Sunday, October 5, 2008

[My DiArY] 1 New Entry: Spass ရောဂါတဲ့လား ?????

Spass ရောဂါတဲ့လား ?????

Snap Shotဒီကမှီးပါသည်

စင်ကာပူရောက် မြန်မာ အလုပ်သမားများ ဖြစ်လေ့ရှိတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အဲဒါကတော့ S Pass ရောဂါပါပဲ။ S Pass မှ မရရင် မသွားချင်ဘူး စတဲ့ အသံတွေ တော်တော် ကြားလာရပါတယ်။ သူတို့နိုင်ငံမှာ အလုပ်အကိုင်ကို ခွဲတမ်းနဲ့ ချပေးတာပါ။ ကုမ္ပဏီ တစ်ခုချင်းစီရဲ့ အရွယ်အစား၊ လူအင်အား၊ လုပ်ငန်း ပမာဏတို့ကို ကြည့်ပြီး အစိုးရက သတ်မှတ်ထားတဲ့ အချိုးအစားတွေ ရှိပါတယ်။ ကိုယ့်နိုင်ငံသား ဘယ်ယောက် ခန့်ရမယ်။ နိုင်ငံခြား အလုပ်သမား ခန့်ထားရာမှာ E.P အဆင့်က ဘယ်နှစ်ယောက် S Pass က ဘယ်နှယောက်၊ WP က ဘယ်နှယောက်ဆိုတဲ့ ခွဲတမ်း သတ်မှတ်ချက် ရှိပါတယ်။
ကိုယ်အလုပ်လုပ်မယ့် ကုမ္ပဏီမှာ ခွဲတမ်းကျန်မှ ကိုယ်လိုချင်တဲ့ Pass အမျိုးအစားကို ရနိုင်တာပါ။ ဒါဟာ သိထားသင့်တဲ့ အချက်တစ်ခုပါ။ အေးဂျင့်က ပြောတယ်။ S Pass ရမယ်။ ထွက်သွားပြီး ဟိုရောက်တော့ မရဘူး။ W.P ပဲရမယ်။ အဲဒီတော့ အေးဂျင့်လိမ်တယ် ဖြစ်ရော။ တကယ်တော့ လုပ်သားတစ်ယောက်ကို ဘာ Pass ထုတ်ပေးမယ် ဆိုတာ စင်ကာပူ အစိုးရကပဲ သတ်မှတ်တာပါ။ အလုပ်ရှင်က သတ်မှတ်လို့ မရပါဘူး။ အလုပ်ရှင်ဘက်က လစ်လပ်နေရာနဲ့ လုပ်သားရဲ့ စာရွက်စာတမ်း အထောက်အထားတွေ တင်ပြပြီး လျှောက်ထားရတာပါ။ အရင်တုန်းကတော့ WP ရထားရင် ကိုယ့်လုပ်သက် တစ်လျှောက်လုံး WP ပဲ ဖြစ်နေတာမျိုးပါ။ အခုဒီလို မဟုတ်တော့ပါဘူး။ အလုပ်ရှင်က ခန့်ထားချင်တယ်။ အရည်အချင်းကလည်း S Pass ပေးရမယ့် အရည်အချင်းမျိုး။ ဒါပေမဲ့ သူ့ကုမ္ပဏီမှာ S Pass ခွဲတမ်းက မကျန်တော့ဘူး။ WP ခွဲတမ်းပဲ ကျန်တယ်။ လက်ခံနိုင်ရင် WP အတန်းမှာ ဝင်လုပ်။ S Pass အတွက် နေရာရှိလာတဲ့အခါ ပြောင်းလျှောက်ပေးမယ်။ အရင်တုန်းက WP သမားတွေကို အမြဲနေထိုင်ခွင့် PR ချမပေးဘူး။ အခု ချပေးတယ်။ သူ့နိုင်ငံ သူ့ဥပဒေကို လေးစားလိုက်နာရင် ဘာအဆင့်အတန်းမှ ခွဲမနေဘူး။ အလုပ်တကယ် လုပ်မယ် ရည်ရွယ်ရင်တော့ ဘာ Pass ပဲရရ လုပ်သင့်ပါတယ်။

မန်မာပြည်ကနာမည်ကြီး ဂျာနယ်က ဆောင်းပါး တစိတ်တပိုင်းပါ။ သူပြောချင်တာ မှန်သင့်သလောက်မှန်ပေမဲ့ မပြည့်စုံဖူးလို့ထင်ပါတယ်။ အဓီက ကတော့ EP ၊ Spass ၊နဲ့ WP ကွာခြားမှုပါ ။
သူပြောသလို Company က Spass လျှောက်ပေးချင်ရက်နဲ့ ခွဲတန်း မကျန်လို့ WP ပဲရမယ် ဆိုရင်တော့ Agent ကလိမ်တာပါ ။ ဒီက Company တွေတော်တော်များများက ခွဲတန်းမရှိရင် ခေါ်ဖို့ကိုမစဉ်းစားတော့ပါဘူး ။ သူပြောသလို WP တွေကို အခု PR ပေးပြီ ဆိုတာ တခါမှမ တွေ့ဘူးသေးပါဘူး။ အခုလောလောဆယ်တော့ ဝမ်းကွဲမောင်လေးတယောက်တောင် WP နဲ့ တနှစ်လောက် အလုပ်လုပ်ပြီ: Student Pass ပြောင်းတာမရပါဘူး။

သူ့နိုင်ငံ သူ့ဥပဒေကို လေးစားလိုက်နာရင် ဘာအဆင့်အတန်းမှ ခွဲမနေဘူး။
ဒါဟာလည်း တကယ်တော့ ကွဲပြားပါတယ် ။ PR နဲ့ Singaporean တောင် မတူနဲ့အခွင့်အရေးကို ကျန်တဲ့ Pass သမားတွေကော အားလုံး တန်းတူ ဆိုတာ မဟုတ်နိုင်ပါဘူး။

အလုပ်တကယ် လုပ်မယ် ရည်ရွယ်ရင်တော့ ဘာ Pass ပဲရရ လုပ်သင့်ပါတယ်။
ဒါကတော့ အဆိုးဆုံး အကြံပေးချက်ပါပဲ။ သူပြောတာကို နားရောင်ပြီး Agent တွေ လှိမ့်မှု နဲ့ WP နဲ့အလုပ်လုပ်မိမှာစိုးမိပါတယ်။ သူ့အနေနဲ့က တော့ စာမူခရပြီးပြီပေါ့ ။ တကယ်တသက်လုံးခံရမှာက ကာယကံရှင်ပါ။ကျွန်မ အနေနဲ့ကတော့ စလုံးမှာ WP နဲ့အလုပ် လုပ်ဖို့ အားမပေးပါဘူး။ ဒါကလည်း ခွဲခြားခွဲခြားလုပ်ချင်တဲ့စိတ်ကြောင့်မဟုတ်ပါဘူး ။ ဒီလိုအရေးအသားတွေကြောင့် EP / SP ရသင့်ရဲ့သားနဲ့ WP လျှောက်ပေးလဲ ရပါတယ် ဆိုပြီ Agent တွေ လှိမ့် တာကို လက်ခံလိုက်ရမှာစိုးတာပါ။ အထင်တော်လွဲပြီ အမုန်းမပွါး ဖို့လဲ မေတာရပ်ခံပါတယ်ရှင် ။


ဂျာနယ်သာ အားကိုးပြီးဖတ်နေရတဲ့ ရွှေပြည်တော်မှာ Information အမှန်တွေ ရပါစေလို့ ဆုတောင်းပါတယ်။

Ref: MOM

You received this email because you are subscribed to the real_time feed for http://maymoe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.