Wednesday, December 3, 2008

[ဆောင်း] 1 New Entry: ကရောက်ကယက် - ၁

ကရောက်ကယက် - ၁


အိပ်လို့ မပျော်ဘူး။ ဒါနဲ့ ထိုင်စဉ်းစားနေမိတယ်။

ဟိုတလောက နိုင်ငံခြားသူ တစ်ဦးဆီ သွားလည်ရင်း မိတ်ဆွေဖြစ်ခဲ့တယ်။ သူမဆိုဒ်က blog
spotမှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ ဘလော့ ပြတော့ သူမလည်း blogspotမှာ ဘလော့လုပ်ချင်တယ်ဆိုပြီး သူ့ဘလော့အသစ်လေး ထွက်လာတယ်။ သူမက အနုပညာရှင်ဆိုတော့ သီချင်းတင်ချင်လို့ ဆိုပြီး အကူညီတောင်းပါရော။ သူမရဲ့ နိုင်ငံခြားသူငယ်ချင်းတွေက ဘလော့မှာ သီချင်း တင်တာမလုပ်တတ်ဘူးတဲ့။

ကျွန်မက အနုပညာလည်း မရ၊ ပညာစာလည်း မရ၊ အင်္ဂလိပ်စာက လည်း ညံ့လွန်းတယ် မဟုတ်လား။ ဒီဘလော့ကို သူငယ်ချင်းလုပ်ပေးလို့ ရလာတာဆိုတော့ သူမေးသမျှမသိဘူး ဘဲဖြေရတယ်။ အနီးအနားက ဘလော့ရေးတာ လုပ်ပေး ကူပေးနေတဲ့ သူငယ်ချင်းတွေကလည်း သီချင်းတင်တာတွေ မသိကြတော့ အွန်လိုင်းပေါ်က ဘလော့သူငယ်ချင်းကို မေးရတယ်။ အမှန်တော့ သူငယ်ချင်းက တခါတည်း လုပ်ပေးလိုက်တာပါ။ ဒါနဲ့ နမူတာ တင်ပေးထားတာလေးထဲက ကုတ်တင်တွေ ကူးပြီး သူမကို စမ်းကြည့်ဖို့ ပြောပြီး တာနဲ့ သူမလည်း ချက်ချင်း သူမရဲ့ ဓါတ်ပုံနဲ့ သူမကိုယ်တိုင်တီးဆိုထားတဲ့ သီချင်းလေးတွေ တင်တာ တွေ့ရတယ်။

ကျွန်မကတော့ ကိုယ့်ဘလော့ပေါ်က သီချင်းကို ပြန်မဖျက်မိဘူး။ တကယ်တော့ ကျွန်မအနေနဲ့ သီချင်းတွေပုံတွေ မတင်ချင်ပါဘူး။ ဘလော့ပေါ်တင်ရင် စာဖတ်သူတွေရဲ့ ကိုးနတ်ရှင်က နှေးတော့ သီချင်းတွေ ပုံတွေကြောင့် ပိုနှေးတဲ့ အတွက် မတင်ချင်တာပါ။

စာဖတ်သူတွေကို အားနာတာနဲ့ သီချင်းကို ဖြုတ်လိုက်ပါတယ်။ အဲဒီသီချင်းကို ကျွန်မ လုံးဝနားထောင်တာမှ မဟုတ်တာ။ ပြီးတော့ ကိုယ့်အတွက်လုပ်တာလည်း မဟုတ်ဘူး။ ကျွန်မကတော့ သီချင်းတွေ နားထောင် ချင်ရင် သီချင်းတင်တဲ့ ဘလော့တွေကို သွားလည်လိုက်တယ်။

လောလောဆယ် ကော်မဲန့်တွေဖြုတ်ထားလိုက်ပါတယ်။ တချို့က ရင်ထဲက ခင်လို့ရေးတာ ရှိသလို၊ မခင်ဘဲနဲ့ အားနာလို့ ရေးတာလည်း ရှိတယ် ၊ တချို့ကတော့ ရင်ထဲက မုန်းတီးပြီး ချီးကျူးချင်ယောင်ဆောင် ရေးတာလည်း ရှိနိုင်မှာပေါ့နော်။

ဘာဘဲဖြစ်ဖြစ် ဒီကော်မဲန့်တွေကြောင့် ဘယ်သူမှစိတ်အနှောင့်အယှက် မဖြစ်စေချင်ပါဘူး။
ကျွန်မ က အသိမိတ်ဆွေ လိုချင်လို့ ဒီဘလော့ရိုးသားစွာနဲ့ ရေးတယ်။ ရေးရင်းနဲ့ ရန်သူလည်းတွေ့တယ် မိတ်ဆွေလည်း တွေ့တယ်။ အားပေးသူရှိသလို နောက်ကျော ဓါးနဲ့ထိုးဖို့ ကြံနေတဲ့ မိတ်ဆွေတုတွေလည်း တွေ့ရတယ်။ ခင်စရာကောင်းတဲ့ မိတ်ဆွေတွေလည်း တွေ့ရယ်။

ကောင်းတာရှိသလို ဆိုးတာလည်း ရှိတယ်။ ကျွန်မကတော့ အကောင်းမြင်တဲ့ဘက် က ဘဲ ကြည့်ပါတယ်။ လက်နာလည်း ရေးနေမိတယ်။ ရေးတော့လည်း လက်က ပိုနာလာတယ်။ တစ်နေ့နေ့မှာတော့ ဘလော့ မရေးနိုင်အောင် ကျန်းမာရေးချို့တဲ့ တဲ့ အချိန်ရောက်ခဲ့ရင် တော့ အားလုံးကို နုတ်မဆက်ဘဲ ဘလော့ရေးတာကို ရပ်လိုက်မှာပါဘဲ။

နုတ်မဆက်ချင်ပါဘူး .... နုတ်ဆက်ဖို့ အားအင်လဲ မရှိပါဘူး

(ဒါနဲ့ စကားမစပ် ကိုယ်တွေ့ အဖြစ်ပျက်တွေ ကို ကျွန်မ ကိုယ်တိုင် ဘာသာပြန်ပြီး မြန်မာလိုပို့စ်တွေ ရေးတာက ကျွန်မက အင်္ဂလိပ်စာညံ့လို့ အင်္ဂလိပ်လို မရေးနိုင်လို့ပေါ့ရှင်။
မိတ်ဆွေလိုချင်လို့ ဘလော့ရေးတာပါ။ attention seeker လို့ အထင်မခံစေ့ချင်ပါဘူးရှင်။
အင်္ဂလန်မှာ Metro ဆိုတဲ့ အလကားရတဲ့ သတင်းစာအပြင် သတင်းစာပေါင်း မြောက်မြားစွာရှိပါတယ်။ News agent ခေါ်တဲ့ ဆိုင်ကလေးတွေမှာရော ရှော့ပင်ဆိုင်တွေမှာပါ သတင်းစာတွေ ရောင်းပါတယ်။ သတင်းအသစ် ဆိုရင် သတင်းစာ အသီးသီးက သတင်းထောက် တွေက အားလုံးနီးပါး အတူတူလို သတင်းလိုက်ကြလို့ ဘယ်သတင်းစာကို ဖတ်ဖတ် သတင်းအသစ် အကြောင်းအရာတွေ တူပါတယ်။ သတင်းထောက်တွေရဲ့ သတင်းယူမှု့ ပေါ်မူတည်ပြီး သတင်း အသေးစိတ်နဲ့ ဓါတ်ပုံတွေ တိုတိုတွာတွာ သတင်းအတိုလေးတွေ အနဲအများ သာ ကွာပါတယ်။ သိချင်ရင် ၀ယ်ဖတ်ကြည့်ပါ။
ကျွန်မက အင်္ဂလိပ်လိုနဲ့ မြန်မာလို ညှပ်မရေးတတ်သလို ၂ခုကို ရောရေးတာကို မကြိုက်ပါဘူး။ Ctrl+Shift ကို ၄-၅ကြိမ်ပြောင်းနှိပ်မှ အင်္ဂလိပ်လို-မြန်မာလို တလှည့်စီပြောင်းရတာ အလွန်အလုပ်ရှုပ်လွန်းလှပါတယ်။ ဒါကြောင့်လည်း ကော်မဲန့်ပေးရင် အင်္ဂလိပ်လို စာကြောင်း ပြောင်းရိုက်တာ ဖြုတ်ပေးဖို့ ပို့စ်တောင် တင်ရေးတာပေါ့။ လက်အနာခံ ရမဲ့ အလုပ် မလုပ်ပါ ။

ဘလော့စွဲနေလို့ စာရေးတာတောင် အပြစ်ဖြစ်နေပါရော့လား။

သြော် ဘလော့ ဘလော့... )

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.