Saturday, November 15, 2008

[HEALTH INFORMATION] 1 New Entry: မယ်လမင်းနှင့် ကျန်းမာရေး ပြဿနာများ (Melamine & Health Problems)

မယ်လမင်းနှင့် ကျန်းမာရေး ပြဿနာများ (Melamine & Health Problems)


အခုတလော ကျန်းမာရေးဆိုင်ရာ သတင်းများထဲတွင် တရုတ်နိုင်ငံထုတ် နို့မှုန့်များထဲ၌ လူကိုအန္တရာယ် ဖြစ်စေသော မယ်လမင်း ဓာတ်များပါဝင်သည့်သတင်းက တုန်လှုပ်စရာ စိတ်ဝင်စားစရာ သတင်းတစ်ခု ဖြစ်နေပါတယ်.. ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်ထိ ရရှိထားပြီးသော စာရင်းများအရ တရုတ်နိုင်ငံတွင် မယ်လမင်း ပါဝင်သော နို့မှုန့် သောက်သုံးမိခြင်းကြောင့် နာမကျန်းဖြစ်သူ ၅၃၀၀၀ ရှိပြီး ၁၂၈၀၀ ကျော်မှာ ဆေးရုံတက် ကုသမှု ခံယူနေရကာ ကလေးငယ် ၄ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်..


မယ်လမင်းသည် အသားဓာတ် (ပရိုတိန်း) ကဲ့သို့ နိုက်ထရိုဂျင် ကြွယ်ဝတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်.. ပရိုတိန်းဓာတ်က ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ် ဖြစ်သော်လည်း မယ်လမင်းဓာတ်ကတော့ ခန္ဓာကိုယ်အတွက် အသုံးမကျဘဲ ဆိုးကျိုးကိုသာ ရစေပါတယ်.. မယ်လမင်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်ဟာ ပြိုကွဲမှုနှုန်း နှေးသည့်ပြင် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီးပါက တော်ရုံနဲ့ ပြန်မထွက်နိုင်တော့ဘဲ ကြာလာတဲ့အခါ အဆိပ်ဓာတ် အဖြစ် ဒုက္ခပေးပါတော့တယ်..


အစားအစာ တစ်ခုတွင် ပရိုတိန်းပါဝင်မှုကို နိုက်ထရိုဂျင် ပါဝင်မှုဖြင့် တိုင်းပါတယ်.. "Kjeldaha Protein Test" "Dumas Protein Test" တို့ဖြင့် စမ်းသပ်၍ နိုက်ထရိုဂျင် များများပါလျှင် ပရိုတိန်း ကြွယ်ဝသဖြင့် များများ စားသင့်သည်ဟု သတ်မှတ်ချက် ထုံးစံ ရှိပါတယ်.. ဒါပေမယ့် စမ်းသပ်တွေ့ရှိတဲ့ နိုက်ထရိုဂျင်ဟာ အမှန်တကယ် ပရိုတိန်းလား? မယ်လမင်းလား? ဆိုတာကို ခွဲခြား မသိနိုင်ပါ.. ဒါကို အခွင့်ကောင်းယူ၍ စီးပွားရေးသမားများက နို့မှုန့်ထဲ မယ်လမင်း ထည့်ပြီး ပရိုတိန်း များသယောင်ယောင် ထင်မှတ်မှားအောင် ထုတ်လုပ် ရောင်းချလာကြပါတယ်..





မယ်လမင်း အစ

မယ်လမင်းကို ဂျာမန် ဓာတုဗေဒပညာရှင် Justus Vonliebig က အေဒီ ၁၈၃၄ ခုနှစ်တွင် တီထွင်တွေ့ရှိခဲ့ပါတယ်.. မယ်လမင်းဟာ အင်မတန်အသုံးဝင်တဲ့ စက်မှုကုန်ကြမ်း တစ်မျိုး ဖြစ်ပါတယ်.. မယ်လမင်းကို ဖော်မယ်လ်ဒီဟိုက်နဲ့ ပေါင်းလိုက်ပါက Melamine Resin ရရှိပြီး ၎င်းကို ပလတ်စတစ် ခွက်ယောက် အသုံးအဆောင်များတွင် သုတ်လိမ်း လိုက်တဲ့အခါ ပေါ့ပါးခိုင်ခန့်လှတဲ့ မယ်လမင်း အသုံးအဆောင်များ ဖြစ်လာပါတယ်.. မယ်လမင်း အသုံးအဆောင်များဟာ ပေါ့ပါးလှပ၍ တော်ရုံနဲ့ ကွဲအက် ပျက်စီးခြင်းမရှိသဖြင့် ကမ္ဘာတစ်လွှား လူကြိုက်များပါတယ်.. မယ်လမင်းဟာ နိုက်ထရိုဂျင် များစွာပါဝင်လို့ ဓာတ်မြေသြဇာ အဖြစ် စမ်းသုံးကြည့်သော်လည်း မအောင်မြင်ခဲ့ပါဘူး.. တိရိစ္ဆာန်အစာထဲ ထည့်သုံးကြည့်တော့လည်း မသင့်တော်ကြောင်း တွေ့ရှိခဲ့ပြန်တယ်..


မယ်လမင်းဟာ များပြားစွာ ထိတွေ့ပါက အန္တရာယ် ကြီးမားတဲ့ ပစ္စည်း ဖြစ်ပါတယ်.. ကြွက်များတွင် စမ်းသပ်မှုများအရ >3,000 mg/kg နှုန်းနဲ့ စားသုံးမိပါက မျိုးပွားနိုင်မှုကို ထိခိုက်စေခြင်း၊ ဆီးအိတ် (Urinary Bladder) နဲ့ ကျောက်ကပ် (Kidney) တွင် ကျောက်တည်ခြင်း၊ ဆီးအိမ်ကင်ဆာ ဖြစ်ခြင်း (Ca Bladder)၊ ကျောက်ကပ်ပျက်စီး သေဆုံးခြင်းများ တွေ့ရှိခဲ့ပါတယ်.. ၁၉၅၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသနအရ ခွေးများကို မယ်လမင်း ၃ % ပါဝင်သော အစားအစာများကို တစ်နှစ်ကြာ ကျွေးပြီးတဲ့အခါ စမ်းသပ် တွေ့ရှိချက်အရ ဆီးထဲမှာ မယ်လမင်းဓာတ် ပါဝင်လာခြင်း၊ ဆီးအနည်ပါခြင်း၊ ဆီးထဲတွင် သွေးပါခြင်း (Haematuria)၊ ဆီးထဲတွင် ပရိုတိန်းဓာတ် ပါလာခြင်း (Proteinuria)၊ ဆီးသွားများလာခြင်း (Polyuria) တို့ တွေ့ရှိခဲ့ပါတယ်..


တကယ်တော့ မယ်လမင်းပြဿနာဟာ ကောက်ရိုးမီးလို အခုမှ ဟုတ်ကနဲ တောက်ပြီး ပေါ်လာတာ မဟုတ်ဘဲ ဖွဲမီးလို တငွေ့ငွေ့ လောင်နေခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပါပြီ.. မယ်လမင်းပါဝင်တဲ့ တိရိစ္ဆာန် အစားအစာများကြောင့် အိမ်မွေးတိရိစ္ဆာန်များ နာမကျန်း သေဆုံးမှုများ ရှိကြောင်း ၂၀၀၇ ခုနှစ်ထဲမှာပင် သတိထားမိ လာကြပါတယ်.. ၂၀၀၇ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ အမေရိက အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က ထုတ်ပြန်ကြေညာရာတွင် တရုတ်နိုင်ငံ Xuzhou Anying Biologic Technology မှ ထုတ်လုပ်တဲ့ တိရစ္ဆာန် အစားအစာများမှာ မယ်လမင်းဓာတ် ပါဝင်ကြောင်း၊ ၎င်းအစားအစာများကို စားသုံးမိသော အိမ်မွေးတိရစ္ဆာန်များတွင် ဆီးကျောက်တည်ခြင်း၊ ဆီးတွင် သွေးပါခြင်းများ ဖြစ်စေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်..


၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်း ရောက်လာသောအခါ ကလေးငယ်များမှာ ထူးထူးခြားခြား ဆီးထဲသွေးပါခြင်း၊ ဆီးကျောက် ဆီးထဲပါလာခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း စတဲ့ ရောဂါများ သိသိသာသာ ဖြစ်လာကြောင်း သတိပြုမိလာကြတယ်.. သံသယစိတ်ဖြင့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် လေ့လာလိုက်သောအခါ ရောဂါအဓိက ဖြစ်ပွားရာ တရုတ်ပြည် အနောက်မြောက်ပိုင်းရှိ Gansu ဒေသတွင် ဝယ်ယူရရှိနိုင်သော ကလေးနို့မှုန့် အမျိုးအမည် ၂၂ မျိုးတွင် မယ်လမင်း ပါဝင်ကြောင်း တွေ့ရှိခဲ့ပါတယ်.. Mengnuiu , Yill နဲ့ Yashili အပါအဝင် အခြားကုမ္ပဏီများမှ ထုတ်လုပ်တဲ့ နို့မှုန့်များတွင်လည်း မယ်လမင်းဓာတ် ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်.. မယ်လမင်းဓာတ်ဟာ သူ့ချည်းသက်သက် ဖြစ်ပါက အန္တရာယ် မပေးနိုင်သော်လည်း Cyanuric Acid နဲ့ တွဲဖက်မိပါက ကျောက်တည်ခြင်းကို ဖြစ်စေပါတယ်..


တစ်ဖန် မယ်လမင်း အသုံးအဆောင် များနှင့် ပတ်သက်၍လည်း သတိထားစရာ ရှိလာပါတယ်.. ဗြိတိန်တွင် ၂၀၀၄ ခုနှစ်က မယ်လမင်း အသုံးအဆောင် ၅၀ ကို လေ့လာခဲ့ပါတယ်.. မယ်လမင်း အသုံးအဆောင်များကို အပူချိန် 70ံC ရှိသော အရည်ထည့်ကာ ၂ နာရီကြာ ထားကြည့်ခြင်း၊ ပန်းသီးဖျော်ရည် ထည့်ကြည့်ခြင်းများ ပြုလုပ် လေ့လာသောအခါ ပစ္စည်း ၅၀ အနက် ၄၃ ခုက မယ်လမင်း စိမ့်ထွက်မှုရှိပြီး၊ အခု ၅၀ စလုံးက ဖော်မယ်လ်ဒီဟိုက် ထွက်ရှိလာကြောင်း တွေ့ရှိရပါတယ်.. အဆိုပါတွေ့ရှိမှုကြောင့် ဈေးကွက်မှ ဖယ်ရှားစေခဲ့သည့် ဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးပါတယ်.. မယ်လမင်း အသုံးအဆောင်များကြောင့် ကျန်းမာရေး ထိခိုက်စေကြောင်း ခိုင်မာတဲ့ တိုက်ရိုက်တွေ့ရှိမှုမျိုး မတွေ့ရသေးသော်လည်း သတိထားရမယ့် အခြေအနေဖြစ်ကြောင်း သိထားသင့်ပါတယ်..


မယ်လမင်း အန္တရာယ်မှ ကင်းဝေးစေရန် အောက်ပါအချက်များကို လိုက်ာရန် လိုအပ်ပါတယ်..

  • ကလေးငယ်များကို မိခင်နို့သာ ပထမ ဦးစားပေးအဖြစ် ရွေးချယ် တိုက်ကျွေးပါ.. မယ်လမင်း ပါဝင်မှု မရှိကြောင်း သေချာသော နို့မှုန့်ပင် ဖြစ်ပါစေ၊ မိခင်နို့ကို အစားထိုးရန် မဖြစ်နိုင်ကြောင်း သတိရပါ..
  • အကြောင်းကြောင်းကြောင့် မိခင်နို့ တိုက်ကျွေးရန် မဖြစ်နိုင်ပါက သန့်ရှင်း လတ်ဆတ်သော နွားနို့ကို ကျိုချက် တိုက်ကျွေးပါ..
  • မယ်လမင်း ပါဝင်မှုကို စစ်ဆေးထားပြီး မယ်လမင်း ပါဝင်မှု မရှိကြောင်း အာမခံချက် ပါရှိသော နို့မှုန့်ကိုသာ ရွေးချယ် သုံးစွဲပါ..


မည်သို့ပင် ဆိုပါစေ မယ်လမင်း ပြဿနာဟာ မျက်မှောက်ခေတ် တီထွင် ကြံဆမှုများကို စိန်ခေါ်မှု တစ်ရပ်အဖြစ် ရှုမြင်တတ်ရပါမယ်..သဘာဝအတိုင်းနေ၊ သဘာဝကျကျ စားလျှင် အန္တရာယ် နည်းပါးသလောက် ဓာတုဗေဒ နည်းများကို အတတ်ဆန်းကာ အလွဲသုံးပါက အများသူငါအတွက် ကြီးမားသော ကျန်းမာရေး ပြဿနာကို ဆောင်ကြဉ်းပေး နိုင်ကြောင်း သဘောပေါက်စေရန် ရေးသားတင်ပြ လိုက်ပါတယ်..




2008 Nov, ထုတ် အာရောဂျံ မဂ္ဂဇင်းမှ ဆရာ မြတ်ထွဋ်ညွန့်(ဆေး-၂)၏ ဆောင်းပါးကို အကျဉ်းချုပ် တည်းဖြတ် ဖော်ပြပါသည်။

You received this email because you are subscribed to the real_time feed for http://drwinthein.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်သူ့ ပုံရိပ်] 1 New Entry: ဆန့်ကျင်ဘက်များနှင့်ညီမျှခြင်း

ဆန့်ကျင်ဘက်များနှင့်ညီမျှခြင်း

ငါဟာ ..
ဒီနေ့လို အနေအထားကိုရောက်ဖို့
ဘ၀ကို ..သုညက မစခဲ့ရပေမဲ့
ဖြတ်လမ်းက လိုက်ခဲ့သူလဲမဟုတ်ဘူး …

အခြေအနေအရ
နေသာသလို နေခွင့်ရှိရင်တောင်
ဟန်ဆောင်မှုကို လက်မခံတတ်ဘူး …

ချစ်ခြင်းနဲ့မုန်းခြင်း
အဖြူအမည်း အသားရောင်ခြားနားခြင်း
အောင်မြင်ခြင်းနဲ့ ရှုံးနိမ်ခြင်း
မွေးဖွားခြင်းနဲ့ သေဆုံးခြင်း
တည်မြဲခြင်းနဲ့ ပျောက်ဆုံးခြင်း
ဆန့်ကျင်ဘက်တွေနဲ့ ညီမျှခဲ့တဲ့ လောကကြီးမှာ …

ငါဟာ
လိုချင်တာတစ်ခုအတွက်
အခက်အခဲတွေကို ကျော်ဖြတ်ရဖူးတယ် ..
ရလဒ်တွေအတွက်လဲ
ကျေနပ်ကြည်နူးခဲ့ဖူးတယ် ...
ပိုင်ဆိုင်ချင်တာတွေအတွက်
အရင်စွန့်လွှတ်ခဲ့ရဖူးတယ် …
ပိုင်ဆိုင်လာတာတွေအတွက်
ဝမ်းသာပျော်ရွှင်ခဲ့ဖူးတယ် …

ဘ၀ဟာ
ဘယ်အရာကိုမှ .. ဘယ်ခံစားမှုမျိုးမှ ..
အမြဲတမ်း အပြည့်အဝ
ခံစားရရှိစေခဲ့တာမဟုတ်ဘူးဆိုတာကို
လက်ခံထားတဲ့ငါ့အတွက်တော့
တခါတလေ မျက်ရည်ကျတတ်သလို
တတ်နိုင်သလောက် အပြုံးမပျက်ဖို့လဲ
ငါသင်ယူတတ်မြောက်ခဲ့ပါတယ် ..

By ..DecemberCinderella

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[khin oo may] 2 New Entries: lazy morning

lazy morning




ထမင်းကြော်

E pipe

e.ပိုက် ပိတ်သွားပြန်ပြီ လို့အင်ဂျင်နီယာ က တင်ပြ လာတာနဲ့ခေါင်း ခြောက် သွားတယ်။ e တုံး ကဘဲ ကြီးလေ သလား။ တစ်ရှူးစက္ကူတွေ ကဘဲ ပိတ်လေ သလား။ အကြံ မရတာနဲ့ ရွှန်းမီပြောတဲ့ Heart museum ကလဲ ထောက်ခံထားတဲ့ MR MUSCLE DRAIN DECLOGGER ကို NTUC မှာ မိုးထဲ လေထဲ သွားဝယ်။ တစ်နာရီလောက် ထာြး့ပီး စုပ်ခွက်နဲ့တွနးချ တော့ ရေ ဆင်းသွားတယ်။ ဒါပေမဲ့ နှေးသေးတယ်။

စိတ် မချသေးတာနဲ့ byakga အကြံပေးထားတဲ့အတိုင်း ကိုကာကိုလာ တပုလင်းကို ထည့်လိုက်တယ်။ ခဏနေတော့ sprite တဗူးကို ထည့်ပြန် တယ်။ ကိုပေါ ညွန်ကြားတဲ့ အတိုင်း mentos သုံ့းပြား (သူကတော့ တပြားနှစ်ပြားလို့ဘဲ ပြောပါတယ်။ အမှန် က သူက Boyz (ကို အကြံပြူတာကို ကိုယ်က လိုသလို အသုံြး့ပူ ) ကို ထည့်လိုက်တယ်။ sprite တွေ ဆူသွားတယ်။ sprite သူံ့းဗူး ထည့်လိုက်တယ်။ ရေနွေးတွေလည်း ကြိုပြီး ငါးဗူးလောက် လောင်းလိုက်တယ် ။ စပရိုက် ၇ ဗူးနဲ့ ကိုကာကို လာ တဗူးပို နေ တာကိုတော့ ကိုယ်ဘဲ သောက်တော့ မယ်။ အခု အိုကေ သွားပါပြီ။ အားလုံး ကို ကျေးဇူးတင် ရှိပါကြောင်း။
(အမှန်က camy ဆပ်ပြာတုံး အသစ် ပိတ်သွားတာပါ။)

You received this email because you are subscribed to the real_time feed for http://khinoomay77.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[BAGANLAND] 1 New Entry: “CrackBerry Love” Features Hot Ladies, Sounds Really, Really Bad

"CrackBerry Love" Features Hot Ladies, Sounds Really, Really Bad

You received this email because you are subscribed to the real_time feed for http://baganland.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sai Wunna] 3 New Entries: ၀ ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို အမေရိကန် ထိန်းချုပ်

ဝ ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို အမေရိကန် ထိန်းချုပ်

မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေသောကြောင့် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ထိပ်သီး ခေါင်းဆောင်များနှင့် သူတို့နှင့် ဆက်နွယ်သော ကုမ္ပဏီများ ပိုင်ဆိုင်မှုများကို ထိန်းချုပ်သော တားမြစ် အရေးယူမှု ပြုလုပ်လိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်သော အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘိန်းရာဇာတဦးဖြစ်သော ဝေရှောက်ခန် အပါအ၀င် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)မှ ပုဂ္ဂိုလ် ၂၆ ဦးနှင့် ရန်ကုန်အဲယားဝေး၊ ဟုန်ပမ်း ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၁၇ ခုတို့ကို မူးယစ်ဆေးဝါးဆိုင်ရာ ကင်းပင်း အက်ဥပဒေအရ သူတို့၏ အမေရိကန်နိုင်ငံတွင်းရှိ ပိုင်ဆိုင်မှု ငွေနှင့် ပစ္စည်းများကို ထိန်းချုပ်ခြင်းနှင့် ဆက်သွယ်မှု တားမြစ်သည်ဟု အမေရိကန် အစိုးရ ဘဏ္ဍာရေးဌာန၏ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ဌာန (OFAC) ၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

“ဒီနေ့ OFAC က ‘ဝ’ စစ်ဗိုလ်ကြီးတွေနဲ့ သူတို့ ငွေကြေးကို ဦးတည်ပြီးတော့ သူတို့ရဲ့ ကြီးမားတဲ့ မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်လိုက်တယ်။ တခြားတိုင်းပြည်တွေကလဲ ဒီလိုမျိုးလုပ်ကြဖို့ ပြောချင်ပါတယ်” ဟု ဟမ်မရယ်က ပြောသည်။

ဝေရှောက်ခန်၏ ညီနှစ်ဦးဖြစ်သော ဝေရှောက်လောင် နှင့် ဝေရှောက်ရင်၊ UWSA၏ စစ်သေနာပတိချုပ်တဦးဖြစ်သော ပေါင်ယုဆိုင်နှင့် ညီအစ်ကို ၅ ဦး၊ ဟိုချန်တင်နှင့် ရှီခူနန်တို့အပါအ၀င် သူတို့၏ မိသားစုဝင်များနှင့် သူတို့နှင့် ပူးပေါင်းလုပ်ကိုင်နေသော မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်နှင့် တရုတ်တို့မှ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

“UWSA ဟာ အရှေ့တောင်အာရှတခွင်မှာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတဲ့၊ ဖြန့်ချီ ကုန်သွယ်မှု ပြုလုပ်နေတဲ့ အကြီးဆုံးနှင့် အာဏာ အရှိဆုံး အဖွဲ့စည်းတခု ဖြစ်တယ်” ဟု OFACမှ ဒုညွှန်ကြားရေးမှူး ဘာဘရာ စီ ဟမ်မရယ်က ကြေငြာချက်တွင် ပြောကြားသည်။

တားမြစ်ခံရသော ကုမ္ပဏီများတွင် ဟုန်ပန်း ကုမ္ပဏီလုပ်ငန်းစု လက်အောက်မှ ဟုန်ပန်းအမည်နှင့် လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်တူးဖော်ရေး၊ အထည်အလိပ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ၊ စင်ကာပူနှင့် မြန်မာရှိ တက်ခမ်း ဆောက်လုပ်ရေး ကုမ္ပဏီ၊ တက်ခမ်း ကျောက်မျက် ကုမ္ပဏီ၊ ရန်ကုန်အဲဝေး လေကြောင်းလိုင်း၊ Vest Spectrum (S) pte., Ltd. တရုတ်နိုင်ငံမှ Dehong Thailong Hotel Co., Ltd၊ ထိုင်းနိုင်ငံမှ Sangsiri Kankaset Company Limited နှင့် Khum Thaw Company Limited တို့ပါဝင်သည်။

ကင်းပင်းအက်ဥပဒေမှ တားမြစ်ချက်များကို ချိုးဖောက်လျှင် အဖွဲ့စည်းလိုက် ပါဝင် ပတ်သက်မှုအတွက် ငွေဒဏ် အမေရိကန် ဒေါ်လာ ဆယ်သန်း အထိ၊ တဦးချင်း ပါဝင်ပတ်သက်မှုအတွက် အမေရိကန်ဒေါ်လာ ၅ သန်းအထိနှင့် ထောင်ဒဏ် နှစ် ၃၀ အထိ ပြစ်ဒဏ်များ ကျခံရနိုင်သည်။

အမေရိကန် အစိုးရက ဝေရှောက်ခန်ကို ဖမ်းမိလျှင် ဒေါ်လာ ၂သန်းအထိ ဆုချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည်။ သမတ ဘုရှ်က ၂၀၀၅ ခုတွင် ဝေရှောက်ခန်တို့ ညီအစ်ကို ၃ ဦးနှင့် ပေါင်ယုဆိုင် ညီအစ်ကို ၅ ဦးတို့ကို ဘိန်းရာဇာ စာရင်းတွင် ထပ်မံ ထည့်သွင်း ကြေငြာခဲ့သည်။

လက်ရှိအချိန်တွင် ဝေရှောက်ခန်သည် UWSA ၏ အကြီးတန်း စစ်ဦးစီးချုပ်ဖြစ်သည်။ တရုတ်နိုင်ငံ ယူနန်ပြည်သားဖြစ်သူ ဝေရှောက်ခန်သည် တရုတ်-မြန်မာ နယ်စပ်သို့ ရောက်ရှိလာပြီးနောက် ဘိန်းဘုရင် ခွန်ဆာ၏ ဘဏ္ဍာထိန်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၀ တွင်မူ ခွဲထွက်ပြီးနောက် ကိုယ်ပိုင် ဘိန်းအင်ပါယာများကို တည်ထောင်ခဲ့ကြသည်။ ဝေရှောက်ခန် ညီအစ်ကိုများသည် ၁၉၈၉တွင် ပေါင်ယုဆိုင် ညီအစ်ကိုများ၏ UWSA နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး အကြီးတန်း အရာရှိ တဦးအဖြစ် ပါဝင်ခဲ့သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်ခံ ဖြစ်ခဲ့ရာမှ ၁၉၈၉ ခုနှစ် မတ်လအတွင်းတွင် အင်အား နှစ်သောင်းကျော်နှင့် ခွဲထွက်ပြီး UWSA ဟု ၀ များက ထူထောင်ခဲ့သည်။ များမကြာမီ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သည်။

အပစ်ခတ် ရပ်စဲပြီးနောက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ မြောက်ဖက်ရှိ ပန်ဆန်းမှ မြောက်ဖက် ယိင်းချန်းဒေသအထိ တရုတ် - မြန်မာ နယ်စပ်ကို ‘၀’ အထူးဒေသ (၂) ဟု သတ်မှတ်နေထိုင်သည်။

http://www.mizzimaburmese.com/news/regional/1985-2008-11-14-12-39-10.html

သတင်းထောက် အိမ့်ခိုင်ဦးကို ထောင်ဒဏ် ၂ နှစ် ချမှတ်

လှုပ်ရှားတက်ကြွသူများအား စဉ်ဆက်မပြတ် ပြစ်ဒဏ်စီရင်ချက် နောက်ဆက်တွဲအဖြစ် နာဂစ်လေဘေး ဒုက္ခသည်အရေး လိုက်လံသတင်းယူခဲ့သူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား တာမွေတရားရုံး၌ ယနေ့ ထောင်ဒဏ် ၂ နှစ်ချလိုက်သည်။

အသက် ၂၄ နှစ်အရွယ် မအိမ့်ခိုင်ဦးအား တာမွေမြို့နယ် တရားရုံးက လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားရာမှ တရားဆိုင်ဘက်မှ ရှေ့နေ တက်ရောက်ခွင့် မရှိသော တရားခွင်တွင် စီရင်ချက် ချလိုက်ခြင်း ဖြစ်သည်။

“ဒီနေ့ နေ့လယ်မှာ ၂ နှစ် အမိန့်ချလိုက်တယ်။ သူ့ကို အမှုလိုက်တဲ့ ရှေ့နေ့ ဦးမောင်မောင်ဝင်းက လိုက်တယ်။ ဒီနေ့ အမှုလိုက် ရှေ့နေတယောက်မှ မရှိဘဲ တရားသူကြီး ဒေါ်သန်းသန်းကနေ အမှုကို စီရင်လိုက်တာ။ သူတို့ကို ထောင်ကို ပြန်ခေါ်တဲ့အချိန်မှာ မိသားစုတွေနဲ့ တွေ့ခွင့်ရတယ်” ဟု လုပ်ဖော်ကိုင်ဖက်တဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ လေဘေးဒုက္ခသည် ၃ဝ ခန့်က ရန်ကုန်ရှိ နိုင်ငံတကာမှ အစိုးရမဟုတ်သောအဖွဲ့ (အန်ဂျီအို) များထံ သွားရောက်၍ အကူအညီ တောင်းခံရာတွင် မအိမ့်ခိုင်ဦးက သတင်းလိုက်ယူရင်း တာမွေမြို့နယ် နတ်မောက်လမ်းရှိ ယူအန်ဒီပီ ရုံးရှေ့တွင် အဖော်ဖြစ်သူ ကိုကျော်ကျော်သန့်နှင့်အတူ အဖမ်းခံခဲ့ရသည်။

ကိုကျော်ကျော်သန့်က ဆူပူအောင် လှုံ့ဆော်မှုအပြင် နိုင်ငံရပ်ခြားသို့ တရားမ၀င် သွားလာမှု ပုဒ်မ ၁၃ (က) ဖြင့် ၅ နှစ်ပါ ထည့်ပေါင်း၍ စုစုပေါင်း ၇ နှစ် ကျခံခဲ့ရသည်။

မအိမ့်ခိုင်ဦးသည် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက်အလုပ်ကို လုပ်ခဲ့သည်မှာ ၂ လခန့်သာ ရှိသေးသည်။

ယနေ့တွင် စစ်အစိုးရက သဘောကွဲလွဲသူ အနည်းဆုံး ၁၅ ဦးကို ထောင်ဒဏ်စီရင်ချက်များ ချမှတ်ခဲ့သည်။ မဇ္ဈိမအနေဖြင့် ဆက်လက် သတင်းထုတ်ပြန်သွားမည် ဖြစ်သည်။

ဒီနေ့  ထောင်ချခံခဲ့ရသူတွေကတော့

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှအန်အယ်လ်ဒီလူငယ်များဖြစ်ကြသည့် ကိုကျော်ကျော်လင်း ကိုကျော်ဇင်ဝင်း၊
ကိုအောင်ကျော်ဦး၊ မကြည်ကြည်ဝါ နှင့် ကိုနေဇာမျိုးဝင်းတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက
ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်။

၎င်းအပြင် မကြည်ကြည်ဝါအားမတရားအသင်းအက်ဥပဒေနှင့် ဗီဒီယိုအက်ဥပဒေတို့ဖြင့်နောက်ထပ်၆နှစ်၊
ကိုကျော်ဇင်ဝင်းအား မတရားအသင်းအက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှု
တို့ဖြင့် နောက်ထပ် ၁၁ နှစ်၊ ကိုကျော်ကျော်လင်းအား နယ်စပ်ဖြတ်ကျော်မှုဖြင့်နောက်ထက် ၅ နှစ် ချမှတ်
လိုက်သည်။

တောင်ဒဂုံမြို့သစ်မြို့နယ်မှ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုညီညီမင်းနှင့် ကိုတင်ဝင်းတို့ကို ထောင်ဒဏ် ၂ နှစ်
နှင့် သာကေတ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်မြင့်ကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက် သည်။

ယမန်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲစီချမှတ်ခဲ့ပြီးဖြစ်သည့် လှိုင်သာယာ မြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ
ဖြစ်ကြသော ကိုသန့်ဇင်မျိုး၊ ကိုဆန်းဝင်းနှင့် ကိုကျော်စိုးဝင်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ထပ်မံ ချမှတ်
လိုက်သည်။

ကိုသန့်ဇင်မျိုးနှင့်ကိုဆန်းဝင်းတို့အပါအဝင်လှိုင်သာယာမှအန်အယ်လ်ဒီအဖွဲ့ဝင်တဦးဖြစ်သည့်ကိုသန့်ဇော်မြင့်
အား ထောင်ဒဏ် ၉ နှစ်ခွဲစီ ယနေ့ချမှတ်လိုက်ပြီး အင်းစိန်ထောင်တွင်း၌ ယာယီရုံးထိုင်ထားသည့် ကမာရွတ်
တရားရုံးက ကိုကျော်စိုးဝင်းအပါအဝင် ကမာရွတ်အန်အယ်လ်ဒီ ပါတီဝင် ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာ
အန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်မငယ်တို့အား ထောင်ဒဏ် ၇ နှစ်ခွဲစီ ချမှတ်လိုက်သည်။

မန္တလေးမှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင် နှင့် ကိုဇော်ဝင်း တို့ လည်း
ထောင်ဒဏ် ၄ နှစ်ခွဲစီ ယနေ့ချမှတ်ခံလိုက်ရသည်။

သတင်းထောက်မလေး အိမ့် ခိုင်ဦးအားလည်း ထောင်ဒဏ် နှစ်နှစ် ချမှတ် လိုက် သည်။ စစ်အုပ်စုသည် ဤ
အင်အားမှပြည့် သူ့ အင်အားအစစ်အမှန် တွေ ပြည်သူဖက် ကမားမားမတ်မတ် ရပ်တည်သွားမည်သူတွေဟု
အသေအချာနားလည်သဘောပေါက်သဖြင့် ၈၈ မျိုးဆက် များအပါအ၀င် NLD အင်အား အား စနစ်တကျဖြို
ခွင်းနေခြင်းဖြစ်သည် ။ အမိန်ချခဲ့ခဲ့ရသည် ။ရဲဘော်အများစုသည် မိမိနှင့် လုပ်ဖေါ်ကိုင်ဖက် ရဲဘော်များဖြစ်သ
ဖြင့် အင်မတန်မှပင် ၀မ်းနည်း ကြေကွဲမိပါသည် ဂုဏ်လည်းယူမိပါသည် မိမိ ပေးဆက်မှုထက်မကသောပေး
ဆပ်အနစ်နာခံနေရမှုများအတွက်လည်း အထင်ကြီးလေးစားမိပါသည်.။

ရှေ့ကပေးဆပ်သွားသောသူများအား အတုယူ၍ မဆုတ်မရွံ အားမာန်သစ်လောင်းက ဆက်လက်တိုက်ပွဲဝင်ဦး
မည် ခွပ်ဒေါင်းစိတ်ဓါတ် ပြည့် နှပ် နေတဲ့ မျိုးဆက်သစ်တွေ ပေါ်ထွက်လာဦးမည်ကတော့ ဧကန်မလွဲ ဖြစ်ပေ
တော့သည်။

မေအိခင်http://laminkhin.blogspot.com/

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[နှလုံးသားရပ်ဝန်းမှ အသံများ...။] 1 New Entry: Monkey and Mango : BamBuser

Monkey and Mango : BamBuser

မျောက် အုန်းသီးရတာ မဟုတ်ပါဘူးတဲ့...။ မျောက် သရက်သီးရတာပါတဲ့...။ ဘာလို့လဲ ဆိုတော့ မျောက်သာ အုန်းသီး ရခဲ့ရင် ဘယ်လို ခွဲရမှာ မသိတာနဲ့ မစားလိုက်ရပဲ သရက်သီး ကျတော့ စားလို့ရလို့ပါတဲ့...။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်ဆီက အလုပ်မှာ ပျင်းပျင်းရှိတာနဲ့ ကိုယ့်စမတ်ဖုန်းလေးနဲ့ ကိုက်ညီမယ့် အပ်ပလီကေးရှင်း အသစ်များ ထပ်ထုတ်တာပါလိမ့် ဆိုပြီး အွန်လိုင်းပေါ် မွှေကြည့်ပါတယ်...။ ကိုယ့်ဖုန်းက စမတ်ဖုန်း ဆိုတော့ စွယ်စုံ ရတယ်လေ။ ရိုးရိုး စကားပြောနိုင်ရုံသက်သက် ဖုန်း ဆိုတာထက်ကို ကျော်လွန်ပြီးတော့ pocket PC သဖွယ် လုပ်လို့ရနိုင်တဲ့ စမတ်ဖုန်းပေါ့။ (ကြွားလိုက်ရတာ အရသာရှိပါ့...။) :egdance:

အခု ဖုန်းက ပီစီအသေးစားလေး တစ်ခုလိုပါပဲ။ လိုအပ်တဲ့ ဆော့ဖ်ဝဲလေး ထည့်ပေးလိုက်တာနဲ့ မဆိုင်းမတွ ဆောင်ရွက်ပေးပါတယ်။ ဒီဖုန်း အကြောင်းကိုတော့ ဒီမှာ နဲ့ ဒီမှာ အနည်းအကျဉ်း ရှင်းပြဖူးပါတယ်။ သူ့ဆီမှာ သုံးတဲ့ OS က ကွန်ပြူတာမှာ သုံးတဲ့ Windows တော့ မဟုတ်ဘူးပေါ့။ (ဖုန်းအတွက် သုံးတဲ့ ၀င်းဒိုးကိုတော့ Window Mobile 3,4,5,6, 6.1 Windows CE စသဖြင့် သတ်သတ် ထုတ်လုပ်ထားပါတယ်။ ) ကျွန်တော်သုံးတဲ့ ဖုန်းက ဆိုနီအဲရစ်ဆန် ဖုန်းပါ။ OS ကတော့ Symbian OS 9.1 ဖြစ်ပြီး UI ဆိုတဲ့ User Interface ကိုတော့ oped source ဖြစ်တဲ့ UIQ 3.0 ကို သုံးထားပါတယ်။ OS က Symbian S60 ကို သုံးတဲ့ နိုကီယာဖုန်းများနဲ့ မတူပါဘူး။ UIQ နည်းပညာကို သုံးထားတဲ့အတွက် User Interface ဟာ ညက်ပါတယ်။ အနုစိတ်ပါတယ်။ ကွန့်လို့ ရတယ်။

ဆိုတော့ သူ့အိုအက်စ်နဲ့ ကိုက်ညီတဲ့ ဆော့ဖ်ဝဲဗားရှင်းများကို သုံးမှသာ သက်ဆိုင်ရာ ဖုန်းပေါ်မှာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်...။ (တစ်ချို့သော အက်ပဲလ် မက်ဆော့ဝဲများ မိုက်ခရိုဆော့ဖ် ၀င်းဒိုးမှာ သုံးမရသလိုပေါ့ဗျာ...။ ) အခုလဲ ကျွန်တော့် ဖုန်းနဲ့ ကိုက်ညီတဲ့ ဆော့ဖ်ဝဲများကို အွန်လိုင်းပေါ်မှာ လိုက်ရှာရင်းနဲ့ အသုံးလဲတည့်၊ အလကား လဲရတဲ့ ဟာလေးတွေကို စမ်းသုံးကြည့်မိပါတယ်...

နောက်ဆုံး တွေ့မိတဲ့ ဆော့ဖ်ဝဲကတော့ Bambuser လို့ခေါ်တဲ့ ဆော့ဖ်ဝဲပါ။ သူက မိမိဖုန်းမှာ ပါတဲ့ ဗွီဒီယို ရီကော့်ဒ်ဒင်း ဖန်ရှင်ကို အသုံးချပြီးတော့ မိမိဘလော့ဂ်၊ ၀က်ဆိုဒ်ပေါ်မှာ ဗွီဒီယိုတွေကို တိုက်ရိုက် လွင့်ပြနိုင်ပါတယ်။ Company တွေကတော့ မိမိတိုရဲ့ Website တွေမှာ company အကြောင်းကို တိုက်ရိုက် လွင့်ချင်တာပဲ ဖြစ်ဖြစ်၊ ပြပွဲတစ်ခုခုမှာ မိမိတို့ ထုတ်ကုန်တွေကို ပြသတာကို ကမ္ဘာအနှံ့က လူတွေ တိုက်ရိုက် ကြည့်ရှုနိုင်အောင် ထုတ်လွင့်ပြသချင်တာပဲ ဖြစ်ဖြစ် ဒီဆော့ဖ်ဝဲလေးကို အသုံးချရုံပါပဲ...။ ဘလော့ဂ်ပေါ်မှာတော့ မိမိတို့ရဲ့ ရောင်းရင်း၊ အပေါင်းအသင်း မိတ်ဆွေများကို မိမိတို့ရဲ့ happy moment ကို တိုက်ရိုက်ပြချင်တာ၊ ခရီးထွက်လို့ရှိရင် ရောက်တဲ့နေရာကနေ တိုက်ရိုက် ရိုက်ကူးပြီး မိမိတို့ ဘလော့ဂ်ပေါ်မှာ အချိန်မဆိုင်းပဲ လွင့်ပေးနိုင်ပါတယ်။ (ကြွားချင်တာကို တိုက်ရိက် ကြွားနိုင်အောင်ပေါ့လေ။ :LoL:)

ဒီဝက်ဘ်ဆိုဒ်မှာ ရီဂျစ်စတာ လုပ်လိုက်ပါ။ ကိုယ့်ဖုန်းနဲ့ ကိုက်ညီမဲ့ ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပါ။ ဖုန်းထဲကို အင်စတော လုပ်ပါ။ (၀က်ဘ်ကင်မ်သုံးပြီး ရိုက်ချင်သူများ အတွက်လဲ ၀က်ဘ်ကင်မ် ဆော့ဖ်ဝဲ ရှိပါတယ်။) ရီဂျစ်စတာ လုပ်ပြီးချိန်မှာ မိမိဘလော့ဂ်ပေါ် တင်ဖို့အတွက် လိုအပ်တဲ့ HTML စာသားတွေကို တစ်ခါတည်း ထုတ်ပေးပါတယ်။ ကော်ပီကူးပြီး မိမိတို့ ဘလော့်မှာ တင်လိုက်တာနဲ့ ကိုယ့်အကောင့်အတွက် သတ်သတ် assign လုပ်ပေးထားတဲ့ ဗွီဒီယို ပလေယာတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ တစ်ခုကောင်းတာက မိမိတို့ ရိုက်ကူးလိုက်တဲ့ ဗွီဒီယို ဖိုင်တွေကို သူ့ဆာဗာပေါ်မှာပဲ တစ်ခါတည်း တင်နိုင်တဲ့ အချက်ဖြစ်ပါတ်။ တစ်ခြားသော application များလို့ သတ်သတ် ဆာဗာပေါ်မှာ တင်စရာ မလိုပါဘူး။ မိမိတင်ထားတဲ့ ဖိုင်တွေကို လိုအပ်သလို ပြင်ဆင်၊ တည်းဖြတ်၊ ဖြတ်တောက်နိုင်ပါတယ်။

ရိုက်ကူးဖို့ စတင်တော့မယ်ဆိုရင် မိမိရဲ့ ဖုန်း၊ ရိုက်ကူးမယ့် ကင်မရာ၊ ၀က်ဘ်က်မ်ဟာ အင်တာနက်နဲ့ ဆက်သွယ်နေဖို့ လိုပါလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဖုန်းမှာ အိမ်က ၀ါယာလက်စ်ကို ၀ိုင်ဖိုင် နဲ့ အရင် ချိတ်ပါတယ်။ ပြီးမှ application ကို run ပါတယ်။ setting ကို အော်တို ကော်နက် ဆိုပြီး ရွေးထားတော့ application ကို run တာနဲ့ သူက အင်တာနက် ကော်နက်ရှင်ကို တန်းချိတ်ပြီး ရိုက်ကူးမှုကို စတင်ကာ မိမိတို့ရဲ့ ဗွီဒီယို ပလေယာ အကောင့်ထဲကို တိုက်ရိုက် လှမ်းပို့ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ဘက်က ကြည့်ရှုသူတွေကလဲ Video streaming လုပ်ပြီး ကြည့်နိုင်ပါတယ်။ တိုက်ရိုက်လွင့်နေချိန်မှာ မကြည့်လိုက်ရလဲ လွင့်ပြီးသား ဖိုင်တွေကို ပြန်လည် ကြည့်ရှုနိုင်အောင် လုပ်ပေးထားပါတယ်...။ တိုက်ရိုက်လွင့်နေချိန်မှာ သတိထားမိအောင် live ဆိုတဲ့ တိုင်တယ် တပ်ပေးပါတယ်။ offline ဖြစ်နေရင် "Boyz (အကောင့် ပိုင်ရှင်ပေါ့ဗျာ) is not broadcasting right now" ဆိုပြီး စာတမ်း ထိုးထားပေးပါတယ်။ ဒါဆိုရင် သူနောက်ဆုံးလွင့်ခဲ့တဲ့ဖိုင်ကို မြားကလေး ပုံစံဖြစ်နေတဲ့ ပလေး ခလုတ်ကို နှိပ်ပြီး ကြည့်နိုင်သလို ဒီမတိုင်ခင်တုန်းက လွင့်ခဲ့တဲ့ ဗွီဒီယိုဖိုင်များကို စတုရန်း အကွက်လေးတွေ တန်းစီနေတဲ့ ခလုတ်ကို နှိပ်ခြင်းအားဖြင့်လဲ တစ်ဖိုင်ချင်း ကြည့်နိုင်ပါတယ်။

အားနည်းချက်ကတော့ အင်တာနက် ကော်နက်ရှင် ရှိမှပဲ မိမိတို့ ရိုက်ကူးမှုကို ဆာဗာပေါ် လှမ်းချိတ်လို့ရတဲ့ အချက်ပါ။ ခရီးသွားနေသူများကတော့ ကြွားချင်ကြတယ်ဆိုရင် Data Plan Flat rate မယူထားရင်တော့ တေဘီဆြာပဲ...။:suicide: ဗွီဒီယိုဖိုင်များက ဒေတာတွေ တော်တော်များကို အသုံးပြုတာကိုး...။:oops2:

Screenshot နဲ့ ရှင်းပြပေးချင်သော်ငြား စိတ်ဝင်စားသူ မရှိတာကတစ်ကြောင်း၊ ပျင်းနေတာက တစ်ကြောင်း ကြောင့်ရယ်ကြောင့် မတင်ဖြစ်တော့ပါ။ မေးမြန်း စုံစမ်းမှုများ ပြုသပ ဆိုရင်တော့ ကော်မန့်ဖြစ်ဖြစ်၊ စီပုံးထဲမှာ ဖြစ်ဖြစ် မက်ဆေ့ခ်ျများ ထားပေးပါ။ စိတ်အခန့်သင့်ရင်၊ ရွှီးတတ်တဲ့အချက်တွေဆိုရင် ခရီးသွားဟန်လွဲ၊ လမ်းကြုံ ၀င်ဖြေပေးပါမယ်။ ဖြေမထားဘူးဆိုရင်တော့ မသိလို့ပဲ ဖြစ်ဖြစ်၊ မအားလို့ပဲ ဖြစ်ဖြစ်၊ မတွေ့မိလို့ပဲ ဖြစ်ဖြစ်၊ မဖြေချင်တာပဲ ဖြစ်ဖြစ် အဲဒီ တစ်ဖြစ်ဖြစ်တွေထဲက တစ်ဖြစ်ဖြစ်ကြောင့် ဖြစ်လိမ့်မယ်လို့ ဖြစ်လိုက်ကြပါ အဲ. အဲ ဖြည့်တွေးလိုက်ကြပါ။ လိုက်ဖတ်ပေးတဲ့အတွက် ကျေးဇူးပါဗျား။ :thanks:

နောက်များမှာ အခုဖုန်းထဲမှာ လက်ရှိသုံးနေတဲ့ Third Party အလားရတဲ့ ဆော့ဖ်ဝဲများ အကြောင်းကို တစ်ခုချင်း လာရှင်းပြပါ့မယ်...။ (Note that "No Time Limit")

(အခုတစ်လော အတည်အတံ့တွေ ရေးမရ ဖြစ်နေပါတယ်။ လက်က ပျက်နေပြီလား မသိ... ဟိ..ပြောင်ချော်ချော် ဖြစ်နေပါတယ်...။:partyman: )
မောတာ...။ :ashamed:

ရေး.... :dance:တစ်ပုဒ်ပြီးသွားပြီ...။ လေးငါးရက်လောက်တော့ အေးဆေး နားလို့ရပြီ...။ :excited:
:backtotopic:

You received this email because you are subscribed to the real_time feed for http://heartstations.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ရှင်ရဲထွတ်] 1 New Entry: ပန်းပိုင်ရှင်

ပန်းပိုင်ရှင်

ပန်း၏ရနံ့
နမ်းရုံသက်သက်
မပန်တတ်လျှင်
ငါ၏ဥယျာဉ်
ရင်ခွင်ထဲမှ
ယခုပင်လျှင်
အသင်ထွက်သွား
အနားသို့ပင်
မသီနှင့်တော့......

You received this email because you are subscribed to the real_time feed for http://saishinyehtut.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Ywar Thar Lay (YTU)] 1 New Entry: ရေဆိုးမြောင်း

ရေဆိုးမြောင်း



ရေဆိုးမြောင်းဆိုတာ စွန့်ပစ်တဲ့ရေတွေ မိုးပေါ်ကကျလာတဲ့ ရေတွေကို စုစည်းပြီး သတ်မှတ်ထားတဲ့နေရာကို ပို့ဆောင်ပေးတဲ့အရာပေါ့။ ရေဆိုးမြောင်း မရှိခဲ့ရင်တော့ ပုပ်ဆွေးနေတဲ့ ပတ်ဝန်းကျင်ကြားမှာ ကျန်းမာရေးနဲ့ မညီညွတ်စွာ နေထိုင်ရမှာ။ ရှိတော့ရှိတယ် ရေစီးရေလာမကောင်းခဲ့ရင်ရော ဒါဆိုလည်း ထိုနည်းတူစွာပါပဲ။

ကျနော်နဲ့ ရေဆိုးမြောင်းတွေ ပတ်သတ်ခဲ့ဖူးတာပေါ့။ ငယ်တုန်းက ကျနော်တို့ အိမ်ရှေ့က ရေဆိုးမြောင်း။ ချိုးရေတွေ အကုန်လုံးအဲဒီ ကျင်းနက်နက်တူးထားတဲ့ မြောင်းထဲကိုပဲသွားတာ။ အဲဒီကျင်းနဲ့ စပ်ဆက်ထားတာ ဘာမှမရှိဘူး။ ဆိုတော့ ရေသုံးအရမ်းများရင် မိုးရွာရင် ကျင်းက လျှံနေပြီ။ ကျင်းမလျှံခင်တော့ အံဖုံးကိုလှန် ရေပုန်းနဲ့ လမ်းပေါ်ကို သွန်ရစမြဲ။ မေတို့ကတော့ အမြဲသွန်ခိုင်းတယ်။ အဲဒါလုပ်ရမယ်ဆို ကျနော်က နောက်တွန့်စမြဲ။ လမ်းမပေါ်မှာလုပ်ရလို့ ရှက်တာမဟုတ်ပါဘူး။ သွန်ရမယ့်ရေတွေက မြောင်းပုတ်ရေတွေမို့ လမ်းသွားလမ်းလာ ဘေးပတ်ဝန်းကျင်ကို အားနာလို့ပါ။

နောက်တစ်ခုက စော်ဘွားကြီးကုန်း ကားဝန်းထဲက ရေဆိုးမြောင်း။ အရမ်းစိတ်နာဖို့ကောင်းတယ်ဗျာ။ ကျောင်းနားရက် အိမ်ပြန်ဖို့ ကားလက်မှတ်သွားဖြတ်တဲ့နေ့ ရွာလိုက်တဲ့မိုးရေက ဒူးဆစ်ကိုကျော်နေပြီ။ ပေါက်တဲ့နဖူးမထူးဘူးဆိုပြီး ရောက်လက်စနဲ့ လက်မှတ်ရအောင်ဝယ်မယ်ပေါ့။ လမ်းမပေါ်က ရေစီးကို အံတုပြီး ကားဂိတ်ကိုရောက်အောင်သွားမိတယ်။ ကားဂိတ်ရှေ့ရောက်တော့ ၀မ်းသာအားရ ကားဂိတ်ထဲကို အ၀င် ကားဂိတ်ကိုမရောက်ဘူးဗျာ။ ကားဂိတ်နဲ့ လမ်းမကြားမှာ ရေဆိုးမြောင်းရှိတယ်လေ။ ရေတွေပြည့်နေတာမို့ လမ်းလို့ပဲထင်ပြီး ကူးလိုက်တာ မြောင်းထဲရောက်မှ သိတော့တယ်။

ဒီနိုင်ငံက ကြီးမားကျယ်ပြန့်တဲ့ မြောင်းတွေတွေ့တော့ စိတ်နာစရာတွေကို ပြန်တွေးမိတယ်။ အဲလိုမြောင်းမျိုးတွေဆို ဒီလိုကြုံရမှာမဟုတ်ဘူးပေါ့။ လသာလမ်းတို့ သိမ်ဖြူနား၊ အင်းစိန်တို့လို မိုးရွာရင်ရေ၀ပ်တာမျိုး ရှိမယ်မထင်ဘူးနော်။ တောင်ဥက္ကလာက ဆိုးဆေးတွေ သွန်လေ့ရှိတဲ့ ရေမြောင်းမျိုးလည်း အခုလို အရမ်းနံမယ်မထင်ဘူး။

ပြောမယ့်သာပြောတာပါ။ ရေတွေလမ်းပေါ်တက်ရင် ကျနော်တို့က ပျော်မိပြန်ရော။ ဘာလို့လဲဆိုတော့ အညာကဦးကြီးတွေလုပ်ပေးတဲ့ လှေကလေးတွေကို အိမ်ရှေ့ထွက်ပြီး ကြိုးနဲ့ဆွဲလို့ရတာကိုး။ တစ်ခါတစ်လေ မေလုပ်ပေးတဲ့ စက္ကူလှေတွေကို လည်းလွှတ်တတ်ပြန်သေးတယ်။ ဖယောင်းတိုင်နဲ့ သွားတတ်တဲ့ မီးသင်္ဘောကိုတော့ လမ်းထဲမှာ တလွှားလွှားသွားနေတဲ့ စက်ဘီးတွေကြောင့် မဆော့ရဘူးဗျာ။

ဒီနိုင်ငံက ကလေးတွေတော့ အဲလိုဆော့ရမယ်မထင်ဘူး။ ဒါပေမယ့် ငါးတွေတော့ မျှားကြသား။

ပတ်ဝန်းကျင်က ရေဆိုးမြောင်းလိုပဲ ကျနော့စိတ်ထဲမှာလည်း ရေဆိုးမြောင်းရှိပါတယ်။ တစ်ချို့ ကျနော်မလိုချင်တဲ့အပိုင်းတွေကို ရေဆိုးမြောင်းထဲထည့်ပစ်မိတယ်။ ရေဆိုးမြောင်းတွေကို ဖောက်ထုတ်တဲ့နည်းတွေ ရှိတော့ရှိတယ်။ ရေဆိုးပမာဏပေါ်မူတည်တာပေါ့။ တစ်ခါတစ်လေ သီချင်းအော်ဆိုပြီးဖောက်ထုတ်တတ်တယ်။ ရေဆိုးတဲ့အပေါ်မူတည်ပြီး သီချင်းပုံစံတော့ကွဲမပေါ့။ နောက်တစ်မျိုးက သူငယ်ချင်းတစ်ယောက်ကို နားဒုက္ခပေးတဲ့နည်း။ သူနားလည်မလည် သိ, သိ မသိသိ အဲလိုမျိုးဆိုပြီး ဇာတ်စုံခင်းပြတတ်တဲ့နည်း။ ဒါလည်း ဇာတ်ရည်လည်အောင် တော်တော်ရှင်းရတာပါကလား။ နို့မို့ ရေဆိုးတွေ လျှံတတ်ရင် ပိုဆိုးမယ်လေ။ ဒါပေမယ့် ကျနော့ စိတ်ထဲက ရေဆိုးမြောင်းတွေလည်း အမိမြေက ရေဆိုးမြောင်းပုံစံလား ဒီနိုင်ငံက ကျယ်ပြန့်တဲ့ ရေဆိုးမြောင်းလား အသေအချာတော့မသိသေးဘူး။ ရေစီးရေလာတော့ ကောင်းပုံမရသေးဘူးလေ။

ပတ်ဝန်းကျင်က ရေဆိုးမြောင်းပဲဖြစ်ဖြစ် စိတ်ထဲက ရေဆိုးမြောင်းပဲဖြစ်ဖြစ် ရေဆိုးဆိုတာတွေကို ခပ်လွယ်လွယ် အချိန်တိုတိုနဲ့ ဖျောက်ပျက်ပစ်နိုင်ရင်ကောင်းမှာဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ရေဆိုးဆိုတာ ကြာလာတာနဲ့ အပုပ်နံ့ ထွက်လာတတ်လို့ပါ……

You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[goldmyanmar] 1 New Entry: မိဘကျေးဇူး အကျေဆပ်နည်း

မိဘကျေးဇူး အကျေဆပ်နည်း



စိတ်ထားမတတ်သေးတဲ့ မိဘ စိတ်ထားတတ်အောင်
စိတ်ထားတတ်ပြီးသား မိဘ ပိုပြီး ပိုပြီး စိတ်ထားတတ်အောင်
လမ်းညွှန်ဖေးမပေးရင် မိဘကျေးဇူးကျေပါတယ်။

ကုသိုလ်မလုပ်သေးတဲ့ မိဘ ကုသိုလ်လုပ်အောင်
ကုသိုလ်လုပ်နေတဲ့ မိဘ ကုသိုလ် ပိုပြီး ပိုပြီး
တိုးလုပ်နိုင်အောင် ကူညီပံ့ပိုးပေးရင် မိဘကျေးဇူးကျေပါတယ်။

တရားမရှိသေးတဲ့မိဘ တရားရှိအောင်
တရားရှိပြီးသား မိဘ ပိုပြီး ပိုပြီး
တရားရှိအောင် စွမ်းဆောင်ဖြည့်ဆည်းပေးရင်
မိဘကျေးဇူးကျေပါတယ်။

ပိုပြီး ပြည့်ပြည့်စုံစုံသိချင်ရင် အရှင်ဆန္ဒာဓိကရဲ့ နို့နှစ်လုံးဖိုးကျေပါတယ် (၂၀၀၄ ခုနှစ်) ထုတ်
စာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။

ပြီးတော့ သတင်းကောင်းပါးပါရစေ။ တရားခွေနားထောင်ချင်တဲ့ မိတ်ဆွေတွေအတွက်ပေါ့။
အခု ယမင်းအိမ်မှာ နားထောင်နေတဲ့တရားခွေတွေရှိပါတယ်။ ခုတစ်လော နားထောင်ဖြစ်တဲ့ တရားခွေ တွေကတော့ အရှင်ဒေါက်တာ ကောဝိဒ ဟောတဲ့ အမွေခံထိုက်သူ ဖြစ်ပါစေ နှင့် အမေအိုရဲ့ ဓမ္မအောင်လံဆိုတဲ့ တရားခွေဖြစ်ပါတယ်။ အမေအိုဟာ သားသမီး ၁၄ ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။ သူဟာ သားသမီးတွေက မကျွေးနိုင်လို့ ဓမ္မရိပ်ကို ရောက်သွားပြီး ရဟန်းန္တာမ ဖြစ်သွားတဲ့အကြောင်းကို ဟောပါတယ်။ တော်တော်ကို
တရားရဖို့ ကောင်းပါတယ်။ မိတ်ဆွေတို့လည်း အားရင် နားထောင်ကြည့်စေချင်ပါတယ်။

You received this email because you are subscribed to the real_time feed for http://goldmyanmar.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Padauk Myay] 1 New Entry: ၁၄ . ၁၁. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

၁၄ . ၁၁. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

'၀' ဘိန်းဘုရင်တွေနဲ့ စီးပွားရေးမလုပ်ဖို့ အမေရိကန် တားမြစ်မိန့်ထုတ် - ဗွီအိုအေ click here

အမေရိကန် အမျိုးသမီး အထက်လွှတ်တော်အမတ်အဖွဲ့ နှစ်ရှည်ပြစ်ဒဏ်ပေးမှု ရှုတ်ချ - ဗွီအိုအေ click here

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်လက်ချမှတ် - ဗွီအိုအေ click here

ရတနာပုံ ဆိုက်ဘာစီးတီး ပြပွဲသို့ သွားဖို့အရေး ကွန်ပြူတာလုပ်ငန်းရှင်များ ၀န်လေး ` - မဇ္ဈိမ click here

မြန်မာ့ တရားစီရင်ရေးစနစ် အပြစ်အနာအဆာရှိဟု ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ပြော - မဇ္ဈိမ click here

တန်ဆောင်တိုင် ကထိန်ပွဲ စည်ကားမှု လျော့နည်း - မဇ္ဈိမ click here

ကမ်းရိုးတန်းသုံး ဖုန်းများ ရန်ကုန်တွင် အသုံးပြုမှု တွင်ကျယ် - မဇ္ဈိမ click here

သံဃာ့အရေးအခင်းနောက်ပိုင်း လူငယ်များ ဘာသာရေးကို အာရုံစိုက်ပြည်တွင်း မျိုးဆက်သစ် ကျောင်း သားများအသင်း ဘာသာရေး လူမှုရေးလုပ်ငန်းများ လုပ်ကိုင- ခေတ်ပြိုင် click here

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ လွိုင်ကထုံး အလှမယ်ရွေးချယ်ပွဲကျင်းပမြ၀တီမြို့မှ မေဖူးဝေ ပထမဆု ဆွတ်ခူး - ခေတ်ပြိုင် click here

ကရင်ပြည်နယ်မှ သစ်များကို ဦးတေဇ ကုမ္ပဏီက ထုတ်လုပ်မည် - ဧရာဝတီ click here

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ထောင်ဒဏ်များချမှတ် - ရိုးမ ၃ click here

ဥပဒေကျောင်းသူ မဟန်နီဦးအား ထောင်ဒဏ်ချမှတ် - ရိုးမ ၃ click here

ကြောက်တော့ကြောက်တာပေါ့ ဒါပေမယ့် မကြောက်ဘူး ဦးဝင်းတင် - ရိုးမ ၃ click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 2 New Entries: တိုက်ပွဲခေါ်သံ (၇)

တိုက်ပွဲခေါ်သံ (၇)

လုပ်လိုက်ပြန်ပါပြီ ။

သိလိုက်ရတော့ နင့်ကနဲခံစားမိလိုက်တယ်။ ဒေါသတွေ ထောင်းကနဲ ထလာတယ်။
(၆၅)နှစ်ဘဲလား ဆိုတဲ့ အာဇာနည်တွေရဲ့ တုန့် ပြန်မှူတွေကလည်း ကြက်သီးထစေခဲ့တယ်။ သြော် အာဇာနည်မျိုး သေရိုးမရှိဆိုတာ ဒါပါဘဲလေ။  အာဇာနည်တို့ ရေ ------------
တစ်ဗိုလ်ကျရင် ဗိုလ်တစ်ထောင်တက်လာတော့မယ်ဆိုတဲ့စကားနဲ့  အားပေးလိုက်ပါရစေ။

ဒီတခါလုပ်လိုက်တာ သေချာစဉ်းစားကြည့်တော့ ကောင်းသလိုတော့ရှိသား။
ဘာဖြစ်လို့ လဲဆိုတော့ ပျားအုံတုတ်နဲ့ ထိုးလိုက်တာလေ။ ပျား ဆိုတဲ့အဆိပ်ပြင်းသတ္တ၀ါတွေဟာ ချိုမြတဲ့ ပျားရည်ကို ပေးဆောင်ရင်း ဖါသိဖါသာနေလေ့ရှိပေမယ့် သူ့ ကိုတော့လာမထိလေနဲ့  အုံနဲ့ ကျင်းနဲ့  တိုက်ခိုက်ပြီသာမှတ်ပေတော့ ။

အာဇာနည်တို့ ကို ဖမ်းဆီးအကျဉ်းချစဉ်ကတော့ ဖါသိဖါသာနေလာခဲ့တဲ့ ကျုပ်တို့ ပြည်သူတွေ၊ သွားလုပ်တာကိုး ထိမှာပေါ့လို့ ဂရုဏာမှတ်ချက်ပေးသူတွေက စိတ်ထဲမှာတော့ သူတို့ကို ရဲစွမ်းသတ္တိရှိသူများ၊ ကိုယ်ကျိုးစွန့် ပြီး တိုင်းပြည်ကောင်းဖို့ စွမ်းနိုင်သလောက် အခွင့်အရေးတွေရနေသလောက် ဆောင်ရွက်သူများလို့  ချီးကျူး လေးစားပြီးသားပါ။
အခုတော့ ဖါသိဖါသာနေ နေတဲ့ ပြည်သူ ပျားပိတုန်းတွေကို တုတ်နဲ့ ထိုးလိုက်ပြီပေါ့။

သူတို့ ကတော့ သူတို့ လုပ်ထုံးလုပ်နည်းဟောင်း လမ်းရိုးကြီးအတိုင်း မစဉ်းစားမဆင်ခြင်ဘဲ နောက်လူတွေ မလုပ်ရဲအောင် မှတ်လောက်သားလောက်အောင် လုပ်လိုက်မယ်ဆိုပြီးလုပ်လိုက်တာဘဲ။ ရုတ်တရက်ကြည့်လိုက်ရင် ရီစရာလို့ တောင်ပြောလို့ ရပေမယ့် (ရူးကြောင်ကြောင် အကြောက်ကြီးတဲ့စိတ်တွေနဲ့ လုပ်နေတယ်ဆိုတာ သိနေလို့ ပါ) ကြွက်ကိုဆင်နင်း သလိုမျိုး မို့ လို့  ပြည်သူတိုင်းရဲ့ ရင်ထဲတော့ နင့်နေအောင်ခံစားသွားစေတယ်ဆိုပါဘဲ။
အဲဒါ ပြည်သူဆိုတဲ့ ပျားအုံကို ဒုတ်နဲ့ ထိုးလိုက်တာဘဲ။မကြာခင် ပျားတုပ်ခံကြရတော့မယ်။
အဲဒါဟာ နအဖတို့ ဟာ ဥာဏ်နည်း-ဥာဏ်မွဲ တွေစုနေကြတဲ့ လက်တဆုပ်စာလူတွေဆိုတာ တမျိုးပြီး တမျိုး အထင်အရှားပြနေတာဘဲ ဖြစ်တော့တယ်။ ကမ္ဘာပေါ်မှာ ဥာဏ်အနည်းဆုံး အစိုးရ ဟာ နအဖ အစိုးရဘဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကံအဆိုးဆုံး ပြည်သူတွေဟာ ဥာဏ်အနည်းဆုံး နအဖ ရဲ့ အနှိပ်စက်ခံ မြန်မာပြည်သူတွေဘဲ ဖြစ်ပါတယ်။ ကိုယ့်ကံကိုကောင်းအောင် ကိုယ်ကိုယ်တိုင်ကဘဲ ပြုပြင်စီရင်ရတော့မယ် ပြည်သူတို့ ရေ လို့ ဘဲ ဟစ်အော်ကြွေးလို့်  သတိပေးလိုက်ချင်ပါတယ်။


နောက်ထပ် ၆၅ နာရီ၊ ၆၅ ရက်၊ ၆၅ လတောင်နေရတော့မှာမဟုတ်တဲ့ သက်ကြားအို (မ) တရားသူကြီးဆိုတဲ့သူက သူ့ သား-သမီးအရွယ်၊ မြေးအရွယ်တွေကို ဘာမှမလုပ်တာလဲ သိရက်ကြီးနဲ့  ထောင်ဒါဏ် ၆၅ နှစ်ချမှတ်တဲ့ အမိန့် ကို ဖတ်ပြနေတဲ့အချိန် ဘယ်လိုများခံစား နေပါ့မလဲ လို့ မေးလိုက်ချင်ပါတယ်။ ကိုယ်ကိုယ်တိုင်က ဒီအမိန့် ကို မဖတ်ဖူးဆိုပြီး ငြင်းမယ် ဆိုရင်ငါ့ကို ရာထူးချလို့ ငါ့ မယား၊ ငါ့သား၊ ငါ့သမီး တွေ ဒုက္ခ ရောက်ရချည်ရဲ့ ဆိုပြီး တွေးမိမယ်ဆိုရင်အပြစ်မရှိတဲ့ ဒီအာဇာနည်မောင်မယ်တို့ ရဲ့  မိသားစုတွေကော ဘယ်လိုခံစား နေပါလိမ့်မလဲလို့ များ တွေးမိပါလေစ ။ ငါမဖတ်ဘဲ ငြင်းလိုက်ရင်လဲ ဖတ်မဲ့ကောင်ကတော့ ရှိနေမှာဘဲ ဆိုတဲ့ ဖြေသိမ့်မှုနဲ့ လုပ်နေတဲ့ လူမျိုးတွေ၊ ဒီကောင်အ လို့ မလုပ်တာ ငါဝင်လုပ် လိုက် မယ်ဆိုတဲ့ လူမျိုး တွေများနေသရွေ့  ဒီ နအဖ တွေဟာ သက်တမ်းရှည်နေဦးမှာဘဲ။

အာဇာနည်တွေကို (ဟန်ဆောင်ပြီး)သွား သနားမနေနဲ့  (မ)တရားသူကြီးတို့ ရေ။ ကိုယ့်ကိုယ်ကိုသာ သနားတတ်ဖို့ ကြိုးစားကြပေတော့။ ပြည်သူတွေက ခွင့်လွှတ်ချင်လွှတ်ပေမယ့် သမိုင်းကတော့ ခွင့်လွှတ်လိမ့်မယ်မထင်ကြပါနဲ့ ။ နောက်တော့မှ တဆွေလုံးတမျိုးလုံး သမိုင်းစာမျက်နှာမဲမှာ ကျန်ရစ်ခဲ့ကြတော့မယ်။ အဲဒီအခါကျရင် ငါ့ကို ဆဲနေကြမှာလားလို့ အခုကထဲကမေးထားကြဦးနော်။ ခင်ဗျားတို့ ကို မွေးခဲ့တဲ့အမေသာရှိနေရင်တော့ ဒီလိုမှန်းသိရင် နင့်ကိုယ်ဝန်ကို ဖျက်ပစ်ခဲ့မှာ လို့ များ ပြောနေမလားဘဲ။ အနည်းဆုံး နင့်ကို မွေးရတာ ဗိုက်ကြောနာတာဘဲအဖတ်တင်တယ်ဟေ့ လို့ တော့ ပြောမှာမလွဲပါဘူး။
အခုအချိန်မှာ အာဇာနည်တို့ ရဲ့ မိခင်များကတော့ မျက်ရည်များကြားကနေ ဂုဏ်ယူနေကြပြီပေါ့

ကဲ ပျားအုံကို တုတ်နဲ့ တော့ထိုးပြီ ပြည်သူတို့ ရေ။
သေချာလည်း စဉ်းစားကြည့်ကြပါဦး။ မဟုတ်တာလုပ်တာတွေ ကြားရလွန်းလို့  မြင်ရလွန်းလို့ ရိုးတောင်နေပြီဆိုတဲ့စကား ပြောနိုင်ဦးမလား။ ခင်ဗျားတို့ ရင်ထဲ ဘယ်လိုနေမလဲ။ ခင်ဗျားတို့ ကျုပ်တို့ စက်ဆုပ်ရွံရှာတဲ့ လူသတ်မှူ၊ မုဒိမ်းမှူတရားခံတွေတောင် နောက်ထပ်အပြစ်ကျူးလွန်နိုင်ဖို့  ထောင်သက်မရှည်ကြပါဘူး။ 
မှတ်ထားကြပါ။ ကြာရင် အမှားတောင်အမှန်ဖြစ်သွားတယ်ဆိုတဲ့စကား ဒီမှာအကြုံးမ၀င်ဘူးဆိုတာဘဲ ။ ၀ဋ်ကြွေးကြမ္မာ မလွတ်သာ ဆိုတာ အထင်အရှားပြပါတော့မယ်။
ခင်ဗျားတို့  ကျုပ်တို့ ဒီလို တင်းကြပ်တဲ့စိတ်တွေနဲ့ သာဆက်နေသွားလို့ ကတော့ မြန်မာလူမျိုး သက်တမ်းတွေ တိုကုန်ကြတော့မှာဘဲ။
ပြည်သူတွေရဲ့ ပြင်းထန်တဲ့ အဆိပ်နဲ့  မဆလ စံနစ်ကို သေအောင်သတ်ခဲ့ပြီးပါပြီ။  ဒီတခါ နအဖ အညစ်တွေရဲ့  အလှည့်ဘဲပေါ့ ။

ဇွဲမောင်

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,15th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )Asian giants drawn into energy row

( 2 )Myanmar's roadmap to undemocratic polls

( 3 )ထောင်ဒဏ်ချခြင်းသည် ရာဇ၀တ်မှုဖြစ်ကြောင်း သံဃာတော်တွေ သတိပေး

( 4 )Activists jailed in Myanmar swoop

( 5 )Myanmar courts jail 9 monks for roles in anti-junta protests

( 6 )အမေရိကန် အမျိုးသမီး အထက်လွှတ်တော်အမတ်အဖွဲ့ နှစ်ရှည်ပြစ်ဒဏ်ပေးမှု ရှုတ်ချ

( 7 )Young Female Journalist Jailed for 2 Years

( 8 )နိုင်ငံရေးမှုဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ဆက်ချနေဆဲ

( 9 )Shock tactics in Burma

( 10 )Life in exile in Myanmar

( 11 )Mobile school for Myanmar kids

( 12 )Myanmar jails 9 monks over protests

( 13 )50 dissidents jailed this week

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 4 New Entries: နယူးဝိစ် မဂ္ဂဇင်း အယ်ဒီတာ ဖရက်ဒ် ဇာကာရီးယား နဲ့ အင်တာဗျူး

နယူးဝိစ် မဂ္ဂဇင်း အယ်ဒီတာ ဖရက်ဒ် ဇာကာရီးယား နဲ့ အင်တာဗျူး


ကမ္ဘာ ကျော် နယူးဝိစ် မဂ္ဂဇင်း အယ်ဒီတာ ဖရက်ဒ် ဇာကာရီးယား ကို စီအန်အန် နိင်ငံတကာရေးရာ ကျွမ်းကျင်သူသတင်းကတွေ့ ဆုံမေးမြန်းခန်းကိုဖေါ်ပြလိုက်ပါတယ်။ ဖရက်ဒ်ဇာကာရီးယားက အိန္ဒယ နွယ်ဖွား အမေရိကန် နိင်ငံသားတဦးဖြစ်ပါတယ်။ သူရဲ့ နိင်ငံရေး သုံးသပ်ချက်တွေဟာ အမေရိကန် နိင်ငံရေးနဲ့ ပညာရှင်လောက မှာ သြဇာရှိသူတဦးဖြစ်ပါတယ်။ သူ က ၂၀၀၈ ခုနစ် ရွေးကောက်ပွဲမှာ ဘာကြောင့် ရီပတ်ပစ်ကန်တွေ ရှုံးနိမ့် သွားရတာနဲ့ ပတ်သက်လို့  သူ့ ရဲ့ အမြင်တွေကို ဆွေးနွေးထားပါတယ်။

စီအန်အန် - ဖရက်ဒ်ဇာကာရီရာအနေနဲ့  ရီပတ်ပလက်ကင်ပါတီက လမ်းမှန်ကိုရောက်ဖို့ အတွက် ဘာလုပ်သင့်တယ်လို့ မြင်ပါသလဲ ။ တကယ်လို့  ရွေးကောက်ခံ သမတ ဘားရက် အိုဘားမား နဲ့ ဒီမိုကရက်တွေ ရဲ့  ပြောင်းလဲရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ အကြီးအကျယ်အောင်ပွဲ ခံ တယ်။ ဘာကြောင့် ဆီနိတ်တာ ဂျွန်မက်ကိန်း အနေနဲ့  အရှုံး ကိုရင်ဆိုင်ခဲ့ရသလဲ လို့ ထင်ပါသလဲ။


ဇာကာရီးယား - ကျနော်ယူဆတာကတော့ ဆုံးရှုံးရတဲ့ အခြေအနေမှာ အကြောင်းအချက်တွေအများကြီး ပါဝင်နေတယ်။ နောင်ကိုအောင်ပွဲခံနိင်ဖို့ အတွက် သူတို့ ရဲ့ အယူဆတွေ ပြန်လည်သုံးသပ်ဖို့ လိုမယ်။

စီအန်အန် - ဒါဟာ သူတို့ အယူဆကြောင့် ..။ ဟုတ်လား။ သူတို့ ရဲ့ ဗျုဟာ ကြောင့်မဟုတ်ဘူးလား။

ဇာကာရီးယား -ရီပတ် ပလက်ကန် ပါတီဟာ အကျိုးရှိတဲ့အယူဆ ဒါမှမဟုတ် မှားယွင်းတဲ့ အယူဆပေါ် မှာ ရပ်တည်နေတဲ့ ပါတီတခုတော့ ဖြစ်လာပြီ။ ရီဂင်-သက်ချာ ခေတ်မှာ အခွန်တွေ ကိုလျော့ ချ ကောက်ခံတယ်ဆိုတာ တော်လှန်တဲ့ အယူဆ၊ ငွေကြေးဆိုင်ရာ တွေမှာ စည်းမျဉ်းသစ်တွေကို ရေးဆွဲတာ ငွေကြေး အကြပ်ဆိုက်တာ တွေဟာ ပြသာနာမရှိခဲ့ ပေမဲ့  ရီပတ်ပလစ် ကန် ပါတီရဲ့  လူမှုရေး အစီအစဉ် တွေဟာ ခေတ်မမှီတော့ဘူး။ လူငယ်တွေက တဟုန်တိုး တိုးတက်လာတယ်၊ အရေအသွေးစုံလာတယ်၊ မဲပေးတဲ့နေရာမှာ ပိုပြီးပွင့်လာတယ်။ နိင်ငံခြားရေးပေါ်လစီကတော့ တူသယောင်ရှိပေမဲ့  မဲဆန္ဒရှင်တွေ ရဲ့ အာရုံသိ မှာ ကမ္ဘာသစ်ကတော့ တနေရာမှာ ရှိနေပြီ ဒါပေမဲ့ မက်ကိန်းရဲ့  ရွေးကောက်ပွဲလှုပ်ရှားမှုမှာ ဒါကို ကမ္ဘာသစ် က ဘယ်မှာလည်းဆိုတာ မပြနိင်ခဲ့ဘူး။

စီအန်အန် - နေပါဦးဗျ၊ အမေရီကန်တွေက နိင်ငံခြားရေးပေါ်လစီကို ဂရုစိုက်လို့ လား။ အထူးသဖြင့် ခုလို စီးပွားရေးပြသာနာ ကြီးကို ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာပေါ့။ ''

ဇာကာရီးယား -စီးပွားရေး ကတော့ ပြသာနာကြီးတခု ဆိုတာအသေအချာပဲ။ ဒါပေမဲ့  သတိပြုရမှာက ၂၀၀၅ ခုနစ် သမတဂျော့ဘုရှ် ရဲ့ လူထုထောက်ခံမှုက မကြုံဘူးအောင် ကျဆင်းနေချိန်မှာ တောင် စီပွားရေးက ပုံမှန်လေးရှိနေခဲ့တယ်။ ကျနော်ယုံကြည်တာက တပါတီတည်းလွတ်လွတ်လပ်လပ် ကြီး လုပ်ကိုင်ဆောင်ရွက်ခွင့် ကို အမေရိကန်အများစု က ခွင့်ပြုခဲ့တယ်။ဒီအခြေအနေက အမေရိကန် က နိင်ငံတကာ သြဇာသက်ရောက်မှုကို ချိ နှဲ့ ဖို့ ဖြစ်လာခဲ့တယ်။ ရလဒ်က စစ်ရေးနည်းတခုတည်းကိုပဲ မှီခိုခဲ့ရတဲ့အတွက် ရလဒ်က အဖိုးနဂ အဖြစ်ပေးဆပ်လိုက်ရခြင်းဖြစ်တယ်။ မိစ္ဆာ အစိုးရပြောင်းလဲရေးဆိုတာ ဘုရှ် အယူဆရဲ့  အနစ်သာရ၊ မိစ္ဆာတွေကိုပြောင်းလဲပြစ်ဖို့ နည်းလမ်းက စစ်ရေးအရဆောင်ရွက်မှု။ ဒါက တကယ်တော့ သမတဟောင်း ၀ီလ်ဆင်ဝါဒ ( Wilsonianism ) ပဲ။ အီရတ်မှာပဲဖြစ်ဖြစ်၊ မြောက်ကိုးရီးယားနဲ့  အီရန်မှာပဲဖြစ်ဖြစ်။ အခြေခံအယူဆကတော့ စေ့စပ်တာ၊ သံတမာန်ရေး နည်းလည်းကိုသုံးတာတွေကိုလက်မခံပဲ
ဒီအစိုးရတွေကို ဖြုတ်ချ၊ မိတ်ဖက်ဖြစ်မဲ့သူကိုရာတင် ဆိုတာတွေပဲဖြစ်နေခဲ့တယ်။ အမေရိကန်
အများစုက ဒီအချက်ကို မြင်လာတယ်။ ဒါပေမဲ့ ဒီအချက်က သီအိုရီပဲရှိနေသေးတယ်။
ကမ္ဘာသစ်ကတော့ ရှုပ်ထွေးတဲ့နေရာမှာ ပဲရှိနေသေးတယ်။ အသွင်ကူးပြောင်းရေးကတော့ မျက်လှည်ပြလိုက်တဲ့ နည်း ဒါမှမဟုတ် စစ်အင်အားသုံးဖြေရှင်းနည်းတွေနဲ့ တော့ မဖြစ်နိင်ဘူး။

စီအန်အန် - ဒါဆိုရင် ကျနော်တို့ က ရန်သူတွေနဲ့ စေ့စပ်ရမယ်ပေါ့ ။

ဇာကာရီးယား- ကျနော်တို့  ဒီအစိုးရတွေနဲ့  ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ရမယ်။ အရင်က အတွင်းရေး မှု မဒ်ဒလင်း အော်လ်ဘရိုက်ပြောဘူးတယ်။ သံတမန်နည်းလည်းနဲ့  စကားပြောတယ်ဆိုတာ အမြဲတမ်း
ချိုသာနေစရာမလိုပါဘူး။ တကယ်က ကိုယ်ရဲ့  ခိုင်မာတဲ့ သတင်းစကားနဲ့ နားထောင်ခြင်း ကို သယ်ဆောင်
ပေးခြင်း ဖြစ်ပါတယ်။ ကျနော်လောင်းရဲ ပါတယ် - မီလိုရှီဗစ် ပဲဖြစ်ဖြစ် ကင်ယောင်အီးပဲဖြစ်ဖြစ် ကျနော်နဲ့ စကားပြောရတာ ဘယ်လို မှာ စိတ်ချမ်းသာမှမဟုတ်ဘူး။ ဟိုတလောကပဲ သမတဘုရှ် ကိုယ်တိုင်က စေ့စပ်တဲ့နည်းလမ်းဟာ လိုအပ် တယ်လို့ ယူဆလာတယ်လေ။ လွန်ခဲ့တဲ့ ၃ နစ်က မြောက်ကိုယီးယားတို့ လစ်ဗျားတို့ နဲ့  ဆွေးနွေးခဲ့တယ်မဟုတ်လား။ အိရန်နဲ့ တောင်သွေးတိုးစမ်းစကားပြောနေတယ် ပါလစ်စတိုင်းနဲ့ အစ္စရေးကြားမှာလည်း အဆင့်မြင့် ကိုယ်စားလှယ်တွေစကားပြောလာပါတယ်။ ကမ္ဘာကြီး ပူနွေးလာတဲ့ ကိစ္စမှာလည်း အမေရိကန်က အစီအစဉ်တွေလုပ်လာတယ်။ ဒါတွေ က သူရဲ့ သမတ သက်တမ်းကာလမှာ
ဆန်ကျင်ခဲ့တာဟာတွေပါ။ မဖြစ်မနေလုပ်ရတော့မယ်ဆိုတဲ့ လမ်းကြောင်းဆီကိုတော့ သူဦးတည်လာတာတွေ့ ရတယ်။ ပြသာနာက သူ စိတ်ထဲမှာ အာရုံစိုက်မှုနည်းနေသေးတာပဲ။

စီအန်အန်
- ကဲဒါဆို ရီပတ်ပလစ်ကန်ပါတီ အတွက် ခင်ဗျားရဲ့ အကြံပြုချက် က ဘာလဲ၊

ဇာကာရီးယာ- သူတို့ အနေနဲ့  ကျင့်သုံးလို့ မရတဲ့ ပေါ်လစီအဟောင်းတွေကို ကမ္ဘာကြီးက လက်မခံတော့ဘူး ၊ ကမ္ဘာကြီးက ပြောင်းလဲနေပြီ။ ရီဂင်လက်ထက်က ပြောခဲ့တဲ့ အမေရိကန် က နံပတ်-တစ် ဆိုတာ ကို ပြုပြင်ပြောင်းလဲဖို့ လိုလိမ့်မယ်။ အပေါစားစကားဖြစ်နေပြီ၊ လက်တွေ ဘ၀ ကင်းကွာနေတယ်။ အမေရိကန် ရဲ့  ခွန်အား တွေဖြစ်တဲ့ စစ်ရေး၊ နိင်ငံရေး၊ နည်းပညာ စွမ်းအား တွေကို တခြားသူတွေနဲ့ ပူးပေါင်းပြီး အသုံးပြုရမယ်။ ဒီစွမ်းရည်တွေ ပို ပြီး အသုံးကျတဲ့ ငြိမ်းချမ်းတဲ့ ကြွယ်ဝချမ်းသားတဲ့ ကမ္ဘာ ဖြစ်အောင် လုပ်ရမယ်။ ဒီကမ္ဘာမှာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့  ဒီမိုကရေစီ နဲ့ လွတ်လပ်ခြင်းဆိုတဲ့ တန်ဖိုးတွေ အာမခံချက်ရှိနေရမယ်။

ဆွေးနွေးခန်း

• ဇာကာရီးယား ရဲ့ အမေရိကန်အနေနဲ့  အီရန်၊ မြောက်ကိုရီးယား တို့ နဲ့ စေ့စပ်ရမယ်ဆိုတဲ့  အဆိုပြုချက်ကို သင်ဘယ်လိုယူဆပါသလဲ ။
• သမတသစ် အိုဘားမား က နအဖ စစ်အစိုးရ နဲ့ တွေ့ ဆုံဆွေးနွေးမှုတွေလုပ်လာနိင်တယ်လို့ ယူဆပါသလား။
• လုပ်မယ်ဆိုရင် ဘယ်လို အခြေခံမှု တွေ အပေါ်မှာလုပ်သင့်တယ်လို့ ယူဆပါသလဲ။
• ဇာကာရီးယာ နိင်ငံရေးအရ ကွန်ဆာဗေးတစ်တယောက်လား၊ လစ်ဘရယ် တယောက်လား ၊ ကြားနေ သမားတယောက်လား သင်ဘယ်လို ယူပါသလဲ။
• သူပြော တဲ့  Wilsonianism ၀ါဒ ဆိုတာ သင်ဘယ်လိုနားလည်ပါသလဲ ။ Wilosnianism ရဲ့  Central Theme - ဘာလဲ။


Summary

Rest of your post

အမေရိကန်ရယ် သနားတယ်

ညက ကျော်ဆန်းတညလုံးအိပ်မပျော်။သူ့ကိုယ်သူ ဟစ်တလာလိုလို ကြိတ်စိတ်ကူးယဉ်ပြီး ညတိုင်း မိတ်ကပ်လိမ်း ဂါဝန်ဝတ် ပန်တီဟို့စ်စွပ်၏။
သူ့မိန်းမကြီး၏အဖြူရောင်ရှင်မီးအင်္ကျီကိုဆေးလိပ်မီးထိုးကာဇကာပေါက်ဖြစ်စေလျှက်မီးသွေးသုတ်ထားလိုက်သေး၏။
ထို ရှင်မီးအင်္ကျီကိုဝတ်ထားလိုက်သည်မှာ ဖောင်းကားအဆီပိတ်နေသောဗိုက်ကြီးဖုံးသည်အထိဖြစ်၏။

အသားမဲမဲ သွားကြဲကြဲ နဖူး ပြောင်ပြောင် ကြာဇံအိုး ပေါ်ကတ္တရာပုံးမှောက်သလိုဆံပင်များဖြင့် သူ့ကိုယ်သူဗစ်တိုးရီးယား ခေတ်က ပြည့်တန်ဆာဟန်ဖြင့်သူ့မိန်းမကြီးရှေ့ တွင်လေးဖက်ထောက်လျှက် ပွေးကွက် ၀ဲကွက်များပြည့်နေသော သူ့ဖင်မဲကြီးအား ထားဝယ်ကြမ်ဖြင့်အမြဲရိုက်ခိုင်းနေကြ။
ဟစ်တလာက ထိုကဲ့သို့ စိတ်ရောဂါရှိသည်ဟု စာတိုပေစများတွင်ဖတ်ဖူးသဖြင့် ဖြစ်သည်ဟုတော့ သူက သူ့ မိန်းမကြီးကို ကြိတ်ရွှီးထား၏။
သူ့ မိန်းမကြီးကလည်း အင်မတန် ပစိပစပ်များ လွန်းသော ကျော်ဆန်းကို စိတ်ကုန်ကုန်အမြင်ကပ်ကပ်ဖြင့် ညတိုင်းအရှိုးရာထင်အောင်ရိုက်ပေးနေကြ။
နအဖ စစ်ဗိုလ်ချုပ်ဖြစ်သည့်ကျော်ဆန်းသည် နေ့ပိုင်းတွင်တော့ ဟိတ်ကြီးဟန်ကြီးဖြင့် ရွှေရောင်ကြယ်ကြီးများကို ပုခုံးပေါ်တပ်ကာ ဟိုလူ့ဟိန်းလို်က်ဒီလူ့ဟောက်လိုက်ဖြင့် သူ့ဆရာကြီးသန်းရွှေတို့အုပ်စု၏လုပ်ပေါက်အတိုင်း တချက်မလွဲစေရ။
ယခုညတော့သူ့မိန်းမကြီး ရိုက်တာ ချိန်သားလွဲပြီးမတော်ရာရိုက်မိရာမှစ၍ ကျော်ဆန်း ရေခဲအိတ်ကို လက်ကမချနိုင်ပဲ ကုန်းကွ ကုန်းကွဖြင့် သူ့ကွန်ပြူတာရှေ့ တွင်မြန်မာဘလော့များကို သဲကြီးမဲကြီး ဖတ်နေ၏။ သူ့ရည်ရွယ်ချက်ကတော့ အောင့်အောင့်နာနာဒဏ်မှသက်သာလိုသက်သာငြား။

ဘလော့တစ်ခုပြီးတစ်ခုလျှောက်ကြည့်မည်လုပ်ပြီး We fight we win ဘလော့ရောက်တော့ ကျော်ဆန်း မျက်လုံးပြူးမျက်ဆံပြူးဖြင့် တယ်လီဖုန်းကို ကိုင်ကာ ခုံဖိနပ်ဖင်ခုသန်းရှာနေကျအဖွားကြီးပင် သူနှင့်တူသည်ဟု ပြောလျှင် ရှက်သေနိုင်လောက်သည့် ဟန်ဖြင့် သူနှင့်ဖွဖော်ဖွဖက် ခင်ရီထံစတင်ဖုန်းဆက်လိုက်ပါတော့၏။
ကလင်......ကလင်.........။
ခင်ရီက ညအိပ်လျှင် ဂါဝန် ၀တ်အိပ်လေ့ရှိ၏။ သူ့ကိုယ်သူတော့ ဘိုဆန်ဆန် အနောက်တိုင်းယဉ်ကျေးမှုနှင့် သူ့ကိုယ်ပိုင်အချိန်များတွင်ကျင့်ကြံနေထိုင်ခြင်းဖြစ်သည်ဟု သူ့မိန်းမကိုအမြဲညာနေကျဖြစ်၏။
ခင်ရီ၏ အိမ်မှ တပ်သားတစ်ယောက်က တယ်လီဖုန်းကိုင်လိုက်၏။
"ဟယ်လို ရဲချုပ်အိမ်ကပါ အခုဆက်နေတာဘယ်သူပါလဲ"
"ဟေ့ကောင် ငါကျော်ဆန်းပဲ ခင်ရီကို အခုချက်ချင်းနှိုးစမ်း အရေးကြီးတယ်"ဟုပြောပြီး တယ်လီဖုန်းကို ကိုင်လျှက် ရှင်မီးအင်္ကျီဇကာပေါက်ဝတ်ထားသောအတ္တဘောကိုယ်လုံး၊
ပန်တီဟို့စ်မဆန့် မပြဲတို့ကိုဝတ်ပြီး အိပ်ခန်းကော်ဇောပေါ်တွင်
ခြေမဖျားလေးဖြင့် လမ်းလျှောက်ရင်းဘဲလေး အကမယ်လိုလိုသူ့ကိုယ်သူစိတ်ကူးယဉ်၏။ ရှက်ပြုံးကပြုံးလိုက်သေး၏ ။
ပြီးတော့ ညာလက်ဖြင့် ဖုံးကို နားနားကပ်ကာ ဘယ်လက်ဖြင့်ညာလက်တံတောင်ဆစ်ကို ရွရွလေး
ကိုင်ထားရင်း ပွေးကွက် ၀ဲကွက်တို့ဖြင့် မီးလောင်ထားသောတောင်ယာနှင့်တူသည့်သူ့ ဖင်မဲကြီးကို လှုပ်လိုက်ရမ်းလိုက်သေး၏။

တပ်သားက ခင်ရီ့ အခန်းတံခါးကို ခေါက်၏ ။
ခင်ရီအိပ်ချင်မူးတူးနှင့် သူ့ ဂါဝန်ကို သူလုံအောင် အောက်ခြေကစုဖုံးကာ အိပ်ယာမှထလိုက်၏ ပြီးတော့ "ဘာလဲကွ" ဟု မေးလိုက်၏။
" ၀န်ကြီး ကျော်ဆန်းဆီက ဖုန်းပါအရေးကြီးလို့လို့ပြောပါတယ် ရဲချုပ်"
"အေး ဒါဆို ငါ အခန်းထဲကဖုန်းက ကိုင်လိုက်မယ်"ဟု ခပ်မာမာပြန်ဖြေလိုက်၏။
အိပ်ယာဘေးမှ မှန်ဝိုင်းကလေးတွင်သူ့မျက်နှာကိုသူပြန်ကြည့်ကာ အာပုတ်ရည် စက်လက်ကျသဖြင့် ပြယ်စပြုနေသော နှုတ်ခမ်းနီတို့ဖြင့်
ဝမ်းချုပ်နေသော ၀က်ဖင်နှင့်တူသည့် သူ့နှုတ်ခမ်းကို စုပြီးကြည့်လိုက်သေး၏။
ပြီးနောက်
"ဟယ်လို...ပြော" ဟု ချစ်သူကိုစိတ်ကောက်သော မြီးကောက်ပေါက်အထာ ညုတုတု ဟန်ဖြင့် ဖြေလိုက်၏။
"ဟဲ့ ... မယ်ရီ ညည်းသိပြီးပြီလား ဟိုအကောင်တွေဘလော့လေ"
"ဟဲ့ မိဆန်းရဲ့ ဘယ်အကောင်တွေဘလော့လဲ ယူ့ ဟာကအရင်းမရှိအဖျားမရှိ" ဟု ပြန်မေးလိုက်၏။
"အယ်...ညည်းကလဲ အသိတော့ဘူးလား ဟိုကောင်တွေလေ ရေးလိုက်ရင် ပြူးတူးပြဲတဲနဲ့ အကောင်တွေ" ဟု ပြောလိုက်ရင်း မျက်ဆံကို ညာဘက်ထောင့်သို့ ကပ်ကာ သူ၏ ချေးအထပ်ထပ်ပြည့်နေသော ဘယ်ဘက်လက်သန်းကို
ဖွဖွလေးကိုက်လိုက်၏။
ပြီးတော့ ကွန်ပြူတာခုံအစွန်းတွင်တင်ထားသော ရေခဲအိတ်ကို ယူပြီး အောင့်တော်မူသောနေရာသို့ကပ်လိုက်၏။
တဖက် မှ ခင်ရီဘယ်လောက်တွေးနိုင်မလဲဟုလည်း တွေးနေ၏။
"အော် သိပြီ ဟိုအကောင်မဟုတ်လားဟဲ့" ဟု ခပ်တည်တည်ဖြင့် ရောယောင် ရွှီးလိုက်၏ ။
တကယ်တော့ ခင်ရီ ဘယ်သူမှန်းမသိ။ သူကျိန်းသေသိတာကတော့ ကျော်ဆန်းကဖြီးတဲ့နေရာမှာနံပါတ်တစ် သူများဖြီးလျှင်လည်း
အော်တိုမက်တစ်ယုံတတ်သည်မှာ ဓါတ်ခဲလဲစရာမလို။
"ဟဲ့ အရီရဲ့ ဘယ်လိုလုပ်ကြမတုန်းဟဲ့ ဒီအတိုင်းဆို တို့လည်းတခုခုလုပ်မှဖြစ်မယ်ဟဲ့ "
"အို..ယူကလည်း ချုပ်ချုပ်ကြီးကို အသိပေးရမှာပေါ့ " ဟု ခင်ရီကပြန်ဖြေ၏။
ထို့နောက်နှစ်ယောက်သား သဘောတူလိုက်ကြပြီး သန်းရွှေကြီးအိမ်သို့ဖုန်းဆက်ပါလေတော့၏။
ထိုညကတပ်ချုပ်ကြီး၏ အိမ်တွင် ဘင်္ဂလားပင်လယ်ကွေ့ ဓါတ်ငွေ့ တူးသည့်ကိစ္စနှင့်ပတ်သက်၍ သေနင်္ဂဗျူဟာမြောက် တိုက်စစ်ဆင်ရန်ဆိုသောအကြောင်းပြချက်ကြီးကြီးကျယ်ကျယ်အရ တင်အောင်မြင့်ဦးနှင့် ရွှေမန်းတို့နှစ်ယောက်လည်းရှိနေကြ၏။
ကလင်...ကလင်...ကလင်....။
"ဟယ်လို အခုဆက်နေတာဘယ်သူပါလဲ"ဟု လုံခြုံရေးတာဝန်ကျ ဆိတ်ဘိုက အသံမာမာဖြင့်မေးလိုက်၏။
ကျော်ဆန်းက "ဟယ်...သား ..တို့ပါ ရဲချုပ်လဲ ရှိတယ်သိလား အခု ကွန်ဖရင့်ကော ခေါ်တာလေသိလား တပ်ချုပ်ကြီးကို အခုနှိုးပေးနော်သိလား"ဆိုကာ ကောင်လေးတော့ တနေ့ ငါဝါးရမှာပါဟူသည့် လေသံဖြင့် ပြောလိုက်တော့ လုံခြုံရေးတာဝန်ကျ မနူးမနပ်ဆိတ်ဘိုလေးလဲ အပေါ်ထပ် တပ်ချုပ်ကြီး ၏ အိပ်ခန်းကျယ်ကြီးသို့ အင်တာကွန်းဖြင့် အကြောင်းကြားလိုက်၏။

ရွှေမန်းက ဖုန်းကိုအမြန်ကောက်ကိုင်လိုက်၏။ "ဟယ်လို ပြော ဘာကိစ္စလဲ " ဟု အမိန့် သံစိတ်မရှည်သံဖြင့် မေးလိုက်၏။
ကျနော်ခင်ရီပါ ကိုကျော်ဆန်းလဲရှိပါတယ် လိုင်းပေါ်မှာအရေးကြီးကိစ္စတင်ပြစရာရှိလို့ ပါ" ဟု ဖြေလိုက်၏။
ထိုအခါ တယ်လီဖုန်းကို သုံးယောက်လုံးကြားစေရန် စပီကာဖွင့်လိုက်၏။
တပ်ချုပ်ကြီးက "ဟေ့ကောင်တွေ ဘာကိစ္စလဲ ပြောစမ်း" ဟု မေးလိုက်၏။
"ဟိုကောင်တွေ We fight we win ဘလော့မှာ အမေရိကန်က ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကို အမျိုးသမီးတစ်ယောက်ကိုပေးလိုက်ပြီ တပ်ချုပ်ကြီး ကျနော်တို့ ဘာဆက်လုပ်ကြမလဲ" ဟုမေးလိုက်၏။
တင်အောင်မြင့်ဦးသည် ကုတင်ပေါ်မှ ခေါင်းအုံးအရှည် လုံးလုံးကြီးကို ဖက်ကာ တခစ်ခစ်ခိုးရယ်တော့၏။
တပ်ချုပ်ကြီးက ရင်ဘတ်မှ အလုံးကြီးကျသွားသည့်ဟန်ဖြင့် စပျစ်သီးကို လက်ညှိုးနှင့် လက်မကြားတွင် ရွရွလေးကိုင်လိုက်၏။
သူ၏ ညိုမဲဝဖြီးသော လက်ပုပုတိုတိုကြီးများကို ကနွဲ့ ကလျဖြင့် လက်သန်းကိုကော့ကာ
"ဟေ့ကောင်တွေ ဒီမှာဗျူဟာဆွဲနေတာ အလုပ်ပျက်တယ် မင်းတို့ တော်တော်ရှုပ်တယ် ဒီကိစ္စမျိုးအတွက်ငါတို့ ဘယ်တော့မှ နောက်မကျဘူးကွ"ဟု ပြောရင်း မေးကို ငေါ့လျှက် ဖုန်းချလိုက်ရန်ရွှေမန်းကို အချက်ပြလိုက်၏။
ဖုန်းကိုရွှေမန်းဂေါက်ကနဲချလိုက်သောအခါ "ဟွန့် ဒါလေးများ လာပြောနေသေးတယ် "ဟု တပ်ချုပ်ကြီးကမဲ့ရွဲ့ကာ ညည်းလိုက်၏။
ထိုအခါ ရွှေမန်းက "အေးလေ သူတို့ကအမေရိကန်ဆိုပြီးခုမှ မိန်းမတစ်ယောက်ကို ဒုတိယဗိုလ်ချုပ်ကြီးခန့် ရဲတာ သနားတယ်.." ဆိုသောစကားနှင့်အတူ သူ၏ နာ့စ်မ ခေါင်းဆောင်းဦးထုတ်ကလေးကိုချွတ်ရင်း တင်အောင်မြင့်ဦး၏ တင်ပါးကြီးကို
ရိုက်လိုက်ရာ တင်အောင်မြင့်ဦးက "အယ့်အမေ့... ကောင်မနော်...သူသိပ်ကဲတယ်"ဟုပြောပြီးတဆက်တည်းပင် " သူတို့က ဒုတိယဗိုလ်ချုပ်ကြီးတယောက်ပဲခန့် တာ များတို့ကရယ်တာပေါ့ ဟုတ်ဘူးလား ချုပ်ချုပ်ကြီးရယ် "ဟု ကြာပစ်ကာပြောလိုက်၏။
သူတို့ပြောနေသော စကားများကို တကယ်တော့ တပ်ချုပ်ကြီးကစိတ်မ၀င်စားအား ။
သူ့ခမျာ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်အေးဟန်နှင့် တူသည်ဟု ကြိတ်စိတ်ကူးယဉ်နေသော်လည်း သူ့ အရပ်က မဆိုစလောက်ပုနေသည်ကို ဆန့် ထုတ်ရန်
အကြံကို ခုထိ လက်မှိုင်မချသေးပဲ နှုတ်ခမ်းတလံပန်းတလံဖြင့် ပြောလိုက်သည်မှာ " ကောင်မတွေနော် သိပ်သိပ်ကဲ" ဟူ၍ဖြစ်လေသတည်း။

ထိပ်တင်ကိုယ်တော်ထွား

UCLA မြန်မာတေးဂီတပွဲလေးကိုလာရောက်အားပေးကြပါ။


A concert to raise funds for the Cyclone victims

မြန်မာနိုင်ငံရှိနားဂစ်ဆိုင်ကလုံမုန်တိုင်းဒုက္ခသည်တွေကိုကူညီဖို့အတွက်ကယ်လီဖိုးနီးယားပြည်နယ်ရှိယူစီလယ်အေ(U.C.L.A)တက္ကသိုလ်မှာ
ပညာသင်ကြားဆည်းပူးနေကြသောမြန်မာကျောင်းသူကျောင်းသားတွေရန်ပုံငွေရှာတေးဂီတပွဲလေးကိုကျင်းပမည်လို့ကြားရပါတယ်။

အချိန်- ----- ညနေ ၃း၀၀ က ၇း၀၀နာရီ
နေ့---------- နိုဝင်ဘာ ၁၆ရက် ( ဒီအပတ် တနင်္ဂနွေ)
လက်မှတ်---- ဒေါ်လာ ၂၅ မှ ၅၀

လှူဒါန်းရရှိသောငွေများကို
မုန်တိုင်းဒုက္ခသည်တွေဆီတိုက်ရိုက်ကူညီသွားမှာဖြစ်လို့အထူးကျေးဇူးတင်ရှိပါတယ်။
လှူဒါန်းရရှိသောငွေများကိုမုန်တိုင်းဒုက္ခသည်တွေဆီအမှန်ရောက်ဖို့ဆက်လက်ကြီးကြပ်စောင့်ကြည့်သွားကြပါလို့
အကြံပြုပါရစေ။

Dear all.

Please help support the students who have put together a concert to raise funds for the Cyclone victims.The proceeds will be donated to Sitagu Sayardaw and World Vision. Its on Sun November 16 at 3pm to 7pm at UCLA. Please pass along to friends that might be interested. The tickets are $25 and $50. Your support will be greatly appreciated.


Rest of your post

Time to Review U.S Policy for Burma


ချစ်စွာသောစာဖတ်ပရိသတ်အပေါင်းတို့ ခင်ဗျာ..

စာဖတ်သူတို့အနေဖြင့်မြန်မာပြည်အပေါ်ထားရှိမည့်အမေရိကန်အစိုးရသစ်၏ပေါ်လစီနှင့်အသစ်ခန့်အပ်မည့်မြန်မာပြည်ဆိုင်ရာအမေရိကန်
အထူးကိုယ်စလှယ်အပေါ်ထားရှိသည့်သဘောထားများအကြံပြုချက်များပေးပို့လိုပါလျှင်ကျွန်နော်တို့အီးမေးကိုဖြစ်စေ၊ဘလောက်ဂ်မှာဖြစ်စေ
ရေးသားထားခဲ့နိုင်ပါသည်။ထို့အတူအဖွဲ့အစည်းတခုချင်းစီ၏ထင်မြင်ချက်သဘောထားများ၊အကြံပြုချက်များကိုလည်းကျွန်နော်တို့ကို
အီးမေးကနေတဆင့်ပေးပို့ထားနိုင်ပါသည်။

ကျွန်နော်တို့အနေဖြင့်သီးသန့်အကြံပြုချက်အစီရင်ခံစာကိုအမေရိကန်အစိုးရသစ်နှင့်သက်ဆိုင်ရာနေရာများသို့တင်ပြ
ပေးပို့သွားပါမည်။ချစ်စွာသောစာဖတ်ပရိသတ်အပေါင်းတို့၏အကြံပြုချက်များကိုလည်းတပါတည်းထည့်သွင်းပေးပို့တင်ပြသွားပါမည်။
သဘောထားတွေကိုအပြုသဘောဆန်ဆန်ဖြင့်လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။

လေးစားချစ်ခင်စွာဖြင့်

Dear friends of Burma,

We are going to write an independent report on Burma, which will be offering new strategic thinking for U.S and European Policy makers. The report will be submitted in January,2009.The aim of this report is to promote freedom and liberty of Burma. Your opinions and comments are highly appreciated. Here is a chance for you to share your opinions with us. Please send your opinions to our e.mail account.

Best Regards,
We Fight We Win
Strategic Team
E-mail: wefightwewin@gmail.com


Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Free In Mind] 1 New Entry: u p w a r d

u p w a r d

အထက်ရောက်ဖို့အားလုံးကြိုးစားကြရတာချည့်ပဲ..။ မတ်စောက်လွန်းတဲ့နေရာအတွေအတွက် အတွယ်အတာနဲ့ ကုပ်ကပ်တက်ဖို့ လိုတာပေါ့..။ ဘာပဲဖြစ်ဖြစ် အားမလျှော့ဘူးဆိုတဲ့လုံ့လရှိဖို့တော့လိုမယ်..။

You received this email because you are subscribed to the real_time feed for http://blog.freeinmind.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[:: My Little World ::] 1 New Entry: ဖတ်မိသော ကဗျာတစ်ပုဒ်

ဖတ်မိသော ကဗျာတစ်ပုဒ်

ရေခဲတောင်တွေက
နေကို
ဆီးကြိုနေချိန်မှာ
သဲကန္တာရကား
နေအား
ထွက်ရန်နှင်ထုတ်နေ၏။

ကန္တာပင်တွေက
ရေကို
လိုလားတောင်းတနေချိန်မှာ
ကမ်းနာသစ်ပင်ကား
ရေအား
ခါးသီးစွာမုန်းတီးနေ၏။

မီးပုံပျံတွေက
လေကို
မျက်နှာချိုသွေးနေချိန်မှာ
ဖယောင်းတိုင်မီးများက
လေအား
ကြုံးဝါးမာန်ဖီနေ၏။

ဒါပေမဲ့
စစ်မြေမှာ၊ ငါ နဲ့  ရန်သူ
တူသော ဆန္ဒ ရှိကြ၏။

ဒီကဗျာ ကို ရေးသားသူက "မောင်ချစ်မြတ်" ဖြစ်ပြီး ကဗျာနာမည်က "ငြိမ်းချမ်းရေး" ဖြစ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Dawnmanhon( ဒေါင်းမာန်ဟုန် )] 2 New Entries: မြန်မာစစ်အစိုးရ၏ နောက်ဆုံးပေါ် အဓမ္မထောင်ဒဏ်များ

မြန်မာစစ်အစိုးရ၏ နောက်ဆုံးပေါ် အဓမ္မထောင်ဒဏ်များ

နိုင်ငံရေးအကျဉ်းသား ၃၉ ဦး၏ မိသားစုဝင်အားလုံး … မျက်ဝန်းများတွင် မျက်ရည်များဖြင့် ပြည့်လျှံ နေကြပါလိမ့်မည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီကျခံစေရန် အမိန့်ချလိုက်ပြီ။ ထို ၁၄ ဦးထဲတွင် အမျိုးသမီး ၅ ဦးလည်းပါဝင်သည်။ တချိန်တည်းတွင် ၂၀၀၇ စက်တင်ဘာအရေးတော်ပုံတွင် ပါဝင်ခဲ့သည့် သံဃာတော် ၅ ပါးအပါအဝင် တခြားသော နိုင်ငံရေးသမား ၂၅ ဦး တို့ကို အများဆုံး ထောင်ဒဏ် ၂၆ နှစ်အထိ ကျခံစေရန် အမိန့်ချမှတ်လိုက်ပြီ ဖြစ်သည်။ လူသိများ ထင်ရှားသည့် လူ့အခွင့်အရေး လှုပ်ရှား သူ မစုစုနွေးလည်း ထောင်ဒဏ် ၁၂ နှစ်ခွဲ ကျခံရမည်ဖြစ်၏။

ယခုကဲ့သို့ ပြင်းထန်ရှည်လျားသော ထောင်ချ အပြစ်ဒဏ်များကို ပေးလိုက်ခြင်းက စစ်အစိုးရအနေနှင့် ၎င်းတို့ ပြောလေ့ရှိသော "ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ" ဟူသည့် ဆောင်ပုဒ်ကို အမှန်တကယ် အကောင်အထည်ဖော်ပြီဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံတကာက တောင်းဆိုနေသည့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်ဆိုသည့် အချက်ကို လုံးဝ စိတ်မဝင်စား၊ ဂရုမစိုက်ဟု ပြောလိုက်သလိုလည်း ဖြစ်နေသည်။

ထောင်ဒဏ် ၆၅ နှစ်စီကျခံလိုက်ရသော တက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင် ၁၄ ဦးထဲတွင် ကိုမင်းဇေယျာ၊ ကိုဂျင်မီ (ကိုကျော်မင်းယု) နှင့်ဇနီး မနီလာသိန်း၊ မမီးမီးနှင့် ၁၉၈၈ ခုနှစ်က တက်ကြွ လှုပ်ရှားခဲ့သဖြင့် နှစ်ရှည် အကျဉ်းကျခံခဲ့၊ စွန့်လွှတ် အနစ်နာခံခဲ့ပြီးဖြစ်သည့် ထင်ရှားသော ကျောင်းသား ခေါင်းဆောင်များ ပါဝင်သည်။

ထောင်ဒဏ် ၁၅ နှစ်နှင့် ၇ နှစ် အသီးသီး ကျခံပြီးဖြစ်သည့် ကိုဂျင်မီနှင့် မနီလာသိန်းတို့ ဇနီးမောင်နှံ၏ ဝမ်းနည်း ကြေကွဲဖွယ် ဇာတ်လမ်းကို အားလုံးသိပြီးသားဖြစ်သည်။ သူတို့၏ လသားအရွယ် သမီးငယ်လေးမှာ မနှစ်က စက်တင်ဘာအရေးတော်ပုံ အပြီးတွင် ဖခင်ဖြစ်သူ အဖမ်းခံရပြီး မိခင်ဖြစ်သူ ပုန်းရှောင်နေရစဉ် အဘိုးအဘွားများထံ၌ ကျန်ရစ်ခဲ့ရသည်။ ယခုအခါ မိခင်ဖြစ်သူကိုလည်း ဖမ်းဆီး ထောင်ချလိုက်ကြပြီ။

တက်ကြွလှုပ်ရှားသူ ကျောင်းသား ခေါင်းဆောင်အများစု၏ အသက်အရွယ်မှာ ၄၀ ဝန်းကျင်တွင် ဖြစ်နေ ပေပြီ။ ယခု သူတို့ကိုပေးထားသည့် အပြစ်ဒဏ်အတိုင်း နှစ်စေ့ထောင်ဒဏ် ကျခံရမည်ဆိုလျှင် … သူတို့ အားလုံး ထောင်ထဲတွင် သေကြဖို့သာ ရှိတော့သည်။ ၁၉၈၈ နောက်ပိုင်းတွင် စစ်အစိုးရက ၃ နှစ်မှ ၅ နှစ်အထိ သက်မှတ်ခဲ့သည့် ထောင်ဒဏ်မှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် အများဆုံး ၁၀ နှစ်အထိ ကြမ်းခင်းဈေး ဖြစ်ခဲ့သည်။ ယခုတော့ ပိုဆိုးနေပြီ … အနာဂတ်တွင် ဒီထက်ပိုဆိုးဖို့သာ ရှိတော့သည်။

၈၈ ဦးဆောင် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းကိုနိုင်အကြောင်း ပြောကြည့်ချင်သည်။ သူနှင့် တခြားသော ကျောင်းသားခေါင်းဆောင် ၈ ဦးတို့မှာ အောက်တိုဘာလ အတွင်းက တရားခွင်ကို မထီမဲ့မြင်ပြုသည်ဆိုသော စွဲချက်ဖြင့် အပြစ်ပေးသည့်အနေနှင့် ထောင် ၆ လစီချမှတ်ပြီး မအူပင်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။ မျှော်လင့်ရသည်မှာ ကိုမင်းကိုနိုင်နှင့် အဖွဲ့ကိုလည်း မကြာမီ ထောင်ဒဏ် ၆၅ နှစ် သို့မဟုတ် ထိုထက် များသည့်နှစ်များ ချမှတ်အပြစ်ပေးဦးတော့မည်။

ယခုကဲ့သို့ ရှည်လျားပြင်းထန်သော ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို နောင်မလုပ်ရဲအောင် ခြောက်လှန့်လိုက်ခြင်း ဖြစ်နိုင်သည်။ ယခုအခါတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များသာ မကဘဲ ပြင်းထန်ဆိုးရွားသည့် စည်းမျဉ်းများကို ရှေ့နေများအပေါ်တွင်ပါ ချမှတ်ကျင့်သုံးနေကြောင်း တွေ့ရှိရသည်။ အောက်တိုဘာနှင့် နိုဝင်ဘာ ၂ လအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တို့အတွက် အမှုလိုက် ပေးနေသည့် ရှေ့နေ ၃ ဦး ဖမ်းဆီးခံခဲ့ရသည်။
နိုင်ငံရေး အကျဉ်းသားများအတွက် အမှုလိုက်ပေးနေသည့် ရှေ့နေတဦးဖြစ်သူ ဦးအောင်သိန်းက ၎င်းအဖမ်း မခံရခင် "ဓမ္မက အဓမ္မကို တနေ့ မလွဲမသွေအောင်မြင်မှာပါ" ဟု ဧရာဝတီသို့ ပြောခဲ့သေးသည်။

ရှေ့နေများဖြစ်ကြသော ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် ဦးညီညီထွေးတို့ကို ယခု အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။ နိုင်ငံရေးအကျဉ်းသားများအတွက် ဆောင်ရွက်ပေးနေသည့် တခြားသော ရှေ့နေ ၄ ဦးမှာလည်း ရှေ့နေလိုက်ခွင့်လိုင်စင် ပိတ်သိမ်းခြင်း ခံခဲ့ရပြီဖြစ်သည်။

ယခုကဲ့သို့ ပြင်းထန်သော စည်းမျဉ်းများဖြင့် လူ့ခန္ဓာကိုယ်ကို အမျိုးမျိုး နှိပ်စက်နေသော်လည်း မတရားမှုကို ဆန့်ကျင်လိုသည့် စိတ်ဓာတ်များကိုတော့ ဖိနှိပ်ကွပ်ညှပ်၍ ရနိုင်မည် မဟုတ်။ ၎င်းတို့၏ စွန့်လွှတ်အနစ်နာ ခံရဲသည့် ခိုင်မာသော ဇွဲနှင့် သတ္တိကို စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းပေ။
ကိုမင်းဇေယျာဆိုလျှင် ၎င်းတို့ကို ၆၅ နှစ် ထောင်ဒဏ်ပေးပြီဟု သိရလျှင်သိရခြင်း "၆၅ နှစ်ပဲလား" ဟု ရဲဝံ့စွာ အော်ခဲ့သည်။ မမီးမီးဆိုလျှင်လည်း "လုံးဝ မကြောက်ဘူးဟေ့" ဟုဆိုကာ သူ၏ သတ္တိကို ထုတ်ဖော်ပြသ ခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်က ယခုကဲ့သို့ အနှစ် ၂၀ လုံးလုံး ယုံကြည်မှုနှင့် ခိုင်မာသော ဇွဲသတ္တိရှိရုံဖြင့် ဒီမိုကရေစီအောင်ပွဲကို မဆွတ်ခူးနိုင် ဆိုသည့်အချက်ပင် ဖြစ်သည်။ ယခုအချိန်တွင် ဒီမိုကရေစီအရေး အတွက် တိုက်ပွဲဝင်နေသူများအားလုံးကို စစ်အစိုးရက ပြင်းထန်စွာ ချေမှုန်းလျှက်ရှိသည်။ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကို ကျင်းပဖြစ်အောင် ကျင်းပမည်ဖြစ်ရာ ထိုသတ္တိရှိသူ အားလုံး ထောင်ထဲတွင်သာ နေကြရဖို့ ရှိနေသည်။
နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အမျိုးမျိုးသော နည်းလမ်းများ သုံးကာ တိုက်တွန်းနေသော်ငြားလည်း စစ်အစိုးရက ငြင်းပယ်မြဲငြင်းပယ် နေခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား စီးပွားရေးပိတ်ဆို့မှု ကျင့်သုံးသူနှင့် စေ့စပ်ဆွေးနွေးရေး အလိုရှိသူဟူ၍ နှစ်ခြမ်းကွဲနေသည်ကို စစ်အစိုးရ ခေါင်းဆောင်များက ကောင်းကောင်း သိနေသောကြောင့် ဖြစ်၏။
ထိုကဲ့သို့ ကမ္ဘာကြီး နှစ်ခြမ်းကွဲနေခြင်းကပင် စစ်အစိုးရအတွက် အောင်ပွဲတခုလိုဖြစ်နေသည်။ နိုင်ငံတကာ မိသားစုများအနေနှင့် လမ်းစဉ် နှစ်ရပ်ကို တရပ်တည်းအဖြစ် ပေါင်းစပ်ကာ စည်းလုံးမှု ရှိသင့်သည်။ စီးပွားရေး ပိတ်ဆို့ခြင်းများ အရေးယူဆောင်ရွက်ကာ တချိန်တည်းတွင် စေ့စပ်ဆွေးနွေးရေး အတွက်လည်း တိုက်တွန်းမှ အောင်မြင်မှုကို သိမ်သိမ်မွေ့မွေ့ ချဉ်းကပ်နိုင်မည် ဖြစ်သည်။

ဦးဆောင် တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ် ၆၅ နှစ်ထိ ပြစ်ဒဏ်ပေးခံလိုက်ရသည့် ယခု ကာလတွင် အယူအဆသစ်၊ နည်းလမ်းသစ်တခု အမှန်တကယ်ရှိဖို့ လိုအပ်နေပေပြီ။
ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုသက်ဝင်းအောင် ဆိုလျှင် ၂၀၀၆ ခုနှစ်က အသက် ၃၄ နှစ်အရွယ်၌ မန္တလေးအကျဉ်းထောင်အတွင်း ထောင်ဒဏ် ၅၉ နှစ်ကျခံရင်း ကွယ်လွန်ခဲ့ရသည်။ ၎င်း၏ အစ်ကိုဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုမှာ ယခု မအူပင်ထောင်တွင် ရှည်လျားသည့် ထောင်ဒဏ် အမိန့်ကို သူ့ အပေါင်း အဖော်များနှင့် အတူ စောင့်စားနေရသည်။

စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပမ်းခြင်းက ပို၍ ပို၍ ပြင်းထန်သည်ထက် ပြင်းထန်ကာ ကြမ်းတမ်းသည်ထက် ကြမ်းတမ်းလာခဲ့ပြီ။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသည့် တက်ကြွလှုပ်ရှားသူများ အမြန်ဆုံး လွတ်မြောက်မှု ရရှိရန် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် လမ်းစဉ်အသစ်တရပ်ကို ပုံဖော်ဖန်တီးကာ စစ်အစိုးရကို ကိုင်တွယ်ဖို့ အချိန်တန်ရုံမက အချိန်လွန်၍ပင်နေပြီဟု ဆိုချင်ပါသည်။

ကျော်စွာမိုး
by irrawaddy

X-Warriors ၏ ကြေငြာချက်အမှတ် (၁ - ၂၀၀၈)



You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Tavoyan] 1 New Entry: Gmail တွင် ရုပ်သံစနစ်ဖြင့် ဆက်သွယ်နိုင်ပြီ

Gmail တွင် ရုပ်သံစနစ်ဖြင့် ဆက်သွယ်နိုင်ပြီ



Gmail အသုံးပြုသူများအနေဖြင့် ရုပ်သံစနစ်(Voice and Video Chat)ဖြင့် တဦးနှင့်တဦး ဆက်သွယ်နိုင်ပြီဖြစ်သည်။
သို့သော် မိမိကွန်ပျူတာတွင် Webcam တပ်ဆင်ထားဖို့တော့ လိုပါသည်။ ဒီနောက်ပိုင်း Laptop ကွန်ပျူတာများတွင်
Webcam ကို Built-in ထည့်ပေးထားသည်ကို တွေ့ရှိရသည်။


အကယ်၍ မိမိကွန်ပျူတာတွင် Webcam အဆင်သင့်ရှိနေပါက -

http://mail.google.com/videochat ကို
သွားရောက်လေ့လာပြီး အောက်တွင်ပါရှိသည့် ဗွီဒီယို Guide အတိုင်း စမ်းသပ်ကြည့်နိုင်သည်။



You received this email because you are subscribed to the real_time feed for http://tavoyan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကျွန်တော့်အိမ်] 1 New Entry: ချစ်ကောင်း၏ သီချင်းများ စုစည်းမှု

ချစ်ကောင်း၏ သီချင်းများ စုစည်းမှု


You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[MYANMAR POLITICAL NEWS AND IDEAS] 1 New Entry: Impolite Police of Burma?

Impolite Police of Burma?

`` ရန်ကုန်တိုင်းတွင် စားခွက်လုကြသော ရဲများ ´´
၈၈ ကျောင်းသားဟောင်း

( ၁၃ . ၁၁ . ၂၀၀၈ ) ရက်နေထုတ် စစ်အစိုးရရဲ့ အူကြောင်ကြောင် သတင်းစာ တစ်စောင်ဖြစ်တဲ့ မြန်မာအလင်းအတင်းစာ စာမျက်နှာ ( ၇ ) မှာ ရန်ကုန်တိုင်း ကရဲတပ်ဖွဲ့ အချင်းချင်း စားခွက်လုကြရင်းနဲ့ ပြည်သူတွေ မြေစာပင်ဖြစ်သွားရရှာတဲ့ သတင်းလေး တစ်ပုဒ်ကို ဖတ်ကြည့်ရင်းက ထိုအဖြစ်အပျက်ရဲ့ အမှန်ဖြစ်ရပ်လေးကို ပြည်သူတွေ အမှန် အတိုင်းသိရှိအောင်ဖော်ပြပေးလိုက်တာပါ။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးလက်အောက်မှာ ဒုစရိုက်နှိမ်နှင်းရေးဌာနစုဆိုတဲ့ ဌာန တစ်ခုရှိပါတယ်။ ထိုဒုစရိုက်နှိမ်နှင်းရေးဌာနစု ဟာ ရန်ကုန်တိုင်းအတွင်းမှာ အရမ်းကို လက်စွမ်းထက်တဲ့ ( အတောင်းကြမ်းတဲ့ ) ဌာနတစ်ခုပါ။ ထို ထိုဒုစရိုက်နှိမ်နှင်းရေးဌာနစု ကို ရောက်ဖို့အတွက် ဒုရဲအုပ် တစ်ယောက်ဟာ တိုင်းရဲတပ်ဖွဲ့ မှူးကို အနည်းဆုံး သိန်း သုံးဆယ်နဲ့ ဌာနစုမှူး ရဲအုပ်-မြင့်သောင်း ကို ဆယ်သိန်း ပေးမှ ထိုဌာန ကိုရောက် ရတာပါ။ ထိုဒုစရိုက်နှိမ်နှင်းရေးဌာနစုဟာ ရန်ကုန်တိုင်း မှာရှိတဲ့ ယာဉ်ထိန်းတွေထက် ပိုက်ဆံပိုရတဲ့ ဌာနပါ။

အဲဒီလို ပိုက်ဆံတွေရင်းပြီးရောက်ရတဲ့ ဒုရဲအုပ်ကစလိုအဲဒီဒုစရိုက်နှိမ်နှင်းရေးဌာနစု က ၀န်ထမ်းတွေဟာ မိမိတို့ကုန်ထားတဲ့ ပိုက်ဆံတွေ ပြန်ရဖို့အတွက် မသမာတဲ့ နည်းတွေ ကိုသုံး/ခြိမ်းခြောက်ပြီး ငွေရှာနေကြတာပါ။ ဒါ့အပြင် ဒုစရိုက်နှိမ်နှင်းရေးဌာနစု က လူတွေက အပိုင်မြို့နယ်ရဲစခန်းက ရဲတွေရဲ့စားကွက် တွေကို လိုက်လုရင်းက ကြားထဲက ခံသွားရတာက ပြည်သူတွေပါ။ တကယ်တော့ ကိုကျော်တင့်တို့က ဖမ်းမိတဲ့ မီးပန်းတွေကို ရှန်ဟိုင်းကုန်တိုက်နားမှာ ရောင်းဖို့ ယူလာတာပါ။ အဲဒီ မီးပန်းတွေ ရောင်းဖို့အတွက် ရှန်ဟိုင်း ကုန်တိုက်နားမှာ မီးပန်းရောင်းတဲ့ လူတွေ ပေါင်းပြီး လသာရဲစခန်းနဲ့ လမ်းမတော် ရဲစခန်းက ရဲစခန်းမှူးတွေကို ( ၃ ) သိန်း ၊ အပိုင်နယ်ထိန်းတွေကို ( ၅ ) သောင်း၊ အပိုင်နယ်မြေ ရဲကင်းကို ( ၃ ) သောင်းနဲ့ အပိုင်ရပ်ကွက်ရုံးတွေကို ( ၃ ) သောင်းစီ ပေးပြီးမှ ရောင်းရ တာပါ။

အဲဒီလို ပိုက်ဆံတွေပေးပြီး မီးပန်းတွေရောင်းနေတာကို သိတဲ့ ဒုစရိုက်နှိမ်နှင်းရေး ဌာနစုက နယ်မြေတာဝန်ခံက သူတို့ကိုလည်း လိုင်းကြေး ( ၃ ) သိန်းတောင်းပေးဖို့ပြော တာကို အပိုင်နယ်ထိန်းက မတောင်းပေးတဲ့ အတွက် ကိုကျော်တင့် ၊ ကိုစိန်သန်း နဲ့ မမိုးမိုးခိုင် စတဲ့ လူတွေကို ဒ/န က အစမ်းဖမ်းပြလိုက်တာပါ။ အဲဒါမှ ကျန်တဲ့ လူတွေက ပေါင်းပြီး ဒ/န က နယ်မြေတာဝန်ခံကို အပိုင်နယ်ထိန်းကတဆင့် ( ၃ ) သိန်းပေး လိုက်ရ ပါတယ်။ အဲဒီလိုတောင်းတဲ့ ပိုက်ဆံပေးလိုက်တဲ့အတွက် ကျန်တဲ့လူတွေကတော့ ရှန်ဟိုင်းကုန်တိုက်နားမှာ အေးအေးဆေးဆေး ရောင်းခွင့်ရသွားကြပါတယ်။ဒီအဖြစ်အပျက်ကို မသိတဲ့ ဒ/နက ဌာနစုမှူး ရဲအုပ်-မြင့်သောင်း က မျက်နှာ လိုချင်တာနဲ့ တိုင်းရဲတပ်ဖွဲ့မှူးကို သတင်းပို့ရာက ဆင့်ကဲဆင့်ကဲ ထိုသတင်းက အူကြောင်ကြောင် မြန်မာအလင်းအတင်းစာ ထဲမှာ မှုခင်းသတင်းအနေနဲ့ပါလာရတာပါ။

ထိုအပေါ်က အဖြစ်အပျက်လိုမျိုး လှိုင်သာယာမြို့နယ်မှာလဲ ဖြစ်သွားသေးပါတယ်။ ဒါပေမဲ့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး - ဒုတိယရဲမှူး - ခင်မောင်စိန် နဲ့ စခန်းမှူး ရဲအုပ် - ၀င်းထွန်း တို့ က အထူအပါး နားလည်စွာနဲ့ ဒ/န အဖွဲ့ကို တောင်းတဲ့ ပိုက်ဆံ ပေးလိုက် တဲ့အတွက် ထိုသတင်းကတော့ မြန်မာအလင်းအတင်းစာ ထဲမပါလာရတာပါ။ ဒီလို အေးအေး ဆေးဆေး ပြီးသွားပေမဲ့ ကာယကံရှင်ကတော့ အိမ်ကို သိန်း ( ၃၀ ) နဲ့ ပေါင်လိုက်ရတဲ့ အဖြစ်ရောက်သွားပါတယ်။

ထို့ကြောင့် ပြည်သူများအနေနဲ့ ရဲ ကိုလိုင်းကြေးပေးပြီးပြီ ဆိုပြီး မပေါ့ကြပါနဲ့။

ပြည်သူတွေကို လေးစားလျက်
၈၈ ကျောင်းသားဟောင်း

[ Ref: http://www.myanmar.com/newspaper/myanmarahlin/Nov13.pdf ]

You received this email because you are subscribed to the real_time feed for http://bigbbrown.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 1 New Entry: ရွာဆန်သော......ကမ္ဘာကြီး သို့

ရွာဆန်သော......ကမ္ဘာကြီး သို့

ကမ္ဘာကြီးက ရွာဆန်တယ်တဲ့
မှန်သင့်သလောက် မှန်ပါတယ်
အခုတွေ့ချင်လား ဖြက်ခနဲ့ Webcam ပြ
ဆက်ခနဲ့ Phone ကောက်ဆက်
လွယ်လိုက်တဲ့ ဖြစ်ခြင်း

ဒါပေမယ့်
မိဘရင်အုပ်ကနေ သားသမီးတွေ
တဖြည်းဖြည်း အဝေးရောက်နေတာ
သတိမထားမိကြတဲ့ အဖြစ်

ရွာဆန်လွန်းတဲ့ ကမ္ဘာကြီးမှာ
သားသမီးဆုံးတာ မမှီလိုက်တဲ့မိဘတွေ
မိဘဆုံးတာ အချိန်မှီမပြန်နိင်တဲ့ သားသမီးတွေ
အများကြီး ရှိနေတယ်


ရွာဆန်တာ ကောင်းတယ်
ရွာပျက်အောင် ဆန်တာတော့ မကောင်းဘူး
အဲဒီအဆန်ဆုံးထဲမှာ အဆန်ဆုံးဖြစ်နေတာ
ပိုဆိုးတယ်

ကျွန်တော့်ဆန္ဒအရ
ကမ္ဘာကြီး ရွာမဆန်ချင်နေပါစေ
လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ
သူချစ်ခင်တဲ့သူ ၊ သူအနားမှာ ရှိစေချင်တဲ့သူ
အနားမှာ ရှိနေဖို့ပဲ ကျွန်တော်မျှော်လင့်တယ်

ဘ၀ကို ငွေကြေးနဲ့ လဲလှယ်နေရသူတွေ........နည်းပါစေ
ဆန္ဒနဲ့ ဘ၀ကို လဲလှယ်နေရသူတွေ ............နည်းပါစေ
ဘ၀ကို ဘ၀လို ပီပင်စွာ တည်ဆောင်နိင်ကြပါစေ

ဆုတောင်းတာ မဟုတ် မျှော်လင့်တာ
မျှော်လင့်တာ မဟုတ် ဖြစ်စေချင်တာ
ဖြစ်စေချင်တာ မဟုတ် လုပ်စေချင်တာ
ဒါကျွန်တော့် ဆန္ဒပါ






You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စပ်မိစပ်ရာ] 2 New Entries: သင်လာလိုက လာနိုင်သည်

သင်လာလိုက လာနိုင်သည်

သင့်အား
ကြိုလင့်သောအားဖြင့်
အစာရေစာ
အထည်အဝတ်
အခင်းအကျင်း
နှင်းဆီတစ်ခြင်းနဲ့
ပန်းခင်း ရဲ့ အလယ်ဆီ
ငါ ရောက်လာခဲ့ပြီ။
ငှက်တို့
အိပ်တန်းမတက်မီ
သင် ယုံကြည်သည် ဆိုပါက
မျှော်လင့်ခြင်းနှင့်
အပြစ်ကင်းသော
သင့်ချစ်ခြင်းကို ယူဆောင်ကာ
လိုလားတောင့်တအပ်သော
နေကြာ တို့ မျက်နှာမူရာ အရပ်သို့
သင်လာလိုက လာနိုင်သည် ။ ။

ညိုထက်ညို(1997)

မင်္ဂလာ

အောက်တိုဘာ တစ်လလုံး စိတ်ရှုပ်စရာ ညစ်ညူးစရာ တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော်တို့ စပ်မိစပ်ရာ ၀ိုင်းတော်သားတွေ နိုဝင်ဘာ လဆန်းက စပြီး ကောင်းသတင်းတွေနဲ့ ပြန်လည်လို့ အသက်ဝင်လာပါပြီ။

ပထမဆုံး ကောင်းသတင်းကတော့ ၀ိုင်းတော်သားကြီး ဂူးဂူး တစ်ယောက် Nov 02 2008 နေ့တွင် လူပြိုကြီး ဘ၀မှ အပြီးအပိုင် ကျွတ်လွတ်သွားပြီ ဖြစ်ကြောင်း စပ်မိစပ်ရာ ဘလော့ဂ်မှ ဂုဏ်ပြုအပ်ပါတယ်။ (သူကတော့ လူပြိုယောင်ဆောင်ချင်နေတုန်း :P ) ။

ဒုတိယ ကောင်းသတင်းကတော့ စာကဗျာရေးကောင်းတဲ့ ကိုညိုထက်ညို တစ်ယောက် ကျန်းမာရေး မကောင်းဟု အကြောင်းပြပြီး ခေတ်မှီကောင်းမွန်တဲ့ ဆေးရုံကြီးမှာ ၂၃ ရက်ခန့် အိပ်လိုက် စားလိုက် အနားယူပြီး သကာလ (မှော်ဆရာ စကား ခဏငှားမယ်နော် :P ) ကျန်းမာရေး ကောင်းမွန်လို့သွားပြီ ဖြစ်ပါတယ်။ အလေးချိန် ၈ ပေါင်ခန့် တိုးလာပြီး စာတိုပေစများကို ဆက်လက် ရေးသားနိုင်တော့မယ် လို့ သိရှိရပါတယ်။

တတိယနဲ့ အကောင်းဆုံး သတင်းကတော့ ကျွန်တော် မောင်သဂျန် တစ်ယောက် လူပြိုကြီး ဘ၀နဲ့ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း စိတ်ဝင်စားသူ အပြိုချောများ အချိန်မှီဆက်သွယ်နိုင်သေးကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ( သတိ…. အတွင်းသိများ အတိုင်တော မထူရ :P )

You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 1 New Entry: ဆူး

ဆူး

သူမသည် ကျွန်တော့်ရင်ဘတ်၏ အနက်ရှိုင်းဆုံးနေရာမှ ဆူးတစ်ချောင်းသာ ဖြစ်ပါသည် ။

.........................................

ပူလောင်အိုက်စပ်သော နွေညနေခင်းတွင် သူမနှင့် ဆုံတွေ့ခဲ့သည် ။ ထိုညနေခင်းတွင် ရုံးအဆင်း ရထားဘူတာသို့ အသွား လမ်းမထက်တွင် သစ်ရွက်ခြောက်များ ဟိုဒီပြန့်ကျဲခါ လူအများ၏ နင်းခြေမှုအောက်တွင် ပိပြား ၀ပ်ဆင်းသွားရသည် ။ နွေ၏အပူရှိန်ကြောင့် ကျွန်တော့်တကိုယ်လုံး ရေချိုးထားသည့်နှယ် ။ လျှပ်တပြက်တိုးဝှေ့သွားတတ်သော လေပြေအေးလည်း ပျောက်ဆုံးနေခဲ့သည် ။ ရထားဘူတာသို့ ရောက်ချင်စောနှင့် ခြေလှမ်းများကို ခါတိုင်းထက် အမြန်လှမ်းလိုက်မိသည် ။

ထိုစဉ် ကျွန်တော်ရှေ့ ဖြည်းဖြည်းချင်းလျှောက်နေသော မိန်းကလေးတယောက်၏ ရှည်လျားလှသော ဆံကေသာများ လေတွင်ဝဲနေသည်ကို အမှတ်မထင် ငေးကြည့်မိသွားသည် ။ သူမကို မှီလိုက်သောအခါ မြင်ဖူးသလို စိတ်ထဲဖြစ်မိ၍ မသိမသာ ငဲ့စောင်းကြည့်လိုက်မိသည် ။ ကျွန်တော် အလုပ်စ၀င်သောနေ့က ရုံးခန်းတွင် တွေ့ခဲ့သော ကောင်မလေး ။ ခြေတစ်လှမ်းချင်း လှမ်းနေသော သူမက လက်ရှည်အင်္ကျီဝတ်ထားသော်လည်း မျက်နှာပေါ်တွင် ချွေးအနည်းငယ် ဆို့ နေသည်မှလွဲ၍ သက်တောင့်သက်တာပုံ ပေါက်နေခဲ့သည် ။ သူမနှင့် ခြေလှမ်းချင်းတူသွားသောအခါ သူမဘက် လှည့် နှုတ်ဆက်လိုက်သည် ...

"ခင်ဗျား ကျွန်တော့်ကို မှတ်မိသေးလား ။ ကျွန်တော်နဲ့ ဟိုတနေ့က HR ရုံးခန်းမှာတွေ့တာလေ"

ကောင်မလေးမျက်နှာ တချက် ဇဝေဇ၀ါဖြစ်သွားသည် ။ သူမ၏ မည်းနက်နေသော မျက်ခုံးလေးများ မသိမသာ ကျုံ့ရုံလေး ကျုံ့သွားသည် ။ ဆက်တိုက်ဆိုသလိုပဲ သတိရလာဟန်ဖြစ်သွားပြီး အရွယ်အစား ညီညာစွာရှိနေသော သူမ၏ သွားသေးသေးလေးများပေါ်အောင် ပြုံးလိုက်သည် ။

"ဟုတ်ကဲ့ ။ ကျွန်မ မှတ်မိပါပြီ ။ ရုတ်တရက်ဆိုတော့ ဘယ်သူလဲလို့ ပြန်စဉ်းစားနေရတာ စိတ်မရှိပါနဲ့"

"ရပါတယ်ဗျာ ။ ခင်ဗျား အိမ်ပြန်တော့မလို့လား"

"ဟုတ်ပါတယ်"

"ရထားနဲ့ပြန်မှာပဲလား ။ "

"ဟုတ်ကဲ့"

"တူတူပြန်ကြတာပေါ့"


သူမနှင့်အတူပြန်သည့် ထိုညနေက စကားတွေအများကြီး ပြောဖြစ်ကြသည် ။ ညနေခင်း၏ နေ၀င်ချိန်အလှကို ရထားပေါ်မှ သူမ လှမ်းပြ၍ ကျွန်တော်ကြည့်လိုက်မိသည် ။ ကောင်းကင်မှုန်မှိုင်းမှိုင်းနောက်ခံတွင် အနီရောင်များပြန့်လွင့်စပြုနေသော နေလုံးကို ခပ်ငေးငေးကြည့်နေခဲ့သော သူမသည် စိတ်ကူးယဉ်တတ်သော မိန်းကလေးဖြစ်ရမည်ဟု ကျွန်တော် ကောက်ချက်ချခဲ့မိသည် ။

နောက်နေ့အလုပ်ရောက်သောအခါ သူမကို ရှာနေမိသည် ။ သူမ နှင့် ကျွန်တော်လုပ်ရသည့် အဖွဲ့ချင်းမတူသော်လည်း ကံအားလျော်စွာ ရုံးခန်းတစ်ထပ်တည်းတွင် ရှိနေခဲ့သည် ။ ထိုနေ့က ဘာကြောင့်ရယ်မသိ ။ သူမထိုင်သည့်နေရာနားရှိ ကော်ဖီစက်လေးနားရောက်ဖြစ်ပြီး ကျွန်တော် သိပ်နှစ်သက်မှုမရှိသော ကော်ဖီကိုဝယ်သောက်မိသည် ။ ဆံနွယ်များဖုံးအုပ်ထားသည်အထိ ခေါင်းငုံ့ခါ အလုပ်ရှုပ်နေသော သူမကို ကော်ဖီသောက်ရင်း အဝေးမှသာ ကြည့်နေမိခဲ့သည် ။ နေ့လည်စာစားချိန် သူငယ်ချင်းတယောက်ခေါ်သောကြောင့် သူတို့အဖွဲ့နှင့် သွားစားသည့်အခါ ၊ အမှတ်မထင် သူမပါ အတူပါလာသည်ကို တွေ့လိုက်သောအခါ စိတ်ထဲ အလွန်ပျော်သွားခဲ့သည် ။ ထိုနေ့မှစ၍ သူမနှင့် ထမင်းအတူစားဖြစ်သော အဖွဲ့တွင် ကျွန်တော်လည်း ပါဝင်သွားခဲ့သည် ။ ကျွန်တော်လုပ်သောအလုပ်တွင် အဖွဲ့ငယ်လေးများမြောက်မြားစွာရှိသလို လုပ်ဖော်ကိုင်ဖက်အများအပြားမှာလည်း သက်တူရွယ်တူများဖြစ်ကြသည် ။ သို့ပါသော်ကြောင့် မကြာမှီအချိန်တွင်းတွင် ကျွန်တော်တို့အားလုံး အလွန်ခင်မင်သောသူငယ်ချင်းများ ဖြစ်သွားကြသည် ။

တခါတရံ ဖြောင့်စင်းနေသော ဆံရှည်များကို ဖားလျားချထားတတ်သလို ၊ တခါတရံ ဖဲပြားလေးများနှင့် ချည်နှောင်ထားတတ်ပြီး ၊ ချယ်သခြင်းကင်းမဲ့သော သူမ၏မျက်နှာသည် လှသည်ဟု မဆိုနိုင်သော်လည်း ၊ မြင်သူတွက် စိတ်ချမ်းမြေ့ဖွယ်ရာ မျက်နှာမျိုးပင် ။ သူမ မျက်နှာပေါ်တွင် အလှပဆုံးမှာ မည်းနက်ခါ ဖြစ်သလိုပုံစံနှင့်ထားခံရသော သူမ၏ မျက်ခုံးများသာဖြစ်သည် ။ တစုံတရာကို စဉ်းစားသောအခါ ထိုမျက်ခုံးလေးများ မသိမသာ ကျုံ့ဝင်သွားတတ်သည်ကို သူမနှင့် စတွေ့သောနေ့မှစ၍ သတိထားခဲ့မိသည် ။ ကျွန်တော့်အနားရောက်လာတိုင်း ခပ်သင်းသင်း ရေမွှေးနံ့လေးလည်း သူမနှင့်အတူ ကပ်ပါလာတတ်သည် ။ သူမအား ဘယ်အချိန်မှစ၍ ချစ်သွားသနည်းဆိုသည်မှာ အလွန်ဖြေရခက်သော မေးခွန်းတစ်ခွန်းသာဖြစ်သည် ။

သူမ လိုချင်သော ဗီရိုတစ်လုံးကိုဝယ်ရန် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ရှာပေးသောအခါ ၊ ကားထဲတွင် ပင်ပန်းနွမ်းနယ်စပြုလာကြသော သူငယ်ချင်းများက ကျွန်တော့်အား ဆဲဆိုထော်ပနာပြုပြီး မေးခွန်းထုတ်ခဲ့ကြသည် ။ မိန်းကလေးအသုံးအဆောင်များနှင့် မရင်းနီးသောကျွန်တော်သည် အလုပ်ကိစ္စနှင့် တခြားနိုင်ငံတစ်နိုင်ငံသို့သွားရောက်စဉ် သူမ ရင်ဘတ်တွင် ထိုးထားလေ့ရှိသော ပန်းပွင့်ခပ်ကြီးကြီးပုံစံရင်ထိုးလေးများကို ရှာဖွေဝယ်ယူမိသောအခါ ၊ ကျွန်တော်နှင့်အတူပါလာသော သူငယ်ချင်းက တအံ့တသြ နောက်ပြောင်ခဲ့သည် ။ ရုံးရှိ လှေခါးဆင်းတခုတွင် သူမ ခြေချော်လဲပြီး ၊ ခြေမျက်စိယောင်ကိုင်းသွားသောအခါ ကျွန်တော် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်မိခဲ့သည် ။ ကမ်းခြေတခု၏ ညနေခင်းတွင် အုန်းရည်သောက်ရင်း "ဒီအရွယ်အထိ ဘာလို့ ရည်းစားတယောက်မှ မထားဘူးရတာလဲ" ဟု ကျွန်တော်နှင့် သူငယ်ချင်းကောင်လေးတယောက်တို့အား ခပ်နောက်နောက် မေးခဲ့စဉ်က ၊ သူမ၏ မျက်ဝန်းများကပါ ပြုံးရွှင်နေခဲ့သယောင်ဖြစ်သည်ကို ကျွန်တော် ငေးကြည့်ခဲ့ဖူးသည် ။ ထိုအဖြစ်အပျက်များသည် သူမအား ဘယ်အချိန်မှစ၍ ချစ်သွားပါသနည်းဆိုသည့် မေးခွန်းနှင့် သက်ဆိုင်ကောင်း သက်ဆိုင်လိမ့်မည် ။

................ .......................

နွေ ... မိုး ... ဆောင်း ... ရာသီတို့ နှစ်ဖန် ပြောင်းခဲ့၏ ။ နွေဦး .. မိုးဦး .. ဆောင်းဦးတို့ အပါအ၀င် ။ ထိုနေ့ရက်များ၏ အချိန်တော်တော်များများတွင် သူငယ်ချင်းတစ်ယောက်အနေနှင့် သူမအနား ကျွန်တော်ရှိနေခဲ့သည် ။

သူမနှင့် ချစ်သူဖြစ်သွားကြောင်း ပြောလိုက်သောအခါ "သူ့ကို အရိပ်တကြည့်ကြည့် ကြည့်နေတတ်တဲ့ မင်း နဲ့ နောက်ဆုံးတော့ ချစ်သူဖြစ်သွားမယ်လို့ ငါတို့ ထင်ခဲ့ပြီးသားပါ" ဟု သူငယ်ချင်းများက ပြောခဲ့ကြသည်ကို ပျော်ရွှင်စွာ ကျွန်တော်နားထောင်ခဲ့သည် ။

........................................

နွေ .. မိုး .. ဆောင်းတို့ ခုနှစ်ဖန် ပြောင်းခဲ့အပြီး ... တခုသော နွေရာသီ၏ အပူဒဏ်အောက်တွင် အရှင်လတ်လတ် ကျွန်တော့်အသည်းနှလုံး လောင်မြိုက်ခံခဲ့ရသည် ။

"သံယောဇဉ်ဟာ အချစ်မဟုတ်ဘူး ၊ လမ်းခွဲကြပါစို့" ဟူသော စကားတစ်ခွန်းတည်းနှင့် သူမသည် ကျွန်တော့်ရင်ဘတ်ကို ဟက် တက်ခွဲခဲ့သည် ။ မေးခွန်းပေါင်းများစွာနှင့် ကျွန်တော့်ကို သူမ ထားခဲ့သည် ။ ကျွန်တော်သည် သူမအား အကြိမ်ကြိမ် တောင်းပန်တိုးလျှိုးခဲ့၏ ။ ကျွန်တော်တို့ကြားမှ ကိုးနှစ်ဆိုသောအချိန်သည် သူမအတွက် အဓိပ္ပါယ်မဲ့သွားခဲ့လေပြီဟု သူမက ဆိုတော့ ကျွန်တော့်နားတို့ ဆီပူရည်လောင်းထည့်ခံရသည့်နှယ် ။ သူမ၏ ခြံရှေ့တွင် ကျွန်တော်ထိုင်စောင့်ခဲ့သည့်အချိန်တိုင်း အိမ်ထဲမှ သူမ ထွက်မလာတော့ချေ ။ သူမ ခြံတံခါးပေါ် ကျွန်တော်ထားခဲ့သည့် နှင်းဆီပွင့်တိုင်းသည် ခြောက်သွေ့သွားခါ အမှိုက်ပုံးထဲသို့သာ သက်ဆင်းခဲ့ရသည် ။ နောက်ဆုံး သူမသည် ကျွန်တော်နှင့် အဝေးဆုံးသော နိုင်ငံတစ်နိုင်ငံသို့ ထွက်သွားသည်အထိ ရက်စက်တတ်ခဲ့သည် ။

ကျွန်တော်ကတော့ နောက်ထပ် နွေ ... မိုး ... ဆောင်း တို့ကို အချိန်ငါးခါလောက် အလူးအလဲရင်ဆိုင်ရင်း ဘ၀ကို ပြန်ဆွဲမတ်ဖို့ ကြိုးစားခဲ့ရသည် ။ အချိန်သည် စိတ်ဒဏ်ရာတို့ကို ကုစားနိုင်သည်ဟု လူတို့ပြောကြ၏ ။ အချိန်ဆိုသည်တို့ ကုန်ဆုံးသွားသော်လည်း သူမ နာမည်ကြားတိုင်း ကျွန်တော့်နှလုံးသားထဲ အောင့် သွားတတ်ခြင်းကို ဘယ်လိုကုစားမည်နည်းဟု ထိုသူတို့အား မေးလိုက်ချင်သည် ။

"နွယ် ပြန်ရောက်ပြီကွ ။ မင်း သိလား"

ကျွန်တော် နှင့် သူမ၏ သူငယ်ချင်းတစ်ယောက်က ပြောလာသောအခါ တဒင်္ဂ မှင်သက်သွားမိသည် ။ ရှိုက်ခနဲ အထိနာထားသော ကျွန်တော့်နှလုံးသားက သူမကို တွေ့ချင်မိသေးသည် ။

......................................

"နင်နဲ့ငါ မဖြစ်နိုင်တော့ဖူးလို့ ပြောပြီးပြီပဲဟာ ။ ငါ့ကို လိုက်မနှောက်ယှက်ပါနဲ့တော့"

ဆယ့်လေးနှစ်ဆိုသော အချိန်တွင်းရှိ အဖြစ်အပျက်များ ရုပ်ရှင်တစ်ကား၏ ရိုက်ကွက်များလို ကျွန်တော့်မျက်စိထဲ မြင်ယောင်လာသည် ။ ကျွန်တော့်ဘ၀တခုလုံး ကြေမွသွားသယောင် ။ ကျွန်တော့်ဘ၀ အမှောင်အတိကျသွားသည် ။ အလင်းတန်းဟူ၍ မရှိတော့ ။ ကျွန်တော့်ဦးနှောက်ထဲ အမည်းရောင်တို့ လွှမ်းမိုးသွားသည် ။ ကျွန်တော်ဘာဆို ဘာမှမသိတော့ ။ ဘာလုပ်လို့ လုပ်လိုက်မိမှန်းမသိတော့ ။ ကျွန်တော်သိလိုက်သောအချိန်တွင် ကျွန်တော့်လက်များသည် သူမ၏ လည်ပင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ၊ သူမ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားမှုကင်းမဲ့နေခဲ့သည် ။ ကျွန်တော် ဘာဖြစ်သွားခဲ့ပါသနည်း ။ ကျွန်တော့်ကိုယ် ကျွန်တော် နားမလည်နိုင်ခဲ့ ။

"အားးးးးးးးးးးးးးးးးးးးးးးး"

.........................................

"နောက်ဆုံးစကားအနေနဲ့ မင်း ဘာပြောချင်သေးလဲ"

သေဒဏ်အမိန့်ကို လုပ်ဆောင်တော့မည့် တာဝန်ရှိဝန်ထမ်းက ကျွန်တော့်ကို မေးလိုက်သည် ။

လူတို့သည် အထူးသဖြင့် ဘ၀၏ နောက်ဆုံးချိန်တွင် ထိတ်လန့်ကြောက်ရွံ့တတ်ကြ၏ ။ သူတို့ အမှတ်မထင် ပြုခဲ့သော အရာအတွက် သွေးရူးသွေးတန်းဖြစ်ခါ နောင်တရတတ်ကြ၏ ။ ဖြစ်နိုင်လျှင် နာရီလက်တံတို့ကို ပြန်လှည့်ချင်တတ်ကြ၏ ။ ကျွန်တော်ကမူ သူမ မရှိတော့သော ဘ၀မှထွက်ခွာရန်အတွက် အသင့်ဖြစ်နေပြီဟု ပြောလျှင် ကျွန်တော့်အား အရူးဟု တချို့က ခေါ်ကြမည် ။

အမှန်တကယ်ပင် ကျွန်တော်သည် မိနစ်ပိုင်းလေးအတွင်း ရူးသွပ်ခါ ဆူးတစ်ချောင်းအား မြေကြီးထဲသို့ ထိုးထည့်ခဲ့ပါသည် ။ သို့သော် ထိုဆူး၏ မူလနေရာ ကျွန်တော့်ရင်ဘတ်အတွင်းတွင် ပြန်စေ့မရတော့သော ဟက်တက်ကွဲနေသည့် အမာရွတ်ကျန်ခဲ့ကြောင်း ခုမှ သိလိုက်ရသည် ။

"မင်းဟာ ငါ့ရင်ဘတ်ရဲ့ အနက်ရှိုင်းဆုံးနေရာက ဆူးတစ်ချောင်းပဲ ။ နောင်ဘ၀ဆိုတာ ရှိခဲ့ရင် မင်းကို ငါ့ရင်ထဲက ဘယ်တော့မှ နှုတ်ယူတော့မှာ မဟုတ်ပါဖူးကွာ"

ကျွန်တော့်ဘာသာ သူမကို ရည်စူး၍ တီးတိုးရေရွတ်လိုက်မိ၏ ။ တချိန်တည်း မျက်ရည်တစ ကျွန်တော့်ပါးပေါ် လိမ့်ဆင်းသွားလေတော့သည် ။

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.