Saturday, November 15, 2008

[Sai Wunna] 3 New Entries: ၀ ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို အမေရိကန် ထိန်းချုပ်

ဝ ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို အမေရိကန် ထိန်းချုပ်

မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေသောကြောင့် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ထိပ်သီး ခေါင်းဆောင်များနှင့် သူတို့နှင့် ဆက်နွယ်သော ကုမ္ပဏီများ ပိုင်ဆိုင်မှုများကို ထိန်းချုပ်သော တားမြစ် အရေးယူမှု ပြုလုပ်လိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်သော အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘိန်းရာဇာတဦးဖြစ်သော ဝေရှောက်ခန် အပါအ၀င် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)မှ ပုဂ္ဂိုလ် ၂၆ ဦးနှင့် ရန်ကုန်အဲယားဝေး၊ ဟုန်ပမ်း ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၁၇ ခုတို့ကို မူးယစ်ဆေးဝါးဆိုင်ရာ ကင်းပင်း အက်ဥပဒေအရ သူတို့၏ အမေရိကန်နိုင်ငံတွင်းရှိ ပိုင်ဆိုင်မှု ငွေနှင့် ပစ္စည်းများကို ထိန်းချုပ်ခြင်းနှင့် ဆက်သွယ်မှု တားမြစ်သည်ဟု အမေရိကန် အစိုးရ ဘဏ္ဍာရေးဌာန၏ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ဌာန (OFAC) ၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

“ဒီနေ့ OFAC က ‘ဝ’ စစ်ဗိုလ်ကြီးတွေနဲ့ သူတို့ ငွေကြေးကို ဦးတည်ပြီးတော့ သူတို့ရဲ့ ကြီးမားတဲ့ မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်လိုက်တယ်။ တခြားတိုင်းပြည်တွေကလဲ ဒီလိုမျိုးလုပ်ကြဖို့ ပြောချင်ပါတယ်” ဟု ဟမ်မရယ်က ပြောသည်။

ဝေရှောက်ခန်၏ ညီနှစ်ဦးဖြစ်သော ဝေရှောက်လောင် နှင့် ဝေရှောက်ရင်၊ UWSA၏ စစ်သေနာပတိချုပ်တဦးဖြစ်သော ပေါင်ယုဆိုင်နှင့် ညီအစ်ကို ၅ ဦး၊ ဟိုချန်တင်နှင့် ရှီခူနန်တို့အပါအ၀င် သူတို့၏ မိသားစုဝင်များနှင့် သူတို့နှင့် ပူးပေါင်းလုပ်ကိုင်နေသော မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်နှင့် တရုတ်တို့မှ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

“UWSA ဟာ အရှေ့တောင်အာရှတခွင်မှာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတဲ့၊ ဖြန့်ချီ ကုန်သွယ်မှု ပြုလုပ်နေတဲ့ အကြီးဆုံးနှင့် အာဏာ အရှိဆုံး အဖွဲ့စည်းတခု ဖြစ်တယ်” ဟု OFACမှ ဒုညွှန်ကြားရေးမှူး ဘာဘရာ စီ ဟမ်မရယ်က ကြေငြာချက်တွင် ပြောကြားသည်။

တားမြစ်ခံရသော ကုမ္ပဏီများတွင် ဟုန်ပန်း ကုမ္ပဏီလုပ်ငန်းစု လက်အောက်မှ ဟုန်ပန်းအမည်နှင့် လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်တူးဖော်ရေး၊ အထည်အလိပ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ၊ စင်ကာပူနှင့် မြန်မာရှိ တက်ခမ်း ဆောက်လုပ်ရေး ကုမ္ပဏီ၊ တက်ခမ်း ကျောက်မျက် ကုမ္ပဏီ၊ ရန်ကုန်အဲဝေး လေကြောင်းလိုင်း၊ Vest Spectrum (S) pte., Ltd. တရုတ်နိုင်ငံမှ Dehong Thailong Hotel Co., Ltd၊ ထိုင်းနိုင်ငံမှ Sangsiri Kankaset Company Limited နှင့် Khum Thaw Company Limited တို့ပါဝင်သည်။

ကင်းပင်းအက်ဥပဒေမှ တားမြစ်ချက်များကို ချိုးဖောက်လျှင် အဖွဲ့စည်းလိုက် ပါဝင် ပတ်သက်မှုအတွက် ငွေဒဏ် အမေရိကန် ဒေါ်လာ ဆယ်သန်း အထိ၊ တဦးချင်း ပါဝင်ပတ်သက်မှုအတွက် အမေရိကန်ဒေါ်လာ ၅ သန်းအထိနှင့် ထောင်ဒဏ် နှစ် ၃၀ အထိ ပြစ်ဒဏ်များ ကျခံရနိုင်သည်။

အမေရိကန် အစိုးရက ဝေရှောက်ခန်ကို ဖမ်းမိလျှင် ဒေါ်လာ ၂သန်းအထိ ဆုချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည်။ သမတ ဘုရှ်က ၂၀၀၅ ခုတွင် ဝေရှောက်ခန်တို့ ညီအစ်ကို ၃ ဦးနှင့် ပေါင်ယုဆိုင် ညီအစ်ကို ၅ ဦးတို့ကို ဘိန်းရာဇာ စာရင်းတွင် ထပ်မံ ထည့်သွင်း ကြေငြာခဲ့သည်။

လက်ရှိအချိန်တွင် ဝေရှောက်ခန်သည် UWSA ၏ အကြီးတန်း စစ်ဦးစီးချုပ်ဖြစ်သည်။ တရုတ်နိုင်ငံ ယူနန်ပြည်သားဖြစ်သူ ဝေရှောက်ခန်သည် တရုတ်-မြန်မာ နယ်စပ်သို့ ရောက်ရှိလာပြီးနောက် ဘိန်းဘုရင် ခွန်ဆာ၏ ဘဏ္ဍာထိန်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၀ တွင်မူ ခွဲထွက်ပြီးနောက် ကိုယ်ပိုင် ဘိန်းအင်ပါယာများကို တည်ထောင်ခဲ့ကြသည်။ ဝေရှောက်ခန် ညီအစ်ကိုများသည် ၁၉၈၉တွင် ပေါင်ယုဆိုင် ညီအစ်ကိုများ၏ UWSA နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး အကြီးတန်း အရာရှိ တဦးအဖြစ် ပါဝင်ခဲ့သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်ခံ ဖြစ်ခဲ့ရာမှ ၁၉၈၉ ခုနှစ် မတ်လအတွင်းတွင် အင်အား နှစ်သောင်းကျော်နှင့် ခွဲထွက်ပြီး UWSA ဟု ၀ များက ထူထောင်ခဲ့သည်။ များမကြာမီ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သည်။

အပစ်ခတ် ရပ်စဲပြီးနောက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ မြောက်ဖက်ရှိ ပန်ဆန်းမှ မြောက်ဖက် ယိင်းချန်းဒေသအထိ တရုတ် - မြန်မာ နယ်စပ်ကို ‘၀’ အထူးဒေသ (၂) ဟု သတ်မှတ်နေထိုင်သည်။

http://www.mizzimaburmese.com/news/regional/1985-2008-11-14-12-39-10.html

သတင်းထောက် အိမ့်ခိုင်ဦးကို ထောင်ဒဏ် ၂ နှစ် ချမှတ်

လှုပ်ရှားတက်ကြွသူများအား စဉ်ဆက်မပြတ် ပြစ်ဒဏ်စီရင်ချက် နောက်ဆက်တွဲအဖြစ် နာဂစ်လေဘေး ဒုက္ခသည်အရေး လိုက်လံသတင်းယူခဲ့သူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား တာမွေတရားရုံး၌ ယနေ့ ထောင်ဒဏ် ၂ နှစ်ချလိုက်သည်။

အသက် ၂၄ နှစ်အရွယ် မအိမ့်ခိုင်ဦးအား တာမွေမြို့နယ် တရားရုံးက လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားရာမှ တရားဆိုင်ဘက်မှ ရှေ့နေ တက်ရောက်ခွင့် မရှိသော တရားခွင်တွင် စီရင်ချက် ချလိုက်ခြင်း ဖြစ်သည်။

“ဒီနေ့ နေ့လယ်မှာ ၂ နှစ် အမိန့်ချလိုက်တယ်။ သူ့ကို အမှုလိုက်တဲ့ ရှေ့နေ့ ဦးမောင်မောင်ဝင်းက လိုက်တယ်။ ဒီနေ့ အမှုလိုက် ရှေ့နေတယောက်မှ မရှိဘဲ တရားသူကြီး ဒေါ်သန်းသန်းကနေ အမှုကို စီရင်လိုက်တာ။ သူတို့ကို ထောင်ကို ပြန်ခေါ်တဲ့အချိန်မှာ မိသားစုတွေနဲ့ တွေ့ခွင့်ရတယ်” ဟု လုပ်ဖော်ကိုင်ဖက်တဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ လေဘေးဒုက္ခသည် ၃ဝ ခန့်က ရန်ကုန်ရှိ နိုင်ငံတကာမှ အစိုးရမဟုတ်သောအဖွဲ့ (အန်ဂျီအို) များထံ သွားရောက်၍ အကူအညီ တောင်းခံရာတွင် မအိမ့်ခိုင်ဦးက သတင်းလိုက်ယူရင်း တာမွေမြို့နယ် နတ်မောက်လမ်းရှိ ယူအန်ဒီပီ ရုံးရှေ့တွင် အဖော်ဖြစ်သူ ကိုကျော်ကျော်သန့်နှင့်အတူ အဖမ်းခံခဲ့ရသည်။

ကိုကျော်ကျော်သန့်က ဆူပူအောင် လှုံ့ဆော်မှုအပြင် နိုင်ငံရပ်ခြားသို့ တရားမ၀င် သွားလာမှု ပုဒ်မ ၁၃ (က) ဖြင့် ၅ နှစ်ပါ ထည့်ပေါင်း၍ စုစုပေါင်း ၇ နှစ် ကျခံခဲ့ရသည်။

မအိမ့်ခိုင်ဦးသည် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက်အလုပ်ကို လုပ်ခဲ့သည်မှာ ၂ လခန့်သာ ရှိသေးသည်။

ယနေ့တွင် စစ်အစိုးရက သဘောကွဲလွဲသူ အနည်းဆုံး ၁၅ ဦးကို ထောင်ဒဏ်စီရင်ချက်များ ချမှတ်ခဲ့သည်။ မဇ္ဈိမအနေဖြင့် ဆက်လက် သတင်းထုတ်ပြန်သွားမည် ဖြစ်သည်။

ဒီနေ့  ထောင်ချခံခဲ့ရသူတွေကတော့

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှအန်အယ်လ်ဒီလူငယ်များဖြစ်ကြသည့် ကိုကျော်ကျော်လင်း ကိုကျော်ဇင်ဝင်း၊
ကိုအောင်ကျော်ဦး၊ မကြည်ကြည်ဝါ နှင့် ကိုနေဇာမျိုးဝင်းတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက
ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်။

၎င်းအပြင် မကြည်ကြည်ဝါအားမတရားအသင်းအက်ဥပဒေနှင့် ဗီဒီယိုအက်ဥပဒေတို့ဖြင့်နောက်ထပ်၆နှစ်၊
ကိုကျော်ဇင်ဝင်းအား မတရားအသင်းအက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှု
တို့ဖြင့် နောက်ထပ် ၁၁ နှစ်၊ ကိုကျော်ကျော်လင်းအား နယ်စပ်ဖြတ်ကျော်မှုဖြင့်နောက်ထက် ၅ နှစ် ချမှတ်
လိုက်သည်။

တောင်ဒဂုံမြို့သစ်မြို့နယ်မှ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုညီညီမင်းနှင့် ကိုတင်ဝင်းတို့ကို ထောင်ဒဏ် ၂ နှစ်
နှင့် သာကေတ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်မြင့်ကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက် သည်။

ယမန်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲစီချမှတ်ခဲ့ပြီးဖြစ်သည့် လှိုင်သာယာ မြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ
ဖြစ်ကြသော ကိုသန့်ဇင်မျိုး၊ ကိုဆန်းဝင်းနှင့် ကိုကျော်စိုးဝင်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ထပ်မံ ချမှတ်
လိုက်သည်။

ကိုသန့်ဇင်မျိုးနှင့်ကိုဆန်းဝင်းတို့အပါအဝင်လှိုင်သာယာမှအန်အယ်လ်ဒီအဖွဲ့ဝင်တဦးဖြစ်သည့်ကိုသန့်ဇော်မြင့်
အား ထောင်ဒဏ် ၉ နှစ်ခွဲစီ ယနေ့ချမှတ်လိုက်ပြီး အင်းစိန်ထောင်တွင်း၌ ယာယီရုံးထိုင်ထားသည့် ကမာရွတ်
တရားရုံးက ကိုကျော်စိုးဝင်းအပါအဝင် ကမာရွတ်အန်အယ်လ်ဒီ ပါတီဝင် ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာ
အန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်မငယ်တို့အား ထောင်ဒဏ် ၇ နှစ်ခွဲစီ ချမှတ်လိုက်သည်။

မန္တလေးမှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင် နှင့် ကိုဇော်ဝင်း တို့ လည်း
ထောင်ဒဏ် ၄ နှစ်ခွဲစီ ယနေ့ချမှတ်ခံလိုက်ရသည်။

သတင်းထောက်မလေး အိမ့် ခိုင်ဦးအားလည်း ထောင်ဒဏ် နှစ်နှစ် ချမှတ် လိုက် သည်။ စစ်အုပ်စုသည် ဤ
အင်အားမှပြည့် သူ့ အင်အားအစစ်အမှန် တွေ ပြည်သူဖက် ကမားမားမတ်မတ် ရပ်တည်သွားမည်သူတွေဟု
အသေအချာနားလည်သဘောပေါက်သဖြင့် ၈၈ မျိုးဆက် များအပါအ၀င် NLD အင်အား အား စနစ်တကျဖြို
ခွင်းနေခြင်းဖြစ်သည် ။ အမိန်ချခဲ့ခဲ့ရသည် ။ရဲဘော်အများစုသည် မိမိနှင့် လုပ်ဖေါ်ကိုင်ဖက် ရဲဘော်များဖြစ်သ
ဖြင့် အင်မတန်မှပင် ၀မ်းနည်း ကြေကွဲမိပါသည် ဂုဏ်လည်းယူမိပါသည် မိမိ ပေးဆက်မှုထက်မကသောပေး
ဆပ်အနစ်နာခံနေရမှုများအတွက်လည်း အထင်ကြီးလေးစားမိပါသည်.။

ရှေ့ကပေးဆပ်သွားသောသူများအား အတုယူ၍ မဆုတ်မရွံ အားမာန်သစ်လောင်းက ဆက်လက်တိုက်ပွဲဝင်ဦး
မည် ခွပ်ဒေါင်းစိတ်ဓါတ် ပြည့် နှပ် နေတဲ့ မျိုးဆက်သစ်တွေ ပေါ်ထွက်လာဦးမည်ကတော့ ဧကန်မလွဲ ဖြစ်ပေ
တော့သည်။

မေအိခင်http://laminkhin.blogspot.com/

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.