Saturday, November 8, 2008

[ညီနေမင်း] 1 New Entry: Programming(2)

Programming(2)






You received this email because you are subscribed to the real_time feed for http://nyinaymin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညီနေမင်း] 1 New Entry: Programming(2)

Programming(2)






You received this email because you are subscribed to the real_time feed for http://nyinaymin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DeGoLar] 1 New Entry: ♠ Honesty & Anonymity (3)

♠ Honesty & Anonymity (3)

ဖတ်သူတော်တော်များတယ်၊ ဆက်ရေးမယ် (ပြီးခဲ့တဲ့ပို့စ်က ပဲများကြည့်တာလေ၊ မေမိုး ခွင့်လွှတ်ပါ)။

အဲဒီဘဲကြီး ပျော်ရာ၊ ကဲရာမှာ အင်မတန်တော်တယ်၊ ထိုနည်းတူပဲ စာဖတ်တာကျပြန်တော့လည်း သူများထက် ထူးချွန်နေပြန်ရော။ ကျနော်တို့ ပတ်ဝန်းကျင်မှာ အများအားဖြင့် ကစားမက်တဲ့သူတွေက ပညာရေးပိုင်းမှာ သိပ်ဖြစ်ဖြစ်မြောက်မြောက် မရှိကြဘူး၊ တခါ စာဂျပိုးတွေ ကျတော့လည်း မျက်မှန်ထူထူနဲ့ မှုန်ကုပ်ကုပ်၊ သူများတွေနဲ့ ဆော့ဖို့ ကဲဖို့မပြောနဲ့၊ ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့အောင် နေတတ်ရင်ပဲ မဆိုးတော့ဘူး။ ဒါကြောင့် အဲဒီအချက်က သူ့မှာရှိတဲ့ လေးစား၊ အားကျ၊ အတုယူစရာ လက္ခဏာ တစ်ရပ်ပဲ။ နောက်တစ်ချက်က လီခွန်းလင်းမှာ ပုံမှန်လူတွေထက် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း လုံးဝကြီးကို ရှိနေတယ်၊ ဒါလုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် မဖြစ်ဖြစ်အောင် လုပ်တယ်၊ လုပ်စရာ တွေကို အချိန်သတ်မှတ်ပြီး သတ်မှတ်ထားတဲ့ အချိန်အတိုင်း တောက်လျှောက်လုပ်တယ်။ ဒါကြောင့်သူဟာ ပညာရေးမှာ မလစ်ဟင်းတဲ့အပြင် ကျန်းမာရေးလိုက်စားပြီး ကြွက်သားတွေ မကြီးကြီးအောင် ကျင့်ရတာနဲ့၊ ကျောင်းစာပြင်ပက အပန်းဖြေစရာ လေ့လာသင်ယူစရာ အတော်များများကိုလည်း သင်ယူရတာနဲ့ အိုကေစိုပြေလို့၊ သူ့မှာ ဘလော့ဂ်ဖို့အချိန် ဘယ်မှာကျန်မလဲ လို့ တခါတလေ တွေးမိသေးတယ်၊ ရေးလိုက်တဲ့စာတွေ၊ ပြန်လိုက်တဲ့ကော်မန့်တွေ၊ ဖြစ်လိုက်တဲ့ အင်တာနက်ပေါ်က တံတွေးစစ်ပွဲတွေ။ အဲဒါတွေကြောင့် ဒီလူ အချိန်လောက်မှာ မဟုတ်ဘူးလို့ ထင်လိုက်ရင် မှားပါလိမ့်မယ်။

ဥပမာ၊ သူဟာ ဩော်ဇီက တင်းနစ်နည်းပြလိုင်စင် ရထားတယ်၊ သူကျွမ်းကျင်တဲ့ အားကစားတွေထဲမှာ တင်းနစ်က ထိပ်ဆုံးကဖြစ်မယ်၊ နည်းပြအဆင့် ရောက်နေပြီဆိုတော့။ အဲဒါနဲ့ ပတ်သက်ပြီး တခါက ပို့စ်ထဲမှာ ဒီလိုရေးဖူးတယ် "ငါ့ မိဘတွေ ဒီလောက် ချမ်းသာပါလျက်နဲ့၊ ငါ့ကို ဒီလောက်ထိ ပျိုးထောင်ပေးပါလျက်နဲ့၊ နည်းပြအဆင့်ပဲ ရောက်နိုင်တာ ငါသောက်သုံးမကျလို့ပဲ"။ သူဖြစ်ချင်တာက ကမ္ဘာ့ပွဲကြီးတွေမှာ ဝင်ရိုက်နိုင်တဲ့ နိုင်ငံ့လက်ရွေးစင် တဲ့ဗျ၊ ချစ်ချင်စရာပဲ။ အင်း၊ နည်းပြဆိုပေမယ့် ငွေမလိုတဲ့ သူဋ္ဌေးသားဖြစ်တဲ့အလျောက် အဲဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းခြင်း မပြုပါဘူး၊ ကြုံကြိုက် သလိုသာ သူ့မိတ်ဆွေတွေလောက်ပဲ အခမဲ့ သင်ပေးတယ်။ တခါတလေ ဖွန်ကြောင်တဲ့ လက်နက်အဖြစ် အသုံးချတယ်၊ ဒီလောက်ပါပဲ။ အားကစားလို လှုပ်လှုပ်ရှားရှား အလုပ်မျိုး ကြိုက်တတ်တာ၊ ကျောင်းသားဘဝတုန်းက စိတ်ကူးပေါက်သလို မိန်းမအင်္ကျီ ဝတ်စားတတ်တာ၊ အူကြောင်ကြောင်နိုင်အောင် ကကြိုးကကြောင် ဖီးလိမ်းပြင်ဆင်တတ်တာ၊ သူတောင်းစားတစ်ယောက် အတွင်းခံဘောင်းဘီနဲ့ တောင်းရမ်းနေရင် သူတောင်းစားနဲ့အပြိုင် ဘောင်းဘီရှည်ချွတ်ပြီး အတွင်းခံနဲ့ နေပြတာ၊ ဖင်တုံးလုံးနဲ့ အာဖရိကတောကြီးထဲမှာ ဓာတ်ပုံအရိုက်ခံတာ စသည် စသည် ထူးခြားတဲ့ အပြုအမူတွေကြောင့် ဒီလူတော့ တစက္ကန့်မှ အငြိမ်မနေပဲ လှုပ်လှုပ်ရှားရှား နေရမှ ကျေနပ်မယ့်လူပဲလို့ ကောက်ချက်အချ မစောပါနဲ့အုံး၊ ငြိမ့်ငြိမ့်ညောင်းညောင်း တီးခတ်ခံစားရတဲ့ ဂီတအနုပညာတွေနဲ့ ပတ်သက်ပြီးလည်း သူ့မှာ ပါရမီ ပါလာသေးတယ်ဗျ၊ ကံကောင်းပုံများ။

အပေါ်မှာ တွေ့ရတဲ့အတိုင်း သူဟာ စန္ဒယားတီး ကျွမ်းကျင်ပါတယ်၊ အဆင့် ၁၀ ဆင့် ရှိတဲ့ စန္ဒယား ကျွမ်းကျင်မှု စံညွှန်းအရ သူက အဆင့် ၈ ရှိတယ်ဆိုပဲ။ သူ့ သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်တော့မှာမို့ နောက်ပြောင်ပြီး သီချင်းလက်ဆောင် ပါးနေတာပါ။ ပျော်စေပျက်စေမို့လို့ ထင်တယ်၊ တီးတာကတော့ အမှားမှား အယွင်းယွင်း ပါပဲ။ သီချင်းက မလေးရှားက Michael Wong ရဲ့ Fairy Tale ပါ၊ မူရင်းကို အောက်မှာ နားဆင်နိုင်ပါတယ်။

「童話」 - 光良

ဒါတင်ပဲလားဆိုတော့ မကဘူးဗျ၊ အဲ၊ ကတယ်ဗျ၊ ပြီးခဲ့တဲ့ သုံးနှစ်လောက်က ဘယ်က ရောဂါပိုး ကူးလိုက်တယ်မသိဘူး၊ Ballroom Dancing အက သင်ချင်တယ်ဖြစ်ပြန်ရော၊ အဲဒါနဲ့ ဘလော့ဂ်ပေါ်မှာ အတည်အပေါက်ကြီး ပလန်တွေဘာတွေချ၊ ရုပ်တည်ကြီးနဲ့ နည်းပြငှားပြီး တစ်ရက် ၄ နာရီနှုန်းနဲ့ တစ်နှစ်ကျော် မနားမနေ သင်လိုက်တာ နည်းပြဆရာမနဲ့ တွဲပြီး ပွဲထွက်ဖို့ အခွင့်အရေး ရလိုက်သေးတယ်၊ ဒါပေမဲ့ ဆရာမဂါဝန်ကို တက်နင်းမိပြီး ပွဲပျက်သွားတယ် ဆိုပဲ။ နောက်တော့ ပြိုင်ပွဲတွေ ဘာတွေ ဝင်ပြိုင်ဖြစ်လိုက်သေးတယ်။ တကယ့်လူဗျ။ ဆုရတာတော့ မကြားဘူးပေါ့လေ။


ထိုနည်းတူပဲ စက်ဘီးစီးတာလည်း ၂၀၀၆ တုန်းက ခဏတဖြုတ် ရူးလိုက်သေးတယ်၊ ကောင်းပေ့ဆိုတဲ့ စက်ဘီးကိုဝယ်၊ စက်ဘီးသမားပုံစံ အကျအန ပြင်ဆင်ပြီး ခဏခဏ ထွက်စီးတာ၊ သူမြို့လေးကနေ အတော်ကြီးလှမ်းတဲ့ နေရာတွေထိ စီးသွားတယ်၊ အဲဒါတွေကလည်း သူ့ဘလော့ဂ်အတွက် တန်ဖိုးရှိတဲ့ ကုန်ကြမ်းတွေပါပဲ။

နောက်ပြီး၊ ရှေ့မှာရေးခဲ့သလို သူဟာ ထိုင်ဝမ်ဆိုတဲ့ ကျွန်းပေါက်စလေးအပေါ် သံယောဇဉ် အရမ်းရှိတယ်၊ အားကစားကိုလည်း အရမ်းရူးသွပ်သူဖြစ်တော့ ထိုင်ဝမ်အားကစားသမားတွေ ဝင်ပြိုင်တဲ့ နိုင်ငံတကာ ပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားအားပေးဖို့အတွက် Taiwan Woo ဆိုတဲ့ အားပေးအသင်းကို ဦးဆောင်ဖွဲ့ထားတယ်၊ အသင်းဝင် စည်းရုံးတယ်၊ စုတယ်၊ အချိန်တန်ရင် ကိုယ့်စရိတ်နဲ့ကိုယ် လေယာဉ်လက်မှတ် အကုန်ကျခံပြီး သွားအားပေးကြတယ်။ မပါမဖြစ် အဆောင်အယောင်တွေက ထိုင်ဝမ်အလံရယ်၊ အသင်းအင်္ကျီရယ်ပါ။ အလံဆိုလို့ သူတို့အသင်း နောက်ဆုံးသွားခဲ့တဲ့ပွဲက ဘေကျင်းအိုလံပစ်ပါ၊ ဟိုဖက်က ထိုင်ဝမ်အလံ ပေးယူမှာ မဟုတ်မှန်း သိနေတော့ အလံမသယ်ဘူး၊ အသင်းအင်္ကျီလည်း မသယ်ဘူး၊ လူသာ အရောက်သွားရရင် ကျေနပ်ပြီဆိုပြီး လိုက်လိုက်လျောလျော သွားကြတယ်။ ဒါပေမဲ့လည်း ဘေကျင်းလေဆိပ်မှာ ခြေချချချင်းပဲ မျှော်လင့်ထားတဲ့အတိုင်း အခန်းကျဉ်းလေးထဲ ခေါ်သွားပြီး စစ်ဆေးမေးမြန်းတာ အလုပ်ခံရတယ်။ ရလဒ်က ဟောင်ကောင်ကတဆင့် ပြန်ဖို့ နယ်နှင်ဒဏ် စာရွက်လေးပါပဲ။ "ငါ့လို ဘာမဟုတ်တဲ့ကောင်ကို ပြည်ကြီးတရုတ်တွေ ဘယ်လောက်ထိ ကြောက်သလဲဆိုတာ သက်သေပဲကွ၊ သူတို့နဲ့ ဒီမိုကရေစီနဲ့ အလှမ်းဝေးလွန်းသေးတာ အသိသာကြီးပဲ" လို့ သူပြန်လာပြီး ရေးခဲ့တယ်၊ အဲဒီကိစ္စလည်း ထိုင်ဝမ်မီဒီယာမှာ ဟိုးလေးတကြော်ပါပဲ။ သူ့ကို ကော်မန့်ထဲမှာ ချီးမွမ်းခန်းဖွင့်တော့ ဘွင်းဘွင်းပဲ ဒီလိုပြောတယ် "ကျုပ်လား၊ သေမှာသိပ်ကြောက်တာ၊ အထူးသဖြင့် အရင်တုန်းက ပြည်ကြီးတရုတ်တွေနဲ့ ရန်ဖြစ်ခဲ့ဖူးတော့ ဒီတခေါက် တယ်ပြီးမသွားချင်ဘူး၊ ဒါပေမဲ့ အသင်းခေါင်းဆောင် ဖြစ်နေတော့ တာဝန်ကျေအောင် သွားရတာပဲ" တဲ့။ ဒါက လီခွန်းလင်းအစစ် ပါပဲ၊ အပိုတွေ အလှအပတွေ မပြောဘူး၊ သူ့စိတ်ထဲ ရှိတဲ့အတိုင်း ပြောပစ်တာများတယ်။ ၂၀၀၆ ဝင်ဘယ်လ်ဒန် တင်းနစ်ပွဲ သွားအားပေးတဲ့ ထိုင်ဝမ်ဝူး အဖွဲ့သားတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။

ဒီပို့စ်ကိုတော့ ဒီမှာတခန်းရပ်မယ်၊ ဒါတွေက ပိုက်ဆံကုန်တဲ့ အလုပ်နဲ့ ဝါသနာတွေပဲ၊ သူလုပ်နေတဲ့ အချိန်ပြည့် အသက်မွေးဝမ်းကြောင်း အလုပ်ကိုတော့ နောက်ပို့စ်မှာတင်ရင်း နိဂုံးချုပ်ပါမယ်။ ခုမှ ခေါင်းစဉ်ပြန်ကြည့်မိတယ်၊ ရေးပြီးတာနဲ့ သိပ်မဆိုင်သေးဘူး၊ နောက်ပို့စ်မှာပဲ ကျနော် ရေးချင်ခဲ့တာ ထည့်ရေးတော့မယ်ဗျာ။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်သူ့ ပုံရိပ်] 1 New Entry: KEEP CONFIDENCE...!! TRUST OTHERS.....!! NEVER LOSE HOPE......!!

KEEP CONFIDENCE...!! TRUST OTHERS.....!! NEVER LOSE HOPE......!!


Confidence ဆိုသည်မှာ ….
တစ်နေ့မှာ ရွာသူရွာသားတွေအားလုံး စုပြီး မိုးရွာအောင် ဆုတောင်းပွဲလုပ်ကြပါတယ် .. အဲ့ဒီပွဲမှာ .. ကလေးငယ်လေးတစ်ယောက်ပဲ ထီးလေးတစ်လက်နဲ့ရောက်လာပါတယ် ..

Trust ဆိုသည်မှာ ….
မိခင်က ပွေ့ချီပြီးမြှောက်လိုက်တဲ့အခါ သဘောတကျနဲ့ ရယ်လိုက်တဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်ပေါ့ … သူက သူ့ကို အမေက ပြန်ဖမ်းဆုပ်လိုက်မှာကို သိတယ်လေ …

Hope ဆိုသည်မှာ …
ညတိုင်း (မနက်ဖြန် အသက်ရှင်လျက် ပြန်နိုးခွင့်ရဦးမလား မသေချာမှုတွေနဲ့) အနားယူ အိပ်စက်လိုက်ပေမဲ့ ..မနက်ဖြန်အတွက် ဘာတွေလုပ်မယ်ဆိုတဲ့ Plan တွေရှိနေတယ် …

ကိုယ့်ကိုကိုယ်ယုံကြည်ရင်းနဲ့ တခြားသူတွေကိုလဲ ယုံကြည်ပေးပါ ..ဘယ်တော့မှ မပျောက်ပျက်တဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့ …
KEEP CONFIDENCE...!! TRUST OTHERS.....!! NEVER LOSE HOPE......!!

Ref: 1 of the incoming mails from 1 of my beloved friends

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မီးပြတိုက်] 1 New Entry: The Secret (Law of Attraction)

The Secret (Law of Attraction)



What is the Law of Attraction?

The Law of Attraction is one of the better known universal laws. The theory behind the Law of Attraction is that we create our own realities. We attract things we want and we also attract things we don't want. We attract the people in our lives, the stuff in our homes, and the money in our bank accounts through our thoughts and feelings.

When our beliefs are limited, we attract limited wealth and compromise our well-being. When we believe anything is possible, the sky's the limit. In fact, you can break through that glass roof on the sky with your miraculous positive thoughts. When we focus on the "lack of" we are creating a less-than reality. But, if focus on being abundant and happy we will enjoy a luxurious and glorious reality.



People who are efficient in attracting positives have trained their minds to focus on their desires. Abundance comes to them naturally. They wouldn't blink an eye if someone suggested they don't deserve something, it isn't part of their reality.


Thought = creation. If these thoughts are attached to powerfulemotions (good or bad) that speeds the creation, EVERYTHING in your life you have attracted .. accept that fact ..it's true.

You received this email because you are subscribed to the real_time feed for http://www.meepyatite.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Pyu State] 1 New Entry: ရွေးချယ်ခြင်းနှင့် ရုန်းကန်ခြင်း အပိုင်း(၉)

ရွေးချယ်ခြင်းနှင့် ရုန်းကန်ခြင်း အပိုင်း(၉)

ရေးသူ - စစ်ငြိမ်းဒီရေ


အစိုးရကျောင်း ပညာရေး စနစ်သည် တိုးတက်သော နိုင်ငံသား အရင်းအမြစ်
ပေါ်ထွန်းရေး ထက် အစိုးရ တည်မြဲခိုင်ခန့်ရေး ယန္တရား ကောင်းမွန်စွာလည်
ပတ် နိုင်ရေးအတွက် သစ္စာတော်ခံများ မွေးထုတ်ဖို့ "မဆလ" တို့က ဦးတည်
ဆောင်ရွက် ခဲ့ပါတယ်။ အခုတော့ အဲဒီထက် အဆပေါင်းများစွာ ဆိုးဝါးတဲ့
စစ်အာဏာရှင် အထောက်အကူပြု ပညာသည် မွေးထုတ်ရေး စနစ်ကို ရောက်
သွား ပါတယ်။

"ယနေ့လူငယ်၊ နောင်အနာဂတ် ခေါင်းဆောင်" အစား "ယနေ့ ပညာသည်၊
နောင်အနာဂတ်အတွက် ၀န်ထမ်း" လို့ အဓိပ္ပါယ် ရွေ့လျား သွားပါတယ်။
"ကျွန်က မွေးရင် သပေါက်" ဆိုသလိုဘဲ မိဘများက တစ်ပါတီ စနစ်ရဲ့ကျွန်
ကျနော်တို့က အာဏာရှင် လက်သစ်များ အတွက် "သပေါက်" လက်သစ်တွေ
ပါ။ နိုင်ငံတော် သီချင်း စာသားကို သတ်ပုံမှန်အောင် မရေးတတ်ခင်၊ ဖွဲ့စည်းပုံ
ဥပဒေ ဆိုတာ မသိသေးတဲ့ မူလတန်း ကျောင်းသားဘ၀ ကတည်းက
အမိမြေကို လက်ဝဲ၊ လက်ယာ ရန်သူတွေ လက်က ကာကွယ် စောင့်ရှောက်
ရမယ်လို့ ရိုက်သွင်း ခံရပါတယ်။

zzdifference.JPG


လူဖြစ်မယ် ဆိုရုံ ရှိပါသေးတယ်။ ခေါင်းထဲကို အယူအဆ တစ်ရပ် စ၀င်လာ
ပါတယ်။ အဲဒါက …


"ရန်သူ"
ဘယ်လို "ရန်သူ" လဲ …
"ငါတို့ နိုင်ငံတော်ကြီး (လက်ရှိ အစိုးရ အာဏာရမှု) ကို ထိပါးသူ" … တဲ့။
လူသားဆန်တဲ့ ယဉ်ကျေးမှုနဲ့ အနုပညာတွေကို ကမ္ဘာအရပ်ရပ်က ကလေး
ငယ်တွေ သင်ယူနေချိန်မှာ ကျနော်တို့ က "ရန်သူ" ဆိုတာ ဟာကြီးကို
စိတ်ထဲမှာ နှလုံးသွင်းပြီး တွေ့ရင် ချေးမှုန်းမယ်၊ ရိုက်ချိုးမယ် ဆိုပြီး နိုင်ငံတော်
သီချင်းကို စစ်သွေး စစ်မာန်အပြည့်နဲ့ သီဆိုကြပါတယ်။

အခြေခံပညာ ကျောင်းသားဘ၀ "သြကာသ" နဲ့ ကျောင်းစတက်ပြီး၊ "ကမ္ဘာ
မကြေ" နဲ့ ကျောင်းဆင်း ခဲ့ပါတယ်။ သင်ခဲ့သမျှ က နယ်ချဲ့တဲ့ အင်္ဂလိပ်၊
ကျူးကျော်တဲ့ ဂျပန်၊ သွေးစုတ်တဲ့ ချစ်တီးကုလား … သူတို့ က အပြင်ရန်သူ။
အတွင်းရန်သူက လက်ဝဲ၊ လက်ယာ နိုင်ငံရေးသမားတွေ။

နိုင်ငံရေးသမား ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ အန်ချင်စိတ်ပေါက်
အောင် ကျောင်းပညာ သင်ပေး လိုက်ပါတယ်။ နိုင်ငံရေးသမား ဆိုတာ
လူလိမ်၊ လူညာတွေ၊ ကလိမ်ကကျစ်တွေလို့ အဓိပ္ပါယ် သက်ရောက်
အောင် ကျောင်းပညာရော၊ လူထု ဆက်ဆံရေး၊ သတင်းနှင့်ပြန်ကြား
ရေးပိုင်း ဆိုင်ရာ ရုပ်ရှင်၊ စာပေ၊ အနုပညာ ကဏ္ဍလောက အသီးသီး
က အစိုးရ ၀န်ထမ်းတွေ၊ ပြင်ပလောက က"အကြိုးမျှော် ညောင်ရေ
လောင်းသူ" တွေ ၀ိုင်းပြီး သမ ကြတာ အဲဒီ စကားလုံး ကြားတာနဲ့ သရဲ
တစ္ဆေ တွေ့သလို ထိန်လန့် နေရတယ်။

လူငယ်တွေ နိုင်ငံရေးကို စိတ်မ၀င်စားတော့ အာဏာရှင်ရဲ့ အနာဂတ်
အရမ်းလှတော့ ပေါ့ဗျာ။ သိပ်လှတာပေါ့။ အဲဒီ ပုံစံခွက်ထဲမှာမွေးပြီး အဲဒီပုံစံ
ခွက်ထဲမှာ ကြီးပြင်း ကြပါတော့တယ်။ အရွယ်ရောက်လာရင် စစ်ဗိုလ်ကြီး
လုပ်မယ်။ ဆရာဝန်ကြီး လုပ်မယ်။ အင်ဂျင်နီယာ လုပ်မယ်။ လုပ်ပါ။ ကောင်း
ပါတယ်။ လူ့အဖွဲ့အစည်းအပေါ် လုပ်ကျွေးမယ် ဘာညာပေါ့။ နိုင်ငံဝန်ထမ်း၊
ပြည်သူ ၀န်ထမ်း အမျိုးကို စုံ ပါတယ်။ ခေါင်းစဉ် လှလှ လေးတွေပါ။ စနစ်
တစ်ခုကို အလုပ်အကျွေးပြုရတဲ့ ၀န်ထမ်း။ စနစ်က ဆိုးခဲ့ ရင်တော့ …

"စပါးကို ဖျက်တဲ့ စပါးထဲက ပိုး"
"အာဏာရှင်ကို သက်ဆိုးရှည်အောင် ပံ့ပိုးတဲ့ လူယုတ်မာ"
"ကိုယ့်အမျိုးသား အချင်းချင်း မျက်ရည်ပေါက်ကြီးငယ် ကျမှ ထမင်းစားခွင့်
ပေးတဲ့သူ" ဖြစ်ကြ ပါတော့တယ်။

ဒီစနစ်ဆိုး ဒီပညာဆိုးတွေကို သင်ခဲ့တဲ့ သူများက ကျနော်တို့ ဆရာတွေ။
သူတို့ဆီက လက်ဆင့်ကမ်း သယ်ဆောင်ပြီး ဒရွတ်တိုက် ဆွဲလာတဲ့
ကျနော်တို့ အရွယ် တချို့ဆိုရင် သားသမီး နှစ်ယောက်၊ သုံးယောက်
နဲ့။ ကျနော်တို့ ကလေးငယ်တွေရဲ့ ရှေ့ရေး … … … ။



(ဆက်လက်ဖော်ပြမည်။)
(အင်တာနက်ပေါ်မှာ တွေ့ရှိ သဘောကျသော ဓါတ်ပုံ၊ ပန်းချီပုံများကို
အသုံးပြုပါတယ်။ မူရင်း ပိုင်ရှင်များကို တောင်းပန် ပါတယ်။)

You received this email because you are subscribed to the real_time feed for http://pyustate.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဗုဒ္ဓတရားတော်များ] 2 New Entries: ပဌမနာဂ၀ိမာန၀တ္ထု-

ပဌမနာဂ၀ိမာန၀တ္ထု-

ပဌမနာဂ၀ိမာန၀တ္ထု-

ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ ပန်းရှစ်ပွင့်တို့ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သောကြောင့် ခွန်အားကြီး၍ လျှင်မြန်သော စီးတော်ဆင်ကို စီးကာ ကြာပန်းရေကန် တူရိယာ အတန်တန်တို့ဖြင့် ခံစားရသော နတ်သားလေး ...

အလွန်ဖြူဖွေးသော ကိုယ်ရှိသော အပြစ်ကင်း၍ ကြီးသော အစွယ်ရှိသော ခွန်အားကြီး၍ အလွန်လျင်မြန်သော အဟုန်ရှိသော ကောင်းစွာ ပြင်ဆင်ထားသော စီးတော်ဆင်ထက်သို့ တက်စီး၍ ကောင်းကင်ခရီးဖြင့် ဤအရပ်သို့ လာရောက်၏။

ဆင်၏ အစွယ်နှစ်ချောင်းတို့၌ ကြည်လင်သော ရေရှိသော ကောင်းစွာ ပွင့်သည့် ပဒုမ္မာကြာပန်းရှိသော ရေကန်တို့ကို ဖန်ဆင်းအပ်ပါကုန်၏၊ ပဒုမ္မာကြာတို့၌လည်း တူရိယာအပေါင်းတို့သည် အလိုလို မြည်ကုန်၏၊ စိတ်နှလုံးကို ဆောင်တတ်ကုန် သော ဤနတ်သမီးတို့သည် ကလည်း ကကြကုန်၏၊ သီချင်းလည်း သီဆိုကြကုန် ၏။

သင်သည် ကြီးသော အာနုဘော်ရှိသည်ဖြစ်၍
နတ်တန်ခိုး အာနုဘော်နှင့် ပြည့်စုံခြင်းသို့ရောက်၏၊
လူဖြစ်ခဲ့ စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊
အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊
အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း
အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ သနည်းဟု
(အသျှင်မောဂ္ဂလ္လာန်က မေး၏)။

ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ
(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား လျှောက်ထား၏။

ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ...
ကြွေကျသော ပန်းရှစ်ပွင့်တို့ကို ကဿပမြတ်စွာဘုရား၏
စေတီ ပုထိုးတော်၌ ကိုယ်ထိ လက်ရောက် တင်လှူပူဇော်ခဲ့ပါ၏။

ထိုကုသိုလ်ထူးကြောင့်
အကျွန်ုပ်အား ထိုသို့ သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏
။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း
အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၁၀ - ပဌမနာဂ၀ိမာန၀တ္ထု၊ မဟာရထ၀ဂ်၊ ၀ိမာန၀တ္ထုပါဠိတော်။

ဂေါဏပေတ၀တ္ထု- (ဂေါဏ=နွား)

ဂေါဏပေတ၀တ္ထု- (ဂေါဏ=နွား)

အဘိုးသေ၍ အဖ ငိုကြွေးနေသည်ကို သားဖြစ်သူက နွားသေကို ကြည့်ကာ ငိုကြွေးခြင်းဖြင့် သက်သေပြကာ သောကငြိမ်းကြောင်း နည်းလမ်းကောင်းပြသော ၀တ္တု-

{{ချစ်သား သင်သည် သူရူးကဲ့သို့ စိမ်းစိုသော မြက်ကို ရိတ်၍ အသက်ကင်းသော နွားအိုကြီးကို စားလော့ စားလော့}} ဟု အဘယ့်ကြောင့် ပြောဆိုမြည်တမ်း နေဘိ သနည်း။

သင်ပေးသော စိမ်းစိုသော မြက်ကြောင့်သော် လည်းကောင်း ရေကြောင့်သော် လည်းကောင်း သေသောနွားသည် (အသက်ရှင်၍) ထမလာနိုင်သည်သာတည်း၊ သင်သည် အခြား ပညာမဲ့သူကဲ့သို့ ပညာမဲ့၍ မိုက်သူသာ ဖြစ်၏ဟု (ဖခင် သူကြွယ် က မေး၏)။

(ဖခင်) ဤနွား၏ ဤခြေတို့သည်လည်းကောင်း၊ ဤဦးခေါင်းသည်လည်းကောင်း၊ အမြီးနှင့်တကွသော ဤကိုယ်သည် လည်းကောင်း၊ မျက်စိတို့သည် လည်းကောင်း ရှေးအတိုင်း တည်နေပါကုန်၏၊ ထို့ကြောင့် ဤနွားသည် (အသက်ရှင်၍) ထရာ ပါသေး၏။

(ဖခင်) အဘိုး၏ လက်ခြေတို့ကို လည်းကောင်း ကိုယ်ကို လည်းကောင်း ဦးခေါင်း ကို လည်းကောင်း မတွေ့မြင်ရတော့ပါ၊ မြေပုံစု၌ ငိုနေသော သင်(ဖခင်)သည် သာလျှင် ပညာမဲ့သည် မဟုတ်ပါလောဟု (သားက ပြန်၍ ဆို၏)။

ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီး တောက်နေသော မီးကို ရေဖြင့် သွန်းလောင်းလိုက်ဘိ သကဲ့သို့ ထို့အတူ ငါ၏ သားသည်သောကမီး တောက်လောင်နေသော ငါ၏ ပူပန်မှု အားလုံးကို ငြိမ်းအေးစေပြီတကား။

သင်သည် ပူဆွေးမှုသောက နှိပ်စက်နေသော ငါ့အား အဖကြောင့်ဖြစ်သော ပူဆွေး မှုသောကကို ပယ်ဖျောက်ပါပေ၏၊ သင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမှု သောကတည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။

ငါသည် ပူဆွေးမှုသောကဟူသော ငြောင့်ကိုနုတ်ပယ်ပြီးသူ ငြိမ်းချမ်းပြီးသူ ငြိမ်း အေးပြီးသူ ဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသော ကြောင့် ငါသည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါဟု (ဆို၏)။၏

သုဇာတသည် ဖခင်ကို ပူဆွေးခြင်းမှ ဆုတ်နစ်စေသကဲ့သို့ ဤအတူ သနား စောင့်ရှောက်တတ်သော ပညာရှိတို့သည် (အဖ၏ လည်းကောင်း တစ်ပါးသော သူတို့၏ လည်းကောင်း ပူဆွေးမှုသောကမှ ဆုတ်နစ်စေခြင်းကို) ပြုလုပ်ကြကုန် ၏ဟု (မြတ်စွာဘုရားဟောတော်မူ၏)။

၈ - ဂေါဏပေတ၀တ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထုပါဠိတော်။

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[BAGANLAND] 3 New Entries: Burma’s Wasted Intellectual Potential

Burma's Wasted Intellectual Potential

As Burma's economy continues to shrink year by year, the domestic labor market cannot keep pace with the country's growing population or its expanding number of university graduates. As a result, thousands of graduates leave the country every year for the sake of their future.

The loss of an educated labor force to foreign countries is not a problem unique to Burma. The "brain drain" phenomenon is common one in most underdeveloped countries.

After a recent conversation with several old high school friends who are now working in Singapore, however, I realized that Burma's youthful university graduates are finding it especially difficult to find a place to use their skills. Both the regime that rules at home and the exile groups that operate abroad have failed to fully appreciate their value.

Many of my friends living both inside Burma and overseas seem to have lost their childhood dreams because of the country's failing education system. I recall that many of them were among the top 40-45 students out 4-500 students for each grade—very promising young people who had the potential to succeed in high-status professions such as medicine or engineering.

But over past ten years since we all graduated from high school, their aspirations have been beset by a host of problems. The frequent closure of universities in the late nineties was one obstacle; the government's decision to move campuses to remote, out-of-the-way locations was another. The emergence of information technology drew some of them away from their earlier aspirations of becoming doctors or engineers. Some got Bachelor's degrees and either married and settled down in Burma or moved overseas to join the migrant workforce.

There are some who went abroad soon after graduating from high school to study in foreign universities. But even these people ended up studying subjects that would enable them to make a living as typical immigrants, instead of pursuing their original dreams.

In Singapore, many Burmese immigrants are university graduates and skilled laborers. They are engineers, computer technicians and managerial staff—the sort of people that commercial and industrial economies are after. But all seven of the people I spoke to complained about exploitation by Singaporean employers who refused to give them the official minimum wage and forced them to work overtime for little or no extra pay. They also said that they were experiencing financial and social distress and even occasional racism in the workplace.

Working in such diverse fields as computer science, engineering, hotel management and accounting, these people could have made an important contribution to the Burmese economy if the opportunities had been there for them. They would have been leaders, decision-makers, bureaucrats, high-end professionals, technicians and university faculty, rather than immigrants in countries that exploit their skills and labor for cheaper wages.

But the Burmese regime is not alone in undervaluing the skills of these young people; pro-democracy groups have also failed to give them the opportunities they need to help them improve both their own and their country's prospects.

Burma's pro-democracy groups seem to be reluctant to recruit younger people. Instead of making scholarships available to them—and creating a future talent pool for their organizations—most democracy groups have shown little interest in cultivating the skills of the young. Some groups have had scholarship programs, but they fell far short of the hopes of young people who were prepared to make a commitment to the democracy movement. When opportunities for further study opened up in the late 1990s and early 2000s, they were quickly claimed by older members of the leading organizations.

These groups have failed not only to create new opportunities for study, they have also done little or nothing to make use of the skills of hundreds of students from opposition backgrounds or from border areas who have received an education in Asian or Western countries (not to mention those who came out of Burma directly).

Meanwhile, the Burmese government is recruiting technicians and administrators to support its military bureaucracy by sending them off to colleges and universities in Russia, Singapore and some other countries. But the exile groups are failing to offer any opportunities to those who have taken the initiative in seeking a university education either on very limited scholarship money or by financing themselves.

There have been instances of university graduates being recruited as "assistants" by some exiled organizations. Usually, however, they end up working as general office staff, while their upgraded skills and knowledge go unused.

"Assisting" the aging leaders of such organizations seems to be the highest available positions for well-educated young people.

Countries like Canada, the US and other developed nations, on the other hand, are quick to take advantage of the skills of educated people to maintain their superior position in the global order. For example, the Canadian immigration system, which is based on a point system, attracts thousands of educated and skilled people each year by offering permanent residency and citizenship.

Some Burmese graduates in these countries have already been recruited as policy advisors, researchers and junior officers by host governments and government-funded institutions. Some have entered the private sector as technicians as well.

These countries can't be faulted for recruiting talented young Burmese; they are simply making use of the human resources that are available to them. If Burma wants to retain its best and brightest, both the government and opposition groups need to do more to recognize the need for new minds with fresh ideas.

Sai Soe Win Latt is a Ph.D. student of geography at Simon Fraser University in Burnaby, Canada.

[Source: irrawaddy.org]

How to use Apple's new multi-touch trackpad

So, you've seen the multi-touch trackpad on Apple's new Macbooks but are wondering how the thing actually works? Initially, I thought that this new trackpad concept totally sucked, but after seeing the following video, I'm not so sure anymore. Check it out below.


So now that's you've seen this, what are your impressions? Do you think a trackpad like this could totally replace an old school mouse? Let us know in the comments section.

[Source: Geeks Are Sexy]

Myanmar and Bangladesh meet over sea dispute

Chances of a maritime confrontation between Myanmar and Bangladeshi appeared to have eased, with officials from the two countries meeting to resolve their dispute over offshore waters that are being explored for oil and gas.

At the same time, Bangladeshi officials said Friday they had received a letter from the South Korean oil company exploring the waters off its southeast coast that said it was withdrawing its exploration equipment from the disputed area.

In 2005, Myanmar awarded exploration rights in the area to South Korea's Daewoo International Corp., which conducted initial feasibility studies in 2007. Daewoo began formally exploring the concession area in September.

On Monday, Bangladesh accused Myanmar of intruding into Bangladeshi waters by sending several ships — apparently for prospecting — into the contested deep sea area, believed to contain hydrocarbon reserves.

Dhaka urged Yangon earlier this week to immediately withdraw its ships and stop exploration until the sea boundary dispute is resolved, saying Bangladesh would refrain from exploration. It sent naval vessels to the area, but vowed to use diplomatic methods to solve the dispute.

Iftekhar Ahmed Chowdhury, an adviser to Bangladesh's Ministry of Foreign Affairs, told The Associated Press by phone Friday that he received a letter from Daewoo saying that it has started dismantling its oil and gas exploration equipment in the area in the Bay of Bengal.

"We have reconfirmed the matter with the Korean government," he told the AP. "The company has told us that the withdrawal will take a few days."

Attempts to confirm Chowdhury's comments with Daewoo International offices in Seoul and Myanmar were not immediately successful.

Bangladeshi Foreign Secretary Touhid Hossain headed a four-member delegation that met Thursday with Myanmar's deputy foreign minister Maung Myint, the state-run New Light of Myanmar reported.

It gave no details of the meeting, which took place in Myanmar's capital, Naypyitaw.

But a government statement issued on state radio and television news broadcasts Thursday evening indicated a lack of progress.

The statement said Myanmar would continue exploration in the waters and called Dhaka's demand "unlawful and wrong." It was the first official response to tension over disputed waters that flared over the weekend.

The two sides have been engaged in long-standing talks to delineate their maritime border, with the next discussions slated to take place Nov. 16-17 in Dhaka.

You received this email because you are subscribed to the real_time feed for http://baganland.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 1 New Entry: ကနေဒါမှ စာကြည့်တိုက်များတွင် Paper Panty Campaign ပြုလုပ်ဆောင်ရွက်။

ကနေဒါမှ စာကြည့်တိုက်များတွင် Paper Panty Campaign ပြုလုပ်ဆောင်ရွက်။
























မြန်မာနအဖအာဏာရှင်အုပ်စုကို ဆန့် ကျင်တဲ့အနေနဲ့  လုပ်ဆောင်နေကြတဲ့ လှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်တဲ့၊ Lanna Action for Burma (LAB) မှ စတင်ခဲ့တဲ့ "Panty Campaign" ကို Mount Allison's Rights and Democracy delegation အဖွဲ့ ကနေ ကနေဒါနိုင်ငံမှာ ဆက်လက်လုပ်ဆောင်လျက် ရှိပါတယ်။

ကနေဒါမှာ ပြုလုပ်တဲ့ ဒီ Panty Campaign ကတော့ တစ်မူထူးခြားပြီး Paper Panty Campaign ဖြစ်ပြီး၊ စာကြည့်တိုက်တွေထဲမှာ drop-box လို့ ခေါ်တဲ့ ပုံးလေးတွေထားပြီး ကောက်ခံတာ ဖြစ်ပါတယ်။

စာကြည့်တိုက်လာရောက်ကြသူများဟာ့ စက္ကူနဲ့  အောက်ခံဘောင်းဘီ (underwear/panty) များကို ပြုလုပ်ပြီး၊ အဲ့ဒီ panty တွေပေါ်မှာ မိမိတို့  ရေးသားလိုတဲ့ စာများနဲ့  ပုံများကို ရေးကြပါတယ်။ အချို့ ကတော့ နအဖ အာဏာရှင်ခေါင်းဆောင်ကြီးများ ပုံတွေ ကပ်ကြပါတယ်။

ထို့ အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးတောင်းဆိုစာများကိုလည်း ကောက်ခံပါတယ်။

ဒီလိုကောက်ခံရရှိတဲ့ paper panty များနဲ့  လက်မှတ်ထိုးတောင်းဆိုစာများကို ကနေဒါမှာ ရှိတဲ့ နအဖသံရုံးကနေ တစ်ဆင့် နအဖခေါင်းဆောင်ကြီးများထံ ပေးပို့ သွားမယ်လို့  campaign ဦးဆောင်လှုပ်ရှားသူ Mika Lévesque က ပြောဆိုပါတယ်။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sai Wunna] 1 New Entry: မောင်းမထု စလောင်းမကူဘဲ စပ်မိ စပ်ရာ ပြောပါရစေ

မောင်းမထု စလောင်းမကူဘဲ စပ်မိ စပ်ရာ ပြောပါရစေ

08/2008
တလောက ရခိုင်နှင့် ဘင်္ဂလားဒေရှ် နယ်စပ်မှာ ရေပိုင်နက်ကျူးကျော်မှု အပြန်အလှန် စွပ်စွဲချက်တွေနဲ့
နှစ်နိုင်ငံ ရေတပ်တွေ တင်းမာမှုတွေဖြစ်ခဲ့ကြပါတယ်။ ဒီသတင်းဟာ ပြည်တွင်ပြည်ပ မျိုးချစ်မြန်မာတွေကြားထဲမှာ တောမီးပမာပြန့်နှံခဲ့ပါတယ်။ အမျိုးဘာသာ သာသနာတော်ကို ချစ်ခင်မြတ်နိုး တန်ဘိုးထားကြသူတိုင်း စိတ်ဝင်စားခဲ့ကြတဲ့ သတင်းတစ်ပုဒ်ပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ထုံးစံအတိုင်း အရင်းကြီးပြီး အဖျားရှုးသွားပါတယ်။ န အ ဖ က ကြေညာချက်ကလေး တစ်စောင် မဖြစ်စလောက်ထုတ်ပြန်ပြီး အမြီးကုတ်သွားတာပါ။
Photobucket
ပြည်တွင်းပြည်ပ အတိုက်အခံတွေ အနေနဲ့ န အ ဖ ရဲ့ လှည့်ကွက်တွေကိုလည်း သတိထားသင့်ပါတယ်။
န ၀ တ၊ န အ ဖ စစ်အစိုးရဟာ နိုင်ငံရေး အကြပ်အတည်းကြုံလာရင် ပြည်သူအချင်းချင်းဖြစ်စေ၊ တိုင်းရင်းသားတွေနဲ့ဖြစ်စေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖြစ်စေ တနည်းနည်းနဲ့ ရန်တိုက်ပေးပြီး လှည့်စားတတ်ပါတယ်။ န အ ဖ ပြောတိုင်းကို မယုံသင့်ပါဘူး။ န ၀ တ၊ န အ ဖ ဥာဏ်နီ. ဥာဏ်နက် အမျိုးမျိုး သုံးပြီး ပြည်သူလူထု
ကို လှည့်စားလာတာ နှစ် (၂၀)ကျော်လာခဲ့ပါပြီ။



၈၈၈၈ မှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ
ပါတယ်။ ပြည်သူတွေရဲ့ ညီညွတ်မှုကြောင့် မ ဆ လ ပြိုလဲခဲ့ရပါတယ်။ ဒါပေမယ့် မ ဆ လ ဟာ ပလ္လင်ပေါ်ကကောင်းကောင်းဆင်းမပေးဘဲ ပြည်သူလူထုနဲ့ စစ်တပ်ကို ရန်တိုက်ပေးခဲ့ပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ ရာဇ၀တ်မှုနဲ့ ထောင်ကျနေတဲ့ ထောင်သားတွေကို အကန့်အသတ်မရှိလွတ်ပေးတယ်။ ထောင်သားတွေအပြင် သို့ရောက်လာတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေပေါ်လာပါတယ်။ အခွင့်ကောင်းကိုစောင့်နေတဲ့ န ၀ တ စစ်တပ်ဟာ အကြောင်းပြချက်မခိုင်လုံဘဲ အာဏာသိမ်းပါတယ်။ ဒါဟာပုံပြင်မဟုတ်ပါ။ လက်တွေ့ကြုံတွေ့ခဲ့ရတဲ့ပြဿနာပါ။
တစ်ခါ ရွှေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်ပါမယ်ပြောပြီး ၁၉၉၀ ပြည့်မှာ ရွေးကောက်ပွဲကျင်းပပေးပေမယ့် အနိုင်ရပါတီကို အာဏာလွဲမပေဲးခဲ့ပါဘူး။ ဒီနေ့ထက်တိုင် စစ်တပ်ကအာဏာသိမ်းထားဆဲပါ။ ဒါပေမယ့် အာဏာသိမ်းထားရခြင်းရဲ့ အကြောင်းအရင်း ကို ဒီနေ့ထိ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမပေးနိုင်သေးပါဘူး။

နောက်တခါ ပြည်ပရောက် မျိုးဆက်သစ် တက်ကြွသူ လူငယ်တစုက ထိုင်းနိုင်ငံ မြန်မာသံရုံးကို ၀င်စီးဖူးပါတယ်။ ထိုလူငယ်တွေကို ထိုင်းစစ်တပ်က ရဟတ်နဲ့ ခေါ်ထုတ်သွားပါတယ်။ မကြာမီ န အ ဖ ဟာ ထိုင်း-မြန်မာနယ်စပ်ပြဿနာကို ဖန်တီးပြီး ထိုင်းပြည်သူတွေနဲ့ မြန်မာပြည်သူတွေကို ရန်တိုက်ပေးပ်ါတယ်။ ထိုင်းစစ်တပ်ပစ်တဲ့ လက်နက်တွေ မြန်မာပိုင်နက်ထဲကို ရောက်တယ်ဆိုပြီး သတင်းစာတွေမှာ တစ်ခန်းတနားဖော်ပြဖူးပါတယ်။ "ဓားတွေ သွေးထားကြ" ဆိုပြီ မြန်မာ့ရုပ်သံ၊ မြ၀တီရုပ်သံတို့က လှုံဆော်ကြပါတယ်။ သတင်းးစာတွေမှာလည်း ထိုင်းဘုရင်အဆက်ဆက်ကို အပုပ်ချတဲ့ ဆောင်းပါးတွေ ကိုရေးစေပါတယ်။ နောက်ပိုင်းမှာတော့ ထုံးစံအတိုင်း အဆန်မပါတဲ့ သင်္ကြန်အမြောက်ဖြစ်သွားတာပါပဲ။ ပြည်သူတွေကို လှည့်စားလိုက်ပေါ့။
နောက်တစ်ခါမန္တလေးမြို့ မဟာမုနိဘုရားကြီးကို ဗိုက်ဖောက်ပြီး ဌာပနာပစ္စည်းတွေကို ရှာပါတယ်။ အဲဒီသတင်း အပြင်သို့ ပြန့်နှံ့ သွားတဲ့အခါရဟန်းရှင်လူ ကျောင်းသားပြည်သူတွေက မကျေနပ်ဖြစ်လာကြပြန်ပါတယ်။ ဘုရားကိုဗိုက်ဖောက်ပြီး ဌာပနာပစ္စည်းရှာတဲ့ အ န ဖ ဟာ ကုလားနဲ့ ဗမာ ကိုရန်ုတိုက်ပေးလိုက်ပါတယ်။ ပြည်သူတွေဟာ န အ ဖ ရဲ့လှည့်စားမှူကို ခံလိုက်ရပါတယ်။ ဒါပေသိ မဟာမုနိဘုရားကြီး ဗိုဖောက်တာကို န အ ဖ က အကြောင်းပြချက်မပေးဘဲ ယနေ့တိုင် ဖုံးကွယ်ထားဆဲပါပဲ။
ကိုယ့်လူမျိုးအချင်းချင်း ဂုတ်သွေးစုပ်နေတာကို မမြင်လိုကြတဲ့ သံဃာတော်အရှင်သူမြတ်တွေက ၂၀၀၇ စက်တင်ဘာမှာ ငြိမ်းငြိမ်းချမ်းချမ်း စည်းကမ်းရှိရှိနဲ့ ဆန္ဒဖော်ထုပ်ပွဲတွေလုပ်ခဲ့ကြပါတယ်။ အစဉ်လာကောင်းပါတယ်ဆိုတဲ့ တပ်မတော်ခေါင်းဆောင်တွေကြီးတွေ သံဃာတော်တွေကို အမျိုးမျိုးစွပ်စွဲပြီး လူသတ်ပွဲ၊ လူဖမ်းပွဲတွေ လုပ်ပါတယ်။ နေ့မထွက်ရ ၊ ညမသွားရ အမိန့်တွေထုတ်ပြန်ြပီး ဘုန်းကြီးကျောင်းတိုက်တွေကို သိမ်းပါတယ်၊။ ဘုရားဟော ဇာတ်တော်တစ်ခုထဲမှာတော့ ဘုရားလောင်း ဆင်မင်းကို လေးနဲ့ခွင်းတဲ့ မုဆိုးကို သူ့ကိုယ်မှာ သင်္ကန်းပါတဲ့အတွက် အသက်ချမ်းသာပေးကြောင်းဖတ်ရဖူးပါတယ်။ ဆင်မင်းဟာ သင်္ကန်းခြုံထားတဲ့ မုဆိုးကို အလှူခံပူဂ္ဂိုလ်မှန်းသိလို့ အစွယ်ကို ဖြတ်ပြီးတောင် လှူလိုက်ပါသေးတယ်။ န အ ဖ က သံဃာတော်တွေကို စွပ်စွဲသလိုမျိုး ထောင်ထွက်၊ သင်္ကန်းဝတ်၊ ရဟန်းတု၊ ရဟန်းယောင်လို့ မစွပ်စွဲခဲ့ပါဘူး။ ဘုရားလောင်းဆင်မင်းဟာ တိရစ္တာန်ပေမယ့်လည်း န အ ဖ လို လူမသတ်ခဲ့ပါဘူး။ န အ ဖ လို ငါတို့ကိုးကွယ်တဲ့ မ ဟ န ဘုန်းကြီးမဟုတ်လို့ဆိုပြီး ပြဿနာမရှာခဲ့ပါဘူး။ အကျယ် သိချင်ရင် သောနုတ္တရ မုဆိုးနဲ့ ဆဒ္ဒန်ဆင်းမင်း ဇာတ်တော်ကို ဖတ်ကြဖို့ န အ ဖ အဖွဲ့ကို လက်တို့ပြီးပြောပါရစေ။ ဒါကနောင် မမှားရအောင် စေတနာနဲ့ ပြောတာပါ။

အခုတခါ နာဂတ်မုန်တိုင်းသင့်သူတွေကို အကူအညီမပေးဘဲ ချုပ်ချယ်တာရယ်၊ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုတာကြီးကို အတင်းအဓမ္မ အသက်သွင်းဖို့ ကြိုးစားနေတာရယ် စတဲ့စတဲ့ အချက်တွေေ့ကြာင့် န အ ဖ အတွက် အကြပ်ရိုက်လာတဲ့ ဖြစ်ရပ်တွေရှိနေပါတယ်။ ပြီးတော့ ကုလသမဂ္ဂ အပါဝင် အိမ်နီးချင်း နိုင်ငံအချို့ကပါ နိုင်ငံရေး တိုးတက် ပြောင်းလဲမှုဖြစ်အောင် န အ ဖ ကိုတိုက်တွန်းနေကြတယ်။ ဒါပေမယ့် န အ ဖ က အမျိုးသတ် လမ်းစဉ်(ရ)ရပ်ကိုပဲ အတင်းအဓမ္မ အသက်သွင်းဖို့ကြိုးစားနေပါတယ်။ ရဟန်းရှင်လူ ကျောင်းသားပြည်တွေကို မတရားဖမ်းဆီးပြီး ထောင်ချနေဆဲပါ။ နောက်ဆုံးမှာ အမှုလိုက်ရှေ့နေတွေကိုပါဖမ်းပြီး ထောင်ထဲထည့်နေပါတယ်။ ဘယ်သူတွေ ဘာပြောပြော ပြန်မပြောနားမထောင်းတဲ့ အ န ဖ ဟာ အာဏာလက် မလွတ်ရရေးအတွက် လူဖမ်းပွဲကြီး အကြိုက်အနယ် ဆင်နွဲနေတုန်းပါ။ ပြည်သူတွေကိုလည်း လိမ်နေတုန်းပါ။
လှည့်ကွက်တခုအဖြစ် ပြည်တွင်းမှာဗုံးခွဲးပါတယ်။ KNU နဲ့ DKBA ကရင်လုမျိုးအချင်းချင်းကို ရန်တိုက်ပေးပြန်ပါ
တယ်။ ဒါလောက်နဲ့ မလုံလောက်တော့လို့ ယူဆပြီး ရခိုင်နဲ့ ဘင်္ဂလားဒေရှ်နယ်စပ် ပြဿနာကို ဖန်းတီးပြီး ရခိုင်နဲ့
ကုလားတွေကို ရန်တိုက်ပေးဖို့ကြံစည်နေပြန်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေက န အ ဖရဲ့ လှည်ကွက်ကို သိနေကြလေတော့ န အ ဖ ထင်သလောက် လှည့်လို့မရတော့ဘူးလေ။ ဒါကြောင့် ဘင်္ဂလားဒေရှ့်က နည်းနည်းတင်းပြလိုက်တာနဲ့ လိမ္မာတဲ့ခွေးလို အမြီးကုတ်သွားတာပါ။
မကြာသေးမီကပဲ ဦးမောင်အေး ခေါင်းဆောင်တဲ့ အ န ဖ ကိုယ်စားလှယ်အချို့ ဘင်္ဂလာဒေရှ် ကိုသွားခဲ့ကြပါတယ်။ သူတို့ချုပ်ဆိုခဲတဲ့ စာချုပ်ပါသဘောတူညီချက်တွေဟာ နယ်စပ်မှာရှိနေကြတဲ့ ရခိုင်လူထုကို ဆင်းရဲတွင်းနဲအောင်ဖန်တီးမယ့် စီမံချက်တွေပါ။ ဒါကို လူတိုင်းလူတိုင်းသိပါတယ်။ တကယ်လို့ န အ ဖ ရဲ့ စီမံ ချက်တွေအကျိုးရှိလာမယ်ဆိုရင်လည်း စစ်ဗိုလ်အချို့နဲ့ ခေတ်ပျက်သူဌေးတွေသာ အကျိုးရှိမှာသေချာနေပါတယ်။ ဒီပုံစံအတိုင်းသာဆိုရင် ပြည်သူတွေကတော့ ဖွတ်ကြောပြာစု ဘ၀က မလွတ်မြောက်နိုင်ပါဘူး။

န ၀ တ ၊ န အ ဖ ဟာ အတင်းအဓမ္မ အာဏာလုယူပြီး တိုင်းပြည်ကို တုတ်မိုး၊ ဓားမိုး၊ သေနတ်မိုးပြီး အုပ်ချုပ်လာတာ နှစ်(၂၀)ကျော်လာပါပြီ။ န ၀ တ ၊ န အ ဖ လက်ထက်မှာ ပြည်သူတွေကလည်း ဖွတ်ကြောပြာစု ဘ၀ ရောက်နေပါပြီး။ နိုင်ငံပိုင်သယံဇာတတွေကိုလည်း န အ ဖ ရောင်းစားလို့ကုန် သလောက်ဖြစ်နေပါပြီ။ ပြည်သူတွေရဲ မကျေနပ်ချက်ကလည်း မီးဟုန်းဟုန်းတောက်မတတ်ဖြစ်နေကြပြီ။ ထိုထိုသို့ အခြေအနေမှန်ကို သိနေတဲ့ အ န ဖ ဟာ ပြည်သူတွေရဲ့ တင်းမာမှုတွေလျော့အောင် ရခိုင်နဲ့ ဘင်္ဂလားဒေရှ် နယ်စပ်ပြဿနာကို ဖန်တီးနေတာလို့ ဆိုချင်ပါတယ်။ တကယ်သာ န အ ဖ က ကိုယ့်နယ်မြေကို ကာကွယ်ချင်တယ်ဆိုရင် ရှင်မဖြူကျွန်းအရေးအခင်းကြောင့် စစ်သူကြီးမဟာဗန္ဓုလဟာ ပန်းဝါအထိ ချီခဲ့ဖူးပါတယ်။ ဒါကို သတင်းစာတွေမှာ သာပေါင်းညာစားဆောင်းပါးတွေ ရေးခဲ့ကြတဲ့၊ ရေးနေကြတဲ့ စာရေးဆရာ ဆိုသူတွေ၊ သမိုင်း ပညာရှင်ဆိုသူတွေက ပိုပြီးသိကြပါလိမ့်မယ်လို့ ထင်ပါတယ်။ အားလုံး နှာစေးနေကြရင်တော့ မပြောတတ်ပါဘူး။
န အ ဖ ဟာတိုင်းပြည်ကို တိုးတက်စေချင်ရင် အကျင့်ပျက်ဝန်ကြီးတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို အရင်အရေးယူရပ်ါမယ်။ ပြည်သူ့ဆန္ဒမှန်ကို လေးစားရင် (၁၉၉၀) ရွှေးကောက်ပွဲအနိုင်ရ အတိုက်အခံတွေနဲ့ စေ့စပ် ဆွေးနွေးရမယ်။ ကမ္ဘာ့ နိုင်ငံတွေ တိုးတက် ပြောင်းလဲနေတာကို မျက်ခြေမပြတ် အကဲခတ်ပြီး လေ့လာရပါမယ်။ အသုံးမ၀င်တော့တဲ့ ၀ါဒဟောင်းတွေကိုစွန့်လွတ်ပြီး ၀ါဒသစ်တွေနဲ့ အစားထိုးရပ်ါမယ်။ မကောင်းတဲ့ ၀ါဒတွေကို စွန့်လွတ်ဖို့ ၀ံ့မလေးသင့်ပါ။
နိဂုံးချုပ်ပြောရရင် အတိုက် အခံတွေ၊ ပြည်သူတွေအနေနဲ့ န အ ဖ ပြောတိုင်းကို မယုံကြည်ကြပါနဲ့။ လုပ်သင့်တာကို လုပ်ကြပါ။ န ၀ တ ၊ န အ ဖ လိမ်တာ ညာတာ နှစ်(၂၀)ကျော်လာပါပြီ။ န အ ဖ ရဲလှည့်ကွက် သို့မဟုတ် ကစားကွက်ကို သတိထားပြီစောင့်ကြည့်ကြပါ။ တကယ်လို့ စစ်ဖြစ်လာရင်လည်း အစဉ်အလာ ကောင်းပါတယ်ဆိုပြီး မိမိနိုင်ငံသား ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို လက်ရဲ ဇာက်ရဲ သတ်ရဲတဲ့ န အ ဖ လက်ကိုင်ဒုတ် လူသတ်တပ်မတော်ကြီး ကပဲတိုက်ပါလိမ်မယ်။ စစ်ကူလိုရင် န အ ဖ နဲ့ စားဖော်စားဖက်၊ သောက်ဖော်သောက်ဖက် ခေတ်ပျက်သူဌေးတွေ ကူကြပါလိမ်မယ်။ န အ ဖ အ နေနဲ့ ဒီတစ်ခါ ပြဿနာ ဖြစ်တော့မယ်ဆိုရင် "ဓါးသွေးထားကြ" ဆိုပြီး ပြည်သူတွေကို စစ်ကူမတောင်းပါနဲ့။ စစ်ရေးနဲ့ နိုင်ငံတည်ထောင်တာ၊ အင်အားသုံးံပြီး ပြဿနာဖြေရှင်းတာ၊ အကြမ်းဖက်တာ စတာတွေကို ကမ္ဘာက လက်မခံတော့ပါ။ စစ်တိုက်တာကို မလိုလားပါ။ ပြီးတော့ ထမင်းနပ်မှန် မစားရတဲ့ ပြည်သူတွေမှာ စစ်တိုက်ဖို့အတွက်ခွန်အား လုံးဝမရှိပါ။ နေစရာအိပ်မရှိတော့ပါ။ ၀တ်စရာမရှိတော့ပါ။ စားရေး၊ ၀တ်ရေး၊ နေထိုင်ရေးအတွက် နပမ်းလုံးနေရပါတယ်။ ပြဿနာ ဖြစ်လာရင် မေတ္တာနဲ့ ဖြေရှင်းတာကိုပဲ လိုချင်ပါတယ်။ ဇာတိပုည ဂုဏ်မာန ကို ခ၀ါချဖို့ ပြောတာတော့ မဟုတ်ပါ။ မလွဲသာလို့ စစ်ဖြစ်ခဲ့ရင် တိုင်းပြည်ရဲ့ ရန်စွယ်ကို ကာကွယ်တားဆီးရန်၊ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စတာတွေကို ကာကွယ်ရန်အတွက် န အ ဖ မှာသာ တာဝန်အပြည့်အ၀ရှိပါကြောင်း မောင်းမထု စလောင်းမကူဘဲ ပြောလိုက်ပါရစေ။
လူအချင်းချင်း လှည့်ဖြားခြင်း ကင်းရှင်းကြပါစေ။
ပြည်သူတစ်ဦး
http://www.wanna23.co.cc/ မှ ဖော်ပြချက်

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 1 New Entry: မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်.............
ဂျူး ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ :z မိန်းမတစ်ယောက်ရဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးသွားနိုင်တယ်သိလား။ ;) တော်တော်လေးကောင်းပါတယ်။ နည်းနည်းတော့ တစ်ဖက်စွန်းရောက်နေသလိုပဲ။ :p ဂျူးရဲ့ ထုံးစံအတိုင်းပေါ့နော်။ :z စစချင်း ပြောလိုက်တဲ့ အကြောင်းအရာက" မိန်းမနှင့်အချစ်.".....တဲ့။

ချစ်ပြီးသွားတော့ ပတ်ဝန်းကျင်က ပါလာပြီလေ။ :z
လက်ထပ်ကြပြီ။ :z
မာနတွေပါလာတော့ အနိုင်၊အရှုံး တွေ ရှိလာတာပေါ့နော်။
နောက်ဆုံးမှာတော့ မုန်းခဲ့ရပြီ။

ဝတ္ထုကောင်းလေးတစ်ပုဒ်ပါ။ ဖတ်ပြီး ဘာတွေမှန်းမသိတဲ့ ခံစားချက်တွေ ရခဲ့တယ်သိလား။ ;) အခုတလော စိတ်ညစ်ညစ်နဲ့ ဝတ္ထုဖတ်နေတာ ကောင်းတာလေးတွေ့လို့ မျှဝေလိုက်ပါတယ်။ ဂျူးပြောတဲ့ မိန်းမတစ်ယောက်အကြောင်း မှန် ၊ မမှန်တော့ ကျမလည်း သိဘူးနော်။ ;) :p

ဪ၊ မေ့လို့ ဖတ်ချင်ရင် ဒီမှာ ယူနော်။ :z

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: ကိုယ့်ဘ၀နဲ့ကိုယ်၊မင်းဘ၀နဲ့မင်း

ကိုယ့်ဘ၀နဲ့ကိုယ်၊မင်းဘ၀နဲ့မင်း

ဟိုးရှေးရှေးတုန်းကတဲ့ ခင်ပွန်းဖြစ်သူက တစ်နေကုန် အလုပ်လုပ် နေရတော့ ဇနီးဖြစ်သူက အိမ်မှာပဲ ကျန်ခဲ့တာကို ယောက်ျားဖြစ်သူက မကျေမနပ်ဘူးတဲ့။ ဒါကြောင့် သူဘယ်လောက် ပင်ပန်းတယ် ဆိုတာကို သူ့မိန်းမဖြစ်ကို သူသိစေချင်တယ်။ တစ်နေ့ယောင်္ကျား ဖြစ်သူက ဘုရားသခင်ဆီမှာ ဆုတောင်းတယ်။်ဘုရားသခင် ၊ကျွန်တော်မျိုးက အလုပ်ကို နေ့တိုင်းသွားလုပ်ရပြီး တစ်နေ့ကို အလုပ်ချိန် ၈နာရီ ကြာမြင့်အောင် ပင်ပင်ပန်းပန်း အလုပ်လုပ် နေရချိန်မှာ ကျွန်တော်မျိုးရဲ့ ဇနီးဖြစ် သူကတော့ အိမ်မှာ မပူမပင်နဲ့ နေနေရတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့ နှစ်ယောက်၏ ခန္ဓာကိုယ်ကို တစ်ရက်လောက် ဖြစ်ဖြစ်ပြောင်းလဲ ပေးပါလို့ ဆုတောင်း လိုက်လေသည်။ ယောက်ျားဖြစ်သူရဲ့ တောင်းဆုကြောင့် နောက်နေ့မှာ ယောင်္ကျားလုပ်သူက မိန်းမဖြစ်သွားပြီး မိန်းမလုပ်သူက ယောင်္ကျားအဖြစ် ပြောင်းလဲသွားတယ်တဲ့။

မိန်းမဘ၀ ရောက်သွားတော့ မနက်အိပ်ရာ စောစောထ၊ အိမ်သားတွေအတွက် မနက်စာ ပြင်ဆင်၊ ကလေးတွေကို ကျောင်းသွားဖို့နိုး၊ သူတို့အတွက် ကျောင်းဝတ်စုံ ၀တ်ပေး ၊ပြီးရင်သူတို့တွေကို မနက်စာကျွေး၊ ကျောင်းမှာ အစာစားဖို့ အတွက်ထမင်းဘူး ပြင်ဆင်ပေး၊ ပြီးရင်ကလေးတွေကို ကျောင်းကိုလိုက်ပို့၊ အိမ်ကို ပြန်ရောက်တော့ ကလေးတွေ ၀တ်ခဲ့တဲ့ အ၀တ်အစားကို လျှော်ဖို့ ဒိုဘီိပို့၊ တစ်ခါတည်း ဘဏ်ကိုဝင်ငွေထုတ်၊ လိုအပ်တာတွေ အတွက်ဈေးဝယ်။ ပြီးရင်အိမ်ကိုပြန်လာ၊ ၀ယ်လာတဲ့ ပစ္စည်းတွေကို သူ့နေရာနဲ့သူထား၊ ပေးစရာရှိတဲ့ ဘေလ်တွေဆောင်၊ လက်ကျန်ငွေကိုစစ်၊ စာရင်းဇယားလုပ် ၊ပြီးတာနဲ့ တိုလီမုတ်စတွေကို သန့်ရှင်းရေးလုပ် ၊ အိမ်မှာ မွေးထားတဲ့ ခွေးကို ရေချိုးပေး၊ နာရီကြည့် လိုက်တော့ နေ့လည်1နာရီ လောက်ရှိနေပြီ၊ အိပ်ခန်းကို သန့်ရှင်းရေးလုပ်၊ လျှော်စရာ ရှိတာကိုလျှော်၊ တံမျက်စည်းလှဲ၊ ကြမ်းတိုက်၊ မီးဖိုဆောင်ကို သန့်ရှင်းရေးလုပ်၊ သန့်ရှင်းရေး လုပ်ပြီးတာနဲ့ ကလေးတွေကို ကျောင်းသွားကြို၊ ကလေးတွေနဲ့ အငြင်းအခုန် လုပ်တမ်း တစ်လမ်းလုံး အိမ်ရောက်တဲ့ အထိကစား လာခဲ့တယ်။ အိမ်ရောက်ရင် သူတို့အတွက် နွားနို့နဲ့မုန့် ကျွေးပြီး သူတို့နဲ့ အိမ်စာလုပ်တာကို ထိုင်စောင့်ပေးရတယ်။ အဲလိုထိုင်စောင့်ရင်းနဲ့ မီးပူတိုက်ရတယ်၊ မီးပူတိုက်ရင်းနဲ့ တီဗီကြည့်၊ ဒီလိုနဲ့ ညနေ43း0လောက်မှာ ညစာအတွက် အသုပ်လုပ်ဖို့ လိုအပ်တဲ့ ခရမ်းချဉ်သီး၊ အရွက်တွေနဲ့ ၀က်သားကို ရေဆေး၊ပြီးရင် ညနေစာ ပြင်ဆင်ချက်ပြုတ်၊ ညလယ်စာ အတွက်လည်း ပေါက်ပေါက်ဆုတ် လုပ်ထားရသေးတယ်။ အားလုံးပြီးတော့ ညနေစာစား၊ စားပြီးထား ပန်းကန်ဆေး၊ အ၀တ်လှန်းထားတာတွေရုတ်၊ အ၀တ်ခေါက် ၊ပြီးတာနဲ့ ကလေးတွေကို ရေချိုးပေး၊ ပြီးတော့ ကလေးတွေကို အိပ်ရာထဲမှာ ချော့သိပ်၊ ဒီလိုနဲ့ည9.30လောက် လူလည်း တော်တော် ပင်ပန်းနေပြီ၊ဒါတောင် အိမ်မှုကိစ္စတွေက မပြီးသေးဘူး။

ဒီလိုနဲ့ သူလည်း ဖတ်ဖတ်မောပြီး ပန်းနေတာကြောင့် သူ့ကြင်ယာနဲ့ အတူတူ အိပ်ရာဝင် ခဲ့တယ်လေ။ နောက်တနေ့ နံနက်မှာ သူ့ဘ၀ကို ချက်ချင်းပြန် သတိရသွားပြီး ဘုရားသခင်ကို ဒူးထောက် ငိုကြွေးပြီး ပြောတာပေါ့။ အို...ဘုရားသခင်၊ ကျွန်တော်မျိုး အမှားကြီးမှား ခဲ့လေသည်။ ဇနီးသည်ကို နေ့တိုင်းအိမ်မှာ အေးအေးဆေးဆေး နေရတယ်ဆိုပြီး အရမ်းအားကျ ခဲ့မိပါတယ်၊ ဒါကြောင့် သူလိုနေချင်၍ မှားယွင်းစွာ ကြံစည်မိပါတယ်။ ညှာတာခွင့်လွတ်သော အားဖြင့် ကျွန်တော်မျိုး၏ ဘ၀အမှန်ကို ပြန်ပေးသနား တော်မူပါ၊ လို့တောင်းဆိုလေသည်။

ဘုရားသခင် ကလည်း ငါ့သား၊ မင်းလည်း သင်ခန်းစာ ရနေလောက်ပြီ လို့သိတော်မူတယ်၊ အကယ်၍ မင်းဘ၀အမှန်ကို မင်းပြန်လိုချင်ရင်တော့ ငါကိုယ်တော် ပြန်လည်ပြောင်းလဲ ပေးပါ့မယ်။ ဒါပေမယ့် နောက်၉လစောင့်ပါ။ မနေ့ညကစပြီး မင်းမှာ ကိုယ်ဝန် တည်နေပြီလို့ ပြောလိုက်လေသည်။

ကိုယ့်ဘ၀နဲ့ကိုယ်သာ~~~~ရှိပါစေတော့~~~ရှိပါစေတော့လေ~~~ ဟဲဟဲ...စိုးစန္ဒာထွန်း သီချင်းနဲ့ ရောကုန်ပြီ... ဟီးဟိ... :P :P

ကဲ..ဦးဦးတို့ရေ..တစ်ကယ်တော့ အိမ်ထောင်ရှင် မိန်းကလေးတွေရဲ့ ဘ၀မှာ အိမ်မှုကိစ္စ ဘယ်လောက်တောင် အလုပ်များ သလဲဆိုတာ သိပြီလား။ ဒါကြောင့် အဲဒီပုံပြင် ထဲကလို
အားကျပြီး မိန်းမဘ၀ကို လိုက်မပြောင်းနဲ့နော်။ အဲလို အလုပ်များနေတဲ့ ကိုယ့်အိမ်ထောင်ဖက်ကို စာနာရင် ကူညီပါ။ အိမ်ထောင်ရှင် အမျိုးသမီးတွေ ဘယ်လောက် ပင်ပန်းလဲဆိုတာ ခုတော့ သိပြီလား။ :P

English joke ကိုမတောက်တခေါက် ပညာလေးနဲ့ ဆီလျော်အောင် ဘာသာပြန် ရေးပေးတာပါ။ အမှားရှိခဲ့ရင် နားလည်ပေးပါ။
:)

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Fine Leaves] 1 New Entry: ဖျောက်ဖျက်၍လည်းမရ

ဖျောက်ဖျက်၍လည်းမရ

(၁)
မြန်မာဘုရင်အုပ်စိုးသော အထက်ဗမာပြည်တွင် ဘိုးဝဇီရ အယ်ဒီတာ အဖြစ်ဆောင်ရွက်သော ရတနာပုံသတင်းစာ ပေါ်ခဲ့သည့် အချိန်က ၁၈၇ဝ ခုနှစ်ပတ်ဝန်းကျင်ဟု မှတ်သားထားမိသည်။ ထိုအချိန်က အုပ်ချုပ်နေသော မင်းတုန်းမင်းက သတင်းစာ သမားများအား "ငါမကောင်းလျှင် ငါ့ကိုရေး။ မင်းသားမင်းသမီးများ မကောင်းလျှင် မကောင်းသည့် အကြောင်းကိုရေး။ နန်းတော်အတွင်း လွတ်လပ်စွာ ဝင်စေထွက်စေ" ဟူ၍ မိန့်ဆိုထားခဲ့သည့် သမိုင်းမှတ်တမ်း ရှိသည်။

မြန်မာတနိုင်ငံလုံး အင်္ဂလိပ်ကိုလိုနီ လက်အောက် ကျရောက်ခဲ့ပြီးနောက်ပိုင်းမှ လွတ်လပ်ရေးရသည့် အချိန်ကာလ အထိ သတင်းစာများသည် အတိုင်းအတာ တခုအထိ အတော်ကြီး လွတ်လပ်စွာ ရေးသားတင်ပြနိုင်ခဲ့သည်။ လွတ်လပ်ရေး ရပြီး ခေတ်မှ စစ်အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်အထိ ကာလတွင် ကိုလိုနီခေတ်ထက် ပိုမိုလွတ်လပ်သော သတင်းစာများ စာစောင်များ မြန်မာပြည်တွင် ထွန်းကားခဲ့သည်။ အိမ်နီးချင်း အရှေ့တောင် အာရှနိုင်ငံများမှ သတင်း စာနယ်ဇင်း သမားများ မြန်မာပြည်ကို လှမ်းကြည့်၍ သွားရေကျခဲ့ရသည်။

မြန်မာနိုင်ငံသားတို့မှာ လွတ်လပ်သော သတင်းစာနယ်ဇင်းများ ထွန်းကားခဲ့သည့် အကျိုးကို ခံစားခဲ့ရသည့် သမိုင်း အသေ အချာ ရှိခဲ့သည်။

(၂)
ယောအတွင်းဝန် ဦးဖိုးလှိုင်က ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားပြုစုခဲ့သည်။ ထိုခေတ်အနေနှင့် ဆိုရပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟုပင် ဆိုနိုင်သည်။ စည်းမျဉ်းခံဘုရင်စနစ်ကို မြန်မာပြည်တွင် စတင်မိတ်ဆက်ခဲ့သည့် ခြေလှမ်းတရပ် ဟုလည်း ဆိုနိုင်သည်။ သို့သော် ခေတ်ကို နားမလည်သော ဘုရင်မိုက်က လက်မခံခဲ့။ ထားတော့။

အင်္ဂလိပ်လက်အောက်မှာ ရွေးကောက်ပွဲစနစ်များ စတင်ထွန်းကားလာခဲ့သည်။ ပါလီမန်အမတ်များ၊ မြို့သူကြီးများနှင့် ဆယ်ရွာ အုပ် သူကြီးများကို ရွေးကောက်ပွဲစနစ်နှင့် စတင်ရွေးချယ်လာခဲ့သည်။ လက်တွေ့တွင် အင်္ဂလိပ်ဘုရင်ခံကသာ အာဏာ အရှိဆုံး ဖြစ်သော်လည်း ရွေးကောက်ပွဲဆိုသည့် စနစ်ကို မြန်မာနိုင်ငံသားတို့ တလျောက်လုံး ထိတွေ့ဖြတ် သန်းခဲ့ရသည်။ မြန်မာပြည်၏ ထူးခြားချက်အရ အင်္ဂလိပ်အစိုးရပင် မြန်မာအမျိုးသမီးများ၏ မဲပေးခွင့်ကို မတားမြစ် မပိတ်ပင်ဘဲ ခွင့်ပြုခဲ့ရသည်။ ထိုအချိန်က တိုးတက်နေပါသည်ဟု ဆိုသော နိုင်ငံခြားတိုင်းပြည် တချို့သည်ပင်လျှင် အမျိုးသမီးများကို မဲမေးခွင့် မပြုသေး။ ဥပမာ ပြင်သစ်နှင့် ဂျပန်နိုင်ငံ။

လွတ်လပ်ရေး ရပြီးတော့လည်း ပါလီမန်ဒီမိုကရေစနစ်ကို ကျင့်သုံးသောကြောင့် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ထို ရွေးကောက်ပွဲများအတွက် မြန်မာနိုင်ငံသားတို့ မဲပေးခဲ့ကြသည်။ လွတ်လပ်စွာ အသင်းအပင်းများ ဖွဲ့စည်းနိုင်ခဲ့သည်။ နိုင်ငံရေး အဖွဲ့အစည်းများ သူထက်ကိုယ် အနိုင်ရဖို့ ညစ်တာကောက်တာ တွေလည်းရှိခဲ့သည်။ သို့သော်လည်း တိုင်းသူပြည်သားတို့ ဒီမိုကရေစီ၏ အရသာကို ကိုလိုနီ ခေတ်ကထက်ပို၍ မြည်းစမ်းခွင့် အသုံးခြခွင့် ရခဲ့သည်။ ထိုဒီမိုကရေစီကို စစ်တပ်အပါအဝင် အချို့သောသူများက ဖျက်စီးပိတ်ပင်ခဲ့သည်။

မည်သို့ဆိုစေကာမူ မြန်မာနိုင်ငံသားတို့သည် ဒီမိုကရေစိနှင့် အတူတွဲဖက်၍ ပါနေသော ပါလီမန်စနစ်နှင့် ရွေးကောက်ပွဲ ဆိုတာ ကို ဖြတ်သန်းခဲ့ရသည့် သမိုင်းက အသေအချာ ရှိခဲ့သည်။

(၃)
၁၉၈၈ ဒီမိုကရေစီ တောင်းဆိုပွဲကြီး၏ ရလဒ်အဖြစ် ၁၉၉ဝ ရွေးကောက်ပွဲကို ပြည်သူတို့ ဖြတ်သန်းခဲ့ရသည် နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ကြရသည်။ သူတို့နှစ်သက်သည့် ပါတီကို မဲပေး၍ ရွေးချယ်ခဲ့ကြသည်။ သို့သော် သူယုတ်မာတို့က ထိုရလဒ်ကို အသိအမှတ်မပြု နင်းခြေခဲ့ကြသည်။

ဒီမိုကရေစီကို တောင်းဆိုသူများ အချုပ်အနှောင်ခံရသည်။ နှိပ်စက်ခံရသည်။ သတ်ဖြတ်ခံရသည်။ ပိုင်ဆိုင်မှုပစ္စည်း ဥစ္စာများ ဆုံးရှုံးခဲ့ရသည်။ သို့သော် ဒီမိုကရေစီကို တောင်းဆိုသော တိုက်ပွဲများကား ရပ်တန့်မသွား။

၂ဝဝ၇ ခုနှစ် ရွေဝါရောင်ဒီလှိုင်းကြီးသည် ၁၉၈၈ လှုပ်ရှားမှုကြီး၏ အဆက်ဖြစ်ခဲ့သည်။ ပြည်သူတို့ တောင်းဆိုနေသည် က လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီ။

သမိုင်းအဆက်ဆက် ဖြစ်တည်လာခဲ့သော စနစ်၊ အတွေ့အကြုံ၊ ဖြတ်သန်းမှု၊ ဒီမိုကရေစီနှင့် လွတ်လပ်မှုတို့သည် မြန်မာ ပြည် သားတို့ စိတ်ထဲအသဲထဲတွင် ယနေ့အထိ တည်ရှိနေသည် ကိန်းအောင်းနေသည်။ ထိုအရာတို့ကို မည်သို့ ဖျောက်ဖျက်၍ ရလိမ့်မည်နည်း။ ဖျောက်ဖျက်၍လည်း ပျောက်မသွားပါ။

ဘယ်လိုမှ ငြင်းဆို၍မရသည့် အချက်ကတော့ မြန်မာပြည်သားတို့သည် လွတ်လပ်စွာ အသင်းအပင်းများ ဖွဲ့စည်းခြင်း၊ လွတ်လပ် စွာ ပြောဆိုရေးသားခြင်းတို့ကို ဖြတ်သန်းခဲ့ဖူးသည်။ ပါလီမန် ဒီမိုကရေစီစနစ်နှင့် လွတ်လပ်စွာ မဲပေးသည့် ရွေးကောက်ပွဲများ အား အခြေအနေ အဆင့်ဆင့်ကို လိုက်၍ သိထားနေနှင့် ပြီးဖြစ်သလို စိတ်တွင်လည်း အမြစ် တွယ်နေပြီးဖြစ်သည်။

ထို့ကြောင့် အခုကာလကြမှ စစ်တပ်ကသာ စိုးမိုးသော အုပ်စီးသော ပါလီမန်အတုမျိုးဖြင့် တိုင်းပြည်အား အုပ်ချုပ်သည့် စနစ်ကို ဘယ်သူက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါ့မည်နည်း။ လက်နက်ဖြင့် အနိုင်ထက်ပြုထား၍သာ လက်နက်မဲ့တို့ ဘာမှ မပြောသာဘဲ ဖြစ်နေရသည်။ သူတို့လိုခြင်တာက လွတ်လပ်ခြင်းပဲ ဖြစ်သည်။

(၄)
စင်္ကာပူ ဝန်ကြီးချုပ်၊ ရုရှားသမတ၊ မလေးရှားဝန်ကြီးချုပ်၊ တရုတ်ခေါင်းဆောင်များနှင့် အခြားအိမ်နီချင်းများက စစ်တပ်က ပြုလုပ်ပေးမည့် ဖြစ်စဉ်ထဲတွင် ဝင်ပါလိုက်ကြပါ။ နောင်တွင် တဖြည်းဖြည်းနှင့် ပြောင်းလဲလာလိမ့်မည်ဟု ဆိုကြသည်။

ထိုနိုင်ငံများ၏ သမိုင်းသည် မြန်မာပြည်နှင့်မတူပါ။ ထိုသူတို့ သမိုင်းတွင် မြန်မာပြည်သားတို့ ကြုံတွေ့ခံစားဖူးသည့် လွတ်လပ် ခြင်းနှင့် ဒီမိုကရေစီ၏ အရသာကို သိရှိသော ဖြစ်စဉ်လုံးလုံးမရှိခဲ့ပါ။ စင်္ကာပူက မနေ့တနေ့ကမှ နိုင်ငံဖြစ် လာသော နယ်မြေ လေး တခုသာဖြစ်သည်။ နိုင်ငံကြီးများက မျက်နှာသာပေးသော ကုန်သွယ်ရေးစနစ်ကြောင့် ချမ်း သာလာခဲ့ပြီး လွတ်လပ်ခြင်း နှင့် ဒီမိုကရေစီ သမိုင်းကြောင်း မရှိသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် ထိုသူတို့သည် ငွေ ကလွဲပြီး ကျန်သည့် အရေးအရာ တွေကို ဂရုမစိုက်။ ထားတော့။ စင်္ကာပူအတွက် ငွေက အရေးကြီးမည် ဖြစ်သော်လည်း မြန်မာပြည်သားတို့ အတွက် ပထမဆုံး အရေး ကြီးသည်ကတော့ လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီသာဖြစ်သည်။ သမိုင်းအစကတည်းက လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီကို မသိခဲ့သော မဖြတ်သန်းခဲ့ရသော နိုင်ငံတခုအတွက် တခြား နိုင်ငံများကို သူ့အခြေအနေ သူ့သမိုင်းနှင့် နိုင်းယှဉ်၍ ပြောဆိုခြင်း ကတော့ တန်ဖိုးရှိသည်ဟု မဆိုနိုင်ပါ။

မလေးရှားသည်လည်း အလားတူ ဖြစ်သည်။ သူတို့တွင် လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီကို အသားပေးပြောရမည့် သမိုင်းမျိုး ရှိသည်ဟု မကြားဖူးပေ။ ခေတ်တွေပြောင်း၍ ကိုလိုနီဆရာကြီး သူ့ဟာသူ ထွက်သွားမှ ပေးခဲ့သော လွတ်လပ်ရေးကို လက်ဖြန့်ယူခဲ့ခြင်းသာ ဖြစ်သည်။

ရုရှားနိုင်ငံသည်လည်း ဘာမှပိုမထူးသော တိုင်းပြည်ဟု ဆိုပါရစေ။ သူတို့သမိုင်းတွင်လည်း တိုင်းသူပြည်သားတို့ကို ဇာဘုရင် လက်ထက်ကစ၍ ကွန်မြူနစ်အစိုးရ အဆက်ဆက် တင်းတင်းကျပ်ကျပ် အုပ်ချုပ်လာခဲ့ခြင်းဖြစ်သည်။ ဘာလင်တံတိုင်းကြီး ပြိုလေမှ ရုရှားပြည်သူတို့ စတင်၍ အသက်ရှုချောင်လာခြင်း ဖြစ်သည်။ သူတို့သမိုင်းတွင်လည်း ဒီမိုကရေစီဖြစ်စဉ်သည် အခု ကာလမှသာ အရေးပါလာခြင်း ဖြစ်သော်လည်း တခေတ်တခါက ရှေးတုံးကတည်းက ဒီမို ကရေစီအတွက် ရုန်းကန်တိုက်ပွဲ ဝင်သည်ဟူ၍ မရှိခဲ့ပါ။ ထို့အတွက် ထိုကဲ့သို့ နိုင်ငံမျိုးမှ ခေါင်းဆောင်များက မြန်မာ ပြည်သူတို့အား စစ်တပ်စီမံသည့် အောက်မှာ နေ စီးပွါးရေး ဦးမော့လာအောင်လုပ်၊ နောင်ကောင်းသွားမှာပါ ဆိုသော စကားမျိုး ပြောခြင်းဖြစ်သည်။

တရုတ်ကတော့ အိမ်နီးချင်းလည်းဖြစ် သူ့အကြောင်းကိုယ့်အကြောင်းလည်း အတော်လေးသိထားပြီးဖြစ်တော့ အကျယ်ချဲ့၍ မပြောလိုပါ။ သူတို့အကျိုးအတွက် စစ်ခေါင်းဆောင်များ ဖက်ကိုသာ မဲတင်းပေးသည်ဆိုတာ မြန်မာ ပြည်သူများ အားလုံး သိပြီးသား ဖြစ်သည်။

ပြန်၍ချုပ်ရသော် လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီကို နှစ်ပေါင်းများစွာ ကတည်းက ယဉ်ပါးထိတွေ့လာရသည့် သမိုင်းအ စဉ် အဆက်ရှိသော ပြည်သူတို့အား စစ်အစိုးရစီမံသည့်အတိုင်း နောက်ကလိုက်ကြပါဟု ပြောခြင်းသည် အဆင်အခြင် မဲ့သော ညဏ်မဲ့သော စကားသာ ဖြစ်ပေသည်။ မြန်မာပြည်သားတို့တွင် ဖြစ်တည်ခဲ့သော သမိုင်းကို ဖျောက်ဖျက်ပစ် ၍မရပါ။ ဖျက်စီး၍လည်းမရပါ။

ငယ်ငယ်တုံးက ကျက်မှတ်ခဲ့ရသော စာများထဲက မှတ်မိတာလေး တခုရှိသည်။ အခြေခံ ရူပဗေဒတွင် သင်ကြားခဲ့ရ သော စာပိုဒ်လေးတခုက သည်လိုဆိုထားသည်။ "အရာဝတ္ထုတို့ကို ပြုလုပ်၍လည်းမရ ဖျောက်ဖျက်၍လည်းမရ" ဟုဆိုသော စာကြောင်းလေးပင်။

ထို့ကြောင့် အမျိုးမျိုးအထွေထွေသော တိုက်ပွဲများ ရှေ့မှာရှိနေမည်ဆိုတာ အသေအချာပင် ဖြစ်တော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)
၇ ရက် နိုဝင်ဘာလ ၂ဝဝ၈ ခုနှစ်

You received this email because you are subscribed to the real_time feed for http://fine-leaves.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[My TLMS] 1 New Entry: ပန်းချီကားနီနီ

ပန်းချီကားနီနီ

အဖေ့ပန်းချီကားထဲမှာ
မြေနီလမ်းကလေးရှိတယ်
သစ်ပင်နီနီ
ညနေနီနီ
တောင်တန်းနီနီ
လှပနေသော အနီများ။

မြေနီလမ်းကလေးကလည်း
အမြဲပြန့်ပြူးနေတာပဲ။

သစ်ပင်နီနီကလည်း
အမြဲခိုင်မတ်နေတာပဲ။

ညနေနီနီကလည်း
အမြဲမှောင်ကျမသွားဘူး။

တောင်တန်းနီနီကလည်း
အမြဲတည်တံ့နေလျက်ပါ။

ကျွန်တော်
အရှုံးများနှင့်
ပြာနှမ်းသွားတိုင်း
အဖေ့ပန်းချီကားထဲ
ဝင်သွားလိုက်တာပဲ
ပြန်ထွက်လာရင်
ကျွန်တော် အနီ။

ကျွန်တော်
ခေါင်းငိုက်စိုက်ချရသော
အမောများနှင့်
ဖြူရော်သွားတိုင်း
အဖေ့ပန်းချီကားထဲ
ဝင်ရောက်ချွေးသိပ်လိုက်တာပဲ
အဆိုးများစွာ
မြေလွတ်မြေရိုင်းမကျန်
ပေါက်ရောက်တတ်သော
လောကကြီးထဲသို့
ပြန်ရောက်လာတိုင်း
ကျွန်တော်သည် အနီ။

မလွယ်သော
လောကဓံကြိုးဝိုင်းထဲမှ
မမြင်ရသော
လက်သီးချက်များဖြင့်
ဖူးပွင့်ခဲ့ရသော ကျွန်တော်သည်
အဖေ့ရဲ့အနီ
ပန်းချီကားတစ်ချပ်ပါပဲ။

သုခမိန်လှိုင် (ပင်လယ်မှာ ပျောက်ဆုံးသွားသော အရာ စာအုပ်မှ)

You received this email because you are subscribed to the real_time feed for http://www.minnyoonthit.net/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Mogok Media] 2 New Entries: တတိယအကြိမ်မြောက် သဟာယ စာပေဆု

တတိယအကြိမ်မြောက် သဟာယ စာပေဆု

မိုးကုတ်မြို့ ကျပ်ပြင်မြို့မရပ်ကွက်တွင် တည်ရှိသော သဟာယစာကြည့်တိုက် သဟာယစာပေဆု ကို ၂၀၀၇-ခုနှစ်တွင် စတင်၍ ပေးအပ်ချီးမြှင့်ခဲ့ရာ ၂၀၀၉-ခုနှစ်တွင် တတိယအကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ၂၀၀၇-ခု ပထမအကြိမ် သဟာယစာပေဆုကို စာရေးဆရာ ညီပုလေး၏ ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ စာအုပ်အားလည်းကောင်း၊ ၂၀၀၈-ခု ဒုတိယအကြိမ် သဟာယစာပေဆုကို The Waves မဂ္ဂဇင်းအား လည်းကောင်း ဆုရွေးချယ်ရေးကော်မတီအဖွဲ့က ရွေးချယ်ပြီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ လာမည့် ၂၀၀၉-ခုနှစ် တတိယအကြိမ်မြောက် သဟာယစာပေဆု ကိုတော့ အတွေးအမြင်စာစောင်၏ အယ်ဒီတာအဖွဲ့အား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆုရွေးချယ်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ သဟာယစာပေဆုကို နှစ်စဉ် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သော ဇန်န၀ါရီလ (၄)ရက်နေ့တွင် အစဉ်အလာအတိုင်း ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။

အတွေးအမြင်စာစောင်၏ သမိုင်းကြောင်း
အတွေးအမြင် စာစဉ်များသည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော လစဉ်ထုတ် အတွေးအခေါ်စာစောင် ဖြစ်သည်။ အတွေးအမြင်စာစောင် အမှတ်(၁)ကို ၁၉၈၄-ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်ဝေခဲ့ပါသည်။ အတွေးအမြင်ကို စတင် မွေးဖွားသန့်စင်ခဲ့ကြသူများမှာ မောင်ဝံသ နှင့် မောင်ကောင်းမြင့် တို့ ဖြစ်ကြသည်။ ထို့နောက် အယ်ဒီတာအဖွဲ့တွင် ကြည်သာဦး (မောင်မြင့်ဦး-ညောင်လေးပင်) ပါဝင်လာကာ အတွေးအမြင်ကို ဆက်လက်ထိန်းကျောင်းခဲ့ကြသည်။ နောက်ပိုင်းတွင် သီရိဝံသ၊ ကျော်ကြီး၊ ရဲမြင့်၊ ဇော်ဝင်းတို့က တစ်ဆင့်ပြီးတစ်ဆင့် ပဲ့ကိုင်လာခဲ့ကြရာ ယခုလက်ရှိ အတွေးအမြင် အုပ်နှစ်ရာမြောက်တွင် အယ်ဒီတာအဖွဲ့ဝင်များမှာ ဦးသိန်းဝင်း၊ သီရိဝံသ၊ လွတ်လပ်စိုး၊ ဦးရဲမြင့်၊ နောင်နောင်စိုး ဟူ၍ စည်စည်ကားကား ပါရှိသည်။
အတွေးအမြင်စာအုပ် စတင် ထုတ်ဝေစဉ်ကတည်းက စီစဉ်သူများ၏ ဦးတည်ချက်တွင် မိမိဦးနှောက်ကို အသုံးချ၍ ဆင်ခြင်တုံတရား ဖွံ့ဖြိုးတိုးတက်လိုသူများအတွက် ဟူ၍ ပါရှိခဲ့ပါသည်။ အတွေးအမြင်စာစောင်ကို ကနဦးကတည်းကပင် အရုပ်မပါ၊ ပန်းချီ ဓာတ်ပုံတွေမပါ၊ ၀တ္ထုမပါ၊ ကဗျာမပါပဲ အခြားသော ရုပ်စုံမဂ္ဂဇင်းများ စာစောင်များကြား ၀ယ် နှစ်ကာလရှည်ကြာစွာ ရပ်တည်နေနိုင်ခဲ့ပြီး သီးသန့်စာဖတ်ပရိသတ်များအတွက် သီးသန့်စာစောင်အဖြစ် ရှင်သန်ခဲ့ပါသည်။

အတွေးအမြင်သည် တာထွက်ကောင်းခဲ့ပါသည်။ သီးသန့်စာဖတ်ပရိသတ်ကြီး၏ တစိုက်မတ်မတ် အားပေးမှုကြောင့် အရှိန်ကောင်းလာခဲ့သည်။ အတွေးအမြင် အမှတ်(၂)ကို ပုံနှိပ်နေချိန်တွင် အမှတ်(၁)မှာ လက်ကျန်မရှိအောင် ကုန်သွားခဲ့ရသည်။ နယ်များမှ အမှာစာများ ထပ်မံရောက်ရှိလာ၍ အမှတ်(၁၃) ပုံနှိပ်ပြီးသည့်နောက် အမှတ်(၁)နှင့်(၂)ကို ဒုတိယအကြိမ် ထပ်မံ၍ပုံနှိပ်ခဲ့ရပါသည်။ လုံးချင်းစာအုပ်မဟုတ်သော စာစောင်တစ်ခုကို ဒုတိယအကြိမ်ပုံနှိပ်ရခြင်းမှာ ထိုခေတ် စာနယ်ဇင်းလောက၀ယ် မရှိသလောက်ရှားသည့် ထူးခြားသော ဖြစ်ရပ်တစ်ခုပင်။ အတွေးအမြင်စာစောင် အမှတ်(၁) ထွက်ရှိပြီးနောက် တုံ့ပြန်ရိုက်ခတ်လာသော ဂယက်များကိုလည်း ရင်ဆိုင်ခဲ့ရပါသည်။

ထိပ်တန်းစာရေးဆရာကြီးများနှင့် ပညာရှင်ကြီးများ၏ ဆောင်းပါးများချည်းသာ သီးသီးသန့်သန့် ဖော်ပြထားခြင်း၊ ဆောင်းပါးများမှာလည်း ပညာတတ်အ၀န်းအ၀ိုင်းကသာ စိတ်ဝင်စားမည့် လေးလေးပင်ပင် အရေးအသားများက အများစုဖြစ်နေခြင်း၊ အရောင်အသွေး အဆင်တန်ဆာ လုံးဝမပါပဲ ဆောင်းပါးခေါင်းစီးများကိုပင် ခဲစာလုံးပွိုင့်များ ကစား၍ ဖော်ပြထားခြင်း၊ စာအုပ်အရွယ်မှာ ပုံမှန်မဂ္ဂဇင်းအရွယ်မဟုတ်ပဲ ၁၀ချိုးဆိုဒ်ဖြစ်ပြီး Reader's Digest ပုံစံအတိုင်း မျက်နှာဖုံးတွင် မာတိကာတင်ထားခြင်း၊ ပန်းချီဆရာကြီး ဦးဘရင်ကလေး ၏ နွဲ့ပျောင်းသော အတွေးအမြင် စာလုံးဒီဇိုင်းကအစ ဆန်းသစ်နေခြင်း စသည့် ထူးခြားချက်များကြောင့် အတွေးအမြင်ဟူသော စာစောင်သစ်ကလေးကို ဆရာမောင်စွမ်းရည် စသည့် စာပေဝေဖန်ရေးဆရာများကပင် ချီးကျူးကြိုဆိုကာ ရေးသားကြလေသည်။

ဆရာကြီးတက်တိုး ကလည်း ယခုလို အတွေးအမြင်စာစောင်မျိုး စောင်ရေ ငါးထောင်ကျော် ထုတ်ဝေဖြန့်ချီနိုင်ပြီဆိုလျှင် မြန်မာနိုင်ငံတွင် ခေတ်ကြီး ပြောင်းလဲတော့မည်ဟု ပြောဝံ့သည် ဟူ၍ စာအုပ်ထွက်ရှိပြီး ငါးအုပ်မြောက်အချိန်က မှတ်ချက်ပြုခဲ့သည်။
အတွေးအမြင်တွင် ဆောင်းပါးချည်းသက်သက်သာ ဖော်ပြခဲ့ရာ စာဖတ်ပရိသတ်အတွက် တခုပ်တရ သိမ်းဆည်းထားရမည့် အဖိုးတန်ဆောင်းပါးများ မြောက်မြားစွာ ပါရှိခဲ့သည်။ အတွေးအမြင်၏ ရှေ့ပိုင်း စာစောင်များတွင် တစ်လလျှင် ဆောင်းပါးပုဒ်ရေ (၃၀)ခန့် ပါရှိသည်။ နောက်ပိုင်းတွင် လစဉ်ဆောင်းပါးပုဒ်ရေ (၄၀)ခန့် ဖော်ပြခဲ့သည်။ သို့ဖြစ်ရာ ယခုအုပ်ရေ (၂၀၀)မြောက်ပြည့်သည်အထိ ၂၄-နှစ်တာကာလအတောအတွင်း အတွေးအမြင်ဆောင်းပါးပေါင်း ၆၀၀၀မှ ၈၀၀၀ကြား ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
အတွေးအမြင်စာစောင်သည် မူလက ခဲစာလုံး မှုံတိမှုံဝါး၊ စာရွက်စာသား ခပ်ညံ့ညံ့သာ ရှိခဲ့ရာမှ ၁၉၉၃-ခုနှစ် မေလထုတ် (စာစဉ်-၉၀)မှ စတင်၍ ကွန်ပျူတာစာလုံး၊ အော့ဖ်ဆက်ဖြင့် ပြောင်းလဲပုံနှိပ်ခဲ့ပါသည်။ စာရွက်စာသားမှာလည်း ယခင်ကထက် တိုးတက်ကောင်းမွန်လာခဲ့ပြီး အနည်းငယ် ဖြူဖွေးလာခဲ့သည်။

အတွေးအမြင်၏ မူဝါဒ
ရှုထောင့်အသီးသီးမှ အတွေးအမြင်အသီးသီးကို ဖော်ထုတ်ရန်

အတွေးအမြင်၏ ရည်ရွယ်ချက်
တွေးခေါ်မျှော်မြင်ခြင်းကို အလုပ်တစ်ခုဟု ထင်မြင်၍ စဉ်းစားဥာဏ် ရင့်သန်လိုသူများအတွက်
မိမိ၏ဦးနှောက်ကို အသုံးချ၍ ဆင်ခြင်တုံတရား ဖွံ့ဖြိုးတိုးတက်လိုသူများအတွက်
အလုပ်သုံးပါးအနက် မနောကံအလုပ်ဟု ဆိုအပ်သော စိတ်ကူးခြင်း၊ ဆင်ခြင်စဉ်းစားခြင်းကို အာရုံဝင်စားသူများအတွက်

အတွေးအမြင်၏ အမှတ်တံဆိပ်
အတွေးအမြင်စာစောင်၏ အမှတ်တံဆိပ်လိုဂိုအဖြစ် ကမ္ဘာကျော် ပန်းပုဆရာကြီး Rodin ၏ အတွေးရှင် The Thinker ပန်းပုရုပ်ပုံကို ရွေးချယ်ခဲ့သည်။

အတွေးအမြင်၏ စာလုံးဒီဇိုင်း
အတွေးအမြင်စာစောင်၏ မျက်နှာဖုံးခေါင်းစီး စာလုံးဒီဇိုင်းကို ပန်းချီဆရာကြီး ဦးဘရင်ကလေးက ရေးဆွဲခဲ့သည်။

အတွေးအမြင်နှင့် မှတ်တိုင်များ
အတွေးအမြင် အမှတ်(၁) စာစောင်ကို ၁၉၈၄-ခု အောက်တိုဘာလတွင် စတင်ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၂၅) ငွေရတုစာစောင်ကို ၁၉၈၇-ခု ဇွန်လတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၅၀) ရွှေရတုစာစောင်ကို ၁၉၈၉-ခု ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၇၅) စိန်ရတုစာစောင်ကို ၁၉၉၂-ခု ဇန်န၀ါရီလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၁၀၀) ရာပြည့်စာစောင်ကို ၁၉၉၄-ခု မေလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၂၀၀)ကို ၂၀၀၈-ခု နိုဝင်ဘာလတွင် ထုတ်ဝေခဲ့

အတွေးအမြင် ရာပြည့်စကား
အတွေးချင်း အမြင်ချင်း တူတာတွေ ရှိကြမည်။ မတူတာတွေ ရှိကြမည်။ ကိုယ့်အတွေး ကိုယ့်အမြင်ကို ဖြောင့်မှန်စွာ တင်ပြခွင့် ရှိရပေမည်။ မတူတာတွေကို ညှိနှိုင်းပြီး အဖြေရှာဖို့ ကြိုးစားကြရပေမည်။ ကမ္ဘာကြီးသည် ဗဟုဝါဒခေတ်သို့ ရောက်နေပေပြီ။ အတွေးအမြင်အသီးသီးကို အပြန်အလှန် လေးစားသမှုဖြင့် ညှိနှိုင်းအဖြေထုတ်သော တိုင်းနိုင်ငံများသည် ငြိမ်းချမ်းသာယာ တိုးတက် စည်ပင်နေကြပေပြီ…. ဟူ၍လည်း အတွေးအမြင်စာစောင်၏ မာလိန်မှူးကြီး ဆရာမောင်ဝံသက အတွေးအမြင်အုပ်တစ်ရာမြောက် စာစောင်တွင် အမှတ်တရ ရေးသားခဲ့သည်။

အတွေးအမြင် အုပ်နှစ်ရာမြောက် ဥဒါန်း
စဉ်းစားဆင်ခြင်ခြင်းသည် လူ၏တန်ဘိုးတစ်ခု ဖြစ်သည်။ လူ၏အရည်အသွေးလည်း ဖြစ်သည်။ လူနှင့်တိရစ္ဆာန်အကြား အဓိက ကွာခြားချက်မှာ လူက စဉ်းစားဆင်ခြင်တတ်ခြင်းဖြစ်သည်။ သို့စဉ်လျှက် စဉ်းစားခြင်းကို အလေ့အကျင့်မလုပ်သော လူမည်ကာမတ္တများစွာ ရှိနေသေးရာ ထိုသူများအား အတွေးအမြင် အပါအ၀င် စာအုပ်စာပေများက စဉ်းစားကြပါ၊ တွေးခေါ်ကြပါ၊ ဆင်ခြင်ကြပါ ဟု အခါမလပ် နှိုးဆော်နေရပေသည်။
လူသည် မစဉ်းစားပဲနေသည့်အကျင့် ကြာမြင့်လာသောအခါ မစဉ်းစားတတ်တော့ချေ။ စဉ်းစားခြင်းသည် မိမိတို့အလုပ်မဟုတ် ဟူ၍ပင် ထင်မြင်လာတတ်ကြသည်။ အချို့ကမူ စဉ်းစားလျှင် ဦးနှောက်ခြောက်လာသည်ဟု ဆိုသည်အထိ လူ၏ အရည်အသွေးများ ပျောက်ပျက်ကုန်တော့သည်။ အတွေးအမြင်စာစောင်သည် အမှတ်(၂၀၀) ပြည့်မြောက်ခဲ့လေပြီ။ အတွေးအမြင်အနေဖြင့် ပိတ်ထားသော အသိဥာဏ်တံခါးများကို အကြိမ်(၂၀၀) ဖွင့်ခဲ့လေပြီ။

အတွေးအမြင်နှင့် ပရိသတ်
တွေးခြင်းကို အလုပ်တစ်ခုအနေဖြင့် ခံယူနှလုံးသွင်းလျှက် စာဖတ်ခြင်း၊ တွေးတောခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း အားဖြင့် စဉ်းစားဥာဏ် ရင့်သန်လိုသူများ၏ အစဉ်တစိုက် အားပေးချီးမြှောက်မှုကြောင့် အတွေးအမြင်သည်ကား အရှိန်အဟုန်မပျက် ခရီးဆက်လျှက် ရှိနေပေပြီ။
အတွေးအမြင် စတင်ထုတ်ဝေခဲ့ချိန်မှစ၍ စီစဉ်သူများ၏ ရည်ရွယ်ချက်မှာ တွေးခြင်းကို အလုပ်တစ်ခုအနေဖြင့် လုပ်သည့်အကျင့်ကို အားပေးရန်ဖြစ်သည်။ အတွေးအမြင်သည် အပျင်းပြေ၊ အပျော်ဖတ်စာပေများနှင့် အရောင်အသွေး၊ အမွမ်းအမံ၊ အခြယ်အသများကို နေရာမပေးပဲ စာကောင်းပေမွန်သန့်သန့်ချည်း ဖော်ပြသော စာစောင်အဖြစ် ရပ်တည်နိုင်သည်မှာ အတွေးအမြင်စာစောင်၏ ဦးတည်ချက်ဖြစ်သော စာကို အလေးအနက် ဖတ်၍ အတွေးနက်နက် ဖြန့်ကြက်လိုသူများအတွက် ဆိုသည့် ရည်ရွယ်ချက်ကို ထမြောက်အောင်မြင်ခြင်းပင် ဖြစ်သည်ဟု မိုးကုတ်မီဒီယာကလည်း ယုံကြည်သည်။
သို့သော်ငြားလည်း အတွေးအမြင်ကို လေးလေးစားစား တန်ဘိုးထားပြီး ဖတ်ရှုအားပေးသူများ ရှိသလို မြန်မာနိုင်ငံတွင် အတွေးအမြင်ဟူသော စာစောင် ထုတ်ဝေခဲ့သည်မှာ သက်တမ်းအားဖြင့် (၂၅)နှစ် တိုင်တော့မည် ဆိုသည့်တိုင် လုံးဝမသိ၊ ကြားတောင် မကြားဖူးဘူး ဆိုသူတွေများကလည်း ဒုနှင့်ဒေးပင်။
အတွေးအမြင်ဟူသော လှေကြီးသည်ကား အတွေးအခေါ်အယူအဆများစွာကို တင်ဆောင်လျှက် လှိုင်းလုံးကြီးများကြားဝယ် မလွန့်မလူး၊ မနစ်မမြုပ် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ရွက်လွှင့်နေဆဲ…

အတွေးအမြင်အတွက် မုဒိတာစကား
အတွေးအမြင်သည်ကား အုပ်(၂၀၀)မြောက်ခဲ့လေပြီ။ အတွေးအမြင်၏ တံခါးမှူးကြီးများက အသိဥာဏ်တံခါး အကြိမ်(၂၀၀) ဖွင့်နိုင်ခဲ့ပြီ။ သက်တမ်းအားဖြင့်ဆိုလျှင် နှစ်ပေါင်း (၂၅)နှစ်နီးပါး တိုင်ခဲ့ပေပြီ။ အတွေးအမြင်၏ ဖွားဖက်တော် ကလေးငယ်တစ်ယောက်သည်ပင်လျှင် ယခုအချိန်တွင် သမ္မတ လုပ်နိုင်လောက်သည့် အရွယ်ပင် ရောက်နေရော့ပြီ။ ယခုလို ထူးခြားသော အခါသမယ၀ယ် အတွေးအမြင်ကို ရှင်သန်အောင် ပြုစုပျိုးထောင်ခဲ့ကြသည့် ဥယျာဉ်မှူးကြီးများ၊ အတွေးအမြင်ကို လှိုင်းထန်လေဒဏ် အကြား မလွန့်မလူး မနစ်မမြှုပ်ရလေအောင် ပဲ့ကိုင်မောင်းနှင်ခဲ့ကြသော မာလိန်မှူးကြီးများ၊ အတွေးအမြင်၏ မူဝါဒများ၊ ရည်ရွယ်ချက်များကို မတိမ်းမစောင်း မယိမ်းမယိုင်ရလေအောင် တည်ဆောက်ခဲ့ကြသော ဗိသုကာကြီးများအား မိုးကုတ်မြို့မှနေ၍ သဟာယစာပေဆုကို ဂုဏ်ယူအပ်နှင်း ချီးမြှင့်ခြင်းခံရသည် ဖြစ်သည့်အတွက် မိုးကုတ်မီဒီယာကလည်း ဤနေရာမှနေ၍ မုဒိတာစကားကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မြွက်ကြား ဖော်ပြအပ်လေသတည်း။


S.T.A

သီတင်းကျွတ်မြင်ကွင်း

အချိန်ကား နေရောင်ပျောက်၍ အမှောင်ထုပင် တစ်စတစ်စ ကြီးစိုးလျှက် ရှိနေပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးမှာကား ယမ်းငွေ့များ၊ မီးခိုးလုံးများဖြင့် ဖုံးလွှမ်းလျှက် ရှိသည်။ ထိုစဉ် အသက်အရွယ်အားဖြင့် မကြီးလှသော လူလတ်ပိုင်း လူရွယ်တစ်ဦးသည် လူမမယ်လေးနှစ်ဦး၏ လက်ကိုဆွဲရင်း ပေါက်ကွဲသံများအကြား ဖြတ်သန်းကာ အဝေးတနေရာဆီသို့ ဦးတည်လျှက်ရှိသည်။ လူမမယ်အရွယ်ကလေး၏ မျက်နှာတွင် စိုးရွံ့ကြောက်လန့်ဟန် အတိုင်းသား ပေါ်နေပြီး ဖခင်ဟု ထင်ရသော လူရွယ်၏ လက်ကို တစ်ဖက်တစ်ချက်ဆီမှ တင်းတင်းဆုပ်ကာ လိုက်ပါလာကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက်တစ်ချက် ကြားရတိုင်း ဖခင်အနီးသို့ အားကိုးတကြီး တိုးကပ်လာကြသည်။ ယမ်းငွေ့များကြား သတိကြီးစွာထားလျှက် ရှေ့သို့ တစ်လှမ်းချင်း လှမ်းကာ တရွေ့ရွေ့ ခရီးနှင်လျှက်ရှိသည်။
ဤကား ကလေးနှစ်ယောက် ပူဆာလွန်းသဖြင့် ဖခင်ဖြစ်သူက လိုက်ပို့သော သီတင်းကျွတ်မီးထွန်းပွဲတော် မြင်ကွင်းပင်တည်း။

ယခုနှစ် သီတင်းကျွတ်အခါသမယသည် မိုးလေမကင်းလွှတ်ပဲ မိုးတဖွဲဖွဲ ကျပါသည်။ လမ်းမများတွင်ကား မိုးရေတစက်စက်၊ ဗွက်တဗြက်ဗြက် ဖြစ်နေလေသည်။ ယခုနှစ်တွင် မိုးကုတ်သီတင်းကျွတ်သည် သိပ္ပံခေတ်သို့ ချဉ်းနင်းဝင်ရောက်ပြီ ဖြစ်သည်နှင့်အညီ ရှေးကနှင့်မတူပဲ လျှပ်စစ်မီးများဖြင့် ထိန်ညီးအောင် အလှဆင်ကြပါသည်။ သို့သော် လျှပ်စစ်မီးမလာသော ရပ်ကွက်များတွင်ကား မှောင်နှင့်မည်းမည်း အခက်ကြုံရလေသည်။ ဖယောင်းတိုင်ထွန်းရအောင်မူကား ခေတ်ကာလကုန်ဈေးနှုံးအရ မတတ်နိုင်။ မီးစက်ခုတ်ရအောင်မူကား တွက်ခြေမကိုက် ဖြစ်ကြရလေသည်။ အရေးထဲအရာပေါ်ဆိုသလို လေကလည်း တဖြူးဖြူး ဖြစ်နေ၍ အခက်တွေ့ကြရလေသည်။

လူငယ်လူရွယ် မြီးကောင်ပေါက်များမှာကား အ၀တ်အစားအသစ်ဝတ်၍ ဟန်ရေးပြစရာ နေရာကမရှိ။ ချစ်သူရည်းစားရှိသူတို့ အဖို့ကား စတိတ်ရှိုးကြည့်ရန် အကြောင်းပြပြီး အိမ်ကထွက်ရန်ကလည်း ဆင်ခြေမပေးနိုင်၍ ယောင်ချာချာ ဖြစ်ကြရလေသည်။
ကလေးများအဖို့မူကား သွားစရာ လည်စရာ နေရာကမရှိ၊ ကြည့်စရာပွဲကလည်း မရှိ ဖြစ်ရကား အဘိုးအဘွားများကို ကန်တော့၍ ရရှိလာသော မုန့်ဘိုးအကုန်လုံးကို မီးရှူးမီးပန်းများ ၀ယ်၍ အသားကုန် လွှတ်ကြသည်။ ဗြောက်များ လိမ့်ဖောက်ကြသည်။ အသံမြည်လျှင် မျောက်အုပ်အော်သကဲ့သို. ၀ိုင်းအော်ကြသည်။ ဤကား ကလေးငယ်များ၏ ပျော်ရွှင်နည်းတည်း။
သို့သော်ငြားလည်း ကလေးများ၏ အပူဆာခံရသော မိဘများမှာမူကား လက်တွင် ထီးကို ကိုင်ဆွဲလျှက် ကလေးငယ်များကို ကျောပိုးတန်ပိုးပြီးသကာလ ဦးတည်ရာမဲ့ လမ်းသလားလျှက် ရှိနေကြသည်ကိုလည်း အတိုင်းသားမြင်ခဲ့ရသည်။ ယခုနှစ် မိုးကုတ်သီတင်းကျွတ်မီးထွန်းပွဲတော်သည်ကား သံသယဖြစ်ဖွယ် မလိုအောင် ပျင်းခြောက်ခြောက်ကြီး ဖြစ်လေ၏။

You received this email because you are subscribed to the real_time feed for http://mogokmedia.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 4 New Entries: သန်းရွှေနှင့်သူ၏ PSO

သန်းရွှေနှင့်သူ၏ PSO



သန်းရွှေ အိပ်ယာမှ ထလာ ၊ ခါးကိုကိုင်ကာ ကိုင်းကိုင်း ကိုင်းကိုင်းနှင့် PSO ကိုမေး - "ဟေ့ကောင် ဒီနေ့ ဘာသတင်းထူးလဲကွ"
PSO - " တပ်ချုပ်ကြီး အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ အို ဗမာ နိုင်ပြီး သမ္မတဖြစ်သွားပါပြီ"
သန်းရွှေ - " ဟုတ်လား အိုဗမာ ဆိုပါလားကွ - ဒီကောင်ရှစ်လေးလုံးတုန်းက
တောခိုသွားတဲ့ကောင်ထဲပါသလား "
PSO - "မပါပါဘူး ခင်ဗျ ဒီလိုပါ.."
သန်းရွှေ " စကားမရှည်နဲ့ ဒီကောင်ငါတို့နဲ့ပတ်သက်ပြီး အင်တာနက်မှာဟိုရေးဒီရေးလုပ်ဖူးသလား"
PSO-" ဒီလိုပါ ခင်ဗျ ----"
သန်းရွှေ-" ဟေ့ကောင် ဒီလိုပါ တွေ ဟိုလိုပါတွေလုပ်မနေနဲ့ အဲဒီကောင် က မျက်နှာဖြူလားကွ "
PSO-"မဟုတ်ပါဘူး တပ်ချုပ်ကြီး လူပုံကတော့ ခပ်ညိုညိုပါပဲ "
သန်းရွှေ - " ဟား ခုလို အညာသား တယောက်
အမေရိကန် မှာ သမ္မတဖြစ်လာတာ ဂုဏ်ယူရမယ် မင်းနားလည်လား၊
ကြည့်စမ်းပါဦး နာမည်ကတောင် အိုဗမာတဲ့ တွေ့ လား "

ထိုသို့ဖြင့် စနေနေ့ တွင် မြန်မာ့အလင်းမှသန်းရွှေ၏ သဘောတော်အရ သန်းရွှေမှ အိုဘားမားကို လည်းကောင်း မောင်အေးမှ ဂျိုးဘိုက်ဒန်ကိုလည်းကောင်း ၀မ်းမြောက်ပြလိုက်ပါတော့၏။



တာတီဘိုး

ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောသုံးစင်းထပ်မံကျူးကျော်လာ

ယခုအချိန်တွင် အငြင်းပွားနေသော ဓါတ်ငွေ့ ထုတ်လုပ်ရေးဧရိယာသို့ ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောသုံးစင်းထပ်မံ အင်အားဖြည့်သည်ဟုသိရပါသည်။ အကယ်၍ ထို ဧရိယာသည် မိမိတို့ မြန်မာပိုင်နက်အစစ်အမှန်ဖြစ်လျှင် လက်တွေ့အရ မိမိတို့သည်သာ အကျူးကျော်ခံနေရသောအနေအထားဖြစ်ပါသည်။
ထို နိုင်ငံခြားကျူးကျော်မှုနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှ မည်ကဲ့သို့ မိမိတို့ ပိုင်နက်နယ်မြေနှင့်အချုပ်အချာကို
ကျူးကျော်သူလက်မှ ကာကွယ် ပါမည်နည်း။


ကိုင်းထထကြွကြွနဲ့ ၀ိုင်းကြပေရော့

-အောင်ချမ်း-

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခုအခါ ယာယီအခြေအနေ အရ နအဖ စစ်အစိုးရ၏ လုပ်ပေါက်ကြောင့် မိမိတို့တိုင်းပြည်၏ ရန်သူ အဖြစ်သို့ ရောက်ရှိနေပြီဖြစ်၏။ စစ်ပွဲတပွဲဆိုသည်မှာ မဖြစ်လျှင်အကောင်းဆုံးဖြစ်၏။အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး

နိုင်ငံရေး အခြေအနေအရလုံးဝမဖြစ်သင့်။ ကျနော်တို့တွင် စားနပ်ရိက္ခာပြသနာရှိနေသည်။ နာဂစ် မုန်တိုင်းဒဏ်ခံထားရသော ပြည်သူလူထုကြီး၏ နေ့စဉ် နေထိုင်မှုဘ၀သည် ပိုမို ဆိုးရွားသထက်ဆိုးရွားနေသည် ကို လျစ်လျှူမရှုသင့်။
စစ်ပွဲတပွဲကိုတိုက်တော့မည်ဆိုလျှင်ကိုယ့်နိုင်ငံကို မိတ်ဆွေအဖြစ် တကယ်တန်း ထောက်ခံမည့် နိုင်ငံများ ရှိသင့်သလောက်ရှိဖို့လိုသည်။ အထူးလိုအပ်သည့်စဉ်းစားချက်မှာ ကိုယ့်တိုင်းရင်းသားပြည်သူလူထု၏ ထောက်ခံမှု
နှင့် ပါဝင် ပတ်သက် နိုင်မှု လိုအပ်၏။ တဖက်ရန်သူ၏ ပြည်သူလူထုနှင့် တဖက်ရန်သူအားထောက်ခံမည့်နိုင်ငံတကာအသိုင်းအ၀ိုင်းကိုထည့်တွက်ရမည်ဖြစ်၏။ အချိန်ဘယ်လောက်ကြာကြာ တိုက်ရမည့်စစ်ပွဲလည်းဆိုသည်ကိုလည်းတွေးရမည်
ဖြစ်၏။

ပထမဦးစွာမလွှဲမရှောင်သာသော နိုင်ငံခြင်းဖြစ်သည့်စစ်ပွဲတစ်ပွဲကို မတိုက်ခင် တပ်မတော်တစ်ရပ် အစိုးရတစ်ရပ်အနေနှင့် စဉ်းစားရမည်မှာ
ပြည်တွင်းရေး ကိစ္စဖြစ်သည်။ ကောင်းမွန် သော အစိုးရတိုင်းသည် ပြည်သူလူထု၏ ဘ၀လုံခြုံရေးနှင့်စားဝတ်နေရေး ကို နံပါတ်တစ် အနေဖြင့် စဉ်းစားကြ၏။
ထို့ပြင် စစ်ပွဲတပွဲကို မတိုက်ခင်ကတည်းက outcome ကို ကြိုတင်တွက်ချက်ရ၏။ ထိုသို့ကြိုတင်တွက်ချက်ရာတွင် မထင်မှတ်ထားသော ကိစ္စများအတွက်လည်း
ကြိုတင်ပြင်ဆင်မှုရှိထားရမည်ဖြစ်၏။

နအဖ စစ်အစိုးရအနေဖြင့် ထိုသို့တွ က်ချက်ထားခြင်း များ ပြည့်စုံစွာရှိမည်မဟုတ်။ နအဖ စစ်အစိုးရတွင် နိုင်ငံရေးအကြပ်အတည်း ကြီးစွာရှိ၏။
ကမ္ဘာ့ အသိုင်းအ၀ိုင်းကမထောက်ခံ ပြည်သူလူထုက မထောက်ခံ ။ ကောင်းမွန် ထက်မြက်သော ဦးနှောက်များကို တိုင်းပြည်ကောင်းကျိုးအတွက် တလျှောက်လုံး
မသုံးခဲ့ကြ။ တိုင်းပြည်ကိုချစ်မြတ်နိုးသော တိုးတက်စေချင်သော ပိုမိုအဆင့်အတန်းမြင့် သာယာဝပြောသည့်လူ့အဖွဲ့အစည်းသို့ဦးတည်သော တိုးတက်သူ မည်သူ
မဆို ထောင်ထဲရောက်ကုန်၏။ ဤသည်မှာ လုံးဝ အကျဉ်းတကာ့အကျဉ်းချုပ် ထားသော လက်ရှိ မြန်မာနိုင်ငံနှင့်စစ်အစိုးရ၏ အနေအထားဖြစ်၏ ။
ကောင်းပြီ စစ်ပွဲတပွဲက မလွှဲမရှောင်သာ တိုက်ရမည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်၏။ ထို့ကြောင့် နိုင်ငံရေးအရ ကွဲပြား မတူညီမှုများခဏထားကာ
အမျိုးသားရေးနှင့် အချုပ်အချာအာဏာ ပိုင်နက်အတွက် မြန်မာ နိုင်ငံသားနှင့် လူမျိုးစုအားလုံးအားမိသားစုကြီးတခုအနေဖြင့် တွေးခေါ်ပြီး ၀ိုင်းဝန်း
အားထုတ်ကြပါစို့။

တယောက်နှင့်တယောက် စကားမပြော အသိအမှတ်မပြုကြစေကာမူ ကျနော်တို့ ငယ်ရွယ်သောမိသားစုဝင်များက
မိသားစုကို လက်နက်ပြ အုပ်ချုပ်နေသော သက်ကြားအို အနိုင်ကျင့် ဆိုးသွမ်း အတ္တကြီးသည့် ပုဂ္ဂိုလ်ကြီးများအား မိမိတို့မိသားစုကြီးတခုလုံး၏ လုံခြုံရေးနှင့် အနာဂတ် အလားအလာအတွက် တဖက်တလမ်းမှ တိုင်းပြည်အကျိုးအတွက်
ဝိုင်းဝန်းစဉ်းစားပေးကြပါစို့။

တိုက်ပွဲ အကြိုကာလသုံးသပ်ချက်


ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုင်ရာ ချဉ်းကပ်မှု

မြန်မာနိုင်ငံသားတို့သည် ဇာတိသွေးဇာတိမာန်အရ တိုင်းတပါးနှင့်စစ်မက်ဖြစ်ပွားလျှင် ငုံ့ခံနေကြမည့် သူများမဟုတ်။ ထို့အတူဘင်္ဂလားဒေ့ရှ် ပြည်သူလူထုကလည်း အလားတူပင်ဖြစ်လိမ့်မည်။ ဘင်္ဂလားဒေ့ရှ်သည် အစ္စလာမ်နိုင်ငံဖြစ်၏။
ဘင်္ဂလားဒေ့ရှ်နှင့်စစ်မက်ဖြစ်ပွားလျှင် ကမ္ဘာကြီး၏ သန်းထောင်ချီနေသော အစ္စလာမ် ဘာသာဝင်တို့၏ စိတ်ပိုင်းဆိုင်ရာ ၊ ငွေရေးကြေးရေးပိုင်းဆိုင်ရာ ၊ အင်အားပိုင်းဆိုင်ရာ ကူညီမှုတို့ကို ဘင်္ဂလားဒေ့ရှ်အနေနှင့် အနည်းနှင့်အများရရှိကြမည်
ဖြစ်၏။ မိမိတို့အား မည်သူကူမည်နည်း။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အရွယ်ရောက်ပြီးသူတိုင်း ချက်ချင်း လက်နက်ကိုင်ကာ စစ်ပွဲတွင်ပါဝင်နိုင်၏။ မိမိတို့ပြည်သူလူထုအနေနှင့် စစ်ပွဲတပွဲကို ပါဝင်တိုက်ခိုက်နိုင်သည့် စစ်ပညာ ရှိပါသလား။ မျိုးချစ်စိတ်နှင့်
သတ္တိတခုတည်းက မလုံလောက် ။ စစ်ပွဲတပွဲကိုတိုက်မည်ဆိုလျှင် စစ်ပညာတတ်ထားရမည်။ အထက်အောက် အမိန့် နာခံမှုနှင့် အကောင်အထည်ဖော်မှုတို့ကို နားလည်ထားရမည်။ အဆုတ်အတက် နှင့် တိုက်ပွဲတို့တွင်ဖြစ်လေ့ရှိသော စစ်၏ သဘာဝ
ကို မည်သည့်အတိုင်းအတာအထိ နားလည်ထားသနည်း။ ရှေ့ တွင် စစ်တိုက်နေကြလျှင် နောက်တန်းတွင်ကျန်သော မိသားစုများနှင့် ပြည်သူလူထု၏ စားဝတ်နေရေး ဘ၀လုံခြုံရေးအတွက် မိမိတို့တွင် ဘာများရှိသနည်း။

တပ်မတော်ဆိုင်ရာ

မိမိတပ်မတော်၏ စိတ်ပိုင်းဆိုင်ရာအခြေအနေ သည် နိုင်ငံချင်းတိုက်သည့်စစ်ပွဲအတွက် အဆင်သင့်ဖြစ်ပါသလား။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ သမိုင်းကြောင်းအရ ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံသစ်တစ်ခုဖြစ်၏ နှစ်ပေါင်းလေးဆယ် သက်တန်းမရှိသေးသော
ပါကစ္စတန်မှခွဲထွက်လာသောနိုင်ငံဖြစ်၏။ ထိုသို့ခွဲထွက်စဉ်က အိန္ဒိယတပ်မတော်၏ အကူအညီဖြင့် နိုင်ငံသစ်ထူထောင်နိုင်လာခြင်းဖြစ်၏ ယခုဘင်္ဂလားဒေ့ရှ် တပ်မတော်၏ တပ်မှူးကြီးများနှင့် အငြိမ်းစားယူပြီး တပ်မှူးကြီးများသည် ပါကစ္စတန်မှခွဲ
ထွက်ရေးလှုပ်ရှားမှုတွင် အတွေ့ အကြုံရှိခဲ့သော တပ်မှူးများဖြစ်၏။ ကျနော်တို့ မြန်မာ့တပ်မတော်မှ လက်ရှိ တပ်မှူးများ တွင် အလားတူ အတွေ့ အကြုံရှိပါသလား။
မိမိတိုက်ခိုက်ရေးအင်အားနှင့်အမြဲတန်းတိုက်ခိုက်ရေးအင်အားသည် လေးသိန်းကိုးသောင်းနှစ်ထောင် ရှိ၏။ ထိုအင်အားမှ တကယ်တန်းတိုက်ပွဲဝင်နိုင်သော ထုတ်နှုတ်အင်အားဘယ်လောက်ရှိသနည်း။
မိမိလက်နက်အင်အား အရံကျည် ဆေးဝါးရိက္ခာ ငွေကြေး ဘယ်လောက်ရှိသနည်း။မိမိတပ်မတော်၏ တိုက်ရည်ခိုက်ရည် က နိုင်ငံခြင်းဖြစ်သည့်စစ်ပွဲတပွဲကို တိုက်ခိုက်နိုင်ရန် အနေအထားရှိပါသလား။
မိမိထောက်လှမ်းရေးသတင်းစုစည်းနိုင်မှု စွမ်းရည် ဘယ်လောက်ရှိသနည်း ထို စဉ်းစားချက်များအား ကြိုတင်စဉ်းစားထားဖို့ လိုအပ်ပါသည်။

စစ်မဟာဗျူဟာချဉ်းကပ်မှု


Strategic plotting တစ်ခု ဆွဲကာချည်းကပ်ကြည့်မည်ဆိုလျှင် အနည်းဆုံး ခြေမြန်တပ်မ သုံးမ နှင့်ပူးတွဲအမြှောက်တပ်များအား ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်
အသင့်နေရာယူထားသင့်သည်။
ခြေလျှင်တပ်ရင်းကိုးရင်း အား ဒေသကွပ်ကဲရေးနှင့်လုံခြုံရေး အတွက် နယ်စပ်စည်းတွင် ရှေ့ ဦးတပ်မတို့၏ နောက် တွင် ချထားသင့်သည်။
ထို ခြေလျှင်တပ်ရင်းတို့နှင့်အတူ စစ်တွေ ရသေ့တောင်နှင့် မြောက်ပိုင်း ဒေသများတွင် ထောက် ပံ့ရေး စစ်ကူပေးရေး ဒေသကာကွယ်ရေးအတွက် ခြေမြန်တပ်မ လေးခု၏ စစ်ဗျူဟာ တစ်ခုချင်းမှ တိုက်ခိုက်ရေးအင်အားများကို အသင့်အနေအထား ချထားသင့်သည်။
ဝင်ရောက်တိုက်ခိုက်ရန်သင့်လျှော်သော တိုက်ပွဲတော့မဟုတ်။ မိမိနယ်မြေကာကွယ်ရေး နှင့် စိတ်ဓါတ်စစ်ဆင်ရေးအတွက် သာ ဦးစားပေး နေရာယူထားခြင်း
ဖြစ်သော်လည်း မြင့်တက်လာသော တင်းမာမှုနှင့် ရန်သူ၏ စတင်ပစ်ခတ်မှုအပေါ်မူတည်ကာ လိုအပ်လျှင် Dakhinpara, Sabrang, Teknaf , Dakshim, Nhila မှ သည် Coxs Bazar (ရန်သူ့ မြို့) အထိလှမ်းခြိမ်းခြောက်နိုင်သော အနေအထားကို ရယူထားရမည်ဖြစ်သည်။ ရေတပ်တိုက်ပွဲတွင်မိမိတို့ဖက် မှ တောင့်တင်းသောအင်အားမရှိ။ သို့သော် စစ်တွေနှင့် ပတ်ဝန်းကျင် ကမ်းရိုးတန်းကို ကာကွယ်ရန် ရေတပ် တိုက်ခိုက်ရေးသင်္ဘောများကို နေရာယူထားရမည်ဖြစ်သလို တဖက်မှ မိမိတို့၏ Radar စခန်းများ နှင့် Air Defence Systemsများကို စစ်ပွဲအဆင့် alert ပေးရမည်ဖြစ်၏။
မိမိတို့၏ လေကြောင်းကာကွယ်ရေးနှင့် တိုက်ခိုက်ရေး အုပ်စုများအား အနောက်ဖက် ကမ်းရိုးတန်းဒေသနှင့် ရခိုင်ပြည်နယ်ချင်းပြည်နယ် စပ်ကြားဒေသများသို့
Deploy လုပ်ထားရတော့မည်ဖြစ်၏။ လေကြောင်းတိုက်ခိုက်ရေး ယူနစ် လေးခုအား standby and midair အနေအထားဖြင့် နေရာယူ ကင်းလှည့် နေရတော့မည်။
ထို့ အတူ ဘင်္ဂလားဒေ့ရှ်သည်လည်း သူ့နယ်မြေလုံခြုံရေးအတွက် သူ၏တိုက်ခိုက်ရေးတပ်များကို ဆိုင်ထားလိမ့်မည်ဖြစ်သည်။ မိမိတို့ဖက်မှလုံးဝ စတင်ပစ်ခတ်ခြင်း ပြုလုပ်ရန် နိုင်ငံတကာအနေအထားနှင့် ဒေသဆိုင်ရာ အနေအထားအရ မလုပ်သင့်။
စစ်မဟာဗျူဟာဆိုင်ရာ အဓိက အာရုံစိုက်ရာဒေသသည် အနောက်ဖက် ဘင်္ဂလားဒေ့ရှ် နယ်စပ်စည်းဖြစ်သော်လည်း တိုင်းပြည်၏ တောင်ဘက် ရေပိုင်နက် နှင့်လေကြောင်း ကာကွယ်ရေး ကိုလည်းအထူးသတိထားဆောင်ရွက်ရမည်။
အိန္ဒိယနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သဘောထားနှင့် မိမိတို့ နိုင်ငံအပေါ်သဘောထားကိုလည်း သိရှိပြီးဖြစ်နေသင့်သည်။ ထိုသိရှိထားချက်မှ ထပ်မံ ကောက်ချက်ဆွဲကာ လိုအပ်သည့် ကာကွယ်ရေးဒေသဆိုင်ရာ ဆုံးဖြတ်ချက်များရှိသင့်သည်။
ထို့ပြင် နိုင်ငံတကာဝင်ရောက်ဖျန်ဖြေမှုများအတွက်လည်း ကြိုတင်စဉ်းစားပြင်ဆင်သင့်၏။ စစ်ပွဲဖြစ်ခဲ့လျှင်လည်း
ကာလရှည်လျားသည့်စစ်ပွဲအဖြစ်လုံးဝအဖြစ်မခံသင့်သလို တဖက် နိုင်ငံအားလည်း ၀င်ရောက်ကျူးကျော်မှုမလုပ်သင့် ထိုကဲ့သို့လုပ်လျှင် မိမိတို့သာလျှင် ဆုံးရှုံးရလိမ့်မည်။ ယခုဖြစ်လာမည့်စစ်ပွဲသည် တရားသောစစ်ပွဲသာလျှင်ဖြစ်သင့်သည်။
ပြည်သူလူထုနှင့် အဖွဲ့ အစည်းအသီးသီး အား လိုအပ်လျှင် လက်နက်တပ်ဆင်ပေးနိုင်ရင်အဆင့်အထိ စဉ်းစားထားသင့်၏။ တဖက်မှ လက်နက် အရံကျည် ရိက္ခာနှင့် ဆေးဝါးကိစ္စသည် စစ်ပွဲတပွဲ၏ အသက်ဖြစ်သည်ကိုလည်းမမေ့သင့်။

ဒေ၀ူးကုမ္မဏီနှင့် အခြား စီးပွားရေးကုမ္မဏီများ၏ အလားအလာ

ဒေ၀ူးကုမ္မဏီအနေနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရအား အချိုသပ် ဆက်သွယ်ပြီးဖြစ်သည်။ ယခု အရေးအခင်း ပြီးဆုံးသွားသည့်အချိန်တွင် ဒေ၀ူးနှင့်အခြားကုမ္မဏီများသည် ဘင်္ဂလားဒေ့ရှ်ကို သော်လည်းကောင်းမြန်မာနိုင်ငံကိုလည်းကောင်းပြန်လည်ချဉ်းကပ်လာလိမ့်မည်။ ထို့နောက် ယင်းတို့၏ စီးပွားရေးအကျိုးအမြတ်အတွက် ဒေသတွင်း ဆင်းရဲသော နိုင်ငံနှစ်ခုမှ အမြတ်ထုတ်မှုကို ပြန်လည်လုပ်ဆောင်လိမ့်မည်။
ကိုကိစ္စနှင့်ပတ်သက်၍ လည်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများသိပြီးဖြစ်သင့်သည်။

နိုင်ငံတော်အနာဂတ်ဆိုင်ရာ

ယခု အနေအထားသည် နအဖ ဗိုလ်ချုပ်များအတွက် မလိုအပ်သော စစ်ပွဲတပွဲကို အိမ်နီးချင်းနိုင်ငံနှင့် တိုက်ခိုက်ပြီး မိမိ ပြည်တွင်းရေးအကြပ်အတည်းအား ထွက်ပေါက်ရှာသည့်တိုက်ပွဲမဖြစ်သင့်။
နအဖ အနေနှင့် တဖက်က စစ်ရေးအရ နိုင်ငံတော်ကာကွယ်ရေးအတွက်ပြင်ဆင်နေသလို အခြား တဖက်မှလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံးအားလွှတ်ပေးပြီး ကေအန်ယူအပါအ၀င်ကျောင်းသားတပ်မတော်နှင့်တကွအားလုံးသောလက်နက်ကိုင်
ဒီမိုကရက်တစ်အင်အားစုများနှင့် တွေ့ ဆုံဆွေးနွေးရေးကိစ္စကို တပြိုင်နက်တည်း စေတနာမှန်မှန်ဖြင့်စတင်ဆောင်ရွက်သင့်၏။

ကျနော်တို့ နိုင်ငံသားများသည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း စပ်ဆိုခဲ့သလို အရေးကြီးလျှင်ဖြင့် သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း .. ကိုင်းထထကြွကြွနဲ့ဝိုင်းကြပေရော့ဆိုသည်ကို ရင်ထဲအသည်းထဲက နားလည်ထားကြသော မိသားစုဝင်များဖြစ်ကြပါသည်။
ထို့ကြောင့် ယခု ဖြစ်ပေါ်လာသော ကိစ္စရပ်အပေါ်အခြေခံကာ တဖက်မှ နိုင်ငံတော်ကာကွယ်ရေးစစ်ပွဲတပွဲအတွက် ၀ိုင်းဝန်းပြင်ဆင်ကြသလို တဖက်မှလည်း နိုင်ငံတော် ဂုဏ်သိက္ခာရှိရေး နိုင်ငံတကာအလည်တွင် မြန်မာလူမျိုးများသည် ညီညွတ် သွေးစည်းကြသလို တိုင်းပြည်၏ အခက်အခဲများတွင်လည်း မတူကွဲပြားမှုများအား နားလည်စေ့စပ် နိုင်ကာ စစ်မှန် သာယာသောဒီမိုကရေစီနိုင်ငံတော်သစ်အား ပြည်သူ ၊တပ်မတော် ၊တိုင်းရင်းသား ပြည်သူ လူထုခေါင်းဆောင်များ တစိတ်တည်းတ၀မ်းတည်း ၀ိုင်းဝန်း ဖြေရှင်းကြိုးပမ်းလျှက် သမိုင်းဆိုးသမိုင်းညစ်အား သမိုင်းသစ် ဖြစ်ရပ်သစ်များဖြင့် နောက်မျိုးဆက်၏ အနာဂတ်အတွက်နားလည်မှု အနစ်နာခံမှုများဖြင့် ၀ိုင်းဝန်းတည်ဆောက်လိုက်နိုင်ကြမည်ဆိုလျှင် ဘယ်လောက်ကျက်သရေရှိလိုက်မည်နည်း။

အောင်ချမ်း

မှတ်ချက် ။ ။ ယခု စဉ်းစားတွေးခေါ်ချက်သည် မိမိတဦးတည်း၏ စဉ်းစားတွေးခေါ်ချက်မျှသာဖြစ်သဖြင့် အားနည်းချက်များလိုအပ်ချက်များမုချရှိသည်။မြန်မာပြည်သူလူထုတိုင်းမြန်မာနိုင်ငံသားတိုင်းအမျိုးသားရေးအတွက် ၀ိုင်းဝန်းစဉ်းစား ရေးသားကာပိုမိုကောင်းမွန်သော အကြံဥာဏ်များကိုရှာဖွေ သင့်သလို နအဖ အနေဖြင့်လည်း ပေးအပ်လာသောနိုင်ငံသားတို့၏ အကြံဥာဏ်များအား ခေါင်းမာစွာ ပစ်ပါယ်ခြင်းမလုပ်သင့်။


ငရဲရောက်မှတော့ပြာပူမကြောက်တော့ဘူးဆိုတဲ့န၀တစစ်ခေါင်းဆောင်သန်းရွှေနှင့်နောက် လိုက်များ













မြန်မာပြည်သူတွေကိုတရားဝင်ဝန်ချတောင်းပန်ခြင်းမရှိသေးတဲ့အကြမ်းဖက်မြောက်ကိုရီးယားအစိုးရကို
န၀တစစ်အုပ်စုကကော်ဇောနီခင်းကြိုဆိုနေမှု

-မြတ်စိုး-

မြောက်ကိုရီးယားနိင်ငံခြားရေးဝန်ကြီးကင်ယောင်အီးကဒီနေ့ရန်ကုန်ကိုရောက်လာတယ်။၁၉၈၃ခုနှစ်ကမြောက်ကိုရီးယားအစိုးရကိုယ်တိုင်
အကြမ်းဖက်မှုပြုလုပ်ပြီး၊နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာကိုအကြမ်းဖက်စော်ကားခဲ့မှုပြုလုပ်ခဲ့တယ်။ဒီလိုဘဲ၁၉၈၈ခုနှစ်မှာလစ်ဗျားခေါင်းဆောင်
မိုဟာမက်ကဒါဗီဟာအစိုးရကိုယ်တိုင်အကြမ်းဖက်မှုပြုလုပ်ခြဲ့ပီး၊ပန်လေကြောင်းပိုင်လေယာဉ်တစီးကိုဗုံးဖောက်ခွဲခဲ့တယ်။လစ်ဗျားခေါင်းဆောင်
မိုဟာမက်ကဒါဗီဟာသူ့အစိုးရကိုယ်တိုင်အကြမ်းဖက်မှုပြုလုပ်ခဲ့မှုအပေါ်တကမ္ဘာလုံးကိုဝန်ချတောင်းပန်ခဲ့ပြီး၊အသက်ဆုံးသွားတဲ့မိသားစုဝင်တွေကို
လျှော်ကြေးတွေပေးခဲ့တယ်။ဘယ်လိုဘဲဖြစ်ဖြစ်သူ့ကိုကမ္ဘာ့မိသားစုအသိုင်းအ၀ိုင်းကတော့ဒီလိုအကြမ်းဖက်လုပ်ရပ်တွေအပေါ်လုံးဝခွင့်လွှတ်ကြမှာ
မဟုတ်ပါဘူး။သူဟာကမ္ဘာ့အကြမ်းဖက်သမားတယောက်အဖြစ်သမိုင်းမှာဆက်လက်တည်ရှိနေမှာပါ။

မြောက်ကိုရီးယားအကြမ်းဖက်အစိုးရဟာမြန်မာပြည်မှာကျူးလွန်ခဲ့တဲ့အကြမ်းဖက်လုပ်ရပ်တွေကိုကိုယ်တိုင်
တရားဝင်ရှုံ့ချတဲ့လုပ်ရပ်တွေကိုမပြုသေးပါဘူး။
ဒီနေ့အချိန်ထိကမ္ဘာကသိအောင်မြန်မာပြည်သူတွေကိုဝန်ချတောင်းပန်ခြင်းလည်းမရှိသေးပါဘူး။
ဒါပေမဲ့န၀တစစ်အုပ်စုကတော့တိုင်းပြည်နဲ့ပြည်သူ့မျက်နှာမထောက်၊အရှက်တရားကင်းမဲ့စွာနဲ့ဘဲမြောက်ကိုရီးယားနိင်ငံခြားရေးဝန်ကြီးကင်ယောင်အီးကို
ကော်ဇော်နီခင်းကြိုဆိုနေကြပြန်ပြီ။သူက..ကော်ဇော်နီခင်းကြိုလိုက်၊ငါက..ကော်ဇော်နီခင်းကြိုလိုက်၊ငရဲရောက်မှပြာပူမကြောက်တော့အကြမ်းဖက်
အုပ်စုအချင်းချင်းဗလောက်ဒါငါးအုပ်(flounderfish)တွေလိုခံတပ်ကိုတည်ဆောက်နေကြတာပါ။ဆိုလိုတာက
မြန်မာပြည်သူတွေကိုတရားဝင်ဝန်ချ
တောင်းပန်ခြင်းမရှိသေးတဲ့
အကြမ်းဖက်မြောက်ကိုရီးယားအစိုးရနဲ့တောင်န၀တစစ်အုပ်စုကဖက်လှဲတကင်းလုပ်နေကြပြီ။














မြန်မာပြည်သူတွေကိုတရားဝင်ဝန်ချတောင်းပန်ခြင်းမရှိသေးတဲ့အကြမ်းဖက်မြောက်ကိုရီးယားအစိုးရကို
န၀တစစ်အုပ်စုကကော်ဇော်နီခင်းကြိုဆိုနေမှု


ဒီလိုဘဲမောင်အေးကရုရှားသွားပြီးကေဂျီဘီတွေကိုမျက်နှာချိုသွေးရ၊စစ်အုပ်စုရဲ့ရုပ်သေးအစိုးရ၀န်ကြီးချူပ်မောင်သိန်းစိန်ကလည်း
ဗီယက်နမ်ကိုအစည်းအဝေးသွားလိုက်၊တရုတ်ပြည်ခေါင်းဆောင်တွေကိုမျက်ရည်ခံထိုးလိုက်နဲ့၊မြန်မာပြည်မှာန၀တစစ်အုပ်စုဟာ
ကွန်မြူနစ်အစိုးရတွေနဲ့ပလူးပလဲ၊ပုလင်းတူဗူးစို့လုပ်နေတာတွေ့ရလို့၊သတိတခုရမိပါရဲ့။သူခိုးကလူဟစ်လို့ပြောရမလိုဖြစ်နေပြီ။

၁၉၈၈ခုနှစ်ဒီမိုကရေအရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့စဉ်က၊ခွေးမှီးကောက်ကျည်ထောက်စွပ်န၀တစစ်ခေါင်းဆောင်တွေဟာမဆလပါတီကြီးကို
ဘုံးဘုံးလဲအောင်အနိုင်ယူတိုက်ပွဲဝင်ခဲ့တဲ့ဒီမိုကရေစီရရှိရေးတွက်တိုက်ပွဲဝင်ခဲ့သူတွေကိုမြန်မာပြည်ကွန်မြူနစ်ပါတီရဲ့သွေးထိုးလှုပ်ဆော်မှု ကြောင့်လို့ကင်ပွန်းတက်ခဲ့ကြတယ်။တချို့ကလည်းထင်ရောင်မှားခံလိုက်ရတာ၊စွပ်စွဲခံရတာကိုဘဲပီတဖြစ်ပြီး
ပြုံးပြုံးကြီးနဲ့မြုံးမိတဲ့ငါးလိုနေခဲ့ကြတယ်။

အမှန်တော့၁၉၈၈ခုကမြန်မာပြည်သူတွေအားလုံးဟာတိုင်းပြည်မှာအမတန်မှပျက်စီးဟောင်းနွမ်းပြီး၊ခေတ်ကာလနဲ့မညီတော့တဲ့မဆလစံနစ်ဆိုးကြီးကို
ပြောင်းလဲသင့်ပြီဆိုတဲ့အသိတရားတွေလူတိုင်းမှာကိန်းအောင်းနေကြတယ်။တတိုင်းပြည်လုံးကဒီစံနစ်ဆိုးကြီးအောက်မှာ၂၆နှစ်လုံးလုံးဆင်းရဲစွာခါးသီးစွာ
နေထိုင်ခဲ့ကြရလို့စိတ်ပျက်နေကြပြီ။ဒီလိုစိတ်ပျက်မခံမရပ်နိုင်ကြလို့ကျောင်းသား၊စစ်သား၊ဘုရားသား၊လယ်သမား၊အပါအ၀င်လူတန်စားအလွှာအသီးသီးက
ဆန့်ကျင်လာပြီး၊ခေတ်နဲ့အညီတိုးတက်ပြောင်းလဲလိုတဲ့စိတ်ဆန္ဒရင်းတွေနဲ့ပါဝင်လှုပ်ရှားတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတာပါ။လူနည်းစုတချို့မှာတော့ပုဂ္ဂိုလ်
ရေးကိုးကွယ်မှု၊အဖွဲ့အစည်းတချို့ရဲ့ဝါဒရေးရာလွှမ်းမိုးမှုတွေတော့ရှိခဲ့ကြပါတယ်။သူတို့လည်းနောက်ဆုံးတော့လူထူတရပ်လုံးရဲ့လှုပ်ရှားမှုအောက်
ရောက်လာခဲ့ကြတယ်။ပူးပေါင်းလာခဲ့ကြတယ်။

၁၉၈၈ခုဒီမိုကရေစီအရေးတော်ပုံကြီးကိုတကယ်လို့နိုင်ငံရေးပါတီတခုခုကဦးဆောင်လှုပ်ရှားခဲ့တာလို့လက်ခံနေကြရင်လည်း၊အဲဒီလက်ခံသူတွေ
ပြောဆိုနေတဲ့ပါတီဟာအမတန်မှညံ့ဖျင်း၊အသုံးမကျတဲ့ပါတီဘဲဖြစ်ရမယ်။အဲဒီပါတီခေါင်းဆောင်တွေဟာလူထုကိုဦးဆောင်နိုင်ခဲ့မှုမရှိဘူးဆိုတာ
ထင်ရှားတယ်။အရည်အချင်းညံ့ဖျင်းတဲ့သူတွေဘဲဖြစ်ရမယ်။နောက်ကွယ်ကညီးညူနေတဲ့မီဖိုချောင်နိုင်ငံရေးပါတီသာသာတခုသာဖြစ်မယ်။

အမှန်ကမြန်မာပြည်သူတွေ၊လူငယ်တွေဟာကမ္ဘာ့နိုင်ငံတော်တော်များများမှာခေတ်မှီရေစီးကြောင်းအတိုင်းလုပ်ဆောင်နေကြတဲ့
အခြားတိုးတက်ပြောင်းလဲနေတဲ့နိုင်ငံတွေကိုအားကျနေတဲ့အချိန်ပါ။အထူးသဖြင့်အာရှကျားငယ်နိုင်ငံတွေအပေါ်အားကျနေကြတာပါ။
ဥပမာ..ဆိုးမြို့လမ်းမတွေပေါ်မှာသွေးညီနံ့တထောင်းထောင်း၊မျက်နှာတင်းတင်း၊ဆင်းရဲမှုတွေကလွတ်မြောက်ဖို့ကျိုးစားခဲ့ကြတဲ့
တောင်ကိုရီးယားပြည်သူတွေရဲ့သူတို့နိုင်ငံမှာလုပ်ဆောင်နေကြတဲ့ပြုပြင်ပြောင်းလဲတိုးတက်နေမှုတွေ၊စစ်ပွဲပြီးရုန်းထွက်လွတ်မြောက်ခါစ
ပြုပြင်ပြောင်းလဲတိုးတက်အောင်လုပ်ဆောင်နေတဲ့ထိုင်ဝမ်နိုင်ငံ၊မလေးရှားနိုင်ငံ၊စင်္ကာပူနိုင်ငံ၊ဂျပန်နိုင်ငံတွေရဲ့တိုးတက် ပြောင်းလဲနေမှုတွေအပေါ်အထူးအားကျခဲ့ကြတယ်။ဒီလိုအားကျနေခဲ့ကြတဲ့အာရှတခွင်ကပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို
တရုတ်ကွန်မြူအစိုးရကပိတ်ဆို့တားဆီးပြီး၊ဒေသတွင်းစစ်အာဏာရှင်နိုင်ငံတွေပေါ်ပေါက်လာအောင်ဖန်တီးပေးခဲ့တယ်။

တချိန်ကကွန်မြူနစ်အယူအဆကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ရင်းမြန်မာ့တပ်မတော်သားတွေဟာအသက်တွေပေးဆပ်ခဲ့ဘူးတယ်။
၁၉၅၆ခုနှစ်ကစခဲ့တဲ့တရုတ်-မြန်မာစစ်ပွဲမှာအသက်စွန့်တိုက်ပွဲဝင်ခဲ့ကြတဲ့မျိုးချစ်တပ်မတော်သားတွေဒီနေ့မြန်မာ့တပ်မတော်မှာ
ခေါင်းဆောင်ပိုင်းတွေတောင်ဖြစ်နေကြပြီ။ဒီလိုအသက်စွန့်တိုက်ပွဲဝင်ခဲ့ကြတဲ့ရဲဘော်ရဲဘက်မျိုးချစ်တပ်မတော်သား တွေရဲ့မျက်နှာတောင်မထောက်ထား၊အသက်သေဆုံးသွားတဲ့မိသားစုဝင်ပြည်သူတွေကိုမတောက်ထားဘဲ၊မြောက်ကိုရီးယားအကြမ်းဖက်
ကွန်မြူနစ်အစိုးရခေါင်းဆောင်တွေကိုကော်ဇောနီခင်း၊ဖက်လှဲတကင်းပလူးပလဲကြိုဆိုမှုတွေမြင်နေရတော့၊မစင်ပုပ်လိုအင်မတန်မှ
စက်ဆုတ်စရာကောင်းပါတော့တယ်။နောက်လည်း
အာဏာရှင်သန်းရွှေဟာအခြားသောအကြမ်းဖက်အစိုးရတွေနဲ့ညီညွှတ်နေဖို့
ဝန်လေးတော့မှာမဟုတ်ဘူး။




ငရဲရောက်ပြီးပြာပုံမကြောက်တော့တဲ့အာဏာရှုးမောင်သန်းရွှေ

ဒီနေ့တရုတ်နိုင်ငံဟာခေတ်သစ်စာမျက်နှာဖွင့်ပြုပြင်မှုတွေပြုလုပ်နေပြီး။တရုတ်၊ရုရှားလူငယ်တွေဟာတိုးတက်ပြောင်းလဲမှုတွေကိုစိတ်အား
ထက်သန်နေကြတယ်။တရုတ်ခေါင်းဆောင်တွေဟာပွင့်ပွင့်လင်းလင်းနဲ့မှားယွင်းခဲ့မှုတွေကိုဝန်ခံမှုတွေရှိနေကြတယ်။ဆိုလိုတာက
ကွန်မြူနစ်အစစ်တွေတောင်ပြောင်းလဲမှုလိုလားနေကြတယ်။မြန်မာန၀တစစ်အုပ်စုခေါင်းဆောင်တွေကတော့ခေတ်နောက်ကျပြီး
ပြုပြင်ပြောင်းလွှဲလိုမှု့မလိုလားတဲ့ကွန်မြူနစ်ခေါင်းဆောင်တုတွေကို၊ကိုးကွယ်နေတဲ့ဘာသာတခုထက်တောင်ကြည်ညိုလေးစားနေသည်
ထင်ပါရဲ့။

အချစ်ရူးရူးနေတဲ့အပျိုပေါက်တယောက်လို...သူ့ရဲ့ရည်းစားကပြောတဲ့စကားက၊မိဖပြောစကားတွေထက်တောင်ပေါက်မြောက်နေတယ်
ဆိုတဲ့အတိုင်း၊န၀တစစ်အုပ်စုခေါင်းဆောင်တွေဟာနိုင်ငံတကာမိသားစုတွေရဲ့စကားထက်၊ကွန်မြူနစ်နိုင်ငံတွေရဲ့စကားတွေကိုပိုပြီး
အားကျအတုယူနေကြပြီ။ကျိမ်းသေတာကတော့ဒီနေ့မြန်မာစစ်တပ်မှာကွန်မြူနစ်လိုလားတဲ့စစ်အုပ်စုခေါင်းဆောင်တွေကြီးစိုး
အာဏာယူနေကြပြီ။
တိုင်းပြည်တိုးတက်ဖို့၊ခေတ်ရေစီးကြောင်းနှင့်အတူပြုပြင်ပြောင်းလွှဲမှုတွေလုပ်ဖို၊့ပြည်သူတွေဆင်းရဲနေမှု
အောက်ကလွတ်မြောက်ဖို့၊ကမ္ဘာ့အသိုင်းအ၀ိုင်းထဲပြန်ဝင်လာနိုင်ဖို့အသိတရားရှိကြသောတပ်မတော်သားအားလုံးပြည်သူနဲ့
အတူလက်တွဲတိုက်ပွဲဝင်ကြပါ။


Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.