ရေတိမ် ..။
You received this email because you are subscribed to the real_time feed for http://www.nnai.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.
You received this email because you are subscribed to the real_time feed for http://www.nnai.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.
ဟိုရက်က အသိတစ်ယောက်က သူ့ ရဲ့ ဂျီမေးကို တစ်ယောက်ယောက် ၀င်ကြည့်တယ်လို့  သံသယရှိနေတယ်။ အဲလို သူမသိပဲ ၀င်လို့ ရလား၊ ဘယ်လို သိနိုင်မလဲလို့  မေးလာတယ်။ ဒါနဲ့  ကျွန်မ အရင်က တပိုင်းတစ်စ ရေးပြီး ရပ်ထားတဲ့ Gmail Security နဲ့  ပတ်သတ်တာလေးကို အဆုံးသတ်အောင် ရေးဖြစ်ခဲ့တယ်။
နားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်။ ဒီသီချင်းကို နားထောင်လိုက်တိုင်း...
စိတ်ညစ်လို့  အရက်သောက်တာပါ...
အသည်းကွဲလို့  အရက်သောက်တာပါ...
ဆိုတဲ့ အပြောတွေနဲ့  အရက်ကို သိက္ခာကျအောင် မလုပ်ပါနဲ့ ...
အရက်ကို ကြိုက်လို့ သာ သောက်စမ်းပါ..
ငါတို့ ကတော့ အရက်ကို ကြိုက်လို့ ပဲ သောက်တယ်ဟု... အမြဲပြောလေ့ရှိတဲ့ သူငယ်ချင်းတွေကို.. သတိရမိတယ်....
အခုနလေးတင်မှ အလုပ်ရောက်တယ်...
ဒီနေ့  မနက်ပိုင်း ခွင့်ယူထားတာ... အခု အိပ်ချင်နေတယ်...
ညက အိပ်ရေး မ၀ဘူး... နေ့ တစ်ဝက် အလုပ်လုပ်ရအုံးမယ်...
လုပ်စရာတော့ သိပ်မရှိဘူး... ညနေ ၆ နာရီဆို ပြန်မယ်...
...
အဖေလာတယ်... ပစ္စည်းတွေ ပေးလိုက်တယ်...
သဘောကျတယ် ပြောတယ်... အခုတော့ပြန်သွားပြီ...
နောက်ထပ်ရောက်အုံးမယ်တဲ့... ကျေးဇူးတွေတင်လို့ ...
မုန့် ဖိုးပေးသွားတယ်... အခု ၃ နာရီ ထိုးပြီ...
...
ဗိုက်ဆာလာတယ်... စိတ်တိုသွားတာကို...
ညစာမှ ပေါင်းစားမယ်... ပြန်မအိပ်လိုက်ရဘူး...
အချိန်တော့ရခဲ့တယ်... ဒီလို ပါပဲ..
ဖြစ်တတ်ပါတယ်.. မကြာခင် ၄ နာရီ ထိုးမှာပါ.
...
သနားနေတာတဲ့လေ... တခြားတစ်ဖက်မှာ ကောင်းပါတယ်..
နေသားကျနေပြီပေါ့တဲ့... အပြောအရမ်းကောင်းသွားလား..
ဒါလူ့ ဘ၀တဲ့... မသေမခြင်းပေါ့
...
၅ နာရီ ရှိနေပြီ...
...
...
...
...
၆ နာရီ .. အိမ်ပြန်ပြီ..
( အခုမှ ညနေ ၃ နာရီကျော် ၄ နာရီ မထိုးသေးတဲ့ အတွက် .. ၅ နာရီ နဲ့  ၆ နာရီကို ဆက်ရေးလို့ မရသေးဘူး.. လုပ်စရာရှိတာလေးတွေ လုပ်အုံးမှ...)
ဒီနေ့  မနက် အိပ်ရာ ထထခြင်းလုပ်တဲ့ အလုပ်က ၄၄ ကြိမ်မြောက် အမေရိကန်သမ္မတခံယူပွဲမှာ အိုဘားမား ပြောတဲ့ မိန့် ခွန်းတွေကို လိုက်ရှာဖတ်ခြင်းပါပဲ။ အိုဘားမား စကားပြောတာကို ရွေးကောက်ပွဲရဲ့ အဖြေကိုသိပြီး ပထမဆုံး ချီကာဂိုမှာ ပြောတဲ့ မိန့် ခွန်း နားထောင်ပြီးကတည်းက အတော်လေး ကြိုက်တယ်။ မိန့် ခွန်း စာသားတွေ ဖတ်ပြီးမှ အသံဖိုင်ကို လိုက်ရှာ နားထောင် ဖြစ်တယ်။
ဓာတ်ပုံကောင်းကောင်းလေးတွေ ရအောင် ရိုက်တယ်ဆိုတာ အရမ်း လွယ်တဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဈေးကြီးကြီး နဲ့  functions တွေ အများကြီးပါတဲ့ Camera နဲ့  ရိုက်တယ်ဆိုယုံ တစ်ချက်တည်းနဲ့ ပုံကောင်းကောင်းတွေ မရနိုင်ပါဘူး။ အလင်းအမှောင်၊ ဓာတ်ပုံနဲ့  ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို သိရှိယုံ မကဘူး၊ ရသ၊ အလှအပတွေကိုလည်း မြင်တတ် ခံစားတတ်ရအုံးမယ်။ (တခြား အချက်တွေ ရှိနိုင်ပါသေးတယ်။)
နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်က ပတ်ဝန်းကျင်ကို ရှက်နေတာ၊ ကြောက်နေတာမျိုး လုံးဝ မရှိရဘူး ဆိုတဲ့ အခက်ပါပဲ။ ဓာတ်ပုံရိုက်တဲ့ အချိန်မှာ ပုံကောင်းကောင်းတွေရဖို့ ကသာ အဓိက ဆိုတဲ့ စိတ်ဖြစ်နေရမယ်။ မရှက်မကြောက် လမ်းမပေါ်၊ လူတွေအကြားမှ ဓာတ်ပုံလှလှလေးတွေ ရအောင် ကြိုးစားနေတဲ့ ဓာတ်ပုံ ဆရာတစ်ဦးကို အမှတ်မထင် တွေ့ ခဲ့လို့ မှတ်တမ်း တင်ထားလိုက်ပါတယ်။
မှန်ချပ်တွေပါ။ အိမ်ခန်းတွေမှာ အလှဆင်ဖို့  အသုံးပြုကြတယ် ထင်တာပဲ။ ဘောင်ခပ်လိုက်တော့ တမျိုး ကြည့်ကောင်း သွားတယ်။
You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
ပြည်တွင်းမှာ ပါတီတွေဖွဲ့ ဖို့ ပြင်နေပြီလို့ ကြားပါတယ်။ ဒေါ်စန္ဒာဝင်း၊ ဒေါ်လဲ့လဲ့နွယ်သိန်း ( အောင်ဆန်းဦး မိန်းမ) နဲ့ ဒေါ်ချိုချို ကျော်ငြိမ်း၊ ထောက်လှမ်းရေး ပြုတ်များနဲ့  တေဇ တို့ ပါဝင်မယ်လို့ သိရတယ်။
မြန်မာ့ လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း ကို သန်းရွှေက တေဇရဲ့  ထူးကုမဏီကိုပေးပစ်တော့မှာဖြစ်ပါတယ်လို့ အလုံ လျှပ်စစ်ဝင်းမှ ၀န်ထမ်းများက ပြောဆိုနေကြပါတယ်။ တေဇက မီတာခ ကို ၁ ယူနစ်ကို ၁၀၀ကျပ် နဲ့  ၁၅၀ ကျပ်ယူမှာ ဖြစ်ပါတယ်။ အိမ်ထောင်စုတစု ကို ပျမ်းမျှ ယူနစ် ၁၀၀ ခန့် သုံး ရတယ်လို့ သိရပါတယ်။ ဒါကြောင့် တအိမ်ထောင်ကို မီတာခ တလကို ၁သောင်းခွဲခန့် ကုန်မယ်။
(ဒေါ်လာနဲ့ ၁၅ ဒေါ်လာခန့် ရှိနေပါတယ်။ ) အမေရိကန် နိုင်ငံ ဖေါ့ဝိန်းမြို့ရှိ မြန်မာ မိသားစုတစု မီတာခရဲ့ တန်ဖိုး နဲ့ တူညီနေပါတယ်။ မတူတာကတော့ မြန်မာ နိုင်ငံရှိမိသားတစု ရဲ အနိမ့်ဆုံးဝင်ငွေက တလ ကျပ် သုံးသောင်းနဲ့  ၅သောင်းကြား ( ဒေါ်လာ ၃၀ ခန့် မှ ၅၀ ခန့် ) ရှိနေချိန်မှာ အမေရိကန် ပြည်ထောင်စု ဖေါ့ဝိန်မြို့ရှိ မြန်မာ မိသားတစုအနိမ့် ဆုံးဝင်ငွေက ကျပ် ၂၀ သိန်း ( ဒေါ်လာ ၂၀၀၀ ) ခန့် ရှိနေခြင်းဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေမှာ စစ်အစိုးရအနေနဲ့  လျှပ်စစ် ဓါတ်အားခကို အစိုးရမှ Subsidy စိုက်ထုတ် ဖြေရှင်းမှသာ လက်ရှိဖြစ်နေတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကို ဖြေရှင်းနိုင်မှာဖြစ်တယ်။ တေဇ ကိုပေးလိုက် တာက တေဇ မိသားစု ကောင်းစား ရုံကလွဲ လို့  ပိုက်ဆံမရှိတဲ့ လူထုက တော့ မီးလုံးဝ ပြတ်တောက်သွားမဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကမ္ဘာ့စီးပွားရေးပျက် ကပ်ဂယက်ကြောင့် ရန်ကုန်မြို့ လှိုင်သာယာ ၊ စက်မှုဇုံမှ လုပ်ငန်းများ ရပ်ဆိုင်းလု နီးပါးဖြစ်ကုန်တယ်။ အလုပ်သမားတွေ လျှော့ချပစ်တယ်။ ဘာထောက်ပံ့ကြေးမှ မပေးဘူး ။ ဒါကြောင့် အလုပ်သမား အမျိုးသမီးတွေ အနှိပ်ခန်း နဲ့ မကောင်းတဲ့ နေရာတွေကို ရောက်ကုန် ကြပါတယ်။ မြို့သစ် တွေမှာ ဆိုပိုဆိုးနေပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုး အထူးကိုယ်စားလှယ် ဂန်ဘာရီ မြန်မာ ပြည်ကို ထပ်မံသွားပါဦးမည်။ ဒါပါနဲ့ ဆို ၇ ခေါက်မြောက် ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဂန်ဘာရီကို နအဖကလည်း စိတ်မ၀င်စားပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကလည်း စိတ်မ၀င်စားပါ။ ကုလသမဂ္ဂ က မြန်မာ့အရေးကို ထိရာက်စွာလုပ်နိင်မည် မထင်ဟု မြန်မာအတိုက်ခံများက ယူဆပါတယ်။
သတင်း ဆောင်းပါး ရဲရင့်မြင့်မောင် ခေတ်ပြိုင် | ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကမ်းနားရှိ အမှတ် (၁၀) ဂိတ်တည်ရှိရာ ထာ့အာရွာ၏တဖက်ကမ်း မြန်မာနိုင်ငံ မြဝတီ ဘက်ကမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သည် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေကြသည့် မြန်မာ နိုင်ငံသားများကို လူကုန်ကူး ရောင်းဝယ် ဖောက်ကားရာ နေရာဒေသတခုအဖြစ် တည်ရှိလာခဲ့သည်မှာ ဆယ်စုနှစ်တခုခန့် ရှိခဲ့ပြီ ဖြစ်သော်လည်း မြန်မာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် မြဝတီခရိုင်အာဏာပိုင်များ၊ ဒီကေဘီအေအဖွဲ့ဝင်များ၊ လူပွဲစားများ ပူးပေါင်းကာ လုပ်ကိုင်ကြသဖြင့် မည်သည့်အာဏာပိုင်အဖွဲ့အစည်းများမှ အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ ယနေ့ထက်တိုင် လူကုန်ကူးမှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေလျက်ရှိသည်။
ဘန်ကောက်မြို့နှင့် ထိုင်းနိုင်ငံနေရာဒေသအနှံ့အပြားတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား များမှာ မြန်မာ ပြည် ပြန်မည့်အချိန်တွင် မိမိတို့စုဆောင်းထားသည့် လုပ်အားခများကို နယ်စပ်ရှိ မိမိတို့ ဆွေမျိုး သားချင်း အသိမိတ်ဆွေ များထံ ဘဏ်မှတဆင့်ငွေလွှဲကြပြီး ဘန်ကောက်ရှိ မော်ချိကားဂိတ်သို့သွားကာ ဘန်ကောက်- မဲဆောက် ပြေးဆွဲသည့် ညကားဖြင့် မဲဆောက်သို့ ပြန်လာကြသည်။
မနက် (၅) နာရီခန့်တွင် မဲဆောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကြီးဖြစ်သည့် ဟွေ့ဟင်ဖွန်ဂိတ် အရောက်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ ကားပေါ်တက်လာပြီး "ဒီကားပေါ်မှာပါတဲ့ ဗမာ၊ ကရင်၊ မွန် အားလုံး ဆင်းကြပါ" ဟုဆိုလျှင် ကားပေါ်ပါ မြန်မာနိုင်ငံသားအားလုံး မိမိတို့ယူဆောင်လာသည့် ပစ္စည်း၊ အထုပ် အပိုးများနှင့် အတူ ကားပေါ်မှဆင်းပြီး အဖမ်းခံကြရသည်။
ဘန်ကောက်-မဲဆောက် ကားတစီးလျှင် နေ့စဉ်မြန်မာ (၁၅) ဦးမှ (၂၀) အထိ ပုံမှန်ပါရှိတတ်ပြီး မဲဆောက်-ဘန်ကောက်ပြေးဆွဲသည့် ခရီးသည်တင်လိုင်းကားကြီးများမှာ နေ့စဉ် (၁၅) စီးခန့် ပုံမှန်ပြေးဆွဲလျက်ရှိသည်။ ၎င်းနည်းလမ်းဖြင့် ဘန်ကောက်မှပြန်လာကြသည့် မြန်မာနိုင်ငံသားများ နေ့စဉ် (၁၀၀) မှ (၁၅၀) ခန့် ပုံမှန်ရှိသည်။ အခါကြီးရက်ကြီးများဖြစ်သည့် သင်္ကြန်ကာလ၊ နှစ်သစ်ကူးကာလ၊ သီတင်းကျွတ်ကာလများတွင် ဘန်ကောက်မှ လိုင်းကားစီး၍ ပြန်ဆင်းလာသူ နေ့စဉ် (၃၀၀) ခန့်ရှိသည်။
အဆိုပါ ထိုင်းလဝက၏ ဖမ်းဆီးခြင်းခံရသူများကို မဲဆောက် ထိုင်းလဝကရုံးတွင် ကိုယ်ရေးအချက်အလက်နှင့် ဓာတ်ပုံမှတ် တမ်းများယူပြီး ထိုင်းလဝက က ထိုင်းဘက်ကမ်း အမှတ် (၁၀) ဂိတ်မှ မြန်မာဘက်ခြမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သို့ စာရင်းနှင့်တကွလွှဲအပ်ပြီး နယ်နှင်လိုက်သည်။ နယ်နှင်ခံရသည့် မြန်မာနိုင်ငံသားများ (၉၉၉) ဒီကေဘီအေဂိတ်သို့ ရောက်ရှိချိန်တွင် အသင့်စောင့်ဆိုင်းနေသော ဒီကေဘီအေဂိတ်မှ တာဝန်ရှိသူများက လူစာရင်းကောက်ယူပြီးနောက် ၎င်းတို့ လက်သပ်မွေး ထားသည့် အမာခံလူပွဲစားများထံသို့ ရောက်ရှိလာသူများကို တဦးလျှင် ထိုင်းဘတ်ငွေ (၉၀၀) နှုန်းဖြင့် အချိုးကျခွဲဝေပေးလိုက်သည်။ လူတဦး (၉၀၀) နှုန်းဖြင့် လူတရာအတွက် ဘတ်ငွေ (၉) သောင်းအား ဒီကေဘီအေသို့ ပေးရသည်။
ဒီကေဘီအေဂိတ်မှ ရွေးထုတ်သွားသူများကို ပွဲစားများက မိမိတို့နေအိမ် အသီးသီးသို့ ခေါ်ဆောင်သွားပြီး လူတဦးလျှင် (၁,၂၀၀) နှုန်းဖြင့် အရွေးခံစေသည်။ မြဝတီမှ အောက်ပြန်ဆင်းမည့် ခရီးစဉ်ကိုလည်း ၎င်းတို့ပိုင်ကားများဖြင့်သာ လိုရာသို့ သွားစေသည်။ ဘန်ကောက်ပြန် အများစုမှာ နယ်စပ်အခြေအနေအား ကြိုတင်သိရှိထားသဖြင့် အနည်းဆုံး ဘတ်ငွေ (၃-၄) ထောင်ခန့် ဆောင်ထားကြသည့်အတွက် ပွဲစားအား ငွေ (၁,၂၀၀) ပေး၍ ပွဲစား၏အစီစဉ်ဖြင့် မြဝတီမြို့ကားဂိတ်မှတဆင့် အနယ်နယ်အရပ်ရပ်သို့ လိုရာခရီးဆက်ကြရသည်။ အချို့ငွေပါမလာသူများအား ပွဲစားများက ၎င်းတို့အိမ်တွင် ထား၍ ထိုင်း နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဆွေမျိုးများအား အဆက်အသွယ်လုပ်စေပြီး ငွေဖြင့် လာ၍ရွေးရသည်။ လူကိုယ်တိုင်မလာနိုင်သူ များအနေဖြင့် ပွဲစား၏ဘဏ်စာရင်းမှတဆင့် ငွေလွှဲ ပေးရသည်။ လာရွေးမည့်လူမရောက်ခင်စပ်ကြား နေထိုင်စားသောက် ရေးအတွက် ပွဲစားက တရက် (၁၀၀) နှုန်းဖြင့် တာဝန်ယူကျွေးမွေးထားပြီး ရက်အလိုက် ကုန်ကျသမျှကို ဆွေမျိုးများက ငွေ ပေးချေပြီးမှ ခေါ်သွားခွင့် ရှိသည်။
လူတဦးလျှင် ဘတ် (၉၀၀) နှုန်းဖြင့် နေ့စဉ် လူ (၁၀၀) မှ (၂၀၀) အတွက် ရရှိသည့်ငွေများကို ဒီကေဘီအေသို့ ပေးရသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာလူပွဲစားတဦးက "ဒီကေဘီအေက ဒီငွေတွေကို အကုန်လုံးမရဘူး။ ထိုင်းလဝကကို လည်း ရာခိုင်နှုန်းနဲ့ ပြန်ပေးရတယ်။ လူတယောက်ကို ဒီကေဘီအေက (၉၀၀) ရတယ်။ ထိုင်းလဝကကို တယောက် သုံးရာနှုန်းနဲ့ ပြန်ပေးရတယ်လို့ သိရတယ်။ ဒါတရားဝင်တော့မဟုတ်ဘူး။ ထိုင်းလဝကရယ်၊ ဒီကေဘီအေရယ် မြန်မာလူပွဲစားတွေ သူတို့ညှိပြီးလုပ်ထားတဲ့ နားလည်မှုပဲ" ဟု ပြောသည်။
ယခင်ကဆိုလျှင် ဘန်ကောက်မှမဲဆောက်သို့ ပြန်လာသူများမှာ တရားဝင်မဟုတ်သောနည်းဖြင့် ထိုင်းလဝကကို တဦးလျှင် ဘတ် (၅၀၀) နှုန်း ဒဏ်ကြေးပေးဆောင်ရပြီး ထိုင်းလဝကမှ နယ်စပ်သို့ သွားရောက် ပို့ဆောင် ပေးသည်။ ၎င်းကိစ္စနှင့်ပတ် သက်၍ အထက်သို့တိုင်တန်းမှုများရှိ၍ ပြဿနာတက်သောကြောင့် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်ခန့်ကစကာ ယခင်ကဲ့သို့ဘတ် (၅၀၀) ပေးဆောင်စရာ မလိုတော့သော်လည်း ထိုင်းလဝက၊ ဒီကေဘီအေနှင့် လူပွဲစားများညှိကာ နားလည်မှုဖြင့် ဆက်လက်လုပ်ကိုင်ကြသည်ဟု ဒီကေဘီအေ တပ်ဖွဲ့ဝင် တဦးက ပြောသည်။
အဆိုပါ (၉၉၉) ဒီကေဘီအေဂိတ်ကို အခြေပြု၍ လူပွဲစားများက မြဝတီမှတဆင့် ဘန်ကောက်သို့ အလုပ်သွား လုပ်မည့် မြန် မာနိုင်ငံသားများကို လူတဦးလျှင် ထိုင်းဘတ်ငွေ (၁၅,၀၀၀) ဖြင့် ပို့ဆောင် ပေးလျက်ရှိသည်။
လိုရာခရီးရောက်သူများရှိပြီး အချို့လမ်းခရီးတွင် ဖမ်းဆီးခံရကာ နယ်စပ်ပြန်ပို့ခံရသူများလည်းရှိသည်။ အချို့မှာ ခရီးစဉ်လမ်းကြောအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူများနှင့် ပျောက်ဆုံးသူများလည်း မကြာခဏ ဖြစ်လေ့ရှိသည်။
မြန်မာလူပွဲစားများက ဘန်ကောက် သွားမည့်သူများကို ထိုင်းဘက်ကမ်းသို့ တဆင့်ပေးပို့ပြီး ထိုင်းဘက်ကမ်းရှိ လူကြိုလူပို့မည့် ဒေသခံများနှင့် ဆက်သွယ်ကာ လိုရာခရီးသို့ ပို့ဆောင်ပေးကြသည်။ မဲဆောက်မှ ဘန်ကောက်သို့ သွားရာတွင် ကားကြီးကားငယ်များတွင် နည်းအမျိုးမျိုးဖြင့် ဝှက်ကာ တိုက်ရိုက်သယ်ဆောင်သူများရှိပြီး အချို့ လူကယ်ရီများမှာ မဲဆောက်မှ တာခ်ခရိုင်မြို့အထိ တောလမ်းခရီးကို တရက်၊ နှစ်ရက်ခရီးခန့် လမ်းလျှောက်ရပြီး စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်း၍ သွားကြရသူများလည်း ရှိသည်။ အချို့တောလမ်းခရီးတွင် အဖမ်းခံရပြီး ငွေကုန်လူပန်းဖြစ်ရသူများနှင့် ဖျားနာ၍သေဆုံးသူများလည်း မကြာခဏ ရှိသည်ဟု ကိုယ်တွေ့ကြုံခဲ့ ရသူတဦးက ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်၊ လူရွယ်အများစုမှာ လုပ်အားခပိုမိုရရှိ သည့် ထိုင်းနိုင်ငံသို့ မည်မျှပင် အခက်အခဲနှင့် အန္တရာယ်ရှိစေကာမူ မြန်မာပြည်တွင် ငတ်တလှည့်၊ ပြတ်တလှည့်ဖြင့် နေရ သည်ထက် ယခုကဲ့သို့ စွန့်စားပါက မြန်မာနိုင်ငံထက် စာလျှင် မျှော်လင့်ချက်များစွာရှိသည်ဟု လယ်သမားဘဝကိုကျောခိုင်း ပြီး မိသားစုနှင့်အတူ မဲဆောက်ရောက်လာသည့် ပဲခူးမြို့သား ကိုတင်အောင်က ပြောသည်။
(၉၉၉) ဂိတ်မှ လူပွဲစားအမျိုးသမီးတဦးက "လူကုန်မှုဥပဒေတွေဘာတွေ ငါတို့မသိဘူး။ ဘယ်သူ့ဆီမှလည်း ပိုက်ဆံအလ ကားမတောင်းဘူး။ တန်ရာ တန်ကြေးပဲယူတယ်။ အကုန်လုံးရတာလည်း မဟုတ်ဘူး။ ဟိုခွံ့ ဒီခွံ့လိုက် လုပ်ရတာတွေလည်း အများကြီးရှိတယ်။ ဘန်ကောက်သွားဖို့ လာခဲ့ကြလို့ ဘယ်သူ့ကိုမှမခေါ်ဘူး၊ ဒီဂိတ်က ပြန်လာကြပါလို့ ဘယ်သူ့ကိုမှလည်း မပြောဘူး၊ သွားမယ့်သူက သူတို့ဘာသာသူတို့ သွားကြလာကြတာပဲ။ ကားတန်းတရက်ခြား အောက်ကနေ မြဝတီကို တက်လာတဲ့လူ တနေ့ (၃-၄) ရာလောက်ရှိတယ်။ ကိုယ်တိုင်လုပ်တာလည်း မဟုတ်ဘူး၊ ငါတို့က တဆင့်ခံ ပွဲစားပဲ။ ငါတို့ရတာပဲ လူမြင်တယ်၊ ပြဿနာဖြစ်လို့ အဖမ်းခံရတာ၊ ငွေကုန်တာ ဘယ်သူမှမမြင်ဘူး။ မြဝတီမှာက အကုန်လုံးနဲ့ ဝေစားမျှစားလုပ်ရတယ်။ အဲလိုလုပ်တာတောင်မှ မနှစ်က ပွဲစားတယောက် နေပြည်တော်က လာဖမ်းလို့ အခု ထောင်ကျနေတယ်။ မထွက်သေးဘူး။ ဘန်ကောက်က ပြန်လာတဲ့သူတွေကို ငါတို့က (၉၀၀) နဲ့ရွေးပြီး (၁,၂၀၀) နဲ့ ပြန်တောင်းတယ်။ တချို့ပြန်လာတဲ့ လူတွေ မြဝတီက ဟိုလူကြီးအမျိုး၊ ဒီလူကြီးအမျိုးဆိုပြီးတော့ ဒီအတိုင်းလာခေါ်သွားတယ်။ အဲဒါတွေကျတော့ ငါတို့စိုက်ထားတာတွေ တပြားမှပြန်မရဘူး။ လူတွေကို မလာစေချင်ရင် မြဝတီမှာ အဝင်မခံနဲ့ပေါ့။ ကော့ကရိတ်မှာ ပိတ်ဖမ်းပါလား။ ဘယ်သူလာရဲမလဲ။ သိချင်ရင်အောက်ဆင်းသွား၊ ကရင်ပြည်နယ်မှာဆိုရင် ရွာတိုင်းပဲ အပျိုလူပျိုမရှိတော့ဘူး။ အားလုံး ထိုင်းမှာချည်းပဲ။ ဒီကိစ္စရဲ့ အရင်းခံဟာ ပွဲစားမဟုတ်ဘူး၊ သဘောပေါက်" ဟု ခေတ်ပြိုင်သို့ ပြောသည်။
ထိုင်းလဝကမှ (၉၉၉) ဂိတ်သို့ ပြန်ပို့သည့် ဘန်ကောက်ပြန်များမှာ ငွေကြေးရှိပြီး မိမိအစီစဉ်ဖြင့် ပြန်လာကြ သူများကိုသာ အဓိကပို့ဆောင်ပေးပြီး မိမိအစီစဉ်ဖြင့်မဟုတ်ဘဲ ဘန်ကောက်နှင့် အခြားဒေသများတွင် အဖမ်းခံရ၍ ပြန်လာကြသူများကို ထိုင်းလဝကက အခြားဂိတ်များမှတဆင့် မြဝတီဘက်ပြန်ပို့ကြသည်။
မဲဆောက်မှမြဝတီသို့ ဝင်ရောက်ရာတွင် (၉၉၉) ဂိတ်အပါအဝင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီး၏ ဘေးဝဲယာတွင် ထိုင်း-မြန်မာနှစ်နိုင်ငံနားလည်မှုဖြင့် ဖွင့်လှစ်ထားသည့် လှေဆိပ် (၁၇) ဂိတ်ရှိသည်။ အဖမ်းခံရ၍ ရောက်ရှိလာသူများမှာ ငွေကြေးမပါရှိကြဘဲ အဝတ်တထည် ကိုယ်တခုဖြင့် ပြန်လာကြသူများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများ ဖမ်းဆီးခံရပါက ငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုင်းလူဝင်မှု ကြီးကြပ်ရေး အဖွဲ့က ဥပဒေအရ သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရမည်ဖြစ်သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး မြန်မာ အလုပ်သမားအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုကျော်ထွေးက ပြောသည်။
ကားတန်းတရက်ခြား မြဝတီမြို့မှတဆင့် မဲဆောက်ဒေသအတွင်း ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေသူ (၃၀၀) ခန့်ရှိသည် ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်တဦးက ခန့်မှန်းပြောဆိုသည်။ မြန်မာ လူကယ်ရီ တဦး၏ အဆိုအရ ဘန်ကောက်နှင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မဲဆောက်မြို့မှတဆင့် ဝင်ရောက်သူများမှာ နေ့စဉ် လူဦးရေ (၁၅၀) ခန့်ရှိသည်ဟု ဆိုသည်။
ထိုင်းအစိုးရက ၂၀၀၈ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေ (BE ၂၅၅၁) အရ ထိုင်းအာဏာပိုင်များက မြန်မာအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံအချို့မှ အလုပ်အကိုင်လာရောက် ရှာဖွေသူများအား ထိုင်း နိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်မှုတားဆီးရေးကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်လျက်ရှိသော်လည်း သန်းချီသည့် တရားမဝင် ဝင်ရောက်သူများ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိ နေခြင်းသည် လူကုန်ကူးမှုများတွင် ဒေသခံများနှင့် အာဏာ ပိုင်အချို့ ပါဝင်ပတ်သက်မှုရှိ၍သာ ဖြစ်သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးအဖွဲ့တခုမှ တာဝန်ရှိသူ တဦးက သုံးသပ်ပြောဆိုသည်။
ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြားတွင်လည်း နယ်စပ်ဖြတ်ကျော်သည့် လူကုန်ကူးမှုတွင် နှစ်နိုင်ငံ အာဏာပိုင် အဖွဲ့အစည်းများနှင့် ဒေသခံအာဏာပိုင်များ ပါဝင်ပတ်သက်မှုမရှိလျှင် ယခုကဲ့သို့ လူကုန်ကူးမှုနှင့် ဆက်စပ်သည့် အခြေနေဆိုးများ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။
ထိုင်းရှေ့နေများအဖွဲ့က ကမကထပြုပြီး မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေ ရေးရာဆွေးနွေးပွဲတခုတွင် လာရောက်ဆွေးနွေးပို့ချသည့် ထိုင်းရှေ့နေအဖွဲ့မှ ရှေ့နေတဦးက ဆွေးနွေးပွဲ တက်ရောက်လာ သည့် မြန်မာ့အရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များကို "ထိုင်းနိုင်ငံမှာ လာဘ်စားမှု တွေရှိတဲ့အတွက် အဲဒါကိုခင်ဗျားတို့ ကျေးဇူးတင်ရမယ်။ ဒီကလူတွေ လာဘ်မစားဘူး ဆိုရင် ခင်ဗျားတို့အခုလိုတောင် ဒီဆွေး နွေးပွဲကို လာတက်ခွင့်ရမှာ မဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။
မြဝတီခရိုင်အတွင်း ဖြစ်ပွားနေသည့် လူကုန်ကူးမှုများနှင့်ပတ်သက် ၍ မြဝတီမြို့ခံကုန်သည်တဦးက "ဒီကိစ္စမှာ ဒီကေဘီ အေနဲ့လူပွဲစား တွေ အဓိကလုပ်နေကြပေမယ့် တကယ်မရှိမဖြစ်ကတော့ ခရိုင်အာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက်မှုက အဓိက ကျပါတယ်။ ခရိုင်အာဏာပိုင်တွေရဲ့ နားလည်မှုမရရင် မြဝတီမှာ ဘာမှလုပ်လို့ မရပါဘူး။ မနှစ်ကဆိုရင် (၉၉၉) ဂိတ်က ပွဲစားကြီးတဦးကို နေပြည်တော်က တိုက်ရိုက်လာဖမ်းပြီး လူကုန်ကူးမှုနဲ့ အဲဒီလူ အခု ထောင်ကျနေတယ်။ အဲဒီလူကို စစ်ကြောရေးဝင်တော့ အကုန်ဖော် ရတော့တာပဲ။ ခရိုင်အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ရပ်ကွက် အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ဘယ်သူ့ကို ရာခိုင်နှုန်း ဘယ်လောက် ပေးရလဲ၊ လစဉ်ကြေးဘယ်လောက်ပေးရသလဲ ဆိုတာကအစ ဖော်တော့ သူတို့ ပိုက်ဆံပေးရတဲ့လူတွေထဲမှာ မြဝတီခရိုင်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆွေညွန့်လည်း ပါဝင်ပတ်သက် နေတဲ့ အတွက် နေပြည်တော်ကနေ သူ့ကို မနှစ်ကနယ်ပြောင်းပြီး အရေးယူလိုက် တယ်။ ကျနော်တို့နိုင်ငံမှာက လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တဲ့ ခရိုင်ဥက္ကဋ္ဌလိုအဆင့်တောင် နယ်ပြောင်းတာလောက်ပဲ အရေးယူ ခံရတယ်။ တကယ် တိုင်းပြည်ကောင်းအောင် လုပ်မယ့်လူတွေကို တော့ ထောင်နှစ် (၁၀၀) တို့၊ (၇၀) တို့ချတာတွေ လုပ်တယ်။ ကျနော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးစနစ်ကို တွက်သာကြည့် တော့။ အခုသူ့နေရာမှာလာတဲ့ မြဝတီခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းထွန်း လက်ထက်မှာလည်း အစကတော့ ဟုတ်မလိုလိုနဲ့ အခုပုံမှန်လိုပဲ ပြန်ဖြစ်နေပါပြီ။ ဒီကေဘီအေနဲ့ လူပွဲစားတွေဟာ ဘန်ကောက်က ပြန်လာတဲ့လူတွေကို ရွေးထုတ်တာအပြင် နေ့တိုင်းဘန်ကောက်ကို ခိုးသွားကြတဲ့ မြန်မာတွေကိုလည်း သူတို့ပဲ လူပွဲစားလုပ်ပြီး စီစဉ် ဆောင်ရွက် ပေးနေတာပါ။ ဒီကိစ္စ ကနေ့အထိ လုပ်လို့ရနေတာကတော့ အာဏာပိုင်တွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်တယ်။ ခက်တာက မြဝတီမှာ အမှန်ပြောရင် ပြဿနာရှိတယ်" ဟု ပြောသည်။
လူပွဲစားများသည် မြဝတီ-ဘားအံ ပြေးဆွဲသည့်ကားများ အသီးသီးဝယ်ထားကြပြီး ဘန်ကောက်တက်၍ အလုပ်လုပ်မည့် လူများအား ဘားအံမှတဆင့် မြဝတီ၊ ဘန်ကောက်သို့ တိုက်ရိုက်ပို့ဆောင်ပေးမှုများလည်း ရှိသည်။
ဘားအံမှ စထွက်ရာတွင် မှတ်ပုံတင်မရှိသူများအတွက် လူပွဲစားများက ဘားအံနှင့်မြဝတီကြားရှိ စစ်ဆေးရေး ဂိတ်များကို လာဘ်ငွေပေး၍ အခက်အခဲမရှိ ဖြတ်ကျော်နိုင်ကြပြီး မြဝတီရောက်ရှိသည့်အခါ ၎င်းတို့ ခေါ်လာသူ များအား ဒီကေဘီအေ (၉၉၉) ဂိတ်အတွင်းသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့အိမ်များတွင် တည်းခိုစေသည်။ ထိုမှတဆင့်ဘန်ကောက်သို့ ဘတ် (၁၅,၀၀၀) နှုန်းဖြင့် လက်ငင်း ငွေပေးချေပြီးမှ ဆက်လက်ပို့ဆောင်ပေးသည်။ ဘားအံ-မြဝတီလမ်းကြောအတွက် ကုန်ကျသည့်လမ်းခရီးစရိတ် ကျပ် (၁) သောင်းခန့်ကိုလည်း သီးခြားပေးရသည်ဟု သိရှိရသည်။
မြဝတီမှ မြန်မာဘုန်းတော်ကြီးတစ်ပါးက "ဒီကိစ္စဘာကြောင့် ဖြစ်ရသလဲဆိုတာ လူတွေအားလုံးသိကြပါတယ်။ မြန်မာပြည် ကို အုပ်ချုပ်မင်းလုပ်နေတဲ့လူတွေလည်း သူတို့သိကြပါတယ်။ ခက်တာက အမှန်တရားကို သူတို့ လက်မခံ ကြဘူး။ သူတို့ဖြစ် ချင်တာပဲ သူတို့လုပ်တယ်။ တိုင်းပြည် မအေးချမ်းသရွေ့တော့ ဒီပြဿနာတွေ ရှိနေအုံးမှာပဲ။ တိုင်းပြည် အေးချမ်းမှပဲ လူထု တွေလည်း သက်သာမယ်။ ဒါမှမဟုတ်ပဲ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင်တော့ ဒီဒုက္ခသံသရာကြီးဟာ ဒီလိုပဲ သံသရာ လည်နေမှာဖြစ်တယ်" ဟု မိန့်ကြားခဲ့သည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အဆိုအရ ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၂) သန်းခန့်ရှိပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာနတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ထားသူမှာ (၅) သိန်းခန့်ရှိသည်ဟု သိရသည်။
၂၀၀၉ |
ဒီ |
ဆောင်းပါး ပညာရွှေအိုး |
(၁)
ဦးသန့်ကြီး ရာပြည့်ပြီဆိုတော့ ပြည်တွင်းပြည်ပ စာပေနဲ့ နိုင်ငံရေးလောကမှာ လှုပ်ရှားမှုတွေ တွေ့လာရပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးကတောင် မလုပ်စဖူး တံဆိပ်ခေါင်းထုတ်မယ်လို့ ဆိုလာပါတယ်။
ဂျာနယ်တခုမှာ ဦးသန့် ကိုယ်ရေးအတ္ထုပ္ပတ္တိထဲက ကောက်နုတ်ဘာသာပြန်နေတာ တွေ့ရပါတယ်။ နောက်ပြီး အတွေးအမြင် စာစောင်မှာ သံအမတ်ဟောင်း ဦးသက်ထွန်းက ဦးသန့်နဲ့ပတ်သက်တဲ့ အကြောင်းအချက်တွေကို ရေးလာပါတယ်။ ဦးသန့်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ကြားက ဆက်ဆံရေးအကြောင်းကိုလည်း ပိုပြီး သိလာရပါတယ်။
ဒါကြောင့် အရင်တုန်းက ကြားဖူးခဲ့ကြသလို ဦးနုလူမို့လို့၊ မနာလိုလို့ ဗိုလ်ချုပ်နေဝင်းက ဦးသန့်ကို ကြည့်မရဘူးတို့၊ တူတူ တန်တန် ဂုဏ်မပြုဘူးတို့ ဘာတို့ ဆိုတာတွေနဲ့ ကွာခြားနေတာကို သတိပြုမိသပေါ့။ ကုလသမဂ္ဂ ရုံးချုပ်က ဦးနုရဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်း တစွန်းတစ အရင်က တွေ့ဖူးပေမယ့် မြန်မာလိုမဟုတ်တဲ့အတွက် မြန်မာပြည်မှာ သိကြဖို့ မလွယ်လှ ပါဘူး။
ဒီအကြောင်းတွေ မြန်မာ မီဒီယာမှာ ဖော်ပြခွင့် ရလာတာဟာ ဗိုလ်ချုပ်နေဝင်း လုပ်ခဲ့တာ ဒို့နဲ့ မဆိုင်ဘူးလို့ ပြချင်ပုံ ရှိပ်ါရဲ့။ တဖက်မှာလည်း သူ့တူမလို ခင်တဲ့ စုစု (ဒေါ်အောင်ဆန်းစုကြည်)နဲ့ ဆက်စပ်ပြီး သူ့ကို အငြိုးပြေကြသေးဟန် မရပ်ါဘူး။ ဒ်ါကြောင့် ဦးသန့် မျက်နှာဖုံးနဲ့ မဂ္ဂဇင်းကို စိစစ်ရေးက ရစ်နေတာပေါ့်။
(၂)
ဒါတွေအသာထား၊ ဦးသန့် ဦးသန့်နဲ့ ပြောနေကြတော့ ဦးသန့်အကြောင်းနဲ့ ဦးသန့် ရေးတဲ့ စာတွေ မြန်မာပြည်မှာ လူငယ်တွေ ဘယ်လောက် ဖတ်ဖူးမှတ်ဖူးကြသလဲဆိုတာ သိချင်မိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ပြည်တွင်းမီဒီယာမှာ လွတ်လွတ်လပ်လပ် ဖော်ပြခွင့်မရတာမို့ ဦးသန့်ဆိုတာ ဦးနုနဲ့တောင် ကွဲကြပါမလား မသိပါဘူး။
တက္ကသိုလ်စိန်တင်ရေးတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ စာအုပ်လောက်ပဲ မြန်မာစာအုပ်ဆိုင်တွေမှာ မြင်နေရတာပါ။ အထောက်တော်လှအောင် ပြန်ဆိုတဲ့ ဗမာ့ဦးသန့်တို့၊ ဦးသန့်၏ စာတို့၊ ပြည်တော်သာမှတ်တမ်းတို့ ဆိုတာတွေကို အဟောင်းဆိုင်မွှေတဲ့ ပရိသတ်လောက်ပဲ သိကြပါတော့တယ်။ စလေအညာက ပြွေဆရာ၊ ထူးဆန်းသော ကိုရွှေအုပ်တို့၊ From My School Window တို့ဆိုတာတွေကတော့ ထားလိုက်ပါတော့။
ဒီစာတွေကို ဖတ်ခွင့်ရခဲ့ရင်ဖြင့် လွန်ခဲ့တဲ့ အနှစ်၇၀ ကျော် မြစ်ဝကျွန်းပေါ် တောမြို့ကလေးက ကျောင်းအုပ်ဆရာကြီး တယောက်ရဲ့ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်တွေဟာ ဘာကြောင့်များ ဒီလောက် ထက်မြက်ပြီး ခေတ်ရှေ့ပြေး နေတာလဲဆိုတာ အံ့သြကြလိမ့်မယ်။ ပြီးတော့ ဆိုရှယ်လစ်ဘက်ယိမ်းတဲ့ သခင်အောင်ဆန်းနဲ့ လစ်ဘရယ်ပညာတတ်ဖြစ်တဲ့ ဦးသန့်တို့ ကျောင်းဝတ်စုံ ရှိသင့်၊ မရှိသင့် ငြင်းကြတာကလည်း စိတ်ဝင်စားစရာပါပဲ။
(၃)
လက်ဝဲသမားတွေကတော့ ဦးသန့်ဟာ ဦးနု လက်သုံး ပညာရှိကြီးပါပဲ၊ ဗိုလ်နေဝင်း ဒေါက်တာမောင်မောင်ကို မသေမချင်း ဂုတ်ခွစီးသလို အစီးခံရတဲ့သူပါလို့ ဆိုကြလိမ့်မယ်။ ဦးသန့်ရေးတဲ့ ပြည်တော်သာမှတ်တမ်းကြီးမှာ ကွန်မြူနစ်သောင်းကျန်းမှုကို တော်တော်အပြစ်ဆိုထားတာကိုး။ ဦးနုရဲ့ လူထုအောင်သံ၊ စာပေဗိမာန်၊ စွယ်စုံကျမ်း၊ ပြည်တော်သာစတဲ့ ပရောဂျက်ကြီး တွေကို ပြန်ကြည့်ရင် ဦးသန့် နဲ့ ကင်းနိုင်တာမှ မဟုတ်ဘဲကလား။ဦးသန့်ပြန်ကြားရေး အတွင်းဝန်၊ ဝန်ကြီးချုပ် အတွင်းဝန်ဘဝ အသက် ၄၀-၅၀ အတွင်းက ဆောင်ရွက်ချက်တွေကို ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ ဒေါက်တာထင်အောင်၊ ဦးခင်ဇော် (K) စတဲ့ ခေတ်ပြိုင် ပညာရှင် မျိုးဆက်တွေရဲ့ စွမ်းဆောင်ချက်တွေနဲ့ ဆက်စပ်ကြည့်မှ ပိုပြီး ရုပ်လုံးကြွလာမှာပါ။
ဆဋ္ဌသဂ်ါင်္ယနာခေတ်၊ နိုင်လွန်ခေတ် မီလိုက်သူ မျက်နှာကြီး အသိုင်းအဝိုင်းကတော့ ဦးသန့်အရင် ကုလသမဂ္ဂမှာ မြန်မာ သံအမတ် လုပ်သွားတဲ့ ဂျိမ်းစ်ဘယ်ရင်တန်သာ ဟမ်းမားရှိုး သေတာကို မီလိုက်ရင် ဦးသန့် အတွင်းဝန်ချုပ် ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။
တကယ်တော့လည်း ဦးသန့် ဒီလိုဖြစ်လာတာကတော့ အဲဒီအချိန်က မြန်မာပြည်ရဲ့ 'ဘက်မလိုက်' တက်ကြွတဲ့ နိုင်ငံခြားရေး ဝါဒ ကျေးဇူးကြောင့်၊ ပြီးတော့ ဦးနုရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိုက်ထုတ်တဲ့ ဥဿဟတွေနဲ့လည်း ဆိုင်ပါတယ်။ ပင်ကိုတော်တဲ့လူမို့ ၁ဝ နှစ်တိတိ ကုလသမဂ္ဂမှာ တောင့်ခံနိုင်တာကတော့ ဦးသန့် စွမ်းလို့ပါပဲ။ ဒီခေတ် ဒီအခါမှာတော့ မြန်မာတွေ မျိုးပျံအောင်တော်နေပေမယ့် မြန်မာအစိုးရရဲ့ သိက္ခာကျမှုကြောင့် ကမ္ဘာမှာ နလံထူလှတော့တာ မဟုတ်ပါဘူး။
ဦးသန့်နဲ့ပတ်သက်ပြီး နောက်ထပ်ပြောမိကြတာက သန့်ရှင်း၊ တည်မြဲ ကွဲတဲ့အချိန်မှာ သူ မြန်မာပြည်မှာ ရှိနေခဲ့ရင် ဦးနုက သူ့ကို ပထစထဲပါခိုင်းမှာပဲ ဆိုတာပါ။ ဦးချမ်းသာ၊ ဦးချစ်ဖေတို့လို ICS ကြီးတွေတောင်မှ ပထစကြီးတွေဖြစ်လာ၊ နောက် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တောင်မှ ပထစအတွက် ဝင်မဲဆွယ်ပေးခဲ့ရတာ မဟုတ်လား။ ဦးသန့်ဟာ ပြန်ကြားရေး၊ ပညာရေး စတဲ့ နေရာတွေမှာ ဒေါက်တာဧမောင်လိုပဲ ဦးနုရဲ့ ပေါ်လစီတွေကို ဖော်ဆောင်နေရပါလိမ့်မယ်။
နိုင်ငံရေးထဲ မဝင်ဘဲ အတွင်းဝန် ဆက်လုပ်နေရင်လည်း ၆၂ အာဏာသိမ်းပြီးနောက်ပိုင်း စောစောစီးစီး နားရဖို့ ရှိပါတယ်။ တော်လှန်ရေးကောင်စီရဲ့ ပြန်ကြားရေး၊ ပညာရေးနဲ့ စီးပွားရေးမှာ ဓာတ်ကြမ်းရိုက်တဲ့ စစ်ဆိုရှယ်လစ်မူတွေနဲ့ ဦးသန့်ဟာ ဘယ်လိုမှ မအပ်စပ်လို့ပါပဲ။ အဲဒီလို စောစောအနားယူလိုက်ရင်လည်း ကုလသမဂ္ဂကို သူ ရောက်သွားမှာပါပဲ။ ဒေါက်တာ သာလှတို့၊ ဒေါက်တာညီညီတို့လိုပေါ့။
(၄)
စိတ်ကူးယဉ်လို့မရတဲ့ သမိုင်းမှာတော့ ဖြစ်ခဲ့တာတွေကိုပဲ ကြည့်ရမှာပါ။ အတွင်းဝန်လုပ်ခဲ့တဲ့ ဦးသန့်ဟာ အတွင်းဝန်ချုပ် ဖြစ်လာတော့လည်း ကုသမဂ္ဂဗျူရိုကရက် ယန္တရားကြီးကို နိုင်နိုင်နင်းနင်း ထိန်းချုပ်သွားခဲ့တာပါပဲ။ ကျောင်းဆရာ၊ သတင်းစာ ဆရာ နောက်ခံကလာသူမို့ ဆက်ဆံရေးညက်တာကလည်း စစ်အေး အထွတ်အထိပ်ရောက်တဲ့ ၆ဝ ပြည့်လွန်နှစ်တွေက ကမ္ဘာ့အခင်းအကျင်းမှာ အသုံးကျလှပါတယ်။ ကျူးဘား၊ မြောက်ဘော်နီယို စတဲ့ ကိစ္စတွေမှာ ဦးသန့် ဝင်လို့ရပေမယ့် ပရက်ဂ်အရေးအခင်းလို၊ အစ္စရေးလို၊ ဗီယက်နမ်လို ကိစ္စမျိုးမှာတော့ ဦးသန့်လည်း မရှင်းနိုင်ခဲ့ပါဘူး။ အင်အားကြီးတွေ လျှော့ပေးမှ ငြိမ်းချမ်းရေးဆိုတာ ပေါ်လာရတာ မဟုတ်လား။
ရင်နာစရာကောင်းတာက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့ ကြိုးပမ်းခဲ့တဲ့ ဦးသန့်ဟာ မြန်မာ့ငြိမ်းချမ်းရေး အတွက်တော့ ထိထိရောက်ရောက် မပံ့ပိုးနိုင်ခဲ့တာပါပဲ။
ဦးသန့် အတွင်းဝန်ချုပ်ဖြစ်တဲ့ ၁၉၆၁-၇၁ ခုနှစ်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းပြီး ပြည်တွင်းစစ်အရှိန် တက်နေတဲ့ အချိန်ပါပဲ။ မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုတွေအားလုံးဟာ စစ်အာဏာရှင်စနစ်အောက်မှာ လူးလွန့်လို့မရဘဲ နိုင်ငံရေး လုပ်ချင်တဲ့ သူတွေဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဝင်ဖို့ကလွဲပြီး တခြားလမ်းမရှိတဲ့ အချိန်လည်း ဖြစ်ပါတယ်။ (၂ဝ၁ဝ ခုနှစ်မှာ ပါတီစုံရွေးကောက်ပွဲလုပ်မယ့် နအဖ ကတော့ တော်လှန်ရေးအစိုးရထက် ပါးနပ်တယ်ပြောမလား၊ အရပ်သား မျက်နှာတပ်ပြီး စစ်အုပ်ချုပ်ရေးသစ် ထူထောင်မယ့်နေရာမှာတော့ ၁၉၇၄ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ကွာလှမယ် မထင်ပါဘူး။)
မြေပေါ်မြေအောက် နိုင်ငံရေးသမားတွေနဲ့ အာဏာသိမ်းစစ်ကောင်စီ ညှိနှိုင်းပွဲတွေမှာ (၁၉၆၃၊ ၁၉၆၈) ဦးသန့်အနေနဲ့ ပါဝင်ပါရစေလို့ တောင်းဆိုသံ မကြားခဲ့ရဖူးပါဘူး။ ဒါကလည်း အမေရိကန်၊ ဆိုဗီယက် နှစ်အုပ်စုလုံးရဲ့ ထောက်ခံမှုကို ယူနိုင်တဲ့ ဗိုလ်နေဝင်းရဲ့ နိုင်ငံခြားရေးပေါ်လစီကြောင့် ဖြစ်ပါလိမ့်မယ်။ ကွန်မြူနစ်ခြိမ်းခြောက်မှုကို 'မွေး' မထားနိုင်တဲ့ လက်ရှိ အစိုးရလက်ထက်မှာတော့ ဒီလို အားလုံး 'မီးသေ'တဲ့ အခွင့်အရေးမျိုး မရနိုင်တော့ပါဘူး။
(၅)
အခုလို ရာပြည့်တဲ့ အခမ်းအနားကို အခွင့်ယူပြီး ဦးသန့်စာတွေ ပြန်ထုတ်ဖို့၊ ဦးသန့် Institute ကနေပြီး ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသား မြန်မာလူငယ်တွေအတွက် ပညာရေး၊ လူမှုရေး အထောက်အပံ့တွေပါ လုပ်သွားဖို့ အားထုတ်ကြလိမ့်မယ်လို့ ယူဆပါတယ်။
ဦးသန့်၊ ဦးညွန့် (ECAFE) ၊ ဦးရွှေမရ၊ ဒေါ်သန်းဧ စတဲ့ မြန်မာပညာတတ်တွေ ကုလသမဂ္ဂမှာ ဘုန်းကြီးခဲ့တဲ့ ခေတ်ကို လွမ်းမိပါသေးရဲ့။ နာဂစ်ဖြစ်တဲ့ အချိန်တုန်းက ကုလသမဂ္ဂမှာ ဦးသန့်လိုလူမျိုး ရှိခဲ့ရင်လို့ တွေးမိသူတွေ နည်းမှာ မဟုတ်ပါဘူး။ လက်ရှိ ကုလသမဂ္ဂက မြန်မာဝန်ထမ်းတွေကလည်း စစ်အစိုးရနဲ့ ကဏ္ဋကောစ တိုက်ဝံ့ကြတာမှ မဟုတ်ဘဲကိုး။ အမျိုးသား ပညာရေးက မွေးထုတ်ပေးလိုက်တဲ့ မျိုးချစ်ပညာတတ် လူတန်းစားကတော့ မြန်မာပြည်မှာ မျိုးတုန်း ခါနီးပြီ ထင်ပါရဲ့လေ။
ပညာရွှေအိုး
မိစ္ဆာဒိဋ္ဌိတွေကို ကိုးကွယ်နေတဲသန်းရွှေ နဲ့ မိသားစုဟာ အခုဆို ရွှေတိဂုံစေတီတော် အထက်ပစ္စယံက ပတ္တမြားမျက်ရှင် ဘုရားတောင်မှ မချန်တော့ပါဘူး။ မကြံကောင်း မစီရာ တွေကို ပုတီးဆွဲ သာသနာဖျက်တွေ ခိုင်းတဲ့ အတိုင်း ပတ္တမြား မျက်ရှင် ဘုရားကို ပုံစံတူအရုပ်နဲ့ လဲလှယ်ပြီးတစ်နေရာကို သယ်ဆောင်သွားခဲ့ပါပြီ။ သေပြည်တော်မှာတည်နေတဲ့ ရွှေတိဂုံစေတီတော် စင်ပြိုင်ပုံတူမှာ ထားနိုင်တယ်လို့ ယူဆရပါတယ်။ ကျွန်တော် ကိုယ်တိုင် လေ့လာပြီး မှတ်တမ်းယူခဲ့ပါတယ်။ Attach a file ထဲမှာကြည့်ပါ။
မှတ်ချက်။ ရွှေတိဂုံစေတီတော် စင်ပြိုင် မဟာဝိဇယ စေတီတည်ခဲ့တဲ့ ဦနေ၀င်းဟာ ဖျာလိပ်ပတ်ပြီး သေခြင်းဆိုးနဲ့ သေခဲ့ရပြီးပါပြီ အာဏာပြုတ်မှာကြောက်လို့  ပုတီးဆွဲ သာသနာဖျက်တွေ ခိုင်းတဲ့အတိုင်း ပတ္တမြား မျက်ရှင် ဘုရားကို ပုလင်ပေါ်ကချလို့  မတန်မရာတက်ထိုင်ပြီး စော်ကားခဲ့တဲ့ ငခင်ညွန့် လည်း ရက်ပိုင်း အတွင်းရာထူးပြုတ်ပြီး သူတင်မက မိသားစုပါ ဒုက္ခရောက်ခဲ့ ကြရပါပြီ......အတုပုံကသင်္ကန်းရုံထားရပါတယ်၊ နောက်တစ်ပုံကတော့ အရင်ကပုံတော်ကို ကူးလာခဲ့တာပါ။ နှိုင်းယှဉ်ကြည့်နိင်ပါတယ်။
PDF ဖိုင်ဖြင့်ဖတ်ရန် PDF * 1.13 MB
You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.
ရိုးမ ၃
တိုင်းမှူးခရီးစဉ်ကို ကြိုဆိုနေရ၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှာ စာကောင်းကောင်းမသင်ရသဖြင့် ကျောင်းသားမိဘများက ကလေးငယ်များပညာရေးအတွက် စိုးရိမ်နေရသည်ဟု ဆိုသည်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ လာရောက်မည်ဆိုသည့်အတွက် မကြာခဏ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုခိုင်းနေကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။
"ဒီလ (၁၅) ရက်နေ့တုန်းကလဲ လွတ်လပ်ရေးရပ်ကွက်ထဲက ဗိသုကာလမ်းဖွင့်ပွဲကို ကြိုရမယ်ဆိုပြီး အထက (၁) က ဆရာမ ၅၀၊ အထက ၂ က ဆရာမ အယောက် ၂၀ ကို အမျိုးသမီးရေးရာ ဝတ်စုံရယ် မိခင်နှင့်ကလေးဝတ်စုံတွေ ဝတ်ပြီး ကြိုခိုင်းတာ၊ ကလေးတွေလည်း ပါတယ်၊ အဲလိုခဏခဏဆိုတော့ စာသင်ချိန်မရှိတော့ဘူး၊ စာမေးပွဲကလဲ နီးနေပြီ" ဟု ပြောသည်။
ထိုကဲ့သို့ကြိုဆိုရာတွင် စစ်တပ်အကြီးအကဲများအနေဖြင့် ချိန်းဆိုသည့်အချိန်ထက် နောက်ကျမှသာ ရောက်လာကြသည့်အတွက် စောင့်နေရသည့်ကလေးငယ်များမှာ နေပူထဲတွင်နေရပြီး ဖျားနာခြင်းများပင်ဖြစ်ရကြောင်း အဆိုပါကျောင်းသားမိဘက ပြောသည်။
"ကျောင်းစာသင်ချိန်မှာ ဆရာမတွေ အယောက် ၇၀ လောက် အဲလိုတွေ သွားကြိုနေရတော့ ကျောင်းသားတွေအတွက် စာသင်ချိန်က မရှိတော့ဘူး၊ ပြီးတော့ တခြားအခမ်းအနားတွေဆိုလဲ ဆရာမတွေက သွားနေရတော့ ကျမတို့ကလေးတွေက ဘယ်လိုလုပ် စာသင်ရတော့မှာလဲ၊ ပညာရေးထက် အဲလိုဟာတွေက ပိုအရေးကြီးတယ်ဆိုရင် ကလေးတွေပညာရေးက မတွေးရဲတော့ဘူး" ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရအကြီးအကဲများ အကြောင်းတခုခုဖြင့် လာရောက်မည်ဆိုပါက သက်ဆိုင်ရာဒေသအတွင်းမှ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှာ စာသင်ချိန်များဖျက်ကာ သွားရောက်စောင့်ဆိုင်း ကြိုဆိုနေကြရသည်။
|
Shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ သတိထားကြပါ။
အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်။
ကျွန်တော့် ဆီ ရန်ကုန် က သူငယ်ချင်းတစ်ယောက် mail ပို့ လာလို့ ။
ကျွန်တော့် သူငယ်ချင်း က သူ့ အစ်မ ရင်ဆိုင် ကြုံတွေ့ ခဲ့တာတွေကို
ကျွန်တော့ ကိုပြောပြတယ်
ဘလောက်မှာတင်ပြီး အသိပေးပေးဖို့ ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။
ဖြစ်ပုံက ဒီလို........တဲ့
ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့
ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့
ဒီလိုပြောပါတယ်
သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းက အဝတ်လဲခန်းမှာ
အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။
အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ
camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက်
ပြီးတော့ forum တွေမှာတင်
ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆို
တခြားလူတွေပါ မျှတတ်တဲ့အကျင့်
ဖုန်းထဲမှာပုံတွေထည့်
ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး
ပုံတွေကို share လုပ်ကြ
ပုံတွေကြည့်ပြီး
ပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ
စဉ်းစားကြည့်ဗျာ အခုတစ်ယောက်က ဆေးကျောင်းက
ဆရာဝန်ဖြစ်မယ့်သူ
အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထား
ဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့
မသိရင် မကောင်းတာလုပ်စားနေတဲ့ မိန်းကလေး
ဈေးခေါ်တာ ကျနေတာပဲ
တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ
မြန်မာအချင်းချင်းဗျာ
အဲလို လူမဆန်တာတော့ မကောင်းဘူး
ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ
ခင်ဗျားတို့ညီမ
အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ
ခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ်
အဲလို လူမဆန်ပဲ
ကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး
နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကော
ဘာကြောင့် လူမဆန်တာလဲ
ခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား
ဝယ်သူကိုလေးစားပေါ့ဗျာ။
ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera လာတတ်ထားတဲ့ကောင်တွေက
ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်
ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး
ကျွန်တော် ထပ်ပြောမယ်
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ...?
နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင်သားသမီးတွေ...?
အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို
ငွေညှစ်၊ဖျက်စီးခဲ့တဲ့ အဖြစ်တွေရှိတယ်။
ကျွန်တော်သိတယ် မပြောချင်ဘူး
ပြောလို့လည်းမကောင်းဘူး။
နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။
ဘာပဲ ပြောပြော ကိုယ်ချင်းစာတရား
မျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ
အစ်မတွေ ညီမတွေ က လည်း
အင်္ကျီ ဝယ်တဲ့အခါ သတိထားပါ
အပေါ်ကနေပဲ ထပ်ဝတ်ကြပါ
အဲလိုပဲ တခြား စကပ်တို့ ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့
မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီး
လုပ်စားနေတဲ့ကောင်တွေ ရှိတယ်
အစ်မကမေးတယ်
ဘယ်လိုလုပ်သင့်လဲဆိုတော့
ကျွန်တော်က ပြောလိုက်တယ်
တရားစွဲပေါ့
တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်
တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ
တစ်ရှက်ကနေ နှစ်ရှက်ထက်
တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ်
အဲလိုပဲ ပြောလိုက်တယ်
အစ်မလည်း ပြန်ရောက်ကတည်းက
ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ
ဆဲလို့ဘာလုပ်လို့ရမှာလဲ
ဒါကြောင့် ငါလည်း ဒီစာလေးကို နိုင်ငံခြားမှာ
BLOG တစ်ခုကို ရင်ထဲက ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ်
အနှောက်အယှက်
ကင်းကင်း ရေးသားနိုင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို့ လိုက်တယ်ကွာ
မင်း BLOG မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေးစေချင်တယ် သူငယ်ချင်းရေ။
ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊
မိမိတို့ ရဲ့ BLOG များတွင် ကူးယူ တင်ပြ၍ ဖြစ်စေ၊
သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေး
နှိုးဆော်ပေးခြင်းဖြင့်
ယဉ်ကျေးသိမ်မွေ့ မှူ့ ဆိုတဲ့ ကျွန်တော်တို့  မြန်မာမိန်းကလေးများရဲ့
ချစ်မြတ်နိုးစရာ စရိုက်လေးတွေနဲ့ ကမ္ဘာပေါ်မှာ ပြိုင်စံရှား အရမ်းကို
အရှက်အကြောက် ကြီးမားတတ်ကြတဲ့
မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့ အရှက်နဲ့ သိက္ခာတို့ ကို
လူမဆန်စွာယုတ်မာရိုင်းစိုင်းနြေ
NEJ/ ၂၆ ဇန်န၀ါရီ ၂၀၀၉-
တချိန်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့၌ မြန်မာသံအမတ်တာဝန်ထမ်းဆောင်ခဲ့သူ သံအမတ်ဟောင်း ဦးလင်းမြိုင် မကြာခင်က အမေရိကန်နိုင်ငံ ပြန်ရောက်နေသည်ဟု ရန်ကုန်မြို့မှ ဦးလင်းမြိုင်နှင့် နီးစပ်သူများက အတည်ပြုပြောသည်။
ဝါရှင်တန် မြန်မာသံရုံးမှတဆင့် အိုဘားမား၏ အမေရိကန်အစိုးရသစ်အား ချဉ်းကပ်ပြီး မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေး စည်းရုံးရန်အတွက် မြန်မာစစ်အစိုးရက ဦးလင်းမြိုင်ကို ယခုကဲ့သို့ တိုးတိုးတိတ်တိတ် စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု ၀ါရှင်တန် အတိုက်အခံရပ်ကွက်က ပြောသော်လည်း အဆိုပါအချက်ကို ခေတ်ပြိုင်က အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်သည် ယခုတခေါက် အမေရိကန်သို့ ၀င်လာရန်အတွက် လက်ရှိ ၀ါရှင်တန်မြန်မာသံရုံး ယာယီတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးမြင့်လွင်နှင့် ချိတ်ဆက်လုပ်ပြီး ရောက်လာခြင်းဖြစ်သည်။
မြန်မာသံအမတ်ဘ၀က အမေရိကန်အစိုးရပိုင်းနှင့် အတန်အသင့် ဆက်ဆံနိုင်ခဲ့သည့်အတွက် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေး အောင်မြင်ရန်အတွက် မြန်မာသံရုံးကို နောက်ကွယ်မှ ကြိုးကိုင်အကြံပေးရန် မြန်မာစစ်အစိုးရက လွှတ်လိုက်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
သို့သော် ရန်ကုန်အမေရိကန်သံရုံးက မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်၏ ပထမအကြိမ် ဗီဇာလျှောက်ထားမှုကိုငြင်းဆိုပြီး နောက်တကြိမ် ဗီဇာလျှောက်မှ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးလင်းမြိုင်၏ မိတ်ဆွေ အသိုင်းအ၀န်းက အတည်ပြုပြောသည်။ မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်အား မည်သူမည်ဝါဖြစ်သည်ကို သိလျက် ရန်ကုန်အမေရိကန်သံရုံးမှ အဘယ့်ကြောင့် ဗီဇာထုတ်ပေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် ဝါရှင်တန်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မြန်မာ အတိုက်အခံများ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်လာအောင် နည်းအမျိုးမျိုးဖြင့် တက်တက်ကြွကြွ စည်းရုံးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မြန်မာသံအမတ်ကြီး ဦးလင်းမြိုင် ဝါရှင်တန်တွင် တာဝန်ထမ်းဆောင်နေစဉ် တွေ့ဆုံခဲ့သည့် အတိုက်အခံများထဲတွင် မြန်မာနိုင်ငံလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် ဒေါက်တာဇာနည်လည်း ပါဝင်ခဲ့သည်ဟု စုံစမ်းသိရသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက် ဒေါက်တာဇာနည် မြန်မာပြည်ပြန်ပြီး နအဖထိပ်တန်းအရာရှိအချို့နှင့် တိတ်တဆိတ်လာတွေ့သည့် အကြောင်းကို မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က အမေရိကန် မြန်မာအတိုက်အခံများအား ဖုန်းဆက်ပြောခဲ့သည်ဟု အတိုက်အခံအချို့က စွပ်စွဲခဲ့သည်။
မြန်မာ့အရေး ဆောင်ရွက်နေသည့် အမေရိကန် အထက်လွှတ်တော် အမတ်များဖြစ်သည့် Mitch McConnell နှင့် Dianne Feinstein တို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား အမေရိကန်မှ နှင်ထုတ်ရန် ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီး ကော်လင်းပါဝဲထံ စာရေးတောင်းဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ပြုတ်ပြီးမကြာခင် ဦးလင်းမြိုင်အပါအ၀င် နိုင်ငံခြားရှိ မြန်မာသံအမတ်များကို ၂၀၀၄ ခု ဒီဇင်ဘာ (၂) ရက်နေ့ ရန်ကုန်အရောက် စစ်အစိုးရက ရုတ်တရက် ပြန်ခေါ်ခဲ့သည်။
အမေရိကန်နိင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား နအဖက ရန်ကုန်ပြန်ခေါ်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်ရာထူး ခန့်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန စီမံရေးနဲ့အုပ်ချုပ်ရေးဌာန၏ ထိုအချိန်က ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကိုကို ကျော်ကို အငြိမ်းစားပေးပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်နှင့် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူးမှ ပြုတ်သွားသည့် ဗိုလ်မှူးကြီး ကိုကိုကျော်သည် ၁၉၉၉ ခုနှစ်က မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
၂ဝဝ၃ ခုနှစ် အောက်တိုဘာ (၂၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် နအဖ ကြေညာခဲ့သည့် အမျိုးသားညီလာခံ ကျင်းပရေး ကော်မတီဝင် (၄၃) ဦးစာရင်းမှာလည်း ဗိုလ်မှူးကြီး ကိုကိုကျော်၏ အမည် ပါဝင်ခဲ့သည်။ သို့သော် ပြုတ်သွားသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဗိုလ်မှူးကြီး ကိုကိုကျော် ပတ်သက်မှု ရှိမရှိဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် DSA အပတ်စဉ် (၁၁) မှ ဖြစ်ပြီး ရေတပ်မှာ ဗိုလ်မှူးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယခင် ရေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့နှင့် တပတ်စဉ်တည်းဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးသူဖြစ်သည်။ မြန်မာစစ်အစိုးရ ရေတပ်မှာ အရာရှိ အဖြစ် (၂၆) နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၉၃ ခုနှစ်ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အမှုထမ်း ဆောင်ခဲ့ကြောင်း Washington Diplomat သတင်းစာမှာ ဖော်ပြထားသည်။
Thursday, 22 January 2009 19:53 ဧရာဝတီ
http://www..irrawaddy.org/bur/index.php?option=com_content&view=article&id=633:2009-01-22-12-55-14&catid=9:special&Itemid=16
ကမ္ဘာ့ ကုလ သမဂ္ဂ အထွေ ထွေ အတွင်း ရေးမှူးချုပ် ဦးသန့်နှင့် သတင်းစာ သမား တဦး အနေဖြင့် တွေ့ကြုံ ခဲ့ဖူးသည့် (ယခု NLD ခေါင်းဆောင်) ဦးဝင်းတင်အား ဦးသန့် နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်း အမှတ် အဖြစ် ဧရာဝတီ မဂ္ဂဇင်းက မေးမြန်း ထားချက် ဖြစ်သည်။
အလုပ်စားပွဲက ဦးသန့် (ဓာတ်ပုံ - UN Photo/Grunbaum)
သူက နိုင်ငံ့ အကျိုး တွေလည်း အတတ် နိုင်ဆုံး ထမ်းဆောင် ခဲ့တယ်။ နောက် ကုလ သမဂ္ဂလို ကမ္ဘာ့ အဖွဲ့ အစည်း ကြီးမှာ အမြင့်ဆုံး နေရာကနေ တာဝန် တွေကို ထမ်းဆောင် ခဲ့တဲ့သူ ဖြစ်လေတော့ သမိုင်းမှာ အလွန် ဂုဏ်ယူစရာ ကောင်းတယ်ပေါ့ဗျာ။ ဒါက လူပုဂ္ဂိုလ်အရ ပြောရတာပါ။ ဗမာနိုင်ငံသား တယောက်အနေနဲ့ အလွန် ဂုဏ်ယူစရာ ကောင်းတဲ့ ပုဂ္ဂိုလ်လို့ ပြောချင်ပါတယ်။ တခုရှိတာက ဦးသန့်ဟာ ကုလသမဂ္ဂလို နေရာမှာ ရာထူးရသွားလို့ ဂုဏ်ယူခြင်းဆိုတာထက် ဒီပုဂ္ဂိုလ်ရဲ့စွမ်းဆောင်ချက်၊ သူ့ရဲ့ ဆောင်ရွက်ချက်တွေက ထူးထူးခြားခြား ကောင်းမွန် ခဲ့တာ တွေ့ရတယ်ဗျ။ကမ္ဘာ့နိုင်ငံတကာအရေးမှာပဲ ကျူးဘားအရေးအခင်းကိစ္စတို့၊ ဒုံးပျံကိစ္စတို့၊ အရှေ့အလယ်ပိုင်းကိစ္စ၊ ဗီယက်နမ်ကိစ္စတို့ကိုကြည့်။ ဒီကိစ္စတွေကိုဆောင်ရွက်ရာမှာ သူဟာ အလွန်ကိုတည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်းနဲ့ အောင်မြင်မှုရအောင် ဆောင်ရွက်ခဲ့တာတွေအတွက် ကျနော်တို့ အလွန်ကို ဂုဏ်ယူစရာ ကောင်းတယ်ဗျ။ သူ့ဟာသူ ရာထူးရတာက တပိုင်းပေါ့ဗျ။ လူတယောက် ရာထူးရပြီး ဘာမှ မယ်မယ်ရရ မဆောင်ရွက်နိုင်တာတွေ ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် အများကြီးရှိတယ်ဗျ။
နောက်တခုက ဦးသန့်ဟာ ဘာပဲလုပ်လုပ် တည်တည်ငြိမ်ငြိမ်လုပ်တတ်တယ် ဆိုတာကိုတွေ့ရတယ်။ ဘယ်အလုပ် လုပ်လုပ် စကားနည်း နည်းပဲပြောပြီး တိတိကျကျ ဆောင်ရွက်တတ်တယ်ဗျ။ ဒါက ကုကသမဂ္ဂလို နေရာမျိုးရောက်မှ မဟုတ်ဘူး မြန်မာပြည်တွင်းမှာ နေစဉ်က တည်းကလည်း ဒီတိုင်းပဲ။ ဥပမာ ပြန်ကြားရေး ဝန်ကြီးဌာနမှာ အတွင်းဝန်လုပ်တော့ သတင်းစာဌာနတွေဘာတွေနဲ့ ဆက်ဆံတဲ့နေရာမှာ တိတိကျကျ တည်တည်ငြိမ်ငြိမ်ပဲ ဆောင်ရွက်တာ တွေ့ရတယ်။
တည်တည်ငြိမ်ငြိမ်ဆိုတာ တော်တော်လေး အရေးကြီးတယ်ဗျ။ စကားသိပ်မပြောဘူး။ ကျနော်ဆုံဖူးတာလေး တခုဆိုရင် ၁၉၆၀ ကျော် လောက်ကပေါ့ ဗမာပြည်မှာလာပြီး ဗီယက်နမ်စစ်ပွဲနဲ့ ပတ်သက်လို့ ဆောင်ရွက် ဖူးတယ်။ ဗီယက်နမ်အရေးကို ကုလသမဂ္ဂရယ် ဗီယက်နမ် တောင်ပိုင်း၊ မြောက်ပိုင်း အလယ်ပိုင်းတွေ ဆွေးနွေး ရာမှာ ဗမာပြည်က နေရာပေးတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာသူက အလုပ်လုပ်တာမှာ အကုန်လုံး သင့်သင့်မြတ် မြတ် ဖြစ်အောင် လုပ်တတ်တယ်။
ဒီကိစ္စက လျှို့ဝှက်ကိစ္စဗျ။ ဒါပေမယ့် လူတွေက သိချင်တယ်လေ။ အဲဒီမှာ လျှို့ဝှက်ကိစ္စကိုလည်း မငြင်း ရှောင် ဘူး၊ သိသင့်တာကိုလည်းသိရအောင်မီဒီယာရဲ့သိခွင့်ကိုလည်း မလျော့ပါးအောင်လုပ်တတ်တယ်ဗျ။ ကျနော် မှတ် မိ တာလေး တခုဆိုရင် သူ သတင်းထောက်တွေ နဲ့တွေ့တော့ ကျနော်တို့ထဲက သတင်းထောက် တ ယောက်က စကားနည်းနည်းလေး ထစ်တယ်။ အဲဒီတုန်းကလည်း သတင်းထောက် နည်းနည်းပဲရှိတာပါ။ ဒါ တောင် တယောက်ကို တမိနစ်ပဲ ပေးမယ်ပေါ့ဗျာ။ မေးတာကော ဖြေတာကောနော်။ အဲဒီထစ်တဲ့သူက စကား ထစ် ပြီး ဗီ ဗီ ဗီ ဗီ ဆိုပြီး ဗီယက်နမ် ဆိုတာတောင် မရောက်ဘဲ ဖြစ်တယ်ဗျ။ အဲဒီမှာ သူက ပြောလိုက်တယ် ခင်ဗျားဗျာ မေးတာနဲ့ မိနစ်ပြည့်နေပြီ ကျနော့်အဖြေမပေးနိုင်တော့ဘူး ဆိုပြီး ပြောလိုက်တယ်။ တိတိကျကျ လုပ်တာပေါ့ဗျာ။ တည်တည်ငြိမ်ငြိမ် ပြတ်ပြတ်သားသား လုပ်တတ်တာ ဦးသန့်နဲ့ပတ်သက်တဲ့ အမှတ်တရ တခုပေါ့ဗျာ။
နောက်တခုက ဦးသန့်အရေးအခင်းနဲ့ ပတ်သက်တာပေါ့။ ဒါလူတိုင်းသိတဲ့ကိစ္စပါ။ အများကြီး မပြော ချင်တော့ဘူး။ တခု ပြောချင်တာက ပြည်သူလူထုဟာ တန်ဖိုးထားရမယ့်သူကို တန်ဖိုးထားရမယ်ဆိုတာ ဘယ် တော့ပဲဖြစ်ဖြစ် သိတယ်ဗျ။ အထူးသဖြင့် ဗမာပြည်သူလူထုပေါ့။ နောက်တခုက ဒီလိုလူတွေနဲ့ပတ်သက်ပြီး မထိုက်တန်တဲ့ အပြုအမူမျိုးကိုလုပ်တော့ ပြည်သူလူထုက သိပ်ပြီး ဒေါသထွက်တယ်၊ မကြိုက်ဘူးဗျ။ ဒီတော့ ဒီဟာနဲ့ ပတ်သက်လာရင် အမြဲ တုန့်ပြန်တယ်။ ဒီအရေးအခင်းဟာ ဒီသဘောထားကို ထင်ထင်ရှားရှား ပြလိုက် တာပဲ။
ဦးသန့်လိုပုဂ္ဂိုလ်မျိုးဟာ ဗမာပြည်အတွက်၊ ဗမာတယောက်အနေနဲ့ သိပ်ကိုဂုဏ်ယူစရာကောင်းတယ်၊ နောက်ပြီး အလွန်ကိုထိုက်ထိုက် တန်တန် နဲ့ ကမ္ဘာ့အရေးကိုတောင် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ ရုပ်အလောင်းကို ကြိုတာတောင်မှ ကြိုဖို့ခွင့်မပေးဘူး၊ ဘယ်သူ့ကိုမှ မပြော ဘူး။ ကြားတာတခုကတော့ အဲဒီအချိန်က ဦးနေဝင်းက ငပလီမှာရှိနေတယ်ပြောတယ်ဗျ။ ဒီကသံရုံးတွေက သွားကြိုချင်တော့ ဘယ်သူကြိုမှာလဲ မေးတော့ သူက မင်းတို့ ကြိုချင်ကြို ငါဘာမှလုပ်စရာမရှိဘူးကွာ လို့ပြောတယ်တဲ့။ သူအဲလိုပြောလိုက်တော့ အားလုံးကသူ့ရဲ့ စိတ်သ ဘောကိုသိပြီ။ အဲဒီမှာ ဘယ်သူကမှ ဘာမှမလုပ်ရဲတော့ဘူး။
နောက်ဆုံးပိတ်ကျတော့ ပညာရေး ဒုဝန်ကြီးဦးအောင်ထွန်း ဆိုတာ ကျနော့်သူငယ်ချင်းပါပဲ၊ သူ့ကို တာဝန်ပေး လိုက်တယ်တဲ့။ သူကလည်း တွေးတာပေါ့ဗျာ။ ဒီလိုနေရာက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ရမယ့်နေရာမှာ ကောင်းကောင်းလုပ်မယ်ဆိုပြီး အနောက်တိုင်းဝတ်စုံ တွေ ဘာတွေဝတ်ပြီး နက္ကတိုင် နဲ့ဘာနဲ့ ကျကျနနသွားတာဗျ။ ဒါပေမယ့် ဦးသန့်ရဲ့ အလောင်းကိုကြိုမိလိုက်တာနဲ့ အဲဒီဝန်ကြီးလည်း ပြုတ် ရောဗျ။ အဲဒါကိုပြည်သူလူထုသိတာနဲ့ ဒီလိုဂုဏ်ယူစရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးကို သေးသိမ်အောင် လုပ်တယ် ဆိုပြီး မကျေနပ်တော့ ကျောင်းသား ပြည်သူအများက ဦးသန့်အလောင်းကြီးကိုအတင်း ကျိုက္ကဆံကွင်း ကနေ လုကြတာ။
ပထမကြားတာက ဒေါ်ခင်မေသန်းရဲ့ ခြေရင်းမှာမြှုတ်ဖို့တောင် စီစဉ်ထားတာလို့ ကြားတာပဲ။ ဟုတ်မဟုတ် တော့ မသိဘူးဗျ။ ကြံတောမှာပေါ့။ အဲဒီမှာ တက္ကသိုလ်ဝင်းထဲကိုသယ်ပြီး ဆန္ဒပြပွဲ ဖြစ်တော့တာပဲ။ ဒါက ဘာပြလဲ ဆိုတော့ ဒီစစ်တပ်က အုပ်ချုပ်သူတွေဟာ အမြဲတမ်း သူတို့ထင်သလို လုပ်သမျှ ဖြစ်တယ်လို့ ထင် တယ်။ ခုလိုဂုဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို သေးသိမ်အောင်လုပ်ချင်တယ်။ အလေးမ ထား ချင်ဘူး၊ ဂုဏ်ပျက်အောင် လုပ်ချင် တယ်။ အဲဒီအတွက် ကြီးစွာသော တုန့်ပြန်မှုရတယ်ဆိုတာကို ဘယ်တော့မှ နမူနာ မယူဘူး။
ဆိုပါတော့ဗျာ ကျနော်စကား ဆက်ပြီးပြောရရင် ဒေါ်ခင်ကြည်ဈာပနတုန်းကလည်း ဒေါ်ခင်ကြည်ကို ကြံတော မှာမြှုပ်ဖို့လုပ်တယ်ဗျ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကကော ကျန်တဲ့ ကျောင်းသား၊ သံဃာ၊ လူထုက လက်မခံနိုင်ဘူးဗျ။ လက်မခံနိုင်တော့ မြို့တော်ခန်းမကိုသယ်ပြီး ပြည်သူ့ဈာပနလုပ်ဖို့အထိ လုပ်မလို့ဗျ။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ဈာပနလုပ်တာတော့ မကြိုက်ဘူး ဆိုပြီး ပြောတော့မှ သတိရပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကြိုက်ပါတယ် ဆိုပြီးဖြစ်တာဗျ။ မိသားစုဈာပဏပဲပေါ့ဗျာ။ အဲဒီမှာမှ ဦးသန့်နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ကြား မြေကွက်ကိုပေးလိုက်တာဗျ။ မဟုတ်ရင် အောက်ခြေ မှာ ပြည်သူလူထုက ဆူပူတော့မှာ။ ဒေါ်ခင်ကြည်တုန်းကလည်း ဦးသန့်အရေးအခင်းလိုကို ဖြစ်တော့မှာ။
ချုပ်လိုက်ရင် မြန်မာလူမျိုးအတွက်သာမက ကမ္ဘာအတွက်ပါ ဂုဏ်ယူစရာကောင်းတဲ့သူ ကျူးဘား အရေး အခင်းလို ကမ္ဘာမှာ နျူးကလီးယားစစ်ကြီးတောင် ဖြစ်တော့မယ့် အနေအထားကို တားနိုင်ခဲ့တဲ့သူ ဒီလိုပုဂ္ဂိုလ်မျိုး ဖြစ်တဲ့အတွက် ဂုဏ်ယူရမယ်။ တိုင်းပြည်မှာ ဂုဏ်ယူ အလေးထားရမယ့် ပုဂ္ဂိုလ်မျိုးကို အမြဲတမ်းစစ်အစိုးရက သေးသိမ်အောင် မဖွယ်မရာ သဘောထားနဲ့ ပြုမူ ချုပ်ကိုင်တတ်တဲ့ သဘောထားမျိုးရှိတယ်ဆိုတာ ဦးသန့်အရေးအခင်းက သက်သေပြနေတယ်လို့ပဲ ပြောချင်တယ်။
ဦးနေဝင်းက ပုဂ္ဂိုလ်ရေးအာဃာတ ထားတဲ့ပြဿနာတခု .. အဲဒါကတော့ ဦးနေဝင်းပြဿနာဗျ။ ဦးသန့်ပြဿနာ မဟုတ်ဘူး။ ဦးသန့်ဟာ လူတွေနဲ့ဆက်ဆံရာမှာ အလွန်ကို တည်ကြည်မှန်ကန်တဲ့ပုဂ္ဂိုလ်ဗျ။ စကားပြောရာမှာ ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်၊ အေးဆေးတယ်။ ဘယ်သူ့ဖြစ်ဖြစ် လေးလေးစားစား ဆက်ဆံတယ်။ ဒီတော့ ဒီကိစ္စဖြစ်တာဟာ ဦးသန့်နဲ့ မဆိုင်ဘူးဗျ။ ဦးနုနဲ့ ဦးနေဝင်းဖြစ်တဲ့ကိစ္စ။ ဦးနုက အာဏာသိမ်းခံရတော့ ကမ္ဘာ လှည့်ပြီးနိုင်ငံတွေကို ထောက်ခံချက် တောင်းရင်း ကုလသမဂ္ဂကိုရောက်တော့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်း ပွဲ အခန်းမှာ နိုင်ငံတကာသတင်းထောက်တွေ ရှေ့မှာ ပြောတယ်။
အဲဒီအချိန်က ဦးနေဝင်းက ဦးနုကို ဒေါသဖြစ်နေတာဗျ။ ဦးနေဝင်းအနေနဲ့က သူ့ရဲ့စစ်အစိုးရနဲ့ တိုင်းပြည်ကို ငြိမ် အောင်ကြိုးစားနေရတဲ့ အချိန်မှာ ဦးနုက ကုလသမဂ္ဂလို နေရာမျိုးမှာ သတင်းစာ ရှင်းလင်းပွဲလုပ်၊ ကမ္ဘာသိကြေညာ၊ စစ်အစိုးရရဲ့ ချွတ်ယွင်း ချက်တွေ ထောက်ပြ၊ သူ့ရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ တောင်းဆို တာမျိုးတွေလုပ်တော့ ဦးနေဝင်းက ဒေါသထွက် တုန်လှုပ်တယ်။ ဒါက အစိုးရကို ဖြိုဖျက်နိုင် လောက်အောင် ဖြစ်တယ်လေ။
ဒါပေမယ့် ဦးနေဝင်းရဲ့ဒေါသက ဦးနုထက် ဦသန့်ဆီ ရောက်သွားတယ်။ အဲဒီအချိန်မှာ ဦးသန့်နဲ့ဦးနုကလည်း အလွန်ရင်းနှီးကြတာကိုး။ ငယ်သူငယ်ချင်းတွေကိုး။ ဒါဟာဦးသန့်ဟာ ဦးနုကို အထူးအခွင့်အရေးပေးတာပဲ လို့ထင်တယ်ဗျ။ တကယ်က မဟုတ်ဘူးဗျ။ ဒီအခန်းကို ကုလသမဂ္ဂရောက်တဲ့ ဘယ်နိုင်ငံ့ခေါင်းဆောင်မဆို သုံးခွင့်ရှိတယ်ဗျ။ သူကလည်း နိုင်ငံ့ခေါင်းဆောင်တဦးပဲကိုး။ အပြင်လူ အနေနဲ့ ဆိုရင်တော့ ဦးနုဟာ ပြုတ်ကျနေတဲ့ ခေါင်းဆောင်ဟောင်း လို့ပြောမယ်။ ဒါပေမယ့် ခေါင်းဆောင်ဟောင်း မဟုတ်ဘူးဗျ။ အာဏာ သိမ်းခံထားရတဲ့ ခေါင်းဆောင်ဗျ။ အဲဒီမှာ ဦးနေဝင်းရဲ့ ဒေါသတွေဟာ ဦးနုဆီကနေ ဦးသန့်ဆီကို ရောက်သွား တော့တာပဲ။
ဦးသန့် ဗမာပြည်ကိုရောက်တိုင်း ဦးသန့်ဟာ ဦးနေဝင်းနဲ့ တွေ့ဆုံဖို့ကြိုးစားတာ အကြိမ်ကြိမ်ပဲ။ အဲဒါလည်း ကျနော်တို့ သတင်းစာလောကက အသိဆုံးပဲ။ အဲဒီလိုအခါတိုင်းမှာ ဦးနေဝင်းက ငြင်းပယ်တယ်၊ ရှောင်တယ်ဗျ။ ဦးသန့်လာတဲ့အခါ မြောက်ဖျား ကချင်ပြည်နယ် ခရီးထွက်နေတယ်၊ အနားယူနေတယ်၊ နေမကောင်းဘူး အမြဲလုပ်တယ်။ အဲဒီတော့ ဦးနေဝင်းနဲ့ ဦးသန့်နဲ့ ကြားမှာ မညီညွှတ်တဲ့သဘောထားတွေ ဖြစ်ပေါ်လာတာ ဦးသန့်ကြောင့်မဟုတ်ဘူး။ ဦးနုကနေ ဆက်စပ်ပြီး ပေါ်လာတဲ့ သဘောထား။ အဲဒီကနေ တဖြည်းဖြည်းကွာသွားပြီး နောက်ဆုံး ဈာပန အခမ်းအနား မှာတောင် ရုပ်အလောင်းကို ကြိုမိတဲ့ ဒုဝန်ကြီးတယောက်တောင် ပြုတ်ရတဲ့အထိ မလိုမုန်းထားစိတ်တွေ ဖြစ်ခဲ့တာပေါ့ဗျာ။
ဦးနေဝင်းအစိုးရက မထောက်ခံတာကြောင့် ဦးသန့်ရဲ့ တတိယသက်တမ်း ပြယ်သွားတယ်လို့ ပြောကြတယ်။ တကယ်တော့ ဦးနေဝင်းမထောက်ခံရုံနဲ့ ဒီလိုမဖြစ်ပါဘူးဗျ။ ဦးသန့်ကိုယ်တိုင်ကိုက အဲဒီမှာ ကျန်းမာရေးက မကောင်းတော့ဘူး။ ငယ်ငယ်ကတည်းက ဆေးပြင်းလိပ်သောက်ခဲ့တာဆိုတော့ သူ့မှာ ကင်ဆာဖြစ်လာတဲ့ အနေအထားတွေ သူသိမယ်ဗျ။ မိခင်နိုင်ငံကကန့်ကွက်တာနဲ့ လူတယောက် အလုပ်မလုပ် နိုင်တော့ဘူး ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူးဗျ။ နိုင်ငံအများစုက ထောက်ခံရင်ကို လုပ်နိုင်တာပဲ။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက ထောက်ခံရင်ကိုပြီးတာပဲ။ သူကိုယ်တိုင်ကိုက ကျန်းမာရေးကြောင့် ဆုတ်သွားတာဖြစ်မယ်ဗျ။ အဲဒီနောက်ပိုင်း ၁ နှစ် ၂ နှစ်အတွင်းမှာ ဒီရောဂါကဆိုးရွားခဲ့တာကိုးဗျ။
ပြောစမှတ်ပြုစရာကတော့ အများကြီးတော့ မပြောနိုင်ဘူး။ ဘာကြောင့်လဲဆို အဲဒီတုန်းက ကျနော်က ငယ် သေးတာကိုး။ နောက်ပြီး ကျနော်က သိပ်ပြီးအရေးပါတဲ့သူလည်း မဟုတ်ခဲ့ဘူး။ ဒါပေမယ့် တခု မှတ်မိ တာက တော့ ကျနော် သတင်းစာအသင်း အတွင်းရေးမှူး လုပ်စဉ်ကပေါ့ အဲဒီတုန်းက ဥက္ကဌက ဂါးဒီးယန်း ဦးစိန်ဝင်း။ ဦးသန့်ကရန်ကုန်ရောက်နေတယ် နှစ်တော့သေချာမမှတ်မိဘူး ၁၉၆၄ ဝန်းကျင်ဖြစ်မယ်ဗျ။ အဲဒီမှာ သတင်းစာ အသင်းက ဦးသန့်ကို ဂုဏ်ပြုပွဲလေးလုပ်တယ်ဗျ။
အဲဒီမှာ ကျနော်တို့က ဦးသန့်ကိုလက်ဆောင်ပေးဖို့ စီမံတယ်။ အဲဒီမှာ သူ့ရဲ့ဆန္ဒလေးလည်းယူတယ်။ ဒါက လူ ၁ ယောက် ၂ ယောက်ပဲ သိတဲ့ကိစ္စပေါ့။ အဲဒီမှာ ဦးသန့်က ဒီလိုလုပ်ဗျာတဲ့ ကုလသမဂ္ဂမှာ အခန်းတွေ အများကြီး ရှိတာဆိုတော့ ပန်းချီကားတွေ ထားတယ်။ အဲဒီမှာ ဗမာပန်းချီကားလည်း ချိတ်ဆွဲချင်တယ်လို့ပြောတယ်ဗျ။ အဲဒီမှာ ကျနော်တို့က ပန်းချီကားစီစဉ်တယ်။ ပေါ်ဦးသက်ရဲ့ကားဗျ။ ပေါ်ဦးသက်ကလည်း ဆွဲလိုက်တာ ဆင်ပုံကြီးဗျ။ ဆင်နဲ့ မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ပေါ့။ ဆင်ကလည်း ရိုးရိုး ငုတ်တုတ်နေတဲ့ ဆင်ကြီး မဟုတ်ဘဲ ကခုန်နေတဲ့ ဆင်ပေါ့ဗျာ။ နောက်တခု ပုဏ္ဏားတွေက အဖြူတွေ ဝတ်လို့ ဆင်ကြီးကအမည်းဗျ။ ဆန့်ကျင်ဘက်အရောင်နှစ်ခုနဲ့ ဆွဲထားတာ။ ပုဏ္ဏားတွေက တချို့က ဆင်ကိုစမ်း၊ တချို့က ကခုန်လို့ အဲလိုပုံဗျ။ ကျနော့်မျက်စိထဲမှာ မြင်ယောင် နေသေးတယ်။
အဲဒီကားက ၆ ပေ ၃ ပေလောက်ရှိမယ်။ သူ့ရဲ့ဘောင်က ကနုတ်ထွင်းထားတဲ့ ခေါင်းပွကြီး။ ပန်းခက်တွေနဲ့ ဝန်းရံနေတဲ့ သစ်လုံးကြီးလိုပဲ။ အဲဒီပန်းချီကားကို အကြောင်းကြောင်းကြောင့် ဘောင်ကြီးနဲ့ မသယ်နိုင်ဘူး။ ဒါနဲ့ ဘောင်ကြီးကိုဦးစိန်ဝင်းဆီမှာ ထားခဲ့တယ်။ ဒီကားကတော့ ကုလသမဂ္ဂမှာ ဘယ်ပုံနဲ့ ရှိနေလည်း မပြောတတ်ဘူး။ ဒါပေမယ့် ဘောင်ကြီးကတော့ ဦးစိန်ဝင်းက ဓမ္မိကဦးဘသန်းတို့ကနေတဆင့် လှူလိုက်တော့ ခု လောကနတ် ပန်းချီပြခန်းမှာ ရှေးဟောင်းကားတခုဖြစ်တဲ့ ဆရာခြုံရဲ့လက်ရာ ခပ်သေးသေးပဲ အဲဒီကားကို ထည့်ထားတယ်။ ဘောင်ကတော့ ဗမာပြည်မှာ ရှိနေတယ်။ လောကနတ်မှာရှိသေးလားတော့ မသိဘူး။
ဒါကဘာကိုပြလဲဆိုတော့ ဦးသန့်ရဲ့ အနုပညာမြတ်နိုးမှုရယ်၊ မြန်မာပြည်ကို အလေးထားတဲ့စိတ် ရှိတာရယ်ပေါ့ ဗျာ။ သူရှိစဉ်က မြန်မာတွေကို ရာထူးပေးတာမျိုးရှိတယ်။ ဒါက ဘက်လိုက်ပေးတာ မဟုတ်ဘူး။ ထူးချွန်တဲ့ သူခြင်းတူရင် ဗမာတွေကို အလုပ်အခွင့်အလမ်း ဖော်ထုတ်ပေးခဲ့တယ်။ မှတ်မှတ်သားသား မပြောနိုင်ပေမယ့် ဒါမျိုးရှိတယ်ဗျ။ ဦးတင်အောင်ဆိုတဲ့ သတင်းစာဆရာတဦးဆို ကုလသမဂ္ဂမှာ လုပ်ခဲ့တာပဲ။ ဦးသန့်ဟာ မထိုက်မတန်ဘဲ ကိုယ့်လူပဲဆိုပြီးဆွဲသွင်းတာမျိုးမဟုတ်ဘူး။ မြန်မာ့အနုပညာကို ဂုဏ်တင် မြတ်နိုးတယ်၊ ကမ္ဘာ့အလယ်မှာတင့်တယ်စေချင်တဲ့သဘောပေါ့။ အဲဒီကိစ္စလေးကတော့ ကျနော့်ရဲ့စိတ်ထဲ စွဲနေတဲ့ အကြောင်းအရာပေါ့ဗျာ။
အမှတ်တရ ဒီနေ့အတွက်ပြောချင်တာကတော့ ဦးသန့်အနှစ် ၁၀၀ ပြည့်တဲ့အချိန်က သာမန်လူပဲဖြစ်ဖြစ် ကမ္ဘာသိပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မှတ်မှတ်သားသား ရှိဖို့ကောင်းတဲ့အချိန်ပေါ့။ ဦးသန့်လိုကမ္ဘာ့အကျိုး၊ မြန်မာ့အကျိုးတွေ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်မျိုးကတော့ ပိုပြီး မှတ်မှတ်သားသား လုပ်သင့်တာပေါ့ဗျာ။ ခုလိုချိန်မှာ ကျနော်ပြောချင် တာကတော့ ကျနော်တို့တိုင်းပြည်က ဆင်းရဲတယ်၊ ဒုက္ခမျိုးစုံကြုံခဲ့ရတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရတွေ ပေါ့ဗျာ။ နှစ်ပေါင်း ၄၀ လောက်က စစ်အစိုးရက အုပ်ချုပ်တယ်၊ နှစ်ပေါင်း ၂၀ လောက်က ပြည်တွင်းစစ်တွေ ကြုံရတယ်။ အဲဒီမှာ နွံအိုင်ထဲမှာ ပွင့်တဲ့ကြာတပွင့်လိုပဲ ဦးသန့်လိုပုဂ္ဂိုလ်မျိုးပေါ်ထွက်ခဲ့တာဟာ မီးလျှံထဲကနေ ပန်းတပွင့်ပွင့်ခဲ့တာပဲဗျ။ အဲဒီလိုပုဂ္ဂိုလ်မျိုးရဲ့ အားထုတ်မှုတွေ၊ နမူနာတွေ၊ ထူးချွန်မှုတွေမျိုး ကျနော်တို့ ဗမာတွေရဲ့ စိတ်ထဲမှာရှိသင့်တယ်။ ကျနော်တို့ ဗမာတယောက်စီတိုင်းဟာ ဦးသန့်လိုပဲကြိုးစားသင့်တယ်၊ အားထုတ် သင့်တယ်။ ကြိုးစားကြပါ၊ အားထုတ်ကြပါလို့ပဲ ပြောချင်တယ်ဗျာ။ ။
ဆရာမနှင်းပန်းအိမ် (RFA အသံလွှင့်အစီအစဉ်မှ)
လေးစားရတဲ့သောတရှင်များရှင် -
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အကျဉ်းထောင်တွေထဲမှာ ကဗျာတွေ အများကြီး ရေးစပ် ခဲ့ဖူးပါတယ်။ ထောင်ထဲမှာ ကဗျာဆရာက ပါးစပ်နဲ့ရေးပြီး ပရိတ်သတ်က နားနဲ့ဖတ်ပါတယ်။ ဒီတော့ ကဗျာတွေ က အပြည့်အစုံမဟုတ်တော့ပဲ မှတ်မိသလောက်ကိုပဲ ပြန်ပြောနိုင်ကြပါတော့တယ်။
အဲဒီကဗျာတွေထဲက "မောင်ရုပ်ဆိုး" ကဗျာလေးက ကရုဏာသက်စရာပါ။ ခေတ်နဲ့ယှဉ်တဲ့ လူ့ဘ၀ကိုပေါ်လွင် တဲ့ ကဗျာလေးပါပဲ။ ကဗျာထဲက အကြောင်းက "မိခင်နဲ့နှမတွေ သားနဲ့မောင် အတွက် သတို့သမီး ရှာတဲ့အခါ မိန်းကလေးမိဘတွေက ယောကျာင်္းလေးရှင်ကို မေးပါတယ်၊ သတို့သားလောင်းက ရုပ်ချောရဲ့ လား၊ပညာတတ်ရဲ့လား၊အလုပ်ကောင်းကောင်းရှိရဲ့လား၊ ငွေရှာကောင်းရဲ့လားတဲ့။ ဒီတော့ အမေနဲ့နှမတွေက သတို့သားက ရုပ်ရေက ရွက်ကြမ်းရေကျို၊ ကျောင်းပြီးအောင်တောင်မတက်ခဲ့ရဘူး၊ အလုပ်လက်မဲ့ ထောင်ထွက် ဆိုတော့ သတိုးသမီးဘက်က ခါးခါးသီးသီး၊ ငြင်းလွှတ်လိုက်တဲ့ အကြောင်းပါ။
၂၀၀၅ ခုနှစ်မှာ ကိုမင်းကိုနိုင်ပြန်လွတ်လာတော့ အဲဒီ့ကဗျာကြောင်း ကျမမေးခဲ့ပါတယ်။ ဒီကဗျာက နိုင်ငံရေး သမားလူငယ်တွေကို ကိုယ်စားပြုထားတာပါ အမရယ်လို့ သူဟန်အတိုင်း ပြုံးစစနဲ့ အရွှန်းဖောက်ပါတယ်။ နိုင်ငံရေး သမားလူငယ်တွေရဲ့ အချစ်ရေးကလဲ တိုင်းရေးပြည်ရေးနဲ့ ဆက်စပ်နေတယ်မဟုတ်လား။
နိုင်ငံရေးသမားတွေကို နားလည်ပေးနိုင်တဲ့ ဇနီးမယားတွေ အများကြီးရှိသလို၊ ဇနီးမယားရဲ့ငြင်းပယ်ခံရပြီး၊ သဲတိုင် တွေနောက် ကွာရှင်း စာချူပ်တွေ ရောက်ခဲ့တာလဲရှိပါတယ်။
ထောင်ထဲက နိုင်ငံရေး အကျဉ်းသမား ဘယ်လောက်ခံစားရတယ်၊ဘယ်လောက်ကြေကွဲခဲ့ရ တယ်ဆိုတဲ့ အဖြစ် အပျက်တွေ ကျွန်မတို့ နာနာ၊ကြင်ကြင်နဲ့ နားထောင်ခဲ့ရဘူးပါတယ်။
မွန်သူရဲကောင်း လဂွန်းအိမ် က ရှေတန်းထွက်မှ သူရဲကောင်း မဟုတ်ပါဘူး၊နောက်တန်းကနေ သူရဲကောင်း အတွက် ပါရမီ ဖြည့်နေတဲ့ သူကလဲ သူရဲကောင်းပါပဲ လို့ပြောခဲ့တဲ့စကား စာထဲမှာ ကျွန်မ ဖတ်ခဲ့ဘူးပါတယ်။ ခင်ပွန်းသည်ကို အရိပ်လို အတူလိုက်၊ နောက်တန်း ကနေ အင်အားဖြည့်မေတ္တာအပြည့်နဲ့ ကူညီသူ အမျိုးသမီး တွေကို ပြောတာ ဖြစ်ပါလိမ့်မယ်။ အိမ်ထောင်ဖက် ဇနီးမောင်နှံ ဆိုတာ၊ ဘ၀ခရီးဖော်ပါပဲ။ လူ့ဘ၀ ခရိး ရှည်ကြီးကို အတူတကွ ဖြတ်သန်းရတဲ့ ရဲဘော်၊ရဲဘက် နှစ်ဦးပါ။ သေအတူ၊ရှင်မကွာ၊လောကဓံကို ရင်ဆိုင်မယ်။ ဆင်းရဲ အတူ၊ ချမ်းသာအတူ၊ အေးအတူ၊ပူအမျှ၊ စဉ်းစားဆုံးဖြတ်ပြီး၊ ဘ၀ခရီးကို အတူလျှောက် ခဲ့ကြတာပါ၊
ဒီထဲကမှ အုပ်ချုပ်သူရဲ့ ဖိနှိပ်မှုကြောင့် မိမိတိုင်းပြည် လူထုအတွက် တိုက်ပွဲ ၀င်ခဲ့ကြတဲ့ နိုင်ငံရေးသမားရဲ့ လော ကဓံလှိုင်းက မိသားစုကိုပဲ ရိုက်ခတ်ပါတော့တယ်။ လှိုင်းဆိုတာ ဂယက်ထတက်ပါတယ်၊ လှိုင်းရဲ့အားပေါ်တည် ပြီးတော့ ဂယက်အရှိန်ဆိုတာပါလာပါပြီ။ ဒီ လှိုင်းဂယက်ကိုမျှဝေခံနိုင်သူ ဇနီးသည်ကြောင့် သေတပန် သက်တဆုံး၊မြဲသူမြဲသလို၊မျှဝေမခံစားနိုင်တဲ့ ဇနီးသည်ကြောင့် ကွဲသူတွေကွဲသွား ဘူးပါတယ်။ ထောင်ဝင်စာမှာ ကွာရှင်းစာချူပ်ပေါ်မှာ လက်မှတ်ရေးထိုးပေးခဲ့ပြီး အခန်းအပြန်မှာ သက်ပြင်းချ၊ တောက်ခေါက်လို့ငိုကြွေး၊ အပြစ် မမြင်ပဲ၊ ဒါစနစ်ရဲ့သားကောင်လို့ ကြုံးဝါးသူတွေရဲ့ ကြေကွဲ နာကျင်ခံစားရတဲ့၊ ထောင်တွင်းပုံပြင်တွေလဲ အများ ကြီးပါ။
ဒီထဲကမှ ယနေ့ ကျွန်မတို့မြန်မာနိုင်မှာ နိုင်ငံရေးသမားတွေကို မတရား ဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်၊ နယ်စွန်နယ်ဖျား ထောင်တွေဆီပိုနေတဲ့ ကြားထဲက အမိန့်ချမဲ့ တရားခွင်မှာ နိုင်ငံရေးသမား ကိုခင်မောင်ဝင်းနဲ့ သူ့ချစ်သူ မပန်းဝါတို့ ရုံးတော်မှာ နှစ်ဦး သဘောတူ အကြင်လင်မရားအဖြစ် လက်မှတ်ထိုးသတဲ့၊ တရားရုံးတော်က အမိန့်ချမဲ့တရားခွင်မှာ၊ဒီအဖြစ်က ကြားမကောင်းပါဘူး လို့တောင်းပန်ရတဲ့အထိ။ ဒီအဖြစ်အပျက်ကိုကြားလို့ ရုံးတော်နားရောက်လာတဲ့ လူထုကို သတို့သားက တရားခွင်ကနေ လှမ်းပြီး ဧည့်ခံပါ တယ်။ အသစ်စက်စက် ဇနီးသည်ကို အခုလက်မှတ်ထိုး၊ အခုခွဲပြီးအချုပ်ကားနဲ့ ပဲခူးထောင်ပြန်သွားရတဲ့ အဖြစ် က စိတ်ကူးမြင်ကွင်းထဲမှာ ပြန်ကြည့်ရင်တောင် သိတ်ကို ကြေကွဲစရာကောင်းလှပါတယ်။ မျက်ရည်စနဲ့ အချုပ်ကားကိုကြည့်ပြီး ကျန်ခဲ့တဲ့ ဇနီးသည် အသစ်စက်စက်က " ဘယ်နေရာရောက်ရောက် ထောင်ဝင်စာ လိုက်တွေ့မယ်" လို့ ခင်ပွန်းသည်ကို မှာလိုက်တဲ့အသံက အားမာန်အပြည်နဲ့ အုပ်စိုးသူကို စိန်ခေါ်လိုက်သလိုပါပဲ။
ဒီလိုမျိုး အမျိုးသမီးငယ်တွေ ရှိတဲ့ ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီ အရေးအတွက် အင်အားတရပ် အဖြစ် တည်ရှိ နေခြင်းဟာလဲ ၀မ်း မြောက် စရာပါ။ပြည်သူလူထုက သူတို့ဇနီးမောင်နှံကိုမင်္ဂလာ လက်ဖွဲ့ အဖြစ် အားပေး ချီး မြှောက်လိုက်တဲ့ လက်ခုပ်သံတွေ တော်တော်နဲ့ စဲမသွား တော့ပါဘူး။ အချုပ်ကားပေါ်က သတို့သားက ပြည်သူ လူထုကို နှုတ်ဆက်သွားပါသေးတယ်၊ ကိုမင်းကိုနိုင်ရဲ့ ကဗျာတပုဒ် နဲ့ပါ၊
"ကျောင်းနံရံတ၀ိုက်၊ ဒေါင်းအလံ စိုက်တဲ့နေ့ ငါပြန်လာခဲ့မယ်တဲ့" သူရဲကောင်းတွေရှိတဲ့ တိုင်းပြည်မှာ အမှောင်လှိုင်းတွေ ဘယ်လောက်ပဲ ထန်ထန် ၊ ရိုက်ချိုးမှောက်လှန် အောင်ပွဲခံနိုင်မှာပါ။ အမှန်တရားကို သတ္တိနဲ့ ရှာဖွေဖော်ထုထ်မှုနဲ့ တန်ဖိုးထားတတ်တဲ့ လူသားတိုင်းခံစားနိုင်ကြပါစေ။
မြန်မာမျိုး
ဒေါက်တာ သောင်းထွန်း
(နိုဝင်ဘာ ၁၁ ရက်ထုတ် ဂါးဒီးယန်းသတင်းစာမှ ကေသီစကော့ကလပ် နှင့် အဒြီယန်လဗီ ဆိုသူတို့ ရေးသော 'တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါလောက် သူရဲကောင်းကြီး မဟုတ်ပါ' ဆောင်းပါးသို့ ချေပချက်)
ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာ၏ နိုဝင်ဘာ (၁၁) ရက်မှ 'တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါလောက်သူရဲကောင်းကြီး မဟုတ်ပါ' ဆိုသည့်ဆောင်းပါးတွင် နားလည်မှု လွဲမှားချက်များနှင့် အမှားအယွင်းများ အတော်များများ ပါဝင်နေပါသည်။ ဤအထဲမှ အထင်ရှားဆုံး အမှားများကို ထောက်ပြပါမည်။ ယင်းဆောင်းပါးရှင်များက မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအနေဖြင့် မိမိတို့လှုပ်ရှားမှုကို မိမိတို့ဖာသာမိမိ ပြန်လည် ဝေဖန်ပြစ်တင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ဝေဖန်ပြစ်တင်ရန် စိတ်သန်နေကြခြင်းသည် လှုပ်ရှားမှု၏ ယိုယွင်းကျဆင်းမှုကို သက်သေပြနေသည်ဟု လွဲမှားစွာယူဆထားသည်။
၎င်းတို့က လူအများအပြား၏ပြောစကားများ ကို ကိုးကားဖော်ပြထားရာ ကိုးကားချက်တခု၌ 'ရန်ကုန်မြို့မှ လူကြီးပိုင်းအမတ်တဦး' က 'ကျနော်တို့ စွန့်လွှတ်အနစ်နာ ခံတာတွေ သက်သက်နဲ့ဘဲ အောင်ပွဲတကယ်ရနိုင် မရနိုင်ကို... အလေးအနက်စဉ်းစားဖို့လိုပြီ' ဟုပြောကြောင်း၊ နောက် တယောက်ကလည်း 'လူကြိုက်များခဲ့တဲ့ အန်အယ်လ်ဒီပါတီ လမ်းပျောက်သွားပြီ' ဟုပြောကြောင်း ရေးထားသည်။ အမှန်အားဖြင့် ဤအသံများမှာ အတိုက်အခံလှုပ်ရှားမှုကြီး၏ ပြိုကွဲခြင်းလက္ခဏာကို ပြရာမရောက်ဘဲ သဘောကွဲလွဲမှု များကို ဖော်ထုတ်နိုင်စွမ်း၊ လွတ်လပ်ပွင့်လင်းစွာ ငြင်းခုံဆွေးနွေးနိုင်စွမ်းတည်းဟူသည့် အတိုက်အခံလှုပ်ရှားမှုကြီး၏
ခွန်အားကိုသာ သက်သေပြခြင်း ဖြစ်ပေသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုဓလေ့မျက်နှာစာပေါင်းစုံနှင့် သဘောထားအမြင်မြောက်မြားစွာ သိုက်သိုက်ဝန်းဝန်း ရှိသည့်နိုင်ငံဖြစ်သည်။ ဤသည်မှာ မိမိတို့လို ဒီမိုကရေစီမြတ်နိုးသည့် အခြားလူမျိုးများနှယ်ပင်ဖြစ်သည်။ လူထုများ၏ ကျယ်ကျယ်လောင်လောင်ဆူညံသံမှာ ပြိုကျပျက်သုဉ်းမှုကို မဖော်ဆောင်ကြောင်း မြန်မာပြည်သူတို့က သက်သေပြခဲ့ ပြီးဖြစ်သည်။ ဤသို့ အန္တရာယ်ကြီးလှသော ပြိုကျမှုအလားအလာမှာ ကြမ်းကြုတ်ဆိုးဝါးသည့် တခုလုံးအနေအထား၏ ဖော်ပြချက်လက္ခဏာရပ်သာဖြစ်ပါသည်။ လောလောဆယ်တွင် ဒေါ်စု တိတ်ဆိတ်နေမှုကို သုံးသပ်ဆန်းစစ်ရာ၌ ဆောင်းပါးရှင်များက မြန်မာစစ်အစိုးရ၏ ဆိုးသွမ်းယုတ်ညံ့မှုအားလုံးမှာ သူမကြောင့်ဖြစ်ရသည်ဟု အပြစ်တင်ဖို့ကြိုးစားထားသည်။
သူမသည် 'ပျော့ပြောင်း လိုက်လျောမှုထက် ခေါင်းမာမှုကြောင့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည်'၊ 'အဖမ်းခံရပြီးနောက် ငြိမ်သွားသည်'၊ သူမ၏ 'တိုက်ပွဲမှာ တရားထိုင် ကမ္မဋ္ဌာန်းတိုက်ပွဲအဖြစ်သို့ လွှဲပြောင်းသွားပုံရသည်'၊ သူမ၌ 'နိုင်ငံရေး နလဗိန်း တုံးဖြစ်ခြင်းနှင့် မာနကြီးဘဝင်မြင့်သည့် အကျင့်စရိုက်ရှိခြင်း' ဟူသောချို့ယွင်းချက်ရှိသည်ဟု ဆောင်းပါးရှင်များက ဆိုသည်။ 'အဖွဲ့ချုပ်က မည်သည့်ပေါ်လစီသစ်များ ဖော်ထုတ်ခဲ့ပါသနည်း' ဟုလည်း မေးထားသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ဒေါ်စုမှ ညစ်ကပ်ကပ်ပုံစံမျိုးဖြင့် မလှုပ်မခြောက်နေ,နေခြင်းမှာ သူမကိုယ်တိုင်၏ရွေးချယ်မှုဖြစ်သည်၊ သူမ ဖန်တီးလိုက်သည့် 'လေဟာနယ်'ကြောင့် ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ အားနည်းချိနဲ့သွားပြီး ဦးတည်ရာမဲ့ ဖြစ်သွား သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့သော်ငြားလည်း ဒေါ်စု၏အချုပ်အနှောင်ခံဘဝတွင် ပိုမိုကျယ်ပြောသည့်ကမ္ဘာလောကကြီးနှင့် အဆက်အသွယ် ပြုနိုင်ရန်အတွက် အဆင့်အနိမ့်ဆုံးသောနည်းလမ်းများကိုပင် ကျင့်သုံးခွင့်မရရှာပေ။ စစ်အစိုးရ၏
သံမဏိအုပ်ချုပ်ရေး အောက်တွင် ပြည်သူလူထုနှင့်လည်းကောင်း၊ ပြည်သူလူထုကို ဒီမိုကရေစီနည်းကျကိုယ်စားပြုထားသူတို့နှင့်ပင်လည်း ကောင်း ထိတွေ့ဆက်ဆံနိုင်ရန် လုံးဝမဖြစ်နိုင်ပါ။ ယင်းသို့သောအနေအထားတွင် ခိုင်မာတာရှည်ခံသောပေါ်လစီကို သေသေချာချာဖော်ထုတ်နိုင်မည် မဟုတ်ဘဲ ပြေးရင်းလွှားရင်းနှင့် ဖော်ထုတ်ရသည့်ပေါ်လစီသာဖြစ်နိုင်ပါမည်။ မဲဆန္ဒရှင်များ (သို့မဟုတ်) အောက်ခြေထုများနှင့် ထိုက်သင့်သောညှိနှိုင်းတိုင်ပင်မှု မပြုနိုင်ဘဲ ဖော်ထုတ်ရသည့် ပေါ်လစီ၊ အဓိပ္ပာယ်အတိအကျပြောရလျှင် ဒီမိုကရေစီမကျသည့်ပေါ်လစီသာ ဖြစ်ပါလိမ့်မည်။ ကျနော်တို့ရင်ဆိုင်နေရသော ကိစ္စရပ်များကို ဉာဏ်ပညာရှိစွာကိုင်တွယ်ထိတွေ့ရန် ကျနော်တို့လှုပ်ရှားမှုက အားပေး ထောက်ခံပါသည်။ စကားအခြေအတင်ငြင်းခုံပွဲ ကောင်းကောင်းလုပ်ရေးကို ဒေါ်စု တခါမျှ ရှောင်လွဲခဲ့ခြင်းမရှိပါ။ အသိအမြင်ကြွယ်ကြွယ်ဝဝဖြင့် ဝေဖန်ခြင်းသည် အပြုသဘောဆောင်ပြီး အဆုံးစွန်ထိကြည့်လျှင် အကျိုးရှိလှပါသည်။
သို့ရာတွင် အမျိုးသားသူရဲကောင်းမတဦးကို သိက္ခာချရေးရည်မှန်းချက်ဖြင့် အသိအမြင်ဗဟုသုတချို့တဲ့စွာ ဝါးလုံးချီး သုတ်ရမ်းခြင်းမှာမူ ခိုင်မာသည့်စကားစစ်ထိုးခြင်း မဟုတ်ဘဲ လှုပ်လှုပ်ရွရွဖြစ်အောင်ဖွရေးအတွက်သာ အကျိုးရှိပါ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ဖြစ်ရပ်သည် ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင် အင်မတန့်ကို ထူးခြားလှပါသည်။ နိုဘယ်ငြိမ်းချမ်း ရေးဆု ရရှိထားသူတဦးကို ဆုရပြီးနောက် ဤမျှကာလရှည်ကြာစွာ အကျဉ်းချထားခြင်းမျိုး ယခင်က တခါမှမရှိခဲ့ဖူးပါ။ ကျနော်တို့ နှစ်ငါးဆယ်နီးနီး ကြုံတွေ့နေရသော ထူးခြားလွန်းလှသည့်အခက်အခဲများကို ကျနော်တို့လိုကြုံရသည့် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံရသောအစိုးရများလည်း ရှိလိမ့်မည်မဟုတ်ပါ။ (၁၁)ရက်နေ့ထုတ်ဂါးဒီးယန်းသတင်းစာဆောင်းပါးက မည်သို့ပင်ဆိုစေကာမူ ကျနော်တို့အနေဖြင့် ကိုယ့်လမ်း ကိုယ် ဆက်လျှောက်မည်သာဖြစ်ပါသည်။
ကျနော်တို့ပြည်သူများ အလွန်မြတ်နိုးတန်ဖိုးထားသည့် အမျိုးသမီးကြီး၏ သံဓိ ဋ္ဌာန်နှင့် ရပ်တည်ချက်အပေါ် ယင်းဆောင်းပါးကဲ့သို့ အနှစ်မဲ့တိုက်ခိုက်မှုများက သူမ၏စိတ်ဓာတ်ကိုသော်လည်း ကောင်း၊ မိမိတို့တိုင်းပြည်လွတ်လပ်ရေးအတွက် အစစအရာရာစွန့်လွှတ် အနစ်နာခံနေသော မြန်မာပြည်သူတို့၏ စိတ်ဓာတ်ကိုသော်လည်းကောင်း ယိမ်းယိုင်စေမည်မဟုတ်ကြောင်း ကျနော်တို့ယုံကြည်နေပါသည်။
(ဒေါက်တာသောင်းထွန်း-အမျိုးသားညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂကိုယ်စားလှယ်-၏ ဂါးဒီးယန်းသတင်းစာ၊ နိုဝင်ဘာ ၂၅ ရက်၊ ၂ဝဝ၈ ခုပါဆောင်းပါးကို ဂါမဏိ ဘာသာပြန်သည်။)
ဟိုး ရှေးရှေးတုန်းက ယုန် နဲ့ လိပ်ဟာ ဘယ်သူ အပြေးပိုသန်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြသတဲ့။ အဲဒီ ငြင်းခုန်မှုကို ပြိုင်ပွဲတစ်ပွဲနဲ့ အဖြေရှာဖို့ နှစ်ဦးလုံး သဘောတူလိုက်ကြတယ်။ အပြေးပြိုင်ဖို့ လမ်းကြောင်းတစ်ကြောင်းကို နှစ်ဦးသဘောတူ ရွေးချယ်ပြီး ပြိုင်ပွဲကို စတင်လိုက်တယ်။ စလိုက်တယ် ဆိုရင်ပဲ ယုန်ဟာ အားကုန် ရှိသမျှ ခွန်အားနဲ့ တဟုန်ထိုး ပြေးတော့တယ်။ လှုပ်ပဲ့လှုပ်ပဲ့ ရွေ့လာနေတဲ့ ကိုရွှေလိပ်နဲ့ အပြတ်အသတ် ကွာနေတော့ ကိုယုန်က သစ်ပင်တစ်ပင်အောက်မှာ အေးဆေး အနားယူတော့တာပေါ့။ မကြာခင်မှာပဲ အိပ်ပျော်သွားလေရဲ့။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး လာနေတဲ့ ကိုရွှေလိပ်က ပန်းတိုင်ကို ရောက်မှ ကိုယုန်ခမျာ နိုးလာတော့ ဘာတတ်နိုင်ဦးမှာလဲ။ ရှုံးရောပေါ့။
အနှစ်သာရ - ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ရင် အောင်ပွဲခံနိုင်တယ်။
ဒါ ကျနော်တို့ ကြားဖူးနားဝ ရှိနေခဲ့တဲ့ ယုန်နဲ့လိပ် ပုံပြင်လေးပါ။ ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။ တခြား စိတ်ဝင်စားစရာတွေ ရှိနေပါသေးတယ်။ ဘာတွေ ဆက်ဖြစ်သေးသလဲ ဆိုတော့ ...
ကိုယုန်က ပြိုင်ပွဲ ရှုံးသွားလို့ အတော်လေး စိတ်တိုသွားတယ်။ ဒါပေမယ့် သူ ရှုံးရတဲ့ အကြောင်းအရင်းကို ကိုယ့်ဖာသာ မညှာတမ်း ပြန်ပြီး သုံးသပ်နေမိတယ်။ ကိုယ့်ကိုယ်ကို အသားလွတ် အထင်ကြီးခဲ့မိလို့ ဆိုတာ သိလာခဲ့တယ်။ နောက်ပြီး ဂရုမစိုက်ဘူး။ အရမ်း ပေါ့ပေါ့ဆဆ နိုင်ခဲ့တယ်လို့ သူ နားလည်လိုက်တယ်။ ဒါတွေကိုသာ သူ ပြင်နိုင်မယ် ဆိုရင် သူ ကိုရွှေလိပ်ကို ဘာမနိုင်စရာ အကြောင်း ရှိမလဲ။ ဒီလိုနဲ့ ကိုယုန်ဟာ ယုံကြည်ချက် အပြည့်နဲ့ ကိုရွှေလိပ်ကို နောက်တစ်ခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ကိုရွှေလိပ်ကလည်း "ကြောက်လို့လား" လို့တော့ အပြောမခံဘူး။ ပြိုင်ဖို့ ခေါင်းညိတ်လိုက်တယ်။ ဒီတစ်ခါတော့ ကိုယုန်က ပန်းတိုင်ရောက်တဲ့အထိ နည်းနည်းလေးမှကို အနားမယူတော့ဘဲ တရစက် ပြေးတော့တာပဲ။ ဒီတော့ မိုင်ပေါင်းများစွာ အပြတ်အသတ်ကွာပြီး ကိုရွှေလိပ်ကို အနိုင်ရလိုက်တယ်။
အနှစ်သာရ - ခပ်မြန်မြန်လေး တသတ်မတ်တည်း လုပ်နိုင်မယ်ဆိုရင် ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်သူကို ဘယ်တော့မဆို ယှဉ်နိုင်ပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်တာ ကောင်းပါတယ်။ ဒါပေမယ့် အရှိန်ကို ခပ်သွက်သွက်လေး ထိန်းပြီး အလုပ်လုပ်သွားနိုင်ရင် ပိုကောင်းတာပေါ့။
ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။
ဒီတစ်ခါတော့ ကိုရွှေလိပ် စဉ်းစားရပြီပေါ့။ ဒီပုံ ဒီလမ်းနဲ့သာ ပြိုင်မယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ ကိုယုန်ကို မယှဉ်နိုင်တာ သေချာနေတယ်။ သူ အကြိတ်အနယ် စဉ်းစားပြီး တခဏမှာတော့ ကိုယုန်ကို နောက်တစ်ခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ပြေးလမ်းကြောင်းကို အပြောင်းအလဲ အနည်းငယ် လုပ်လိုက်တယ်။ ကိုယုန်က သဘောတူတော့ ပြိုင်ပွဲကို နောက်တစ်ကြိမ် စလိုက်ပြန်ပြီ။ ထုံးစံအတိုင်း ယုံကြည်ချက် အပြည့်နဲ့ ကိုယုန်ဟာ သူ ခံယူထားတဲ့အတိုင်း ခပ်မြန်မြန်လေး မနားတမ်း ပြေးတော့တာပေါ့။ ပြေးရင်းနဲ့ အတန်အသင့် ကျယ်တဲ့ မြစ်ကမ်းနားဘေး ရောက်တော့ ကိုယုန် အတွေးနယ် ချဲ့ရပြန်ပြီ။ မြစ်တစ်ဖက်ကမ်းရဲ့ မိုင်အနည်းငယ်ကို သွားပြီးမှ သူတို့ သက်မှတ်ထားတဲ့ ပန်းတိုင်က ရောက်မယ်လေ။ ကိုယုန် ငုတ်တုတ်ကြီးထိုင်ပြီး ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ စဉ်းစားခန်း ၀င်နေတော့တယ်။ ဟိုကောင် ကိုရွှေလိပ် ဘယ်လို လုပ်မလဲဆိုတာလည်း သူ စိတ်ဝင်စားနေတယ်။ ခဏကြာတော့ ကိုရွှေလိပ်ရောက်လာပြီး မြစ်ထဲဆင်းသွားလေရဲ့။ လက်ပစ်ကူးသွားပြီး ဟိုဘက်ကမ်းရောက်တော့ မနားတမ်း ဆက်လျှောက်သွားတယ်။ ဒီလိုနဲ့ ကိုရွှေလိပ် ပန်းဝင်သွားတယ်။
အနှစ်သာရ - ပထမဆုံး ကိုယ့်ရဲ့ ယှဉ်ပြိုင်နိုင်တဲ့ အားသာချက်ကို စမ်းစစ်ပါ။ နောက်ပြီး အဲဒီ အားသာချက်နဲ့ သင့်လျော်မယ့် ပတ်ဝန်းကျင်ကို ရွေးချယ်ပြီး ပြိုင်ဆိုင်ဖို့ ကြိုးစားပါ။ အဲဒီလို ပတ်ဝန်းကျင်ကို ဖန်တီးပါ။
ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။
ဒီအချိန်မှာတော့ ယုန်နဲ့လိပ်ဟာ အင်မတန် ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်နေကြပြီ။ သူတို့ နှစ်ကောင် အတူတကွ အကြံထုတ်ပြီး နောက်ဆုံး ပြိုင်ပွဲလေးတစ်ပွဲကို လှလှပပနဲ့ အဆုံးသတ်လိုက် ချင်ကြတယ်။ ဒါကြောင့် နောက်ထပ် ပြေးပွဲလေး တစ်ပွဲနွှဲပြီး စည်းလုံးမှုကို ပြဖို့ ဆုံးဖြတ်လိုက်တယ်။ ပြေးပွဲလေး စပြီ။ ဒီတစ်ခါတော့ ကိုယုန်ဟာ ကိုရွှေလိပ်ကို မြစ်ကမ်းနားပါး ရောက်တဲ့ အထိ ထမ်းခေါ်သွားလိုက်တယ်။ မြစ်ထဲမှာတော့ ကိုရွှေလိပ်က ကိုယုန်ကို ကျောပေါ်တင်ပြီး မြစ်ကို အတူကူးကြတယ်။ ဟိုဘက်ကမ်းလည်း ရောက်ရော ကိုယုန်က ပြန်ထမ်းပြီး အတူတူ ပန်းဝင်လိုက်ကြတယ်။ ဒီတခါတော့ အရင်က ခံစားခဲ့ရတဲ့ ကျေနပ်မှုထက် အများကြီးသာတဲ့ ကျေနပ်မှုတွေ နှစ်ယောက်လုံး ပိုင်ဆိုင်ကြရတယ်။
အနှစ်သာရ -တစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့ အောင်မြင်တယ်ဆိုတာ ကောင်းပါတယ်။ ကိုယ်ပိုင် ထူးကဲတဲ့ အရည်အချင်းနဲ့ပေါ့။ ဒါပေမယ့် စုစုစည်းစည်း တစ်ဦးချင်းစီရဲ့ အားသာချက်တွေ အသုံးပြုပြီး အဖွဲ့နဲ့ အလုပ် မလုပ်တတ်ဘူးဆိုရင်တော့ သင်ဟာ သာမန်လူ သာသာပါပဲ။ ဘာလို့လဲဆိုတော့ သင်မတတ်နိုင်တဲ့ ကိစ္စတချို့မှာ တခြားသူက ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ အနေအထားတွေ အမြဲ ရှိနေမယ်လေ။ နေရာတိုင်းမှာ နံပါတ် တစ် ဆိုတာတော့ ဘယ်ဖြစ်နိုင်မလဲ။ ဒီတော့ အားလုံး ခြုံကြည့်လိုက်ရင် သင်ဟာ သာမန်လူ သာသာပဲ။ စုစည်းလုပ်ဆောင်မှုမှာ အခြေအနေအရ ခေါင်းဆောင်တွေ အပြောင်းအလဲ လုပ်ပေးရမယ်။ သူတို့ရဲ့ ထူးကဲတဲ့ အားသာချက် စွမ်းရည်တွေအပေါ် မူတည်ပြီးတော့ပေါ့။
အထက်က ပုံပြင်မှာဆိုရင် ယုန်ကော လိပ်ပါ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် နောက်မဆုတ်၊ လက်မတွန့်ခဲ့ပါဘူး။ ယုန်ဟာ ရှုံးပွဲနဲ့ ကြုံရပြီးနောက်ပိုင်း အရင်ကထက် ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်ခဲ့တယ်။ လိပ်ဟာလည်း သူ အစွမ်းကုန် ကြိုးစားပြီးတာတောင် မအောင်မြင်နိုင်တော့ လမ်းဟောင်းကို စွန့်ပြီး နည်းဗျူဟာ အသစ်ကို ပြောင်းသုံးဖို့ ၀န်မလေးခဲ့ဘူး။
ကျနော်တို့ ဘ၀မှာကော ....။ ဆုံးရှုံးမှုတွေနဲ့ ကြုံလာရတဲ့အခါ တစ်ခါတလေ ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ တစ်ခါတလေမှာ နည်းဗျူဟာ နဲ့ တခြား ပြောင်းလဲမှု တစ်စုံတစ်ရာ လုပ်ယူရတယ်။ တစ်ခါတလေတော့လည်း နှစ်ခုစလုံး တပြိုင်တည်း လုပ်ရလိမ့်မယ်။ ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်နေကြမယ့်အစား လက်ရှိအခြေအနေတွေကို စိန်ခေါ်နိုင်ရင် ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာပါလိမ့်မယ်။
ယုန်နဲ့လိပ် ပုံပြင်ကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် ...
* ခပ်သွက်သွက်၊ ခပ်မြန်မြန်ဖြင့် ပြီးမြောက်အောင် လုပ်ခြင်းသည် ဖြည်းဖြည်းနှင့် မှန်မှန် ပြုလုပ်ခြင်းထက် သာလွန်မြဲ ဖြစ်၏။
* မိမိ၏ ယှဉ်နိုင်စွမ်းရှိသော အားသာချက်ဖြင့် အလုပ်လုပ်ပါ။
* အဖွဲ့တစ်ဖွဲ့အနေဖြင့် ရှိပြီး အရင်းအမြစ်များအား ခွဲဝေအသုံးချတတ်လျှင် တစ်ကိုယ်တည်း စွမ်းဆောင်မြင့်သူထက် သာလွန်သည်သာ ဖြစ်၏။
* ဆုံးရှုံးမှုများ တွေ့ကြုံလာသော်လည်း မည်သည့်အခါမျှ အရှုံးမပေးအပ်။
* နောက်ဆုံးအနေဖြင့် တခြားသူနှင့် ယှဉ်ပြိုင်နေခြင်းထက် လက်ရှိအခြေအနေကို စိန်ခေါ်အံတု နိုင်ပါစေ။
http://www.mysuboo.com/index.php?option=com_blog&name=futurenation&task=view&pid=19031&Itemid=
ပေးပို့သူကိုမိုးသွေး အား ကျေးဇုးတင်ပါသည်။
အတိုကောက်ခေါ်လို့ရတဲ့ (Underground) Rap သီချင်းတွေ မြန်မာပြည်က လူငယ်ထုတွေကြားမှာ ပျံ့နှံ့နေတာ သိပ်မကြာသေးပါဘူး။ ခန့်မှန်းခြေအရ ဆိုရင်တော့ (Third Generation) လို့ သူတို့ကိုယ်သူတို့ ဟစ်ပ်ဟော့ပ် (Hip hop) ဂီတရဲ့ တတိယမျိုးဆက်ဆိုသူ ဆယ်ကျော်သက် လူငယ်တွေ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းလောက်မှာ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။
ရော့ခ်သီချင်းတွေ အပြိုင်းအရိုင်း ဆူလောင်ပွက်ခဲ့တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေ အပြီးမှာ အက်ဆစ်အဖွဲ့ရဲ့ Rap သီချင်းခွေနဲ့အတူ မြန်မာပြည်က ၂၁ ရာစု ဂီတလူငယ် မျိုးဆက်တွေဟာ ဒီဂျေစက်တွေ၊ မိုက်ခရိုဖုန်းတွေ၊ ဘရိတ်ဒန့်တွေနဲ့အတူ ပေါ့ပ် Pop သီချင်းအများစု ခေတ်စားတဲ့ မြန်မာပြည်မှာ ဘွားခနဲ ပေါ်လာတာပါ၊
Hip hop မျိုးဆက်ရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ အက်ဆစ်အဖွဲ့၊ သီအိုရီအဖွဲ့တို့ဟာ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံပြီးမှ သူတို့ရဲ့ အမာခံပရိသတ် လူငယ်အများစုရဲ့ လက်ခံမှုကြောင့် မြန်မာပြည်ရဲ့ Rap လမ်းကြောင်းက မထင်မှတ်ဘဲ တံခါးပွင့်ခဲ့ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ သီချင်း စီးကြောင်းထဲမှာ ဆယ်ကျော်သက် မြီးကောင်ပေါက် မိန်းကလေးတွေရဲ့ အသည်းစွဲ က ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျေမီတို့ဟာ ၂ဝဝ၃ ခုနှစ်ကနေ ဒီနေ့အထိ စင်ပေါ်မှာ နေရာယူထားဆဲ၊ ပရိသတ်ကို ဖမ်းစားထားဆဲ။
ရဲလေး၊ ဂျေမီမျိုးဆက်ကို Hip hop ရဲ့ ဒုတိယမျိုးဆက်လို့ ခေါ်မယ်ဆိုရင်တော့ ဒီကနေ့ မြန်မာပြည်ရဲ့ Rapper ပေါက်စတွေဖြစ်တဲ့ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ VIP ဟာ တတိယမျိုးဆက် ဖြစ်လာပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က Rap / Hip hop ယဉ်ကျေးမှုဟာ Revolution တခုအနေနဲ့ တွန်းကန် ရုန်းထွက်နေရလို့ပါပဲ။
Hip hop ဂီတယဉ်ကျေးမှုရဲ့ ခရီးအစဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ လူ့အသိုင်းအဝိုင်းရဲ့ စိတ်အချဉ်ပေါက်မှု၊ တံခါးပိတ်ဝါဒကြောင့် အမြင်ကျဉ်းမြောင်းမှု၊ ခေတ်မမီတော့တဲ့ လူ့အသိုင်းအဝိုင်းအတွင်းက စံနှုန်းနဲ့ တရားမျှတမှု မရှိတဲ့ နိုင်ငံရေးနဲ့ လူနေမှုစနစ်ကြားမှာ အတော်ကလေး တိုက်ခိုက်ချေမှုန်းခံခဲ့ရပါတယ်။
ရှင်းရှင်းပြောရရင် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်းမှ မွေးဖွားလာတဲ့ မြန်မာပြည်က ဒီမျိုးဆက်သစ်ဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ်အချဉ်ပေါက်နေတဲ့ လူတန်းစားကြားထဲမှာ လူးလွန့်ကြီးပြင်းခဲ့ရသူတွေပါ။ သူတို့ရဲ့အဖော်ဟာ ဂီတဖြစ်လာတယ်။ ဒီဂီတကနေတဆင့် သူတို့ရဲ့အသံတွေ ခံစားချက်တွေက တစတစ ဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်။
လူ ၅ ယောက်ထက်ပိုပြီး (အထူးသဖြင့် လူငယ်ကျောင်းသားတွေ) စုဝေးလို့မရတဲ့ စစ်ဖိနပ်အောက်က တိုင်းပြည်မှာ ဒီလူငယ်တွေဟာ Hip hop ဂီတနဲ့ လူငယ်ထုတွေကို သောင်းနဲ့ချီပြီး စုစည်းခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ဖလှယ်ကြတယ်။ ပိတ်လှောင်မွန်းကျပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ သူတို့အတွက် အချစ်အကြောင်း၊ အသည်းကွဲတဲ့အကြောင်းတွေ၊ သူငယ်ချင်းတွေ ညီညွတ်ကြပါလို့သာ ဒီအကြောင်းတွေကို သီချင်းစပ်ဆိုခဲ့ကြတယ်။
ကိုယ်ပိုင်သံစဉ် မဖန်တီးနိုင်ဘဲ ကော်ပီသီချင်းတွေနဲ့ လူတလုံးသူတလုံးဖြစ်နေတဲ့ ရော့ခ်၊ ပေါ့ပ် သီချင်းတွေထက်စာရင် မြန်မာလူငယ်စစ်စစ်တွေက ကိုယ်ပိုင်ဖန်တီးတဲ့ မြန်မာဟန် Rap သီချင်းတွေက ဘယ်လိုပဲ အတားအဆီးတွေရှိရှိ စင်ပေါ်ရောက်လာခဲ့တာပါပဲ။
၎-၅ နှစ် ကလေးတွေကအစ စိုင်းစိုင်းခမ်းလှိုင်သီချင်း မဖွင့်ပြရင် ထမင်းမစားကြတဲ့အထိ Hip hop လှိုင်းလုံးက အတော်ကို ကြီးခဲ့ပါတယ်။ ပြည်ပက မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ Hip hop ကို ထင်ထင်ပေါ်ပေါ်ပဲဖြစ်ဖြစ်၊ လျှို့ဝှက်ပြီးတော့ပဲဖြစ်ဖြစ် အားမပေးပါဘူး။ ဒါပေမယ့် ပြည်ပမှာရှိတဲ့ မြန်မာလူငယ်တစုကနေပြီး (Myanmar Future Generation – MFG) အဖွဲ့အဖြစ် နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ သီချင်းတွေ အယ်လ်ဘမ်တချပ်စာမက အင်တာနက်ပေါ်ကနေ လွှင့်တင်လိုက်တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး ဟုတ်ပြီကွဆိုကာ အားပေးခဲ့တာပါ။
MFG ရဲ့သီချင်းတွေဟာ မြန်မာပြည်မှာ Underground သီချင်းတွေအဖြစ်နဲ့ အရှိန်ပြင်းပြင်း ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်အစိုးရဆန့်ကျင်ရေး သီချင်းတိုင်းမှာ Hip hop ဂီတက တစတစ နေရာယူခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးထဲမှာ ရဟန်းသံဃာတော်တွေနောက်က တက်တက်ကြွကြွ အားပေးခဲ့ပြီး အပြောင်းအလဲကို တောင်းဆိုခဲ့တဲ့ လူငယ်ကျောင်းသားတွေဟာ ဒီ Hip hop မျိုးဆက်ပါပဲ။
ဆံပင်ကို အရောင်ဆိုးပြီး နားနှစ်ဖက်စလုံးမှာ နားကပ်ပန်ထားတဲ့ ဆယ်ကျော်သက် ဒီလူငယ်တွေဟာ သူတို့ဘဝမှာ အင်မတန် စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ နိုင်ငံတော် ယုတ်မာမှုကြီးကို သူတို့မျက်လုံးတွေနဲ့ တပ်အပ် မြင်ခဲ့ကြသူတွေပါ။ သူတို့ဟာ အင်တာနက်ခေတ်က မြန်မာ့အနာဂတ် သူရဲကောင်းတွေပါ။
Generation Wave ဆိုပြီး Hip hop မျိုးဆက်က ဇေယျာသော်၊ ရန်ရန်ချန်းတို့ဟာ စစ်အစိုးရဆန့်ကျင်ရေး ဂီတလှုပ်ရှားမှုထဲမှာပါခဲ့လို့ ထောင်ချ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလူငယ်တွေရဲ့ ဂီတပုံစံကို မကြိုက်တာနဲ့ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေ၊ ရပ်တည်ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်ကို ဂရုမထားဘဲ သူတို့ကို လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက မကြိုက်ကြပါဘူး။
တက်ကနိုတီးလုံးတွေနဲ့ မြန်မာသံတွေကို ရောစပ်ထားတဲ့ သားစိုးရဲ့ Rap ပုံစံကတော့ မြန်မာဟန်တွေ အတော်ကို လွှမ်းနေတာမို့ တနိုင်ငံလုံးက ကြိုက်ကြပါတယ်။ ဒါပေမယ့် Hip hop ရဲ့ အရသာစစ်စစ်ကို ခြေလှမ်းစိတ်စိတ် ရှာလာတဲ့ မျိုးဆက်သစ်တွေအတွက်ကတော့ မြန်မာပြည်ရဲ့ ဆင်ဆာယဉ်ကျေးမှုအောက်မှာ အသက်ရှူ ကျပ်လာတာကတော့ အမှန်ပါပဲ။
ဒီတော့ Underground သီချင်းတွေဆိုရင်း သူတို့ရဲ့ ဂီတမှတ်တိုင်တွေကို စပြီး မှတ်ကျောက်တင်ဖို့ လုံးပမ်းတာပါပဲ။ အဲဒီသီချင်းအများစုဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ စစ်အစိုးရကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့မြင်နေရတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွေးအခေါ်တွေ၊ ငွေရှိမှသာ အဆင်ပြေမယ်၊ ဘယ်သူသေသေ ငတေမာရမယ်ဆိုတဲ့ လှိုင်းလုံးတွေကို ဟားတိုက်ဖို့ ကြိုးပမ်းတာပါပဲ။
ဒီသီချင်းတွေရဲ့ စာသားတွေက ပြည်တွင်းက သိက္ခာတော်အင်မတန်ကြီးတဲ့ လူတန်းစားတွေအတွက်ကတော့ ညစ်ညမ်းသီချင်းတွေပါပဲ။ လိင်ဆိုင်ရာသီချင်းတွေ၊ နေ့စဉ်မြင်တွေ့နေရတဲ့ လူငယ်တွေကြားက စကားလုံးတွေဟာ သီချင်းထဲရောက်တော့ အောက်တန်းစားတွေအဖြစ် သမုတ်ခံရပါတယ်။ ဒါ့ကြောင့်လည်း ဒီသီချင်းတွေကို Underground အဖြစ် ထုတ်တာပါ။ ဒီလောက် ညစ်ပတ်တယ် ရုန့်ရင်းကြမ်းတမ်းတယ်ဆိုတဲ့ သီချင်းတွေဟာ ဘာ့ကြောင့် လူငယ်တွေကြားထဲ အင်မတန် ပျံ့နှံ့ပြီး လူကြိုက်များနေတာလဲ။
အဖြေကတော့ သူတို့ရင်ကို ထိလို့ပါပဲ၊ သူတို့ခံစားချက်ကို ရောင်ပြန်ဟပ်လို့ပါပဲ၊ VIP အဖွဲ့က ကျော်ထွဋ္ဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ Rap သီချင်းတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ အခုထိ ပျံ့နှံ့အောင်မြင်နေတုန်းပါပဲ။ မိုက်ရိုင်းတယ်ထင်ရင်၊ မကြိုက်ရင် နားမထောင်ရုံပါပဲ။ ဒီလို အယုတ္တအနတ္တ သီချင်းတွေ ရှိနေသင့်ရဲ့လားဆိုပြီး ဂျာနယ် စာမျက်ထက်ကနေ ဆင်ဆာအဖွဲ့ လူကြီးမင်းများထံ တခုခုလုပ်ကြပါဆိုပြီး ဆော်သြပေးပါတယ်။ ရွာဆော်လုပ်ပါတယ်။
ပြည်ပက တချို့သတင်းဌာနတွေကလည်း ဒီလေသံနောက်ကိုလိုက်ပြီး ဟုတ်တာပေါ့၊ မိုက်ရိုင်းတဲ့သီချင်းတွေ မရှိသင့်ဘူး၊ ဒီကလေးတွေ မဆိုစေနဲ့ဆိုပြီး တတ်ရောင်ကား အဆိုတော်ဆိုသူတွေကို ဗျူးကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အံကို ကိုက်လို့။
နိုင်ငံတော်ရဲ့ တာဝန်ရှိသူများက ထုံးစံအတိုင်း ဂျောက်ဂျက်ကို ခေါ်ယူသတိပေးပြီး နောက်မလုပ်ဖို့ ဆုံးမပါတယ်။ လွတ်လပ်မှုဆိုတာ မီးရထားသံလမ်းပေါ်မှာ အဝတ်ထွက်လှန်းတာ မဟုတ်ပေမယ့် ဒီကနေ့ မြန်မာပြည်က လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပုံစံနဲ့ သူတို့ရဲ့ ခံစားချက်တွေတော့ နည်းနည်းလေးဖြစ်ဖြစ် နားလည်ပေးသင့်ပါတယ်။
သူတို့ဟာ တချိန်လုံးကြီးတော့ သတင်းဂျာနယ်တွေက ပြောသလို ညစ်ညမ်းသီချင်းတွေချည်းပဲ ဆိုနေကြမှာ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ။
စစ်ဖိနပ်အောက်မှာ အားလုံးကို ပြားပြားဝပ်နေအောင် ထောင့်စေ့နေအောင် ဖိနှိပ်နေတဲ့ကြားက အဖိနှိပ်ခံရသူ အချင်းချင်းကိုတောင် အတို့အထောင်လုပ်ပြီး တမူး၊ တပဲသာရှိတဲ့ လွတ်လပ်ခွင့်တွေ လိုက်ပြီး ပိတ်ဆို့ဖို့ စဉ်းစားနေတဲ့ အတွေးအခေါ်ဟာ နေပြည်တော်ကပြောတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့တော့ ထိုက်တန်ပါလိမ့်မယ်။
Revolution တခုဟာ ဘယ်နေရာမှာမဆို ပေါ်လာတတ်ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဂီတ၊ အနုပညာ စတဲ့ အလွှာအသီးသီးမှာ တချိန်မဟုတ် တချိန်တော့ ပေါ်တတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ Evolution ဖြစ်ပေါ်လာပြီး သမိုင်းရဲ့တိုးတက်မှုကို သရုပ်ခွဲရတာပါ။ ကိုယ်မကြိုက်တာနဲ့ ပိတ်လိုက်ဟ၊ တားလိုက်ဟ၊ ဒါမျိုးတော့ လက်ခံလို့ မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ရှိတဲ့ လူတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးတွေနဲ့ ဖြောင့်ဖြောင့်ကြီး သွားနေတာဆိုတာ သတိချပ်သင့်ပါတယ်။
Underground သီချင်းတွေ ထွက်လာတာကို မကြိုက်လို့ အတို့အထောင်လုပ် သတင်းရေးလိုက်ပေမယ့် ဒီလိုသီချင်းမျိုးကို ဖန်တီးသူ၊ ကြိုက်သူ လူငယ်တွေရဲ့ ခြေလှမ်းတွေကို သင်းသပ်သလို မလုပ်သင့်ပါဘူး။ ဒီလောက်ကလေးတောင် ခေတ်အတွေးအခေါ်နဲ့ အမြင်ကျယ်မှုမရှိဘဲ သတင်းတွေနဲ့ လူသတ်နေကြပါတယ်။ အနာဂတ်မြန်မာပြည်မှာ နောင် အနှစ် ၂ဝ ကျရင် ပေါ်ထွက်လာမယ့် မျိုးဆက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကလိုပဲ ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောတဲ့ ခပ်နုံနုံ ခပ်အအ မျိုးဆက်တွေကို ဒီနေ့ဖန်တီးနေကြတယ်။
ပကတိအမှန်တရားရဲ့ ရက်စက်မှုကို မသတီဘူးဆိုရင် မြန်မာပြည်က လူငယ်တွေဟာ အကြောက်တရားရဲ့ ထောင်ထဲမှာ သူတို့ထက် အဆတရာမက အကြောက်ကြီးတဲ့ လူကြီးတွေနဲ့ ဝမ်းနည်းစရာ နေထိုင်ကြရဦးမှာပါ။ ညစ်ညမ်းသီချင်းတွေပါကွာ၊ အဆင့်မရှိဘူးဆိုရင်လည်း ''ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာပေါ်ဝယ် ချစ်တလင်းဖော်မယ်'' ဆိုတဲ့ စည်းကမ်းပြည့်ဝပြီး နားခံသာတဲ့ သီချင်းများသာ ဆိုပြီး တိုင်းပြည်ကို ခင်ဗျားတို့ပဲ ချစ်ကြပါတော့။ ။
နေသန်မောင်
(နေသန်မောင်သည် ယခင်က သတင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ ယခုအခါ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွင် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ သင်ယူနေသူ နောက်ဆုံးနှစ် ကျောင်းသားတဦးဖြစ်သည်။)
moethway
Generation Wave
You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.