Monday, February 9, 2009

[ချင်းမလေး] 2 New Entries: အလွမ်းများနဲ့ လူ

အလွမ်းများနဲ့ လူ

လွမ်းလို့ သေသွားတဲ့ လူမရှိဘူးလို့ 
ဘယ်သူတွေပြောပြော
ကို ကတော့မင်းကိုလွမ်းရလွန်းလို့ 
သေတောင်သွားနိုင်တယ်
ကောင်လေးရယ်..
ဘယ်င်္ဆီကိုရောက်လို့ 
ဘယ်နေရာမှာမင်းလေးရောက်နေလဲ
မင်းလေးရှိမယ့်နေရာ
မှန်းဆတမ်းတလွမ်းနေရတယ်ဆိုတာ
မင်းလေးသိနိုင်ပါ့မလား...
နှုတ်ဆက်စကားတခွန်းမှမဆိုပဲ
ထွက်သွားတဲ့ မင်းကို
အပြစ်မတင်ရက်တာအမှန်ပါ..
သိပ်ချစ်တယ်ချစ်သူရယ်....
ဘယ်အချိန်မှာများ
ပေးလိုက်တဲ့ အချစ်တွေ
ရောင်ပြန်လာမယ်ဆိုတာ
မသိပေမယ့်
မျှော်လင့်နေမိတာတော့
အမှန်ပါ...
မင်းရဲ့ စကားလုံးလှလှလေးတွေအောက်မှာ
ဘယ်တုန်းတည်းကအရည်ပျော်ခဲ့လဲတောင်
ကိုယ.့်ကိုယ်ကိုမသိနိုင်အောင်
ကိုယ့်အပေါ်လွမ်းမိုးလွန်းတဲ့ 
ကောင်လေး မင်းပါကွာ......
ချစ်တယ်ဆိုတဲ့ စကားထက်
ပိုပြည့်စုံမယ့်စကားရှိရင်
ကိုယ့်ကိုသင်ပေးလှည့်ပါ..
ချစ်သူရယ်....
ခါးသီးတဲ့ အချိန်တွေကို
ကျိတ်မှိတ်မျိုသိပ်ရင်း
ကိုယ့်အချစ်တွေ
မင်းလေးနား လည်လာတဲ့ တစ်နေ့ 
ကိုစောင့်မျှော်နေမယ်နော်..

ပေါ့ပေါ့ပါးပါးပြုံး

အချစ်အတွက်ဆိုရင်

" အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။
အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ "
" ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း
မေ့မနေနဲ့ဦးနော် "
" စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ


နားလေးသူမို့ပါ

" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား "
" ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ "
" ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။သူက နားနည်းနည်းလေးတယ် "

You received this email because you are subscribed to the real_time feed for http://kiim-dreamangel.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.