Saturday, November 15, 2008

[ချစ်သူ့ ပုံရိပ်] 1 New Entry: ဆန့်ကျင်ဘက်များနှင့်ညီမျှခြင်း

ဆန့်ကျင်ဘက်များနှင့်ညီမျှခြင်း

ငါဟာ ..
ဒီနေ့လို အနေအထားကိုရောက်ဖို့
ဘ၀ကို ..သုညက မစခဲ့ရပေမဲ့
ဖြတ်လမ်းက လိုက်ခဲ့သူလဲမဟုတ်ဘူး …

အခြေအနေအရ
နေသာသလို နေခွင့်ရှိရင်တောင်
ဟန်ဆောင်မှုကို လက်မခံတတ်ဘူး …

ချစ်ခြင်းနဲ့မုန်းခြင်း
အဖြူအမည်း အသားရောင်ခြားနားခြင်း
အောင်မြင်ခြင်းနဲ့ ရှုံးနိမ်ခြင်း
မွေးဖွားခြင်းနဲ့ သေဆုံးခြင်း
တည်မြဲခြင်းနဲ့ ပျောက်ဆုံးခြင်း
ဆန့်ကျင်ဘက်တွေနဲ့ ညီမျှခဲ့တဲ့ လောကကြီးမှာ …

ငါဟာ
လိုချင်တာတစ်ခုအတွက်
အခက်အခဲတွေကို ကျော်ဖြတ်ရဖူးတယ် ..
ရလဒ်တွေအတွက်လဲ
ကျေနပ်ကြည်နူးခဲ့ဖူးတယ် ...
ပိုင်ဆိုင်ချင်တာတွေအတွက်
အရင်စွန့်လွှတ်ခဲ့ရဖူးတယ် …
ပိုင်ဆိုင်လာတာတွေအတွက်
ဝမ်းသာပျော်ရွှင်ခဲ့ဖူးတယ် …

ဘ၀ဟာ
ဘယ်အရာကိုမှ .. ဘယ်ခံစားမှုမျိုးမှ ..
အမြဲတမ်း အပြည့်အဝ
ခံစားရရှိစေခဲ့တာမဟုတ်ဘူးဆိုတာကို
လက်ခံထားတဲ့ငါ့အတွက်တော့
တခါတလေ မျက်ရည်ကျတတ်သလို
တတ်နိုင်သလောက် အပြုံးမပျက်ဖို့လဲ
ငါသင်ယူတတ်မြောက်ခဲ့ပါတယ် ..

By ..DecemberCinderella

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.