Saturday, December 13, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 3 New Entries: အနောက်နိုင်ငံ မြန်မာစစ်သံမှူးရုံးများမှ ၀န်ထမ်းများကို ပြန်ခေါ်

အနောက်နိုင်ငံ မြန်မာစစ်သံမှူးရုံးများမှ ၀န်ထမ်းများကို ပြန်ခေါ်

NEJ/ ၁၁ ဒီဇင်ဘာ ၂၀၀၈

မြန်မာစစ်အစိုးရ နိုင်ငံခြားငွေပြတ်နေသည့်အတွက် လန်ဒန်နှင့် ဂျာမနီရှိ စစ်သံမှူးရုံးများမှ စစ်ဘက်အမှုထမ်းများကို ဒီဇင်ဘာလကုန်နောက်ဆုံးထားပြီး မြန်မာပြည်ပြန်ရန် ညွှန်ကြားချက်ထုတ်လိုက်ပြီဖြစ်သည်။

လန်ဒန်နှင့် ဂျာမနီမှ စစ်သံမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသူများသည် စစ်သံမှူးအဆင့်မဟုတ်ဘဲ တပ်ကြပ်ကြီး၊ စာရေး၊ ဒု-အရာခံဗိုလ် စသည့် အဆင့်ငယ်များသာဖြစ်ပြီး အစောင့်သဘောသာ ထားရှိခြင်းဖြစ်သည်ဟု ရန်ကုန်သံတမန်အသိုင်းအ၀န်းက ပြောသည်။

စစ်အစိုးရသည် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကို ပိတ်ပြီး အာဆီယံနိုင်များဖြစ်သည့် စင်ကာပူနှင့် ဗီယက်နမ် (၂) နိုင်ငံတွင်သာ စစ်သံမှူးရုံး ဖွင့်တော့မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးကလည်း ပြောသည်။

ကကကြည်းအနေဖြင့် နိုင်ငံခြားငွေပြတ်နေသည့်အပြင် စစ်သံမှူးများကို စိတ်မချသည့်အချက်သည်လည်း စစ်သံမှူးရုံးများ ပိတ်ရသည့်အခြေအနေ ဖြစ်နိုင်သည်ဟု သံတမန်အသိုင်းအ၀န်းက ယူဆသည်။

မြန်မာ့ အိုင်တီမျိုးဆက်သစ်က စစ်အစိုးရကို အံတုနေကြခြင်း

ရဲနည်

လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို သယ်ဆောင်လာသည့် ထရပ်ကားတစီးက ရန်ကုန်မြို့ရှိ အင်တာနက်ကဖီးတခုရှေ့သို့ ရပ်လာခဲ့ သည်။ ရဲများက အင်တာနက်ဆိုင်ထဲသို့ ပြေးဝင်လာကြပြီး၊ ကွန်ပြူတာ အသုံးပြုနေကြသူများကိုလည်း "လက်မြှောက်ထား" ဟု အော်ဟစ်သတိပေးလာသည်။ ထို့နောက် သူတို့က ကွန်ပြူတာ ဖန်သားပြင်တခုချင်းကို လိုက်၍စစ်ဆေးကြည့်သည်။ ကွန်ပြူတာသုံးနေသူများက မည်သည့်ကိစ္စကို ကြည့်ရှုနေကြကြောင်းကိုလည်း ရဲများက မေးမြန်းခဲ့ကြသည်။ အကယ်၍ တစုံတယောက်က ဂျီတော့ခ် (G-talk) ဟု ခေါ်သည့် အင်တာနက်မှတဆင့် ဆက်သွယ်ပြောဆို ချက်ချင်း သတင်းပေး ပို့နိုင်သည့် ပရိုဂရမ်မျိုး အသုံးပြုနေသည် ဆိုပါက ပို၍ မေးမြန်းခံရဖွယ် ရှိသည်။ " မင်းက ဘယ်သူနဲ့ ချက် (chat) နေတာလဲ" "မင်းနဲ့ ချက်နေတဲ့သူတွေက ဘယ်မှာနေ ကြတာလဲ" စသဖြင့် မေးမြန်းခံရနိုင်သည်။ အကယ်၍ မှားယွင်းဖြေဆို မိပါက၊ သင်္ကာ မကင်းရှိခံရပါက ဖမ်းဆီးခံရနိုင်သော အန္တရာယ်ပင် ရှိနေသေးသည်။( ဆက်ဖတ်ရန် )

ဤသို့မြင်ကွင်းမျိုးက ယခုတလော ရန်ကုန်ရှိ အင်တာနက်ကဖီးဆိုင်များတွင် မကြာခဏ ဆိုသလို ကြုံတွေ့နေကြရသည်။ ယနေ့လို ခေတ်မျိုးတွင် နည်းပညာကျွမ်းကျင်သူ လူငယ်အများက ဂျီတော့ခ်ဖြင့် အဝေးမှ သူငယ်ချင်းများကို ဆက်သွယ် ပြောဆိုကြသည်။ ဖေ့စ်ဘုတ် (Facebook)၊ ဟိုက်ဖိုက် (Hi5)၊ ဖရင့်စတား (Friendster) ကဲ့သို့သော လူမှုဆက်သွယ်ရေး ကွန်ရက်များကို သုံး၍ မိတ်ဖွဲ့ ဆက်သွယ်နေ ကြသည်။ ပိတ်ဆို့ထားသည်ကို ကျော်ခွ၍ ပြည်ပနေ မြန်မာအတိုက်အခံများ၏ အင်တာနက် ၀က်ဘ်ဆိုက်များနှင့် ဘလော့ စာမျက်နှာများကို ဖတ်ကြသည်။ ထိုမျှမက စစ်အစိုးရက ပိတ်ဆို့ထားသည့် အင်တာနက်စာမျက်နှာများကို ပရောက်ဆီ ဆာဗာ (proxy servers) များသုံး၍ မည်သို့ ကျော်ခွကြည့်ရှုနိုင်သည်ကိုလည်း အချင်းချင်း သတင်းဖလှယ် နေကြသေးသည်။

၂၀၀၇ ခုနှစ်၊ သံဃာတို့၏ ရွှေဝါရောင်တော်လှန်ရေး စတင်ချိန်မှစ၍ အင်တာနက်များကြောင့် မိမိတို့ စဉ်းစားကြံဆပုံ ပြောင်းလဲလာခဲ့ကြသည်။ စစ်အစိုးရက ပိတ်ဆို့အုပ်ချုပ်နေသည့် အထီးကျန်တံခါးပိတ်ထားသည့် နိုင်ငံတွင် လူတို့ အပန်း ဖြေရန်၊ ဆက်သွယ်နိုင်ရန် ပုံစံသစ်ရလာစေခဲ့သည်။ အင်တာနက်ကြောင့် လူအချင်းချင်းလေဟာနယ်တွင်း မိတ်ဖွဲ့ဆက် သွယ်နိုင်ကြသည့် virtual community ခေါ် အသိုက်အ၀န်းတခု ဖြစ်ပေါ်လာစေခဲ့ပြီး၊ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့် အတွက် အခင်းအကျင်း နေရာအသစ်များလည်း ရလာစေခဲ့သည်။

"မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ (ရွှေဝါရောင်) အရေးတော်ပုံကတော့ ဒစ်ဂျစ်နယ် ကွန်ရက်ဆက်သွယ်ရေး နည်းပညာတွေက ဘယ်လိုထိရောက် တဲ့ အခန်းကဏ္ဍကနေ အကျိုးပြုနိုင်တယ်ဆိုတာ လုံးဝ သက်သေပြသလိုက်တဲ့ ဆန္ဒပြပွဲတခုပဲ" သုတေသီတဦးဖြစ်သည့် မရီဒါးလ် ချောင်ဒရီ (Mridul Chowdhury) က "မြန်မာနိုင်ငံ ရွှေဝါရောင်တော်လှန်ရေး၌ အင်တာနက်၏ အခန်းကဏ္ဍ" အမည်ရှိ သူ၏ သုတေသနစာတမ်း၌ ထုတ်ဖော်ရေးသားခဲ့သည်။ ဤစာတမ်းက ဟားဗတ် တက္ကသိုလ် အင်တာနက်နှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ ဘာ့က်မင်း စင်တာ (Berkman Center for Internet and Society, Harvard University) အတွက် ပြုစုလေ့လာထားသည့် ဖြစ်ရပ်လေ့လာချက် စာတမ်းတခုအဖြစ် ရေးသားတင်ပြခဲ့ခြင်း ဖြစ်သည်။ ရွှေဝါရောင်တော်လှန်ရေးကာလက တက်ကြွ၍ စိတ်ပိုင်းဖြတ်ထားကြသူ မြန်မာလူငယ်များက လက်ကိုင်ဖုန်းများနှင့် ဒစ်ဂျစ် တယ် ကင်မရာများကို လက်နက်သဖွယ်သုံး၍၊ အင်တာနက်မှတဆင့် အချင်းချင်းနှင့် ပြင်ပကမ္ဘာသို့ ဆက်သွယ်၍ သတင်း ပေးပို့ခဲ့ကြပြီး စစ်အစိုးရကို အံတုခဲ့ကြသည်။

 စစ်အစိုးရဖိနှိပ်မှုများကို ဖော်ထုတ်ဖွင့်ချခဲ့ကြသည်။ ယခင်နှစ်က ဖြစ်ပေါ်ခဲ့သည့် သံဃာတော်များဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးတွင် အင်တာနက်အသုံးပြုကြသူ များက အကြောင်းအရာ စာသားများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များပေးပို့၍ နိုင်ငံအတွင်း မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို တင်ပြ သတင်းပေးပို့ခဲ့ကြသည်။ သူတို့၏ သတင်းများကြောင့် ချက်ချင်းဆိုသလိုပင် မြန်မာနိုင်ငံအရေးကို နိုင်ငံတကာက အာရုံစိုက်လာကြပြီး၊ နိုင်ငံတကာသတင်းမီဒီယာကြီးများ ဖြစ်ကြသည့် ဘီဘီစီ၊ စီအန်အန်၊ အယ်လ် ဂျာဇီးရား စသဖြင့်တို့ ကလည်း အလေးထား ဖော်ပြခဲ့ကြသည်။ စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်မှုများကို နိုင်ငံတကာ အစိုးရများစွာ က ပြစ်တင်ရှုံ့ချခဲ့ကြပါသည်။

မြန်မာနိုင်ငံ၏ အိုင်တီ (IT) မျိုးဆက်သစ်များက နည်းပညာစွမ်းပြခွင့် ရခဲ့သည်။ နောက်ဆုံး စစ်အစိုးရက စက်တင် ဘာဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းတော့မည့် အချိန်၊ အင်တာနက်များကို လုံးဝပိတ်ချလိုက်သည့်ကာလတိုင် သူတို့က စွမ်းစွမ်းတမံ စွမ်းဆောင်၍ သတင်းများ တင်ပေးနိုင်ခဲ့ကြသည်။ မြန်မာစစ်အစိုးရက ဟော့မေးလ် (Hotmail)၊ ရဟူး (Yahoo)၊ ဂျီမေးလ် (Gmail) စသည့် ၀န်ဆောင်မှုများကို ၎င်း၏ ပြည်သူများ အသုံးပြုခွင့်မရှိအောင် ပိတ်ပင်ထားပါသည်။ စစ်အစိုးရကို ဝေဖန်ဖော်ပြနေကြသည့် ပြည်ပနေမြန်မာလူမျိုးများ ၏ ၀က်ဘ်ဆိုက် စာမျက်နှာများ၊ ဘလော့များကိုလည်း ကြည့်ရှုမရနိုင်အောင်လည်း ပိတ်ပင်ထားပါသည်။

သို့သော် မြန်မာ နိုင်ငံအတွင်းရှိ အင်တာနက်ကဖီးများက နိုင်ငံရပ်ခြားတွင် အခြေပြုထားသော ပရောက်ဆီဆာဗာများသုံး၍ စစ်အစိုးရက မည်မျှ ပိတ်ပင်ထားထား ကျော်လွှား ကြည့်ရှုနိုင်ခဲ့ကြသည်။ မြန်မာလူငယ်များကလည်း သူတို့ ဖမ်းဆီးခံရနိုင်သည်၊ ထောင်ချခံရနိုင်သည်၊ နှိပ်စက်ညှဉ်းပမ်းခံရနိုင်သည်ကို သိလျက်နှင့် အထူးသဖြင့် သတင်းထောက်များနှင့် ဘလော့ရေးသူများက မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ ပြင်ပကမ္ဘာက သိရှိ နိုင်စေရန် သတင်းများ စွန့်စား၍ ဆက်လက်ရေးသား ပေးပို့ခဲ့ကြပါသည်။ သတင်းဆက်သွယ်ရေး နည်းပညာတိုးတက်နေ သည့် ခေတ်တွင် သူတို့က အင်တာနက်ကို လွတ်လပ်စွာ ဖော်ပြရေးသားခွင့်အတွက် အသုံးချနိုင်သော နေရာတခုအဖြစ် ကောင်းကောင်း တွေ့ရှိခဲ့ကြသည်။ သူတို့၏ ကိုယ်ပိုင်ဘလော့များနှင့် စကားပြောဆို ဆက်သွယ်နိုင်သည့် ချက်ရွမ်း (chat rooms) များတွင် အထူးတက်ကြွစွာ လှုပ်ရှား၍ သတင်းများဖလှယ်ခြင်း၊ နိုင်ငံရေး၊ ပြည်တွင်းရေးနှင့် ပတ်သက်သည့် အရေးကြီးကိစ္စများကို ဆွေးနွေးငြင်းခုန်ခဲ့ကြသည်။

စစ်အစိုးရက ဤအကြောင်းကို သိမြင်လာပုံရပါသည်။ ရွှေဝါရောင်တော်လှန်ရေး အလွန် တနှစ်အကြာကာလတွင် အင်တာ နက်ကဖီးများက ရဲများ ပိုက်စိတ်တိုက် စောင့်ကြည့်ထောက်လှမ်းရမည့် နေရာဖြစ်လာခဲ့သည်။ အသုံးပြုနေသည့် သူများ ကြည့်ရှုနေကြသည့် စာမျက်နှာများကိုလည်း ၅ မိနစ်လျှင်တကြိမ် ရယူသိမ်းဆည်းထားရန်လည်း အင်တာနက် ဆိုင်ပိုင်ရှင် များကို ဖိအားပေးခဲ့ကြသည်။ ဤသို့ရယူထားသည့်ပုံများကို အာဏာပိုင်များထံ ပုံမှန်ပေးပို့ရန် ညွှန်ကြားလာခဲ့ သည်။ ရန်ကုန်မြို့လယ်ရှိ အင်တာနက်ကဖီးဆိုင် ပိုင်ရှင်တဦးက ပြောပြသည်မှာ ဒေသခံအာဏာပိုင်များနှင့် ရဲထောက်လှမ်းရေးများ က ဆိုင်သို့ အင်တာနက်လာရောက် အသုံးပြုကြသည့်သူများ၏ ကိုယ်ရေးအချက် အလက်များကို ပေးရမည်ဟု အမိန့် ထုတ် တောင်းဆိုထားသည်ဟု ပြောပြသည်။

ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်ပိုင်ရှင်များနှင့် အသုံးပြုကြသူများ အဆိုအရ စက်တင်ဘာလလယ်ပိုင်းမှစ၍ အင်တာနက်နှုန်း မှာ သိသိသာသာ နှေးကွေးသွားခဲ့ကြောင်းနှင့် သို့အတွက်ကြောင့် ကြီးလေးသည့် ဓါတ်ပုံ၊ ဗီဒီယို စသကဲ့သို့သောဖိုင်များ အပ်လုပ် (upload) လုပ် ပေးပို့ရန် မဖြစ်နိုင်တော့ကြောင်း ပြောပြကြသည်။ ဤအချိန်တွင်ပင် ပြည်ပနေ မြန်မာများ ထုတ်လွှင့်နေကြသည့်၊ နော်ဝေနိုင်ငံ အော်စလိုမြို့အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) ၀က်ဘ်ဆိုက်နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် မဇ္ဈိမသတင်းဌာန ၀က်ဘ်ဆိုက်တို့ကို ဇူလိုင်လက DDoS နည်းဖြင့် တိုက်ခိုက်ခဲ့ပါသည်။ ဤသို့ နည်းပညာအရ တိုက်ခိုက်မှုကြောင့် ရက်ပေါင်းများစွာ ကြည့်ရှုမရနိုင်ဘဲ ဖြစ် နေခဲ့ကြရပါသည်။

တဖန် ၀က်ဘ်စာမျက်နှာများကို DDoS နည်းဖြင့် တိုက်ခိုက်ခြင်းကို စက်တင်ဘာလတွင် ထပ်မံဆောင်ရွက်ခဲ့ကြပြန်ပြီး၊ ဧရာ ၀တီ အွန်လိုင်းမဂ္ဂဇင်း၊ ဒီမိုကရက်တစ် မြန်မာအသံ (DVB) နှင့် ဘန်ကောက်အခြေစိုက် ခေတ်ပြိုင်သတင်းစာ ၀က်ဘ်ဆိုက် များကို တိုက်ခိုက်ခဲ့ပြန်သည်။ မဇ္ဈိမသတင်းဌာန၏ ၀က်ဘ်ဆိုက်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် cross-site scripting နည်းဖြင့် ဖျက်ဆီးဟက် (hack) လုပ်ခဲ့ပြီး ကြည့်ရှုအသုံးပြု မရနိုင်အောင် ဆောင်ရွက်ခဲ့ပါသည်။ ချင်းမိုင်မြို့ အခြေစိုက် အလွတ်သတင်းထောက် ဘရိုင်ယန် မက်ကာတန် (Brian McCartan) အဆိုအရမူ လူအများ ဆက် သွယ်အသုံးပြုနိုင်သည့် ဖိုရမ် ၂ ခုဖြစ်သည့် မစ်စထရီ ဇီလီယံ (Mystery Zillion)နှင့် ပလန်းနက် မြန်မာ (Planet Myanmar) တို့ကိုလည်း လွန်ခဲ့သည့် သြဂုတ်လတွင် တိုက်ခိုက်ခံခဲ့ရပြီး ကြည့်ရှုမရဘဲ ပိတ်ထားခဲ့ကြရသည်ဟု ဆိုပါ သည်။

ဤဖိုရမ် ၂ ခုတွင် စစ်အစိုးရ ပိတ်ဆို့ထားသည့် အင်တာနက်ကို မည်သို့ ကျော်လွှားနိုင်မည်ဆိုသည့် လမ်းညွှန်ချက် များနှင့် အခြား သတင်းအချက်အလက်များလည်း ဖော်ပြထားခြင်းကြောင့် တိုက်ခိုက်ခဲ့ပုံ ရပါသည်။ သို့သော်လည်း အင်တာနက်သည် သာမာန်အသုံးပြု နေသူများသာမက၊ စစ်အစိုးရကိုလည်း သြဇာသက်နေကြောင်း ကျွမ်းကျင်သူပညာရှင်အများက ဆွေးနွေးပြောဆိုကြပါသည်။ "လူသေဆုံးရမှုကို လက်ခံဖွယ် မရှိပါ။

သို့သော်လည်း အင်တာနက်နှင့် နိုင်ငံတကာ သတင်းမီဒီယာများ ကြောင့် အစိုးရ များက အရပ်သားဆန္ဒပြသူများကို အင်အားသုံးအရေးယူ ဆောင်ရွက်ရာတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် တနည်းတဖုံ ဖြစ်လာစေနိုင်ပါသည်" ဟု ချောင်ဒရီက ရေးပါသည်။ သူက ထောက်ပြရာတွင် ၁၉၈၈ ပြည်လုံးကျွတ် အရေးတော်ပုံကာလက ဆန္ဒပြသူပေါင်း ၃,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရ သော်လည်း ၂၀၀၇ ခုနှစ်၊ ချေမှုန်းမှုတွင် သေဆုံးသူ အရေအတွက်က လွန်စွာ လျှော့နည်းခဲ့ပါသည်။

တရားဝင် ကိန်းဂဏန်း ဖော်ပြချက်များအရ ၃၁ ဦးသာ ရှိသည်ဟု ဖော်ပြခဲ့ကြသည်။ "အင်တာနက်ကြောင့် စစ်အစိုးရအနေနဲ့ သူတို့ကို စောင့်ကြည့်မှုတွေ ပိုရှိနေပြီလို့ ခံစားလာရစေတာကတော့ ၀မ်းမြောက် စရာပါ။ ဒါကြောင့်လည်း သူတို့ အင်အားသုံးဖို့ကိစ္စတွေမှာ ပိုလို့ ထိန်းသိမ်းရတာတွေ ဖြစ်လာစေပါလိမ့်မယ်" ချောင်ဒရီက ပြောပါသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,11th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များက ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေး

( 2 )နွားမှောင်ခိုလုပ်ငန်းကြောင့် လယ်သမားများ ဒေသခံများ အခက်ကြုံ

( 3 )လူ့အခွင့်အရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ ဆိုးရွားနေဆဲ

( 4 )မီးဘေးသင့် မော်လမြိုင်ဈေးသည်များအတွက် ယာယီဈေးဖွင့်ရေး ဖင့်နှေးနေ

( 5 )မြန်မာအပါအ၀င် လူ့အခွင့်အရေးဆောင်ရွက်သူ ဘလောဂါများနဲ့ သမ္မတဘွတ်ရှ် တွေ့ဆုံ

( 6 )'Name and shame' threat for top firms

( 7 )ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်နှင့် ဆက်သွယ်မေးမြန်းချက်

( 8 )UN Appeals For Funds To Cyclone-Battered Myanmar

( 9 )No.of people seeking refugee status likely to hit record in 2008

( 10 )ဒေါ်အောင်ဆန်းစုကြည် အယူခံကိစ္စ ရှေ့နေတွေ့ဆုံခွင့်မရ

( 11 )မြန်မာနိုင်ငံ နှစ် ၆၀အတွင်း လူ့အခွင့်အရေးပိုမိုဆိုးလာ

( 12 )U.S. to provide $5 million more for Myanmar relief aid

( 13 )Sacrificing the Mekong River Basin in the Name of Electricity

( 14 )Myanmar a smuggling centre

( 15 )China stops human smugglers in Golden Triangle

( 16 )မွန်ပြည်နယ်တောင်ပိုင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲ

( 17 )New book on the struggle 'more questions than answers'

( 18 )Army to penalize villages not participating in soccer tournament

( 19 )Army extorts money from travellers

( 20 )Army to penalize villages not participating in soccer tournament

( 21 )ရုရှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် တိုးပွားလာဖွယ်ရှိ

( 22 )India allows limited wheat exports to Myanmar, Nepal

( 23 )မြန်မာဆင်များ မျိုးပြုန်းမည့်အန္တရာယ်ရင်ဆိုင်နေ

( 24 )1st Asian Open Compound tournament opens in Myanmar

( 25 )ပဲအရောင်းအ၀ယ် အရှုပ်တော်ပုံ ဖြေရှင်းနေရဆဲ

( 26 )Weather-Related Losses Prove Costly

( 27 )သဘာဝဓာတ်ငွေ့မရသဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်

( 28 )U.N. Seeks Urgent Funds For Myanmar

( 29 )မင်္ဂလာဈေးအနီး မီးလောင်၊ လူ ၂ ဦးသေဆုံး

( 30 )Junta Demand for Higher Rice Production Derided

( 31 )မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန် မဖွင့်နိုင်ခြင်းမှာထိုင်းနိုင်ငံရေးနှင့်မဆိုင်

( 32 )Is UWSA Preparing for Clash with Junta?

( 33 )ဘိုကလေးမြို့တွင် လျှပ်စစ်မီးပေးသည့်အချိန် ထပ်မံလျှော့ချ

( 34 )Junta Has Crushed Peaceful Dissent

( 35 )Suu Kyi Denied Meeting with Her Lawyer

( 36 )တာမွေမြို့နယ် မီးလောင်မှုကြောင့် လူ ၂ ဦးသေဆုံး

( 37 )Ethnic Kachin Christians live under duress

( 38 )အလုပ်ရှာသည့် ရခိုင်များ ထိုင်းကိုမရောက်ပဲ သီလ၀ါ၌ အဖမ်းခံရ- အာဏာပိုင်တို့က ဘာသာရေး ခွဲခြားဖိနှိပ်နေ၍ လူကုန်ကူးမှုများ ဖြစ်ပွားနေ

( 39 )Government staff in Loije into drugs

( 40 )မြန်မာစစ်တပ် အင်အားတိုးချဲ့ ကေအဲန်ယူနှင့် တိုက်ပွဲနေ့စဉ်ဖြစ်ပွား

( 41 )Far from Home : 20 years in Exile စာအုပ် ထွက်ရှိ

( 42 )စင်ကာပူ အိုင်စီ ဖျော်ဖြေပွဲ မြန်မာ ပရိသတ် ၂၀၀၀ ခန့် အားပေး

( 43 )Unhappy Human Rights Day in Burma

( 44 )စစ်အစိုးရက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖြိုခွဲနေသည်ဟု လော်ရာဘုရှ်ပြောဆို

( 45 )Myanmar emerges as ivory trade and elephant smuggling hot spot

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.