Sunday, November 30, 2008

[                 ရင်မှ ခံစားမှုများ] 1 New Entry: အမုန်းများနဲ့ ကျမ

အမုန်းများနဲ့ ကျမ

ကိုယ့်ကိုကိုယ် မုန်းတဲ့ အချက်(10)ချက်......တဲ့။ ကိုကေမောင်ငြိမ်းနဲ့ ကိုပုလုကွေးက TAGလာတယ်။

အမှန်ကိုပြောရရင်တော့ ကျမက TAG POST တွေကို ရေးချင်ဘူး။ :p ဒါပေမယ့်၊ သူများက ခင်လို့ TAG လာတာကို မရေးပဲ နေရမှာလည်း အရမ်းအားနာတယ်သိလား။ ;) ဟိ ဟိ၊ ဒါနဲ့ပဲ ဘယ်သူ လာTAG ၊ TAG ရေးပေးမိတယ်။ ကိုဗီလိန်ရဲ့ TAGကိုတော့ မရေးတတ်လို့ ရေးတော့ဘူးနော်........လို့ တောင်းပန်ပြီးပြီ။ :y TAG POST ရေးတာ ဒီတစ်ခါ နောက်ဆုံးပဲလို့ ဆုံးဖြတ်ထားတယ်။ ကြီးကျယ်တာမဟုတ်ပါဘူး။ :yဘဝင်မြင့်တာလည်း မဟုတ်ပါဘူး။ :y အချိန်မရှိလို့ပါ။ ဒီဇင်ဘာလကော ဇန်နဝါရီလကော အရမ်းအလုပ်ရှုပ်လို့ပါ။ စောင့်ခိုင်းရမှာလည်း အားနာလို့ TAG POST ဆိုရင် မရေးတော့ဘူး.....လို့ ဆုံးဖြတ်လိုက်တာ နားလည်ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ :y စိတ်ဆိုးကြပါနဲ့နော်။ :z ကျန်တဲ့လူတွေကိုလည်း TAG တော့ဘူးနော်။ စိတ်အေးချမ်းစွာနေလို့ရအောင်လို့...... :z

ဟိ ဟိ၊ Intro ဝင်တာ နည်းနည်းများသွားတယ်။ :p ပြောတော့မယ်နော်။ :zကိုယ့်ကိုကိုယ် မုန်းတဲ့ အချက်(10)ချက်။ ;)
ကျမကို ကျမ အမုန်းဆုံးက စာမေးပွဲဖြေခါနီးအချိန်ပါ။ :p
{ကျမက စာကျက်ရမှာ အရမ်းပျင်းတယ်သိလား။ :p}

စာမေးပွဲ ဘယ်လောက်နီးနီး စာကျက်ရန် စိတ်မဝင်စားတဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

စာကျက်နေရင် စာထဲကို တစ်နာရီထက် ပိုစိတ်မဝင်စားတဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

စာကျက်နေတုန်း ဘေးနားမှာ လူတစ်ယောက်ရှိမှ စာကျက်တတ်တဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

စာလုပ်နေရင်း စာနဲ့ မသက်ဆိုင်တဲ့ အကြောင်းတွေကို ထွေရာလေးပါး လေပေါတတ်တဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

စာအော်ကျက်ပေးမယ့် စာတော်တဲ့လူတစ်ယောက် အနားမှာ ရှိနေစေချင်တဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

အူကြောင်ကြောင် မှတ်ဉာဏ်ကို ယုံကြည်ကိုးစားလွန်းတဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

စာကျက်ရမှာ သေမတတ်ပျင်းပေမယ့် စာမေးပွဲကျမှာတော့ ရင်တုန်အောင် ကြောက်တတ်တဲ့ ကျမကို ကျမမုန်းတယ်ရှင့်။

အမှတ်စာရင်း ထွက်လာလို့ အမှတ်နည်းတဲ့အခါ စာကြိုမကျက်မိတဲ့အတွက် နောင်တရတတ်တဲ့ ကျမကို ကျမမုန်းတယ်ရှင့်။

ကံကောင်းထောက်မစွာ အမှတ်ကောင်းသွားတဲ့အခါ ကိုယ့်ရဲ့ တစ်ပွဲတိုးမှတ်ဉာဏ်ကို ကိုယ့်ဘာသာ ချီးကြူးတတ်တဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

"စာကျက်သင့်တယ်"......လို့ မသိစိတ်ကလက်ခံပေမယ့် သိစိတ်က လက်မခံတော့ သိစိတ်နဲ့ မသိစိတ်က ရန်ဖြစ်ကြပါရော။ အဲဒီ သိစိတ်နဲ့ မသိစိတ်ရဲ့ ရန်ပွဲကို အေးအေးဆေးဆေးလက်ပိုက်ကြည့်နေနိုင်တဲ့ ကျမကို ကျမ မုန်းတယ်ရှင့်။

ဟိ ဟိ၊ (10)ချက်ပြည့်သွားပြီ။ :p ပျော်စရာကြီး။ :z ကိုကေမောင်ငြိမ်းနဲ့ ကိုပုလုကွေးရှင့်။ ရေးပြီးပြီနော်။ :z ကျေနပ်တော့နော်။ :z
စကားမစပ်၊ ဒီပို့စ်က Blog လေး ခြောက်လပြည့်အမှတ်တရ ပို့စ်ပါ။ ;)
သီးစစ်ထပ်ရဖို့ ရက်အနည်းငယ်သာ လိုတော့လို့ အခုချိန်ကစပြီး ပို့စ်ရေးကျဲပါတော့မည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
ဒူ......ဝေ.....ဝေ.......။ :z
ဒူ......ဝေ.....ဝေ.......။ :z
ဒူ......ဝေ.....ဝေ.......။ :z

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.