Saturday, December 13, 2008

[MANORHARY] 1 New Entry: မွေးနေ့လက်ဆောင်

မွေးနေ့လက်ဆောင်

ဒီနှစ်ကတော့ တစ်မျိုးပဲ...စိတ်ညစ်စရာတွေများသလို အချိုးအကွေ့တွေလည်းရှိသလို
ထူးခြားတာလေးတွေလည်းဖြစ်နေတယ်။ ခုနကလေးတင် မွေးနေ့လက်ဆောင်တစ်ခုရ
လိုက်တယ်။ ရုံးမှာလာပေးသွားတာ..။ရှိခဲတတ်ပေမယ့် ဒီနေ့တော့ရှိနေတယ်။ဒါတောင်
လာပေးတဲ့သူနဲ့မတွေ့လိုက်ရဘူး...။မွေးနေ့က သုံးရက်လိုသေးတယ်။ တနင်္ဂနွေနေ့မှ။
ခုလာပေးတဲ့မွေးနေ့လက်ဆောင်က ဒီနှစ်တွက်ပထမဆုံးရတာဖြစ်သလို ကိုယ်တစ်ခါမှ
မမြင်ဖူးတဲ့ ပရိသတ်ကလာပေးတာလည်းဖြစ်နေတယ်။ အမှန်က ကိုယ့်ကံကြမ္မာက အဲ
လိုအကောင်းကြီးမဟုတ်ဘူး။ ရုံးမှာဆိုမွေးနေ့အတွက်ကျွေးခိုင်းတာပဲရှိတာ တစ်ခါမှလက်
ဆောင်ဆိုတာမရဖူးဘူး။ သူငယ်ချင်းလက်ကျန်သုံးလေးယောက်လည်းဒီလိုပဲ။ မကျွေးရင်
တာပြဿနာရှာတတ်တာ။ကျွေးပြီးရင်တော့ ပြောတတ်ကြတယ်။ဒါ ..မွေးနေ့လက်ဆောင်
ပေးရမယ့် အရွယ်မဟုတ်ဘူးဆိုပဲ...။
အင်း..ခုတော့ ကံကြမ္မာကကိုယ့်ကိုကြည်နူးစရာကောင်းတဲ့လက်ဆောင်လေးတစ်ခုပေးလာ
တယ်ထင်တာပဲ။ ပေးလာတဲ့ညီမလေးကိုလည်းအားနာမိတယ်။ သူနဲ့အွန်လိုင်းမှာတွေ့နေကျ။
သူမွေးနေ့လက်ဆောင်လာပေးမယ်တော့ပြောသား။ဒါပေမယ့် ..မလုပ်ပါနဲ့လို့ပြောထားမိ
တယ်ထင်တာပဲ။ ခုတော့..သူတကယ်လာသွားတာပဲ။ ပြီးတော့..သူ့မုန့်ဘိုးလေးထဲကနေ
လာပေးရတာမို့စိတ်လည်းမကောင်းဖြစ်မိသေးတယ်။ ဘာပဲပြောပြော တကယ့်ကိုကျေးဇူး
တင်ပါတယ်..ညီမလေးရေ...။
အော်..မွေးနေ့ဆိုလို့..အသက်မေးတယ်လား...ဟဲဟဲ..ကေ့ထက်တစ်နှစ်ကြီးပြီး ချိုသင်း
နဲ့ တစ်နှစ်တည်း...လို့ဝေ့လည်ကြောင်ပတ်ဖြေထားလိုက်ရင်ကောင်းမယ်ထင်တာပဲ...။
ချစ်သောညီမလေး မိုးနေ ..ပျော်ရွှင်ပါစေ..

You received this email because you are subscribed to the real_time feed for http://manorhary.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: လေးဖြူ မပြာနှမ်းခဲ့ပါ

လေးဖြူ မပြာနှမ်းခဲ့ပါ

ဆုန်သင်းပါရ်ကို Mandalay FM မှာ သျှီကမေးဖူးပါရဲ့။ ဆုန်သင်း ဘာတွေလုပ်နေသလဲတဲ့။
ဘုရားသခင်ရဲ့ သမီးတော် ချင်းအမျိုးကောင်းသမီးကြီးကတော့ ပြန်ဖြေပါတယ်။
ဘာလုပ်စရာရှိလို့လဲ အစ်မရာ၊ အိပ်လိုက်၊ စားလိုက်ပေါ့တဲ့။ အဖြေကတော့ ပြတ်သားပါတယ်။
မြန်မာဂီတသမားတွေအတွက်တော့ အိပ်လိုက်၊စားလိုက် အခြေအနေက အမှန်ကန်ဆုံးပဲ။
လှုပ်တာနဲ့ မြုပ်မယ်ဆိုတာ သိနေကြတာကိုး။ မင်္ဂလာပွဲလေး လိုက်ဆိုလိုက်၊
စားသောက်ဆိုင်တွေ သွားဆိုလိုက်နဲ့ ဒီလိုပဲ ၀မ်းရေးအတွက် ငွေရှာနေကြရတာ။

စားသောက်ဆိုင်တွေမှာ ဆိုတယ်ဆိုလို့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကိုဘ(တေးရေးအေးဘကျော်)
ပြောခဲ့ဖူးတာလေး မှတ်မိတယ်။ ” ကျွန်တော်တို့ အဆိုတော်တွေက စားသောက်ဆိုင်တွေမှာ
သွားဆိုပြီးငွေရှာနေကြတော့၊ စားသောက်ဆိုင်တွေမှာ သူတို့ကိုယ်သူတို့ အဆိုတော်ဆိုပြီး
ဆိုနေကြတဲ့သူတွေ ဘယ်နေရာကိုရောက်သွားမလဲ” တဲ့။ စဉ်းစားစရာပါပဲ။
ဒါပေမယ့်လည်း ၀မ်းရေးအတွက်ဆိုပြန်တော့လည်း…..

နိုဝင်ဘာအကုန်၊ ဒီဇင်ဘာအရောက်မှာ အယ်လ်ဘမ်နှစ်ချပ် ဆက်တိုက်ထွက်လာခဲ့ပါတယ်။
မာရဇ္ဖရဲ့ ဆယ့်နှစ်လက်မတစ်ပေ၊ သျှီရဲ့ ဂန္တ၀င်စကား နဲ့ ဒီဇင်ဘာ၁၀ရက်မှာထွက်မဲ့
လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော်။ လေးဖြူအယ်လ်ဘမ်ထွက်မယ့်ရက်ကို ကြိုကြေငြာထားပေမယ့်
မာရဇ္ဖနဲ့သျှီက အယ်လ်ဘမ်ကြိုထွက် လိုက်တာ အံ့သြစရာပါပဲ။ လေးဖြူက အကုန်လုံးကို
ဆွဲချသွားမယ်ဆိုတာ သိသိနဲ့ထွက်လာခဲ့ကြတာ။ မာရဇ္ဖကိုနားထောင်ကြည့်တယ်။
ပရိသတ်မစွဲနိုင်တဲ့ သီချင်းတွေများတယ်။ သျှီအခွေ နားထောင် ကြည့်တယ်။ ကောင်းပေမယ့်
လေးဖြူကို ကျော်နိုင်မယ်တော့မထင်။ ဆိုတော့ အဖြေကရှင်းတယ်။ အခုတလော
ရွာရိုးကိုးပေါက် ကြားနေရတဲ့ ဟန်ထွန်းသီချင်းတွေရဲ့နေရာမှာ လေးဖြူဝင်လာလိမ့်မယ်။

ဒီလိုနဲ့ လေးဖြူရဲ့ BOB ထွက်လာခဲ့ပြီ။ ထွက်စနေ့ကပဲ ၀ယ်ထားတယ်။
မီးမလာတော့ အေးအေးဆေးဆေး နားမထောင်ဖြစ်။ နောက်မှ နားထောင်ဖြစ်တယ်။
ကျွန်တော်ဝယ်တုန်းကတော့ ၂၀၀၀ ပေးရတယ်။ မူရင်းဈေးကတော့ ၁၈၀၀ ပါ။
ကိုရဲ ကတော့ ၂၆၀၀ ပေးခဲ့ရတယ်လို့ ဆိုထားတယ်။ ယူမှာပေါ့လေ။ စီးပွားရေးမှ မကောင်းကြတာကိုး။
ကြိုတင်မှန်းထားတဲံအတိုင်းပါပဲ။ တစ်ခဏအတွင်းမှာပဲ ကုန်သွားတယ်။ လဖက်ရည်ဆိုင်မှာ
ကြားလာရတယ်။

ဒီအချိန်မှာ အယ်လ်ဘမ်သစ်လုပ်ရင် ကျန်တဲ့လူတွေအဖို့တော့ ပြာနှမ်းနိုင်ပါတယ်။
(ပြာနှမ်းစကားကို လေးဖြူရဲ့ သီချင်းသစ်တွေ နားထောင်ပြီး သုံးဖြစ်သွားတာဖြစ်ပါတယ်။)
လေးဖြူအဖို့တော့ မပြာနှမ်းနိုင်ပါ။ သီးချင်းတွေကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊
ပရိသတ်ကရှိနေတာမို့ မပြာနှမ်းနိုင်ပါ။ ကံထူးလေစွ။

အယ်လ်ဘမ် ထွက်လာတော့ BOB ဆိုတာလာလဲလို့မေးတဲ့လူတွေကလည်း မေးရဲ့။
မြန်မာလိုတော့ ဘင်္ဂလားပင်လယ်အော်ပေါ့လေ။ အင်္ဂလိပ်လိုတော့ Bay Of Bengal ဆိုလား။
ခေါင်းစဉ်သီချင်း မပါပါဘူး။ လိုဂိုကတော့ ကျွန်တော်အမှတ်မမှားရင် အရက်ကြော်ငြာတစ်ခုနဲ့
ခပ်ဆင်ဆင်တူတယ်။ ဒါကလည်းဆန်းအံ့မထင်။ လေးဖြူထွက်ခဲ့သမျှ အခွေဒီဇိုင်းတွေ၊
သီချင်းဟန်တွေဟာ နာမည်ကျော်အဖွဲ့တွေ၊ တံဆိပ်တွေရဲ့ အရိပ်နည်းနည်းစီ
လွှမ်းမိုးမှုရှိနေတတ်တာကြောင့်ဖြစ်ပါတယ်။

ဒီအယ်လ်ဘမ်ကို The Sun ကလုပ်ပါတယ်။ တေးရေးတွေကတော့ မောင်မောင်ဇော်လတ်၊ ရယ်ဂျီ၊
လင်းလင်းနဲ့ နောနော် တို့ဖြစ်ပါတယ်။ သီချင်း ဆယ့်သုံးပုဒ်ပါတယ်။
၁။ တစ်ယောက်တည်းနဲ့၊ ၂။ ငါ့ရဲ့လမင်း၊ ၃။ဝိရောဓိ၊ ၄။အလဲအကွဲ၊ ၅။ကစဥ့်ကလျားသီအိုရီ၊
၆။ပြန်ခဲ့ပါ၊ ၇။သံယောဇဉ်၊ ၈။မိုးတိမ်ထဲဝဲ၊ ၉။မလုပ်နဲ့၁၀။အရင်လိုပါပဲ၊ ၁၁။ အလွမ်း၊
၁၂။ဒါလီနေ့၊ ၁၃။ စာမျက်နှာတစ်ဆယ့်ငါး။

ပြီးခဲ့တဲ့သုံးနှစ်တာမှာ လေးဖြူထွက်ခဲ့သမျှအခွေတွေ ပြန်လွမ်းကြည့်မယ်။ လိပ်ပြာ ရှိမယ်၊
ခဏလေးများရှိမယ်၊ အခု ဘင်္ဂလားပင်လယ်အော် ရှိမယ်။ မောင်မောင်ဇော်လတ်နဲ့ လင်းလင်း
လက်စွမ်းပြထားခဲ့တဲ့ ခဏလေးများမှာ လေးဖြူရဲ့ သီချင်းပုံစံတွေပြောင်းလာတာတွေ့ရတယ်။
ဒီအချက်ကို အခုထွက်လာတဲ့ ဘင်္ဂလားပင်လယ်အော်မှာလည်း တွေ့ခဲ့ရတယ်။
အထူးသဖြင့် အနှေးသီချင်းဆိုဟန်တွေဟာ စွဲမက်ဖွယ်ကောင်းလာပြီး ပညာသားပါလာတာတွေ
တွေ့လာရတယ်။ ကျန်တဲ့သီချင်းတွေရဲ့ ဟန်တွေကလည်း ကောင်းနေဆဲပဲလို့ ဆိုရပါမယ်။
သီချင်းရေးဆရာပြောင်းလာတဲ့ အရွေ့ကြောင့်လည်း ဖြစ်မယ်လို့ထင်တယ်။

ကျွန်တော်ကိုယ်တိုင်က IC နဲ့ လေးဖြူ ပရိသတ်မဟုတ်ပေမယ့် သူ့အခွေတွေထွက်လာတိုင်း
သတိတရနဲ့ အသေအချာနားထောင်လေ့ရှိပါတယ်။ လေးဖြူသီချင်းမှာပါတဲ့ သီချင်းစာသားတွေက
အားကောင်းနေတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် လေးဖြူရဲ့ ပါဝါ ဟာ ဘယ်ကိုရည်ညွှန်းတာတို့၊
လေးဖြူရဲ့အဖေသီချင်းဟာ ဘာကိုရည်ရွယ်တာတို့ အဲတာတွေလုံးဝမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ အဲတာတွေဟာ အများထင်နေသလို လုံးဝမဟုတ်တဲ့အတွက်ကြောင့်ပါ။
နောက်ဆုံး လေးဖြူ ရှိုးမဆိုတော့တာဟာ အပိတ်ခံရလို့ဆိုတဲ့စကားဟာ ကျွန်တော်တို့အတွက်တော့
ရယ်စရာစကားသက်သက်ပါပဲ။ သူ့ဟာသူ မဆိုချင်လို့ လုံးဝမဆိုတော့တာပါ။
ဒါတောင် တလောတုန်းက နာဂစ်ရံပုံငွေမှာပြန်ဆိုတာ ဂီတအစည်းရုံးကပြောပေးလို့ဆိုလား၊
စကားစကထွက်လာခဲ့သေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လေးဖြူအခွေထွက်လာတိုင်း သီချင်းစာသားတွေကို ပိုပြီးဂရုထားမိတယ်။
သီချင်းစာသားတွေ လေးနက်မှုအသွင်ဆောင်နေတဲ့သီချင်းစာသားတွေများနေတာကြောင့်လည်း
ဖြစ်တယ်။ အခုပြောမှာက သီချင်းစာသားတွေကြားထဲက ကျွန်တော်ရှာဖွေဖြစ်တာ
စကားလုံးတွေဖြစ်နေတတ်ပါတယ်။

သီချင်းတွေ အားလုံးနားထောင်ပြီးတော့ သီချင်းစာသားတွေထဲ သတိထားမိလိုက်တာ
တစ်ချို့ထဲမှာ ပြာနှမ်းတာကို သီချင်းသုံးပုဒ်မှာ ကွဲပြားစွာသုံးထားတာ တွေ့ရတယ်။

ပြာနှမ်းလွန်းတဲ့ လရိပ်မှာ…( ၀ိရောဓိ … မှ)
ပြာနှမ်းနေတဲ့ ပင်လယ်ရေတွေ….(ပြန်ခဲ့ပါ… မှ)
တိမ်တိုက်များလည်းလေ ဖြူသွားလိုက် ပြာနှမ်းသွားလိုက်…(အရင်လိုပါပဲ… မှ )

ဖျတ်ခနဲနားထောင်ရင်း ခေါင်းထဲ စွဲမိပြီး သတိထားမိခဲ့တဲ့ စာသားတစ်ချို့ကတော့…

နှုတ်ပိတ်… တိတ်ဆိတ်မှုနဲ့ ပေါင်းဖက်ကာ
နှုတ်ပိတ်… ဆွံအာမှုတို့ ကြားထဲမှာ
နှုတ်ပိတ်… ခါးသီးမှုတို့စားသုံးကာ
နှုတ်ပိတ်… နှုတ်ပိတ်…
……………………………….
လူယုံတွေ သတ်တဲ့ ငါ့ရဲ့နေ့တွေ…
(တစ်ယောက်တည်းနဲ့ … မှ)

ပြာနှမ်းလွန်းတဲ့ လရိပ်မှာ
ပြန်လွမ်းဆွတ် တမ်းတ
အပ်ကြောင်းအထပ်ထပ် ဇာတ်ထုတ်ကို
တစ်ခေါက်ပြီး တစ်ခေါက် ထွင့်ကာ
ကြည့်ရင်း ငါ့မှာ စိတ္တဇ…
(၀ိရောဓိ… မှ)

တစ်ဘ၀အတွက် တစ်ယောက်ရည်ရွယ်ခဲ့တာ
ခုတော့ ငါးပါးမှောက်တာ
ဒူးထောက်ထားတယ်ဆိုတော့မှ
ခေါင်းငုံ့ခိုင်းတဲ့ အဖြစ်မျိုးလား….
(အလဲအကွဲ…မှ)

မတွေးချင်လည်း ပြန်တွေးနေမိ
မေ့ရင်လည်း ပြန်သတိရပြီး
အမှတ်မရှိသေးဘူး ငါလွမ်းဆွတ်
မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ
မှားနေလည်း ငါဆက်မှားပြီး
ဒုက္ခငါများကုန်ပြီ…
(သံယောဇဉ်…မှ)

ငယ်ဘ၀ အတိတ်တွေ လက်ထဲ ငါ အန်ထုတ်ကာထားရင်း
တစ်ခုစီ တစ်ခုစီ ငါ့အိပ်မက်ထဲ ထည့်ကာ
ငါဟာ မိုးတိမ်တွေထဲ ၀ဲ ငါဟာ မိုးတိမ်တွေထဲ ၀ဲ
(မိုးတိမ်ထဲ ၀ဲ… မှ)

အလိုလို ဒီအတိုင်း ဘ၀ထက်မှာ ဒီအတိုင်းမျောဆဲပါ
နောက်ဆုံးမှာ သူ့အလိုအတိုင်းပါ လွင့်ပြယ်ပျောက်ကာသွားရင်း
အရင်လိုပါပဲ…. အရင်လိုပါပဲ
(အရင်လိုပါပဲ… မှ)

မလုံသေးတဲ့ နောက်ကျောက
ငါ့ကို ကျီစယ်ရင်း
သက်ပြင်းတို့ ထည်လဲချ
ချွတ်ယွင်းချက်များနဲ့ငါ
အိပ်လို့ကောင်းနေတုန်း
အတင်းလှုပ်နှိုးလိုက်သလိုမျိုး
စိတ် အမာရွတ်တွေက
ဦးနျောက်ကိုနင်းချေ
မလုပ်နဲ့… မလုပ်နဲ့….
(မလုပ်နဲ့…. မှ)

ဒီအတိုင်း တို့အဖြစ်တို့ သွေးအေးထားမှာလား
ငါ့ စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်…
(အလွမ်း…မှ)

ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်
အဓိပ္ပယ်မရှိတာသိပေမယ့်
တစ်ခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လဲ
အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
(စာမျက်နှာတစ်ဆယ့်ငါး…မှ)

သီချင်းတွေတင်ဖို့ ကြိုးစား ကြည့်ပါသေးတယ်။ ကွန်ရှင်ကြောင့် တင်ထားတဲ့ လင့်ခ်တွေတောင်
ပြန်ကျိုးကုန်လို့ ကွန်နက်ရှင်ကောင်းတော့မှပဲ ပြန်တင်ပါတော့မယ်။
ကိုရဲဆီမှာတော့ သုံးပုဒ်တင်ထားတာ တွေ့ရပါတယ်။ သံယောဇဉ်ကတော့ အနှစ်သက်ဆုံးပါ။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[သက်ဝေ] 1 New Entry: ၂၀၀၈

၂၀၀၈

နောင်ထပ် ရက်အနဲငယ်ကြာရင် ၂၀၀၉ ဟူသော နှစ်သစ် တခုကိုရောက်တော့မည်။
ကုန်လွန်ခဲ့သော ၂၀၀၈ အကြောင်းပြန်တွေးကြည့်တော့လဲ ဘာမှ သိပ်မယ်မယ်ရရ မရှိလှ…။

ပြောရရင်… တပါတ်မှာ ငါးရက် အလုပ်လုပ်၍ နှစ်ရက် နားရသည်။ အလုပ်ထဲမှာလဲ သိပ်မဆိုးလှ…။ လုပ်ဖေါ်ကိုင်ဖက် တရုပ်၊ မလေး၊ မြန်မာ တွေနဲ့  အဆင်ပြေသည်။ ကိုယ့်အထက်က မန်နေဂျာနှင့်လဲ ဆက်ဆံရေး အဆင်ပြေသည်။ လခ တစ်ခါတိုးပြီးပြီ…။ ဒီလောက်ဆိုရင် တော်ပြီပေါ့…။

ဒီရက်ပိုင်းအတွင်းမှာ ပရိုဂျက် အသစ် များများစားစားမရှိလှ…။ ထို့ ကြောင့် နဲနဲ အသက်ရှု ချောင်နေသည်။ အခု ဒီဇင်ဘာလကုန်တွင် ရမည့် ပုံမှန်လခ နှင့် နောက်ထပ် တစ်လစာ ဘောနပ်စ်ကို မျှော်လင့်နေသည်။ ကမ္ဘာမှာ စီးပွားက ပျက်စပြုနေသည်ဟု ကြားကြားနေရသောကြောင့် ဒီနှစ်အဖို့  ဘောနပ်စ် ရမှရပါတော့မလားဟု ပူသူတွေလဲရှိ…။ နောင်နှစ်မှာ မိန်းမယူရန် ပိုက်ပိုက်စုနေသူများကလဲ မျှော်လင့်နေကြသည်။ ဘာဘဲဖြစ်ဖြစ် ရလျှင်တော့ ပျော်စရာပေါ့…။ ရရင်တော့ နှစ်သစ်နှင့် တရုပ်နှစ်ကူးတွင် ရှော့ပင်တွေ ခဏခဏ ထွက်ရန် ရည်ရွယ်ထားသည်။

နားရသည့် စနေ တနင်္ဂနွေ နှစ်ရက်မှာ အိမ်သန့် ရှင်းရေးလုပ်၊ ဈေးဝယ်၊ ချက်ပြုတ်၊ လျှော်ဖွပ် မီးပူတိုက်ရတာနဲ့ တင် တစ်ရက် ကုန်သွားသည်။ ကျန်တဲ့ တစ်ရက်မှာတော့ အောချတ်လေး၊ စီးတီးဟောလေး ဘယ်လေး ညာလေး သွားရင်သွား…။ ရုပ်ရှင် ကြည့်တဲ့အခါကြည့်…။ မဟုတ်ရင် ဟိုက ဒီက ဖိတ်ကြတဲ့ သူငယ်ချင်းတွေ အိမ်မှာ သွားစားကြသည်။ အိမ်မှာ စုတဲ့အခါ စုကြသည်။ မြန်မာစာ စစ်စစ်လေးများ ချက်ပြုတ်စားကြသည်။ ထိုအခါ ပိတ်ရက် နှစ်ရက်က တကယ်ကို မ၀ မလင်…။ တခါတရံ ကြာသာပတေးလို ပိတ်ရက်များမှာ သောကြာနေ့  ခွင့်ယူပြီး စနေ တနင်္ဂနွေ နှင့် ဆက်နားလိုက်သည်။ ဘာမှ သိပ်ကြီးကြီးကျယ်ကျယ် မဖြစ်သော်လည်း ဆေးခွင့်ကို တစ်လ တစ်ခါလောက်တော့ ယူဖြစ်သည်။ မဟုတ်ရင် ဆေးခွင့်တွေ ပိုနေမှဖြင့် နှမြောစရာ…။

နောက်နှစ် ၂၀၀၉ မှာတော့ ပိတ်ရက်တွေက ဆက်နေကြသည်။ အီးမေးလ်မှ ရထားသော ၂၀၀၉ အတွက် ပိတ်ရက် (စင်္ကာပူ) ပြက္ခဒိန်ကို သတင်းအဖြစ် ဝေမျှပေးလိုက်သည်။


အနီရောင်ဖြင့် ပြထားသောရက်မှာ အစိုးရ ရုံးပိတ်ရက်၊ အ၀ါရောင်မှာ စနေ တနင်္ဂနွေ နေ့ များ၊ အပြာရောင်မှာ ခွင့်ယူရန် နေ့ ရက်များ။ ထိုရက်များတွင် ခွင့်ယူပါက အသင် ရနိုင်သည့် ဟောလီးဒေး ရက်ရှည်များ ကိုတွေ့ ရမည် ဖြစ်သည်။ ကြိုတင်ပြင်ဆင်ခြင်းကို နှစ်သက်တတ်သူများအတွက် အလွန်ကောင်းသော ပြက္ခဒိန်ပင်…။ ဟိုတစ်ရက်က ရုံးမှ ဘော့စ်ကို ထိုပြက္ခဒိန်ကိုသွားပြကာ ၂၀၀၉ အတွက် ထိုအပြာရောင်နေ့ ရက်များကို အခုထဲက ကြိုပြီး ခွင့်တင်ထားချင်ပါသည်ဟု ရှည်ရှည်ကဲကဲ ပြောလိုက်မိသဖြင့် မျက်လုံးပြူးဖြင့် ပြန်ကြည့်ခြင်းခံရသည်။ (သူ့ မျက်လုံးက နဂိုထဲက နဲနဲတော့ပြူးပါသည်။)

ပုံထဲတွင် Source : Ministry of Manpower ဟု အထင်အရှား ရေးသားထားသောကြောင့် ဘာပြဿနာမှတော့ မဖြစ်တန်ရာ…။ အခုတလော ဟိုကိစ္စ ဒီကိစ္စတွေက အတော် ရှုပ်ထွေးနေသောကြောင့် ဓါတ်ပုံတင်ဖို့ ရာ တော်တော်သတိထားနေရသည်…။

ဒီနှစ် ၂၀၀၈ မှာတော့ မြန်မာပြည်ကို မပြန်ဖြစ်လိုက်…။ ၂၀၀၉ မှာတော့ ပြန်ဖြစ်အောင် ပြန်မည်ဟု စိတ်ကူးထားသည်။ ခုထဲက ပိုက်ဆံကြိုစုထားမည် ဟုလဲ စဉ်းစားထားသေးသည်။ ဘယ်လောက် စုဖြစ်မည်ကိုတော့ မသိ…။

၂၀၀၈ ထဲမှာ ဘာကုသိုလ် ကောင်းမှုတွေ ပြုထားသလဲ ဟု ကိုယ့်ကိုယ်ကို ပြန်မေး၊ ပြန်တွေး ကြည့်နေမိသေးသည်။ များများစားစား ပြောစရာဆိုလို့  ရန်ကုန်က ရှင်သာမဏေကျော် စာပြန်ပွဲအတွက် စလုံး ၂၀၀၊ ကိုယ်နေခဲ့သော အထက်တန်းကျောင်းမှ အာစရိယ ပူဇော်ပွဲအတွက် ၁၅၀၊ နာဂစ် အတွက် ၂၀၀ လှုခဲ့သည်။ ပြီးတော့ နာဂစ်မှာ မိဘမဲ့သွားသော ကလေးငယ်များ၏ ပညာရေးအတွက် မူလတန်းကလေး နှစ်ယောက်နှင့် အလယ်တန်းကလေး တစ်ယောက်ကို လှမ်းမွေးစားထားသည်။ လစဉ်ပုံမှန် စလုံး ၄၅ ကျပ် လှုရသည်။ ထိုကလေးတွေက သူတို့ ရဲ့  ဓါတ်ပုံလေးတွေနဲ့  ကိုယ်ရေးရာဇ၀င် အကျဉ်းလေးတွေပါတဲ့ စာရွက်လေးတွေ ပို့ ပေးကြသည်။ သနပ်ခါး ပါးကွက်ကြား ဓါတ်ပုံလေးတွေနဲ့  ပဲပင်ပေါက်လို လက်ရေး ကွေးကွေး လိမ်လိမ်လေးတွေက တကယ်ကို ဂရုဏာသက်စရာ..။ ပြန်ကြည့်မိတိုင်း ကြည်နူးစရာ…။

နောက်ဘာရှိသေးလဲ… အော်… သတိရတာ တစ်ခုရှိသေးသည်။ ရန်ကုန်မှ ဘုန်းတော်ကြီးတပါး ဒီမှာ ဆေးကုသရန် ကြွလာစဉ်က န၀ကမ္မ ၀တ္ထု အလှုငွေ ၂၀၀ လှုခဲ့သေးသည်။ ဒါနဲ့ မေ့တော့မလို့ … ဒီမှာ လစဉ်လှုရတာ တစ်ခုရှိသေးသည်…။ အဲဒီကိုတော့ ၄ လ (သို့ ) ၆ လ တစ်ကြိမ်လောက့် မှန်မှန် သွားလှုရသည်။ မဟုတ်လို့  တလုံးတခဲထဲ စုထားပြီးမှ လှုရပါက ထိုလအဖို့  ထမင်းငတ်သွားနိုင်သည်။

ဒီ ၂၀၀၈ ထဲမှာ နှစ်ဖက်မိဘ၊ ညီအစ်ကို မောင်နှမများ၊ ယောင်းမတွေ ယောက်ဖတွေ တစ်စုပြီးတစ်စု လည်လည်လာကြသောကြောင့် ဆွေစုံ မျိုးစုံ တွေ့ ရသည်။ ထိုလများတွင် ဘတ်ဂျက် နဲနဲကြပ်သွားသည်မှလွဲ၍ ပျော်စရာကောင်းပါသည်…။ ၂၀၀၈ မှာ သူငယ်ချင်းတွေလဲ တော်တော်များများ တွေ့ ရသည်။ သူတို့ တွေက ပုံစံ အစုံအလင်ဖြင့် လာကြသည်။ တချို့ က အလည်သက်သက်၊ တချို့ က အလုပ်ရှာ၊ တချို့ က ကလေးကျောင်းထား…။

ဒီနှစ်အတွင်း နှလုံးသားရေးရာကတော့… ပြောရရင် အားလုံးကောင်းပါသည်။ ဒါပေမယ့် ဟိုတပတ်က အိုင်စီရှိုးကို လိုက်ပြဖို့  သူ့ ကို ပူဆာရင်းက စကားပြော အဆင်မပြေလို့  စိတ်တို စိတ်ဆိုးရသေးသည်။ အိုင်စီက တစ်နှစ်မှာ တစ်ခါလာနေကျ၊ လာတိုင်းလဲ ကြည့်ချင်လို့  ပူဆာနေကျ၊ ပူဆာတိုင်းလဲ သူက အဲဒီ လူရှုပ်ရှုပ် ဆူဆူညံညံပွဲမျိုးတွေ နဲနဲမှ ၀ါသနာမပါတာမို့  ဟိုဟာနဲ့  လှည့်ချော့၊ ဒီဟာနဲ့  လှည့်ချော့၊ ဒီနှစ်တော့ ပိုက်ဆံအိပ်တစ်လုံးနှင့် အပေးအယူတည့်ကာ ဒေါသကို လျှော့လိုက်ရသည်…။ အငဲ နဲ့  Rဇာနည်ကို အခွေထဲမှာဘဲ ကြည့်ပါတော့မယ်လေ…။

နောက် မှတ်မှတ်ရရ တစ်ခုကတော့ ၂၀၀၈ ဇန်န၀ါရီလကစလို့ ဘလော့ဂ်လေး တစ်ခုကို တော်တော်လေး (တကယ်တော့ တော်တော်ကြီး) ကြိုးစားပမ်းစား ဖန်တီးထားသည်။ ထိုဘလော့ဂ်လေးကြောင့် သူငယ်ချင်း မိတ်ဆွေ အသစ်များ များစွာရခဲ့သည်။ တစ်ယောက်ကို တစ်ယောက် မမြင်ဖူးကြသော်လည်း အနှစ်နှစ် အလလက ခင်မင်ခဲ့သူများပမာ ရင်းနှီးခင်မင် သံယောဇဉ်တွယ်ကြသည်။ တန်ဖိုးမဖြတ်နိုင်စရာ…။ ထိုဘလော့ဂ်လေးကြောင့် အိပ်ရေးပျက်ရသည်။ လက်ကိုက်ရသည်။ မျက်စေ့ ကိုက်ရသည်။ တခါတရံ ခေါင်းလဲ ခြောက်ရသေးသည်။ သို့ သော် ဒါလေးကိုဘဲ မက်မက်မောမော တွယ်တာနေသည်။ မနက် မိုးလင်း အိပ်ရာမှ နိုးနိုးချင်း သူ့ ကိုအရင် ဖွင့်ကြည့်ပြီးမှ ကျန်တာတွေ ဆက်လုပ်လို့ ရသည်။ တမျိုးတော့ ထူးဆန်းသား။

နောက်ထပ်တော့ ထူးခြားဖြစ်စဉ် ဘာမှမရှိတော့ပြီ။ ခြုံကြည့်ရလျှင် ကောင်းသောနှစ် တစ်ခုဟု ဆိုနိုင်ပါသည်။ ကိုက့်ကိုယ်ကို ကျေနပ်တတ်ဖို့ က အရေးအကြီးဆုံး မဟုတ်ပါလား…။

(ပိုစ့်အသစ် ဘာရေးရမှန်း မသိသောကြောင့် စဉ်းစားလို့ ရသမျှ ရောက်တတ်ရာရာ ရေးချလိုက်သည်။ လာဖတ်သူများကို ကျေးဇူးတင်ပါသည်။)

You received this email because you are subscribed to the real_time feed for http://thet-wai-blog.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်သူ့ ပုံရိပ်] 1 New Entry: "50 Cent"

"50 Cent"

ဒီကမ္ဘာကို
ခြေချမိရာကအစ
ငါ့ဘ၀မှာ
မမြင်ရတဲ့ သူငယ်ချင်းတွေကို
အပြင်လောက အပေါင်းအသင်းထက်
ပိုမက်မောခင်တွယ်လာခဲ့တယ် ....

ဒါပေမဲ့
တချို့တချို့သော Blogger လေးတွေ
ဒါကို အခွင့်ကောင်းယူလို့
ဘယ်သူမှ (ဗုံနဲ့) မမြှောက်ရပဲ
တစ်ယောက်တည်း ရွေးကောက်ပွဲကျင်းပနေလေရဲ့ ...

စိတ်ထားဖြူဖြူ
Blogger သူလေးတွေကတော့
ညဏ်နုံနဲသူလေးကို ဗွေမယူရှာပါဘူး
မထူးခြားတဲ့ ရွေးကောက်ပွဲကြီးရဲ့
အစီအစဉ်မှူး အရူးအပေါကိုသာ
Comment များနဲ့ ထောမနာပြုလို့
ဝိုင်းဝန်းဆုတောင်းပေးပုံက
"ဘ၀ကံအကျိုးပေး မကောင်းရှာသူရယ်
ဒီ့ထက်ပိုပြီး ပေါနိုင်ပါစေကွယ်" ..တဲ့ ...

by ....DecemberCinderella
( ကိုယ့်စရိတ်နဲ့ကိုယ် ဦးနှောက်အစားခံ၊ အချိန်ကုန်ခံပြီး blogger သူလေးများ အလကားနေရင်း နာမည်မကြီးကြီးအောင် ကူညီစွမ်းဆောင်ပေးသော မောင်လေး အိမ် သို့ ..ကျေးဇူးတင် အမှတ်တရ ....)

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Royal-Myanmar.com] 2 New Entries: Headline News

Headline News

ဘယ်သူမှ မပေးတော့ ကိုယ်ဖာသာဝယ်ရတာပေါ့။ ဘယ်သူမှ မမေးတော့ ကိုယ်ဖာသာ ကိုယ်ကြွားရတာပေါ့။ Who care? ဟားဟား နောက်တာ။ ဓါတ်ပုံ ဆရာတွေ ဘလော့တွေကြည့်ပြီး ဓါတ်ပုံကောင်းကောင်းတွေရိုက်ချင်လာတယ်။ ပိုက်ဆံ ကလဲ သိပ်မတက်နိုင်တော့ S$700 မကျော်ပဲ ကင်မရာကောင်းကောင်းကို ရှာပုံတော် ဖွင့်တော့တာပေါ့။ ပြီးသွားတဲ့ အရင်...

Visit www.royal-myanmar.com to read full post. (Sai Tun)

လေးဖြူ - ဘင်္ဂလားပင်လယ်အော် (Bay Of Bengal)

ကိုလေးဖြူ ရဲ့ Album အသစ်ပါ.. ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထွက်ပါတယ်..။ အဲဒီညမှာပဲ အင်တာနက်မှာ မရမက ရှာဖွေလိုက်တော့ ကိုလေးဖြူရဲ့ Album အသစ်စက်စက်ကို (ဆိုးသွမ်း)Blog ကနေ Download ရခဲ့ပါတယ်..။ ကိုယ့်မြေနဲ့ ဝေးနေတဲ့ ခဏမှာ ကိုလေးဖြူအခွေကို Original အားပေးချင်ပေမယ့် နားထောင်ချင်လွန်းလို့ Internet ကနေ Free...

Visit www.royal-myanmar.com to read full post. (Sai Tun)

You received this email because you are subscribed to the real_time feed for http://www.royal-myanmar.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Welcome] 2 New Entries: အဝေးဆုံးကို .... လှမ်း

အဝေးဆုံးကို .... လှမ်း

 
နှောင်ကြိုး

မမြင်နိုင်တဲ့ သံယောဇဉ် အမျှင်တန်း လေးတစ်မျှင်ရဲ့ ရစ်နှောင်ဖွဲ့မှုဟာ
ဖြေမပြေနိုင်အောင် ခိုင်မြဲ လွန်းလှပါတယ်။

စမှတ်နဲ့ ဆုံးမှတ်ဟာ ဝေးကွာလွန်းလှ ပေမယ့် 
ဒီသံယောဇဉ် ကြိုးလေးဟာ ပြတ်တောက်နိုင်စွမ်း မရှိပါဘဲ
ပိုမို ရစ်တွယ် နေမိတာကို ၀န်ခံပါတယ်။

သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ရစ်ပတ်ထုံးနှောင်ထားတဲ့
ဒီသံယောဇဉ်ကြိုးလေးကို တင်းမာမှုတွေနဲ့ ပြိုင်ဆိုင်ပြီး ဖြတ်တောက်ပစ် မယ်ဆိုရင်
ဖြစ်ပေါ်လာမယ့် နာကျင်မှု ဝေဒနာတွေကို
တဆွေးမြေ့မြေ့ ခံစားရမှာ အသေအချာပါ။

သို့ပေမယ့် တစ်ဖက်သတ်ဆန်လွန်းတဲ့ ဒီနှောင်ကြိုးလေးအတွက်
စောင်းကြိုးညင်းသလို အလျော့အတင်း ညှိပါသော်လည်း
ပြတ်တောက်အောင် အကြောင်းဖန်ဖန်လာတာမို့
ဖယ်ခွာဖို့ အကြောင်း မနှောင်းခင် အချိန်မှာ
အသိတရားလေး ထွန်းလင်းခဲ့ပြီ .. .. ။

လောကဓံဆိုလားပဲ


ပစ္စည်းဥစ္စာပေါများ ကုံလုံကြွယ်ဝခြင်း၊ ခြွေရံသင်းပင်း များပြားခြင်း၊ အများရဲ့ ချီးကျူးခံရခြင်း၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်း စတဲ့ ကောင်းမြတ်သော လောကဓံ တရားလေးပါးကို ရင်ဆိုင်ရပါက လူတွေဟာ တုန်လှုပ်တတ် ကြပါတယ်။ အကောင်းလောကဓံ တရားလေးပါးနဲ့ ကြုံတွေ့ ရလို့ ၀မ်းသာ အားရ ဖြစ်တတ်တာပါ။

ပစ္စည်းဥစ္စာ ရှားပါးခြင်း၊ အခြွေအရံ နည်းပါးခြင်း၊ သူတကာ ကဲ့ရဲ့ခံရခြင်း၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်း စတဲ့ ဆိုးဝါးတဲ့ လောကဓံ တရားလေးပါးကို ရင်ဆိုင် ကြုံတွေ့ ရပါကလည်း ခြောက်ခြားစွာ တုန်လှုပ် တတ်ကြပါတယ်။ လူတွေဟာ ၀မ်းသာလည်း တုန်လှုပ်၊ ၀မ်းနည်းလည်း တုန်လှုပ် တတ်တာ သဘာဝလို ဖြစ်နေပါမယ်။ လိုတာရလျှင် နှစ်သက်တယ်၊ ၀မ်းသာတယ်။ နှစ်နာဆုံးရှုံးလျှင် စိတ်ပျက်တယ်၊ ကြေကွဲ ၀မ်းနည်းတယ်။ ဒါတွေဟာ လောကဓံ တရားတွေပါ။

လောကဓံ တရားများသည် လူတွေရဲ့ နောက်ကို လိုက်တတ်ပါတယ်။ လူတွေကလည်း လောကဓံတရားများ နောက်ကို လိုက်တတ်ကြပါတယ်။ ပိုဆိုးတာက လူတွေက လောကဓံ တရားနောက်ကို လိုက်ပါတတ်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ တရားခံကတော့ မိမိကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ မိမိပြုလုပ်တဲ့ ကောင်းမှုကံ၊ မကောင်းမှုကံ တွေက အကျိုးပေးခြင်းသာ ဖြစ်ပါတယ်။ မိမိရဲ့ အကျိုးအမြတ်ကို မိမိကသာ ခံစားရခြင်းမျိုး ဖြစ်ပါတယ်။

လောကဓံ တရားဆိုတာ မကျရောက်နိုင်တာ မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ အကောင်း အဆိုး လောကဓံ တရားတွေကို ရင်ဆိုင် ကြုံတွေ့နေရ ပါမယ်။ ဒါကြောင့် အဆိုး လောကဓံ တရားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အလွန်အမင်း ၀မ်းမနည်းဖို့၊ အလွန် အမင်း စိတ်မပျက်ဖို့ လိုအပ်ပါတယ်။ အကောင်း လောကဓံတရား တွေနဲ့ ရင်ဆိုင်ရရင် လည်းပဲ အလွန်အမင်း ၀မ်းမသာဖို့၊ လွန်လွန်ကျူးကျူး မပျော်ရွှင်ဖို့ လိုအပ်ပါတယ်။ ဒုက္ခကို သည်းခံ ကြရပါမယ်။ သည်းခံတတ်ပါမှ လောကဓံတရားကို ရင်ဆိုင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ လောကဓံတရား ဆိုတာ ကျရောက်တတ်မြဲ ဖြစ်တာမို့၊ ရင်ဆိုင်ရမြဲ ဖြစ်တာမို့ မလွဲမသွေ ရင်ဆိုင်ရမည်လို့သာ နှလုံးသွင်း ထားမယ် ဆိုပါက အကောင်းဆုံး ဖြစ်ပါမယ်။ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။



You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါက်တာလွဏ်းဆွေ] 2 New Entries: မြန်မာ့ရေးရာ သတင်းပဒေသာ (၁၁-၁၂-၀၈)

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၁-၁၂-၀၈)

- သဘာဝဓာတ်ငွေ့မရသဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက် click
- တာဝန်မဲ့ ကုလအကြီးအကဲ ဘန်ကီမွန်း (အယ်ဒီတာ့အာဘော်) click
- ဘက်ပြောင်း ထိုင်းအမတ်တဦးကို ဘတ်ငွေ (၅၅) သန်းပေးရန် ပွေထိုင်းပါတီ ဈေးခေါ် click
- အနောက်နိုင်ငံ မြန်မာစစ်သံမှူးရုံးများမှ ၀န်ထမ်းများကို ပြန်ခေါ် click
- မြန်မာဆင်များ မျိုးပြုန်းမည့်အန္တရာယ် ရင်ဆိုင်နေ click
- မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် မဖွင့်နိုင်ခြင်းမှာ ထိုင်းနိုင်ငံရေးနှင့်မဆိုင် click
- အာဆီယံလူအခွင့်အရေးအဖွဲ့ကြီး မြန်မာစစ်အစိုးရအပေါ် သြဇာရှိပါ့မလား (ဘာသာပြန်ဆောင်းပါး) click
- ပဲအရောင်းအ၀ယ် အရှုပ်တော်ပုံ ဖြေရှင်းနေရဆဲ click
- ရုရှစီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် တိုးပွားလာဖွယ်ရှိ click
- တာမွေမြို့နယ် မီးလောင်မှုကြောင့် လူ (၂) ဦးသေဆုံး click
- Far from Home : 20 years in Exile စာအုပ် ထွက်ရှိ click
- ဆီမီးခွက်အက (ထွေရာလေးပါး) click
- Ex-Indonesia FM Alatas dies in Singapore click
- U.N. Seeks Urgent Funds For Myanmar click
- China stops human smugglers in Golden Triangle click
- 1st Asian Open Compound tournament opens in Myanmar click

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်

ဝေဖန်ဆွေးနွေးမှု (ငြိမ်းချမ်း)

Criticism and Discussion

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[နှလုံးသားရပ်ဝန်းမှ အသံများ...။] 1 New Entry: Computer Addicted

Computer Addicted


ကွန်ပြူတာ သုံးတာလား.. အင်တာနက် သုံးတာလား... ဘလော့ဂ်စွဲတာလားတော့ မသိဘူး...။
ဒီနေ့မှ သတိထားမိတယ်...။
ဘယ်ဘက်လက်ညိုးက ထိပ်မှာ အသားမာ တက်နေပြီ...။
ကောင်းကြသေးရဲ့လား...။



အိပ်ရေးလဲပျက်...
အသားမာတက်...
ညောင်းတာက ဇက်...
အိပ် ညဥ့်နက်...
မနက် စောစောထဖို့ခက်...

တွေးမိ စံနက်
ဤငါးချက်ကြောင့်
စွဲတဲ့ အင်တာနက်
ဖြတ်မလား မေးရင်
သေတောင် ပြတ်ဘူး။
ချက်မှာပဲ...။

You received this email because you are subscribed to the real_time feed for http://heartstations.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[သက်တန့် ရောင်စဉ် စိတ်ကူးများ] 1 New Entry: နည်းနည်း ကြွားမယ်နော်

နည်းနည်း ကြွားမယ်နော်

ကျွန်မက နားကပ်၊ နားဆွဲ၊ နားကွင်းတွေကို ပုံစံစုံ အရောင်စုံ ကြိုက်တာတွေ့တိုင်း ၀ယ်တတ်ပါတယ်... အ၀တ်အစားရဲ့ အရောင်အလိုက် နားဆွဲကိုလည်း ၀တ်တတ်ပါတယ်... မမ၀ါဝါက အကြိုက်ဆုံး ပစ္စည်းလေးဆိုတော့ ဒါလေးတွေပဲ အကြောင်းပဲ တင်လိုက်တော့တာ... :)

ကြယ်ပုံ၊ ထောင့်မှန်စတုဂံပုံ၊ ဘဲဥပုံ၊ အသည်းပုံ၊ ဒိုင်းမွန်းပုံ၊ တြိဂံပုံ နားကွင်းတွေပါ...
နားကွင်းကို ပုံစံမျိုးစုံ ၀ယ်စုရတာ ၀ါသနာပါပါတယ်...

ခပ်ကြီးကြီး နားဆွဲတွေပါ...
သစ်သားနားဆွဲနဲ့ ပုလဲတွေပါတဲ့ နားဆွဲက နည်းနည်းလေးလို့ သိပ်မဆွဲဖြစ်ဘူး...


ဒါကတော့ နားဆွဲအရှည်တွေပါ...
နားဆွဲအရှည် ဆွဲပြီး နားရွက်နားမှာ ဘီးဖီးရင် ဘီးထဲကို နားဆွဲက ပါပါသွားတတ်သေးတယ်...


ဒါကတော့ နားဆွဲရောင်စုံပါ...
သဘောကျလို့ ကြိုက်လို့ ၀ယ်ထားတာလေးတွေပေါ့...


ငွေနားဆွဲနဲ့ ဖန်စီနားဆွဲလေးတွေပါ...
ထောင့်ဘက်က ခပ်သေးသေး နားကပ်လေးက အရိုးခေါင်းပုံလေးပါ...
လက်ရာက အရမ်းပီပြင်လို့ ၀ယ်ထားတာ... သိပ်မဆွဲဖြစ်ဘူး... အရိုးခေါင်းပုံဆိုတော့လေ...

ကဲ... အကြွားပို့စ်လေး တင်ပြီးပြီဆိုတော့ နားကပ်တွေကို ပိုင်ရှင်တွေဆီ ပြန်ပေးလိုက်ဦးမယ်နော့... :P

You received this email because you are subscribed to the real_time feed for http://www.yellowish-rainbow.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 1 New Entry: 11.12.2008 (သို့)ဒီနေ့

11.12.2008 (သို့)ဒီနေ့

ဘာပဲဖြစ်ဖြစ် ဒီတောင်ကို ကျော်နိုင်ခဲ့ပြီ။ စိတ်ကိုပေါ့ပါးသွားတာပဲ။ မအိပ်ခဲ့ရတဲ့နေ့တွေ၊ ရင်တထိတ်ထိတ်နေခဲ့ရတဲ့ အချိန်တွေကို ဘာလိုလိုနဲ့ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီ။ :z ကိုယ့်တစ်ယောက်တည်းဆို ဒီလိုအဆင်ပြေပြေ ချောမွေ့ချင်မှ ချောမွေ့မှာ၊ အခုတော့၊ ဘေးကနေ တစ်တပ်တစ်အားကူညီပေးခဲ့တဲ့ သူငယ်ချင်းကျေးဇူးနဲ့ အရာအားလုံးက အဆင်ကို ပြေလို့။ ဟိ ဟိ၊ ဒီနေ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အခက်အခဲတွေ၊ အနှောင့်အယှက်တွေအများကြီးထဲက ရရှိလာခဲ့တဲ့ အောင်မြင်ခြင်းအထိမ်းအမှတ်အနေနဲ့ ဒီနေ့ကို မှတ်တမ်းတင်လိုက်ပါတယ်။ :p

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[YNP] 1 New Entry: Merry Christmas & Happy New Year 2009

Merry Christmas & Happy New Year 2009





You received this email because you are subscribed to the real_time feed for http://yeinnweipar.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 1 New Entry: ထိကညှိုး..

ထိကညှိုး..

ထိကညှိုး..တဲ့
အဲဒီအပင်လေးသိလား
ကျမက သူတို့ကို သိပ်ချစ်တယ်
သူတို့ကတော့ ပြန်မချစ်တောင် မမုန်းဘူးလို့ထင်တယ်
လူတွေက များသောအားဖြင့် လဲကျသွားတိုင်း ပြန်ထတတ်တာကို ပစ်တိုင်းထောင်နဲ့တင်စားပြောလေ့ရှိကြတယ်။
နားလဲယဉ်နေတယ်ပေါ့နော်။

ရောက်ရာအရပ်မှာ ပျော်တတ်တဲ့ ကျမကိုတော့ ရွက်ကျပင်ပေါက်လို့ပြောတဲ့သူငယ်ချင်းတွေလဲ ရှိတယ်။
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဆိုတဲ့စကားပုံထဲက သစ်ပင်ကို ကျမသဘောကျတယ်ပြောတိုင်း နင်က သစ်ပင်ကောင်းကောင်းမဖြစ်ခင် စာကလေးတွေဆွဲဆိတ်ခံထိလို့ သေတဲ့ အပင်မဖြစ်ရင်ကောင်းပလို့ပြောလေ့ရှိတဲ့ ကျမရဲ့ ချစ်သောဖေဖေလဲရှိတယ်။
ကျမပြောနေတာတွေ ဟိုရောက်ဒီရောက်လို့မထင်ပါနဲ့ဦးနော်။ ကိုကလိုစေးထူးရဲ့ ပို့စ်တစ်ခုမှာ အညွန့်တက်တိုင်းဖြတ်ခံထိတဲ့ ပင်လှပင်နဲ့ အဖြတ်ခံရုံသာမက အနင်းပါခံရတဲ့ မြက်တွေနဲ့ လောကအလှဆင်ထားတဲ့ ပို့စ်လေးဖတ်ရတော့လဲ ထိကညှိုးလေးတွေကို သတိရမိတဲ့ အတွေးလေးဝင်လာမိတာရှိလို့ပါ။

မြက်ပင်တွေကြားထဲမှာ ရောနေတတ်တဲ့ အပင်လေးတွေထဲမှာ အဲဒီ ထိကညှိုးပင်လေးတွေပေါက်နေလေ့ရှိတတ်တယ်။ ကျမ သိတတ်တဲ့အရွယ်ရောက်တော့ ပန်းခြံသွားကြရင်းက ကျမအဖေက သမီးလာ ဒီအပင်လေးတွေကို လက်နဲ့တို့ကြည့်စမ်းတဲ့ ။ ကျမက ချက်ချင်းကြီး ဘယ်တို့ရဲမလဲနော်။ အမှန်အတိုင်းပြောရင် ကျမက အကြောက်ကြီးတယ်(ကိုယ့်ကိုယ်ကို ထိခိုက်မှာ သိပ်ကြောက်တဲ့ ကိုယ့်ကိုယ်ကို သိပ်ချစ်တဲ့သူလေ)။ အဲတော့ ကျမဖေဖေက သူအရင်တို့ပြတယ်။ အပင်လေးက ညှိုးသွားတာပေါ့။ ကျမစိတ်ထင် ဘာများဖြစ်သွားပါလိမ့်။ ဖေဖေ အဲဒီအပင်လေးကို ထိလိုက်လို့ သေသွားပီလားပေါ့နော်။ တွေးလဲတွေး မေးလဲမေးပါတယ်။ ကျမဖေဖေက ပြန်ဖြေတယ် သူက သေတာမဟုတ်ဘူး။ ထိလိုက်လို့ ညှိုးသွားတာတဲ့။ ခဏနေ ပြန်ထလာလိမ့်မယ်တဲ့။ ကျမ စောင့်ကြည့်နေတာ တအောင့်လောက်ကြာတာနဲ့ ပြန်ထလာတာတွေ့ရတော့ သိပ်သဘောကျသွားတယ်။ တက်နင်းမိလဲ ခဏနေ ပြန်ထတာပဲ။ ငယ်တုန်းကတော့ ဆော့တာမက်တာပေါ့နော်။ အပင်လေးအိပ်အိပ်၊ ထိကညှိုးလေးအိပ်အိပ်၊ မောင်ရင်လာ တံခါးပိတ်လို့ ဆိုဆိုပြီး လက်လေးနဲ့တို့တို့ပြီး ဆော့ခဲ့တယ်(ဘလော့ဂါကြီး ကိုမောင်ရင်ကိုတော့ အဲ့တုန်းက သိသေးဘူး)။
ကြီးလာတဲ့ထိ ပြောမယ်ဆို မနေ့တစ်နေ့က ခရီးသွားတုန်းက မလက်ကာက saint paul church ထဲမှာ ထိကညှိုးလေးတွေတွေ့တဲ့ထိ တို့ကြည့်မိတုန်းပဲ။(အတူသွားတဲ့ သူငယ်ချင်းတွေ ရယ်ခွဲမစိုးလို့ ခိုးတို့လာတာ အဟိဟိ)

ကျမ အရွယ်ရောက်လာလို့ အဲဒီအပင်လေးတွေကို သဘောကျမိတဲ့အတွေးကတော့ သူတို့မှာ ဘာကိုးကွယ်အားထားရာမရှိ အနင်းခံမြက်တွေနဲ့ အတူတူ ရှင်သန်ကြီးပြင်းရင်း မြက်တွေက သူတို့အလှနဲ့သူတို့လောကကို အလှဆင်သလို ထိကညှိုးလေးတွေကလဲ အားမာန်အပြည့်နဲ့ အချိန်တန်ရင်ပြန်ရှင်သန်လာနိုင်စွမ်းရှိတဲ့ သတ္တိကို သိပ်သဘောကျတာ။ ကျမတို့လူ့ဘ၀မှာလဲ တခါတလေမက အမြဲနီးပါး ကိုယ့်ကိုယ်ကိုကလွဲရင် ကိုးကွယ်အားထားရာမရှိဘူး။ အနင်းခံမြက်လို လူတန်းစားတွေကြားမှာ အတူတူပဲ နေရတဲ့ဘ၀(အခွင့်ထူးခံမဟုတ်တဲ့သူတိုင်းက အဲဒီလူတိုင်းစားပါပဲ မဟုတ်ဘူးလားနော်)။ ထိကညှိုးလို ညှိုးသွားရတဲ့ အချိန်လိုမျိုး ခဏခဏ ဘ၀ရဲ့လှေကားထစ်တွေ အများကြီးနင်းလျှောက်ခဲ့ရတာ။ အဲလိုအချိန်တိုင်း ထိကညှိုးလေးတွေတောင် သတ္တိရှိသေးတာတွေးပြီး ကိုယ့်ကိုယ်ကိုပြန်အားပေးလို့ ရှေ့ဆက်လျှောက်ရမဲ့လမ်းတွေကိုပဲ ကြိုးစားနင်းလျှောက်ရင်း ဒီနေ့ဒီအချိန်ရောက်လာတယ်လေ။ တို့ထိကစားရုံမဟုတ်ပဲ နင်းချေဖို့ကြိုးစားတဲ့ အရာတွေအောက်မှာ ထိကညှိုးလေးတွေ သတ္တိရှိရှိနဲ့ ပြန်လည်ထဖို့ ကြိုးစားသလို ကျမတို့လဲ ဘယ်လောက်ထိပိပြားနေတဲ့ အဖိနှိပ်ခံဘ၀တွေရောက်နေဆဲဖြစ်ပါစေ ဆယ်ပြန်မက အပြန်တစ်ရာမက ကြိုးစားရုန်းကန်ရှင်သန်နေသင့်တယ်လို့ ပြန်သုံးသပ်မိတယ်။ ထိကညှိုးလေးတွေက သူတို့တွေညှိုးသွားတိုင်း မထူးတော့ပါဘူးလေလို့ စဉ်းစားမှာမဟုတ်ဘူးလို့ ကျမယုံတယ်။ ကျမတို့ အဲလိုညှိုးနွမ်းရတဲ့ဘ၀က ပြန်ထဖို့ နှစ်၂၀မကလို့ နှစ်၄၀ကြာချင်ကြာပါစေ ကျမတို့တွေ အမြဲပြန်ကြိုးစားကြမယ်လေ။ ဒါပေသိ ကျမချစ်တဲ့ထိကညှိုးလို ဘ၀မျိုးမဟုတ်ပဲ ရေနွေးနွေးကနေ တဖြည်းဖြည်းပူလာတဲ့ ဂဏာန်းတွေဘ၀လို ရုန်းထွက်ဖို့ရာ အချိန်မမီတဲ့ ဘ၀မျိုးရောက်နေမှာကိုတော့ တွေးပူမိရင်း ကျမရဲ့ ထိကညှိုးချစ်တဲ့ ဋီကာလေးကို နိဂုံးချုပ်ပါတယ်။

စာကြွင်း၊ ။ကျမစိတ်ထဲရှိတဲ့အတွေးလေးကို ဘာဆိုင်ဆိုင်မဆိုင်ဆိုင်ချရေးမိတာမို့ ကျမပြောချင်တာကို ထပ်တူနားလည်ဖို့ခက်ချင်ခက်စေမဲ့ ပို့စ်လေးပါ။ အားနာပေမဲ့ ဖတ်ပြီးရင် ကိုယ့်အတွေးနဲ့ကိုယ် calsome ကွေကာ သောက်လိုက်နော်... သိုင်းခရု

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[mAunG mYo] 1 New Entry: လွမ်းဆွတ်ခြင်းအမှတ်တရ

လွမ်းဆွတ်ခြင်းအမှတ်တရ


"မေ"
မင်းရဲ့အပြာရောင် ညလေးမှာ
ငါ့ချစ်ခြင်းတွေ ဂျွမ်းထိုးမှောက်ခုံ
နှစ် ၂၀ကျော် မာကျောခဲ့တဲ့
နှလုံးသား လဲပြိုခဲ့တယ်။


"မေ"
မေ့ရက်ပြီလား ငါချစ်တဲ့သူရယ်

ပေးခဲ့တဲ့ ဒဏ်ရာတွေ
အနာမကျက်သေးတာ
ဒီလို ဆောင်းရောက်တိုင်းပေါ့


"မေ"
မင်းရဲ့ဆံနွယ်တွေကို ခုချိန်ထိမေ့မရတာ

ငါ့မှာ ဒဏ်ရာတွေနဲ့မလှပတဲ့ နောင်တတစ်ခုပါပဲ ။


P>S= မနှစ်ကဒီလိုအချိန် ကျနော့်နှလုံးသားထဲ တစ်ကြိမ်သာ လှုပ်ခတ်ခဲ့ပြီး လာခြင်းမကောင်းတဲ့ ချစ်ခြင်းအတွက် လွမ်းဆွတ်ခြင်းအမှတ်တရပါ ။



You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မဗေဒါရဲ့ လျှို့ဝှက်ချက်] 1 New Entry: ဂျပန်ခရီးစဉ် Day 3 (သို့) တိုကျို ဒစ်စနေလမ်း..

ဂျပန်ခရီးစဉ် Day 3 (သို့) တိုကျို ဒစ်စနေလမ်း..

အဲဒိနေ့က ထင်ထားတဲ့ အချိန်ထက် အိပ်ယာထနောက်ကျတယ်.. ၇နာရီလောက်နိုးတယ်.. ထုံးစံအတိုင်း မဗေဒါနောက်ဆုံးမှနိုးတယ်... ချမ်းချမ်းမှာ ရေမိုးချိုး.. သူ့အမေ ပြင်ထားတဲ့ မနက်စာကို စားရသေးတယ်.. တကယ်အိမ်ကထွက်ဖြစ်တော့ ၈နာရီခွဲလောက်ရှိမယ်ထင်တယ်.. ထမင်းဘူးလဲထည့်ခဲ့တယ်.. ဒီလိုနဲ့ အိမ်ကနေထွက်လာကြတယ်..

JR Yamanote line ဆိုတော့ Tokyo Station ကို အရင်သွားအဲဒိကနေ.. မှတ်မိသလောက်တော့ JR Keiyo Line ကိုပြောင်းစီးတယ်.. ရထားပြောင်းတာကလဲ တော်တော်လျှောက်ရတယ်.. မဗေဒါကတော့ စင်္ကာပူမှာ ကျင့်သားရပြီးသားအတိုင်း မျှားနောက်လိုက်တယ်..
JR Keiyo Line ပေါ်က Maihama station မှာ ဆင်းလိုက်ရင်.. ထွက်ထွက်ချင်းပဲ တိုကျိုဒစ်စနေလမ်းကို ရောက်ပါတယ်.. လူတွေ.. လူတွေ များတာမှ.. ရေကျော်က သတင်းကျွတ်ပွဲဈေးတန်းအတိုင်းပဲ

.. အဲဒိနေ့က မိုးကလဲ ဖွဲဖွဲရွာနေတယ်.. ဒါနဲ့ ကိုယ်လဲ တချို့လူတွေ လက်လျှော့ပြီး ပြန်ရင်ပြန်မှာပဲလေဆိုပြီး.. ဆက်လျှောက်ခဲ့တာပေါ့.. ဒါပေမဲ့ ဂျပန်တွေက ကိုယ့်ထက်ဇွဲကောင်းတယ်.. ဟား.. ဟား.. မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘူး.. လက်မှတ်ဝယ်တဲ့ နေရာတောင်မရောက်သေးဘူး.. အိတ်စစ်တဲ့နေရာမှာတင် တော်တော်တန်းစီလိုက်ရတယ်..
မဗေဒါရဲ့ ကင်မရာစတန်းကို ယူလို့မရဘူးတဲ့... ခက်ပါရော...
နောက်တော့.. လက်မှတ်ဝယ်ဖို့ ကောင်တာတွေဒီလောက်များပြီး. ဒီလောက်မိုးရွာနေတာတောင်.. လူတွေက နဲတာမဟုတ်ဘူး.. တော်တော်စိတ်ပျက်ပြီး လှည့်ပြန်ဖို့ စိတ်ကူးမိတော့.. ကျမသူငယ်ချင်းက အဲဒိနေ့ပဲအားလေရဲ့..

ဂျပန်တွေကတော့ တန်းစီရတာ မပင်ပန်းသလိုပဲ.. တန်းစီရင် တူတူကနေတဲ့ အတွဲတွေတောင်တွေ့သေးရဲ့.. ပြီးတော့ ကြောင်တောင်တောင် မစ်ကီးမောက်လို ၀တ်လာတာတို့.. အရိုးခြောက်ပုံဝတ်လာတာတို့လဲတွေ့ပါ့... ရုပ်ရှင်ထဲမှာတွေ့ဖူးတဲ့ hollowen နေ့မှာ ၀တ်သလိုမျိုးတွေလေ.. ရှက်လဲရှက်ကြဘူး.. ဟီး.. ဟီး... အဲဒိအကျီင်္တွေ နောက်ဘယ်နေရာသွားဝတ်မလဲမသိ...


နောက်ဆုံး ကောင်တာရောက်တော့ ၁၈နှစ်အထက်လက်မှတ်က...
၁ရက်လက်မှတ်က ယမ်း ၅၈၀၀ ...
၂ရက်လက်မှတ်က ယမ်း ၁၀၀၀၀...

၃ရက်လက်မှတ်က ယမ်း ၁၂၉၀၀..

၎ရက် လက်မှတ်က ယမ်း ၁၅၀၀၀...


သူက Disney land ရယ် Disney Sea ရယ်ဆိုပြီး ၂ခုရှိတယ်.. ကျမကတော့ ၂ခုလုံးသွားချင်တယ်.. ဘလော့တွေ ဖိုရမ်တွေမှာ ဖတ်ဖူးတော့ အဲဒိမှာ တန်းစီရတာတော်တော်ကြာတယ်ဆိုတာ သိတယ်.. ၁ရက်နဲ့ ဘယ်လိုမှ မလောက်နိုင်ဘူး.. ဒါနဲ့.. သူငယ်ချင်းကို ၂ရက်ဝယ်ဖို့ တိုက်တွန်းတယ်.. သူ့အစ်ကိုနဲ့ အဒေါ်ကတော့ မ၀ယ်ဘူး.. နောက်ဆုံး မဗေဒါ အပြောကောင်းတော့ သူငယ်ချင်းလဲ နောက်နေ့ အလုပ်ဖျက်ပြီး.. ၂ရက်လက်မှတ်ဝယ်လိုက်တယ်.. ၃ရက် ၄ရက်လက်မှတ်ဝယ်ရင်တော့ အစုံရောက်မယ်ဆိုပေမဲ့.. Disney land တစ်ခုထဲနဲ့ မဗေဒါရဲ့ ခရီးစဉ်အချိန်ကို အကုန်မခံနိုင်ဘူးလေ.. တခြားနေရာတွေသွားဖို့ရှိသေးတယ်မှတ်လား..

ဝယ်ပြီးအထဲဝင်လိုက်တာနဲ့.. ကာတွန်းကားထဲကလိုမျိုး တီးလုံးသံတွေက ပန်းခြံဘယ်သွားသွားကြားနေရတယ်.. စင်ဒရဲလားနန်းတော်ကြီးကိုလဲ မြင်နေရတော့ ကိုယ်တိုင် ကားတွန်းကမ္ဘာထဲရောက်သွားသလိုပါပဲ.. နောက် တီးဝိုင်းနဲ့ ဖျော်ဖြေရေးတွေမှာလဲ လူတွေက ကြည့်နေကြတယ်.. ကျမလဲ ဟိုကြည့်ဒီကြည့်လိုက်.. ဓာတ်ပုံရိုက်လိုက် ကင်မရာရိုက်လိုက်.. ကိုယ့်အုပ်စုနောက်ပြေးလိုက်လိုက်နဲ့.. အားကို မအားရဘူး.. hollowen day special ဆိုတော့ ကြိုက်တဲ့ costume ငှားဝတ်လို့ရတဲ့ အစီအစဉ်ရှိတော့.. စင်ဒရဲလားတွေ စနိုးဝှိက်တွေကလဲ မှိုလိုပေါက်ပဲ.. ၀၀တုတ်တုတ် စနိုးဝှိက်တွေတောင် တွေ့သေး... အဲလို ငှားဝတ်တဲ့သူတွေကတော့ တချို့ဟာတွေ စီးခွင့်မရှိပါဘူး.. များသောအားဖြင့်တော့ Alice in the wonder land ထဲက ကောင်မလေးပုံမျိုးဝတ်ကြပါတယ်.. သူက ပေါ့ပေါ့ပါးပါးရှိတာကိုး... စကာင်္ပူမှာဆိုရင် ပန်းခြံက ၀န်ထမ်းတွေကပဲ အဲလိုဝတ်ပြီး သူတို့နဲ့ ဓာတ်ပုံတွဲရိုက်လို့ရတယ်.. ဒါပေမဲ့ ဂျပန်မှာက လာလည်တဲ့သူတွေက ၀တ်တော့ ဓာတ်ပုံရိုက်ဖို့ပြောလို့မရဘူး.. သူတို့ဟာသူတို့တောင် ဓာတ်ပုံရိုက်မ၀ဖြစ်နေတာ.. မဗေဒါလဲ အချိန်ပိုရင်တော့ စင်ဒရဲလားလိုဝတ်မလားလို့ စဉ်းစားနေတာ.. ဟီး.. ဟီး...


Pirates Of the Caribbean



ဒါနဲ့ ဘာမှန်းတော့မသိ လူတွေတန်းစီနေတဲ့ Q တန်းကြီးတွေ့တာနဲ့ မြန်မြန်ဝင်စီလိုက်တယ်.. နောက်မှ မြေပုံမှာရှာကြည့်တော့ Pirates of the Caribbean တဲ့ ဘာမှန်းတော့မသိဘူး.. Q ကမြန်တော့မြန်တယ်.. အိမ်ထဲရောက်ရင် စီးလို့ရပြီပေါ့.. ထင်နေတာ.. လွဲတာပဲ.. အပြင်မှာ ၃၀မိနစ်လောက်စီပြီး အိမ်ထဲရောက်ပြန်တော့.. မြွေလိမ်မြွေကောက် တန်းကြီးမှ တစ်အိမ်လုံးအပြည့်ပဲ... ပြန်ထွက်လို့လဲမရတော့ ဆက်စီ.. နောက်ထပ် ၄၅မိနစ်လောက်စီလိုက်ရတယ်... မဗေဒါနဲ့ သူငယ်ချင်းလဲ.. အထဲရောက်လို့တန်ရင်တန် မတန်ရင်တော့ ဒစ်စနေလမ်းနာမည်ဖျက်ပြစ်မယ်လို့.. ဟီး.. ဟီး.....
နောက်တော့ လှေလေးနဲ့... လှေပေါ်ကိုတက်.. ပြီးတော့ လှေလေးက ဖြည်းဖြည်းလေးသွားတယ်.. ဒါနဲ့ မဗေဒါနဲ့ သူငယ်ချင်းလဲ ဟာ.. ဒါလေးပဲလားဆိုပြီး တော်တော်စိတ်ပျက်သွားတယ်.. နောက်တော့ ဘာမှမမြင်ရအောင်မှောင်နေတဲ့ ဂူလေးထဲကို ၀င်ပြီး တော်တော်မတ်တဲ့ ရေတံခွန်လိုဟာမျိုးကို ဝေါကနဲ့ ဆင်းပြီးတော့မှ.. အထဲမှာ.. အားပါးပါး.. ဂရက်ဖစ်ရယ်.. ဆလိုက်ရယ်.. အရုပ်တွေရယ်.. အသံရယ်.. ကောင်းလို့လားမသိ.. တကယ့်ကို Pirates ရုပ်ရှင်ကားကို အပြင်မှာ မြင်ရသလိုပဲ.. ကိုယ်က အိမ်မက်ထဲကလိုလေ... သူတို့ဖြစ်နေတာကို မြင်ရတယ်.. ဒါပေမဲ့ ကိုယ်က ဘာမှမဖြစ်ဘူး.. အဲလိုမျိုး.. အကြိုက်ဆုံးကတော့ သဘောင်္ကြီး ၂စင်း အမြှောက်တွေနဲ့ ဆော်နေကြတဲ့ ကြားမှ ကျမတို့ သဗ္ဗာန်လေးကသွားနေတယ်.. ဟိုဘက်က ဆော်လိုက်ရင် တဘက် သဘောင်္မှာ အမြှောက်ထိတယ်.. မီးထွက်တယ်.. အသံတွေကလဲ တကယ့်စစ်ဖြစ်နေသလိုမျိုး.. အုံးဒိုင်းနဲ့.. indoor လုပ်ထားပင်မဲ့ ခံစားချက်က တကယ့် ညမှောင်မှောင် ကြယ်တွေနဲ့မိုးကောင်းကင်အောက်အတိုင်းပဲ... အဲဒိမှာတော့ တော်တော်ကြိုက်သွားတယ်... စီးတာကတော့ ဘာမှသိပ်ကြောက်ဖို့မကောင်းဘူး.. ဒါပေမဲ့ အဲဒိရုပ်ရှင်ထဲရောက်သွားတဲ့ အတိုင်း ခံစားရအောင်လုပ်နိုင်တဲ့ ဖီးလင်ကကောင်းတာ..
မဗေဒါနဲ့ သူငယ်ချင်းလဲ ထွက်လာတော့ တပြုံးပြုံးပေါ့.. စောင့်လိုက်ရတာ တန်တယ်.. ဒစ်စနေလမ်းဆိုတဲ့အတိုင်း နာမည်နဲ့လိုက်ပါပေတယ်ပေါ့.. နောက်ဟာတွေကိုလဲ စီပြီး စီးဖို့ အားရှိသွားတယ်.. ကဲ .. ဒစ်စနေလမ်းကို ရောက်ရင် Pirates Of the Caribbean ကို စီးဖြစ်အောင်စီးနော်....

Toy Story

မြေပုံကလဲ ကောင်းကောင်းမကြည့်တတ်သေးတော့ တော်တော်ကြည့်ရတယ်.. ပြီးမှ ဟိုသွားဒီသွားတော်တော်ရှာရင်း နောက်တစ်ခုကိုရောက်တယ်.. အဲဒိမှာတော့ အတော်ကိုစောင့်ရတာ.. နေ့လည် ၁၂ထိုးတယ်... တန်းစီနေရင်းဗိုက်ဆာလို့.. ထမင်းဘူးကလဲ သူ့အဒေါ်တွေနဲ့ ပါသွားတော့ မုန့်သွားဝယ်ပြီး တန်းစီရင်းစားမယ်ဆိုပြီး.. မဗေဒါ ထွက်လာတယ်.. သူငယ်ချင်းက ဆက်စီတယ်.. မုန့်ဆိုင်လဲရောက်ရော.. အားပါးပါး... တန်းစီနေတဲ့ သူတွေ.. မုန့်စားဖို့လဲ ဒီလိုစီရမယ်... ဟင်း... တော်တော်ဆိုးတယ်... ဒါနဲ့ စိတ်ပျက်ပြီး ပြန်ထွက်လာလိုက်တယ်.. အဲဒါလဲ ၁နာရီခွဲလောက် တန်းစီလိုက်ရတယ်.. ဒစ်စနေလမ်းမှာ ဓာတ်ပုံရိုက်မယ်ဆိုပြီး ပဲများပြီး ၀တ်လာမိတာက လည်ရှည်ဖိနပ်.. ခြေထောက်တွေလဲနာလိုက်တာမပြောနဲ့.. ဗိုက်ကဆာ.. လူကများတော့ စိတ်တွေကို တိုနေတာပဲ.. နေ့ဝက်ကျိုးပြီ ခုမှ ၁ခုပဲစီးရသေးတယ်... တော်တော်ကို စိတ်ပျက်လာတာ.. ဒါပေမဲ့ Fast pass ဆိုတာရှိတယ်.. တန်းစီစရာမလိုပဲ အဲဒိ Fast pass ရှိတဲ့သူတွေက ၀င်-င်သွားတယ်.. ကျမထင်တာက ပိုက်ဆံပိုပေးပြီး ၀ယ်ရတယ်ထင်နေတာ.. Fast pass ကိုဘယ်လိုလုပ်ရလဲဆိုတာလဲ ကျမတို့မသိဘူး..
ဒီလိုနဲ့ Toy Story ထဲကို ၀င်ဖြစ်တယ်.. အဲဒါကတော့ Pirates လောက်မကောင်းဘူး.. စီးတဲ့ယာဉ်ပေါ်မှာ သေနတ်လေးတွေနဲ့.. စီးရင်းနဲ့ အဲဒိမှာပေးထားတဲ့ Target လေးတွေကို လိုက်ပစ်ရတာ.. ကိုယ်ပစ်လို့ထိတာလား.. သူများပစ်လို့ထိသလားလဲ မသိရ.. လည်လည် လည်လည်နဲ့ ကလေးစီးလေး.. ကျမတို့ကကြောက်စရာတွေ စီးချင်တာ.. အသဲကမာတော့.. ဟီး... ဒါနဲ့ ဒီတစ်ခုတော့ သိပ်စိတ်တိုင်းမကျပဲ ပြန်ထွက်လာတယ်.. မကောင်းဘူးတော့ မဟုတ်ဘူး.. ဒါပေမဲ့ စောင့်ရပြီး ဒိထက်ပိုကောင်းစေချင်တာ..

နေ့လည်စာတွေ ယူခဲ့နော်....

ထွက်လာတော့ ဗိုက်ဆာဆာနဲ့ သူ့အဒေါ်ဆီက ထမင်းဘူးကို ၂ယောက်သား တူတူဆွဲကြတယ်.. မနက်က သူ့အမေထမင်းဘူးထည့်တုံးကတော့ အလုပ်ရှုတ်တယ်ထင်နေတာ.. ခုမှ တန်းစီရမှာတွေးပြီး ကျေးဇူးတင်မိတယ်.. လူကြီးစကားဆိုတာ လိုက်နာကောင်း၏.. ဟိ.. ဟိ....

နောက်တော့ ကျမတို့ရဲ့ survivor ခရီးဆက်.. မြေပုံကြည့် .. ကျမတို့ကလဲ သေချာမသွားတတ်တော့ အစီအစဉ်တွေက မကျ.. တစ်နေရာနဲ့ တစ်နေရာတော်တောလျှောက်ရသေးတယ်.. ခြေထောက်ကနာတော့ ဖြည်းဖြည်းပဲလျှောက်နိုင်တယ်.. ဓာတ်ပုံကလဲ အလျှင်မှီအောင်ရိုက်ရတယ်.. လူတွေလဲ ရှောင်ရိုက်လို့မရဘူး.. လူကများလွန်းလို့.. တစ်နေရာရောက်ရင် ဘယ်လောက်စောင့်ရမလဲ မေးရင် ၁နာရီ ၂နာရီ ဆိုတော့ ၀င်မစီတော့ဘူး..

Battery Car

နောက် ဘတ်ထရီကားလိုနေရာမျိုးကျတော့ ၄၅ မိနစ်တဲ့... ဒါနဲ့ ၀င်စီလိုက်တယ်.. အဲဒါစီးတယ်..
မလေးရှားနဲ့ စကာင်္ပူ ဘတ်ထရီကားလောက်မကြိုက်ဘူး.. သူက သံလမ်းပေးထာတယ်.. ကားက အဲဒိလမ်းအတိုင်းမောင်းတာ.. ကိုယ့်ခြေကိုယ့်လက်မောင်းလို့မရဘူး.. စိတ်လှုပ်ရှားဖို့မကောင်းဘူး... ကိုယ်က ခြေထောက်နင်းထားရုံပဲတောင်ရပြီ...


Rollar Coster


နောက်ဆုံး မြေပုံထဲမှာ တွေ့ရတဲ့ တောင်ပုံကြီးနဲ့.. စီရတာ နဲနဲကြောက်ဖို့ကောင်းမယ်ထင်တဲ့ Splash Mountain နေရာကိုပဲ တည့်တည့်မတ်မတ်သွားစီးတော့မယ်လို့ စိတ်ကူးလိုက်တယ်.. အဲဒိကို ခြေဦးလှည့်တော့ Toon Town ဆိုတာကိုဖြတ်ရတယ်.. ဓာတ်ပုံရိုက်ဖြစ်တာများတယ်.. နောက်တော့ Roller coster လိုဟာမျိုးလေး.. ၄၅မိနစ်စောင့်ချိန်ဆိုလို့.. မဆိုးဘူးဆိုပြီး ၀င်စီလိုက်တယ်.. အထဲမှာ ပြင်ထားတာလေးကတော့ တကယ့် ကာတွန်းကမ္ဘာအတိုင်းပဲ.. စီးရတာတော့ မြန်မာပြည်က သံဂျီးတက် Rollar coster လောက်တောင် ကြောက်ဖို့မကောင်း.. စိတ်ချရမှန်းသိလို့လားတော့ မသိ.. ဟိ... ဟိ...

Cartoon Spin (Cabco)


အဲဒိမှာတော့ စီးဖို့တန်းစီရတာ စိတ်ပျက်တာနဲ့ ဓာတ်ပုံပဲ ဖိရိုက်ဖြစ်တယ်.. နောက် ဦးတည်ချက်နေရာကို ဆက်သွားတယ်.. Cartoon Spin (cabco)ဆိုပြီး ရထားဦးခေါင်းလေးက အိမ်ပျက်ထဲကနေ လှုပ်စိ လှုပ်စိထွက်နေတာတွေ့တော့.. စိတ်ဝင်စားပြီး ၀င်စီဖြစ်တယ်.. ညနေ ၄နာရီလောက်ရှိနေပြီ... အမယ်လေး.. စီလိုက်ရတာမပြောနဲ့.. အိမ်ထဲရောက်တော့လဲ မြွေလိမ်မြွေကောက်တန်း...နောက်ဆုံးရောက်တော့..
ဖန်ခွက်လို ၀ိုင်းဝိုင်းယာဉ်လေးထဲမှာ.. လှည့်လို့ရတဲ့ ဂီယာလို အတံလေးပါတယ်.. အထဲမှာတော့ ကာတွန်းတွေ...ကာတွန်းတွေအများကြီးပဲ.. တကယ့် ကာတွန်းတိုင်းပြည်ပဲ.. ဘယ်လိုလုပ်ထားလဲတော့မသိဘူး.. အလင်းအမှောင်.. အသံ.. ဒစ်ဂျစ်တယ် အရုပ်တွေလားမသိဘူး.. ကိုင်ဖို့မမှီတော့ မီးနဲ့လုပ်တာလား... တကယ့်အရုပ်တွေလားမသိဘူး.. အောက်ကပုံကိုကြည့်ကြည့်.. မဗေဒါတို့ယာဉ်အလာကို တံခါးဖွင့်ပေးတဲ့ ဘန်နီရုပ်လေး..


Splash Mountain


နောက်ဆုံး Splash Mountain ကိုရောက်တော့.. တန်းစီချိန် ၂နာရီ ၄၅မိနစ်ပါတဲ့.. ဒါနဲ့ စဉ်းစားနေ ကြာတယ်ဆိုပြီး စိတ်ဒုံးဒုံးချပြီး ၀င်စီလိုက်တယ်.. တကယ်ပါ ဂျပန်တွေ ညာမပြောတတ်ဘူး.. ကိုယ်ကတော့ ဒီလောက်ကြာချင်မှလဲ ကြာမှာပါပေါ့.. လှိုင်ဂူထဲရောက်ပြီးရင် သိပ်မစောင့်ရလောက်တော့ပါဘူးပေါ့.. လှိုင်ဂူရောက်ဖို့တောင် ဟိုလိမ်ဒီကောက် Q တန်းနဲ့ ၁နာရီခွဲလောက်စီလိုက်ရတယ်.. ဂူထဲရောက်ပြန်တော့လဲ Q တန်းမှ အခိုင်အမာ... အမြဲတမ်း ဒီလိုပဲထင်တယ်.. အရေးထဲ Fast Pass ကိုင်ထားတဲ့သူတွေက ရှေ့က၀င်ဝင်သွားတာခံရသေးတယ်.. တကယ်ကို ၂နာရီ ၄၅မိနစ်မှ စီးရတယ်.. စီးရတော့လဲ ဒီလောက်လဲကြောက်ဖို့မကောင်းပါဘူး.. ရှုခင်းသာက ရေလွှာမိကျောင်းလိုပါပဲ.. သူကောင်းတာက.. အဲဒိလှေသွားတဲ့ လှိုင်ဂူတစ်ရှောက် Walt disney character Cartoon စက်ရုပ်တွေကို အသံရော.. တီးလုံးရောနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိတယ်.. အရုပ်တွေက အရုပ်နဲ့တောင် မတူဘူး.. လှုပ်ရှာမှုက smooth ဖြစ်တယ်.. ကြောက်စရာ အဆင်းက ၁ခါပဲရှိတယ်.. အဲဒိမှာ အလိုအလျှောက် ကင်မရာက လျှက်တစ်ပြက်ဓာတ်ပုံရိုက်ပေးတယ်...
ဓာတ်ပုံလိုချင်ရင် ယမ်း ၁၂၅၀ နဲ့ အောက်ရောက်ရင် ရွေးလို့ရတယ်.. မဗေဒါကတော့ ဒါမျိုးဓာတ်ပုံက ကိုယ့်ကင်မရာနဲ့မှ ရိုက်လို့မရနိုင်တာ.. ပြီးတော့ အမှတ်တရလဲရှိအောင် ယူတယ်.. ဒီမှာ ကြည့်.. ကြောက်ကလဲကြောက်သေး... ပဲကလဲများချင်တော့ လက်ကို အရဲစွန့်ပြီးမြှောက်ထားသေး... အာကတော့ ပြဲနေတာပဲ....



Peter Pan Flight


အဲဒါလဲစီးပြီးရော လူလဲတော်တော်ပြိုင်းနေပြီ... ခြေထောက်က မထောက်နိုင်တော့ဘူး.. ဒါနဲ့ ပိုက်ပိုက်မတန်လဲနေတော့ အေးဆေးထိုင်ဖို့စဉ်းစားတယ်.. လူတော်တော်များများကတော့ သူတို့အခင်းလေးတွေနဲ့ လမ်းဘေးတစ်ဖက်တစ်ချက်မှာ နေရာတွေဦးပြီးထိုင်နေကြတာမြင်တော့ ၀န်ထမ်းတစ်ရောက်ကို ဘာရှိလို့ထိုင်နေကြတာလဲမေးတော့.. အင်္ဂလိပ်လို မတောက်တစ်ခေါက်နဲ့ ကြိုးစားပြီးဖြေရှာတယ်.. ဒီလောက်တစ်နေကုန်ပင်ပန်းပြီး ညမိုးချုပ်ခါနီးတောင် အဲဒိက၀န်ထမ်းတွေက ဧည့်သည်ကိုပြုံးပြီးဆက်ဆံနိုင်ကြတယ်.. နောက်မှ အလှပြယာဉ်နဲ့ show ပွဲကို စောင့်နေကြမှန်းသိတယ်.. ၇နာရီခွဲပြမယ်ဆိုလားပဲ.. မဗေဒါကတော့ ကြည့်ချင်တယ်.. ဒါပေမဲ့သူငယ်ချင်းက လူတွေဒီရောက်နေတုံး သူက ခဏပဲတန်းစီပြီး ကျန်တာတွေစီးချင်တာနဲ့ပဲ.. နေ့လည်ကလွတ်သွားတဲ့ ပီတာပန်ကို ၀င်စီးကြတယ်.. ၃၀မိနစ်လောက်ပဲစောင့်ရတယ်.. အစကတော့ ဒီလောက်မထင်ထားဘူး.. အထဲရောက်တော့လဲ ဒစ်စနေလမ်းဆိုတဲ့ အတိုင်း ကိုယ်ကတကယ့် ပီတာပန်နေရာရောက်သွားသလိုပဲ.. လှေပြန်လေးကိုစီးပြီး.. စစချင်း.. ပီတာပန်တို့မောင်နှမပုံပြောပြီး အိပ်သွားတဲ့ အိပ်ခန်းလေး.. ပြီးတော့ ကျမတို့ လှေပျံလေးက ပြတင်းပေါက်လေးကနေထွက်သွားတယ်.. ပြီးတော့ မြို့ မော်ဒယ်သေးသေးလေးတွေ.. မသိရင်ပဲ ကောင်းကင်ကနေ သေးသေးလေးလှမ်းမြင်နေရတဲ့ပုံမျိုးပေါ့.. ကြည့်လို့တော့ကောင်းတယ်.. ထင်ထားတာထက်သာတယ်.. သိပ်မစောင့်လိုက်ရတော့ ကျေနပ်တယ်...

Mikey Mouse Musical Show

နောက်ဆုံးအနေနဲ့တော့ ဘာမှန်းမသိပဲ Mikey Mouse ပြပွဲခန်းမှာလူနည်းတာရော.. စောင့်ချိန် ၁၀မိနစ်ပဲဆိုတာရော ၀င်ကြည့်လိုက်တယ်.. စစချင်း ဂျပန်မကလဲ ဘာတွေပြောမှန်းမသိဘူး.. နောက်ပြပွဲခန်း လိုက်ကာဖွင့်တော့မှ အထဲဝင်.. ရှေ့ကနေ ရောက်ရောက်ရောက်လုပ်ပြီး လုဝင်လိုက်တာ.. အထဲရောက်တော့ screen နဲ့ အနီးဆုံးမှာ ခေါင်းမော့ပြီးကြည့်လိုက်ရတယ်... ဒစ်စနေလမ်းမှာ ရှေ့ဆုံးက ၀င်တိုင်းလဲမကောင်းဘူး.. လူကြီးလူကောင်းဆန်ဆန် ကိုယ်ကျရာနေရာ ကံအတိုင်းထိုင်ရတယ်.. ဂျီးများလို့ရဘူး.. ဂျီးများချင်ရင်တော့ရတယ်.. ကိုယ့်အဆင့်အတန်းကိုယ်ဖော်သလိုဖြစ်နေမှာလေ.. စိတ်ဓာတ်သေးသိမ်ရာကျမှာစိုးလို့.. မြန်မာဆို သိတဲ့အတိုင်း အစထဲက တခြားနိုင်ငံက အထင်သေးနေတာ.. ဒီတော့ နိုင်ငံ့သိက္ခာဆယ်နေခဲ့တယ်... ပြီးတော့ Mikey Mouse ဖြစ်ပေါ်လာပုံကို ရိုးရိုး ရုပ်ရှင်ရုံလို ဂျပန်လိုတွေပြောပြီးပြပါလေရော.. သွားတာပဲ.. အိပ်တောင်ငိုက်တယ်.. ဘာမှမှ နားမလည်တာ.. အစထဲကလဲ Mikey Mouse သိပ်ကြိုက်တာမဟုတ်တော့... အိပ်ခဲ့တယ်.. စိတ်တိုင်းတော့မကျဘူး.. ဒါပဲလားဆိုပြီးတော့... အဲ... မဟုတ်ဘူးရှင့်...

အဲဒါပြီးတော့ နောက်ထပ်အတွင်းပိုင်း ဟောခန်းတစ်ခုထပ်ဖွင့်ပြီး ခန်းမတစ်ခုကို ထပ်ဝင်ရတယ်.. တော်တော်သားနားတယ်... ဆိုဖာတွေနဲ့ ဇာတ်ဆင်ကလဲ အမိုက်စား.. တကယ့်နန်းတော်ထဲက ခန်းမပုံမျိုးဆောက်ထားတာ.. ပြီးတော့ စင်ပေါ်မှာ မစ်ကီးမောက် Musical ရော.. ပြီးတော့ walt disney က ဖန်တီးခဲ့တဲ့ Character အားလုံး တစ်ခုပြီးတစ်ခု ပေါ်လာပြီး ဆိုကြတယ်... အကုန်လုံးက အရုပ်တွေချည်းပဲ.. လူမဟုတ်ဘူး.. ဒါပေမဲ့.. ပါးစပ်လှုပ်ပုံ.. လက်ရွေ့လျားပုံ.. မျက်နှာအမူအရာ.. အကုန်လုံးက အသက်ဝင်အောင်လုပ်ထားနိုင်ပြီး.. ကျမကို ဖမ်းစားနိုင်ခဲ့တယ်.. ဒီတော့မှ... အင်း... ဒါမှ ဒစ်စနေလမ်းဆိုတာလဲ နာမည်နဲ့ လိုက်ဖက်တော့သကိုး..............

အလှပြကားများ.. အကနှင့် သီချင်း...

ပြန်ထွက်လာတော့ အလှကားနဲ့ Musical ရယ် Dance performence တွေစနေပြီ.. Hollowen special အတွက် Walt Disney ရဲ့ လူဆိုး Character တွေနဲ့ အလှကားတွေလဲ ပါမယ်တဲ့.. လူတွေကြည့်နေတာနဲ့ မဗေဒါလဲတိုးမပေါက်ပဲ.. ဘ၀ပေးအရပ်ကလဲ အပုထဲမပါပင်မဲ့... မဗေဒါထက်ရှည်တဲ့သူကလဲ အများသား.. နဲနဲလေး ပုတယ်ပြောရမလား.. ဟီး.... ဒါနဲ့ ပေမမှီထောင့်မမှီနဲ့ ဗွီဒီယိုကင်မရာကိုပဲ လက်မြှောက်ရိုက်ပြီး အဲဒိကနေပြန်ကြည့်ရတယ်.. ဟဲ.. ဟဲ... ပြီးတော့ ညက ၁၀နာရီထိုးခါနီးပြီ.. လူလဲတော်တော် ကျိုးနေပြီ.. ဒီလိုနဲ့ပဲ ပြန်ခဲ့ကြတယ်.. အပြန်ကျမှပဲ အ၀င်က Tokyo Disneyland ဆိုတဲ့ စာတမ်းနဲ့ ဓာတ်ပုံရိုက်ဖြစ်တော့တယ်...

အချိန်မလောက်လို့ မ၀င်ဖြစ်ခဲ့တာတွေအများကြီးပဲ... ဓာတ်ပုံတော့ ရိုက်လာဖြစ်တယ်... ဆလိုက်ရှိုးမှာကြည့်လိုက်နော်...




ဟင်းးးးးး.. မနက်ဖြန်လဲ Tokyo Disney Sea ကို ထပ်လာရအုံးမယ်.. မနက်ဖြန်တော့ အကြောင်းသိသွားပြီ.. ဒီလည်ရှည်ဒေါက်ဖိနပ်ကို လုံးဝမစီးတော့ဘူး.. အသက်သာဆုံး အကျီင်္ကို ရွေးဝတ်ခဲ့ရမယ်.. .. အိမ်ပြန်ရောက်တော့ ခြေထောက်တွေနာလိုက်တာ.. အထိတောင်မခံဘူး.. ဆေးလိမ်း.. ကိုယ့်ခြေထောက်လေးကို သနားလို့ နှိပ်နယ်ပြီး မနက်ဖြန်အတွက် အားမွေးပြီး အိပ်လိုက်တာ.. ခလောာာာာာာာာာာ.......


You received this email because you are subscribed to the real_time feed for http://mabaydar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 3 New Entries: အနောက်နိုင်ငံ မြန်မာစစ်သံမှူးရုံးများမှ ၀န်ထမ်းများကို ပြန်ခေါ်

အနောက်နိုင်ငံ မြန်မာစစ်သံမှူးရုံးများမှ ၀န်ထမ်းများကို ပြန်ခေါ်

NEJ/ ၁၁ ဒီဇင်ဘာ ၂၀၀၈

မြန်မာစစ်အစိုးရ နိုင်ငံခြားငွေပြတ်နေသည့်အတွက် လန်ဒန်နှင့် ဂျာမနီရှိ စစ်သံမှူးရုံးများမှ စစ်ဘက်အမှုထမ်းများကို ဒီဇင်ဘာလကုန်နောက်ဆုံးထားပြီး မြန်မာပြည်ပြန်ရန် ညွှန်ကြားချက်ထုတ်လိုက်ပြီဖြစ်သည်။

လန်ဒန်နှင့် ဂျာမနီမှ စစ်သံမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသူများသည် စစ်သံမှူးအဆင့်မဟုတ်ဘဲ တပ်ကြပ်ကြီး၊ စာရေး၊ ဒု-အရာခံဗိုလ် စသည့် အဆင့်ငယ်များသာဖြစ်ပြီး အစောင့်သဘောသာ ထားရှိခြင်းဖြစ်သည်ဟု ရန်ကုန်သံတမန်အသိုင်းအ၀န်းက ပြောသည်။

စစ်အစိုးရသည် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကို ပိတ်ပြီး အာဆီယံနိုင်များဖြစ်သည့် စင်ကာပူနှင့် ဗီယက်နမ် (၂) နိုင်ငံတွင်သာ စစ်သံမှူးရုံး ဖွင့်တော့မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးကလည်း ပြောသည်။

ကကကြည်းအနေဖြင့် နိုင်ငံခြားငွေပြတ်နေသည့်အပြင် စစ်သံမှူးများကို စိတ်မချသည့်အချက်သည်လည်း စစ်သံမှူးရုံးများ ပိတ်ရသည့်အခြေအနေ ဖြစ်နိုင်သည်ဟု သံတမန်အသိုင်းအ၀န်းက ယူဆသည်။

မြန်မာ့ အိုင်တီမျိုးဆက်သစ်က စစ်အစိုးရကို အံတုနေကြခြင်း

ရဲနည်

လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို သယ်ဆောင်လာသည့် ထရပ်ကားတစီးက ရန်ကုန်မြို့ရှိ အင်တာနက်ကဖီးတခုရှေ့သို့ ရပ်လာခဲ့ သည်။ ရဲများက အင်တာနက်ဆိုင်ထဲသို့ ပြေးဝင်လာကြပြီး၊ ကွန်ပြူတာ အသုံးပြုနေကြသူများကိုလည်း "လက်မြှောက်ထား" ဟု အော်ဟစ်သတိပေးလာသည်။ ထို့နောက် သူတို့က ကွန်ပြူတာ ဖန်သားပြင်တခုချင်းကို လိုက်၍စစ်ဆေးကြည့်သည်။ ကွန်ပြူတာသုံးနေသူများက မည်သည့်ကိစ္စကို ကြည့်ရှုနေကြကြောင်းကိုလည်း ရဲများက မေးမြန်းခဲ့ကြသည်။ အကယ်၍ တစုံတယောက်က ဂျီတော့ခ် (G-talk) ဟု ခေါ်သည့် အင်တာနက်မှတဆင့် ဆက်သွယ်ပြောဆို ချက်ချင်း သတင်းပေး ပို့နိုင်သည့် ပရိုဂရမ်မျိုး အသုံးပြုနေသည် ဆိုပါက ပို၍ မေးမြန်းခံရဖွယ် ရှိသည်။ " မင်းက ဘယ်သူနဲ့ ချက် (chat) နေတာလဲ" "မင်းနဲ့ ချက်နေတဲ့သူတွေက ဘယ်မှာနေ ကြတာလဲ" စသဖြင့် မေးမြန်းခံရနိုင်သည်။ အကယ်၍ မှားယွင်းဖြေဆို မိပါက၊ သင်္ကာ မကင်းရှိခံရပါက ဖမ်းဆီးခံရနိုင်သော အန္တရာယ်ပင် ရှိနေသေးသည်။( ဆက်ဖတ်ရန် )

ဤသို့မြင်ကွင်းမျိုးက ယခုတလော ရန်ကုန်ရှိ အင်တာနက်ကဖီးဆိုင်များတွင် မကြာခဏ ဆိုသလို ကြုံတွေ့နေကြရသည်။ ယနေ့လို ခေတ်မျိုးတွင် နည်းပညာကျွမ်းကျင်သူ လူငယ်အများက ဂျီတော့ခ်ဖြင့် အဝေးမှ သူငယ်ချင်းများကို ဆက်သွယ် ပြောဆိုကြသည်။ ဖေ့စ်ဘုတ် (Facebook)၊ ဟိုက်ဖိုက် (Hi5)၊ ဖရင့်စတား (Friendster) ကဲ့သို့သော လူမှုဆက်သွယ်ရေး ကွန်ရက်များကို သုံး၍ မိတ်ဖွဲ့ ဆက်သွယ်နေ ကြသည်။ ပိတ်ဆို့ထားသည်ကို ကျော်ခွ၍ ပြည်ပနေ မြန်မာအတိုက်အခံများ၏ အင်တာနက် ၀က်ဘ်ဆိုက်များနှင့် ဘလော့ စာမျက်နှာများကို ဖတ်ကြသည်။ ထိုမျှမက စစ်အစိုးရက ပိတ်ဆို့ထားသည့် အင်တာနက်စာမျက်နှာများကို ပရောက်ဆီ ဆာဗာ (proxy servers) များသုံး၍ မည်သို့ ကျော်ခွကြည့်ရှုနိုင်သည်ကိုလည်း အချင်းချင်း သတင်းဖလှယ် နေကြသေးသည်။

၂၀၀၇ ခုနှစ်၊ သံဃာတို့၏ ရွှေဝါရောင်တော်လှန်ရေး စတင်ချိန်မှစ၍ အင်တာနက်များကြောင့် မိမိတို့ စဉ်းစားကြံဆပုံ ပြောင်းလဲလာခဲ့ကြသည်။ စစ်အစိုးရက ပိတ်ဆို့အုပ်ချုပ်နေသည့် အထီးကျန်တံခါးပိတ်ထားသည့် နိုင်ငံတွင် လူတို့ အပန်း ဖြေရန်၊ ဆက်သွယ်နိုင်ရန် ပုံစံသစ်ရလာစေခဲ့သည်။ အင်တာနက်ကြောင့် လူအချင်းချင်းလေဟာနယ်တွင်း မိတ်ဖွဲ့ဆက် သွယ်နိုင်ကြသည့် virtual community ခေါ် အသိုက်အ၀န်းတခု ဖြစ်ပေါ်လာစေခဲ့ပြီး၊ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့် အတွက် အခင်းအကျင်း နေရာအသစ်များလည်း ရလာစေခဲ့သည်။

"မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ (ရွှေဝါရောင်) အရေးတော်ပုံကတော့ ဒစ်ဂျစ်နယ် ကွန်ရက်ဆက်သွယ်ရေး နည်းပညာတွေက ဘယ်လိုထိရောက် တဲ့ အခန်းကဏ္ဍကနေ အကျိုးပြုနိုင်တယ်ဆိုတာ လုံးဝ သက်သေပြသလိုက်တဲ့ ဆန္ဒပြပွဲတခုပဲ" သုတေသီတဦးဖြစ်သည့် မရီဒါးလ် ချောင်ဒရီ (Mridul Chowdhury) က "မြန်မာနိုင်ငံ ရွှေဝါရောင်တော်လှန်ရေး၌ အင်တာနက်၏ အခန်းကဏ္ဍ" အမည်ရှိ သူ၏ သုတေသနစာတမ်း၌ ထုတ်ဖော်ရေးသားခဲ့သည်။ ဤစာတမ်းက ဟားဗတ် တက္ကသိုလ် အင်တာနက်နှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ ဘာ့က်မင်း စင်တာ (Berkman Center for Internet and Society, Harvard University) အတွက် ပြုစုလေ့လာထားသည့် ဖြစ်ရပ်လေ့လာချက် စာတမ်းတခုအဖြစ် ရေးသားတင်ပြခဲ့ခြင်း ဖြစ်သည်။ ရွှေဝါရောင်တော်လှန်ရေးကာလက တက်ကြွ၍ စိတ်ပိုင်းဖြတ်ထားကြသူ မြန်မာလူငယ်များက လက်ကိုင်ဖုန်းများနှင့် ဒစ်ဂျစ် တယ် ကင်မရာများကို လက်နက်သဖွယ်သုံး၍၊ အင်တာနက်မှတဆင့် အချင်းချင်းနှင့် ပြင်ပကမ္ဘာသို့ ဆက်သွယ်၍ သတင်း ပေးပို့ခဲ့ကြပြီး စစ်အစိုးရကို အံတုခဲ့ကြသည်။

 စစ်အစိုးရဖိနှိပ်မှုများကို ဖော်ထုတ်ဖွင့်ချခဲ့ကြသည်။ ယခင်နှစ်က ဖြစ်ပေါ်ခဲ့သည့် သံဃာတော်များဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးတွင် အင်တာနက်အသုံးပြုကြသူ များက အကြောင်းအရာ စာသားများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များပေးပို့၍ နိုင်ငံအတွင်း မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို တင်ပြ သတင်းပေးပို့ခဲ့ကြသည်။ သူတို့၏ သတင်းများကြောင့် ချက်ချင်းဆိုသလိုပင် မြန်မာနိုင်ငံအရေးကို နိုင်ငံတကာက အာရုံစိုက်လာကြပြီး၊ နိုင်ငံတကာသတင်းမီဒီယာကြီးများ ဖြစ်ကြသည့် ဘီဘီစီ၊ စီအန်အန်၊ အယ်လ် ဂျာဇီးရား စသဖြင့်တို့ ကလည်း အလေးထား ဖော်ပြခဲ့ကြသည်။ စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်မှုများကို နိုင်ငံတကာ အစိုးရများစွာ က ပြစ်တင်ရှုံ့ချခဲ့ကြပါသည်။

မြန်မာနိုင်ငံ၏ အိုင်တီ (IT) မျိုးဆက်သစ်များက နည်းပညာစွမ်းပြခွင့် ရခဲ့သည်။ နောက်ဆုံး စစ်အစိုးရက စက်တင် ဘာဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းတော့မည့် အချိန်၊ အင်တာနက်များကို လုံးဝပိတ်ချလိုက်သည့်ကာလတိုင် သူတို့က စွမ်းစွမ်းတမံ စွမ်းဆောင်၍ သတင်းများ တင်ပေးနိုင်ခဲ့ကြသည်။ မြန်မာစစ်အစိုးရက ဟော့မေးလ် (Hotmail)၊ ရဟူး (Yahoo)၊ ဂျီမေးလ် (Gmail) စသည့် ၀န်ဆောင်မှုများကို ၎င်း၏ ပြည်သူများ အသုံးပြုခွင့်မရှိအောင် ပိတ်ပင်ထားပါသည်။ စစ်အစိုးရကို ဝေဖန်ဖော်ပြနေကြသည့် ပြည်ပနေမြန်မာလူမျိုးများ ၏ ၀က်ဘ်ဆိုက် စာမျက်နှာများ၊ ဘလော့များကိုလည်း ကြည့်ရှုမရနိုင်အောင်လည်း ပိတ်ပင်ထားပါသည်။

သို့သော် မြန်မာ နိုင်ငံအတွင်းရှိ အင်တာနက်ကဖီးများက နိုင်ငံရပ်ခြားတွင် အခြေပြုထားသော ပရောက်ဆီဆာဗာများသုံး၍ စစ်အစိုးရက မည်မျှ ပိတ်ပင်ထားထား ကျော်လွှား ကြည့်ရှုနိုင်ခဲ့ကြသည်။ မြန်မာလူငယ်များကလည်း သူတို့ ဖမ်းဆီးခံရနိုင်သည်၊ ထောင်ချခံရနိုင်သည်၊ နှိပ်စက်ညှဉ်းပမ်းခံရနိုင်သည်ကို သိလျက်နှင့် အထူးသဖြင့် သတင်းထောက်များနှင့် ဘလော့ရေးသူများက မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ ပြင်ပကမ္ဘာက သိရှိ နိုင်စေရန် သတင်းများ စွန့်စား၍ ဆက်လက်ရေးသား ပေးပို့ခဲ့ကြပါသည်။ သတင်းဆက်သွယ်ရေး နည်းပညာတိုးတက်နေ သည့် ခေတ်တွင် သူတို့က အင်တာနက်ကို လွတ်လပ်စွာ ဖော်ပြရေးသားခွင့်အတွက် အသုံးချနိုင်သော နေရာတခုအဖြစ် ကောင်းကောင်း တွေ့ရှိခဲ့ကြသည်။ သူတို့၏ ကိုယ်ပိုင်ဘလော့များနှင့် စကားပြောဆို ဆက်သွယ်နိုင်သည့် ချက်ရွမ်း (chat rooms) များတွင် အထူးတက်ကြွစွာ လှုပ်ရှား၍ သတင်းများဖလှယ်ခြင်း၊ နိုင်ငံရေး၊ ပြည်တွင်းရေးနှင့် ပတ်သက်သည့် အရေးကြီးကိစ္စများကို ဆွေးနွေးငြင်းခုန်ခဲ့ကြသည်။

စစ်အစိုးရက ဤအကြောင်းကို သိမြင်လာပုံရပါသည်။ ရွှေဝါရောင်တော်လှန်ရေး အလွန် တနှစ်အကြာကာလတွင် အင်တာ နက်ကဖီးများက ရဲများ ပိုက်စိတ်တိုက် စောင့်ကြည့်ထောက်လှမ်းရမည့် နေရာဖြစ်လာခဲ့သည်။ အသုံးပြုနေသည့် သူများ ကြည့်ရှုနေကြသည့် စာမျက်နှာများကိုလည်း ၅ မိနစ်လျှင်တကြိမ် ရယူသိမ်းဆည်းထားရန်လည်း အင်တာနက် ဆိုင်ပိုင်ရှင် များကို ဖိအားပေးခဲ့ကြသည်။ ဤသို့ရယူထားသည့်ပုံများကို အာဏာပိုင်များထံ ပုံမှန်ပေးပို့ရန် ညွှန်ကြားလာခဲ့ သည်။ ရန်ကုန်မြို့လယ်ရှိ အင်တာနက်ကဖီးဆိုင် ပိုင်ရှင်တဦးက ပြောပြသည်မှာ ဒေသခံအာဏာပိုင်များနှင့် ရဲထောက်လှမ်းရေးများ က ဆိုင်သို့ အင်တာနက်လာရောက် အသုံးပြုကြသည့်သူများ၏ ကိုယ်ရေးအချက် အလက်များကို ပေးရမည်ဟု အမိန့် ထုတ် တောင်းဆိုထားသည်ဟု ပြောပြသည်။

ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်ပိုင်ရှင်များနှင့် အသုံးပြုကြသူများ အဆိုအရ စက်တင်ဘာလလယ်ပိုင်းမှစ၍ အင်တာနက်နှုန်း မှာ သိသိသာသာ နှေးကွေးသွားခဲ့ကြောင်းနှင့် သို့အတွက်ကြောင့် ကြီးလေးသည့် ဓါတ်ပုံ၊ ဗီဒီယို စသကဲ့သို့သောဖိုင်များ အပ်လုပ် (upload) လုပ် ပေးပို့ရန် မဖြစ်နိုင်တော့ကြောင်း ပြောပြကြသည်။ ဤအချိန်တွင်ပင် ပြည်ပနေ မြန်မာများ ထုတ်လွှင့်နေကြသည့်၊ နော်ဝေနိုင်ငံ အော်စလိုမြို့အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) ၀က်ဘ်ဆိုက်နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် မဇ္ဈိမသတင်းဌာန ၀က်ဘ်ဆိုက်တို့ကို ဇူလိုင်လက DDoS နည်းဖြင့် တိုက်ခိုက်ခဲ့ပါသည်။ ဤသို့ နည်းပညာအရ တိုက်ခိုက်မှုကြောင့် ရက်ပေါင်းများစွာ ကြည့်ရှုမရနိုင်ဘဲ ဖြစ် နေခဲ့ကြရပါသည်။

တဖန် ၀က်ဘ်စာမျက်နှာများကို DDoS နည်းဖြင့် တိုက်ခိုက်ခြင်းကို စက်တင်ဘာလတွင် ထပ်မံဆောင်ရွက်ခဲ့ကြပြန်ပြီး၊ ဧရာ ၀တီ အွန်လိုင်းမဂ္ဂဇင်း၊ ဒီမိုကရက်တစ် မြန်မာအသံ (DVB) နှင့် ဘန်ကောက်အခြေစိုက် ခေတ်ပြိုင်သတင်းစာ ၀က်ဘ်ဆိုက် များကို တိုက်ခိုက်ခဲ့ပြန်သည်။ မဇ္ဈိမသတင်းဌာန၏ ၀က်ဘ်ဆိုက်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် cross-site scripting နည်းဖြင့် ဖျက်ဆီးဟက် (hack) လုပ်ခဲ့ပြီး ကြည့်ရှုအသုံးပြု မရနိုင်အောင် ဆောင်ရွက်ခဲ့ပါသည်။ ချင်းမိုင်မြို့ အခြေစိုက် အလွတ်သတင်းထောက် ဘရိုင်ယန် မက်ကာတန် (Brian McCartan) အဆိုအရမူ လူအများ ဆက် သွယ်အသုံးပြုနိုင်သည့် ဖိုရမ် ၂ ခုဖြစ်သည့် မစ်စထရီ ဇီလီယံ (Mystery Zillion)နှင့် ပလန်းနက် မြန်မာ (Planet Myanmar) တို့ကိုလည်း လွန်ခဲ့သည့် သြဂုတ်လတွင် တိုက်ခိုက်ခံခဲ့ရပြီး ကြည့်ရှုမရဘဲ ပိတ်ထားခဲ့ကြရသည်ဟု ဆိုပါ သည်။

ဤဖိုရမ် ၂ ခုတွင် စစ်အစိုးရ ပိတ်ဆို့ထားသည့် အင်တာနက်ကို မည်သို့ ကျော်လွှားနိုင်မည်ဆိုသည့် လမ်းညွှန်ချက် များနှင့် အခြား သတင်းအချက်အလက်များလည်း ဖော်ပြထားခြင်းကြောင့် တိုက်ခိုက်ခဲ့ပုံ ရပါသည်။ သို့သော်လည်း အင်တာနက်သည် သာမာန်အသုံးပြု နေသူများသာမက၊ စစ်အစိုးရကိုလည်း သြဇာသက်နေကြောင်း ကျွမ်းကျင်သူပညာရှင်အများက ဆွေးနွေးပြောဆိုကြပါသည်။ "လူသေဆုံးရမှုကို လက်ခံဖွယ် မရှိပါ။

သို့သော်လည်း အင်တာနက်နှင့် နိုင်ငံတကာ သတင်းမီဒီယာများ ကြောင့် အစိုးရ များက အရပ်သားဆန္ဒပြသူများကို အင်အားသုံးအရေးယူ ဆောင်ရွက်ရာတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် တနည်းတဖုံ ဖြစ်လာစေနိုင်ပါသည်" ဟု ချောင်ဒရီက ရေးပါသည်။ သူက ထောက်ပြရာတွင် ၁၉၈၈ ပြည်လုံးကျွတ် အရေးတော်ပုံကာလက ဆန္ဒပြသူပေါင်း ၃,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရ သော်လည်း ၂၀၀၇ ခုနှစ်၊ ချေမှုန်းမှုတွင် သေဆုံးသူ အရေအတွက်က လွန်စွာ လျှော့နည်းခဲ့ပါသည်။

တရားဝင် ကိန်းဂဏန်း ဖော်ပြချက်များအရ ၃၁ ဦးသာ ရှိသည်ဟု ဖော်ပြခဲ့ကြသည်။ "အင်တာနက်ကြောင့် စစ်အစိုးရအနေနဲ့ သူတို့ကို စောင့်ကြည့်မှုတွေ ပိုရှိနေပြီလို့ ခံစားလာရစေတာကတော့ ၀မ်းမြောက် စရာပါ။ ဒါကြောင့်လည်း သူတို့ အင်အားသုံးဖို့ကိစ္စတွေမှာ ပိုလို့ ထိန်းသိမ်းရတာတွေ ဖြစ်လာစေပါလိမ့်မယ်" ချောင်ဒရီက ပြောပါသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,11th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များက ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေး

( 2 )နွားမှောင်ခိုလုပ်ငန်းကြောင့် လယ်သမားများ ဒေသခံများ အခက်ကြုံ

( 3 )လူ့အခွင့်အရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ ဆိုးရွားနေဆဲ

( 4 )မီးဘေးသင့် မော်လမြိုင်ဈေးသည်များအတွက် ယာယီဈေးဖွင့်ရေး ဖင့်နှေးနေ

( 5 )မြန်မာအပါအ၀င် လူ့အခွင့်အရေးဆောင်ရွက်သူ ဘလောဂါများနဲ့ သမ္မတဘွတ်ရှ် တွေ့ဆုံ

( 6 )'Name and shame' threat for top firms

( 7 )ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်နှင့် ဆက်သွယ်မေးမြန်းချက်

( 8 )UN Appeals For Funds To Cyclone-Battered Myanmar

( 9 )No.of people seeking refugee status likely to hit record in 2008

( 10 )ဒေါ်အောင်ဆန်းစုကြည် အယူခံကိစ္စ ရှေ့နေတွေ့ဆုံခွင့်မရ

( 11 )မြန်မာနိုင်ငံ နှစ် ၆၀အတွင်း လူ့အခွင့်အရေးပိုမိုဆိုးလာ

( 12 )U.S. to provide $5 million more for Myanmar relief aid

( 13 )Sacrificing the Mekong River Basin in the Name of Electricity

( 14 )Myanmar a smuggling centre

( 15 )China stops human smugglers in Golden Triangle

( 16 )မွန်ပြည်နယ်တောင်ပိုင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲ

( 17 )New book on the struggle 'more questions than answers'

( 18 )Army to penalize villages not participating in soccer tournament

( 19 )Army extorts money from travellers

( 20 )Army to penalize villages not participating in soccer tournament

( 21 )ရုရှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် တိုးပွားလာဖွယ်ရှိ

( 22 )India allows limited wheat exports to Myanmar, Nepal

( 23 )မြန်မာဆင်များ မျိုးပြုန်းမည့်အန္တရာယ်ရင်ဆိုင်နေ

( 24 )1st Asian Open Compound tournament opens in Myanmar

( 25 )ပဲအရောင်းအ၀ယ် အရှုပ်တော်ပုံ ဖြေရှင်းနေရဆဲ

( 26 )Weather-Related Losses Prove Costly

( 27 )သဘာဝဓာတ်ငွေ့မရသဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်

( 28 )U.N. Seeks Urgent Funds For Myanmar

( 29 )မင်္ဂလာဈေးအနီး မီးလောင်၊ လူ ၂ ဦးသေဆုံး

( 30 )Junta Demand for Higher Rice Production Derided

( 31 )မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန် မဖွင့်နိုင်ခြင်းမှာထိုင်းနိုင်ငံရေးနှင့်မဆိုင်

( 32 )Is UWSA Preparing for Clash with Junta?

( 33 )ဘိုကလေးမြို့တွင် လျှပ်စစ်မီးပေးသည့်အချိန် ထပ်မံလျှော့ချ

( 34 )Junta Has Crushed Peaceful Dissent

( 35 )Suu Kyi Denied Meeting with Her Lawyer

( 36 )တာမွေမြို့နယ် မီးလောင်မှုကြောင့် လူ ၂ ဦးသေဆုံး

( 37 )Ethnic Kachin Christians live under duress

( 38 )အလုပ်ရှာသည့် ရခိုင်များ ထိုင်းကိုမရောက်ပဲ သီလ၀ါ၌ အဖမ်းခံရ- အာဏာပိုင်တို့က ဘာသာရေး ခွဲခြားဖိနှိပ်နေ၍ လူကုန်ကူးမှုများ ဖြစ်ပွားနေ

( 39 )Government staff in Loije into drugs

( 40 )မြန်မာစစ်တပ် အင်အားတိုးချဲ့ ကေအဲန်ယူနှင့် တိုက်ပွဲနေ့စဉ်ဖြစ်ပွား

( 41 )Far from Home : 20 years in Exile စာအုပ် ထွက်ရှိ

( 42 )စင်ကာပူ အိုင်စီ ဖျော်ဖြေပွဲ မြန်မာ ပရိသတ် ၂၀၀၀ ခန့် အားပေး

( 43 )Unhappy Human Rights Day in Burma

( 44 )စစ်အစိုးရက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖြိုခွဲနေသည်ဟု လော်ရာဘုရှ်ပြောဆို

( 45 )Myanmar emerges as ivory trade and elephant smuggling hot spot

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[My TLMS] 1 New Entry: ဆွေးနွေးခန်း

ဆွေးနွေးခန်း

ဟောဒိအခန်းပေါ် တက်မလာခင်မှာ
ကျွန်တော်တို့ ရှိသမျှ
အပေါ်ရုံတွေ ချိတ်ဆွဲထားခဲ့ဖို့ လိုတယ်..
ဝတ်လစ် စလစ်တွေနဲ့ လှေကားထစ်ပေါ်တက်ရင်း
လွတ်လပ်ခြင်း အရသာတွေကို
မိန့်မိန့်ကြီး သိရှိလာလိမ့်မယ်...
ဝါဒတွေ ခ၀ါချရင်း ဘာမှ သိပ်သည်းမှု မရှိတဲ့
အခန်းထဲ စနစ်တကျ တစ်ယောက်စီ တိုးဝင်ပါ..
တံခါး တချပ်စာသာ လှပ်ထားတဲ့
အပေါက်ထဲ ၀င်မိတာနဲ့
နံရံဆီက နမိတ်ပုံ တခုနှင့် စာသား
"စွန့်လွှတ်သမျှ အရာအားလုံး အသစ်ရဖို့နေရာ ပေးတာ"
ကို မြင်အောင် ကြည့်ပါ...

ပြီးတဲ့အခါ ရေတခွက်သောက်...
ထို့နောက်.. ကိုယ့်နေရာ ထိုင်ခင်း ကိုယ်ခင်းရင်း...
ခေါင်းကို မိုးကြိုးပစ်သလို အဆန်းအပြား စကားတွေ ကြားရလိမ့်မယ်..
အရောင်တွေ တဖျတ်ဖျတ် လူးနေတဲ့
ဝတ်လစ်စလစ် အဟောင်းတွေက..
ဝတ်လစ်စလစ် လူသစ်တွေကို ကြိုဆိုကြ..
ဓမ္မသံတွေ ရွတ်ဆို ပြရင်း.. ကျွန်တော်တို့တွေက
အထက်မှာကဲ့သို့ အောက်မှာလဲ ဖြစ်ကြ*...
အနန္တ၀ိဉာဉ်တော်များရဲ့ လွင်ပြင်ကျယ်ကို ရောက်လိုရောက်သွားကြရဲ့...
ဘာအရောင်မှ မရှိတဲ့ အခန်းငယ်ထဲကို
ရွှေရောင် နေခြည်တွေ သွန်းလောင်းပြီးတဲ့အခါ
တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်လိုက်ကြ...
အဲ့ဒိနောက်... ကိုယ့် အရောင်တွေ ကိုယ်ပြန်သိမ်းရင်း
လှေကားထစ်များ အတိုင်း တနိမ့်နိမ့် ပြန်ဆင်းခဲ့..
တံခါးဝက အပေါ်ရုံတွေ ပြန်ဝတ်...
အလင်းမှိန်သွားတဲ့ လမ်းမများ ပေါ် ပြန်လျှောက်သွားကြရင်း...
'There is no religion is higher than the truth' လို့ တီးတိုး ရွတ်ဆိုလိုက်ကြပြီး
(ကိုယ်စီ) လမ်းခွဲလိုက်ကြ....။

********************************
*AS ABOVE SO BELOW


You received this email because you are subscribed to the real_time feed for http://www.minnyoonthit.net/feeds/posts/default. To change your subscription settings, please log into RSSFWD.

[::Just Speaking Out Loud::] 2 New Entries: ဖီလင်

ဖီလင်


မြန်မာကားတွေ မကြည့်တာ ကြာပြန်ပြီ။ ကြည့်မယ်၊ ကြည့်မယ်နဲ့ စီးရီးတွေပဲ ထိုင်ကြည့်နေမိတာနဲ့ အခွေဆိုင်ဘက် မလှည့်ဖြစ်ဘူး။ ဟိုနေ့က သတင်းစာထဲမှာ ဟိန်းဝေယံ နဲ့ အူဝဲတို့ ကား ကြေငြာထားတာ တွေ့တာနဲ့ ဇာတ်လမ်းမရှိတဲ့ ပေါတောတော ကားဖြစ်မယ်မှန်း သိပေမယ့် ငှားဖို့ ဆိုင်ကိုသွားတယ်။ လိုချင်တဲ့အခွေတော့ မရသေးဘူး။ အခုမှ ထွက်တာဆိုတော့ မ၀ယ်ရသေးဘူး ထင်တယ်။ ဘာကားကောင်းမှန်း မသိတာနဲ့ ဒါရိုက်တာနာမည်ပဲ ကြည့်ပြီး ဒါရိုက်တာဝိုင်း ရိုက်ထားတဲ့ ဖီလင် ကို ငှားခဲ့တယ်။ မင်းသားတွေက မြင့်မြတ် နဲ့ ဇေယျ၊ မင်းသမီးတွေက စိုးမြတ်သူဇာ နဲ့ မိုးပြည့်ပြည့်မောင်။ သုံးချပ်တွဲကြီး ငှားလာမိပြီး အိမ်ရောက်လို့ ကြည့်တော့မှ ကိုရီးယားကားကို ပြန်ရိုက်ထားတာမှန်း သိရတယ်။ သြော်...ဘာဖြစ်လဲ ငါမကြည့်ရသေးတဲ့ကားဖြစ်လဲ ကြည့်မယ်လို့ စိတ်ကူးလိုက်ပေမယ့် I'm Sorry, I Love You ကားကို ပြန်ရိုက်ထားမှန်း သိရတော့ ဆက်မကြည့်ချင်တော့ဘူး။ အဲဒီ့ကားကို မဒီဝယ်ထားတာ ကြာလှပေမယ့် အခုတလောမှ ပျင်းရင် နည်းနည်းစီ ကြည့်နေတာ တစ်ဝက်တောင် မကျော်သေးဘူး။ မြန်မာကားက ဇာတ်လမ်းကျောရိုးကိုပဲ မှီးထားပေမယ့် ဇာတ်လမ်းကြိုသိမှာဆိုးလို့ (အမှန်တော့ ဇာတ်သိမ်းမကောင်းမှန်း သိပြီးသားပါ) မကြည့်သေးပဲ စက်ထဲမှာပဲ ထည့်ထားလိုက်တယ်။

ပထမဦးဆုံး လာတဲ့ ကြေငြာမှာက My Tutor Friend ကို တကယ့်ကို မြန်မာဆန်အောင် ပြန်ရိုက်ထားတဲ့ မြင့်မြတ် နဲ့ ခိုင်သင်းကြည်တို့ကားဖြစ်တယ်။ Kwon Sang Woo နဲ့ Kim Haneul တို့ကိုပဲ သတိရမိတယ်။ ကိုယ်အရမ်းကြိုက်တဲ့ကားကို ဟာသကွက်တွေ ဖြုတ်ပြီး ရိုက်ထားတော့ ကြည့်ချင်စိတ်လဲ မရှိဘူး။ အရေးထဲ ဟိုတစ်ယောက်က မျက်ရည်ဝိုင်းပြနေလိုက်သေးတယ်။ တကယ်တော့ မဒီ မြင့်မြတ်ကို မကြိုက်ဘူး။ သူ့ကို မကြိုက်ရတာကလဲ အဓိကကတော့ သူ့မျက်လုံးတွေကြောင့်ပဲ။ စိတ်ထဲမှာ ယောင်္ကျားမျက်လုံးလို့ကို မမြင်ဘူး။ မိုးပြည့်ပြည့်မောင်လဲ သိပ်မကြိုက်ဘူး။

ဆယ်မိနစ်လောက်ပဲ ကြည့်ထားရသေးတယ်။ မဒီကြည့်ထားသလောက် ဇာတ်လမ်းကတော့ -

မြင့်မြတ်က မွေးကတည်းက မိဘက စွန့်ပစ်ထားခံခဲ့ရတဲ့သူ။ သူ့ကို မွေးစားတဲ့သူကလဲ သူအသက် ၁၀နှစ်လောက်မှာ ဆုံးသွားတော့ သူ့တစ်ယောက်ထဲ ဘ၀ကို ရုန်းကန်လာခဲ့ရတယ်။ ကလပ်တစ်ခုမှာ လုံခြုံရေးလုပ်ရင်းက ခေါင်းကိုအရိုက်ခံလိုက်ရလို့ ဆေးရုံရောက်သွားတယ်။ အဲဒီ့မှာ သူ့မှာ ဦးနှောက်ကင်ဆာရှိပြီး တစ်နှစ်လောက်ပဲ နေရတော့မယ်ဆိုတာကို သိရတယ်။ အဲဒီ့အချိန်မှာပဲ သူငယ်ချင်းက ပြေးဝင်လာပြီး မင်း သိန်း၅၀၀ပေါက်တယ်လို့ ပြောတယ်။ သူက ထီဆုချီးမြှင့်တဲ့ အခမ်းအနားမှာ သူငယ်ငယ်က အကြောင်းတွေကို ပြောနေတုန်းမှာပဲ အခွေရပ်လိုက်ပြီး ကျန်တာကို နည်းနည်းပါးပါး ကျော်ကြည့်လိုက်တယ်။ စိုးမြတ်သူဇာက အမေနေရာမှာ သရုပ်ဆောင်ပြီး မိုးပြည့်ပြည့်မောင်က စိတ်မနှံ့တဲ့ ညီမနေရာမှာ သရုပ်ဆောင်ထားတယ်။ သူများတကာကို သြစတေးလျမှာ One Million Dollar လို့ သွားအော်ပြီးနောက် မင်းသမီးလက်ကို ဆွဲပြီး ထွက်ပြေးစရာတောင် မလိုဘူး။ မင်းသမီးအခန်းကို မပါတာလေ။ အချစ်ကားမှတ်လို့ ငှားလာတာ မိသားစုကားကြီး ဖြစ်နေတယ်။

Taru - R.A.I.N.B.O.W


ဂျူလိုင်လတုန်းက ထွက်ရှိသွားခဲ့တဲ့ Taru ရဲ့ မီနီအယ်လ်ဘမ်ဖြစ်ပါတယ်။ Taru ဆိုတာ အရင် The Melody အဖွဲ့မှ တေးသံရှင်ဖြစ်တယ်ဆိုတာကိုတော့ The Melody အကြောင်းရေးထားတာကို ဖတ်မိရင် မှတ်မိကြမယ် ထင်ပါတယ်။ အခုလည်းပဲ အသစ်ထွက်လာတဲ့ အခွေသစ်မှာ instrumental ၂ပုဒ် အပါအ၀င် သီချင်းစုစုပေါင်း ၁၀ပုဒ် ပါဝင်ပါတယ်။ Taru ကို ကြိုက်ပြီးသားဖြစ်တဲ့ မဒီကတော့ အကုန်လုံးကို ကြိုက်တယ်လို့ ပြောရင် လွန်တယ်မထင်ပါဘူး။ အမြဲတမ်းကြားနေကြ သီချင်းသံစဉ်တွေကနေ ခွဲထွက်တဲ့ Pop/Electronica သီချင်းများကို နားဆင်ခံစားကြည့်ကြပါ။

Taru (The Melody) - R.A.I.N.B.O.W
Image Hosted by ImageShack.us


Download here

Tracklist:
01 Yesterday
02 Miss you
03 Love Today
04 오! 다시 (O! Dashi) (feat. U)
05 제발 (Jebal)
06 날씨 맑음 (Nalsshi Malgeum) (미스티 블루 - Misty Blue cover song)
07 Miss you (Alternative Ver.)
08 Love Today (Sentimental mix)
09 Yesterday (Instrumental)
10 Love Today (Instrumental)

You received this email because you are subscribed to the real_time feed for http://madyjune.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အတွေးရပ်ဝန်း] 1 New Entry: စိတ်ကုန်ပါဘိ…

စိတ်ကုန်ပါဘိ…

သြော်…မီး..မီး.. မျှော်ရတာလဲ မောလှပေါ့…လျှပ်စစ်မီးဆိုတာ ဘာလဲလို့ မေ့မသွားအောင် တစ်နေ့တစ်ကြိမ်တော့ လာပေးရှာသား… ဒါပေမယ့် တရားသဘောကို သိစေချင်လို့ ထင်ပါရဲ့… ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ပြန်ပျက်သွားပြန်ရော… ။ သူပျက်တာက အရေးမကြီးဘူး.. ဒီက သူ့ကိုမှီခိုပြီး စီးပွားရှာစားနေရတဲ့သူတွေမှာ ကြာရင် ခက်ပဲခက်ရချည်ရဲ့…အခုပဲ မနက်ဆိုင်မဖွင့်ခင် ဆီအ၀ယ်ထွက်ရပြီ… တစ်နေ့တာရဲ့ အစကို ဓါတ်ဆီဖိုးနဲ့ စ ဖွင့်နေရတဲ့ဘ၀… ဆိုင်ဖွင့်ချိန်ကိုရော ကြည့်ဦးမလား… မီးစက်နဲ့မို့ သုံးမယ့်သူ နည်းနည်းများအောင် စောင့်ရင်းနဲ့ နောက်ဆုတ်လာလိုက်တာ တဖြည်းဖြည်း မနက်စာ ထမင်းစားချိန်တောင် ရောက်တော့မယ်။

ဒီကြားထဲ ဆီအစား သက်သာမလားလို့ မီးစက်ကို အကြီး၊ အလတ်၊ အသေး ဆိုပြီး သုံးမျိုးသုံးစား ထားရသေးတယ်။ ဖြစ်ချင်တော့ ဒီရက်ပိုင်းမှာ မီးတွေက ဆက်တိုက် ပျက်နေတဲ့အထဲ မီးစက်အကြီးက ဖောက်သွားလို့ အင်ဂျင်ပြန်ကိုင်ထားရတယ်။ မနက်က အင်တာနက်သုံးမယ့်သူလေး သုံး လေးယောက်လောက်ရှိလို့ မီးစက်အလတ်ကို နှိုးတော့ ဘယ်လိုမှ မနှိုးဘူး။ ဒါနဲ့ စက်သေးကို ပြေးနှိုးပြန်တော့ နိုးတော့ နိုးသွားပါရဲ့.. ခဏနေတော့ ဆီပိတ်သွားလို့ ထိုးရပ်သွားပြန်ရော.. လူလဲ ဟိုပြေး ဒီပြေးနဲ့.. မနက် အိမ်ကထွက်လာတုန်းက စာရေးဖို့ စိတ်ကူးလာတဲ့ အတွေးလေးတွေတောင် ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ အဲလက်စ် သီချင်းထဲကလို တော်ပါပြီ… စိတ်ကုန်တယ်… တောထဲက သစ်ပင်ပေါ်မှာ သွားနေမယ်…လို့သာ အော်ဆိုပစ်လိုက်ချင်တော့တယ်… တကယ်…။

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[: : : Nay Lynn ~ နေလင်းဘလော့ဂ် မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ။ : : :] 2 New Entries: Merry X'mas & Happy New Year

Merry X'mas & Happy New Year

ခရစ်စမတ်စ် ရောက်ဖို့ သိပ်မလိုတော့ဘူးနော်။ ခရစ်နှစ် ၂၀၀၉ ရောက်ဖို့လဲ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဘလော့ဂါမောင်နှမတွေ အားလုံးကို ခရစ်စမတ်စ် အကြို e-card လေးနဲ့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာ။


ဘလော့ဂါမောင်နှမတွေ အားလုံး နှစ်သက်ရာ ခရစ်စမတ်စ်လက်ဆောင် လေးတွေကို အမှတ်တရ လက်ဆောင်အဖြစ် ကျွန်တော့်ဂေဟာလေးမှာ ထားခဲ့နိုင်ပါကြောင်း... လက်ဆောင်ပစ္စည်း များများ ထားခဲ့လည်း စိတ်မဆိုးတတ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်.. ဟိဟိ..




အားလုံးပဲ
၂၀၀၉ နှစ်သစ် မှာ
ဘေးဘယာဝေးကွာပြီး
ရွှင်လန်းချမ်းမြေ့ကြပါစေနော်။


နှစ်သက်မိတဲ့ လင်္ကာ

အားလုံး မင်္ဂလာပါနော်။ စာရေးပျင်းတဲ့ ရောဂါ စွဲကပ်နေလို့ ပို့စ်အသစ် မတင်နိုင်ပဲ ဖြစ်နေတာ အတော် ကြာသွားပါတယ်။ ဟဲ ဟဲ.. ဒါပေမဲ့ ဘလော့ဂါ မောင်နှမတွေရဲ့ ပို့စ်အသစ်လေးတွေကိုတော့ အမြဲလိုလို အလေးထားပြီး သွားဖတ်ဖြစ်ပါတယ်ဗျာ။ နေ့စဉ်နေ့တိုင်း ပို့စ်အသစ်လေးတွေ တင်ရင်း စာဖတ်သူတွေကို ရသ အမျိုးမျိုး ပေးစွမ်းနိုင်တဲ့ ဘလော့ဂါ မောင်နှမတွေကိုလဲ အားကျမိပါရဲ့ ။


အင်္ဂလိပ်ဘာသာအားဖြင့် ANGER ဆိုတာ.. အမျက် ၊ ဒေါသ၊ စိတ်ဆိုးခြင်း၊ အမျက်ဒေါသထွက်ခြင်း လို့ အဘိဓာန်တွေမှာ ဖွင့်ဆိုကြပါတယ်။ လူတိုင်းကိုယ်စီ တစ်ချိန်မဟုတ် တစ်ချိန်မှာ ဒေါသထွက်ခဲ့ဖူးကြမှာပါနော်။ ဒေါသ ကြီးကြီး၊ သေးသေးလေး၊ အလတ်စား ဒါပဲ ကွာခြားမှာပါ။ ဒေါသ အကြီးအသေးကို လိုက်ပြီး တုန့်ပြန်မှု တွေလဲ ကွဲပြားသွားနိုင်ပါတယ်။ ဘာပဲပြောပြော ဒေါသထွက်လာရင် နေလို့ မကောင်းတော့ပါဘူး။
ပြီးတော့ ...

Anger is the most destructive agent.

ဒေါသသည် အဖျက်ဆီးတတ်ဆုံးသော တရားဖြစ်သည်။

ဆိုပြီး အင်္ဂလိပ်၊ ပါဠိ၊ မြန်မာ အဘိဓာန် မှာ အကျယ်တဝင့် ဖွင့်ဆိုထားပါသေးတယ်။
ကဲ.. ဘလော့ဂါမောင်နှမတွေလဲ ဒေါသစိတ်တွေ တစ်ချိန်ချိန်မှာ ကိန်းအောင်းလာခဲ့မယ်ဆိုရင်တော့ အနန္တသူရိယ အမတ်ကြီးရဲ့ မျက်ဖြေလင်္ကာလေးကို သတိတရ ရှိလိုက်ပါလို့။ ဒေါသစိတ်တွေ အထိုက်အလျောက် ငြိမ်းအေးသွားမှာ မလွဲဧကန်ပါ။ အဲဒီလင်္ကာ လေးကို အလယ်တန်းကျောင်းသား ဘဝမှာကတည်းက အလွတ်ရခဲ့ပါတယ်။ ကြိုက်နှစ်သက်လွန်းလို့ စာရွက်ပေါ်မှာ လက်နဲ့ချရေး၊ ပလတ်စတစ် လောင်းပြီး သိမ်းထားမိပါတယ်။

မျက်ဖြေလင်္ကာ

* သူတည်းတစ်ယောက် ၊ ကောင်းဖို့ရောက်မူ ၊
သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ ၊
ဓမ္မတာတည်း ။

* ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းစံ ၊
မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ် ၊
စည်းစိမ်မကွာ ၊ မင်းချမ်းသာကား ၊
သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊
ခဏတက်သည့် ၊ ရေပွက်ပမာ ၊
တစ်သက်လျာတည်း ။

* ကြင်နာသနား ၊ ငါ့အားမသတ် ၊
ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ ၊
လူတကာတို့ ၊ ခန္ဓာခိုင်ကြည် ၊
အတည်မမြဲ ၊ ဖောက်လွဲတတ်သည် ၊
မချွတ်စသာ ၊ သတ္တဝါတည်း ။

* ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊ ပန်ခဲ့တုံ၏ ၊
ခိုက်ကြုံဝိပါက် ၊ သံသာစက်၌ ၊
ကြိုက်လတ်တွန်မူ ၊ တုံ့မယူလို ၊
ကြည်ညိုစိတ်သန် ၊ သခင်မွန်ကို ၊
ချန်ဘိစင်စစ် ၊ အပြစ်မဲ့ရေး ၊
ခွင့်လျှင်ပေး၏ ၊ သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း ။ ။

ရေးစပ်သူ။ ။အနန္တသူရိယ အမတ်ကြီး
ခေတ်။ ။မြန်မာ - ၄၇၄ - ၅၃၅ ခန့်


ဒီလင်္ကာလေးကို မြန်မာဝီကီ ( မြန်မာ ဝီစကီ မဟုတ်ပါ။) မှတဆင့် ပြန်လည်ဝေမျှထားခြင်းဖြစ်ပါတယ်။ မမဝါ ရေ ကျွန်တော့် အကြိုက်ဆုံး လင်္ကာလေးတော့ ရေး(ကူး)ပြီးသွားပြီ။ ကဗျာ တော့ဟုတ်ဘူးနော်။ ကျွန်တော်တို့ မမဝါက သဘောကောင်းပြီးသား။ ရတယ် ဟုတ်။ ဟိဟိ..

ကဗျာ၊ လင်္ကာ၊ ပျို့၊ တေးထပ်၊ တောလား၊ ရတု ... တဲ့ .. ဘယ်လို ခွဲခြားရမှန်း မသိဖြစ်နေလို့။ ဘလော့ဂ်မောင်နှမတွေ သိရင် ပြောပြကြပါဦးနော်။

ရွှင်လန်းချမ်းမြေ့ ကြပါစေ။


You received this email because you are subscribed to the real_time feed for http://nl80.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.