Sunday, November 30, 2008

[ဒီရေ] 2 New Entries: မိဘကျေးဇူးဆပ်ရင်း ဘဝနစ်သူ (အပိုင်း ၂)

မိဘကျေးဇူးဆပ်ရင်း ဘဝနစ်သူ (အပိုင်း ၂)

ဆောင်းပါး ဂျော်ထော လွတ်လပ်သောမွန်သတင်း ဧဂျင်စီ | သူမကို ကယ်ထုတ်လာချိန်တွင် ထိုင်းပုလိပ်တို့က လူမုန်း၊ ထွန်းကို၊ ခန္ဓာဝဝ လူနှင့် ပွဲစား အဖွဲ့၏ တောက်တိုမယ်ရ အခိုင်းသမား ကျန်ကျောင်းကို ဖမ်းဆီး လိုက်သည်ဟု ခင်ခင်က ဆိုသည်၊၊ သူမကို အဓမ္မကျင့်သည့် (၆) ယောက်ထဲက ကင်းမွှန်၊ စိုးပိုင်၊ ကိုဇော်တို့က လွတ် သွားသည်ဟု ပြောသည်။

ခင်ခင်နှင့် (၁၄) နှစ်အရွယ် သူမသူငယ်ချင်းတစ်ယောက်က အများတကာနည်းတူ သာမာန် အလုပ်များဖြင့် ဝမ်းကျောင်းလိုသည့်အတွက် ရနောင်းမြို့၏ လိင်ရောင်းသည့်ဆိုင် တစ်ဆိုင်မှ ထွက်ပြေးလာကြသူများဖြစ်သည်။

ခင်ခင်၏ ပြောပြချက်အရ စက်တင်ဘာ (၉) ရက်နေ့၊ ၂၀၀၈ ခုနှစ်တွင် ရနောင်းမြို့မှ ကော့သောင်းမြို့ ကိုရောက်ပြီး၊ အချိန်ပိုင်းမှာပင် သူမမိခင်ဆီကို အကြွေးရှင်က အကြွေးလာတောင်း လေသည်။ ပွဲစားကလည်း လူခေါ်သည်ဟု သတင်းကြားသဖြင့် သွားမေးရာ ကော့သောင်းမြို့ ပွဲ စားအဒေါ်ကြီးမှ "ပွဲစားက တစ်လ ၅၀၀၀ ရမယ်၊ ကွတ်တီယိုရောင်းတဲ့အလုပ်ရှိတယ်၊ ငါး ပုဇွန်ရုံမှာ လုပ်လို့လည်းရတယ်၊ သမီးတို့ဘာမှ မစိုးရိမ်နဲ့ ဟို (မဟာချိုင်) မှာ သမီးအရွယ် အ ဒေါ်သမီး လည်းရှိတယ်၊ အဆင်ပြေတယ်" ဟု ခင်ခင်က ပြောသည်။ နောက်တနေ့တွင်ပင် မဟာချိုင်းကိုလာ သည်ဟုဆိုပါသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ကော့သောင်းမြို့မှ ပွဲစား၏သဘောတူညီချက်ဖြင့် မဟာချိုင် ကို ရောက်လာ ခဲ့ခြင်းဖြစ်သည်။ ၎င်းခရီးစရိတ် (၄၅၀၀) ဘတ်ကို ပွဲစားမှ အရင် စိုက်ထုတ် ထားပြီး၊ ၎င်းတို့၏ လုပ်အားခမှ နှုတ်ယူရန် သဘောတူထားကြသည်။

ခင်ခင်အဖြစ်က အနာပေါ်တုတ်ကျဆိုသည့်စကားပုံထက် ပိုဆိုးနေသည်။ အနာစိမ်းပေါ် ဆူး ထပ်စိုက်သည်ဟု ဆိုရမည်။ အဘယ်ကြောင့် ဆိုသော် လူအများစုကမကောင်းဟု ယူဆကြ သည့် ပြည့်တန်ဆာရုံမှထွက်ပြေးလာပြီး အများနည်းတူ မိဘကိုလုပ်ကျွေးးရန် ကြိုး စားသော် လည်း မုဒိမ်းကျင့်သာကျင့်ပြီး၊ ထမင်းပင်မကျွေးသည့်လူနှင့် ဆုံရလေသည်။

ခင်ခင် လိင်အလုပ်သမ ဘဝရောက်သွားရသည့် အဖြစ် ခင်ခင်မှာ အသက် (၂၃) နှစ် ကလေးအမေ တစ်ယောက် ဖြစ်သည်။ ကော့သောင်း မြို့သည် ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့်အလျှောက် သူမ၏ခင်ပွန်းမှာ မော်တော်ဘုတ် မောင်းသမားဖြစ် သည်၊၊ ခင်ပွန်းမှာ ဥပဒေနှင့် မလွတ်ကင်းသည့်မူးယစ်ဆေးဝါး တမျိုးသုံးစွဲနေခြင်းကြောင့် သူမ တားမြစ်နေသည့်ကြားမှပင် မူးယစ်ဆေးဝါးအမှုနှင့် သက်ဆိုင်ရာက ဖမ်းဆီးလိုက်သည်။

ခင်ခင်မှာ (၃) နှစ်အရွယ်သမီးလေးကို လက်ဆွဲပြီး၊ မိခင်အိမ်သို့ရောက်လာသည်။ ခင်ခင်၏ မိဘမှာ လက်လုပ် လက်စား တံငါသည် များဖြစ်ပြီး၊ မိသားစု ဝမ်းစာအတွက် ငါးရှာရန် လှေကို ပင် သူတပါးဆီက အကြွေးဖြင့် ယူထားရသည့်သူများဖြစ်သည်။

"သမီးမောင်လေး ညီမလေးတွေက ကျောင်းမတက်နိုင်ကြဘူး၊ အမေ့အိမ်မှာနေတာ အကြွေး ရှင်တွေက အကြွေးလာတောင်းတယ်၊ တစ်နေ့အကြွေးရှင်တယောက်က အမေ့ကို ဆဲတယ်၊ ရိုက်လည်းရိုက်တယ်၊ မောင်နှမတွေမှာ သမီးကအကြီးဆုံး၊ မိဘလုပ်စာကို သမီးထိုင်မစား ရက်တော့ဘူး၊ သမီးအလုပ်အလုပ်ချင်တယ်" ဟု သူမပြောသည်။

သူမစိတ်ညစ်ပြီး အလုပ်လုပ်ချင်နေသည့်အချိန်မှာပင် ခင်ခင်၏ သူငယ်ချင်းတစ်ယောက်က ထိုင်းနယ်စပ်၊ ရနောင်းမြို့တွင် အလုပ်လုပ် နေရာမှ ကော့သောင်းကိုအလည်ပြန်လာသည်။

ခင်ခင်က သူငယ်ချင်းကို ရနောင်းတွင်လည်း သွားရောက်အလုပ်လုပ်ချင်သည့်အတွက် အ လုပ်အခြေအနေကို မေးမြန်းသည်၊ သူမ၏ သူငယ်ချင်းက ပြန်မဖြေပေ၊ သို့သော် မိသားစု ငွေမ ပြေလည်သည့် ပြဿနာကြောင့် ခင်ခင်အတော်စိတ်ဆင်းရဲနေရသလားဟုသာ မေးသည်။

"ဖေမေရဲ့ ဒုက္ခကို ကူညီရရင်ကျေနပ်ပြီး၊ ငါ့မိသားစု စိတ်ချမ်းသာရင်ကျေနပ်ပြီး၊ ငါဘာပဲ ဖြစ်ဖြစ်လို့ သမီးပြောတော့ တကယ်လားလို့ သမီးကိုမေးတယ်၊ သမီးက ဟုတ်တယ်လို့ ပြော တော့ ရနောင်းမှာ သူမကောင်းတဲ့အလုပ် လုပ်နေတယ့်လို သမီးကိုပြောတယ်" ဟု ခင်ခင်က မျက်လွှာချပြီး ပြောသည်၊၊ သူမ၏ ပါးစပ်တွင် ကွမ်းမရှိတော့ပါ။ သို့သော် ကွမ်းယာကိုလည်း ထပ်မငုံပါ၊၊ စာရေးသူနှင့် စကားမပြောခင်တွင် သူမဆံပင်ကို အနီရောင်ဆေးဆိုးနေသည့် အတွက် ဆေးပေးနေသည့် သူမကိုင်ထားသော ခေါင်းဖြီးဘီးကို သာလက်မဖြင့် ပွတ်နေသည်၊၊ သူမမှာကော့ သောင်းမြို့မှ ထားဝယ်သူ ဖြစ်သော်ငြားလည်း အသားဖြူသူ ဖြစ်သည်။ မျက်နှာ ဝိုင်းဝိုင်း ပြတ်ပြတ်နှင့် နှာခေါင်း အနည်းငယ်ပြားသော်လည်း မျက်နှာချိုသူဖြစ်သည်၊၊ စကားကို ခေတ္တရပ်ဆိုင်းထားပြီး မျက်လုံးကို တနေရာတွင် စိုက်ကြည့်ထားရာမှ အောက်ကိုပြန်ငုံ့ကြည့်ပြီး စကားဆက်ပြန်သည်။

"သူများဥစ္စာကို မခိုးစားရ၊ ကိုယ့်ဘဝကိုရင်းပြီးလုပ်ရပေမယ့် ငါတို့ဘဝတူချင်း ကိုယ့်ဘဝကို နားလည်တဲ့ သူတွေ အတွက်တော့ မိသားစုကို ကူညီနိုင်တော့ မကောင်းတဲ့ဆိုင်မှာ လုပ်ပေ မယ့် မြတ်သေးတယ်" ဟု သူတို့ ချင်းချင်း ပြောပြီး ခင်ခင်ရနောင်းသွားဖို့ ဆုံးဖြတ်လိုက်သည်။

ရပ်ရွာကိုခွဲခွာပြီး မသွားဖူးသည့်အတွက် မိဘက မည်သည့်အလုပ်အကိုင်မျိုးကို သွားလုပ်မည် နည်းဟု မေးမြန်းပြီး တားမြစ်သည်၊၊ ကွတ်တီယိုရောင်းသည့်အလုပ်နှင့် တခြားရနိုင်သည့် ကျ ပန်းအလုပ်တွေ ရနိုင်သည် ဟု သူမပြန်ပြောသည်၊၊ မိဘက မသွားရန် တားသော်လည်း "သမီး ငိုပြီး ပြောတယ်၊ အဖေ အမေ တို့ကို လုပ်ကြွေးခွင့် ပေးပါ၊ အဖေ အမေတို့ ဒုက္ခကို သမီးကိုတဝက် လောက် ခံစားခွင့်ပေးပါ" ဟုပြောပြီး ခင်ခင် ရနောင်းကို ရောက်သွားသည်။

ခင်ခင်အလုပ်လုပ်သည့်ဆိုင်တွင် မိန်းကလေး (၁၀) ယောက်လောက်ရှိသည်။ ဘီယာဆိုင်အ ဖြစ် ဘန်းပြပြီး ဆိုင်ဖွင့်ထားသည့်အတွက် ထိုမိန်းကလေးအားလုံးတို့သည် စားပွဲထိုးအလုပ်ကို လည်း လုပ်ရသည်၊ ၎င်းအတွက် လုပ်အားခတစ်ပြားတစ်ချပ်မှ မရကြပေ၊ စားပွဲထိုး လုပ်ရင်း ဘီယာလာသောက်သည့် ယောကျာ်းများ မိမိကို မျက်စိကျလာအောင် ပြောဆိုရသည်ဟု သူမ ပြောသည်၊၊ တစ်လ အတွင်း မိမိကို မျက်စိကျမည့်သူ မရှိပါက ငွေတစ်ဘတ်မျှမရဘဲ အခန်းခ မီးခပင်အကြွေးတင်တာလည်း ရှိသည်ဟု ခင်ခင်က ပြောသည်။

"သမီးလေ ရသမျှပိုက်ဆံအမေ့ဆီပို့ပေးတယ်၊ တစ်လ ၇၁၅၀ ရရင် ၁၅၀ ပဲသမီးသုံးတယ်၊ မ ကောင်းတဲ့အလုပ် လုပ်ပေမယ့်၊ ကိုယ်ပို့တဲ့ ပိုက်ဆံနဲ့ အဖေအမေတို့အဆင်ပြေတော့ မီးစိတ် ချမ်းသာတယ်" ဟု ခင်ခင်က ပြောသည်၊၊ ရနောင်းက ကော့သောင်းနှင့် မဝေးသည့် အတွက် သူမလုပ်နေသည့်ဆိုင်တွင် ကော့သောင်းမြို့သူ ဆိုလို့ နှစ်ယောက် သာရှိပြီး၊ တခြားမိန်းကလေး တွေက ရန်ကုန်၊ ဘိတ်၊ ထားဝယ်မှ လာသူများဖြစ်သည်ဟု ဆိုသည်။

ခင်ခင် ပြည့်တန်ဆာအလုပ်လုပ်သည့်ဆိုင်တွင် (၅) လလောက်ကြာပြီးနောက် ကော့သောင်း မြို့မှ သူငယ်ချင်း တစ်ယောက်နှင့်ဆုံသည်။

ထိုသူငယ်ချင်းက ထိုအလုပ်ကို ခင်ခင်မလုပ်သင့်ကြောင်း၊ တခြားသာမာန်အလုပ်ကိုသာ လုပ် သင့်ကြောင်းနှင့် သူမ၏ မိဘသိသွားပါက စိတ်ဆင်းရဲမည်ဖြစ်ကြောင်း၊ သူများအ နှိမ်ခံရမည် ဟု ပြောသဖြင့် သူမ ထိုဆိုင်မှ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု ခင်ခင်ကပြောသည်။

မိဘများကို မိမိ၏ လုပ်အားခဖြင့် ကူညီချင်ပြီး မောင်လေးညီမလေးနှင့် သူမ၏ သမီးလေးတို့ အများတကာ နည်းတူ ပညာသင်နိုင် ရန်သာ သူမ၏ဘဝတွင် အဖြစ်ချင်ဆုံးဆန္ဒဟု ခင်ခင်က ပြောသည်။

"သမီးဘယ်လောက်ပဲ ဒုက္ခဖြစ်ဖြစ် သမီးဖေမေနဲ့ မောင်လေး၊ ညီမလေးတို့ကို အလုပ်လုပ်လို့ ရတဲ့ ပိုက်ဆံနဲ့ ထောက်ပံ့ ချင်တယ်၊ မောင်လေးဆိုရည်မှန်းချက်ရှိတယ်၊ ပိုက်ဆံမရှိလို့ ကျောင်း ထုတ်ထားရတယ်၊ သမီးသူ့ကို ကျောင်းပြန်ထားချင်တယ်၊ သမီးလေးဆို နောင်နှစ်ကျောင်းနေ လို့ရပြီး" ဟု ခင်ခင်က သူမမိဘ၏ ဝန်ထုတ် တချို့ကို ကူညီချင်သည့် ဆန္ဒဖြင့်ပြောသည်၊ ခင်ခင် ၏ ပြောပြချက် အရ သူမသည် ကုန်စုံဆိုင်၊ အအေးဆိုင် တို့ကို ဖွင့်ပြီးစီးပွားလုပ်ခဲ့ရာမှ သူမ၏ ခင်ပွန်းက လာတောင်းသည့်အတွက် မိဘက သဘောကျ သဖြင့် အိမ်ထောင်ကျသွားသည်ဟု ဆိုသည်။

"သမီးလေ မြန်မာငွေ တစ်သိန်းလောက်ရရင် ကော့သောင်းမှာ သမီးစီးပွားသေးသေးလေး တစ်ခု လုပ်လို့ ရတယ်၊ သမီးလုပ်တတ်တယ်၊ ဗန်းတစ်ဗန်းနဲ့ ကုန်စိမ်းတွေ၊ ငါးတွေရောင်းတဲ့ သူ တွေကို နေ့စားအတိုး နဲ့ပိုက်ဆံချေး၊ သမီးလည်းဆိုင်ကလေးတစ်ခုနဲ့ ဈေးရောင်း၊ အဲဒီကနေ တ ဆင့်ပြီးတဆင့်သမီးတိုးပြီးလုပ်မယ်၊ အပျိုဘဝတုန်းကလည်း သမီးအဲဒီလိုလုပ်လို့ အိမ်ကိုကူ ညီနိုင်ခဲ့တယ်"။

မြန်မာပြည်၏ ဆင်းရဲတွင်းနက်မှုက ကျပ်ငွေတစ်သိန်းဖြင့်ပင် အရင်းနှီးလုပ်ပြီး မိဘကို ကူညီ ရန် ကြိုးစားသည့် ခင်ခင်လို မိန်းကလေး ကိုပင် အခွင့်မပေးနိုင်သေးပေ၊၊

မိဘကျေးဇူးဆပ်ရင်း ဘဝနစ်သူ (အပိုင်း ၁)

ဆောင်းပါး ဂျော်ထော လွတ်လပ်သောမွန်သတင်း ဧဂျင်စီ | "ဦးလူမုန်းကို သမီးယူမယ်၊ မယားငယ်အဖြစ်ပဲ သတ်မှတ်ပေးပါ၊ ရွှေငွေမပေးနဲ့၊ အဝတ် အစားလည်း မဝယ်ပေးနဲ့၊ သမီးမှာရှိတဲ့ အဝတ်နဲ့ပဲအဆင်ပြေအောင် ဝတ်မယ်၊ ဦးလူမုန်း တစ်ယောက်ပဲ ကြိုက်တဲ့အချိန် သမီးကိုလာတွေ့ပါ၊ အဲဒီလိုပြောပြီး ရှိခိုး တောင်းပန်တယ်၊ သူလက်မခံဘူး" ကွမ်းတမြုံ့မြုံ့ဝါးနေရင်း သူမပြောပြသည်။

သူမကတော့ တနင်္သာရီတိုင်း ကော့သောင်းမြို့မှ ထားဝယ်အမျိုးသမီး ခင်ခင် (နာမည်ရင်းမ ဟုတ်) ထိုင်းနိုင်ငံ မဟာချိုင်တွင် အလုပ်လုပ်ရန် ပွဲစား အကူအညီဖြင့် လာရာမှ အခန်းတစ်ခန်း တွင် အပိတ်ခံရပြီး အလုပ်ရှာ ပွဲစားခေါင်းဆောင်နှင့် ၄င်းတို့ အပေါင်းအပါ တစ်စု၏ အဓမ္မမုဒိမ်းပြု ကျင့်ခြင်း အကြိမ်ကြိမ် ခံရခြင်းကြောင့် သူမကို တရားဝင် မယားငယ်အဖြစ် သတ်မှတ်ပေးရန် ပွဲစားတစ်ဦးကို တောင်းပန်ခဲ့ပုံကို ပြန်လည်ပြောပြခြင်း ဖြစ်သည်။

မဟာချိုင်မြို့ ထိုင်းယူနီယံကုမ္ပဏီမှ အလုပ်သမားများနေသည့် တိုက်ခန်းတစ်ခန်းတွင် (၅) ရက်အကြာ အပိတ်ခံ ရသည့် ကာလအတွင်း ငရဲကျနေသည်နှင့်မခြားဟု ပြောသည်။ အဘယ် ကြောင့်ဆိုသော် ထို (၅) ရက် အတောအတွင်း တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် မုဒိမ်းကျင့် ခြင်းကို ခံရသည်ဟု ဆိုသည်။ တစ်နေ့လျှင် တစ်ယောက် တည်းဖြင့် နှစ်ကြိမ်လာပြီး မုဒိမ်းကျင့် ခြင်း၊ တစ်ရက်တည်းတွင် နှစ်ယောက်လာပြီး အဓမ္မပြုတာ ကိုလည်း ခံခဲ့ရသည်ဟု ခင်ခင်က ပြောသည်။

"အခုမှ စိတ်နည်းနည်းချမ်းသာလာတယ်၊ ဟိုအခန်းထဲမှာ အပိတ်ခံရတဲ့အချိန်ဆို ငရဲလိုပဲ" ဟု သူမကို တွေ့သည့် အချိန်တွင် လှောင်ပိတ်ခံထားရသည့်နေရာမှ ထိုင်းလူမှုအဖွဲ့အစညှ်းတစ်ဖွဲ့ ဖြစ်သော ရတ် (က်) ထိုင်းအဖွဲ့က ကယ်ထုတ်လာပြီး ၎င်းတို့ရုံးတွင် စောင့်ရှောက်ထားခြင်းဖြစ် သည်။

ရက် (က်) ထိုင်း၏နယ်မြေတာဝန်ခံ ဦးအောင်မင်းက မိန်းမတစ်ဦး၏ ဖုန်းဆက်သတင်းပေးမှု ကြောင့် စက်တင်ဘာလ ကုန် မနက် (၇) နာရီတွင် ဘန်ကောက်မြို့မှ ထိုင်းပုလိပ်တို့က ပွဲစား (၄) ဦး ကိုဖမ်းဆီးခဲ့ပြီး ခင်ခင်ကို ကယ်ထုတ်လာသည်ဟု ပြောသည်။

ဦးအောင်မင်းက မဟာချိုင်တွင် မြန်မာအမျိုးသမီးတို့ကို ပွဲစားကတမျိုး၊ အလုပ်သမားချင်း မိန်းကလေးများကို မတရားပြုသည့်ကိစ္စကို မကြာခဏ ကြားနေရသည်။ သို့သော် အများစုမှာ ဒီအတိုင်းသာ တိတ်ဆိတ်နေကြပြီး၊ အနည်းကျည်းမျှသာ ၄င်းတို့အဖွဲ့သို့လာပြီး အကူအညီ တောင်းကြသည်ဟု ဆိုသည်။ လာရောက် တိုင်ကြားသည့် လူများသာ ၄င်းတို့က ကူညီနိုင် သည်။ အမှုများစုမှာ မြန်မာ ပြည်သားအချင်းချင်း ဖြစ်သည့် အမှုက များသည်ဟု ပြောသည်။ သူမ၏ အမှုမှာ အလိုမတူထိန်းချုပ်ထားမှု၊ ရောင်းစားမှု၊ အုပ်စု အလိုက် မုဒိမ်း ကျင့်မှုတို့ဖြစ် သည်ဟု ပြောပါသည်။

ရက် (က်) ထိုင်းအဖွဲ့အတွက် အမှုလိုက်ပေးနေသော ရှေ့နေက ၂၀၀၈ ခုနှစ်အောက် တိုဘာ လအထိကို အဖွဲ့ကို လာတိုင်သည့် မုဒိမ်းမှု (၃၀) ခန့်ရှိမည်ဟု ဆိုပါသည်။

ခင်ခင်အမှုလိုက်ရှေ့နေမှ ဆေးစစ်ထားသည့်အဖြေထွက်လာပါက ထိုင်းနိုင်ငံတွင် သူမဘယ် နှစ်လအကြာ နေရမည်ကို ခန့်မှန်းနိုင်မည် ဟု ဆိုပါသည်။ ၄င်းအမှုကိုလည်း ရုံးတင်ထားဆဲ ဖြစ်သည်ဟု ပြောပါသည်။

ထိုင်းနိုင်ငံတွင်မနေလိုတော့ဘဲ မိဘဆီကိုသာ ပြန်ချင်သည်ဟု ခင်ခင်က ဆိုသည်။ သူမ အဖြစ်က မိဘနှင့် မိသားစု၏ ဆင်းရဲ ကြပ်တည်းမှု ကို မကြည့်ရက်သည့် အတွက် မိမိလုပ် အားခ ဝင် ငွေဖြင့် ကူညီချင်သည့် အတွက် ထိုင်းနိုင်ငံ မဟာချိုင်တွင် အလုပ်လုပ်ရာမှ ရက်သတ္တပတ် (၂) ပတ်အတွင်း ဒုက္ခအမျိုးမျိုးကို ရင်ဆိုင် တွေ့ကြုံရပါသည်၊၊ ထိုရက်သတ္တ (၂) ပတ်အတွင်း (၂) ရက်လုံး အလိုမတူ အဓမ္မပြုခြင်းသာခံရပြီး ထမင်း မစားရသည့် ရက်များ ရှိသကဲ့သို့ အနှိပ် ခန်းဟုခေါ်သည့် ပြည့်တန်ဆာရုံတွင် ဘတ် (၅၀၀၀) တစ်ခါ၊ ဘန်ကောက် မြို့တွင် အိမ်ဖော်အဖြစ် ဘတ် (၄၀၀၀) တစ်ခါ ရောင်းစားခံရသည်ဟု ကွမ်းဝါးနေရင်းမှ နောက်ထပ် ကွမ်းတစ်ယာကို ပါးစပ်ထဲထည့်ငုံရင်း ခင်ခင်က ပြောသည်။

အောက်တိုဘာ ၁၂ ရက်နေ့ မနက် (၄) နာရီတွင် ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ ထိုင်းယူနီယံ ကုမ္ပဏီတွင် အလုပ်လုပ် ကြသည့် မြန်မာ အလုပ်သမားများနေသည့် တိုက်ခန်းသို့ရောက်ပြီး မိနစ်ပိုင်းအကြာတွင် လူမုန်းဟုခေါ်သည့် ပွဲစား၏ မုဒိမ်းကျင့်ခြင်းကို ခံရသည်ဟု ခင်ခင်က ဆိုပါသည်။

"မနက် (၄) နာရီ အဲဒီအခန်းကိုရောက်တော့ သမီးတို့ ရေသောက်မုန့်စားကြတယ်၊ ဟို (ကော့သောင်း မြန်မာ နယ်စပ်) ကနေ (အောက်တိုဘာ ၁၁ ရက်) မနက် (၆) နာရီကထွက် လာတာ ဘာမှလည်း မစားရဘူး၊ သမီးက လန်းလန်းဆန်းဆန်းဖြစ်အောင်ဆိုပြီး ရေချိုး လိုက်တယ်၊ အဲဒီမှာ ဦးလူမုန်းက ကလေးမအိပ်ဖို့ စောင်လာယူတဲ့၊ သမီးသွားယူတော့ သူ သမီးကိုဆွဲချတယ်၊ ပါးစပ်ပိတ်ပြီး သမီးကို မုဒိမ်းကျင့်တယ်၊ အဲဒီအချိန်ဆို သမီး သူငယ်ချင်း က မုန့်စားပြီးအိပ်ပျော်နေပြီး၊ မနက်မိုးလင်းတော့ နယ်စပ်ကနေခေါ်လာတဲ့ ကင်းမွှန် ဆိုတဲ့လူ ရောက်လာတယ်၊ သမီးသူ့ကို ပြောပြတယ်၊ သူဂရုမစိုက်ဘူး" ဟု ဆိုသည်။ အသက် (၃၀) ဝန်းကျင်ရှိ လူမုန်းသည် သူမတို့ (၂) ဦးကို စောင့်ကြည့်နေသည့် ပုဂ္ဂိုလ်ဖြစ်သည်။

ခင်ခင်၏ ပြောပြချက်အရ သူမ၏သူငယ်ချင်း (၁၄) နှစ်အရွယ်မိန်းကလေးကိုလည်း ကင်း မွှန်၊ လူမုန်းတို့က မုဒိမ်းကျင့် လိုက်သေးသည် ဟု ဆိုပါသည်။

"ကင်းမွှန်ရောက်တဲ့နေ့မှာ လူမုန်းက စားစရာမုန့်သွားဝယ်မယ်၊ သမီးကို လိုက်ခဲ့ဆိုပြီး ခေါ် သွားတယ်၊ အဲဒီအနီးနားမှာပဲ၊ လမ်းလျှောက်ရင်း လူမုန်းကဖုန်းပြောနေတယ်၊ မုန့်ဝယ်ပြီး သမီးအရင် အိမ်ပြန် နှင့်မယ်လို့ပြောတော့ လူမုန်းက မပေးသွားဘူး၊ သမီးသူငယ်ချင်း အတွက် စိတ်ပူတယ်၊ လူမုန်းသမီးကို အတင်းတားတယ်၊ သမီးမုန့်တွေပစ်ပြီး အတင်းပြန်လာတယ်၊ အခန်း ရောက်တော့ သမီး သူငယ်ချင်းက ပြောတယ်၊ ကင်းမွှန်က သူ့ကို အဲဒီလို လုပ်တယ်ပေါ့"။ ထို့နောက် သူမတို့ (၂) ဦးကို လူစုခွဲလိုက်သည်ဟု ခင်ခင်က ပြောသည်။

၎င်းနောက် အောက်တိုဘာ (၁၃) ရက်နေ့တွင် ကိုဇော်ဟုခေါ်သည့် လူက ၂ ကြိမ်၊ (၁၄) ရက် နေ့တွင် လူမုန်းက ၁ ကြိမ်၊ (၁၅) ရက်နေ့တွင် ထမင်းပို့ယောင်ဆောင်သည့် ကိုယ်ခန္ဓာ ဝဝနှင့် အမျိုးသားက မနက်ပိုင်း တွင် (၁) ကြိမ်၊ ကိုဇော်က (၁) ကြိမ်၊ ယင်းညနေ တွင်လည်း ကိုယ် ခန္ဓာဝဝနှင့်လူမှ နောက်ထပ် (၁) ကြိမ်လာရောက် မုဒိမ်းကျင့်ရာတွင် မေ့ချင်သလိုလိုတောင် ဖြစ်သွား သည်ဟု ခင်ခင်ကပြောပါသည်။ နောက်တနေ့တွင် လူမုန်းက အဓမ္မကျင့်ဖို့ ကြံနေစဉ် မှာပင် လူတစ်ယောက်က တံခါးလာခေါက်ပြီး သူမကို အပြင်ထုတ်ခေါ်သွားပြီး မဟာချိုင်မြို့ရှိ အနှိပ်ခန်းဆိုင်တစ်ဆိုင်ကို ပို့ပါသည်။ ၎င်းဆိုင်ရှင်က သူမရှေ့တွင်ပင် လူမုန်းကို ဘတ်ငွေ (၅၀၀၀) ပေးလိုက်သည်ဟု ခင်ခင်ကပြောသည်။

"နာမည်ကသာ အနှိပ်ခန်း တကယ်တော့ အဲဒါဖာဆိုင်ပဲ၊ သမီးကို အဲဒီမှာ (၂) ရက်ထား ပြီးဟို အခန်းကို ပြန်ခေါ်သွားတယ်၊ အခန်း ပြန်ရောက်တော့ စိုးပိုင်ဆိုတဲ့လူ (အသက် ၄၀) ကျော် လောက်) က လာ စော်ကားတယ်၊ အကူအညီတောင်းရမယ့်လူကလည်းမရှိ၊ အခန်းနဲ့ မတိမ်းမ ရိမ်းမှာ သူတို့စောင့်နေတယ်၊ ထွက်ပြေးလို့လည်းမရ" ဟု ဆိုသည်။

အနှိပ်ခန်းဟု ခေါ်သည့် ပြည့်တန်ဆာဆိုင်ကပြန်လာပြီး (၃) ရက်အကြာတွင် ခင်ခင်ကို မဟာ ချိုင်မြို့ရှိ ဆွယ်ဆန်းဟုခေါ်သည့် နေရာကိုခေါ်သွားပြီး ထားဝယ်လင်မယား ပွဲစားအိမ်ကို ပို့ပြန်သည်။ ထိုနေရာတွင် မြန်မာပြည် အထူးသဖြင့် ကော့သောင်း ဒေသ မှလာသော လူများ အလုပ်မရခင်တွင် ထိုလင်မယားအိမ်တွင် တည်းနေကြသည်ဟု ခင်ခင်ကပြောသည်။

"အဲဒီမှာ လူအများကြီးနဲ့ နေတာထမင်းလည်းစားရတယ်၊ စိတ်ထဲမှာလည်းပျော်တယ်၊ သမီး သူ့ကို ပြောပြတယ်၊ သမီးကို ကင်းမွှန်ဆီ ကနေဝယ်လိုက်ပါလား၊ သူများလိုပဲ သမီးကိုအလုပ် ရှာပေး၊ ပိုက်ဆံကြေတဲ့အထိ သမီး အလုပ်လုပ်ပြီး ဆပ်မယ်လို့ သမီးသူတို့ကို တောင်းဆို တယ်၊ ကင်းမွှန်က သမီးကို နယ်စပ်ကနေ ခေါ်လာတဲ့ အတွက် ကင်းမွှန်ကပဲ သမီးကို ပိုင်တယ် သူတို့က အဲလိုပြောတယ်"။

ထိုလင်မယားအခန်းတွင် (၃) ရက်ကြာပြီးနောက် ကင်းမွှန် ပြန်ရောက်လာပြီး လူအများရှေ့တွင် သူမကို ဖာသည်မ၊ ပြဿနာမ ဟုဆဲဆိုသည်ဟု ခင်ခင်က ပြန်ပြောသည်။

ထိုအခါ ခင်ခင်က "ဦးခေါ်လို့ ရောက်လာတာ၊ မီးဖာသည်မဖြစ်တာ ဦးနစ်နာသွားလား၊ မီးနေရာ မှာ ဦးညီမ သာဖြစ်ရင် ဘယ်လို ဆုံးဖြတ်မလဲ" ဟု သူမ ပြန်မေးတော့ ကင်းမွှန်ဘာမှ ပြန်မပြော ချေ။

သူမကို (ယူနီယံဟု ခေါ်သည့်နေရာ) အရင်ထားခဲ့သည့်အခန်းကို ကင်းမွှန်ပြန်ခေါ် သွားသည်။ ထိုအခန်းတွင် (၃) ရက်ကြာ နေရပြန်သည်။ ထိုရက်အတွင်း စိုးပိုင်၊ လူမုန်းနှင့် ထွန်းကိုဆိုသည့် လူတို့က လာရောက် စော်ကား ပြန်သည်။ ၎င်းနောက် သူမကို ဘန်ကောက်တွင် တစ်လ ၃၀၀၀ အိမ်ဖော်သွားလုပ်ရန် ထွန်းကိုက ထိုင်း အမျိုးသမီး တစ်ယောက်ဆီကို မဟာချိုင်မြို့၏ တက်(စ်) ကိုလိုတပ်(စ်) တွင် လွှဲပြောင်းလိုက်ပြီး ဘတ်ငွေ (၄၀၀၀) ကို လက်ခံယူသည်ဟု ခင်ခင်က ပြောသည်။

ဘန်ကောက်တွင် မနက် (၅) နာရီ ထအလုပ်လုပ်ရပြီး ည (၉) နာရီထိုးမှ နားရသည်၊၊ အစား အစာကိုလည်း အိမ်ရှင်က စားသောက်ပြီး ပန်ကန်တွင် ကျန်နေသည်မှ စားရသည်။ ထိုအိမ် တွင် (၂) ရက်သာကြာသည်။ ထိုင်းအမျိုးသမီးက ခင်ခင်ကို သူမ လက်ထဲကို ထည့်လိုက်သည့် ပုဂ္ဂိုလ်က လာပြန်ခေါ်လိမ့်မည်ဟု ထိုင်း စကားဖြင့် ပြောသည်ကို ရနောင်းတွင်အလုပ်လုပ်ဖူး သည့် ခင်ခင်က တစ်လုံးစ နှစ်လုံးစသာ နားလည်သည်။ သို့သော် ထိုင်းအမျိုးသမီးက ခင်ခင်ကို မဟာချိုင်ကို ပြန်ခေါ်သွားသည်မဟုတ်ပဲ ဘန်ကောက်မြို့ရှိ လူစည်ကားသည့် တနေရာတွင် ထားခဲ့သည်။ ညနေစောင်းလာသော်လည်း သူမကို မည်သူကမျှ လာမခေါ်ပေ။ ဗိုက်ကလည်း စာ ပိုက်ဆံကလည်းမရှိ၊ ထိုင်းစကားလည်း မပြောတတ်သည့် ခင်ခင်က အဝတ်တစ်ထုပ် ဖြင့်ငိုပြီး လမ်းပေါ်တွင် လျှောက်သွား နေခဲ့သည်။

ထိုအချိန်မှာပင် ပုလိပ်တစ်ယောက်ကို တွေ့သဖြင့်သူမသည် ဘတ်မရှိသည့်သူဖြစ်ပြီး၊ သူမ ကိုဖမ်းရန် ခင်ခင်က ငိုပြီး လက်နှစ်ဖက် ကမ်းပေးလိုက်သည်။

"မီးမှာသွားစရာ၊ လာစရာမရှိတော့ဘူးလေ၊ ပုလိပ်ဖမ်းလို့ အချုပ်ခန်းရောက်ရင် ထမင်းစား ရတယ်၊ အိပ်ဖို့ နေရာရှိတယ်" ဟု ပြောသည်။

သို့သော်လည်း ပုလိပ်ကမဖမ်းဘဲ သူ့ဘေးမှာရှိနေသည့် ရွှေတွေအများကြီးဝတ်ထားသည့် အမျိုးသမီးက ထမင်းစားပြီးပြီးလား၊ ဘယ်မှာအလုပ်လုပ်လဲ စသဖြင့်မေးသည်။ ခင်ခင်က အိမ်ပြန်ချင်တယ်ဟု ငိုပြီးသူမကို ပြောသည်၊ ထိုအမျိုးသမီးက ဘတ် ၂၀၀ ပေးပြီး ထမင်းဝယ် စားဟု ပြောသည်။ ခင်ခင်က ထိုင်းစကားတစ်လုံးစ နှစ်လုံးစဖြင့် မဟာချိုင် သွားမည်ဟု ပြော သည့်အတွက် သူတို့က တက္ကစီ တစ်စီးကိုခေါ်ပေးသည်၊ ခင်ခင်က ထိုင်းနိုင်ငံတွင် သူမ သိ သည့်လူဟူ၍ လူမုန်းတို့အုပ်စုသာရှိသည်ဟုပြောသည်။ သူမတွင် လူမုန်း ဖုန်းနံပါတ် ရှိသည်။ တက္ကစီဒရိုင်ဘာကို အကူအညီတောင်းပြီး လူမုန်းကိုဖုန်းဖြင့် ကားပေါ်တွင် "နင်တို့ ငါ့ကိုယ်လည်း ဖျက်ဆီးတယ်၊ လမ်းမှာလည်းပစ်ထားတယ်၊ နင်တို့ဆီကို ငါပြန်လာပြီး" ဟု ကွမ်းတံ တွေးထွေးစဉ် ခင်ခင်က ပြောသည်။

စာရေးသူမှာ မနက် (၁၀) နာရီဝန်းကျင်မှ ခင်ခင်နှင့်မိတ်ဖွဲ့ရင်း သူမပြောသည်ကို ရေးမှတ်နား ထောင်နေရင်းမှ နေ့လည် မွန်းတည့်ချိန် ပင်ရောက်နေသည်ကို ယခုမှသတိထားမိသည်၊ ခင်ခင် ဆံပင်ဆေးဆိုးနေသည့် ရုံးခန်း၏ အပြင်ဘက် ဝရန်တာ ကလေးတွင်ထိုင်ပြီး စကားပြောနေ သည့်အတွက် တိုက်ခတ် လာသော လေကြမ်း၏ အနည်းငယ်ညှီသော အနံ့ကို ရှုရှိုက်မိမှ ရတ်(က်) ထိုင်းရုံးသည် ကမ်းနားတွင်ရှိ သတိထားမိ ပါတော့သည်။ မနက်ပိုင်းရုံးကို ဆိုင်ကယ် ဖြင့်အလာတွင် ငါး၊ ပုစွန်ခြင်းတို့ဖြင့်အလုပ်ရှုပ်နေသော နက်ပြာရောင် ဝတ်စုံ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဖြင့် အလုပ်ရှုပ်နေကြသော အလုပ်သမားတစ်စုကို မျက်မှန်းတန်း မိသော်လည်း ပင်လယ်ကမ်းနားဖြစ်နေမှန်း မသိလိုက်ပေ၊ ယခုမှပင် စက်လှေကြီးတို့၏ ထိပ်ပိုင်းကို လှမ်းမြင် နေရပါသည်၊ ခုတ်မောင်းနေသော စက်လှေသံ သဲ့သဲ့ကိုလည်းကြားလိုက်ရသည်။

ဘန်ကောက်ကနေ မဟာချိုင်ကို ဘယ်အချိန်ပြန်ရောက်သလဲဟု မေးရာ ည (၁၂) နာရီ ဟု ခင်ခင်က ပြောသည်၊၊ "အဲဒီအခန်းကို ပြန်ရောက်တော့ (၂) ရက်လုံးလုံး၊ ထမင်းလာမကျွေး ဘူး၊ မီးလေဗိုက် အရမ်းဆာတော့ ရေပိုက်က ရေကိုသောက်တယ်၊ ဘုရား ရှိခိုးတယ်"၊၊ ထိုကဲ့သို့ သူမဒုက္ခဖြစ်နေစဉ်မှာ တနေ့မနက်တွင် အခန်းတံခါးခေါက်သဖြင့် တံခါးဖွင့်ရာ အမျိုးသမီးတစ် ဦးက သူမကို လူမုန်းရှိလားဟု မေးသည်၊၊ လူမုန်းမရှိသည့်အတွက် အမျိုးသမီးကပြန်လှည့် သွားရာ ခင်ခင်က နောက်ကနေလိုက်ကြည့်ပြီး အမျိုးသမီး ဝင်သွားသည့်အခန်းကို မှတ်ထား လိုက်သည်။ ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်ရာ လူမုန်းက လူတစ်ယောက်နှင့်စကားပြော နေသည်ကို တွေ့သည်ဟု ခင်ခင်ကပြောသည်။ နောက်တနေ့ လူမုန်းက သူမဆီကိုလာရာ ထမင်းဝယ်စားရန် ဘတ်ငွေ (၄၀) ပေးခဲ့သည်။ လူမုန်းထွက်သွားပြီးနောက် ခင်ခင်က အမျိုးသ မီးအခန်းကို သွားပြီးသူမအကြောင်းကို ပြောပြရာ အမျိုးသမီးက ရတ်(က်) ထိုင်း လူမှုအဖွဲ့အ စည်းက ဦးအောင်မင်းကို ဆက်သွယ်ပြီး ခင်ခင်ကို ပွဲစားတို့၏လက်မှ ကယ်ထုယ်လာ ခဲ့သည်။

ခင်ခင် ထွက်မပြေးခင်တွင် စိုးပိုင်ဆိုသည့်လူက ထိုအခန်းတွင် ခင်ခင်ကို အခမဲ့နေခွင့်ပြုမည်။ သူတို့ တစ်လဘတ် (၆၀၀၀) ပေးမည်။ အခန်းတွင်နေပြီး လိင်အလုပ်သမဖြင့် လုပ်စားရန် သူမ ကို ပြောသည်ဟု ခင်ခင်က ပြောသည်။ ခင်ခင်က စိုးပိုင်မယားငယ် သတ်မှတ်ပါက စိုးပိုင်တစ် ဦးအနေဖြင့် လာတွေ့သည်ကို သူမလက်ခံမည်၊ စိုးပိုင်ပြောသလိုမျိုးမလုပ်နိုင်ဟု ဆိုသည်။

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[:: My Little World ::] 1 New Entry: ငါတရားစီရင်တော်မူခန်း

ငါတရားစီရင်တော်မူခန်း

ချစ်ခြင်းအားဖြင့်
ငါတရားစီရင်တော်မူခန်း
ထူးအိမ်သင်

အလင်းနှစ် သန်းပေါင်းများစွာ.....
ငါ နဲ့ ငါ့ဘ၀ ဝေးကွာ.... အတ္တတစ်ခု နဲ့ အတ္တကို ပြန်မြှောက်
ငါ့ကို ငါက ရှုံ့ ချ.... ငါ့ကို ငါပဲ အားကျ
အဆုံးအစမသိတဲ့ ခရီးမှာ... လမ်းပြကွန်းပတ်စ်လဲ မပါ
လောကပညတ်များထဲ ငါဘယ်မှာ
ငါ့ကို ငါက ရှုံ့ ချ.... ငါ့ကို ငါပဲ အားကျ

ငါ တည်ဆောက်ခဲ့ရသမျှ .... ပြန်ပြီး ဖြိုချ....
ငါ စုဆောင်းခဲ့ရသမျှ .... ငါ စွန့်လွှတ်လိုက်ရ..
ငါ သိထားခဲ့ရသမျှ... ငါ မေ့ဖို့ ကြိုးစား..
ငါ မရှိ... ငါ မသိ... ငါ ၏ ငါ အမှားများ . . .

ငါ သိပ်မသိသော ... ငါ့ရဲ့ နောက်တစ်ယောက်က..
ငါ နားမလည်သော ... ငါ့ရဲ့ အခြားတစ်ဖက်က..
ငါ အကျွမ်းမ၀င်သော ... ငါ့မှာ ...
ငါ့ကို ငါက ရှုံ့ ချ .... ငါ့ကို ငါပဲ အားကျ
ငါ ပျောက်နေဆဲ ... ငါ့ရဲ့  အနီးဆုံးမှ ...
ငါ လိုက်ရှာဆဲ ... ငါ့ရဲ့  အဝေးဆုံးက ...
ငါ နဲ့ ငါ ကြား ဗျာများနေဆဲ ... ငါ ...

လူ့ ကလပ်စည်းများ အတွင်းမှာ ...
ငါ စိုးသိပ်တိုး တဖျတ်ဖျတ်ခါ
အတ္တတစ်ခုက အတ္တကို စေစား
ငါ့ကို ငါက ရှုံ့ ချ.... ငါ့ကို ငါပဲ အားကျ

မီးများနဲ့ ကင်းဝေးရာ... ငါမီးထွန်းပြီးတော့ လိုက်ရှာ
ငါ့လမ်း ပညတ်များနဲ့ ငါ အလယ်မှာ
ငါ့ကို ငါက ရှုံ့ ချ.... ငါ့ကို ငါပဲ အားကျ

.....
.....

ငါ ပျောက်နေဆဲ ... ငါ့ရဲ့  အနီးဆုံးမှ ...
ငါ လိုက်ရှာဆဲ ... ငါ့ရဲ့  အဝေးဆုံးက ...
ငါ နဲ့ ငါ ကြား ဗျာများနေဆဲ ... ငါ ...

Credit to shinyehtut from NativeMyanmar

Other Post : ငါ - မင်းသုဝဏ်

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ပျားရည်ဆမ်းသောလမ်း] 3 New Entries: ရင်တွင်းက ခံစားချက်လေးပါ

ရင်တွင်းက ခံစားချက်လေးပါ

နုံဖျင်းလှတဲ့မရေရာမှုမျိုးနှင့်
သေချာမှုတွေေ၀၀ါးနေတဲ့ဘ၀ကြီးကို ကျော်ဖြတ်နေမိတဲ့ကို့အတွက်
လက်ပြလို့ထားသွားလဲနေခဲ့မိမှာပါ ..
အကြင်နာတွေအပြည့်နွဲ့နာကျင်မှုတွေပြွတ်သိပ်နေပေမယ့်
ရှိစုမဲ့စုခွန်အားလေးတွေကို ဖြစ်ညှစ်ပြီး မင်းအတွက်
ထာဝရခွင့်လွှတ်နေမယ့် သူတစ်ယောက်ပါ .... မိန်းကလေးရယ်
တစ်ကယ်တော့ လွှင့်မျှောနေတဲ့ တိမ်တိုက်တွေကြား
အချစ်ဆိုတာကို လိုက်ဖမ်းရင်းနဲ့ပဲ ခံစားချက်တွေအားလုံး
လေနဲ့အတူတူလွင့်ပါသွားခဲ့ပြီးပါပြီ
အချစ်ဆိုတဲ့ ခံစားချက်လေးတစ်ခုကနေ
ရရှိလိုက်တဲ့ အဓိပ္ပါယ်ပေါင်းများစွာကို
နာကျင်မှုတွေနဲ့ပဲ တိတ်တဆိတ်
ရင်ဘတ်တစ်နေရာမှာ ၀ှက်ထားလိုက်မိတယ် ... မိန်းကလေးရေ
ကို့ရဲ့စကားလုံးတွေဟာ မင်းအတွက်ကြမ်းတမ်းနေပေမယ့်
ထိခိုက်ကွဲလှလွယ်ပြီး နူးညံ့တဲ့နှလုံးသားတစ်စုံအတွက်
မင်းပေးတဲ့ ရက်စက်မှုတွေက ကို့အတွက်တော့ အရမ်းပြင်းထန်နေတယ် မိန်းကလေး
တွေ့ခဲ့ရတာ တစ်ခဏလေးဆိုပေမယ့်
ပျော်စရာစကားလုံးတွေကို ရေတွက်လို့မရအောင်ပြောနေပေမယ့်
တစ်ကယ်တဲ့ ပြုံးနေတဲ့ မျက်နှာဖုံးတုရဲ့အောက်က
နာကျင်မှုတွေကိုတော့ မင်းမြင်တတ်ရင်
တစ်နေ့နားလည်လာမှာပါ ...
ကို့မျက်လုံးတစ်စုံကို မင်းအဓိပ္ပါယ်ဖွင့်တတ်ရင်တော့
ရင်ထဲတစ်နေရာက အမည်ဖော်လို့မရတဲ့
သောကတစ်ချို့ကို မင်းပုံဖော်လာနိုင်မှာပါ .......

အမေတစ်ယောက်ရဲ့ ချစ်ခြင်းအတွက်အမှတ်တရ


ဘာရယ်တော့မဟုတ်ပါဘူး။ တိုက်ဆိုင်မှုလေးရှိလို့ရေးဖြစ်သွားတာပါ။ ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံမှာလိုပဲ.......ထိုင်းနိုင်ငံမှာလည်း ချစ်စရာကောင်းတဲ့ယဉ်ကျေးမှုလေးတွေရှိပါတယ်........12/8/2008 ရက်နေ့မှာဆိုရင်လည်းအခုဆိုရင် အမေများနေ့အဖြစ်သတ်မှတ်ထားပါတယ်...။
မိဘနဲ့ဝေးနေတဲ့သူတွေတိုင်း တိုင်ဆိုင်မှုတွေနဲ့ ကြုံရင်ပဲဖြစ်ဖြစ်ပေါ့လေ။ မိဘကို မလွမ်းတဲ့သူဆိုတာ မရှိပါဘူး။ အထူးသဖြင့် သားတွေက အမေကို ပိုချစ်ကျမယ်လို့ ထင်ပါတယ်။ ကျွန်တော်ထင်တာကို ပြောတာနော်...... ကျွန်တော်ထင်တာမှားရင် လည်းခွင့်လွတ်ပေးကျပါနော်။ ကျွန်တော်က အမေကို ပိုချစ်တဲ့ သူဆိုတော့ လည်း အမေအကြောင်းလေး တိုက်ဆိုင်တုန်း ရေးလိုက်တာပါ။ ဒီနေ့မှာ ဆိုရင် အားလုံးက အမေကို ကန်တော့ကျတယ် ကျွန်တော့်မှာ တော့ စိတ်ထဲက တမ်းတပြီးတော့ ပဲ အမေရေ သားဒီနေရာကနေကန်တော့ပါတယ်ဆိုတာလေးနဲ့ပဲ လက်အုပ်ကလေးချီ ပြီးတော့ပဲ ကန်တော့ရပါတော့တယ်။ အမေ့ကိုချစ်တဲ့သားကြီးအဝေးတစ်နေရာက နေကန်တော့လိုက်ပါတယ်။ အမေကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ချစ်သောမေမေ။ သူငယ်ချင်းများအားလုံးနဲ့ ဘလော့မှာ ညီအစ်ကို မောင်နှစ်မများအားလုံး သိစရာလေး ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုလေးတွေ ကို သိရှိအောင်လို့ ပိုစ့်လေးတစ်ခုအဖြစ်တင်ပေးလိုက်တာ။ ဘလော့ဂါ ညီအစ်ကို မောင်နှစ်မများအားလုံး ကျန်းမာပျော်ရွှင်ပါစေဗျာ။

မလင်းလက်တဲ့ကို့အချစ်

သတိရလားလို့မေးရင်
သတိမရဘူးလို့ ဖြေရမှာပါပဲ . .

အချစ်က ကိုယ့်အတွက်မလင်းလက်ခဲ့ဘူး . .
ဒီတော့ ကိုယ်က အချစ်ကို မယုံတော့ဘူးပေါ့ . .

စွဲလမ်းခြင်းတွေတောင် မြဲကြတာမဟုတ်ဘူး . .
မနေ့က အဲ့ကောင်မလေးကို အရူးအမူးစွဲလမ်းခဲ့ပေမဲ့
ဒီနေ့ကြ တခြားကောင်မလေးတစ်ယောက်ကို စွဲလမ်းနေတာမျိုး . .

အိမ်မက်ထဲမှာလဲ လူဦးရေများတာပါပဲ . .
ညဥ့်ဦးယံမှာ ကိုယ်နဲ့ကြိုက်ခဲ့တဲ့တစ်ယောက်ကို အိပ်မက် မက်ကောင်းမက်နေလိမ့်မယ် . .
သန်းခေါင်ယံကြတော့ ကိုယ်ကြွေခဲ့တဲ့မိန်းကလေးတစ်ယောက်ကို အိပ်မက်နဲ့ တမ်းတဖြစ်မယ်. .
ဒီလိုပဲလေ . .

သူကိုယ့်ကို ပြန်မချစ်တာမပြောနဲ့
ကိုယ်သူ့ကို တခြားသူတွေထက် ပိုချစ်သလားမချစ်ဘူးလားတောင် မသဲကွဲပါဘူး . .

အနေနီးတာများလို့
သူ့အကြောင်းပိုတွေးနေမိတာ ဖြစ်ကောင်းဖြစ်လိမ့်မယ် . .
သူလှသလိုရှိတာကလည်း
သူ့ဘက် စိတ်ယိမ်းနေတာဖြစ်မှာပါပဲ . .

မနက်ဖြန်
ဘယ်သူနဲ့တွေ့မယ်ဆိုတာ ဘယ်သူတပ်အပ်သိနိုင်မှာတဲ့လဲ . .
ကဲ . .
ကိုယ်ကကော နောင်
ဘယ်လောက်ချစ်တတ်ဦးမှာလဲ . .

အကြွေလွယ်
အကောက်ခက်
နွမ်းလို့လေလားကွယ်
ကိုယ်ကလည်း တစ်ချိန်က ပန်းဖြစ်ခဲ့တာပါပဲ . .

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆောင်း] 1 New Entry: ကိုယ်တွေ့ပုံပြင် - စိတ် -၂

ကိုယ်တွေ့ပုံပြင် - စိတ် -၂


ရုံး က လုပ်ဖော်ကိုင်ဖက် အမကြီးဟာ မိဘဂုဏ်ရှိန်နဲ့ ချမ်းသာ သလို ခင်ပွန်းသည်က လည်း ထုံးစံအတိုင်း ရွှေကို ရွှေနဲ့ထပ်တဲ့ အလွှာမိုလို့ အထူးပြောစရာ မလိုတဲ့ ဌာနတစ်ခုက အထက်ရာထူး ဒုတိယ အကြီးဆုံး ဆိုပါတော့။

သူဟာ ခေတ်ဟောင်းစံနစ်ကို မှီတဲ့ အတွက် အင်္ဂလိပ်လို အတော် ပြောနိုင်ပါတယ်။ နိုင်ငံခြား အတွေ့အကြုံလည်း ရှိမဲ့ ပုံပေါ်ပါတယ်။ စကားပြောရင် အင်္ဂလိပ်လို စာလုံး ကို မြန်မာစကားထဲမှာ အရမ်းကာရော ညှပ်သုံးပါတယ်။ ကျမတို့လိုကျောင်းသားတွေနဲ့ တွေ့ရင် မြန်မာ တ၀က် အင်္ဂလိပ်လို တ၀က် ပြောတယ်။ ကျောင်းသားတွေ နားမလည်မှာ စိုးရှာလို့ပါ။ အဟင်း... ကျမတို့ ကြောင်ကြည့်နေရင် သူမ အလုပ်မဖြစ်ဘူးလေ.. သူမ ပြောလည်း နားလည်အောင် .. ကျောင်းသားတွေလည်း နားလည်အောင်ပေါ့။

သူမဌာနထဲက လုပ်ဖော်ကိုင်ဖက် ဆရာဆရာမ တွေကို ဆိုရင် ဘိုလို ဘဲ မှုတ်တယ်။ သူမ စကားတွေဟာ မလိုအပ်ဘဲနဲ့ အလွန်ပြောနေတာပါ။

ဝတ်တဲ့ အ၀တ်အစားတွေဟာ အထူး ပေါ်လွင်ပြီး အရောင်တောက်တောက် တွေကိုမျှ ရွေးဝတ်ပါတယ်။ နောက်ပိုင်းမှ သိရတာက ... သူမ ရဲ့ မွေးကင်းစ ကလေး ဆုံးသွားတဲ့ နောက်ပိုင်း အခုလို ပြောင်းလဲသွား တာပါ။

သူစိတ်မှန်ပြီဆိုရင် အ၀တ်အစား အရောင်မှိန်မှိန်နဲ့ မျက်နာလည်း မပြင်မဆင်၊ ဆံပင်လည်း ဖြစ်သလို ချည်၊ အ၀တ်အစားလည်း ဘိုသီဘတ်သီ စကားလည်း မပြောဘဲ မျက်နှာလေးဟာ မှိုင်တွေနေပါတယ်။

စိတ်ဖောက်လာရင် လှလှပပပြင်ပြီး နဲ့ သူ့ အသံကို နေရာ တကာကြားနိုင်ပါတယ်
။ ကျမက အလှအပ မပြင်ဘဲ ရှိတာလေးနဲ့ဘဲ ၀တ်ပါတယ်။ မိဘ အခြေအနေအရ သူများတကာလို မမော်ကြွားနိုင်ပါဘူး။ အမတွေရဲ့ ကျောင်းစရိတ်ထောက်မှု့ မိဘရဲ့ ကျွေးထားမှု့ကြောင့် အလယ်အလတ်တန်းစား ဘ၀ မိုလို့ ထင်ပါရဲ့ အဲဒီအမ ဟာ ကျမကို အရေးမလုပ်ပါဘူး။

ကျမတို့အုပ်စုထဲမှာ ကျန်သူတွေဟာ ရှေ့နေသမီး၊ ဆရာဝန်ကြီးသမီး၊ ညွှန်မှုး သမီး စစ်ဗိုလ်ကြီးသမီး နဲ့ ကျန်တဲ့ ကျောင်းသားတွေဟာ ဌာန အသီးသီး တကသိုလ် အသီးသီးက ပါမောက္ခကြီးတွေရဲ့ သားတွေပါ။ တချို့က အ၀တ်အစားကို အမြဲကောင်းကောင်းဝတ်တဲ့သူဆိုရင် အဲဒီအမ က တခုတ်တရ သွားစကားပြောတာ တွေ့ပါတယ်။ အပြောခံရတဲ့ ဘော်ဒါတွေက ခေါင်းလေး တညိမ့်ညိမ့်နဲ့ သူမလည်း ထွက်ရော ရေထသောက်ရတော့တာဘဲ။ သူမ အစားမောလို့ ဆိုဘဲ။

တခါလည်း အ၀တ်အစား နီရဲရဲ ၀တ်ပြီး ထီးကလေးက လည်း လှမှလှ အရောင်စုံထီးနဲ့ ရုံးအပြင်ဘက် က ထမင်းဆိုင်သွားဖို့ ကောင်လေးတစ်ယောက်ကို အဖော်လိုက်ခဲ့ဖို့ အတင်းလက်ဆွဲခေါ်တယ်။ အင်ဂျင်နီယာ ကောင်လေးက ကြောက်ပြီး လစ်ရော..


(လက်နာလာပြီ နောက်နေ့မှ ဆက်ရေးမယ်။ စိတ်ရှည်ရှည်နဲ့ သည်းညှည်းခံပေးပါနော်။)

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အတွေးရပ်ဝန်း] 1 New Entry: မသိခြင်းများ

မသိခြင်းများ

လောကကြီးကပဲ သင်ယူစရာတွေ များလွန်းနေတာလား… ကျွန်မကိုယ်တိုင်က တုံးလွန်း အ,လွန်းလို့လား… လူ့ဘ၀သက်တမ်းမှာ အနှစ်နှစ်ဆယ် ကျော်လာတဲ့အထိ ကျွန်မ မသိတဲ့အရာတွေ အတော်များများ ရှိနေပါသေးတယ်။ တစ်ချို့အကြောင်းအရာတွေက ကိုယ်တိုင်က စိတ်မ၀င်စားတဲ့အတွက် သိဖို့မကြိုးစားလို့ မသိတာပါ။ တစ်ချို့အကြောင်းအရာတွေကျပြန်တော့ သိချင်လို့ ကြိုးစားလေ နားလည်ရခက်လေ ဖြစ်ပြီး မသိတာမျိုးပါ။

တကယ်တော့လဲ သိခြင်းနဲ့ မသိခြင်းကြားမှာ ခြားထားတဲ့အလွှာက ပါးပါးလေးပါ။ အဲဒီအလွှာပါးပါးလေးကို ထွင်းဖောက်မြင်နိုင်ဖို့အတွက် ဘာတွေလိုအပ်မလဲ…။ ကျွန်မ အကြိမ်ကြိမ် တွေးကြည့်ဖူးပါတယ်။ အရာရာကို သိမြင်နားလည်နိုင်စွမ်းရှိရင် ဘ၀ကြီးဟာ ပိုပြီး ပျော်စရာကောင်းနေမလား…။ အဲဒါတော့ သိပ်မသေချာဘူး ထင်တာပဲ။ တခါတလေမှာ သိခြင်းရဲ့ အရသာထက် မသိခြင်းရဲ့ အရသာက ပိုပြီး ချိုမြိန်နေတတ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်… ကျွန်မပြောတဲ့ ချိုမြိန်တဲ့ မသိခြင်းဆိုတာ လူတွေရဲ့စိတ်ကို မသိရခြင်းကို ပြောတာပါ။

အသိပညာ၊ အတတ်ပညာပိုင်းမှာတော့ ပိုသိလေ ပိုကောင်းလေပါပဲ။ အတတ်ပညာပိုင်းဆိုင်ရာမှာ သူများနဲ့ယှဉ်လိုက်လို့ ကိုယ်က ပိုသိ ပိုတတ်နေရင် ကိုယ့်အတွက် အခွင့်အရေးပိုရှိတာ သဘာဝပါပဲ။ ကျွန်မကတော့ လူသိများတဲ့ တက္ကသိုလ်ကနေ ဘွဲ့တွေ ရထားတာကလွဲပြီး ကိုယ်ယူထားတဲ့ field မှာ သင်ယူလေ့လာစရာတွေ အများကြီး ကျန်နေပါသေးတယ်။ မသိသေးတာတွေလဲ အများကြီးပါပဲ။

ဒါပေမယ့်လဲ အဲဒီအတွက်တော့ ကျွန်မ စိတ်ဓါတ်မကျပါဘူး။ ပညာရပ်တစ်ခုဆိုတာ လေ့လာလိုက်လို့ အလုံးစုံ သိသွားတယ်ဆိုတာမျိုးမှ မရှိတာ။ တစ်ခုသိသွားရင် နောက်ထပ်သိစရာ နောက်တစ်မျိုးကို ထပ်လေ့လာရမယ်။ အတတ်ပညာတစ်ခုဆိုတာက ကိုယ်ကသာ ဇွဲရှိမယ်၊ အချိန်ပေးနိုင်မယ်၊ သိချင်တဲ့စိတ်လဲ ပြင်းပြထက်သန်နေမယ်ဆိုရင် တစ်နေ့မှာ သိနားလည်လာနိုင်ပါတယ်။

ကျွန်မ မသိချင်လို့ သိဖို့မကြိုးစားတော့တဲ့အထဲမှာ ထိပ်ဆုံးက ပါနေတာကတော့ လူတွေအကြောင်းပါ။ လူ့ပတ်ဝန်းကျင်မှာနေပြီး လူတွေအကြောင်းကို မသိချင်ဘူးဆိုလို့ ကျွန်မကို အံ့သြနေကြမလားပဲ…။ လူတွေအကြောင်းကို ကျွန်မ တကယ်ကို မသိချင်တော့တာပါ။ တစ်ချိန်တုန်းကတော့ လူတွေရဲ့စိတ် ( အထူးသဖြင့် လူတစ်ယောက်ရဲ့စိတ် ) ကို နားလည်ချင်လွန်းလို့ အသည်းအသန် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီလို ကြိုးစားရတာဟာ ကိုယ့်စိတ်ကို ညှဉ်းဆဲသလိုပါပဲ။ သိလိုက်ရပြန်တော့လဲ ဘာမှပိုထူးမလာဘဲ ပူလောင်မှုကိုပဲ ခံစားရပါတယ်။ အဲဒီအချိန်ကစပြီး ကိုယ့်နောက်ကွယ်က ကိစ္စမှန်သမျှ ဘာကိုမှ မသိချင်တော့ပါဘူး။

ကျွန်မနဲ့ခင်တဲ့ ကောင်မလေးတစ်ယောက်ဆို သူ့ချစ်သူနဲ့ ပတ်သက်ပြီး သိချင်တာတွေ များလွန်းလှပါတယ်။ သူ့ချစ်သူရဲ့ Email Password ကို ယူထားပြီး ဖွင့်စစ်ရတာလဲ အမောပါပဲ။ ကျွန်မကတော့ ကျွန်မချစ်သူနဲ့ ပတ်သက်ပြီး သိချင်တာတွေ ရှိသလို မသိချင်တာတွေလဲ ရှိပါတယ်။ မိုက်မဲတယ်လို့ ဆိုချင်ဆို… အ,တယ်လို့ ပြောချင်ပြော … သိလိုက်ရလို့ စိတ်ဆင်းရဲသွားမယ့် အရာမျိုးဆိုရင်တော့ မသိဘဲနဲ့ ပျော်နေချင်ပါတယ်။

ငွေကြေးဟာ လူ့ဘ၀မှာ အတိုင်းအတာတစ်ခုအထိ အရေးပါမှန်း ကျွန်မ သိပါတယ်။ ဒါပေမယ့် ငွေကြေးအမြတ်အစွန်းရဖို့ ဈေးတွက်တွက်တဲ့ နည်းလမ်းတွေ ကျွန်မ မသိပါဘူး။ လူတစ်ယောက်အတွက် အလုပ်ခွင်မှာ နေရာကောင်းကောင်းရဖို့ လိုအပ်မှန်း ကျွန်မ သိပါတယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရည်အချင်းနဲ့ အလုပ်ကြိုးစားဖို့ကလွဲပြီး ဘယ်သူ့ကို ဘယ်လို ပေါင်းရမယ်ဆိုတာတော့ ကျွန်မ မသိပါဘူး။ လူတွေကို စိတ်ရင်းမှန်နဲ့ ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံတတ်တယ်။ ဒါပေမယ့် ကိုယ့်အပေါ်မှာ လူတွေ ဘယ်လိုသဘောထားလဲ… ကျွန်မ မသိပါဘူး။

ချစ်သူကိုလဲ တန်ဖိုးထားမှုတွေနဲ့ မြတ်မြတ်နိုးနိုး ချစ်ခဲ့မိတယ်။ အဲဒီအချစ်ကို ဘယ်လိုစကားလုံးတွေနဲ့ ပြောပြရမလဲ… ဘယ်လိုအမူအယာတွေနဲ့ ဖော်ပြရမလဲဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မရဲ့ မသိခြင်းတွေကို ပြောပြရင် ကုန်နိုင်မယ်တောင် မထင်ပါဘူး။ လောကကြီးကပဲ သင်ယူစရာတွေ များလွန်းနေတာလား… ကျွန်မကိုယ်တိုင်က တုံးလွန်း အ,လွန်းလို့လား… လူ့ဘ၀သက်တမ်းမှာ အနှစ်နှစ်ဆယ် ကျော်လာတဲ့အထိ ကျွန်မ မသိတဲ့အရာတွေ အတော်များများ ရှိနေသေးတယ် ဆိုတာကတော့ အသေအချာပါပဲ။

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဇောင်း] 1 New Entry: ဝေဒနာပြူတင်းပေါက်

ဝေဒနာပြူတင်းပေါက်

မျှော်ကာမျှော် ပေါ်မလာသူရယ်စိမ်းကား
မချစ်လို့မုန်းလို့ ပုန်းနေသလား......

အလွမ်းဓါတ်ခံရှိတဲ့သူမို့လားမသိ အဆွေးသီချင်းတွေဆို တော်တော်ကြိုက်တယ်ဗျာ...... အခုလည်း ကျနော်ကြိုက်တဲ့ သီချင်းထဲက ဝေဒနာပြူတင်းပေါက် ဆိုတဲ့ သီချင်းလေးကို ဝေမျှလိုက်ပါတယ်ခင်ဗျာ.... နားဆင်ခံစားကြည့်ပါ လိုချင်တယ်ဆိုရင်လည်း ကူးယူလိုရပါတယ်..။
ဆို.... Black Hole (အစိုင်း)





ကူးယူရန်


ဟိုအရင်တုန်းကတော့ ဒီအချိန်ဆို
ဂစ်တာသံလေးများပေးလိုက်တိုင်း
အကြင်နာဆုံးသူရယ် ပြူတင်းပေါက်..မှာ
ကိုယ်ထင်ပြတဲ့ ချစ်သူလေး
ဂစ်တာလေးနဲ့ဆွေးပြီးအခုတော့
ကိုယ်ယောင်ဖျောက်ခဲ့ ချစ်အရိပ်လေး
မျှော်ကာကြည့်ကာရင်ထဲ ဆွေးစရာ
ဝေဒနာပြူတင်းပေါက်လေးပဲ ပေါ့

မျှော်ကာမျှော် ပေါ်မလာသူရယ်စိမ်းကား
မချစ်လို့မုန်းလို့ ပုန်းနေသလားဟာ….
ဂစ်တာသီးသံများကြားရင်
ကိုယ်ထင်ပြကာနားဆင်အုံး
အပြာရောင် မီးကလေးကို ထွန်းလို့
တံခါးလေးဖွင့်လို့ကြည့်လိုက်အုံး
အမျှော်လင့်ဆုံးသူလေး ဝေးရင်
ဒီဝေဒနာပြူတင်ပေါက်လေးပဲပေါ့

ဂစ်တာတေးသွားများဟာ အချစ်အတွက်
သီဆိုက ဆက်သခဲ့သူမို့….
ပြန်လည်ပေးအပ်ခဲ့သောအကြောင်းအရာ
ဒီဝေဒနာ ဆုလောဘ်များပါလား…
ကြွေသူအလွမ်းများတေးသီဖွဲ့လို့
သံစဉ်တွေလွှင့်ထုတ်လို့နေလည်း
နေနိုင်ရက်သူရယ်စိမ်းကားစွာ…
ဒီဝေဒနာပြူတင်းပေါက်လေးပဲပေါ့….

မျှော်ကာမျှော် ပေါ်မလာသူရယ်စိမ်းကား
မချစ်လို့မုန်းလို့ ပုန်းနေသလားဟာ….
ဂစ်တာသီးသံများကြားရင်
ကိုယ်ထင်ပြကာနားဆင်အုံး
အပြာရောင် မီးကလေးကို ထွန်းလို့
တံခါးလေးဖွင့်လို့ကြည့်လိုက်အုံး
အမျှော်လင့်ဆုံးသူလေး ဝေးရင်
ဒီဝေဒနာပြူတင်ပေါက်လေးပဲပေါ့


You received this email because you are subscribed to the real_time feed for http://www.zaung.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Road to Freedom] 1 New Entry: အခြေအနေအရ (၂)

အခြေအနေအရ (၂)

မိုက်ချင်ယောင်ဆောင်နေရတာလည်းအခြေအနေအရ
ဟန်လုပ်ပြုံးမပြတတ်တော့တာလည်းအခြေအနေအရ
အိမ်ထောင်မပြုဖြစ်သေးတာလည်းအခြေအနေအရ
အိပ်မက်တွေကိုအလှမွေးငါးကန်ထဲကငါးတစ်ကောင်လို တယုတယမွေးမြူနေရတာလည်း အခြေအနေအရ
လရောင်ကို မတပ်မက်မိတော့တာလည်းအခြေအနေအရ
အမှောင်ခေတ်ကိုခွေးတစ်ကောင်လို ထိုးထိုးဟောင်နေမိတာလည်းအခြေအနေအရ
စာတွေဖတ်နေမိတာာလည်းအခြေအနေအရ
မဖြစ်ညစ်ကျယ်ကဗျာတွေရေးခြစ်နေမိတာလည်းအခြေအနေအရ
မချစ်မနှစ်သက်သူတွေနဲ့ လမ်းခွဲလိုက်ရတာလည်းအခြေအနေအရ
မနိုင်မှန်းသိရက်နဲ့ ထိုးသတ်ခဲ့ရတာလည်းအခြေအနေအရ
ငယ်ငယ်တုံးကလို စိတ်ကူးမယဉ်တတ်တော့တာလည်းအခြေအနေအရ
ပြောချင်တဲ့စကားတွေမပြောပဲမြိုသိပ်ထားရတာလည်းအခြေအနေအရ
ခုထိနေရာအတည်တကျမရှိသေးတာလည်းအခြေအနေအရ
ပိုစ့်မော်ဒန်ကဗျာတွေကြိုက်နေမိတာလည်းအခြေအနေအရ
မာတ်စ်ဝါဒကိုဝေးဝေးကနေ လှမ်းလှမ်းချောင်းကြည့်နေမိတာလည်းအခြေအနေအရ
ကမ္ဘာကြီးတစ်ခုလုံးအပေါ် အမြင်မကြည်မလင်ဖြစ်နေမိတာလည်းအခြေအနေအရ
ငါးပွက်ရာငါးစာလိုက်မချချင်တော့တာလည်း အခြေအနေအရ
ကောင်မလေးတွေကို လူပျိုစကားမပြောရဲတော့တာလည်းအခြေအနေအရ
မှန်ခဏခဏမကြည့်ဖြစ်တော့တာလည်းအခြေအနေအရ
အရက်မူးတိုင်းပေါက်ကွဲမိတာလည်းအခြေအနေအရ
လူဆိုတဲ့သတ္တ၀ါဟာပြောင်းလဲတတ်ပါလားလို့ လက်ခံလိုက်ရတာလည်းအခြေအနေအရ
အမည်နောက်မှာ အမြီးတစ်ချောင်းမှမပါသေးတာလည်းအခြေအနေအရ
အတ္တနဲ့မကင်းကွာနိုင်သေးတာလည်းအခြေအနေအရ
မြန်မာအစားအစာတွေကိုကြိုက်နေမိသေးတာလည်းအခြေအနေအရ
မနက်ဖြန်အကြောင်းမစဉ်းစားမိတော့တာလည်းအခြေအနေအရ
ပန်းပင်တွေရေလောင်းပေါင်းသင်ပေးနေမိတာလည်းအခြေအနေအရ
ကလေးတွေချစ်တတ်လာတာလည်းအခြေအနေအရ
ထူးအိမ်သင်ရဲ့သီချင်းတွေကြိုက်ခဲ့မိတာလည်းအခြေအနေအရ
ရူးချင်ယောင်ဆောင်လိုက်ရတာလည်းအခြေအနေအရ
လူများများရှိတဲ့နေရာတွေကို မသွားမိတော့တာလည်းအခြေအနေအရ
သက်ရှိသတ္တ၀ါထက် သက်မဲ့ကွန်ပြူတာတစ်လုံးကို ပိုချစ်တတ်လာတာလည်းအခြေအနေအရ
စိတ်ပုတီးနဲ့တရားထိုင်နေမိတာလည်းအခြေအနေအရ
လွယ်လွယ်ကူကူနဲ့ သူတစ်ပါးကိုအယုံအကြည်မရှိတော့တာလည်းအခြေအနေအရ
အနှစ်သာရမရှိတဲ့ဆက်ဆံရေးမျိုး မတည်ထောင်လိုတော့တာလည်းအခြေအနေအရ
ခံစားချက်ကိုရှေ့တန်းမတင်မိတော့တာလည်းအခြေအနေအရ
အရွယ်မတိုင်ခင်ဆံပင်တွေဖြူသွားခဲ့တာလည်းအခြေအနေအရ
ဝမ်းသာစရာရှိရင်ထူးထူးခြားခြားဝမ်းမသာမိပဲ၊ စိတ်ညစ်စရာကြုံရင်လည်း စိတ်မညစ်မိတော့တာ အခြေအနေအရ
ဘာကိုမှကြီးကြီးကျယ်ကျယ်မမျှော်လင့်မိတော့တာလည်းအခြေအနေအရ
ဘ၀ကိုမတပ်မက်မိတော့တာလည်းအခြေအနေအရ
သေခြင်းတရားကိုအထိတ်တလန့်မဖြစ်မိတော့တာလည်းအခြေအနေအရ

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[K] 1 New Entry: လွမ်းရက်ရှည်ရှည်

လွမ်းရက်ရှည်ရှည်

ကျောင်း....ဖွင့်ချိန်..
စိန်ပန်းတွေလည်း..မြေမှာကြဲပြန့်နေ...
ကံ့ကော်ပန်းတွေနဲ့အတူ..

သူနဲ့တွေ့ရာ မြေ...
တက္ကသိုလ် ....သို့မဟုတ်... မြကျွန်းသာ

အင်းယားကန်နယ်မြေ...
+++++


၁၉၅၂ ခုနှစ်ရဲ့ ဇွန်လလယ် တရက်ဆီမှာ... မိုးဦးလေပြေ နဲ့အတူ.. စိန်ပန်းတွေ..ကြွေကျနေတာ..တလောကလုံး..နီလိမ္မော် စွေးလို့။

` ဒါ- အဓိပတိလမ်းပေါ့ကွ---´
--
`ဟိုမှာ..တွေ့လား..သစ်ပုတ်ပင် ဆိုတာကြီး.. ´
----
` ဟောဟိုက..၀ိဇ္ဖါခန်းမ လို့ခေါ်တယ်.. ဟိုးဖက်က..ကွန်ဗိုကေးရှင်း´


အကိုဖြစ်သူက.. တစ်ခုချင်း..ပြောပြ နေပေမဲ့..သူကတော့..ဘာစကားမှကို ပြန်မပြောမိ..ပြန်မမေးမိတော့..။ မှင်သက် ငေးမောရင်း..တရှိုက် မက်မက် ရင်တွေသာ ခုန်နေမိတော့သည် ။ ရန်ကုန်တက္ကသိုလ်ကြီးဆိုတာ.. ဒီလောက် လှပခမ်းနား..မှော်ဆန် လှမယ်လို့..သူ- ထင်မထားခဲ့မိတာ..။ ဟိုမှာ.. ဒီမှာ မြင်နေရတဲ့..နီစွေးစွေး ထူထူထဲထဲ အဆောက်အဦကြီး တွေကလည်း..အိနြေ္ဒ ကြီးလိုက်တာ.. ခမ်းနားလိုက်တာ.. ။


လူတွေကရော..ကြည့်ပါဦး..၀တ်ကောင်း...စားလှနဲ့လူတွေ..တစ်နေရာထဲမှာ..ဥဒဟို သွားလာနေကြတာ.. ပြဇာတ်တခု မဟုတ်ရင်တောင်..ပြဇာတ်ဆန်လှသော.. နေရာဝန်းကျင် တစ်ခုသာ ဖြစ်ပေလိမ့်မည်..။


ရှေ့ခပ်လှမ်းလှမ်းမှာ..အနက်ရောင် အော်စတင်ကားတစ်စီး ရပ်ပြီး..ဖွံ့ဖွံ့ထွားထွား အမျိုးသမီးတယောက်နဲ့..ဘန်ကောက်ပုဆိုးဝတ် လူငယ်တယောက် ဆင်းလာသည်။ လက်ထဲမှာ..စာအုပ်လေးတွေ..ဟန်ပါပါ ပိုက်ရင်း ပြုံးရီ ရွှင်ပလို့။ ဒီလို.. တောက်ပ..လင်းလက် ခေတ်မှီတင့်ကယ်လှတဲ့ ဝတ်စား..ဆင်ယင်မူမျိုးကို..ရုပ်ရှင် တွေထဲမှာပဲ ဖြင်ဖူးခဲ့တာ။ ခုတော့.. သူတို့ရှေ့ကကို..ဖြတ်လို့.. ကျောင်းဆောင် တခုဆီ လှမ်းဝင်သွားသည်။ သူ့ကိုယ်ပေါ်က..ပေါ်ပလင် ရှပ်လက်ရှည် အဖြူကို အသာ ငုံ့ကြည့်လိုက်ရင်း..သက်ပြင်းမျှင်းမျှင်းတခု.. လေထဲမှာ..။

-
` ကဲ- ရောက်ပီကွ.. ဒါ ငါတို့နေရမဲ့..ဒဂုန်ဆောင် ဆိုတာ.. ဆရာ ဦးလှရွှေကို..အခန်းကိစ္စ တခါတည်း ပြောခဲ့လိုက်မယ်..နက်ဖန်တော့မှ.. တည်းတဲ့အိမ်က..ပစ္စည်းတွေ ရွှေ့တာပေါ့..´

ကိုယ့်ရပ်ကိုယ့်ရွာသားမို့လားတော့မသိ....ဆရာ့ကို..ကြည့်ရတာ..အဆောင်မှူးသာ..ဆိုတယ်..သက်သောင့် သက်သာ အေးဆေးညင်သာ လှသည်။ နီစွေးစွေး..မှိုင်းညို့ညို့..ဒဂုန်ဆောင် ကြီးရဲ့ မျက်နှာကျက် မြင့်မြင့်ကြီးကို တချက် မော့ကြည့်လိုက် ရင်း.. ထူးဆန်းလှတဲ့ အနံ့တခုကိုလည်း .. ရှုရှိုက် သတိထားမိနေသည်။..မိုးနံ့လိုလို..သစ်ရွက်နံ့လိုလို..ထမင်းအိုး ကျက်ကာစ အနံ့လိုလို.. သရက်သီးမှည့်နံ့လိုလို..။ သူကတော့..ရန်ကုန်နံ့ လို့နံမယ်တပ်ပြစ်လိုက်သည်။..။


ရန်ကုန် တက္ကသိုလ် ကျောင်းသားကြီး တကယ်ဖြစ်ပြီပေါ့။

+++++++

ရန်ကုန်မိုးရဲ့ ရနံ့က..ပိုပြီး သင်းမြ လာသလို.. အရောင်အသွေး တွေကလည်း.. တဖြည်းဖြည်း..စိုရာကနေ..စိမ်းလာလိုက်တာ.. အဓိပတိလမ်းမကြီး တလျှောက်လုံး... လောကအသစ်ကြီးကို ဖြစ်လို့။ တကယ်လည်း..သူ့အတွက်က..လောကအသစ်ပေပဲလေ။




မန္တလေးဆောင်ရှေ့နား မှာ..ရပ်ပြီး..ယူနီယံ သမဂ္ဂ အဆောက်အဦကြီးကို..တချက်လှမ်းကြည့်တော့..လူတချို့.. ၀င်ထွက်နေတာပါပဲ... ဘာမှမဖြစ်ပါဘူးလေ..။ ဒါ-ကျောင်းသားတိုင်းနဲ့ဆိုင်တဲ့..နေရာ ဌါနကြီးပဲ..။ မြေပိုင်ရှင်သားပဲ ဖြစ်ဖြစ်..တောသားပဲဖြစ်ဖြစ်.. စော်ဘွားသားပဲ ဖြစ်ဖြစ်..တက္ကသိုလ်လာတက်တာ တက္ကသိုလ် ကျောင်းသားပေါ့ကွာ...။ အားတချက် တင်းလိုက်ရင်း.. သမဂ္ဂ ခြံဝင်း ထဲကို ကွေ့ဝင်လိုက်သည်။

ဒါပေမဲ့..မြန်မာကျောင်းထွက် နဲ့..အင်္ဂလိပ်ကျောင်းထွက် ကတော့..သေချာပေါက် ကွာတယ်ဆိုတာ..သူ သိနေပြီလေ ။ သင်ရိုးညွှန်းတန်းတွေ အားလုံး..အင်္ဂလိပ်လိုဖြစ်ပြီး.. အိန္ဒိယက ငှားထားတဲ့.. ဆရာတွေပဲ အများဆုံး စာသင်တာ ဆိုတော့.. သူတို့အတွက်တော့..ကျောင်းတက်စရက်တွေမှာ..ပင်လယ်ထဲ..လက်ပြစ်ကူးနေသလိုတောင် ခံစားမိတယ်။ တမြို့လုံး..အထက်တန်းတစ်ကျောင်းပဲရှိပြီး..မြန်မာလို ၁၀ တန်းအောင်တာလည်း.. တယောက်တည်းပဲ ရှိတဲ့.. နယ်မြို့လေးတခုက..တောသား- တက္ကသိုလ် ကျောင်းသား အသစ်တယောက်အတွက်.. ယူနီယံထဲက.. ဘိုကပြားမကြီး ရောင်းတဲ့ စာအုပ်ဆိုင်မှာ.. ကျောင်းသုံး ဖတ်စာအုပ် လာရှာရတာက အစ..မ၀ံ့မရဲ ဖြစ်စရာတွေ ချည်း။

ယူနီယံကြီးကလည်း..အထဲမှာ..တကယ့်ကို ခမ်းနားလှသည်။ ဆင်ဝင်ကို ကျော်လိုက်တော့ ..ကော်ရစ်ဒါ ကြီးက..အရှည်ကြီး...။ အားကစားခန်းမက..လက်ဝဲဖက်။ University Book Stall ဆိုတဲ့..ဆိုင်းဘုဒ်ကို တွေ့ပြီ။ ဘွဲ့နှင်းသဘင်ရုံးက..ထုတ်လာတဲ့.. syllabus စာရွက်ကလေးကို အသာ ဖြန့်လိုက်ရင်း..ဆိုင်ရှင် ဘိုမကြီးကို.. This book လို့.. လက်နဲ့ထောက်ပြလိုက်တယ်။ သူမ ကလည်း... Oh..yes ဆိုပြီး.. စင်ပေါ်က..တအုပ် ကမ်းပေးတယ်။

နောက်တခု...
`This book ´

ဘိုမကြီးက..စာရွက်ကို သေချာ လှမ်းကြည့်လိုက်ရင်း..

" to be announced later"

" Yes..this book.. to be announced later.."

အူကြောင်ကြောင်နှင့်..ဘိုမကြီးပြောတာ..သံယောင်လိုက်ပြီး..ထပ်ပြောလိုက်သည်။ လက်ညိုးနဲ့တောင်..သေသေချာချာ ထပ်ထောက် ပြလိုက်သေးတယ်။ အဲဒီတော့မှ..ဘိုမကြီးက..ပြုံးပြုံးကြီးနဲ့..

` ဟုတ်တယ်လေ..ဒီစာအုပ်အတွက်..နောက်မှ ကြေငြာမှာ..´ တဲ့။

သွားပါပီ...။ ဘိုမကြီး..ဗမာလို ပြောချမှပဲ..ကိစ္စ ပြတ်ပါလေရော။ သူ့မျက်နှာ..ဘယ်သွားထားရမှန်းကို မသိတော့။ ပိုက်ဆံရှင်းပြီး..တချိုးထဲ..ထွက်လာလိုက်တာ..ဘယ်ကနေ..ဘယ်လို..အဆောင်ပြန်ရောက်
လာမှန်းတောင်..မသိတော့။


++++++

နောက်တော့လည်း..စိမ်းစို..မှိုင်းညို့နေတဲ့..မြကျွန်းသာဟာ..သူ့အတွက်..လားလားမှ...မစိမ်းတော့။ စိန်ပန်းကြွေတွေပေါ်မှာ..ရဲရဲ နင်းလျှောက်ရင်း.. သစ်ရွက် ချွန်ချွန်လေးတွေ ကြားထဲက.. ကံ့ကော်ဖြူဖြူလေးတွေကို.. အသေအချာကို..မော့ကြည့် မြင်တတ်လာခဲ့ပြီ။ သထုံဆောင် ဘောလုံးကွင်းက..ပြန်တိုင်း..အင်းလျားကန်ထိ တပတ်ပတ်ပြီး..ဆံမြိတ်လှလှလေးတွေကို..မသိမသာ ကြည့်တတ်လာခဲ့ပြီ။

`ဟေ့ကောင်---မင်းက..အရပ်ကလည်း...ကလန်ကလား..လူကြားထဲ..နေရာတကာပါ..အားကစားလည်း..ဟိုစပ်စပ်..ဒီစပ်စပ်.. လာ..အမူဆောင်ထဲ ထည့်လိုက်ပြီ..´

ဆရာဦးလှရွှေကတော့..လူနိုင် ဆိုပြီး.. ခိုင်းတာလား.. လူဝင်ဆန့်အောင်..လေ့ကျင့်..ပျိုးထောင်ပေးလေသလား ။ ဆရာ--အမြဲပြောတတ်တဲ့..ဆုံးမစကား တခု ရှိတယ်။ လူ့လွယ်အိတ်တော့..မဖြစ်စေနဲ့တဲ့..။ ရှေ့က ..သွားချင်လည်းသွား..နောက်က..လိုက်ချင်လည်း..လိုက်..။ ဘေးကနေ..ကပ်တီး ကပ်ဖဲ့ တော့..မလုပ်ကြနဲ့တဲ့။ အဲဒီ..လူသုံးမျိုးထဲ..ဘယ်အထဲ ပါလည်း တော့ မသိ။ ၁၉၅၃ သမဂ္ဂ ရွေးကောက်ပွဲ မှာ.. DSO ကျောင်းသားတွေ မဲခိုးကြတော့.. သူတို့ တပ်ဦးတွေ..မဲဗုံးကြီး တက်ခိုးပြီး.. သမဂ္ဂ အပေါ်ထပ်ကနေ..ပစ်ချ ခွဲလိုက်တဲ့ အထဲမှာ..သူလည်းပါခဲ့သည်။

တကယ့်တကယ်..ဒီတာဝန် ဒီကိစ္စတွေနဲ့..သူ့ဗီဇ စိတ်ဓါတ် ...အံဝင်ခွင်ကျ..ကွက်တိ ဖြစ်လာလွန်းတော့..ဆရာ ကိုယ်တိုင်တောင်.. ကျောင်းစာတွေ..မလွတ်ဖို့..ပြန်သတိပေးနေရတဲ့ အထိ.. ။ အဲလိုနဲ့...ဒဂုန်ဆောင် သဟာယ နဲ့စာဖတ်အသင်း ဥက္ကဌ ဖြစ်လာတဲ့ ဒုတိယနှစ်မှာတော့.. အတိအကျကို..စာမေးပွဲ ကျပါလေရော။ မကျခံနိုင်ရိုးလား...။ ၅၃ မှာ..အောက်တိုဘာ ကျောင်းတစ်လပိတ်ရေး..လှုပ်ရှားမူ ဖြစ်တော့.. သူတို့အုပ်စုတွေ..စာသင်ခန်း ဘက်တောင်.. ခြေဦး မလှည့်နိုင်တော့ ။ ဟိုစပ်စပ်.. ဒီစပ်စပ် အရည်အချင်း ကြောင့်..လှုံ့ဆော် စည်းရုံးရေးမှာ..ဒိုးပတ်မင်းသားလည်း ဖြစ်လိုက်သေးသည်။ တခန်းထဲနေ..အကိုကတော့..သူ-ကိုယ်တိုင်တောင်..ရှေ့က..၅ နှစ်လောက် စောရောက်နေတာ..အလုပ်..ထွက်လုပ်လိုက်..ကျောင်းပြန်တက်လိုက်နဲ့..ခုထက်ထိ ဘွဲ့မရသေးတော့.. ဘာမှ မပြော။ ဒါပေမဲ့..အစ်မကိုတော့..အားနာ လှသည်။ အစ်မမှာ..မုဆိုးမ ဘ၀နဲ့..သား၂ယောက်..တက္ကသိုလ် ပို့နိုင်ဖို့..အတော် ရုန်းကန်ရတာ..သူမသိ မဟုတ်။

ဒါပေမဲ့လည်း..ကျောင်းပိတ်ရက်တွေ..ခဏပဲ အိမ်မှာ နေဖြစ်ပြီး.. ကျတဲ့ ဘာသာပြန်ဖြေ ဖို့..စာပြန်ကျက်မယ် ဆိုပြီး.. အဆောင်ပေါ် ပြန်ရောက် လာပြန်သည်။ ဒုတိယနှစ် အောင်သွားတော့.. ဘာသာရပ်တွေ တွဲရင်း.. Double Math နဲ့ Psychology အတွဲ ယူဖြစ်သည် ။ ဆရာကြီး ဒေါက်တာသာလှ ကို သဘောကျလွန်းလို့..ဘူမိဗေဒ လည်း..သွားတက်ကြည့်သေးသည်။ ....မဖြစ်ပါ.... အတော် စာလုပ်ရတဲ့..ဘာသာဖြစ်သည်။ နောက်ပြီး..ဟို- ပိန်ပိန်ရှည်ရှည် အိန္ဒိယ ဆရာကလည်း..တော်တော် ကြီးကျယ် သည်။ စကားပြောတာလည်း မြန်လိုက်တာ.. ကုလားရေလွှတ် တတွတ်တွတ် လို့တောင်..အချင်းချင်း နောက်ယူရတဲ့ ဆရာ။ သူ့လို..ဟိုအမူဆောင်ထဲပါ..ဒီအမူဆောင်ထဲပါ.. ခရိုင်အသင်းလည်း မကျန် .. ပါလရာစပ်ချေး တယောက် အတွက်.. စာဂျပိုး လုပ်ဖို့ဆိုတာ.. ခေါင်းထဲမှာကို မရှိ။ ကိုယ်ကြိုက်တဲ့ လိုင်း -ဘာသာတွဲကို ယူနိုင်ပေမဲ့...အင်ဂျင်နီယာတို့..၀န်ထောက်တို့ ဖြစ်ဖို့ဆိုတဲ့..အိမ်မက်တွေထက်.. ပါလီမန် ဒီမိုကရေစီ ခေတ်ကြီး ရဲ့.. လွတ်လပ်ပြီး..စိတ်လှုပ်ရှား စရာကောင်းလှတဲ့.. တက္ကသိုလ်ကျောင်းသားဘ၀ ကို.. သမဂ္ဂယူနီယံ အဆောက်အဦ ကြီးနားမှာသာ.. ရစ်ဝဲ နေဖြစ် တော့သည်။


+++++++


ချိန်ရီ ညနေချမ်း နေခြည်သန်းရင်လေ..
မြေနီလမ်းကလေး မှာ..( အပန်းဖြေ )၂
ချစ်စရာ အလှအပ စကားများ..ပြောကြတာတွေ...
ချစ်သော..မိမိငယ်ရေ..
အင်းယားကန်က.. ( ကိုယ်တို့..) ၂ မေတ္တာမြေ...

+++++


အချစ်က.. အရောင်တွေကို ပြောင်း စေတယ် ဆိုတာ..တကယ်ပဲလား။


၁၉၅၇ နှောင်းပိုင်း ရဲ့ ညနေချမ်းတွေဟာ..သူ့ဘ၀ အတွက်.. အသာယာဆုံး အရောင်အစုံဆုံး အချိန်တွေ ဖြစ်လာခဲ့သည်။ ကွန်ဗိုကေးရှင်းကြီးနောက်က.. ကုက္ကိုပင်ကြီး တွေရဲ့ စိမ်းညို့နက်မှောင်မူက.. ထူထဲလှသည်။ အဲဒီက ဖြတ်လို့..အင်းလျားလမ်းပေါ် ကူးရင်း.. တက္ကသိုလ်လှေလှော် အသင်းထဲ ချိုးကွေ့ဝင်လိုက် ပြီ ဆိုတာနဲ့.. ပြာလဲ့ကြည်စင်နေတဲ့..အင်းလျားကန်ရေပြင် ရယ်.. အဲဒီ အပြာရောင်ဆီ မျှားလေးတစင်းလို..ဦးတည် ငိုက်ဆင်း သွားတဲ့..မြေနီလမ်းကလေးရယ်.. အဲဒီ အနီရောင် တန်းကလေးကို စေတနာ ဗရပွ နဲ့ ခပ်ထူထူ ဘောင်ခတ်ပေး ထားတဲ့.. သစ်ပင်စိမ်းစိမ်းလေး တွေရယ်..။ ဆန့်ကျင်ဖက် အရောင်တွေ ရဲ့ ထူးဆန်းလှပစွာ လိုက်ဖက်မူ... ။ဆန့်ကျင်ဖက် လူသား ၂ ယောက်ရဲ့.. ညီညွတ်မျှတမူ..။ သဘာဝ တရားကြီးက.. ဒီလောက်တောင်..စနစ်တကျ..လှပနေမယ်လို့.. သူ မထင်ခဲ့ မိပါလား။

-
တကယ်တော့..မြနဲ့ စတင်သိကျွမ်းခဲ့ရတာ.. မနှစ်က ခရိုင်အသင်း ပျော်ပွဲစား တခုမှာ တကည်းက ။ မြက..ပေါ်ပေါ်လွင်လွင် လှသည်တော့မဟုတ်။ သူ့အလှက.. ကြည့်မြင်မိတဲ့..သူ့ အတွက်ပဲ သီးသန့်ဆန်စွာ.. ရှင်းသန့်နေသည်။ မြ အပြုံးက..ရိုးသားသည်။ သူငယ်ချင်း အောင်မြင့်က.. သူတို့မြို့က..မိန်းကလေး တယောက် -ရတနာဟောက ဆိုပြီး..မိတ်ဆက်ပေးလာတော့.. ဒီလိုပဲ..လက်ဆွဲ နှုတ်ဆက်လိုက် မိသည်။

-
` သြော်- ရှင့်ကို မနှစ်က တကသ ငွေရတု ပွဲ မှာ တည်းက.. မြင်ဘူးနေတာ.. ကိုထွန်းဖေ တို့အုပ်စုကလေ.. ရှင်တို့ ဒဂုန်ဆောင်အုပ်တွေလေ ..IUS ပွဲမှာလည်း..ရှင် ပါတယ်နော်.. ´

သူကပင်..စမြင်ဘူး နေပါတယ် သိနေပါတယ် လို့..ပွင့်ပွင့်လင်းလင်း ပြောလာတဲ့..မိန်းကလေး တယောက် ရဲ့.. စကားတခွန်းကြောင့်..သူ့နှလုံးသားတွေ..စတင် လှုပ်ရှား သွားခဲ့တယ် ဆိုတာတော့.. မြကို ဘယ်တော့မှ သူ မသိစေခဲ့ပါ။


+++++

၁၉၅၆ ခုနှစ် မှာ..တ.က.သ စတင် ဖွဲ့စည်း တည်ထောင်ခဲ့တာ.. ၂၅ နှစ် မြောက် ငွေရတု။


အဲဒီ တုန်းက.. အဓိပတိလမ်းမ တလျှောက် နဲ့ ၀ိဇ္ဇါခန်းမ ရှေ့ မျက်ခင်းပြင် ကြီး တခုလုံး က..ပွဲခင်းကြီး။ အဲဒီ ပွဲ အတွက် ..တ.က.သ အပေါ်ထပ်က..စာကြည့်ခန်းထဲမှာ..စန္ဒယားကြီး ချပြီး ..ဇာတ်တိုက်ကြတော့.. လူတွေ တရုန်းရုန်း နဲ့ ပျော်စရာ ကောင်းလှသည် ။

-
+++ရွှင်မြူး+++ရွှင်မြူး++++ကြည်နူး ပျော်ရွှင်စေရာ++သာယာ.++သာယာ+++အေး++အေးမြကာ++ပွဲ+++ပွဲတော်မှာ++နွှဲ++နွှဲပျော်စရာ+++ဒို့သမဂ္ဂရဲ့ ငွေရတု သဘင်မှာ+++

-
သမဂ္ဂရဲ့..ကြောင်လိမ်လှေခါး မှာ လည်း..လူတွေ..တက်လိုက် ဆင်းလိုက်.. ။ လက်ဖက်ရည် ဆိုင် ထဲက..ခုံမြင့်ကြီးတွေ မှာလည်း.. ကျောင်းသား..ကျောင်းသူတွေ အပြည့်။ သူတို့..ထွန်းဖေ တို့.. ငွေရတု သဘင် စာစောင်ထုတ်ဖို့.. တကုပ်ကုပ် အလုပ်ရှုပ်နေတဲ့.. ကိုညွန့် နားမှာ.. အချိန်ပြည့်လို..ကူညီလုပ်ကိုင်ပေးရင်း..ရှိ နေခဲ့တာကို .. မြ သတိထားမိ နေခဲ့တာ ဖြစ်မည်..။ မြကလည်း..ခေသူမှ မဟုတ်တာ..။ ရတနာဟော ရဲ့ ကိုယ်စားလှယ် တယောက်။ တပ်ဦးမယ် တယောက်။

-
နောက် သိပ်မကြာလှပဲ..အဲဒီ နှစ်ထဲမှာပဲ..ကျင်းပတဲ့..နိုင်ငံတကာကျောင်းသားနေ့ (IUS) မှာတော့.. အရှိန်တက်နေတဲ့..သူတို့တွေ..စင်ပေါ် တက်တော့တာပါ ပဲ။ ဒီတခါ တော့..သထုံလမ်းဖက်ကို လှည့်နေတဲ့.. အားကစားရုံကြီး နဲ့.. အဓိပတိလမ်းပေါ် မျက်နှာမူထားတဲ့.. တ.က.သ အဆောက်အဦ ကြီး ကြားထဲက..မျက်ခင်းပြင်မှာ..စင်မြင့်ကြီး ထိုးပြီး..ပြဇတ်တွေ..ကကြပြန်သည်။ သူတို့ ဒဂုန်ဆောင် အုပ်က.. စန္ဒယားချစ်ဆွေ နဲ့..ဒါရိုက်တာ မင်းသား မြတ်လေး တို့..စီစဉ်တဲ့..၁၃၀၀ ပြည့် အရေးတော်ပုံ ဘဲလေး မှာ ပါကြ သည်။

-
ဒို့အခွင့်အရေး+++ဒို့သာ တိုက်မည်+++ မုချ..အောင်ပွဲ သိမ်းခံမည်+++++

အဲဒီ သီချင်း အဆုံးပိုဒ် မှာ.. လက်သီး လက်မောင်းတွေ တန်းတော့..အတိတ်သမိုင်းက..အောင်ပွဲတွေ အတွက်..လူငယ်သဘာဝ သွေးတွေ ဆူပွက်လို့..။ ရှေ့မှာ..ဘယ်လို တိုက်ပွဲ တွေ ရင်ဆိုင် ရဦး မလည်းဆိုတာ..မမြင်နိုင်သေးပေမဲ့..ဘာတွေပဲ လာလာ..သူတို့ ကျောင်းသားလူငယ်တွေ..ရင်ဆိုင် ပစ်လိုက်ချင်သည်။

-
++++ရွှေပြည်တော် ငြိမ်းချမ်းရေးရဲ့ ဘက်တော် သူကြီးရေ..ကျမလေ.+++၀င့်ဝင့်လျှမ်းတဲ့..သိပ္ပံ ပျိုဖြူမေ..ဘ၀အခြေ အဆင့်ဆင့် လှမ်းခဲ့ သလေ++++စခမ်းသစ်ကို မျှော်တာ ကြာပြီလေ..အနာဂါတ် ဗမာပြည်..ပန်းတိုင်း ပွင့်ကြပါစေလေ++++

-
ကျောင်းသူတွေ ကိုယ်တိုင် လူပြက် လုပ်ပြီး တင်ဆက်တဲ့..ရတနာဟောက. ..အငြိမ့်ခန်းကလည်း..လူကြိုက်များလှသည်။ အဲဒီထဲမှာ..တယောက်က..မြ ဖြစ်ခဲ့တယ်ဆိုတာ..သူက မသိ။ မြကတော့..သူ့ကို သိနေခဲ့သည်တဲ့။


+++++++


သိုသိပ်ဝှက်ကွယ် ထားတဲ့..
မေတ္တာတရားတွေ..
ရင်ထဲမှာ..ကိုယ်စီ ကိုယ်ငှနေ..
ချစ်စရာ နှုတ်ခမ်းများမှ..စကားလည်း..မပွင့်လင်းကြပေ..
သဇင်တွေ ဖူးပါတဲ့.. ဆောင်းဦးကိုလည်း..ကျော်ခဲ့ပြီလေ..

+++++


၁၉၅၈ ခုနှစ် ရဲ့..ဆောင်းနှောင်း ရင့်ရင့် ကာလ တခုမှာ.. မန္တလေးတက္ကသိုလ် ရဲ့..သီးခြားတက္ကသိုလ် ဖွင့်ပွဲ အခမ်းအနားအတွက်.. အရင်နှစ်တွေက.. ကဖူးထား..ဇာတ်တိုက်ထားပြီးသား..အဖွဲ့တွေ.. မန္တလေးကို သွားဆင်နွှဲကြ ရမည် တဲ့။

-
အဲဒီ ရက်တွေက..သူတို့ နှစ်ယောက် အတွက်..မမေ့နိုင်တဲ့..ရက်တွေဖြစ်လာမယ် ဆိုတာ.. နှစ်ယောက်လုံး..တွေးထင် မထားခဲ့ကြ။ မန္တလေးတက္ကသိုလ် ရဲ့..မျက်နှာစာ လှေခါးထစ် အမြင့်ကြီးတွေက..သူ့အတွက်..နိမ့်လွန်းနေသည်။ မန္တလေးတောင်ပေါ် တက်ကြတော့.. အပေါ်ကို ဘယ်လို ရောက်သွားမှန်း သူလုံးဝ မသိခဲ့။


ရာသီတွေ ပြောင်းပေမဲ့..
ကိုယ်တို့ နှစ်ဦး ရဲ့.
မထူး မထူးတဲ့ အခြေအနေ..
ချစ်စိတ်တွေ ရင်မှာ..

အစဉ်သာ သိမ်းကာ ထားခဲ့ပေ...
++++


အဲဒီ နှစ်က..သူရော မြရော..နောက်ဆုံးနှစ် ဖြစ်ပြီဆိုတော့ လည်း .. ဘ၀ ဆိုတာကို..လေးလေးနက်နက် တွေးကြရပြီ။ အလုပ်ခွင် ရွေးချယ်ဖို့.. ဘ၀ ထူထောင်ဖို့ ဆိုတာတွေ..မကြာခဏ ပြောဖြစ်ကြသည်။ မြ စိတ်တိုင်းကျ..သစ်တောဝန်ထောက်..သွားဖြေသည်။ အောင်သည်။ ဒါပေမဲ့..သူ တချိန်လုံး..မမေ့ပါပဲနဲ့..မေ့ချင်ယောင်ဆောင်ထားခဲ့တဲ့.. အစ်မက.. ကျန်းမာရေး ချို့တဲ့လာသည်။ သူ့အရင် ဘွဲ့ရသွားတဲ့..အကိုကတော့.. စိတ်လွတ်ကိုယ်လွတ်..တနယ်တကျေး မှာ..အိမ်ယာထူထောင် သွားခဲ့ပြီ ကော။ သူရော..စိတ်လွတ် ကိုယ်လွတ်.. ဆုံးဖြတ် သင့်ပါရဲ့လား။


` သားရယ်..အစ်မ နဲ့ နီးနီးနားနား..မြို့မှာပဲ..ကျောင်းဆရာ လုပ်ပါလား..´


အစ်မရဲ့ ရိုးရှင်းတဲ့ ဆန္ဒ ကို..သူ ဘယ်လို စကားလုံးတွေ..ဘယ်လို အင်အားတွေ နဲ့..ငြင်းနိုင် မလည်း။
ဒီရက် တွေမှာ..မြ လည်း မျက်နှာ မကောင်း။ အရင်က..ကြည်ကြည်လင်လင် အမြဲ တွေးတတ်တဲ့..မြက.. မျက်မှောင်တွေ ကျုံ့တတ်လာသည်။ ခေါင်းကို အသာ ရမ်း တတ်လာသည်။ မြဖေဖေက..ခရိုင် ပညာဝန်ထောက် ပေမဲ့.. သားသမီးတွေ..များလှသည်။ အကြီးဆုံးသမီး ကို..ပထမဆုံး..တက္ကသိုလ် ပို့ကျောင်းထားသလို..မြအောက်က..မောင်ငယ်ညီမငယ်တွေ လည်း.. တက္ကသိုလ် လာကြ ဦးမည်။ မြ မှာလည်း..သူ့မိဘရဲ့ ဆန္ဒတွေ.. ငဲ့ညှာစရာတွေ..ရှိမယ်ဆိုတာ.. နားမလည် ချင်ပေမဲ့..သူ နားလည်ပေးရ တော့မည်။


++++++

နွေအကူး..လေရူးတွေ လည်း မြူးပြီလေ..
ကံ့ကော်တွေလည်း..ဖူးလို့နေ
သစ်ရွက်တွေ မြေမှာ လူးကာ..

ဥသြငှက်တွေ တွေ့တော့..ချစ်ရက်တွေရှည်...
ဒီအခါ..ဒီသမယ..ခွဲကြရမယ့် အခြေ...
အချိန်တန်..အိမ်ပြန်ရပေမယ့်..
ကိုယ့်လိပ်ပြာက..မင်းရဲ့ထံမှာနေ...

အင်းလျားကိုလည်း..မမေ့နိုင်ပေ...
++++++



နောက်ဆုံးနှစ် ရဲ့..စာမေးပွဲ ရက်တွေက..အင်မတန်..လွမ်းစရာကောင်းလှသည်။ ပူနွေးနေတဲ့..လေရူးတွေက..သူကိုယ်တိုင်..လွင့်ချင်ရာလွင့်..တိုက်ချင်ရာကို တိုက်နေသလို.. လူတွေကိုလည်း..ရူးအောင် ဖန်နေတော့သည်။

ဒဂုန်ဆောင်ဘေးက..ကံ့ကောာ်ပင်အုပ်ကြီးပေါ်က..ဥသြတကောင်..လွမ်းလွမ်း ဆွတ်ဆွတ် အော်နေတာကို.. ၀ရံတာ ၃ထပ်ကနေ..ငေးကြည့်နေမိသည်။ နောက်ဖက်က..ရွှေဘိုဆောင်မှာလည်း.. အိပ်ယာလိပ်တွေ နဲ့..ကျောင်းပိတ်လို့ ပြန်တဲ့သူတွေ ပြန်ကုန်ကြပြီ။ သူ ဒီတခါ ပြန်ရင်တော့..၆ နှစ်လုံးလုံး.. နေခဲ့တဲ့..ဒီအဆောင်ကြီးကို..အပြီးတိုင် ခွဲ ခဲ့ရတော့မှာ...။

မြ ကိုရော...
ပြီးတော့..မြနဲ့သူနဲ့..အတူ လမ်းလျှေက်ခဲ့တဲ့..အင်းလျား ညနေ တွေကိုရော..။

သူ မလွမ်းချင်ပါ.. အလွမ်းက..အားနည်းစေတတ်တယ် ဆိုတဲ့..စကားကို..သူက..အကြွင်းမဲ့ ယုံကြည်သူပါ။ ဒါပေမဲ့..အခု..သူ့ရင်ထဲမှာ လှိုက်ဟာနေတာ.. အလွမ်းကလွဲလို့..တခြားဘာများ ဖြစ်နိုင် ဦးမှာလည်း။

++++++


` ဟကောင်ရ.. ဗိုလ်ချုပ် အောင်ဆန်းက.. ပညာတတ်တွေ..နယ်ဆင်း ကြပါဆိုလို့..ဆင်းလာလိုက်တာ..ဘာမှလည်းဟုတ်ဘူးကွာ..´

အရွှန်းတ၀က်..အတည် တ၀က်နဲ့ ပြောနေတဲ့..ကိုနီ့ ပခုံးကို..အသာ ပုတ်လိုက်ရင်း..

` ခင်ဗျားကလည်းဗျာ.. ကျုပ်တို့ကျောင်းဆရာ အလုပ် ဆိုတာ.. ဒီမြို့ ဒီနယ်တွေ က..လူ့အဖွဲ့အစည်းတစ်ခု လုံးကိုတောင်.. အနာဂါတ်အတွက်..ပုံဖော်နိုင်တဲ့ အလုပ်ပါ..ဂုဏ်ယူစမ်းပါဗျာ...´

တကယ်လည်း..ဒီလမ်းကြောင်းကို ရွေးလိုက်မိလို့..သူ နောင်တ မရခဲ့ပါ။ တကယ်ကို သူပျော်ပါသည်။ အထက်တန်းကျောင်းကြီးတခု လုံးမှာ..ကျောင်းအုပ်ကြီး နဲ့..သူသာ..ဘွဲ့ရ မို့..ဆရာကြီးကလည်း..အားကိုးလှသည်။ တပည့်တွေကလည်း..အထင်ကြီး..လေးစားကြသည်။ လူငယ် ဆိုတော့လည်း.. မေ့လွယ်..ပျောက်လွယ်..သာယာလွယ် တတ်တာ.. ဒီနေရာမှာတော့..ကောင်းနေတာပင်။

ဒါပေမဲ့.. သူ- မေ့မေ့ ပျောက်ပျောက် ထားခဲ့တဲ့.. ခြေရာတွေ နဲ့..ရန်ကုန်တက္ကသိုလ် ကြီး ထဲမှာ ..နောက်တကျော့ ကျင်လည် ဖို့..အကြောင်း ဖန်လာပြန်တော့.. လွန်ခဲ့တဲ့..၁၀ နှစ်က.. မိုးဦးကျ..စိန်ပန်းကြွေ တွေ ကြားထဲက...ပထမဆုံး တက္ကသိုလ် ရက် တရက်လို..ရင်ခုန် နေမိပြန်သည်။


+++++++


ကျောင်းဖွင့်ချိန်..
စိန်ပန်းတွေလည်း..မြေမှာကျဲပြန့်နေ..
ကံကော်ပန်းတွေနဲ့အတူ....သူနဲ့တွေ့ရာမြေ...
++++

၁၉၆၂ ခုနှစ်..ရဲ့ ကျောင်းဖွင့်ချိန် မှာလည်း..စိန်ပန်းတွေက.. အရင်အတိုင်း.. သူ့အချိန်ရာသီ အတိုင်း.. ပွင့်ဆဲ..ကြွေဆဲ။

ခေတ်တွေနဲ့..လူတွေ.. ပြောင်းလဲ ရွေ့လျား နေသလောက်.. တက္ကသိုလ်ကြီးနဲ့..သူ့အပေါင်းအပါ..ကံ့ကော်ပင်တန်း ကြီးတွေကတော့....စိန်ပန်းပြာ..စိန်ပန်းနီ တွေ ကတော့..ဘယ်သူ့ကိုမှ..စိတ်မှတ်ထဲ..ရှိပုံမပေါ်..။

၎ နှစ်လောက်..ခွဲခွါ ခဲ့ရပေမဲ့.. တက္ကသိုလ်မြေက..သူ့အတွက်..နဲနဲမှ..မစိမ်းသေး...။ မဝေးသေး.. ။ အခု..ဘီအီးဒီ ..ပြန် တက်ခွင့်ရတော့လည်း.. တက္ကသိုလ်ကျောင်းသား နောက်တခါ.. ဖြစ်ရပြန်တာပေါ့ ။ ဒီတခါ..ပညာရေးတက္ကသိုလ်ဝန်း ထဲက.. တကောင်းဆောင်မှာ.. နေရပေမဲ့..သူ့ခြေလှမ်းတွေက..အတန်းပြီးတာနဲ့.. ပင်မတက္ကသိုလ်ဝန်း ထဲ က.. ယူနီယံကြီးထဲက..တ.က.သ ဆီကိုသာ..။ သူတို့နှစ်တွေထဲက..လူဟောင်းတယောက် ဖြစ်တဲ့..ဗဆွေလေးက..ဥက္ကဌ.. ကိုလှရွှေ တို့..ကိုထွန်းကြည်တို့က.. အမူဆောင် တွေဆိုတော့လည်း..ဟောင်ဖွာ..ဟောင်ဖွာလုပ်လို့..ရနေသေးသည်။ ကိုဘကောင်း နဲ့ ကိုခင်အောင်ကြီး တို့ပင်..ကျောင်းဆွေးဆွေး..လူဆွေးဆွေး..မန္တလေးဆောင်မှာ..နေတုန်း။ သူတို့ မိတ်ဆက်ပေးလို့..ခရမ်း ကိုတင်မောင်ဝင်းတို့..ရှမ်းအောင်ဝင်း တို့.. မန္တလေးက ပြောင်းလာတဲ့..ကိုစိုးဝင်း တို့..နဲ့လည်း..သိရ ပြန်သေးသည်။

` ဟေ့ - မောင်.. မင့်မြဆီ သွားမနှုတ်ဆက်ဘူးလား.. သမိုင်းဌါန မှာ..ကျူတာလုပ်နေတယ်ကွ.. အိမ်ထောင်ကျ သွား ပြီ ဆိုလား..´

ကိုဘကောင်း..အသံ မဆုံးခင် ..သူ့ရင်ထဲ..လှိုက်ကနဲ ဖြစ်သွား မိသည်။ သူမေ့ထားခဲ့ ပြီလေ။

`--- မင့်ကွာ.. ၄ နှစ်လုံး..အဆက်အသွယ် မှ မလုပ်တာ..မင့်ကို မျှော်နေတာကွ.. ခုတော့..အလာကောင်းပေမဲ့..အခါနှောင်း ပြီပေါ့ကွာ....´

ကိုဘကောင်းက..အတည်ပြောနေရင်း..အရွှန်းဖောက်လိုက်ပေမဲ့..သူ မပြုံးနိုင်ပါ။ မြ တခါက..အပြစ်တင် ဝေဖန် ခဲ့ဖူး သလို.. သူက..ကိုယ့်အတွက်ကို..မစဉ်းစားပဲ .. ဘယ်သူကမှလည်း..မတောင်းဆိုရပါပဲနဲ့.. အနစ်နာသိပ်ခံ ချင်သူ..ပြီးတော့..နောက်ပြန် လှည့်မကြည့် တတ်သူ ..ဆိုတာ.. တကယ်ပဲလား။ ဒီကြားထဲမှာ..သူ ဘာလို့..မြကို မဆက်သွယ် ဖြစ်ခဲ့တာလည်း..။ အသက် ၃၀ ထဲကို ၀င်လာနေပေမဲ့..ခုထိ..သူ အိမ်ထောင် မပြုဖြစ်သေးတာလည်း..ဘယ်သူ့ကြောင့် ရယ်..ဘယ်ဝါ့ ကြောင့်ရယ် မှ..မဟုတ်ဘူး ဆိုတာ..မြသိရင်..စိတ် အနာကြီး..နာလေမလား ။ တော်ပါပြီလေ...မြ ကိုလည်း..အဟောင်း တွေ..အသစ် မဖြစ်စေချင်တော့ပါ။

+++++++

ဒီနှစ် တက္ကသိုလ် သင်တန်းတွေက.. အရင်ကလို..မဟုတ်တော့ပေ။
မကြာသေးခင်..မတ်လကမှ..စစ်အာဏာသိမ်းထားတာ မို့.. လွတ်လွတ် လပ်လပ် မရှိလှတော့။ အဆောင်စည်းကမ်း တွေလည်း..အသစ်ပြင်ဆင် တင်းကြပ် ထားသည်။

ကျောင်းဖွင့်လို့..လူတွေ ပြန်စုံကြတာနဲ့..တ.က.သ ထဲမှာ...လှုပ်လှုပ်ရှားရှား ဖြစ်လာကြ ပြန် သည် ။ မတ်လတုန်းက..စာမေးပွဲရက်မို့.. ပြီးတော့လည်း..ကျောင်းတွေဆက်ပိတ် လိုက်တော့..ကြေငြာချက် ထုတ်တာကလွဲလို့.. ဘာမှ မထူးခြားခဲ့။ ပြည်သူလူထုက..ရွေးကောက် တင်မြှောက်တဲ့..ဒီမိုကရေစီ အစိုးရ ကို ဖြုတ်ချပြီး..စစ်တပ်က..ဦးဆောင်မည်ဆိုတော့.. ဘယ်သူတွေက..ထောက်ခံကြမလဲ..ဘယ်သူတွေက..ကန့်ကွက် ကြမလဲ။ တ.က.သ ထဲမှာ လည်း.. စောင့်ကြည့်ချင်သူ..ကန့်ကွက်ချင်သူ..ထောက်ခံချင်သူ တွေ နှင့်..ကြွက်စီ ကြွက်စီ ဖြစ် နေပြီ။

ကိုယ်တွေ ကသာ..စောင့်ကြည့်တုန်း..ဘာလုပ်ရမှန်း မသိတုန်း ဖြစ်နေပေမဲ့..သူတို့ဖက်ကတော့..လက်ဦးမူ ယူသည့်နေရာမှာ..လျင်မြန်လှသည်။ မေလ ထဲမှာ ပဲ.. တော်လှန်ရေး ကောင်စီ သစ်က.. ဥပဒေ အမှတ် (၃) နဲ့ အမှတ် (၄) ကို..ထုတ်ပြန်လိုက်သည်။ အမှတ် (၃) က..ရန်ကုန် တက္ကသိုလ် အက်ဥပဒေ ကို ဖျက်သိမ်းခြင်း။ အမှတ် (၄) က..မန္တလေး တက္ကသိုလ် အက်ဥပဒေ ကို ဖျက်သိမ်းခြင်း။ နံမည်သာ ကွာ ပြီး..အားလုံး အတူတူ။ ၁၉၂၀ ပထမ ကျောင်းသားသပိတ် ကာလ တည်းက..အခြေတည် ခဲ့တဲ့.. တက္ကသိုလ်.. အစိုးရ နဲ့..ကုန်ထုတ်လုပ်ငန်း- သုံးဦး သုံးပါတီ..ညီညီမျှမျှ..မောင်းနှင်လာခဲ့တဲ့.. လွတ်လပ်ပွင့်လင်းတဲ့..တက္ကသိုလ် အုပ်ချုပ်ရေး စနစ် ကြီးကို.. စစ်တပ်ကပဲ..မောင်ပိုင်စီး..ချုပ်ကိုင်တော့မည် လို့ အမိန့်ပေးလိုက်ခြင်း ပါပေ။

ဇွန်လ တစ်လလုံး..စောင့်ကြည့် ငြိမ်သက်နေတဲ့.. ကျောင်းသားတွေရဲ့ အသံဟာ.. ဇူလိုင်လ..ကျောင်းဆောင် အသီးသီးက..သဟာယ နဲ့ စာဖတ် အသင်းတွေ..ဖွဲ့စည်းပြီးလို့..ကိုယ်စားလှယ်တွေ..တ.က.သ ထဲ တက်လာတဲ့ အချိန်မှာတော့..ဒီ ဥပဒေ တွေကို..ဆန့်ကျင်ကြောင်း..တညီတညွတ် တည်း..ကြေငြာနိုင်ခဲ့ပြီ။

ဇူလိုင်လ(၆)ရက်နေ့ည..ရွှေဘိုဆောင်..အစည်းအဝေးက..ဆုံးဖြတ်ချက်..ကြွေးကြော်သံတွေ.. ။ ဒဂုန်..တောင်ငူ..ရာမည..အမရ..မန္တလေး..သထုံ..ပဲခူး..စစ်ကိုင်း..ပင်းယ..အင်းဝ..အဆောင် တွေရဲ့..ညတွင်းချင်း ပူးပေါင်းပါဝင်မူ။

ဇူလိုင်လ (၇) ရက်နေ့..နေ့လည် တစ်နာရီ ..ယူနီယံကြီးထဲက.. အရေးပေါ်..ကျောင်းသားများ အစည်းအဝေး။ အစည်းအဝေးအပြီး..တခဲနက်..ဆန့်ကျင်လိုက်တဲ့..ကြေငြာချက်..။ တက္ကသိုလ် ၀န်းထဲ က..ချီတက်ပွဲ။

အဖြစ်အပျက် တခု စီတိုင်းက.. လျင်လျင်မြန်မြန်..ဆက်တိုက် ဖြစ်လာ နေသည်။ အဲဒီ နောက်တော့.. အဓိပတိလမ်းပေါ်က..ညနေစောင်း လူသတ်ပွဲ။ ဇူလိုင် (၈) ရက် မနက်လင်းအားကြီးက..ပေါက်ကွဲသံ။ နာရီပိုင်းအတွင်း ပျောက်ဆုံးသွားတဲ့.. သမဂ္ဂ အဆောက်အဦကြီး။ အော်ဟစ်သံတွေ..ငိုညည်းသံတွေ.. တောက်ခေါက်သံတွေ..စုတ်သပ်သံတွေ။

ရန်ကုန် တက္ကသိုလ် ကြီးကတော့..သူ့ရင်ခွင်ထဲကို..၀င်ရောက်..ထိုးမွှေသွားတဲ့..ဒဏ်ရာ ဒဏ်ချက်တွေ..သွေးစိမ်းရှင်ရှင်တွေကို..ဘယ်လိုလုပ်ရမလည်း ဆိုတာ..သိရှိ ယဉ်ပါးနေဘိအလား.. ငြိမ်သက်စွာ..လဲလျောင်းလို့။


+++++++



ခုဆိုရင်..ဟောဒီ..ဓါတ်ပုံလေးထဲက..လူတွေ..ဘယ်သူတွေ..အသက်ရှင်နေကြဦးမလည်း။
ဝါးရုံတွေကြားထဲမှာ..ဘ၀ကို စိမ်ခေါ်ခဲ့သူ တွေ။ သံတိုင်တွေ ကြားထဲမှာ..နောက်ဆုံးထွက်သက် အထိ.. အမြင့်ဆုံး အလံကို လွှင့်သွားနိုင်သူတွေ။

---- သူတွေ။
----- သူတွေ ။
--- သူတို့တွေ။

သူတို့တွေရဲ့..ရင်မှာ..အတွင်းကြေ ဒဏ်ရာတွေ ကို သယ်ပိုးလို့။ အိပ်မပျော်တဲ့..ညတွေကို.. နည်းအမျိုးမျိုးနဲ့..ကျော်လွှားဖြတ်သန်းလို့..။ သမိုင်းပေးတာဝန်တွေကို..တာဝန်ကျေစွာ..ကမ်းယူသယ်ပိုးရင်း..ပျော်ပျော်ရွှင်ရွှင် သိက္ခာရှိရှိ.. အိမ်ပြန်လာမဲ့..သားသမီး မြေးမြစ် တွေ ကို.. စောင့်မျှော်လို့...။

သူမလွမ်းချင်ပါဘူး။ လွမ်းတယ်ဆိုတာ..လူကို အားနည်းစေတယ် လို့..အခုချိန်ထိ..လက်ခံ ထားဆဲပါပဲ။ ဒါပေမဲ့..သူ မျက်ရည်တွေ ကျနေတယ်။ မျက်ရည်ကျ တာဟာ..လွမ်းတာဆိုရင်လည်း.. အခု ခဏလေး တော့..သူ ..လွမ်းပါရစေ။


၇၅ နှစ် အရွယ် အဖိုးကြီး တယောက်..မျက်ရည်ကျ နေတာကို.. နားလည်ခံစား ပေးနိုင်ကြမဲ့-
မိတ်ဆွေ အပေါင်းအသင်း တွေကို..လွမ်းပါရစေ...

ကြည်နူးသာယာခဲ့ဘူးတဲ့.. ချစ်မေတ္တာတွေကို လွမ်းပါရစေ...


နုပျို တက်ကြွခဲ့တဲ့.. တက္ကသိုလ်နေ့ရက်တွေကို..လွမ်းပါရစေ..


အမျိုးသား နိုင်ငံရေး..ပြည်သူ့ဒီမိုကရေစီရေး.. လှုပ်ရှားမူတွေ မုန်တိုင်းထန်ခဲ့တဲ့.. ကျောင်းသား သမဂ္ဂ အဆောက်အဦကြီးကို လွမ်းပါရစေ...


တိုင်းကျိုးပြည်ကျိုး ထမ်းရွက်ခဲ့တဲ့..နေ့ရက်တွေကို..လွမ်းပါရစေ...


ဟောဒီ..သူချစ်တဲ့.. ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီး အတွက်..လွမ်းပါရစေ...။

++++++++++++++++++

( နိုဝင်ဘာ ၂၆ ရက်နေ့မှာ .. ၇၅ နှစ်ပြည့်သွားတဲ့..ဖေဖေ့ အတွက်..)

You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: နို့စို့ဖက်...

နို့စို့ဖက်...

"အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ..."
အဲ့ဒီလို နှုတ်ဆက်သံနဲ့ ကျနော် လောကကြီးထဲကို ရောက်လာခဲ့တာပါ..။ ကျနော်ကတော့ လူဖြစ်လာပြီဟေ့လို့ ဟစ်ကြွေးရင်း ဝမ်းသာမြူးထူး ပျော်ရွှင်စွာပေါ့...။ လောကကြီးရဲ့ ကြိုဆိုပုံတွေက ရက်စက်တယ်.. မသင်းဘူး...။ ပထမဦးဆုံး မြင်လိုက်ရတာက ကျနော့်ကိုဖမ်းညှပ်ထားတဲ့ စတီးညှပ်ကြီး.. နောက်သွေးသံရဲရဲနဲ့ ကတ်ကြေးတွေ.. ဇလုံတွေ... ကျနော် စမြင်ဖူးတဲ့ လူသားတွေကလည်း ဇောက်ထိုးတွေ....

ကျနော့် ခြေအစုံကိုမပြီး "ဖြန်း" ကနဲ တင်ပါးကို ရိုက်လိုက်တဲ့ ရိုက်ချက်တွေက "မင်းဟာ လောကဓံရဲ့ အထုအထောင်းတွေကို ခံရတော့မယ်လို့" ပြောနေတာများလား..!! အေးသလို နွေးသလို ရေဇလုံထဲကို အထည့်ခံရပြန်တော့ ပထမဦးဆုံး လောကကြီးထဲကိုယူလာတဲ့ အညစ်အကြေးတွေကို ဆေးကြောလိုက်သလို ခံစားရပြန်တယ်။ အနှီးပိတ်ဖြူဖြူလေးကတော့ အမည်းတစ်စက်မှမရှိ ပကတိ ဖြူစင်မှုတွေနဲ့... နီတာရဲလေး ကျနော်ကလည်း သန့်ရှင်းဖြူစင် အပြစ်ကင်းလျှက်...။

"အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ..." (( မေမေ.... မေမေရေ ))
နွေးထွေးလွန်းတဲ့ ရင်ခွင်တစ်ခု... ဒါဟာမေမေ့ရင်ခွင်ပါဘဲ...။ မေမေ့ရင်ခွင်ထဲကနေ ကျနော်မော့အကြည့်.. ကျနော့်ကို ငုံ့ကြည့်နေတဲ့ မေမေ့မျက်နှာလေးက မောပန်းနွမ်းနယ်လွန်းနေပေမဲ့ မျက်လုံးတွေက အရောင်တွေလဲ့လို့.. ဝမ်းသာကြည်နူးမှုတွေနဲ့ မေမေ့နှုတ်ခမ်းတွေ ပြုံးနေတယ်..။ မေမေက မျက်လုံးတွေနဲ့ ကျနော့်ကို စကားစပြောခဲ့တယ်... ။

"သားရေ... လောကကြီးထဲမှာ တွေ့ကြုံရမယ့် လောကဓံတရားတွေအတွက် မေ့သားလေး.. ဘာမှ မကြောက်ရဖူးနော်.. သားရှေ့မှာ မေမေအမြဲရှိမယ်" လို့ အားပေးခဲ့တာ မဟုတ်လား မေမေ...!! ဒါဟာ မေမေကျနော့်ကိုပေးတဲ့ ပထမဦးဆုံး စိတ်ဓါတ်အင်အား...။ နူးညံ့ညင်သာတဲ့ အထိအတွေ့နဲ့ ချိုစိမ့်နေတဲ့ မေမေ့နို့ရည် နွေးနွေးတွေက ကျနော့်ကိုပေးတဲ့ ပထမဆုံး အဟာရခွန်အား...။ နို့စို့ရင်း မေမေ့မျက်နှာကို မော့ကြည့်နေရတာ အေးချမ်းလိုက်တာ..။ ကျနော် နို့သောက်ရင်း အိပ်ပျော်သွားခဲ့တယ်...။

"အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ..."
ခပ်ကျယ်ကျယ် ငိုသံတစ်ခုကြောင့် လန့်ပြီးနိုးလာချိန်မှာ မေမေ့နို့ကိုစို့နေတဲ့ ကျနော့်လို နီတာရဲလေး တစ်ယောက်..။ ကျနော် အရမ်းကို အံ့သြောသွားတယ်.. သူလည်း ကျနော့်ကို မျက်လုံးလေး အဝိုင်းသားနဲ့လှမ်းကြည့်ပြီး......

"အဲ့... အဲ့... အဲ့..." ((ဟယ်လို... နင်ကဘယ်သူလဲ...))
"အဲ့... အဲ့... အဲ့..." ((အောင်မာ... မင်းကများ ငါ့ကိုမေးရသေးတယ်.. မင်းကဘာလို့ ငါ့အမေနို့ကိုစို့နေရတာလဲ...))

"အဲ့... အဲ့... အဲ့...." ((ဒါနင့်မေမေလား.. ငါမသိဘူး.. ငါ့မေမေကနို့မထွက်လို့ ဒီကိုခေါ်လာပြီးတိုက်တာ...))
"အဲ့... အဲ့... အဲ့...." ((မသောက်နဲ့......))ဲ့

အဲဒီကတည်းက ကျနော်ဟာ မနာလိုခြင်း မကျေနပ်ခြင်းတွေကို စရင်းနှီးခဲ့တော့တာ ယ္ခုထက်တိုင်...။

"အဲ့... အဲ့... အဲ့......" ((ငါအရမ်း ဗိုက်ဆာနေလို့ပါဟယ်...))
"အူဝဲ... အူဝဲ... အူဝဲ.... အူဝဲ..... အူဝဲ... အူဝဲ့ဲ့ဲ့ဲ့ဲ့ဲ"

ကျနော် ဒေါသတကြီးနဲ့ ကျယ်ကျယ်လောင်လောင် ငိုချလိုက်မိတယ်..။ ဖြစ်နိုင်ရင် ကျနော်သူ့ကို လှမ်းပြီး ကန်ထည့်လိုက်ချင်တာ ခြေထောက်တွေကို ယားနေတာဘဲ... အနှီးတွေနဲ့ ကျနော့်ခြေထောက်တွေကို ကောက်ညှင်းထုပ်လို တင်းနေအောင် ထုပ်ထားလို့... မေမေက ကျနော့်ကျောကုန်းလေးကို ပုတ်ပြီး ဖြေသိမ့်ရင်း ချော့သိပ်ပြန်တယ်..။ "သားရယ်.. သူလည်းဆာရှာမှာပေါ့ ပေးတိုက်လိုက်ပါနော်..." လို့ပြောနေသလိုဘဲ ကျနော်ခံစားလိုက်ရတယ်..။

မေမေ့ဆန္ဒတွေ နှစ်သိမ့်မှုတွေရယ်ကြောင့် လိုက်ရောလိုက်ရပေမဲ့ ဒင်းကို အဲ့ဒီအချိန်ကစလို့ မကျေနပ်ခဲ့တာ ခုအချိန်အထိပါဘဲ...။ ဒင်းနဲ့ကျုပ်က လူ့ဘဝထဲကို မတိမ်းမယိမ်း အချိန်လေးအတွင်းမှာ စရောက်ခဲ့ကြတာဆိုရင် အံ့သြကြမယ်ထင်တယ်..။ ကျုပ်ကစပြီး ဒင်းကို အလျှော့ပေးလိုက်ရသလိုဖြစ်ခဲ့တဲ့ ခံစားမှုနဲ့ ကျုပ်ဟာကျုပ် မကျေနပ်ဖူးဗျ...။ ဆော့တတ် ကစားတတ်တဲ့ အရွယ်ရောက်တော့လည်း ဒင်းက မိန်းကလေးဘဲ ဆိုပြီး တစ်ခါတစ်လေ မေမေက အလျှော့ပေးခိုင်းပြန်ရော..။

ကျုပ်မှာသာ မကျေနပ်စိတ်တွေ ထပ်ထပ်လာတာ... ခုလူကြီးတွေ ဖြစ်လာတဲ့အထိဘဲ ဆိုပါတော့..။ ဒင်းနဲ့ မြန်မြန်ဝေးပါရစေလို့ ဆုတောင်းခဲ့တဲ့ ကျုပ်ဆုတောင်းက မူကြိုရောက်တဲ့နှစ်မှာ ပြည့်ခဲ့တယ်...။ ဒင်း ဖေဖေက တာဝန်နဲ့ နယ်ပြောင်းရတော့ ဒင်းလည်းလိုက်ရပြီပေါ့...။ ကျုပ်လေ အတော်လေးကို ပျော်ခဲ့တာဗျ..။ ဒင်းကတော့ နိုင်စားရမဲ့ ကျုပ်နဲ့ဝေးရလို့ အတော်ငိုခဲ့သလားဘဲ.. ဘယ်သူက သူ့ကိုသည်းခံမှာတုန်း...!! သူ့လို စွာတေးတေး ဂျစ်ကန်မကိုများ လူတိုင်းက အော့ကြောလန်..။ အဲ... ကျုပ်ခြောက်တန်းအောင်လို့ ခုနှစ်တန်းတက်တဲ့နှစ်မှာ ကံဆိုးမိုးမှောင်ကျစွာ ဒင်းနဲ့ပြန်ဆုံရတော့တာ..။ ကံတရားက ကျုပ်ကို မျက်နှာသာ မပေးလိုက်ပုံများနော်....!! "သေချင်တယ်.. သေသာသေချင်တယ်.." နဲ့ လူတွေပြောကြတာ အသက်တွေ တော်တော်ကြီးမှပါ... ကျုပ်က အဲဒီ အရွယ်ကတည်းက တစ်ဖွဖွ ငြီးတွားခဲ့မိတာဗျ...။

အချိန်ရရင်တော့ ဒင်းနဲ့ကျုပ် အကြောင်း စာတွေ ထပ်ရေးမိဦးမလားမသိ...!! ကျုပ်မှာ အချိန်တိုင်း ဒင်းကို လက်စားချေလိုစိတ်က တာဝန်တစ်ခုလို အမြဲတွေးနေမိတာ... မေမေ့ နို့ကိုသောက်ခဲ့တဲ့ ဒင်းကို ဘယ်လိုနည်းနဲ့ လက်စားချေရမလည်း အကြိမ်ကြိမ် ကြိုးစားနေမိတာ ခုထက်ထိ...။ နေနှင့်ဦးပေါ့ကွာ.... ကျုပ်တေးထားတယ်...!! ကျုပ်များ မိန်းမရလို့ကတော့ ကျုပ်မိန်းမကို အမွှာပူးကိုမွေးခိုင်းဦးမှာ... ဟီးးး... ပြီးရင် ဒင်းဆီ မရောက်ရောက်အောင်ပို့.... ဒင်းသား ဒါမှမဟုတ် ဒင်းသမီးကို ကျုပ်နီတာရဲဘဝက ခံစားခဲ့ရတဲ့ မနာလိုမှုမျိုး ထပ်တူခံစားခိုင်းဦးမှာ...။ ကျုပ်မေမေ့ နို့ကြွေးကို ပြန်ဆပ်ဖို့... ကျုပ်လက်စားချေတာခံရဖို့ ဒင်းရော ဒင်းမွေးထုတ်မဲ့ နီတာရဲရော အသင့်သာ စောင့်နေကြပေရော့....!!

ဟီးးး.... လက်စားချေတာကနောက်... ခုတော့... ကြောက်လို့ပြေးပြီဗျိုးးးး... အမလေး...!!

(ကိုရင်နော်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကပ်ပါပေ့ ပီကေရယ်] 1 New Entry: အရှေ့သို့လားသော် (၃)

အရှေ့သို့လားသော် (၃)

ပြီးခဲ့ပို့စ် အပိုင်း (၂) မှာ လေးရောင်ခြယ် အဝေးပြေး လမ်းမကြီးအကြောင်း ရှင်းပြခဲ့ပေမယ့် အနက်ရောင်ကုန်စည်ကို ကျနော် မပြောဘဲ တမင် ချန်ထားခဲ့တယ်။ အဲဒီ အနက်ရောင် ကုန်စည်ဟာ ဘာလဲ ဆိုတာ ကျနော့်ကို မေးတုန်းကလည်း ကျနော် မဖြေနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျနော်လည်း လက်စားချေတဲ့အနေနဲ့ ပြန်မေးကြည့်တာ ;P ။ အစိမ်းရောင်က ကျောက်စိမ်းကို ကိုယ်စားပြုတယ်။ အဝါရောင်က ရွှေကို ကိုယ်စားပြုတယ်။ အဖြူရောင်က ဘိန်းဖြူကို ကိုယ်စားပြုပြီး အနက်ရောက်ကတော့ တရားမဝင် ကုန်စည်တစ်ခုကို ကိုယ်စားပြုနေပြန်တယ်။ အဲဒီ ပစ္စည်းက မြန်မာနိုင်ငံအနေနဲ့ သွင်းခွင့် မပြုတဲ့အပြင် အများပြည်သူတွေ အနေနဲ့လည်း သုံးစွဲခွင့် မပြုပြန်ဘူး။ ဒါပေမယ့် အစိုးရအနေနဲ့ လူတန်းစားတစ်ရပ်ကို တရားဝင် ခွင့်ပြုထားပြန်တယ်။ အဖြူရောင် ဘိန်းဖြူဆိုရင် ဘယ်သို့သော သူကိုမှ တရားဝင် ခွင့်မပြုပေမယ့် အနက်ရောင်ကုန်ကိုတော့ အစိုးရ အဖွဲ့အစည်း တချို့ကို သုံးစွဲခွင့် ပြုထားပြန်တယ်။ ကဲ ... ဒီလောက်ဆို သဲလွန်စ ရလောက်ရောပေါ့။ လက်နက် ခဲ ယမ်း မီးကျောက်ပါ။ ယမ်းအရောင်ကို မူတည်ပြီး အနက်ရောင် ကုန်စည်လို့ အရောင်တပ်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်က လက်နက်တွေ သွင်းပါ့မလားလို့ မေးချင်စရာ ဖြစ်လာပါတယ်။

တရုတ်နိုင်ငံ မန်ချူးဘုရင် အာဏာစက် ယုတ်လျော့စဉ်ကတည်းက ယူနန်ပြည်နယ်မှာ လက်နက်ထုတ်တဲ့ ရွာတစ်ရွာ ရှိခဲ့ဖူးတယ်။ တစ်ရွာလုံးမှာ ရှိတဲ့ ယောက်ျားတိုင်းက ယမ်းကို ကောင်းကောင်း ကိုင်တွယ်တတ်ပြီး လက်နက်တွေ ကိုယ်တိုင် လုပ်တတ်ကြတယ်။ ရွာက ထုတ်တဲ့ လက်နက်တွေ ဖြစ်တာကြောင့် ဈေးပေါတယ်။ ဒီတော့ ရွာနီးစပ်တွေက ကျူးကျော်သူတွေကို တော်လှန်ဖို့အတွက် လက်နက်တွေ ဝယ်ကြတယ်။ ကွန်မြူနစ် အစိုးရ တက်တဲ့ အချိန်အထိ ဆိုပါတော့။ ကွန်မြူနစ် အစိုးရ အာဏာရလာတဲ့ အခါမှာ ကူမင်တန် တပ်တွေ ခွေးပြေးဝက်ပြေး ပြေးရတော့ စစ်ကြောင်းတစ်ခုက ယူနန်ပြည်နယ်ကို တပ်ဆွဲပါတယ်။ ကွန်မြူနစ်တပ်ရဲ့ အတင်း ထိုးဖောက် တိုက်ခိုက်တာကြောင့် ကူမင်တန်တပ်တွေ ကျနော်တို့ မြန်မာနိုင်ငံ နယ်နိမိတ်ကို ကျော်ပြီးတော့ကို ဝင်ရောက် ကျူးကျော်ခဲ့ဖူးတယ်။ နောက်ဆုံး မြန်မာတပ်နဲ့ တရုတ် ကွန်မြူနစ်တပ်ရဲ့ ညှပ်ပူးသတ် တိုက်ခိုက်မှုဒဏ်ကို မခံနိုင်တဲ့အဆုံး ရွှေတြိဂံနယ်မြေမှာ ရှိတဲ့ တပ်ကအပ အားလုံး လက်နက်ချ အရှုံးပေးခဲ့ရတယ်။ အဲဒီလို ကွန်မြူနစ်တွေနဲ့ တိုက်ခိုက်နေတဲ့ ကာလတလျှောက်လုံး အဓိက လက်နက်ထောက်ပံ့နေတဲ့ နေရာက ခုနကျနော် ပြောတဲ့ ရွာပဲဖြစ်တယ်။ ဒါကြောင့် မော်စီတုန်း ကွန်မြူနစ်အစိုးရက ရန်သူတွေကို အမြစ်ပြတ်အောင် ဆိုပြီး ခုနက တစ်ရွာလုံးမှာ ရှိတဲ့ ယောက်ျားသား မှန်သမျှကို အကုန် သတ်ပစ်ခဲ့တယ်။ အဲဒီမှလည်း ယူနန်မှာ လက်နက်ကိုင်အဖွဲ့ အတော်လေး လျှော့ပါးသွားတယ်။

အဲဒီ အချိန်ကတည်းက မြန်မာနိုင်ငံကို သောင်းကျန်းသူတွေ အတွက် လက်နက်တွေ သွင်းတဲ့အခါမှာ ဒီ ယူနန် အဝေးပြေးလမ်းမကိုပဲ သုံးခဲ့တယ်။ အခုနောက်ပိုင်း တရုတ်ပြည်ထောင်စု ပြန်လည်ထူထောင်ပြီး အေးချမ်းနေတဲ့ အချိန်၊ မြန်မာနိုင်ငံ စစ်အစိုးရ လက်ထပ်မှာလည်း ခေတ်မီလက်နက်တွေကို တရုတ်အစိုးရဆီက ဝယ်ရင်လည်း ဒီလမ်းအတိုင်းပဲ ကုန်းလမ်းက ဆင်းတယ်လို့ ပြောကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ လက်နက်တင်သွင်းမှု နည်းသထက် နည်းလာတာကြောင့် ခေတ်သစ်အမြင်နဲ့ အနက်ရောင်ကို လက်ဘက်ခြောက်လို့ ပြောင်းပြောတဲ့သူလည်း ရှိလာပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံဟာ လက်ဘက်ခြောက် ရှယ်ထွက်တဲ့ နိုင်ငံတစ်နိုင်ငံပဲ မဟုတ်ပါလား။

ကျနော့်အနေနဲ့ ဆက်ပြီး ခရီးဆက်ရမယ့် မြို့က နန်လင်မြို့ပဲ ဖြစ်တယ်။ ကွမ်ရှီးပြည်နယ်ရဲ့ မြို့တော်ပါ။ ယူနန်ပြည်နယ်နဲ့ အရှေ့ဘက် ကပ်လျက်မှာ ရှိတယ်။ နန်လင်မြို့ အကြောင်း မပြောခင်မှာ လေယာဉ်လက်မှတ် ဝယ်တဲ့အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ်။ ကျနော်တို့ ကူမင်းရောက်တဲ့ ညမှာပဲ နောက်ခရီးစဉ်တွေအတွက် လက်မှတ် ဝယ်ရတော့တယ်။ ကူမင်းမြို့မှာကိုပဲ Ticketing Agency တွေက ပေါမှပေါပဲ။ မနက်ဖြန် မနက် စီးမယ့် လေယာဉ်လက်မှတ်ကို အခုမှ သွားဝယ်တော့ သေချာတယ် လျှော့ဈေး ဘယ်ရတော့မလဲ။ နဂို ပြဌာန်းထားတဲ့ ဈေးအတိုင်းပဲ ဝယ်ရတယ်။ ဈေးနှုန်း သက်မှတ်တဲ့ နေရာမှာလည်း စိတ်ဝင်စားစရာ တစ်ခု ရှိတယ်။ မြို့တစ်မြို့ကနေ တစ်မြို့ သွားဖို့ ရွေးစရာ လမ်းသုံးလမ်း ရှိမယ် ဆိုကြပါစို့။ ကားနဲ့ သွားမလား။ ရထားစီးမလား။ လေယာဉ်စီးမလားပေါ့။ ကားစီးလို့ တစ်ဆယ်ကျမယ် ဆိုရင် ရထားလက်မှတ်ခက (၁၅) ကျပ်နဲ့ (၂၀) ကျပ် ကြား ရှိမှာ သေချာတယ်။ လေယာဉ်လက်မှတ်ခကတော့ (၃၀) ကျပ်လောက် ပေးရမယ်။ လေယာဉ် လက်မှတ်ကို ၂ ပတ်နဲ့ အထက် ကြိုမှာလို့ ရှိရင် (၂၀) နဲ့ (၂၅) ကျပ်ကြား ရနိုင်တာမို့ ရထားခလောက်ပဲ ကျန်တော့တယ်။ ဒါ သူတို့ရဲ့ ယေဘုယျ သက်မှတ်ချက်လို့ ကျနော် လေ့လာမိပါတယ်။

နောက်တစ်ခုက တရုတ်နိုင်ငံ အနေနဲ့ ကားလက်မှတ်၊ ရထားလက်မှတ်၊ လေယာဉ်လက်မှတ်တွေ အပေါ်မှာ မဖြုန်းတော့တာ တွေ့ရတယ်။ အဝေးပြေး ကားလက်မှတ်တွေဆို မြန်မာနိုင်ငံက အဓိပတိဘတ်စ်ကား လက်မှတ်သာသာ ရှိတဲ့ စက္ကူတွေကိုပဲ သုံးတော့တယ်။ ရထားလက်မှတ် ဆိုလည်း ထို့အတူပဲ။ လေယာဉ်လက်မှတ်တွေတောင် A4 စက္ကူ အလတ်စားကို လေးပိုင်းပိုင်းပြီး လက်မှတ်လုပ်တယ်။ အခုဆို သူတို့ရဲ့ လက်မှတ်ကို E Ticket လို့ ခေါ်တယ်။ စက္ကူပေါ်မှာ သွားမယ့်သူရဲ့ သတင်းအချက်အလက်ပါမယ်။ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ပါမယ်။ ဒါပဲ။ မြန်မာနိုင်ငံလို Art Card နဲ့ Carbon paper တွေ သုံးပြီး မဖြုန်းတော့ဘူး။ မြန်မာနိုင်ငံရဲ့ လေယာဉ်လက်မှတ် အရင်းက (၁၀၀) ကျပ် ကျမယ်ဆိုရင် သူတို့ရဲ့ လက်မှတ် အရင်းက (၁) ကျပ်လောက်ပဲ ကျတော့မယ် ထင်တယ်။ တစ်နေ့တစ်နေ့ သန်းနဲ့ ချီပြီး လက်မှတ်တွေ ရောင်းနေရတော့ တစ်စောင်ကို ၉၉ ကျပ် သက်သာရင် သန်းနဲ့ ချီတဲ့ လက်မှတ်ဖိုးအတွက် တွက်သာကြည့်ပေတော့။ ၂၀၀၈ ခုနစ် သြဂုတ်လ ကစပြီး တရုတ်အစိုးရက E Ticket ကို စပြီး အသုံးပြုစေတယ်။ ဒီတော့ အွန်လိုင်းကနေ လက်မှတ်ဝယ်လို့ရတော့ ဘာစာရွက်စာတမ်းမှ မလိုဘဲ ETicket No နဲ့တင် Boarding Pass ထုတ်လို့ ရနေပါပြီ။ ဒါဆို အရင်းက တစ်ကျပ်တောင် မရှိတော့ဘူးပေါ့။

ကွမ်ရှီးပြည်နယ်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုပါ။ သီးခြားယဉ်ကျေးမှုနဲ့ လူမျိုးစုတွေ နေထိုင်တဲ့ ပြည်နယ်မို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးထားတယ် ထင်ပါ့။ အဲဒီ ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစု အများစုက ခမာနွယ်ဝင်တွေ ဖြစ်မယ်။ ဗီယက်နမ်နိုင်ငံရဲ့ တံခါးဖွင့် စီးပွားရေးစနစ်ကို အများဆုံး လက်တွေ့ အကျိုးခံစားရတဲ့ အိမ်နီးချင်းကို ပြပါဆိုရင် တရုတ်ပြည်ရဲ့ ကွမ်ရှီးပြည်နယ်ကို လက်ညိုးထိုးရတော့မှာပဲ။ အရင် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သွားနေတဲ့ ပြည်နယ် စီးပွားရေး အခြေအနေဟာ ဗီယက်နမ်ရဲ့ တံခါးဖွင့် ကြိုဆိုမှုကြောင့် တရုတ်ကုန်စည်တွေ ဒလဟော စီးဆင်းတဲ့ ရေစီးကြောင့် အင်မတန်မှ ခေါင်းထောင်လာတယ်။ အခုဆိုရင် စီးပွားရေး တိုးတက်မှုဟာ ယူနန်ပြည်နယ်ကို ကျော်တက်ပြီး အာဆီယံရဲ့ ဂိတ်ဝအဖြစ် ဖော်ဆောင်နိုင်တာ တွေ့ရတယ်။ မြန်မာ၊ လာအို နဲ့ ထိုင်းနိုင်ငံ စတဲ့ နိုင်ငံသုံးခုနဲ့ ထိဆက်နေတဲ့ ယူနန်ပြည်နယ်ကို ကျော်တက်ပြီး အာဆီယံရဲ့ ဂိတ်ဝသဖွယ် ရပ်တည်နိုင်တဲ့ ကွမ်ရှီး ပြည်နယ်ကို ချီးကျူးရမှာပါ။ ဒါ ဗီယက်နမ်ရဲ့ တိုးတက်မှု ရေစီးကြောင်းကို ပါးနပ်စွာ အသုံးချတတ်တဲ့ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ အရည်အချင်းလို့လည်း ဆိုနိုင်ပါတယ်။

မြို့ကြီးပြကြီး အဆင့်ကို မြှင့်တင်ဖို့ ကြိုးစားတာ ၅ နှစ်ကျော်ပဲ ရှိသေးတယ် ဆိုတော့ မြို့ပြ အနေအထားအရ နန်လင်မြို့ဟာ ကူမင်းမြို့ကို မမီသေးတာတော့ အမှန်ပါ။ လေယာဉ်ကွင်းကနေ မြို့ပြနေရာကို ရောက်ဖို့ အတွက် ကီလိုမီတာ (၂၀) ကွာဝေးပါတယ်။ အထပ်မြင့်တိုက်တွေ ကျို့တို့ကျဲတဲပဲ ရှိသေးတယ်။ Construction Sites ဆောက်လုပ်ဆဲ မြေနေရာတွေ နေရာအတော်များများမှာ တွေ့ရတယ်။ ကျနော် နန်လင်မြို့ကို ရောက်တဲ့ အချိန်က တရုတ်အာဆီယံ ကုန်စည်ပြပွဲ ကျင်းပဖို့ တစ်ပတ်ပဲ လိုတော့တာဆိုတော့ မြို့အနှံ့ အလှအပတွေနဲ့ ပြင်ဆင်ထားတာ တွေ့ရတယ်။ နေရာတကာမှာ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေ မြင်နေရတယ်။ ကျနော် နန်လင်မြို့ကို ပထမဆုံး ရောက်ဖူးခြင်းပါ။ နောက်ပြီး ကျနော် နန်လင်ကို မနက်ရောက်ပြီး ညနေပဲ လေယာဉ်နဲ့ ကွမ်ကျိုး (GuangZhou) မြို့ကို ထွက်ခွာရပါတယ်။ ကျနော် မြို့ထဲမှာ နေရတဲ့ အချိန်က စုစုပေါင်းမှ လေးနာရီ မပြည့်တာကြောင့် နန်လင်အကြောင်း များများစားစား မသိခဲ့ရပါဘူး။ တိုက် ခပ်ကျဲကျဲနဲ့ တည်ဆောက်ဆဲ မြို့တစ်မြို့ လို့ပဲ မှတ်ချက် ချနိုင်လိုက်ပါတယ်။

(ဆက်ရန်)

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အောင်သာငယ်] 1 New Entry: LA က အမျိုးသားနေ့ စာပေဟောပြောပွဲ

LA က အမျိုးသားနေ့ စာပေဟောပြောပွဲ

(ဒီပို့စ်မှာ ဖော်ပြထားသမျှ ဓါတ်ပုံတွေအားလုံးကို - ဘကြီးအောင် -ခေါ်- ကိုအောင်နိုင်လင်း - ရိုက်ကူး ပေးထားကြောင်း အရင်ဆုံး မှတ်တမ်းတင်ပါတယ်)

ကျနော်က စာပေဟောပြောပွဲတွေ အနီးအနားမှာ ရှိရင် သွားနားထောင်တတ်ပါတယ်။ အရမ်း ဝေးတဲ့ နေရာတွေမှာ ဆိုရင်တော့ သွားချင် သော်လည်း မသွားနိုင်ဘူးပေါ့လေ...။ ခုဆို စာပေ ဟောပြောပွဲတွေ နား မထောင်ရတာ အနှစ် ၂၀ တောင် ရှိခဲ့ပါပြီ။ မှတ်မိတာ ကတော့ ၁၉၈၇ က နောက်ဆုံးပဲ ထင်တယ်။ ဆရာ စိန်ခင်မောင်ရီ၊ ဆရာအောင်သင်း နဲ့ နောက် စာရေးဆရာ တယောက်ပါ...။ စိန်လွင်လေးလို့ ထင်တာပဲ... မမှတ်မိတော့ဘူး။ မှတ်မိနေတာကတော့ အဲတုန်းက အဲစာပေဟောပြောပွဲ ကျင်းပရာ မြို့နယ်က မြို့နယ် ပါတီယူနစ် ဥက္ကဌလား အတွင်းရေးမှူးလား မသိပါဘူး စင်ပေါ်မှာ အမှာစကား အတင်း တက်ပြောပါတယ်။ ဆရာ စိန်ခင်မောင်ရီကို သူကပဲ ပရိတ်သတ်နဲ့ မိတ်ဆက် ပေးနေသေး ... မိတ်သာ ဆက်ပေးနေတာ ဆရာ့နံမည်ကိုတောင် သူ မသိပါဘူး။ ဆရာ ... စိန်... ..... ..... ..... အဲ..အဲ... တဲ့ ... ပြီးတော့မှ နောက်ဖက်က စာတမ်းကိုပြန်လှည့်ကြည့်.... စာရေးဆရာ နံမည်တွေ ဖတ်ပြီးတော့မှ ... ခင်မောင်ရီ.... လို့ ဆိုသဗျ...။ အဲလို ပုဂ္ဂိုလ် တယောက်က စင်ပေါ်တက်ပြီး အမှာစကား မိတ်ဆက်စကား ပြောနေသေး...။ ကျနော်တို့မှာတော့ ရင်ထဲမှာ ကျလိ ကျလိနဲ့...။ ဆရာ စိန်ခင်မောင်ရီ ဟောတဲ့ အလှည့်ရောက်တော့ ဆရာက ကလိ သွားပါသေးတယ်... ရုပ်ရှင်တွေမှာ ပါတဲ့ မစိန်ခင် ကိုတော့ ခင်ဗျားတို့ သိမှာပေါ့... ကျနော့် နံမည်ကို မသိရင်... မှတ်ထား ကြပေါ့ဗျာ .... ရီနေသော မစိန်ခင်၏မောင် ... တဲ့... ပရိသတ်ဆို တအုံးအုံးနဲ့... ရီကြရတာပေါ့။ အဲလိုမျိုး ရီလည်း ရီရ... ဗဟုသုတ တွေလည်း ရတဲ့ စာပေ ဟောပြောပွဲတွေနဲ့ ကျနော် ဝေးနေခဲ့တာ ကြာပြီဆိုတော့ LA မှာ လုပ်မယ့် စာပေ ဟောပြောပွဲကိုတော့ ရောက်အောင် သွားဖို့ အားခဲထားတာပါ။

ဒီစာပေဟောပြောပွဲကို အမျိုးသားနေ့အထိမ်းအမှတ်အတွက် Mandalay Gazette နဲ့ LA Organisers အဖွဲ့ ပေါင်းပြီး စီစဉ်တာ ဖြစ်ပါတယ်။ ကျနော်ကတော့ သွားနားထောင်ဖို့တင် မကပါဘူး.. ဟောပြောပွဲ အတွက်ပါ ၀ိုင်းဝန်း လုပ်ကိုင်ပေးဖို့ပါ...။ သို့သော်လည်း ကျနော့် အလုပ်က အဲနေ့မှာ မအားဘူး။ ခွင့်လည်း ယူလို့မရတော့ အလုပ်ရှင်ကို စောစောပြန်ဖို့သာ ခွင့်တောင်းလို့ ရပါတယ်။

နိုဝင်ဘာ ၂၃ မှာ မနက်ပိုင်း စောစောသွား အလုပ်ဆင်းပြီး အလုပ်ပြီးတာနဲ့ ပြန်လာခဲ့ပါတယ်။ ကျနော်က ဒီကို ပြောင်းလာတာ မကြာသေးတဲ့ အပြင် ဒီဘက်က ဖရီးဝေးတွေနဲ့လည်း သိပ် မရင်းနှီးသေးပါဘူး... ဒါကြောင့်မို့ သူငယ်ချင်းတွေနဲ့ ကပ်လိုက်ဖို့ စဉ်းစားထားတာပါ။ အိမ်ရောက်တော့ တနေ့ညက ပြောထားတဲ့ သူငယ်ချင်းကို ဖုန်းလှမ်းဆက်တော့ သူက သွားနှင့်ပြီ။ တခြား သူငယ်ချင်း တယောက်နဲ့ပဲ လိုက်ခဲ့တော့လို့ ကျနော့်ကို ပြောပါတယ်။ ဒါနဲ့ ကိုယ့်ဖာသာပဲ မောင်းသွားဖို့ စဉ်းစားပြီး လိပ်စာကို ဂူးဂဲလ်မှာ ရိုက်ထည့်ပြီး မြေပုံ ကြည့်လိုက်ပါတယ်။ ဒီလိုနဲ့ Driving Direction ကို ကြည့်လိုက် Traffic ဆိုင်းဘုတ်တွေ ကြည့်လိုက်နဲ့ မောင်းလိုက်တာ တနာရီလောက် မောင်းလိုက်တော့ စာပေဟောပြောပွဲလုပ်မယ့် Monterey Park ကို ချောချော မောမော ရောက်သွားပါတယ်။ သို့သော်လည်း ထုံးစံအတိုင်း မြို့ထဲမှာ ရွာလည်နေပါသေးတယ်။ ဟောပြောပွဲ ကျင်းပမယ့် East-West Dental Function Hall ရှိတဲ့ Garvey Avenue ကြီးကို ရှာတွေ့တော့လည်း အရှေ့နဲ့ အနောက် ပြောင်းပြန်ကြီး မောင်းနေမိလို့ လမ်းမှန်ပေါ် ရောက်နေ တာတောင် ရွာလည်နေပါသေးတယ်။ ဒါနဲ့ ကားခဏရပ်ပြီး လမ်းဘေးက တွေ့တဲ့လူတယောက်ကို မေးတော့မှ ပြောင်းပြန် မောင်းနေမှန်း သိတော့တာ။ ဒါနဲ့ ကားပြန်လှည့်ပြီး လာခဲ့တဲ့လမ်းအတိုင်း ပြန်မောင်း.... နောက်ဆုံးမတော့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားပါတယ်။ ကျနော်ရောက်တော့ နေ့လည် ၁၂ နာရီ ကျော်နေပြီ။ ဟောပြောပွဲကတော့ နေ့လည် ၂ နာရီမှ စမှာပါ။

နောက်တော့ Hall ရှေ့မှာ ကားရပ်ခဲ့ပြီး LA Organizers အဖွဲ့က ကျနော့် သူငယ်ချင်း ကိုသူရထွန်းမော်ကို လှမ်းမြင်လိုက်ရတဲ့ ရိုးမ မြန်မာ စားသောက်ဆိုင်ကို လိုက်သွားပါတယ်။ ဆရာ မောင်သာရကိုလည်း အဲမှာ နေ့လည်စာ စားနေတာတွေ့လိုက်ပါသေးတယ်။ မနက်ကတည်းက ဘာမှ မစားရသေးလို့ ဆာနေရတဲ့ကြားထဲ မြန်မာထမင်းဆိုင်နဲ့ လာတွေ့နေပြီဆိုတော့ ဗိုက်ကလည်း တဂွီဂွီပေါ့...။ ဒါနဲ့ ကိုသူရကို - ကျနော် ဘာမှ မစားရသေးဘူးဗျ... တခုခု စားချင်တယ် ... ဆိုတော့ - အေးလေ... ကိုယ်တို့လည်း စားကြမှာပဲလေ... ဒီမှာ မီနူးရှိတယ်... စားချင်တာ မှာလေ... ဆိုတာနဲ့ မြန်မြန်ဆန်ဆန် စားလို့ရမယ့် မစားရတာလည်း အတော်ကြာနေပြီဖြစ်တဲ့ အုန်းနို့ ခေါက်ဆွဲ တပွဲကို ပဲကျော်နဲ့ မှာ လိုက်တယ်။ တပွဲ $ 4.50။ ကောင်းမှကောင်းပေါ့ဗျာ...။ အုန်းနို့ ခေါက်ဆွဲက အများကြီးပါပဲ... ဆာနေတဲ့ အချိန် စားတာတောင် အကုန် မစားနိုင်ဘူး...။

စားပြီးတော့ ကျနော်တို့ ခေါင်းစည်း သွားလုပ်ကြပါတယ်။ ကိုမျိုးရယ်၊ ကျနော်ရယ်၊ ကိုခိုင်ရယ်။ စာလုံးတွေနဲ့ ပုံတွေကိုတော့ ကိုခိုင် (Mandalay Gazette)က လုပ်လာတာပါ။ အောက်ခံပိတ်ဖြူမှာ စာရွက်တွေ ကပ်ပြီးလုပ်ကြတာပါ။ တိပ်တွေနဲ့ ကပ်ပြီးမှ စာရွက်တွေ ပြန်ပြန်ကွာကျလို့ Stapler နဲ့ ပြန်ချုပ်ရပါသေးတယ်...



ခေါင်းစည်းပြီးသွားတော့ တခြား လုပ်စရာလည်း မရှိတော့ ကျနော်လည်း ဟိုဟိုသည်သည် လျှောက်သွား လျှောက်ကြည့်ပေါ့လေ...။ အခန်းကတော့ သိပ် အကျယ်ကြီး မဟုတ်လှပါဘူး။ သို့သော်လည်း လူ ၂၀၀ လောက်တော့ ဆန့်နိုင်ပါတယ်။ အခန်းလည်မှာ ထိုင်ခုံ တရာလောက် ချခင်းထားပါတယ်။ အခန်းရဲ့ ပတ်ပတ်လည်မှာကတော့ ပစ္စည်းမျိုးစုံနဲ့ ရှုပ်ပွနေတာပါပဲ။ ဟောပြောပွဲလုပ်မယ့် စင်မြင့်မှာတော့ ဗုံတွေတွေ့လို့ အကိုအောင်ဝေးကတောင် ဖျော်ဖြေရေးအစီတွေပါ ရှိသလား မေးနေပါသေးတယ်။

နောက်တော့ နေ့လည် ၂ နာရီမှာ စာပေဟောပြောပွဲကို စတင်ပါတယ်။ presenter တွေ အဖြစ် ဦးကိုလေးနဲ့ မနီလာစိန် တို့က ဆောင်ရွက်ပေးပါတယ်။ သူတို့ နှစ်ယောက် အပြန်အလှန် စကားပြောတဲ့ပုံမျိုးနဲ့ စာပေဟောပြောပွဲ စတင်ပြီဖြစ်ကြောင်း ပရိတ်သတ်ကို ပြောရင်း နေရာယူပေးကြဖို့ ဖိတ်ခေါ်လိုက်တာပါ။ စာပေဟောပြောပွဲ တလျှောက်လုံးမှာ ပရိတ်သတ်ကို ရီမောအောင် လုပ်ရင်း ပွဲထိန်းသွားခဲ့ကြတဲ့ တကယ်တော်တဲ့ presenter တွေ ဖြစ်ပါတယ်။



နောက်တော့ အခမ်းအနား အစီအစဉ်တွေဖြစ်တဲ့ အမျိုးသား သီချင်း သီဆိုမှု။ ဒီမိုကရေစီရေး တိုက်ပွဲစဉ်တလျောက်လုံးမှာ ကျဆုံး သွားကြတဲ့ အာဇာနည်များကို အလေးပြုခြင်း၊ တောင်ပိုင်း ကယ်လီဖိုးနီးယား မြန်မာအသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာ ဇော်ထွန်းရဲ့ အဖွင့် အမှာစကား ပြောကြားခြင်း။ ကဗျာဆရာ ဝေဖန်ရေးဆရာ ဆရာမောင်စွမ်းရည်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားခြင်း၊ ဆရာ မောင်စွမ်းရည်ရဲ့ ဟောပြောမှု အစီအစဉ်ဖြစ်တဲ့ - ၀တ္ထုအကြောင်း ကဗျာအကြောင်း- ဟောပြောမှု၊ ကဗျာဆရာ ဆရာအောင်ဝေးရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားခြင်း၊ ဆရာအောင်ဝေးရဲ့ ဟောပြောမှုအစီအစဉ်ဖြစ်တဲ့ - လွမ်းမိတဲ့တရား - ဟောပြောမှု၊ အခမ်းအနား ခေတ္တရပ်နားပြီး အကျွေးအမွေး အစီအစဉ်။ စာရေးဆရာ ဆရာမောင်သာရရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားခြင်း၊ ဆရာမောင်သာရရဲ့ ဟောပြောမှု အစီအစဉ်ဖြစ်တဲ့ နာမည် (နံမည်) - ဟောပြောမှု၊ စာဖတ်ပရိသတ်နဲ့ ဆရာကြီးများရဲ့ မေးသူ ဖတ်သူ ဆွေးနွေးပွဲ၊ နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ ဆရာကြီးများကို ဥာဏ်ပူဇော်ခ ချီးမြှင့်ခြင်း၊ အခမ်းအနား အောင်မြင်စွာ ပြီးစီးမှုအတွက် ကျေးဇူးတင်စကား ပြောကြားခြင်း - စတဲ့ အခမ်းအနား အစီအစဉ်တွေကို presenter ဦးကိုလေးနဲ့ မနီလာစိန်တို့က ပြောကြားကြပါတယ်။



ပထမဆုံး အစီအစဉ်ဖြစ်တဲ့ အမျိုးသားသီချင်းကို ဦးကိုလေး၊ ဆလိုင်းလော်မာ၊ ကိုမျိုး၊ မလေးနိုင်အိ၊ ကိုသူရထွန်းမော်တို့က သီဆိုကြပါတယ်။



အဲဒီနောက်မှာတော့ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲစဉ်တွေ တလျောက်လုံးမှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို တမိနစ် ငြိမ်သက်ပြီး အလေးပြုကြပါတယ်။



နောက်တော့ စာပေဟောပြောပွဲကျင်းပရာ အဆောက်အဦးကို အသုံးပြုခွင့်ပေးတဲ့ တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာဇော်ထွန်းက အမှာစကားပြောပါတယ်။



အဲနောက်တော့ ဆရာမောင်စွမ်းရည်ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ကိုဘုန်းရောင်ဦးက ဖတ်ကြားပါတယ်။



ကိုဘုန်းရောင်ဦးရဲ့ ဆရာမောင်စွမ်းရည် အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြာအပြီးမှာတော့ ဆရာ မောင်စွမ်းရည်ကို- ၀တ္ထုအကြောင်း၊ ကဗျာအကြောင်း - ဟောပြောဖို့စင်မြင့်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်။



ဆရာစွမ်းရည်က အမျိုးသားနေ့ဟာ ၁၉၂၀ ကျောင်းသားသပိတ် ပေါ်ပေါက်လာရာကနေ ဖြစ်ပေါ်လာတဲ့ အကြောင်းနဲ့ အစချီပြီး ဟောပြောမှုကို စတင်ပါတယ်။ ၀တ္ထုအကြောင်း ကဗျာအကြောင်း ဟောပြောတဲ့အခါ ရသ (၉) ပါး အကြောင်းဟောပြောရင်း စာပေပညာရှင်ဆိုတာ ရသစာပေတွေကိုရေးတဲ့... ကဗျာ၊ ပြဇာတ်၊ အက်ဆေးနဲ့ ၀တ္ထု တွေကို ရေးတဲ့သူတွေကိုသာ ခေါ်ဆိုကြောင်း...၊ သတင်းစာ ဆရာတွေ မပါကြောင်း...ကို ပြောပြလို့ ဗဟုသုတအဖြစ် မှတ်သားရပါတယ်။ ကဗျာအကြောင်း ဟောပြောရင်းနဲ့ ဆရာကိုယ်တိုင်ရေးခဲ့တဲ့ ကဗျာ သုံး ပုဒ်ကိုလည်း ရွတ်ဆိုပြပါသေးတယ်။ မှတ်မှတ်ရရ ဖြစ်မိတဲ့ ကဗျာကတော့ ...

အင်တာနက်ကနေ ...
စင်တကာတက်ပြီး အော်သံက
"တော်လှန်ကြလော့"တဲ့။
.......... အစချီပြီး

သင်သာ မရှက်ပဲ
အင်တာနက်ထဲ
ထင်ရာအတွက်လွဲနေရင်
မင်္ဂလာ ပျက်မြဲ ပျက်ရုံသာ။
... လို့.. အဆုံးသပ်ထားတဲ့
- အင်တာနက်ပေါ်က နိုင်ငံရေးသမားများသို့ - ဆိုတဲ့ ကဗျာပါ။

ကဗျာအကြောင်းဟောပြောရင်း ကဗျာရွတ်ရင်း ဆရာစွမ်းရည်ပြောသွားတဲ့ စကားလေးတခုကိုလည်း ကျနော် သဘောကျ နေမိပါသေးတယ်။ - အကြမ်းဖက်ဖက်.. အနုဖက်ဖက်... တခုခုကို ဖက်နေဖို့... - ဆိုတာလေးပါ။

ဆရာစွမ်းရည် ဟောပြောအပြီးမှာတော့ ဆရာအောင်ဝေးရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို Mandalay Gazette က စာရေးဆရာမ ညိုခက်ကျော်က ဖတ်ကြားပါတယ်။



ဆရာအောင်ဝေး အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြား အပြီးမှာတော့ ဆရာ အောင်ဝေးကို- လွမ်းမိတဲ့တရား - ကို ဟောပြောဖို့ စင်မြင့်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်။



ဆရာအောင်ဝေးကတော့ ကဗျာဆရာပီပီ ကဗျာတွေချည်း ရွတ်ပြတာပါ။ သူ့ ဟောပြောမှု စစခြင်းမှာပဲ ... ဟေ့.... လို့ မိုက်ကရိုဖုန်းထဲက အကျယ်ကြီး ကြားလိုက်ရတဲ့ ဆရာ့အသံကို တချို့တွေလည်း လန့်သွားကြပါသေးတယ်။ တိတ်ဆိတ်မှုကို အဲသလို ရုတ်တရက် ဖောက်ခွဲမှုနဲ့ ပရိတ်သတ်ရဲ့ အာရုံစူးစိုက်မှုကို ဆွဲယူလိုက်တာ ကိုကလည်း ကဗျာ တပုဒ်လိုပါပဲ။ ရွတ်ပြတဲ့ ကဗျာတွေထဲမှာ ဆရာဇော်ဂျီရဲ့ - ထလော့ မြန်မာ အို.. မြန်မာတို့... အစချီတဲ့ - တို့တိုင်းပြည် - ကဗျာလည်း ပါပါတယ်။ ဖု ထစ် ရွတ် တွ ငှက် ဠင်းတ သို့ ... အစချီတဲ့ - ပျဉ်းမငုတ်တို - ကဗျာလည်း ပါပါတယ်။

ဆရာအောင်ဝေး ဟောပြောရင်း အမေရိကန် သမတ ဂျွန်အက်ဖ်ကနေဒီရဲ့ သမတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အမေရီကန် ကဗျာဆရာကြီး Robert Frost ကို ဖိတ်ကြားပြီး Stopping By Woods ဆိုတဲ့ သူအင်မတန် ကြိုက်တဲ့ ဆရာကြီးရဲ့ ကဗျာကို ဆရာကြီး ကိုယ်တိုင် ရွတ်ဆိုပြပေးဖို့ မေတ္တာရပ်ခံခဲ့ကြောင်း... ဆရာကြီးကလည်း အသက် ၈၀ ကျော် ဖြစ်နေလို့ သူ့ကဗျာတွေကို မမှတ်မိတော့လို့ ကဗျာကို စာရွက်မှာ ရေးပြီး ဖတ်ကြားကြောင်း.... ဖတ်နေရင်း ကဗျာရဲ့အဆုံးပိုဒ် အရောက်မှာ လေကတိုက်ချလိုက်လို့ စာရွက် လွင့်ပါသွားတဲ့အခါ ဆရာကြီးခမျာ ဆက်မဖတ်နိုင်ဖြစ်နေချိန်မှာ သမတသစ် ဂျွန်အက်ဖ်ကနေဒီ အပါအ၀င် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်လာသူတွေက မတ်တတ်ထရပ်ကြပြီး ကဗျာရဲ့ ကျန်တဲ့ အပိုဒ်ကို အတူတကွ ရွတ်ဆိုပေးကြကြောင်း... နောက်တခါ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်တဲ့ နေရူး သေဆုံးချိန်မှာလည်း သူခေါင်းအုံးအောက်က ခေါက်ရိုးကျေနေတဲ့ စာရွက်ခေါက်လေးတခု တွေ့ရကြောင်ူ.... ဖွင့်ကြည့်တဲ့အခါ Robert Frost ရဲ့ Stopping By Woods ကဗျာ ဖြစ်နေကြောင်း .... ကဗျာ တပုဒ်ကို ကမ္ဘာကျော် နိုင်ငံခေါင်းကြီး နှစ်ဦးက ကြိုက်နှစ်သက်နေတဲ့ အကြာင်းကို စိတ်ဝင်စားဖွယ် ဟောပြောသွားခဲ့ပါတယ်။

အားလုံးဖတ်နိုင်အောင် ကျနော် ဒီမှာ ဖော်ပြပေးလိုက်ပါတယ်။

Stopping by Woods on a Snowy Evening

Whose woods these are I think I know.
His house is in the village, though;
He will not see me stopping here
To watch his woods fill up with snow.

My little horse must think it queer
To stop without a farmhouse near
Between the woods and frozen lake
The darkest evening of the year.

He gives his harness bells a shake
To ask if there is some mistake.
The only other sound's the sweep
Of easy wind and downy flake.

The woods are lovely, dark, and deep,
But I have promises to keep,
And miles to go before I sleep,
And miles to go before I sleep.

Robert Frost

ဆရာအောင်ဝေးရဲ့ ဟောပြောမှု အဆုံးသပ်အဖြစ် နောက်ဆုံးရွတ်ပြတဲ့ ကဗျာကတော့ ဆရာမောင်သာရ ဟောပြောမယ့် ခေါင်းစဉ်ဖြစ်တဲ့ နာမည်နဲ့ တထပ်တည်း သွားဖြစ်နေပါသေးတယ်။

နာမည်

ကျနော့်သားက မေးတယ်။

'ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ' တဲ့။

မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။

ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။

အေး ...
မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့
... ... ... ...
... ... ... ...။

အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။

ဖေဖေ ... ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်။

ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။

သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။

ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။

ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။

အောင်ဝေး
(၁၉၉၉)

ဆရာအောင်ဝေး ဟောပြောမှု အပြီးမှာတော့ စာပေဟောပြောပွဲကို တက်ရောက်လာသူတွေအတွက် ကျွေးမွေးမှု အစီအစဉ်ပါ။ ကောက်ညှင်းပေါင်း၊ စမူဆာသုပ်နဲ့ လဘက်ရည်ကို စပေဟောပြောပွဲကို ရောက်လာတဲ့ လူတရာကျော်လောက် တန်းစီပြီး သုံးဆောင် ကြပါတယ်။ တန်းစီနေရင်းနဲ့ကျနော်နဲ့ ရှေ့ဆင့်နောက်ဆင့် ဖြစ်နေတဲ့ ဆရာမောင်ရစ် (မိုးမခ)က မိုးမခ မီဒီယာ ဇာနယ်ဇင်းအဖွဲ့က ထုတ်ဝေတဲ့ စာအုပ် ၂ အုပ်ကို သူကိုယ်တိုင် လက်မှတ်ထိုးပြီး အမှတ်တရ လက်ဆောင် ပေးသွားပါသေးတယ်။

သည့်နောက်မတော့ ဆလိုင်းလော်မာက ဆရာမောင်သာရရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားအပြီးမှာတော့ ဆရာ မောင်သာရကို - နာမည် (နံမည်) - ဟောပြောဖို့စင်မြင့်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်။



ဆရာဟောပြောတာကတော့ လူနံမည်ကို ဖတ်လိုက်တာနဲ့ ဘယ်နေ့မှာ မွေးတယ်လို့ တန်းပြောနိုင်တဲ့ တကမ္ဘာလုံးမှာ မရှိတဲ့ မတွေ့ဘူးတဲ့ ဗမာ့ရိုးရာ အမည်ပေးတဲ့ စနစ်ကို ဆက်လက်ထိန်းသိမ်းကြဖို့.... ကိုယ့်သားသမီးတွေကိုလည်း အဲသလို အမည် ပေးကြဖို့ တိုက်တွန်းပါတယ်။ အမည်ပေးပုံကိုလည်း လိုက်မှတ်ဖို့ စာရွက်နဲ့ ခဲတံတွေ လိုက်ဝေပေးပါသေးတယ်။ ကျနော့် အထင်တော့ အားလုံးလိုလို သိပြီးသား ဖြစ်မှာပါ။ မသိကြသူများရှိရင် သိရအောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

က ခ ဂ ဃ င - တနင်္လာ = ၂
စ ဆ ဇ စ် ည - အဂၤါ = ၃
တ ထ ဒ ဓ န - စေန = ၇
ပ ဖ ဘ ဗ မ - ၾကာသပေတး = ၅
ယ ရ လ ၀ - ဗုဒၶဟူး = ၄
သ ဟ - သောကြာ = ၆
အ - တနင်္ဂနွေ = ၁

နောက်တခု ဆရာမောင်သာရ ဆက်လက် ဟောပြောတာကတော့ မိဘ ၂ ပါးရဲ့ မွေးနေ့ ၂ ခု ကိုပေါင်း ... ပေါင်းလို့ ရတဲ့ ဂဏန်းက မ ဂဏန်း ဖြစ်ရင် သားဦးက ယောက်ျားလေး ဖြစ်မယ်... စုံ ဂဏန်း ဖြစ်ရင် သားဦးက မိန်းကလေး ဖြစ်မယ်... ၉၉ ရာခိုင်နှုန်း မှန်ရမယ်။ အဲတာ မြန်မာ့နည်း ဘယ်မှာမှ မရှိတဲ့ အကြောင်းလည်း မှတ်သားရပါသေးတယ်။ စာပေဟောပြောပွဲတက်လာတဲ့ သူတွေလည်း ပွစိပွစိနဲ့ အားလုံးလိုလို တွက်ချက် ကုန်ကြပါတယ်။ ကျနော် တွက်ကြည့်တော့လည်း .... ဟာ ... မှန်သဟ... ဖြစ်သွားပါတယ်။

ဆရာကတော့ ဒုတိယကလေးကို တွက်ချင်ရင်လည်း မိဘ ၂ ပါးရဲ့ မွေးနေ့နဲ့ သားဦးရဲ့မွေးနေ့ကို ပေါင်း ... ပေါင်းလို့ ရတဲ့ ဂဏန်းက မ ဂဏန်း ဖြစ်ရင် ယောက်ျားလေး ဖြစ်မယ်... စုံ ဂဏန်း ဖြစ်ရင် မိန်းကလေး ဖြစ်မယ်...၇၅ ရာခိုင်နှုန်း မှန်ရမယ်လို့ ပြောပါသေးတယ်။ ဆရာ့မှာလည်း သားသမီး ၈ ယောက်ရှိတဲ့ အကြောင်း... နဲ့ အဲသည်နည်းအတိုင်း ရာနှုန်းပြည့် မှန်ကြောင်း ပြောပါသေးတယ်။ ဒါနဲ့ ကျနော် ထပ် တွက်ကြည့်တော့လည်း .... ဟာ ... မှန်သဟ... ထပ် ဖြစ်သွားပါတယ်။ ကျနော့်မှာက သား ၃ ယောက် ရှိတာကိုး...။

ဆရာမောင်သာရ ဟောပြောမှုအပြီးမှာတော့ ဆရာကြီးတွေကို ဥာဏ်ပူဇော်ခ ချီးမြှင့်ကြတဲ့ အစီအစဉ် ဖြစ်ပါတယ်။







အဲသည်နောက်မှာတော့ စာဖတ်ပရိသတ်နဲ့ ဆရာကြီးများရဲ့ ရေးသူ ဖတ်သူ ဆွေးနွေးပွဲပါ။ မေးသမျှကို ဆရာကြီးတွေ အားလုံးက စိတ်ရှည်စွာ အကျယ်တ၀င့် ရှင်းလင်း ဖြေကြားပေးကြပါတယ်။

နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ အခမ်းအနားဖြစ်မြောက်ရေးအတွက် ကြွရောက် ချီးမြှင့်ဟောပြောပေးကြတဲ့ ဆရာကြီးများ၊ ၀ိုင်းဝန်း ကူညီ ပံ့ပိုးပေးကြသူများနဲ့ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်စကားကို LA Organisers အဖွဲ့က ကိုသူရထွန်းမော်က ပြောကြားပါတယ်။



ည ၈ နာရီကျော်အကြာမှာတော့ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာလိုက်ပါတယ်။



အခမ်းအနားပြီးတော့ ညကလည်း မှောင်နေပြီဖြစ်လို့ ကျနော်လည်း အိမ်ကို ပြန်မမောင်းတတ်တာနဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုညီညီအောင်ကို ကားသော့ပေးပြီး သူ့ကိုပဲ မောင်းခိုင်းရပါတယ်။

You received this email because you are subscribed to the real_time feed for http://aungthange.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.