုတ်မှာ ပြန်တွေ့ရ တုန်းကရယ်... အဲဒီတုန်းကတော့ အဲဒီ ဖောင်တိန်လေးသာ ရှိရင် ငါ သူ့ကို ထိုးသတ်လို့ ရသားကွာ... ဆိုပြီး သိပ် သတိရမိတာပဲ။

တကယ်တော့ အချိန်ဟာ လူကို ကုစားနိုင်တာမှ သီးခံစိတ်ပါ ရင့်သန်လာအောင် လုပ်ပေးနိုင်သားပဲ။ အခုနေ ဓါးတစ်လက် ရှေ့မှာချပြီး အဲဒီလူကို သတ်ခိုင်းရင်တောင် ငါ့မှာ သတ်ဖြစ်တော့မယ် မထင်မိဘူး။

အချိန်ဟာ စိတ်ကို ကုစားနိုင်ပေမဲ့ တခါတလေတော့ ဟိုးရှေးရှေးတုန်းက ကံ့ကော်တော ဆိုတာကို လွမ်းဆွတ်မိပါရဲ့... အလွမ်းထဲမှာ ကံ့ကော်တောတောင် ပါလာမှတော့ သူလည်း ပါတာပေါ့လေ။ တခါတလေ စိတ်ကူးထဲမယ် ကံ့ကော်တောက ပျောက် ပျောက်သွားပေမဲ့ သူကတော့ အမြဲတမ်း ဆက်ပါပါ လာတတ်တယ်။ သူနဲ့ အတူတူစားရတဲ့ သူ့ထမင်းချိုင့်က ဟင်းတွေကိုတောင် အသေးစိတ် သတိရမိတယ်... အထူးသဖြင့် ငပိထောင်းထဲ သဲသိပ်ရောနေလို့ စားမဖြစ်တဲ့ အခါမှာပေါ့လေ။

တခါတလေ ရေချိုးချရင် ဆေးလိပ်တိုလေးတွေ အလစ်မှာ လိုက်လိုက် မကောက်ဖြစ်တဲ့ အခါမျိုးဆို အင်းလျား ကန်ဘောင်ရဲ့ လေပြေလေးတွေ တိုက်နေသလို ခံစားချင်မိသား။ အင်း... အေးအေးဆေးဆေး တခါ ပြန်သွားပြီး ဗူးကျော်လေး စားပါဦးမှပဲ။ အဲဒါကြောင့် လွတ်တာနဲ့ ရွာကို တန်းမပြန်ချင်သေးဘူး။ တကယ်တော့ ရန်ကုန်မှာ နေပြီး ကံ့ကော်တောကို တစ်ခေါက်တော့ ပြန်သွားချင်သေးတာ... ဒါပေမဲ့ နုပျိုခြင်းနဲ့သာ သက်ဆိုင်တဲ့ တက္ကသိုလ်ဟာ ငါ့အတွက် ဘာမှ အဓိပ္ပါယ် မရှိတော့ပါဘူး။ ဘာလိုလိုနဲ့ ဒီနှစ်ဆို သူ့ သားတောင် ကံ့ကော်တောကို ရောက်နေ လောက်ပြီပဲလေ။

သံမံတလင်းပေါ်မှာ ဖျာစုတ်ခင်းပြီး နှစ်ရှည်လများ အိပ်လို့ ရင်ခေါင်းသံနဲ့ ပုံမှန်ဆိုးတတ်တဲ့ ငါ့ ချောင်းသံလောက်တောင် အတိတ်ဟာ ၀မ်းနည်းစရာ မကောင်းပါဘူး။ ၀မ်းနည်းစရာ အဆွေး ရုပ်ရှင်ကို ထပ်ခါ ထပ်ခါ ကြည့်ရင် ၀မ်းမနည်းတော့ပဲ ရယ်တောင် ရယ်ချင်မိလာ တတ်သလိုပေါ့။ ငါလည်း မရယ်ချင်ပေမဲ့ အထူးတလည်တော့ ၀မ်းမနည်းဖြစ်တော့ဘူး။ ဖြစ်ချင်တာတွေ ဘယ်သောအခါမှ ပြန်မဖြစ်နိုင်တော့တဲ့ နောက်၊ နောင်တဆိုတာလည်း မရတတ်တော့ဘူး။ နှစ် ၂၀ နီးပါး ငါ ဒုက္ခခံ စောင့်နေခဲ့တာတောင် ငါ့ကို လာမကယ်နိုင်ကြသေးတဲ့ မင်းတို့တွေ ကိုလည်း ငါ အပြစ်မတင်တော့ပါဘူး။

လောလောဆယ်တော့ လှောင်အိမ် ထဲက ငှက်တစ်ကောင်လို လေးခွစာ မမိခင်လေး တံခါးပွင့်တုန်း ပျံသန်း ထွက်ပြေး လိုက်ချင်တယ်။ နေ့လည်ကျ အသတ်ခံရတော့မဲ့ ကြက်တစ်ကောင်လို လှောင်ထားတဲ့ ခြံထဲကနေ ထွက်လာတဲ့ နေမင်းကြီးနဲ့ အပြိုင် အိမ်ခေါင်မိုး ထိပ်ပေါ်ကို နောက်ဆုံးအကြိမ် တွန်ဖို့အတွက် ခုန်တက် လိုက်ချင်တယ်။

လောလောဆယ်တော့ လေးငါးနှစ်နဲ့ ဘွဲ့ရပြီး ရွာမပြန်တော့တဲ့ လူတွေထက်စာရင်၊ ဆယ်စုနှစ် နှစ်ခုစာ နီးပါးမှာ တက္ကသိုလ် နှစ်မျိုး တက်ခဲ့ပြီး လွယ်အိတ်စုတ် တစ်လုံးနဲ့ ပြန်လာမဲ့ ငါ့ကို... အမေမရှိတော့တဲ့ ရွာလေးက ၀မ်းပန်းတသာ ဆီးကြိုမှာပါပဲ။ နိုင်ငံရေး မလုပ်တော့ပါဘူးဆိုတဲ့ စာရွက်မှာ ဘာလို့ လက်မှတ်ထိုးခဲ့လို့ ငါ့ကို ငကြောက်ကြီးလို ၀ိုင်းပြောကြမဲ့ ငါ့သူငယ်ချင်းတွေနဲ့ တွေ့ရရင် ပြောပြဖို့လည်း ငါ့ ကိုယ်တွေ့ ပုံပြင်တွေ အများကြီး ပါလာခဲ့လေရဲ့။ သေချာတာတော့ ကျနော် ပညာတတ်ကြီးရဲ့ နှစ် နှစ်ဆယ် ပညာသင် ဘွဲ့ရ လက်မှတ်ထိုးပွဲမှာ အဖိုးပေးတဲ့ ဖောင်တိန်လေးနဲ့ ထိုးနိုင်မှာ မဟုတ်တော့ပါဘူး အဖိုးရေ...။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[T.M.H] 1 New Entry: Digital Sketch 98

Digital Sketch 98


Just a quick sketch.

You received this email because you are subscribed to the real_time feed for http://tmyohlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောင်ငူသား] 1 New Entry: အလင်းပြန်နိယာမ

အလင်းပြန်နိယာမ

ကိုးတန်းတုန်းက ရူပဗေဒမှာ သင်ခဲ့ရတယ်။ ကြေးမုံဆိုတဲ့ မှန်တွေအကြောင်း သင်တဲ့ သင်ခန်းစာမှာပေါ့။ ရိုက်လင်းတန်းနဲ့ မတ်မျဉ်းကြားမှာရှိတဲ့ ထောင့်ဟာ ပြန်လင်းတန်းနဲ့ မတ်မျဉ်းကြားမှာရှိတဲ့ ထောင့်နဲ့ တူညီတယ်တဲ့။ အဓိကကတော့ ရိုက်ထောင့်နဲ့ ပြန်ထောင့် တူညီသည်ပေါ့ဗျာ။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ သေချာချိန်ပြီး ကိုယ်ရိုက်လိုက်တဲ့ ထောင့်တွေဟာ တူညီတဲ့ ပြန်ထောင့်လေးတွေ ထွက်မလာခဲ့ဘူး။

အထူးသဖြင့် အချစ်ရေးမှာပေါ့။ ကိုယ်လိုချင်တဲ့ အချစ်ကို ဘယ်လိုရိုက်ထောင့်နဲ့ပဲ သေချာချိန်ရိုက်ပေမယ့် ပြန်ထောင့်တွေက မလှပခဲ့ဘူး။ အချစ်က ဆန်းကြယ်သလို မှန်းလို့လည်း မလွယ်ပါဘူး။ အချစ်စိတ်က ကာလံဒေသံလည်း မရွေးဘူး။ အဖွားပြန်ပြောပြဖူးလို့ သိခဲ့ရတဲ့ အကြောင်းလေး တစ်ခုပါ။ ကျွန်တော့်ကြီးတော်ကြီးတစ်ယောက်က အပျိုဘဝမှာ ကျောင်းဆရာမအဖြစ်နဲ့ ကျေးလက် ရွာလေးတစ်ရွာမှာ တာဝန်ကျတယ်။ ကြီးတော်ကြီးက အဲဒီအချိန်တုန်းက ပညာတတ်ဘွဲ့ရဖြစ်တဲ့အပြင် လှလည်းအတော်လှတယ်လို့ ပြောပါတယ်။ ကျွန်တော် မှတ်မိတဲ့အချိန်တွေမှာတော့ အတော်ကို ဝဝကြီးဖြစ်နေပါပြီ။ အဲဒီအဒေါ်က ရွာမှာ ဆရာမ လုပ်ရင်း အဲဒီရွာသားတစ်ယောက်နဲ့ မေတ္တာမျှပါတယ်။ မြို့မှာ ဆရာဝန်တစ်ယောက် လာတောင်းရမ်းတုန်းက လက်မခံခဲ့တဲ့ ကြီးတော်ကြီးဟာ အဲဒီရွာသားနဲ့ကျမှ ဘယ်လိုလုပ် သဘောကျသွားမှန်းမသိဘူး။ ကျွန်တော်တို့ ဘကြီးဖြစ်လာမဲ့သူဟာ အတန်းပညာလည်း မယ်မယ်ရရ မတတ်တဲ့အပြင် ရုပ်အဆင်းလည်း မချောမွေ့ပါဘူး။ ရိုးသားကြိုးစားတဲ့ သာမန်ရွာသားတစ်ဦးပါပဲ။

အဲဒီလို ချစ်ကြိုက်နေတာကို မြို့က ကျွန်တော့်အဖိုးအဖွားတွေကြားတော့ အဖွားက အရမ်းစိတ်ဆိုးပြီး လုံးဝသဘောမတူဘူးတဲ့။ အဖိုးကတော့ အေးဆေးပဲ။ သားသမီးတွေအကုန်လုံး သူတို့နှစ်သက်တဲ့သူကို လိုက်တောင်းပေးတာပဲ။ အကုန်သဘောတူခဲ့တာပဲ။ အဲဒီအခါမှာ အဖိုးက အဖွားကို မင်းကုသနဲ့ ပပဝတီဇာတ်တော်ကို ပြောပြပြီး နားချတယ်။ အဖိုးပြောချင်တဲ့ လိုရင်းကတော့ ကြီးတော်ကြီးဟာ ပပဝတီမင်းသမီးလောက် ချောမောလှပနေတာမဟုတ်သလို ဘကြီးဖြစ်လာမဲ့သူဟာလည်း မင်းကုသ လောက် အရုပ်ဆိုးအကျည်းတန်နေတာ မဟုတ်ပါဘူးတဲ့။ သူတို့ဖူးစားပါလို့ ဆုံကြ ကြိုက်ခဲ့ကြတာ ဆိုပြီး ဖြောင်းဖျပြောဆိုခဲ့တယ်။ နောက်ဆုံးတော့ အဖွားလည်း သဘောတူ ပေးစားခဲ့ရပါတယ်။

မိန်းကလေးတွေဟာ သူတို့ကို ကမ်းလှမ်းလာတဲ့သူတွေထဲကမှ ရွေးချယ်ကြရလို့လားတော့ မသိဘူး။ တချို့စုံတွဲတွေကိုမြင်ရတာ မိန်းကလေးက လှလှပပ အတူတွဲလာတဲ့သူက အထာမကျ။ ယောက်ျားလေးတွေကြတော့ ရွေးချယ်စရာအခွင့်အလမ်း အပြည့်ရှိတာမို့ ကိုယ်ရုပ်ရှိရင် ရှိသလို စကာတင် ရွေးနိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်။

ကျွန်တော့်ရူပါဟာ လုံးဝ မချူချာဘူးဆိုတာ မြင်ဖူးတဲ့သူတွေ အကုန်အသိပါ။ ဒါနဲ့များ ကျွန်တော့်ဆီပြန်လာတဲ့ ပြန်ထောင့်လေးတွေဟာ ကျွန်တော်ရိုက်လိုက်တဲ့ ရိုက်ထောင့်အတိုင်း တူညီစွာမဖြစ်ဘဲ ဘာလို့ တိမ်းစောင်းသွားရတာလဲ။ ကျွန်တော် စဉ်းစားတယ်။ ဘာလွဲနေလဲပေါ့။ ကျွန်တော်ချစ်ခဲ့ဖူးတဲ့ နှစ်ကြိမ်စလုံးဟာ မအောင်မြင်ခဲ့ပါဘူး။ ပထမအကြိမ် ကတော့ မချိန်တတ်သေးတဲ့ အရွယ်မို့ထားပါတော့။ ဘယ်အောင်မြင်ပါ့မလဲ။ ဒုတိယအကြိမ် က ရိုက်တော့ ရိုက်တယ်လေ။ ဒါပေမယ့် ကိုယ့်ဟာကိုယ် ရိုက်ချင်တာတစ်ခုပဲ သိတာ။ ထည့်မတွက်မိတဲ့ အချက်တစ်ခုရှိနေတယ်။ နောက်မှ သွားတွေ့တယ်။ ဒါပေမယ့် ကျွန်တော်သိတဲ့အချိန်မှာ အားလုံးလွန်သွားခဲ့ပြီ။


ကျွန်တော့်ရဲ့ ပြန်ထောင့်လေးတွေ ရိုက်လိုက်တဲ့ထောင့်အတိုင်း တူညီစွာမထွက်လာရတဲ့ အကြောင်းကတော့ အဲဒီနိယာမက ပြင်ညီကြေးမုံမှသာ မှန်ကန်တယ်ဆိုတာကြောင့်ပါပဲ။ ကျွန်တော်က မျက်နှာပြင်ကို မစဉ်းစားမိခဲ့ဘူး။

အချစ်မှာ တူမျှတဲ့ အလင်းပြန်ဖို့ ပြင်ညီမျက်နှာပြင်တစ်ခု အမှန်တကယ်လိုအပ်တယ်လေ။

----------------------------------------------------------------------------------

tag ထားတဲ့ အကြွေးဆပ်တဲ့ ပို့စ်ပါ အမတန်ခူးရေ။ နောက်အကြွေးတစ်ခု ကျန်သေးတယ်။

You received this email because you are subscribed to the real_time feed for http://taungoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 1 New Entry: ဘာ....ကြောင့်.....လဲ

ဘာ....ကြောင့်.....လဲ

ဂျွန်ဖော့ဖ်ဆိုတဲ့ သူဟာ မွေးကတည်းက လက်နှစ်ဖက် ပါမလာဘူးတဲ့။ ဒါပေမယ့် သူက " ငါ့မှာ ဘာကြောင့် လက်နှစ်ဖက် မပါရတာလဲ " ဆိုတဲ့ မေးခွန်းမျိုး မမေးခဲ့ဘူး ။ သူမေးတာက

" ငါ့ခြေထောက်တွေနဲ့ ဘာလုပ်နိင်မလဲ " တဲ့

ကြေကွဲစရာ အဖြစ်ဆိုးတွေ ကြုံတဲ့အခါ ဒါမှမဟုတ် အားလုံးဆုံးရှုံးသွားတဲ့ အခါ ၊ ဒါမှမဟုတ် ချစ်သူက ကိုယ့်ကို စွန့်ခွာသွားတဲ့ အခါ ကျွန်တော်တို့ အများဆုံးမေးတဲ့ မေးခွန်းက



" ဘာကြောင့်လဲ....."
" ဘာကြောင့် င့ါကိုမှ....."
" ဘာကြောင့် ခုချိန်မှ....."
" ဘာကြောင့် င့ါကိုမှ ပစ်ပြီး.....အဲဒီ အသုံးမကျတဲ့ ကောင်နဲ့ "
" ဘာကြောင့်ဒီလိုဖြစ်ရပ်မျိုးက ငါ့ကိုမှ......." လို့

မေးခွန်းတွေ ကိုယ့်ကိုကိုယ် ပြန်မေးခြင်းဟာ ရူးသွပ် သွားစေနိင်ပါတယ်။ များသော အားဖြင့် ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိပါ။ ဒါမှ မဟုတ် ဘာကြောင့်လဲ ဆိုတာက အရေးမပါဘူး။ လောကမှာ အကျိုးရှိအောင် နေတက်သူတွေက " ဘာ " ဆိုတဲ့ မေးခွန်းကိုသာ မေးတက်ကြပါတယ်။

" ဒီကိစ္စမှာ ငါဘာလုပ်ရမလဲ "
" ဒီဖြစ်ရပ်မှာ ငါဘာသင်ခန်းစာ ရလိုက်သလဲ "

အခြေအနေက တကယ့်ကို မျှော်လင့်ချက်ကင်းနေတဲ့အခါ သူတို့က " အခြေအနေတွေ ပြန်ကောင်းလာအောင် နောက် ၂၄ နာရီ အတွင်းမှာ ငါ ဘာလုပ်နိင်မလဲ " ဆိုတာပါပဲတဲ့။

ကဲ......ကျွန်တော်တို့ရော ။ သေချာစဉ်းစားကြည့်ဖူးလား။ သေချာတယ် .......စဉ်းစားမိမှာ မဟုတ်ဘူး ထင်တယ်။ ဖြစ်လာရင် ခံစားနေကြရတာနဲ့ ပဲ အချိန်ကုန်နေတက်ကြတယ်။ ကိုယ့်ဘ၀ကို ကိုယ်သတ်နေကြတယ်။ နောက်ဆို " ဘာ " ဆိုတဲ့ စကားလုံးကို စာဖတ်သူတွေ သုံးနိင်ကြပါစေ။


ဘာကြောင့်


ဆိုတာကို မသုံးဖို့ ကြိုးစားရအောင်


You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ရေခဲပြင်ထဲမှာပွင့်တဲ့ပန်း သို့မဟုတ် ခွန်မြလှိုင်] 1 New Entry: ရာထူး တိုးခြင်း

ရာထူး တိုးခြင်း

ဝမ်းသာ စရာ သတင်းကောင်းကို သူငယ်ချင်းတွေနဲ့ မျှဝေ ချင်လို့ပါ။ ဟုတ်ကဲ့… ရာထူး တိုး ကြောင်းပါ။ သြော် ဘယ်နယ်ပယ် မှာ အလုပ်လုပ် နေလဲ လို့ မေးချင်တာလား။ တက်ခဲ့ဖူးသမျှ တက္ကသိုလ်တွေက သင်ပေး လိုက် တဲ့ စာတွေနဲ့ နည်းနည်းမှ မသက်ဆိုင်တဲ့ နယ်ပယ်မှာ အလုပ်ရပါတယ်။

ကျွန်မ ဘလော့ရဲ့ ဆိုဒ်ဘားလေးမှာ ထူး ခြား လာတဲ့ တိုးတက်မှုလေး တွေ့တယ်ဟုတ်။ မှန်ပါတယ်.. ကလေးသူငယ် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ လူမှု ဆက်ဆံရေး နယ်ပယ်မှာပါ။ တသက်နဲ့ တကိုယ် ဒီ နယ်ပယ်မှာ အလုပ် လုပ်ရမယ် လို့ တခါမှ စိတ်ကူးတောင် မယဉ် ဖူးပါဘူး။ ရမယ့် ရတော့လဲ ရာထူးက အလုပ် စ၀င် တည်း က စီမံ ရေးရာ ဌာန က တွဲဘက် အငယ်တန်း သုတေသနမှူး ပါ။ ဒါနဲ့ပဲ တက်လိုက်ရတဲ့ သင်တန်း တွေ၊ လုပ်လိုက် ရတဲ့ ပရောဂျက် တွေ၊ တင်လိုက်ရတဲ့ စာတမ်းတွေ များမှ များပါပဲ။

လုပ်ငန်း တာဝန် များကတော့
(၁) စဉ်ဆက်မပြတ် သုတေသန ပရောဂျက်များ (ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက်)
(၂) စာတွေ့ သီအိုရီများ လေ့လာ စာတမ်းရေးခြင်းနဲ့ လက်တွေ့ ကွင်းဆင်း စစ်ဆေးခြင်း

အလုပ်ချိန်။ ။ တစ်ရက်ကို ၁၈နာရီ အလုပ်လုပ်ရပါတယ်။

တာဝန်ယူရမှု။ ။ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်း လူသားလေးတွေရဲ့ အသက်နဲ့ ဘ၀ လုံခြုံရေးကို ဂရုစိုက်ရတာ ဆိုတော့ မှန်းကြည့်ပါနော့

ဆုကြေး။ ။ ငွေထက် အရေးကြီးတဲ့ စိတ်ကျေနပ်ခြင်း

တက်လမ်းများ။ ။ စီမံရေးရာ ဌာနက သုတေသနမှူး၊ အကြီးတန်း သုတေသနမှူး၊ စီမံကိန်း လက်တွေ့ ဖော် ဆောင်ရေး ဌာန အငယ်တန်း သုတေသနမှူး၊ သုတေသနမှူးနဲ့ စီမံကိန်းများ လက်တွေ့ ဖော်ဆောင်ရေး ဌာန လုပ်ငန်းကြီးမှူး နဲ့ အကြီးတန်း သုတေသန အရာရှိချုပ် အဆင့်ထိ ရောက်ရှိ နိုင်ပါတယ်။

လောလောဆယ် လျာထားချက် အရတော့ နောက် ၂လ နေရင် စီမံကိန်း လက်တွေ့ ဖော်ဆောင်ရေး ဌာန အငယ်တန်း သုတေသန မှူး ရာထူးကို တက်တော့မယ်လို့ လျာထား သတ်မှတ် ထားပါတယ်တဲ့ရှင်။

အဲ… ခွန်မြလှိုင် တော်လှချည့်လို့ မထင်လိုက် ပါနဲ့နော်… တကယ်က အမျိုးသမီးတိုင်း အိမ်ထောင်ရှင်မတိုင်း တနေ့တော့ ဒီတာဝန် ယူရစမြဲပါ။ ဒါပေမယ့် ကိုယ် မယူမနေရ ယူရတဲ့ တာဝန် တစ်ရပ်ကို ဘယ်လို သဘော ထား နဲ့ ထမ်းဆောင်လဲ ဆိုတဲ့ အပေါ် မူတည်ပြီး ကွာခြား သွားမယ် ထင်ပါတယ်။ တကယ်တမ်းက နောက် ၂လ နေရင် ကျွန်မ အမေ ဖြစ်ပြီရှင့်။ ဒီပို့စ်က မိခင် တစ်ယောက်ရဲ့ လုပ်ငန်း ဆောင်တာတွေ အပေါ်မှာ ထားတဲ့ ကျွန်မ ရဲ့ သဘောထားနဲ့ ခံယူချက်တွေပါ။ (ဒီ ပို့စ်လေးနဲ့ မိခင်များ အားလုံးကို ဂုဏ်ပြု လိုက်ပါတယ်ရှင်။ မိခင်များ အားလုံး စွမ်းရည် ထက်မြက်တဲ့ သုတေသနမှူးကောင်းများ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ဒါမှလဲ မျိုးဆက်သစ်တို့ရဲ့ အနာဂတ် ဖွံ့ဖြိုး တိုးတက် ကောင်းမွန်မှာ ဖြစ်ပါတယ်ရှင်။)

(၀န်ခံချက်။ အီးမေးလ်များမှ ရရှိသော "Just a Mom?" ခေါင်းစဉ်ပါ ရေးသူ အမည်မသိ ဆောင်းပါးကို ဘာသာပြန် မှီငြမ်းပြုပါသည်။)


You received this email because you are subscribed to the real_time feed for http://khunmyahlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 1 New Entry: လေ့ကျင့်ခန်းဆိုတာရဲ့ အကျိုးသက်ရောက်မှုများ

လေ့ကျင့်ခန်းဆိုတာရဲ့ အကျိုးသက်ရောက်မှုများ

လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့်ခန်း လုပ်ကြပါတယ် ။ တချို့က ၀ိတ်ကျချင်လို့ ၊ တချို့က ကျန်းမာရေးကောင်းချင်လို့ ၊ တချို့ကတော့ ဆရာဝန်က မဖြစ်မနေ လုပ်ကိုလုပ်ရတော့မယ်လို့ ပြောတာ ခံရလို့ ၊ တချို့ကတော့ relaxation လုပ်တဲ့သဘောနဲ့ စသည်ဖြင့် ။ ကျွန်မကတော့ လေ့ကျင့်ခန်းလုပ်တာ အဓိက အချက်သုံးချက်ကြောင့်ပါ - - မိန်းကလေးပီပီ သင့်တင့်မျှတတဲ့ ခန္ဓာကိုယ်လေး ရှိချင်လို့ ၊ အဲဒီ ခန္ဓာကိုယ်ကြီးက အသက်ကြီးလာတာနဲ့အမျှ ယိုယွင်းပျက်စီးလာမယ်ဆိုတာ ယုံကြည်တဲ့အတွက် ကျန်းမာရေး ကောင်းမွန်အောင် ၊ စိတ်ရှုပ်ထွေးစရာတွေ များပြားလှတဲ့ ဒီဘ၀မှာ စိတ်ဖြေနည်းတခုအဖြစ် ။

မိန်းကလေးတွေက လှချင်ကြတာ များပါတယ် ။ ဖြစ်နိုင်ရင်တော့ အဆီအခေါက်တွေနဲ့ဝေးတဲ့ ကိုယ်ခန္ဓာလေးတွေကို ပိုင်ဆိုင်ထားချင်ကြတာပါပဲ ။ ခက်တာက လူဆိုတာ အလွယ်ဆုံးနည်းလမ်းကိုပဲ ရှာချင်ကြတယ် ။ ဒါကြောင့် ပိန်ဆေးတွေ ၊ စက်တွေနဲ့ ပိန်အောင် လုပ်ပေးနိုင်မယ်ဆိုတာမျိုးတွေကို လုပ်လေ့ရှိကြတယ် ။ ကျွန်မလည်း external treatment တွေဖြစ်တဲ့ Indonesian massage လုပ်ရင် toning effect ဖြစ်တယ်ဆို ၊ လုပ်ကြည့်မိသေး ... toning lotion ဆိုတာတွေလည်း လိမ်းတော့ လိမ်းကြည့်မိသေးပါတယ် ။ ထွေထူးတဲ့ရလဒ်ကတော့ တခါမှ မမြင်မိဖူး ။ ကျွန်မသူငယ်ချင်းတချို့ဆို ဒီ့ထက်တောင် ပိုပါသေးတယ် ။ ပိန်ဆေးဆိုတာ စားကြတယ် ။ ပိန်ဆေးစားလို့ စင်္ကာပူက မင်းသမီးတယောက်ဆို liver ထိခိုက်ပြီး ၊ သူ့ရည်းစားရဲ့ liver ကို ယူပြီး အသက်ရှင်နေရတဲ့အထိ ဖြစ်ဖူးပါတယ် ။ နောက် သူငယ်ချင်းတယောက်ဆိုလည်း ပိန်ဆေးစားလို့ ဆေးရုံရောက်ပြီး ၊ အဲဒီမင်းသမီးလို ကျောက်ကပ်ထိခိုက်ဖို့ လက်မတင်ကလေး ဖြစ်ခဲ့ဖူးတယ် ။ နောက်တယောက်ကျတော့ အစားစားချင်စိတ်မရှိအောင် တားတဲ့ ဆေးကိုစားတော့ ညညဆို အိပ်မရဖြစ်တတ်တယ်တဲ့ ။ အဲဒီဆေးရဲ့ side-effect တခုပေါ့ ။ ဒါကြောင့် အဲလို ဆေးတွေမစားဖို့တော့ တိုက်တွန်းချင်ပါတယ် ။

တချို့ကျတော့လည်း ညစာမစားတာတို့ ဘာတို့ လုပ်တတ်ကြတယ် ။ အမှန်ပြောရရင် အဲလို စားသင့်သလောက်ကို မစားဘဲ နေတာမျိုးလည်း ကျွန်မက လက်ခံချင်ဖူး ။ ကျွန်မအသိတချို့ထဲမှာ အဲလို အစားမစားဘဲ လပိုင်းလောက်နေတော့ ၀ိတ်ကတော့ တကယ်ကျပါရဲ့ ၊ ဒါပေမယ့် ပြန်စားတာနဲ့ တပြိုင်နက် ချက်ချင်း ၀ိတ်က ပြန်တက်လာတတ်တယ် ။ အရင်က အတင်းချိုးနှိမ်ထားတဲ့အတွက် ပြန်စားတဲ့အခါ မထိန်းလိုက်နိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

တကယ်က အစားအသောက်ဆိုတာ ကိုယ်က ကျန်းမာနေတုန်းသာ စားနိုင်တာလို့ လူတွေက excuse အနေနဲ့ ပြောပြီး သူတို့ကြိုက်တာ စားကြတာ အတိုင်းအတာတခုထိတော့ မှန်ပါတယ် ။ မမှန်တာက စားချင်တိုင်း မဟားတရားစားတာပါပဲ ။ ကျွန်မအမေဆိုရင် အရင်က သိပ်စားနိုင်ပေမယ့် ခုချိန် ကျန်းမာရေးချွတ်ယွင်းလာတဲ့အခါ ဘယ်အရာမဆို ခံတွင်းမတွေ့တော့ပါဖူး ။ ဒီတော့ စားနိုင်တဲ့အချိန်လေးမှာ စားနိုင်တဲ့ကံလေးရှိတုန်း စားသင့်သလောက်လေး စားသင့်တယ်လို့ ကျွန်မက မြင်ပါတယ် ။ ကျွန်မအလုပ်က လူတယောက်ဆိုရင် သူစားရင် ပုံမှန်လူထက် နှစ်ဆလောက်စားပါတယ် ။ ဒါပေမယ့် သူက လေ့ကျင့်ခန်းလည်း မပျက်မကွက်လုပ်တဲ့အတွက် သူ့ ခန္ဓာကိုယ်ဟာ အမြဲတမ်း fit ဖြစ်နေပါတယ် ။ သူ့နည်းကတော့ ဥပမာ .. ဒီနေ့ စားကောင်းလို့ ပိုစားလိုက်မိရင် လေ့ကျင့်ခန်းလဲ ပိုလုပ်ပါတယ် ။ ဒါကြောင့် အစားလဲစားသလို တချိန်တည်းမှာလည်း စားထားတဲ့ input ဟာ ခန္ဓာကိုယ်လိုအပ်သလောက်ပဲ ဖြစ်သင့်ပြီး ၊ အပိုတွေကို ချေဖျက်ဖို့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ် ။

နောက်တချက်ကတော့ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ် ။ ဥပမာ ... jogging/ running လို Cardiovascular exercise တွေဟာ osteoporosis လို အရိုးရောဂါဖြစ်နိုင်ဖို့အခြေအနေ နည်းပါးစေသလို ၊ နှလုံးရောဂါဖြစ်ဖို့ အခြေအနေလည်း နည်းပါးစေပါတယ် ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တိုင်းတော့ သူ့ အတိုင်းအတာအထိပဲ လုပ်သင့်ပါတယ် ။ ကိုယ့်ခန္ဓာကိုယ်က ခံနိုင်ရည်အားထက် အများကြီးကျော်လွန်မယ်ဆိုလည်း အန္တရာယ်ရှိတတ်ပါတယ် ။ အဲဒီအခါ ကိုယ့်ရဲ့ နှလုံးခုန်နှုန်းကိုသုံးပြီး တိုင်းတာလေ့ရှိကြပါတယ် ။ လူတယောက်ရဲ့ အများဆုံး နှလုံးခုန်နိုင်နှုန်းရဲ့ ၅၀ - ၈၅ ရာခိုင်နှုန်းကြားထဲမှာပဲ ရှိသင့်တယ်လို့ ဆိုပါတယ် ။ အများဆုံး နှလုံးခုန်နှုန်းကို တွက်ချက်ရာမှာ ယေဘူယျ သုံးနိုင်တဲ့ ဖော်မြူလာတွေကတော့ ... အမျိုးသမီးတွေအတွက် 226 - (your age) နဲ့ အမျိုးသားတွေအတွက် 220 - (your age) ပဲ ဖြစ်ပါတယ် ။ စင်္ကာပူမှာ ပြေးရင်းနဲ့ လဲကျ သေဆုံးသွားတဲ့ လူငယ်တွေရှိလာတာနဲ့အမျှ ခုနောက်ပိုင်းမှာ လူအများဟာ နှလုံးခုန်နှုန်းကို တိုင်းတာတဲ့စက်လေးတွေကို တတ်ဆင်ပြီး ပြေးလေ့ လေ့ကျင့်ခန်းလုပ်လေ့ရှိကြပါတယ် ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ သေချာသတိမထားမိရင် ပြဿနာရှိလာနိုင်ပေမယ့် ၊ စနစ်တကျလုပ်မယ်ဆိုရင်တော့ ကျွန်မတို့ ခန္ဓာကိုယ်တွေရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုစေတာ အမှန်ပါပဲ ။

နောက်ဆုံးတချက်ကတော့ လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ကိုလည်း အတိုင်းအတာတခုအထိ ပံ့ပိုးမှုရှိတယ်လို့လည်း ကျွန်မက မြင်မိတယ် ။ စိတ်ဆိုတာ ထားတတ်ရင် ထားတတ်သလို အမျိုးမျိုးဖြစ်နေတတ်တယ် ။ အိုးလုပ်သူဟာ အိုးတအိုးကို သူလိုချင်တဲ့ပုံစံပေါ်မူတည်ပြီး ပုံသွင်းနိုင်သလို ၊ ကျွန်မတို့ စိတ်ဟာလည်း ကိုယ်လိုချင်တဲ့ပုံစံကို ပြုပြင် ပုံသွင်းနိုင်တယ်လို့ မြင်မိတယ် ။ အဲလိုပုံသွင်းနိုင်ဖို့ စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုအပ်တယ် ။ အကျိုး နဲ့ အကြောင်းကို ကြည့်တတ်ဖို့ လိုအပ်တယ် ။ အဲလိုကိစ္စတွေကို ကျွန်မဟာ အဓိကလုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းဖြစ်တဲ့ အပြေးသွားရင်း လုပ်လေ့ရှိပါတယ် ။ စိတ်တွေညစ်ညူးလာရင် (သို့မဟုတ်) တစုံတရာကို တစုံတယောက်ကို စိတ်တိုင်းမကျဖြစ်တဲ့အခါ ကျွန်မက အပြေးသွားလေ့ရှိတယ် ။ ပြေးရင်း တယောက်တည်း အေးချမ်းတဲ့ပတ်ဝန်းကျင်ရဲ့အလှကို ခံစားရင်း ၊ ကိုယ် စိတ်တိုင်းမကျ ဖြစ်နေတာတွေ ၊ စိတ်ညစ်ညူးနေတဲ့ အကြောင်းအရာတွေဟာ ဖြစ်သင့်လား မဖြစ်သင့်လား ၊ မှန်လား မှားလား ဆိုပြီး စဉ်းစားတွေးတောတတ်တယ် ။ အဲလိုအချိန်မှာ ကျွန်မစိတ်ဟာ ငြိမ်သက်နေတဲ့ ရေပြင်တခုလိုပဲ ။ တခြားအချိန်တွေမှာလို စိတ်ထဲမှာ ဒေါသတွေ မောဟတွေ မရောထွေးနေတော့ပဲ အရှိကို အရှိအတိုင်း မြင်တတ်တယ် ။

နောက်ပြီး လေ့ကျင့်ခန်းလုပ်နေရင်းကလည်း စိတ်ကိုပါ လေ့ကျင့်ခန်းလုပ်သလို ယူတတ်ရင် ဖြစ်နိုင်တယ် ။ ကျွန်မရဲ့ အပြေးလေ့ကျင့်ခန်းကနေ ရတဲ့ သင်ခန်းစာတချို့ကတော့ အောက်ပါအတိုင်းပါပဲ ။ ဂျစ်တူး၏ လေ့ကျင့်ခန်းမှရသော ဒဿနများလို့လည်း ဆိုနိုင်ပါတယ် ။

ကျွန်မက တခါတလေ နောက်မှလုပ်လိုက်ပါမယ် ဆိုပြီး procrastinate သိပ်လုပ်တတ်တယ် ။ ဒါပေမယ့် အပြေးသွားဖို့ဆိုရင် နောက်မှ လုပ်လို့ မရဘူး ။ သူ့ အချိန်နဲ့သူ လုပ်မယ်လို့ ဆုံးဖြတ်ထားရင် ထ လုပ်ရတယ် ။ ဒါကြောင့် နောက်ပိုင်းမှာ procrastinate လုပ်တာ နည်းသွားတယ် ။

ကျွန်မပြေးနေကြ လမ်းကြောင်းရဲ့ နောက်ဆုံးပိုင်းလောက်မှာ နည်းနည်းမတ်တဲ့ လမ်းကြောတခုရှိတယ် ။ ကျွန်မသတ်မှတ်ထားတဲ့ ပန်းတိုင်ဟာ အဲဒီလမ်းမရဲ့ ထိပ်မှာ ရှိတယ် ။ အဲဒီလမ်းမက ပန်းတိုင်နားဆိုတော့ ကျွန်မက မောနေတတ်တယ် ။ အထူးသဖြင့် ပြေးတာနောက်ကျတဲ့ မနက်ခင်းတွေမှာဆိုရင် ၁၀ နာရီလောက်မှာ ထိုးထွက်နေတဲ့ နေက အဲဒီလမ်းမရဲ့ အပေါ်တည့်တည့်မှာ ရှိတတ်တဲ့အချိန်တွေ ၊ ညနေခင်း ညစာမစားခင် ဗိုက်ထဲ ငှက်ပျော်သီးလေးတစ်လုံးထည့်ပြီး ပြေးရတဲ့အချိန်တွေဆိုရင် အဲဒီလမ်းမပေါ်ရောက်တိုင်း ဆက် မပြေးချင်တော့လောက်အောင် ဖြစ်တတ်တယ် ။ အဲဒီကျ "ငါ ပန်းတိုင်အထိတော့ ရောက်အောင်သွားရမယ် ၊ ပန်းတိုင်ရောက်တော့မယ် ၊ ပန်းတိုင်ရောက်ရင် နားရတော့မယ်" ဆိုတဲ့ determination တခုကို လက်စွဲပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး ဆက်ပြေးရတယ် ။ အဲလို ဆက်ပြေးပြီး ပန်းတိုင်ရောက်တဲ့အခါ "ငါ စိတ်လျှော့ချင်တာ မလျှော့ပဲ အားတင်းပြီး လုပ်ရင် ၊ လုပ်နိုင်တာပဲ" ဆိုပြီး စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတယ် ။

နောက် ကျွန်မပြေးတဲ့ ပြေးလမ်းတွေဟာ အတက် အဆင်းတွေ များတယ် ။ ရှည်လျားတဲ့ အတက်လမ်းတချို့ဟာ မဆုံးနိုင်တော့သလိုပဲ ။ ကျွန်မတို့ဘ၀မှာ ပြဿနာတွေဝင်လာရင် မဆုံးနိုင်တော့သလိုပဲ ။ ဒါပေမယ့် နောက်ဆုံးမှာတော့လည်း အဆင်းလမ်းကို ရောက်ရစမြဲ ။ အဲလိုပဲ ဘ၀မှာလည်း ပြဿနာတွေ ၀င်လာလိုက် ၊ အဆင်ပြေသွားလိုက် ရှိကိုရှိရမယ်လို့ ပြေးရင်းနဲ့ ခေါင်းထဲ အတွေးရောက်မိတယ် ။ အဲလိုအတွေးနဲ့အတူ ပြဿနာတွေကြား စိတ်ရှုပ်ထွေးနေတာတွေ အတိုင်းအတာတခုထိ ပျောက်ပြီး ၊ စိတ်ကြည်လင်သွားတယ် ။ နည်းနည်း စိတ်ချမ်းသာသွားတယ် ။

တခါက ၁၀ ကီလိုမီတာ ပြေးပွဲတခုမှာ အသက် ၄၀ အရွယ်လောက်ရှိတဲ့ အန်တီကြီးတယောက်က ကျွန်မကို နောက်ကနေ ကျော်သွားတယ် ။ ကိုယ့်ထက်အသက်ကြီးတဲ့သူက ကျော်သွားတာ မခံချင်တော့ ကျွန်မက သူ့ကိုအတင်းပြန်လိုက်တယ် ။ ဒါပေမယ့် တာရှည်မှာ နောက်ဆုံးတော့ ကျွန်မ သူနဲ့ ဘေးချင်းယှဉ်ပြီး ဆက်တိုက်မပြေးနိုင်ခဲ့ပါဖူး ။ နောက်ကျကျန်ခဲ့တယ် ။ အဲဒီအခါမှာ ကျွန်မဟာ humility ဆိုတာကို နားလည်သွားမိတယ် ။ တခါတရံ ဘ၀မှာ ကိုယ့်ထက် တော်မယ်လို့ မထင်ထားတဲ့သူက ကိုယ့်ထက် တကယ်တော်နေခဲ့ရင်လည်း လက်ခံတတ်ရမယ်ဆိုတဲ့အချက်ပါပဲ ။ နောက် လူတယောက် တော်တယ် မတော်တယ်ဆိုတာ ယေဘူယျ အပေါ်ယံနဲ့ မဆုံးဖြတ်မိစေဖို့ ။ လူတိုင်းမှာ သူ့ဘာသာ အရည်အချင်းတခုစီတော့ ရှိတတ်ကြတယ် ဆိုတာပါပဲ ။

ကျွန်မတို့ သူငယ်ချင်းတွေ လွန်ခဲ့တဲ့ ၃နှစ်ကျော်က စပြေးကြတော့ အားလုံးပေါင်း ၇ -၈ ယောက်လောက် ရှိကြတယ် ။ နောက်ပိုင်းမှာတော့ အလုပ်မအားတဲ့သူနဲ့ အချိန်မကိုက်နိုင်ကြတာနဲ့ပဲ လူတွေကွဲသွားတယ် ။ ဆက်ပြေးတဲ့သူတွေကလည်း ကိုယ့်ဘာသာပဲ ပြေးဖြစ်ကြတော့တယ် ။ အဲလိုပါပဲ ... ဘ၀ဆိုတာ မွေးတည်းက တယောက်တည်း မွေးလာပြီး လိုအပ်တဲ့အခါ ကိုယ်လုပ်ချင်တဲ့လမ်းကို ရွေးချယ်ပြီး တယောက်တည်း လျှောက်သင့်ရင်လည်း လျှောက်ရမှာပဲ ဆိုတာကို သွားစဉ်းစားလိုက်မိတယ် ။

ကျွန်မပြေးတဲ့အခါ လမ်းမှာ တခြားပြေးသူတချို့ကိုလည်း တွေ့ရတတ်ပါတယ် ။ အဲဒီအခါ ကျွန်မထက် တော်တဲ့ သူတို့ရဲ့ ပြေးနှုန်းနဲ့ လိုက်မှီအောင် ကြိုးစားပြေးလေ့ရှိတယ် ။ နောက်ပြီး ဒီနေ့တော့ ဘယ်အထိ ငါပြေးမယ်ဆို ကိုယ့်ဘာသာ target ချမိတယ် ။ ဘ၀ဆိုတာ ကိုယ့်ထက်တော်တဲ့သူကို အမြဲရှာဖွေနေသင့်ပြီး ကိုယ့်ကိုယ့်ကိုယ် အမြဲ တွန်းအားပေးဖို့ လိုအပ်တယ်လို့ မြင်မိပါတယ် ။ တချိန်တည်းမှာပဲ အဲဒီလူကို ယှဉ်ပြိုင်တာမျိုးမဟုတ်ဘဲ သူ့ကို တွန်းအားအနေနဲ့သာသုံးပြီး ကိုယ့်ဘာသာ target တခုချပြီး ၊ ကိုယ့်ဘာသာ ယှဉ်ပြိုင်ရတာကို ကျွန်မက ပိုနှစ်သက်တယ် ။

ပန်းတိုင်မရောက်ခင် ပြေးရင်း မောဟိုက်လာတဲ့အချိန်တွေမှာ ကျွန်မဟာ စိတ်ကို နားထောင်နေတဲ့ သီချင်းထဲဖြစ်ဖြစ် ၊ ကိုယ်တွေးနေတဲ့ အတွေးတခုထဲဖြစ်ဖြစ် နှစ်ထားပြီး ၊ ခံစားချက်ကို ကျွန်မ ခြေထောက်တွေနဲ့ မြေကြီး အထိမှာ ထားရှိပါတယ် ၊ အမြင်ကိုတော့ ကျွန်မရှေ့ ပေ ၂၀ လောက်အထိပဲ ကြည့်တတ်ပြီး ပတ်ဝန်းကျင်ကို လျစ်လျူရှုထားတတ်တယ် ။ အဲလို focus ထားပြီး ဆက်ပြေးလိုက်ရင် ၊ ပန်းတိုင်ကို ရောက်မှန်းမသိ ရောက်သွားတတ်ပါတယ် ။ လူ့ဘ၀ဆိုတာလည်း ပတ်ဝန်းကျင်ရဲ့ ချီးမွန်း ကဲ့ရဲ့သံတွေကြား ကိုယ်ပိုင် ပန်းတိုင်ရောက်ဖို့ focus ဆိုတာ အရေးကြီးတယ်လို့ ကောက်ချက်ချမိတယ် ။

ကျွန်မရဲ့ပြေးရာကနေရတဲ့ ဒဿနတွေကတော့ ဒီလောက်ပါပဲ ။ တကယ်တော့ နှစ်ရှည်လများစွာ အပြေးကိုပဲ လေ့ကျင့်ခန်းတခုအဖြစ် အဓိကလုပ်မိတဲ့ကျွန်မဟာ တခြားခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေမှာ အားနည်းတယ်လို့ ဆိုရပါမယ် ။ ဥပမာ .. ကျွန်မက flexibility တော်တော်အားနည်းတယ် ။ ကြက်တောင်ရိုက်တာတို့ ဘော်လီဘော် တခါတရံပုတ်တဲ့အချိန်တွေမှာ တချို့ ကြွက်သားတွေက တောင့် နေတတ်တယ် ။ ဒါကြောင့် နောက်ဆုံး ကောက်ချက်ချမိတာ ... လေ့ကျင့်ခန်းဆိုတာလည်း သူ့နေရာနဲ့သူ ထိရောက်ဖို့ အမျိုးမျိုး လုပ်သင့်တယ်ဆိုတာပါပဲ ။ ဒါကြောင့် ခု ကျွန်မ yoga ခပ်ဆန်ဆန် pilates ဆိုတာကို စ လုပ်ကြည့်နေပါတယ် ။

တကယ်တော့ လေ့ကျင့်ခန်းဆိုတာ သူများက အပြေးလေ့ကျင့်လို့ ပြေးနိုင်မှ လေ့ကျင့်ခန်းလုပ်ရာရောက်တယ်လို့ မဟုတ်ပါဖူး ။ တဦးချင်းဆီ ကိုယ်တတ်နိုင်သလောက်လေး ကိုယ်လက်လှုပ်ရှားလုပ်တာဆိုရင်ပဲ ပြည့်စုံပါတယ် ။ ဥပမာ ... သက်ကြီးရွယ်အိုတွေက taichi လို့ခေါ်တဲ့ စိတ်အာရုံကို စုစည်းပြီး အနှေးကစားရတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ကြပါတယ် ။ ကလေးနဲ့ အိမ်ထောင်သည်တွေဆိုလည်း မိသားစုလိုက် ပန်းခြံမှာ လမ်းလျှောက်ရင်း ၊ တနေ့တာ ပြဿနာတွေနဲ့ အဝေးမှာ family time အဖြစ် ၊ ကလေးတွေကြား အလုပ်ရှုပ်နေလို့ စကားမပြောဖြစ်ကြတဲ့ ဇနီးမောင်နံတို့ အတွက် romantic time အဖြစ် ၊ ပျော်ရွှင်စွာ ဖြတ်သန်းရင်း ကျန်းမာရေးအတွက်လည်း လုပ် ၊ တချက်ခုတ် နှစ်ချက်ပြတ် နိုင်ပါတယ် ။

ဒါကြောင့် ဒီပိုစ့်မှာပါတဲ့ လေ့ကျင့်ခန်းရဲ့ ကိုယ်တွေ့ အကျိုးသက်ရောက်မှုများကို ဖတ်ပြီး ၊ စာဖတ်သူတို့လည်း လေ့ကျင့်ခန်းဆိုတာနဲ့ အနည်းနဲ့အများ နီးစပ်လာနိုင်ကောင်းရဲ့ လို့ မျှော်လင့်လိုက်ပါတယ် ။

References:
[1] Benefits of Cardiovascular Exercise
(http://ezinearticles.com/?Benefits-of-Cardiovascular-Exercise&id=257189)
(http://www.ideasforwomen.com/health/fit-5sp-cardio-3.php)
[2] Types of Cardiovascular Exercise
(http://www.blogger.com/post-create.g?blogID=8255107139332040506)
[3] What is cardiovascular exercise?
(http://www.ideasforwomen.com/health/fit-5sp-cardio-1.php)

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Road to Freedom] 1 New Entry: ဇာတ်လမ်းနှစ်ပုဒ်

ဇာတ်လမ်းနှစ်ပုဒ်

ဇာတ်လမ်းတစ်ပုဒ်မှာ
သူမက လူကုံထံ နတ်သမီး
ကျနော်က တန်ဖိုးထားမခံရတဲ့ စွန့်ပစ်ပစ္စည်း
သူမစီးတဲ့ ကားတန်ဖိုးကို ကျနော်တစ်ခါမှ စိတ်ကူးမကြည့်မိခဲ့ဘူး
ကျနော်မက်တဲ့ အိပ်မက်တွေအကြောင်း သူမက စိတ်မ၀င်စားဘူး
သူမသုံးတဲ့ ရေမွှေးအမည်နာမကို ကျနော်မသိဘူး
ကျနော်သုံးတဲ့ အပေါစား ဆပ်ပြာခဲအမှတ်တံဆိပ် သူမအာရုံမှာမရှိဘူး
သူမဆိုးတဲ့ လက်သည်းဆိုးဆေး ဒီဇိုင်းမျိုး ကျနော်တစ်ခါမှ မမြင်ဖူးဘူး
ကျနော့် တောဂိုက်ကို (အချိန်တွေကြာလာတာနဲ့အမျှ) သူမ မကြည်ဖြူတော့ဘူး
သူမ အပေါင်းအသင်းတွေကို ကျနော် ကြည့်မရဘူး
ကျနော့် အပေါင်းအသင်းတွေကို သူမ အထင်မကြီးဘူး
သူမက ကျနော်နဲ့ လျှောက်လည်ချင်တယ်၊ တွတ်ထိုးချင်တယ်
ကျနော်က သူမကို (ကျနော်အလုပ်လုပ်နေတဲ့အခါ) နံဘေးမှာ တိတ်တဆိတ်ထိုင်နေစေချင်တယ်
သူမက အတွေ့ကို မက်မောတယ်
ကျနော်က အငွေ့ကို တန်ဖိုးထားတယ်
သူမအတွက် ကျနော်ဟာ အလုပ်အကိုင်မယ်မယ်ရရ မရှိသူ
ဒါမှမဟုတ် ၀င်ငွေမရှိတဲ့ အလုပ်ကို လုပ်ကိုင်နေသူ
ကျနော့်အတွက် သူမဟာ မိဘပိုက်ဆံထိုင်ဖြုန်းနေသူ
ဒါမှမဟုတ် ဘ၀ကို ပေါ့ပျက်ပျက်ဖြတ်သန်းချင်သူ
တစ်ယောက်ကို တယောက်နားလည်ဖို့ မကြိုးစားမိခဲ့ကြဘူး
ကျနော့်မှာ ကုန်ထုတ်လုပ်မူမရှိဘူး
သူမမှာ ကိုယ်ပိုင်ဝင်ငွေမရှိဘူး
ကျနော်တို့နှစ်ယောက်ပေါင်းဖက်ရင်
ရေရှည်တည်တံ့တဲ့ ဘ၀တစ်ခု ဖြစ်မှာ မသေချာဘူး
ဒီလိုနဲ့ သူမနဲ့ကျနော် လမ်းခွဲခဲ့ပါတယ်။

ဇာတ်လမ်းတစ်ပုဒ်မှာ
သူမက နေ့စားလရှင်း စက်ရုံအလုပ်သမ
ကျနော်က အနာဂတ်ဝါဒီ ဂုဏ်သရေရှိ လူကြီးလူကောင်း
ဒေသအခေါ်အရ ဘွဲ့ရခေတ်ပညာတတ် သူမဟာ
ကျနော့်အမြင်မှာ အသိပညာနုံ့နဲသူ
သူမပြောတဲ့ စကားတွေကို ကျနော် ခံစားလို့မရဘူး
ကျနော်ပြောတဲ့ စကားတွေကို သူမ သဘောမပေါက်ဘူး
ကျနော်က အနာဂတ်အကြောင်းစဉ်းစားနေတဲ့အခါ
သူမက သူမလုပ်အားခကို စိတ်ကူးနဲ့ ဈေးတွက်တွက်နေတတ်တယ်
သူမမှာ လှပတဲ့ မျက်နှာနဲ့ အချိုးအစားပြေပြစ်တဲ့ ခန္ဒာကိုယ်ရှိတယ်
ကျနော့်မှာ ချီတုံချတုံဖြစ်နေတဲ့ စိတ်ကူးစိတ်သန်းတွေရှိတယ်
သူမအနာဂတ်က ကျနော့်အတွက် ကျဉ်းမြောင်းလွန်းတယ်
ကျနော့်အနာဂတ်က သူမအတွက်ကြီးကျယ်လွန်းတယ်
သူလုပ်တဲ့အလုပ်ကို ကျနော်မလုပ်နိုင်ဘူး
ကျနော်လုပ်တဲ့အလုပ်ကို သူနားမလည်ဘူး
သူ့မှာ သူမကို မှီခိုနေတဲ့ မိသားစုကြီးရှိတယ်
ကျနော်က အနာဂတ်အတွက် စဉ်းစားနေရတယ်
သူမမှာ အမှီအခိုကင်းတဲ့ လွတ်လပ်ခြင်းမရှိဘူး
ကျနော့်မှာ မျက်ကန်းတစ္ဆေမကြောက် မိုက်ရဲတဲ့ သတ္တိမရှိဘူး
သူမနဲ့ ကျနော်ပေါင်းဖက်ရင်
ရေရှည်တည်တံ့တဲ့ ဘ၀တစ်ခုဖြစ်မှာ မသေချာဘူး
ဒီလိုနဲ့ ကျနော်နဲ့သူမ လမ်းခွဲခဲ့ပါတယ်။

ချစ်ခြင်းမေတ္တာမှာ
စိတ်ကူးယဉ်မူထက်ပိုပြီး
လက်တွေ့ကျတဲ့
အဓိပ္ပါယ်တွေရှိတယ်…။

ငြိမ်းချမ်းအောင်
၈ သြဂုတ် ၂၀၀၈

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[J] 1 New Entry: Technology - Biofuel Plant ရေနံသူဌေးတို့ တုန်လှုပ်ဖွယ်

Technology - Biofuel Plant ရေနံသူဌေးတို့ တုန်လှုပ်ဖွယ်


မမျှော်လင့်ဘဲ the organism, Gliocladium roseum သစ်ပင် အခေါက်ထဲမှာ ရှိတဲ့ မှို တမျိုးက ထွက်တဲ့ အစေးဟာ ဒီဇယ်ဆီမှာ ပါဝင်တဲ့ ကွန်ပေါင်းတွေအတိုင်း ပါဝင်နေတာ အမေရိကား မှ သိပံပညာရှင်တွေ တွေ့လိုက်ရပါတယ်။ သစ်ပင် မှာ ရှိတဲ့ novel fungi ဆိုတဲ့ မှိုကို တွေ့နိုင်တဲ့ သစ်ပင်တွေဟာ northern Patagonia အမြဲစိမ်းသစ်တောဖြစ်ပြီး အဲဒီသစ်တော ဟာ Argentina နဲ့ Chile နိုင်ငံအကြားမှာ ပေါက်ပါတယ်။

ဒီဇယ်မှိုဟာ အဆိပ်ဖြေတဲ့ သဘာဝစွမ်းအား ကိုကာကွယ်ဖို့ ဓါတ်ငွေ့ထုတ်ပါတယ်။ အဲဒီ ဓါတ်ငွေ့ ကို စမ်းသပ်ရာမှာ ဒီဇယ် ဖန်တီးရာမှာ ပါဝင်တဲ့ ဒြပ်ပေါင်းများ ဖြစ်နေတာ မမျှော်လင့်ဘဲ တွေ့လိုက်ရပါတယ်

You received this email because you are subscribed to the real_time feed for http://joyful4all.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.