Wednesday, December 24, 2008

["Education for Myanmar Youths"] 1 New Entry: ကျောင်းဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ။

ကျောင်းဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ။

ကမ္ဘာ့ဆရာများနေ့ ၂၀၀၈ နှင့် မြန်မာဆရာဆရာဆရာမများအား ဂုဏ်ပြုဆောင်းပါး
သိန်းနိုင်

နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်ကို ကမ္ဘာ့ဆရာများ(world teachers day) အနေဖြင့်သတ်မှတ်ထားရှိပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ အစည်း ကြီးကနေ ၁၉၉၃ ခုနှစ်ကတည်းက စတင်သတ်မှတ်ခဲ့ပြီး အဲဒီနေ့ တိုင်းမှာ ကမ္ဘာ တ၀ှမ်းလုံးမှာရှိတဲ့ ကျောင်းဆရာဆရာမများကို ဂုဏ်ပြုတဲ့ အစီအစဉ်များကို ပညာရေးအဖွဲ့ အစည်းအသီးသီးမှ ကျင်းပ ပြုလုပ်ကြတာပါ။ နေ့ စဉ်နေ့ တိုင်း သန်းပေါင်းများစွာသော စာသင်ခန်းတွေ ထဲမှာ စာသင်ကြားခြင်းနှင့် စာသင်ယူခြင်း ကို ပြုလုပ်နေကြတယ်မဟုတ်လား။ မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက် တစ်ခုအတွက် ဘာသာစကား လက်ဆောင် တွေကို လက်ဆင့်ကမ်းယင်း ပညာသင်ယူလိုစိတ်ကို ပျိုးထောင်ယင်း၊ ရှင်သန်မှုအတွက်ဖြည့်ဆည်းယင်း၊ အသိပညာမွတ်သိပ်မှုကိုလည်း ဖြေဖျောက် ပေးနေကြတာပါ။ အသိပညာတွေကို မျှဝေပေးပြီး စွမ်းရည်တွေရရှိလာတဲ့အခါမှာ ဘ၀တွေဟာ တိုးတက်ပြောင်းလဲ လာမှာပါ။ အဓိကအားဖြင့်တော့ လက်ရှိမျက်မှောက်ခေတ် ကျောင်းဆရာဆရာမများကို အသိအမှတ်ပြု တန်ဖိုး ထားခြင်း ဖြစ်သလို အနာဂတ်မျိုးဆက်များရဲ့ လိုအပ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးခြင်းပါဘဲ။ ကမ္ဘာ့ဆရာများနေ့ဟာလူ့အဖွဲ့ အစည်းအတွင်းမှာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက် ကျောင်းဆရာ ဆရာမများရဲ့ အရေးကြီးတဲ့ ပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း အထင်ကရ ထုတ်ဖေါ်ပြသခြင်းလည်းဖြစ်တယ်။ သက္ကရာဇ် ၂၀၀၀ ပြည်နှစ်ကတည်းက စတင်ခဲ့တဲ့ ကလေးများအားလုံးအတွက် ပညာရေး လှုပ်ရှားမှု Education for All ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ အတော်ကလေး တိုးတက်အောင်မြင်မှုတွေရရှိခဲ့ပြီးဖြစ်တယ်။ သို့ ပေမဲ့ သက္ကရာဇ် ၂၀၁၅ ရောက်တဲ့အခါ တစ်ကမ္ဘာလုံးမှာ ကလေးအားလုံးမူလတန်း ပညာရေးဆုံးခန်းတိုင်အောင်နေနိုင်ရေး Universal primary education by 2015 ဆိုတဲ့ မျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ဆိုရင် လောလောဆယ်မှာ အရည်အချင်းပြည့်ဝတဲ့ ကျောင်းဆရာဆရာမဦးရေ ၁၈ သန်းကျော် ထပ်မံလိုအပ်နေကြောင်းကို ယူနက်စကိုအဖွဲ့ ကြီးက ခန့် မှန်းထားပါတယ်။ ပညာရေးနေ့ထူးနေ့မြတ်အဖြစ် အောက်တိုဘာ ၁၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ်သီးခြား သတ်မှတ် ထားခြင်းဟာ ဆရာဆရာမများကို ချီးကျူးဂုဏ်ပြုခြင်းနှင့် အတူ သူတို့ရဲ့အင်မတန်အရေးကြီးလှတဲ့ တာဝန် ထမ်းဆောင်မှုကို အသိအမှတ်ပြုခြင်းလည်းဖြစ်ပါတယ်။ မူကြိုအရွယ်ကလေးငယ်လေးတွေ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကလေးတွေ၊ လူငယ်တွေ၊ လူကြီးတွေအားလုံးအတွက် ဘ၀တစ်သက်တာပညာရေးခရီးကို ရှေ့ ဆောင်လမ်း ထွင်ရင်း ပြုစုပျိုးထောင်ပေးနေတာ ဆရာဆရာမတွေဘဲမဟုတ်ပါလား။
-
အရည်အသွေးပြည့်ဝတဲ့ ကျောင်းဆရာဆရာမများ ရှားပါးနေမှုဟာ ၂၀၁၅ ပညာရေးမျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ရာ အတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်နေကြောင်းလည်း ဆိုပါတယ်။ အဲဒီအတွက် ၂၀၀၈ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထူးအစီအစဉ်တွေထဲမှာ အရည်အသွေးပြည့်ဝတဲ့ ပညာရေးအတွက် ကျောင်းဆရာအလုပ်အကိုင်နဲ့  ပတ်သက်တဲ့ ဆရာအတတ်ပညာ အရည်အချင်းမြှင့်သင်တန်းတွေကို ဦးစားပေးထားခြင်းပါ။ နိုင်ငံအသီးသီးမှာရှိတဲ့ ကျောင်း ဆရာ ဆရာမသမဂ္ဂတွေအနေနဲ့ လည်း အာဏာပိုင်အဖွဲ့ အစည်းတွေ၊ သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို တောင်းဆိုထားတဲ့ အချက်တွေထဲမှာ လုံလောက်တဲ့ လေ့ကျင့်ပျိုးထောင်ခြင်းနှင့် မွမ်းမံသင်တန်းတွေကို ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ဖြစ်တဲ့ ဆရာဆရာများရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုထားတဲ့ "ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ " Teacher Matters! အတိုင်းဖြစ်ပါတယ်။
-
၁၉၆၆ ခုနှစ်ကတည်းက အစဉ်အလာအရ နှစ်စဉ်ကျင်းပခဲ့ကြတဲ့ ကမ္ဘာ့ဆရာများနေ့တိုင်းမှာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းကြီးများဖြစ်ကြတဲ့ ယူနက်စကို၊ ယူအင်န်ဒီပီ၊ အိုင်အယ်လ်အိုနှင့် ယူနီဆက်ဖ် အဖွဲ့ကြီး လေးဖွဲ့ရဲ့အကြီးအကဲလေးဦးအပြင် ၂၀၀၇ ခုနှစ်မှာ နိုင်ငံတကာပညာရေးအဖွဲ့ကြီး Education International ရဲ့ ဥက္ကဌပါ ပါဝင်ပြီး အကြီးအကဲငါးဦးအနေနဲ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို စုပေါင်းသ၀ဏ်လွှာ ပေးပို့ကြပါတယ်။ ၂၀၀၈ ခုနှစ်အတွက် စုပေါင်းသ၀ဏ်လွှာထဲမှာ "ကမ္ဘာ့ဆရာများနေ့တွင် နိုင်ငံအားလုံး၊ တောနှင့်မြို့ပါမကျန် ကမ္ဘာ့တစ်နံတလျားရှိ ဆရာဆရာမများအားလုံးကို ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုအပ်ပါသည်။ အရည်အချင်းပြည့်ဝသော လူတိုင်းအတွက် ပညာရေးကို လက်ဝယ်ရရှိရန် ဆရာဆရာမများ၏ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြောဆိုပြီး တက်ကြွမှုရှိသော၊ လေးစားတန်ဖိုးထားအပ်သော၊ ထိရောက်သောဆရာဆရာမ အင်အားစုကို အားပေးမြှင့်တင်သည့် မူဝါဒများပေါ်ထွက်လာစေရန် လိုအပ်လျက်ရှိကြောင်း ကျွန်ုပ်တို့ အခိုင်အမာပြောဆိုပါသည်။ ယနေ့ကမ္ဘာ့ဆရာများနေ့တွင် ဆရာဆရာမများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ဆိုသည်ကို အခိုင်အမာ ပြောဆိုလိုပါသည်။" လို့ဆိုပြီး ဆရာဆရာမများကို အားပေးမြှင့်တင်ဖို့လိုတဲ့အချက်ကို အဓိကထားခဲ့ပါတယ်။
-
မြန်မာ့ပညာရေးလောကမှာ ထင်ရှားတဲ့ ဆရာကြီးဦးသန်းဦးက ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင်ကောင်းတွေကို ကြံဆဖန်တီးဖော်ဆောင်နိုင်ရေးဟာ နှစ်ဆယ့်တစ်ပညာရာစု၊ ပညာခေတ်၊ ပညာလူ့အဖွဲ့အစည်းရဲ့တကယ့်လိုအပ်ချက် အနှစ်သာရဖြစ်ကြောင်းကို ၂၀၀၈ ကမ္ဘာ့ဆရာများနေ့ထုတ် မြန်မာ့အလင်းမှာ မီးမောင်းထိုးတင်ပြဆွေးနွေးခဲ့ပါသည်။ မှန်ပါတယ်။ ခေတ်အစဉ်အဆက် မြန်မာတွေရဲ့ယဉ်ကျေးမှုမှာ ဆရာဆရာမတွေကို တန်ဖိုးထားခဲ့၊ လေးစားခဲ့၊ မြတ်နိုးခဲ့၊ ရိုသေခဲ့၊ ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ခွင့်တွေပေးခဲ့ပါတယ်။ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ဘူးတဲ့ လူ့အဖွဲ့အစည်းလည်းဖြစ်တယ်။ အဲဒီခေတ်တွေ အတော်ကလေး အလှမ်းဝေးဝေးမှာ ကျန်ရစ်နေခဲ့ပါပြီ။ မျိုးဆက်သစ်များအတွက် ဘယ်လိုအမွေတွေကို ထားရစ်ခဲ့ကြမလဲ။
-
မျက်မှောက်ပညာခေတ်ရဲ့ မြန်မာ့ပတ်ဝန်းကျင်က ပညာရေးနှင့် ဆရာဆရာမများရဲ့လူမှုဘ၀တွေကို လေ့လာကြည့် သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းရှိနေပါသလား။ ကျောင်းပညာရေးကဆင့် အနာဂတ်လူ့အဖွဲ့စည်းကို ပုံဖေါ်ထုဆစ်နေကြတဲ့ လူသားဗိသုကာဆရာဆရာမများရဲ့ အရည်အသွေးမြင့်မားနေပါပြီလား။ အသိပညာနှင့် အသိတရားတွေဖြန့်ဖြူးသူတွေမှာ လုံလောက်တဲ့ အသိပညာတွေ ရရှိပါရဲ့လား။ လူ့ဂုဏ်သိက္ခာနှင့်အညီ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်ခွင့်တွေကောရှိပါရဲ့လား။

မြန်မာနိုင်ငံရဲ့ အခြေခံပညာမှာ နှစ်စဉ်ကျောင်းဆရာဆရာမအသစ်လိုအပ်ချက်ဟာ တစ်သောင်းငါးထောင် နီးပါခန့် ရှိတယ်လို့ ပြည်တွင်းစစ်တမ်းများအရ အကြမ်းဖျင်း ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က ရေရှည်အနှစ် ၃၀ ပညာရေး စီမံချက်တွေကို ချမှတ်ထားခဲ့တဲ့အထဲမှာ ဆရာအတတ်ပညာ အရည်အသွေးမြင့်မားရေး လုပ်ငန်းတွေကိုလည်း ထည့်သွင်းထားခဲ့တာတွေ့ရပါတယ်။ နှစ်နေရာတည်းသော ပညာရေးဘွဲ့ သင်တန်းတွေ ထားရှိတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ရယ်၊ စစ်ကိုင်းမှာရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေးသိပံ္ပ၊ ပညာရေး ကောလိပ်ရယ်၊ ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့ လက်မှတ်မဲ့ ကျောင်းဆရာဝန်ထမ်းအရေးပေါ်အခြေအနေကြောင့် ဖွင့်လှစ်ထားရှိတဲ့ ဒေသအသီးသီးမှာရှိတဲ့ ပညာရေးကောလိပ် ၂၀ နီးပါးဟာ နှစ်စဉ်လိုအပ်ချက်ရဲ့ တစ်ဝက်ကိုတောင် မဖြည့်ဆည်း ပေးနိုင်သေးပါဘူး။
-
ကလေးကျောင်းထွက်နှုန်းနှင့် အပြိုင် လက်ရှိကျောင်းဆရာဆရာမများရဲ့ အလုပ်စွန့် နှုန်း ဟာလည်း ကြောက်ခန်းလိလိ ဖြစ်နေတယ်ဆိုတာတွေ့ ရှိရပါတယ်။ ဘယ်သူမှ မလုပ်ချင်ဆုံး ၀န်ထမ်းအလုပ်အကိုင်ဟာ ကျောင်းဆရာဆရာမ အလုပ်အကိုင်ဖြစ်နေရတာဟာ စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။
စားဝတ် နေရေးမပြည့်စုံ၊ မဖူလုံခြင်းနှင့်အတူ ကျောင်းဆရာ ဆရာမ အလုပ်ရဲ့ ဂုဏ်သိက္ခာဟာ မြန်မာနိုင်ငံပညာရေး သမိုင်းခေတ်အဆက်ဆက်မှာ အနိမ့်ကျဆုံးဖြစ်နေတာကတော့ အင်မတန် ၀မ်းနည်းကြေကွဲစရာပါ။ မူတန်းပြ ကျပ် သုံးသောင်းလစာဟာ ကျောင်းဆရာ ဆရာမ အလုပ်အကိုင်တစ်ခုတည်းနဲ့မိမိတစ်ဦးတည်းရဲ့ စားရေးကို (၀မ်းစာတစ်ခုတည်းကို) လ၀က်တောင်မဖူလုံနိုင်ပါဘူး။ အဲဒီအတွက် တစ်နေ့ရှစ်နာရီ အချိန်ပြည့် ကျောင်းဆရာ ဆရာမ အလုပ်အကိုင်ကို မလုပ်ချင်ကြတော့တာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။
-
ဆရာဆရာမများဟာ ကျောင်းဆရာ အလုပ်အကိုင် တစ်ခုတည်းနဲ့ စားဝတ်နေရေး မဖူလုံ နိုင်တဲ့အတွက် အခြားအခြားသော အလုပ်အကိုင်များကို တွဲဖက် လုပ်ကိုင် နေကြရတယ်။ ခေါင်းရွက် ဈေးခြင်းတောင်းတဲ့မှာ ခပ်နွမ်းနွမ်း အဖြူအစိမ်း ကျောင်းဆရာမ ၀တ်စုံကို ထည့်ပြီး ကျောင်းမတက်ခင် နှင့် ကျောင်းအဆင်းမှာ လမ်းဘေး ဈေးရောင်း နေကြရတဲ့ အခြေခံပညာ ကျောင်းဆရာ ဆရာမများရဲ့ ဘ၀တွေ၊ မနက် စောစောထပြီး အလုပ်ကြမ်း လုပ်တဲ့ စာသင်ခန်းထဲက ကလေးတွေရဲ့ လစာက အချိန်ပြည့် နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာမရဲ့ လစာထက် မြင့်နေတာတွေ၊ မအောင်ရင် ငွေပြန်အမ်းမယ် ဆိုတဲ့ အတန်းပိုင် ဆရာ ဆရာမတွေရဲ့ ကျူရှင်တွေ၊ မြတ်နိုးတဲ့ ဆရာမအလုပ်ကို ကျောခိုင်းပြီး အိမ်နီးချင်း တိုင်းပြည်တွေမှာ အောက်ခြေသိမ်း လုပ်ကိုင် နေကြရတာတွေ၊ လဘက်ရည်ဆိုင်မှာ ကျွန်တော် ကျောင်းဆရာပါလို့ မပြောရဲတာတွေ၊ စာသင်ခန်း အတွင်းဘက်ကို တစ်ခါမှ မ၀င်ဘူးတဲ့ ကလေးငယ်တွေ၊ ဘီအီးဒီ ပညာရေးဘွဲ့ကို လေးနှစ် တက်ရောက် နိုင်ဖို့ ကုန်ကျစရိတ်ကို တွက်ချက်ပြီး ဒီတစ်သက် ကျောင်းဆရာမ အလုပ်နဲ့ ပြန်ဆပ်လို့ မကျေနိုင်ဘူး ဆိုတဲ့ ၀ါသနာပါတဲ့ လူငယ်တွေ၊ ဘ၀တွေ -- ဘ၀တွေ---ပညာရေးနှင့် အခြားအခြားသော ဘ၀တွေ။
-
လူငယ်တွေ အတွက် စံပြုနိုင်သူ ဖြစ်သင့်တယ် ဆိုတဲ့ ကျောင်းဆရာ အလုပ်အကိုင်ရဲ့ ဆောင်ပုဒ်ဟာ ပျောက်ဆုံး ခဲ့ရပါပြီ။ ပြိုလဲနေပြီဖြစ်တဲ့ နိုင်ငံရဲ့ စာရိတ္တမဏ္ဍိုင်ကို ကယ်ထူဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါလဲ။ အာစရိယ ဂုဏော အနန္တော၊ ပညာသမာ အာဘာနတ္ထိ အစရှိတဲ့ သီကျူးသံတွေ ဆိတ်သုန်းခဲ့ရပါတယ်။ အစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမအလုပ်အကိုင်ရဲ့ တန်ဖိုးနှင့် ဂုဏ်သိက္ခာတွေ မြန်မာ့ပညာရေးရှုခင်းက ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။
-
လွန်ခဲ့သော အနှစ် ၃၀ကျော် တခေတ်တခါက စာရေးသူတို့ ရဲ့ ဆရာဆရာမများဟာ ဂုဏ်ယူစွာ၊ ပျော်ရွှင်စွာ၊ ကြည်နူးစွာ၊ ကျေနပ်စွာ၊ လိုလားစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ၀ါသနာကြီးမားစွာ တန်ဖိုးထားပြီးလုပ်ခဲ့ကြတာပါ။ အနာဂတ်ကာလ ပန်းခင်းအတွက် မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို ဖူးပွင့်စေဖို့ ဆရာဆရာမများရဲ့  ရင်မှာ ပျိုးထောင်ခဲ့တာပါ။ ပညာရေးစေတနာအင်အားတွေ ဆရာ၊ဆရာမများရဲ့ ရင်ဘတ်ထဲမှာ အပြည့်ရယ်ပါ။ ဒီကျောင်းဆရာဆရာမအလုပ်နဲ့ ပတ်သက်ပြီးအဲဒီဆုတ်ကပ်ခေတ်ကာလမှာ လက်ကိုင်ဆိုရိုးစကားတစ်ခွန်းရှိခဲ့ပါတယ်။ "ရိက္ခာမရှိပေမဲ့ သိက္ခာရှိတယ်" ဆိုတာပါ။ ၂၁ ရာစုနှစ်ဦးပိုင်းမှာတော့ ဆိုရိုးစကားပြောင်းလဲခဲ့ရပါပြီ။ "ရိက္ခာရော သိက္ခာပါမရှိတော့ပြီ" တဲ့။ မျက်မှောက်ခေတ် မြန်မာကျောင်းဆရာဆရာမများ ဘယ်လိုရှင်သန်ရပ်တည်နေကြရပါသလဲ။ လက်ရှိဘ၀တွေနဲ့  အနာဂတ် ကံကြမ္မာများအတွက် ဘာတွေ ရည်မှန်းချက်များ ထားရှိကြပါ သလဲ။ ထားရှိခွင့်ရောရှိပါသေးရဲ့ လား။ အစဉ်အလာနဲ့ ကျောင်းဆရာ ၊ဆရာမ အလုပ်အကိုင် ရဲ့စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အသိပညာ ခွန်အားတွေကို ဆရာ၊ ဆရာမတွေ ရဲ့ ရင်ဘတ် ထဲ က ဘယ်သူထုတ်ယူသွားခဲ့ပါသလဲ။

လက်မှတ်မဲ့ဆရာဆရာမအရည်အတွက် ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့အတွက် ပညာရေး ကောလိပ်တွေကို နယ်အသီးသီးမှာ ဖြစ်သလိုဖွင့်လှစ်ခဲ့ရတယ်။ မပြည့်စုံတဲ့ အခြေအနေတွေ၊ အင်္ဂါစဉ်မမီတဲ့ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ၀န်ထမ်းအင်အား၊ ပညာရေး အရင်းအမြစ်နဲ့ စာကြည့်တိုက်၊ သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းလိုအပ်နေမှုတွေဟာ နည်းပြများ နှစ်စဉ်ကြုံတွေ့နေရတာပါ။ ဖွံ့ ဖြိုးတိုးတက်မှုနိမ့်ပါးနေသေးတဲ့ နိုင်ငံတွေမှာ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်း ရရှိနိုင်ဖို့ ဆိုရင် ဆရာအင်အားကို ၂၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရမှာဖြစ်ကြောင်း တင်ပြထားပါတယ်။ ဒီပညာရေး သင်တန်းတွေမှာ လည်း ခေတ်မီ ဆရာအတတ်ပညာရေး သင်ရိုးညွန်းတမ်းတွေ တည်ဆောက်ဖို့ လိုအပ် နေပါတယ်။ မျက်မှောက်ခေတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံသားတွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်တဲ့ အစီအစဉ်တွေ၊ လုပ်ငန်းခွင်အရည်အချင်းမြှင့်သင်တန်းတွေမှာ ကလေးဗဟိုပြု ပညာရေးအစီအစဉ်တွေ၊ တက်ကြွတဲ့သင်ယူလေ့လာမှုနည်းစနစ်တွေ၊ စဉ်ဆက်မပြတ် အကဲခတ်ပြီး ဘက်စုံစစ်ဆေးခြင်းစနစ်တွေ၊ ဘက်စုံပညာရေးအစီအစဉ်တွေကို အရှိန်အဟုန်နဲ့ ရော အရည်အသွေးပါမြှင့်တင်လုပ်ဆောင်သင့်ပါတယ်။ ကျောင်းဆရာ ဆရာမအလုပ်ကို ၀ါသနာပါပြီး အရည်အချင်းရှိတဲ့သူတွေ လက်လှမ်းမီ တက်ရောက် သင်ကြားနိုင်ခွင့် အတွက်လည်း ပညာတော်သင်ဆုတွေကို ဖန်တီးထားရှိသင့်ပါတယ်။
-
ပညာရေးပညာရှင်တွေကဒီလိုဆိုပါတယ်။ အဂတိလိုက်အစားဆုံးတိုင်းပြည်တွေမှာ အထိခိုက်ဆုံးကဏ္ဍဟာ ပညာရေးဖြစ်ပါသတဲ့။ ရှင်းပါတယ်။ တိုင်းပြည်ရဲ့ အသိပညာ၊ အနာဂတ်စာရိတ္တ၊ စံတန်ဖိုးတွေရယ်နဲ့ တိုင်းပြည်ရဲ့ စိတ်ဓါတ်တွေကို ပြုစုပျိုးထောင်နေရတဲ့ ကျောင်းပညာရေးဟာ နစ်နာနေပြီ၊ ထိခိုက်နေပြီ၊ အရည်အသွေးကျဆင်းနေပြီ၊ ခေတ်မမီ တော့ပြီ၊ ခွဲခြားမှုတွေကိုခံစားနေရပြီ ဆိုရင် အနာဂတ်ဘ၀တွေ ဘယ်လိုရှင်သန်နိုင်မှာလဲ။ သေချာတဲ့အကျိုးဆက်ကတော့ အများစုကြီးရဲ့အနာဂတ်ဘ၀တွေ နစ်နာတော့မယ်၊ ထိခိုက်တော့မယ်၊ လူသားအရည်အသွေးတွေ ကျဆင်းသွားမယ်၊ ခွဲခြားတတ်လာမယ်။ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းဖြစ်နိုင်ပါတော့မလား။

ကျောင်းပညာရေးရဲ့ ကျဆုံးမှု (သို့မဟုတ်) အောင်မြင်မှုဟာ ကျောင်းဆရာဆရာမများရဲ့ အရည်အသွေးများနဲ့ စွမ်းရည်တွေအပေါ်မှာ အများကြီးမူတည်နေတာပါ။ ဒါကြောင့် ဆရာအတတ်ပညာ သင်တန်းတွေ၊ အရည်အချင်းမြှင့်သင်တန်းတွေ ၀န်ထမ်းအသစ် ခန့်အပ်ရေးတွေနဲ့ လုပ်ငန်းခွင်သင်တန်းတွေအတွက် နိုင်ငံတိုင်းမှာ မူဝါဒတွေကို စနစ်တကျ ချမှတ်ပြီး ဆောင်ရွက်ကြရပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ ကျောင်းဆရာလုပ်နိုင်ဖို့ရာ ကျောင်းဆရာဘွဲ့ (သို့မဟုတ်) ပညာရေးဘွဲ့ရရှိထားဖို့လိုအပ်ပါတယ်။ ဘယ်ဌာနမှာ ဘယ်နှစ်နှစ်ကြာကြာ တာဝန်ထမ်းဆောင်ခဲ့သည်ဖြစ်စေ၊ ဘယ်ပညာရပ်မှာဖြစ်ဖြစ် မဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေအထိရသည်ဖြစ်စေ၊ ကျောင်းဆရာဘွဲ့မရှိရင်တော့ ကျောင်းစာသင်ခန်းတွင်းမှာ စာသင်တဲ့ ကျောင်းဆရာအလုပ်ကို မရရှိနိုင်ပါ။ ပညာရပ်ဆိုင်ရာ တန်ဖိုးမြင့်မားတဲ့ ကျောင်းဆရာအတတ်ပညာဟာ အသေအချာလေ့ကျင့်ယူရမည့် ပညာတစ်ရပ်ဖြစ်လို့ပါဘဲ။ အဲဒီအတွက် စာရေးသူဟာ သြစတြေးလျနိုင်ငံမှာ ပညာရေးဘွဲ့ သင်တန်းကို တက်ရောက်နေခဲ့စဉ်မှာ အသက် ၄၀၊ ၅၀ ကျော်အရွယ် လုပ်သက်ရှိ သိပ္ပံပညာရှင်တွေ၊ ပညာရပ်နယ်ပယ်အသီးသီးက ပါရဂူဘွဲ့ရတွေ၊ လေယာဉ်မောင်း အင်ဂျင်နီယာကြီးတွေဟာ (ကျောင်းဆရာဘွဲ့) ပညာရေးဘွဲ့အတွက် သင်တန်း ပြန်လည် တက်ရောက်ကြရပါတယ်။ ဘွဲ့တွေအလီလီရထားကြပေမယ့် အနည်းဆုံးအချိန်ပြည့် တစ်နှစ်လောက်တော့ ပြန်တတ်ကြရတာပါ။ သူတို့နိုင်ငံတွေမှာ တစ်သက်တာမှာ ပရော်ဖက်ရှင်နယ်အလုပ်တွေကို မကြာခဏ ပြောင်းလဲလုပ်တတ်လေ့ရှိကြတယ်မဟုတ်လား။ အခြားသော အတွေ့အကြုံတွေဟာ ကျောင်းပညာရေးလုပ်ငန်းများမှာ များစွာ အထောက်အကူပြုမှာပါ။ သို့ပေမဲ့ ပညာရေးဘွဲ့တော့လိုအပ်နေသေးတယ်လေ။ ကလေးသူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းစတဲ့ အခြေခံပညာကျောင်းတွေမှာ တက္ကသိုလ်က အသိအမှတ်ပြု ပညာရေးဘွဲ့ တစ်ခုခုရရှိထားပြီး အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာရယ်၊ အစိုးရ ပညာရေးဌာန မှ အသိအမှတ်ပြုကျောင်းဆရာလိုင်စင်တွေရှိမှသာလျှင် ကျောင်းဆရာအလုပ် လျှောက်ထားခွင့်ရှိတာပါ။ ဆွဲခန့်ဆိုတာမျိုးမရှိပါဘူး။ ကလေးတွေအကြောင်း၊ ကလေးဖွံ့ဖြိုးမှု အကြောင်း၊ ပညာသင်ကြားရေးနှင့် သင်ယူရေးအကြောင်း၊ ပညာရေးဒဿနအတွေးအခေါ်၊ ပညာရေးစိတ်ပညာ၊ သင်ခန်းစာစီစဉ်ပြင်ဆင်ခြင်း၊ ပညာရည်တိုးတက်မှုကို စစ်ဆေးနည်း အမျိုးမျိုး၊ ဒီမိုကရေစီစံနှင့် ယဉ်ကျေးမှုတွေကို ကျောင်းပညာရေးမှ ပျိုးထောင်ပေးခြင်း၊ ပညာရေးစီမံခန့်ခွဲမှုပညာ၊ ဆရာ့ဘ၀ဆရာ့အလုပ်အကိုင်၊ လူ့အဖွဲ့အစည်းနှင့် ပညာရေး ဆက်နွယ်နေမှု၊ အနာဂတ်ဘ၀များရဲ့ ရှင်သန်ရေး စတဲ့ပညာရပ်ဆိုင်ရာ အကြောင်းတရားတွေ၊ ဗဟုသုတတွေဟာ ကျောင်းဆရာအလုပ်အတွက် မရှိမဖြစ်တွေပါ။ ဘာသာရပ်နယ်ပယ်အလိုက်၊ အတန်းအလိုက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ၊ ခေါင်းစဉ်များ၊ အကြောင်းအရာများနှင့် စာသင်ကြားနည်း အမျိုးမျိုး ကိုလည်း ခြေခြေမြစ်မြစ် လေ့လာကြရတယ်။ တက္ကသိုလ်ကပါမောက္ခတွေရယ်
ဝါရင့် ဆရာဆရာမကြီးများရဲ့ ကြီးကြပ်မှုတွေ အောက်မှာ ကျောင်းစာသင်ခန်းတွင်း လက်တွေ့တန်းပြသင်ကြားခြင်းကိုလည်း နှစ်စဉ်ဆင်းကြရပါတယ်။ သင်တန်းဆင်းကျောင်းဆရာဆရာမများကိုလည်း ထိုက်တန်စွာ ပံ့ပိုးပြီး တန်ဖိုးထားကြပါတယ်။

မြန်မာ ကျောင်းဆရာဆရာမတစ်ဦးရဲ့ ၀င်ငွေလစာဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံက ကျောင်း ဆရာဆရာမများရဲ့ လစာတွေနဲ့ ၁၀ ဆ ကွာခြားနေတယ်။ လူနေမှုစရိတ်ကတော့ အတူတူလောက်ရှိတာပါ။ ဆယ်စုနှစ်များစွာမှာ ပေးဆပ် စွန့်လွှတ်ခဲ့ကြသူ ကျောင်းဆရာဆရာမများရဲ့ လူမှုဘ၀ကို စာနာထောက်ထားသင့်ပါတယ်။
-
ကျောင်းဆရာဆရာမတွေက ပြုစုပျိုးထောင်ပေးခဲ့လို့ အခုလို အသိဥာဏ်တွေရရှိခဲ့၊ လူလားမြောက်လာခဲ့၊ မိမိနှင့် မိမိရဲ့  ပတ်ဝန်းကျင်အကြောင်း၊ ကမ္ဘာကြီးအကြောင်းကို တိုးတက်သိမြင်ခွင့်တွေ ရရှိခဲ့တဲ့ ကျေးဇူးတရားတွေကို အစဉ်သဖြင့် သတိရနေသင့်တယ် မဟုတ်ပါလား။ လက်ရှိလုပ်ငန်းခွင်မှာရှိနေတဲ့ အခြေခံပညာကျောင်းဆရာဆရာမများကို တန်ဖိုးထားခြင်းဟာ မိမိရဲ့ ဘ၀ကို ဆယ်စုနှစ် တစ်ခုကျော် ပဲ့ကိုင်ထိန်းကျောင်း လမ်းညွန်ပေး ခဲ့တဲ့ ကျေးဇူးတရားကို ပေးဆပ်ရာရောက်သလို အနာဂတ်ဘ၀များစွာအတွက်လည်း ပံ့ပိုးကူညီခြင်းဖြစ်ပါတယ်။ ကျောင်းဆရာဆရာမများရဲ့  ပညာ အရည်အသွေးမြင့်မားရေး၊ စား၊ ၀တ်၊ နေရေး လူမှုဘ၀ပြည့်စုံဖူလုံရေးနှင့် ဆရာအလုပ်အကိုင် ဆရာဆရာမ ဂုဏ်သိက္ခာနှင့် အညီ ဘ၀ရှင်သန်ရပ်တည်နိုင်ရေးတွေအတွက် နိုင်ငံတော်၊ အာဏာပိုင်အဖွဲ့ အစည်းများ၊ ပြည်နယ်၊ မြို့ ၊ ရပ်ရွာဒေသလူ့ အဖွဲ့ အစည်းများဟာ အကောင်းဆုံးဖြည့်ဆည်းပေးရမှာပါ။ ဒါဟာ ၂၀၀၈ ကမ္ဘာ့ဆရာများနေ့  ဂုဏ်ပြုဆောင်ပုဒ်ဖြစ်တဲ့ "ဆရာဆရာများကို တန်ဖိုးထား ကြပါစို့ " နှင့် အညီလည်း ကျင့်ကြံလုပ်ဆောင်ရာဖြစ်သလို မြန်မာတွေရဲ့ အနာဂတ် အတွက်လည်း ဖြစ်ပါကြောင်း။
-
ကျောင်းဆရာဆရာမများကို တန်ဖိုးထားခွင့်ရှိသော ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင်ကောင်း လူ့အဖွဲ့အစည်းတစ်ရပ်ကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ပါစေ။

သိန်းနိုင်
၅ ရက် အောက်တိုဘာ ၂၀၀၈၊ ကမာ့ဆရာများနေ့  ၂၀၀၈ အမှတ်တရ ဆောင်းပါး။

You received this email because you are subscribed to the real_time feed for http://educationinmyanmar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[The colors and the shapes] 1 New Entry: happy holidays

happy holidays

happy holidays, originally uploaded by Maung Maung aka Mexx.

You received this email because you are subscribed to the real_time feed for http://mgmg74.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 4 New Entries: အဖေ့အတွက် အမေ့ရဲ့စာ

အဖေ့အတွက် အမေ့ရဲ့စာ

ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းထွန်းနိုင် ကွယ်လွန်

NEJ/ ၂၃ ဒီဇင်ဘာ ၂၀၀၈

ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းထွန်းနိုင် ယနေ့ နံနက် (၅) နာရီအချိန်က ရန်ကုန် မဟာမြိုင် အထူးကုဆေးခန်းတွင် သွေးတိုးရောဂါဖြင့် ကွယ်လွန်သည်ဟု ၎င်း၏ မိသားစုများက ပြောသည်။

အကယ်ဒမီ ထွန်းထွန်းနိုင်သည် ကွယ်လွန်ချိန်တွင် အသက် (၅၇) နှစ် ရှိပြီဖြစ်သည်။ သူ၏ရုပ်အလောင်းကို ဒီဇင်ဘာ (၂၅) ရက် (ခရစ်စမတ်နေ့ ) ၌ ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

အကယ်ဒမီ ထွန်းထွန်းနိုင်သည် ၁၉၈၅ ခုနှစ်က အချစ်မီးလျှံထဲက မေချို ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆုရခဲ့သူဖြစ်ပြီး ယခု သေဆုံးချိန်ထိ ဒါရိုက်တာ နောင်ထွန်းလွင်အမည်ဖြင့် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သည်။

မျိုးချစ်မြန်မာ ၏ ဖခင် ဦးထွန်းထွန်းနိုင် ကွယ်လွန်ခြင်း

မိတ်ဆွေတို့

ကျွန်တော့်အဖေ ရုပ်ရှင်မင်းသား ထွန်းးထွန်းနိုင် ခေါ် ဒါရိုက်တာ နောင်ထွန်းလွင် ဟာဒီနေ့မနက် မြန်မာစံတော်ချိန် ၅ နာရီခန့်  မြန်မာပြည်မှာရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။

ကျွန်တော် ဘယ်လောက်ခံစားနေရလဲဆိုတာ စာနဲ့ပြောဖို့ကြိုးစားနေဆဲပါ

လောလောဆယ်တော့ အဖေက ဦးမောင်နဲ့ မရွှေဇီးကွက် တို့ ကောင်းမှုကြောင့် ရေဝေးမှာရောက်နေပါပြီ

ဦးမောင်ခုဘဲပေးပို့လာတဲ့ ပုံလေးတွေပါ

ကျေးဇူးပါဦးမောင်

ကျွန်တော် ကြေကွဲစွာ ကျေးဇူးတင်ပါတယ်

မျိုးချစ်မြန်မာ

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,23th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )လူသားကပ်ဘေး ကျရောက်မှု ၁၀ နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ပါဝင်

( 2 )MSF lists top 10 humanitarian crises

( 3 )အောင်ဆန်းစုကြည်ကို ကမ္ဘာ့ အမျိုးသမီးခေါင်းဆောင်များ ကောင်စီက ဂုဏ်ပြု

( 4 )'Top Ten' Humanitarian Crises

( 5 )မြန်မာဒုက္ခသည်တွေကို ဂျပန်မှ လက်ခံမည့်အပေါ် ကုလက ကြိုဆို

( 6 )Moms get poor care in Myanmar

( 7 )North Korean defector asks Myanmar to release her children

( 8 )မိုင်းဆတ်ထောင်ရှိ ကိုကိုကြီး ကျန်းမာရေး မိသားစု စိုးရိမ်

( 9 )မလှိုင် မယက ဦးဆောင်ပြီး မင်းမဲ့စရိုက် လုပ်ဆောင်

( 10 )လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦးကို စစ်အစိုးရ အာဏာပိုင်များက နေရပ်ရင်း ပြန်ပို့

( 11 )အမ်းနှင့် သံတွဲတွင် တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းများကို လျှပ်စစ် အမှတ်(၁) ဒုဝန်ကြီး မျိုးမြင့် စစ်ဆေး

( 12 )Burma's mothers have poor access to healthcare

( 13 )ဖမ်းဆီးခံ မြောက်ကိုရီးယားများ နှစ်သစ်အကြိုနေ့တွင် တရားရင်ဆိုင်ရမည်

( 14 )Burma grounds its jumping cats

( 15 )ရန်ကုန်တိုင်းတွင် မှောင်ခိုလောင်စာဆီဆိုင်များ တရားဝင် ဖွင့်ခွင့်ပြု

( 16 )ရန်ကုန်မှာ ဖွင့်သည့်ရွှေဈေးကွက် ကုန်သည်ငယ်များ လက်လှမ်းမမီ

( 17 )ရန်ကုန်လှိုင်သာယာမီး သိန်းသောင်းနှင့်ချီဆုံးရှုံး

( 18 )ကျန်းမာရေးဆိုးရွားသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦး ထောင်ဆေးရုံတက်

( 19 )Forced labour in army rubber plantation

( 20 )တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ

( 21 )China Builds Fence on Part of Burma's Kachin Border

( 22 )Growing number of armed checkpoints doubles cost of travel on Thanbyuzayart motor road

( 23 )Russia Urges Burma to Cooperate with UN

( 24 )နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင် ဂိတ်ကြေးကောက်

( 25 )A Gloomy Christmas in Rangoon

( 26 )Government decides to set up 13 Integrated Check Posts (ICPs) along Indian land border

( 27 )နေပြည်တော်နေ့စဉ် သတင်းစာ ထွက်တော့မည်

( 28 )စံနေတာတွေ အားလုံးပယ်စေဖို့ စံပယ်လှုပ်ရှားမှု

( 29 )ကရင်ပြည်နယ်နှင့် တခြားပြည်နယ်များတွင် အဓ္ဓမြေယာသိမ်း

( 30 )Than Shwe and team to tour cyclone-hit Irrawaddy delta

( 31 )သရုပ်ဆောင် ထွန်းထွန်းနိုင်ကွယ်လွန်

( 32 )တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ AK – 47 ကျည်ဆံရှားပါး

( 33 )စပယ် လူထု လှုပ်ရှားမှု စတင်ပြီ

( 34 )Police arrest drug trafficker, seize Yaba in Maungdaw

( 35 )မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေ လုံလောက်မှု မရှိဟု MSF ပြောကြား

( 36 )Prisoners force to into daily labour

( 37 )ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူ ထောင်ဒဏ် ၅ နှစ်ထပ်တိုး

( 38 )Regime makes identity cards for those under 18

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[Laminkhin] 1 New Entry: LEADERSHIP GUIDELINES

LEADERSHIP GUIDELINES

ဒီညတော့ ကျမ ကို သူငယ်ချင်းရဲဘော် အတော်များများကတောင်းဆိုထားတဲ့အယူအဆအတွေး
အခေါ် နဲ့ အမ ကိုယ်တိုင်ရေးတာလေးတွေ တင်ပြပေးပါလို့ ဆို တဲ့ တောင်းဆို မှု ကိုဖြည့်ဆည်း
တဲ့ အနေနဲ့ သော်လည်းကောင်း ဘလော့မိတ်ဆွေများလည်း လိုချင်ရင် ယူတက်ရင် ရတာလေး
ယူသွားဖတ်သွား မှတ်သားသွားပါစေ --ဆိုတဲ့စေတနာနဲ့  ကျမကိုယ်တိုင် ရေး ပေမဲ့ သင်ဆရာ
မြင်ဆရာကြားဆရာအားလုံး ဆီက လက်ဆင့်ကမ်းရခဲ့တဲ့ LEADERSHIP GUIDELINES ကို
နည်းစနစ် လေး နဲ့ တင်ပြသွားပါမယ် ဒီလိုနည်းစနစ် တိုင်းဟာတော့ ပုံသေဘယ်တော့မှမ၇ှိဘူး
ဆိုတာကို လည်း ကျမ ကို လမ်းညွန် သင်ကြားပေးခဲ့တဲ့FTUB က ကိုဇာနည်သွေးကခုလို ရှင်း
ပြထားပါတယ် ။။

နည်းစနစ်တိုင်းဟာပုံသေ ဘယ်တော့မှမရှိဘူး ဒါပေမဲ့ အရင် အဆက်ဆက် က အောင်မြင်ခဲ့
သူတွေကျင့် သုံးခဲ့တဲ့ ပုံသ¾န် ကို အဆင့် လိုက် ပြန်ပြုစုထားတာတွေ ဖြစ်တော့ ယေဘူယျ
သဘောနဲ့ မှန်ကန်တဲ့ နည်းလမ်းတွေပါ သို့ သော် အခု တင်ပြမဲ့ အချက် အလက် တွေကို
ကိုယ်တိုင် ပုံစံချပြီး လုပ်မှသာ ရရှိတဲ့ အတွေ့ အကြုံကအမှန်ဆုံးဖြစ်ပါတယ်ဒီတော့လက်တွေ့ 
လုပ်ကြည့်ကြပါ --ရလာရင် တော့ ခု လိုပြန်ဝေငှ ကြပါစို့  --- ဆို ပြီး ကျမ

LEADERSHIP GUIDELINES ကို အတိုချုပ်ပြီး တင်ပြလိုက်ပါတယ် ။။

ခေါင်းဆောင်မှု တိုင်းသည် ---
ခေါင်းဆောင်တစ်ယောက်ဟာ လုပ်ငန်းတစ်ခု ဒါမှမဟုတ်
အခြေအနေတစ်ခု နဲ့  ကြုံတွေ့ လို့ ဆုံးဖြတ်မယ်ဆိုရင်မရှိ
မဖြစ်ရှိရမဲ့ အချက် သုံးချက်ရှိတယ် အဲဒါတွေကတော့--
--- ဖြစ်နိုင်ခြေဆိုတာရှိကိုရှိရမယ် ( POSSIBLE)
--- လုပ်နိုင်ခြေရှိတဲ့အချက်အလက်အင်္ဂါရပ်နဲ့ ပြည့်စုံရမယ်(PROBABLE)
--- အတည်ပြုလုပ်ဆောင်ရမယ် (PROVON) ဆိုပြီး သင်္ကေတ အနေနဲ့ 
3P ဆိုပြီး မမေ့မလျော့ လက်တွေ့  ဆောင်ရွက် ကြရအောင် --ပြီးရင် ပထမ P ဖြစ်တဲ့ 

POSSIBLE (ဖြစ်နိုင်ခြေ)
ဖြစ်နိုင်တဲ့ အခြေအနေအရပ်ရပ်မှာအခြေခံကျတာကတော့
--- တိကျတဲ့သတင်းရရှိမှု (SOURCES)
---- သဘာဝပတ်ဝန်းကျင်အခြေအနေ(ENVIRONMENT)
---- အတည်ပြုထားသည့် ယူဆချက် (THEORY)
ဒါကို S -- E – T လို့ မှတ်သားပြီး SET method လို့ ခေါ်ပါတယ်။။ဒုတိယ P ဖြစ်တဲ့

PROBABLE (လုပ်နိုင်ခြေ) အခြေအနေအရပ်ရပ်မှာအခြေခံကျတာကတော့
---- ရရှိထားတဲ့သတင်းအပေါ်အတည်ပြုမှု (ျRESEARCH)
---- မဟာဗျူဟာမြောက်အစီအစဉ်ချမှတ်နိုင်မှု ( ACTION PLAN)
---- မြင်သာသည့်အကျိုးအမြတ် (BENEFICIARY)
ဒါကတော့ R - A – B လို့ မှတ်သားပြီး RAB method လို့ ခေါ်ပါတယ်။။တတိယp ဖြစ်တဲ့

PROVEN( အတည်ပြုလုပ်ဆောင်မှု) အခြေအနေအရပ်ရပ်မှာအခြေခံကျတာကတော့
---- စီမံကွပ်ကဲမှု ( MANAGEMENT)
---- လုပ်သမျှပြန်လည်သုံးသပ်မှု (EVALUATION)
----- ထိမ်းသိမ်းမှု (MAINTAIN NESS)
---- အသိအမှတ်ပြုမှု ( APPRECIATION) တို့ ဖြစ်ပါတယ် ။။ ဒါကိုလည်း
လွယ်လင့်တကူ မှတ်သား နိုင် ရန် M – E – M –A ကိုမှတ်သားပြီး MEMA method လို့ မှတ်သားကြရအောင်

-- ဒီလို အတို လေး တွေ မှတ်သားပြီး လေ့ကျက် ရုံ မဟုတ်ပဲ ဒီအလုပ်လုပ်ရင် ဒီအချက် တွ မပါရင်အောင်မြင်
နိုင် ပါ့ မလား ပြန်စဉ်းစားနိုင်ပါတယ် ဒီအချက်တွေထည့်သွင်းစဉ်းစားပြီး ခေါင်းဆောင်မှု နည်းစနစ်ကို ဒုတိယ
ပိုင်း အဖြစ် ဆက်လက် တင်ပြပါဦးမယ်။
စာဖတ်သူများကိုတည်ကြည်လေးစားစွာ
မေအိခင်(လယ်ဝေး)

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[May Nyane] 1 New Entry: မြသီလာအလွမ်းပြေ(၂၇)

မြသီလာအလွမ်းပြေ(၂၇)

၉၆ ဟာ ကျမဆီကို တကယ်ပဲ ကဆုန်ပေါက် ဒုန်းစိုင်းရောက်လာတဲ့ နှစ်ပါပဲ။
၉၆ဧပြီမှာ ဒေါ်ခင်မင်းဇော် မင်္ဂလာပွဲပြီးတော့ နွေပိတ်ရက်မို့ ၁၀တန်းစာစစ်ကလည်း မပြီးသေးတာမို့ ကျမ ဘားအံ မပြန်ဖြစ်..။ အဲဒီနွေမှာပဲ ပါပါ ပင်စင်ယူလို့ ကျမအင်မတန်ချစ်တဲ့ စွယ်တော်ရိပ်ကို စွန့်ရပြန်ပါတယ်။ စွယ်တော်ရိပ်ထဲက ခမ်းနားလှတဲ့ လုံချင်းအိမ်ကြီးကနေ ရွှေ့ရပြီးတဲ့နောက် အဲဒီအချိန်မှာ ပင်စင်စား ပါမောက္ခကြီးခမျာ အိမ်ပိုင်မရှိ.. အိမ်ဝယ်စရာငွေကြေးလည်း မရှိတော့တဲ့အတွက် ပြောင်းနေဖို့ ရွေးလိုက်တဲ့ အိမ်ကလေးကတော့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ပုဂံခြံဝင်းလို့ခေါ်တဲ့ ၀န်ထမ်းအိမ်ရာဝင်းလေးထဲက သစ်သားအိမ်လေးပါ။ ပုဂံလမ်းမှတ်တိုင်နောက် ခြံဝင်းထဲက တန်းလျားအိမ်လေးတွေပေါ့။ ကျောင်းဝန်းကျင်ဆီ ကနေတော့ ဝေးမသွားဘူးပေါ့။ ပြီးတော့ သားကို TTC မှာ ကျောင်းထားဖို့ ဆိုရင်လည်း သွားရေးလာရေး အဆင်ပြေတယ်ပေါ့။ ကျမကတော့ ရန်ကုန်ကို ခဏပြန်တဲ့ အခိုက်ဆို ပါပါတို့ မာမာတို့နဲ့ တည နှစ်ည အိပ်လိုက်.. မြို့ထဲက အဖေအမေအိမ်မှာ အိပ်လိုက်ပေါ့။ ကျမဘ၀ ဘာမှန်းကို မသေချာတဲ့အချိန်။ ဘ၀ထဲ တကယ့် အနာဂတ်သေနဲ့။ အဲဒီကာလမှာတုန်းက ကျမရဲ့ ဘ၀ဆိုတာက သားအတွက်နဲ့ တပည့်တွေအတွက်.. ပြီးတော့ ကျမရဲ့ ရှိစုမဲ့စု စာဖတ်ပရိသတ် အနည်းအကျဉ်းလေးအတွက်.. ဒါပါပဲလို့ ရေစုန် မျှောထားတဲ့အချိန်..။

အဲဒီနွေအကုန် မေလထဲမှာပဲ "အသံသစ်ပြတိုက်" ထွက်ခဲ့ပါတယ်။ ကျမ ထွက်ခဲ့သမျှ စာအုပ်တွေအကုန်.. best seller မဖြစ်ခဲ့ပေမဲ့ ကျမ ချစ်တာချည်း.. ကျေနပ်တာချည်းပါ..။ ဒါပေမဲ့ အဲဒီထဲမှာ အသံသစ်ပြတိုက် မပါပါဘူး။ ဒါကြောင့် ကျမကို အသံသစ်ပြတိုက်ကျမှ သိတယ်လို့ ပြောလာရင် ကျမ စိတ်မကောင်းဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ အသံသစ်ပြတိုက်ကို ထုတ်ဖို့ Today စာအုပ်တိုက်နဲ့ ကျမနဲ့ ဇော်ဝင်းထွဋ်နဲ့ ညှိခဲ့ကြတာ ဒီပုံစံ မဟုတ်ပါဘူး။ ဓာတ်ပုံတွေဆို Four color နဲ့ Dual tone နဲ့ တကယ့် ကဗျာဆန်ဆန်.. အနုပညာဆန်ဆန်..။ သုံးမယ့် စက္ကူကလည်း အကောင်းစား.. တချို့နေရာတွေမှာ Art Paper တွေ သုံးမယ်ပေါ့။ ကျမနဲ့ ကိုညီထွဋ်ရယ် မမေခိုင်ရယ်.. သေချာကို အချိန်ပေး.. ဓာတ်ပုံတွေ ရွေး စိတ်ကူးကြ..။ ကျမကလည်း စာကို အတ္ထုပ္ပတ္တိ မဆန်အောင် လေးလေးလံလံကြီး ဖြစ်မနေအောင်.. ပုံစံ သွက်သွက်လေးနဲ့ ရေးဖို့ ကြိုးစား။ ပြီးတော့ ဇော်ဝင်းထွဋ်ဆိုတာက ကိုယ်အင်မတန်ကြိုက်တဲ့ အဆိုတော်ဖြစ်တဲ့အပြင် ကိုယ့်အကိုလို ဖြစ်နေတာ။ ဆိုတော့ သူနဲ့ ပတ်သက်တာကို သေချာ လုပ်ချင်တယ်။ ဒါဟာ တကယ့်မှတ်တမ်းလေးတစ်ခုလည်း ဖြစ်မယ်ပေါ့။

ဘာပဲဖြစ်ဖြစ်.. ဇော်ဝင်းထွဋ်ဟာ မြန်မာပြည် Rock ဂီတရေစီးကြောင်းရဲ့ မြစ်လက်တက် တခုတော့ ဖြစ်တယ်။ လမ်းဖြစ်အောင်ဖောက်ခဲ့ရသူတွေထဲက တယောက်လည်း ဖြစ်တယ်။ ခေတ်အခြေနေကြောင့် Copy သီချင်းတွေသာ ဆိုခဲ့ရပေမဲ့ အဲဒီ Copy သီချင်းထဲ Mood အပြည့်ထည့်ပြီး ကြိုးစားဆိုတဲ့သူ..။ နောက်တချက်က ဇော်ဝင်းထွဋ်ဆိုတာက စာဖတ်တဲ့ ပန်းချီဆွဲတဲ့ အသစ်ဖန်တီးချင်တဲ့ ပရိသတ်အတွက် အကောင်းဆုံးကို ပေးချင်တဲ့ အနုပညာသမား...။ နောက် ၈၈နောက်ပိုင်းမှာ ကောင်းကင်မေမေ.. မျိုးဆက်သစ်သီချင်း.. အသစ်ကပြန်စ... ဂန္ဓ၀င်စိမ်းတွေနဲ့ လူငယ်တွေကို သွေးနွေးစေခဲ့တဲ့သူလေ။ ပြီးတော့ ကျမက Rod Steward ကို ကြိုက်တဲ့သူပီပီ.. ကိုညီထွဋ်ကိုလည်း ကြိုက်တဲ့သူမို့ သူ့အကြောင်း ရေးချင်တာလည်း ပါပါတယ်။ သေချာတာ ကတော့ သူ့ခေတ်တခေတ်လည်း ဖြစ်နိုင်ခဲ့တဲ့ အနုပညာသမားတယောက်အကြောင်းကို သေသေချာချာ ရေးချင်တာပါပဲ။

ဒီတော့ စာအုပ်လေးကိုလည်း လှလှလေး ဖြစ်စေချင်တယ်..။ အဲဒီစာအုပ်လေးရေးဖို့ ကျမ သူတို့မိသားစုနဲ့ အတူသွား အတူစား အတူအိပ် ခရီးထွက်သမျှ လိုက်.. Show တွေ လိုက်... အဲလို အချိန်ပေါင်းများစွာ နေခဲ့ပြီးမှ ရေးရတာ။ ကျမတို့တွေက ခေတ်အတူတူ ဖြတ်သန်းခဲ့ရတဲ့ သူတွေဖြစ်တဲ့အပြင် ဖြတ်သန်းနေထိုင်ခဲ့ကြရတဲ့ ၀န်းကျင်ကလည်း အတူတူ.. ပြီးတော့ သိဟောင်းကျွမ်းဟောင်းတွေလည်း ဖြစ်လေတော့ ပိုပြီး ရင်းရင်းနှီးနှီး ရှိတာပေါ့။ ညနက် Stage show က ပြန်ရင်လည်း ကျမတို့ သားအမိကို ကြုံတဲ့သူက လိုက်ပို့ပေးရတာလေ..။ (ပတ်ဝန်းကျင်က ကျမကိုပြောတဲ့အထဲ အဲဒါကလည်း ပါပါတယ်။ ကျမက လမ်းသူရဲတွေနဲ့ တရုန်းရုန်းတဲ့လေ..)။ အဲဒီ စာအုပ်အတွက် ကျမ အချိန်တွေ အများကြီး ပေးခဲ့ရတာပါ။

(အဲဒီတုန်းက မေငြိမ်း၊ဇော်ဝင်းထွဋ်+မေခိုင်)

တကယ်တော့ ရတဲ့ စာမူခက နည်းနည်းလေးပါ။ ကျမကသာ သေချာလုပ်ချင်လို့ ရေးချင်လို့ ရေးခဲ့တာ..။ ဒါပေမဲ့ တကယ်တမ်း စာအုပ်ထွက်လာတော့ တကယ့် တလွဲ.. ။ စက္ကူ အမျိုးအစားက အစ.. စာအုပ်အပြင်အဆင် အထိ...။ အဆိုးဆုံးကတော့ စိစစ်ရေးက ဖြုတ်တဲ့ စာပိုဒ်တွေကို ကျမကို အသိမပေးခဲ့တာပါပဲ။ ဥပမာ ဇော်ဝင်းထွဋ်တို့ Emperors က အဲဒီတုန်းက ဆံပင်ရှည်ကြီးတွေနဲ့.. ဆိုတော့ ဘာလို့ ဆံပင်ရှည် ထားကြတယ်ဆိုတာတွေကို တယောက်ချင်း မေးထားတဲ့ အမေးအဖြေတွေပေါ့။ သူတို့ဖြေကြတာတွေ သိပ်ကောင်းတာပဲ..။ ဒါပေမဲ့ အဲဒါတွေ အဖြုတ်ခံရတယ်။ ဒီတော့ တချို့နေရာတွေမှာ အကြောင်းအရာတွေက ဟကုန်..။ စာအုပ်ထွက်ပြီးမှပဲ ကျမ အဲဒါကို သိရတယ်။ တကယ်ဆို ဖြုတ်ခံရတဲ့ စာပိုဒ်တွေကို ကြိုသိရင် ရှေ့နဲ့နောက် လှလှပပဖြစ်အောင် ပြန်ပြီး ချိတ်ဆက်လို့ ရတာပေါ့။ အဲဒီ စာအုပ်မိတ်ဆက်ပွဲမှာတောင် အဲဒီ စိတ်ပျက်ရမှုကို ပြောဖြစ်ခဲ့ပါသေးတယ်။

(ရှေ့ဖုံး- အီတိုးလေး)

(နောက်ဖုံး)

ဒါကြောင့် ကျမ ပြန်မတွေးချင်တဲ့ မေ့ပစ်ချင်တဲ့ စိတ်ဝေဒနာတခုထဲမှာ အသံသစ်ပြတိုက်လည်း ပါပါတယ်။ အင်း ဒါပေမဲ့ 'အသံသစ်ပြတိုက်'ကြောင့် နောက်ပိုင်းမှာ လူငယ်တွေရဲ့ လက်ခံမှုကို ပိုရလာပြီး လူငယ်တွေနဲ့ ပိုနီးစပ်သွားခဲ့ရတာကတော့ ကျမရဲ့ တက္ကသိုလ်ဆရာမဘ၀မှာ တန်ဖိုးတခု ရှိခဲ့တယ်လို့တော့ ပြောရမှာပါလေ။

+++++

၉၆ ရဲ့ မေလနောက်ပိုင်း ကျောင်းပြန်ဖွင့်ရက်တွေကတော့ ကျမ ရှေ့၂၄.. ၂၅ မှာ ရေးခဲ့သလိုပါပဲ..။ ခရီးတွေ တောက်လျှောက် ထွက်တာ..။ ဘားအံက တပည့်တွေနဲ့ကတော့ ကရင်ပြည်နယ်.. မွန်ပြည်နယ် တ၀ိုက်..။ နောက် ၉၆ အောက်တိုဘာ ကျောင်းပိတ်ရက် ကျတော့ ရန်ကုန်က တပည့်ဟောင်းတွေနဲ့ မြန်မာပြည်အထက်ပိုင်း တလျှောက်..။ အဖေ့ကုမ္ပဏီက လိုင်စင် ရုပ်သိမ်းလိုက်ရတော့ ခရီးသွားတဲ့ ကားက တစီးလောက် အမြဲ ရှိနေတတ်တာမို့ အဖေ့ကားကို ယူသွားပြီး လျှောက်သွားတာပါ။ ဒီကြားထဲ Emperors တွေနဲ့လည်း သူတို့ Stage Show တွေ လျှောက်လိုက်သေးတာ..။ တန်ဆောင်တိုင် တောင်ကြီးမီးပုံပျံပွဲကနေ... အင်းလေး ညောင်ရွှေ ပင်းဒယ ပုဂံ ညောင်ဦး ပုပ္ပား မန္တလေး မေမြို့ထိကို တကယ့်ကို စုံတကာစေ့..။ ကားတွေ သုံးလေးစီး တန်းစီပြီး သွားကြတာ။ အဲဒီအချိန်က ဆေးဆိုးပန်းရိုက်မျက်နှာ ထွက်ပြီးစ။ အဲဒီတုန်းက Emperors မိသားစုတွေနဲ့အတူ ကိုရင်ဂိုတို့ မိသားစု..ပါလေ့ရှိတယ်။ သီရိဂျေမောင်မောင်တို့ သားအမိပါတယ်..။ ဟယ်ရီလင်းလည်း ပါတတ်တယ်။ နောက် ဒက်ဒီနဲ့ မာမီ (မင်းမင်းလတ်တို့ ဇနီးမောင်နှံ)။ စည်သူလွင်..၊ ပီးပေါ်တို့ လင်မယား.. တခါတလေ.. ကျမရဲ့ ရန်ကုန်က တပည့်တွေတောင် ပါတတ်တယ်။

ကျမတို့က လမ်းခရီးမှာ နားရင်တောင် ထန်းတောတွေ့ရင် ထန်းတောထဲ ကားတွေထိုးရပ်ပြီး ထန်းရည်ချိုတွေ သောက်ကြ..။ ထန်းတက်သမားတွေနဲ့ စကားတွေပြောကြ။ ပွဲတောင်းရင် အဲဒီမှာတင် ဂစ်တာတီးပြီး သီချင်းတွေ ဆိုကြ။ မိတ္ထီလာဆိုရင်လည်း ကန်ဘေးမှာ ကားရပ်နားကြ.. ပြည်ဆိုလည်း ပြည်အ၀င် မင်းကြီးတောင်ဘေးနား ဧရာဝတီ မြစ်ကမ်းဘေး မှာ နားကြ။ အဲလို နားကြတာ။ အတွေ့အကြုံတွေလည်း အများကြီးရ..။ ကိုညီထွဋ်နဲ့ ပန်းချီရေးမယ်လို့ တိုင်ပင်ပြီး sketch တွေတောင် ကောက်ခဲ့သေးတာ။ (သူကတော့ နောက်ပိုင်း တကယ် ပန်းချီတွေ ပြန်ရေးဖြစ်တယ်။ ကျမသာ... ဆေးမ၀ယ်နိုင်လို့ :P ) စာတွေ ရေးချင်တာလည်း ပါတာပေါ့လေ။ ရေးစရာတွေလည်း ရပြီး စာတွေလည်း တကယ် ရေးဖြစ်ပါတယ်။ အဲဒီတုန်းက အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ခုထိ မရေးဖြစ်သေး တာတွေလည်း အများကြီး ကျန်နေသေးတာ..။ အဲဒါတွေကို အသက်ကြီးလို့ ဆရာမဘ၀က ပင်စင်ယူပြီးရင်တော့ ကိုယ့်ဘာသာ စာတွေပဲ တစိုက်မတ်မတ် ရေးတော့မယ် ပေါ့...။ ခုတော့လည်း... ဘ၀က ဘာတွေ ဘယ်လိုဖြစ်ဦးမယ် မသိပြန်..။

(အဲလို မြန်မာပြည်ထဲ ခရီးတွေ တင်းကျမ်းသွားခဲ့ရတာမို့ ခု ထိုင်းမှာနေနေရချိန် ထိုင်းက ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ချမ်းသာနေတာကို တွေ့တဲ့အခါမှာ ကိုယ်တိုင်းပြည်နဲ့ ယှဉ်ကြည့်ပြီး ရင်နာရတာပါ။ ထိုင်းမှာက လှအောင် မနည်းလုပ်ထားရတာလေ.. ပြီးတော့ တကယ် Tour Area လုပ်နိုင်တဲ့ နေရာက နည်းနည်းလေး.. ။ ကျမတို့ တိုင်းပြည်မှာက ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက်... ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာချည်း...... - စကားချပ်)

ကျမကတော့ ရောက်လေရာမှာ မှတ်စရာရှိတာတွေ သယ်ပိုးခဲ့တာပါပဲ။ အနည်းဆုံးတော့ စာသင်ခန်းထဲက တဆင့် မျှဝေနိုင်မယ်.. အများဆုံးဆို စာမျက်နှာတွေပေါ်ကနေပေါ့။ ဥပမာ ၀န်ကြီး ပဒေသရာဇာရဲ့ ထန်းတက်သမားဘွဲ့ တျာချင်းကို သင်တဲ့အခါ ကျမတွေ့ခဲ့ရတဲ့ ကျောက်ပန်းတောင်းနားတ၀ိုက်က ထန်းတက်သမားတွေအကြောင်း ပြောပြနိုင်မယ်..။ ကုန်းဘောင်ခေတ်က ထန်းသမားဘ၀နဲ့ ခု နှစ်ပေါင်း ၁၀၀ကျော်ထိတိုင်အောင်တောင်မှ သိပ်မကွာသေးတဲ့ ထန်းသမားတွေရဲ့ ဘ၀တွေကို ပြောပြမယ်။ အဲဒါဟာ ကောင်းတာလား ဆိုးတာလား..။ ရောင့်ရဲတတ်တာလား... ပညာဥာဏ်မကြီးရင့်တာလား.. ဆွေးနွေးမယ်။ ရောင့်ရဲတာက ကောင်းလား.. တိုးတက်ဖို့ကြိုးစားတာ ကောင်းလား.. တောရွာအလှအတိုင်း ထားမလား.. ခေတ်မီ တိုးတက်တဲ့ မြို့ပြအဖြစ် ပြုပြင်မလား..။ Economy ကို ဘယ်လို တည်ဆောက်မလဲ.. ဆိုတာတွေ ငြင်းကြ ဆွေးနွေးကြမယ်ပေါ့..။ ဒါပေမဲ့ လက်တွေ့မှာတော့ စာသင်ချိန်တွေက တိုတောင်းလွန်းတာမို့ ဒါတွေ ပြောပြ ချပြဖို့ အချိန်မရပါဘူး။

အဲဒီအခါ ကျမရဲ့ စကားဝိုင်း ဆွေးနွေးဝိုင်းတွေက အဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့ ဘားအံကောလိပ်ဘေးက လမ်းဘေးလက်ဘက်ရည်ဆိုင်လေးဆီကိုပဲ ရောက် ရောက် သွားတော့တယ်။ ည ည.. လရောင်အောက်.. လမ်းမီးတိုင်ဖျော့ဖျော့အောက်က ကျမတို့ရဲ့ လက်ဘက်ရည် စားပွဲဝိုင်းက သုံးလေးဝိုင်းစာလောက် အကြီးကြီး.. ဆွေးနွေးကြ ငြင်းခုန်ကြ..။ အဲဒီမှာပဲ တကယ်စာဖတ်တဲ့ တကယ်တွေးနိုင် ဆွေးနွေးနိုင်တဲ့ ကလေးတွေ ရှိနေတာကို ကျမ ပို ပို သိခဲ့ရတာ။ ဒါပေမဲ့ အဲဒီ ရွက်ပုန်းသီးလေးတွေက ဖူးပွင့်ခွင့် မရ..။ တချိန်မှာ ကုန်ကားမောင်းမှာတဲ့.. ကုန်ကူးမှာတဲ့.. လက်ဘက်ရည်ဆိုင် ဖွင့်မှာတဲ့.. ယိုးဒယားပစ္စည်းဆိုင် တည်မှာတဲ့။ ကုန်ကားထောင်စားမှာတဲ့.. လယ်တွေ ကိုင်းတွေပဲ ပြန်လုပ်မှာတဲ့။ ကျမစိတ်ထဲ ငါဘာလုပ်ပေးနိုင်မလဲလို့ အကြိမ်ကြိမ် စဉ်းစားပြီး သက်ပြင်းချမိတဲ့ အချိန်တွေပေါ့..။ တကယ်တမ်းကျတော့ ကိုယ်တိုင်တောင် အိပ်မက်ရှိသလောက် စိတ်တိုင်းကျ ဖူးပွင့်ခွင့် မရတာ။ ဒါပေမဲ့ တချိန်ချိန်ပေါ့.. လို့တော့ တေးထား ငြိုးထား ခဲ့လိုက်ပါသေးတယ်။

+++++

အဲဒီ ၉၆ နိုဝင်ဘာ နောက်ဆုံးပတ်မှာ ကျောင်းပြန်ဖွင့်တော့လည်း ကျမကတော့ ပုံမှန်ပဲ ကျောင်းတွင်း လှုပ်ရှားမှုကိစ္စတွေထဲ စိတ်ရောက်လို့ပေါ့။ ပြီးတော့ လုံးချင်းဝတ္ထုတအုပ်လည်း ရေးလက်စ..။ ကျောင်းပိတ်ရက် တုန်းက ခရီးတွေ ဆက်တိုက်ထွက်ထားတာမို့ လူက နည်းနည်းလည်း လက်ပမ်းကျနေပြီ။ အဲဒီအချိန်မှာပဲ ရန်ကုန်မှာ ကျောင်းသားတွေ ဆန္ဒပြလို့ဆိုတဲ့ သတင်း ရောက်လာတာပါပဲ။ ၉၆ ဒီဇင်ဘာ ၃ရက် ဗုဒ္ဓဟူးနေ့ ညမှာပေါ့။ တကယ်တော့ နိုဝင်ဘာကတည်းက စက်မှုတက္ကသိုလ် ကျောင်းသားတွေနဲ့ ရဲတွေ ပြဿနာ ဖြစ်ရာက တအုံနွေးနွေး စနေခဲ့တာပါ..။ စည်ပင်ရဲနဲ့ စက်မှုကျောင်းသား၂ယောက် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်မှာ ပြဿနာဖြစ်ရာက ကျောင်းသားတွေ အဖမ်းခံရ.. တကယ် လွန်တာက ရဲက လွန်တာ..။ အဲဒီကိစ္စ ဖြေရှင်းရာမှ အာဏာပိုင်ဘက်က ကျောင်းသားတွေကို မတရားသဖြင့် ရိုက်နှက်တာမျိုးရှိလို့ ပြဿနာကြီးသွားတာပါ။ နောက်တော့ ထုံးစံအတိုင်း ကျောင်းသားဆိုတာမျိုးကလည်း မတရားသဖြင့်ဆိုတာကို ဘယ်လိုမှ သည်းမခံနိုင် တဲ့အပြင် ၈၈ရဲ့ သွေးကလည်း အေးသေးတာမဟုတ်လေတော့ ဖြစ်ပြီပေါ့။

ရန်ကုန်မှာကတော့ ဒီဇင်ဘာ ၂ရက် ၃ရက်ကတည်းက ကျောင်းသားတွေက လှည်းတန်းမှာ စုဝေးတာတို့ ထိုင်သပိတ်မှောက်တာတို့ စနေပါပြီ။ စစ်တပ်ကလည်း သူတို့ ထုံးစံအတိုင်း အင်အားသုံးဖြိုခွဲပြီးတော့ ကျောင်းသားတွေကို ရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက် လုပ်နေပါ ပြီ။ ကျမကသာ နယ်ကျောင်းရောက်နေလို့ အဲဒီအချိန်မှာ သေသေချာချာ မသိသေးတာပါ။ ဒီဇင်ဘာ ၄ရက်နေ့မှာတော့ မော်လမြိုင် တက္ကသိုလ်ဘက်မှာ အသံထွက်လာပါပြီ။ ကျောင်းသားတွေ စာတွေ ဝေ.. စာတွေကပ်..။ အဲဒီ ဒီဇင်ဘာ ၄ရက်နေ့မှာပဲ ကျမတို့ ကျောင်းအုပ်ကြီးက ဆရာဆရာမတွေကို အစည်းဝေးခေါ်ပြီးး ဂျူတီချဖို့တွေ ကျောင်းသား ထိန်းဖို့တွေ စီစဉ်ပါတယ်။ ဒီတပတ်တော့ ဘယ်သူမှ ရန်ကုန် မပြန်ရ.. ခရီးလည်း မထွက်ရ.. ကျောင်းဝန်းကျင်မှာပဲ ရှိနေကြရမယ်တဲ့။ ဆရာဆရာမတွေကတော့ သိပ်မပူတတ်ကြတော့ပါဘူး။ ဘာလုပ်မယ်လည်း တွေးမထား ကြပါဘူး။

တကယ်တော့ အဲဒီနေ့မှာပဲ ရန်ကုန်နဲ့ မော်လမြိုင်တက္ကသိုလ်က လှုပ်ရှားတဲ့ ကျောင်းသားတွေ ကျမတို့ ကျောင်းသေးသေးလေးဆီ ရောက်လာပါပြီ။ ဒီဇင်ဘာ ၅ရက်နေ့ညမှာတော့ မှောင်အုံ့အုံ့နိုင်လှတဲ့ ဘားအံ ကောလိပ်ကလေးဘက်ဆီက ကြွေးကျော်သံတွေ ကြားလိုက်ရပါပြီ။ ကျောင်းသား အခွင့်အရေး.. ဒီမိုကရေစီ ရရှိရေး.. ဖမ်းဆီးကျောင်းသားတွေ ပြန်လွှတ်ပေးရေး.. 'ဒို့အရေး' တွေပေါ့..။ ကျမ ကြက်သီးတွေထပြီး မျက်ရည်လည်လာရပြန်ပြီ။ ဘာပဲပြောပြော.. ကျောင်းသားဆိုတာ အချိန်တန်တော့လည်း ကျောင်းသားစိတ် ရှိတာပါပဲလို့ တွေးမိလို့ပေါ့။ ဘာမှ မသိဘူး.. ဘာခံစားမှုမှမရှိဘူးလို့ ထင်ထားခဲ့တဲ့ ကျမရဲ့ ဘားအံက ကလေးတွေဟာလည်း ခေတ်ရဲ့ လိုအပ်ချက်ဆိုတာကို.. ကျောင်းသားအခွင့်အရေး ဆိုတာကို.. ခံစားတတ်တာ ပါပဲလား..။ ကျောင်းဘက်က ဆရာတချို့ ဆရာမဆောင်ဆီ လိုက်လာပါတယ်..။ ကျမနဲ့ အမကြီးကို နာမည်တပ်ခေါ်ပြီး ဆရာကြီးက ကလေးတွေ ထိန်းဖို့ ခေါ်ခိုင်းလို့တဲ့..။ အဲဒီအချိန် ကျမတို့က ကျောင်းထိပ်တောင် ရောက်နေပါပြီ။ ကျောင်းထဲမှာတော့ ကျောင်းသားဆောင်ဘက်ဆီက မီးမှောင်ချထားပြီး အချီအချညီညီ အော်သံတွေ..။

ခဏကြာတော့ စစ်ကား ၂စီးနဲ့ 'ပ၀တ' က အရာရှိဆိုသူတွေ ရောက်လာပါတယ်။ သူတို့က ကျောင်းထဲ ချက်ချင်း မ၀င်ဘဲ ဆရာကြီး.. အဆောင်မှူးတွေနဲ့ ရှိနေတဲ့ ဆရာဆရာမတွေကို ခေါ်ပါတယ်။ ကလေးတွေကို ကိုယ့်ဘာသာ ထိန်းရင် သူတို့ မ၀င်ပါဘူးလို့ ညှိပါတယ်။ ဆရာကြီးက ကျမတို့ မျက်နှာတွေကို ကြည့်ပါတယ်။ ကျမတို့ရော.. အဆောင်မှုးတွေရော ပြိုင်တူ ကတိပေးပါတယ်။ ထိန်းပါ့မယ်.. ဗိုလ်မှူးတို့သာ ဘာမှမလုပ်ပါနဲ့..ပေါ့။ တကယ်လည်း သူတို့ ကျောင်းဝင်း အပြင်နားရှိနေတုန်း.. အဆောင်မှူးတွေက ကိုယ့်အဆောင်တွေပေါ် ကိုယ်တက်ပြီး ကလေးတွေကို ၀င်ထိန်းရပါတယ်။ မင်းတို့ ပြောချင်တာပြောလိုက်ရပြီ.. သူတို့လည်း သိသွားပြီပဲ.. တော်ကြတော့.. တော်ကြာ ဘာမှ မလုပ်လိုက်ရသေးဘဲနဲ့ အဖမ်းခံကြရရင် မတန်ဘူးပေါ့..။ ကလေးတွေကလည်း ထိန်းတာက သူတို့ ဆရာဆရာမတွေဆိုတော့ စကား နားထောင်ကြပါတယ်။ ခဏကြာတော့ ငြိမ်သွားကြပါတယ်။

နောက်တနေ့ စနေ တနင်္ဂနွေတွေမှာတော့ ကျမအပါအ၀င် ကျောင်းက ဆရာဆရာမ တော်တော်များများကို 'ပ၀တ'က ခေါ်မေးတာတွေ.. လာတွေ့ပြီး စကားစမြည်ပြောတာတွေ.. လုပ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ကျမကို စကားပြောချိန်မှာ ကျမအိမ်မှာ ဘုရားစင်မရှိတာကိုပဲ အကြာကြီး သေသေချာချာ မေးနေတာပါ။ နောက်မှ သိတာက ကျမကို ကွန်မြူနစ်လို့ စွပ်စွဲလို့ရအောင် မေးတာဆိုပဲ။ ကျမကတော့ သူ ဘာရည်ရွယ်တာလဲဆိုတာ ရိပ်မိသလို ရှိတာနဲ့ ကျမက ခရီးခဏခဏထွက်တာကြောင့်ရော.. ဘုရားစင်ထားရင် တာဝန်ကြီးသလို ခံစားရလို့ မထားတာလို့ပဲ ပြောဖြစ်ပါတယ်။ ဒါတောင် သူက ဗုဒ္ဓဘာသာကို ယုံသလား ဆိုတာမျိုး မေးလာတာမို့ ကျမက စိတ်ပေါက်ပေါက်နဲ့ သူ့ကို သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးကို တမင် စကားထဲ ထည့်ပြောလိုက်တော့မှ ပြီးသွားပါတယ်။ တကယ်တော့ ကျမက အမြင်ကပ်ကပ်နဲ့ သမားဂုဏ်ပြပြီး ပြောတာပါ။ အဲလိုနဲ့ စနေ တနင်္ဂနွေမှာ ဘားအံကောလိပ်က ငြိမ်သွားပေမဲ့ ရန်ကုန်နဲ့ မော်လမြိုင်.. မန္တလေး တက္ကသိုလ် တွေမှာတော့ မငြိမ်ကြသေးပါဘူးတဲ့။

ဒီလိုနဲ့ ဒီဇင်ဘာ ၉ရက် တနင်္လာနေ့မှာတော့ 'ပ၀တ'က ပြည်နယ်မှူး(ကရင်လူမျိုးပါပဲ)က ကျောင်းကို လာပြီး ကျောင်းသားတွေကို စကားပြောပါတယ်။ သူပြောတော့လည်း အဖြူးသား ပေါ့..။ ပညာရေးကို ဘယ်လို ကောင်းအောင် လုပ်ပေးနေပါတယ်ပေါ့..။ လိုတာတွေ ပြောပါပေါ့..။ ကလေးတွေက လှောင်တောင်တောင်နဲ့ အော်လား ဟစ်လားလည်း ပြန်လုပ်ကြပါသေးတယ်။ သူ ပြန်သွားတဲ့အထိလည်း ကျောင်းတွေ ပိတ်ရပြန်ဦးမယ် လို့ ကျမတို့ ဆရာဆရာမတွေ ကိုယ်တိုင်ကကို မထင်ကြသေးပါဘူး။ ဒါပေမဲ့ အဲဒီနေ့ နေ့လယ်မှာပဲ တက္ကသိုလ်ကျောင်းသားတွေ ဆူပူမှုကြောင့် တက္ကသိုလ်တွေ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်.. ဆိုတဲ့ ကြေငြာချက် ထွက်လာပါတော့တယ်။ နှစ်ရက်အတွင်း ကျောင်းသူကျောင်းသားအားလုံး ကိုယ့်ရပ်ရွာဆီ အရောက် ပြန်ရမယ်တဲ့။

အာဏာရှင် စစ်အစိုးရကတော့ သူတို့ ထုံးစံအတိုင်း ကျောင်းသားတွေရဲ့ တောင်းဆိုချက် မှန်သမျှကို ဘယ်တော့မှ ဘယ်တုန်းကမှ မလိုက်လျောဘဲ ကျောင်းသားတွေကို အဓိက အထိနာစေမယ့် ကျောင်းတွေ ရက်ရှည် ပိတ်ပစ်လိုက်တာမျိုးတွေနဲ့ပဲ တုံ့ပြန်လိုက်တာပါပဲ။ အဲဒီနေ့က ယောက်ျားလေးတွေ တော်တော်များများ စိတ်ထိခိုက်ကြပါတယ်။ မိန်းကလေးတွေက ငိုကြပါတယ်။ ဘယ်လောက်ကြာအောင် ကျောင်းပိတ်ထားဦးမလဲ.. ပြီးတော့ ကျောင်းပိတ်လိုက်ပြီးတော့မှ ဘယ်သူတွေကို လိုက်ရှာ ဖမ်းဆီးတာမျိုးတွေ လုပ်ဦးမလဲဆိုတာကို အားလုံး တွေးမိနေကြတဲ့ အချိန်တွေပေါ့..။ လူငယ်တွေအတွက် အနာဂတ်ကို မြင်ရဖို့အရေး ဝေးရပြန်ဦးပေါ့။ ဒါဟာ မှန်ကန်တဲ့ ဖြေရှင်းမှုလား..။ ကျမကတော့ အဲဒီအချိန်တွေမှာ ခါးခါးသီးသီး မုန်းတီးတာကိုပဲ နာနာကျင်ကျင် ခံစားနေခဲ့ရပါတယ်။ ဒီလိုနဲ့ အစမှာတုန်းက ကျမကို အပျော်နဲ့ ကြိုခဲ့တဲ့ ၉၆က နှစ်အဆုံးမှာတော့ ကျမရဲ့ စိတ်နှလုံးကို ပူပြင်း လောင်မြိုက်စေခဲ့ပါတယ်။

+++++

You received this email because you are subscribed to the real_time feed for http://maynyane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 3 New Entries: ၀မ်းနည်းကြေကွဲ မိ ခြင်း

ဝမ်းနည်းကြေကွဲ မိ ခြင်း

( ရုပ်ရှင်သရုပ်ဆောင် ဦးထွန်းထွန်းနိင် )
ကျနော်တို့  ရဲ့  Freedom Fighter Bolger ညီအကိုမောင်နှ မတဦး ဖြစ်တဲ့ ကိုမျိုးချစ်မြန်မာ ဖခင် ကြီး
အကယ်ဒမီဦးထွန်းထွန်း နိင် အချိန်မတိုင်မှီ ကွယ်လွန် သွားရရှာတဲ့အတွက် မိသားစုနဲ့  အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ မိပါတယ်။ အထူးသဖြင့် မိသားစုတကွဲ တပြားဖြစ်နေရချိန်မှာ ၀မ်းနည်ဖွယ်ရာ ဖြစ်ရပ်ကို ကျနော်တို့ ခံစားဖူးတဲ့အတွက် မမေ နဲ့  ကိုမျိုးချစ်မြန်မာ တို့ ရဲ့  သောက တွေကို ကျနော် တို့ မျှယူ ပါတယ်။ ခင်ဗျားရဲ့ ဖခင်ကြီးဟာ သူချစ်မြတ်နိုးတဲ့အနုပညာနဲ့  ပြည်သူလူထုကို ရိုးသားစွာ အလုပ်အကြွေး ပြုခဲ့ မှုတွေက သူရဲ့ ပရိတ်သပ်တွေ ဖြစ်ခဲ့တဲ့ ကျနော် တို့ ကို ထာဝရအမှတ်ရစေ နေမှာ ဖြစ်ပါတယ်။ အကယ်ဒမီ ဦးထွန်းထွန်းနိင် ကောင်းရာသုဂတိသို့ လားပါစေ။

မိုးသီးဇွန် နှင့် ရဲဘော်များ

Summary

Rest of your post

ဟစ်တလာ တဲ့ဗျာ

ဟစ်တလာလေး နှင့် မိဘများ
Heath Campbell, left, with his wife Deborah and son Adolf Hitler, 3,

-ဗျောက်အိုး-
အိစ်တန်၊ ပင်ဆာဗေးနီးယား

သားသမီး မကောင်း မိဘ ခေါင်း ဆိုတာမှန်ပေမဲ့ တခါတလေကြ ပြန်တော့လဲ မိဘ မကောင်း သားသမီး ခေါင်း ဖြစ်တတ်ပြန်ရော။ ၃ နှစ် သား ကလေး တယောက် မွေးနေ့ပွဲ လုပ်ဖို့ မွေးနေ့ကိတ်မုံ့ သွားမှာတာ နယူးဂျာစီ ပြည်နယ်မှာရှိတဲ့ ရှောပ့်ရိုတ်ထ် ကိတ်မုံ့ဆိုင် က ကိတ်မုံ့ မလုပ်ပေးနိုင်ဘူးလို့ ငြင်းလွှတ် လိုက်တယ်တဲ့။

မလုပ်ပေးနိုင်တာ က ကောင်လေး နံမည် က " အဒေါ့ဖ် ဟစ်တလာ ကမ်းဘဲလ် (Adolf Hitler Campbell)" ဖြစ်နေလို့ ဆိုင် က ငြင်းလွတ်လိုက်တယ်ဆိုတာဘဲ။ ကောင်လေး အဖေ ဟိသ် ကမ်းဘဲလ် ကတော့ "လူတွေ က နံမည် တခု ကို နံမည် တခု လို့ မမြင်တာ ဆိုးတာဘဲ။ ကျွန်တော်ကလေး က ဟစ်တလာလိုကြီးလာ ပြီး ဟစ်တလာ လို လုပ်မှာ ကြနေတာဘဲ" လို့တော့ပြောသွားရှာပါတယ်။ နောက်ဆုံးတော့ ကောင်လေး ရဲ့ မွေးနေ့ ကိတ် ကို ဝေါလ်မာတ် မှာဘဲ ရလိုက်တယ်တဲ့။ ကလေး အဖေ က ကျွန်တော်သားနံမည် ကို ကျွန်တော်ရွေး ပေးတာ ပါ၊ တကမ္ဘာလုံးမှာ ဒီနံမည် မျိုး ဘယ်သူ မှ မပေးနိုင်ဘူး လို့ယုံကြည်တယ်ဆိုဘဲ။ ဘာဘဲဖြစ်ဖြစ် ဒီကလေး ကျောင်းနေမဲ့ အချိန်၊ အလုပ်ရှာမဲ့ အချိန်၊ လူကြီး လုပ်မဲ့အချိန် တွေ မှာ တော့ သူ့အဖေ ရဲ့ အူကြောင်ကြောင်အတွေးအခေါ်တွေ နဲ့ ဒီနံမည်ဆိုး ပေးခဲ့မှုကြောင့် ကလေးခမျာ ဒုက္ခ လှလှတွေ့အုန်းမယ် လို့ ကျွန်တော်တော့ မြင်တယ်။

ကျွန်တော်တို့ ဆီမှာ ဟိုချီမင်း ဆိုတဲ့ နံမည် နဲ့ ကရင်အမျိုးသား လူငယ်တယောက် အမေရိကန်လာဖို့ ကြိုးစားခဲ့တာ အမေရိကန်သံရုံး က ပုံမှန်အတိုင်းပေးမလာ ဘဲ သူ ဒုက္ခသည် လျှောက်လွှာ ကို အကြာကြီး နောက်ချန် ချောင်ထိုးထား ခဲ့တာမျိုးတွေ ကြုံဘူးတယ်။ သားသမီးတွေ ကို မြန်မာပြည်မှာတော့ ဗေဒင်ဆရာတွေ၊ ဘုန်းကြီးတွေ ကပေးကြတာ များတယ်ဆိုပေမဲ့ မိဘ ကလည်း ဆရာပြီး ရင် ပြီးရော မလုပ်ကြဘဲ နံမည်တွေ ကိုစီစစ်ပေးဖို့လိုပါတယ်။

မောင်စော ဆိုတဲ့ နံမည် ဟာ လွတ်လပ်ပြီး မြန်မာ ပြည် မှာ မြန်မာယောင်္ကျားလေး တွေ ထဲမှာ မရှိသလောက် ရှားခဲ့သလို နောင်လာမည့် မျိုးဆက်သစ် ယောင်္ကျားလေးတွေ ဆိုရင် သန်းရွှေ၊မောင်အေး၊ခင်ညွန့်၊ ရွှေမန်း၊ အောင်သောင်း၊ မောင်သောင်း၊သိန်းစိန်၊ ကျော်ဆန်း၊ စိုးဝင်း စတဲ့ နံမည် မျိုးတွေ ရှောင်ဖို့၊ မိန်းကလေးတွေ ဆိုရင်လဲ ကြိုင်ကြိုင်၊သန္တာရွှေ ဆိုတာ မျိုးတွေ မပေးသင့်ပါဘူး။ အသက်ကြီး နေတဲ့ သူတွေ အတွက်တော့ ရှိပါစေတော့။ မှတ်ပုံတင်မလုပ်ရသေးဘူး ဆိုရင်တော့ အဲသလိုနံမည် ဆိုးတွေ ကို မှတ်ပုံတင်လုပ်တဲ့အချိန်မှာ ပြင်သင့်ပါတယ်။ တချိန် မြန်မာပြည် ဒီမိုကရေစီ တိုင်းပြည်ကြီး တခု ဖြစ်လာတဲ့အချိန်မှာ အဲဒီ နံမည် မျိုး ပိုင်ရှင်တွေဟာ အလုပ်ရှာရ၊ အိမ်ထောင်ပြုရ၊ လူတောတိုးရ အင်မတန်မှ ခက်ခဲနိုင်ပါတယ်။ အဲဒီနံမည်ဆိုး မှည့်ထားတဲ့သူတွေဟာ သတင်းစာထဲမှာ အမည်ပြောင်းလဲခြင်း ကြော်ငြာတောင် ထည့်ပြီး တခမ်းတနား ပြင်တာမျိုး (အမည်သန့်ခြင်း) လုပ်သင့်ပါတယ်။ ဥပမာ ကျွန်တော် အောင်သောင်း (မိဘ အမည် - ငမျောက်၊ ငချောက်) အား ယနေ့မှ စ၍ ကြောင်သူတော် ဟု ပြောင်းလဲခေါ်ဆိုပေးပါခင်ဗျား ဆိုတာမျိုးတွေပေါ့။

Rest of your post

ဗိုလ်ချုပ်အောင်ဆန်း ပြောသော "နိုင်ငံရေးဆိုတာ"

ဗိုလ်ချုပ်အောင်ဆန်း

ကျော်သိင်္ခ

ဒီဇင်ဘာ ၂၁ ရက်

ဒီတစ်ခါ ကျနော်ကြားခဲ့ရသော စကားလေးတစ်ခွန်းနဲ့ပက်သက်ပြီး ယခုဆောင်းပါးကိုရေးဖြစ်သွားတာဖြစ်ပါသည်။ ထိုစကားကို ရပ်ကွက်ထဲမှာ မိဘတွေက သားသမီးတွေကို သတိပေးစကားပုံစံမျိုးနဲ့ ပြောကြသည်။ ကျောင်းက ဆရာ၊ ဆရာမတွေက ကျောင်သားတွေကို နေ့စဉ် ဆုံးမစကားပြောသကဲ့သို့ ပြောကြသည်။ ၀န်ထမ်းတွေကြားမှာတော့ ကြောက်စရာတစ်ခုလို ဖြစ်အောင် ခြောက်လှန့်ပြီးပြောကြသည်။ အဲဒါက ဘာလဲဆိုတော့ "နိုင်ငံရေး မလုပ်နဲ့" ဟူသောစကာားပင်ဖြစ်သည်။

ထိုအချိန် ကတည်းကစပြီး အဲဒီလို မိဘတွေကြောင့် သားသမီးတွေမှာ နိုင်ငံရေး ဆိုတဲ့ စကားလုံးသုံးလုံးက သူတို့ကိုချောက်လှန့်နေသည်။ ဆရာ၊ ဆရာ မတွေကြောင့် ကျောင်းသားတွေမှာ "နိုင်ငံရေး မလုပ်နဲ့နော်" ဆိုသောစကားက လူ့ကျင့်ဝတ်ထဲက တစ်ခုဘဲဖြစ်နေသလိုလို၊ မြတ်စွာဘုရား တရားတော်ထဲမှာပင် နိုင်ငံရေးလုပ်ရင် အပယ်ငရဲ ကျတတ်သကဲ့သို့ ပြောထားလေဟန် နဲ့ ကျောင်းသားတွေကြားမှာ နိုင်ငံရေး ဆိုတာကိုဘဲရှောင်ကွင်းရမလို။ ၀န်ထမ်းတွေကြားမှာတော့ နိုင်ငံရေး ဆိုသည်ကို ပြောရဲဖို့ မပြောနဲ့ သူများက လာပြောရင်တောင် မကြားရဲဘူးဖြစ်နေသည်။

ထို့ကြောင့် ကျနော် ဖတ်ဖူးတဲ့ စာအုပ်တွေထဲက ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ ရွှေတိဂုံ အလယ်ပစ္စယံ လူထုအစည်းအဝေးမှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲက နိုင်ငံရေးဆိုတာနဲ့ပက်သက်ပြီး ပြောကြားခဲ့တာကို တစ်ဆင့် ပြန်ပြီးဝေငှလိုက်ပါသည်။

"……..နိုင်ငံရေး ဆိုတာ ဘာလဲဟု မေးဖွယ်ရာရှိပြန်၏။ ကျွန်ုပ် တို့သည် သာမန်ပုထုဇဉ်များ ဖြစ်သောကြောင့် နိုင်ငံရေးကို မလုပ်သင့်။ နိုင်ငံရေးသည် အလွန် မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ၊ လေးမြတ်စွာ မျှော်ရှုရန်သာလျှင် ရှိသည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးကို အချို့သော လူညာလူလိမ်တို့သည် တောအုံကနား ကျေးတောသား လူရိုးလူအ တို့ကို အတိတ်၊ တပေါင်၊ စံနည်းဘဝေါတို့ကို တွင်တွင်ကြီးဟောပြော၍ ထိုသူတို့၏ မနော အကြိုက်ကိုလိုက်၍ အငိုက်ဖတ်ပြီးနောက် စားပေါက်ထွင်ကြသည့် ကိစ္စဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် ကန္တာရ ခရီးပမာ ကြောက်မက်ဖွယ်သော အန္တရာယ်များစွာရှိသော အရေးကိစ္စဖြစ်သောကြောင့် ကျွန်ုပ်တို့သည် တတ်သာလျှင် ရှောင်ရှားသင့်သည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် ကျွန်ုပ်တို့ ပြောလေ့ပြောထရှိသည့်အတိုင်း အမျိုး၊ဘာသာ၊ သာသနာရေးဟူ၍ပင် ဆိုရမည်လော။ နိုင်ငံရေး သဘောအမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်မဟုတ်၊ နိမ့်ကျလွန်းသည်လည်းမဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ္ဂိရတ်လည်း မဟုတ်၊ ကြောက်မတ်ဖွယ်ကောင်းသော ကန္တာရခရီးလည်းမဟုတ်၊ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဇောနှင့် လုပ်သော အရေးကိစ္စလည်း မဟုတ်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျှက်ရှိသော အခြေအနေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရ မည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။"

"အတိုချုပ်ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟုဆိုရပေမည်။ ကျွန်ုပ်တို့ စားမှုသောက်မှု၊ နေမှုထိုင်မှု၊ သွားမှုလာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်သည် ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက် လျှက်ရှိ၏။ ဤ ဋ္ဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားများသည် အခကြေးငွေအတွက် အလုပ်လုပ်ရ၏။ တောင်သူလယ်သမားသည် ၀မ်းစာအတွက် လယ်ယာလုပ်ရ၏။ စာရေးစာချီ အမှုထမ်းသည် လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်ပွဲစားတို့သည် အသီးသီးဝင်ငွေရရန် လုပ်ကြရ၏။ အချုပ်မှာ စားသောက်နေထိုင်ရေး အတွက်ပင်ဖြစ်၏။ အလုပ်သမားသည် အခကြေးငွေကို တိုးတက်၍ ရပြီးလျှင် စားသာသောက်သာသော အခြေအနေကို ရလို၏။ တောင်သူလယ်သမားသည် မိမိ၏ လယ်မြေကို တိုးတက်ကောင်းမွန်စေ၍ သက်သာချောင်ချိလို၏။ စာရေးစာချီ အမှုထမ်းတို့သည်လည်း ရုံး၌ တကုပ်ကုပ် လုပ်နေရသော ဘ၀ထက် လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည်ရှိသော အခြေအနေသို့ ရောက်လိုကြ၏။ ကုန်သည်ပွဲစားတို့လည်း လွယ်လွယ်ကူကူ တို့ချဲ့၍ ကူးသန်းရောင်းဝယ်လိုကြ၏။ ဤကဲ့သို့ လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်၏။"

"သို့ဖြစ်ရကား နိုင်ငံရေးဟူသည် လူမှုလူရေးမျှသာဖြစ်၏။ နိုင်ငံရေးကိ ကျွန်ုပ်တို့ နားမလည်စရာ အကြောင်းမရှိချေ။ သို့ပါလျှက် အချို့သူများသည် နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်ဟုဆိုကြ၏။ နိုင်ငံရေးမည်သည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော၊ စင်စစ်နိုင်ငံရေးမှာ ယုတ်မာညစ်ထေးသည်မဟုတ်၊ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာ ဖြစ်သည်။"

"ကျွန်ုပ်တို့သည် နိုင်ငံရေးကို ဆက်၍ ပြောရပေဦးမည်။ နိုင်ငံရေးကို ပြော၍မဆုံးသေးချေ။ စင်စစ် နိုင်ငံရေးတို့မည်သည် ပြီးဆုံးခြင်း ရောက်ပြီဟူ၍ မရှိနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ သံသရာ၌ လည်နေရသရွေ့ ပဋိစ္စသမုပ္ပာဒ် တရားတော်မြတ်အတိုင်း အကြောင်းနှင့် အကျိုး၊ အတိတ်နှင့် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဆက်စပ်၍ မရပ်မနား ရှည်လျားလှသော ခရီးကို တသွားတည်း သွားနေရပေပြီ။ ဤကဲ့သို့ အကြောင်းတရာ၊ အကျိုးတရား အမျိုးအစားကို လိုက်၍ဖြစ်ပျက်နေခြင်းသည်ပင်လျှင် နိုင်ငံရေးဖြစ်၏။"

ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာတွေထဲက အကျဉ်းချုံးပြီး ပြန်လည်ဝေငှ လိုက်တာဖြစ်ပါသည်။ ဤသို့ဆိုလျှင် နိုင်ငံရေး မလုပ်ပါနှင့် ဟုပြောကြသောမိဘတွေကိုယ်တိုင်လည်း မိုးလင်းကစ မိုးချုပ်တဲ့အထိ နိုင်ငံရေး အကြောင်းပြောနေကြပေပြီ။ အမေလုပ်သူက ဈေးကပြန်လာ၍ သား၊ ငါးဈေးကြီးကြောင်းပြောရင်၊ ဒါ နိုင်ငံရေးအကြောင်းပြောတာသာဖြစ်သည်။ အဖေလုပ်သူက အလုပ်အကိုင်က ခါတိုင်းလို အဆင်မပြေဘူး၊ ငွေကြေးရှာရတာကျပ်တည်းကြောင်းပြောရင်လည်း၊ နိုင်ငံရေးအကြောင်းပြောတာသာဖြစ် သည်။

ဆရာ၊ ဆရာမ တွေရော နိုင်ငံရေးကို ဘယ်လိုလုပ်နေကြသနည်း။ အစိုးရ ကျောင်းဆရာ၊ ဆရာမတွေကို အစိုးရက ၂၀၀၆ လောက်မှာ လခတွေ (မဖြစ်စလောက်လေး) တိုးပေးပြီးတော့၊ လခ တိုးပေးထားလို့ ကျူရှင်မသင်ရဆိုပြီးလုပ်ခဲ့သည်။ အဲဒီမှာ ဆရာဆရာမတွေက ဘာလုပ်လဲ။ ခါတိုင်း တစ်ဝိုင်းကို အိမ်မှာ ၁၅ ယောက်ခေါ်သင်တယ်ဆို၊ အဲဒီလို အမိန့်ထုတ်ပြီးနောက်မှာ ၁၀ ယောက်လောက်အထိတော့ လက်ခံပြီးသင်သည်။ ငွေရေးကြေးရေးကြပ်တည်းလို့၊ ပိုပြီးချောင်ချောင်လည်လည်လေးဖြစ်အောင် အိမ်မှာ ၀ိုင်းကျူရှင်သင်ကြသည်။ အခွင့်အရေးလေး ပိုပြီးလိုချင်သည်။ အပြစ်မပြောလိုပါ။ ဒါလည်း ဗိုလ်ချုပ်ပြောသလိုဆို နိုင်ငံရေးလုပ်တာဘဲ။ တိုက်ရိုက်မဟုတ်ရင် တောင်၊ သွယ်ဝိုက်ပြီးလုပ်တယ်။ မလုပ်နဲ့ဆိုတာကို လုပ်တာ ဆန့်ကျင်တာ၊ တော်လှန်နည်းတစ်နည်းပင်။ တစ်နည်းမဟုတ်တစ်နည်းနဲ့ တော်လှန်ကြသည်သာ။ ထို့ကြောင့် ဆရာ၊ ဆရာမ တွေမှာ တော်လှန်ရေးစိတ်ဓာတ်ရှိသည်။ ထို့ကြောင့် ကျောင်းသားတွေကိုလည်း နိုင်ငံရေးမလုပ်ရဟု ဆရာတွေက ပြောလာရင်၊ မတရားရာကျသည်။ ဆရာတွေ နိုင်ငံရေးလုပ်လို့၊ ကျောင်းသားတွေလုပ်သည်။ ဆရာတွေက သူတို့အခွင့်အရေးကို သူတို့ဖန်တီးသကဲ့သို့၊ ကျောင်းသားတွေကလည်း ကျောင်းသားအခွင့်အရေး ဖန်တီးပိုင်ခွင့်ရှိသည်။ အခွင့်အရေး ဆိုတဲ့စကားလုံးသုံးလာကတည်းက ဒါနိုင်ငံရေးပင်ဖြစ်သည်။

အချို့သော မိဘတွေက သားသမီးတွေကို ပြောသည်။ ကြိုက်တာ အကုန်လုပ်၊ သို့သော် နိုင်ငံရေးတော့ မလုပ်နဲ့ ဆိုတာမျိုး။ နိုင်ငံရေးဆိုတာ သေခြင်းတရားကဲ့သို့ပင်။ ရှောင်လွှဲလို့မရ။ မွေးကတည်းကနေ သေသည် အထိ ပါလာသည်။ ထို့ကြောင့် လူတစ်ယောက်တွင် နိုင်ငံရေးအသိမရှိလျှင် ဘ၀အသိမရှိ၊ နိုင်ငံရေးအတွေးအခေါ်မရှိလျှင် ဘ၀အတွေးအခေါ်မရှိ ဘူးဟုသာ ဆိုချင်ပါသည်။

ထို့နောက် နိုင်ငံရေးအသိ၊ အတွေးအခေါ်တို့ ရှိပြီးနောက် နိုင်ငံရေးလောကကို ကြည်လင်စိမ်းလဲ့သော ရေတို့နှင့် ပြည့်နှက်နေသည့် သောက်ရေကန်ကြီး သဖွယ် ယူဆပြီး၊ နိုင်ငံရေးလုပ်သူများကို ရေကန်မှ ရေများကို ခပ်ယူသောက်သုံးနေကြသူများ ဖြစ်သည်ဟု ယူဆ ကြပါစို့။ များသောအားဖြင့် သောက်ရေကန်တိုင်းတွင် "ရေကန်ကို ညစ်နွမ်းစေသော အ၀တ်လျှော်ခြင်း၊ အမှိုက်ပစ်ခြင်း၊ တရိစ္ဆာန်များ ထိမ်းကျောင်းခြင်းမပြုရ" ဟုရေးထားပေမည်။ အကယ်၍ သင်သည် အဆိုပါ ရေကန်ဘောင်ပေါ်၌ အထက်ပါ မပြုလုပ်သင့်အပ်သောအရာ တို့ကို ပြုလုပ်မည်ဆိုပါက ရေကန်ထဲမှရေများ ညစ်ပတ်ပြီး၊ သောက်သုံးနေသော သူများလာရောက်သောက်သုံးတော့မည် မဟုတ်တော့ပေ။

အလားတူပင် နိုင်ငံရေးလောကတွင် မပြုသင့်၊ မပြုအပ်သော အပြုအမူ တစ်ခုခုကို လည်းကောင်း၊ အပြုအမူများကိုသော်လည်းကောင်း၊ သင်ပြုလုပ်ခဲ့လျှင်၊ သင့်ကြောင့် နိုင်ငံရေးလောကလည်း ညစ်နွမ်းသွားပြီး၊ နိုင်ငံရေးလုပ်သူများ၊ နောက်ထပ် နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအသိ ရှိသူတို့သည် နိုင်ငံရေးလောကသို့ ၀င်လာခြင်းငှာ စွမ်းတော့မည်မဟုတ်ချေ။ ရေကန်ကို လူများ စွန့်ခွာသွားကြသကဲ့သို့ နိုင်ငံရေးလောက ကိုလည်း စွန့်ခွာသွားကြပေမည်။ အမှန်စင်စစ် နိုင်ငံရေးလောကသည် မရှုပ်ပါ၊ နိုင်ငံရေးလောကကို ရှုပ်အောင် လုပ်နေသူများကိုယ်တိုင် ကိုယ့်ကိုယ်ကို ရှင်းမရသည်သာဖြစ်သည်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်အချုပ်အောင်ဆန်း ပြောသွားခဲ့သော အထက်ပါစကားလုံးများ၌ နိုင်ငံရေးအကြောင်းပြောရာတွင် ခက်ခဲသည့် စကားလုံးများမပါ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံရေး ဆိုကတည်းက အနှစ်သာရအားဖြင့်ရော၊ အဓိပ္ပါယ်အားဖြင့်ပါ ရိုးရှင်းသည့်အတွက်ကြောင့် ဤကဲ့သို့ပြောရခြင်းဖြစ်ပါသည်။ ကျနော်တို့ရဲ့ အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်စုအောင်ဆန်းစုကြည် ၏ စည်းရုံးရေးခရီးစဉ်များမှာ ပြောကြားခဲ့သော စကားများကို အပြင်မှာပင်ဖြစ်စေ၊ အခွေထဲမှာဖြစ်စေ နားထောင်ဖူးသူများ သတိပြုမိကြပါလိမ့်မည်။ ဒေါ်စု အနေဖြင့် စစ်အာဏာရှင်လက်အောက်မှာ ဒုက္ခမျိုးစုံကို ခါးဆီးခံနေကြရပြီး၊ ဒီမိုကရေစီဆိုသည်မှာ ဘာမှန်းမသိသေး၊ လူ့အခွင့်အရေးဆိုသည်မှာ ဘာမှန်းမသိသေးသည် ပြည်သူလူထု၏ နားထဲကို ဒီမိုကရေစီ၊ လူ့အခွင့်အရေး၏ အနှစ်သာရ၊ အဓိပ္ပါယ်ကို အင်္ဂလိပ်လို ကြားမညှပ်၊ ရိုးရိုးရှင်းရှင်း နှင့် စိမ့်ဝင်သွားအောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်မှာ သူမ၏ အရည်အချင်းပင်ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် နိုင်ငံရေး ဆိုသည်ကို လူတွေသိနားလည်လာအောင် ကျနော်တို့ အနေဖြင့် ရိုးရိုးသားသား၊ ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ဆို၍၊ ပြောဆိုစည်းရုံး၊ သိမ်းသွင်း၊ လုပ်ကိုင်ပါက၊ လူတိုင်းတွင် နိုင်ငံရေးအသိအမြင်၊ နိုင်ငံရေးအတွေးအခေါ် ကျယ်ပြန့်လာကာ ဗမာပြည်နိုင်ငံရေး လောကသည်လည်း ဒီထက်ကောင်းသတင်းမွှေး၍၊ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်ကြောင်း အပြုသဘောဆောင်၍ ရေးသားလိုက်ရပါသည်။

ကျော်သိင်္ခ

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.