ကျန်းမာရေး မကောင်းပါ၊ ပုဇွန်ဟင်းချက်စားသည်..
ဤဘလော့ရေးသူသည် ယမန်နေ့  ညနေမှပိုင်းမှ စ၍ နေထိုင်မကောင်း ဖြစ်နေပါသဖြင့် ယနေ့  အလုပ်မသွားနိုင်ခဲ့ပါ။
ကျန်းမာရေး မကောင်းဘူးလား။ ဘာဖြစ်တာလဲဆို ဖျားတာမဟုတ်ဘူး၊ ခေါင်းကိုက်တာ။ ကိုက်နေတဲ့ ခေါင်းကို ပြန်ကိုက်ချင်ပေမယ့် ပြန်ကိုက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် ဆေးသောက်ပြီး သည်းခံ နေလိုက်ရတယ်။ မနေ့ ညက အိမ်ရောက်အောင် မနည်း ပြန်လာရတယ်။ သွားရလာရ သိပ်မဝေးတဲ့ နေရာမှာမို့  တော်သေးတယ်။ ခေါင်းကိုက်တော့ ထုံးစံအတိုင်း အစာမ၀င်တော့ဘူး၊ စားသမျှ အန်ပြန်ရော။ မလွယ်ပါဘူး။ စိတ်ကြီးတာကို ၊ ဒေါသကြီးတာကို ခေါင်းကိုက်မှာပေါ့တဲ့ ချစ်သူက ကြင်နာစွာ အားပေးစကား ဆိုရှာတယ်။ ပထမတော့ စိတ်ဆိုးတော့ မလို၊ (စိတ်ဆိုးလိုက်ပါသေးတယ် :D) နောက်မှ စဉ်းစားမိတယ်၊ သူပြောတာလဲ မမှားပါဘူး။ ကျွန်မကလည်း တစ်ခုခု စိတ်အနှောက်အယှက် ဖြစ်ပြီဆိုတာနဲ့  အဲဒီခေါင်းက ကိုက်လေ့ရှိတယ်လေ။ ခေါင်းကိုက်ပြီဆို ဘာမှ လုပ်မရဘူး၊ နောက်ဆုံး ဆေးသောက် အိပ်လိုက်မှပဲ ပျောက်တော့တယ်။ မနေ့ ကတော့ စိတ်နည်းနည်း ရှုပ်တာရော၊ နေ့ လယ်စားချိန် အပြင်ထွက်တာ အပူအအေး မမျှဖြစ်သွားတာရော၊ ညနေ ၃ နာရီလောက်ကတည်းက ခေါင်းစကိုက်နေပြီဆိုတာ သိရဲ့နဲ့  တေတာပေတာရောကြောင့် အတော်လေး ခံလိုက်ရတယ်။ ခေါင်းကိုက်ပြီဆို အမေ့ကို သိပ်သတိရတယ်။ အိမ်မှာဆို အမေက ပေါင်မုန့် ၊ ကော်ဖီပူပူ၊ ဒါမှမဟုတ် နွားနို့ နွေးနွေးလေးနဲ့  ဆေးနဲ့ ကို အိပ်ရာထဲ အထိ လာတိုက်လေ့ရှိတယ်။ ခုတော့လည်း ကိုယ့်ဘာသာ မိုင်လိုသောက်၊ ဆေးသောက် အိပ်လိုက်ရတာပေါ့။ ကျင့်သားတော့ ရနေပါပြီ။အိမ်ရောက်ရောက်ခြင်း အိပ်လိုက်တာ ၁၁ ကျော်မှာ နိုးတယ်။ နည်းနည်းသက်သာနေပြီ။ ဒါကို ချက်ချင်းပြန် မအိပ်ပဲနေလိုက်တာ မနက်နိုးလာချိန်မှာ ခေါင်းကိုက်နေပြန်တယ်။ မနေ့ ညကလောက်တော့ မဆိုးဘူး။ ဒါပေမယ့် အလုပ်သွားဖို့  မဖြစ်နိုင်တာနဲ့  ဆေးခွင့်ယူပြီး ဆက်အိပ် နေလိုက်တယ်။ တစ်နေကုန် အိမ်မှာ ဘာလုပ်နေသလဲ။ အိပ်တယ်၊ ပြီးတော့ ဟိုးကမ္ဘာတစ်ခြမ်းမှာ ညနက်သန်းခေါင် အိမ်ပြန်လို့ မရ၊ အလုပ်တွေ အရမ်း ရှုပ်နေသူ တစ်ယောက်ကို စကားတွေပြောပြီး နှောက်ယှက်တယ်။ ဘာကြောင့်မှန်းမသိ ကျွန်မ ပုံမှန် အလုပ်သွားချိန်မှာ အလုပ်မသွား အိမ်မှာရှိတဲ့ ရက်တွေဆို ဟိုဘက်မှာ အလုပ်ကနေ ပုံမှန်အချိန်ပြန်မရ၊ မနက် ၄-၅ နာရီ လောက်မှ ပြန်နိုင်အောင်ကို အလုပ်ရှုပ်တတ်တယ်။
နေ့ လယ်ပိုင်း ခေါင်းကိုက်သက်သာတဲ့ အချိန်မှာ ပုဇွန်ဟင်းချက်ဖြစ်တယ်။ အင်း.. ၅ လအတွင်း ဒါပထမဆုံး ဟင်းချက်ခြင်းပဲ။ အခု နေတဲ့အိမ်ကို ပြောင်းလာကတည်းက ဘာမှ ချက်မစားဖြစ်ဘူး။ အခုတောင် ဒီပုဇွန်တွေကို ဟိုတလောက ဈေးသွားရင် တွေ့ တာ နဲ့  ၀ယ်ဖြစ်သွားတယ်။ ပုဇွန်ဟင်းကြိုက်တော့ ပုဇွန် လတ်လတ်၊ ဈေးတန်တာတွေ့ ရင် ၀ယ်ချင်တယ်။ လတ်တယ်ဆိုတာ အရှင်တွေကို ပြောတာမဟုတ်ဘူးနော်။ ဒီမှာက အလတ်ဆုံးဆို လတ်သလားမမေးနဲ့  အရှင် ၀ယ်လို့ ရတယ်။ တချို့ ဆိုင်တွေမှာ ပုဇွန်အရှင်တွေ ရောင်းတယ်လေ။ ရှင်းအောင်ပြောတာ။ အသက်မရှိတော့တဲ့ ပုဇွန် လတ်တာတွေ့ ရင် ၀ယ်ချင်တယ်။
ဒီနေ့ မှ ၀ယ်သာဝယ်ပြီး ဘယ်တော့ ချက်ဖြစ်မယ်မှန်းမသိတဲ့ ပုဇွန်တွေကို တကယ် ချက်ဖြစ်သွားတယ်။ ပုဇွန်က ဒီမှာဝယ်လို့ ရတဲ့ အထဲကဆို အကောင် သိပ်မသေးသလို၊ အရမ်းလည်း မကြီးဘူး ဆိုရမယ်။ အကောင် ၁၅-၂၀ လောက် ရှိမယ်။ ပုဇွန် S$4.30 ဖိုး ၀ယ်ထားတာ အကုန် ချက်လိုက်တယ်။ ချက်တာ လွယ်ပါတယ်။ ပုဇွန်ကို အခွံခွါ၊ ခေါင်းက ပုဇွန်ချီးအိပ်နဲ့  ကျောကဟာတွေ လှီးထုတ်ပြီး ကြက်သွန်ဖြူ နီ ဆီသတ်ပြီး ချက်တာ။ ဆားနဲ့  ဆီက လွဲရင် တခြား ဘာမှ မထည့်ဘူး။ ဟင်းချက်တယ်တောင် မခေါ်နိုင်ဘူးထင်တယ်၊ ကြော်သလို လုပ်တာ။ အဲလို ပုဇွန်ချက်တာကို အကြိုက်ဆုံးပဲ။ တခြား ဘာမှ ထည့်ချက်တာ မကြိုက်ဘူး။ အိမ်မှာလည်း အဲလိုပဲ လုပ်ပေးတယ်။ တခါတလေ ကြက်သွန်ဖြူ နီတောင် မထည့်ဘူး။ ဆီပြန်၊ အရည်ကျန်တာ မကြိုက်ဘူး။ ပုဇွန်ကို ပုဇွန်အနံ့ နဲ့  အရသာ မွှေးမွှေးလေး အတိုင်း ထမင်းကို ပုဇွန်ဟင်းထဲက ဆီးလေးနဲ့ နယ်ပြီး စားရတာ ကြိုက်တယ်။ CityHall မှာ သွားစားရင် အဲ့လို ပုဇွန်ချက်တာမျိုး မတွေ့ ဖူးဘူး။ ၀ယ်စားလို့ မရဘူး။ ရောင်းတဲ့ ဟင်းတွေမှာ အရည်တွေနဲ့  တခြား အနံ့ တွေပါတယ်။ မကြိုက်ဘူး။
ပုဇွန်ဟင်းချက်မယ်ဆိုတော့ ကောင်းတယ်၊ စားချင်တာ စား၊ ပြီးရင် ဆေးသောက်ထားလိုက်ဆိုတဲ့ စကားအတိုင်း ပုဇွန်ဟင်းနဲ့  ထမင်းစားပြီး ဆေးထပ်သောက် အိပ်လိုက်မယ်။ မနက်ဖြန်ဆိုရင်တော့ ခေါင်းထပ်ကိုက်ဖို့  မရှိတော့ဘူး ထင်ပါတယ်။
သက်ဆိုင်သူသို့ 
သက်ဆိုင်သူ သို့ ...
ဒီပုံလေး သဘောကျလွန်လွန်းလို့  မမွန် ရဲ့ ဘလော့ကနေ ကူးယူလာတာပါ။
You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.