Saturday, October 18, 2008

[ဗုဒ္ဓတရားတော်များ] 1 New Entry: လောကဓမ္မသုတ်- လောကဓံတရား ၈-ပါး

လောကဓမ္မသုတ်- လောကဓံတရား ၈-ပါး

ဒုတိယ လောကဓမ္မသုတ်

ရဟန်းတို့ ...
ဤလောကဓံတရား ရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊
လောကသည်လည်း ဤလောကဓံတရား ရှစ်မျိုးတို့သို့ အစဉ်လိုက်၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ ...

၁။ လာဘ်ရမှု၊
၂။ လာဘ်မရမှု၊
၃။ အခြံအရံရှိမှု၊
၎။ အခြံအရံမရှိမှု၊
၅။ ကဲ့ရဲ့မှု၊
၆။ ချီးမွမ်းမှု၊
၇။ ချမ်းသာမှု၊
၈။ ဆင်းရဲမှုတို့တည်း။

ရဟန်းတို့ ဤလောကဓံတရား ရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊
လောကသည်လည်း ဤလောကဓံတရားရှစ်မျိုးတို့သို့ အစဉ်လိုက်၏။

ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်အား ...
ဤလောကဓံတရား ရှစ်မျိုးတို့ ဖြစ်၏။

ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်အားလည်း ...
ဤလောကဓံတရား ရှစ်မျိုးတို့ ဖြစ်၏။

ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ အကြားအမြင်ရှိသော အရိယာတပည့်နှင့် အကြားအမြင် မရှိသော ပုထုဇဉ် အဘယ်သို့ ထူးသနည်း၊ အဘယ်သို့ အားထုတ်မှု လွန်ကဲ သနည်း၊ အဘယ်သို့ ပြုမူပုံထူး သနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်တို့အား တရားတော်သည် မြတ်စွာဘုရားလျှင် အရင်းခံ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ရှေ့ဆောင်ညွှန်ပြသူ ရှိပါကုန်၏၊ မြတ်စွာဘုရား လျှင် မှီခိုရာ ရှိပါကုန်၏၊

အသျှင်ဘုရားတောင်းပန်ပါ၏၊
ဟောတော်မူအပ်သော ထိုစကား၏ အနက်အဓိပ္ပါယ်ကို မြတ်စွာဘုရားသည် သာလျှင်ဟောကြားတော်မူပါလော့၊ မြတ်စွာဘုရား၏ ဟောကြားတော်မူချက်ကို နာကြားကြရသည်ရှိသော် ရဟန်းတို့သည် ဆောင်ရွက် မှတ်သားကြပါလိမ့်မည် ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သို့ဖြစ်လျှင် နာကြားကြကုန်လော့၊
ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ ဟု (မိန့်တော်မူ၏)၊
{{အသျှင်ဘုရား ကောင်းပါပြီ}}ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန် ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော် မူ၏ -

ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်အား လာဘ်ရမှုသည် ဖြစ်၏၊ ထိုပုထုဇဉ်သည် {{ငါ့အားလာဘ်ရမှုသည် ဖြစ်ခဲ့ပြီ၊ ထိုလာဘ်ရမှုသည်ကား အမြဲ မရှိ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏}} ဟု မဆင်ခြင်၊ ဟုတ်တိုင်း မှန်စွာ မသိ။ လာဘ်မရမှုသည် ဖြစ်၏။ပ။ အခြံအရံ ရှိမှုသည် ဖြစ်၏။ အခြံအရံ မရှိမှုသည် ဖြစ်၏။ ကဲ့ရဲ့မှုသည် ဖြစ်၏။ ချီးမွမ်းမှုသည် ဖြစ်၏။ ချမ်းသာမှုသည် ဖြစ်၏။ ဆင်းရဲမှုသည် ဖြစ်၏။ ထိုပုထုဇဉ်သည် {{ငါ့အား ဆင်းရဲမှုသည် ဖြစ်ခဲ့ပြီ၊ ထိုဆင်းရဲမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သောသဘော ရှိ၏}} ဟု ဟုတ်တိုင်းမှန်စွာ မသိ။
ထိုပုထုဇဉ်အား ...
လာဘ်ရမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊
လာဘ် မရမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊
အခြံအရံ အကျော်အစော ရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊
အခြံအရံ အကျော်အစော မရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊
ကဲ့ရဲ့မှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊
ချီးမွမ်းမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊
ချမ်းသာမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊
ဆင်းရဲမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊

ထိုပုထုဇဉ်သည်
လာဘ်ရမှု ဖြစ်သည်ရှိသော် ၀မ်းမြောက်၏၊
လာဘ်မရမှု ဖြစ်သည်ရှိသော် ၀မ်းနည်း၏၊
အခြံအရံရှိမှု ဖြစ်သည်ရှိသော် ၀မ်းမြောက်၏၊
အခြံအရံ မရှိမှု ဖြစ်သည်ရှိသော် ၀မ်းနည်း၏၊
ချီးမွမ်းမှု ဖြစ်သည်ရှိသော် ၀မ်းမြောက်၏၊
ကဲ့ရဲ့မှု ဖြစ်သည်ရှိသော် ၀မ်းနည်း၏၊
ချမ်းသာမှု ဖြစ်သည်ရှိသော် ၀မ်းမြောက်၏၊
ဆင်းရဲမှု ဖြစ်သည် ရှိသော် ၀မ်းနည်း၏၊

ထိုပုထုဇဉ်သည် ဤသို့ ၀မ်းမြောက်မှု ၀မ်းနည်းမှုသို့ ရောက်သည်ဖြစ်၍ ပဋိသန္ဓေ နေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်နိုင်၊ ဆင်းရဲအပေါင်းမှ မလွတ်နိုင် ဟု ငါဆို၏။

ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်အားလည်း လာဘ်ရမှုသည် ဖြစ်၏၊ ထိုအရိယာ တပည့်သည် {{ငါ့အား ဤလာဘ်ရမှုသည် ဖြစ်ခဲ့ပြီ၊ ထိုလာဘ် ရမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏}} ဟု ဆင်ခြင်၏၊ဟုတ်တိုင်းမှန်စွာ သိ၏။ လာဘ်မရမှုသည် ဖြစ်၏။ပ။ အခြံအရံ ရှိမှုသည် ဖြစ်၏။ အခြံအရံ မရှိမှုသည် ဖြစ်၏။ ကဲ့ရဲ့မှုသည် ဖြစ်၏။ ချီးမွမ်းမှုသည် ဖြစ်၏။ ချမ်းသာမှုသည် ဖြစ်၏။ ဆင်းရဲမှုသည်ဖြစ်၏။ ထိုအရိယာတပည့်သည် {{ငါ့အား ဤဆင်းရဲမှုသည် ဖြစ်ခဲ့ပြီ၊ ထိုဆင်းရဲမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏၊ ဖောက်ပြန် တတ်သော သဘောရှိ၏}} ဟု ဆင်ခြင်၏၊ ဟုတ်တိုင်းမှန်စွာ သိ၏။

ထိုအရိယာ တပည့်အား ...
လာဘ်ရမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊
လာဘ်မရမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊
အခြံအရံ ရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊
အခြံအရံ မရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊
ကဲ့ရဲ့မှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊
ချီးမွမ်းမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊
ချမ်းသာမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊
ဆင်းရဲမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊

ထိုအရိယာတပည့်သည် ...
လာဘ်ရမှု ဖြစ်သည်ရှိသော် ၀မ်းမမြောက်၊
လာဘ်မရမှု ဖြစ်သည်ရှိသော် ၀မ်းမနည်း၊
အခြံအရံရှိမှု ဖြစ်သည်ရှိသော် ၀မ်းမမြောက်၊
အခြံအရံ မရှိမှုဖြစ်သည် ရှိသော် ၀မ်းမနည်း၊
ချီးမွမ်းမှု ဖြစ်သည်ရှိသော် ၀မ်းမမြောက်၊
ကဲ့ရဲ့မှု ဖြစ်သည်ရှိသော် ၀မ်းမနည်း၊
ချမ်းသာမှု ဖြစ်သည်ရှိသော် ၀မ်းမမြောက်၊
ဆင်းရဲမှု ဖြစ်သည်ရှိသော် ၀မ်းမနည်း၊

ထိုအရိယာတပည့်သည် ဤသို့ ၀မ်းမြောက်မှု ၀မ်းနည်းမှုကို ပယ်နိုင်သည် ဖြစ်၍ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံး မသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ လွတ်မြောက်၏၊ ဆင်းရဲအပေါင်းမှ လွတ် မြောက်၏ဟု ငါဆို၏။ ရဟန်းတို့ ဤသည်သာလျှင် အကြားအမြင် ရှိသော အရိယာတပည့်၏ အကြားအမြင်မရှိသော ပုထုဇဉ်နှင့် ထူးသော အကြောင်းတည်း၊ လွန်ကဲသော အားထုတ်မှုတည်း၊ ထူးသော ပြုမူပုံတည်း ဟု (မိန့်တော်မူ၏)။

လာဘ်ရမှုသည်လည်းကောင်း၊
လာဘ်မရမှုသည်လည်းကောင်း၊
အခြံအရံရှိမှုသည် လည်းကောင်း၊
အခြံအရံမရှိမှုသည်လည်းကောင်း၊
ကဲ့ရဲ့မှုသည်လည်းကောင်း၊
ချီးမွမ်းမှုသည်လည်းကောင်း၊
ချမ်းသာမှုသည်လည်းကောင်း၊
ဆင်းရဲမှုသည်လည်းကောင်း
ဤသဘောတရားတို့သည် လူတို့၌ အမြဲမရှိကုန်၊ အတည်မရှိကုန်၊ ဖောက်ပြန် ပြောင်းလဲတတ်သော သဘောရှိကုန်၏။ သတိနှင့် ပြည့်စုံသော ပညာရှိသည် ထို တရားတို့ကို သိ၍ ဖောက်ပြန်တတ်သော တရားတို့ကို (ဉာဏ်ဖြင့်)ရှုဆင်ခြင်၏၊ ထိုသို့သော ပညာရှိ၏ စိတ်ကို အလိုရှိအပ်သော လောကဓံတရားတို့သည်လည်း မချောက်ချားနိုင်ကုန်၊ အလိုမရှိအပ်သော လောကဓံတရားတို့ကြောင့်လည်း စိတ် ထိခိုက်ပင်ပန်းခြင်းသို့ မရောက်နိုင်ပေ။ ထိုသူအား စိတ်နှင့် လျော်သော လောကဓံ တရားတို့သည်လည်းကောင်း၊ စိတ်နှင့် ဆန့်ကျင်သော လောကဓံ တရားတို့သည် လည်းကောင်း ပျက်စီးပြီး ချုပ်ပျောက်ပြီး ဖြစ်၍ မရှိကုန်၊ ဘ၀၏ တစ်ဖက်ကမ်းသို့ ရောက်သောသူသည် ကိလေသာ မြူကင်း၍ စိုးရိမ်မှုမရှိသော နိဗ္ဗာန်ကို သိလျက် ဘ၀၏ တစ်ဖက်ကမ်းသို့ ရောက်သည်၏ အဖြစ်ကို ကောင်းစွာ သိနိုင်ပေ၏။

၆ - ဒုတိယ လောကဓမ္မသုတ်၊ မေတ္တာဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 2 New Entries: တစ်နေ့တာ အလွဲ(2)

တစ်နေ့တာ အလွဲ(2)

တစ်နေ့တာ အလွဲ အပိုင်း(1)ဖတ်ချင်ပါက :z :z :z

လမ်းမှာတွေ့တဲ့လူတွေကတော့" ဒီကောင်မလေး ဘာများဖြစ်လို့လဲ "ဆိုပြီး အလန့်တကြား ကြည့်ကြတယ်သိလား။ ဟုတ်တယ်လေ၊ ကျမဝတ်ထားတဲ့ အဝတ်အစားက မြန်မာဆန်ဆန်ချုပ်ထားတဲ့ ပါတိတ်ဝမ်းဆက်လေ။ ဝတ်ထားတဲ့ ဝတ်စုံလေးနဲ့ မလိုက်ဖက်စွာ အသည်းအသန် ပြေးနေတော့ လူတွေက တစ်မျိုးဖြစ်ကုန်တာပေါ့နော်။ ;) လွယ်ထားတဲ့ အိတ်ကလည်း စာအုပ်တွေအများကြီး ထည့်ထားတာဆိုတော့ အကြီးကြီး။ အဲဒီလွယ်အိတ်အကြီးကြီးထဲက ဖုန်းပိစိကွေးလေးကိုလည်း ပြေးရင်းနဲ့ ရှာရသေးတယ်သိလား။ :p တွေ့တာနဲ့ မြန်မြန်ဖွင့် မေမေ့ဆီ "ထွက်လာပြီ" ဆိုတဲ့ အကြောင်း အကြောင်းကြားလိုက်တယ်။ (စာမေးပွဲခန်းထဲမှာ ဖုန်းပိတ်ထားရတယ်လေ။ ဖုန်းသံကြားတာနဲ့ အပြင်ထွက်၊ ဖြေခွင့်မရှိဆိုတော့။ :()

ကျမလည်း ကားပေါ်ရောက် ကားလည်းအထွက်ပဲ။ :z အဲလိုဖြစ်အောင်လို့ အခုနက တကူးတက အကြောင်းကြားထားတာ။ :p (မေမေက စာမေးပွဲအချိန်ပြီးကတည်းက TAXIကို ကြို ငှားပေးထားတာလေ။ )အဲဒီနေ့ မှ ကံဆိုးစွာနဲ့ အစ်ကိုက မအားတော့ လိုက်မပို့နိုင်ဘူးလေ။ ကားလည်း သူယူသွားတော့ ဟင့်ဟင့်။ ဘယ်တတ်နိုင်မလဲ။ TAXI ကို ငှားထားပြီး စက်နှိုးခိုင်းထားရတယ်။ ပိုတာမဟုတ်ပါဘူး။ ဟိုဘက်က စာမေးပွဲက ဖြေရန် (15)မိနစ်ပဲလိုတော့တယ်လေ။ မမှီမှာစိုးလို့ပါ။ :y

စာမေးပွဲဖြေရတာက တက္ကသိုလ်ရိပ်သာလမ်းသစ်က နိုင်ငံခြားဘာသာတက္ကသိုလ်မှာလေ။ ခရီးသွားလမ်းညွှန်သင်တန်းစာမေးပွဲကြီးက မောင်ထော်လေးလမ်းမှာ။ နည်းနည်းတော့ ဝေးတာပေါ့နော်။ (15)မိနစ်နဲ့ ရောက်ဖို့လမ်းတော့ သိပ်မမြင်ပါဘူး။ ဒါပေမယ့် ၊ အတတ်နိုင်ဆုံး အမြန်ရောက်ချင်တော့ ကားပေါ်ရောက်ကတည်းက TAXI ဒရိုင်ဘာကြီးကို အမြန်မောင်းပေးဖို့ ဂျီကျလိုက်တယ်။ "အဆင်ပြေမယ့်လမ်းက သွားပါ၊ မြန်နိုင်မယ့် လမ်းကို ရှာသွားပါ"လို့ ဆရာလည်း လုပ်လိုက်သေးတယ်။ ဟိ ဟိ။ ;) မေမေကတော့ "အဆင်ပြေမှာပါ၊ သိပ်စိတ်မပူပါနဲ့၊ အခု မုန့်စားပါလား" ဆိုပြီး ကျမကို မုန့်လာကျွေးတယ်။ မနက်မိုးလင်းထဲက ဟိုစာကျက်လိုက်၊ ဒီစာကျက်လိုက်နဲ့ ဘာမှစားချင်စိတ်မရှိတာနဲ့ အခုချိန်ထိ ဗိုက်ထဲမှာ ကိတ်မုန့်(2)ချပ်လောက်ပဲ ရှိသေးတာ။ အဲဒါကြောင့် မေမေက ကားပေါ်မှာ မုန့်လာကျွေးတာ။ မုန့်ဘူးလေးနဲ့ ရေဘူးလေးနဲ့ မေမေလည်း သနားပါတယ်။ မူကြိုတတ်တဲ့ ကလေးကို လာစောင့်တဲ့ အမေလိုမျိုး။ ဟိ ဟိ။ ဒီအသက်အရွယ်ကြမှ ကျမမှာလည်း ကလေးပေါက်စလေးလို မုန့်ဘူးထဲက မုန့်ကိုစားရတယ်သိလား။ စားပေမယ့် စိတ်က ဟိုစာမေးပွဲကို စိတ်ပူနေလို့ စားမဝင်ဘူး။ နည်းနည်းပဲ စားပြီး ရေပဲ အပီအပြင်သောက်လိုက်တယ်။ ရေသောက်ရင် ခေါင်းကြည်တယ်လေ။ (မှတ်ထားနော်၊ "ခေါင်းရှုပ်နေတဲ့ အချိန်၊ ရေသောက်ရင် ခေါင်းကြည်တယ်"သိလား။ ဒါကြောင့် ကျမရေကြိုက်တာ။ ဟိ ဟိ ကြုံတုန်း ဘာလို့ ရေကြိုက်လည်းကို ကြေငြာဝင်တာ။ ;) )

အဲ၊ မေမေနဲ့ အလုပ်ရှုပ်နေတာ အခု ဘယ်ရောက်ပြီလဲကို ကြည့်လိုက်တော့ ရွှေဂုံတိုင်မီးပွိုင့်ပဲ ရှိသေးတယ် ဟောတော့၊ အကြာကြီးရှိနေပြီ ကားစီးလာတာ အခုမှ ရွှေဂုံတိုင်မီးပွိုင့် ဆိုတော့။ :( မီးပွိုင့် ကလည်း အကြာကြီးပဲ မိတာ။ TAXI မောင်းတဲ့လူကလည်း အဖိုးကြီးဆိုတော့ ဖြေးဖြေးမှန်မှန်ပဲလေ ။(အခုမှ သေချာလေ့လာကြည့်တာ။ အစတုန်းက ဒရိုင်ဘာကြီးကို ယုံလို့ ဘေးပတ်ဝန်းကျင်ကို မကြည့်မိဘူးလေ။ ) ဒရိုင်ဘာကြီးမောင်းပုံနဲ့ ဒ်ီမီးပွိုင့် တွေနဲ့တော့ ရောက်တော့မယ်မထင်။ အဲဒါနဲ့ "ကားပြောင်းစီးရအောင် " လို့ မေမေ့ကို တိုးတိုးတိတ်တိတ် တိုင်ပင်လိုက်တယ်သိလား။ ဒရိုင်ဘာကြီးကို အားနာပေမယ့် ကျမက အလကား အပျော်ကားပတ်စီးနေတာမဟုတ်ဘူးလေ။ "စာမေးပွဲသွားဖြေမှာပါ "လို့ သေချာပြောထားရက်နဲ့ အဲဒီလူကြီးကတော့ အေးအေးဆေးဆေးပဲ လုပ်နေတော့ ဘယ်လောက် စိတ်မရှည်ချင်စဖွယ်လဲဆိုတာ စဉ်းသာ စဉ်းစားကြည့်ပါတော့ရှင်။ ကျမတို့ တိုးတိုးတိုးတိုးနဲ့ လုပ်နေတာကြားသွားတော့မှ ဒရိုင်ဘာကြီးလည်း နည်းနည်း သတိဝင်လာပုံရတယ်သိလား။ ကားမောင်းတာ အရင်ကထက် ပိုမြန်လာတယ်။ ဒါပေမယ့် မီးပွိုင့်တွေကတော့ မိမြဲမိဆဲ။ :c ဒီထက်ပိုပြီးလည်း ကားကို မောင်းလို့မရတော့ စိတ်ညစ်ညစ်နဲ့ စာကြည့်လိုက်တယ်။ ဪ၊ ပြောဖို့ မေ့နေတယ်။ လွယ်အိတ်က (2)လုံးသိလား။ ဟိ ဟိ။ တစ်လုံးက 日本語能力試験(Japanese Language Proficiency Test、JLPT )Level (Ⅰ)စာမေးပွဲကြီးဖြေတုန်းက မေမေ့ဆီမှာ အပ်ထားခဲ့တာ။ 日本語能力試験(Japanese Language Proficiency Test、JLPT )Level (Ⅰ)စာမေးပွဲကြီးက ခဲတံနဲ့ ဖြေရတာလေ။ ခရီးသွားလမ်းညွှန်သင်တန်းစာမေးပွဲကြီးက ဘောပင်နဲ့။ စာတွေကလည်း တခြားစီဆိုတော့ လွယ်အိတ်တစ်လုံးစီမှာ တစ်မျိုးစီ ထည့်ထားတာ။ ;)

:y အားတော့နာပါတယ်။ မပြီးသေးဘူးရှင့်။ ဆက်ရေးမယ်နော်။ တမင်လုပ်တာ မဟုတ်ပါဘူး။ ရေးချင်တာတွေ အရမ်းများနေလို့ပါ။ စိတ်ဆိုးရဘူးနော်။ :y

အရင်နေ့က Internet သုံးလို့ မရလို့ မတင်ဖြစ်တာအတွက်လည်း တောင်းပန်ပါတယ်နော်။ :y

တစ်နေ့တာ အလွဲ

လူတိုင်းမှာ ဗရုတ်သုတ်ခနေ့ဆိုတာရှိတယ်။ ဒီတော့ ကျမမှာလည်းရှိတယ်။ (ဟိ ဟိ၊ စိုင်းစိုင်းလေသံ အတုခိုးပြီး Intro ဝင်တာ) :z

တကယ်ပါ။ ဗရုတ်သုတ်ခနေ့တွေကတော့ မကုန်နိုင်လောက်အောင် ရှိပါတယ်။ ဂျပန်ရောက်ခါစတုန်းက အလွဲတွေ ၊ ဗရုတ်သုတ်ခနေ့တွေ များလွန်းလို့ "ရောက်ခါစက အလွဲများ" ဆိုပြီး ကဏ္ဍလေးတစ်ခုအနေနဲ့ ရေးဖို့ရှိပါတယ်။ (အဲလောက်ကို ဗရုတ်သုတ်ခနေ့တွေများတာလေ။) :p အခု TAG post ကိုတော့ မြန်မာနိုင်ငံတုန်းက အလွဲလေးတစ်ခု၊ ဗရုတ်သုတ်ခနေ့တစ်နေ့အကြောင်းကို ရေးပေးလိုက်ပါတယ်နော်။ :z

မြန်မာနိုင်ငံမှာ ရှိခဲ့စဉ်တုန်းက ပညာလောဘ အရမ်းကြီးခဲ့တယ်ရှင့်။ ;) ကျောင်းကလည်း အကြာကြီး တက်ရသေးတယ်။ ကျောင်းပြီးတာနဲ့ ဂျပန်သင်တန်းသွား၊ ကျောင်းအားတဲ့နေ့ဆိုရင်လည်း တစ်ခြားသင်တန်းတက်နဲ့ အားတဲ့ ရက် ၊အားတဲ့အချိန်က နည်းမှနည်းပဲ။ ဒီလောက် မအားရတဲ့ ကြားက ခရီးသွားလမ်းညွှန်သင်တန်းလည်း မရရအောင် တက်လိုက်သေးတယ်ရှင့်။

နောက်ဆုံးနှစ်တုန်းကပေါ့။ 日本語能力試験(Japanese Language Proficiency Test、JLPT)Level (Ⅰ)ကို ဖြေဖို့ဆိုပြီး လျှောက်လွှာတင်လိုက်တယ်သိလား။ :z ဘယ်နေ့ ဖြေရမယ်ဆိုပြီး လျှောက်လွှာထဲမှာ အတိအကျပါပေမယ့် ဖြေရမယ့်ရက်က အဝေးကြီးလိုသေးတော့ အမှုမဲ့အမှတ်မဲ့ပါပဲ။ အေးအေးဆေးဆေးနဲ့ အူကြောင်ကြောင်မှတ်ဉာဏ်လေး အားကိုးကာ စာကို ကောင်းကောင်းမကျက်ဖြစ်ခဲ့ပါ။ အဲ၊ စာသာ မကျက်တာ၊ သင်တန်းတွေကတော့ ပုံမှန်သွားတယ်သိလား။  :z ကျောင်းလည်းမှန်မှန်တက်၊ တစ်ခြားသင်တန်းလည်း မှန်မှန်တက် ၊ ခရီးသွားလမ်းညွှန်သင်တန်းလည်း မှန်မှန်တက်ခဲ့တာပေါ့။ :z အဲလို တစ်ချိန်တည်း အလုပ်(2)ခု၊ (3)ခုကို ပြိုင်တူလုပ်လို့လားမသိ၊ ကံမကောင်း အကြောင်းမလှစွာ 日本語能力試験(Japanese Language Proficiency Test、JLPT )Level (Ⅰ)စာမေးပွဲကြီး နဲ့ ခရီးသွားလမ်းညွှန်သင်တန်းစာမေးပွဲကြီးက တစ်နေ့တည်း၊ တစ်ရက်တည်းမှ သွား ကျပါလေရော။ :c သေပြီ ဆရာ။ ဘယ်လိုလုပ်ရပါ့။ :d အချိန်ကလည်း သိပ်မကွာလှဘူး။ စိတ်ကို ညစ်ရော။ တကယ် တကယ် တော်တော်ကို စိတ်လေသွားတယ်။ စစချင်းသိရတဲ့နေ့ကဆို စိတ်ညစ်ညစ်နဲ့ ခရီးသွားလမ်းညွှန်သင်တန်းကျောင်းအုပ်ကြီးနဲ့ သွားဆွေးနွေးသေးတယ်။ "စာမေးပွဲရက် ရွှေ့ပေးလို့ ရမရ" ကိုလေ။ :p ဂျပန်စာမေးပွဲကတော့ နိုင်ငံတကာလုံးဆိုင်ရာ တစ်နေ့တည်း ၊ တစ်ပြိုင်တည်း ၊ တစ်ချိန်တည်း ဖြေရတာဆိုတော့ ရွှေ့ပေးလို့ မဖြစ်နိုင်ဘူးလေ။ ခရီးသွားလမ်းညွှန်သင်တန်းစာမေးပွဲကတော့ ကျောင်းအုပ်ကြီးရဲ့ သဘောထားနဲ့ အများကြီးသက်ဆိုင်တယ်မဟုတ်လားရှင်။ အရင်အပတ်စဉ်တွေတုန်းကလည်း အဆင်ပြေနိုင်မယ့် နေ့ကို ကျင်းပခဲ့တာဆိုတော့ တိတိကျကျ သတ်မှတ်ထားတဲ့ပုံ မပေါ်ဘူးလို့ (ကိုယ့်သဘောနဲ့ကိုယ်ယူဆ) ပြီး သွားရောက် မေးမြန်းကြည့်ခဲ့တာပါ။ ;) ဒါပေမယ့် ကျမက ဘာမှ မဟုတ်တဲ့ သာမန်သင်တန်းသူလေးတစ်ယောက်ဖြစ်လေတော့ ကျမအတွက်နဲ့ ဘယ်လိုလုပ်ပြီး ရက်ရွှေ့ပေးမလဲနော်။ ;) "အတတ်နိုင်ဆုံး လိုက်လျောတဲ့အနေနဲ့ အချိန်နောက်ကျပြီး လာဖြေလည်း ဝင်ခွင့်ပေးပါမယ်တဲ့။ ဖြေဆိုခွင့်ရဖို့ ပြောပေးပါမယ်"ဆိုပြီး ကျောင်းအုပ်ကြီးရဲ့ သဘောထားကို သိခဲ့ရပါတယ်။ ကျေးဇူးတင်ပါတယ်။ :y ဘာပဲ ပြောပြော ဒီလောက်လိုက်လျောတာတောင် တော်တော့ကို အခွင့်အရေးယူသလို ဖြစ်နေပြီလေ။ ကျောင်းအုပ်ကြီးက အရမ်းသဘောကောင်းလွန်းလို့ပေါ့နော်။

ကျမလည်း အဲလို သဘောတူညီမှုတွေရတာနဲ့ နည်းနည်းတော့ စိတ်အေးသွားတယ်။ :y မအေးနိုင်တာက မေမေ။ မေမေက ပြောပါတယ်။ "日本語能力試験(Japanese Language Proficiency Test、JLPT)Level (Ⅰ)"ဆိုတာ ဂျပန်က လာစစ်တဲ့ အရည်အချင်းစစ်စာမေးပွဲတွေထဲမှာ အမြင့်ဆုံး၊ (တနည်းအားဖြင့်ပြောရရင် အခက်ဆုံး) ။ ခရီးသွားလမ်းညွှန်သင်တန်းစာမေးပွဲဆိုတာလည်း (လိုက်ဖို့စိတ်မကူးလေတော့ )ကိုယ့်ဉာဏ်နဲ့ ကိုယ်ဖြေမယ်ဆိုရင် တော်တော်ကို အောင်ဖို့ခက်တဲ့ စာမေးပွဲ။ ဒီလောက် ခက်ခက်ခဲခဲ စာမေးပွဲ(2)ခုကို တစ်နေ့တည်း မှာ ဖြေရရင်....... "သမီးရယ်၊ ပင်ပန်းပါတယ်......တဲ့။ တစ်ခုကို လက်လွှတ်လိုက်ပါ................တဲ့။"

မေမေ့စေတနာကို နားလည်ပေမယ့် ကျမက ခေါင်းမာတယ်ရှင့်။ အခွင့်အရေးဆိုတာ နှစ်ခါမရဘူး။ ဒီတစ်ခါ မဖြေရင် နောက်တစ်ခေါက် ကို ဖြေဆိုရတော့မှာ မဟုတ်ဘူး။ (ကျမ ဂျပန်သွားရဖို့ လပိုင်းပဲ လိုတော့တယ်လေ။ နောက်တစ်ခေါက် သင်တန်းထပ်တက်ရန် အချိန်မရှိတော့ဘူး။ ) (3)လလုံးလုံး စိတ်ပင်ပန်း လူပင်ပန်းနဲ့ တက်ခဲ့ရတဲ့ သင်တန်းတစ်ခုအတွက် ရလာဒ်တစ်ခုတော့ လိုချင်တာအမှန်ပဲ။ ဒီတော့ ဒီစာမေးပွဲကို လက်လွတ်မခံနိုင်ဘူး။ "日本語能力試験(Japanese Language Proficiency Test、JLPT)Level Ⅰ"ကလည်း တစ်နှစ်မှ တစ်ခါ လာစစ်တဲ့ စာမေးပွဲဆိုတော့ မဖြေပဲ မနေနိုင်ဘူး။ အဲဒီက အောင်လက်မှတ်ပါရင် ဂျပန်မှာ ကျောင်းတက်ရတာ၊ အလုပ်လုပ်ရာမှာ အခွင့်အရေးအရမ်းပိုရတယ်။ ပညာသင်ထောက်ပံ့ကြေးရရန်လည်း လွယ်ကူတယ်။ အဲလို အကြောင်းတွေနဲ့ပဲ စာမေးပွဲ (2)ခုစလုံးကို ဖြေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။(လောဘကြီးပုံများနော် ;) )

စာမေးပွဲနေ့လည်း ရောက်ရော၊ "日本語能力試験(Japanese Language Proficiency Test、JLPT)Level Ⅰ"ကို အရင်သွားဖြေရပါတယ်။ Level (4) ခုစလုံးမှာ အကြာဆုံး၊ အများဆုံး ဆိုတော့ တခြား Level စာမေးပွဲဖြေတဲ့လူတွေ အကုန်ပြန်ကုန်ပြီ။ Level (Ⅰ)သမားတွေပဲ အသည်းအသန် ဖြေကျန်ရစ်ခဲ့ရတာပေါ့။ မြန်မြန်ပြီးခဲ့ရင်တောင် သူတို့သတ်မှတ်ထားတဲ့ အချိန်ပြည့်မှ ထွက်လို့ရတာဆိုတော့ ။ ကျမမှာ "ထွက်လို့ ရပြီ" ဆိုတဲ့ စကားသံလေးကို ဘယ်တော့ကြားရမလဲ ရင်တထိတ်ထိတ်နဲ့ပေါ့။ :y "ထွက်"လို့ ပဲ ဆရာမက ပြောရသေး ၊ အခန်းအပေါက်ဝကို ရောက်နေပြီ။ ဟိ ဟိ။ ပြီးတာနဲ့ ဝတ်ထားတဲ့ အဝတ်အစားလေးမှ အားမနာ ပြေးတော့တာပဲ။ :z
ရေးရင်း ရေးရင်းနဲ့ အရမ်းရှည်နေလို့ နှစ်ပိုင်းခွဲတင်မယ်နော်။ စိတ်ဆိုးရဘူးနော်။ :z :z :z

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Public Health in Myanmar] 1 New Entry: Ringworm Infection

Ringworm Infection

ပွေး

ဒီလိုမျိုးပုံကို တချို့က မြင်ဘူးကြမှာပါ ။ သူများဆီမှာပေါ့ ။ တချို့ကတော့ ကိုယ်တိုင်ပဲ ကိုယ့်အရေပြား ပေါ်မှာ ကြုံတွေ့ ဖူးကြ မှာပါ ။
အနီရောင် အ၀ိုင်းလေးပါ ။ အလယ်က အရောင်ဖျော့ပြီး ဘေးသား တွေက နီနီ ရဲရဲလေး ။ အလယ် မှာတော့ အဖြူရောင် လိုလို အဖတ် လေးတွေ ( တခါတရံ ) ရှိတက် ပါတယ် ။ အ၀ိုင်းလေးက ဘေးက ပုံမှန် အရေပြားထက် အပေါ်ကို မြင့်တက် နေပြီး အင်မတန်မှ ယားတဲ့ အရေပြား ရောဂါပါ ။

ကုတ်လိုက်မှ နေသာ ထိုင်သာ ရှိသွား တက်ပါတယ် ။ တဖြည်းဖြည်း အ၀ိုင်းလေးက ကျယ်ကျယ် လာပြီး တခြား နေရာတွေမှာလဲ ပွားလာ တက်ပါတယ် ။ ဒါကတော့ Ring Worm လို့ ခေါ်တဲ့ ပွေးပါ ။


ပွေးက အရေပြားကို မှိုစွဲလို့ ဖြစ်တာပါ ။
အရေပြား မှိုစွဲတက် ရောဂါကို ကလေးတွေမှာ အတွေ့ရ များပေမယ့် အသက်အရွယ် မရွေး ကျားမ မရွေး ဖြစ်နိုင်ပါတယ် ။ ရှက်လို့ မပြရဲလို့စနစ်တကျမကုသပဲ နီးစပ်ရာ ကြားဖူး နားဝ ဆေးဝါး တွေနဲ့လည်း ကြိတ်ပြီး ကုသ နေတက် ကြပါတယ် ။ ပွေးက အရေပြား ၊ ဦးရေပြား ၊ ပေါင်ကြား ၊ ခြေသည်း လက်သည်း ကိုယ်လုံး နေရာ အနှံ့ဖြစ်ပွား နိုင်ပါတယ် ။ ပွေး ပေါက်တဲ့ နေရာ ပေါ်ကို မူတည်ပြီး အခေါ် အဝေါ် ကွဲပြား သွားပါတယ် ။ ဦးရေပြား မှာ ဖြစ်ရင် tinea capitis ပေါင်ကြား မှာဖြစ်ရင် tinea cruris ခြေထောက် မှာဖြစ်ရင် tinea pedis အစ ရှိသဖြင့် ခေါ်ဆို ပါတယ် ။

အရေးကြီး တာက အခေါ်အဝေါ် မဟုတ်ပါဘူး ။ ဘယ်လို ကူးစက်နိုင်လဲ ဆိုတာ သိထား ရပါမယ် ။ ပွေးက တစ်ယောက်နဲ့ တစ်ယောက် ကူးစက် လွယ်ပါတယ် ။ အသားချင်း ထိတွေ့ရုံနဲ့ ကူးစက် နိုင်ပါတယ် ။
အသုံး အဆောင် အ၀တ်အစား တွေကို ဝေမျှ စုပေါင်း သုံးစွဲခြင်း ( ဥပမာ ခေါင်းဘီး ၊ မျက်နှာသုတ်ပုဝါ ၊ အ၀တ်အစား ၊ အိပ်ယာ ) တွေက နေ ကူးစက် နိုင်သလို အများသုံး ရေကူးကန် ၊ ရေချိုးခန်း တွေက နေလည်း ကူးစက် နိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ် ။

ပွေး ရဲ့ လက္ခဏာတွေက ကျနော် ဒီဆောင်းပါး အစပိုင်းမှာ ဖော်ပြထားပြီးပါပြီ ။ ပွေးဟာ မြင်လိုက် တာနဲ့ သိသာပါတယ် ။ သေချာ အောင် စစ်ဆေး မယ်ဆိုရင်တော့ အမှောင်ခန်း ထဲမှာ အပြာရောင် လင်းတန်း ( Wood's Lamp ) နဲ့ ထိုးကြည့်ပြီး စစ်ဆေးတာ ၊ အရေပြားကို ခြစ်ယူပြီး အဏုကြည့် မှန်ဘီလူး အောက်မှာ စစ်ဆေးတာ ၊ မှိုကို မွေးပြီး ( culture and identify in Dermatophytes Test Medium ) စစ်ဆေး တာတွေကို ပြုလုပ် နိုင်ပါတယ် ။

ကုသခြင်း

ပွေးပေါက် တာဟာ ရှက်စရာမလိုပါဘူး ။ ဆေးတော့ ကုသဖို့ လိုအပ်ပါတယ် ။ ဆရာဝန်ကို ပြစရာ မလိုပဲ မိမိ ဘာသာ မိမိ ကုသလို့ ရပါတယ် ။ အရေပြားကို သန့်ရှင်း ခြောက်သွေ့ နေအောင် ထားဖို့ လိုအပ် ပါတယ် ။ မှိုကြောင့် ဖြစ်တာအတွက်မို့ မှိုသတ်ဆေး တွေ လိမ်းဖို့ လိုအပ် ပါတယ် ။

ဈေးကွက်ထဲမှာ နာမည်မျိုးစုံနဲ့ အရေပြားရောဂါအတွက် လိမ်းဆေးတွေ ရှိပါတယ် ။
miconazole, clotrimazole အစ ရှိတဲ့ anti-fungal မှိုသတ်ဆေး တွေပါတဲ့ လိမ်းဆေး တွေလိမ်းဖို့ လိုအပ်ပါတယ် ။
အချို့ လိမ်းဆေးတွေက Hydrocortisone နဲ့ ရောစပ် ထားတာရှိပါတယ် ။
ဦးရေပြားမှာ ပွေးပေါက် တဲ့ သူတွေ အတွက်တော့ Pyrithione Zinc ပါတဲ့ ခေါင်းလျှော်ရည် မျိုး သုံးစွဲ သင့်ပါတယ် ။ ( ဥပမာ Head & Shoulders ခေါင်းလျှော်ရည် ) ဆေးတွေကို ပုံမှန်လိမ်းဖို့ လိုအပ်သလို တကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုဖို့လည်းလိုအပ်ပါတယ် ။ ကုတ်မိလို့ ပွန်းပဲ့ပြီး ဘက်တီးရီးယားပိုးတွေ ၀င်ပြီး ပြည်တည်မယ် ၊ အရည်တွေ ထွက် နေမယ်ဆိုရင် ပဋိဇီဝဆေးတွေနဲ့ ကုသဖို့ လိုအပ်ပါတယ် ။ ပွေးပေါက်တာ အရမ်းဆိုးနေရင် ၊ တခြားနေရာတွေပါ ပွားလာတယ်ဆိုရင် ၊ လက်သည်းတွေမှာဖြစ်နေရင် ၊ လိမ်းဆေးတွေနဲ့ ( ၄ ပတ်ကြာလို့မှ )မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ် ။
လိုအပ်ရင်တော့ Ketoconazole တို့လို မှိုသတ်တဲ့ သောက်ဆေးတွေနဲ့ ကုသနိုင်ပါတယ် ။

ဘယ်လိုကာကွယ်မလဲ ။

• အရေပြားကို အမြဲ သန့်ရှင်းခြောက်သွေးအောင်ထားပါ ။
• ရှန်ပူနဲ့ ပုံမှန်ခေါင်းလျှော်ပါ ။ အထူးသဖြင့် ဆံသဆိုင်မှာ ဆံပင်ညှပ်ပြီးရင် ၊ ခေါင်းလျှော်ဖို့ မမေ့ပါနဲ့ ။
• အသားချင်းထိရတဲ့ အားကစားနည်းတွေလုပ်ပြီးရင်လဲ ခေါင်းလျှော်ရေချိုးပါ ။
• ခြေအိတ် ၊ အတွင်းခံဘောင်းဘီတွေကို နေ့စဉ်လျှော်ဖွတ်ပါ ။
• အ၀တ်အစား ၊ ခေါင်းဘီး ၊ မျက်နှာသုတ်ပုဝါ တွေကို မျှပြီးသုံးစွဲခြင်းကို ရှောင်ကြည်ရပါမယ် ။ ကိုယ်ပိုင်သီးသန့်ထားပြီး သုံးစွဲတဲ့ အကျင့်ပြုလုပ်ပါ ။


မိမိကိုယ်တိုင် ပွေးပေါက်နေရင်လည်း ရှက်စရာ အားငယ်စရာမဟုတ်ပါဘူး ။
သေချာ ကုသလိုက်ပါ ။ ယားယံပြီး ကုတ်ဖဲ့ နေရတဲ့ ဝေဒနာတွေ ၊ ရှက်လို့ လူတောထဲ မသွား ရဲတာတွေ မကြာခင် ပျောက်သွားမှာပါ ။
မိတ်ဆွေ သူငယ်ချင်းမှာပဲ ဖြစ်ဖြစ် ၊ ပတ်ဝန်းကျင်မှာ ပွေးပေါက်တဲ့သူ တွေ့မိခဲ့ရင် ကျန်းမာရေး အသိပညာ ဖြန်ဝေရင်း ကူညီကြပါလို့ တိုက်တွန်းရင်း ........

ကျန်းမာရေး ဗဟုသုတ တိုးပွားနိုင်ကြပါစေ ။

ဓာတ်ပုံတချို့ကိုအောက်မှာ ဖော်ပြပေးလိုက်ပါတယ် ။











Dr Zero

You received this email because you are subscribed to the real_time feed for http://health.ngoinmyanmar.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အောင်သာငယ်] 1 New Entry: သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၉)

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၉)

နောက်နေ့မနက်တော့ ဆယ်နာရီကျော်မှပဲ ကျနော်တို့ နိုးပါတယ်။ နိုးတာနဲ့ ကျနော်တို့ နောက်တန်းမှာ ထမင်းထုပ် သွားသယ်ရင်းနဲ့ ရေသွားချိုးကြပါတယ်။ ယူနီဖောင်းကတော့ ပြောက်ကျားယူနီဖောင်း အပိုတစုံစီပဲ ပါကြတာဆိုတော့ ၀တ်ထားတဲ့ယူနီဖောင်းကို လျှော်ရမှာပါ။ မလျှော်လို့လည်း မဖြစ်တော့ဘူး။ စစ်ဘောင်းဘီက ရွှံ့တွေနဲ့ လူးပြီး နှစ်ရက် ကျော်လာတော့ မာတောင် ဂေါက်ဂက်ကြီး တောင် ဖြစ်နေပြီ။ ကျနော်တို့ ပြောနေတဲ့ လျှော်တယ်ဆိုတာကလည်း တကယ်တမ်းတော့ ယူနီဖောင်းကို ရေစွတ် ပြီးတော့ သောင်ရင်းမြစ် ဘေးက ကျောက်တုန်းတွေပေါ်မှာ ကိုင်ရိုက်ကြတာပါး) ဆပ်ပြာတွေ ဘာတွေ ဘယ်ပါလိမ့်မလဲ။ လူတိုက်ဖို့တောင် ဆပ်ပြာ မနည်း ရှာနေရတာ။ ယူနီဖောင်းအတွက်ကတော့ ဝေးစွ ပါပဲ။ ရေချိုး အ၀တ်လျှော်ပြီးသွားတော့ ထမင်းထုပ်တွေ သယ်ဖို့ နောက်တန်းက စားဖိုဆီ သွားရပါတယ်။ (အမှန်ကရေသွားချိုးချိန်မှာတောင် ကိုယ့်သေနတ်ကိုလည်း လွယ်ရပါသေးတယ်။ ရည်းစား ဓါတ်ပုံသာ ကိုယ်နဲ့မကွာ ဖြစ်လို့ ရချင်ရမယ်၊ ကိုယ့်သေနတ်ကတော့ ကိုယ်နဲ့ ကွာလို့ မရဘူး)

အဲဒီနေ့ကတော့ ဖလူးခံတပ်ထဲကို ကျနော်တို့ ရောက်တာ လေးရက်မြောက်တဲ့နေ့ပါ။ လေးရက်မြောက်ဆိုတော့ ပတ်ဝန်းကျင် အခြေအနေတွေ နည်းနည်း ပါးပါး သိနေပြီဆိုပါတော့လေ။ ထမင်းထုပ်သယ်ပြီး ပြန်တဲ့အခါ နောက်တန်းကနေ ထိပ်တိုက် ရောက်တဲ့အထိ လျှောက်မြောင်းတွေထဲက လျှောက်ရင် အကြာကြီး လျှောက်ရတယ်။ လျှောက်မြောင်းတွေကနေ မသွားပဲ ဖလူး အတွင်းထဲက သွားရင် လမ်းတိုပါတယ်။ ဒါမယ့် လက်နက်ကြီးတွေ ကျရင် ခိုဖို့ ကတုပ်ကျင်းတွေ လျှောက်မြောင်းတွေ မရှိပါဘူး။ အဆောက်အဦးတွေနဲ့ ကြခတ်ဝါးရုံတွေပဲ ရှိပါတယ်။ တခါတခါလည်း အဲအတွင်းလမ်းကနေ ကရင်ရဲဘော်တွေ ပြန်လာကြတာကိုလည်း တွေ့တွေ့နေရတော့ ဘာပဲဖြစ်ဖြစ် အဲလမ်းဟာ နောက်တန်းကနေ ထိပ်တိုက်ကို အတိုဆုံးလမ်းဆိုတာကိုတော့ ကျနော်တို့ သိနေကြပါတယ်။ တခါမှသာ မသွားဖူးကြတာပါ။ အဲနေ့ကတော့ ဘယ်သူက စသလဲတော့ မမှတ်မိဘူး - လျှောက်မြောင်းတွေက မသွားဘူးကွာ အတွင်းလမ်းကသွားမယ်- လို့ တယောက်ယောက်က စပြောပါတယ်။ ကျနော်ထင်တာကတော့ ဆေးမှူး ၀င်းတင့်ဟန်-ပဲ ဖြစ်မယ်။ ဒါမဲ့ သေချာတော့ မမှတ်မိတော့ဘူး။

ဘယ်သူကမှလည်း မငြင်း၊ ဘယ်သူကမှလည်း မထောက်ခံပဲ ကျနော်တို့ ၆ ယောက်လုံးထိပ်တိုက်ကို ဖလူးရဲ့ အတွင်းလမ်းထဲကနေ တက်လာခဲ့ပါတယ်။ နောက်တန်းစားဖိုက ထမင်းထုပ်တွေကို လက်နက်ကြီး ပစ်ကျင်းတွေနားကနေ ဖြတ်ပြီး သယ်လာခဲ့ပါတယ်။ နောက်တော့ လူသွားလမ်းတခုအတိုင်းကျနော်တို့ လျှောက်လာပါတယ်။ အဲမှာ အဆောက်အဦးတွေ အများကြီးပါပဲ။ ဘယ်ရော ညာရောမှာ အိမ်တွေ အဆောက်အဦးတွေ အများကြီးပါ။ အများစုကတော့ သွပ်မိုးထားပါတယ်။ ဒါမဲ့ အကောင်းပကတိရှိတဲ့ အဆောက်အဦးဆိုလို့ တခုမှ မရှိပါဘူး။ အားလုံးက အမိုးတွေမှာ နံရံတွေမှာ လက်နက်ကြီးတွေ ထိမှန်ပေါက်ကွဲ ဖောက်ထွင်းထားလို့ ပေါက်ပြဲ လန်ပြန်နေတဲ့ အိမ်တွေချည်းပါပဲ။ ကျောက်ပေါက်မာတွေနဲ့ လူတယောက်ရဲ့ မျက်နှာလိုပါပဲ။ အိမ်တိုင်း အဆောက်အဦးတိုင်းဟာ အတော့ကို အကျည်းတန်နေတာပါ။

အဲလိုနဲ့ တနေရာရောက်တော့ ကြွေအိုးအိမ်သာတွေ (ကျနော့် စိတ်ထင် လေးလုံးလောက် ရှိမယ်) ရှိတဲ့ အဆောက်အဦးတခုကို သွားတွေ့ ပါတယ်။ ရှေ့မှာလည်း အုတ်ရေကန်လေးတခု ရှိနေသေးတယ်။ ဒါနဲ့ ကျနော်က ကျနော့် ဘေးက ပါလာတဲ့ ရဲဘော် သန်းစိန်ကို - ဟေ့.. ငါ ကြုံတုန်း အိမ်သာ တက်လိုက်ဦးမယ်။ တယောက်တော့ နေခဲ့ကွာ - လို့ ပြောတော့ - ဟာ..ဗျာ... ခင်ဗျားကလည်း အရေးထဲ ... ဒီမှာ ရေချိုး အ၀တ်လျှော်ပြီးလို့ ဗိုက်ဆာရတဲ့ကြားထဲ၊ ကျုပ်တော့ မစောင့်ဘူး - လို့ ပြောတော့ - ဟ ... နင်ဗိုက်ဆာနေတာနဲ့ ငါလည်း အိမ်သာ တက်ချင်နေတာနဲ့ အတော်ပဲပေါ့ ဟ... ဟား..ဟား... - ကျနော်က သူ့ကို နောက်တော့ ရဲဘော်သန်းစိန်က မျက်နှာကြီး မဲ့ပြီး - ခင်ဗျားဗျာ....- ဆိုပြီး ဆက်ထွက်သွားပါတယ်။ ဆေးမှူး ၀င်းတင့်ဟန်ကတော့ - အကိုကြီး ကျနော်လည်း ၀ိတ်လျှော့ချင်နေတာ။ အခု အထူးတန်းရတာပေါ့။ ကျနော် အဖော်ရှိတယ် - လို့ ပြောပြီး အနားက ကြွေအိမ်သာရှိတဲ့ အခန်းတခုထဲ ၀င်သွားပါတော့တယ်။ ကျနော်လည်း အနားက အဲလို အခန်းတခုထဲဝင်ပြီး လျှော့ပေါ့ခြင်းအမှုကို ပြုရတာပေါ့လေ။

တခုပြောပြချင်တာက ကျနော်တို့တွေအတွက် ဒီဖလူးခံတပ်ထဲမှာ အဆင်မပြေ ဖြစ်နေတာက အပေါ့အလေးသွားရတဲ့ ကိစ္စပါပဲ။ တခါတခါ စားထား သောက်ထားတာတွေက တကယ့် အချိန်ကောင်း (လက်နက်ကြီးတွေ ဆက်တိုက်ကျလို့ အသက်တောင် ပြင်းပြင်း မရှူရဲတဲ့ အချိန်မျိုး) ကျမှ ဒုက္ခ ထပေးတတ်တော့ အတော့်ကို စိတ်ညစ်ဖို့ကောင်းတဲ့ ကိစ္စလည်း ဖြစ်နေတာကိုး။ အပေါ့သွားတာကတော့ သိပ် ကိစ္စ မရှိလှပေမယ့် ၊ အလေးကတော့ အတော့ကို လေးလံတဲ့ ပြသနာပါပဲ။ တူရွင်းတလက်ကို ကိုင်ပြီး လွတ်ရာ ကျွတ်ရာ တနေရာရာကို သွားရပါတယ်။ တောထဲကို သွားရတာပေါ့လေ။ သွားနေတုန်းများ - ထုံ-ထုံ-ထုံ ဆိုတဲ့ အသံ (မော်တာဆံတွေ ပြောင်းဝက ခုန်ထွက်လာတဲ့ အသံ)များ ကြားရရင် ဖင်တွန့်တယ်ဆိုတဲ့ စကားက အမှန်ပါပဲဗျာ။ ကိုယ့်ကိစ္စကို အမြန်ပြီး၊ ပြီးတဲ့ကိစ္စကိုလည်း ကိုင်လာတဲ့ တူရွင်းနဲ့ အမြန်ဖုံး။ အဲဒါတွေကို ဂျိမ်း-ဒုန်း-ဆိုတဲ့ အသံတွေ မကြားခင် ပြီးပြတ်အောင် လုပ်ရတာဆိုတော့ စဉ်းစားသာ ကြည့်ပေတော့။ အဲတော့ အဲလိုမျိုး အခြေအနေမှာ - ခုလို ကြွေဇလုံလေးကို တိတ်ဆိတ်နေတဲ့ အခြေအနေမှာ တွေ့ရတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးတယောက်ကို လူ တယောက်မှ မရှိတဲ့ လမ်းကြားထဲ တွေ့ရသလိုပေါ့လေ။

အဲနောက်တော့ ကျနော်နဲ့ ဆေးမှူးဝင်းတင့်ဟန် နှစ်ယောက်ပဲ ကျန်ခဲ့ပါတော့တယ်။ ကိစ္စ ၀ိစ္စတွေပြီးတော့ ကျနော်လည်း ကျနော်နဲ့ နိုင်နိုင့်အတွက် ထမင်းထုပ်ကို ဆွဲ၊ ဆေးမှူး ၀င်းတင့်ဟန်လည်း သူနဲ့ ဆရာစိုးမြင့်အတွက် ထမင်းထုပ်ကိုဆွဲပြီး ဆက်ထွက် လာကြပါတယ်။ တနေရာရောက်တော့ ဘုရားကျောင်းတခု တွေ့ပါတယ်။ ထုံးစံအတိုင်းပါပဲ သေနတ်ဒဏ်ရာ လက်နက်ကြီး ဒဏ်ရာတွေနဲ့ မွစာကျဲနေတာပါပဲ။ အဲဘုရားကျောင်းကိုလည်း ကျော်လာပြီးရော နောက်ထပ် ဘာ အဆောက်အဦး တခုကိုမှ ထပ်မတွေ့ရတော့ပါဘူး။ နောက်ထပ်ကျနော်တို့ တွေ့ရတာကတော့ သဲဖြူဖြူနဲ့ မြေလမ်းကလေးတခုရယ် ဘေးဘယ်ညာက ကြခတ်ဝါးရုံတွေပါပဲ။

ဆေးမှူး ၀င်းတင့်ဟန်ကလည်း လူပုံကသာ ချာလီချက်ပလင်၊ စကားပြောလိုက်ရင်တော့ ဂန္တ၀င်တွေချည်းပဲဗျ။ သူက တကယ်တော့ အနုပညာသမား၊ ကဗျာတွေလည်း ရေးတယ်၊ စာတွေလည်း ရေးတယ်၊ ဗမာပြည်မှာ ရှိရှိသမျှ ဂီတ တူရိယာ ပစ္စည်း အားလုံးလောက် နီးနီးကိုလည်း တီးတတ်တယ်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်- အားလုံးပေါ့။ ကျနော် တကယ်ပြောနေတာပါ။ သူက Conductor လည်း လုပ်ခဲ့တယ် - လမ်းစဉ်လူငယ် ဘင်ခရာတီးဝိုင်းမှာ -း) တကယ်ပြောတာပါ။

အဲ အနုပညာသမားကြီးက ကျနော့်ကို ဘာပြောသလဲဆိုတော့ - အကိုရာ အခုလို သဲဖြူဖြူနုနုနဲ့ မြေလမ်းလေးတခုမှာ ဘေးက ကြခတ်ဝါးရုံလေးတွေကလည်း ရှိနေတာဆိုတော့ ကျနော့် ကောင်မလေးနဲ့သာ ကျနော် အတူတူ လျှောက်နေရရင် ဘာဖြစ်မယ် ထင်သလဲ - လို့ မေးပါတယ်။ ကျနော်လည်း - အင်း.... ငါထင်တာကတော့ ကောင်မလေးက မင်းကို ပါးရိုက်မှာပဲ... အဟီး.... - လို့ နောက်ပြောမိတုန်း

အဲလို ပြောနေတုန်းမှာပဲ -ထုံ-ထုံ-ဆိုပြီး အသံ နှစ် ချက် ကြားလိုက်ရပါတယ်။ - ဟ..ဟ... မော်တာသံထင်တယ် - ကျနော်က ၀င်းတင့်ဟန်ကို ပြောနေတုန်းမှာပဲ နောက်ထပ် -ထုံ-ထုံ-ထုံ-ဆိုတဲ့ အသံ သုံးသံကိုလည်း ထပ်ကြားလိုက်ရပါသေးတယ်။ ဒါနဲ့ သင်တန်းမှာ လေ့လာဆည်းပူးထားတာတွေရော လက်တွေ့ အတွေ့အကြုံတွေရော အားလုံးပေါင်းပြီး ထောင့်တစ် ထောင့်နှစ် စသည်ဖြင့် စက္ကန့်တွေကို ရေတွက်ရင်း မော်တာဆံ ကျကွဲမယ့် အချိန်ကို ရေနေမိပါတယ်။ နောက်တော့ ကျနော်တို့ရဲ့ ဘယ်ဘက်ခြမ်း တော်တော် လှမ်းလှမ်းမှာ ဂျိမ်း-ဂျိမ်း-ဆိုပြီး မော်တာ ကျည် နှစ်လုံး ကျကွဲသွားတာကို ကြားလိုက်ရပါတယ်။ - ဟေ့ကောင်ရေ့ နောက် သုံးလုံး ကျန်သေးတယ် ဟ ... ပြေးမှ ဖြစ်မယ် ထင်တယ် - ကျနော်က သူ့ကို ပြောရင်း စပြေးတော့တာပါပဲ။ သူလည်း နောက်ကလိုက်ပြေးရင်း ကျနော့်ကို ကျော် တက်သွားလေရဲ့။ (တော်တော် အပြေးမြန်တဲ့ကောင်ဗျး)

အဲမှာပဲ ကျနော်တို့ ရှေ့ အတော်လှမ်းလှမ်းမှာ - ဂျိမ်း-ဂျိမ်း-ဂျိမ်း-ဆိုပြီး ကျကွဲတဲ့အသံတွေ ကြားလိုက်ရပါတယ်။ တဆက်တည်းမှာပဲ နောက်ထပ် -ထုံ-ထုံ-ထုံ-ထုံ-ဆိုတဲ့ အသံ လေးသံကို ထပ်ကြားရတာပါပဲ။ ကျနော်ထင်တာကတော့ တခါတရံမှာ ရန်သူက အိုပီ (Observation Post) ကပေးတဲ့ ညွှန်းရပ် (Six Digit Grid Direction) တွေနဲ့ မြေပုံအတိုင်း ပုံသေပစ်ကွက် (Fixed Target) ကို စမ်းသပ် ပစ်ခတ်နေတာလို့တော့ ထင်ပါတယ်။ အဲဒါမျိုးက နေ့ခင်း မြင်ရတဲ့ အချိန်မျိုးမှာ လုပ်ရတာကိုး။

ဘာပဲဖြစ်ဖြစ် ကျိန်းသေနေတာကတော့ ကျနော်နဲ့ ဆေးမှူးဝင်းတင့်ဟန်ကတော့ ပစ်ကွင်း (Target Range) ထဲ ရောက်နေတာပါပဲ။ ပထမ နှစ်လုံးက ဘယ်ဘက်ခြမ်းမှာ ကျကွဲတယ်။ ဒုတိယ သုံးလုံးက ကျနော်တို့ အရှေ့ဖက်ကို ကျကွဲတယ်ဆိုတော့ နောက်ထပ် လေးလုံးက ဘယ်ကို ကျမှာလဲ။ ကျနော်တို့ နှစ်ယောက် ရှေ့ကို ပြေးနေတုန်းမှာပဲ - ရှပ်-ရှပ်-ရှပ်-ရှပ်- ဆိုတဲ့ အသံကို ထပ်ပြီး ကြားလိုက် ရပါတယ်။ အဓိပ္ပါယ်ကတော့ မော်တာဆံက ကျနော်တို့ ခေါင်းပေါ်က ကျော်သွားလို့ပါ။ မော်တာဆံနောက်က အမြီးပိုင်းကို လေတိုး သွားတဲ့အသံပါ။ အဲနောက်တော့ -ဂျိမ်း-ဂျိမ်း-ဆိုတဲ့ အသံနှစ်သံအပြင် - ရွှပ်......ဆိုတဲ့ အသံအရှည်ကြီး တခုကိုလည်း ကြားလိုက်ရပါတယ်။ အသိထဲမှာတော့ အနားမှာ မော်တာဆံကျကွဲပြီဆိုတာ သိလိုက်ပါတယ် အဲဒါနဲ့ တဆက်တည်း ကျနော်လည်း တွေ့ရာနေရာမှာ ဒိုင်ဗင်ထိုး ၀ပ်ချလိုက်တာပါပဲ။ ကျနော့် အရှေ့မှာက ၀င်းတင့်ဟန်ဆိုတော့ သူ့ကို ကျနော်က မြင်နေရတာကိုး။ သူလည်း ၀ပ်ချလိုက်တာပါပဲ။ သူ့ရှေ့တနေရာမှာ ဖုန်တွေ ထောင်းထောင်းထသွားတယ်။

ကျနော်လည်း ပြားနေရာကနေ ရှေ့ကို ကြည့်လိုက်တယ်။ ၀င်းတင့်ဟန်လည်း ပြားနေတုန်းပဲ။ ဒါမဲ့ နောက်ထပ်လည်း ဘာသံမှ ထပ်မကြားရဘူး။ ကျနော် ကုန်းထလိုက်တယ်။ ၀င်းတင့်ဟန်လည်း ကျနော့်လိုပဲ ကုန်းထလာတယ်။ ပြီးတော့ ကျနော်တို့ နှစ်ယောက် ရှေ့က လမ်းကို ကြည့်မိတော့ မော်တာဆံ မြေကြီးထဲဝင်သွားတဲ့ အရာကို တွေ့နေရတယ်။ အဲ မော်တာဆံက မကွဲဘူးလေ။ မကွဲလို့ မြေကြီးထဲ ထိုးဝင်သွားတာ။ မကွဲလို့လည်း ရွှပ်...ဆိုတဲ့ အသံကြီးကို ကျနော်တို့ နှစ်ယောက် ကြားခဲ့ရတာပေါ့။ ကွဲခဲ့ရင် ကျနော်တို့ နှစ်ယောက်လုံး ဂန့်ပြီပေါ့။ ကြည့်ရတာ ၈၁ မမ (၃ လက်မ မော်တာ) ဖြစ်ပုံရပါတယ်။ ပြီးတော့ ကျနော်တို့ နှစ်ယောက် တယောက်ကိုတယောက် နားလည်တဲ့အကြည့်နဲ့ ကြည့်ပြီး ထိပ်တိုက်ရောက်အောင် အသားကုန် ပြေးခဲ့ရတော့တာပေါ့ဗျား။

အဲနောက်မှာတော့ ထမင်းထုပ်သွားယူတိုင်း လျှောက်မြောင်းများကပဲ ကျနော်တို့ လျှောက်ခဲ့ပါကြောင်း။ (ဘာလို့ဆို အမေ့ကို ကျနော် ပြန်တွေ့ချင်သေးတယ်လေ)

(ဆက်လက်ဖော်ပြပါမည်)

You received this email because you are subscribed to the real_time feed for http://aungthange.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Jewel of Jewel] 2 New Entries: Peace without Pain

Peace without Pain


WHAT GOD HATH PROMISED

God hath not promised
Skies always blue,
Flower-strewn pathways

All our lives through;

God hath not promised
Sun without rain,
Joy without sorrow,
Peace without pain.


But God hath promised
Strength for the day,
Rest for the labor,
Light for the way,
Grace for the trials,
Help from above,
Unfailing sympathy,
Undying Love.


(Annie Johnson Flint)





ဘုရားသခင် ကတိတော်

ဘုရားသခင်က ကတိမပေးခဲ့ဘူး
ကောင်းကင်အမြဲပြာရမယ်လို့..
ပန်းခင်းတဲ့လမ်းကို
တစ်ဘ၀လုံး လျှောက်ရမယ်လို့..။

ဘုရားသခင်က ကတိမပေးခဲ့ဘူး
မိုးရွာခြင်းမရှိ နေသာရမယ်လို့
ဝမ်းနည်းခြင်းမရှိ ၀မ်းမြောက်ရမယ်လို့
ဝေဒနာမရှိ ငြိမ်းချမ်းရမယ်လို့..။


ဘုရားသခင် ပေးတဲ့ကတိက
နေ့စဉ်ခွန်အားပေးမယ်
ဝန်လေးသူကို ချမ်းသာစေမယ်
လမ်းခရီးကို ပြညွန်ပေးမယ်
ဒုက်ခရောက်သူများကို ကရုဏာထားမယ်
အထက်အရပ်မှ ကူမမယ်
တည်မြဲသော စေတနာတရားနဲ့
ထာဝရ မေတ္တာတရားနဲ့... ။

ဘာသာပြန်ဆိုသူ-စောမုတ်ဆိတ် (ကေတု)
(အလင်းအိမ် ခရစ်ယာန်ဘာသာရေးစာစု၊ အတွဲ၈ အမှတ် ၃)


Photo: TaungDwinGyi~AungLan Road

မာတာနို့


ကလေးငယ် နေမကောင်းတဲ့အခါ၊ ဒါမှမဟုတ် ကျန်းမာရေးချို့ယွင်းတဲ့အတွက် မိခင်နဲ့အတူတူ မထားဘဲ သီးသန့်အခန်းငယ်ထဲမှာ ထားရတဲ့အခါ၊ ဒါမှမဟုတ် တစ်ခြား အခြေအနေအရပ်ရပ်ကြောင့် မိခင်နို့ကို ကလေးငယ်ကိုယ်တိုင် ကောင်းကောင်းမွန်မွန် စို့နိုင်စွမ်း မရှိတဲ့အခါ၊ ဒါမှမဟုတ် မိခင်ဟာ ကလေးငယ်နဲ့အတူတူ အချိန်ပြည့်မနေနိုင်တဲ့အခါ- စတဲ့ အခြေအနေမျိုးတွေမှာ
မိခင်နို့ကို လက်နှင့်သော်လည်းကောင်း၊ စက်နှင့်သော်လည်းကောင်း ညှစ်ပြီး၊
သန့်ရှင်းတဲ့ နို့ဗူး၊ ခွက်၊ မိခင်နို့သီးသန့်ထည့်တဲ့ ပလတ်စတစ်အိတ်ငယ်၊ စတာတွေနဲ့ သိုလှောင်ထားပြီးနောက် နို့ဗူးနဲ့ တိုက်ကျွေးလို့ရပါတယ်။




(milk storage bag)

-မိခင်နို့ကို ပုံမှန်အပူချိန်နဲ့ဆိုရင် (၄)နာရီအထိ သိုလှောင်ထားလို့ ရပါတယ်။
-သုည ကနေ ၄ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ ရေခဲသေတ္တာထဲမှာ ဆိုရင် ၃ရက်အထိ သိုလှောင်ထားလို့ ရတယ်။ ရေခဲသေတ္တာထဲမှာ ထားတဲ့အခါ တံခါးဘက်မှာ မထားဖို့ အရေးကြီးပါတယ်။
-Freezer Compartment ထဲမှာ ထားမယ်ဆိုရင် တစ်လထိ ထားလို့ ရပါတယ်။
-ဒီတော့ မီးမှန်ဖို့လဲ အရေးကြီးပြန်တယ် ထင်မိတယ်။

အရင်ဆုံးသိုလှောင်ထားတဲ့ မိခင်နို့ကို ပထမဆုံး ထုတ်ယူတိုက်ကျွေးသင့်ပါတယ်။ နောက်ပြီး ရေခဲသေတ္တာထဲကနေ ထုတ်ယူလာတဲ့ မိခင်နို့တွေကို မီးဖို၊ Microwave စတာတွေနဲ့ အပူမပေးသင့်ပါဘူး။
မိခင်နို့သိုလှောင်ထားတဲ့ အိတ်သန့်သန့်၊ ဗူးခွက် စတာတွေကို ရေနွေးနွေးလေးနဲ့ စိမ်ပေးခြင်းအားဖြင့် နွေးအောင် လုပ်သင့်ပါတယ်။

ကလေးငယ် မွေးစကနေ အသက် (၆)လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးလို့ ရသလို၊ (၆)လကျော်သွားတဲ့အခါမှာလည်း တစ်ခြား ဖြည့်စွက်အစာတွေနဲ့အတူ မိခင်နို့ကို ဆက်လက်တိုက်ကျွေးလို့ရပါတယ်။
မိခင်နို့တိုက်တဲ့ ကလေးတွေမှာ အ၀လွန်ခြင်း၊ Type 1 diabetes၊ ချောင်းဆိုးနဲ့ အအေးမိခြင်း၊ အန်ခြင်း၊ လေထိုးခြင်း စတာတွေ အဖြစ်နည်းပါးတဲ့အပြင် မိခင်အနေနဲ့လည်း အသက်ကြီးတဲ့အခါ အရိုးပိုသန်တယ်၊ ရင်သားနဲ့ သားအိမ်ကင်ဆာ ဖြစ်နှုန်းနည်းတယ် လို့ ပြောကြပါတယ်။

သား ကိုယ်ဝန်ရှိစဉ်တုန်းက မွေးပြီးတဲ့အခါ မိခင်နို့တိုက်မှာလားလို့ ဆရာဝန်တွေက မေးပါတယ်။ တစ်ခြား ဖော်မြူလာ၊ နို့မှုန့် စတာတွေထက် မိခင်နို့တိုက်ဖို့ကို တော်တော်လေး အားပေးကြပါတယ်။ (ဒါပေမယ့် မိခင်နို့တိုက်တဲ့ ကလေးငယ်တွေ အားလုံးကို မွေးစကနေ ၆ လ အထိ ဗိုက်တာမင်ဒီ တစ်ရက်ကို 400 IU တိုက်စေတယ်။ နောက်ပြီး နွားနို့ကနေ ကလေးငယ်အတွက် လိုအပ်တဲ့ Iron မရနိုင်တာကြောင့် နွားနို့၊ ဆိတ်နို့ စတာတွေကို ကလေး အသက် (၉)လ ကျော်မှ တိုက်ရမယ်လို့လဲ မှာပါတယ်။)

(ကြေးမုံ သတင်းစာ-မှ)

နို့တိုက်တဲ့ ပုံစံ မှားနေရင်လဲ သူနာပြုတွေက ပြင်ပေးကြတယ်။
ပထမပိုင်းမှာ နို့ထွက်နည်းတဲ့ သူတွေ အနေနဲ့ များများတိုက်လေ၊ နို့ထွက်များလေ လို့လဲ ပြောကြပါတယ်။ ဆောင်ရန်၊ရှောင်ရန်တွေကိုလဲ သေသေချာချာ သင်ပြ၊ ပြောပြကြပါတယ်။

ဒါကြောင့်လဲ သားကို မွေးကတည်းက မိခင်နို့တစ်မျိုးတည်းပဲ တိုက်ဖြစ်ခဲ့တယ်။ ကျွန်မ အပြင်းဖျားလို့ ဆေးရုံပေါ်မှာ တစ်ပတ်ကျော်ကျော်နေရတုန်းကတောင် သူနာပြုတွေက ကလေးကို အနားမခေါ်ဘဲ စက်နဲ့ညှစ်ပြီး တိုက်စေခဲ့တယ်။ မိခင်နို့ပဲတိုက်လို့လား၊ ဘာလား တော့ သေချာ မသိပေမယ့် သားက ခုထိ တစ်ခါမှ မဖျားဖူးသေးပါဘူး။ ၂လပြည့် ကာကွယ်ဆေးထိုးတုန်းကတောင် သူနာပြုက ကိုယ်အပူချိန်နည်းနည်းတက်ချင်တက်မယ် လို့ ပြောလိုက်ပေမယ့် မတက်ခဲ့ပါဘူး။

အလုပ်သွားတဲ့ မိခင်တွေကိုလဲ ကိုယ်တိုင်တိုက်ဖို့ အဆင်မပြေတဲ့အခါ မိခင်နို့ကို ညှစ်ထားခဲ့ပြီး တိုက်ပေးဖို့ တိုက်တွန်းကြပါတယ်။ Breastfeeding Challenge ဆိုပြီး (၁၆)နိုင်ငံမှာ ကလေးနို့တိုက်ပွဲတွေ ကျင်းပကြတဲ့အခါ၊ ကနေဒါက ပါဝင်ဆင်နွှဲတဲ့ ကလေးငယ်ပေါင်း ၄၁၆၉ယောက်နဲ့ နံပါတ်(၁) ချိတ်ပါတယ်။ ပြင်သစ်က ၁၀၈၆ယောက်နဲ့ ဒုတိယ၊ US က ၅၀၄ယောက်နဲ့ တတိယပါ။ ပါဝင်တဲ့ နိုင်ငံတွေထဲမှာ ဂျပန်၊ ရုရှတို့လဲ ပါပြီး ဓာတ်ပုံတွေကို Breastfeeding Challege 2008 မှာ သွားကြည့်နိုင်ပါတယ်။ အောက်တိုဘာလဟာ Breastfeeding Month လို့ ဆိုပါတယ်။ ။

(images from: http://www.wikieducator.org, http://www.cpnonline.org)

ကိုးကား- Baby Best Chance


You received this email because you are subscribed to the real_time feed for http://jewelofjewel.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Welcome] 3 New Entries: နောက်ဆုံးထွက် DVD အသစ်ရှာမယ်

နောက်ဆုံးထွက် DVD အသစ်ရှာမယ်



စတိုးဆိုင်တွေမှာ ရရှိနိုင်တဲ့ DVD အသစ်တွေရဲ့ သတင်းကို စိတ်ဝင်တစား စောင့်မျှော်တတ် သူတွေအတွက် အကောင်းဆုံး ဝက်ဘ်ဆိုက်ပါ။ Digital Bits ဟာ သူ့ရဲ့ Upcoming Cover Art Section မှာ သတင်းအပြည့်အစုံနဲ့ကို ဖော်ပြပေးထားပါတယ်။ ဒါတင်မကပါဘူး နောက်ထပ် ထွက်ရှိမယ့် DVD အသစ်တွေရဲ့ အကြောင်း၊ disc အသစ်တွေအကြောင်းနဲ့ DVD format နဲ့ပတ်သက်ပြီး မကြာခဏ မေးမြန်းတတ်တဲ့ မေးခွန်း တွေရဲ့ အဖြေတွေကိုပါ စုစည်းပေးထားတာကို တွေ့ရပါတယ်။ သိပြီးသားများဖြစ်ရင် ကျော်ဖတ်သွားပါဗျာ။


Ovi.com ရဲ့ဝန်ဆောင်မှု


Ovi.com ရဲ့ဝန်ဆောင်မှု


သင့်ကွန်ပျူတာထဲက Data တွေကို Online Portal နဲ့ sync လုပ်ပြီး အချိန်မရွေး သင့်ရဲ့ Nokia ဖုန်းပေါ်ကို ပို့ဆောင်ပေးဖို့ www.ovi.com ၀န်ဆောင်မှုက မကြာမတင်မှာ လုပ်ဆောင်နိုင်တော့မယ်လို့ Nokia က ပြောထားပါတယ်။

လက်ရှိအခြေအနေက Nokia N 95 စမတ်ဖုန်းနဲ့ Lenovo Laptop က သီးခြားကမ္ဘာလို ရှိနေပါသေးတယ်။ Ovi.com က Data တွေကို အလိုအလျှောက် sync လုပ်ပြီး ဖုန်းနဲ့ ကွန်ပျူတာကို ဆက်သွယ်ပေးမယ်။ Sonud file, Documents နဲ့ Image တွေကိုပါ ပို့ပေးနိုင်မယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် မီဒီယာနဲ့ Documents များအားလုံးကို အဆုံးစွန် Access ရနေပေမယ့် မြန်ဆန်တဲ့ Cellular ဒါမှမဟုတ် Wi-Fi Connection ရှိနေဖို့တော့ လိုပါမယ်။


အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ

ညီမလေး Dream က Tag ထားတဲ့ ခေါင်းစဉ်လေးပါ
အချစ်နဲ့ပတ်သက်လို့
ကျွန်တော့်မှာ ထွေထွေထူးထူး ဖော်ကျူးစရာ မရှိပါဘူး

ကျွန်တော်နားလည်တဲ့အချစ်က
အချစ်က မှော်ဆရာတစ်ဦးဖြစ်တယ်
အချစ်က ယစ်မူးစေတယ်
အချစ်က အချိန်ကို စားသုံးတယ်
အချစ်က ရစ်ပတ်နှောင်ဖွဲ့စေတယ်
အချစ်က အထီးကျန်စေတယ်
အချစ်က ခါးသီးမှုတွေကို ချိုမြစေတယ်
အချစ်က နာကျင်မှုဝေဒနာတွေကို သက်သာစေတယ်
အချစ်က အရာရာတိုင်းကို လှပအောင် ဖန်ဆင်းပေးတယ်
အချစ်က ကြေကွဲဝမ်းနည်းမှုထဲကနေ ပျော်ရွှင်စရာကို သယ်ဆောင်လာနိုင်တယ်
အချစ်က ခက်ထန်မာကြောတဲ့ နှလုံးသားအားလုံးကို နူးညံ့ပျော့ပျောင်းစေတယ်
အချစ်ကို နည်းနည်းယုံကြည်သူတွေအတွက် အချစ်နည်းနည်းပဲ ပြန်ရမယ်


အချစ်နဲ့ ပတ်သက်လာရင်
စာတစ်တန် ပေတစ်ရွက် ရေးဖွဲ့နိုင်လောက်အောင် အတွေ့အကြုံမရှိတာမို့
နောက်ဆုံးအနေနဲ့
အချစ်ဆိုတာ လက်ဆောင်တွေအားလုံးထဲမှာ တန်ဖိုးအရှိဆုံးအရာ
ဖြစ်တယ်ဆိုတာကို ပြောရင်းနဲ့
ညီမလေး Dream တစ်ယောက်လည်းကျေနပ်နိုင်ပါစေ .. ..

You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးဦးဝေလွင်] 1 New Entry: ရင်ဖွင့်စာ

ရင်ဖွင့်စာ

You received this email because you are subscribed to the real_time feed for http://moeoowailwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အမိမြေသို့  ကျေးဇူးဆပ်ခြင်း] 2 New Entries: အတောင်စုံငြိမ်းချမ်းရေးဌက်..ဝေဟင်ထက်ဆီ ပျံလမ်းဆီသို့ 

အတောင်စုံငြိမ်းချမ်းရေးဌက်..ဝေဟင်ထက်ဆီ ပျံလမ်းဆီသို့ 


လူကြီး လူငယ်..
အမြင်မှားကြတာ ထုံးစံဘဲ
အိမ်ထောင်စု တစ်ခုတောင်..
အဖေနဲ့ သားတောင် ဝိဝါဒ မူကွဲ
အရွယ်ရောက်ဌက် လေဆန်ပျံကြည့်ချင်တာဘဲ။

အချိန်က အသိုက်ထဲက ထွက်
တောင်ပန်တွေ ဖြန့်ကျက်
ဒို့ တွေလည်း ပျံခဲ့ဖူးတယ်
နားလည်မှူ တစ်ခုဘဲလိုတယ်။
လူကြီးကလည်း ခွင့်ပြုပေးတတ်ရမယ်။
လူငယ်တွေ အပေါ် ယုံကြည်တတ်ရမယ်။
လူငယ်ကလည်း လူကြီးကို လေးစားတတ်ရမယ်။

လူငယ်ဆိုတာ တက်လူတွေ.
တက်ကြွအားမာန် စိတ်ဓါတ်သန်တယ်။
အသစ် အသစ်တရား လက်တွေ့ ရှာဖွေလိုတယ်။
အချိန်တန် အရွယ်ရောက်.
အပြင်လောကကို စနည်းနာလိုတယ်။

လူကြီးဆိုတာ အတွေ့ အကြုံရင့်တယ်
ပြဿနာနဲ့  လောကဓံတရားတွေ
ရင်ဆိုင်ခဲ့ဘူးတယ်။
အမှားဆိုတာ
ထောင်ချောက် ဘယ်ဟာ ဘယ်မှာ မြင်သိတယ်။
မှန်မှန်နှေးနှေး.အမှားကင်းအောင်နေတယ်။
လူငယ်အပေါ် စေတနာထား သွန်သင်ဆုံးမပေးတယ်။

မှန်ကြပါတယ် နှစ်ဖက်စလုံး.
လူငယ်တွေရဲ့အမြင်..လူငယ်တွေ ရဲ့ လုပ်လိုအား.
ငါလူကြီးဘဲ ချုပ်မထားသင့်ပါဘူး။
စိတ်ပူ ကြောင့်ကျ ဘေးမရှိစေချင်ပေမဲ့
ပျံချင်တဲ့ ဒေါင်းဌက်.လွတ်လပ်စွာ ပျံပါစေ။
လူငယ်ဘာဝ အမှန်တရား လက်တွေ့ ရှာဖွေပါစေ။

အမှားဘယ်ဟာ ရှင်းပြတာ လူကြီးတာဝန်။
ဘယ်လိုသွား ဘယ်နေရာ..ဘာလုပ်သင့်တာ
ပြောပြရမှာ လူကြီးတာဝန်။
လိုက်နာတာ မလိုက်နာတာ..လူငယ်နဲ့ အလုပ်.
ဝေဟင်ထဲ မုန်တိုင်းလာ..ဘာတွေ လုပ်..
စာတွေ့ ..ပြောပြတာ က အလွန်လွယ်။

လက်တွေ့ မုန်တိုင်းထဲက ဒေါင်းကလေး.
အခက်အခဲ.တွေ ကိုယ်တွေ့ ကြုံတဲ့အခါမှ
တသက်မမေ့ အမြဲသတိတရ။.
သူ လူကြီးဖြစ်လာခဲ့ရင်..
သူတဆင့်လက်ဆင့်ကမ်းမယ်။
လူကြီုးဖြစ်ဖို့  လူငယ်ဘ၀ ဖြတ်သန်းရဖူးတယ်။

ကြိုဆိုပါသည် NLD မှ လူငယ်များ..
ဒီအချိန်ဟာ ပျံသန်းရမဲ့အချိန်။
လူကြီးတွေ ရဲ့စေတနာကို ကျေးဇူးဆိုခဲ့ရမဲ့အချိန်။
လေဆန်ကိုမော့ ပျံပါတော့
သိန်းဌက်ကို ရှောင်.
မုန်တိုင်းကို ရှောင်.
သတိထားပါ၊ အမှားမရှိအောင်။

သင်သည်..လူငယ်၏အားမာန်.
လွတ်လပ်မျှတ လူ့ ဘောင်တည်ထောင်ရန်.
အတောင်စုံ ပျံချင်ကြတာဘဲ..
ကံကောင်းဖို့ ဆုတောင်းပေးဆဲ..
တနေ့ လူကြီး..မင်းစေတနာထားတတ်မှာမလွဲ..
ကဲ ပျံသန်းကြစေ.။ ငြိမ်းချမ်းရေးဌက်.
ဝေဟင်ထက်မှာ အမှန်တရားသို့ ရှာ။

မသဒ္ဓါ ( ၁၀။ ၁ရ။၂၀၀၈)
NLD မှ လူငယ်များအတွက်.အားမာန်ပေးပါတယ်။ နိုင်ငံအတွက်ဆက်လက် ထမ်းဆောင်နိုင်ပါစေကြောင်းဆုမွန်ကောင်းများဖြင့်

မုန်တိုင်းလေဆန်မဲ့ ခွပ်ဒေါင်းများသို့ အားပေးခြင်း


ဒေါင်းကလေးများတို့ ရေ..
ပင်လယ်ထဲပျောက်ရှသွားတဲ့ ရေတစ်စက်အတွက်.
ဘာမှ စိတ်ပူပင်မနေပါနဲ့ 
ထပ်ရွာဦးမဲ့တိမ်တိုက်တွေ အဆင်သင့်မိုးပေါ်မှာရှိတယ်

အနောက်ဖက်ဝင်သွားတဲ့ နေလုံးကြီးအတွက်
ဘာမှ ငိုကြွေးမနေပါနဲ့ 
မနက်ဖြန် မနက်ထပ်ထွက်လာမဲ့ နေလုံးကြီးရှိသေးတယ်။

ဖိတ်ကျစင် ကွဲသွားတဲ့ ထောပတ်တစ်ခွက်အတွက်.
ဘာမှ စနိုးစနောင့်မဖြစ်စေနဲ့ 
ထပ်ရှိတဲ့ နွားများ..ထောပတ်စားဖို့ မွေးရမယ်။

လွန်ခဲ့တဲ့ နှစ် (၂၀) အတွက်.
ဘာမှ နောင်တဖြစ်မနေနဲ့ ။
ကုန်လွန်ခဲ့တဲ့ နှစ်များ အမှားပြင်ဖို့  အမှန်ရှာ။
အမှားကို သိ အမှန်ရှိတယ်။

ဘ၀မှာ ဘာမှ အလကားဆိုတဲ့ အရာမရှိဖူး။
လွယ်လွယ်ရတဲ့ အရာ တန်ဖိုးတတ်မရှိဘူး။
တော်လှန်ရေးရဲ့လမ်း ပန်းခင်းလမ်းမဟုတ်ဖူး။

အဓမ္မဆိုတာ ဓမ္မရဲ့ ပျော့ပြောင်းတဲ့ပျော့ကွက်ကို
ငြိမ်းချမ်းရေးရဲ့ သာယာတဲ့တေးသံကို
ပျောက်ကွယ်ဖျက်ဆီးတတ်တဲ့ ဌက်ဆိုးထိုးသံ
မတရားမှုဆိုတာ သူပျင်းသူယုတ်များရဲ့ အတ္တနဲ့ 
လောဘ မောဟ တွေကြား..
စာနာခြင်းတရား လွင့်ပါးနေမှုဘဲ။
မေတ္တာတရား ခြစားနေမှုဘဲ။

အမှန်တရားကရှိတယ်..
ဒါပေမဲ့ လာမယ် ကြာမယ်။
ဒီအတွက် ဒို့ တတွေ စတေးရမယ်။
ဓမ္မ အတွက် ဒို့ သွေးတွေရင်းရမယ်။
အမိမြေအတွက် အသက်စွန့် ရမယ်။
မှန်ကန်မှူအလင်းရရှိအောင်..နောက်မတွန့် ရဘူး။

မှန်မှန်သာရွေ့ ။ တက်မထောင်ကြနဲ့ ဟေ့။
နှစ် (၂၀) ပေး သင်ခန်းစာ. လေ့လာကြဟေ့။
တူညီခွန်အားမခိုကပ်ကြနဲ့ ဟေ့။
ကြားလေ သွေးထိုးစကား နားမယောင်ကြနဲ့ဟေ့။

ဘယ်လောက်ကြီးတဲ့ အင်ပါယာဖြစ်ဖြစ်..
ဘယ်လောက် အင်အားသာ တပ်မဟာဘဲဖြစ်ဖြစ်.
ဘယ်လောက်မြင့်မား စစ်တံခွန်များဘဲဖြစ်ဖြစ်.
အောင်မြင်မှူဟာ ရေတစ်ပွက်ပါဘဲ.
ပြိုပျက်တဲ့အခါ.သင်္ချိုင်းသာသာ ပြာမှုန်ဘဲ။

ရိုမန်၊ ဟန်းတရုတ်၊ မက်ဆီဒိုးနီးယား
ပါသေ့။ ပါရှင်း။ ဘေဘီလိုးနီးယန်း။
အီဂျစ်။ ဂရိ။ အာမေးနီးယန်း။
မွန်ဂို ကုဘလေခန်။ မဂို အာသောက။
ကြီးမားပေ့ဆိုသမျှ အင်ပါယာ
လူဝီ။ နပိုလီယန်။ ဇာ။ ဟစ်တလာ
မိုဆိုလိုနီ ပေါ့ပေါ့၊ ချောင်ဆက်စကူ။
ခုံမေနီ။ ရှား။ မားကို့ စ် ။ ဆာဒန် အစရှိတဲ့
တန်ခိုးထွားပေ့သူများ.နောက်ဆုံးဘယ်လမ်းများ သွားကြပါလိမ့်။
မြန်မာပြည်သံဃာသတ် လူသတ်သမား.သူဖုန်းစား
သူတို့ လည်းဘဲ ဒီလမ်းသွားပါလိမ့် မယ်။

သူယုတ်ဆိုတာလည်း ချို မရှိဘူး။
အပျော့ အချိုကိုဆို..
ဘာဆိုလိုသလည်း အရိုးသာ ကြည့်ရှောင်။
မျက်နှာဖုံးတပ် မျက်နှာပြောင်ပြောင်
ဘုရားလူကြီး အယောင်ဆောင်တယ်။
စစ်ယူနီဖောင်းအပေါ်က တင်တဲ့ ပိတ်ဖြူတဘက်
သွေးစွန်းလက်နဲ့ သွန်း ရေစက်ခွက်
အရောင်ပြ ဗုဒ္ဓဘာသာ လိမ်တယ်။

ညစ်တဲ့ တရားသူကြီး
တခါ နိုင်ပွဲ ဆုမပေးတဲ့ အလိမ်မျိုး
နောက်တခါ ဒို့ အနိုင်ရလည်း
ပေးပါ့မလား သံသယ သာ ကြွယ်။
လျှာဖျားနှစ်ခွ မြွေဟောက်..
ဒို့ ပြန် အလမ္မါယ်ပြတတ်ရမယ်။

အင်အား စုစည်း ညီညာပြီး.
ရသမျှ အင်အား.မလျှော့တမ်းတော်လှန်သွား.
တရွေ့ ရွေ့  တစ်နေ့ တစ်နေ့ 
ပုဂံ ဘယ်ရွေ့ မလည်းဟေ့။
သင်သည် အမိမြေရဲ့ သူရဲကောင်းချစ်သား
အာဇာနည်များ သေသော်ငရဲမလား.

ဒို့ တတွေ အမှန်လူသား..
ထောင်တန်းမကြောက်ဖူးဟေ့
ရေနှယ် ကြည်လင်တဲ့ မြန်မာပြည်သား..
အငွေ့ ပျံအောင်လုပ်တာ.
ဘယ်သူလည်းဟေ့။

ပူလွန်းရင် ကြွ
ဆူလွန်းရင် ထ။
ဖိလွန်းရင် ပေါက်ကွဲကြစို့ ရဲ့။
အေးနေရင်..ပိုအနှိပ်စက်ခံရရုံရှိ။
ခေါင်းစင်းခံလေ..ထင်းတစ်ချောင်းချင်းသာပဲ့ကြွေ
စုစည်းရင်နွားအုပ် ကျားငစဉ်းလဲကိုတောင် မောင်းထုတ်
ရပ်ကြည့်နေ..နောက် ၂၀ ကျွန်ခံပေဦး
သွေးကြောင်နေ ဒို့ တွေအရှုံးဘဲ အနိုင်မရှိ
ရရင် ရ မရရင်ချ ကြဖို့ ဘဲရှိ
ကြောက်မွေးပါ ဇာကနာနဲ့သာ နှုတ်ခဲ့
လာဟေ့ ခွပ်ကြတော့ သူငယ်ချင်း။

သွေးနဲ့ ရင်းမှ တော်လှန်ရေး.
ကျန်တဲ့ရာဇ၀င်ကြွေး နောက်လူက ဆက်ရေးမယ်။
ပြိုင်သူသာတွန်း ကိုယ့်တာဝန်ကျေဖို့ ဘဲလိုတယ်။

တိုက်ပွဲသို့ ပြင်။ ဒေါင်းဆိုလျှင်.
ခွပ်၍သာ အသက်စွန့် ကြရိုး.
ရာဇ၀င်မှာ ကဗျည်းတင်စေမည်။
ခွပ်ဒေါင်းစစ်သည် မြန်မာဓါးကိုသွေး.
အာဏာရှင်ဇက်သွေး နဲ့ ဒို့ ခြေဆေးမည်.။
မုချ အောင်ရမည်။

မသဒ္ဓါ (၁၀။ ၁၇။၂၀၀၈)

You received this email because you are subscribed to the real_time feed for http://thadar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. အတုံးအရုံးတွေကြားမှာ ရွတ်ရွတ်ချွံ ချွံခုခံနေတဲ့ ဘလောက်] 3 New Entries: ဘုံရန်သူမို့တော်လှန်စို့

ဘုံရန်သူမို့တော်လှန်စို့

. အဖတိုင်းပြည်တဲ့လား
မဝရေစာ စားပြီး
အမတွေ ဖာ ဖြစ်မယ့်
ဒင်းတို့ မူ မှာ
တို့ပြည်သူအတွက်မပါခဲ့ဘူး ။
Road Map ခုနှစ်ချက်ဆိုတဲ့
အစုတ်အပြတ်အကြံဥာဏ်တွေနဲ့
မဟုတ်မဟတ်လုပ်ဇတ်ခင်းဦးမတဲ့
သူခိုးများစည်သာရန်၊ အမျိုးသားညီလာခံ ဆိုတာပေါ့ ။
. အခွန်အတုတ်တွေတနင့်တပိုးနဲ့
ကျွန်မဟုတ်တဲ့ပြည်သူဆီက
အစွံထုတ်ကာမချိမဆံ့စား
နွား လောက်မှအသိဥာဏ်မရှိဘူး ။
. သတင်းစာ ဆိုတာကလည်း
အတင်း၊အညာပလာတွေနဲ့မို့
ပျင်းစရာကောင်းလောက် ညှီတယ် ။
ဒင်းတို့စနစ်ဆိုး
အကျင့်မျိုးကရွံ့စရာကောင်းပ
ရဟန်း၊ရှင်လူထောင်ထဲပို့
မစို့မပို့ ကျွေး
ခွေး ဖြစ်မဲ့ကောင်တွေ ။
. အတိတ်သမိုင်းကြောင်းကိုကြည့်ဦး
ဗြောင်းဆန်အောင်လူတွေသတ်
ရက်စက်တဲ့စစ်အာဏာရှင်
ဒင်းတို့ဝဋ် ငါမြင်ချင်တယ် ။
. ပြည်သူ့အကျိုးမကြည့်
ကိုယ့်အာဏာပဲကိုယ်သိတဲ့
နအဖ စစ်ဘီလူးအောက်
ဘယ်တော့မှဒူးမထောက်ဘူး ။
. ဒီမိုကရေစီ လမ်း
ဘယ့်လောက်ကြမ်းပါစေ
သွေး နဲ့လမ်းခင်း
ငါတို့အရောက် နင်းလျှောက်လာမယ် ဟေ့ . . . ။

( မျိုးဆက် G.W)

လူငယ် ၁၀၀ ကျော်ခွဲထွက်ခြင်းမဟုတ်ဟု ဒီချုပ်တာဝန်ရှိသူများကငြင်းဆို

နယ်စပ်ရောက်ပါတီဝင်များ က လူငယ် ၁၀၀ ကျော်ကနှုတ်ထွက်တာမဟုတ်ကြောင်း ကိုအသေးစိတ်ရှင်းလင်းချက်ထုတ်ပါတယ်။

ပါတီ ၀င် လူငယ် ( ၁၀၀ ) ကျော် နုတ်ထွက် ခဲ့ ကြသည် ဟု သတင်းများ ပြည်တွင်း ပြည်ပ တွင် ပျံ နှံ
နေ သည့် အတွက် ၊ ပြည်တွင်း ပြည်ပ ရှိ ဒီမိုကရေစီ အင်အားစုများ အမှန်တကယ် ဖြစ်ရပ် အပေါ် သိမြင်
စေရန် တင် ပြလိုက် ရ ပါသည် ။

ပြီးခဲ့ သည် ရက် ပိုင်းများက မီဒီယာ များတွင် ပါရှိလာ သော လူငယ်များ ၏ နုတ်ထွက်ကြောင်း လက်မှတ်
ထိုးကြသည် လူငယ် အများစု သည် ပါတီ ပြင်ပ မှလူငယ်များဖြစ် ကြပြီး ပါတီတွင် တရားဝင် အသင်း ၀င်
ထားသူများမဟုတ်ကြပါ ။ အချို့ သော မြို့  နယ်များရှိ ပါတီဝင် လူငယ် များသည် ထိုသူတို့  ကိုယ်တိုင်ပင်
မသိ ရှိလိုက် ပဲ နုတ်ထွက် သည့်  အထဲ တွင် ပါ ၀င် နေသည် ကို တွေ့  ရပါသည် ။

ထိုကဲ့ သို မိမိဆန္ဒ သဘော ထား မပါ ပဲ နုတ်ထွက် သည့်  အထဲတွင် ပါဝင်နေသော လူငယ်များသည်
အချိန်မှီ ဖြေရှင်း နိုင်ရန်ဆောင်ရွက် နေပြီ ဖြစ် ပါသည် ။ အမှန်တကယ် နုတ်ထွက် သည့်  လူငယ်များမှ
ခန်မှန်းခြေ အားဖြင့်  ( ၁၅ ) ယောက် ၀န်းကျင် သာရှိပါသည် ။ ကျန်သည့်  လူငယ် များမှာ ယခု ကိစ္စကို
ဦးဆောင် နေသူများ၏ တဖက်လှည့်  ဖြင့် သွေး ဆောင် သိမ်းသွင်း ခြင်းခံ လိုက် ကြရသော လူငယ်များ
ဖြစ်ပါသည် ။

မီဒီယာများတွင် ပါရှိလာသည့်  လူငယ် ( ၁၀၀ ) ကျော် နုတ်ထွက် သည် ဆိုသော်လည်းပဲ အမှန်တကယ်
လူငယ်ပါတီ ၀င် များ မဟုတ်သည် အတွက် ဒီမိုကရေစီ အင်အားစု များအနေဖြင့်  အဆိုပါကိစ္စအား
စိုးရိမ်ကြောင့် ကြ နေရန် မလိုပါကြောင်း အသိ ပေး လိုက် ရပါသည် ။

ယခုကဲ့သို့ ပါတီ ၀င် လူငယ် များ အကြားစိတ်ဝမ်း ကွဲ စေရန် ၊ ပါတီအား အင်အား ယုတ်လျှော့ စေ ရန်
သပ်လျှို သွေးခွဲလုပ်ဆောင် နေသူများအား ဒီမိုကရေစီအင်အားစုများ အနေနှင့်  ၀ိုင်းဝန်း ဆန့် ကျင်
သွားကြပါရန် နိုးဆော် လိုက် ရ ပါ သည် ။

ဂျပန်မှာ ငှက်ပျောသီးရောင်းမလောက်

စိုးသင့်ဆွေ
ဂျပန်နိုင်ငံမှာ မနက်ခင်းဌက်ပျောသီးဝိတ်လျော့နည်း ဆိုတာ ခေတ်စားနေပြီး ဈေးဆိုင်တွေရဲ့ သီးနှံအရောင်းစင်တွေမှာ ဌက်ပျောသီးကိုရှာလို့တောင် မရနိုင်လောက်အောင်ကို ရှားပါးနေတယ် ဆိုတာပါပဲ။ အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ ခဲအိကို က သူမအတွက်တော့ ဈေးဆိုင်တွေမှာ ဌက်ပျောသီးရှာဝယ်လို့မရတာဟာ တော်တော်လေးစိတ်ညစ်ညူးစရာလို့ဆိုပါတယ်။ သူမဟာ ဒီဝိတ်လျှော့နည်းကို စမ်းသတ်မယ်လို့စဉ်းစားခဲ့တာ ရက်တော်တော်ကြာပါပြီ။ ဒါပေမဲ့ နေ့တိုင်း ဌက်ပျောသီး ၀ယ်ဖို့ ဆိုင်ကို ရောက်တိုင်း ဗလာဖြစ်နေတဲ့ အရောင်းစင်ကိုသာ တွေ့တွေ့နေရလို့ သူလက်လျော့ပြီး ပြန်လာရပေါင်းများပါပြီတဲ့။ သူမရဲ့ ကိုယ်အလေးချိန်က ဘယ်တော့မှ ပေါင်၁၀၀ ထက်မပိုပါဘူး။ ၀ိတ်လျော့ဖို့မလိုတဲ့ အလေးချိန်ပါ။ ဒါပေမဲ့ ခေတ်သစ်ဂျပန်မလေးတွေရဲ့ ထုံးစံအတိုင်း ၀ိတ်လျော့နည်းအသစ် ပေါ်တာနဲ့ အပြေးအလွှား စမ်းသတ်ကြည့်ချင်တာပါ။
ဒီလို ဌက်ပျောသီးရောင်းမလောက်အောင်ဖြစ်နေခြင်းဟာ အော်ပါရာအဆိုတော် ကူမိကို ကသူ့ကိုယ်အလေးချိန် ၁၅ပေါင် ကို ၆ပတ် အတွင်း ဌက်ပျောသီးဝိတ်လျော့နည်းကို သုံးပြုပြီးလျော့ချနိုင်ခဲ့တယ်လို့ တီဗီသတင်းမှာ ပါလာပြီးထဲကစတင်ခဲ့တာပါ။ ခုဆိုရင် ဂျပန်နိုင်ငံတ၀ှမ်းလုံးမှာ စူပါမတ်ကပ်တွေ နဲ့ ရပ်ကွက်ဈေးဆိုင်ကြီးတွေမှာ နေ့လည် ၁၂နာရီ နဲ့ ညနေ ၃နာရီ နောက်ပိုင်းဆို ဌက်ပျောသီးကုန်စည် ပြတ်သွားတာနေ့တိုင်းလိုလိုပါတဲ့။ လွန်ခဲ့တဲ့ ၄ လလောက်ကစပြီးတော့ ဂျပန်ကို ဌက်ပျောသီးတင်သွင်းနှုန်းဟာ မူလကထက်၂၅% အထိမြင့်တက်သွားတယ်လို့ ဆိုပါတယ်။ ဒီလို ၂၅% မြင့်တက်သွားတာတောင် ဈေးကွက်မှာ ဌက်ပျောသီးကုန်စည် လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေးဘူးတဲ့။ ဂျပန်နိုင်ငံ အတွက် ဌက်ပျောသီးကုန်စည်ကို ဖိလစ်ပိုင်နိုင်ငံက အဓိကတင်သွင်းခဲ့တာ နှစ်ပေါင်း ၄၀ ရှိပြီး ခုလို အခြေအနေမျိုး တခါမှမကြုံတွေ့ဖူးကြောင်း သတင်းထဲမှာ ရေးသားထားပါတယ်။

ဒို့ မြန်မာပြည်က ဖီးကြမ်းတို့  တောင်ငူ ငှက်ပျောတွေကိုလည်း စီးပွားဖြစ်စိုက် ပျိုးပြီး ဂျပန်ကိုပို့ ရောင်းရင်ကောင်းမှာပဲ။ တောင်သူလယ်သမားတွေ ၀င်ငွေတိုးလာမှာပေါ့။ ခုတော့ နအဖ စစ်အစိုးရရ ကိုယ်ကျိုးရှာမှု၊ ညဏ်အမြော်မြင်နည်းပါးမှုတွေကြောင့် တတိုင်းပြည်လုံးဟာ Rich Natural Resouces - အလွန်ပေါများတဲ့ သဘ၀အရင်းမြစ်တွေရှိရက်နဲ့  ဆင်းရဲ မွဲတေနေရတာ ရင်နာဖို့ ကောင်းလှတယ်။

sources : Yahoo news
Oct 17, 2008

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: စနစ်ဆိုးရဲ့  သားကောင်များ

စနစ်ဆိုးရဲ့  သားကောင်များ

တော်လှန်ရေး နယ်မြေ အမှတ်တရ ပုံရိပ်စာ

ပေးပို့သူ - အမေဒေါ်နုနုအေး

စာဖတ်ပရိသတ်များကို ကာကွယ်ရေး ဦးစီးချူပ်ရုံး(လေ)မှ တပ်ကြပ်ကြီးစာရေး အမေဒေါ်နုနုအေးရဲ့ တော်လှန်ရေး မှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို အမှတ်တရ ဖေါ်ပြပေးလိုက်ပါတယ်။ အခုလို ရေးသား ပေးပို့ခဲ့တဲ့ ဒီမိုကရေစီ ဘက်တော်သားတွေ အားလုံးရဲ့  အမေကို သီတင်းကျွတ်မှာ ကန်တော့ပန်းဆင်ရင်း ကျန်းမာရွှင်လန်း ပါစေကြောင်း ကျွန်တော် ကိုဖိုးတရုတ်မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျား။

၁၉၈၈ ခုနှစ် လူထု အုံကြွမှု အရေးအခင်းကြီးမှာ အမေတို့က လေတပ်အနေနဲ့ ရှေ့ ဆုံးက တက်တက်ကြွကြွ ပါဝင်ခဲ့ပြီးတော့ စစ်တပ်က အာဏာသိမ်းတော့လည်း အညံ့မခံဘဲ အမေအပါအ၀င်တပ်မတော်သား တချို့  ဟာ ကျောင်းသားတွေနဲ့ အတူ နယ်စပ်ကို ထွက်လာခဲ့ကြပါတယ်။ လွတ်မြောက်နယ်မြေကို ရောက်ရှိဖို့ အမေတို့တွေဟာ (၂) ရက်နဲ့ (၃) ည လုံးလုံး မနေမနား ပင်ပန်းဆင်းရဲမှု ဒုက္ခကို ကြံ့ကြံ့ခံကာ အားမာန်အပြည့်နဲ့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေ ကို ရောက်ရှိပြီးတဲ့နောက် လက်နက်ဆိုလို့ အပ်တစ်ချောင်း တောင် မရှိတဲ့ နုနယ်တဲ့ ကျောင်းသားငယ်လေးတွေကို ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ခဲ့လို့ စစ်အာဏာရှင် တွေကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ပွဲဝင်ဖို့ သမိုင်းပေးခဲ့တဲ့ အခြေအနေအရ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို ဖွဲ့စည်းခဲ့ရာမှာ အမေတို့ တပ်မတော်သားတွေ အနေနဲ့လည်း ကျရာနေရာ တတ်နိုင်တဲ့ တာဝန်ကို ယူခဲ့ပါတယ်။တော်လှန်ရေး နယ်မြေထဲမှာ နှစ်ပေါင်းများစွာ ဘ၀ကို အဓိပ္ပာယ်ရှိရှိ မြှပ်နှံခဲ့ရလို့ အဲဒီ အချိန်က အဖြစ်အပျက်တွေကို နောင်ဘ၀အထိတောင် မမေ့နိုင်အောင် လွမ်းမော တမ်းတခဲ့ရ ပါတယ်။ နောင်တဆိုတာလည်း အမေတို့မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်တဲ့အထိ ယနေ့ထက်တိုင် ဒီမိုကရေစီအရေးအတွက် စိတ်အားပြင်းထန်လျက်ပါ။ ဒါကြောင့် နောင်လာနောင်သားတွေအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်စနစ်ကို ချူပ်ငြိမ်းအောင် တိုက်ပွဲဝင်ကြဖို့ လက်ဆင့်ကမ်း သမိုင်းပေးတာဝန်ကို ယူကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။နောက်တခု ပြောချင်တာက အခုအချိန်ဟာ အရမ်းအရေးကြီးတဲ့ အချိန်ဖြစ်နေလို့ ဒီမိုကရေစီ ဘက်တော်သားတွေအားလုံး ညီညီညွှတ်ညွှတ် တိုင်တိုင်ပင်ပင်နဲ့ ပူးပေါင်းဆောင်ရွက် ကြပါလို့ ပြောကြားချင်ပါတယ်။

အမေတို့ရဲ့  သံလွင်စခန်းဆိုတာကတော့ သောင်းရင်းမြစ်နဲ့ သံလွင်မြစ်ဆုံတဲ့ နေရာဖြစ်ပါတယ်။ ဒီမိုကရေစီကို ချစ်တဲ့သူတွေရဲ့  ဆုံစည်းရာ နေရာလေး တစ်ခုဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ အနှစ်(၂၀) နီးပါးက အဲဒီနေရာမှာ ဘုရားတစ်ဆူ ကို အမေတို့ တော်လှန်ရေး ဘက်တော်သားတွေက အမှတ်တရအဖြစ် တည်ထားပူဇော်ခဲ့ပါတယ်။ အမေတို့ရဲ့  တပ်ရင်းတစ်ခုထဲမှာတောင် လူအင်အားဟာ (၁၇၀၀) အထိ ရှိခဲ့ပါတယ်။ လွမ်းမောဖွယ်၊ နာကျည်းဖွယ်၊ ကြေကွဲဖွယ် ပေးဆပ်ခဲ့ရတဲ့ ဖြတ်သန်းခဲ့ရတဲ့ အဲဒီ တော်လှန်ရေး နယ်မြေမှာ စစ်အာဏာရှင်ကို ပုန်ကန်နေတဲ့ အမေ့ရဲ့  ဇာတ်လမ်းလေးတွေကို မျိုးဆက်သစ် လူငယ်လေးတွေ သိအောင် အမေ အသက်ရှင်စဉ်မှာ ပြောပြသွားချင်တယ်။ အဲဒီ တော်လှန်ရေး နယ်မြေမှာ အမေဟာ ငှက်ဖျားဒဏ်ကို အပြင်းအထန် (၂၂) ကြိမ် တိတိ ခံစားခဲ့ရပြီး ၀ိဥာဉ်တောင် လွင့်မျောခဲ့ရတဲ့အထိ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်ခဲ့ရပါတယ်။ မပြီးဆုံးသေးတဲ့ တာဝန်တွေ၊ ခံယူချက်တွေ၊ ယုံကြည်ချက်တွေနဲ့ ပြင်းထန်လှတဲ့ အမေတို့ရဲ့  အဲဒီတုန်းက ဘ၀ဟာ လူဖြစ်ရတာ ပီသ တယ်လို့ ခံစားခဲ့ရတဲ့အထိ အားအင်တွေ အပြည့်နဲ့ပေါ့။ ဗိုလ်မှူးကြီး အေးမြင့် ပြောခဲ့သလိုဘဲ သားတွေ သမီးတွေကို ထားခဲ့ရတဲ့ အမေတို့ဟာ မိဘတွေကို ခွဲခဲ့ရတဲ့ ကျောင်းသားတွေနဲ့ တောထဲမှာ နေကြတော့ သားသမီး ငတ်နေတဲ့ အမေနဲ့ မိဘကို တမ်းတ ငတ်မွတ်နေတဲ့ သားသမီးတွေရဲ့  ဘ၀ စဉ်းစားတာ ကြည့်ကြပါတော့။ ခိုင်မြဲတဲ့ သံယောဇဉ် နဲ့ နုနယ်ဖြူစင်လှတဲ့ လူမမယ် ကျောင်းသားလေးတွေ အားလုံးရဲ့  "အမေ ဘ၀" ဟာ အင်မတန်ကို ကဗျာဆန်လှတာပေါ့။ ဒီမိုကရေစီ ရမှ အမျှဝေပါ အမေလို့ မှာကြားရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ ရင်သွေးတွေရဲ့  အသံတွေဟာ အမေ့ရဲ့  ရင်ဘတ်ထဲမှာ ယနေ့တိုင် သိမ်းထားရဆဲပါ။

ဗမာစစ်တပ်က KNU တွေကို "ငပွေး" လို့ ခေါ်ကြတဲ့အတိုင်း တောထဲက ကရင်တွေရဲ့  ကိုယ်ခန္ဓာမှာ ပွေးတွေ ပေါက်နေတာကို မြင်ရတယ်။ အမေတို့လည်း ၀ဲ တွေ ပေါက်ကြတယ်လေ။ အမေတို့ဟာ သံလွင်မြစ်ကမ်းနံဘေးမှာ ရေဆင်းချိုးရတဲ့အခါ သဲတွေနဲ့ ယားလှတဲ့ ၀ဲ တွေကို ပွတ်ကြရတယ်။ ကျောင်းသားကလေးတွေ ရိက္ခာအတွက် လှေကလေးနဲ့ ဈေးဝယ်ထွက်သွားရင် အမေက ကမ်းနဖူးမှာ ထိုင်ကြည့်ရင်း ပြန်အလာကို မျှော်ရတယ်။ အချိန်တန်လို့ ပြန်မရောက်တဲ့ နေ့တွေလည်း ရှိတယ်။ တချို့ လည်း နအဖတပ်နဲ့ တွေ့ပြီး တိုက်ပွဲမှာ ကျဆုံးခဲ့သလို တချို့ လည်း အချိန်တန်လို့ အမေ စိတ်ပူရတဲ့အခါ ပြန်လာတော့ အမေ့မှာ ဖက်ပြီး ငို ရတယ်။ ဖြစ်စဉ်တခုမှာ ကျောင်းသားလေး တချို့ဟာ ရှေ့တန်းမှ ပြန်လာလာချင်း အမေ့ရင်ခွင်ထံ မောကြီးပန်းကြီး ၀င်လာကာ သူ့ရဲ့  သူငယ်ချင်း ကျဆုံးသွားလို့ မျက်ရည် စက်လက် နှပ်ချေးသုပ်ရင်း သူ့မျက်နှာကို ပွတ်ပွတ်ပြီး "အမေ... ဒီကောင်တွေကို သားပြန်ချမယ်၊ မခံနိုင်ဘူး" လို့ ပြောဆိုလိုက်တဲ့ မြင်ကွင်းဟာ အမေ့ရဲ့  နှလုံးသားကို တိုက်ရိုက် ထိမှန်စေပါတယ်။ တခါတလေ ဈေးဝယ်သွားတဲ့ ကျောင်းသားတွေဟာ အကြာကြီးနေမှ ပြန်လာတော့ အမေက စိတ်ပူလို့မေးတဲ့အခါ "၀ယ်လာတဲ့ ကြက် လွတ်သွားလို့ လိုက်ဖမ်းနေ ရတာကြောင့် ကြာ သွားတယ် အမေလို့" ပြောတော့ အမေ့မှာ ငိုရခက်၊ ရယ် ရခက် စိတ်တိုရသေးတယ်။ တိုက်ပွဲနဲ့ ရင်ဆိုင်ရတာ သေရတာ မကြောက်လို့ နှစ်ပေါင်းများစွာတောထဲမှာ နေခဲ့ပေမဲ့ နုငယ်တဲ့ ကလေးတွေ ဖျားနာပြီး သေတော့ အမေ့မှာ နာကျည်း ခံစားရတယ်။


အမေနုနဲ့ ကျောင်းသား တပ်မတော်မှ သားသမီးများ

မာနယ်ပလော ဌာနချုပ်ကို ခွေးအိပ်တောင်ဆိုတဲ့ တောင်ကြီးက စီး ပြီး မိုးထားတယ်။ ခွေးအိပ်တောင်လို့ ခေါ်ဆိုတဲ့အတိုင်း အဲဒီ တောင်ကို အဝေးကနေ ကြည့်ရင် ခွေးတစ်ကောင် အိပ်နေသလိုမျိုး ဖြစ်နေတယ်။ အောက် က တက်ပြီး တိုက်ရင်လည်း မရ၊ တောင်ကြီး မိုးနေလို့ အပေါ်ကနေ ဗုံး ကြဲ တိုက်ရင်လည်း မရတဲ့ အဲဒီ ဌာနချုပ်ကို တခုတည်းသော လမ်းကြောင်းရှိတာ သိနေတဲ့ DKBA တွေက နအဖကို လမ်းပြ လိုက်ရာမှာ အမေတို့ အတိုက်အခံတွေ မှီခို အားထားရာ မာနယ်ပလော ဌာနချုပ်ကြီးလည်း ရန်သူ့လက်ထဲ ကျဆုံးသွားရတယ်။ အမေ့ အနေနဲ့ အဲဒီ ဖြစ်ရပ်ကို သား ကိုဖိုးတရုတ် ပြောသလို သင်ခန်းစာ ယူပြီး ယနေ့ နအဖကို တိုက်မယ်ဆိုရင် စစ်တပ် အောက်ခြေကို စည်းရုံးပြီးမှ သူ့လူ ကိုယ့်ဘက်သား ဖြစ်အောင် လုပ်ကာ တိုက်ယူဖို့ တိုက်တွန်းချင်တယ်။ အခုဆိုရင် တပ်မတော် အတွင်းမှာ အောက်ခြေ အရာရှိနဲ့ အကြပ်တပ်သားတွေဟာ တပ်မှူးတွေကို ပုန်ကန်တိုက်ခိုက်နေကြတာ မကြာခဏ ကြားသိနေရပါတယ်။ ပြည်သူတွေနဲ့ ထပ်တူ တပ်မတော်သား တွေဟာလည်း စစ်ကျွန်အဖြစ် နွံနစ်နေကြတယ်။ စစ်ပြေးတွေလည်း များနေကြတယ်။ သူတို့ကို ဒီမိုကရေစီ ဘက်တော်သားတွေက လက်မခံမှာ စိုးလို့ သူတို့မှာ ပြေးစရာ မြေမရှိလို့ရယ် အာဏာရှင်တွေကို တိုက်ခိုက်ဖို့ အခြေအနေ မပေးလို့သာ မှေးနေကြရတာ ဖြစ်ပါတယ်။တကယ်တော့ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာ မရှိလို့ စစ်အာဏာရှင်တွေဟာ တနေ့မှာ မုချကျဆုံးရမယ်လို့ အမေယုံကြည်တယ်။ နောက်ဆုံးတစ်ခုအမေ ပြောရရင် "ယုံကြည်ချက်နဲ့ အသက်ရှင်နေပါတယ်"....။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မဗေဒါရဲ့ လျှို့ဝှက်ချက်] 1 New Entry: မဗေဒါရဲ့ ပထမဆုံးများ....

မဗေဒါရဲ့ ပထမဆုံးများ....

ဘိုဘိုက မရေးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပြောနေပင်မဲ့.. ရေးပြီဆိုရင်လဲ ကိုယ့်ကိုကိုယ်သိတယ်.. ကိုယ့်အကြောင်းတွေကို အားမနာလျှာမကျိုး ရေးမိတော့မယ်ဆိုတာ... ဒါပေမဲ့လဲ Friendship ကပိုအရေးကြီးလေတော့... လာလေရော့ဟဲ့....

ပထမဆုံး နေခဲ့တဲ့မြို့ — ရန်ကုန်သူ စစ်စစ်..

ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အူဝဲဆိုတာနဲ့ ဘ၀ကျောင်းမှာစတက်ခဲ့ရတယ်.. ဘယ်လိုထမင်းစားတယ်. ဘယ်လိုလမ်းလျှောက်ရတယ်.. ဘယ်လိုစကားပြောတတ်လာတယ်ဆိုတဲ့ ဘ၀သင်ခန်းစာတွေ တစ်ပုံကြီးပဲပေါ့.

ပထမဆုံး အတန်း — အတန်းအနေနဲ့ဆိုရင်တော့ မူကြိုပေါ့.. "ရောင်စုံဘောလုံး.. ရောင်စုံဘောလုံး.. တစ်လုံးငါးပြား" အဲဒါတွေဆိုခဲ့ရတယ်..

ပထမဆုံး သူငယ်ချင်း၊ ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — ငယ်ငယ်မူကြိုထဲကနေ ၈တန်းထိတူတဲ့သူငယ်ချင်းကောင်လေးတစ်ယောက်တော့ရှိတယ်.. သူကတော့ ပထမဆုံးသူငယ်ချင်းလို့ပြောလို့ရတယ်ဆိုပေမဲ့.. နီးနီးကပ်ကပ်နဲ့ အမြဲတွဲအမြဲသွား သူငယ်ချင်းကတော့ သူငယ်တန်းမှာ ရှေ့နောက်ထိုင်ဖြစ်တဲ့ကောင်မလေး.. ခုတော့ သူက US မှာ.. ခုထိ အဆက်အသွယ်လဲရှိတယ်.. အခင်ဆုံးသူငယ်ချင်းစာရင်းထဲလဲပါတယ်.. စိတ်ထဲ အသဲထဲကနေ အရမ်းခင်တဲ့သူငယ်ချင်း.. သူကိုယ့်ကိုခင်မခင်တော့ သေချာမသိဘူး.. သိလဲမသိချင်ဘူး.. ကိုယ်ခင်နေရရင်ပြီးတာပဲ ဆိုတဲ့ သူငယ်ချင်းလဲရှိတယ်.. သူက ခုဂျပန်ကိုသွားလည်နေတယ်.. မဗေဒါလဲ သူ့ကိုတွေ့ချင်လို့ ဂျပန်လိုက်သွားလည်မလို့ စီစဉ်ဖြစ်သွားတာ.. စကာင်္ပူရောက်နေပင်မဲ့ တစ်နှစ်တစ်ခါ မြန်မာပြည်ပြန်တိုင်းသူနဲ့တွေ့ဖြစ်တယ်.. ဒီနှစ်တော့ ရည်းစားနဲ့ပြတ်လို့ ရန်ကုန်မပြန်ချင်တာနဲ့ သူနဲ့မတွေ့ရဘူး.. ခုတော့ တွေ့ရတော့မယ်.. သူနဲ့က အဲလိုကို ကံပါတာ. ငယ်ငယ်ထဲက..

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် — သူငယ်တန်း သင်ပုန်းကြီး... အဲဒါအရင်မဖတ်ပဲ တခြားဘယ်စာအုပ်ကိုဖတ်တတ်အုံးမှာလဲ..

ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ"ဘုံဘေဘားမား ကုမ္ဗဏီမှ သစ်ခိုးသည်ကို မြန်မာမင်းက ဒဏ်ရိုက်သည်တွင် မကျေမနပ်ဖြစ်ကာ အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားခဲ့ပါသည်.." (က၊ခ တောင် တော်တော်အလွတ်ကျက်ခဲ့ရတယ်.. အဲဒိအပေါ်ကစာကြောင်းလေးက မဗေဒါငယ်ငယ်က အစ်မတွေ သမိုင်းကျက်ထဲက လိုက်ဆိုလို့လဲကောင်းတယ်.. လိုက်ကလို့လဲကောင်းလို့ အလွတ်ကိုရနေတော့တဲ့ ကျောင်းစာပဲ)

ပထမဆုံး အရိုက်ခံရခြင်း — သိပ်အရိုက်မခံရဘူးဘူး.. တစ်တန်းလုံးကို ခုံပေါ်တက်ပြီးရိုက်ရင်တော့ ရိုက်ခံရတာပေါ့နော်... မှတ်မှတ်ရရတော့မရှိဘူး..

ပထမဆုံး ရတဲ့ဆု — ငယ်ငယ်ထဲက လွတ်လပ်ရေးပြိုင်ပွဲတွေမှာ ပထမ ဒါမှမဟုတ် ဒုတိယ အမြဲရတယ်.. တချို့အမေတွေဆိုရင် မဗေဒါကိုမြင်တာနဲ့ သူတို့သမီးတွေကို မပါခိုင်းတော့ဘူး.. မရမှာ သေချာလို့.. ဒါတော့မတတ်နိုင်ဘူးလေ.. သမုဒ္ဒရာရေပဲ နော်... မှတ်မှတ်ရရ.. ရဖူးတာလေးကတော့ လွတ်လပ်ရေးပြိုင်ပွဲမှာ ထုတ်ဆီးတိုးတမ်းကစားတော့ တစ်ဖက်အုပ်စုထဲမှာ ဒိုင်လူကြီးရဲ့ တူမတွေ ညီမတွေပါတော့.. မဗေဒါတို့နိုင်တာသေချာရက်နဲ့ ၅မှတ်ဖျောက်ပြီး သူတို့ ပထမရသွားတယ်.. ထုတ်ဆီးတိုးက ပထမဆုတစ်ခုပဲပေးတာလေ.. ဒီတော့ မဗေဒါမေမေက ထုတ်ဆီးတိုးဒုတိယဆုကို စပွန်ဆာပေးပြီး စလင်းဘက်အိတ်အကောင်းစားတွေကို ပေးလိုက်တာ.. ပထမဆုထက်တောင်ပြန်လန်နေတာပဲ.. အဓိကက ကျမဘက်က အမြဲရက်တည်ပေးတဲ့ ကျမမိသားစုကို ကျမအရမ်းကျေးဇူးတင်တယ်...

ပထမဆုံး သွားဖူးတဲ့ခရီး — ဘ၀ခရီး... အူဝဲဆိုထဲက ခုထိပဲ...

ပထမဆုံး စီးဖူးတဲ့ကား — ဖေဖေမောင်းတဲ့ကားနေမှာပေါ့.. မှတ်မိတော့ဘူး...

ပထမဆုံး ဆိုတဲ့သီချင်း — ငယ်ငယ်တုန်းကတော့ လူကြီးတွေဆိုရင် ပုခက်ထဲက ၀ူးဝူးဝါးဝါးလိုက်အော်ဖူးမှာပေါ့... စင်ပေါ်မှာတီးဝိုင်းနဲ့ပထမဆုံးဆိုဖူးတဲ့သီချင်းကတော့ သျှီရဲ့ "ဂန္ဓာရီ" ဘယ်မှာဆိုဘူးလဲတော့မမေးနဲ့နော်.. အသေသာသတ်လိုက်..

ပထမဆုံးရေးတဲ့ ကဗျာ — ဘန်နာမှာရေးထားတယ်.. "လှိုင်းတန်ပိုးထန် လေကိုဆန်လဲ အပြုံးမပျက် ပန်းပန်လျက်" ဆိုတာ.. ကဗျာလို့ ခေါ်လို့ရလားတော့ မသိ...

ပထမဆုံး ရေးခဲ့သော ရည်းစားစာ — ရည်းစားစာတော့ တစ်ခါမှမရေးဘူးပါ.. ရဘူးတာတော့ ရှိတယ်.. ၁၀တန်းအောင်ပြီးခါစ သင်တန်းတွေတက်တုန်းက ၁သက်လုံးမှာမှ တစ်ဆောင်ပဲရဘူးတယ်.. .. ကျန်တဲ့သူတွေက ပါးစပ်ကပဲပြောကြတယ်.. နောက်ကလိုက်ကြတယ်.. ဒါတောင် မယူဘူးနော်.. အတင်းလိုက်ပေးနေလို့.. မဖတ်ဖူး တာရော.. ပြီးတော့ ဒီစာယူပြီးရင် နောက်ကမလိုက်လာနဲ့တော့ဆိုပြီး ယူလိုက်တာ.. စာလေးရှားရှားပါးပါးတစ်စောင်ရလို့ သူငယ်ချင်းတွေကိုသွားကြွားတာ.. နင်ကကြိုက်လို့လားလို့မေးတော့.. မကြိုက်ပါဘူး.. စာရလို့ကြွားတာဆိုတော့.. နင်မကြိုက်ရင် အဲဒိစာသိမ်းမထားနဲ့ပေါ့တဲ့ ဆိုပြီး လွှတ်ပြစ်လိုက်တယ်... မဗေဒါလဲ သိမ်းထားရင် ကြိုက်လို့သိမ်းတယ်ပြောခံရမှာစိုးလို့ မတားလိုက်ဘူး.. လွှတ်ပြစ်ပေါ့လို့ပဲပြောလိုက်တယ်.. ဒါပေမဲ့ နှမြောသား... ကိုယ့်အကြောင်းတွေကို မင်းသမီးလေးတစ်ပါးလို ညွှန်းရေးထားတာလေ.. ဟိ.. ဟိ... (မှတ်ချက် ခုတော့ ရင့်ကျက်သွားပြီဖြစ်လို့ ရည်းစားစာပေးပြီး မရင့်ကျက်သောအလုပ်မျိုးကို ရင်မခုန်တော့ပါ.. ငှဲ ငှဲ..)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — ဘယ်ပြောမလဲ... အသေသတ်...

ပထမဆုံး ချစ်သူ — ဂျန်းဒေါင်ဂန်းပေါ့... သူ့ကိုကိုယ်ထားခဲ့လို့ ခုထက်ထိလူပျိုကြီးလုပ်နေတာ.. ကြည့်ပါလား.. ဟတ်.. ဟတ်...

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — စဉ်းစားစရာပဲ.... သေချာစဉ်းစားကြည့်လိုက်တော့ မဗေဒါဝယ်ဖူးတဲ့စာအုပ်ရှားသား.. အလကားရတာပဲလိုက်ဖတ်တယ်.. ဒါတောင် ဖတ်လို့မကုန်ဘူး.. ငယ်ငယ်က ပုံပြင်စာအုပ်တွေတော့ ၀ယ်ဖူးတယ်..

ပထမဆုံး ၀ယ်တဲ့သီချင်းခွေ — ငယ်ငယ်က ကျောင်းသူဘ၀တုန်းကတော့ အစ်မအကြီးက သီချင်းခွေဝယ်တာဝါသနာပါတယ်.. သူ့မုန့်ဖိုးနဲ့လဲ မလောက်တော့ မဗေဒါတို့ အငယ်၂ယောက်ကို မြူဆွယ်ပြီး ရှယ်ဝယ်ဖူးတဲ့ အခွေတွေတော့ရှိတယ်.. နောက်ပိုင်းတော့ သူကဒိုင်ခံဝယ်နေတော့ ကိုယ်က ဒိုင်ခံ အလကားနားထောင်ပေးတယ်.. ၁၀တန်းအောင်တော့ တရုတ်ဘန်း F4ကို ရူးရူးမူးမူး အိပ်မက်ထဲထိကြိုက်တုန်းက သူတို့ VCD ခွေတွေတော့ ၀ယ်ဖြစ်တယ်.. မဗေဒါက သီချင်းခွေထက် ဗွီဒီယိုခွေ.. ပုံပါမြင်ရတဲ့ခွေကိုပိုကြိုက်တယ်.. VCD ပဲဖြစ်ဖြစ်.. ရုပ်ရှင်ပဲဖြစ်ဖြစ်..

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — နေ့မမှတ်မိတော့ဘူး.. မိုးဖွဲဖွဲလေးတွေရွာနေတဲ့နေ့တနေ့ပဲ.. ၂၀၀၁ ရဲ့မိုးရာသီနေ့လေးတစ်နေ့ဖြစ်မယ်ထင်တယ်.. မမေ့နိုင်စရာ အပျော်ဆုံးနေ့တွေရဲ့ နိဒါန်းနေ့တစ်နေ့ပေါ့..

ပထမဆုံး ရဖူးတဲ့လက်ဆောင် — ဒီမိသားစုမှာ လူဖြစ်ခွင့်ရခဲ့တဲ့ ကံကပေးတဲ့လက်ဆောင်

ပထမဆုံး အလုပ် — ဆယ်တန်းအောင်ပြီးတော့ ကလေးတွေ စာလိုက်ပြတယ်.. ကျူရှင်ဆရာမပေါ့နော်..

ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — ၂၀၀၆ခုနှစ်ရန်ကုန်ကို တစ်ယောက်ထဲပြန်တုန်းက သူငယ်ချင်းတွေကို မဗေဒါဆရာကြီးလုပ်ဦးဆောင်ပြီး ကျိုက်ထီးရိုးသွားဖူးတယ်.. ပထမဆုံးလူကြီးမပါပဲ.. ကိုယ်ဦးဆောင်ပြီးသွားဖူးခြင်းပဲ.. တစ်ကယ်တစ်ယောက်ထဲ သွားရမဲ့ခရီးက နောက်တစ်ပတ်ကျရင် ဂျပန်ကို ဒိုးမယ်.. ခုအရမ်းရင်တွေခုန်ပြီး ပျော်သလိုလို ကြောက်သလိုလို ဖြစ်နေတယ်.. (လေယာဉ်ပေါ်မှာ RAIN နဲ့ ဘေးချင်းကပ်ကျရင် ဒုက္ခ.. ဟတ်.. ဟတ်)

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် — ဆေးလိပ်.. အရက်လုံးဝမသောက်ဖူးပါ.. ထန်းရည်တောင်မသောက်ဖူးပါ.. အဲ.. ဒါပေမဲ့ မဗေဒါ ဟိုးငယ်ငယ်တုန်းကတော့ .. ဖေဖေစားပွဲပေါ်မှာ တင်ထားတဲ့ ရေလေးတွေသီးပြီးအေးခဲနေတဲ့ အရက်ဖြူခွက်လေးကို.. ရေမှတ်ပြီး တစ်ခြိုက်ထဲမော့သောက်လိုက်မိဘူးတယ်.. ပြီးတော့ ကိုယ့်ကိုကိုယ်သေတော့မယ်ထင်ပြီး ငိုပါလေရော.. ပြီးတော့ မူးပြီးချက်ချင်းအိပ်ပျော်သွားတယ်ထင်တယ်..

ပထမဆုံး တက်ဖူးသော ဆေးရုံ — ဗဟိုအမျိုးသမီးဆေးရုံ... တစ်မျိုးမထင်လိုက်နဲ့... မဗေဒါကို အဲဒိမှာမွေးတာ..

ပထမဆုံး ဘလော့ပို့စ် — သိချင်ရင် Archive ထဲမှာ ရှာလိုက်လို့ရတာကို မေးနေသေးတယ်..

ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ — မြန်မာဘလော့ စလုပ်တော့ မလုပ်တက်တော့ ကိုရန်အောင်ဆီမှာသွားသွားမေးတယ်.. ဒီတော့ ကိုရန်အောင်ကလဲ အရင်ကတော့ လာလာလည်တယ်.. ဒါပေမဲ့ မိတ်ဆွေဆိုတာထက် ဆရာလိုဖြစ်နေတာပေါ့နော်... သူငယ်ချင်းလိုစပြီး ခင်ခင်မင်မင်ရှိလာတာကတော့.. ဒူရှိရမလဲ.. အိပ်မက်နက် BlackDream ပေါ့... မဗေဒါဖို့ သူငယ်ချင်းအတွက် ဆိုတဲ့ မွေးနေ့ပိုစ့်လေးတင်ပေးခဲ့လို့.. ခုထိကြည်နူးမိပါ၏

ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း — ဆရာမလုပ်တုန်းက ရတဲ့ပိုက်ဆံပဲ.. ဘယ်လိုသုံးလိုက်မိလဲတော့ သိဘူး...

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — ရန်ကတော့ ခဏခဏကိုဖြစ်တာ.. မဗေဒါကိုဆို လူတိုင်းက ခပ်စွာစွာကောင်မလေးလို့ပြောလိုက်ရင်သိတယ်.. အိမ်မှာ စည်ကနဲဆို မဗေဒါပဲမှတ်... မှတ်မှတ်ရရ ရန်ပွဲကတော့ ၇တန်းတုန်းက လမ်းထဲက ခပ်နွဲ့နွဲ့နေတတ်တဲ့ ကောင်တစ်ကောင်က(အဲဒိကောင်က ၉တန်း) မဗေဒါရဲ့သူငယ်ချင်းကို သူ့သူငယ်ချင်းကောင်နဲ့လာအောင်သွယ်နေလို့ ကိုယ့်သူငယ်ချင်းကို ဆုံးမရင်းနဲ့.. အဲဒိအခြောက်ပြောတဲ့ စကားမယုံနဲ့လို့ပြောလိုက်မိတာ.. သူငယ်ချင်းက ရည်းစားထားချင်နေတဲ့ သူဆိုတော့ သူ့ကိုပြန်ပြောလိုက်တော့.. ဟိုက ကိုယ့်ကို မိုက်မိုက်ရိုင်းရိုင်းပြန်ပြောတော့ အိမ်က အစ်မတွေကပါမခံနိုင်ပဲ ရန်ဖြစ်ကြတာ.. (အဲမတိုင်ခင် လမ်းထဲမှာ အေးတယ်.. တခါမှလဲရန်မဖြစ်ဘူးတဲ့ ကိုယ့်အစ်မတွေလဲ ကိုယ့်ကြောင့်ရန်ဖြစ်ရတယ်.. အဲလိုအားကိုးရတာ.. အစ်ကိုရှိမှ အားကိုးရတာမဟုတ်ဘူးနော်) ရပ်ကွက်ရုံးရောက်တော့မလို့... ညကျတော့ လမ်းထဲမှာရန်ဖြစ်ထားတာ ဖေဖေဆူမှာကြောက်လို့ အစောကြီးဝင်ပြီးအိပ်ချင်ယောင်ဆောင်နေရင်း.. မေမေကအေးဆေး ဖေ့ဖေ့ကို ကိုယ့်သမီးဘက်က ကာပြီး ဟိုအခြောက်ဖက်ကို သာသာထိုးထိုးလေးတိုင်လိုက်တော့.. ဖေဖေပါဒေါသတွေထွက်ပြီး အမျိုးသမီးရေးရာတွေ ဘာတွေတိုင်မယ်လုပ်နေတာ.. နောက်ဆုံးတော့ အဲဒိအခြောက်အဖေကိုပဲ တိုင်လိုက်တယ်.. ရိုက်လိုက်တယ်လို့တော့ပြောတာပဲ.. မထင်ပါဘူး.. မှတ်မှတ်ရရ အဲဒိနေ့က ကျမအစ်မအလတ် ၁၀တန်း အင်္ဂလိပ်စာမဖြေခင်ညပေါ့.. သူ့ကို စာပဲကျက် အကြီးဆုံးနဲ့ အငယ်ဆုံးပဲ သွားချဲမယ်ဆိုပြီးထားခဲ့တာ.. နောက်တော့ သူလဲ ကိုယ့် ညီအစ်မတွေခံရမှာစိုးလို့ မနေနိုင်ပဲလိုက်လာတယ်.. အိမ်အောက်မှာရန်ဖြစ်တာ.. ဟီး.. ဟီး......... အဲဒိအကြောင်းပြန်တွေးကြည့်တော့လဲ ကိုယ့်အစ်မတွေက အားကိုးရသားပဲနော့်......

ပထမဆုံး အကြိမ် ထီပေါက်ခြင်း (ချဲထီ) — မဗေဒါဘ၀မှာ ကိုယ်တိုင်မလုပ်ပဲ ကံစမ်းရတဲ့အရာတွေက အကျိုးမပေးဆုံးပဲ.. ထီထိုးခြင်းနဲ့ အချစ်ရေးပဲ.. ဘာမှကို ကံမကောင်းဘူး..

ပထမဆုံး ရင်ခုန်ဖူးခြင်း — ရုပ်ရှင်ကြည့်တိုင်း ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီးခန်းလာရင် ရင်ခုန်တာပဲ..

ပထမဆုံး တီးဖူးတဲ့ဂစ်တာ — တီးတော့ မတီးဘူးဘူး.. တတ်မှမတတ်တာ.. ဆော့တော့ ဆော့ဖူးတယ်.. ငယ်ငယ်တုန်းက ဦးလေးဂစ်တာ.. နောက်တော့ အစ်မဂစ်တာ..

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — စကာင်္ပူပဲပြောရမှာပေါ့.. အိပ်မက်ထဲမှာတော့ အစုံပဲ..

ကဲ.. ဒါပဲမှတ်လား.. မေးထားတာတွေကလဲ အစုံပဲ.. မဗေဒါရဲ့ အပုတ်တွေလဲ ပေါ်ကုန်ပြီး.. ရှက်လိုက်တာ...

အဲဒါကြောင့်မရေးပဲ ရှောင်နေတာ.. နောက်အပတ် ဂျပန်ခရီးထွက်ရမှာမို့... အကြွေးတွေရှင်းရင်း မရှောင်နိုင်တော့လို့ရေလိုက်တာ... ဘိုဘိုရေ.. ကျေနပ်တော့နော်....... နင်ရေးဆိုလို့ရေးလိုက်ပြီ...

You received this email because you are subscribed to the real_time feed for http://mabaydar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[My TLMS] 1 New Entry: ကျွန်တော်နှင့်နောက်ဆုံးစက္ကူရုပ်

ကျွန်တော်နှင့်နောက်ဆုံးစက္ကူရုပ်

  • ဖျက်သုန်းပစ်လိုက်ပြီ...
    အခုတော့လဲ ငါ့ယာခင်းမှာ
    အလွမ်းကြွေတွေသာ မြင်ရက်စရာမရှိအောင်
    ပြန့်ကျဲလို့ပေါ့...
  • ငါ့ခရီးမိုင်တိုင်မှာ....
    နိုဝင်ဘာမှတ်တိုင် တခုစိုက်ထူခဲ့ဖူးကြောင်း
    အဲဒိတောင်တန်းတွေသာ သိနိုင်ကြလိမ့်မယ်...
  • ကိုယ့်ကိုကိုယ် ငြင်းပယ်ရင်း
    ငါဟာ ဘယ်တော့မှ... ဘယ်ချိန်မှ...
    အဖြစ်မရှိတဲ့ မြစ်တစ်စင်းရယ်ပေါ့...
  • တနံတလျား ချစ်မိတော့လဲ
    နှလုံးသားဗုံသံတွေက
    ကြာတော့... ပြာအက်လို့....
  • နဝေတိမ်တောင်နဲ့ အ၀ှက်လွန်သွားတဲ့
    နှစ်နှစ်ကာကာများကို ဖွင့်ဖောက်
    ရာသီဥတုဒဏ်တွေကိုက ..ညိုးငယ်ခြောက်ကုန်ကြရဲ့...
  • မှော်လေးရေ...
    အိပ်ရာဝင်ပုံပြင်လဲမဟုတ်
    အပျော်ဖတ်သက်သက်လဲ မဟုတ်ခဲ့ပါဘူး...
    စကားလုံးဟောင်းတချို့ခပ်တင်းတင်းပိုက်ရင်း
    တချိန်ချိန်ကိုပေါ့...
    ငါလေ...ထီးရိပ်လေးမိုးရင်း စောင့်လို့...။

You received this email because you are subscribed to the real_time feed for http://www.minnyoonthit.net/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မုတ်သုန်လေ] 1 New Entry: ခံပွင့်ကို သီကုံးပါတယ်

ခံပွင့်ကို သီကုံးပါတယ်


ထွက်သွား ပြန်မလာ ရှောင်ကွင်းမှာနဲ့
တတ်လဲ တတ်နိုင်ကြပါပေတယ်
အရာမထင်တဲ့ အရာဝင်လူ
ရာဝင်အိုးထဲမှာသာ နေသင့်တယ်

လက်စရယ်တဲ့ မကုန်နိုင်
လုပ်လက်စ၊ ဖတ်လက်စ၊ ရေးလက်စ၊
လက်စကလေးသတ်၊ လက်စကလေးတွေ ဖြတ်ဖို့
ဒီဘ၀က နားပစ်လိုက်ဖို့ကောင်းလေရဲ့
ဘ၀တစ်ခုရဲ့ လက်စတွေ ဖြတ်ပစ်မယ်လို့ ဆိုခဲ့ပါရင်၊

ချစ်လို့ရယ်တဲ့ မကုန်နိုင်
ကြိုက်လို့ရယ်တဲ့မကုန်နိုင်
ဖြတ်လို့ရယ်တဲ့မကုန်နိုင်
ချစ်။ ကြိုက်၊ ဖြတ် လို့မကုန်နိုင်တာတွေများ
သူတို့တွေမှာ အတော် များ များ များလွန်း ကြပါပေ့၊

လက်စ လက်န မရှိပေတော့
ခံလက်စနဲ့ ဆက်ခံလို့တော့ ဆိုကြပါတယ်။
အဆုံးမသတ် အဆုံးအဖြတ်များ ကြုံလာခဲ့ရင်
ဘယ်လောက်ထားထား ခုနှစ်ရက်ဆိုတာတော့ သတိချပ်ပါ။

      

You received this email because you are subscribed to the real_time feed for http://mothonlay.wordpress.com/feed/. To change your subscription settings, please log into RSSFWD.

[နတ်သမီးလေးရဲ့ ပုံပြင်] 1 New Entry: မျောလွင့်အိပ်မက်

မျောလွင့်အိပ်မက်

ဖမ်းဆုတ်ရာ တိမ်စိုင်တစ်ခု
မျှောလွင့်ရာ ၀ိညာဉ် တစ်စုံ
ဖမ်းဆုတ်မရတဲ့ လေဟာနယ်ထဲမှာ
မျောလွင့်ရင်းနဲ့ပဲ မျောလွင့်နေတယ်....
အစီအစဉ်ကျတဲ့ ဇတ်ကွက်တွေထဲက
အစီအစဉ်မကျတဲ့ အတ္တပုံရိပ်တွေကြောင့်
ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက်နေတုန်း
ချောက်နက်နက်ထဲကို ထိုးကျသွားပြန်ရော....
အင်း.. တွေ့ပြန်ပါပြီ
အဲဒီကောင်မလေး.. ဒီချောက်ထဲမှာပဲ
အပ်ချည်ကြိုးနဲ့ ငါ့ကို ဆွဲတင်ဖို့
လုပ်နေပါရောလား..
ပြောခဲ့ပါရစေ ကောင်မလေးရယ်
ဘ၀တစ်ခုလုံးကို မင်းအနားမှာ
ပေးဆပ်ပါရစေလို့...
ဒီလိုနဲ့ သွားရင်း
ခြေရာတွေ ကမ်းခြေမှာ ထင်ကျန်
လှိုင်းတွေအောက်မှာပဲ ပျောက်ဆုံး
ခုန်ပေါက်နေတုန်းတော့ ဘာမှ မသိပြန်ဘူးတဲ့

အဲ
သိတဲ့ အချိန်ကျတော့
ကျွန်တော်လေ..
ကုတင်အောက်ကို ပြုတ်ကျလို့
လန့်နိုးခဲ့ပါရောလား..

အောက်မှာဖွက်ထားချင်တာက ဒီစာနေရာမှာရေးပါ

You received this email because you are subscribed to the real_time feed for http://www.natthimilay.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Tayardaw] 1 New Entry: ပဋ္ဌာန်း ၂၄- ပစ္စည်း ဆုတောင်း

ပဋ္ဌာန်း ၂၄- ပစ္စည်း ဆုတောင်း

၁။ ဟေတု ပစ္စယော
အကုသိုလ် ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
၂။ အာရမ္မဏ ပစ္စယော
မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား။
၃။ အဓိပတိ ပစ္စယော
ရုပ် နာမ် နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား။
၎။ အနန္တရ ပစ္စယော
များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား။
၅။ သမနန္တရ ပစ္စယော
ရုပ်နှင့်နာမ် အတူရှိသော တရားတို့ကို မျက်မှောက်ပြုရပါစေသား။
၆။ သဟဇာတ ပစ္စယော
ရုပ် ရုပ်ခြင်း၊ နာမ် နာမ်ခြင်း ထင်ရှားစွာသိရပါစေသား။
၇။ အညမည ပစ္စယော
ရုပ်မှနာမ်သို့ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား။
၈။ နိဿယ ပစ္စယော
ရုပ်နာမ်နှစ်ပါးတို့၏ တည်ရာကို သိရပါစေသား။
၉။ ဥပနိဿယ ပစ္စယော
ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
၁၀။ ပုရေဇာတ ပစ္စယော
ရှေ့ကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။
၁၁။ ပစ္ဆာဇာတ ပစ္စယော
နောက်၌ဖြစ်သော အကုသိုလ်ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။
၁၂။ အာသေ၀န ပစ္စယော
လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။
၁၃။ ကမ္မ ပစ္စယော
ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။
၁၄။ ၀ိပါက ပစ္စယော
ဝဋ္ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
၁၅။ အာဟာရ ပစ္စယော
လိုရာကိုပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား။
၁၆။ ဣန္ဒြိယ ပစ္စယော
ရုပ်နာမ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
၁၇။ ဈာန ပစ္စယော
သူတော်ကောင်းတရား(၇)ပါးနှင့် ဥာဏ်စဉ်(၅)ပါးတို့နှင့် ပြည့်စုံရပါစေသား။
၁၈။ မဂ္ဂ ပစ္စယော
ဘာဝနာ(၂)ပါးအပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား။
၁၉။ သမ္ပယုတ္တ ပစ္စယော
သူတော်ကောင်းတို့နှင့် ပေါင်း၍ (၇)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
၂၀။ ၀ိပ္ပယုတ္တ ပစ္စယော
သူယုတ်မာနှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား။
၂၁။ အတ္ထိ ပစ္စယော
သမုတိနယ်၏ အသိကို ဟုတ်မှန်စွာ သိရပါစေသား။
၂၂။ နတ္ထိ ပစ္စယော
ပရမတ္ထမရှိ တရား၏အသိကို မျက်မှောက်ပြုရပါစေသား။
၂၃။ ၀ိဂတ ပစ္စယော
ရှေ့၌ပွင့်ကုန်ပြီးသော ဘုရားတို့ကို ရှိခိုးရပါစေသား။
၂၄။ အ၀ိဂတ ပစ္စယော
ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။
(ပဋ္ဌာန်း ၂၄- ပစ္စည်း ဆုတောင်း ပြီး၏။)
("မဏိဇောတ" စုဆောင်းပူဇော်သော "ပရိတ်ကြီး ၁၁-သုတ်၊ မဟာပဋ္ဌာန်း ဒေသနာတော် နှင့် ဓမ္မစကြာပါဋ္ဌိတော် အသံထွက်ရွတ်ဖတ်နည်း" စာအုပ်မှ ကူးယူဖော်ပြပါသည်။)

You received this email because you are subscribed to the real_time feed for http://tayardaw.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 1 New Entry: ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,18th,2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,18th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )ဆိုမာလီတွင် ပြန်ပေးဆွဲခံရသည့် မြန်မာသင်္ဘောသားများ လွတ်မြောက

( 2 )်Christian cemetery being razed in Myitkyinar

( 3 )မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော ကမ္ဘာလှည့် ခရီးသွားဦးရေ ၃၃ဝဝဝ ကျော် လျော့ကျ

( 4 )Niche role for India in ties with Myanmar

( 5 )Myanmar PM to visit China for regional summits

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[Padauk Myay] 2 New Entries: အောက်တိုဘာ ၁၃ ရက်နေ့ ပေါက်ကွဲမှုဖြစ်ရခြင်းအကြောင်းအရင်း

အောက်တိုဘာ ၁၃ ရက်နေ့ ပေါက်ကွဲမှုဖြစ်ရခြင်းအကြောင်းအရင်း

အောက်တိုဘာလ ၁၃ ရက်နေ့တုံးက လိုင်းကားတစ်စီးပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၇ဦး သေဆုံးတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်ကို အစိုးရ သတင်းဌာနတွေက ထုတ်ပြန်ခဲ့ပါတယ်။ အောက် ၁၇ ရက်နေ့ ည ရှစ်နာရီသတင်းနဲ့ အောက် ၁၈ ရက်သတင်းစာတွေမှာ ဖော်ပြချက်အရ လိုင်းကားဟာ တစ်နာရီကို ကီလိုမီတာ ၁၀၀ ကျော်နဲ့ မောင်းလာတုံး ဂျွိုင်းပြုတ်သွားတယ်။ ဂျွိုင်းတန်နဲ့ ကားလမ်းသုံးခါထောက်မိပြီး မြောက်တက်သွားကာ တစ်ဘက်လမ်းအထဲကို ပေ ၄၀ လောက် ခုန်ကျော်ဝင်သွားပြီး မှောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို လမ်းကိုထောက်မိပြီး ကားလွင့်စဉ်သွားတာကြောင့် ဒုတိယအကြိမ်ထောက်မိချိန်မှာ ဒဏ်ရာနဲ့ အသက်ရှင်နေတဲ့ ကျော်လှဆိုသူ ပြုတ်ကျကျန်ခဲ့တယ်။ တတိယအကြိမ်ထောက်မိပြီး မြောက်တက်သွားချိန်မှာ ခရီးသည် လေးယောက်လွင့်ထွက်ပြီး သေဆုံးခဲ့တယ်။ တစ်ဘက်လမ်းကိ ကျပြီး မှောက်သွားတဲ့အချိန်မှာ ကားပေါ်မှာ တင်ထားတဲ့ CNG အိုးလေးလုံးထဲက တစ်လုံးကွဲသွားပြီး ကားပေါ်မှာ ရှိနေတဲ့ လူသုံးဦး သေဆုံးသွားတယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။ ကျန်တဲ့ အိုးသုံးလုံးကတော့ လွင့်စဉ်သွားပေမယ့် ပေါက်ကွဲမှုမရှိဘူးလို့ ဆက်ဖော်ပြထားပါတယ်။

သတင်းစာမှာ ဖော်ပြထားတဲ့ စုံစမ်းရေးအဖွဲ့ရဲ့ ပုံကြမ်းအရ လိုင်းကားဟာ လမ်းအလယ်က အတားအဆီးတွေကိုပါတိုက်ပြီး တစ်ဘက် ကားလမ်းထဲကို ၀င်သွားတာကို ပြထားပါတယ်။ လွင့်စင်နေတဲ့ CNG အိုးများနဲ့ ပျက်စီးနေတဲ့ ကားပုံကိုလည်း ဖော်ပြထားပါတယ်။ အစိုးရသတင်းစာက ပေါက်ကွဲရခြင်းဟာ CNG အိုးများရဲ့ အပြစ်ကြောင့်မဟုတ်ဘဲ ပြင်းထန်တဲ့အရှိန်နဲ့ ဆောင့်မိတဲ့ ဒဏ်ကြောင့် ပေါက်ကွဲရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အခင်းဖြစ်တဲ့အချိန်ဟာ လူသွားလူလာ နည်းတဲ့အချိန်ဖြစ်လို့ သေဆုံးသူ နည်းပါးတာ ဖြစ်တယ်။ တကယ်လို့ လူများတဲ့အချိန်ဆိုရင် ကားတိုက် တာကြောင့် နောက်ထပ်လူတွေသေဆုံးနိုင်တယ်လို့ သတိပေးထားပါတယ်။ နောက်ပြီး တာဝန် ရှိသူတွေအနေနဲ့ ယာဉ်စည်းကမ်းများကို တိတိကျကျလိုက်နာအောင် ကြပ်မတ်သွားမယ်။ ပြည်သူတွေ အနေနဲ့ CNG ယာဉ်များကို စိတ်ချလက်ချ စီးနင်းနိုင်ပါတယ်လို့လည်း ဆက်ပြီး ဖော်ပြထားပါတယ်။

၁၇ . ၁၀. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • မုံရွာတွင် တားမြစ်စာရင်းမပါသည့် နို့မှုန့်များ အလျော်မပေးဘဲသိမ်း- ခေတ်ပြိုငclick here

  • ပါတီတွင်း သဘောကွဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ၁၁၀ နှုတ်ထွက် - မဇ္ဈိမ click here

  • အမေရိကန်မှ ချီးမြှင့်သော ရုပ်ရှင်ဆုကို ကြည်ဖြူသျှင်ရရှိ - မဇ္ဈိမ click here

  • မြန်မာ့တောကြောင်များ အန္တရာယ်ရှိနေ - မဇ္ဈိမ click here

  • နိုင်ငံတော်သမ္မတသစ်နေရာတွင် ဦးအောင်သောင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေတို့ ရေပန်းစားနေ - ဧရာဝတီ click here

  • အန်အယ်လ်ဒီ လူငယ် ၁၀၀ ကျော်နှုတ်ထွကမြန်မာဖိုရမ် click here

  • အာဆီယံနိုင်ငံများ ဒေသတွင်းကုန်စည် ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် လက်မှတ်ရေးထိုး မြန်မာဖိုရမ် click here

  • ရှေးဟောင်းပြတိုက်နှစ်ခု ခရီးသွားများအတွက် ဖွင့်လှစ် မြန်မာဖိုရမ် click here

  • ထေရ၀ါဒဗုဒ္ဓသာသနာတော်နှင့်ပတ်သက်၍ သိလိုသည်များကို သန့်-တည်-ပွားအဖွဲ့သို့ လူကိုယ်တိုင် အပြင် အွန်လိုင်းမှလည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရ ၀ိကလီးအလဲဗင်း click here

  • တက္ကသိုလ်ဝင်တန်းအနီးကပ် ပညာဒါနလပြတ်သင်တန်းအများစု အောက်တိုဘာလတွင်းစတင်မည်ဖြစ်ရာ ယနေ့တိုင်ကျောင်းသားအများစုမှီခိုအားထားနေရဆဲ ၀ိကလီးအလဲဗင်း click here

  • တစ်နှစ်တာကာလပတ်လုံး နံနက်ပိုင်းလေ့ကျင့်ခန်းများပြုလုပ်လာခြင်းနှင့်အတူ ကျန်းမာရေးအသိပညာ ပေးဆွေးနွေးခြင်းများကိုပါ ဆောင်ရွက်လာ ၀ိကလီးအလဲဗင်း click here

  • စွန့်ပစ်လွှစာမှုန့်နှင့် နည်းပညာအသုံးပြု၍ အဆင့်မြင့်မီးသွေး ထုတ်လုပ်ခြင်း လျှက်တစ်ပြက် click here

  • ပြည်တွင်းဈေးကွက်၌ မက္ကဒေးမီးယားလူကြိုက်များလာ လျှက်တစ်ပြက် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.