Wednesday, December 3, 2008

[တိမ်ညိုတွေပြိုသွားတဲ့ကောင်းကင်] 1 New Entry: အဆိပ်သင့်ခြင်း

အဆိပ်သင့်ခြင်း

ဘ၀တွေကလည်း ခါးရဲ့
မျိုမျိုချနေရတဲ့ နေ့ရက်တွေကလည်း
ဆေးခါးကြီးတစ်ခွက်လိုဘဲ ခါးသက်သက်
ဒါပေမယ့် ဒီအခါးတွေကဘဲ
နှလုံးသားအတွက် ဆေးဘက်ဝင်နေတယ်...

မင်းပစ်ခွင်းတဲ့ မြှားတစ်စင်းက
ငါ့ရင်ခွင်ကို နက်ရှိုင်းစွာဝင်စိုက်
နှလုံးသားကို ထုတ်ခြင်းဖောက်ခတ်ချိန်
စီးကျလာတာက သွေးမဟုတ်ဘူး
အချစ်တွေ...

အိပ်ပျက်ခဲ့တဲ့ ညတွေ
ကယောက်ကယက်နဲ့
ခြောက်ခြောက်ခြားခြား
ရင်ခုန်သံအမှားတွေ
ဝုန်းဒိုင်းကြဲနေတဲ့ တမ်းတခြင်းတွေ
သူတို့တွေကြားထဲမှာ
လွမ်းဆွတ်ခြင်းကတော့
တိတ်ဆိတ်စွာ ထိုင်နေလေရဲ့
အဆိပ်ခတ်ခံလိုက်ရတဲ့
နှလုံးသားရင်ပြင်က အချစ်မျှော်စင်ပေါ်မှာလေ...

ရင်ခုန်သံတွေလဲ မရပ်သေးဘူး
အသက်ရှုတာလဲ မ၀တော့ဘူး
နှလုံးခုန်တိုင်းမှာလဲ ရူးချင်ပြီ
လောကဓမ္မရေ မင်းသိရင်ပြောပြာပါ
ငါ့ရင်ဘတ်ကို ဘယ်သူအဆိပ်ခတ်သွားလဲ...




စိတ်၏စေရာနာခံလေသော



(အထက်ဖော်ပြပါပုံကို http://img75.imageshack.us/ မှကူးယူဖော်ပြပါသည်။)

You received this email because you are subscribed to the real_time feed for http://moemyinttane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.