Sunday, October 5, 2008

[SOMETHING IS BETTER THAN NOTHING] 1 New Entry: ကျွန်ုပ်နှင့် တခုတ်တရ ညတည

ကျွန်ုပ်နှင့် တခုတ်တရ ညတည

မိတ်ဆွေ...သင်သည် သင်နှင့်နီးကပ်စွာ ရှိနေသော်လည်း သင်(ဖုန်းကံ နိမ့်နေသော အချိန်မှ လွဲ၍ ) မမြင်နိုင် မတွေ့နိုင် မကြားနိုင်သော ပရလောက တစ်ခုသည် ကျွန်ုပ်တို့နှင့် နီးကပ်စွာ တည်ရှိနေသည်ကို သင်ယုံကြည်ပါ၏လော။ ကျွန်ုပ်အနေနှင့်မှာမူ ကျွန်ုပ်ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် မယုံကြည်ပါ ဟူ၍လည်း လှေနံဓါးထစ် ပြောဆို၍ မရနိုင်တော့ပေ။

ကျွန်ုပ်မှာ အင်ဂျင်နီယာ အလုပ်နှင့် အသက်မွေးသူဖြစ်ရကား ဆည်မြောင်းမှ ထွက်လာခဲ့ပြီးနောက်တွင် ရန်ကုန်မြို့ (၈)မိုင် လမ်းဆုံတွင်ရှိသော ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု၌ ၀င်ရောက်လုပ်ကိုင်ခဲ့လေသည်။ ဆောက်လုပ်ရေးလုပ်ငန်း တို့၏ သဘောသဘာဝအတိုင်း အဆောက်အအုံ တစ်ခုဆောက်လုပ်ရာ၌ တည်ဆောက်ရေးလုပ်ငန်းသည်လည်း အရေးကြီးသကဲ့သို့ ထိုနည်းတူစွာ အဆောက်အဦး မဆောက်လုပ်မှီ ကြိုတင်ခန့်မှန်းတွက်ချက်ရသည့် Estimate ဟုခေါ်သည့် အနီးစပ်ဆုံးကုန်ကျမှု ခန့်မှန်းစာရင်းနှင့် Bill ဟုခေါ်တွင်သည့် အနီးစပ်ဆုံးကုန်ကျစရိတ်တန်ဘိုး တွက်ချက်ခြင်းသည်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်လေသည်။ အဆောက်အဦးတစ်ခုဆောက်လုပ်ရာ၌ အရှုံးအမြတ်ဟူသည် ထိုEstimate နှင့် Bill ပေါ်တွင် များစွာမူတည်နေလေသည်။

ကျွန်ုပ်သည်လည်း ကျွန်ုပ်တို့ ကုမ္ပဏီ မှ ရရှိထားသော တန်(၂၀၀)ပျော့ဖတ်စက္ကူစက်ရုံစီမံကိန်းမှ Warehouses , Workshops နှင့်Chimneyအစရှိသောအဆောက်အဦးများ၏ Estimate များတွက်ချက်ခြင်း ၊ တွက်ချက်ပြီးသော Measurmentများအား ပြန်လည်စီစစ်ခြင်း ၊ ထိုMeausrment များအရ ကုန်ကျမည့် ပစ္စည်းပမာဏအား တွက်ထုတ်ခြင်း ၊ ရရှိလာသော အရေအတွက်များအား ဈေးနှုန်းများ ထည့်သွင်းခြင်းဖြင့် Finial Bill ရရှိအောင်တွက်ထုတ်ခြင်း စသည်တို့ဖြင့် စာရွက်ပုံတွေကြားတွင်သာ ခေါင်းမြုပ်နေလေတော့သည်။ ကျွန်ုပ်၏ဆရာ ဒါရိုက်တာသည်လည်း အစည်းအဝေးများ တက်ရောက်ရခြင်း၊ အဓိကကျသော ဈေးနှုန်းများကို ညှိနှိုင်းရခြင်း စသည့်ကိစ္စများဖြင့် မအားမလပ်နိုင်အောင်ရှိရကား ထို Estimate နှင့် Bill တွက်ချက်ခြင်းလုပ်ငန်းများအား မည်သို့မျှ ထိရောက်စွာ ကြီးကြပ်နိုင်ခြင်းငှာ မစွမ်းသာပေ။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်အား Estimate Section ၏ Incharge ရာထူးကို ပေးကာ ထိုတာဝန်များ အားလုံးအား ကျွန်ုပ်၏ ပခုံးပေါ်သို့သာ လုံးလုံးလျားလျား ကျရောက်စေလေတော့သည်။ ထို့အတွက်ကြောင့်ပင် ကျွန်ပ်သည်လည်း အနှီစာရွက်များနှင့်သာ နပန်းလုံး၍ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေရလေတော့၏။ ထိုအချိန်က Green Girl တို့ သူငယ်ချင်းသုံးယောက် ကုမ္ပဏီသို့ မရောက်ရှိသေးပေ။ အကယ်၍သာ၎င်းတို့ ရှိနေခဲ့ပါမူ ကျွန်ပ်အဘို့ ယခုလောက်ပင်ပန်းမည် မဟုတ်ကြောင်းကိုမူ ကျွန်ုပ်အနေနှင့် ၀န်ခံရပေလိမ့်မည်။ထိုသို့ အလုပ်များ များမြောင်၍ ရှုပ်ထွေးနေသော ကျွန်ုပ်၏ ထံသို့ ထင်မှတ်မထားသော ကြောက်ရွံ့ ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခုသည် ရောက်ရှိလာခဲ့ပေတော့သည်။ ထိုအဖြစ်အပျက်၏ အစမှာကား.........

တစ်နေ့သ၌ ကျွန်ုပ်သည် လွန်စွာမှပင် လူကြပ်လှ၍ ယောကျာ်းနှင့် မိန်းမ တန်းတူ ယဉ်ဘောင်တန်းကာ တိုးဝှေ့၍ စီးနင်းရသော (၅၁) Air Con Bus ပေါ်မှ မြေနီကုန်း မှတ်တိုင်အရောက်တွင် အားအင်ကုန်သုံး၍ ဆင်းကာ ကျွန်ုပ်နေထိုင်ရာ အိမ်ဂေဟာသို့ စိတ်အေးလက်အေးဖြင့် လမ်းလျှောက်ပြန်လာခဲ့လေတော့၏။ ထိုသို့လျှောက်လာရင်းမှပင် ကျွန်ုပ်လွန်စွာမှပင် ကြိုက်နှစ်သက်လှ၍ သွားလေရာနေရာတိုင်းလိုလို ပါတတ်သည့် London ဟုအမည်ရသော စီးကရက်ဘူးအတွင်းမှ စီးကရက် တစ်လိပ်ကို မီးညှိဖွာရှိုက်၍ နောက်တစ်နေ့တာ လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းကိစ္စများအား ဦးခေါင်းတွင်း၌ အစီအစဉ်ချ၍ လာခဲ့လေသည်။

တစ်နေရာ အရောက်တွင် " ဟေ့ကောင် မိုးမြင့် " ဟု မည်တွင်သမုတ် အကျွန်ုပ်၏ အမည်ကို ပီပီသသကြီး ခေါ်သံကြားရ၍ အသံလာရာဆီသို့ လှမ်းကြည့်မိရာ ဤဇာတ်လမ်းတွင် ကျွန်ုပ်နှင့် အတူတူပါဝင်ကြမည့်သူများဖြစ်သည့် ကျွန်ုပ်၏ ချစ်လှစွာသော သူငယ်ချင်းများဖြစ်ကြသည့် ကျော်ဇင်နှင့် ညီညီ ကို လက်ဘက်ရည်ဆိုင်၌ လက်ဘက်ရည် တစ်ယောက်တစ်ခွက်၊ ဆေးလိပ်တစ်ယောက်တစ်လိပ်ဖြင့် ဆက်ရက်မင်းစည်းစိမ်ခံနေသည်ကို တွေရလေသည်။ ကျွန်ုပ်လည်း ထိုသူငယ်ချင်းများထံသို့ သွားရောက်၍ ၎င်းတို့နှင့် အတူတကွထိုင်ကာ ရောက်တတ်ရာရာ စကားများကို ပြောဆိုမိလေတော့သည်။ ထိုသို့ ပြောဆိုရင်းနေရင်းမှ ကျွန်ုပ်သည် ၎င်းတို့ စောစီးစွာလက်ဘက်ရည်ဆိုင် ရောက်နေခြင်းအား မေးမြန်းရန်သတိရလိုက်မိသဖြင့် မေးမြန်းရန် စကားစလိုက်လေတော့သည်။

ကျွန်ုပ် ။ ။ နေပါဦးကွ မင်းတို့ကို မေးပါရစေဦး။ ဒီနေ့မင်းတို့ နှစ်ယောက်က ထူးထူးဆန်းဆန်း စောစောစီးစီး လက်ဘက်ရည်ဆိုင် ရောက်နေပါလား။ အရင်ဆို ညီညီဆိုင်သိမ်းမှ လာနေကြမှလား။
ကျော်ဇင်။ ။ အေးဟေ့ အရင်ကတော့ ဟုတ်တယ်။ ဒါပေမယ့် ဒီနေ့တော့ မဟုတ်ဘူး။ ဒီကောင် ဒီနေ့ လွတ်လပ်ရေးရနေတယ်။
ကျွန်ုပ် ။ ။ဟ တယ်ဟုတ်ပါလား ဆိုစမ်းပါဦး။ စိတ်ဝင်စားလာပြီ။
ညီညီ ။ ။ ဒီလိုကွ အခုငါတို့နေတဲ့ အိမ်ကို ဖျက်ပြီး ကန်ထရိုက်တိုက်ဆောက်မလို့။ အဲဒါ အားလုံး စာချုပ်ချုပ်ပြီး ပြောပြီးဆိုပြီးပြီကွ။
ကျွန်ုပ် ။ ။ အင်း အဲဒီတော့ ငါက Estimate တွက်ပေးရမယ်ပေါ့။ အလကားတော့ မရဘူးမောင်။ ရေတော့လောင်းရမယ်။ ဟဲ ဟဲ
ကျော်ဇင် ။ ။ ဟေ့ကောင် သောက်မြင်ကပ်အောင်လာမလုပ်နဲ့ ပြောတာကို ဆုံးအောင်နားထောင်။
ညီညီ ။ ။ ချည်းတဲမှဘဲ မင်းကို ဘယ်သူမှ မအပ်ဘူး။ ပြောတာကို နားထောင်ဦး။ အဲဒါ အခုနောက် ၃ရက်လောက်နေရင် အိမ်ကို စပြီးဖျက်တော့မယ်။ပစ္စည်းတွေအားလုံး မနေ့ကပြောင်းပြီးသွားပြီ။ ဒါပေမယ့် ကားဂိုဒေါင်က ပြောင်းထားဘို့ ငှားထားတာ မနက်ဖြန်မှ ရမယ်။ အဲဒါ ဒီနေ့တော့ ကားက ဒီမှာဘဲထားရမှာကွ။ ငါ့အိမ်က ဘယ်သူမှ မရှိဘဲ ကားထားရမှာ စိတ်မချလို့ ဒီည ငါ့ကို စောင့်အိပ်ခိုင်းတာ။ ငါတစ်ယောက်တည်း ပြင်းတာနဲ့ ကျော်ဇင်ကို အဖော်စပ်နေတာကွ။
ကျွန်ုပ် ။ ။ အော် ဒီလိုလား။ ဒါကြောင့်မို့ မင်းက စောစောစီးစီး လက်ဘက်ရည်ဆိုင်ထွက်ထိုင်လို့ ရတာပေါ့လေ။ အခုနေ မင်းကား ၀င်ခိုးသွားရင်တော့ မင်းအိမ်ပေါ်ကနေ ခေါင်းနဲ့ ဆင်းရမယ်။
ညီညီ ။ ။ ဟေ့ကောင် ဒီအချိန်ကြီး ဘယ်သူမှမခိုးဘူး။ အခုမှ ည၇နာရီဘဲ ရှိသေးတယ်။ လူတွေစည်တုံး။ မင်းလို သူခိုးမျိုးသာ ဒီအချိန်ခိုးမှာ။
ကျော်ဇင်။ ။ ကဲတော်ပါတော့ကွာ။ မိုးမြင့် မင်းပါလာအိပ်ပါလား။ မင်းပါရင် ပိုပျော်ဘို့ကောင်းမှာ။ ညကျရင် ငါတို့ ယမကာလေးမှီဝဲကြတာပေါ့။ ဘယ်လိုလဲ??
ညီညီ ။ ။ အေး ဟုတ်တယ်ကွ မင်းပါလာခဲ့ကွာ။
ကျွန်ုပ် ။ ။ လာတော့လာချင်ပါတယ်ကွာ။ ဒါပေမယ့် ငါက မနက်ကို အလုပ်သွားရမှာ ညအိပ်ရေးပျက်လို့ မဖြစ်ဘူးကွ။
ကျော်ဇင်။ ။ ဟာ ဟေ့ကောင် ငါတို့လည်းဘယ်သူမှ ညဉ့်နက်အောင်နေမှာမဟုတ်ဘူး။ လာခဲ့စမ်းပါကွာ။ မနက်ကြတော့ စောစောထပြီး မင်းအိမ်ပြန်ပေါ့ကွ။
ညီညီ ။ ။ အေးလေ မင်းကလဲ။ ငါတို့တွေလည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ မဆုံဖြစ်တာကြာပြီလေကွာ။
ကျွန်ုပ် ။ ။ အိုကေကွာ ငါလာခဲ့မယ် အခုတော့ အိမ်ပြန်လိုက်ဦးမယ်။ ရေချိုးပြီးတော့မှ ပြန်လာခဲ့မယ်။ နည်းနည်း ငြီးစီစီ ဖြစ်နေလို့ ရေချိုးလိုက်မှ လန်းသွားမှာ။
ကျော်ဇင်။ ။ မိုးမြင့် ထမင်းစားမလာနဲ့နော် စားပြီးသွားရင် သောက်နိုင်မှာ မဟုတ်ဘူး။
ကျွန်ုပ် ။ ။ အေးပါကွ မစားခဲ့ပါဘူး။

ကျွန်ုပ်လည်း သူငယ်ချင်းများနှင့် လမ်းခွဲကာ အိမ်သို့ ခပ်သွက်သွက်ပြန်လာခဲ့လေ၏။ အိမ်သို့ ပြန်ရောက်လတ်သော် ခဏနားကာ ရေမိုးချိုးပြီးနောက် ကျွန်ပ်၏ မွေးသမိခင်အား ညီညီတို့ အိမ်တွင် သူငယ်ချင်းများ စုအိပ်မည် ဖြစ်ကြောင်း ဘယ်မှသွားမည်မဟုတ်ကြောင်း ထိုအိမ်တွင်ပင် နေမည် ဖြစ်ကြောင်း မနက်စောစော ပြန်လာခဲ့မည်ဖြစ်ကြောင်း ကတိပေးကာ ညီညီတို့ အိမ်ရှိရာသို့ ထွက်ခဲ့လေတော့၏။ ကျွန်ုပ်နှင့် ညီညီတို့သည် တစ်ရပ်ကွက်ထဲနေကြသည်မှန်သော်လည်း အိမ်ချင်း အတန်ငယ်လှမ်းသည်ဖြစ်ရာ မိနစ်၂၀ လောက်လမ်းလျှောက်ရလေသည်။ ကျွန်ုပ်ထိုအိမ်သို့ ရောက်လတ်သော အိမ်ရှေ့တွင် ကျော်ဇင် အမှိုက်များကို မီးရှို့နေသည်ကို တွေ့ရလေ၏။ ညီညီ့ကိုမူကား မတွေ့ပေ။ ညီညီတို့အိမ်ကို အိမ်ရှေ့မှလှမ်းကြည့်ရင်း စိတ်ထဲတွင် တွန့်ကနဲ တစ်ချက်ဖြစ်သွားလေ၏။ ကန်ထရိုက်တိုက်များကြားတွင် တည်ရှိနေသော နှစ်ထပ်ပျဉ်ထောင်အိမ်မှာ လမ်းမမှ ကြည့်လျှင် ရုတ်တရက်မြင်အိမ်တွင်းသို့ မြင်နိုင်ရန် ခဲယဉ်းပေ၏။ အိမ်၌ထွန်းထားသော မီးချောင်းမှာလည်း အနည်းငယ်အားနည်သည်ဖြစ်ရာ မမှောင့်တမှောင်အလင်းနှင့် နှစ်ထပ်ပျဉ်ထောင်အိမ်ကိုကြည့်ကာ စိတ်ထဲတွင် တစ်မျိုးတစ်မည် ခံစားရလေ၏။ သို့သော် ကျွန်ုပ်၏ စိတ်အတွင်း၌သာ ထင်မြင်ယူဆသည်ဖြစ်သဖြင့် တကယ်လက်တွေ့ တွင်မူ မဖြစ်နိုင်ကြောင်းကို တွေးတောလျက် ထိုအတွေးများကို ပယ်ဖျောက်ကာ အိမ်ရှေ့တွင် အမှိုက်မီးရှို့နေသော ကျော်ဇင်ထံသို့ တန်းတန်းမတ်မတ် လှမ်းသွားမိလေတော့သည်။

ကျွန်ုပ် ။ ။ ဟေ့ကောင် မီးပုံပွဲ လုပ်နေတာလား။

ကျွန်ုပ်စကားကြောင့် အမှိုက်မီးရှို့နေသော ကျော်ဇင်လှည့်ကြည့်လေ၏။

ကျော်ဇင်။ ။ အေး မီးပုံပွဲတော့ မီးပုံပွဲဘဲ။ အမှိုက်တွေပုံပြီး မီးရှို့တဲ့ပွဲလေ။
ကျွန်ုပ် ။ ။ ဟေ့ကောင် ညီညီကော မမြင်ပါလား။ ဘယ်သွားလဲ။
ကျော်ဇင်။ ။ ရှိပါ့ဗျာ ကျေးဇူးရှင်က အပေါ်ထပ်မှာ ဖွန်ကြောင်နေလေရဲ့။
ကျွန်ုပ် ။ ။ ဟေ ဟုတ်လား ဒီကောင့် ကောင်မလေး ဒီအိမ်ရောက်နေလို့လား။ ညဘက်ကြီးကွာ မကောင်းပါဘူး။ ဒီကောင်ကလည်း စကားပြောရင် အိမ်ရှေ့မှာ ပြောပေါ့ကွာ။
ကျော်ဇင်။ ။ ဟာ ဟေ့ကောင် ထင်ရာမြင်ရာတွေ စွတ်ပြောမနေနဲ့။ ငါပြောတာက အပေါ်ထပ်ပြတင်းပေါက်ကနေ လှမ်းကြည့်ရင် သူ့ကောင်မလေး အိမ်ရဲ့နောက်ဖေးပြတင်းပေါက်ကို မြင်ရတယ်ကွ။အေး သူတို့က ပြတင်းပေါက်ကနေ လက်ဟန်ခြေဟန်နဲ့ ပြောပြီး ကြူနေတာဟေ့။
ကျွန်ုပ် ။ ။ ဟ မနိပ်လိုက်တာကွာ။ ဘာမှလည်း မကြေားရဘဲ လက်ဟန်ခြေဟန်နဲ့ ဘဲပြောရသေးတယ်လို့။ ဖုန်းလေးဘာလေး ဆက်တယ်ဆိုရင်တော်သေး။ ဒါနဲ့သူတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်ပြောတာတွေကို ရောနားလည်လို့လား။
ကျော်ဇင် ။ ။ အေး အဲဒါတော့ ငါလည်းမသိဘူး။ နားလည်ရင်လည်းလည်မှာပေါ့ကွာ။ ထားလိုက်ပါကွာ အဲဒီဖွန်ကြောင်ကို။ မင်းနဲ့ငါနဲ့ အရက်သွားဝယ်ရအောင်။

ပြောပြောဆိုဆိုနှင့် ကျော်ဇင်က လောင်စာကုန်လု၍ မီးငြိမ်းကာနီးနေပြီ ဖြစ်သော မီးပုံကို ရေဖြင့်လောင်းကာ ငြိမ်းသတ်လိုက်လေ၏။ ထို့နောက် ကျွန်ုပ်တို့လည်း ဖွန်ကြောင်ညီညီကို ထားခဲ့ကာ အရက်နှင့် အမြည်းများဝယ်ရန် ထွက်လာခဲ့လေတော့သည်။အိမ်သို့ ပြန်ရောက်လတ်သော် အချိန်က ၉နာရီခွဲလုလုပင်ရှိနေချေပြီ။ ညီညီမှာမူ ဖွန်ကြောင်၍မပြီးနိုင်သေး။

ကျွန်ုပ် ။ ။ ဟေ့ကောင် ဖွန်ကြောင် မပြီးသေးဘူးလားကွ။ ငါတို့ မသွားခင်တည်းက ပြောနေတာ အခုငါတို့ ပြန်လာတာတောင်မပြီးသေးဘူး။ အေး ဘယ်လက်ကဘဲ စောင့်မယ်ဟေ့။
ကျော်ဇင် ။ ။ ထားလိုက်မိုးမြင့် အချိန်တန်ရင် သူ့ဘာသူဆင်းလာလိမ့်မယ်။ ငါတော့မစောင့်တော့ဘူး သောက်မယ်ကွာ။
ညီညီ ။ ။ ဟေ့ကောင်တွေ ငါဘို့လည်းချန်ဦးနော်။
ကျော်ဇင် ။ ။ အေး သောက်ချင်ရင် မြန်မြန်လာ။ ဒီမှာ ကြွက်တွင်းတွေချည်းဘဲ။

ဒီလိုနဲ့ နောက်(၁၅)မိနစ်လောက်နေတော့ ညီညီဆင်းလာပါတယ်။

ကျွန်ုပ် ။ ။ အော် ကိုယ်တော် ကြွချီတော်မူလာသေးတယ်နော်။ မင်းနှယ့်ကွာ အံ့ပါရဲ့ ဘာမှလည်း ကြားရတာမဟုတ် လက်ဟန်ခြေဟန်နဲ့ဘဲ ပြောနေရသေးတယ်။
ညီညီ ။ ။ အော် ဒါကတော့ ချစ်တာကိုး။
ကျွန်ုပ် ။ ။ တော်စမ်းပါကွာ မင်းအကြောင်းမသိတာမှတ်လို့။

ထိုသို့နှယ် ရောက်တတ်ရာရာများပြောဆိုကြရင်း ကျွန်ုပ်တို့သူငယ်ချင်း သုံးယောက်သား သောက်လိုက်စားလိုက်နှင့် ဇိမ်ကျနေကြတော့၏။ ဤသို့ဖြင့် ကျွန်ုပ်တို့လည်း တော်တော်များများသောက်ပြီးကြပြီဖြစ်ရာ လူများမှာလည်း ရီဝေေ၀ဖြင့် အာသွက်လျှာသွက် ပိုဖြစ်လာလေ၏။ ဤတွင် ညီညီက ဇာတ်လမ်းစပါလေတော့သည်။

ညီညီ ။ ။ မိုးမြင့် ဒီအချိန် သူရဲလာခြောက်ရင် ဘယ်လိုလုပ်မလဲ။ အိမ်က အားလုံးပြောင်းသွားပြီဆိုတော့ ဘုရားစင်လည်း မရှိတော့ဘူးကွ။ ဒီတော့ သူတို့ အချိန်မရွေးဝင်လာလို့ ရနိုင်တယ်။ မင်းကောဘယ်လိုထင်လဲ။

ကျွန်ုပ်မှာလည်း အရက်ရှိန်လေး တက်လာပြီ ဖြစ်ရာ ညီညီမေးသည်ကို မဆိုင်းမတွ ပင်ပြန်လည်၍ ဖြေဆိုလိုက်လေ၏။

ကျွန်ုပ် ။ ။ ခြောက်တော့ကော ဘာဖြစ်လဲ။ သရဲမ ချောချောလေး လာခြောက်ရင် ပိုတောင်ကောင်းသေးတယ်။ ဟုတ်တယ်မှလား ကျော်ဇင်။
ကျော်ဇင်။ ။ အေး ဟုတ်တယ်။ငါကတော့ မကြောက်ဘူး။ ဖွန်ကြောင် မင်းက ကြောက်လို့လား။
ညီညီ ။ ။ မကြောက်ပေါင်ဗျာ။ လာခြောက်ရင်ဘယ်လို နေမလဲလို့မေးကြည့်တာ။ ပြီးတော့ မင်းတို့ ၀ယ်လာတဲ့ အမြည်းကလည်း အမဲခြောက်ကျော်တွေလေ။ ဒါမျိုးတွေဆို သရဲတွေ သိပ်ကြိုက်တယ်လို့ ငါကြားဘူးတယ်။
ကျွန်ုပ်။ ။ ဟေ့ကောင် ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ အချိန်ကိုလည်း ကြည့်ဦး။ သောက်စရာရှိတာသောက်။ ပြီးရင်အိပ်မယ်။ ငါက မနက်အလုပ်သွားရမှာ။

ထို့နောက် ကျွန်ုပ်တို့လည်း လက်ကျန်လေးများကို ဖြတ်ကာ အိပ်ရာသို့ ၀င်ရန်ပြင်ဆင်ကြလေတော့၏။ ကျွန်ုပ်လည်း ၀ိုင်းသိမ်းချိန်၌ လက်မှ နာရီကို ကြည့်မိရာ၁၂နာရီခွဲနေပြီ ဖြစ်လေ၏။

ကျွန်ုပ် ။ ။ ညီညီ ငါတို့က ဘယ်မှာ အိပ်ရမှာတုံး။
ညီညီ ။ ။ အပေါ်ထပ်မှာလေ။
ကျော်ဇင်။ ။ ဟေ့ကောင် ကားဂိုဒေါင်ကို သေချာစစ်ပြီးပြီလား။ သော့တွေကော ခတ်ပြီးပြီလား။
ညီညီ ။ ။ ညကျရင် ငါတို့ကသောက်မှာ ဆိုတော့ မသောက်ခင် အစောကြီးကတည်းက သေချာစစ်ပြီး ခတ်ပြီးပြီ။
ကျွန်ုပ် ။ ။ အေး ဒါဆိုလည်း ပြီးတာဘဲကွာ။ အိပ်ကျမယ်။
ကျော်ဇင် ။ ။ သရဲမလေးလာရင် ငါ့ဆီလွှတ်လိုက်နော် မိုးမြင့်။
ကျွန်ုပ် ။ ။ အေး မင်းဆီကိုတော့ ရုပ်ဆိုးဆိုး သရဲထီးဘဲ လွှတ်လိုက်မယ်။ ဟား ဟား ဟား ဟား။

ထို့နောက် ကျွန်ုပ်တို့လည်း အသီးသီး အိပ်ရာဝင်ခဲ့ကြလေသည်။ ကျွန်ုပ်လည်း သောက်ထားသော အရက်ရှိန်လေးကြောင့် ရီဝေေ၀နှင့် အိပ်ပျော်ကာနီးသော အချိန်တွင် ညီညီ့ဆီမှ စကားသံကို ကြားလိုက်ရလေသည်။

ညီညီ ။ ။ ဟေ့ကောင်တွေ အိပ်ပြီလား။ သေချာ နားထောင်စမ်း ဘာသံလဲ။
ကျွန်ုပ် ။ ။ ဟေ့ကောင် အိပ်ချင်နေပြီကွာ။ မင်းခြောက်လဲ မကြောက်ဘူး။ မနောက်နဲ့တော့။အိပ်တော့မယ်။
ကျော်ဇင် ။ ။ ဟေ့ကောင် မိုးမြင့် နောက်နေတာမဟုတ်ဘူးကွ။ ငါလည်းကြားတယ်။

ကျွန်ုပ်လည်း သူငယ်ချင်း နှစ်ယောက်ပြောစကားကြောင့် အိပ်ချင်နေသော မျက်လုံးကို ပြူးပြဲကာ အသံကို နားစွင့်မိလေသည်။ " ဂေါက် ဂလောက် ချပ် ချပ် ချပ် " အသံကား ကားဂိုဒေါင်ဆီမှ လာသော အသံမျိုးပေတည်း။ ကျွန်ုပ်လည်း ကျွန်ုပ်နားနှင့် ဆတ်ဆတ်ကြားလိုက်မှပင် ညီညီနှင့် ကျော်ဇင်မနောက်မှန်းသိလေတော့၏။

ကျွန်ုပ် ။ ။ ဟေ့ကောင် အသံက ဂိုဒေါင်ဘက်ကကွ။ သူခိုးကပ်ပြီနဲ့ တူတယ်။
ညီညီ ။ ။ ဖြစ်နိုင်တယ်ကွ။ ငါတို့သွားကြည့် ရအောင်။
ကျော်ဇင်။ ။ အေး သွားမယ်။ ဒီအတိုင်းသွားလို့တော့ မဖြစ်ဘူး။ လက်နက် တစ်ခုခု ယူသွားမှ ဖြစ်မယ်။ တော်ကြာ သူခိုးက လက်နက်ပါလာရင် ခက်မယ်။
ကျွန်ုပ် ။ ။ အေး ကောင်းတယ်။ ယူကွာ သွားမယ်။

သို့ဖြင့် ကျွန်ုပ်တို့လည်း နီးစပ်ရာ လက်နက်ကို ရှာဖွေရာ အနီးတွင် အသင့်တွေ့ရသော တစ်တောင် သာသာရှိသည့် တုတ်နှစ်ချောင်းကို လက်နက်အဖြစ် ယူဆောင်လိုက်လေ၏။ ညီညီကမူ အိမ်ပြောင်းစဉ်က ကျန်ရစ်ခဲ့သော လှံတံကို ယူ၍ ကျော်ဇင်ကမူ တံခါးခုသော အုတ်နီခဲ နှစ်လုံးကို ကိုင်ကာ အောက်ထပ်သို့ အသံမကြားစေရန် တိုးညှင်းစွာဆင်းလာလေတော့၏။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ အကယ်၍အသံတစ်စုံတစ်ရာကြားပါက သူခိုးသိရှိပြီး ထွက်ပြေးမည် ဆိုး၍ဖြစ်လေသည်။ သို့သော် ကျွန်ုပ်တို့ ဆင်းလာသည်ကိုကား သူခိုးသည်သိဟန်မတူပေ။ အဘယ်ကြောင့်ဆိုသော် စောစောကကြားရသော အသံတို့သည် တိတ်မသွားဘဲ ဆက်လက်ကြားနေရသဖြင့် ဖြစ်လေ၏။ သို့သော် ကျွန်ုပ်တို့ ကားဂိုဒေါင်နား ချဉ်းကပ်မိသည်နှင့် ထိုအသံတို့သည် လုံးဝရပ်တန့်သွားလေ၏။ ကျွန်ုပ်လည်း ဓါတ်မီးထိုးရန် ညီညီအားအချက်ပြ၍ ကျွန်ုပ်နှင့် ကျော်ဇင်က ဂိုဒေါင်တံခါးသော့ကို ဖွင့်ကာ ဂိုဒေါင်တွင်းသို့ ၀င်ရောက်လေတော့၏။ သို့သော် ကျွန်ုပ်တို့ ထင်မှတ်ထားသကဲ့သို့ သူခိုးအားတွေ့ရှိရခြင်းမရှိဘဲ တိတ်ဆိတ်၍ ခြေရာလက်ရာမပျက်သော ကားနှင့် ကားဂိုဒေါင်သာ တွေ့ရလေ၏။ ကျွန်ုပ်တို့လည်း သူခိုးထွက်ပြေးပြီအထင်ဖြင့် ကားဂိုဒေါင်နှင့် ကပ်လျက်ရှိသော လမ်းကြားသို့လိုက်လေ၏။ သို့သော် လမ်းကြားတွင်း၌လည်း မည်သည့် အရိပ်အယောင်မျှမတွေ့ ရသဖြင့် လက်လျှော့ကာ ပြန်လာခဲ့လေ၏။

ထို့နောက်တွင် ကျွန်ုပ်တို့လည်း ဂိုဒေါင်တွင်းသို့ တစ်ခေါက်ပြန်ဝင်ကာ ကားအားစစ်ဆေးကြလေသည်။ မည်သည့်ပျက်ဆီးမှုအရိပ်အယောင်မျှ မတွေ့ရသဖြင့် စိတ်ချကာ ဂိုဒေါင်တွင်းမှ ပြန်ထွက်ရန်ပြင်စဉ် ကျွန်ုပ်၏မျက်လုံးများမှာ ကားဂိုဒေါင်နှင့် အိမ်မကြီးစပ်ဆက်ထားသော တံခါးဆီသို့ ရောက်ရှိသွားလေ၏။ စောစောက ကြားရသောအသံမှာ သစ်သားနှင့် သံကြားတွင် ခလောက်သော အသံမျိုးဖြစ်ပေရာ ကျွန်ုပ်လည်း ပို၍သေချာစေရန်တံခါးနားသို့ သွားကြည့်မိလေသည်။ တံခါးမှာ အိမ်မကြီး၏အတွင်းဘက်မှ သစ်သားတံခါး ဖြစ်ပြီး ဂိုဒေါင်ဘက်မှ တံခါးမှာ သံဘာဂျာ တံခါးဖြစ်ပေ၏။ ထိုတံခါး နှစ်ခု၏ကြား၌ ဂိုဒေါင်အပြင်ဘက်တံခါးအားခတ်သော သော့နည်းတူ သော့ခလောက်အကြီးတစ်လုံး ခတ်၍ ထားလေ၏။ သို့သော် ကျွန်ုပ်တွေးထင်သလို ထိုတံခါးနှစ်ခုကြားသို့ လက်ဝင်၍ ခလောက်ရန်မှာ မဖြစ်နိုင်ပေ။ ပို၍သေချာစေရန် ကျွန်ုပ်၏လက်ကို သွင်း၍ ခလောက်ကြည့်ရာတွင် သော့ခလောက်အားကိုင်နိုင်သည် မှန်သော်လည်း ခလောက်ရန်မှာမူ လက်ညပ်နေသဖြင့် မဖြစ်နိုင်ပေ။ အားစိုက်၍ ကြိုးစားလှုပ်ကြည့်ရာ " ဂလောက် ချပ် " ဟူ၍သာ အသံထွက်လေသည်။တံခါးနား ရပ်၍ အလုပ်ရှုပ်နေသော ကျွန်ုပ်အား ညီညီမှ...

ညီညီ ။ ။ မိုးမြင့် တံခါးနားရပ်ပြီး ဘာလုပ်နေတာတုံး။ ငါဂိုဒေါင်တံခါး ပိတ်တော့မယ်။ လာခဲ့တော့။

အိပ်ခန်းအတွင်းသို့ ပြန်ရောက်လတ်သော် ကျွန်ုပ်မှ ညီညီအား

ကျွန်ုပ် ။ ။ ညီညီ မင်းတို့ ဂိုဒေါင်မှာ တံခါးနှစ်ခုရှိတယ်နော်။ တစ်ခုက ကားအသွင်းအထုတ်လုပ်တဲ့ ဂိုဒေါင်တံခါး။ တစ်ခုက အိမ်မကြီးနဲ့ ဆက်ထားတဲ့ တံခါးနော်။
ညီညီ ။ ။ ဟုတ်တယ်လေ ဘာဖြစ်လို့လဲ။
ကျွန်ုပ် ။ ။ အဲဒီတံခါးမှာလည်း သော့ခတ်ထားတာတွေ့တယ်။ မင်းတို့ အဲဒီသော့ကို ခတ်တော့ ဘယ်လိုခတ်လဲ။ ကားဂိုဒေါင်ဘက်ကနေတော့ ခတ်ဖို့

မလွယ်ဘူး။လက်ဝင်လို့ မရဘူး တံခါးနှစ်ခုကြားမှာ ညပ်နေတယ်။
ညီညီ ။ ။ အော် အေးဟုတ်တယ်။ အဲဒီသော့ကို ခတ်ရင် အိမ်ထဲကနေ အိမ်မကြီး တံခါးကို အရင်ဖွင့် ရတယ်။ ပြီးမှ သော့ခတ်ရတယ်။ ဒါပေမယ့် ဒီတံခါးက မဖွင့်သလောက်ကို ရှားတယ်။ ဘာလို့လဲ။
ကျွန်ုပ် ။ ။ နည်းနည်းထူးဆန်းနေသလားလို့။ စောစောက ငါတို့ကြားရတဲ့ အသံက တံခါးမကြီးနဲ့ သံတံခါးကြားခေါက်တဲ့ အသံမျိုး။ ဒါပေမယ့် စောစောက ငါခေါက်ကြည့်တော့ " ဂေါက် ချပ် " လို့ဘဲမည်တယ်။ ဒါတောင် တော်တော် အားစိုက်ခေါက်ရတာ။ စောစောက ကြားတဲ့ အသံက သစ်သားသံ
တစ်သံဘဲ ကြားတယ် ကျန်တာက သံတံခါးကို ထိတဲ့ အသံကွ။ ဘယ်လိုဘဲဖြစ်ဖြစ် သစ်သားကော သံကော ထိရမယ်ကွာ။
ကျော်ဇင် ။ ။ အာ ဒီတံခါးကို လာခေါက်တာပါလို့ မင်းကို ဘယ်သူပြောလဲ။ သူ့ဘာသာ မြည်ချင်သလို မြည်မှာပေါ့။
ကျွန်ုပ် ။ ။ မဟုတ်သေးဘူးကွ အသံက အဲဒီကလာတာ။
ညီညီ ။ ။ ကဲပါကွာ ငြင်းမနေနဲ့တော့ စိတ်ထင်လို့ လို့ဘဲ သဘောထားလိုက်။ အိပ်ကြမယ်။

ထိုသို့ပြောနေစဉ်မှာပင် " ချပ် ချပ် ချပ် ချပ် " ဟူသော အသံကို သုံးယောက်စလုံးပီပီသသကြားလိုက်ရပြန်သည်။ သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အောက်ထပ်သို့ ဒရောသောပါး ပြေးဆင်းကြလေတော့၏။ သို့သော် ကျွန်ုပ်တို့ အောက်သို့ရောက်သည့် ခဏ၌ပင် ယင်းအသံသည်လည်းပျောက်ကွယ်သွားလေ၏။ လူသူအရိပ်အယောင်ဟူ၍လည်း တစိုးတစိမျှ မတွေ့ရပေ။ အချိန်သည်လည်း ည၁နာရီခွဲပင် ကျော်နေလေပြီ။

သုံးယောက်စလုံး၏စိတ်တွင် ကြောက်ရွံစိတ်အနည်းငယ် ကိန်းအောင်းလာပြီဖြစ်လေသည်။ထိုမှတစ်ဖန် တတိယမြောက်ကြားရချိန်တွင်မူ သုံးယောက်သား လူမဖြစ်နိုင်တော့ ဟုမှတ်ချက်ချလေတော့၏။ သို့ဆိုပါမှာ သရဲပင်လော။ ဝေခွဲ၍မရနိုင်ပေ ဖြစ်လေ၏။

ကျွန်ုပ် ။ ။ ဟုတ်တော့မဟုတ်တော့ဘူးကွ။ ပထမ တုန်းက သစ်သားသံပါသေးတယ်။ အခုဟာက သံဘာဂျာတံခါးသံဘဲနော်။ ဘယ်လိုမှ သံကို ခေါက်သံ မြည်အောင်မခေါက်နိုင်ဘူးကွ။
ညီညီ ။ ။ ဟေ့ကောင်မိုးမြင့် သရဲခြောက်တာများလား။
ကျော်ဇင်။ ။ အေး ငါလည်း အဲဒါစဉ်းစားနေတာ။ ကဲဒီတစ်ခါမြည်ရင် ငါတို့အောက်မှာဆင်းစောင့်မယ်ကွာ။ ဘယ်လိုလဲ။
ကျွန်ုပ် ။ ။ လုပ်ကွာ ငါလည်း ကွဲကွဲပြားပြားသိချင်တယ်။ ညီညီ ဘယ်လိုလဲ။
ညီညီ ။ ။ တူတယ်ကွာ။

ထိုအချိန်မှာပင် စတုတ္ထမြောက်မြည်သံကို ကြားရလေ၏။ ကျွန်ုပ်တို့်လည်း ကြောက်စိတ်ဝင်နေကြပြီဖြစ်သော်လည်း သုံးယောက်မို့ အားတင်းကာ အောက်သို့ဆင်းလာခဲ့လေ၏။ ထို့နောက် သုံးယောက်သား အောက်ထပ်၌ ဖိုခလောက်ဆိုင်ထိုင်ကာ အခြေအနေကို စောင့်ကြည့်နေကြလေသည်။ လက်ထဲ၌လည်း လက်နက်ကိုယ်စီကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလေ၏။ ထိုအချိန်မျိုးတွင် တကယ့်သူခိုးတစ်ယောက်ကို တွေ့မည်ဆိုပါက ထိုသူခိုး စိစိညက်ညက် ကြေသွားနိုင်ပေသည်။

ကျွန်ုပ်တို့လည်း ၁၅မိနစ်ခန့် ကြာအောင်ထိုင်စောင့်သော်လည်း နောက်ထပ်မည်သည့် အသံကိုမှ မကြားရတော့ပေ။ ကျွန်ုပ်တို့ ထိုင်စောင့်နေ၍လော သို့တည်းမဟုတ် မရှိတော့၍ပေလော ဝေခွဲ၍မရနိုင်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့လည်း ဟင်းချကာ အိပ်စက်ရန်အတွက် အသီးသီး အပေါ်ထပ်သို့ တက်ခဲ့လေတော့သည်။ ထိုသို့တက်ရာ၌ ကျွန်ုပ်မှာ နောက်ဆုံးမှ တက်သူ ဖြစ်လေသည်။ ကျွန်ုပ်လည်း လှေကားပေါ်သို့ တက်ရာ၌ လက်ထဲရှိ တုတ်နှစ်ချောင်းဖြင့် လှေကားလက်ရန်းကို ခေါက်၍ တက်လာခဲ့လေ၏။ ထို့နောက်အခန်းတွင်းသို့ ၀င်ကာ သုံးယောက်သား အိပ်ရာပေါ် လှဲမိချိန်၌ စောစောက ကျွန်ုပ်ခေါက်သကဲ့သို့ပင် လှေကားလက်ရန်းသို့ ခေါက်၍ တက်လာသံကိုပီပီသသကြီး ကြားရလေတော့၏။

ကျွန်ုပ်တို့သုံးယောက်သာ ရှိသောဤအိမ်ထဲတွင် မည်သူက ကျွန်ုပ်ကဲ့သို့ လှေကားကို ခေါက်၍တက်လာပါသနည်း။ ကျွန်ုပ်တို့ သုံးယောက်လုံးသည်လည်းအိပ်ရာထက်တွင်ရှိနေလေ၏။ ကျွန်ုပ်ခေါက်ခဲ့သော အနှီတုတ်သည်လည်း ကျွန်ုပ်၏ အိပ်ရာနံဘေးတွင် ရှိနေပါ၏။ သို့ဆိုပါမူ မည်သူသည် ကျွန်ုပ်ကဲ့သို့ ခေါက်၍တက်လာပါသနည်း။ ကျွန်ုပ်တို့ သုံးယောက်သားသည်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သုံးယောက်သား ပူးကပ်၍စောင်ကို ခေါင်းမြီးခြုံကာ တုတ်တုတ်မျှပင်မလှုပ်ရဲတော့ပါချေ။ မည်သည့်အချိန်တွင် စောင်ကို လာလှန်မည်နည်းဟု တထိတ်ထိတ်ဖြင့် ကြောက်ရွံ့နေခဲ့လေတော့သည်။

အချိန်တွေမည်မျှကြာသွားလေသည် မသိ အလင်းရောင်ဝိုးတ၀ါး ၀င်လာ၍ ပဲပြုတ်သည်အော်သံကြားမှပင် အိပ်ရာထက်မှ ထရဲလေတော့၏။ ကျွန်ုပ်မှာလည်း အလုပ်သွားရန်ရှိနေသဖြင့် အိမ်သို့ပြန်ရချေတော့မည်။ ထို့အတွက်ကြောင့်ပင် မရဲသော်လည်း ပြေးခဲစေဆိုသည့် အတိုင်း အရဲစွန့်၍ အိမ်သို့ပြန်ခဲလေတော့၏။ ကျွန်ုပ်၏
သူငယ်ချင်းနှစ်ယောက်သည်လည်း အိမ်ထဲတွင် မနေရဲတော့သည်ဖြစ်သဖြင့် ပဲပြုတ်သည်အား ခေါ်ကာ ပဲပြုတ်ဝယ်အပြီး၌ အိမ်ပေါက်ဝမှာပင် ထိုင်၍နေလေတော့၏။ ကျွန်ုပ်သည်လည်း ကြောက်ကြောက်နှင့် အိမ်သို့သုတ်သုတ်ပြန်ခဲ့လေရာ အိမ်ပြန်ရောက်မှပင် သက်ပြင်းချနိုင်လေတော့၏။

ယခုတွင်မူ ထိုအိမ်သည်လည်း ကန်ထရိုက်တိုက်အဖြစ်သို့ ရောက်ရှိပြီးဖြစ်သကဲ့သို့ ကျွန်ုပ်သည်လည်းကောင်း ကျွန်ုပ်၏သူငယ်ချင်းများသည်လည်းကောင်း တစ်ယောက်နှင့် တစ်ယောက် လွန်စွာဝေးကွာသော အရပ်၌ ရောက်ရှိနေကြပြီဖြစ်လေသည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်အတွက်၌မူကား ထိုထိတ်လန့်ဖွယ်ကြုံဆုံခဲ့ရသည့်
ညတစ်ညသည်လည်းကောင်း ကျွန်ုပ်၏သူငယ်ချင်းများသည်လည်းကောင်း အမြဲတမ်း တခုတ်တရ ရှိနေတော့မည်သာဖြစ်ပေသည်။



စာကြွင်း။ ။ အထက်၌ဖော်ပြခဲ့သော အကြောင်းအရာတို့သည် ဖြစ်ရပ်မှန်တစ်ခုကို အခြေခံ၍ စာဖတ်သူမိတ်ဆွေများ ဖတ်၍အဆင်ပြေ ချောမွေ့မှုရှိစေရန် ၀ထ္တုတို တစ်ပုဒ်အနေဖြစ်အောင် တတ်သလောက်မှတ်သလောက်လေးနှင့် အတတ်နိုင်ဆုံးကြိုးစားကာ ဖော်ပြခဲ့ခြင်းဖြစ်သည့် အလျောက် စာဖတ်သူမိတ်ဆွေများအနေနှင့် ပျင်းရိဘွယ်ဖြစ်ခဲ့လျှင်သော်လည်းကောင်း ၊ စိတ်ညစ်ညူးဖွယ်ရာဖြစ်ခဲ့လျှင်သော်လည်းကောင်း ၊ စာဖတ်သူမိတ်ဆွေများအား မည်သည့်ရသကိုမှ ပေးစွမ်းနိုင်ခြင်းမရှိလျှင်သော်လည်းကောင်း ၀ါသနာရှင်လူရွယ်တစ်ယောက်၏ စိတ်၏စေစားရာနောက်သို့ အတတ်နိုင်ဆုံး ကြိုးစားထားသော ၀ထ္တုတိုတစ်ပုဒ်အနေနှင့်သာ ရှုမြင်၍ သည်းခံခွှင့်လွှတ်ကာ ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ မည်သို့သောအကြောင်းကြောင့်ပင်ဖြစ်စေကာမူ ကျွန်ုပ်စိတ်၏စေစားရာအတိုင်း ဖန်တီးထားသော ဤဘလောခ့်လေးနှင့် ဘလောခ့်လေးထဲမှစာများကို လာရောက်လည်ပတ်ဖတ်ရှုကြသော ကျွန်ုပ်၏ စာချစ်သူ စာဖတ်သူ မိတ်ဆွေများအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကာ အမြဲတမ်း တခုတ်တရ ( အမှတ်တရ ) ရှိနေမည်သာ ဖြစ်ပေတော့သတည်း။




စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

You received this email because you are subscribed to the real_time feed for http://moemyinttane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မောင်နိုင်] 1 New Entry: How to make calculator in Borland Delphi - 7

How to make calculator in Borland Delphi - 7

ကျွန်တော် အခုပြောပြမှာကတော့ Borland Delphi - 7 မှာ calculator တစ်ခု ဘယ်လိုတည်ဆောက်တယ်ဆို တာကိုပြောပြမှာ ဖြစ်ပါတယ် ခင်ဗျာ ။ အဓိကပြောချင်တာကတော့ ဆော့ဝဲလ် အသုံးပြုပုံကို ရှင်းပြခြင်း ဖြစ်ပါ တယ် ။ ဒီဆော့ဝဲလ်ကို အသုံးပြုနေသူများအတွက် လည်း ရည်ရွယ်သလို ကျွန်တော်အတွက် လည်း အသုံးပြု နည်းကို စာအုပ်တစ်အုပ် သဖွယ် ရေးမှတ်ထားခြင်းဖြစ်ပါတယ် ခင်ဗျာ ။ နောင် ဘယ်အချိန်ပြန် ကြည့်ကြည့် အ ဆင်ပြေအောင် ရေးသားခြင်းဖြစ်ပါသည် ။ ကဲ စပါတော့မယ် ခင်ဗျာ ။

ပုံတွင်ပြထားသည့်အတိုင်း ပထမဆုံး Edit1 နဲ့ Edit2 ကို ယူပါမယ် ။ တစ်ခုက ပထမနံပါတ်အတွက် ဖြစ်ပြီး ။ နောက်တစ်ခုကတော့ ဒုတိယ ပေါင်းလဒ် နံပါတ်အတွက် ဖြစ်ပါတယ် ။ Label1 တစ်ခုယူပါ့မယ် ။ ဒါကတော့ အဖြေထုတ်ဖို့အတွက် ဖြစ်ပါတယ် ။ Button1 , Button2 , Button3 , Button4 , Button5 ငါးခုယူပါ့မယ် ။ Button1 -> Properties -> Caption တွင် + ရေးပါ ။ Button1 ပေါ်တွင် အပေါင်း လက္ခဏာပေါ် စေရန် ဖြစ်ပါတယ် ။ ဒီလိုပါပဲ ကျန်တဲ့ Button တွေကိုလည်း လိုက်ပြောင်းပေးပါ ။ close Button ကတော့ program တစ်ခုလုံးကို ပိတ်ဖို့ အတွက်ပဲ ဖြစ်ပါတယ် ။
အဲလိုရေးပြီးသွားပြီးဆိုရင်တော့ Button1 (+) ကို ကလစ်နှစ်ချက်နှိပ်ပါ ။

procedure TForm1.Button1Click(Sender: TObject);
Begin

End;
ကလစ်နှစ်ချက်နှိပ်လိုက်တာနဲ့ ဒီပုံစံမြင်ရမှာဖြစ်ပါတယ် ။ Begin နဲ့ End တို့သည် စပေါ်ပေါ်ချင်း အစစာလုံးများ သည် အသေးများဖြစ်နေပါက ။ ဥပမာရေးထားသည့်အတိုင်း အကြီးပြောင်းပေးပါ ။ ဒီမှာ ပြထားတဲ့ သဘော တ ရားကတော့ Button1 ကို ကလစ်တဲ့အခါမှာ program အလုပ်လုပ်ပေးမယ့် သဘောကို ဆိုလိုခြင်း ဖြစ်ပါတယ် ။ Begin နဲ့ End ကြားတွင် အောက်ပါအတိုင်းရေးပါမယ့် မယ် ။
procedure TForm1.Button1Click(Sender: TObject);
Begin
a:=StrToFloat(Edit1.Text);
b:=StrToFloat(Edit2.Text);
c:=a+b;
Label1.Caption:=FloatToStr(c)
End;
a တန်ဖိုးကို Edit1 တွင် ရိုက်ထည့်မည် ဖြစ်ပါတယ် ။ b တန်ဖိုးကို Edit2 တွင် ရိုက်ထည့်မည် ။ a နဲ့ b ကိုပေါင်း မည် ။ ပေါင်းလို့ ရတဲ့ တန်ဖိုးအဖြေကို Label1 တွင်ဖော်ပြမည် ဖြစ်ပါသည် ။ var အောက်တွင် a , b , c တန်ဖိုး များအား Double ကြေငြာပေးပါ ။ C++ တွင် float ကြေငြာ ခြင်းနဲ့ သဘောတရားခြင်းတူတူ ပါပဲ ။ အဲလိုလုပ် ပြီးရင်တော့ program ကို F9 နှိပ်၍ Run ကြည့်လို့ ရပါပြီခင်ဗျာ ။ a တန်ဖိုး b တန်ဖိုး ရိုက်ထည့်ပြီး အပေါင်း + Button ကို နှိပ်လိုက်တာနဲ့ label1 တွင် အဖြေသွားပေါ်မှာ ဖြစ်ပါတယ် ။
ကဲ ကျန်တဲ့ Button များကိုလည်း ဤနည်းအတိုင်း ပြုလုပ်သွားပါ့မယ် ။ Button1 ( - ) အနုတ်တွင် ကလစ်နှစ် ချက်နှိပ်ပါ ။ ပြီးလျှင် အောက်ပါ ကုတ်များရေးပါ ။
procedure TForm1.Button2Click(Sender: TObject);
Begin
a:=StrToFloat(Edit1.Text);
b:=StrToFloat(Edit2.Text);
c:=a-b;
Label1.Caption:=FloatToStr(c)
End;
Button1 ( * ) အမြှောက်တွင် ကလစ်နှစ် ချက်နှိပ်ပါ ။ ပြီးလျှင် အောက်ပါ ကုတ်များရေးပါ ။
procedure TForm1.Button3Click(Sender: TObject);
Begin
a:=StrToFloat(Edit1.Text);
b:=StrToFloat(Edit2.Text);
c:=a*b;
Label1.Caption:=FloatToStr(c)
End;
Button1 ( / ) အစားတွင် ကလစ်နှစ် ချက်နှိပ်ပါ ။ ပြီးလျှင် အောက်ပါ ကုတ်များရေးပါ ။
procedure TForm1.Button4Click(Sender: TObject);
Begin
a:=StrToFloat(Edit1.Text);
b:=StrToFloat(Edit2.Text);
c:=a/b;
Label1.Caption:=FloatToStr(c)
End;
Button1 ( close ) တွင် ကလစ်နှစ် ချက်နှိပ်ပါ ။ ပြီးလျှင် အောက်ပါ ကုတ်များရေးပါ ။
procedure TForm1.Button5Click(Sender: TObject);
Begin
Close
End;
ပြုလုပ်နေတဲ့ program တစ်ခုလုံးကို ပိတ်မယ်ဆိုတဲ့ သဘောပါပဲ ။ အားလုံးရေးလို့ ပြီးသွားရင်တော့ F9 နှိပ်၍ Run ကြည့်လို့ ရပါပြီခင်ဗျာ ။ ဒါဆိုရင် အပေါင်း ၊ အနုတ် ၊ အမြောက် ၊ အစား လုပ်လို့ ရပါပြီခင်ဗျာ ။ ဒီဆော့ ၀ဲလ်ကိုသုံးသူများ အဆင်မပြေပါက သိသလောက် ပြောပြနိုင်ပါတယ် ခင်ဗျာ ။ အားလုံးပဲ အဆင်ပြေကြပါစေ ။
ဒီနေ့ က အမှတ်တရနေ့ မို့လို့ အမြဲတမ်းသတိရနေအောင်ပို့ တစ်ခု တင်လိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ ။

ပျော်ရွှင်ကြပါစေ ( Lovercreater )

You received this email because you are subscribed to the real_time feed for http://lovercreator.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 1 New Entry: တံငါတဲ

တံငါတဲ

ကျွဲနဖားကို ကျွန်တော်ရောက်သွားတော့ နေစောင်းနေပြီ။ ရာသီဥတုက ကြည်လင်လင်းလက်နေတယ်။ ကျွန်တော် လိုချင်တာကလည်း ဒီရာသီမျိုးပဲ။ အရှိန်ပြင်းတဲ့ကျနေအောက်မှာ မြစ်ဆိပ်ကဆူညံ အသက်ဝင် နေတယ်။ ကျွတ်စီးနေတဲ့ သူတွေ၊ ဆိုင်ကယ်စီးရေဆေးနေတဲ့သူတွေ၊ ရေဆော့နေတဲ့သူတွေ၊ အ၀တ်လျှော်နေတဲ့သူတွေ၊ ဒုဋ္ဌ၀တီမြစ်ရေကို ပုံစံမျိုးစုံနဲ့ အသုံးပြုနေကြတဲ့သူတွေ အများကြီးပဲ။ ကျောက်ရိုးလုပ်ထားတဲ့ ကမ်းပါးထိပ်က ရပ်ကြည့်ရတဲ့ ရှုခင်းဟာ ကျွန်တော့်အတွက်တော့ ဘယ်တော့မှ မရိုးနိုင်တဲ့ ရှုခင်းပါ။ ကျွန်တော် ကျွဲနဖားရွာကလေးကို ချစ်တယ်။ ကျွဲနဖားကိုရောက်တိုင်း ဒီကမ်းပါးထိပ်ကရပ်ပြီး ရှုခင်းကို ကြည့်နေကြလေ။ ဒုဋ္ဌ၀တီမြစ်က ကျွဲနဖားရွာကို ရောက်တော့ အလယ်မှာ သောင်ထွန်းပြီး ရေစီးကြောင်း နှစ်ခုကွဲသွားတယ်။ ရွာဦးလောက်ကတည်းက စပြီးထွန်းလာခဲ့တဲ့ သောင်ပြင်ကြီးပေါ်မှာ ကိုင်းပင်တွေ ပေါက်နေတယ်။ အဲဒီသောင်ကြီးက ကျွဲနဖားရွာနဲ့ ခပ်လှမ်းလှမ်းမြစ်ကွေ့လေးအထိ ရွာက ကြည့်လို့ မမြင်ရတော့တဲ့ အကွာအဝေးထိအောင် ရှည်တယ်။ တခြားမြစ်တွေက သောင်တွေလို စိုက်လို့ပျိုးလို့မရတဲ့ ကိုင်းပင်တွေပဲပေါက်တဲ့ သဲသောင် သက်သက်ပါပဲ။
    ကြည်စိမ်းနေတဲ့ ဒုဋ္ဌ၀တီ မြစ်ရေရယ်၊ ဟိုးအဝေးကြီးမှာ မှိုင်းပြာညိုမောင်းနေတဲ့ ကျွဲနဖားတောင်ကြီးရယ်၊ အခုလို ညနေရီရဲ့ နေရောင်ခြည်တွေရယ်၊ ဒါတွေဟာ ကျွန်တော့်အတွက် စိတ် အပန်းဖြေနည်း တစ်ခုပါပဲ။ မြို့ပေါ်မှာနေရတဲ့ မွန်းကျပ်အချိန်တွေမှာ အာရုံထဲ အလွတ်ရမတတ် ရင်းနှီးနေတာ ဒုဋ္ဌ၀တီရှုခင်းပါ။ အခုလည်း မြစ်ကမ်းပါးထိပ်မှာ ရပ်ငေးရင်း ကျွန်တော် လိုချင်တဲ့အချိန် ကွက်တိ ၀င်လာတော့ ကမ်းပါးအောက် မြစ်ရှိရာကို ဆင်းလာခဲ့တယ်။ မြစ်ထဲက ကလေးတွေ၊ လူကြီးတွေရဲ့ အပျော်တွေကို ကူးစက်ခံစားရင်းပေါ့။ ကမ်းပါးခြေမှာ လွန်းတင်ဖို့ မှောက်ထားတဲ့ မော်တော်ကြီးရဲ့ ၀မ်းဗိုက်ပေါ် ကင်မရာအိတ်ကို တင်လိုက်တယ်။ နေလုံးကို မော့ကြည့်လိုက်တော့ မြစ်ရဲ့အနောက်ထိပ်မှာ နေလုံးကြီးက စီးမိုး နေပြီး မြစ်ထဲမှာ ပျော်နေတဲ့ မြစ်မင်းရဲ့ အဖော်တွေကို ရပ်တန့်နှုတ်ဆက်နေသယောင်။ နေလုံးရဲ့ အောက်ခြေဘက်စီမှာ ထန်းပင်တွေ ရှိနေတယ်။ ကင်မရာပေါက်က ချောင်းကြည့်လိုက်ပြီး Focus ကို ကစားလိုက်တဲ့အခါ ကျွန်တော် လိုချင်နေတဲ့ အနေအထားကို ရလာတော့တာပဲ။ ခလုတ်ကို တစ်ချက်နှိပ် လိုက်တိုင်း ကျွန်တော့်ရင်တစ်ခါခုန်သွားတယ်။ ကင်မရာချောင်းကြည့်ပေါက်က မြင်ရတဲ့ မြင်ကွင်းဟာ ဘယ် တော့မှ မရိုးနိုင်တဲ့၊ မတင်းတိမ်နိုင်တဲ့ မြင်ကွင်းလေ။ ကင်မရာကို မျက်စိရှေ့ကဖယ်ပြီး သဘာဝအတိုင်း ကြည့်နေမိပြန်တယ်။ ကျွဲနဖားရဲ့ Sunset က လူသိ နည်းတယ်။ မြစ်ထဲကနေပဲ ကြည့်ကြည့် ကမ်းပါးထိပ် ကပဲ ကြည့်ကြည့် စံမီတဲ့၊ တော်ဝင်တဲ့ Sunset ပါ။
    အာရှနိုင်ငံတစ်ခုရဲ့ ပြိုင်ပွဲတစ်ခုမှာ နှစ်သိမ့်ဆုရခဲ့တဲ့ ဓါတ်ပုံက ဒီကမ်းပါးထိပ်မှာ ရပ်ရင်းရခဲ့တဲ့ စိတ်ကူး အတွေးနဲ့ ရိုက်ချက်ဆိုတာသိတော့ ကျွန်တော့်ဘော်ဒါတွေ ကျွဲနဖားသွားဖို့ လောဆော်တော့တာပဲ။ ကျွန်တော် သတိရသေးတယ်၊ ကျွန်တော်ရယ်၊အောင်ကျော်ရယ်၊ စိုးလွင်ရယ်၊ မြင့်မောင်ရယ် လေးယောက်ပေါ့။ အခုလိုပဲ နွေရာသီကြီး မြစ်ကမ်းပါးအတိုင်း ရွာအနောက်ဘက် အတော်လှမ်းလှမ်းထိလျှောက်ခဲ့ကြတယ်။ အဘိုးကြီး၊ အဘွားကြီးနှစ်ယောက် တည်းနေတဲ့ မြစ်ကမ်းပါးထိပ်က တဲကလေးမှာ တစ်နေကုန် အချိန်ဖြုန်းကြတယ်။ အဲဒီခြံထိပ်ကကြည့်ရင် ရှုခင်း ကပိုလှတယ်။ နောက် တိတ်ဆိတ်ငြိမ်သက်ခြင်းက ကျွန်တော်တို့အတွက် အကောင်းဆုံး ရတနာတစ်ပါးပေါ့။ ရွာထဲမှာက ကလေးတွေအသံနဲ့ ဆူညံနေရုံတင်မကဘူး။ ကျွန်တော်တို့သွားတဲ့နောက် တကောက်ကောက် လိုက်ကြတာလေ၊ ကင်မရာ၊ သုံးချောင်းထောက်စင်နဲ့ လွယ် အိတ်တွေ လွယ်ထားတဲ့ ကျွန်တော်တို့တွေနေရင်း၊ ထိုင်ရင်း ရုံသွင်းပြခံရတဲ့သတ္တ၀ါလေးတွေလိုပဲ။ အဲဒီတော့ ရွာစွန်က ဘိုးတော်ဘွားတော်ခြံက ကျွန်တော်တို့အတွက် ကွန်းခိုရာ ဖြစ်ခဲ့တော့တာပေါ့။
    ခြံကလေးရဲ့ ကမ်းပါးက မတ်စောက်တယ်။ မိုးတွင်းမှာ လှိုက်ပြီး ရေတိုက် စားထားတော့ အခုလို နွေရာ သီဆိုရင် မြစ်ကမ်းပါးဟိုက် ပြီးရှိနေတာက ကျွန်တော်တို့ အရိပ်ရအောင် တမင်သက်သက် အမိုး မိုးပေးထားတဲ့ အတိုင်းပဲ။ စားစရာ (အဓိကကတော့ ထန်းရည်နဲ့ အမြည်း ပေါ့) တွေယူပြီး ကမ်းပါးအောက်က သဲပြင်ပေါ်မှာ စခန်းချကြတယ်။ အမြည်းလေးစားလိုက်၊ ထန်းရည်လေးသောက်လိုက်၊ သဲပေါ် မှာ လှဲအိပ်လိုက်၊ ကိုင်းပင်တွေ ကြားက ပျံလာတတ်တဲ့ ဟင်္သာတွေ စုန်ဆန်မြူးပြီ ဆိုရင် Tri Pot ရှေ့ရပ်ပြီး တစ်ကွက်၊ နှစ်ကွက်လောက် ရိုက်လိုက် အဓိကကတော့ Sunset ပါပဲ။ အဲဒီနေရာလေးမှာ သူတို့နဲ့ တွေ့ခဲ့တာပါ။
    ကျွန်တော်တို့က ကျွန်တော်တို့ စခန်းကို "မြလိပ်ကမ်းသာ"လို့ နာမည် ပေးထားတယ်။ ကျွန်တော် တို့ရဲ့အတွေးအာရုံတွေ ဖြန့်ကျက်နိုင်ဖို့အတွက် တိတ်ဆိတ်ငြိမ်သက်တယ်။လန်းဆန်း လတ်ဆတ်စွာ အသက် ရှူနိုင်တယ်။ နှစ်သက်မြတ်နိုးဖွယ် ရှုခင်းနဲ့ ပြည့်စုံတယ်။ ဒီစကားကို အကျယ်ပြောရရင် ရေ၊ မြေ၊ တော၊ တောင် လို့ ပြောတတ်ကြတယ် မဟုတ်လား။ ကျွန်တော်တို့ရဲ့ "မြလိပ်ကမ်းသာ"ဟာ အဲဒီ စကားကို လုံးစေ့ပတ်စေ့ အကျုံးဝင်တယ်လေ။ ကျွန်တော်တို့နဲ့ ၁၀ ပေ လောက် ဝေးတဲ့နေရာမှာ ကြည်စိမ်းနေတဲ့ ရေပြင်၊ ပေ ၂၀ လောက် ကျယ်တဲ့ရေရဲ့ ဟိုဘက်မှာ သောင်နဲ့ကိုင်းပင်တွေ၊ နောက် ကိုင်းပင် နောက်ခံမှာ ဟိုဖက်ကမ်းက သစ်ပင်အုပ်အုပ်၊ နောက်တော့ အဓိကရ စိတ်လှုပ်ရှားရတာ ဟိုးအဝေးကြီးက တိမ်ပြာပြာ တွေ၊ အလယ်မှာ ထင်ရှားမတ်တည် တွေ့ရတဲ့ မြလိပ်တောင်ပါ။ ကျွဲနဖားတောင်လို့လည်း ခေါ်တတ်ကြသေးတယ်။ အဲဒီလို ကျွန်တော်တို့ရဲ့အာရုံကို နှိုးဆွနိုင်မယ့် ရေ၊ မြေ၊ တော၊ တောင်တွေ ပြည့်စုံတဲ့ စခန်းလေးပါ။
    တစ်ရက်တော့ သောက်လိုက်၊ မြည်းလိုက် လုပ်နေတုန်း သောင်စွန်းကိုင်းပင် တွေ ကြားကနေ လှေတစ်စီး လှော်လာတာ တွေ့ရတယ်။လှေပေါ်မှာ ဘိုးတော် ဘွားတော် နှစ်ယောက်ရယ်၊ လူ ငယ်လေးတစ်ယောက်ရယ် ပါလာတယ်။ သူတို့ကလည်း ကျွန်တော်တို့ကို တွေ့သွားတော့ လှေကို ကျွန်တော်တို့ ကမ်းဘက် ကပ်လာတယ်။
    "ငါး ယူဦးမလား၊ ပုစွန်လဲပါတယ်" "ဘယ်လိုရောင်းလဲဗျ"
    "ဒီငါးက တစ်ကောင်လုံး ငါးရာပဲပေး၊ ပုစွန်က တစ်ကောင်ကို တစ်ထောင်ပဲ ပေး၊ ၂၀ သားတော့အသာ လေးရှိတယ်"
    ငါးကိုကြည့်ပြီး ကျွန်တော် တွန့်သွားတယ်။ ငါးရှဥ့်အကြီးစားလို၊ မြွေလို ရှည်ရှည်တုတ်တုတ် မည်း မည်းကြီး၊ အောင်ကျော် ကတော့ စိတ်ဝင်စားနေပုံပဲ။
    "ဒါ ငါးမြွေနီလို့ ခေါ် တယ်။ ယူရင် အကုန်လုပ်ပေးမယ်၊ ဆရာတို့ ဒီမှာ ကင်စားကြပေါ့။ တဲပြန်ပြီး ငရုတ် သီး၊ ကြက်သွန်ဖြူပါ ထောင်းပြီးကိုင်ပေးမယ်" ထန်းရည်ကို အာတွေ့ နေတဲ့ အောင်ကျော်တို့က လည်း ၀မ်းသာအားရပေါ့။ ကျွန်တော်ကတော့ တောင်ဆုပ်နီးနီးရှိတဲ့ ပုစွန်ကြီးကိုပဲ စိတ်ဝင်စားနေတယ်။
    "ပုစွန်ယူပါဆရာ ဒီ တစ်ကောင်ထဲ ဖြစ်နေလို့ပါ"
    အဲဒီလိုနဲ့ အရောင်းအ၀ယ် တည့်သွားတယ်ပဲ ပြောပါတော့။ သူတို့တဲကို ပြန်ပြီး ငရုတ်၊ ကြက်သွန် ယူပေးမယ်တဲ့။
    "ဟိုး မှာလေဆရာ"
    ကိုင်းပင်တွေကြားထဲ ဒုဋ္ဌ၀တီသောင်ပေါ်မှာ တဲ ကလေးတစ်လုံးကို တွေ့ လိုက်ရတယ်။ မြေစိုက်လို့ ခေါ်မလားတော့ မသိဘူး။ ကျွန်တော် မခေါ်တတ်တဲ့ တဲကလေးမှာ နံရံမလိုဘူး။ အမိုးစွန်းက မြေကြီးနဲ့ ထိလုလု ပေါ့။ ကျွန်တော်က ရုတ်တရက် စိတ်ကူးပေါက်သွား ပြီး...
    "ကျွန်တော်တို့ လိုက် ချင်တယ်၊ လိုက်လို့ရမလား"
    "ရသားပဲ ဆရာရဲ့၊ ဆရာတို့က လေးယောက် ဆိုတော့ နောက်တစ်ခေါက် လာပြန်ကြိုမယ်"
    လူငယ်လေးက တက် တက် ကြွကြွပါပဲ။ တဲကလေး ကို ရောက်သွားတော့ အဝေးက မြင်ရတာထက် ပို သိမ်နုပ်နေတယ်။ ဘွားတော်က ငါးကိုင်၊ ဘိုးတော်က ၀ါးကိုခွဲ အချောသပ်ပြီး ငါးကင်ဖို့ ညှပ်လုပ်ပေးနေတာ ကို ရပ်ကြည့်လိုက်၊ သောင်ပေါ်က ကိုင်းပင်တွေကို ငေး ကြည့်လိုက်၊ ကမ်းပေါ်က ရွာကိုမော့ကြည့်လိုက်၊ တဲ ကလေးထဲကို ကြည့်လိုက်နဲ့ လေ့လာတယ်။ အမည်တပ်ထားတဲ့ စပ်စုခြင်းတစ်မျိုးနဲ့ စပ်စုနေတုန်း တဲထဲက ၀ါး ကွပ်ပျစ်ကလေးပေါ်မှာ သူငယ်တန်း ဖတ်စာအုပ်ကို တွေ့လိုက်ရတယ်။
    "အဒေါ်တို့က မိသားစု ဘယ်ယောက်လဲ" "လေးယောက်" "နောက်တစ်ယောက် ကော" "ကျောင်းသွားတယ်၊ ကောင်မလေးကို ဒီနှစ် ကျောင်းစထားတာပဲ" ဘွားတော်က အသက် ငါးဆယ်ကို တော်တော် ကလေးကို ကျော်နေပြီ၊ မွေးစားထားတာ များလား။
    "သမီးလား၊ မြေးလား"
    ဘွားတော်က မော့ ကြည့်တယ်။ ရှက်သွားတာလား၊ စိတ်ရှုပ်သွားလား တော့ မသိဘူး။ ဘာမှ ပြန် မပြောဘူး၊ ဘိုးတော်က လှေပေါ်က ပိုက်ကွန်ကို သွားထမ်းလာတယ်။ ပြီးတော့ ဖြန့်ဖြန့်ကြည့်နေတာပဲ။ အပေါက်ရှာတာလား၊ ဘာလားမသိပါဘူး။ စောစောက ကျွန်တော်မေးတဲ့ မေးခွန်းကို မဖြေတော့ ကျွန်တော်လည်း ထပ်မမေးရဲတော့ဘူး။
    အဲဒါ သူတို့ မိသားစုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ကြတဲ့ အဖြစ်ပဲ။ နောက်ပိုင်းလည်း ကျွဲနဖား ရောက်တိုင်း သူတို့ဆီ ရောက်ဖြစ်တယ်။ လမ်း ၃၀ က အမွှေးအကြိုင်တွေနဲ့ အကင်တွေကို ငြီးငွေ့နေချိန် မှာ ဒုဋ္ဌ၀တီသောင်ပေါ်က တံငါသည် ဘွားတော်ရဲ့ လက်ရာ ငရုတ်သီးစပ်စပ် ကြက်သွန်ဖြူ၊ ဂျင်းနံ့မွှေးမွှေး လတ်ဆတ်တဲ့ ငါးကင်က ကျွန်တော်တို့ကို ခံတွင်း မြိန် စေတယ်လေ။
သူတို့နဲ့ ရင်းနှီးလာတာနဲ့အတူ သူတို့အကြောင်းကို ပိုသိလာရတယ်။ ဘွားတော် နဲ့ဘိုးတော်က အသက်အတူ တူ၊ ၅၄ နှစ် ရှိပြီတဲ့။ မြို့ပေါ်က ၅၄ နှစ်တွေ ပါတိတ် ၀မ်းဆက်နဲ့ မိတ်ကပ် ရွေးနေ ချိန်မှာ ဒုဌ၀တီသောင်ပေါ်က ၅၄ နှစ်ကတော့ ကွန်ဖာနေတုန်း။ ကွန်ပစ်နေတုံး တစ်နေ့တာ ထမင်းအတွက် တစ်နေ့တာ ရုန်းကန်နေရတုန်း ပေါ့။ ဦးစံမြနဲ့ ဒေါ်အေးငွေမှာ သားသမီး ၁၀ ယောက် ရှိ တယ်။ မွေးဖူးတာကို ပြောတာပါ။ ကလေး ၆ ယောက် က ဆုံးသွားပြီတဲ့။ ပထမ ကလေး ၃ ယောက်က ဟိုး အထက်ဘက်က သစ်တောကြီးထဲမှာ ငှက်ဖျားမိပြီး ဆုံး ခဲ့တာတဲ့။ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် တုန်ခိုက်ပြီး ချစ်ချစ်တောက် ပူနေတာကိုဒီအတိုင်း ထိုင် ကြည့်နေရတယ်။ သဲကြီးမဲ ကြီး ရွာနေတဲ့ မိုးနဲ့ အရှိန်ပြင်းတဲ့ ဒုဋ္ဌ၀တီရဲ့ဘေးမှာ ဘာမှလုပ်စရာ မရှိဘဲ၊ ဘာမှ လုပ်လို့ မရဘဲ ကလေး ၃  ယောက်ကို ရှေ့ဆင့် နောက် ဆင့် လက်လွှတ်ခဲ့ရပြီး စိတ် နာနာနဲ့ အောက်ဘက်ကို စုန်ဆင်းလာရင်း အခု ဒီသောင်ပေါ်မှာ သောင်တင်နေတော့တာ နှစ် ၂၀ တော့ အနည်းဆုံး ရှိရောပေါ့တဲ့။
    နောက်ကလေးတွေကလည်း ဟောဒီသောင်ပြင်ပေါ်မှာ ပြေးရင်လွှားရင်းက ဆုံးရှုံးရတာတွေပဲ။ တစ် ယောက်က ပိုးထိတာ ဆေးရုံက ကျောက်မီးမှာပဲ ရှိတာကိုး မမီတော့ပါဘူး။ နောက်တစ်ယောက်က အနာရင်းပြီး ငန်းလိုက်သွားတာ၊ နောက်ဆုံးကလေးလေး ကတော့ အပြင်ကို "ကိုယ်ကောင်" ပဲ ပါလာတော့တယ်။ ကလေး ဆုံးပြီး မအေမီးယပ်ကျိုးတာ နှစ်ပေါက်ပဲတဲ့။ အခုတော့ အကြီးမ ၂ ယောက်ရယ်၊ ရဲကျော်ရယ်၊ စံပယ်ရယ် သားသမီး ၄ ယောက်ပဲ ကျန်တော့တဲ့ အဖြစ်မှာ ဦးစံမြနဲ့ ဒေါ်အေးငွေက ဆေးပေါ့လိပ်ကို အငွေ့ထောင်း ထောင်းထအောင် ဖွာနိုင်ရင်ပဲ ကျေနပ်နေတတ်ပြီ။
    သမီးအကြီး ၂ ယောက် က "ရမန်း"မှာတဲ့ "ရမန်း" ဆိုတာ မြစ်ညှာက ရွာကြီးပေါ့၊ သောင်ပေါ်မှာ တံငါလုပ်တဲ့ ကောင်မလေးတွေဟာ မြစ်ထဲက မော်တော်စပယ်ယာ နဲ့ အကြောင်းပါတာ ဘယ် လောက်ရိုးရှင်းလဲ။ တံငါ နာနီးတံငါ မဖြစ်ကြဘဲ။   တံငါနားနီး သစ်ခုတ်သမား ဖြစ်ကုန်တာကတော့ ကျွမ်း ကျင်မှုနဲ့ ငွေစီးဆင်းမှု အပေါ် မူတည်မယ်ထင်ပါတယ်။ လောက်လောက်လားလား အားကိုးနိုင်တဲ့ ရဲကျော် ရယ်၊ ဘိုးတော် ဘွားတော် ရယ်က တံငါအလုပ်ကို ဇောက်ချလုပ်ပြီး  စံပယ်ကို ကျောင်းထားပေးတယ်။ မနှစ်က ကျောင်းပျက်ရက်များလို့ စာမေးပွဲ ဖြေခွင့်မရတော့ သူငယ်တန်းကို ဒုတိယအကြိမ် ပြန်တတ်နေရတာ တဲ့။
    ထွားကျိုင်းတဲ့ ကလေးငယ်က တစ်၊ နှစ်၊ သုံး၊ လေး အော်ဆိုလိုက်၊ စက္ကူရုပ် ကလေးတွေနဲ့ ဆော့လိုက် ကျွန်တော်တို့ကို သူစိမ်း တွေလို့ မသတ်မှတ်တော့တာလား၊ သူစိမ်းတွေ ရှေ့မှာ ကြောက်ရ၊ လန့်ရ၊ ရှက်ရမှန်း ကို မသိတတ်တာလားတော့ မသိဘူး
    "ဒီကောင်မက ဒီ ကောင်မနဲ့ သူငယ်ချင်းပေါ့။ ဒီအကောင်က ဒီကောင်မကို လိုက်ကြိုက်ရော အဲဒီတော့ ဒီကောင်မနဲ့ ဒီကောင်မနဲ့ ချကြတာပေါ့။ ဟား... ဟား... ဟား ဟုတ်ပြီကွ၊ ချကွ၊ ချရင်း ချရင်းနဲ့ ဒီကောင်မ လဲသွားရော ဟော ဟော ဦးသာအောင် ရောက်လာရော။ ဦးသာအောင်က ဒီကောင်မတွေကို ဆွဲရင်းဆွဲရင်း သူပါ နပန်း လုံးကြပြန်ရော ဟား... ဟား... ဟား ဟဲ့သောက် ကောင်မ ညည်းလင်အားကိုး နဲ့ ကြီးကျယ်မနေနဲ့ လာ ချမယ် မှတ်ပလား ဟုတ်ပြီ ကွ ချကွ"
    ကျွန်တော် သူတို့ကို စိတ်ဝင်တစား ကြည့်နေမိတယ်။ သူ့ကလေးကကျွန်တော့်သမီးထက်ကြီး တစ်နှစ်၊ ငယ်တစ်နှစ်ပါပဲ။စိတ်ထဲမှာ မဖော်ပြနိုင်တဲ့ ဝေဒနာတစ်ခုနဲ့ သက်ပြင်းချလိုက်မိတော့ ဦးစံမြက မော့ကြည့်တယ်။
    "စံပယ် ဟိုသောင်စပ်မှာ သွားဆော့စမ်း၊ မနေ့က ရွာထဲမှာ ရန်ဖြစ်တာတွေ့လာတာလေ ဆရာရဲ့၊ ည တိုင်း ဗီဒီယိုကားတွေ သွားကြည့်လိုက်၊ သူ့ဟာသူ ဇာတ်လမ်းလုပ် ကစားလိုက်ပဲ ဆရာရေ့ ကလေးဖော်လည်း မရှိဘူးကိုး"
    "ကိုသာအောင်ဆိုတာ ဘယ်သူလဲ"
    "ရွာလူကြီးလေ ဆရာရဲ့ လူကြီးက ၀င်ဖျန်တော့ သူ့ပါ လုံးပစ်တာ ဟိုက စိတ်ဆိုးဆိုးနဲ့ တစ်ထောင်စီ ဒဏ်ရိုက် လိုက်သတဲ့"
    ဦးစံမြက ဘာမှ မထူးဆန်းသလို ထမင်းစားပြီး ရေသောက်တာပေါ့ဆိုတဲ့ လေသံ နဲ့အပြောဟာ ကျွန်တော့်ကို ပိုရင်နာစေတယ်။ မည်းတူး ညစ်ပြီး ပိန်ချိုင့်နေတဲ့ အိုးထဲက ဆန်ကွဲသာသာ ဆန်တွေ ကို သစ်သားယောက်မနဲ့ မွှေ နေတဲ့ ဦးစံမြကိုပဲ ကြည့်နေမိတယ်။ ကလေးမရဲ့ ယဉ်ကျေးမှုကို ထိတ်လန့်မိတဲ့ ကျွန်တော်က ဦးစံမြရဲ့ သွေးအေးမှုမှာ ပိုပြီး သွေးပျက် ခဲ့ရတယ်။ ကျွန်တော့်ပါးစပ်က တစ်ခုခု ပြောလိုက်မိ တယ်နဲ့ တူတယ်။ "ဗျာ" ဆိုတဲ့ ဦးစံမြ အသံကြားမှ ကျွန်တော် အသိဝင်လာတယ်။
    "ရည်မှန်းချက် ဟုတ်လား ဟဲဟဲဟဲ ကျွန်တော် အခုချက်နေတဲ့ ထမင်းအတွက် တစ်နေကုန် လှေထဲ၊ ရေထဲမှာ နေရတာ ဆရာရဲ့။ အခု ထမင်းစား ပြီးရင် ငါးမိ မမိ သွားကြည့် ရဦးမယ်။ ညနေကျတော့ ကော ကွန်ထဲမှာ ငါးရချင်မှ ရတာ၊ အဲလိုနဲ့ မိုးချုပ်တော့ နောက်နေ့ အလုပ်လုပ်နိုင်ဖို့အတွက် အိပ်ရဦးမယ်။ မအိပ်ရင် နောက်နေ့ ဘယ် လုပ်နိုင်ပါ့မလဲ။ ဟဲ... ဟဲ ...ဟဲ အခု ထမင်းကတော့ ဗိုက်ဝမှ ကောင်းကောင်း အိပ်နိုင်မှာပေါ့။ အဲဒါကြောင့် ရဲကျော်ကို ကျွန်တော် ပြော နေရတာ ဆရာလည်းကြားမှာပေါ့။ "စားနိုင်မှ အိပ်နိုင်မှာ၊ အိပ်နိုင်မှ စားနိုင်မှာ"လို့လေ ဟဲ...ဟဲ...ဟဲ ဆရာရယ် ရည်မှန်းချက်ဆိုတာ စိတ်ကူး ယဉ်လို့တော့ ကောင်းသား ကိုး ဆရာရဲ့"
    ဦးစံမြရဲ့ တဟဲဟဲ ရယ်သံနဲ့ သူ့ရဲ့ဒဿနက ကျွန်တော့်ခေါင်းကို ကိုက်ခဲ လာစေတယ်။ မြစ်ပြင်နဲ့ ကိုင်းတောကို ဖြတ်တိုက်လာ တဲ့လေကအေးသလောက်၊ လန်းဆန်းသလောက် ကျွန်တော့်ဆီ အရောက်မှာတော့ မှိုင်းမိတဲ့လေ ဖြစ်နေပြီ။
    ကျွန်တော်ဟာ သူတို့ မိသားစုနဲ့ ရင်းနှီးလာလေလေ သူတို့မိသားစုအကြောင်း သိရလေလေပါပဲ။
    "လူပြက်တွေ ပြောသ လိုပေါ့ ဆရာရယ် "ပါနီထဲ ကလာတဲ့ ပိုက်ဆံ ပါနီထဲ သွားတယ်"ဆိုတာ တစ်ခါ တစ်ခါတော့လည်း အချီကြီး မိတတ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ဆီက "ဟုန်းရေ" ကျလာလိုက်တာ ဆရာရေ ပုစွန်တွေ ငါးတွေဆိုတာ ဖမ်းမကုန်ဘူး။ ကျုပ်တို့က နွေနဲ့ ဆောင်းသာ သောင်ပေါ်မှာ နေနိုင်တာလေ။ မိုးတွင်း ဆို ဟိုးကမ်းပါးမှာ ကပ်နေရတာ ရွာကတော့ ကိုယ့်ရွာလို ဖြစ်နေပါပြီ။ အဲဒီနှစ်က အိမ်ကလေး ၀ိုင်းကလေး တော့ အောင်ပဟဲ့လို့ တွက်တာ။ ကျုပ်က စံပယ်အတွက် တီဗွီလေးတစ်လုံးလောက်လည်း ၀ယ်ပေးချင် သေးတာကိုး။ အဲဒီနှစ်က ရေကလည်း တော်တော်ကြီးတာ ကမ်းပြည့်ပဲ၊ ထင်းတွေဆိုတာလည်း မျောလာ လိုက်တာ တင်းကျမ်းပဲ။ ထင်းဆင်းဆယ်တာ ကံကောင်းလို့ မသေတာပေါ့ ဆရာရယ်။ ကျွန်းတုံးက ဈေးကောင်းတော့ ကျွန်းတုံးမဲပြီးလိုက်တာ နောက်ကရေမျောက ခါးဝင်ဆောင့်ပါ လေရော။ အခုထက်ထိ မပျောက်ချင်ဘူး။ ပုစွန်ဖိုး၊ ငါးဖိုး ရတာတွေလည်း အနှိပ်ဆရာတွေဆီ ရောက်ကုန်တာပဲ။ အနှိပ်ဆရာဆီ သွားရလွန်းလို့ နောက်ဆုံး အေးငွေ နှိပ်တတ်လာတာပဲ အဖတ်တင်တယ်။ မိုးတွင်း အလုပ်ပါးပြီဆို ကျုပ်တို့ကို အေးငွေ နှိပ်ကျွေးတာပဲ"
    ပိုက်ကွန်နဲ့ လှေကို အရင်းပြုနေရတဲ့ ဒေါ်အေးငွေ နဲ့ စံပယ်က ကိုရီးယား ရေစီးကြောင်းရဲ့ အဟုန်ကို မတော်လှန်နိုင်ကြဘူးတဲ့။ ရဲကျော်ကလည်း ကာရာအိုကေကို ခင်တွယ်နေတတ်ပြီတဲ့။ ဦးစံမြစကားတွေ နားထဲမှာ လျှံနေတယ်။ ကဲ အဲဒီပိုက်ကွန်ထဲမှာ တီဗွီတစ်လုံး ဘာကြောင့် မမိရတာလဲ။ အိမ်တစ်လုံးလောက် ကော ဘာကြောင့် မပါလာရတာလဲ။ ပိုက်ကွန်ပေါက် စိတ်စိတ်ကလေးတွေကနေ ဒီလိုပစ္စည်းတွေ ဖမ်းဖို့ ကြိုး စားနေခဲ့တာ အချိန်တွေ ဘယ်လောက်ကုန်ခဲ့ပြီလဲ။ ကျွန်တော့်သမီးရဲ့ အ၀တ်အစားတွေ စံပယ်ဖို့ ယူလာပေးတဲ့ အခါတိုင်း ကျွန်တော့်ရဲ့ ဒါနအတွက် ၀မ်းသာမိသလို အ၀တ်ဟောင်းကလေးတွေအတွက် ပျော်ရတာ တန်ရဲ့လားဆိုတဲ့ အတွေးက ကျွန်တော့်ကို ၀မ်းနည်းစေတယ်။ သူတို့တွေရဲ့ ပုံရိပ်တွေ၊ နှလုံးသားတွေကို ကျွန်တော့် ကင်မရာနဲ့ အမိဖမ်းနိုင်ဖို့ ရိုက်ချက်တွေ စဉ်းစားနေတုန်း ကျွန်တော့်ခေါင်းထဲကို စာကြောင်းတွေ တန်းစီဝင်လာတယ်။
တံငါ ... တဲ
သောင်ပြင်လွှတ်တဲ့
 ခွေးလည်း
 မဟုတ်ခဲ့ပါဘူး။
ဒါပေမယ့်
 သောင်ပြင်တဲက လူတွေမှာ
ချမ်းသာတာက
 ပိုက်ကွန်စုတ်စုတ် တစ်ခုပဲ
 ဖြစ်ရဲ့
အစိတ်ဆုံးဆိုတဲ့ ပိုက်ကွန်ဟာ
(ယုတ္တိဗေဒနဲ့ ဆန့်ကျင်စွာ)
အကြီးဆုံးဆိုတဲ့ ပစ္စည်းတွေ လက်လွှတ်ဆုံးရှုံး
အဲဒီမြှုံးထဲမှာ
ဆန်ကွဲနဲ့ တိုကာထွာကာ
မသေရုံ အာဟာရတွေပဲပါ။
ခပ်စိတ်စိတ်၊
ပိုက်ကွန်ပေါက်က
တိုရှိဘာကြီး လျှောကျ
အိမ်ဆိုတာကြီး လျှောကျ
နောက်...
လူမှုသုခ မှန်သမျှ လျှောကျ
သောင်ပြင်လွှတ်တဲ့ ခွေးတွေ
မဟုတ်ခဲ့ပေမယ့်
သူတို့ အလုပ်ဟာ
စားဖို့အတွက် အိပ်ရင်း
အိပ်ဖို့အတွက် စားရင်း
ဒီလိုနဲ့
သားသမီး ပွားစီး
အိပ်မက်ကြီးကြီးတောင်
မမက်ဖူးခဲ့။
    ကျွန်တော် ကဗျာဆရာ မဟုတ်ပါဘူး။ ဒါပေမယ့် ရင်ထဲမှာ ခံစားရလွန်းတဲ့အခါ ကဗျာတစ်ပုဒ် ဖြစ်လာ ခဲ့တယ်။
    လွန်းတင်ထားတဲ့ လှေပေါ်မှာထိုင်ပြီး စဉ်းစားနေ၊ တွေးနေခဲ့တာ အချိန်တော်တော် ကြာသွားခဲ့တယ်။ နေလုံးကြီးလည်း ဟိုး... အနောက်ဘက် ကောင်းကင်အောက် ငုံ့လျှိုးသွားခဲ့ပြီ။ ရေချိုးဆိပ်လည်း တိတ်ဆိတ် နေပြီ။ ပတ်ဝန်းကျင်မှာ ကျွန်တော်တစ်ယောက်တည်း ကျန်တော့တယ်။ ကဗျာကလေးရေးပြီးကတည်းက ဦးစံမြတို့ဆီ မရောက်ဖြစ်တော့ဘူး။ အခုလည်း မရောက်နိုင်တော့ဘူး။ မှောင်လာပြီလေ ကျွန်တော် ပြန် ရဦးမယ်။     
X X X
အဖြူရောင်၊ရွှေ၊

(ရွှေအမြုတေ မှ ကူးယူဖေါ်ပြသည်။ ဤစာမူအား ရွှေအမြုတေ၏ ခွင့်ပြုချက်မရဘဲ အသုံးမပြုရ)

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[ကလိုစေးထူး] 1 New Entry: အိုင်ရိုက်စ် နဲ့ ကျနော်

အိုင်ရိုက်စ် နဲ့ ကျနော်


ဒီတပတ် ပိတ်ရက်တော့ ဘယ်ကိုမှ သွားမလည်ဖြစ်...။ ရာသီဥတုကလဲ အေးတိအေးစက် ဖြစ်စ ပြုလာတာကြောင့် အပြင်ထွက်ရတာ သိပ်ပြီး လန်းလန်းဆန်းဆန်း မရှိလှတော့။ ဒီကြားထဲ ဒီနေ့အေး၊ နောက်တနေ့နွေး ဖြစ်နေတဲ့ အပူချိန်ဒဏ်ကို ခန္ဓာကိုယ်က သိပ်လက်မခံနိုင်တာကြောင့် နှာစေးချောင်းဆိုးက ဖြစ်လိုက်သေးသည်။ လူက နေရထိုင်ရတာ အဆင်မပြေသည့် အထဲ အတွေးတွေကပါ ပျင်းနေသေးလေတော့ စာအသစ် မရေးဖြစ်သည်မှာလဲ ရက်အတန်ကြာခဲ့လေပြီ။

ဝတ္ထုတို တပုဒ်လောက်ရေးရကောင်းမလား အစပျိုးလိုက်၊ ရေးနေရင်းနဲ့ပင် ရေးသူကိုယ်တိုင်ကိုက စိတ်တိုင်းမကျတော့ ဖတ်တဲ့သူအဖို့ ပိုဆိုးမှာပဲလို့ တွေးမိတော့ ရပ်ထားလိုက်၊ ဆောင်းပါး တပုဒ်ပုဒ် ရေးမလားတွေးလိုက် စိတ်တိုင်းမကျလိုက်၊ နောက်တော့လဲ ဘာမှကို မရေးဖြစ်...၊ ဒီလိုနဲ့ သောကြာညကတည်းက ချိန်ရွယ်လာတဲ့ အတွေးတွေက စနေနေ့ကိုသာ ကူးသွားသည်၊ ဘာစာတပုဒ်မှ ဖြစ်မလာ...။

စာရေးလို့ မရတဲ့ အတူတူ ဘာရယ်မဟုတ် အိမ်ရှေ့က ၀ရန်တာမှာ သွားရပ်ငေးမိ၏...။ တကယ်တမ်းမှာက အပြင်မှာကလဲ ကြည့်စရာရှုစရာ ဘာမှ လောက်လောက်လားလား ရှိနေတာ မဟုတ်...၊ ဟိုတစီးဒီတစီး ရပ်ထားတဲ့ ကားပါကင်ရယ်၊ အဲဒီ ကားပါကင်ရဲ့ ဟိုမှာဘက်က ကားလမ်းရယ်၊ ကားလမ်းဟိုဘက်က ဘိုးဘွားရိပ်သာရယ်၊ ဒါပဲ...။ ကားတစီးတလေက ဖျောခနဲ ၀င်လာလိုက်၊ ၀ူးခနဲ ပြန်ထွက်သွားလိုက်၊ ပြီးရင် ပြန်ပြီး တိတ်ဆိတ်သွားလိုက်နဲ့ အင်မတန်အေးစက်စက်နိုင်ပြီး ခြောက်ကပ်လွန်းတဲ့ ပတ်ဝန်းကျင်...။

စက်ရှေ့မှာ ယောင်နနနဲ့ ပြန်ထိုင်မိပြန်သည်။ စာရေးလို့ မရတဲ့အတူတူ ပို့စ်အဟောင်းတွေမှာ လာရေးထားကြတဲ့ မှတ်ချက်တွေကို ပြန်လိုက်ဖတ်ဖြစ်မိ ပြန်သည်။ ဖတ်နေရင်းနဲ့ လူက ခေါင်းငြိမ့်မိနေလား၊ ခေါင်းခါမိနေလားတော့ မပြောတတ်...၊ ပင့်သက် တချက်တော့ ဖွဖွချလိုက်မိသည်ဟု ထင်သည်။

***

ပြန်ဝင်လာတုန်းက စေ့မထားမိတဲ့ တံခါးက ကျွိခနဲ ပွင့်လာသည်။ လှမ်းကြည့်လိုက်တော့ အမိုး...။ ကရင်လွယ်အိတ်လေး တလုံးကို လွယ်လို့...၊ အနွေးထည် ခပ်ထူထူကိုလဲ ၀တ်ထားသေးသည်။

`ဖိုးခွား အားပါသလား´
`ဟုတ်၊ အမိုး ဘာလိုလို့လဲ´
`အမိုးအိမ်မှာ စားစရာ မရှိတော့ဘူး၊ ဈေးသွားပို့ပေးလို့ ရမလား´

အင်းလေ...၊ စာရေးလို့လဲ မရမယ့် အတူတူ အမိုးက ဈေးလိုက်ပို့ခိုင်းတော့လဲ အပြင်ထွက်ရတာကိုက ခပ်ကောင်းကောင်းပဲပေါ့...။

`ဟုတ်ကဲ့ အမိုး´

***

ကားမောင်းရင်းဖြင့် အမိုးကို ဘာရယ်မဟုတ် ငဲ့ကြည့်မိတော့ အမိုးက သူလွယ်ထားတဲ့ ကရင်လွယ်အိတ်ထဲက နေကြာစေ့ထုပ်ကို တဖောက်ဖောက်ဖြင့် ခွာစားနေသည်။ မျက်နှာကလဲ ခါတိုင်းနဲ့ မတူ...၊ ဘာတွေ လိမ်းထားသည် မသိ။ မိတ်ကပ်အရောင်လိုလို ဖြူဖြူဖွေးဖွေးကြီး...။ `အမိုး´ ဟု လှမ်းခေါ်လိုက်တော့ `ဟင်´ ဆိုပြီး လှည့်ကြည့်တာ မျက်လုံးတ၀ိုက်မှာကလဲ မျက်ရစ်အမဲတွေက မညီမညာနဲ့ အကွင်းလိုက်လေး...။

`အမိုးဒီနေ့ တော်တော်လှနေပါလား´

`အဟိ´ လို့ တချက်ရယ်ပြီး နေကြာစေ့တွေ ဆက်ခွာစားနေပြန်သည်။ ပြီးတော့ ပြန်ပြောသေးသည်။

`မသေခင်တော့ လှရမှာပေါ့၊ သေသွားရင် လှချင်ရင်တောင် လှလို့မရတော့ဘူးလေ´

မြတ်စွာဘုရား...။ `အမိုးတယောက် ငယ်မူများ ပြန်နေလား မသိ´ လို့ စိတ်ထဲမှာ တွေးမိသည်။ ဟုတ်ချင်ဟုတ်မှာပါလေ၊ ဟိုတနေ့ကလဲ စက်ဘီးသေးသေးလေးကို မစီးတတ် စီးတတ်နဲ့ တင်းနစ်ကွင်းထဲ ပတ်နင်းနေတာ တွေ့လိုက်သေးသည်။ သူ့စိတ်ထဲမှာတော့ ရယ်ချင်ပက်ကျိ...။

***

ဆိုင်ကိုရောက်တော့...။

မနက်စာ စားလို့ကောင်းမယ့် မုန့်ထုပ်လေးတွေကို လိုက်ကြည့်နေတုန်း အကျီစကို လာဆွဲခံရလို့ လှည့်ကြည့်တော့ အမိုး...။

`အချိုမှုန့်ထုပ်တွေ ဘယ်နားမှာလဲ´
`ဟိုဘက်အတန်းမှာ အမိုး´
`အေး၊ နှစ်ထုပ်လောက် ယူမယ်နော်´

ပြီးတော့ ပြန်လှည့်ထွက်သွားသည်။ ဘာမှအပန်းမကြီးတာမို့ သွားယူပြီး အမိုးရဲ့ တွန်းလှည်းထဲ သွားထည့်ပေးလိုက်သည်။ ခဏကြာတော့...

`မာမားခေါက်ဆွဲ တဖာလောက် သွားယူပေးစမ်းပါ´

သွားရှာပြီး ယူပေးရပြန်သည်။ စိတ်ထဲမှာတော့ ကျလိကျလိ ဖြစ်စပြုလာပြီ။ ဒီလိုနဲ့ မုန့်ထုပ်လေးတွေ ဆက်ရွေးနေပြန်သည်။ ခဏပဲ ကြာလိုက်သည်။

`ပုစွန်ထားတဲ့နေရာ မသိလို့၊ သွားရှာယူပေးပါဦး´

ဒီတခေါက်ကတော့ သွားသာယူပေးလိုက်ရသည်။ စိတ်ထဲမှာတော့ မကြည်လင်တော့ပေ...။ ဒါပေမယ့် ဘာမှတော့ မပြောဖြစ်သေး...။ ဒီလိုနဲ့...။

`ဆန်အိတ်အကြီး နှစ်ထုပ်ယူမယ် ဖိုးခွား၊ သွားသယ်ပေးပါဦး´

ဒီတခါတော့ စိတ်မရှည်မှုရဲ့ သည်းခံနိုင်စွမ်းအားက လွတ်ထွက်သွားချေပြီ။

`ဆိုင်က အလုပ်သမားကို သွားပြောလိုက် အမိုး´

လေသံက ခပ်ဆတ်ဆတ် ဖြစ်သွားလို့ထင်သည်၊ အမိုးက သူ့ကို တချက် ငဲ့ကြည့်ပြီး `သြော်၊ အေးအေး´ ဆိုပြီး အသာပြန်လှည့်ထွက်သွားသည်။

***

`ဒီအဘွားကြီး၊ ငယ်မူကျတော့ ပြန်နေတယ်၊ ငါ့ကိုများ သူ့အလုပ်သမား မှတ်နေလား မသိဘူး၊ ဟိုဟာခိုင်းလိုက်၊ ဒီဟာခိုင်းလိုက်နဲ့...၊ လိုက်လဲပို့ပေးရသေးတယ်၊ ခိုင်းကို ခိုင်းနိုင်လွန်းတယ်၊ သူ့ဘာသာယူပေါ့´

စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ အပြင်လူ မြင်နိုင်တာ မဟုတ်တော့ လူက အတွင်းစိတ်ထဲမှာ ဗြောင်းဆန်အောင် ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ။ စိတ်တိုတိုနဲ့ ဆိုင်ပြင်မှာ ထွက်ရပ်နေလိုက်သေးသည်။ မျက်နှာကိုလဲ ရှူတည်တည်နဲ့ နေလိုက်သည်။ အဘွားကြီး ဒီမျက်နှာကို တွေ့မှ သဘောပေါက်ပစေ...။

အချိန်တွေက တဖြည်းဖြည်းနဲ့ ကြာလာသည်။ အမိုးတယောက် ပြန်မထွက်လာသေး...၊ တမိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်...။ ဆိုင်ထဲ ပြန်လိုက်သွားကြည့်ဦးမှ...။ ဆိုင်ထဲရောက်တော့...။

***

`အိုင်...၊ ရိုက်စ်... ရိုက်စ်´

အမိုးတယောက် အတော်လေး အခက်တွေ့နေဟန် တူသည်။ မျက်နှာပေါ်မှာလဲ စောစောက လိမ်းလာတဲ့ ဖြူဖွေးဖွေး မိတ်ကပ်တွေ အစား ချွေးတွေစို့လို့ နေသည်။ မျက်ကွင်းညိုညိုတွေလဲ ဘယ်ဆီရောက်ကုန်ပြီ မသိတော့...။

ဆိုင်အရောင်းသမားက `ပေါင် ငါးဆယ် အိတ်လား၊ ၂၅ပေါင် အိတ်လား´ ဟု ပြန်မေးသည်။

`အိုင်...၊ ရိုက်စ်၊ အိုင် ရိုက်စ်´

ကျနော့်ကို မြင်တော့ ဘာမှလဲ ထပ်ပြီး အကူအညီမတောင်းရဲတော့ဟန်နဲ့ `အိုင်ရိုက်စ်၊ အိုင်ရိုက်စ်´ တွေသာ အထပ်ထပ်ပြောပြီး အရောင်းသမားကို ထမင်းစားဟန်ပုံစံ လက်ဟန်ခြေဟန်ပြပြီး ထပ်ကြိုးစားနေပြန်သည်။

ထိုအခိုက်အတန့်လေး...၊ အဲဒီအခိုက်အတန့်လေးမှာပင် ဘယ်သူမှ မသိလိုက်ခင် သူ့ကိုယ်သူ အရှက်ကြီး ရှက်မိသွားလေတော့သည်။

`အမိုး၊ အိတ်အကြီးလိုချင်တာဟုတ်´
`ဟုတ်တယ်၊ ဖိုးခွား´

`ဂျက်စ်မင်းဆန် ပေါင်ငါးဆယ်အထုပ် နှစ်ထုပ်ပေးပါ´ လို့ အရောင်းသမားကို ပြောပြီး သူနဲ့အတူ ဆန်တအိတ်ကိုပါ ခပ်သွက်သွက် ကူသယ်လာလိုက်သည်။

***

ဆန်အိတ်တွေ၊ ဈေးအထုပ်တွေကို စိတ်ပါလက်ပါနဲ့ ကူသယ်ပေးနေသော သူ့ကို အမိုးက ဘယ်လိုနားလည်နေမလဲတော့ မပြောတတ်...။

`ဖိုးခွား´
`ဗျာ၊ အမိုး´
`အမိုး၊ မုန့်တီခြောက်တွေ ၀ယ်ဖို့ မေ့နေသေးတယ်´

ဒီတခါတော့ သူ့စိတ်ထဲမှာ ကြည်ကြည်လင်လင်နဲ့ အားပါးတရပင်...

`ဟုတ်၊ သွားပြန်ဝယ်လေ အမိုး၊ ကျနော်လိုက်ခဲ့ပေးမယ်၊ လာလာ´

***

တွန်းလှည်းလေး တွန်းပြီး အရှေ့ကနေ သွားနေသော အမိုးကို သူ လှမ်းခေါ်လိုက်သည်။

`အမိုး´



ပြန်လှည့်ကြည့်လာသော အမိုးရဲ့ အပြုံးက ကြည်လင်ပါဘိ။ အပြစ်စင်ပါဘိ။

***

အပြန်လမ်းမှာလဲ အမိုးတယောက် အလာတုန်းကလိုပင် နေကြာစေ့ထုပ်ကလေးကို တဖောက်ဖောက် ခွာစားပြီး လိုက်လာနေဆဲပင်။

ဘယ်သူမသိလိုက်သော သူ့ရဲ့စိတ်ညစ်ရိုင်းတွေ ချက်ချင်း ပျောက်ပြီး သူ့ကိုယ်သူ ရှက်သွားစေတဲ့ အတွေးက ဘာလဲ ဆိုတာကိုတော့ အမိုးကို သူ ပြန်မပြောပြဖြစ်တော့ပါ။ အဲဒါကတော့....

`အမိုးသာ ငါ့အမေအရင်းဆိုရင်....´

***

ကလိုစေးထူး

You received this email because you are subscribed to the real_time feed for http://klosayhtoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Golden Colour Revolution... အတုံးအရုံးတွေကြားမှာ ရွတ်ရွတ်ချွံ ချွံခုခံနေတဲ့ ဘလောက်] 3 New Entries: တပ်မတော်သားတွေ ဘယ်ဆေးရုံကိုသွားရတော့မလဲ

တပ်မတော်သားတွေ ဘယ်ဆေးရုံကိုသွားရတော့မလဲ



တပ်မတော်ဆေးရုံကိုတရုပ်ကိုရောင်းလိုက်တော့ သန်းရွေကတော့ စင်္ကာပူဆေးရုံကို ကိုယ်ပိုင်ဂျက်လေယဉ်ပျံဝယ်ပြီးသွားတယ်။ တပ်မတော်သား အငြိမ်းစားယူပြီးတဲ့ဗိုလ်မှုးကြီးတွေ၊ လက်ရှိတပ်မတော်သားတွေ ဘယ်ဆေးရုံကိုသွားရတော့မလဲ

သန်းရွေစစ်သား ကို့ယို့ကားယား



ပြည်သူလူထုကို သစ္စာရှိရမဲ့အစား သန်းရွေနဲ့ အတူလမ်းမှားကိုရောက်နေတဲ့ 
သန်းရွေစစ်သားကို့ယို့ကားယားယူနီဖေါင်းနဲ့  ဟန်ရေးများနေပုံ

This Week Best Cartoon



<

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[J] 1 New Entry: Technology - Advanced High Tech Item

Technology - Advanced High Tech Item

PHILIPS AMBILIGHT TELEVISION

Ella's verdict: တီဗွီ အလင်းကို အခန်းတွင်းရောင်ပြန်ဟပ်စေသည် သတ္တ၀ါ

(When viewed with Ambilight - which fills the room with ambient lighting corresponding to the image on screen - this HD (high definition) TV creates a more vivid experience. From £578.)

tv


SMILE DETECTION CAMERA

မဲ့သူများ ကို မရိုက်ပါ ပြုံးသူများသာ ရိုက်ပါမည်။

Sony is investing heavily in setting itself apart. £185
camera

Picture perfect: Sony smile recognition camera, £185


DESKTOP VACUUM

စားပွဲတင် ဖုန်စုတ်ကြွက် အဲ စားကြွင်း ဘီစကွတ်များ သန့် ရှင်းပေးသောသတ္တ၀ါ

(Ella's verdict: A battery-powered novelty item - which is almost 4in tall - with a serious purpose. In workaholic Britain we spend more time at our desks than our European neighbours. If the office has become our second home, is it any wonder we're getting a little desk-proud? £9.99 )


CASSETTE MEMORY STICK

မယ်မိုရီ အာလံပြဲ.. ပုံမှန် memory-stickမှ သီချင်းများ ကက်ဆက်ကဲ့သို့  ပြန်ဖွင့်နားထောင်နိုင်ပါသော သတ္တ၀ါ။

(Ella's verdict: It's shaped like an old-fashioned cassette, but this is a 1GB USB memory stick you can plug into your computer, and on which you can store all kinds of files - including text, music, photos and videos. £19.99)

Enlarge hetty

Spring cleaning: Hetty vacuum, £9.99

Enlarge casette

Play it again: Cassette memory stick, £19.99

360 DEGREE MIRROR

အရပ်၈မျက်နာ မှန် ဘေးက ကြည့်ကြည့် ရှေ့ က ကြည့်ကြည့် နောက်က ကြည့်ကြည့် ... အတ် အတ် အတ်...

(Ella's verdict: It may not be high-tech but, like all the best gadgets, the mirror provides a solution to a problem that's been bugging us for ever. It's hard to believe no one thought of it sooner. £18 )

mirror

Seeing double: 360 degree mirror, £18


FIAT 500 WITH BLUETOOTH

ကားနဲ့  ဖုံး... သိပ်လက်မခံနိုင်ပါ။ ကားမောင်းရင်း ဖုံးပြောမှု့ ကြောင့် လူပေါင်းမြောက်မြားစွာ သေဆုံးနေရဆဲ

(Ella's verdict:Volkswagen brought back the Beetle, BMW revived the good old Mini, but the new Fiat 500 is affordable, it looks great and it offers the kind of top-spec features you'd expect to find in top-of-the-range cars. If you have a mobile with Bluetooth capability (which lets your phone transmit data wirelessly on a radio frequency), a chip built into the dashboard of the Fiat allows you to operate your phone using voice recognition or the radio controls on your steering wheel - so hands-free is built in. From £8,100 )

fiat

Hands-free: Fiat 500, from £8,100


INTELLIGENT WINE COOLER

ကျနော်တို့ အတွက်ပေါ့ဗျာ... အေးဆေးပေါ့. ၀ိုင်အေးအေးလေး...

(Ella's verdict: This is one use for technology we can all appreciate. When you select a setting - Merlot, perhaps - the intelligent cooler, which plugs into the mains, uses sensors to detect the bottle temperature and sets about warming or cooling it to perfection. £69.95 )

wne

Chilled: Intelligent wine cooler £69.95


IPOD MUSIC PILLOW

ဂီတကို အိပ်လည်း မပြတ်စေရပါ။ သီချင်း ဆိုနိုင်သော သတ္တ၀ါ အဲ... အဲ ခေါင်းအုန်း

(Ella's verdict: As this gadget proves, there's no end to the ways technology can personalise our worlds these days. It's very simple. There is a tiny speaker deeply embedded in the pillow which connects to the headphone jack of your radio or iPod or MP3 player via the audio cable that comes with it. £20 )



ipod

Sweet dreams: iPod musical pillow £20


RETRO IPOD ALARM

အမြင်အကပ်ဆုံးသတ္တ၀ါ

(Ella's verdict: Your iPod already has a built-in alarm clock function. All you need to do is connect it to this speaker dock, shaped like an old-fashioned alarm clock - and it'll wake you with whatever tune gets you out of bed. It's a clever way to fuse new technology with the rather comforting idea of an alarm clock. £39.95)

ipod

Rise and shine: iPod alarm, £39.95


WIZARD PEN

ကြပ်ဆိုတဲ့ သတ္တ၀ါဗျ။ ကျူပ်တို့ ဘာလုပ်လုပ် ကြည့်ပြီး စာနဲ့ မှတ်တမ်းတင်သတဲ့။ တောက် ဒီအကောင်မရှိမှ တော်ကြာ ကျူပ်ဘာလုပ်လုပ် မှတ်တမ်းတင်ပြီး အမေ့ကို သွားတိုင်ရင် ဒုက္ခ။

It's a pen pen, that writes and everything. But it records every movement you make, then you plug it into a computer and suddenly there's all your writing on screen (with nice circles and hearts above the 'i's!) Or if you're boring, you can take notes in lectures, then put them in your computer.
Ella's verdict
: The Z Pen makes it possible to save and then send handwritten missives as digital documents. Just clip the receiver to the top of the page and it will store every pen stroke in its memory. When you plug the receiver straight into your PC, the preloaded software will convert your handwriting into (handwritten) text. £99.99

Enlarge pen

It's wizard: Z pen, £99.99

DIGITAL VIDEO CAMERA


This is the best video camera EVER. It's tiny, and pink, and you just turn it on, point it at whatever you want, press one big button that you can't miss ... and that's it. Now pull out a little thing from the side, plug it into your PC and your film's on YouTube in seconds, practically!!!
Ella's verdict
: The Flip is the ultimate in user-friendliness, plugging straight into your computer's USB port and uploading with no fuss. It has a 2GB memory and a capacity to store up to an hour of video footage, as well as stills. £99.95)


STUDIO-STYLE WEBCAM
Suppose you want to record a video for your internet diary, or talk to your friends, or boyfriend, online, yeah? Well you've probably got a camera in your PC, but it makes you look yucky! Just plug in this cool Hollywood Web Gear movie-camera and spotlight into your computer and suddenly - action! you're ready for your close-up.

Ella's verdict: This webcam, which just for fun looks like an old-fashioned studio camera, offers surprisingly high picture quality. Use it with the studio-style spotlight and it's perfect for creating YouTube videos or just video chatting with friends around the world. £9.99 and £4.99

Enlarge cam

Picture it: Flip camera, £99.95

Enlarge cam

Lights, camera, action: Webcam, £9.99

DIGITAL PHOTOFRAME KEYRING

ချစ်ချစ်လေးများ ကိုယ်နဲ့ မကွာ အတူထားလို့ ရဖို့  သော့ချိတ်

(Ella's verdict: Even the best cameras and camera-phones can have grainy digital viewing screens. But this little keyring turns your favourite photos (which you can upload simply from your computer) into a portable collection that you can show in perfect high-resolution on the 1.5-inch screen. £44.95 )

Enlarge Keyring

Memories: Photoframe keyring, £44.95


TOUCH SCREEN MOBILE

ဒါက သိပြီးတာ အကောင်ဗျ။ မမိုက်တာက ဒီအကောင်ကို ထောက်ဖို့  ပြသနာဘဲ။ ဘာဘဲ ဖြစ်ဖြစ်ခလုပ်နဲ့ နှိပ်ရတာ ဘဲ ကောင်းပါတယ်ဗျာ

Ella's verdict: The iPhone and the high-tech touch phones that came in its wake were aimed squarely at the male market. But as the limited edition, Needle Phone goes on sale, it's clear it is not just geeks and businessmen who want a phone that can do it all.
E-mails, weather reports, music, video, it's all available at the touch of a button. Its stylus function makes it possible to handwrite your texts. Free with Orange.

ted

Touch screen: Ted Baker mobile, free with Orange

You received this email because you are subscribed to the real_time feed for http://joyful4all.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 1 New Entry: ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,5th,2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,5th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလားဒေ့ရှ်ကို သွားမည်

( 2 )ဖျာပုံမြို့ပေါ်မှာ တယ်လီဖုန်းလိုင်း ပြန်တပ်ခ ဆက်သွယ်ရေးမှ ငွေညှစ်

( 3 )ဦးညီပု တစ်ခုခုဖြစ်ခဲ့ရင် အာဏာပိုင်တွေရဲ့ တာဝန်သာဖြစ် ရခိုင်အဖွဲ့ချုပ်

( 4 )Myanmar military chief due in Dhaka

( 5 )ဒီချုပ်လူငယ် ကိုအောင်မိုးလွင် မသေ၍ ဒီချုပ်ဝမ်းမြောက်

( 6 )ဦးညီပု၏ကျန်းမာရေးအခြေအနေ လာမဲ့ တနင်္လာနေ့တွင် သိရမည်

( 7 )Buddhas backfire on Jurgen Klinsmann

( 8 )မတ္တရာအဖွဲ့ချုပ်ဝင် ၅ ဦပြန်လွတ် အသက် ၇၀ ကျော်တဦးကျန်

( 9 )Player sick of 'tired' whingers

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[Yan Aung] 1 New Entry: ရွှေရောင်တစ်စက္ကန့်အကြောင်း...

ရွှေရောင်တစ်စက္ကန့်အကြောင်း...

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ.

ကျွန်တော်လည်း တော်တော်လေးကို စာဖတ်ပရိသတ်နဲ့ အလှမ်းကွာသွားခဲ့တာ ကြာပါပြီ. စာရေးဖို့ စိတ်ကူးစိတ်သန်းတွေ ကွန့်မြူးပေမယ့်လည်း တကယ်တမ်းရေးမယ်ဆိုတော့ မရေးနိုင်ဖြစ်နေခဲ့တယ်ဗျာ. စိတ်နဲ့လူနဲ့ မကပ်တာပဲလား. အာရုံစူးစိုက်လို့ မရတာပဲလားလို့ ကိုယ့်ကိုယ်ကို အပြန်ပြန်အလှန်လှန် ဆန်းစစ်မိပါတယ်. "အကြောင်းရှာတော့ ခေါင်းမှာချာချာလည်" ဆိုသလို ဖြစ်နေခဲ့ရတာပေါ့ဗျာ. :)

ဒီကြားထဲမှာ အွန်လိုင်းလည်း သိပ်မတက်၊ ဂျီတော့ခ်လည်း မထိုင်၊ ဘလော့ဂ်လည်း မရေးဘဲ တစ်ယောက်တည်း အတတ်နိုင်ဆုံး နေနိုင်အောင် ကြိုးစားရင်း ကျွန်တော် ကောင်းကောင်းမသိခဲ့ရတဲ့ ကျွန်တော့်အကြောင်းကို သေချာမေးခွန်းထုတ် အင်တာဗျူးနေခဲ့မိတယ်. နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ လိုအပ်ချက်ကို ကျွန်တော်တွေ့လိုက်ရပါတယ်.

ဘာလဲဆိုတော့...

ကျွန်တော်ဟာ ကောင်းတာကို လုပ်ချင်ပေမယ့် အဲဒီလို ကိုယ်လုပ်လိုက်တာကို လူသိပ်သိစေချင်နေတာ၊ လူချီးမွမ်းခံချင်နေတာကို တွေ့လိုက်ရတာပါပဲ.

ဟုတ်တယ်ဗျ.

ကျွန်တော်က သိပ်ကို အမှတ်တွေ လိုချင်နေခဲ့တာကိုး. ဒါကြောင့်လည်း ကိုယ်မျှော်လင့်သလိုတွေ ဖြစ်မလာတဲ့အခါ၊ ကိုယ်လိုချင်တဲ့ ချီးမွမ်းခြင်းတွေ အစား ကဲ့ရဲ့ ရှုံ့ချခံရတာတွေကို ပြန်ရလာတဲ့အခါမှာ ကျွန်တော်တစ်ယောက် ၀မ်းနည်းပက်လက်ဖြစ်ပြီး စာလည်း မရေးနိုင်၊ စိတ်လည်း မရွှင်ပျနိုင် ဖြစ်ခဲ့ရတယ်.

အကျိုးရလာဒ်အနေနဲ့ ကျွန်တော့်ရဲ့ စွမ်းအင်တွေ၊ သိထားတတ်ထားတဲ့ ပညာတွေကို ထိထိရောက်ရောက် အသုံးမချနိုင်၊ မမျှဝေနိုင် ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ မကျန်းမာသလို ဖြစ်လာခဲ့ရတယ်. တစ်ယောက်တည်းပဲနေပြီး "ငါ ဒီလောက် လုပ်ပေးရက်သားနဲ့ကွာ..." ဆိုပြီး တစ်စုံတစ်ခုကို မကျေမချမ်းနိုင် ဖြစ်နေခဲ့ရတယ်.

ဒါက တစ်ပိုင်းပါ. ထားတော့...

ဒီရက်ပိုင်းတွေအတွင်းမှာ ဘ၀ဆိုတာရဲ့ အဓိပ္ပါယ်ကို ကျွန်တော်သေသေချာချာ လေးလေးနက်နက် စဉ်းစားနေခဲ့မိတယ်. ဒီမနက်ခင်း အလုပ်ကို အသွား ရေဒီယိုက သတင်းတစ်ပုဒ် လွှင့်ပါတယ်.

မနက် ၆ နာရီ ကျော်ကျော်လောက်မှာ ၁၄ လမ်းကို ဖြတ်ကူးတဲ့ ၂၆ နှစ် အရွယ် အမျိုးသမီးနှစ်ယောက်ကို အ၀ါရောင် တက်စီကား တစ်စီးက ဒီဖက်က တိုက်လိုက်ပြီး နောက်တစ်စီးက တစ်ခြားတစ်ဖက်က ဖြတ်တိုက်လိုက်တာ နှစ်ယောက်လုံး ပွဲချင်းပြီး သေသွားခဲ့တယ်တဲ့...

ပထမဦးဆုံး အံ့ဩတာက နံပါတ်တွေပါပဲ. အဲဒီ့နံပါတ်တွေအားလုံးဟာ ကျွန်တော့်ကို ထူးထူးခြားခြား ခြောက်လှန့်နေခဲ့တယ်. အဲဒီ့နံပါတ်တွေဟာ ကျွန်တော့်အတွက် ထူးခြားခဲ့ဖူးတဲ့ နံပါတ်တွေပါပဲ.

ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်မေးလိုက်မိတယ်.

"အခုနေသာ ငါသေသွားခဲ့ရင်.............."


ကျွန်တော် အရာရာကို အဆုံးစွန်အထိ လျှော့ချလိုက်ခဲ့တယ်.

ကိုယ့်ကိုယ်ကိုလည်း မကြာခင်မှာ သေရတော့မယ့် လူတစ်ယောက်လို မြင်လိုက်မိတယ်.

ကျွန်တော် ဒီလောကကြီးထဲကနေ ဗြုန်းဆို ရုတ်တရက် ထွက်ခွာသွားခဲ့ရရင် ကျွန်တော် ဘာတွေ မလုပ်ခဲ့လိုက်ရလေခြင်းလို့ နောင်တရမိနေမလဲ တွေးနေမိရင်း ကျွန်တော့်ရဲ့ ဒိုင်ယာရီ စာအုပ်လေးထဲက မကျေနပ်မှုတွေ၊ နောင်တတွေ၊ ခံပြင်းနာကျည်းစိတ်တွေ၊ ဒေါမနဿတွေကို အိမ်ရှေ့တံခါးဝဆီကို ချော့ခေါ်ရင်း တသွင်သွင်စီးဆင်းနေတဲ့ အချိန်မြစ်ကြီးထဲကို စီးမျှောပစ်လိုက်ခဲ့တယ်.

အားလုံးတော့ ဘယ်ကုန်နိုင်ပါ့မလဲဗျာ. နော်. မကုန်နိုင်သေးသလို အသစ်အသစ်တွေလည်း ထပ်ဖြစ်ဖို့ ရှိနေသေးတာပဲ.

ဒါပေမယ့် ကျွန်တော် တစ်စုံတစ်ယောက် (သို့) တစ်စုံတစ်ယောက်ထက်ပိုတဲ့ တစ်စုံတစ်ယောက်များကို အခဲမကျေစိတ်တွေ၊ တစ်စုံတစ်ရာ (သို့) တစ်စုံတစ်ရာထက် ပိုတဲ့ တစ်စုံတစ်ရာများအတွက် ခံပြင်းဝမ်းနည်းစိတ်တွေကို အတိုင်းအတာတစ်ခုအထိ ငြှိမ်းသတ်လိုက်ခဲ့တယ်.

အဲ့ဒီ့လို တွေးလိုက်မိတာနဲ့ တပြိုင်နက် ကျွန်တော် ပိတ်မိနေခဲ့တဲ့ ချောင်လေးတစ်ချောင်ကနေ လွတ်မြောက်ရုန်းထွက်လာသလို ခံစားလိုက်ရတယ်.

ကျွန်တော် လုပ်ချင်တာတွေ အများကြီး ရှိသေးသလို လုပ်ချင်စိတ်တွေလည်း ပြန်လည် ရှင်သန်လာခဲ့တယ်.

တစ်ချိန်က မှားခဲ့ဖူးတဲ့ အမှားမျိုးတွေကို ရင့်ကျက်မှုတွေက အစားထိုး ပြုပြင်သွားနိုင်မယ်လို့လည်း ကိုယ့်ကိုယ်ကို ပြန်လည် အားပေးနှစ်သိမ့်ရင်း မှန်ထဲမှာ မြင်နေရတဲ့ "ဘလော့ဂါရန်အောင်" ဆိုတဲ့ လူတစ်ယောက်ကို စေ့စေ့စိုက်ကြည့်နေခဲ့မိတယ်.

ငွေကြေးစည်းစိမ်ထက် အများကြီး တန်ဖိုးရှိတဲ့ ဘ၀အတွေ့အကြုံတွေကို ဆည်းပူးလေ့လာခွင့် ရခဲ့တဲ့အတွက်လည်း ကျွန်တော် ဒီ ဘလော့ဂ်လောကကြီးထဲက လူကြီးလူငယ်အားလုံးကို ကျေးဇူးတင်ပါတယ်.

လူတစ်ယောက် ပြောင်းလဲဖို့ အချိန်ဘယ်လောက်လိုသလဲ ဆိုတာနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တစ်ခုကို ဆရာ တာရာမင်းဝေရဲ့ စာအုပ်လေးတစ်အုပ်မှာ ကျွန်တော် ဖတ်ခဲ့မှတ်ခဲ့ဖူးတယ်ဗျ.

အကျဉ်းချုပ်ကတော့ လူတစ်ယောက် ပြောင်းလဲဖို့ အချိန်တွေ အများကြီး လိုတယ်လို့ ပြောကြတယ်. တကယ်တမ်းကျတော့ အဲဒီ့လို ပြောင်းလဲဖို့ အချိန်တစ်စက္ကန့်ပဲ လိုတာပါတဲ့လေ. အဲဒီ့တစ်စက္ကန့်ကို မရောက်ခင် ဒီဖက်ခြမ်းမှာ အဲဒီ့လူဟာ အတွေးအခေါ်ဟောင်းတွေနဲ့ ရှင်သန်နေဆဲ၊ ပိတ်လှောင်မိနေဆဲ ဖြစ်ပေမယ့် အဲဒီ့တစ်စက္ကန့် (ရွှေရောင်စက္ကန့် (သို့) Golden Second) လေးကို ကျော်လွန်သွားချိန်မှာ ခုနက လူဟာပဲ အတွေးအခေါ်သစ်တွေ၊ ပြောင်းလဲသွားတဲ့ စိတ်နေစိတ်ထားတွေနဲ့ လူသစ်စိတ်သစ်တစ်ယောက် ဖြစ်သွားခဲ့တယ်တဲ့.

ဒါကြောင့် လူတစ်ယောက် ပြောင်းလဲဖို့ အချိန်ဘယ်လောက် လိုသလဲဆိုရင် တစ်စက္ကန့်ပဲ လိုတာပါတဲ့လေ.

ခြွင်းချက်လေးတော့ ရှိတာပေါ့. အဲဒီ့ တစ်စက္ကန့်ကို ရောက်ဖို့ ဒီတိုင်း ထိုင်နေရုံနဲ့မှ မရတာ. သင့်တော်တဲ့ တွေးခေါ်ဆန်းစစ်မှုတွေ၊ ဆည်းပူးလေ့လာမှုတွေ၊ ဝေဖန်ပိုင်းခြားမှုတွေနဲ့ ကိုယ့်ကိုယ်ကိုတော့ develop လုပ်နေသင့်ခဲ့တာပေါ့. ဒါပေမယ့် တကယ်တမ်း ပြောင်းလဲသွားဖို့ ကြာတဲ့ အချိန်ကတော့ တစ်စက္ကန့်ပါပဲတဲ့လေ.

ကျွန်တော့်မှာ ရှိတဲ့ လိုအပ်ချက်၊ အားနည်းချက်ဟာ ကျွန်တော့်ရဲ့ အားသာချက်တစ်ခု ဖြစ်လာစေ့ရမယ်လို့ ကိုယ့်ကိုယ်ကို မခံချင်စိတ်နဲ့ ပြန်အားပေးရင်း ကျွန်တော့်ကို Golden second လေး ဖြစ်စေခဲ့တဲ့ စာပိုဒ်လေးတစ်ပိုဒ်ကို ပြန်လည် ဖော်ပြချင်ပါတယ်.

"အမရပူရမြို့ မဟာဂန္ဓာရုံကျောင်း ဆရာတော် အရှင် ဇနကာဘိဝံသ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်မှာ "၀မ်းနည်းဝမ်းသာ မများပါ" လို့ ရေးထားတာကို အမြဲသတိရပါတယ်။ ၀မ်းနည်းဝမ်းသာ မများအောင် သတိထားပါတယ်။ ၀မ်းနည်းဝမ်းသာများရင် လုပ်သင့်တာတွေကို လုပ်ဖို့ အချိန်နည်းသွားမယ်။
ပင်လယ်ထဲမှာ လှိုင်းမထန်တဲ့အခါ ဘယ်သူမဆို သင်္ဘောပဲ့ကိုင်နိုင်ပါတယ်။ လှိုင်းထန်နေတဲ့အခါမှာ ပဲ့ကိုင်နိုင်မှ ကျွမ်းကျင်တဲ့ သင်္ဘောကပ္ပတိန်လို့ ဆိုနိုင်မယ်။
ကိုယ့်ဘ၀မှာ ဘယ်လောက်ပဲ လှိုင်းထန်ထန် ကိုယ့်ဘ၀သင်္ဘောကို မတိမ်းမစောင်းအောင် မမှောက်အောင် ထိန်းပြီး လိုရာခရီးကို ရောက်အောင် ပဲ့ကိုင်နိုင်ဖို့ လိုတယ်။ လှိုင်းထန်ပေမယ့် လိုရာခရီးရောက်အောင် ကိုယ့်ဘ၀ကို ပဲ့ကိုင်နိုင်ပါစေ...."

(ဆရာတော် ဦးဇောတိက၊ "ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း" အမှာစာ နောက်ဆုံးပိုဒ်)

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

You received this email because you are subscribed to the real_time feed for http://www.yanaung.net/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၁)

အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၁)

အခန်းဆက် ဆောင်းပါး တင်ဆက်ရခြင်း၏ ရည်ရွယ်ချက်

စာဖတ်သူများခင်ဗျား -

ဦးနေ၀င်းဟာ တစ်ဦးတည်းသော အကိုးကွယ်ခံ စစ်အာဏာရှင်ကြီး ဘ၀ရောက်အောင် ဘယ်လို ဥာဏ်နီ ဥာဏ်နက်တွေ သုံးပြီး စက်ပုန်းခုတ်သွားတယ်၊ ဆိုရှယ်လစ် စနစ်ကို အမှန် ယုံကြည်မှု မရှိခဲ့ဘဲ ဦးနေ၀င်းနှင့် အပေါင်းအပါတို့ရဲ့  အာဏာတည်မြဲရေးအတွက်သာ လုပ်ခဲ့ကြပုံ၊ ခွင့်လွှတ် နိုင်ဖွယ် မရှိသော အမှားကြီးများကို ဦးနေ၀င်းဟာ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပုံ၊ ဖြုတ်, ထုတ်, ချ ခံရသော တပ်မတော် ထောက်လှမ်းရေးအကြောင်း၊ မျက်မှန်ကြီး ဗိုလ်မှူးချုပ်တင်ဦးအကြောင်း၊ ဦးနေ၀င်းရဲ့  အတွင်းရေး ဇာတ်လမ်းများအကြောင်း၊ တောခိုခဲ့တဲ့ ဗိုလ်ကြီးကျော်စွာမြင့်အကြောင်းနဲ့တပ်မတော်ပြုပြင်ပြောင်းလဲရေးကိုလိုလားပြီးအာဏာရှင်တွေကိုဖြုတ်ချဖို့ ကြံစည်တဲ့ဗိုလ်ကြီးအုံးကျော်မြင့် ကွပ်မျက်ခံခဲ့ရပုံနှင့် တပ်မတော်သားများ၏ ကြည်ညိုလေးစားမှုကိုခံယူခဲ့နိုင်တဲ့ သူရဲကောင်း ဗိုလ်ချုပ်ကြီးသူရတင်ဦးအကြောင်း စတာတွေ ပါဝင်တဲ့ ဒုဗိုလ်မှူးကြီး ကြည်ဆွေရဲ့  အာဏာရှင်ကြီးများ၏ အတွင်းရေး စာအုပ်ကို စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ် က အပတ်စဉ် အခန်းဆက်တင်ပြဖို့ စီစဉ်ထားပါတယ်။ ဒီစာအုပ် ရေးသား ထုတ်ဝေခဲ့သူ ဒု- ဗိုလ်မှူးကြီး ကြည်ဆွေဟာ ဒီစာအုပ်ငယ်ကြောင့် ထောင်ဒဏ် ဆယ်နှစ် အပြစ်ပေးခံခဲ့ရပြီး ထောင်ကရရှိခံစားခဲ့ရတဲ့ ရောဂါ ဝေဒနာနဲ့ပဲ ကွယ်လွန်သွားရရှာပါတယ်။ သူ့ရဲ့  မိသားစုဝင်များလည်း မကြာခဏ ခေါ်ယူစစ်ဆေး မေးမြန်းခံခဲ့ရပါတယ်။ ဤ စာအုပ်ပါ အကြောင်းအရာများကို ကျွန်တော် ကိုဖိုးတရုတ် အနေနဲ့ တင်ပြရာမှာ တစ်ပါတီ အာဏာရှင် စနစ်ဆိုး ကျဆုံးသွားရတဲ့ အကြောင်းရင်း၊ တပ်မတော်သားများ အာဏာရှင် စနစ်ကြောင့် တပ်မတော် ဂုဏ်သိက္ခာ ညှးိနွမ်း ကျဆင်းရတဲ့ အကြောင်းရင်းစတဲ့ ရည်ရွယ်ချက် များနှင့် တင်ပြရခြင်းဖြစ်လို့ ခေတ်နဲ့ မလျော်ညီတဲ့ အချို့  အကြောင်းအရာ အချက်အလက်များကို စီစစ် တည်းဖြတ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် န၀တခေတ်၊ နအဖခေတ်တို့မှ အာဏာရှင်များရဲ့  အတွင်းရေးများနဲ့ ဤစာအုပ်ပါ အာဏာရှင်တွေရဲ့  အတွင်းရေး ဇာတ်လမ်းများ ဆက်စပ်မှု ရှိခဲ့ပုံတွေကို ကျွန်တော် ကိုဖိုးတရုတ်က စစ်ဖက်နီးစပ်သူများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဒီစာအုပ်ပါ အချက်အလက်များကို ကျောရိုးထားကာ နောက်ဆုံး အခြေအနေနဲ့ အကျုံးဝင်နေတဲ့ စစ်တပ်အတွင်းရေး အကြောင်းအရာ အချက်အလက် အသစ်များကို ထပ်မံဖြည့်စွက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ယခု အပတ်မှာတော့ တပ်မတော် ထောက်လှမ်းရေး အကြောင်း ဦးစွာ တင်ပြသွားပါမယ်။


တပ်မတော် ထောက်လှမ်းရေး- အပိုင်း (၁)

ယခင်က တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့များကို စစ်မြေပြင် ထောက်လှမ်းရေး သဘောတရားလောက်နှင့် လုံခြုံရေးပညာများကိုသာ မတောက်တခေါက် သင်ကြားရစေပြီး တာဝန်ပေးခဲ့ရသဖြင့် ထောက်လှမ်းရေး အမှုထမ်း ရွေးချယ်မှုမှစပြီး တပ်ဖွဲ့စည်းမှုအထိ ဖြစ်သလိုသာ စခန်းသွားခဲ့ကြရပါသည်။ ထောက်လှမ်းရေး တပ်ဖွဲ့များအနေနှင့် တပ်များအား လည်းကောင်း၊ စစ်ဌာနချုပ်များအား လည်းကောင်း၊ ထိထိရောက်ရောက် မကူညီနိုင်ခဲ့ပါ။ ထို့ကြောင့် ထိုစဉ်အခါက တပ်မတော် စစ်ဆင်ရေးများသည် "ငါးပွက်ရာ ငါးစာချ" ဟူသကဲ့သို့ စိတ်မှန်းနှင့်လည်းကောင်း၊ သတင်းကြားနှင့်လည်းကောင်း စစ်ဆင်ရေး လုပ်ရသကဲ့သို့ ဖြစ်ခဲ့ကြပါသည်။ ရန်သူနှင့် ထိပ်တိုက်တိုးမှ သော်လည်းကောင်း၊ ရန်သူက လာတိုက်မှသော်လည်းကောင်း၊ စစ်ဆင်တိုက်ခိုက်ကြရပြီး မိမိတပ်များက ထောက်လှမ်းစီမံချက်ဖြင့် စစ်ဆင်တိုက်ခိုက်နိုင်သည့် အခြေအနေမှာ မရှိသလောက်ပင် ဖြစ်ခဲ့ရပါသည်။ အဲဒီနောက် ထောက်လှမ်းရေးကို အင်အားတိုးချဲ့ လာရာမှ တန်ခိုးထွားလာပြီး အာဏာရှင်တွေရဲ့  လက်ကိုင်ဒုတ် အဖွဲ့အစည်း ဖြစ်လာပြီး တပ်တွင်းအာဏာလုပွဲတွေမှာ အသုံးချခြင်းမျိုးနဲ့ နိုင်ငံရေးသမားများကို လျှို့ ဝှက် ထောက်လှမ်းကာ လက်နက်ပုန်းများဖြင့် နှိပ်ကွပ်တဲ့ အဖွဲ့အစည်း အသွင်တစ်ရပ်အဖြစ် ကြောက်မက်ဖွယ် ဖြစ်လာပုံတွေကို တင်ပြသွားပါမည်။ ဒါ့အပြင် အာဏာရှင်များ အချင်းချင်း ထောက်လှမ်းရေး အဖွဲ့အစည်းအား ဖျက်သိမ်း ပစ်နိုင်သော်လည်း ထပ်မံ ဖွဲ့စည်းလိုက်တဲ့ ဗိုလ်ချုပ် ခင်ညွှန့် ဦးစီးတဲ့ ထောက်လှမ်းရေးအဖွဲ့ဟာ ပြန်လည် ခေါင်းထောင်လာပုံတွေကို ကျွန်တော် ကိုဖိုးတရုတ်က စစ်ဖက်နီးစပ်သူများမှ တဆင့် ဖြည့်စွက် ဖော်ပြသွားပါမည်။

ဗမာ့တပ်မတော်တွင် ထောက်လှမ်းရေးကို စိတ်ဝင်စားမှု အရှိဆုံး ပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်ကြီး နေ၀င်း ဖြစ်ပါသည်။ ၄င်းကိုယ်တိုင် အမြဲကြီးကြပ်ခဲ့ပြီး လေ့ကျင့်သင်ကြားမှုမှစ၍ ၄င်းကိုယ်တိုင် ညွှန်ကြားလေ့ရှိပါသည်။ ၁၉၅၈ ခုနှစ်ခန့်မှစ၍ ထောက်လှမ်းရေးသင်တန်းများကို စနစ်တကျ ပြန်လည်ပြုလုပ်ရန် ဗိုလ်မှူးတင်ဦးက ကြိုးစားခဲ့ရာတွင် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဗိုလ်မှူးကြီးလွင်တို့က ညွှန်ပြကူညီခဲ့ကြောင်း သိရပါသည်။

တပ်မတော်၏ အင်အားမှာ တဖြည်းဖြည်း ကြီးထွားခဲ့သော်လည်း လက်နက်ကိုင်တိုင်းရင်းသားများ၏ အင်အားမှာ လျော့နည်းသွားခြင်း မရှိသလောက် ဖြစ်ခဲ့ရပါသည်။ ယင်းကဲ့သို့သော အခြေအနေမျိုးတွင် တပ်မတော်တွင်း၌ ထူးခြားချက် တစ်ရပ်ပေါ်ပေါက်လာခဲ့ရပါသည်။

တချိန်က ကရင်လက်နက်ကိုင် တိုင်းရင်းသားများ၏ ဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ်မြောက်ခဲ့သော ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်သည် ဗမာ့တပ်မတော်တွင် အတော်ထင်ရှားသူ တစ်ဦး ဖြစ်ခဲ့ပါသည်။ အလွန်လေ့လာသူ ဖြစ်၍ ယခင်က နိုင်ငံရေးသမားဟောင်းကြီးများကပင် လေးစားခြင်းကို ခံရသူ ဖြစ်ပါသည်။ ဗမာ့တပ်မတော်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတခု၏ တပ်မတော်ပီပီ "မူ" ထက် "လူ" ကို အရေးထား အဆုံးအဖြတ် ပြုသွားသည်မှာ အများအပြား ရှိခဲ့ပါသည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးမောင်မောင်သည် တိုင်းရင်းသား လက်နက်ကိုင် မချုပ်ငြိမ်းသမျှ နိုင်ငံ၏ တိုးတက်မှုကို အဟန့်အတား ပြုနေမည်ဟု ယုံကြည်သူ ဖြစ်ပါသည်။ တိုင်းရင်းသား လက်နက်ကိုင် နှိမ်နင်းရေးတွင် တပ်မတော်မှ ထောက်လှမ်းရေး တပ်ဖွဲ့များကို အလွန်အားမရဖြစ်ခဲ့သူ ဖြစ်ပါသည်။ ဗိုလ်မှူးကြီးလွင်မှာ ဗိုလ်မှူးချုပ် မောင်မောင်အား အလွန်ကြောက်ရကြောင်း မကြာခဏ ပြောလေ့ရှိပါသည်။ ဗိုလ်မှူးတင်ဦးနှင့် ဗိုလ်မှူးချုပ် မောင်မောင်မှာ အကြီးအကျယ် ပဋိပက္ခ ဖြစ်ခဲ့ကြပြီး၊ ဗိုလ်မှူးတင်ဦးက တပ်မတော်မှ နှုတ်ထွက်တော့မည်ဆိုကာ ထောက်ကြံ့မြို့နယ် ဘက်တွင် ခြံကြီးများဝယ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အကြီးအကျယ် လုပ်ခဲ့ပါသည်။

ဗိုလ်မှူးချုပ် မောင်မောင်သည် ထောက်လှမ်းရေး တပ်ဖွဲ့များကို အားမရရာမှ အမေရိကန် စီအိုင်အေနှင့် အဆက်အသွယ် ရခဲ့ပြီး လျှို့ ဝှက်ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ရန် အကြီးအကျယ် စီစဉ်ခဲ့ပါသည်။ ထိုအချိန်မှာပင် ဗိုလ်မှူးတင်ဦးကလည်း ဘောင်ဒရီလမ်းတွင် ထောက်လှမ်းရေး သင်တန်းများကို စတင်၍ ကိုင်တွယ် လေ့ကျင့်ခဲ့ပါသည်။ ဗိုလ်မှူးတင်ဦးသည် အင်္ဂလန်တွင် တပ်ထိန်း သင်တန်းတက်ခဲ့ရသဖြင့် စစ်သုံ့ပန်းများ ကိုင်တွယ်ထိန်းသိမ်းခြင်းကို ကောင်းစွာသဘောပေါက် နားလည်ခဲ့သူ ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဗိုလ်မှူးလေးမောင် (ပြည်သူ့တရားသူကြီး အဖွဲ့ဝင်) နှင့်အတူ နိုင်ငံခြား ထောက်လှမ်းရေး သင်တန်းများကို လျှို့ဝှက် တက်ရောက်ခဲ့သူလည်း ဖြစ်ပါသည်။ ဗိုလ်မှူးချုပ် မောင်မောင် ပြုလုပ်သော ထောက်လှမ်းရေးအဖွဲ့အား ဗိုလ်ချုပ်ကြီးနေ၀င်းမှ ဖျက်ဆီးခဲ့ပြီးနောက် ဗိုလ်မှူးတင်ဦးသည် ဗိုလ်မှူးလေးမောင် အကူအညီဖြင့် ထောက်လှမ်းရေး သင်တန်းများကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့ပါသည်။ သူတို့အား အထူး အကူအညီ ဖြစ်စေခဲ့သူမှာ အင်္ဂလန် ရှက်ဖီးရဲ သိပ္ပံသို့ တက်ရောက်ခဲ့ပြီးမှ အလုပ်မခန့်သော ဗိုလ်မှူးအေးလွင် ဖြစ်ပါသည်။ ဗိုလ်မှူးအေးလွင်အား တွေ့ရှိ၍ တပ်မတော်အရာရှိ အဖြစ် ခန့်အပ်ခဲ့ကြပါသည်။

ဗိုလ်မှူးအေးလွင်မှာ တက္ကသိုလ်တွင် ဓာတုဗေဒဆရာ လုပ်ခဲ့သူ ဖြစ်ပြီး အင်္ဂလန်ရဲ သိပ္ပံမှ ဆင်းလာခဲ့သူ ဖြစ်ရုံမျှမက အမေရိကန် အီလီနွိုင်းရှိ အသုံးချ သိပံ္ပကျောင်းမှ မှုခင်းစုံစမ်းရေး သိပံ္ပ ပညာဘွဲ့ကိုလည်း ရရှိသူ ဖြစ်ပါသည်။ ထောက်လှမ်းရေး သင်တန်းများတွင် အလွန်အရေးပါသော သိပံ္ပပညာရပ်များအား သင်ပေးနိုင်ခဲ့သူ ဖြစ်ပါသည်။ ၄င်းတို့ သုံးဦး၏ ကြိုးစားမှုကြောင့် လေ့ကျင့်ပေးပြီးသူ တပ်မတော်အရာရှိ အကြပ်တပ်သားများ အများအပြား ရရှိခဲ့ပါသည်။ တော်လှန်ရေးအစိုးရ တက်ပြီးနောက် ဗိုလ်မှူးတင်ဦးသည် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဗိုလ်မှူးကြီး လွင်တို့၏ သဘောတူညီချက်ကို ရယူ၍ ထောက်လှမ်းရေးတပ်သစ်များ ဖွင့်ရန် ကြိုးစားခဲ့သည်။

ထောက်လှမ်းရေး သင်တန်းတက်ပြီး၍ တပ်အတွေ့အကြုံ ရရှိပြီးသော တပ်မတော်မှ အရာရှိများ အကြပ်၊ တပ်သားများအား သက်ဆိုင်ရာ တိုင်း၊ တပ်မ၊ တပ်ရင်းများ၏ ထောက်ခံချက် ရယူ၍ အသစ်ဖွဲ့သော ထောက်လှမ်းရေးတပ်များတွင် တာဝန်ပေးခဲ့သည်။ တပ်များနှင့် နီးစပ်ဝင်ဆန့်မှုရှိပြီး ထောက်လှမ်းရေးပညာ တတ်မြောက်ပြီးသူများကို အသုံးချလာခြင်းဖြစ်၍ တပ်များ၏ အကူအညီရရှိခြင်း၊ ပြည်သူလူထုကြားတွင် ပိရိစွာ နေထိုင်တတ်ခြင်း စသည်တို့ကြောင့် ထောက်လှမ်းရေး လုပ်ငန်းများသိသိသာသာ အောင်မြင်လာခဲ့ပါသည်။

ဒုတိယပိုင်းမှာတော့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးကျော်စွာမြင့် ရုတ်တရက် တောခိုသွားမှုကြောင့် တပ်တွင်း ကြီးမားစွာ ဂယက်ရိုက်သွားပုံကို ဆက်လက် တင်ပြသွားပါမယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Maya Magazine] 1 New Entry: မမေ့နိုင်တဲ့ ဘန်ကောက်သူခိုးနဲ့ မန်းကျည်းသီးထောင်းကြော်ရေးသူ-မောင်မင်းရာ

မမေ့နိုင်တဲ့ ဘန်ကောက်သူခိုးနဲ့ မန်းကျည်းသီးထောင်းကြော်ရေးသူ-မောင်မင်းရာ

ဘန်ကောက်မှာရောက်တုန်း မိတ်ဆွေတယောက်ကို တွေ့ချင်တာနဲ့ ဆုံရအောင်လို့ တနေရာမှာချိန်းကြတယ်။ ၁၀ နှစ်လောက်ကြာပြီ မတွေ့ကြတာ။ ဒီကြားထဲ ဖုံးနဲ့ပဲ အမေရိကနဲ့ ထိုင်း စကားပြောကြရတာကိုး။ WTC (World Trade Center) ကို လာဖို့ ဖုံးထဲမှာ ချိန်းလိုက်တယ်။
ကိုယ်တည်းတဲ့ First Hotel နဲ့ ဆို၊ WTC က သိတ်မဝေးလှဘူး။ တကွေ့ပဲလေ......။
မနက် hotel မှာ breakfast စားပြီးကတည်းက အနီးအနားမှာ လျှောက်သွားနေတာ။ WTC နားရောက်တော့ မိတ်ဆွေနဲ့ ချိန်းထားတဲ့အချိန်က မိနစ်လေးဆယ်လောက် စောနေတယ်။ ဟိုတယ်ပြန်ပြီး တခေါက်ပြန်လာရင်လဲ သွားလိုက်လာလိုက်မို့ WTC လှေခါးရင်း မှာပဲ ထိုင်နားရင်း လမ်းသွားလမ်းလာတွေကို ငေးမော့နေမိတယ်။



ကိုယ့်ပုံက လွန်ခဲ့တဲ့ ၁၀ နှစ်၊ ထိုင်းမှာနေစဉ်ကလို ဆံပင်တိုတို၊ ရှပ်အင်္ကျီလက်တိုနဲ့ ထိုင်းပုံ မပေါက်တော့ဘူး။ တီရှပ်၊ ဘောင်းဘီတိုနဲ့ ဆံပင်ရှည်ကို ကြိုးစည်းပြီး၊ မှန်ဘီလူးကြီး ကင်မရာနဲ့ ဘာနဲ့ဆိုတော့ ထိုင်းတွေအခေါ် "ဖလန်း" ပုံထွက်နေတယ်။ ထိုင်တာညောင်းရင် ထသွားပြီး ဟိုနားဒီနားလျှောက်လိုက်၊ ပြန်လာထိုင်လိုက်......။
ကိုယ့်မိတ်ဆွေ မလာခင်ကလေးမှာပဲ လူနှစ်ယောက် အနားကို ကပ်လာပြီး "ခင်ဗျား ဒေါက်တာစန်းအောင်နဲ့ ချိန်ထားတာမဟုတ်လား.... သူလာနေပြီ.. ကျနော်တို့နဲ့ လမ်းမှာတွေ့ ခဲ့တယ်....." တဲ့၊ ဗမာလိုလာမေးတယ်။ အတော်ခက်တဲ့ လူတွေပဲ။ သူတို့ မေးတဲ့ ဒေါက်တာစန်းအောင် ဆိုတာလည်း ကိုယ်မသိ၊ ဘာလုပ်မှန်းလဲ မသိ။ စပ်စပ်စုစု၊ ဘုမသိဘမသိ မဆီမဆိုင် ပေါ်တင်ကြီး ဘာဖြစ်လို့ လာမေးပါလိမ့်.....။
ပိုခက်တာက ကျနော်....။ သူတို့ မေးတာကို မသိချင်ဟန်ဆောင် မနေလိုက်ပဲ.... ကိုယ့်ပါးစပ်က လွှတ်ခနဲ "မဟုတ်ဘူး... ခင်ဗျားတို့ လူမှားနေပြီ" လို့ ဖြေလိုက်မိတယ်။
ကိုယ့်မိတ်ဆွေနဲ့တွေ့လို့ ပြောပြတော့ ခင်ဗျားကို မေးနေတာ အဝေးက ကျနော်လှမ်းမြင် တယ်။ သူတို့ကို ကျနော်သိတယ်။ ရခိုင်နှစ်ယောက်ဗျ......။
ဟုတ်လောက်တယ်....။ သူတို့အသံက ခပ်ဝဲ၀ဲ...။
သွားရင်းလာရင်း တနေရာရောက်တော့ ဆိုင်တဆိုင်မှာ လူနှစ်ယောက်ခေါင်းချင်းဆိုင် စကားပြောနေကြတာကို "ဒီဘက်က လူက ဒေါက်တာစန်းအောင်ဗျ...." ဆိုပြီး မသိမသာ ပြ ပေးတယ်။ သူတို့က ဘယ်သူတွေလဲ၊ ဘာတွေလဲ မေးကြည့်တော့ မိတ်ဆွေက ပြောတော့ ပြောပါတယ်။ ခုတော့ မေ့သွားပြီ။
နယ်ဘက်က သူငယ်ချင်းတယောက်ကို လက်ဆောင်ပေးချင်လို့ မိတ်ဆွေရဲ့အကူနဲ့ short wave radio တဆိုင်ဝင်တဆိုင်ထွက် လိုက်ရှာကြတာ၊ နေ့တ၀က်ကျိုးရော။ တော်တော်လည်း မောသွားကြတယ်။ Sogo အပေါ်ထပ်တနေရာက food court မှာ နေ့လည်စာ စားကြဖို့ ထိုင်လိုက်ကြတယ်။ ကျနော်က အဲဒီလို တိုကင်ဝယ်ပြီး ကြိုက်ရာဆိုင်မှာ ကြိုက်တာ ၀ယ်စားရတာ ကြိုက်တယ်။
တိုကင်ဝယ်တဲ့နေရာမှာ ကျနော်က တိုကင် ဘတ် ၁၀၀ ဖိုး အရင်ဝယ်လိုက်တယ်။ ပြီးတော့ လူရှင်းတဲ့ စပွဲတလုံးမှာ ထိုင်ဖို့ရွေးလိုက်ကြတယ်။ ကျနော်တို့ ၀ယ်လာတဲ့ ပစ္စည်းအထုတ်အပိုးတွေနဲ့ ကျနော့ ကင်မရာကို မျက်နှာချင်းဆိုင် ကျနော်တို့ထိုင်တဲ့ စပွဲအလည်မှာ နှစ်ယောက်မြင်သာအောင် တင်လိုက်တယ်။
ကျနော်တို့နှစ်ယောက်၊ ကျနော့်အကြိုက် ၀က်အခေါက်ကင်ကြွပ်ကြွပ်ကို ပါးပါးလှီးပြီး ထမင်းပေါ်ပုံပေးပြီး၊ ပဲငံပြာရည်အချိုကို အပေါ်ကဆမ်းပေးတာ စားကြတယ်။ ကျနော်က ဘီယာသောက်၊ သူက အချိုရည်သောက်တယ်။ သူ့အတွက် အချိုရည် ကျနော်သွားထယူပြီး ပြန်လာတော့ သူထိုင်တဲ့ဘက်က စားပွဲပေါ်မှာ ၀ယ်စားလို့ရတဲ့ တိုကင်စာရွက် နွမ်းကြေကြေနှစ်ရွက် တင်ထားတာတွေ့တယ်။ ဘယ်သူ့ဟာလဲ ကျနော်က မေးကြည့်တော့ သူက မသိဘူးလေ ခုန ဒီဘေးက ဖြတ်သွားတဲ့ လူတယောက်က ကျနေတယ် ဆိုပြီးပြသွားလို့ ကျနော်လဲ ခင်ဗျားကျသွားတာ မှတ်ပြီး ကောက်တင်ထားလိုက်တာတဲ့။ ကျနော်လဲ ကိုယ့်တိုကင်တွေက အသစ်ချပ်ကျွတ် စက္ကူချုပ်စက်နဲ့ ချုပ်ထားတာမို့ သူ့ဘေးမှာချထားတာ ကိုယ့်ဟာမဟုတ်တာနဲ့ ကိုင်မကြည့်တော့ဘူး။
စကားလေးတပြောပြောနဲ့ ကျနော်တို့ အေးအေးဆေးဆေး စားနေရာက ကိုယ့်မိတ်ဆွေက အလန့်တကြား ထ, အော်တယ်။
"ဟာ.... ကျနော့် အိပ်၊ ကျနော့်အိပ်......."
ဘယ်မှာထားလို့လဲ မေးတော့ ဒီနောက်ကျောမှာ ကျနော် မှီထားတာလေ.... တဲ့။ မရှိတော့ဘူး။ ခုံအောက်မှာလဲ ကျမနေဘူး။ နေရင်းထိုင်ရင်း ရှင်းရှင်းကြီး ပျောက်စေဆရာ တန်ခိုးနဲ့ လုပ်လိုက်သလို ပျောက်သွားတာ။ သူနဲ့ကိုယ်နဲ့ စကားပြောနေတုန်း နောက်ကိုလဲ ဘယ်သူမှာ ကပ်မလာသလို ဘေးကလဲ ဘယ်သူမှ ဖြတ်မလျှောက်သွားဘူး။ ကိုယ်တို့ခုံနဲ့ နောက်ခုံကလှမ်းသလို နောက်ခုံမှာလဲ ဘယ်သူမှ လာမထိုင်ဘူး။ သူ့ကျောနဲ့ထိထားတာပဲ၊ လာဆွဲရင်တောင် သိလောက်တယ်။
အိတ်က စာရွက်စာတမ်းတွေထည့်တဲ့ ပုံရိုးရိုးလက်ဆွဲသရေအိတ်ကလေး။ ဘာတွေပါ သွားလဲ မေးကြည့်တော့ အဖိုးတန်တာဆိုလို့ ဈေးဝယ်ဖို့ money changer မှာ ကျနော်ငွေမလဲခင်၊ သူ့အတွက် ကျနော်လက်ဆောင်ပေးတဲ့ ဒေါ်လာ ရာတန် တရွက်ရယ် သူ့ ပတ်စပို့ရယ် တဲ့။
မိန်းမက အိမ်မှာ မမာဘူး။ သူသိရင် သူအတော် စိတ်မကောင်းဖြစ်မှာတဲ့။ ဟုတ်တယ်လေ။ ကျနော်သိတယ်။ အစ်မ (မိတ်ဆွေမိန်းမ) က ကင်ဆာဖြစ်နေတာ ကြာပြီ။ ကျနော်လဲ အတော် စိတ်ထိခိုက်သွားတယ်။ သူက လူကြီးဆိုတော့ ဟန်မပျက်ပေမဲ့ ကိုယ်က ကိုယ့်ပစ္စည်းပါသွားသလို ရင်ထဲမှာ နာနေပြီ။ သူ့မိသားစု ရပ်တည်မှု၊ အစ်မ (သူ့ဇနီး) ကျန်းမာရေးကို ကျနော်က ကိုယ်ချင်းစာပြီး ရင်ထဲ ထိခိုက်နေတာ။ ကျနော်တို့ စားတာကို ချက်ချင်းရပ်လိုက်ပြီး ဟိုနားဒီနား လျှောက်လိုက်ကြည့်သေးတယ်။ တွေ့ဖို့မလွယ်ပါဘူး။ သူခိုးက ဒီလောက်အချိန်တွင်းတော့ အိမ်မှာတောင် ပြန်အိပ်နေလောက်ပြီ။
အသေအချာ ပြန်စဉ်းစားတော့ ခ.မ.သ သူခိုးက အလွယ်ဆုံး အရှင်းဆုံးနည်းနဲ့ လုပ်သွားတာပဲ။ တဘတ်တန် တိုကင်အဟောင်းကလေး နှစ်ရွက်ကိုရင်းပြီး အိတ်ကို တိုသွားတယ်။ တိုကင်စာရွက်ကို ထိုးပြပြီး အာရုံပြောင်းလို့ ငုံ့ပြီးအကောက်၊ အိတ်နဲ့ကျောနဲ့ အကွာမှာ နောက်က တယောက်က အိတ်ကို ယူလိုက်တာ။
သူ့သမီးကလေး ပန်းချီဆွဲဖို့ ကျနော်လက်ဆောင်ပေးတဲ့ ပန်းချီပစ္စည်းကလေးတွေက ကျနော်တို့ ဈေးဝယ်လာတဲ့ အထုတ်တွေနဲ့ စပွဲပေါ် ရောတင်ထားလို့ ကျန်ခဲ့ရှာတယ်။ သူအသံသွင်းဖို့ ကျနော်ဝယ်ပေးတဲ့ mini diskette ကလေး ၄ ချပ် ကတော့ သူခိုးမ, သွားတဲ့ အိတ်ထဲပါသွားလို့ ကျနော်ထပ် ၀ယ်ပေးလိုက်တယ်။ ပါသွားတဲ့ ဒေါ်လာ ၁၀၀ လဲ ကျနော် အစားပြန်ပေးလိုက်နိုင်တယ်။ နှမြောတာက pass port ပဲ။ လုပ်ထားတာ လက်ရာကလေးက အတော်သန့်တာတဲ့။ လာအိုမှာ သွားပြီး စတေးရှောင်ထားတာ မကြာသေးဘူးတဲ့။
ကိုယ် ထိုင်းမှာ နေစဉ်အခါကတော့ ကိုယ်က ဒုက္ခသည်။ ပိုက်ဆံ သိတ်မရှိတော့ သူခိုးသူဝှက်ကိုလဲ ဒီလောက်ဂရုမစိုက်ခဲ့ဘူး။ ဒီတခေါက်မှာတော့ ဖတ်မှတ်လေ့လာထားတဲ့ စာအုပ်တွေအရ ဟွလန်ဖုံး (ဘန်ကောက်မီးရထားဘူတာကြီး) နားတ၀ိုက်၊ တရုတ်တန်း၊ ကုလားတန်းသွားရင် ခါးပိုက်နှိုက်ကြည့်သွားလို့ tourist guide book တွေက ဆိုထားတာ။ ဒီလို အရှင်းကြီးမှာ လာလုပ်လိမ့်မယ်လို့ မထင်ခဲ့ပဲကိုး။
နောက်သုံးနှစ်လောက်ကြာတော့ အစ်မလဲ ကင်ဆာရောဂါနဲ့ပဲ ဆုံးသွားပါတယ်။
အဲဒီ အခေါက်မှာ အစ်မလက်ဆောင်ပေးလိုက်တဲ့ သူ့အိမ်မှာ စားလက်စ မန်းကျည်းသီး ထောင်းကြော်ကို ဒီနေ့ထိသတိရတုန်း.....။ သူပေးလိုက်တဲ့အတိုင်း ပုလင်းသုံးပုံတပုံလောက် ကျန်တဲ့ မန်းကျည်းသီးထောင်းကြော်ကို ယူလာပြီး၊ ဖက်ဗူလီထောင့်က လဟာပြင်ဈေးကလေး မှာ ပလပ်စတစ်ဗူး တခုဝယ်လိုက်တယ်။ ဟိုတယ်ရောက်တော့ အမေရိကကို ယူသွားဖို့ ဗူးထဲထည့်ရင်း မြည်းကြည့်လိုက်တာ..... ဟာ ကောင်းမှကောင်း၊ စပ်မှစပ်။
ကမန်းကတန်း ဟိုတယ်အောက်ပြေးဆင်း၊ ထမင်းတထုတ်ဝယ်ပြီး ကင်(မ်) (စား) လိုက်တာ အလွိုင်ဒီ (အရသာရှိ) ပဲ။ အမေရိကရောက်တော့လဲ ကုန်သွားမှာ နှမြောလို့ တခါစားနည်းနည်းနဲ့ တဖြေးဖြေးချွေစားရတယ်။ ဒီအကြောင်းကို ဖုံးထဲမှာ မိတ်ဆွေနဲ့ အစ်မကို ပြောပြတော့ ၀မ်းသာပြီး စာတိုက်ကနေ တဗူးကြီး ထပ်ပို့ပေးလိုက်သေးတယ်။

မောင်မင်းရာ။
၂၀၀၈ စက်တင်ဘာ။

You received this email because you are subscribed to the real_time feed for http://mayaonlinemagazine.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.