Wednesday, December 3, 2008

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 2 New Entries: သူများဟာလည်း မခိုးနဲ့ ကိုယ့်ဟာလည်း အခိုးမခံရစေနဲ့

သူများဟာလည်း မခိုးနဲ့ ကိုယ့်ဟာလည်း အခိုးမခံရစေနဲ့

မပန်ဒိုရာဆီက ဒီပို့စ်လေးမလာပြီး ဝေမျှလိုက်တယ်နော်

>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<

ဒီစာကိုရေးဖို့ တော်တော်စဉ်းစားပါတယ်။ ဓားခုတ်ရာ လက်လျှိုမိသလို ဖြစ်မှာစိုးလို့ပါ။ ဒါပေမယ့် အခုလိုအချိန်မှာမှ မပြောဘူးဆိုရင် ဒီလိုကိစ္စမျိုးအတွက် လူတွေ အလေးထား အာရုံစိုက်ခြင်းကို ရဖို့ နောက်တော်တော်နဲ့ မလွယ်ပါဘူး။ ဒါကြောင့် စေတနာရှေ့ထားပြီး ရေးလိုက်ပါတယ်။ လူတွေဖတ်စေချင်လို့လည်း ဒီလိုခေါင်းစဉ်မျိုး ပြူးတူးပြဲတဲ တမင်တပ်လိုက်ပါတယ်။ အကြောင်းအရာများမှာ အမှားပါရင် ၀ိုင်းဝန်းကူညီ ပြင်ပေးပါ။ မတော်တဆ တိုက်ဆိုင်မှုများကြောင့် အနာပေါ်တုတ်ကျသလို ဖြစ်သွားခဲ့ရင်လည်း ပန်ဒိုရာ အပြောအဆို မညက်ညောသေးလို့သာ ဖြစ်ကြောင်း ကြိုတောင်းပန်ပါတယ်။

အတော်များများ သိကြမယ့်အတိုင်း သူများ ဖန်တီးမှုတွေကို ကိုယ့်ဘလော့ဂ်မှာ ကိုယ်ပိုင်ဆိုင်လေဟန် လုပ်ပြီး တင်ခဲ့တဲ့အတွက် ဘလော့ဂါတစ်ယောက် ပြဿနာတက်သွားပါတယ်။ ဒီစာကိုရေးတဲ့ ရည်ရွယ်ချက်ကတော့ တစုံတယောက်ကို အပြစ်တင်ဝေဖန်ခြင်းထက် ဒီလိုမဖြစ်ရအောင် ရှောင်ရှားနိုင်တဲ့ နည်းလေးတွေကို ထပ်ပြီး သတိပေးချင်လို့ပါ။

ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပြောဆိုဝေဖန်မှု မှတ်ချက်ချခြင်းမျိုးကို မြန်မာဘလော့ဂါ အများစုဟာ အကြောင်းကြောင်းကြောင့် ကျယ်ကျယ်လောင်လောင် မပြောဖြစ် (သို့မဟုတ်) မပြောသေး (သို့မဟုတ်) မပြောရဲ (သို့မဟုတ်) မပြောတတ်.. (မည်သို့ပင်ဖြစ်စေတော့) ကြပေမယ့် ဒီလိုအဖြစ်ဟာ မကောင်းဘူးဆိုတာ အကြမ်းဖျဉ်းအားဖြင့် လက်ခံကြမယ် လို့ယူဆပါတယ်။

ပန်ဒိုရာအနေနဲ့ ကတော့ အများအားဖြင့် ကိုယ်တိုင်ဖန်တီးတဲ့ စာတွေကိုသာ ဘလော့ဂ်မှာ တင်လေ့ ရှိပါတယ်။ ကိုယ်တင်တဲ့စာတွေမှာ သရုပ်ဖော်ပုံတွေကိုလည်း ကိုယ့်ဘာသာ ဆွဲလေ့ ရှိပါတယ်။ ၉၀% လောက် အများစုကတော့ ကိုယ့်အိုင်ဒီယာသက်သက် နဲ့ ပုံမှန်းဆွဲတာပါ။ တချို့သော ပစ္စည်းတွေ နမူနာကြည့်ဖို့ လိုအပ်တဲ့အခါမှာတော့ လိုက်ရှာကြည့်ရပါတယ်။ ကိုယ်လိုချင်တဲ့ပုံမျိုးကို အင်တာနက်ထဲမှာ တွေ့မိရင် ဒေါင်းလုဒ် ကူးမယူလိုက်ပါဘူး။ ဖွဲ့စည်းပုံကို ကြည့်ပါတယ်။အိုင်ဒီယာကို ကြည့်ပါတယ်။ အချိန်ယူပြီး ကိုယ့်ဖန်တီးမှု ဖြစ်အောင် ပြန်ဆွဲလိုက်ပါတယ်။ (ဥပမာ. စစ်အတွင်းပြုသည့်သစ္စာ ပို့စ်က ဓားရှည်ပုံ။ ဒီနေရာက ကိုယ့်အိမ်မှာ ဓားရှည်မရှိ။ ဓားရှည်တွေကို သေသေချာချာလည်း မမြင်ဖူးဘူးဆိုတော့ လတ်တလောတွေ့ချင်ရင် အင်တာနက်က လိုက်ရှာရပါတယ်။ မြင်ဖူးသွားတော့မှ ကိုယ်ကြိုက်သလို အနေအထားနဲ့ ပြန်ဆွဲပါတယ်။ စက်ဘီးပုံ ဆိုရင်လည်း လတ်တလော ကိုယ့်နားမှာမရှိရင် ရှာဖွေပြီး နမူနာကြည့်ရပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ အစအဆုံး ပြန်ဆွဲပါတယ်။) ဒါဟာလည်း ကဗျာ သရုပ်ဖော်ပုံလို သေးသေးလေး အဆင့်မို့ပါ။ မောင်တိန်လုပ်သလို ပန်းချီလေ့ကျင့်ဖို့ သေသေချာချာ အသေးစိတ် ပုံကြီး ထပ်တူကူးဆွဲတာ ဆိုရင် သူပြန်ညွှန်းလေ့ရှိသလို ဘယ်သူ့ပုံကို လေ့လာရန် ကူးဆွဲသည်လို့ ဖော်ပြရဦးမှာပါ။

ဓာတ်ပုံဆိုရင်လည်း ကိုယ်ပိုင်ဆိုင်တဲ့ ပုံကို တတ်နိုင်သမျှ သုံးလေ့ ရှိပါတယ်။ အဲဒါတွေဟာ ကိုယ့်ဘာသာ ဖန်တီးချင်တဲ့ ၀ါသနာက တစ်ကြောင်း ဆိုပေမယ့် သူများ ဖန်တီးမှုကို တတ်နိုင်သမျှ မသုံးဖြစ်အောင်နဲ့ ရှု့ပ်ထွေးမှုတွေ ဖြစ်မှာစိုးလို့က ပိုပါတယ်။

ဒါက ကိုယ်လုပ်တဲ့နည်းလမ်းကို ပြောပြတာပါ။ လိုက်လုပ်ပါလို့ မဆိုလိုဘူး။ လူတိုင်းဟာ ပုံဆွဲဖို့ ၀ါသနာပါမှာ မဟုတ်ပါဘူး။ အချိန်လည်း ပေးနိုင်မှာ မဟုတ်ပါဘူး။

သူများ ဖန်တီးထားတဲ့ လက်ရာကို ကိုယ်က အမှတ်တမဲ့ပဲ ဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ယူသုံးလိုက်တဲ့အခါ ရှုပ်ထွေးမှုတွေ ဖြစ်လာရင် မကောင်းပါဘူး။ ဒီလိုပဲ ကိုယ့်လက်ရာကို သူများက အလွဲသုံးစား လုပ်သွားရင်လည်း မကောင်းပါဘူး။

အနည်းဆုံး အောက်ကနည်းလမ်းများနဲ့ ကာကွယ်ဖို့အကြံပြုချင်ပါတယ်။

သူများလက်ရာကို ခိုးသလိုမဖြစ်အောင်

၁) ကိုယ်ယူချင်တဲ့ website မှာ IP Rights နဲ့ပတ်သက်တဲ့ terms & conditions တွေ ရေးထားသလား ရှာကြည့်ပါ။ တွေ့ရင်ဖတ်ကြည့်ပါ။ တချို့က မယူရဘူး လို့ကို ပါတတ်ပါတယ်။
၂) သူ့ကို ဆက်သွယ်နိုင်တဲ့ နည်းလမ်း ရှာပါ။ အီးမေးလ်ဖြစ်စေ သူ့ပို့စ်အောက်မှာ မှတ်ချက်နဲ့ဖြစ်စေ ခွင့်တောင်းပါ။ ခွင့်ပြုချက်စောင့်ပါ။
၃) သူက ဘာမှဖော်ပြမထားဘူး ဆိုရင် တတ်နိုင်ရင် မယူုပါနဲ့။ ပြဿနာ မဖြစ်လောက်ဘူး ထင်လို့ ယူချင်ရင်လည်း ကိုယ့်ဟာမဟုတ်ကြောင်း သူ့လက်ရာဖြစ်ကြောင်း ဘယ်ကယူလာကြောင်း သူ့ကို credit ပေးပါ။
၎) ဘယ်ကမှန်းမသိ ပိုင်ရှင်မသိပဲ ရလာခဲ့ရင်လည်း ကိုယ့်လက်ရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ၀န်ခံထားပါ။
၅) ဘာသာပြန်ချင် မှီငြမ်းချင်ရင်လည်း အထက်မှာ ပြောခဲ့တဲ့ နည်းလမ်းတွေလိုပဲ လုပ်ပါ။
၆) ဘယ်လိုအခြေအနေဖြစ်ဖြစ် မူလပိုင်ရှင်ကို credit ပေးပါ။

ကိုယ့်လက်ရာကို အခိုးမခံရအောင်

၁) ကိုယ့်လက်ရာမှာ ကိုယ့်နာမည် လက်မှတ် ထိုးထားပါ။ ကိုယ့်ဘလော့ဂ်ဆိုက် လင့်ခ်ကို ဖော်ပြထားလို့လည်း ရပါတယ်။
၂) Creative Commons License ကို တပ်ဆင်ထားလို့ ရပါတယ် (တရားစွဲဖို့အထိတော့ တချို့နိုင်ငံတွေ အတွက်ပဲ applicable ဖြစ်တယ်လို့ ဆိုထားပေမယ့်)။ ဒါမှမဟုတ် သူနဲ့အလားတူ ကိုယ်လိုချင်တဲ့ terms & conditions ကို ကိုယ့်ဘာသာရေးပြီး ဘလော့ဂ် တနေရာမှာ ဖော်ပြထားလို့ ရပါတယ်။
၃) ကိုယ့်ကို ဆက်သွယ်နိုင်တဲ့ လိပ်စာ သို့မဟုတ် နည်းလမ်း (comment option, c box) တခုခု ပေးထားပါ။ အဲဒီလို ဆယ်သွယ်ရေး လမ်းကြောင်း လုံးဝ ပေးမထားချင်တဲ့ ဘလော့ဂ်မျိုးဆိုရင်လည်း ဘယ်လိုအခြေအနေနဲ့ ယူသုံးနိုင်ကြောင်း မသုံးစေချင်ရင်လည်း လုံးဝမသုံးနိုင်ကြောင့် ထင်ထင်ရှားရှား ဖော်ပြပေးထားပါ။ ကိုယ်မရှင်းမရှင်းလုပ်မိလို့ သူများကိုလည်း သူခိုးမဖြစ်ပါစေနဲ့။

ဒီအကြောင်းအရာတွေကို ရှေ့မှာလည်း ရေးဖူးပါတယ်။ ဒီလိုစာမျိုးဟာ ပျင်းစရာ ကောင်းတယ်လို့ ထင်မှတ်တတ်ကြတဲ့အတွက် သတိထားပြီး လာဖတ်ခဲ့ကြသလား မဖတ်ကြသလားတော့ မသေချာပါဘူး။ ကိုယ်တိုင်လည်း ကျွမ်းကျင်သူ မဟုတ်ပါ။ ကြားဖူးသလောက် ပြန်ဝေမျှခြင်းသာ ဖြစ်ပါတယ်။ မေးခွန်းများ မေးလိုပါက ရှေ့ကပို့စ်အားလုံးကို သေသေချာချာဖတ်ပြီးမှ နားမလည်တာကို မေးဖို့ တောင်းပန်ပါတယ်။ အသေးစိတ်များကို ဖြေနိုင်မယ် လို့လည်း အာမ မခံပါ။

ရှေ့ကစာတွေ ပြန်ဖတ်ရန်

မူပိုင်ခွင့်များနှင့် ပတ်သက်၍
(http://pandora-and-pandora.blogspot.com/2008/11/blog-post.html)

မူပိုင်ခွင့်၊ Creative Commons လိုင်စင်နှင့် မြန်မာ ဘလော့ဂ်များ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/creative-commons.html)

ယခုမျှဝေ၊ အနာဂတ်ကို ပုံဖော်လေ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/blog-post_03.html)

Creative Commons လိုင်စင်များ အလုပ်လုပ်ပုံ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/creative-commons_03.html )

ဘယ်လိုဖြစ်ဖြစ်ပါ။ နိုင်ငံဆင်းရဲပေမယ့် အကျင့်စာရိတ္တ အသိပညာ မဆင်းရဲသင့်ဘူး ဆိုတာ နိုင်ငံတကာအင်တာနက်ပေါ်မှာ ရှိနေသူများက နမူနာပြဖို့ မလိုအပ်ပေဘူးလား။

ပန်ဒိုရာ

>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<

သိုင်းခရုပါ မပန်ဒိုရာ

ဘယ်သူ့ဆီကမှန်းမမှတ်မိပဲ(သိမထားပဲ) ကိုယ်ကြိုက်တာလေးတွေ ဝေမျှဖို့ပဲ အာရုံစောခဲ့တဲ့ ကိုယ့်ကိုယ်ကိုရော သတိအထပ်ထပ်ပေးမိပီ။ ဒါပေသိ အမှတ်မရှိတာတော့ မဟုတ်ဘူး ခုလိုပဲ ကိုယ်ကြိုက်တာလေးတွေတော့ ကိုယ့်ဘလော့ကိုလာဖတ်တဲ့ မောင်နှမတွေကိုလဲ ဆက်လက်ဝေမျှနေဦးမှာပါ။

စာကြွင်း။။မပန်က မယ်လိုဒီမောင်ကို ရည်ရွယ်ရေးသောပို့စ်မဟုတ်ဘူးနော်(ကြိုပြောထားတာ အဟိဟိ)

No one is perfect but we all in blogosphere should proven that we are rich in knowledge of IP even our country is not yet developed.

ကျမ၏တနင်္ဂနွေ

ကျမ၏တနင်္ဂနွေ

ကျမ၏တနင်္ဂနွေ

အဲဒါမြန်မာတုန်းက တနင်္ဂနွေတွေလေ(ပို့စ်လေးဘာလေး မှတ်မှတ်ရရ တင်ဖြစ်တုန်းကပေါ့)။ အမှတ်ရနေရင်းနဲ့ အိမ်ပြန်ချင်လာပီနော်။
စင်ကာပူရောက် တနင်္ဂနွေများကတော့ လည်တာပတ်တာ၊ ၀ယ်ခြမ်းစရာရှိတာလေးနဲနဲပါးပါးထွက်ဝယ် ဖြစ်တာကလွဲရင် ဘာမှထူးထူးခြားခြားမဖြစ်လှပါဘူး။ ဒီအပတ်တနင်္ဂနွေကျမှ စည်းအပြင်က သူငယ်ချင်းလေး ကိုဖြိုးရဲ့ မင်္ဂလာဆောင်( Congratulations! ကဖြိုးရေ)။ အဲဒီကိုသူငယ်ချင်းတွေစုသွားရင်း မင်္ဂလာဆွမ်းကျွေးမှာ မြန်မာထမင်းဟင်းကို ဘူဖေးကျွေးတော့ ငပိရည်၊ သရက်သီးတို့စရာ၊ အသုတ်စုံ(တို့ဟူးနဲ့ကြာဇံပါတယ်)။ အားပါးတရ တ၀ကြီးစားကြ။ အဲဒါတင်အားမရ ဈေးလိုက်ကြပီး ရှမ်းထမင်းနယ်လုပ်စားကြ။ ပင်နင်စူလာမှာ ၀င်ဝယ်လာတဲ့ ရှမ်းမုန်ညင်းချဉ်တွေ၊ ပဲပုတ်တွေအပြင် ရှောက်သီးသုပ်ငရုတ်သီးစပ်စပ်၊ အာပူလျှာပူ ဟင်းရည်။ အင်း.. ပုဇွန်အစိမ်းသုတ်(ပြန်ချက်) အဟီး သုပ်ပြီးမှ စိမ်းလွန်းလို့ oven ထဲထည့်လိုက်တာ။ တခြားစားစရာတွေကတော့ ဒီဟာတွေလို ဒွတ်ခမပေးလို့ မပြောတော့ဘူး(အရမ်းများရင် အညင်ကတ်မစိုးလို့နော်)။ သူများထက်ကဲပီး ကျမက သဘောင်္သီးဖျော်ရည်လေးလဲအပိုဆောင်းသောက်လိုက်သေး၏။ အဲဒါကတော့ ကျမရဲ့ တနင်္ဂနွေလေ။

အကျိုးဆက်ကတော့ တစ်အုပ်စုလုံးထဲကမှ ကျမအပါအ၀င် သုံးယောက် sweet december အစား flower december အဲလေ ပန်းကမ္ဘာကိုရောက်သွားလို့ တနင်္လာနေ့ MC ယူရသဗျို။ MC ဆိုတာ medicational leave ဆိုလားမသိ။ ဆေးခွင့်ပေါ့နော်။ ရုံးမသွားနိုင်ဘူး။ ဆေးခန်းသွားပြကြရတယ်။ နေတဲ့အိမ်မတူတော့ စစချင်းတော့ ဘ၀တူတွေမှန်းသိဘူး။

ကိုယ်နေတဲ့အိမ်နားပတ်ဝန်းကျင်ကိုလဲ ဆေးခန်းဘယ်နားရှိမှန်း သတိထားမိဘူးလေ။ အိမ်ပေါ်ကဆင်းလာပြီးတော့ ဆေးခန်းပြမယ်ဆိုပြီး clinic ထဲဝင်သွားလိုက်တယ် NETS နဲ့ ပေးလို့ရတယ်ရေးထားလို့လေ။ ဒါပေသိ အစောင့်ကြီးစောင့်နေပြီးမှ အမျိုးသမီးတစ်ယောက်နဲ့ နောက်ထပ် ကိုယ်ဝန်ဆောင်တစ်ယောက်အလှည့်ပြီးတော့မှ အဟိဟိ women's clinic တဲ့။ ပြီးတော့ consultation fee ကလဲ ၁၀၀ တဲ့ဗျ။ ကျမက ၀မ်းလျှောတာလေ။ အဲဒါ ပြမို့ဟုတ်ဘူး။ အဲဒါဆို general clinic ကိုသွား 24hr ဖွင့်တာ ဟိုနားရှိတယ်ညွှန်ပေးလိုက်တယ်။ အမယ်လေးတော်.. ကိုယ်ကျိုးနည်းတော့မလို့။

24hr clinic ရောက်တော့ နေ့လည် 12:15 ထမင်းစားချိန်နားသတဲ့။ နေ့လည် ၂နာရီမှ ပြန်ဖွင့်မတဲ့။ အဲဒါနဲ့မထူးပါဘူး အရှေ့ဆက်လျှောက်တော့လဲ ဆေးခန်းပဲဆိုတော့ ဘာရမလဲ ၀င်သွားလိုက်တယ်။ လူရှင်းတာနဲ့ အတော်ပါပဲလို့ တွေးလိုက်သေး။ english လိုပြောတော့ နားမလည်။ နောက်နှစ်ယောက်ထပ်ထွက်လာ။ english နဲ့ တရုတ်နဲ့ ရောသမမွှေပြောရတယ်။ body check up လုပ်ချင်တာလား၊ message လုပ်ချင်တာလားပဲမေးတယ်။ လက်စသတ်တော့ အကြောအပ်စိုက်မဟုတ်ပေမဲ့ traditional chinese နဲ့ ဆေးမြစ်ဆေးဥတွေနဲ့ ကုသတဲ့။ အဟီး ဆော်တီး ပြောပြီးလစ်ပြေးလာလိုက်ရတယ်။ နောက်ထပ်တွေ့တဲ့ dental clinic တော့ သေချာပေါက်ဝင်မေးတော့ဘူး။ အဲဒါနဲ့ စကားပန်းဆီဖုန်းဆက်။ ဆေးခန်းနေရာမေးတော့ သူတို့လဲ သွားပြမှာ အိမ်လာခဲ့ဆိုလို့ သွားလိုက်တယ်။ ခဏနားပြီး ဆေးခန်းသွားပြကြလေသတည်းပေါ့နော်။

ဆရာဝန်ကမေးတော့ seafood နဲ့ myanmar traditional food တွေအကြောင်းပြောပြကြ။ တစ်အုပ်စု အတူတူဖြစ်တဲ့အကြောင်းပြောကြ။ ဆရာဝန်က စမ်းသပ်ပြီးတော့လဲ ဗိုက်တွေထဲမှာ ဆူညံလွန်းတဲ့အကြောင်းပြန်ပြောပြီး stomach flu, bacteria ၀င်သွားသတဲ့။ MC နှစ်ရက်တောင် ယူခိုင်းပါတယ်။ မသက်သာရင် ဆေးရုံတောင်သွားသင့်ပါသတဲ့။ အိအိ.. ပြီးတော့ ပေးတဲ့ဆေးက အားလုံးအတွက် အတူတူ။ MC form လေးလဲ မမေ့မလျော့တောင်းလာလိုက်ပါတယ်(နောက်နေ့ ရုံးတက်ရင် hr ကို ပြန်တင်ရမယ်လေ)။ ကျမရှင်းလိုက်ရတာကတော့ ၄၀ပါတဲ့(payment receipt လေးလဲ လိုလိုမယ်မယ် တောင်းလာလိုက်သေး ကုမ္ပဏီက ပြန်ပေးမယ်ဆို claim လုပ်လို့ရလိုရငြားလေ)။

အော်.. မေးကွဲတုန်းကလည်း ၇၀ကျော်။ ကြားထဲမှာ ခေါင်းကိုက်ဖျားနာလဲ ရှိသေး။ ခုလဲ diarrhea ဖြစ်သေး။ အမယ်လေး... ဒီပို့စ်မတင်ခင်လေးလဲ allergic ထဖြစ်နေသေး။ ဒီလာမဲ့သောကြာနေ့အတွက် deadline date နဲ့ project ကလဲမီမှမီပါ့မလားမသိ။
တွတ်ပီတို့ ကံမကောင်းပါလား.. အဲလေ..မယ်လိုဒီတို့ ကံနိမ့်နေတယ်ထင်ပ။
စကားပန်းကတော့ ပြောသား..အမနဲ့ စင်ကာပူမတည့်ဘူးထင်ပတဲ့။

အိမ်ပြန်ချင်တယ်..ဟူးးးးးးး အငြိမ်းချမ်းဆုံးအမေ့အိမ်...

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Laminkhin] 1 New Entry: WORLD AIDS DAY (1-12-2008)

WORLD AIDS DAY (1-12-2008)

၂၀၀၄ ခုနှစ်ကတည်းက စတင်ပြီး ကမ္ဘာ့ကုလသမဂ္ဂ
အဖွဲ့ကြီးပါဝင်တဲ့ အဖွဲ့ပေါင်းစုံကနေ အိပ်ခ်ျအိုင်ဗွီ/
အေအိုင် ဒီအက်စ် ရောဂါ ဝေဒနာရှင်တွေကို ကူညီ
စောင့်ရှောက်ပေးနေတဲ့ အင်ဂျီအို လူမှုအဖွဲ့အစည်း
တွေကို ချီးမြှင့်နေ တဲ့ ဖဲကြိုးနီဆုကို ဒီနှစ်အတွက်
အဖွဲ့ပေါင်း(၂၅) ဖွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအထဲမှာ
ထိုင်း-မြန်မာနယ်စပ်က Social Action for Women
အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေး မြန်မာ
အဖွဲ့အစည်းလည်း ပါဝင်ပါ တယ်။

ဒီဆုကို လက်ခံရရှိတာဟာ မြန်မာပြည်က ရောဂါဝေဒနာရှင်တွေမှာ အကူအညီမဲ့နေတာကို နိုင်ငံတကာ
ကသိအောင်ဖော်ထုတ်ပေးလိုက်တာဖြစ်တယ်လို့ အဖွဲ့ကိုဦးစီးတည်ထောင်သူတဦးဖြစ်တဲ့ဒေါ်အေးအေး
မာက ပြောပြပါတယ်။

အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသော အစိုးရမဟုတ်
သည့် အဖွဲ့အစည်းများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ပေးအပ်သော ၂၀၀၈ ခုနှစ် ဖဲကြိုးနီဆုပေးပွဲတွင်
အမျိုးသမီးများ လူမှုစောင့်ရှောက်ရေးအဖွဲ့ SAW မှ ဒေါ်အေးအေးမာ မိန့်ခွန်းပြောကြားနေပုံ(အထပ်ပါ)

ဒေါ်အေးအေးမာ ။ ။ ဒီဆုကိုပေးခြင်းက မြန်မာနိုင်ငံမှာ အခုဆိုရင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နဲ့ပတ်
သက်ပြီးတော့ ပိုများလာတယ်၊ ကုသမှုတွေ ပိုပြီးတော့ လိုအပ်နေတယ်ဆိုတဲ့အကြောင်း မကြာခင်က
MSF က ထုတ်ပြန်တဲ့ စာရင်းဇယားအရလည်း သိရတယ်။ အဲတော့ ဒီလိုမျိုးပေးခြင်းဟာ မြန်မာနိုင်ငံမှာ
ပိုပြီးတော့ ဝေ ဒနာသည်တွေများနေတယ် ဆိုတာကိုလည်း မီးမောင်းထိုးပြရာလည်းရောက်တယ်။
ဒီလို ပေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာဝေဒနာရှင်တွေဟာအကူအညီမဲ့နေတယ်ဆိုတာကိုလည်း ပြသရာ
ရောက်တယ်လို့ ကျမအနေနဲ့ ယူ ဆပါတယ်။

ဒီဆုကို ပူးတွဲလက်ခံရရှိတဲ့ ထိုင်းအင်ဂျီအို အမျိုးသမီးအဖွဲ့အစည်း Empower အဖွဲ့နဲ့ အမျိုးသမီးများအ
တွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (SAW) ကိုဂုဏ်ပြုတဲ့အနေန့ ကျင်းပတဲ့ အခမ်းအနားတခုကို ထိုင်း
နိုင်ငံဘန် ကောက်မြို့က လူစည်ကားတဲ့ ပန်းခြံတခုမှာ ဒီကနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ တနေ
ကုန် ကျင်းပခဲ့ပါ တယ်။ ဒီအခမ်းအနားမှာ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ကိုယ်စား
ဒေါ်အေးအေးမာနဲ့ စကားပြောခွင့်ရပါတယ်။ သူတို့အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး
ဒေါ်အေးအေးမာက အာရ်အက်ဖ်အေကို အခုလို ရှင်းပြပါတယ်။

ဒေါ်အေးအေးမာ ။ ။ ကျမတို့ စောက်ရှောက်ထားတဲ့ အမျိုးသမီးတွေ၊ ကလေးတွေဆိုတာ သူတို့ဘယ်
က ရောဂါရလာလဲဆိုရင် မြန်မာပြည်အတွင်းပိုင်းကနေ ရောဂါတွေ ရလာကြတယ်။ တချို့ကလေး
တွေဆိုရင်ရောဂါဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်ထဲမှာ သွေးစစ်တာတွေ ကုသတာတွေ မရှိဘူး။
ဆေးပေးတာတွေ မရှိဘူးပေါ့နော်။ အဲလိုမျိုးတွေကြောင့် ဒီထိုင်းနိုင်ငံဖက်ကို ကူးပြီးလာပြတယ်။ လာ
ပြမှ ဒီဖက်မှာရှိတဲ့ မယ်တော်ဆေးခန်းတို့ MSF တို့ရောက်တော့မှ ဒီရောဂါတွေကူးစက်နေမှန်းသိရ
တယ်။ အဲဒီအခါမှာ သူတို့အတွက် ဆေးဝါးလိုအပ်တယ်။ ဒီအေအာရ်ဗွီဆေး လိုအပ်တဲ့အခါကျတော့
လစဉ်ပုံမှန် မြန်မာပြည်ထဲမှာလည်း ၀ယ်မတိုက်နိုင်ဘူး။ ဒီကိုလည်းမကြာခဏလာဖို့ လမ်းစရိတ်မရှိ
ဘူး။ ကုသဖို့လည်း စရိတ်မရှိဘူး။ အဲဒီအခါမှာ ဒီကလေးတွေကို တချို့ကလေးတွေဆိုရင် မိဘတွေရှိ
တယ်။
ဒါပေမယ့် အဲဒီကလေးတွေကို ထားပစ်ခဲ့ရတယ်။ အဲလိုကလေးမျိုးတွေကို ကျမတို့ စောင့်ရှောက်ထား
ရတယ်။

ဒီအခမ်းအနားကို ထိုင်းနိုင်ငံက အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင် အများအပြား
တက်ရောက်ခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲတွေလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။
SAW ဘလော့မှ ကူးယူတင်ပြသည်။

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 6 New Entries: ရောမမြို့ရဲ့လမ်းလျှောက်ဆန္ဒပြပွဲ

ရောမမြို့ရဲ့လမ်းလျှောက်ဆန္ဒပြပွဲ

ပေးပို့သူ - အေးချမ်း

ပြုံးတဲ့ ကြယ်စင်

Written by ဘုန်းထစ်ချုန်း   

ကျောင်းကနေ အိမ်ပြန် ရောက်တော့ ဧည့်ခန်းထဲမှာ မေမေနဲ့ ဘယ်က မှန်းမသိတဲ့ လူသုံးယောက်ကို တွေ့တယ်။ အဲဒီ လူသုံးယောက်က လေးဆယ်ကျော် အရွယ် ယောက်ျားကြီး နှစ်ယောက်နဲ့ ငါးနှစ်အရွယ် ကောင်လေးငယ် တစ်ယောက်။ မေမေက ကျွန်တော့်ကို တွေ့တော့ "သားရေ လာပါဦး။ ဒီမှာ မင်းအဖေရဲ့ အမွေတဲ့ကွယ်" တဲ့။ ဘာအမွေလဲ။ ဖေဖေ့ဆီက ဘာအမွေမှ ကျွန်တော် မလိုချင်ပါဘူး။ မေမေ့ မျက်နှာကို သေချာ ကြည့်လိုက်မိတော့ မျက်နှာကြော အတော် တင်းနေတယ်။ ဘာပြဿနာ ပေါ်နေတာ ပါလိမ့်။ မေမေ့ နားမှာ ကျွန်တော် သွားထိုင်လိုက်တယ်။ ဧည့်သည် ယောက်ျားကြီး နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့်ကို ကြည့်ပြီး "သားက ဦးမျိုးခန့်ရဲ့သား မင်းမျိုးခန့်လား"တဲ့။ "ဟုတ်ပါတယ် ခင်ဗျ" "သြော် အေးအေး ဒီအရွယ်တောင် ရောက်နေမှကိုး။ သားကို ငယ်ငယ်လေးတုန်းက ဦး မြင်ဖူး ပါတယ်။ ဦးက သားဖေဖေရဲ့ မိတ်ဆွေ တစ်ဦးပါ။ အခု ဦးတို့နဲ့ ပါလာတဲ့ ဒီကလေးက သားဖေဖေရဲ့ နောက်အိမ်ထောင်က ကလေးပါကွယ်။ နေမျိုးခန့် လို့ခေါ်တယ် သားညီလေးပေါ့"

ဧည့်သည်ရဲ့ စကားကြောင့် အတူပါလာတဲ့ ကလေးကို ကျွန်တော် အံ့အားသင့်စွာ စူးစိုက် ကြည့်လိုက်တယ်။ ရုပ်ကလေးက သနားကမား။ သူ့မျက်လုံးတွေကတော့ ဖေဖေ့ မျက်လုံးတွေနဲ့ ချွတ်စွပ်ပါလား။ ဒီကလေးက ကျွန်တော့် ညီလေးတဲ့လား။ ကောင်လေးက ကျွန်တော့်ကို သုန်သုန်မှုန်မှုန်နဲ့ ပြန်ကြည့် နေတယ်။ သူ့ကို ကြည့်ရင်း သွားလေသူ အဖေ့ကို မြင်ယောင် လာမိတယ်။ ရင်ထဲက ဆန်တက်လာတဲ့ နာကျင်မှုကြောင့် ကျွန်တော့် မျက်လုံးတွေ မှုန်မှိုင်း ရီဝေ လာတယ်။ ကောင်လေးက ကျွန်တော့်ကို ကြောက်လို့ ထင်ပါရဲ့။ မျက်လွှာလေးချပြီး ခေါင်းလေးငုံ့သွားတယ်။

ဖေဖေ့ဆီမှာ နောက်အိမ်ထောင်နဲ့ ကလေး တစ်ယောက် ရှိတယ် ဆိုတာတော့ ကျွန်တော် သိပြီးသား။ ဒါပေမယ့် ဖေဖေ နောက်အိမ်ထောင် ပြုပြီး နောက်ပိုင်းမှာ ကျွန်တော်ဟာ ဖေဖေနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု သိပ်မရှိ တော့ဘူး။ ကျွန်တော့် မိသားစု ဘ၀ထဲကနေ ဖေဖေ ထွက်သွားခါစက ကျွန်တော် သုံးတန်း ကျောင်းသားပဲ ရှိသေးတာ။ အခု ကျွန်တော် ဆယ်တန်း ရောက်နေပြီ။ "အခု ဒီကလေးက မှီခိုရာ မဲ့နေလို့ သားရေ။ သားဖေဖေ မရှိတော့တဲ့နောက် သူ့အမေကလည်း မိခင် ပီပီ ရုန်းကန်ရှာဖွေ ကျွေးမွေးခဲ့တာပါပဲ။ သူ့အမေကလည်း ဆွေမရှိ၊ မျိုးမရှိ ဆိုတော့ အမေတစ်ခု သားတစ်ခု နေခဲ့ကြတာ။ လွန်ခဲ့တဲ့ လမှာတော့ ကလေးအမေဟာ ကားတိုက်ပြီး ဆုံးသွားရှာတယ်ကွယ်။ အဲဒီတော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ ကျန်ရစ်ခဲ့တဲ့ ဒီကလေးကို ဦးတို့က တတ်နိုင်သလောက် ကြည့်ရှု စောင့်ရှောက်ကြဖို့ ဆုံးဖြတ်တာပေါ့။ ဒါပေမယ့် ဒီကလေးနဲ့ ပတ်သက်ပြီး ရေရှည် စဉ်းစားကြည့်တော့ သူနဲ့ ညီအစ်ကို တော်တဲ့ သားတို့ဆီမှာ ထားတာက အသင့်တော်ဆုံးမို့ ကလေးကို ဦးတို့ လာအပ်တာပါ။ ကလေးနဲ့ ပတ်သက်တဲ့ မွေးစာရင်း စာရွက် စာတမ်းတွေလည်း ပါပါတယ်။။ သူက သားရဲ့ ညီလေးပဲဆိုတော့ သားလည်း ချစ်မှာပဲလေ"

အိုဗျာ မချစ်နိုင်ပါဘူး။ ဖေဖေ့ကို ကျွန်တော် လက်လွှတ် ဆုံးရှုံးရတာ သင်းတို့ကြောင့်ပဲ မဟုတ်လား။ ဖေဖေရဲ့ မေတ္တာတွေကို လုယူ သွားတဲ့ သင်းတို့ လက်ထဲမှာ ဖေဖေကရော ပျော်နေခဲ့လို့လား။ "ဦးမျိုးခန့်က ဒုတိယ အိမ်ထောင်နဲ့ကျမှ အရက်သမားကြီးလုံးလုံး ဖြစ်လို့"ဆိုတဲ့ စကားသာ ဖေဖေ့ သမိုင်းမှာ အဖတ်တင်တယ် မဟုတ်လား။ စိတ်ညစ်လို့ အရက်သောက်တတ်တဲ့ ဖေဖေက အရက်က သူ့ကို ပြန်သောက် လာတော့ သက်ဆိုး မရှည်ရှာပါဘူး။ မနှစ်ကပဲ ဖေဖေ ဆုံးတယ်။ ဖေဖေ့ အသုဘကို မေမေက လုံးဝ မသွားပါဘူး။ မာနတရားကို အသက်ထက်ချစ်တဲ့ မေမေဟာ ဖေဖေ ဆုံးပြီဆိုတော့ ၀မ်းနည်းဖို့ နေနေသာသာ "ငါ့အပေါ်မှာ သစ္စာမဲ့တဲ့လူဟာ ဘယ်တော့မှ အသက် မရှည်ပါဘူး" ဆိုတဲ့စကားကို ပကတိ မျက်နှာထားနဲ့ ဆိုခဲ့တာ။ မေမေ့ ရင်ထဲမှာ ရှိတဲ့ အမုန်းတရားတွေက ဖေဖေ့ အပေါ် တယ်လည်း ကြီးတာကိုး။

ကျွန်တော်ကတော့ ဖေဖေရဲ့ နောက်ဆုံး ခရီး ကို သားကောင်း တစ်ယောက် အနေနဲ့ ကျေကျေ ပွန်ပွန် လိုက်ပို့ခဲ့တယ်။ ဖေဖေ့ အုတ်ဂူရှေ့မှာလည်း ဆို့နင့်ကြေကွဲတဲ့ နှလုံးသားနဲ့ ဖေဖေဆိုတဲ့ ဝေါဟာရကို ဆွဲဆွဲငင်ငင် မြည်တမ်းပြီး ၀မ်းပန်း တနည်း ငိုကြွေး မိခဲ့သေးတယ်။ ဖေဖေ့ကို ဘယ်တော့မှ မတွေ့နိုင်တော့ဘူး ဆိုတဲ့ အမှန်တရားရဲ့ သေချာမှုမှာ ကျွန်တော် ခံနိုင်ရည် ကင်းမဲ့ခဲ့တာလေ။ မေမေက ဖေဖေ့ကို ကွာရှင်း စာချုပ်မှာ လက်မှတ် ထိုးခိုင်းတဲ့ နေ့က ဖေဖေ ပြောခဲ့တဲ့ စကားကို ကျွန်တော် အခုထိ မှတ်မိနေသေးတယ်။

"ဖေဖေ့ရဲ့ တစ်ဒင်္ဂ အမှားကြောင့် ဖေဖေ အိမ်ထောင်ပျက်ရတဲ့ အဆင့်ထိရောက်တာ သိပ်ဝမ်းနည်းတယ်။ ဘာပဲဖြစ်ဖြစ် ဖေဖေ့ ရင်ထဲမှာတော့ သားမေမေနဲ့ သားဟာ အမြဲတမ်း အနက်ရှိုင်းဆုံး တည်ရှိနေမှာပါ"တဲ့။

မေမေ့ ရင်ထဲမှာတော့ ဖေဖေ့အတွက် အမုန်းတရားတွေက လွဲလို့ ဘာမှ ရှိတော့ဟန် မတူဘူး။ ဖေဖေပြောတဲ့ တစ်ဒင်္ဂအမှား ဆိုတာကို မေမေရဲ့ နှလုံးသားခုံရုံးက လုံးဝ ခွင့်လွှတ်ဖွယ် မရှိတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုကြီး အဖြစ် ဆုံးဖြတ်ခဲ့ပြီး ပြစ်ဒဏ်အဖြစ် ကွာရှင်း စာချုပ်မှာ လက်မှတ်ထိုးခိုင်းခဲ့တာ။ ဖေဖေနဲ့ မေမေ တရားဝင် ကွဲကွာပြီး နောက်ပိုင်း ကျွန်တော့်ကို မကြာခဏ လာတွေ့တတ်တဲ့ ဖေဖေ့ကို "ရှင့်ကို မမြင်ချင်ဘူး။ သားဆီလည်း မလာပါနဲ့။ ကျွန်မ သားကို ရှင့်လို သစ္စာမဲ့တဲ့ လူမျိုးဖြစ်မှာ စိုးလို့"ဆိုတဲ့ စကားနဲ့ ကြိုဆိုတတ်ခဲ့တာ။ ဖေဖေလည်း နောက်မလာ တော့ပါဘူး။ သူနဲ့ ပတ်သက်ခဲ့မိတဲ့ မိန်းမနဲ့ အိမ်ထောင်ပြုလိုက်ပြီဆိုတဲ့ သတင်းပဲ ကြားလိုက်ရတော့တယ်။ ကျွန်တော်လည်း ဖေဖေ့ကို စိတ်ကုန်သွားတယ်။ ကျွန်တော့် ဘ၀ထဲကနေ ဖေဖေ့ကို နုတ်ချလိုက်တယ်။ မေမေပဲ ကျန်တော့တာပါ။ ဒီတော့ မေမေ့ကိုပဲ ချစ်တော့တယ်လေ။

ဟော အခု ဖေဖေ့ရဲ့ နောက်ထပ် မျိုးဆက်လေးဟာ ညီဆိုတဲ့ ချစ်ခံထိုက်သူ လူသားတစ်ယောက် အနေနဲ့ ကျွန်တော့် မျက်စိရှေ့မှောက်ကို ကျွန်တော့် ဖိတ်ခေါ်မှုမပါဘဲ အလိုလို ရောက်လို့လာပြီ။ ကိုယ့်အဖေရဲ့ သွေးသားဆိုတော့လည်း လက်မခံလို့မှ မကောင်းပဲ။ သူ့ခမျာ ဆွေမဲ့မျိုးမဲ့ ဖြစ်ရတော့မှာ။ အခုချိန်မှာ ကျွန်တော်က သူ့ရဲ့တစ်ဦးတည်းသော ဆွေမျိုး ရင်းချာလေ။ အင်းလေ... ညီဖြစ်လာမှတော့ မချစ်သော်လည်း အောင့်ကာ နမ်းရတော့မှာပေါ့။ ဒီတော့ ကျွန်တော်ကပဲ...

"မေမေရယ် သားညီလေး ဆိုတော့လည်း လက်ခံရမှာပေါ့"လို့ ပြောလိုက်တယ်။ မေမေက ကျွန်တော့်ကို မျက်မှောင်ကြုတ်ကြည့်ပြီး... "အေးလေ သားလက်ခံရင် ပြီးတာပါပဲ" တဲ့။ "ညီလေးကို ကျွန်တော်တို့ ဆီမှာ စိတ်ချ လက်ချထားခဲ့ပါ ဦး" "အေးကွယ် ဒီလိုဆို ဦးတို့ ပြန်မယ်နော်" "ဟုတ်ကဲ့"

ဧည့်သည်တွေ ပြန်သွားတော့ ကောင်လေးကို ကျွန်တော် ကောင်းကောင်း ကြိမ်းလိုက်တယ်။

"ဟေ့ကောင် ဒီနေ့ကစပြီး ငါ့ကို ကိုကိုလို့ ခေါ်ရမယ် ကြားလား။ ငါ့စကားကိုလည်း နား ထောင်ရမယ်။ အဲဒီလို မဟုတ်ရင်တော့ နာပြီ သာမှတ်"

"ဟုတ်ကဲ့ ကိုကို"

မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ သနားစရာ ကောင်းအောင်တော့ လုပ်တတ်သား။

ကျွန်တော်တို့အိမ်ကို ကောင်လေး ရောက်လာတာ တစ်ပတ် ရှိသွားပါပြီ။ သူ့ရဲ့ စားရေး သောက်ရေး၊ နေရေးထိုင်ရေး အားလုံးကိုတော့ အိမ်ဖော်ဒေါ်ကြီးစိုးရဲ့ လက်ထဲ အပ်လိုက်တယ်။ ဒေါ်ကြီးစိုးက သူ့ကို အချိန်တန် ကျွေး၊ အချိန်တန် ရေချိုးပေးတယ်။ အိပ်တော့လည်း ဒေါ်ကြီးစိုးနဲ့ အတူအိပ်တာပဲ။
ကောင်လေးက ငြိမ်တော့ ငြိမ်ပါတယ်။ ဆော့လည်း မဆော့ဘူး။ သူ့ကြည့်လိုက်ရင် အမြဲတမ်း မျက်လုံးလေး ကလယ်ကလယ်နဲ့။ ဘာမှလည်း မပြောဘူး။ နားအေးတာပေါ့လေ။ ကလေးတစ်ယောက်ကို ပြောရဆိုရနဲ့ ထိန်းကျောင်းရတာ လွယ်တာမှတ်လို့။

ဒီနေ့ညတော့ ဒေါ်ကြီးစိုးက သူ့အိမ်သူ ပြန်သွားတယ်။ ဒေါ်ကြီးစိုးရဲ့ အစ်မ နေမကောင်း လို့ဆိုလား။ ဒီတော့ ဒီနေ့ညမှာ ကောင်လေးကို ကျွန်တော့် အိပ်ရာမှာပဲ သိပ်ဖို့ အခြေအနေက ဖြစ်လာတယ်။ မေမေနဲ့လည်း မဖြစ်ဘူးလေ။ မေမေက သူ့မျက်စိရှေ့ ကောင်လေး ရောက်လာတာတောင် ကြိုက်တာ မဟုတ်ဘူး။ ဖေဖေ့ မျက်လုံးနဲ့ တူတဲ့ ကောင်လေး မျက်လုံးတွေ ကြည့်ပြီး ဖေဖေရဲ့ ၀ိညာဉ် ပူးကပ်နေတဲ့ မှင်စာဆိုးလေးလို့တောင် ပြောထားတာ။ အခု ကျွန်တော့် အိပ်ရာထဲ ကောင်လေး ရောက်နေပြီ။ အချိန်က ည ၈ နာရီရှိပြီလေ။ ကောင်လေးက အိပ်တော့ မအိပ်သေးဘူး။ ထုံးစံအတိုင်း မျက်လုံးလေး ကလယ်ကလယ်နဲ့ပဲ။ ဒီကောင် အိပ်ရာထဲ သေးပေါက်တတ် သလားမသိ။ မေးကြည့်ဦးမှ။

"မင်း အိပ်ရာထဲ ရှူးရှူးပေါက်တတ်လား" ကောင်လေးက ခေါင်းခါတယ်။ "အေး ပြီးရော။ ပေါက်ရင်တော့ အသေပဲ ကဲ.... အိပ်တော့"

ကျွန်တော်က ဆယ်တန်းကျောင်းသား ပီပီ စာတွေ ကျက်ရဦးမယ်။ အရင်ဆုံး အိမ်စာ တချို့ကိုပြီးအောင် လုပ်နေလိုက်တယ်။ တအောင့်လောက်ကြာတော့ သင်းက အီခနဲ ငိုပါရောလား။

"ဟေ့ကောင် ဘာဖြစ်လို့ ငိုနေတာလဲ"

"မေမေ့ကို တွေ့ချင်လို့"

"ရော် ခက်ပြီ မင်းအမေကို မင်းဘယ်တော့မှ မတွေ့နိုင်တော့ဘူးလေ။ နောက်ဆို အမေကို မတွေ့ချင်နဲ့တော့ ကြားလား။ မင်း ငိုရင် ငါစာလုပ်လို့ ရမှာ မဟုတ်ဘူး နားလည်လား"

သူ့ပါးပေါ်က မျက်ရည်စတွေကို လက်ဖမိုးနဲ့ သုတ်ပြီး ခေါင်းညိတ်တယ်။

"ကဲ့ အိပ်တော့ ထပ်မငိုနဲ့တော့"

"ဟုတ်ကဲ့"

ဟင်း သင်းကို ချော့ရတာက အလုပ် တစ်လုပ်။ သူ့ကို ကျွန်တော့် အိပ်ရာထဲ သိပ်မိတာတော့ မှားပြီ ထင်ပါတယ်။ ဒေါ်ကြီးစိုးနဲ့ အိပ်တော့လည်း ဒီလိုပဲ ထငိုနေသလား မသိ။
ည ၁၁ နာရီလောက်မှာ ကျွန်တော် စာကျက်ပြီး သွားတယ်။ အိပ်ရာထဲ လှမ်းကြည့်လိုက်တော့ ကောင်လေးက ဟိုဘက်လှည့်ပြီး စောင်းအိပ် နေတယ်။ တော်သေးတာပေါ့။ အငိုတိတ်ပြီး အိပ်ပျော်သွားလို့။ နို့မဟုတ်ရင် စိတ်မရှည်တာနဲ့ သင်းကလေးတော့ မလွယ်ဘူးမှတ်။ ကျွန်တော် အိပ်ရာပေါ် တက်လိုက်တော့ သူ့ခန္ဓာကိုယ်လေး ရုတ်တရက် လှုပ်ရှားသွားတယ်။ ဟင် ဒီကောင် မအိပ်သေးဘူးလား။ သူ့မျက်နှာကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်တယ်။ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် အံ့အားသင့်သွားတယ်။ ကျွန်တော် တွေ့လိုက်ရတာက မျက်ရည် စီးကြောင်းတွေနဲ့ စိုစွတ်နေတဲ့ သူ့မျက်နှာလေးလေ။ မျက်လုံးလေးကတော့ မှိတ်လို့။ မျက်ခွံလေးကတော့ မသိမသာ လှုပ်လှုပ် သွားတယ်။ တကယ်တော့ သူက အသံမထွက်ဘဲ ငိုနေတာပဲ။ ဘုရားရေ မင်း ဒီလိုလည်း လုပ်တတ်ပါလား။

"နေမင်းခန့် နေမင်းခန့်"

သူ့နာမည်ကို ကျွန်တော် ခပ်တိုးတိုး ခေါ်လိုက်တော့ သူက ချက်ချင်း ဆိုသလို ငုတ်တုတ် ထထိုင်တယ်။ ငိုထားတဲ့ အရှိန်ကြောင့် မျက်လုံးလေးတွေက နီလို့။

"မင်း မအိပ်ဘဲ ဘာလို့ ငိုနေရတာတုံး"

"သား မငိုပါဘူး"

"ဟေ မင်းမငိုဘူးတာ ပြောတယ်။ မင်း မျက်နှာမှာလည်း မျက်ရည်တွေနဲ့ ပါလား"

"ဒါတော့ သားမသိဘူး။ မငိုနဲ့ဆိုလို့ သား မငိုမိအောင် နေတာပဲ။ မျက်ရည်တွေက သူ့ဟာ သူ ကျလာတာ"

သူ့အဖြေကြောင့် ကျွန်တော် သနားသွားတယ်။ အင်းလေ သူ့ခမျာ ဒီအရွယ်လေးနဲ့ မိမဲ့ဖမဲ့ ဖြစ်ရရှာတော့ ကြေကွဲဝမ်းနည်းရှာမှာပေါ့။ ကျွန်တော်တောင် ဘ၀ထဲမှာ အဖေ ပျောက်ဆုံးသွားတဲ့ ကာလများက အလွန်တရာ စိတ်ထိခိုက် ကြေကွဲခဲ့သေးတာပဲ။ သူ့ကို ကျွန်တော် စာနာ နားလည် နိုင်ပါတယ်။

"မေမေ့ကို တွေ့ချင်နေတုန်းပဲလား ဟင် နေမင်းခန့်"

"ဟင့်အင်း အခု သားတွေ့ချင်တာက ဖေဖေ့ကို"

ဖေဖေဆိုတဲ့ စကားလုံးမှာ ကျွန်တော့် ရင်ထဲ လှုပ်ခတ်သွားတယ်။ သူပြောတဲ့ ဖေဖေဆိုတာ ကျွန်တော့် ဖေဖေပဲ မဟုတ်လား။ သူပြောမှ ဖေဖေ့ကို လွမ်းသွားတယ်။ စိတ်ထဲ အလိုလို ၀မ်းနည်းလာတယ်။

"ဖေဖေက လောကကြီးထဲမှာမှ မရှိတော့တာပဲကွာ။ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ ဘူးလေ"

သံသရာခရီး တစ်လျှောက်မှာတော့ ဖေဖေ့ကို ပြန်တွေ့ကောင်း တွေ့နိုင်မယ် ထင်တယ်။ သံသရာမှာ ပြန်တွေ့စရာ အကြောင်းတရားတွေ ရှိဦးမယ် ဆိုရင်ပေါ့လေ။ "သားကို ချစ်တဲ့သူတွေ သားအနားမှာ မရှိကြတော့ဘူး။ အဲဒါကို သား မုန်းတယ်။ ကိုကိုက သားကို မချစ်ပါဘူး။ ကိုကို့မျက်လုံးတွေကို ကြည့်တာနဲ့ သားသိတယ်။

ကောင်လေးရဲ့စကားမှာ ကျွန်တော် ရုတ်တရက် မျက်နှာ ပျက်သွားမိတယ်။ သူက ကျွန်တော့်ကို ကလေးတစ်ယောက်ရဲ့ စင်ကြယ်မှုအတိပြီးတဲ့ မျက်လုံးတွေနဲ့ မော်ကြည့်လို့ နေတယ်။ အဲဒီ အကြည့်တွေက မေတ္တာကို ငံ့လင့် တောင်းခံနေတဲ့ ပုံမျိုး။ နောက်ပြီး ကိုယ့်ညီကိုယ် ချစ်ရကောင်းမှန်း မသိဘူးလားလို့ မေးနေ သလိုလို။ တစ်ဒင်္ဂအတွင်း ကျွန်တော့် စိတ်တွေဟာ နူးညံ့ ပျော့ပျောင်းလာပြီး သူ့အပေါ် ကြင်နာ လိုစိတ်လေးတွေ တဖွားဖွား ပေါ်ပေါက်လာတော့ တယ်။ သွေးက စကားပြောပြီထင်ရဲ့။

"ညီလေးကို ကိုကို ချစ်ပါတယ်ကွာ။ ညီလေးက ကိုကို့ ညီလေးပဲဟာ"

အဲဒီစကားက ကျွန်တော် ပြောသင့်တဲ့ စကားပဲ မဟုတ်လား။ ကျွန်တော့် စကားကို နားထောင်နေတဲ့ သူ့မျက်နှာလေး ပြုံးသွားတယ်။

"သားကို ညီလေးလို့ ခေါ်ပြီနော်"

"အေးလေ ကိုကို့ညီမို့ ညီလေးလို့ ခေါ်တာပေါ့"

"စောစောတုန်းကတော့ ကိုကိုက သားကို မင်းလို့ပဲ ပြောတာလေ။ အခု ညီလေးလို့ ခေါ်တော့ သား သိပ်ပျော်တာပဲ။ သားရဲ့ နားထဲမှာ နားထောင်လို့ သိပ်ကောင်းတာပဲ။ သားကို ညီလေးလို့ အမြဲခေါ်ပါနော်"

ဒီတစ်ကြိမ်မှာတော့ ပြုံးမိသူက ကျွန်တော်ပါ။

"အေးပါကွာ ညီလေးကို ညီလေးလို့ အမြဲ ခေါ်ပါ့မယ်နော်။ ကဲ ညီလေး အိပ်တော့နော်။ အိပ်ချိန် ရောက်နေပြီ"

"မအိပ်ခင် ကိုကို့ကို သား ကန်တော့မယ်နော်"

ကျွန်တော့်ရှေ့မှာ ဦးသုံးကြိမ်ချပြီး ကန်တော့နေတဲ့ ညီလေးကို ကြည့်ရင်း ကျွန်တော် အံ့သြ မှင်တက်သွားတယ်။ ရင်ထဲမှာလည်း အတိုင်းထက်အလွန် ၀မ်းသာကြည်နူးမှုနဲ့ တနင့်နင့် ဆို့တက်လာတယ်။ ခံစားမှုကို မထိန်းချုပ်နိုင် တော့တဲ့ အဆုံး ကျွန်တော့် ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလို့ လာပါရောလား။

"ဟင် ကိုကို ငိုနေတယ် ဘာဖြစ်လို့လဲ"

"ကိုကို ကျေနပ်လွန်းလို့ပါ ညီလေးရာ။ ဒီလောက် လိမ္မာတဲ့ ညီလေးကို ကိုကို ရတဲ့ အတွက်လေ"

"သားကိုတော့ မငိုနဲ့ပြောပြီး ကိုကိုကတော့ ငိုတယ်။ ကိုကို မတရားဘူး"

ညီလေးစကားကြောင့် ကျွန်တော် ရှက်ရှက်နဲ့ ရယ်မောမိတယ်။

"ဟုတ်သားပဲ ကိုကို မတရားဘူးနော်။ ညီလေးက ကိုကို့ကို ကန်တော့တယ် ဆိုတော့ ဆုပေးရမှာပေါ့"

"သားက ဆုတစ်ဆုပဲ လိုချင်တယ်"

"ဘာဆုလဲ"

"သားဘေးမှာ သားကို ချစ်တဲ့လူတွေ ရှိပါစေဆိုတဲ့ ဆု"

"အဲဒီဆုက ညီလေး အမြဲပြည့်မှာပါ။ ကိုကိုက ညီလေးကို အမြဲတမ်း ချစ်မှာ သေချာသွားပြီလေ"

"ဟေး"

ညီလေးက ကလေးပီပီ ၀မ်းသာအားရ ထအော်တယ်။ သိပ်ချစ်စရာ ကောင်းတဲ့ ညီလေး ပါလား။ အတန်ကြာတော့ ညီလေး အိပ်မောကျ သွားတယ်။ ညီလေး မျက်နှာ ကြည့်ရတာ အပြစ် သိပ်ကင်းတာပဲ။ ညီလေးရဲ့ နဖူးကို ကျွန်တော် ခပ်ဖွဖွ နမ်းလိုက်တယ်။ ရင်ထဲမှာ နွေးထွေး ကြည်နူး သွားလိုက်တာ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်ဘူး။ သွေးသားဆိုတဲ့ အသိတရားကို ဗဟို ပြုလို့ မေတ္တာထားပြီး ချစ်ရတာဟာ အဲဒီလောက် ချိုမြိန်သလား။

ညီလေးက ကျွန်တော်မရှိတဲ့ အချိန်တွေဆို ပျင်းနေပုံရတယ်။ ဒေါ်ကြီးစိုးကလည်း သူ့ကို အဖော်လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ သူ့အလုပ်နဲ့ သူ ရှုပ်နေတာ။ မနေ့က ညီလေးအတွက် ကစားစရာ အရုပ် တချို့ဝယ်ပေး ဖြစ်သေးတယ်။ ဒါကို မေမေက "သားရယ် အပိုကုန်အောင် လုပ်နေပြန်ပါပြီ"တဲ့။ ကျွန်တော်က ညီလေးအပေါ် မေတ္တာပြတဲ့ အနေနဲ့ ၀ယ်ပေးခဲ့တာ။ ညီလေးက မေတ္တာဖြန်းမှ လန်းဆန်းခွင့်ရမယ့် ကလေးသူငယ်လေး ဆိုတာ ကျွန်တော် နားလည်ထားပြီ မဟုတ်လား။

ညီလေးက ငယ်သာ ငယ်တာ။ စကားတော့ အတော် တတ်တယ်။ ကျွန်တော် ၀ယ်ပေးတဲ့ အရုပ်တွေကို ကြည့်ပြီး ဘာပြောတယ် မှတ်လဲ။
"သား ဒီအရုပ်တွေကို ရတော့ သိပ်ပျော်တာ ပဲ။ ဒါတွေကို ကြိုက်လို့ မဟုတ်ပါဘူး။ သား အပေါ် ကိုကို ကောင်းတာကို ကြိုက်လို့" တဲ့လေ။
ညီလေးက ချစ်အောင်တော့ နေတတ်ရှာတယ်။ ကျွန်တော်က ချစ်နေပြီမို့ ကိစ္စမရှိဘူး။ အဓိကက မေမေ ချစ်ဖို့။ ကျွန်တော်တောင် ညီလေးကို ချစ်သွားသေးတာပဲ။ မေမေလည်း နောက်တော့ ချစ်သွားမှာပါ။
ဟော ကျွန်တော် ကျောင်းသွားဖို့ အချိန် ရောက်ပြီ။ ညီလေးက ကျွန်တော် ကျောင်းသွားတော့မှာ သိလို့ "ကိုကို တာ့တာ"တဲ့။

"အေး ညီလေး တာ့တာ။ ကိုကို့ အခန်းထဲမှာ ဆော့နေနော်။ တစ်ခုခု လိုချင်ရင် ဒေါ်ကြီးစိုးကိုပြော ဟုတ်လား"

"ဟုတ်ကဲ့"

ညီလေးက ကျွန်တော် ကျောင်းပြန်လာချိန် ဒါမှမဟုတ် ကျူရှင်က ပြန်လာချိန်တွေမှာလည်း နှုတ်ဆက် တတ်သေးတာ။ ဒီတော့ အချိန်တို အတွင်းမှာ ညီလေးဟာ ကျွန်တော့်ရဲ့ အချစ်တုံးလေး ဖြစ်လာ တော့တယ်။ အင်း ကျောင်းကပြန်ရင် ညီလေးအတွက် ဂျယ်လီ တစ်ထုပ် ၀ယ်ခဲ့ဦးမှပါ။ ဒေါ်ကြီးစိုးက ပြောတယ်။ မနေ့ညက တီဗီမှာ ဂျယ်လီ ကြော်ငြာလာတော့ ညီလေးက "သားသား ကြိုက်ကြိုက်"လို့ ထအော်နေသတဲ့။ မေမေက "ဟဲ့ ကလေး နားငြီးတယ်"လို့ အော်လိုက်မှ ငြိမ်သွားတာတဲ့လေ။ ကျောင်းရောက်တော့ အချစ်ဆုံး သူငယ်ချင်း ကောင်းထက်ကို ညီလေး အကြောင်း ပြောပြဖြစ်တယ်။ ကောင်းထက်က ညီလေးကို တွေ့ချင်တယ်တဲ့။ ကျောင်းခန်းထဲမှာ စာသာသင်နေရတာ ကျွန်တော့်စိတ်က ဒီအချိန် ညီလေး ဘာလုပ်နေမှာလဲ ဆိုတဲ့အတွေးနဲ့ စပ်ယှက်လို့နေတယ်။
ကျောင်းလည်း ဆင်းရော ညီလေး ကြိုက်တဲ့ ဂျယ်လီကို ကျောင်းမုန့် ဆိုင်လေးမှာ အပြေး သွားဝယ်လိုက်တယ်။ အိမ်ရောက်လို့ ကျွန်တော့် လက်ထဲက ဂျယ်လီမြင်ရင် "သားသား ကြိုက်ကြိုက်"လို့ အော်မှာ မြင်ယောင် သေး။

ကျွန်တော့် ခြေလှမ်းတွေ အိမ်တံခါးဝဆီ အရောက် မထင်မှတ်ထားတဲ့ မြင့်ကွင်း တစ်ခုကို တွေ့လိုက်ရတယ်။ မေမေက ညီလေး လက်ဆွဲပြီး အထုပ် အပိုး တစ်ခုနဲ့ အိမ်ထဲက ထွက်လာတာလေ။ ညီလေး မျက်နှာကြည့်လိုက်တော့ မကောင်းဘူး။ ငိုထားပုံပဲ။

"မေမေ ဘယ်သွားမလို့လဲ"

"သူ့ကို ဒီမှာမထားချင်လို့ ဘကြီးထွေးတို့အိမ် သွားပို့မလို့"

ကျွန်တော့်ရင်ထဲ ရုတ်တရက် ဗလောင်ဆူဝေသွားတယ်။

"အဲဒီလို မလုပ်ပါနဲ့ မေမေရာ။ တကယ်တော့ သူက သားညီလေးပဲ ဟာ။ သားညီလေးကို သားနဲ့ပဲ အတူထားပါ"

"အို မဖြစ်နိုင်ဘူး။ မေမေ ဒီကလေးကို မမြင်ချင်ဘူး။ သူ့ကို မြင်ရင် မေမေ ဒေါသထွက်တယ်။ စိတ်မချမ်းသာဘူး"

"မေမေရယ် ဖေဖေလည်း လောကထဲမှာ ရှိရှာတော့တာ မဟုတ်ဘူး။ မေမေ့ ရင်ထဲက အမုန်းတရားတွေနဲ့ မေမေ ကိုယ့်ကိုယ်ကို မနှိပ်စက်သင့် တော့သလို မေမေ့ရဲ့ စိတ်ခံစားချက်ကြောင့် သားရဲ့ စိတ်ဆန္ဒကို လျစ်လျူ မရှုသင့်ပါဘူး။ မေမေ့ရဲ့ အမုန်းတရား အောက်မှာ ဖေဖေ့ကို အချိန်အတော်ကြာ သားမုန်းတီး တတ်ခဲ့ပြီးပါပြီ။ အခုတစ်ခါ ညီလေးကို မုန်းတတ်အောင် ထပ်မလုပ်ပါနဲ့တော့ မေမေရယ်။ မေတ္တာတရားနဲ့ ပတ်သက်ပြီး သားနောက် =ထပ် ၀မ်းမနည်းပါရစေနဲ့တော့။ သား ဖေဖေ့ကို ခွင့်လွှတ်တယ် မေမေ။ သား ငရဲမယူချင်ဘူးလေ။ မွေးချင်းမဲ့တဲ့ သားဆီ ညီလေး ရောက်လာတာကို တကယ့်စိတ်ရင်းနဲ့ သား ကျေနပ်နေပါပြီ။ အဲဒီအတွက် ဖေဖေ့ကိုလည်း ကျေးဇူးတင်တတ် နေပါပြီ။ ညီလေးက သားအတွက် တစ်လောကလုံးမှာ တစ်ယောက်တည်းရှိတဲ့ ညီလေးပဲလေ။ ညီလေး ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ ဖြစ်ပြီး မေတ္တာ ငတ်မွတ်နေရတာ သား သနားတယ်။ ကိုယ်ချင်း စာတယ်။အစ်ကိုကြီး အဖအရာဆိုသလို ညီလေးကို အဖမေတ္တာနဲ့ တူတဲ့ မေတ္တာမျိုး ပေးဖို့ သား ဆုံးဖြတ် ထားပြီးပါပြီ။ မေမေ သားကို ချစ်ရင် ညီလေးကိုလည်း သားအရင်းလို ချစ်ပေးပါနော်။ မေတ္တာငတ်တဲ့ ခံစားမှုဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးပါ မေမေ။ ညီလေးကို သား မေတ္တာ မငတ်စေချင်ဘူး။ သူများလက်ထဲလည်း မထည့်နိုင်ဘူး။ သားနဲ့ ညီလေးအတွက် စဉ်းစားပေးပါဦး မေမေရယ်"

ကျွန်တော့် စကားကို နားထောင်နေတဲ့ မေမေ့ မျက်ဝန်းတွေ ခဏလေးအတွင်း တရိပ်ရိပ် ညှိုးနွမ်းလာတယ်။ ကျွန်တော့် စကားလည်း ဆုံးရော အသက်လေးဆယ်ကျော် မေမေ့မျက်နှာဟာ မီးစာကုန် ဆီခန်း သွားသလို ဗြုန်းဆို အိုမင်း ရင့်ရော်သွားတယ်။ မကြာဘူး။ မေမေက သူ့ လက်ဖ၀ါးတွေမှာ မျက်နှာအပ်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်တယ်။

"မငိုပါနဲ့ မေမေရယ်။ သားက မေမေ ၀မ်းနည်းအောင် ပြောတာ မဟုတ်ပါဘူး"

ကျွန်တော့်ကို မေမေ ဘာမှပြန်မပြောဘဲ အိမ်ထဲဝင်သွားတယ်။ ညီလေးက ကျွန်တော်ဆီ လာပြီး ဖက်ငိုတယ်။

"ကိုကိုနဲ့ပဲ အတူတူနေမယ် အီးဟီး"

"နေရမှာပေါ့ ညီလေးရာ"

ညီလေးကို ကျွန်တော် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်တယ်။ ကိုကို ရှိနေသရွေ့ မေတ္တာ မငတ်စေရပါဘူး ညီလေးရယ်။ ကိုကို ကတိပေးတယ်။

ဒီနေ့ည ထမင်းဝိုင်းကို မေမေ ရောက်မလာဘူး။ ဒေါ်ကြီးစိုး ပြောပြချက်အရ မေမေက နေ့လယ်ကတည်းက သူ့အခန်းထဲကနေ အပြင် ထွက်မလာဘူးတဲ့။ ကျွန်တော့်ကို မေမေ စိတ်ဆိုးသွားပြီ ထင်တယ်။ မေမေ့ကို သား အပြစ်တင်ပြီး ပြောခဲ့တာ မဟုတ်ပါဘူး မေမေရယ်။ သား ခံစားချက်နဲ့ သားပြောမိတာမို့ သားပြောခဲ့တဲ့ စကားတွေမှာ အမှားတွေလည်းပါ ပါလိမ့်မယ်။ အဲဒီ အတွက် မေမေ သားကို ခွင့်လွှတ်နိုင်ပါရဲ့လား။
မေမေ့ကို တောင်းပန်ဖို့ မေမေ့အခန်း တံခါးဝဆီ ညီလေး လက်ကိုတွဲပြီး ထွက်လာမိ တယ်။ မေမေ့ အခန်းတံခါးဝ ရောက်တော့ အခန်းတံခါးက ကျွီခနဲပွင့်ပြီး မေမေ ထွက်လာ တယ်။ မေမေ့ မျက်ဝန်းတွေနဲ့ ထိပ်တိုက်တွေ့မိတဲ့ အခါ မေမေ့ မျက်ဝန်းတွေမှာ ကျွန်တော် ထင်ထားသလို နူးညံ့မှုကင်းမဲ့ မနေဘူး။ မေမေ့ လက်ထဲမှာ ညီလေးရဲ့ အ၀တ်တချို့ ရှိနေတယ်။

"သြော် သား ညစာစားဖို့ လာခေါ်တာလား။ သားညီလေးရဲ့ အင်္ကျီတချို့ ပြဲနေတာတွေ့ လို့ မေမေ ချုပ်ပေးနေတာ နည်းနည်းကြာသွားတယ်"

မေမေ့ဆီက မမျှော်လင့်ထားတဲ့ စကား ကြားလိုက်ရတာမို့ ကျွန်တော် အံ့သြ ၀မ်းသာသွားတယ်။ ဒါဆို မေမေ ညီလေးအပေါ် သဘောထား ပြောင်းသွားပြီပေါ့။ ကျေးဇူး တင်လိုက်တာ မေမေရယ်။ မေမေက ကျွန်တော့် မျက်နှာပေါ်က ခံစားမှုတွေကို ဖတ်ရင်း ချိုကြည်စွာ ပြုံးနေတယ်။ အဲဒီ အပြုံးက သားကို မေမေ နားလည်ပေးလိုက်ပြီ လို့ ပြောနေတာ ကျွန်တော်သိတယ်။

"သားသားလာ မန်မန်း သွားစားမယ်"

ညီလေး လက်ကိုဆွဲပြီး ထမင်းစာခန်းဆီ ဦးတည် ထွက်သွားတဲ့ မေမေ့ကိုကြည့်ရင်း ကျွန်တော့်စိတ်ဘ၀င်ဟာ အတိုင်းမသိ ၀မ်းမြောက် ပျော်ရွှင်သွားပုံများ။ ထမင်းစားဝိုင်းမှာ မေမေက ညီလေးကို ငါးအရိုးနွှင်ပြီး ကျွေးတာတွေ့ရတော့ ကျွန်တော့် ရင်ထဲ ထူးထူးခြားခြား ကျေနပ်နေမိတယ်။ မေမေ့ ရဲ့ ပကတိ အဖြူရောင် စိတ်ထားလေးဟာ အတ္တ မာန အခွံကျွတ်လို့ နိုးကြား ရှင်သန်လာခဲ့ပါပြီ။ ဒီတော့ မေမေဟာ ကျွန်တော့် စိတ်ထဲမှာ အလှဆုံး မိခင် ဖြစ်လို့သွားတယ်။

"သားသား ငါးကြိုက်လား"

"သားသား ကြိုက်ကြိုက်"

"ငရုတ်သီးရော"

"သားသား မကြိုက် မကြိုက်"

ညီလေးရဲ့ စကားကို ကျွန်တော်နဲ့ မေမေ ပြိုင်တူ ရယ်မောမိကြတယ်။ ကျွန်တော့် ဘ၀ထဲမှာ ရယ်သံတွေ ပျောက်ဆုံးနေခဲ့တာ အတော်လေး ကြာပါပြီ။ မိသားစု ပျော်ရွှင်မှုနဲ့ ပတ်သက်ပြီး မှောင်အတိ ကျသွားခဲ့တဲ့ ကျွန်တော့်ရဲ့ အရုဏ်ဦး တွေ နိုးထလာတော့မယ်ထင်ရဲ့။ ကျွန်တော်တို့ ညစာ စားပြီးတော့ ညခုနစ် နာရီ ထိုးပြီ။ အပြင်မှာ မိုးစုံးစုံးချုပ်နေပြီ။ အဲဒီ အချိန်မှာ ညီလေးက ကျွန်တော့်ကို "ကိုကို ကောင်းကင်ကကြယ် ကြည့်မယ်"တဲ့။ ထူးထူး ဆန်းဆန်း သူကကြယ် ကြည့်မယ် ဆိုပါလား။

"အင်း..ကြည့်ကြတာပေါ့ကွာ"

ညီလေးကို အိမ်ခြံဝင်းထဲက ပန်းခြံလေးဆီ ကျွန်တော် ခေါ်သွားတယ်။ ပန်းခြံထဲမှာ လူနှစ်ယောက် ထိုင်နိုင်တဲ့ ဒန်းလေး ရှိတယ်လေ။ ဒန်းပေါ်ထိုင်ပြီး ကောင်းကင်ထဲက ကြယ်စင်တွေကို မော်ကြည့်ကြတယ်။ ဒီည ကောင်းကင်မှာ မိုးသား ကင်းစင်ပြီး ကြယ်တွေလည်း စုံတယ်။ ကြယ်တွေက မဟူရာ ကော်ဇောပြင်ပေါ်က စိန်ပွင့်လေးတွေလို တလက်လက်။

"ဟေး ဖေဖေ့ကို တွေ့ပြီ"

ညီလေးရဲ့ ၀မ်းသာအားရ အော်သံကြောင့် ကျွန်တော် ကြောင်သွားတယ်။

"ဘယ်မှာလဲဟ"

"ဟိုမှာလေ မှိတ်တုတ် မှိတ်တုတ် လက်နေတဲ့ ကြယ်ကြီးလေ"

ညီလေးက ကောင်းကင်ထဲက ခပ်ကြီးကြီး ကြယ်တစ်ပွင့်ကို လက်ညှိုးထိုးပြတယ်။ အဲဒီ ကြယ်ကို ဘာကြယ်လို့ခေါ်မှန်း ကျွန်တော် မသိဘူး။ ကြယ်တွေအားလုံးထဲမှာတော့ သူက အတောက်ပဆုံး။

"အဲဒီကြယ်က ဘယ်လိုကြောင့် ဖေဖေ ဖြစ်ရတာလဲ ညီလေးရဲ့"

"ဖေဖေက ပြောတယ် ကိုကိုရဲ့။ နောင်ဘ၀မှာ ကြယ်လုပ်မယ်တဲ့"

ဟင် ဖေဖေက ဒီလောက် ကလေးဆန်တဲ့ စကားကို ဘာဖြစ်လို့ ပြောခဲ့တာပါလိမ့်။

"သားက ဖေဖေနဲ့ ကြယ်တွေ ခဏခဏ ကြည့်တာလေ။ သားက ကြယ်တွေကို ချစ်တော့ ဖေဖေက ကြယ်လုပ်မယ်လို့ ပြောတာ။ ဟိုမှာ သားတို့ကို ဖေဖေ ကြည့်နေတယ် ကိုကို။ ဖေဖေရေ သား ဖေဖေ့ကို လွမ်းတယ်"

ကောင်းကင်ကကြယ်ကို အဖေအမှတ်နဲ့ အော်နေတဲ့ ကလေးဟာ ကျွန်တော့် ညီလေးတဲ့ လေ။ ပကတိ ကလေးဆန် လှတဲ့ ညီလေးရဲ့ အပြုအမူကြောင့် ကျွန်တော် နှစ်ခြိုက်စွာ ပြုံးလိုက်မိတယ်။

"ကိုကို ကိုကိုလည်း ဖေဖေ့ကို စကားပြောလေ"

"သြော် အေး စဉ်းစား လိုက်ဦးမယ်ကွာ နေဦး"

ကျွန်တော့် ညီလေးလိုပဲ ကြယ်လေးကို ဖေဖေအမှတ်နဲ့ စကားတွေ ပြောခွင့်ရရင် ပျော်စရာတော့ ကောင်းမယ်ထင်ပါရဲ့။ ဒါဆို ဘာပြောရမလဲ။ အင်း သိပြီ။

"ဖေဖေရေ သား ဖေဖေ့ကို ကျေးဇူးတင်တယ်။ သားကို ချစ်စရာ ကောင်းတဲ့ ညီလေး တစ်ယောက်ပေးတဲ့ အတွက်"

ကျွန်တော့် စကားအဆုံးမှာ ညီလေးက ဟက်ခနဲ အသံလေးထွက်အောင် ရယ်ပြီး ကြယ်လေးဆီ ပြန်အော်တယ်။

"ဖေဖေရေ သားလည်း ဖေဖေ့ကို ကျေးဇူးတင်တယ်။ သားအပေါ် အရမ်းကောင်းတဲ့ အစ်ကို တစ်ယောက် ပေးတဲ့အတွက်"

တတ်လိုက်တဲ့ ညီလေး။ ညီလေးပါးပြင်ကို ကျွန်တော် နှစ်လိုမှုအပြည့်နဲ့ မွှေးကြူ လိုက်တယ်။ ပြင်ပက လေအေးကြောင့် ညီလေးပါးပြင်က အတန်ငယ် အေးစက်လို့ နေတယ်။

"ညီလေး အပြင်မှာ အေးတယ်။ အိမ်ထဲ ၀င်စို့နော်"

"ဖေဖေ့ကို နှုတ်ဆက် ရဦးမယ်လေ"

ညီလေးက သူ့ရဲ့ ညာလက်ညှိုးလေးကို နှုတ်ခမ်းမှာ ထိနမ်း လိုက်ပြီးတော့ ကြယ်လေးဆီ ဦးတည် ထိုးညွှန်လိုက်တယ်။

"ဖေဖေ တာ့တာ"

ကျွန်တော်လည်း ညီလေးကို ပွေ့ချီရင်းက ကြယ်လေးကို နှုတ်ဆက်လိုက်တယ်။

"ဖေဖေ တာ့တာ"

ကြယ်လေးက ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ပြုံးလို့ ကြည့်နေရဲ့။

(Teen Magazine မှ ကူးယူဖေါ်ပြသည်။ ဤစာမူအား Teen Magazine ၏ ခွင့်ပြုချက်မရဘဲ အသုံးမပြုရ)

ရှဲ - အကြည်တော်

ရတီဝတ္ထု

နိုဝင်ဘာ ၂၀၀၈

သို့ကလိုစာပေနယ်ထဲမှာ နာမတော်တစ်လုံးတည်းနဲ့ နှစ်ပေါင်းများစွာတောက်ကြွားနေသောကျွန်ုပ် (အများအခေါ် အဘကိုကိုကြီး) သည် စာပေမွန် လက်ရာများကို စဉ်ဆက်မပြတ်ဖန်ဆင်းရင်း လူထု၏ချစ်ခင်နှစ်သက်မှုတွင် ပျော်မွေ့နေပေပြီ။
မည်မျှဆိုသော် ကျွန်ုပ်အား လမ်း၌ ရုတ်တရက်ဆုံတွေ့လျှင်ပင် …
"ဟိုအဘိုးကြီးအကြွေးမပေးသေးဘူးလား"
"ဒီအရွယ်သေသင့်ပြီနော်" ဟူသော ပဋိသန္ဓာရစကားများ စဉ်ဆက်မပြတ်နာယူသမှုပြုနေရပေပြီ။ သို့ဆိုစေ မေတ္တာအဟုန်ကြီးမားသော ဝမ်းတွင်းရူး ကျွန်ုပ်မှာ ပီတိစား၍အားဖြစ်နေသည်ဆိုသော်ငြား ကျဲပါးလှသော စာပေရေးနှုန်း၊ အသုံးမကျ၍ အပယ်ခံရသော စာမူတို့ဖြင့် သမုဒ္ဒရာဝမ်းတစ်ထွာအရေး ရင် မအေးဖြစ်နေရရှာ၏။
"ဒီစာမူလေးမှ အယ်ဒီတာ မရွေးလျှင် နံနက်စာဘယ်သူ့နား ကပ်လွေးရပါ့"
ဟူသောအတွေးများဖြင့် ကွေးကွေးလေးပြန်ရသည့်နေ့လည်းရှိ၏။ စားစရာမရှိ၍ ရှိစုမဲ့စုဝတ်ထားသည့်တောင်တို (တောင်ရှည်ကို ပိုက်ဆံ မရှိတိုင်း ဖြတ်ဖြတ်ရောင်း၍ တောင်တိုသာ ကျန်တော့၍ဖြစ်၏။) ကိုပေါင်၊ နေပူကျဲတဲမုံရွာစောင်ကြီးခြုံ၍ လူအများအမြင်တင့်စေရန် ချွေး ထုတ်ချင်ယောင်ဆောင်ရသောနေ့မျိုးလည်း အသင်္ချေ။
ခက်သည်က ငယ်စဉ်ကတည်းက လက်ဆော့၍စာရေးခြင်း အလုပ်သာ လုပ်တတ်သော ကျွန်ုပ်မှာ အသက်ကြီးမှ ဘာစီးပွားရေးမှ မလုပ်တတ်။ အငတ်ငတ်အပြတ် ပြတ်ဘဝနှင့် အနာဂတ်အရေးကို ခပ်ဖြည်းဖြည်းလေး တွားသွားနေရ လေသည်။
ဟိုးအရင်တစ်ခါလို အယ်ဒီတာ ဘဝရပြန်ရင်လည်း ကောင်းပါရဲ့။ ဖိတ်ဖိတ်မဖိတ်ဖိတ်၊ ဧည့်ခံပွဲတိုင်း ကျွေးသမျှတက်ကြိတ်၊ ယမကာ လေးများတိုက်ပြန်လျှင်လည်း 'ဇက်ကျိုးလျှင် လက်ထိုးအန်မည်'ဟူ သောထုံး နှလုံးမူပြီးသကာလ မထနိုင်အောင်မြိန်မြိန်ကြီးကြီးသောက် သုံးသမှုပြုပြီးအပြင် အနီးနားခစား လျက်ရှိသော စာနယ်ဇင်းညီငယ်များ မှ လက်စလက်နရှိသူများကိုလက်တို့ …

"ဟဲ့- ရွှေကြိမ်လုံး နှစ်လုံးပါဆယ်ဆွဲခဲ့ကွ။ မောင်နန်းမိုးက အမြည်းဖိုးရှာ၊ နက်ဖြန်မှ ပန်းဆိုးတန်းက အေမီဂါမှာ ပြန်ဆုံမယ်"
သြော်..မိုးကောင်းတုန်းက ရှာခဲ့တာ။ အယ်ဒီတာစားပွဲမှာ မြိန့်မြိန့်ကြီးထိုင်ပြီး ဘာအလုပ်မှ မလုပ်၊ အမြဲတမ်းမူးရူးပြီး ကိုယ်ကိုင်ရ မည့် စာအုပ်တစ်အုပ်လုံး လက်သင့်ရာလူရွေးထည့်၊ နေ့စဉ်ပသနေပါက စာရေးတတ်၊ မရေးတတ် အခန်းဆက်ပေး။ သရုပ်ဖော်ပုံဖိုး ဘယ်သူ့မှ မပေးဘဲဘုံးလာခဲ့သမျှ ထုတ်ဝေသူသိပြီး ကန်ထုတ်လိုက်မှ…
"အယ်ဒီတာဆိုတာ စာရေးဆရာရဲ့သင်္ချိုင်းကွ။ စာရေးချင်လို့ အယ်ဒီတာအလုပ်က သိက္ခာရှိရှိ ထွက်ခဲ့တာ"
ဘယ်သူမှ မသိတာလည်း မဟုတ်ဘူး။ ကျောလှန်ကြည့်ရင် ထုတ်ဝေသူခြေရာပါရှိသေး။ အဲသဟာကိုတောင် ပါးစပ်ပုပ်ပုပ်ကြီးနဲ့ ဝါကြွားပြီးစာရေးစားမဟဲ့ဆိုပြီး ပြောခဲ့တာ။
သြော်..စာကလေးကတော့ ရေးနိုင်ပါရဲ့။ ဒါပေမဲ့ အယ်ဒီတာဆိုတဲ့ ဆရာသမားများက ရွေးဦးမှပါရမယ့် စာရေးဆရာဘဝ။ ငိုချင်း တောင်ချမိတော့မယ်။
စာပေတိုက်များရှိရာ ခြေတို အောင်သွား၊ ရေးထားသမျှစာမူ ကလေးများကို တစ်တိုက်ဝင် တစ် တိုက်ထွက်နှင့်..
"ဆံပင်ရှည်ရှည်၊ မှုန်တေတေ၊ ဖုန်ပေပေ ပန်းဆိုးတန်းတစ္ဆေ"
ဟူ၍ပင် ပြက်ရယ်ပြုခြင်းခံရသော်လည်း စီးပွားကမဖြစ်ရုံမက စားဝတ်နေရေးပင် မဖူလုံသည့်ဘဝဖြင့် ခရီးဆက်နေရလေသည်။
မည်သို့ပင်ဆိုစေ၊ ကံဆိုးခြင်းချည်းပဲ အမြဲမရှိနိုင်၊ ကံကောင်းခြင်း ဆိုသည်ကလည်း မမြင်နိုင်သော အရပ်မှ ရောက်လာတတ်သည်သာ မဟုတ်ပါလား။
ထိုနေ့ကလည်း ကျွန်ုပ်အတွက် ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား မသိသောထူးဆန်းမှုမျိုး ယူဆောင်ခဲ့လေပြီ။ ယူဆောင်လာသူကား..
"ဟယ်လို.. ပန်းဆိုးတန်း တစ္ဆေ၊ အဘကိုကိုကြီး ခါတိုင်းလိုပဲ မွဲနေတုန်းပါလား"
သို့ကလိုချိုသာဖွယ်နှုတ်ဆက် သံကြားရ၍လှည့်ကြည့်လိုက်တော့..
"စိန်အုံး"
ဒရဝမ်၊ ဒရိုင်ဘာမှ ဒါရိုက်တာ အထိ အစုံလုပ်သည်ဟူ၍ ကြွေး ကြော်ထားသော ကျွန်ုပ်၏အချစ်ဆုံး မိတ်ဆွေ ရန်သူတော်ကြီးစိန်အုံး။ သူ့ ကိုမြင်ကတည်းက ပြဿနာတစ်ခုကို သယ်ဆောင်လာပြီဖြစ်ကြောင်း သိရ၍ စိတ်နောက်ကျိသွားရ၏။
"မင်းဘာသာမင်း ပျောက်နေ တာပဲ ကောင်းပါတယ် စိန်အုံးရာ။ ဘာလာလုပ်သေးတာတုံး"
ကျွန်ုပ်၏စကားကို စိန်အုံးမှ သူ နှင့်မတော်မရော်ဖြစ်နေသော ဘောင်းဘီကြီးကို ရင်ခေါင်းဆွဲတင်ကာ..
"မသေနိုင်သေးတဲ့စာရေးဆရာ အိုကြီးကို တအံ့တသြလာကြည့်တာ ပေါ့ဗျာ။ ဘယ့်နှယ်ဗျာ မဟုတ်တာ တွေရေးပြီး အသက်ရှည်နေတဲ့သူ ဒီတစ်ယောက်တွေ့ဖူးတာ။ အမှန် ဒီ အရွယ်နဲ့ ဒီလောက်မကောင်းမှုလုပ်တဲ့လူ ရှာမှရှားပါပဲ"
"တော်..တော်ပါကွာ။ ငါ့ဘာသာ ငါသေသင့်တဲ့ အချိန်သေမှာပါ။ ငါသေရင်တောင် မင်းငါ့ဆီလာစရာ မလိုပါဘူး။ ဒါပဲနော် သွားတော့"
ကျွန်ုပ်၏ဆတ်ဆတ်ထိမခံစကားကို စတီးဖလားထက်တောင် အခွက် ပြောင်သော အနှီငတိက လဲကျလု နီးနီး ကျွန်ုပ်အိမ်ဝါးလုံးတိုင် ဆွေးကို ခပ်ဖြည်းဖြည်းမှီပြီး သကာလ..
"ဘယ့်နှယ်လဲ မဂ္ဂဇင်းတွေမှာ အတိုအစတွေရေးပြီး ငတ်နေပြတ် နေတုန်းပဲလား"
သူ့မထီတရီစကားကြောင့် ကျွန်ုပ်ဒေါသထွက်သွားရပြီး ..
"ဟေ့ကောင်.. မင်းငါ့ကို စော်ကားချင်စော်ကား၊ ငါ့အနုပညာ တော့ လာမစော်ကားနဲ့ကွ။ မင်း မနာချင်ရင် အခုချက်ချင်း ငါ့ရှေ့က ထွက်သွား။ ချက်ချင်းနော် ချက်ချင်း"
ကျွန်ုပ်၏စကားကို ငတိက သက်ပြင်းချပြီး-
"အဲဒါပြောတာပေါ့ တစ်လွဲ မာနဆိုတာ၊ စာသာကောင်းကောင်း မရေးနိုင်တာ၊ ပန်းဆိုးတန်းက အေမီ ဂါမှာတော့ ညနေတိုင်းတွေ့ရဲ့၊ စား ကောင်းသောက်ကောင်းတုန်းထင်ပါ့"
"ဒါကတော့ မာဂျေတို့၊ သျှီသူ အောင်တို့ ဂါရဝပြုတာပါကွယ်"
"ကပ်သောက်တယ်ဆို ကပ်သောက်တယ် ပြောစမ်းပါ။ ခင်ဗျား ကြီးမှာလည်း တစ်သက်လုံးစာရေး စားနေပြီး အခုချိန်ထိ သူများဆီ ကပ်စားကပ်သောက်နေရတုန်းပါလား"
"ဟေ့ကောင်.. ငါ့ဘာသာငါ ဘယ်လိုနေနေ မင်းအပူမပါဘူးကွ မှတ်ထား"
ကျွန်ုပ်၏စကားကို ငတိက သေးညောင်လှသော ခန္ဓာကိုယ်ကို တစ်ပတ်ပြည့်ပြည့်လှည့်၍…
"အဲဒါပြောတာပေါ့၊ သူများ တွေဆို စာရေးပြီးစီးပွားဖြစ်နေပြီ။ ကိုယ့်မှာအိုသေတော့မယ်၊ ငတ်နေ ပြတ်နေတုန်း"
စာရေး၍ စီးပွားဖြစ်နေကြပြီ ဟူသောစကားကြားတော့ ကျွန်ုပ် စိတ်ဝင်စားသွားသည်။ မည်သူမဆို စီးပွားလေးတော့ဖြစ်ချင်ကြသည် မဟုတ်ပါလား။
"ဘယ်.. ဘယ်သူတွေက စီးပွား ဖြစ်နေကြပြီလဲ"
ကျွန်ုပ်၏အမေးကို ငတိက ယောင်ယောင်လေးပြုံးလိုက်ပြီး-
"အဲဒါပေါ့၊ ဒီခေတ်ထဲနေပြီး မျက်ခြည်ပြတ်နေတော့လည်း ငတ် သေတာကောင်းပါတယ်"
"ပြောစရာရှိတာသာပြောပါ ကွာ"
ကျွန်ုပ်မှာ စိတ်မရှည်နိုင်တော့ပဲ ဖြတ်ပြော၏။ ဒါကိုငတိက…
"လုံးချင်းဝတ္ထုရေးတဲ့သူတွေ လေ"
"ဟင်"

ကျွန်ုမှာတစ်ခါမှမစဉ်းစားဖူး သောအကြောင်းအရာဖြစ်နေ၍ အံ့အားသင့်သွားရ၏။
"လုံးချင်းဝတ္ထုရေးသူတွေ"
"ဟုတ်ပါ့ဗျား။ တချို့ဆို ကလောင်တစ်မျိုးတည်းနဲ့ စီးပွား ဖြစ်တာကိုတောင် မကျေနပ်နိုင်လို့ ကလောင်တွေမနည်းခွဲရေးနေကြတာ"
"ဟင်.. အဲသည်လိုတောင် လုပ် နေကြပြီ"
"ဟုတ်ပါ့၊ အခုဘက်ဆဲလားဆို တဲ့ စာရေးဆရာတွေအနည်းဆုံး ကလောင်ဆယ်မျိုးလောက်တောင်ရှိ တာ"
"အဲ"
သူ့စကားကြောင့် စာပေကို တစ်သက်လုံးရေးစားနေသော ကျွန်ုပ်ပင် ကြောင်သွား၏။ နောက်မှ …
"ဟင်..အဲသည်လောက် တောင် ရေးနိုင်ကြလို့လား"
"ဝယ်ရောင်းပေါ့ဗျ"
"ဝယ်ရောင်း"
"ဟုတ်တယ်လေ.. လုံးချင်း ဝတ္ထုလေးထုတ်ပြီးလို့ နာမည်ရလာ ရင် လက်သင်ကလေးတွေ ရေးထား တဲ့ ဝတ္ထုကိုဈေးပေါပေါနဲ့ဝယ်၊ ပြီးရင် ကိုယ့်နာမည်နဲ့၊ ဈေးကြီးကြီးနဲ့ ပြန် ရောင်း၊ ပြီးရောပေါ့"
"လွယ်လှချည်လား"
"အဲဒါကြောင့်ပြောတာ၊ အဘ ရော လုံးချင်းရေးမလား"
"ဘယ်လို"
ငတိ၏ အားတက်သရော စကားကြောင့် ကျွန်ုပ်ဇဝေဇဝါဖြစ် သွားရ၏။ နောက်မှခေါင်းကုတ်ပြီး-
"အေး..ရေးတော့ရေးချင် သကွ။ ဒါပေမဲ့ ငါ့စာအုပ်ကို ဘယ် သူက ထုတ်ပေးမှာလဲ"
"ကျွန်တော်ထုတ်မယ်လေဗျာ၊ ကျွန်တော်ထုတ်မှာ"
စိန်အုံးကသူ့ရင်ဘတ်ပြားပြား ကို တဗုန်းဗုန်းထုရင်းပြော၏။ သူ့စကားကြောင့် ကျွန်ုပ်ပင် အားရ သွားပြီး…
"မင်း..မင်းတကယ်ပြော တာလား"
"တကယ်ပြောတာပေါ့ဗျ။ အဲ .. ဒါပေမဲ့ ဒီကလောင်နာမည်ရိုးရိုး ကြီးနဲ့တော့ မဖြစ်ဘူးဗျ။ ကလောင် နာမည်ကိုက နုရမယ်၊ နွဲ့ရမယ်၊ လှနေရမယ်၊ ဆွဲဆောင်မှုရှိရမယ်"
"ဘာဆိုင်လို့လဲကွ။ ကလောင် နာမည်က စာကောင်းရင်ပြီးရော မဟုတ်လား"
စိန်အုံးက ကျွတ်ခနဲစုတ်သပ် လိုက်ပြီး…
"အဲဒါကြောင့် ဆင်းရဲနေတာ။ အတွေးကိုကခေါင်တာကိုး"
ဟုဆိုကာ ကျွန်ုပ်နားကပ်၍..
"ဒီမယ် မှတ်ထား။ စာဖတ်သူ က စာကိုနောက်မှဖတ်ရတာဗျာ။ ကလောင်နာမည်အရင်ကြည့်ရတာ။ ကလောင်နာမည်က ဆွဲဆောင်မှုမရှိ ရင် ဘယ်သူကစာအုပ်ကိုင်ကြည့်မှာ  လဲ"
သူ့စကားကြောင့် ကျွန်ုပ်ပင် ခေါင်းကုတ်သွားရသည်။
"မင်းပြောတော့လည်း ဟုတ် သလိုပဲကွ"
"ဟုတ်သလိုပဲမလုပ်နဲ့၊ ဟုတ် ကို ဟုတ်တယ်။ ကဲ-အဲဒီတော့ အဘအနေနဲ့ ကလောင်နာမည်ကို အလှဆုံးရွေးပြီးတော့ အမြန်ဆုံးရေး ပေတော့။ အဲ ရေးတဲ့နေရာမှာလည်း ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ မင်း သား၊ မင်းသမီးနာမည်ကို လူ မမှည့် တတ်တဲ့နာမည်မျိုးပေး။ ဥပမာ တိမ်ပန်းပုတို့၊ ဝေလပန်းတို့လိုမျိုး ပေါ့"
"ဟင် ..လိုလို့လား"
"ဟ- လိုတာပေါ့ဗျ။ အဓိက လုံးချင်းဝတ္ထုညွှန်းတမ်းမှာကို အဲဒါ ပါတယ်။ နာမည်ဆန်းရမယ်။ မင်းသား၊ မင်းသမီးမာနကြီးရမယ်။ သူမတူအောင် ချောရမယ်။ မိဘ နှလုံးရောဂါရှိရမယ်။ ချစ်ရင် မညား ရဘူး။ ညားရင်မချစ်ရဘူး။ အဲဒါ တွေ သိထားရမယ်"
"ဒီလိုလား"
"ကဲ- ဒီလောက်ဆို အဘလည်း လုံးချင်းဝတ္ထုညွှန်းတမ်းသိပြီမို့ စသာ ရေးပေတော့။ ရှေ့အပတ် ကျုပ်ပြန်လာမယ်"
ဟုဆိုကာ ကော့ကော့ကော့ ကော့နဲ့ ထွက်ချသွားလေတော့၏။ သူထွက်သွားတော့မှ ကျွန်ုပ်လည်း စဉ်းစားကြည့်သည်။
လုံးချင်းဝတ္ထုရေးဖို့အတွက် လို အပ်ချက်များ။ အဓိက ကလောင် နာမည်လှလှရွေးချယ်ဖို့။ မည်သို့ သော ကလောင်နာမည်မျိုးကို ရွေး ချယ်ရမည်နည်း။ ဆွဲဆောင်မှု၊ အနု အရွ။ နောက်ဆုံးကလောင်နာမည် တစ်ခုကို အပြီးသတ်ရွေးချယ်လိုက် သည်။
"မင်းထက်ယစ်မူး"
"ကောင်းတယ်ဗျာ။ မှန်တယ် ဗျာ။ ပြီးပြီဗျာ။ ဘာတဲ့.. မင်းထက် ယစ်မူး"
"အဓိပ္ပာယ်လည်းရှိ၊ နာမည် လည်းလှဆိုတော့ အောင်မြင်မှာ သေချာသလောက်ရှိနေပြီ။ဒါနဲ့ မင်းသားနဲ့မင်းသမီးက မာနကြီးရဲ့ နော်"
"မိုးပေါ်ကကို မဆင်းပါဘူး ကွယ်"
"နာမည်တွေက"
"ဗိမာန်ထိပ်တန်းနဲ့ မိုးပေါ်ထိပ် သီး"
"ပြီးပြီ..ပြီးပြီ၊ အကြီးကြီးကို ပြီးပြီ။ ကဲ- ကျွန်တော် စာအုပ်ထုတ် ဖို့သွားလုပ်လိုက်ဦးမယ်"
ဟုဆိုကာ ကျွန်ုပ်ရေးသား ထားသော မင်းထက်ယစ်မူး ကလောင်အမည်ပါ စာအုပ်ကိုပိုက် ၍ သုတ်ခြေတင်သွားတော့၏။
သိပ်မကြာပါ။ 'မင်းထက်ယစ် မူး'ဟူသော ကလောင်အမည်မှာ လုံးချင်းလောကတွင် ပေါက်က လောင်တစ်ချောင်းဖြစ်လာတော့၏။
"ကဲ..အဘရေ၊ မင်းထက် ယစ်မူးကလောင်ကတော့ အငှား တန်းမှာ ဆရာဖြစ်နေပြီ။ နှစ်ပတ် တစ်အုပ်နှုန်းသာရေးပေတော့"
"ဟင်..နှစ်ပတ် တစ်အုပ်၊ အဘ အဲသည်လောက်အထိတော့ လက် မမြန်ပါဘူးကွယ်၊ မလုပ်ပါနဲ့"
ကျွန်ုပ်၏ငြင်းဆန်စကားကို စိန်အုံးကပြုံးလိုက်ပြီး ပါလာသော အထုပ်ကို ကျွန်ုပ်ရှေ့ ဒုန်းခနဲပစ်ချ ကာ-
"အဲဒါသိလို့ ဟောဒီမှာ မော် တာဝယ်လာတယ်။ လက်ကို မော် တာတပ်ပြီးတော့သာ ရေးတော့"
"ဟင် လက်မော်တာတပ်ပြီး တောင် ရေးရမယ်"
"ဒီလိုအဘရဲ့၊ လက်ရှိလုံးချင်း လောကမှာ ခေတ်စားနေတာက အငှားဆိုင်မှာ ကိုယ့်စာအုပ်များများ ရှိနေဖို့ပဲ"
"အဲလိုရှိနေရင်"
"အဲသည်လိုရှိနေမှ ငှားဖတ်တဲ့ သူတွေက ဒီစာရေးဆရာစာအုပ် အများကြီးထွက်ထားပြီ။ ဘာ ကောင်းလို့ပါလိမ့်ဆိုပြီး ကိုယ့်စာအုပ် ကို ယောင်တောင်ပေါင်တောင်နဲ့ ငှားဖတ်ကြတာ"
"ယောင်တောင်ပေါင်တောင် နဲ့ဖတ်တာ"
"ဘယ်လိုပဲဖတ်ဖတ်လေ၊ ကိုယ့် စာအုပ်အငှားသွက်နေဖို့ ပဲလိုတာ။ ကဲ..ပြောနေကြာတယ်။ မင်းထက် ယစ်မူးကို သုံးပတ်တစ်အုပ်ရေးပြီး ရင် ကလောင်ခွဲဖို့ နာမည်အသစ် တစ်လုံးသာ ရှာထားပေတော့"
"ဟင် ..ကလောင်ခွဲမယ်"
"ခွဲရမယ်ဗျ။ ဒါမှလူတွေက ဒီ ဆရာကလောင်ခွဲတောင်ထွက်နေ ပြီဆိုပြီး အထင်ကြီးမှာ။ ကိုင်း-ပြော နေကြာတယ်၊ လက်ကိုမော်တာ တပ်ပြီး ရေးပေတော့"
ဟုဆိုကာ သုတ်ခြေတင်သွား တော့၏။ ထိုမှစ၍ ကျွန်ုပ်မှာလည်း အားမနေနိုင်တော့၊ မင်းထက်ယစ်မူး ကလောင်ကို သုံးပတ်တစ်အုပ်တရ စပ်ရေးနေရသည့်အပြင် နောက်ထပ် ကလောင်သစ်အတွက်ပါရေးနေရလေ တော့သည်မဟုတ်ပါလား။ သို့သော် သိပ်မကြာခင်ကာလအတွင်း-
"မင်းထက်ယစ်မူးစင်တင်သည့် ကလောင်သစ်ယစ်မူးထုံဝေ ထွက်ပြီ"
ဟူသောကြော်ငြာကို အများ ပြည်သူ ထင်ထင်ရှားရှားမြင်လာရ လေတော့၏။
"ယစ်မူးထုံဝေ ကလောင်က မဆိုးဘူးအဘရ၊ အခုဆိုရင် စာအုပ် တွေအားလုံးက အလုပ်ဖြစ်နေတော့ အဘကို တစ်အုပ်ရှစ်ပုလင်းပေး မယ်"
"ဘာလဲဟ ရှစ်ပုလင်းဆိုတာ အရက်လား"
စိန်အုံး မဲ့ပြုံးပြုံးသည်။
"ခေါင်းထဲမှာ ဒါချည်းပဲရှိနေပါ လား။ ရှစ်ပုလင်းဆိုတာ ရှစ်သောင်း ကို ပြောတာ"
"ဟေ ..တကယ်လား"
ကျွန်ုပ်၏ဝမ်းသာအားရအသံ။ ဒါကိုစိန်အုံးက…
"တကယ်ပေါ့ဗျ။ အဘများများ ရေးနိုင်လေ၊ အဘအတွက် အကျိုး  ရှိလေပဲ"
"ဒါ..ဒါဆို ငါ့အတွက် မော်တာလေးတစ်လုံးထပ်ဝယ်ခဲ့ပေး စမ်းပါ"
"ဘာလုပ်ဖို့လဲ"
"လက်နှစ်ဖက် ဘယ်ညာမော်တာ တပ်ပြီး စက်နဲ့လှည့်ထုတ်သလို လှည့်ထုတ်မလို့"
ကျွန်ုပ်၏စကားကို စိန်အုံး သဘောကျသွားပြီး-
"ဟားဟား..ကြိုက်ပဟေ့။ မော်တာနောက်တစ်လုံးမဟုတ်ဘူး၊ သုံးလုံးဝယ်ပြီး လက်နှစ်ဖက်ခြေ နှစ်ဖက် မော်တာတပ်ပြီး ကားယား ကြီးသာ မှောက်ရေးပေတော့ဗျို့။ အဲ..နောက်ပြီး အခုယစ်မူးထုံဝေ က အလုပ်ဖြစ်နေတော့ ကလောင် လေးထပ်ခွဲပါဦး"
ဟုဆိုကာထွက်ချသွားလေ တော့၏။ ထိုမှစ၍ ကျွန်ုပ်ခမျာ လက် နှစ်ဖက်ခြေနှစ်ဖက် မော်တာတပ် ထားရ၍ ထမင်းကိုပင် ခွေးလို ဟပ် စားနေရသည့်ဘဝကို ရောက်ရလေ ပြီ။ ကြည့်လေ…
စာအုပ်တစ်အုပ်ကို ရှစ်သောင်း၊ တစ်ပတ်တစ်အုပ်ရေးပြီးပါက တစ် ရက်တစ်သောင်း၊ မည်သူမလိုချင်ရှိ အံ့နည်း။ ထို့ကြောင့် စာအုပ်များကို အမြန်ပြီးစေရန် ရေးရသည့်အပြင် တွေ့သမျှစာအုပ်ခိုးချ၊ ကိုယ်ရေးပြီး သမျှကို ဇာတ်ကောင်နာမည်ပြန် ပြောင်း၊ ဒီတစ်အုပ်မှာ မင်းသား မာနကြီးလျှင် နောက်တစ်အုပ်မှာ မင်းသမီးမာနကြီး၊ နောက်တစ်အုပ် မှာဖခင်မာနကြီး၊ နောက်တစ်အုပ်မှာ ယောက္ခမမာနကြီး စသည်ဖြင့် ပြီးပြီးရောသာ လုပ်နေရလေတော့ ၏။ ထို့အပြင် ငွေကလည်း လိုသည် ထက်ပိုလိုချင်၍ ယစ်မူးထုံဝေ ကလောင်ကိုပင် ထပ်ပွားကလောင် အဖြစ် ဆက်လက်တင်ပို့ရလေ တော့၏။
"ယစ်မူးထုံဝေ၏ကလောင်ခွဲ စစ်စစ်၊ ထုံဝေယစ်မူး အချစ်စစ်စစ် ဟာသများထွက်ပြီ"
"ထုံဝေယစ်မူးကတောင် ဟုတ် သလိုဖြစ်နေပြီအဘရေ။ ရေးသမျှ ရွှင်ရွှင်လေးဖြစ်နေတော့ လူကပို ကြိုက်ကြသဗျ။ ဒါကြောင့်"
"ဟားဟား.. ငါစဉ်းစားပြီး ပါပြီကွ။ ထုံဝေယစ်မူး၏ ကလောင် ခွဲ"
"ဘာတဲ့လဲအဘ"
စိန်အုံးမှ စိတ်ဝင်တစားမေး၏။
"ညဥ့်နက်ယစ်မူး"
"ကြိုက်ပြီဗျာ၊ ကျွန်တော်ကြော် ငြာလိုက်တော့မယ်။ ထုံဝေယစ်မူးရဲ့ ကလောင်ခွဲ ညဥ့်နက်ယစ်မူးဆိုပြီး သကာလ…
ထို့နောက်ပိုင်းကျွန်ုပ်မှာ အား သည့်အချိန်ကို မရှိတော့ချေ။ ရှိသည့် ကလောင်များကို မဖြစ်ဖြစ်အောင် လုပ်နေရသည့်အပြင် ကျွန်ုပ်၏ ကလောင်ခွဲ ညဥ့်နက်ယစ်မူးမှာ မတော်တဆ လူကြိုက်များကြ၍ ကလောင်ထပ်ခွဲရပြန်ပေတော့၏။
ညဥ့်နက်ယစ်မူးတည်းဖြတ်  သည့် ကလောင်သစ် 'နေကျော်ယစ် မူး'ထွက်ပြီ။
သို့ကလိုဖြင့် ကျွန်ုပ်၏အိမ် အထက် မော်တာသံတရစပ်နှင့် ခေတ်မီကွန်ပျူတာ၊ ဆိုဖာ၊ တီဗီ အပေါ်အောက်နှင့် အော်ငေါက်စရာ တပည့်တပန်းကလေးများပင် ရှိနေ ချေပြီ။
တပည့်ကလေးများမှာ ကျွန်ုပ် ထံ ပညာရင်နို့သောက်စို့ရန် လာ ရောက်သူများဖြစ်သည့်အလျောက် သူတို့ရေးသမျှ ပေါက်ကရစာများကို ကျွန်ုပ်ထဲ သိပ်သွင်းရင်းခပ်တင်းတင်း နေရလေတော့၏။
ကျွန်ုပ်နည်းတူပင် ကျွန်ုပ်၏ ထုတ်ဝေသူမောင်စိန်အုံးမှာလည်း ယခင်ကထက် ပြောင်သမျှပြောင်၊ ရောင်သမျှရောင်ပြီး သိန်းကျော် တန်မျက်မှန်၊ အကောင်းစားကားနှင့် လူတကာကြား တောက်ြ<ွကားနေ လေပြီ။
ထိုမျှမက ရလေလိုလေ အို တစ္ဆေမျိုးမို့ ကလောင်ခွဲမြောက်မြား စွာက ငွေနှင့်မတင်းတိမ်နိုင်ဘဲ ကလောင်ခွဲများကို ထပ်မံဖန်ဆင်းရ ပြန်လေတော့၏။
နေကျော်ယစ်မူးတည်းဖြတ် စီစဉ်တင်ဆက်သည့် ဆယ်ကျော် သက်အသည်းစွဲ 'ပုံမှန်ယစ်မူး'ခံစား ချက်အသစ်နှင့်ထွက်ပြီ…
အငှားဆိုင်စာအုပ်စင်၌ စာအုပ် များလာသည်နှင့်အမျှယောင်တောင် ပေါင်တောင်နှင့်ကိုင်ကြည့်သော ပရိသတ်အမာခံရှိသည့်အလျောက် ပုံမှန်ယစ်မူးမှာ စာအုပ်လောက အလယ်တင့်တယ်လာ၍ ကလောင် ထပ်ခွဲရပြန်လေတော့၏။
"ပုံမှန်ယစ်မူး၏ ရဲရဲကြီးစင်တင် မှု၊ စာရေးဆရာမလေး စောစော ယစ်မူး"
ထိုမျှမက စောစောယစ်မူး ကလောင်မှ အရွယ်မရောက်သေး ခင်မှာပင် -
"စောစောယစ်မူး၏ မောင် အငယ်ဆုံး မောနင်းယစ်မူးထွက်ပြီ" စသည်ဖြင့် ကလောင်ထပ်ခွဲရလေ သည်။
ကြာလာသည်ရှိသော် သူ့ ဘာသာသူ အပတ်လည်သလို ရှိလာ ၏။ ကိုယ့်ဘာသာကိုယ်ရေး၍ နည်း နည်းကောင်းသွားလျှင် ပင်မ ကလောင်ကြီး၊ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားသော ဆရာကြီး မင်းထက်ယစ်မူး၏စာ..။ မတိမ်း မယိမ်းဖြစ်သွားလျှင် ထုံဝေယစ်မူးနှင့် ယစ်မူးထုံဝေအတွက်။ ရေးရင်း ရေးရင်းနှင့် 'အလိုတော်… တဟွင်း ဟွင်း၊ အဟွန်းဟွန်း၊ ခစ်ခစ်ခစ်' စသည့် အသံများသွားလျှင် ညဥ့် နက်ယစ်မူး။ ထိုထက်နည်းနည်း လျော့လျှင် နေကျော်ယစ်မူးယူ။ ရေး သမျှသာမန်ဖြစ်သွား၍ ဘာမှမထူး ခြားလျှင် ပုံမှန်ယစ်မူးကလောင်။ ကလေးကလားနှင့်အလှအပများ သွားလျှင် စာရေးဆရာမလေး စော စောယစ်မူး။ လုံးဝသုံးမရဘဲ အချိတ် အဆက်ပင်မမိတော့လျှင် ကလောင် သစ်ကလေး မောနင်း ယစ်မူးရေး တာ-
စသည်ဖြင့် ကိုယ့်ဘာသာကိုယ် အတန်းအစားခွဲ၍ ခပ်တည်တည် နေနေရလေသည်။
ထိုမျှမက ချိုကြွလှသော မောင်စိန်အုံး ကုန်းကုန်းကုန်းကုန်းဖြင့် ရောက်လာကာ..
"အခုခေတ်က ဂမ္ဘီရဘက် လှည့်နေကြပြန်ပြီအဘရဲ့"
"ကျွန်ုပ်သိပြီးသား။ ဟောဒီမှာ ရေးပြီးသားတောင်ရှိပြီ။ ရော့.. ယူ သွားပေရော"
ကျွန်ုပ်စကားကြားသည်နှင့် စိန်အုံးထခုန်မတတ်ဝမ်းသာသွားပြီး-
"ဟ.. အဘက မြန်လှချည် လား။ မှန်း ကလောင်နာမည်က"
"ဆာဒူးကြီးယစ်မူး၊ ကြိုက်ပြီဗျာ ဒါနဲ့"
"လာပြီလေ.. ဟောဒီမှာ ကလောင်ခွဲ"
"ဂန်ဒူးကြီးယစ်မူး"
"ပြီးရင်"

"ရှိသေးပါ့။ ဟောမှာကြည့်"
"နှာဘူးကြီးယစ်မူး"
"ဆတ်စလူးကြီးယစ်မူး"
"ချက်ပြူးကြီးယစ်မူး"
"လျှို့ဝှက်ဆန်းကြယ်အတွက် ဆို…"
"ရှိပါ့။ နာမည်တွေကြည့်လိုက်"
"တြိဂံ"
"တြဂံ"
"တြုဂံ"
"တြာဂံ"
"တြီဂံ"
"ကြောက်မယ်ဖွယ်ဝတ္ထုဆိုရင် ရော.."
ဟောဒီမှာရွေးထားပြီးသား-
"ဒုက္ခိတမောင်စိန်"
"ဒွတ္တမောင်စိန်"
"ဒွက္ခောမောင်စိန်"
"ဒုသမောင်စိန်"
"စုံပေ့ဗျာ စုံပေ့။ တစ်နိုင်ငံလုံး တစ်ယောက်တည်း ရေးနေတာမှတ် ရတာ"
"ကဲ- ဒီလောက်တောင်အများ ကြီး ဖန်တီးထားမှတော့ ကျုပ်ဘက် ကလည်း တာဝန်ကျေရမပေါ့။ ကဲ ဒီကလောင်ပေါင်း တစ်သောင်းနှစ် ဆယ်ကို နေ့ချင်းညချင်းကျော်ကြား အောင် ဖန်တီးဖို့က ကျုပ်တာဝန်ဗျ။ ကဲ သွားပြီဗျို့"
ဟုဆိုကာ ဝမ်းသာအားရ ထွက်ချသွားလေတော့၏။ သိပ် မကြာခင်အချိန်အတွင်း အနှစ်နှစ် အလလက စုထားသော ကျွန်ုပ်၏ စာပေဘဏ္ဍာတိုက်သဖွယ်ဦးနှောက်
စွမ်းကြောင့် ထွက်ရှိသမျှ ကလောင် မျိုးစုံမှာ စာဖတ်သူများကြား ရေပန်း စားနေတော့၏။
လျှို့ဝှက်ဆန်းကြယ်၌လည်း မူလစာရေးဆရာတြိဂံ၏စင်တင် မြှောက်စားမှုတြဂံ၊ တြုဂံတို့မှာ စာပေပညာရှင်များက နှာခေါင်းရှုံ့ သော်ငြား ဝယ်လိုအားများလွန်း၍ တိုက်ပေါင်းသုံးတိုက်နှင့် စာချုပ် ပတ်ချုပ်ရသည်ဟူ၏။ ကြောက်မက် ဖွယ်လိုင်း၌ကား ဒုက္ခိတမောင်စိန်၏ နာနာဘာဝထိပ်ခေါင် မယ်ကုဝန် မှာ နာမည်နှင့်ပင် ရောင်းမလောက် ဖြစ်ရ၍ ဒုက္ခိတမောင်စိန်၏လက်ရင်း ကလောင်ခွဲ ဒွတ္တမောင်စိန်နှင့် ဒုက္ခောမောင်စိန်တို့မှာ အတန် အသင့် စာပေစင်မြင့်ပေါ်၌ တင့် တယ်နေပေပြီ။
စာ ပေ ပ ညာ ရှင် များ က လောက်လောက်လားလားမရှိငြား၊ စားပေါက်ချောင်ပြီးရောဟူသော ကြီးမားသောစာပေခံယူချက်ဖြင့် ခြေတိုလက်တိုအောင် ရေးသားလာ ခဲ့ပြီး သကာလ၊ တစ်နေ့အခါသမယ ၌ကျွန်ုပ်၏ကျေးဇူးရှင်မောင်စိန်အုံးမှာ အိမ်သို့ပေါက်ချလာပြန်လေ၏။
"အဘရေ.. စာအုပ်တွေက ထွက်တိုင်းပေါက်သလောက်ကိုရှိနေ ပြီဗျ။ ကလောင်လည်း ထပ်ခွဲဦးဗျ။ လုပ်စားရအောင်"
"ဟဲ့- အခုတောင်ငါခွဲထားတဲ့ ကလောင် ငါပြန်မမှတ်မိလောက် အောင် များနေပြီမင့်ပဲ။ ဘယ့်နှယ် ကြောင့် ကလောင်ကထပ်ခွဲရဦးမှာ တုံး"
ကျွန်ုပ်၏စကားကို စိန်အုံးမှ မွမွ လေးပြုံးကာ…
"ကလောင်များတော့ ကိုယ့် အတွက် ကာဘာရတာပေါ့အဘ ရယ်။ မိုးကောင်းတုန်းရွာထားဦး အဘရ။ သြော် ဟောသည်မှာ ဖိတ် စာလေးလည်း ယူပါဦး"
ဟုဆို၍ ကျွန်ုပ်လက်ထဲဖိတ်စာ တစ်စောင်ထိုးပေး၍ ကျွန်ုပ်လည်း ယောင်နနနှင့်လှမ်းယူကာ…
"ဟင် ..ဖိတ်စာ၊ ဘာဖိတ် စာတုံး"
"စာနယ်ဇင်းရှင်းလင်းပွဲလုပ် မှာလေ"
"ဘယ်သူလုပ်မှာတုံး"
"ကျွန်တော်လုပ်မှာလေ"
"ဟင်"
သို့ကလိုစကားကြား၍ ကျွန်ုပ် လည်းကြောင်သွားကာ…
"ဟင်..မောင်ရင်က စာနယ် ဇင်းရှင်းလင်းပွဲလုပ်မယ်။ ဘာရှင်းမှာ တုံး"
ကျွန်ုပ်၏အမေးကို ငတိက ဝမ်းသွားပြီးစဘဲမလို တင်ပါးကို ခပ် ကြမ်းကြမ်းယမ်းခါပြီး…
"သိချင်မနက်ဖြန် ဖိတ်စာပါ နေရာလာခဲ့"
ဆိုကာကော့ပက်၊ ကော့ပက် နှင့် ငှက်သမ္ဗန်ခတ်သလို ထွက်ချ သွား လေရာ ကျွန်ုပ်မှာလည်း ကြည့် ကွက်၊ ကြည့်ကွက်နှင့် ယောင်နန ကျန်ခဲ့ရလေ၏။
xx
နောက်တစ်နေ့စိန်အုံးချိန်းရာ  ကျွန်ုပ်ရောက်ရှိချိန်ဝယ်ခန်းမထဲ အတော်များများရောက်ရှိနေပေပြီ။
နောက်တက်လက်သစ် စာနယ် ဇင်းဆရာ၊ ဆရာမများအများအပြား မို့ ကျွန်ုပ်လည်း စိမ်းသယောင် ယောင်ဖြစ်နေသည်မို့ ဘယ်နား ထိုင်ရမှန်းမသိ။ စင်ပေါ်ကြည့်တော့ 'စိန်အုံး'အသားမည်းရသည့်ကြားထဲ စတစ်ကော်လံ အဖြူကြီးဝတ်ကာ မျက်မှန်ကြီးပါတပ်ထားသည်မို့ ကျီး ကန်းကိုထုံးသုတ်၍ ဘဲဥကပ်ထားသ လိုပင် ဖြစ်နေ၏။
အာပေါင်အာရင်းသန်သန်နှင့် ဘာတွေပြောနေမှန်းမသိ။ ကျွန်ုပ်မှာ ထိုင်စရာနေရာမရသေးသည်မို့ သူ ပြောတာစိတ်မဝင်စား အားသေး။
နောက်မှ ချောင်တစ်ခုဝယ် တွေ့သမျှအလစ်သုတ်ရန် ချောင်း နေသော ဝါရင့်စာနယ်ဇင်းဆရာ လက်မရွံ့ရွှေကြိမ်လုံးကြီးတွေ့မှ ဝမ်း သာသွားရ၏။
ကျွန်ုပ်ရောက်သွားချိန်ဝယ် စားပွဲပေါ်မှ မုန့်ဖက်ထုပ်နှစ်ထုပ်ကို ရင်ဘတ်နှစ်ဖက်ကြား ဘရာစီယာ သဖွယ် ထိုးသွင်းနေချိန်မို့ ရွှေကြိမ် လုံးလန့်သွား၏။
"အောင်မလေး ကလူ..ကလူ"
"ဟေ့ကောင်.. လန့်မနေနဲ့ ငါမြင်တယ်နော"
ရွှေကြိမ်လုံးက ဖွက်ထားသော မုန့်ဖက်ထုပ်ပြုတ်မကျစေရန် ရင် ကော့ပြီး..
"မြင်တော့ဘာဖြစ်လဲ။ ဖင်ထဲ ထည့်ထားတာနှစ်ထုပ်ရှိသေးတယ်"
ရိုက်တောင်မစစ်ရသေး၊ ပေါ် ပြီ။ နောက် သူက ကျွန်ုပ်အား စိန်း စိန်းကြီးကြည့်ပြီး…
"ဘယ့်နှယ်လဲ။ ဘာလုပ်နေလဲ။ ကြားရတဲ့ သတင်းကတော့ ရှဲ (ရှဲဒိုး) တွေရေးပြီး အဆင်ပြေနေတယ်ဆို"
သူ့စကားကြောင့် ကျွန်ုပ်လည်း 'အ'ရန်ကောဟူသောအတွေးဖြင့်     ဒေါသထွက်သွားကာ ရင်ဘတ်ကို တဗုန်းဗုန်းပုတ်၍…
"ဘယ့်နှယ်ရှဲရေးရမှာလဲကွ၊ အမှန်အကန်ရေးစားနေတာ။ ဒါနဲ့ နေပါဦး၊ စင်ပေါ်မှာ ဟိုကောင် ဘာတွေပြောနေတာလဲ"
ရွှေကြိမ်လုံးကလည်း ကျွန်ုပ် အား ဒီအဘိုးကြီးအူကြောင်ကြောင် နဲ့ဟု အဓိပ္ပာယ်ရသောအကြည့်နှင့် ပြန်ကြည့်ကာ…
"အာ.. အဘကလည်းခေတ် နောက်ကျနေပြန်ပြီ"
"ဟေ.. ဘာဖြစ်လို့တုံး"
"အခုတလော လုံးချင်းလောက မှာ နာမည်ကြီးနေတဲ့ မင်းထက်ယစ် မူးဆိုတာသူပေါ့"
"ဟေ.. ဘယ်..ဘယ်လို"
အနှီသူငယ်စကားကြောင့် ကျွန်ုပ်မျက်လုံးပြူးသွားရသည်။
"အဘက ဘယ်ချောင်ကပ်နေ လို့ ဒါလေးတောင်မသိရတာတုံး၊ အခုလုံးချင်းလောကရဲ့ လျှမ်းလျှမ်း တောက် စာရေးဆရာမင်းထက်ယစ် မူးတို့၊ ယစ်မူးထုံဝေ၊ စောစောယစ် မူးတို့ရဲ့ ဖခင်အပြင် တြိဂံ၊ တြဂံ၊ တြုဂံတို့ရဲ့ ပထွေး၊ ဒုက္ခိတမောင်စိန်၊ ဒွတ္တမောင်စိန်၊ ဒုက္ခောမောင်စိန်တို့ ရဲ့ အမေ့လင် မင်းထက်ယစ်မူးဆို တာသူပဲ၊ မယုံရင်ကြည့်ထား။ ကျုပ်နဲ့ မောင်နန်းမိုးတောင် ပွဲပြီးရင် စာပေ အင်တာဗျူးလုပ်ဖို့ အရက်ဆိုင်ချိန်း ထားတာ။ ဒါကြောင့် ဆိုင်မှာမြည်း ဖို့ ဖုန့်ဖက်ထုပ်အလစ်သုတ်နေတာ၊ ကိုင်း-ရှင်းပလား"
"ဟင်..ဒါ..ဒါ.."
အနှီရွှေကြိမ်လုံးစကားကြောင့် ကျွန်ုပ်ဘာပြန်ပြောလို့ပြောရမှန်း မသိတော့။ ရေးတာက ကျွန်ုပ်။ နာမည်ခံတော့ သူ့အမည်။ ကမ္ဘာ ကြီးပါ ချာချာလည်နေလေတော့၏။ ဝေခွဲမရနိုင်တော့။
ထိုအချိန်မှာပင် ကြားလိုက်ရ သော စိန်အုံးအသံပီပီသသကြီးက-
"အားလုံးက ကျွန်တော့်ကို ရှဲဒိုး အပ်ပြီး စာအုပ်ထုတ်တယ်လို့ ပြော ကြပါတယ်။ မသိနားမလည်လို့ ပြော တဲ့အတွက် ကျွန်တော်သနားကြင်နာစွာနဲ့ပဲ ပြန်ကြည့်ခဲ့ပါတယ်။ အမှန် တော့ မင်းထက်ယစ်မူးဆိုတဲ့ ကလောင်ဟာ ကျွန်တော့်ရင်ဘတ်ထဲက အန်ကျလာတဲ့ ကျွန်တော့်ရဲ့ ရင်တွင်းဖြစ်ကဗျာတစ်ပုဒ်ပါ။ ကျွန် တော်ကိုယ်တိုင်နှလုံးသားနဲ့ရင်းပြီး ဖန်ဆင်းခဲ့တာပါ"
ထိုအသံကြားတော့ ကျွန်ုပ် လည်း သည်းမခံနိုင်တော့။
"ဟေ့ကောင် ..အဲဒါတွေ ငါရေးတာကွ"
ကျွန်ုပ်၏ ကျယ်လောင်သော အော်သံကြားတော့ စာနယ်ဇင်း ဆရာ၊ ဆရာမများ၏အာရုံ ကျွန်ုပ် ဆီသို့စုပြုံလာ၏။ စိန်အုံးမှာ မျက်နှာ ပင်မပျက်သွားဘဲ ထီမထင်ဟန်နှင့် ပြုံးကာ…
"အဲသည်လိုမျိုး ကျွန်တော့်ရဲ့ အောင်မြင်မှုကို မနာလိုလို့ ဗြောင် ကျကျတိုက်ခိုက်နေသူလည်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ သဘောထား ကြီးသူပီပီ ခွင့်လွှတ်ခဲ့ပါတယ်"
"ဟေ့ကောင်.. မင်းဘာမှ အာချောင်မနေနဲ့။ မင်းထက်ယစ် မူးရော၊ ဒုက္ခိတမောင်စိန်ရော၊ တြိဂံ ရော၊ ကလောင်ခွဲမြောက်မြားစွာ ရော ငါရေးခဲ့တာကွ"
"ဒါဆို အဲဒီကလောင်တွေ ဘယ်သူ့နာမည်နဲ့မှတ်ပုံတင်ထားလဲ သွားကြည့်လိုက်လေ ဟီးဟီး"
"အမ်"
သူ၏ တစ်လုံးတည်းသော စကားကြောင့် ကျွန်ုပ်မှာ ဘာပြန် ပြောလို့ ပြောရမှန်းမသိတော့။ ကိုယ် လက်တိုအောင်ရေးခဲ့သမျှ ကိုယ် မပိုင်သည့်ဘဝရောက်ရပြီ။ ထိုစဉ်မှာ ပင် စိန်အုံး၏ပီသကြည်မြသော အသံက…
"ကဲ ဆရာရွှေကြိမ်လုံးတို့၊ ဆရာမောင်နန်းမိုးတို့၊ ဒီအဘိုးကြီး အရက်ကြောင် ကြောင်လာပြန်ပြီ ထင်တယ်။ သူ့ကိုလေးဆယ့်သုံးလမ်း ခေါ်သွားပြီး ဘီအီးတစ်ပိုင်းတိုက် ထားလိုက်ပါဦး။ ကျွန်တော်လာရင် ရှင်းမယ်"
ထိုအသံလည်းကြားရော အရက်သာပါမည်ဆိုပါက ဟိုစာ နယ်ဇင်းဆရာမ မည်းမည်းတူးတူးကို ပင် ရည်းစားစကားပြောရန် ဝန် မလေးသော အနှီငတိနှစ်ကောင်မှာ ကျွန်ုပ်ကို ကုပ်မှပင်ဆွဲမ၍-
"ကဲ -လာပါအဘရယ်။ အဖြစ် လည်းရှိတာမဟုတ်ဘဲနဲ့၊ ပွဲမဖျက်ပါ နဲ့"
"ဟုတ်သားဗျာ၊ လူက သေခါနီးပြီ။ အခုထိအမြင်မှန်မရသေးဘူး"
ဟူသောစကားသံများနှင့်အတူကျွန်ုပ်၏-
"ဟေ့ကောင်..အဲဒီကလောင်တွေ ငါရေးတာ။ စောစောယစ်မူးဆိုတာငါ၊ မောနင်းယစ်မူးဆိုတာငါ"
ဟူသောအသံများပျံ့လွင့်ဆဲ။ ထို့နောက်- မိတ်ဆွေတို့ဗျား တွေ့မိပါ သေးလား။
တောင်ဒဂုံနယ်တစ်ရိုး၌ အမူး လွန်နေသောအဘိုးကြီးတစ်ယောက် ဗွက်အိုင်များကို ခုန်ကျော်ကာ…
"မင်းထက်ယစ်မူးတာငါ၊ စော စောယစ်မူးတာငါ၊ မောနင်းယစ်မူး တာ ငါ"
ဟူသောစကားများကို ရေရွတ် ရင်း မော်တာလေးလက်နှင့် တရစပ် မွှေ့ယမ်းနေလေတော့၏။ သူဆိုလို သည့် အဓိပ္ပာယ်ကိုတော့ မည်သူ   မှမသိ။ သို့သော် လူများက သူ့ကို မြင်တိုင်း…
"သေခါနီးထိ ယစ်မူးနေတုန်းပါ လား" ဟု…

တိုက်ဆိုင်မှုရှိက နာတတ်ပါစေ …
မေတ္တာဖြင့်…
အကြည်တော်

Chronology of Political Prisoner in Burma Oct 2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,2nd,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )China, Myanmar cities establish friendship relationship

( 2 )မော်လမြိုင် အောက်ဈေးကြီး မီးလောင်

( 3 )Myanmar sells more state-owned firms

( 4 )သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရကို ခန္တီးထောင်ပြောင်း

( 5 )Myanmar refugees reinvigorate Tenn. church

( 6 )မြန်မာနိုင်ငံ အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေ အရေးပေါ်လိုအပ်

( 7 )Thousands Die Needlessly Because Junta Spends Too Little on AIDS, Group Says

( 8 )လူလူချင်းသာ မြင်ကြပါဟု HIV နှင့် နေထိုင်သူ တိုက်တွန်း

( 9 )Corrections and clarifications

( 10 )မော်လမြိုင်ဈေးကြီး (အောက်ဈေး) တစ်ခုလုံး မီးလောင်

( 11 )Flight chaos

( 12 )ထိုင်းသို့ ကျွန်းသစ်တင်ပို့မှု နယ်စပ်ပြသနာရှုပ်ထွေးနိုင်

( 13 )Mizoram assembly poll begins

( 14 )Thousands die because Myanmar's junta spends too little on AIDS, group says

( 15 )လအနီး ကြာသပတေးဂြိုလ်နှင့် သောကြာဂြိုလ် ထွန်းလင်းမှုကြောင့် လူတဦးရယ်နေပုံ ပေါ်ပေါက်ခဲ့

( 16 )Mizoram assembly poll begins

( 17 )မော်လမြိုင်ဈေး မီးလောင်

( 18 )An unnatural disaster in Burma

( 19 )အာဆီယံ ထိပ်သီးအစည်းအဝေး မတ်လသို့ ရွှေ့ဆိုင်း

( 20 )Forced Labor Used for Brush Clearing

( 21 )ဆံတော်ရှင်ပွဲကို အခွင့်ကောင်းယူ၍ စစ်အာဏာပိုင်များ ရခိုင်လူထုကို စည်းရုံးရန် စီစဉ်

( 22 )Fire burns a market in Southern Burma's Mon state

( 23 )မော်လမြိုင် မြို့မဈေးကြီး မီးလောင်

( 24 )HIV/AIDS ရောဂါဝေဒနာသည်များ ကုသရန် ဆေးဝါးအလုံအလောက် မရှိ

( 25 )Blanket manufacturing facility among units to be privatised

( 26 )မော်လမြိုင် ဈေးကြီးမီးလောင်၊ ကျပ်သိန်းထောင်ချီ ဆုံးရှုံး

( 27 )Thailand postpones ASEAN summit until March

( 28 )၂၀၁၀ ရွေးကောက်ပွဲ အတွက် ရပ်ကွက်အဆင့် သင်တန်းများ ပို့ချ

( 29 )ခုခံအားကျဆင်ူမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားများ ကျင်းပ

( 30 )အရှင်ဂမ္ဘီရ ကျန်းမာရေးအခြေအနေကို မိသားစုဝင်များစိုးရိမ်နေ

( 31 )မြန်မာဖက်မှ မှုးယစ်ဆေးဝါးကြောင့် အိန္ဒယဘက်၌ AIDS ကူးစက်ပြန့်နှံ့

( 32 )World Economic Crisis Hits Burmese Workers in Malaysia

( 33 )Teashop Politics

( 34 )ရွှေလီမြို့တွင် ပထမဆုံးအကြိမ် ကျောက်မျက်ရတနာပြပွဲ ကျင်းပ

( 35 )NLD Leaders Discuss Role in 2010 Election

( 36 )မလေးရှားမှ မြန်မာ အလုပ်သမား ၃၀၀ ခန့် ပြန်ပို့

မော်လမြိုင်ဈေးကြီး (အောက်ဈေး) တစ်ခုလုံး မီးလောင်

http://www.monnews-imna.com/burmese/newsupdate.php?ID=140

Mon 01 Dec 2008, လွတ်လပ်ေသာမွန်သတင်းအေဂျင်စီ

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဈေးကြီး (အောက်ဈေး) မှာ ယနေ့ ညနေ ၆ နာရီခွဲလောက်မှ စတင်၍ ရေပေါ်စားသောက်ဆိုင် မီးလောင်ရာမှ ဈေးကြီးတခုလုံး ကူးစက်ပြီး လောင်ကျွမ်းသွားခဲ့သည်ဟု မော်လမြိုင်မြို့ရှိ ဆိုင်ခနးေ်ပါင်း ၄ ဆိုင် မီးလောင်ခံရသည့်ဆိုင်ရှင်တစ်ဦးက ပြောသည်။

ညနေစောင်း ၆ နာရီခွဲမှ လောင်ေသာမီးသည် ည ၈ နာရီခွဲတွင် ဈေးကြီးတစ်ခုလုံး လောင်ကျွမ်းသွားခဲ့သည်။ ယခုမီးလောင်သွားသောဈေးမှာ သံလွင်မြစ်ကမ်းနဘေးတွင် တည်ရှိပြီး အောက်ေဈးဟု လူသိများသည်။

"မီးလောင်သွားတာ ဆိုင်တဆိုင်မှ မကျန်ဘူး၊ အကုန်လုံးကို လောင်သွားတာ၊ ကျမတို့ ဆိုင် ၄ ဆိုင်ေတာင် ပါသွားတယ်" ဟု ၄င်းဆိုင်ရှင်က ပြောသည်။ ၄င်း၏ ပြောပြချက်အရ  ယခုမီးလောင်သွားခဲသော့ မော်လမြိုင်ေအာက်ေဈး ဆောက်လုပ်ပြီးချိန်မှစ၍ ထိုဈေးတွင် သင်္ကန်းပရိက္ခရာများကို ရောင်းချခဲ့သည်မှာ ယခုဆိုလျှင် အနှစ် ၂၀ ခန့်ရှိပြီဟု ဆိုသည်။

မီးစတင်ေလာင်သည်နှင့် တစ်ပြိုင်နက် မီးသတ်ကားများ ရောက်လာသော်လည်း ထုံးစံအတိုင်းပင် ကားသာပါလာပြီး ရေမပါခဲချေ့။ မီးစတင်ေလာင်သည့်အချိန်မစ၍ှ မီးကို ငြိမ်းသတ်ခဲ့ပါက ယခုကဲ့သို့ ဆုံးရှုံးခြင်းမရှိဟု ၄င်းဆိုင်ရှင်က ဆိုသည်။ အခြားမီးသတ်ကားများ ရောက်ရှိလာချိန်တွင် မီးမှာအရှိန်ပြင်း၍ ထိုမီးကို မငြိမ်းသတ်နိုင်ေတာချေ့။

ထိုအောက်ေဈးရှိ ဆိုင်ခန်းတစ်ခန်း၏ပေါက်ေဈးတန်ဖိုးမှာ အနည်းဆုံး သိန်း ၂၅၀ ခန့်ရှိပြီး နေရာကောင်းသည့် ဆိုင်ခန်းများမှာ သိန်း ၃၀၀ နှင့်၄၀၀ ကြားတွင်ရှိသည်။

"မြစ်ကမ်းနဘေးမှာရှိတော့ လေကလည်းတအားတိုက်တယ်။ မီးသတ်ကားတွေ ဝင်နိုင်သ လောက်ဝင်တာပဲ။ ဒါပေမယ့် မီးအရှိန်က တအားကိုပြင်းတယ်" ဟု အခြားဆိုင်ရှင် တစ်ဦးက ပြောသည်။

ဈေးကြီးအတွင်းရှိ ဆိုင်အားလုံးမှာ မီးလောင်သွားပြီး အနီးအနားရှိ အချို့အိမ်များအား မီးကူးခြင်း ရှိမရှိမှာ တိတိကျကျ မသိရှိရသေးပေ။

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.