Saturday, November 15, 2008

[We Fight We Win. -- " More than Media "] 4 New Entries: နယူးဝိစ် မဂ္ဂဇင်း အယ်ဒီတာ ဖရက်ဒ် ဇာကာရီးယား နဲ့ အင်တာဗျူး

နယူးဝိစ် မဂ္ဂဇင်း အယ်ဒီတာ ဖရက်ဒ် ဇာကာရီးယား နဲ့ အင်တာဗျူး


ကမ္ဘာ ကျော် နယူးဝိစ် မဂ္ဂဇင်း အယ်ဒီတာ ဖရက်ဒ် ဇာကာရီးယား ကို စီအန်အန် နိင်ငံတကာရေးရာ ကျွမ်းကျင်သူသတင်းကတွေ့ ဆုံမေးမြန်းခန်းကိုဖေါ်ပြလိုက်ပါတယ်။ ဖရက်ဒ်ဇာကာရီးယားက အိန္ဒယ နွယ်ဖွား အမေရိကန် နိင်ငံသားတဦးဖြစ်ပါတယ်။ သူရဲ့ နိင်ငံရေး သုံးသပ်ချက်တွေဟာ အမေရိကန် နိင်ငံရေးနဲ့ ပညာရှင်လောက မှာ သြဇာရှိသူတဦးဖြစ်ပါတယ်။ သူ က ၂၀၀၈ ခုနစ် ရွေးကောက်ပွဲမှာ ဘာကြောင့် ရီပတ်ပစ်ကန်တွေ ရှုံးနိမ့် သွားရတာနဲ့ ပတ်သက်လို့  သူ့ ရဲ့ အမြင်တွေကို ဆွေးနွေးထားပါတယ်။

စီအန်အန် - ဖရက်ဒ်ဇာကာရီရာအနေနဲ့  ရီပတ်ပလက်ကင်ပါတီက လမ်းမှန်ကိုရောက်ဖို့ အတွက် ဘာလုပ်သင့်တယ်လို့ မြင်ပါသလဲ ။ တကယ်လို့  ရွေးကောက်ခံ သမတ ဘားရက် အိုဘားမား နဲ့ ဒီမိုကရက်တွေ ရဲ့  ပြောင်းလဲရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ အကြီးအကျယ်အောင်ပွဲ ခံ တယ်။ ဘာကြောင့် ဆီနိတ်တာ ဂျွန်မက်ကိန်း အနေနဲ့  အရှုံး ကိုရင်ဆိုင်ခဲ့ရသလဲ လို့ ထင်ပါသလဲ။


ဇာကာရီးယား - ကျနော်ယူဆတာကတော့ ဆုံးရှုံးရတဲ့ အခြေအနေမှာ အကြောင်းအချက်တွေအများကြီး ပါဝင်နေတယ်။ နောင်ကိုအောင်ပွဲခံနိင်ဖို့ အတွက် သူတို့ ရဲ့ အယူဆတွေ ပြန်လည်သုံးသပ်ဖို့ လိုမယ်။

စီအန်အန် - ဒါဟာ သူတို့ အယူဆကြောင့် ..။ ဟုတ်လား။ သူတို့ ရဲ့ ဗျုဟာ ကြောင့်မဟုတ်ဘူးလား။

ဇာကာရီးယား -ရီပတ် ပလက်ကန် ပါတီဟာ အကျိုးရှိတဲ့အယူဆ ဒါမှမဟုတ် မှားယွင်းတဲ့ အယူဆပေါ် မှာ ရပ်တည်နေတဲ့ ပါတီတခုတော့ ဖြစ်လာပြီ။ ရီဂင်-သက်ချာ ခေတ်မှာ အခွန်တွေ ကိုလျော့ ချ ကောက်ခံတယ်ဆိုတာ တော်လှန်တဲ့ အယူဆ၊ ငွေကြေးဆိုင်ရာ တွေမှာ စည်းမျဉ်းသစ်တွေကို ရေးဆွဲတာ ငွေကြေး အကြပ်ဆိုက်တာ တွေဟာ ပြသာနာမရှိခဲ့ ပေမဲ့  ရီပတ်ပလစ် ကန် ပါတီရဲ့  လူမှုရေး အစီအစဉ် တွေဟာ ခေတ်မမှီတော့ဘူး။ လူငယ်တွေက တဟုန်တိုး တိုးတက်လာတယ်၊ အရေအသွေးစုံလာတယ်၊ မဲပေးတဲ့နေရာမှာ ပိုပြီးပွင့်လာတယ်။ နိင်ငံခြားရေးပေါ်လစီကတော့ တူသယောင်ရှိပေမဲ့  မဲဆန္ဒရှင်တွေ ရဲ့ အာရုံသိ မှာ ကမ္ဘာသစ်ကတော့ တနေရာမှာ ရှိနေပြီ ဒါပေမဲ့ မက်ကိန်းရဲ့  ရွေးကောက်ပွဲလှုပ်ရှားမှုမှာ ဒါကို ကမ္ဘာသစ် က ဘယ်မှာလည်းဆိုတာ မပြနိင်ခဲ့ဘူး။

စီအန်အန် - နေပါဦးဗျ၊ အမေရီကန်တွေက နိင်ငံခြားရေးပေါ်လစီကို ဂရုစိုက်လို့ လား။ အထူးသဖြင့် ခုလို စီးပွားရေးပြသာနာ ကြီးကို ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာပေါ့။ ''

ဇာကာရီးယား -စီးပွားရေး ကတော့ ပြသာနာကြီးတခု ဆိုတာအသေအချာပဲ။ ဒါပေမဲ့  သတိပြုရမှာက ၂၀၀၅ ခုနစ် သမတဂျော့ဘုရှ် ရဲ့ လူထုထောက်ခံမှုက မကြုံဘူးအောင် ကျဆင်းနေချိန်မှာ တောင် စီပွားရေးက ပုံမှန်လေးရှိနေခဲ့တယ်။ ကျနော်ယုံကြည်တာက တပါတီတည်းလွတ်လွတ်လပ်လပ် ကြီး လုပ်ကိုင်ဆောင်ရွက်ခွင့် ကို အမေရိကန်အများစု က ခွင့်ပြုခဲ့တယ်။ဒီအခြေအနေက အမေရိကန် က နိင်ငံတကာ သြဇာသက်ရောက်မှုကို ချိ နှဲ့ ဖို့ ဖြစ်လာခဲ့တယ်။ ရလဒ်က စစ်ရေးနည်းတခုတည်းကိုပဲ မှီခိုခဲ့ရတဲ့အတွက် ရလဒ်က အဖိုးနဂ အဖြစ်ပေးဆပ်လိုက်ရခြင်းဖြစ်တယ်။ မိစ္ဆာ အစိုးရပြောင်းလဲရေးဆိုတာ ဘုရှ် အယူဆရဲ့  အနစ်သာရ၊ မိစ္ဆာတွေကိုပြောင်းလဲပြစ်ဖို့ နည်းလမ်းက စစ်ရေးအရဆောင်ရွက်မှု။ ဒါက တကယ်တော့ သမတဟောင်း ၀ီလ်ဆင်ဝါဒ ( Wilsonianism ) ပဲ။ အီရတ်မှာပဲဖြစ်ဖြစ်၊ မြောက်ကိုးရီးယားနဲ့  အီရန်မှာပဲဖြစ်ဖြစ်။ အခြေခံအယူဆကတော့ စေ့စပ်တာ၊ သံတမာန်ရေး နည်းလည်းကိုသုံးတာတွေကိုလက်မခံပဲ
ဒီအစိုးရတွေကို ဖြုတ်ချ၊ မိတ်ဖက်ဖြစ်မဲ့သူကိုရာတင် ဆိုတာတွေပဲဖြစ်နေခဲ့တယ်။ အမေရိကန်
အများစုက ဒီအချက်ကို မြင်လာတယ်။ ဒါပေမဲ့ ဒီအချက်က သီအိုရီပဲရှိနေသေးတယ်။
ကမ္ဘာသစ်ကတော့ ရှုပ်ထွေးတဲ့နေရာမှာ ပဲရှိနေသေးတယ်။ အသွင်ကူးပြောင်းရေးကတော့ မျက်လှည်ပြလိုက်တဲ့ နည်း ဒါမှမဟုတ် စစ်အင်အားသုံးဖြေရှင်းနည်းတွေနဲ့ တော့ မဖြစ်နိင်ဘူး။

စီအန်အန် - ဒါဆိုရင် ကျနော်တို့ က ရန်သူတွေနဲ့ စေ့စပ်ရမယ်ပေါ့ ။

ဇာကာရီးယား- ကျနော်တို့  ဒီအစိုးရတွေနဲ့  ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ရမယ်။ အရင်က အတွင်းရေး မှု မဒ်ဒလင်း အော်လ်ဘရိုက်ပြောဘူးတယ်။ သံတမန်နည်းလည်းနဲ့  စကားပြောတယ်ဆိုတာ အမြဲတမ်း
ချိုသာနေစရာမလိုပါဘူး။ တကယ်က ကိုယ်ရဲ့  ခိုင်မာတဲ့ သတင်းစကားနဲ့ နားထောင်ခြင်း ကို သယ်ဆောင်
ပေးခြင်း ဖြစ်ပါတယ်။ ကျနော်လောင်းရဲ ပါတယ် - မီလိုရှီဗစ် ပဲဖြစ်ဖြစ် ကင်ယောင်အီးပဲဖြစ်ဖြစ် ကျနော်နဲ့ စကားပြောရတာ ဘယ်လို မှာ စိတ်ချမ်းသာမှမဟုတ်ဘူး။ ဟိုတလောကပဲ သမတဘုရှ် ကိုယ်တိုင်က စေ့စပ်တဲ့နည်းလမ်းဟာ လိုအပ် တယ်လို့ ယူဆလာတယ်လေ။ လွန်ခဲ့တဲ့ ၃ နစ်က မြောက်ကိုယီးယားတို့ လစ်ဗျားတို့ နဲ့  ဆွေးနွေးခဲ့တယ်မဟုတ်လား။ အိရန်နဲ့ တောင်သွေးတိုးစမ်းစကားပြောနေတယ် ပါလစ်စတိုင်းနဲ့ အစ္စရေးကြားမှာလည်း အဆင့်မြင့် ကိုယ်စားလှယ်တွေစကားပြောလာပါတယ်။ ကမ္ဘာကြီး ပူနွေးလာတဲ့ ကိစ္စမှာလည်း အမေရိကန်က အစီအစဉ်တွေလုပ်လာတယ်။ ဒါတွေ က သူရဲ့ သမတ သက်တမ်းကာလမှာ
ဆန်ကျင်ခဲ့တာဟာတွေပါ။ မဖြစ်မနေလုပ်ရတော့မယ်ဆိုတဲ့ လမ်းကြောင်းဆီကိုတော့ သူဦးတည်လာတာတွေ့ ရတယ်။ ပြသာနာက သူ စိတ်ထဲမှာ အာရုံစိုက်မှုနည်းနေသေးတာပဲ။

စီအန်အန်
- ကဲဒါဆို ရီပတ်ပလစ်ကန်ပါတီ အတွက် ခင်ဗျားရဲ့ အကြံပြုချက် က ဘာလဲ၊

ဇာကာရီးယာ- သူတို့ အနေနဲ့  ကျင့်သုံးလို့ မရတဲ့ ပေါ်လစီအဟောင်းတွေကို ကမ္ဘာကြီးက လက်မခံတော့ဘူး ၊ ကမ္ဘာကြီးက ပြောင်းလဲနေပြီ။ ရီဂင်လက်ထက်က ပြောခဲ့တဲ့ အမေရိကန် က နံပတ်-တစ် ဆိုတာ ကို ပြုပြင်ပြောင်းလဲဖို့ လိုလိမ့်မယ်။ အပေါစားစကားဖြစ်နေပြီ၊ လက်တွေ ဘ၀ ကင်းကွာနေတယ်။ အမေရိကန် ရဲ့  ခွန်အား တွေဖြစ်တဲ့ စစ်ရေး၊ နိင်ငံရေး၊ နည်းပညာ စွမ်းအား တွေကို တခြားသူတွေနဲ့ ပူးပေါင်းပြီး အသုံးပြုရမယ်။ ဒီစွမ်းရည်တွေ ပို ပြီး အသုံးကျတဲ့ ငြိမ်းချမ်းတဲ့ ကြွယ်ဝချမ်းသားတဲ့ ကမ္ဘာ ဖြစ်အောင် လုပ်ရမယ်။ ဒီကမ္ဘာမှာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့  ဒီမိုကရေစီ နဲ့ လွတ်လပ်ခြင်းဆိုတဲ့ တန်ဖိုးတွေ အာမခံချက်ရှိနေရမယ်။

ဆွေးနွေးခန်း

• ဇာကာရီးယား ရဲ့ အမေရိကန်အနေနဲ့  အီရန်၊ မြောက်ကိုရီးယား တို့ နဲ့ စေ့စပ်ရမယ်ဆိုတဲ့  အဆိုပြုချက်ကို သင်ဘယ်လိုယူဆပါသလဲ ။
• သမတသစ် အိုဘားမား က နအဖ စစ်အစိုးရ နဲ့ တွေ့ ဆုံဆွေးနွေးမှုတွေလုပ်လာနိင်တယ်လို့ ယူဆပါသလား။
• လုပ်မယ်ဆိုရင် ဘယ်လို အခြေခံမှု တွေ အပေါ်မှာလုပ်သင့်တယ်လို့ ယူဆပါသလဲ။
• ဇာကာရီးယာ နိင်ငံရေးအရ ကွန်ဆာဗေးတစ်တယောက်လား၊ လစ်ဘရယ် တယောက်လား ၊ ကြားနေ သမားတယောက်လား သင်ဘယ်လို ယူပါသလဲ။
• သူပြော တဲ့  Wilsonianism ၀ါဒ ဆိုတာ သင်ဘယ်လိုနားလည်ပါသလဲ ။ Wilosnianism ရဲ့  Central Theme - ဘာလဲ။


Summary

Rest of your post

အမေရိကန်ရယ် သနားတယ်

ညက ကျော်ဆန်းတညလုံးအိပ်မပျော်။သူ့ကိုယ်သူ ဟစ်တလာလိုလို ကြိတ်စိတ်ကူးယဉ်ပြီး ညတိုင်း မိတ်ကပ်လိမ်း ဂါဝန်ဝတ် ပန်တီဟို့စ်စွပ်၏။
သူ့မိန်းမကြီး၏အဖြူရောင်ရှင်မီးအင်္ကျီကိုဆေးလိပ်မီးထိုးကာဇကာပေါက်ဖြစ်စေလျှက်မီးသွေးသုတ်ထားလိုက်သေး၏။
ထို ရှင်မီးအင်္ကျီကိုဝတ်ထားလိုက်သည်မှာ ဖောင်းကားအဆီပိတ်နေသောဗိုက်ကြီးဖုံးသည်အထိဖြစ်၏။

အသားမဲမဲ သွားကြဲကြဲ နဖူး ပြောင်ပြောင် ကြာဇံအိုး ပေါ်ကတ္တရာပုံးမှောက်သလိုဆံပင်များဖြင့် သူ့ကိုယ်သူဗစ်တိုးရီးယား ခေတ်က ပြည့်တန်ဆာဟန်ဖြင့်သူ့မိန်းမကြီးရှေ့ တွင်လေးဖက်ထောက်လျှက် ပွေးကွက် ၀ဲကွက်များပြည့်နေသော သူ့ဖင်မဲကြီးအား ထားဝယ်ကြမ်ဖြင့်အမြဲရိုက်ခိုင်းနေကြ။
ဟစ်တလာက ထိုကဲ့သို့ စိတ်ရောဂါရှိသည်ဟု စာတိုပေစများတွင်ဖတ်ဖူးသဖြင့် ဖြစ်သည်ဟုတော့ သူက သူ့ မိန်းမကြီးကို ကြိတ်ရွှီးထား၏။
သူ့ မိန်းမကြီးကလည်း အင်မတန် ပစိပစပ်များ လွန်းသော ကျော်ဆန်းကို စိတ်ကုန်ကုန်အမြင်ကပ်ကပ်ဖြင့် ညတိုင်းအရှိုးရာထင်အောင်ရိုက်ပေးနေကြ။
နအဖ စစ်ဗိုလ်ချုပ်ဖြစ်သည့်ကျော်ဆန်းသည် နေ့ပိုင်းတွင်တော့ ဟိတ်ကြီးဟန်ကြီးဖြင့် ရွှေရောင်ကြယ်ကြီးများကို ပုခုံးပေါ်တပ်ကာ ဟိုလူ့ဟိန်းလို်က်ဒီလူ့ဟောက်လိုက်ဖြင့် သူ့ဆရာကြီးသန်းရွှေတို့အုပ်စု၏လုပ်ပေါက်အတိုင်း တချက်မလွဲစေရ။
ယခုညတော့သူ့မိန်းမကြီး ရိုက်တာ ချိန်သားလွဲပြီးမတော်ရာရိုက်မိရာမှစ၍ ကျော်ဆန်း ရေခဲအိတ်ကို လက်ကမချနိုင်ပဲ ကုန်းကွ ကုန်းကွဖြင့် သူ့ကွန်ပြူတာရှေ့ တွင်မြန်မာဘလော့များကို သဲကြီးမဲကြီး ဖတ်နေ၏။ သူ့ရည်ရွယ်ချက်ကတော့ အောင့်အောင့်နာနာဒဏ်မှသက်သာလိုသက်သာငြား။

ဘလော့တစ်ခုပြီးတစ်ခုလျှောက်ကြည့်မည်လုပ်ပြီး We fight we win ဘလော့ရောက်တော့ ကျော်ဆန်း မျက်လုံးပြူးမျက်ဆံပြူးဖြင့် တယ်လီဖုန်းကို ကိုင်ကာ ခုံဖိနပ်ဖင်ခုသန်းရှာနေကျအဖွားကြီးပင် သူနှင့်တူသည်ဟု ပြောလျှင် ရှက်သေနိုင်လောက်သည့် ဟန်ဖြင့် သူနှင့်ဖွဖော်ဖွဖက် ခင်ရီထံစတင်ဖုန်းဆက်လိုက်ပါတော့၏။
ကလင်......ကလင်.........။
ခင်ရီက ညအိပ်လျှင် ဂါဝန် ၀တ်အိပ်လေ့ရှိ၏။ သူ့ကိုယ်သူတော့ ဘိုဆန်ဆန် အနောက်တိုင်းယဉ်ကျေးမှုနှင့် သူ့ကိုယ်ပိုင်အချိန်များတွင်ကျင့်ကြံနေထိုင်ခြင်းဖြစ်သည်ဟု သူ့မိန်းမကိုအမြဲညာနေကျဖြစ်၏။
ခင်ရီ၏ အိမ်မှ တပ်သားတစ်ယောက်က တယ်လီဖုန်းကိုင်လိုက်၏။
"ဟယ်လို ရဲချုပ်အိမ်ကပါ အခုဆက်နေတာဘယ်သူပါလဲ"
"ဟေ့ကောင် ငါကျော်ဆန်းပဲ ခင်ရီကို အခုချက်ချင်းနှိုးစမ်း အရေးကြီးတယ်"ဟုပြောပြီး တယ်လီဖုန်းကို ကိုင်လျှက် ရှင်မီးအင်္ကျီဇကာပေါက်ဝတ်ထားသောအတ္တဘောကိုယ်လုံး၊
ပန်တီဟို့စ်မဆန့် မပြဲတို့ကိုဝတ်ပြီး အိပ်ခန်းကော်ဇောပေါ်တွင်
ခြေမဖျားလေးဖြင့် လမ်းလျှောက်ရင်းဘဲလေး အကမယ်လိုလိုသူ့ကိုယ်သူစိတ်ကူးယဉ်၏။ ရှက်ပြုံးကပြုံးလိုက်သေး၏ ။
ပြီးတော့ ညာလက်ဖြင့် ဖုံးကို နားနားကပ်ကာ ဘယ်လက်ဖြင့်ညာလက်တံတောင်ဆစ်ကို ရွရွလေး
ကိုင်ထားရင်း ပွေးကွက် ၀ဲကွက်တို့ဖြင့် မီးလောင်ထားသောတောင်ယာနှင့်တူသည့်သူ့ ဖင်မဲကြီးကို လှုပ်လိုက်ရမ်းလိုက်သေး၏။

တပ်သားက ခင်ရီ့ အခန်းတံခါးကို ခေါက်၏ ။
ခင်ရီအိပ်ချင်မူးတူးနှင့် သူ့ ဂါဝန်ကို သူလုံအောင် အောက်ခြေကစုဖုံးကာ အိပ်ယာမှထလိုက်၏ ပြီးတော့ "ဘာလဲကွ" ဟု မေးလိုက်၏။
" ၀န်ကြီး ကျော်ဆန်းဆီက ဖုန်းပါအရေးကြီးလို့လို့ပြောပါတယ် ရဲချုပ်"
"အေး ဒါဆို ငါ အခန်းထဲကဖုန်းက ကိုင်လိုက်မယ်"ဟု ခပ်မာမာပြန်ဖြေလိုက်၏။
အိပ်ယာဘေးမှ မှန်ဝိုင်းကလေးတွင်သူ့မျက်နှာကိုသူပြန်ကြည့်ကာ အာပုတ်ရည် စက်လက်ကျသဖြင့် ပြယ်စပြုနေသော နှုတ်ခမ်းနီတို့ဖြင့်
ဝမ်းချုပ်နေသော ၀က်ဖင်နှင့်တူသည့် သူ့နှုတ်ခမ်းကို စုပြီးကြည့်လိုက်သေး၏။
ပြီးနောက်
"ဟယ်လို...ပြော" ဟု ချစ်သူကိုစိတ်ကောက်သော မြီးကောက်ပေါက်အထာ ညုတုတု ဟန်ဖြင့် ဖြေလိုက်၏။
"ဟဲ့ ... မယ်ရီ ညည်းသိပြီးပြီလား ဟိုအကောင်တွေဘလော့လေ"
"ဟဲ့ မိဆန်းရဲ့ ဘယ်အကောင်တွေဘလော့လဲ ယူ့ ဟာကအရင်းမရှိအဖျားမရှိ" ဟု ပြန်မေးလိုက်၏။
"အယ်...ညည်းကလဲ အသိတော့ဘူးလား ဟိုကောင်တွေလေ ရေးလိုက်ရင် ပြူးတူးပြဲတဲနဲ့ အကောင်တွေ" ဟု ပြောလိုက်ရင်း မျက်ဆံကို ညာဘက်ထောင့်သို့ ကပ်ကာ သူ၏ ချေးအထပ်ထပ်ပြည့်နေသော ဘယ်ဘက်လက်သန်းကို
ဖွဖွလေးကိုက်လိုက်၏။
ပြီးတော့ ကွန်ပြူတာခုံအစွန်းတွင်တင်ထားသော ရေခဲအိတ်ကို ယူပြီး အောင့်တော်မူသောနေရာသို့ကပ်လိုက်၏။
တဖက် မှ ခင်ရီဘယ်လောက်တွေးနိုင်မလဲဟုလည်း တွေးနေ၏။
"အော် သိပြီ ဟိုအကောင်မဟုတ်လားဟဲ့" ဟု ခပ်တည်တည်ဖြင့် ရောယောင် ရွှီးလိုက်၏ ။
တကယ်တော့ ခင်ရီ ဘယ်သူမှန်းမသိ။ သူကျိန်းသေသိတာကတော့ ကျော်ဆန်းကဖြီးတဲ့နေရာမှာနံပါတ်တစ် သူများဖြီးလျှင်လည်း
အော်တိုမက်တစ်ယုံတတ်သည်မှာ ဓါတ်ခဲလဲစရာမလို။
"ဟဲ့ အရီရဲ့ ဘယ်လိုလုပ်ကြမတုန်းဟဲ့ ဒီအတိုင်းဆို တို့လည်းတခုခုလုပ်မှဖြစ်မယ်ဟဲ့ "
"အို..ယူကလည်း ချုပ်ချုပ်ကြီးကို အသိပေးရမှာပေါ့ " ဟု ခင်ရီကပြန်ဖြေ၏။
ထို့နောက်နှစ်ယောက်သား သဘောတူလိုက်ကြပြီး သန်းရွှေကြီးအိမ်သို့ဖုန်းဆက်ပါလေတော့၏။
ထိုညကတပ်ချုပ်ကြီး၏ အိမ်တွင် ဘင်္ဂလားပင်လယ်ကွေ့ ဓါတ်ငွေ့ တူးသည့်ကိစ္စနှင့်ပတ်သက်၍ သေနင်္ဂဗျူဟာမြောက် တိုက်စစ်ဆင်ရန်ဆိုသောအကြောင်းပြချက်ကြီးကြီးကျယ်ကျယ်အရ တင်အောင်မြင့်ဦးနှင့် ရွှေမန်းတို့နှစ်ယောက်လည်းရှိနေကြ၏။
ကလင်...ကလင်...ကလင်....။
"ဟယ်လို အခုဆက်နေတာဘယ်သူပါလဲ"ဟု လုံခြုံရေးတာဝန်ကျ ဆိတ်ဘိုက အသံမာမာဖြင့်မေးလိုက်၏။
ကျော်ဆန်းက "ဟယ်...သား ..တို့ပါ ရဲချုပ်လဲ ရှိတယ်သိလား အခု ကွန်ဖရင့်ကော ခေါ်တာလေသိလား တပ်ချုပ်ကြီးကို အခုနှိုးပေးနော်သိလား"ဆိုကာ ကောင်လေးတော့ တနေ့ ငါဝါးရမှာပါဟူသည့် လေသံဖြင့် ပြောလိုက်တော့ လုံခြုံရေးတာဝန်ကျ မနူးမနပ်ဆိတ်ဘိုလေးလဲ အပေါ်ထပ် တပ်ချုပ်ကြီး ၏ အိပ်ခန်းကျယ်ကြီးသို့ အင်တာကွန်းဖြင့် အကြောင်းကြားလိုက်၏။

ရွှေမန်းက ဖုန်းကိုအမြန်ကောက်ကိုင်လိုက်၏။ "ဟယ်လို ပြော ဘာကိစ္စလဲ " ဟု အမိန့် သံစိတ်မရှည်သံဖြင့် မေးလိုက်၏။
ကျနော်ခင်ရီပါ ကိုကျော်ဆန်းလဲရှိပါတယ် လိုင်းပေါ်မှာအရေးကြီးကိစ္စတင်ပြစရာရှိလို့ ပါ" ဟု ဖြေလိုက်၏။
ထိုအခါ တယ်လီဖုန်းကို သုံးယောက်လုံးကြားစေရန် စပီကာဖွင့်လိုက်၏။
တပ်ချုပ်ကြီးက "ဟေ့ကောင်တွေ ဘာကိစ္စလဲ ပြောစမ်း" ဟု မေးလိုက်၏။
"ဟိုကောင်တွေ We fight we win ဘလော့မှာ အမေရိကန်က ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကို အမျိုးသမီးတစ်ယောက်ကိုပေးလိုက်ပြီ တပ်ချုပ်ကြီး ကျနော်တို့ ဘာဆက်လုပ်ကြမလဲ" ဟုမေးလိုက်၏။
တင်အောင်မြင့်ဦးသည် ကုတင်ပေါ်မှ ခေါင်းအုံးအရှည် လုံးလုံးကြီးကို ဖက်ကာ တခစ်ခစ်ခိုးရယ်တော့၏။
တပ်ချုပ်ကြီးက ရင်ဘတ်မှ အလုံးကြီးကျသွားသည့်ဟန်ဖြင့် စပျစ်သီးကို လက်ညှိုးနှင့် လက်မကြားတွင် ရွရွလေးကိုင်လိုက်၏။
သူ၏ ညိုမဲဝဖြီးသော လက်ပုပုတိုတိုကြီးများကို ကနွဲ့ ကလျဖြင့် လက်သန်းကိုကော့ကာ
"ဟေ့ကောင်တွေ ဒီမှာဗျူဟာဆွဲနေတာ အလုပ်ပျက်တယ် မင်းတို့ တော်တော်ရှုပ်တယ် ဒီကိစ္စမျိုးအတွက်ငါတို့ ဘယ်တော့မှ နောက်မကျဘူးကွ"ဟု ပြောရင်း မေးကို ငေါ့လျှက် ဖုန်းချလိုက်ရန်ရွှေမန်းကို အချက်ပြလိုက်၏။
ဖုန်းကိုရွှေမန်းဂေါက်ကနဲချလိုက်သောအခါ "ဟွန့် ဒါလေးများ လာပြောနေသေးတယ် "ဟု တပ်ချုပ်ကြီးကမဲ့ရွဲ့ကာ ညည်းလိုက်၏။
ထိုအခါ ရွှေမန်းက "အေးလေ သူတို့ကအမေရိကန်ဆိုပြီးခုမှ မိန်းမတစ်ယောက်ကို ဒုတိယဗိုလ်ချုပ်ကြီးခန့် ရဲတာ သနားတယ်.." ဆိုသောစကားနှင့်အတူ သူ၏ နာ့စ်မ ခေါင်းဆောင်းဦးထုတ်ကလေးကိုချွတ်ရင်း တင်အောင်မြင့်ဦး၏ တင်ပါးကြီးကို
ရိုက်လိုက်ရာ တင်အောင်မြင့်ဦးက "အယ့်အမေ့... ကောင်မနော်...သူသိပ်ကဲတယ်"ဟုပြောပြီးတဆက်တည်းပင် " သူတို့က ဒုတိယဗိုလ်ချုပ်ကြီးတယောက်ပဲခန့် တာ များတို့ကရယ်တာပေါ့ ဟုတ်ဘူးလား ချုပ်ချုပ်ကြီးရယ် "ဟု ကြာပစ်ကာပြောလိုက်၏။
သူတို့ပြောနေသော စကားများကို တကယ်တော့ တပ်ချုပ်ကြီးကစိတ်မ၀င်စားအား ။
သူ့ခမျာ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်အေးဟန်နှင့် တူသည်ဟု ကြိတ်စိတ်ကူးယဉ်နေသော်လည်း သူ့ အရပ်က မဆိုစလောက်ပုနေသည်ကို ဆန့် ထုတ်ရန်
အကြံကို ခုထိ လက်မှိုင်မချသေးပဲ နှုတ်ခမ်းတလံပန်းတလံဖြင့် ပြောလိုက်သည်မှာ " ကောင်မတွေနော် သိပ်သိပ်ကဲ" ဟူ၍ဖြစ်လေသတည်း။

ထိပ်တင်ကိုယ်တော်ထွား

UCLA မြန်မာတေးဂီတပွဲလေးကိုလာရောက်အားပေးကြပါ။


A concert to raise funds for the Cyclone victims

မြန်မာနိုင်ငံရှိနားဂစ်ဆိုင်ကလုံမုန်တိုင်းဒုက္ခသည်တွေကိုကူညီဖို့အတွက်ကယ်လီဖိုးနီးယားပြည်နယ်ရှိယူစီလယ်အေ(U.C.L.A)တက္ကသိုလ်မှာ
ပညာသင်ကြားဆည်းပူးနေကြသောမြန်မာကျောင်းသူကျောင်းသားတွေရန်ပုံငွေရှာတေးဂီတပွဲလေးကိုကျင်းပမည်လို့ကြားရပါတယ်။

အချိန်- ----- ညနေ ၃း၀၀ က ၇း၀၀နာရီ
နေ့---------- နိုဝင်ဘာ ၁၆ရက် ( ဒီအပတ် တနင်္ဂနွေ)
လက်မှတ်---- ဒေါ်လာ ၂၅ မှ ၅၀

လှူဒါန်းရရှိသောငွေများကို
မုန်တိုင်းဒုက္ခသည်တွေဆီတိုက်ရိုက်ကူညီသွားမှာဖြစ်လို့အထူးကျေးဇူးတင်ရှိပါတယ်။
လှူဒါန်းရရှိသောငွေများကိုမုန်တိုင်းဒုက္ခသည်တွေဆီအမှန်ရောက်ဖို့ဆက်လက်ကြီးကြပ်စောင့်ကြည့်သွားကြပါလို့
အကြံပြုပါရစေ။

Dear all.

Please help support the students who have put together a concert to raise funds for the Cyclone victims.The proceeds will be donated to Sitagu Sayardaw and World Vision. Its on Sun November 16 at 3pm to 7pm at UCLA. Please pass along to friends that might be interested. The tickets are $25 and $50. Your support will be greatly appreciated.


Rest of your post

Time to Review U.S Policy for Burma


ချစ်စွာသောစာဖတ်ပရိသတ်အပေါင်းတို့ ခင်ဗျာ..

စာဖတ်သူတို့အနေဖြင့်မြန်မာပြည်အပေါ်ထားရှိမည့်အမေရိကန်အစိုးရသစ်၏ပေါ်လစီနှင့်အသစ်ခန့်အပ်မည့်မြန်မာပြည်ဆိုင်ရာအမေရိကန်
အထူးကိုယ်စလှယ်အပေါ်ထားရှိသည့်သဘောထားများအကြံပြုချက်များပေးပို့လိုပါလျှင်ကျွန်နော်တို့အီးမေးကိုဖြစ်စေ၊ဘလောက်ဂ်မှာဖြစ်စေ
ရေးသားထားခဲ့နိုင်ပါသည်။ထို့အတူအဖွဲ့အစည်းတခုချင်းစီ၏ထင်မြင်ချက်သဘောထားများ၊အကြံပြုချက်များကိုလည်းကျွန်နော်တို့ကို
အီးမေးကနေတဆင့်ပေးပို့ထားနိုင်ပါသည်။

ကျွန်နော်တို့အနေဖြင့်သီးသန့်အကြံပြုချက်အစီရင်ခံစာကိုအမေရိကန်အစိုးရသစ်နှင့်သက်ဆိုင်ရာနေရာများသို့တင်ပြ
ပေးပို့သွားပါမည်။ချစ်စွာသောစာဖတ်ပရိသတ်အပေါင်းတို့၏အကြံပြုချက်များကိုလည်းတပါတည်းထည့်သွင်းပေးပို့တင်ပြသွားပါမည်။
သဘောထားတွေကိုအပြုသဘောဆန်ဆန်ဖြင့်လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။

လေးစားချစ်ခင်စွာဖြင့်

Dear friends of Burma,

We are going to write an independent report on Burma, which will be offering new strategic thinking for U.S and European Policy makers. The report will be submitted in January,2009.The aim of this report is to promote freedom and liberty of Burma. Your opinions and comments are highly appreciated. Here is a chance for you to share your opinions with us. Please send your opinions to our e.mail account.

Best Regards,
We Fight We Win
Strategic Team
E-mail: wefightwewin@gmail.com


Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.