Monday, February 9, 2009

[ဒီရေ] 13 New Entries: ဒီနေ့ သတင်း များ

ဒီနေ့ သတင်း များ

ပြည်တွင်းသတင်းများ

ပြည်တွင်းမှာ ပါတီတွေဖွဲ့ ဖို့ ပြင်နေပြီလို့ ကြားပါတယ်။ ဒေါ်စန္ဒာဝင်း၊ ဒေါ်လဲ့လဲ့နွယ်သိန်း ( အောင်ဆန်းဦး မိန်းမ) နဲ့ ဒေါ်ချိုချို ကျော်ငြိမ်း၊ ထောက်လှမ်းရေး ပြုတ်များနဲ့  တေဇ တို့ ပါဝင်မယ်လို့ သိရတယ်။

မြန်မာ့ လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း ကို သန်းရွှေက တေဇရဲ့  ထူးကုမဏီကိုပေးပစ်တော့မှာဖြစ်ပါတယ်လို့ အလုံ လျှပ်စစ်ဝင်းမှ ၀န်ထမ်းများက ပြောဆိုနေကြပါတယ်။ တေဇက မီတာခ ကို ၁ ယူနစ်ကို ၁၀၀ကျပ် နဲ့  ၁၅၀ ကျပ်ယူမှာ ဖြစ်ပါတယ်။ အိမ်ထောင်စုတစု ကို ပျမ်းမျှ ယူနစ် ၁၀၀ ခန့် သုံး ရတယ်လို့ သိရပါတယ်။ ဒါကြောင့် တအိမ်ထောင်ကို မီတာခ တလကို ၁သောင်းခွဲခန့် ကုန်မယ်။

(ဒေါ်လာနဲ့ ၁၅ ဒေါ်လာခန့် ရှိနေပါတယ်။ ) အမေရိကန် နိုင်ငံ ဖေါ့ဝိန်းမြို့ရှိ မြန်မာ မိသားစုတစု မီတာခရဲ့ တန်ဖိုး နဲ့ တူညီနေပါတယ်။ မတူတာကတော့ မြန်မာ နိုင်ငံရှိမိသားတစု ရဲ အနိမ့်ဆုံးဝင်ငွေက တလ ကျပ် သုံးသောင်းနဲ့  ၅သောင်းကြား ( ဒေါ်လာ ၃၀ ခန့် မှ ၅၀ ခန့် ) ရှိနေချိန်မှာ အမေရိကန် ပြည်ထောင်စု ဖေါ့ဝိန်မြို့ရှိ မြန်မာ မိသားတစုအနိမ့် ဆုံးဝင်ငွေက ကျပ် ၂၀ သိန်း ( ဒေါ်လာ ၂၀၀၀ ) ခန့် ရှိနေခြင်းဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာ စစ်အစိုးရအနေနဲ့  လျှပ်စစ် ဓါတ်အားခကို အစိုးရမှ Subsidy စိုက်ထုတ် ဖြေရှင်းမှသာ လက်ရှိဖြစ်နေတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကို ဖြေရှင်းနိုင်မှာဖြစ်တယ်။ တေဇ ကိုပေးလိုက် တာက တေဇ မိသားစု ကောင်းစား ရုံကလွဲ လို့  ပိုက်ဆံမရှိတဲ့ လူထုက တော့ မီးလုံးဝ ပြတ်တောက်သွားမဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကမ္ဘာ့စီးပွားရေးပျက် ကပ်ဂယက်ကြောင့် ရန်ကုန်မြို့ လှိုင်သာယာ ၊ စက်မှုဇုံမှ လုပ်ငန်းများ ရပ်ဆိုင်းလု နီးပါးဖြစ်ကုန်တယ်။ အလုပ်သမားတွေ လျှော့ချပစ်တယ်။ ဘာထောက်ပံ့ကြေးမှ မပေးဘူး ။ ဒါကြောင့် အလုပ်သမား အမျိုးသမီးတွေ အနှိပ်ခန်း နဲ့ မကောင်းတဲ့ နေရာတွေကို ရောက်ကုန် ကြပါတယ်။ မြို့သစ် တွေမှာ ဆိုပိုဆိုးနေပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုး အထူးကိုယ်စားလှယ် ဂန်ဘာရီ မြန်မာ ပြည်ကို ထပ်မံသွားပါဦးမည်။ ဒါပါနဲ့ ဆို ၇ ခေါက်မြောက် ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဂန်ဘာရီကို နအဖကလည်း စိတ်မ၀င်စားပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကလည်း စိတ်မ၀င်စားပါ။ ကုလသမဂ္ဂ က မြန်မာ့အရေးကို ထိရာက်စွာလုပ်နိင်မည် မထင်ဟု မြန်မာအတိုက်ခံများက ယူဆပါတယ်။

http://deyea.blogspot.com/feeds/6539741477901747098/comments/default


အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ။
ရန်ကုန်ကောင်းကင်တွင် နေကြတ်နေသည်ကို တင်္နလာနေ့ ညနေ ၄ နာရီ၂၀ မိနစ်တွင် တွေ့မြင်ရစဉ်။

ထိုင်း-မြန်မာ အောက်လမ်းခရီး ဟွေ့ဟင်ဖွန်ဂိတ်နှင့် (၉၉၉) လူပွဲစားများ

သတင်း ဆောင်းပါး ရဲရင့်မြင့်မောင် ခေတ်ပြိုင် | ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကမ်းနားရှိ အမှတ် (၁၀) ဂိတ်တည်ရှိရာ ထာ့အာရွာ၏တဖက်ကမ်း မြန်မာနိုင်ငံ မြဝတီ ဘက်ကမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သည် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေကြသည့် မြန်မာ နိုင်ငံသားများကို လူကုန်ကူး ရောင်းဝယ် ဖောက်ကားရာ နေရာဒေသတခုအဖြစ် တည်ရှိလာခဲ့သည်မှာ ဆယ်စုနှစ်တခုခန့် ရှိခဲ့ပြီ ဖြစ်သော်လည်း မြန်မာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် မြဝတီခရိုင်အာဏာပိုင်များ၊ ဒီကေဘီအေအဖွဲ့ဝင်များ၊ လူပွဲစားများ ပူးပေါင်းကာ လုပ်ကိုင်ကြသဖြင့် မည်သည့်အာဏာပိုင်အဖွဲ့အစည်းများမှ အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ ယနေ့ထက်တိုင် လူကုန်ကူးမှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေလျက်ရှိသည်။

ဘန်ကောက်မြို့နှင့် ထိုင်းနိုင်ငံနေရာဒေသအနှံ့အပြားတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား များမှာ မြန်မာ ပြည် ပြန်မည့်အချိန်တွင် မိမိတို့စုဆောင်းထားသည့် လုပ်အားခများကို နယ်စပ်ရှိ မိမိတို့ ဆွေမျိုး သားချင်း အသိမိတ်ဆွေ များထံ ဘဏ်မှတဆင့်ငွေလွှဲကြပြီး ဘန်ကောက်ရှိ မော်ချိကားဂိတ်သို့သွားကာ ဘန်ကောက်- မဲဆောက် ပြေးဆွဲသည့် ညကားဖြင့် မဲဆောက်သို့ ပြန်လာကြသည်။

မနက် (၅) နာရီခန့်တွင် မဲဆောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကြီးဖြစ်သည့် ဟွေ့ဟင်ဖွန်ဂိတ် အရောက်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ ကားပေါ်တက်လာပြီး "ဒီကားပေါ်မှာပါတဲ့ ဗမာ၊ ကရင်၊ မွန် အားလုံး ဆင်းကြပါ" ဟုဆိုလျှင် ကားပေါ်ပါ မြန်မာနိုင်ငံသားအားလုံး မိမိတို့ယူဆောင်လာသည့် ပစ္စည်း၊ အထုပ် အပိုးများနှင့် အတူ ကားပေါ်မှဆင်းပြီး အဖမ်းခံကြရသည်။

ဘန်ကောက်-မဲဆောက် ကားတစီးလျှင် နေ့စဉ်မြန်မာ (၁၅) ဦးမှ (၂၀) အထိ ပုံမှန်ပါရှိတတ်ပြီး မဲဆောက်-ဘန်ကောက်ပြေးဆွဲသည့် ခရီးသည်တင်လိုင်းကားကြီးများမှာ နေ့စဉ် (၁၅) စီးခန့် ပုံမှန်ပြေးဆွဲလျက်ရှိသည်။ ၎င်းနည်းလမ်းဖြင့် ဘန်ကောက်မှပြန်လာကြသည့် မြန်မာနိုင်ငံသားများ နေ့စဉ် (၁၀၀) မှ (၁၅၀) ခန့် ပုံမှန်ရှိသည်။ အခါကြီးရက်ကြီးများဖြစ်သည့် သင်္ကြန်ကာလ၊ နှစ်သစ်ကူးကာလ၊ သီတင်းကျွတ်ကာလများတွင် ဘန်ကောက်မှ လိုင်းကားစီး၍ ပြန်ဆင်းလာသူ နေ့စဉ် (၃၀၀) ခန့်ရှိသည်။

အဆိုပါ ထိုင်းလဝက၏ ဖမ်းဆီးခြင်းခံရသူများကို မဲဆောက် ထိုင်းလဝကရုံးတွင် ကိုယ်ရေးအချက်အလက်နှင့် ဓာတ်ပုံမှတ် တမ်းများယူပြီး ထိုင်းလဝက က ထိုင်းဘက်ကမ်း အမှတ် (၁၀) ဂိတ်မှ မြန်မာဘက်ခြမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သို့ စာရင်းနှင့်တကွလွှဲအပ်ပြီး နယ်နှင်လိုက်သည်။ နယ်နှင်ခံရသည့် မြန်မာနိုင်ငံသားများ (၉၉၉) ဒီကေဘီအေဂိတ်သို့ ရောက်ရှိချိန်တွင် အသင့်စောင့်ဆိုင်းနေသော ဒီကေဘီအေဂိတ်မှ တာဝန်ရှိသူများက လူစာရင်းကောက်ယူပြီးနောက် ၎င်းတို့ လက်သပ်မွေး ထားသည့် အမာခံလူပွဲစားများထံသို့ ရောက်ရှိလာသူများကို တဦးလျှင် ထိုင်းဘတ်ငွေ (၉၀၀) နှုန်းဖြင့် အချိုးကျခွဲဝေပေးလိုက်သည်။ လူတဦး (၉၀၀) နှုန်းဖြင့် လူတရာအတွက် ဘတ်ငွေ (၉) သောင်းအား ဒီကေဘီအေသို့ ပေးရသည်။

ဒီကေဘီအေဂိတ်မှ ရွေးထုတ်သွားသူများကို ပွဲစားများက မိမိတို့နေအိမ် အသီးသီးသို့ ခေါ်ဆောင်သွားပြီး လူတဦးလျှင် (၁,၂၀၀) နှုန်းဖြင့် အရွေးခံစေသည်။ မြဝတီမှ အောက်ပြန်ဆင်းမည့် ခရီးစဉ်ကိုလည်း ၎င်းတို့ပိုင်ကားများဖြင့်သာ လိုရာသို့ သွားစေသည်။ ဘန်ကောက်ပြန် အများစုမှာ နယ်စပ်အခြေအနေအား ကြိုတင်သိရှိထားသဖြင့် အနည်းဆုံး ဘတ်ငွေ (၃-၄) ထောင်ခန့် ဆောင်ထားကြသည့်အတွက် ပွဲစားအား ငွေ (၁,၂၀၀) ပေး၍ ပွဲစား၏အစီစဉ်ဖြင့် မြဝတီမြို့ကားဂိတ်မှတဆင့် အနယ်နယ်အရပ်ရပ်သို့ လိုရာခရီးဆက်ကြရသည်။ အချို့ငွေပါမလာသူများအား ပွဲစားများက ၎င်းတို့အိမ်တွင် ထား၍ ထိုင်း နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဆွေမျိုးများအား အဆက်အသွယ်လုပ်စေပြီး ငွေဖြင့် လာ၍ရွေးရသည်။ လူကိုယ်တိုင်မလာနိုင်သူ များအနေဖြင့် ပွဲစား၏ဘဏ်စာရင်းမှတဆင့် ငွေလွှဲ ပေးရသည်။ လာရွေးမည့်လူမရောက်ခင်စပ်ကြား နေထိုင်စားသောက် ရေးအတွက် ပွဲစားက တရက် (၁၀၀) နှုန်းဖြင့် တာဝန်ယူကျွေးမွေးထားပြီး ရက်အလိုက် ကုန်ကျသမျှကို ဆွေမျိုးများက ငွေ ပေးချေပြီးမှ ခေါ်သွားခွင့် ရှိသည်။

လူတဦးလျှင် ဘတ် (၉၀၀) နှုန်းဖြင့် နေ့စဉ် လူ (၁၀၀) မှ (၂၀၀) အတွက် ရရှိသည့်ငွေများကို ဒီကေဘီအေသို့ ပေးရသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာလူပွဲစားတဦးက "ဒီကေဘီအေက ဒီငွေတွေကို အကုန်လုံးမရဘူး။ ထိုင်းလဝကကို လည်း ရာခိုင်နှုန်းနဲ့ ပြန်ပေးရတယ်။ လူတယောက်ကို ဒီကေဘီအေက (၉၀၀) ရတယ်။ ထိုင်းလဝကကို တယောက် သုံးရာနှုန်းနဲ့ ပြန်ပေးရတယ်လို့ သိရတယ်။ ဒါတရားဝင်တော့မဟုတ်ဘူး။ ထိုင်းလဝကရယ်၊ ဒီကေဘီအေရယ် မြန်မာလူပွဲစားတွေ သူတို့ညှိပြီးလုပ်ထားတဲ့ နားလည်မှုပဲ" ဟု ပြောသည်။

ယခင်ကဆိုလျှင် ဘန်ကောက်မှမဲဆောက်သို့ ပြန်လာသူများမှာ တရားဝင်မဟုတ်သောနည်းဖြင့် ထိုင်းလဝကကို တဦးလျှင် ဘတ် (၅၀၀) နှုန်း ဒဏ်ကြေးပေးဆောင်ရပြီး ထိုင်းလဝကမှ နယ်စပ်သို့ သွားရောက် ပို့ဆောင် ပေးသည်။ ၎င်းကိစ္စနှင့်ပတ် သက်၍ အထက်သို့တိုင်တန်းမှုများရှိ၍ ပြဿနာတက်သောကြောင့် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်ခန့်ကစကာ ယခင်ကဲ့သို့ဘတ် (၅၀၀) ပေးဆောင်စရာ မလိုတော့သော်လည်း ထိုင်းလဝက၊ ဒီကေဘီအေနှင့် လူပွဲစားများညှိကာ နားလည်မှုဖြင့် ဆက်လက်လုပ်ကိုင်ကြသည်ဟု ဒီကေဘီအေ တပ်ဖွဲ့ဝင် တဦးက ပြောသည်။

အဆိုပါ (၉၉၉) ဒီကေဘီအေဂိတ်ကို အခြေပြု၍ လူပွဲစားများက မြဝတီမှတဆင့် ဘန်ကောက်သို့ အလုပ်သွား လုပ်မည့် မြန် မာနိုင်ငံသားများကို လူတဦးလျှင် ထိုင်းဘတ်ငွေ (၁၅,၀၀၀) ဖြင့် ပို့ဆောင် ပေးလျက်ရှိသည်။

လိုရာခရီးရောက်သူများရှိပြီး အချို့လမ်းခရီးတွင် ဖမ်းဆီးခံရကာ နယ်စပ်ပြန်ပို့ခံရသူများလည်းရှိသည်။ အချို့မှာ ခရီးစဉ်လမ်းကြောအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူများနှင့် ပျောက်ဆုံးသူများလည်း မကြာခဏ ဖြစ်လေ့ရှိသည်။

မြန်မာလူပွဲစားများက ဘန်ကောက် သွားမည့်သူများကို ထိုင်းဘက်ကမ်းသို့ တဆင့်ပေးပို့ပြီး ထိုင်းဘက်ကမ်းရှိ လူကြိုလူပို့မည့် ဒေသခံများနှင့် ဆက်သွယ်ကာ လိုရာခရီးသို့ ပို့ဆောင်ပေးကြသည်။ မဲဆောက်မှ ဘန်ကောက်သို့ သွားရာတွင် ကားကြီးကားငယ်များတွင် နည်းအမျိုးမျိုးဖြင့် ဝှက်ကာ တိုက်ရိုက်သယ်ဆောင်သူများရှိပြီး အချို့ လူကယ်ရီများမှာ မဲဆောက်မှ တာခ်ခရိုင်မြို့အထိ တောလမ်းခရီးကို တရက်၊ နှစ်ရက်ခရီးခန့် လမ်းလျှောက်ရပြီး စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်း၍ သွားကြရသူများလည်း ရှိသည်။ အချို့တောလမ်းခရီးတွင် အဖမ်းခံရပြီး ငွေကုန်လူပန်းဖြစ်ရသူများနှင့် ဖျားနာ၍သေဆုံးသူများလည်း မကြာခဏ ရှိသည်ဟု ကိုယ်တွေ့ကြုံခဲ့ ရသူတဦးက ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်၊ လူရွယ်အများစုမှာ လုပ်အားခပိုမိုရရှိ သည့် ထိုင်းနိုင်ငံသို့ မည်မျှပင် အခက်အခဲနှင့် အန္တရာယ်ရှိစေကာမူ မြန်မာပြည်တွင် ငတ်တလှည့်၊ ပြတ်တလှည့်ဖြင့် နေရ သည်ထက် ယခုကဲ့သို့ စွန့်စားပါက မြန်မာနိုင်ငံထက် စာလျှင် မျှော်လင့်ချက်များစွာရှိသည်ဟု လယ်သမားဘဝကိုကျောခိုင်း ပြီး မိသားစုနှင့်အတူ မဲဆောက်ရောက်လာသည့် ပဲခူးမြို့သား ကိုတင်အောင်က ပြောသည်။

(၉၉၉) ဂိတ်မှ လူပွဲစားအမျိုးသမီးတဦးက "လူကုန်မှုဥပဒေတွေဘာတွေ ငါတို့မသိဘူး။ ဘယ်သူ့ဆီမှလည်း ပိုက်ဆံအလ ကားမတောင်းဘူး။ တန်ရာ တန်ကြေးပဲယူတယ်။ အကုန်လုံးရတာလည်း မဟုတ်ဘူး။ ဟိုခွံ့ ဒီခွံ့လိုက် လုပ်ရတာတွေလည်း အများကြီးရှိတယ်။ ဘန်ကောက်သွားဖို့ လာခဲ့ကြလို့ ဘယ်သူ့ကိုမှမခေါ်ဘူး၊ ဒီဂိတ်က ပြန်လာကြပါလို့ ဘယ်သူ့ကိုမှလည်း မပြောဘူး၊ သွားမယ့်သူက သူတို့ဘာသာသူတို့ သွားကြလာကြတာပဲ။ ကားတန်းတရက်ခြား အောက်ကနေ မြဝတီကို တက်လာတဲ့လူ တနေ့ (၃-၄) ရာလောက်ရှိတယ်။ ကိုယ်တိုင်လုပ်တာလည်း မဟုတ်ဘူး၊ ငါတို့က တဆင့်ခံ ပွဲစားပဲ။ ငါတို့ရတာပဲ လူမြင်တယ်၊ ပြဿနာဖြစ်လို့ အဖမ်းခံရတာ၊ ငွေကုန်တာ ဘယ်သူမှမမြင်ဘူး။ မြဝတီမှာက အကုန်လုံးနဲ့ ဝေစားမျှစားလုပ်ရတယ်။ အဲလိုလုပ်တာတောင်မှ မနှစ်က ပွဲစားတယောက် နေပြည်တော်က လာဖမ်းလို့ အခု ထောင်ကျနေတယ်။ မထွက်သေးဘူး။ ဘန်ကောက်က ပြန်လာတဲ့သူတွေကို ငါတို့က (၉၀၀) နဲ့ရွေးပြီး (၁,၂၀၀) နဲ့ ပြန်တောင်းတယ်။ တချို့ပြန်လာတဲ့ လူတွေ မြဝတီက ဟိုလူကြီးအမျိုး၊ ဒီလူကြီးအမျိုးဆိုပြီးတော့ ဒီအတိုင်းလာခေါ်သွားတယ်။ အဲဒါတွေကျတော့ ငါတို့စိုက်ထားတာတွေ တပြားမှပြန်မရဘူး။ လူတွေကို မလာစေချင်ရင် မြဝတီမှာ အဝင်မခံနဲ့ပေါ့။ ကော့ကရိတ်မှာ ပိတ်ဖမ်းပါလား။ ဘယ်သူလာရဲမလဲ။ သိချင်ရင်အောက်ဆင်းသွား၊ ကရင်ပြည်နယ်မှာဆိုရင် ရွာတိုင်းပဲ အပျိုလူပျိုမရှိတော့ဘူး။ အားလုံး ထိုင်းမှာချည်းပဲ။ ဒီကိစ္စရဲ့ အရင်းခံဟာ ပွဲစားမဟုတ်ဘူး၊ သဘောပေါက်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းလဝကမှ (၉၉၉) ဂိတ်သို့ ပြန်ပို့သည့် ဘန်ကောက်ပြန်များမှာ ငွေကြေးရှိပြီး မိမိအစီစဉ်ဖြင့် ပြန်လာကြ သူများကိုသာ အဓိကပို့ဆောင်ပေးပြီး မိမိအစီစဉ်ဖြင့်မဟုတ်ဘဲ ဘန်ကောက်နှင့် အခြားဒေသများတွင် အဖမ်းခံရ၍ ပြန်လာကြသူများကို ထိုင်းလဝကက အခြားဂိတ်များမှတဆင့် မြဝတီဘက်ပြန်ပို့ကြသည်။

မဲဆောက်မှမြဝတီသို့ ဝင်ရောက်ရာတွင် (၉၉၉) ဂိတ်အပါအဝင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီး၏ ဘေးဝဲယာတွင် ထိုင်း-မြန်မာနှစ်နိုင်ငံနားလည်မှုဖြင့် ဖွင့်လှစ်ထားသည့် လှေဆိပ် (၁၇) ဂိတ်ရှိသည်။ အဖမ်းခံရ၍ ရောက်ရှိလာသူများမှာ ငွေကြေးမပါရှိကြဘဲ အဝတ်တထည် ကိုယ်တခုဖြင့် ပြန်လာကြသူများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများ ဖမ်းဆီးခံရပါက ငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုင်းလူဝင်မှု ကြီးကြပ်ရေး အဖွဲ့က ဥပဒေအရ သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရမည်ဖြစ်သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး မြန်မာ အလုပ်သမားအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုကျော်ထွေးက ပြောသည်။

ကားတန်းတရက်ခြား မြဝတီမြို့မှတဆင့် မဲဆောက်ဒေသအတွင်း ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေသူ (၃၀၀) ခန့်ရှိသည် ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်တဦးက ခန့်မှန်းပြောဆိုသည်။ မြန်မာ လူကယ်ရီ တဦး၏ အဆိုအရ ဘန်ကောက်နှင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မဲဆောက်မြို့မှတဆင့် ဝင်ရောက်သူများမှာ နေ့စဉ် လူဦးရေ (၁၅၀) ခန့်ရှိသည်ဟု ဆိုသည်။

ထိုင်းအစိုးရက ၂၀၀၈ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေ (BE ၂၅၅၁) အရ ထိုင်းအာဏာပိုင်များက မြန်မာအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံအချို့မှ အလုပ်အကိုင်လာရောက် ရှာဖွေသူများအား ထိုင်း နိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်မှုတားဆီးရေးကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်လျက်ရှိသော်လည်း သန်းချီသည့် တရားမဝင် ဝင်ရောက်သူများ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိ နေခြင်းသည် လူကုန်ကူးမှုများတွင် ဒေသခံများနှင့် အာဏာ ပိုင်အချို့ ပါဝင်ပတ်သက်မှုရှိ၍သာ ဖြစ်သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးအဖွဲ့တခုမှ တာဝန်ရှိသူ တဦးက သုံးသပ်ပြောဆိုသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြားတွင်လည်း နယ်စပ်ဖြတ်ကျော်သည့် လူကုန်ကူးမှုတွင် နှစ်နိုင်ငံ အာဏာပိုင် အဖွဲ့အစည်းများနှင့် ဒေသခံအာဏာပိုင်များ ပါဝင်ပတ်သက်မှုမရှိလျှင် ယခုကဲ့သို့ လူကုန်ကူးမှုနှင့် ဆက်စပ်သည့် အခြေနေဆိုးများ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

ထိုင်းရှေ့နေများအဖွဲ့က ကမကထပြုပြီး မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေ ရေးရာဆွေးနွေးပွဲတခုတွင် လာရောက်ဆွေးနွေးပို့ချသည့် ထိုင်းရှေ့နေအဖွဲ့မှ ရှေ့နေတဦးက ဆွေးနွေးပွဲ တက်ရောက်လာ သည့် မြန်မာ့အရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များကို "ထိုင်းနိုင်ငံမှာ လာဘ်စားမှု တွေရှိတဲ့အတွက် အဲဒါကိုခင်ဗျားတို့ ကျေးဇူးတင်ရမယ်။ ဒီကလူတွေ လာဘ်မစားဘူး ဆိုရင် ခင်ဗျားတို့အခုလိုတောင် ဒီဆွေး နွေးပွဲကို လာတက်ခွင့်ရမှာ မဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။

မြဝတီခရိုင်အတွင်း ဖြစ်ပွားနေသည့် လူကုန်ကူးမှုများနှင့်ပတ်သက် ၍ မြဝတီမြို့ခံကုန်သည်တဦးက "ဒီကိစ္စမှာ ဒီကေဘီ အေနဲ့လူပွဲစား တွေ အဓိကလုပ်နေကြပေမယ့် တကယ်မရှိမဖြစ်ကတော့ ခရိုင်အာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက်မှုက အဓိက ကျပါတယ်။ ခရိုင်အာဏာပိုင်တွေရဲ့ နားလည်မှုမရရင် မြဝတီမှာ ဘာမှလုပ်လို့ မရပါဘူး။ မနှစ်ကဆိုရင် (၉၉၉) ဂိတ်က ပွဲစားကြီးတဦးကို နေပြည်တော်က တိုက်ရိုက်လာဖမ်းပြီး လူကုန်ကူးမှုနဲ့ အဲဒီလူ အခု ထောင်ကျနေတယ်။ အဲဒီလူကို စစ်ကြောရေးဝင်တော့ အကုန်ဖော် ရတော့တာပဲ။ ခရိုင်အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ရပ်ကွက် အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ဘယ်သူ့ကို ရာခိုင်နှုန်း ဘယ်လောက် ပေးရလဲ၊ လစဉ်ကြေးဘယ်လောက်ပေးရသလဲ ဆိုတာကအစ ဖော်တော့ သူတို့ ပိုက်ဆံပေးရတဲ့လူတွေထဲမှာ မြဝတီခရိုင်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆွေညွန့်လည်း ပါဝင်ပတ်သက် နေတဲ့ အတွက် နေပြည်တော်ကနေ သူ့ကို မနှစ်ကနယ်ပြောင်းပြီး အရေးယူလိုက် တယ်။ ကျနော်တို့နိုင်ငံမှာက လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တဲ့ ခရိုင်ဥက္ကဋ္ဌလိုအဆင့်တောင် နယ်ပြောင်းတာလောက်ပဲ အရေးယူ ခံရတယ်။ တကယ် တိုင်းပြည်ကောင်းအောင် လုပ်မယ့်လူတွေကို တော့ ထောင်နှစ် (၁၀၀) တို့၊ (၇၀) တို့ချတာတွေ လုပ်တယ်။ ကျနော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးစနစ်ကို တွက်သာကြည့် တော့။ အခုသူ့နေရာမှာလာတဲ့ မြဝတီခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းထွန်း လက်ထက်မှာလည်း အစကတော့ ဟုတ်မလိုလိုနဲ့ အခုပုံမှန်လိုပဲ ပြန်ဖြစ်နေပါပြီ။ ဒီကေဘီအေနဲ့ လူပွဲစားတွေဟာ ဘန်ကောက်က ပြန်လာတဲ့လူတွေကို ရွေးထုတ်တာအပြင် နေ့တိုင်းဘန်ကောက်ကို ခိုးသွားကြတဲ့ မြန်မာတွေကိုလည်း သူတို့ပဲ လူပွဲစားလုပ်ပြီး စီစဉ် ဆောင်ရွက် ပေးနေတာပါ။ ဒီကိစ္စ ကနေ့အထိ လုပ်လို့ရနေတာကတော့ အာဏာပိုင်တွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်တယ်။ ခက်တာက မြဝတီမှာ အမှန်ပြောရင် ပြဿနာရှိတယ်" ဟု ပြောသည်။

လူပွဲစားများသည် မြဝတီ-ဘားအံ ပြေးဆွဲသည့်ကားများ အသီးသီးဝယ်ထားကြပြီး ဘန်ကောက်တက်၍ အလုပ်လုပ်မည့် လူများအား ဘားအံမှတဆင့် မြဝတီ၊ ဘန်ကောက်သို့ တိုက်ရိုက်ပို့ဆောင်ပေးမှုများလည်း ရှိသည်။

ဘားအံမှ စထွက်ရာတွင် မှတ်ပုံတင်မရှိသူများအတွက် လူပွဲစားများက ဘားအံနှင့်မြဝတီကြားရှိ စစ်ဆေးရေး ဂိတ်များကို လာဘ်ငွေပေး၍ အခက်အခဲမရှိ ဖြတ်ကျော်နိုင်ကြပြီး မြဝတီရောက်ရှိသည့်အခါ ၎င်းတို့ ခေါ်လာသူ များအား ဒီကေဘီအေ (၉၉၉) ဂိတ်အတွင်းသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့အိမ်များတွင် တည်းခိုစေသည်။ ထိုမှတဆင့်ဘန်ကောက်သို့ ဘတ် (၁၅,၀၀၀) နှုန်းဖြင့် လက်ငင်း ငွေပေးချေပြီးမှ ဆက်လက်ပို့ဆောင်ပေးသည်။ ဘားအံ-မြဝတီလမ်းကြောအတွက် ကုန်ကျသည့်လမ်းခရီးစရိတ် ကျပ် (၁) သောင်းခန့်ကိုလည်း သီးခြားပေးရသည်ဟု သိရှိရသည်။

မြဝတီမှ မြန်မာဘုန်းတော်ကြီးတစ်ပါးက "ဒီကိစ္စဘာကြောင့် ဖြစ်ရသလဲဆိုတာ လူတွေအားလုံးသိကြပါတယ်။ မြန်မာပြည် ကို အုပ်ချုပ်မင်းလုပ်နေတဲ့လူတွေလည်း သူတို့သိကြပါတယ်။ ခက်တာက အမှန်တရားကို သူတို့ လက်မခံ ကြဘူး။ သူတို့ဖြစ် ချင်တာပဲ သူတို့လုပ်တယ်။ တိုင်းပြည် မအေးချမ်းသရွေ့တော့ ဒီပြဿနာတွေ ရှိနေအုံးမှာပဲ။ တိုင်းပြည် အေးချမ်းမှပဲ လူထု တွေလည်း သက်သာမယ်။ ဒါမှမဟုတ်ပဲ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင်တော့ ဒီဒုက္ခသံသရာကြီးဟာ ဒီလိုပဲ သံသရာ လည်နေမှာဖြစ်တယ်" ဟု မိန့်ကြားခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အဆိုအရ ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၂) သန်းခန့်ရှိပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာနတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ထားသူမှာ (၅) သိန်းခန့်ရှိသည်ဟု သိရသည်။

ဇန်နဝါရီ ၂၆ ရက်နေ့တွင် နေကြတ်မည်

၂၀၀၉
ခုနှစ်အတွင်း နေကြတ်မှု(၂)ကြိမ်နှင့် လကြတ်မှု(၃)ကြိမ် ဖြစ်ပေါ်မည် ဖြစ်ပြီး ပထမအကြိမ် နေကြတ်မှုအဖြစ် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ (၂၆) ရက် နေ့တွင် နေအရိပ်ကြတ်ခြင်း ဖြစ်ပေါ်မည်ဟု သိရသည်။

နေကြတ်မှု စတင်ချိန်မှာ မြန်မာစံတော်ချိန် ညနေ (၃)နာရီခွန်ခန့်မှ စတင်ပြီး ညနေ (၄)နာရီခွဲခန့်တွင် နေကြတ်မှုပမာဏ အများဆုံး ဖြစ်ကာ ညနေ (၅)နာရီ (၂၅) မိနစ် ခန့်တွင် နေကြတ်မှု ဖြစ်စဉ် ပြီးဆုံးမည်ဖြစ်သည်။ ဇန်နဝါရီ (၂၆) ရက် နေကြတ်ခြင်းကို ရန်ကုန်မြို့မှ ကြည့်ရှုလျင် သုံးပုံ တစ်ပုံခန့် ထိမြင်တွေ့နိုင်ပြီး မန္တလေးမြို့နှင့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများမှ ကြည့်ရှုလျင် ငါးပုံ တစ်ပုံခန့်ထိ နေကြတ် သည်ကို မြင်တွေ့ နိုင်မည်ဟု ဆိုသည်။

နေကြတ်ခြင်းကို ကြည့်ရှုမည်ဆိုလျင် အနည်းဆုံး ဂဟေဆော်သည့် နေရာတွင်သုံးသည့် အနက်ရောင် မှန်ပြားသုံးပြီး ကြည့်သင့်ကြောင်း၊ တယ်လီစကုပ်၊ မှန်ပြောင်းတို့ဖြင့်လည်း မကြည့်သင့်ကြောင်း သိရသည်။ ဒုတိယအကြိမ် နေကြတ်မှုမှာ အလုံးစုံ နေကြတ်ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လ(၂၂)ရက်တွင် ဖြစ်ပေါ်မည် ဖြစ်သည်။ ဒုတိယအကြိမ် နေကြတ်မှုမှာ မြန်မာနိုင်ငံ၌ မိုးရာသီကာလ ဖြစ်သောကြောင့် ရာသီဥတုသာယာပါက မြင်တွေ့နိုင်မည်ဟုသိရပြီး တရုတ်-မြန်မာ နယ်စပ်မှ ပိုမိုမြင်တွေ့နိုင်မည် ဖြစ်သည်။ ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပေါ်မည့် လကြတ်မှု (၃)ကြိမ်ကိုမူ မြန်မာနိုင်ငံမှ မြင်တွေ့ရမည် မဟုတ်ကြောင်းလည်း သိရသည်။

ရွှေပေါက်ကံစက်မှုဇုန် မီးလောင်ကျွမ်းမှု




ဓါတ်ပုံ အကြီးကြည့်ရန် ပုံပေါ်သို့ ကလစ်နှိပ်ပါ။
ရွှေပေါက်ကံစက်မှုဇုန် ကနောင်မင်းသားလမ်းနှင့် ဗိုလ်တေဇလမ်းကြားရှိ အမှတ်(၃၃၂) ကနောင်မင်းသားလမ်း မြန်မာပြည်သား မြန်မာ့အစားအစာ စက်ရုံ၊ အမှတ်(၃၆၉) ဗိုလ်တေဇလမ်း -ရွှေ- ငါးမုန့်စက်ရုံနှင့် အဆောက်အဦးတခု ကို မီးလောင်ကျွမ်းမှု သောကြာနေ့ညက ဖြစ်ပွားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန်

လမ်းပြမြေပုံကလည်း ခေါင်းကိုက်စရာပါလား

ကာတွန်း ဟန်လေး ဧရာဝတီ |

နိုင်ငံတကာကလည်း အိုဘားမားကို ကြိုကြသည်

ကာတွန်း ဟန်လေး ဧရာဝတီ |

အမေရိကန် သမ္မတသစ် ဘာရက်အိုဘာမား စီမဲ့ အထူး မော်တော်ယာဉ် တီထွင်ထုတ်လုပ်၊ ဒုံးကျည်နှင်. ဇီဝဓာတု တိုက်ခိုက်မှုမှ ကာကွယ်နိုင်

ဒီ
လိုကားကြီးမျိုးကို ဘဘကြီးများလည်း စီးချင်ရှာမှာပါ။ တန်ဖိုးကလဲ ပေါင်သုံးသိန်း(ဒေါ်လာ ခြောက်သိန်း) ဆိုတော. တတ်နိုင် ပါတယ်။ ဒါပေမယ်.အကျင်.စာရိတ္တက မကောင်းလေတော ထုတ်လုပ်တဲ့ ကုပ္မဏီကသူတို ကားကို ဘယ်လောက် ဈေးကောင်း ပေးပေး ဂျပိုးသူခိုး၊ မုဒိန်းကောင်၊ လူသတ်သမား ဘာသာမဲ့ ၊ စောက်ရူး တွေကို မရောင်းပါဘူးတဲ့။ နောက်တာ မဟုတ်ဘူး အတည်နော်။
သမ္မတယာဉ်ရဲ့ အချက်အလက်များ
သမ္မတရဲ.မော်တော်ယာဉ်ရဲ.တရားဝင်အခေါ်အဝေါ်ကတော. Cadillac One ပါတဲ.၊ ဒါပေမယ် Obamobile လို့သာ ခေါ်ဝေါ် အသိများကြတော့ မှာပါ။ ဒီကားဟာ သမ္မတအိုဘားမား အတွက် အထူးပြင်ဆင် တည်ဆောက်ပေးထားတဲ.ထိပ်တန်းလုံခြုံရေး

အစီအမံတွေပါဝင်တဲ.ကားဖြစ်ပြီးသူကမ္ဘာရဲ.ဘယ်ဒေသကို သွားသွား ဒီကားကိုယူဆောင်စီးနင်းစေမှာ ဖြစ်ပါတယ်။ သမ္မတ သစ်အနေနဲ့ လာမယ့် ဇန်န၀ါရီ နှစ်ဆယ်ရက်နေ့မှာ ၀ါရှင်တန်မြို့ ပင်ဆယ်ဗေးနီးယား လမ်းမှာပြုလုပ်မယ့် ရာထူး အာဏာ လွဲပြောင်းယူပွဲ အခမ်းအနားမှာ ဒီနံပါတ်ဝမ်း မော်တော်ယာဉ်ကို စတင် စီးနင်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒက်ထရွိုက်မြို့မှာ အခြေစိုက်တဲ.ဂျင်နရယ် မော်တော် ကုမ္ပဏီကထုတ်လုပ်တဲ့ The Beast လို့ နာမည်ပြောင်းပေးထားတဲ့ ဒီကားကိုတော့ သမ္မတရဲ့ လျှို.၀ှက် လုံခြုံရေးအဖွဲ့ဝင်တွေက အကျွမ်းတ၀င်ဖြစ်အောင်လေ့ကျင့် ထားပြီးဖြစ်နေပါပြီ။သမ္မတကို အန္တရာယ် မဖြစ်အောင် ကာကွယ်ပေးမယ့် ဒီကားရဲ့ အသေးစိတ် အချက်အလက်တွေကို ဖော်ထုတ် ပြောဆိုဖို့တော့ ကုမ္ပဏီအနေနဲ့ လုံခြုံရေး အခြေအနေ အရ ငြင်းဆန်ခဲ့ ပါတယ်။ ဒါပေမယ့် ကျည်ကာမှန်နဲ့ လျှို့ဝှက် တပ်ဆင်ထားတဲ့ လက်နက် ကိရိယာ တွေကြောင့် ဒီကားဟာ သမ္မတကြီးကို ဇီဝဓာတု လက်နက်နဲ့ တိုက်ခိုက်မှုကနေလုံခြုံမှုပေးနိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။
ယ္ခင်သမ္မတ မော်တော်ယာဉ်လိုပဲ အဆင့်မြင့် ဆက်သွယ်ရေး ကိရိယာတွေ တပ်ဆင်ထားလို့ သမ္မတ အိုဘားမား အနေနဲ့ ပြင်ပ ကမ္ဘာကြီးနဲ့ အမြဲအဆက်အသွယ် ရနေမှာပါ။ Bob Dylan နဲ့ Stevie Wonder တို့ရဲ့ သီချင်းတွေ အပါအ၀င် သမ္မတကြီး ကြိုက်နှစ်သက်တဲ့ တေးဂီတတွေ နားထောင်နိုင်ဖို့ လေဆာချပ်ဆယ်ခုထည့်သွင်း ဖွင့်လှစ်နိုင်တဲ့ ရီမုဒ် ကွန်ထရိုးပါဝင်တဲ့ စက်လည်း တပ်ဆင် ထားပါတယ်တဲ့။ ဒီအထူး မော်တော်ယာဉ်ရဲ့ လုံးခြုံရေး စွမ်းဆောင်ချက် တွေကြောင့်တော့ လာမယ့်နေ့ မှာပြုလုပ်မယ့် ၄၄ ဆက်မြောက် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ လုံခြုံရေး အစီအစဉ်တွေ ကတော့လျော့ ပါးသွားမှာမဟုတ်ပါဘူး။မော်တော်ကားနဲ့ အသေခံဗုံးခွဲမယ့် အန္တရာယ် ကကာကွယ်နိုင်အောင် အမေရိကန် နိုင်ငံရဲ့ မြို.တော်မှာတော့ သုံးမိုင်ပတ်လည် ဧရိယာကို မော်တော်ယာဉ် မ၀င်ရ ဒေသအဖြစ် သတ်မှတ်မှာလို့ ဆိုပါတယ်။အခမ်းအနားကို လာရောက် ကြည့်ရှုမယ့် နှစ်သန်းမျှသော ပြည်သူတွေကိုလည်း ပွဲမစခင် သုံးနာရီ အလိုကတည်းက ရောက်ရှိနေစေမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ သမ္မတအဖြစ် ရွေးချယ်အောင်ပွဲ ခံပြီးနောက် ပထမဦးဆုံး ပြောဆိုရာမှာသူ့ရဲ့ ဒေါ်လာ ၅၂၅ ဘီလီယံ ကယ်ဆယ်ရေး ရံပုံငွေ စီမံကိန်းကိုနှောင့်နှေး ကြန့်ကြာစေမယ် ဆိုယင်တော့ အမေရိကန် နိုင်ငံနဲ့ ပြည်သူတွေအနေနဲ့ ဆိုးဝါးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင် ကြရလိမ့်မယ်လို့ သတိပေးခဲ့ ပါတယ်။

သူ.အနေနဲ.ထိုစီမံကိန်းဥပဒေကိုသမ္မတဖြစ်တဲ.ပထမနေ.မှာပဲလက်မှတ်ထိုးအတည်ပြုနိုင်မယ်လို့ မျှော်လင့် ပေမယ့် ကွန်ဂရက် လွတ်တော်မှာတော့ အခြေအတင် ဆွေးနွေးနေတာ အတော်ကြာဦးမယ့် သဘောရှိ နေပါတယ်တဲ့ ခင်ဗျား။

ဒီလိုကားကြီးမျိုးကို ဘဘကြီးများလည်း စီးချင်ရှာမှာပါ။ တန်ဖိုးကလဲပေါင်သုံးသိန်း(ဒေါ်လာ ခြောက်သိန်း) ဆိုတော့တတ် နိုင်ပါတယ်။ဒါပေမယ့် အကျင့် စာရိတ္တက မကောင်းလေတော့ ထုတ်လုပ်တဲ့ ကုပ္မဏီက သူတို့ ကားကို ဘယ်လောက် ဈေးကောင်း ပေးပေး ဂျပိုးသူခိုးတွေကို မရောင်းပါဘူးတဲ့။ နောက်တာမဟုတ်ဘူးအတည်နော်။

It's official call sign is Cadillac One, but it will always be known as the Obamobile.

This is the top - security armoured limousine which has been custom built to be Barack Obama's presidential car.

It will travel with him wherever in the world he goes.

The President- elect, pictured inset inset, will have his first ride in the stretch limo when he parades along Pennsylvania Avenue in Washington after his inauguration on January 20.

But his Secret Service agents have already been familiarising themselves with the machine they call 'The Beast', built by General Motors in Detroit and based on a Cadillac chassis.

The company refuses to give precise details of how it will perform its primary purpose - protecting the president.

But bulletproof glass and armourplatingare standard throughout and the car is hermetically-sealed to withstand chemical weapons.

As with previous presidential limos it is packed with electronic communication systems to allow Mr Obama to keep in contact with the outside world.

One personal touch will be the remote-controlled ten-CD changer on which he can play his favourite artists, said to include Stevie Wonder and Bob Dylan.

Despite the protection afforded by Cadillac One, the Secret Service will be taking no chances when Mr Obama is sworn in as the 44th president.

A three-mile security perimeter will be thrown around the U.S. capital, with no vehicles allowed inside, to prevent a car bomb attack.

The Beast: Cadillac One, Barack Obama's new presidential limo - also known as the Obamamobile
The expected two million visitors have been told to be in place at least three hours before the swearingin ceremony begins.

In his first major speech since his election triumph, Mr Obama warned last night that the U.S. could be mired in recession for years if his plan for a £515billion rescue package is delayed too long.

He had been hoping to sign it into law on his first day, but it has been the subject of prolonged wrangling in Congress.

ကိုပီတာရဲ့ အတွေးပုံရိပ်
http://kopeter.blogspot.com/2009/01/obamamobile.html
ဒို့အာဇာနည် မှ ပြန်လည် ကူးယူ မျှဝေပါသည်။

ဦးသန့်တို့ခေတ်

ဆောင်းပါး ပညာရွှေအိုး |
(၁)
ဦးသန့်ကြီး ရာပြည့်ပြီဆိုတော့ ပြည်တွင်းပြည်ပ စာပေနဲ့ နိုင်ငံရေးလောကမှာ လှုပ်ရှားမှုတွေ တွေ့လာရပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးကတောင် မလုပ်စဖူး တံဆိပ်ခေါင်းထုတ်မယ်လို့ ဆိုလာပါတယ်။

ဂျာနယ်တခုမှာ ဦးသန့် ကိုယ်ရေးအတ္ထုပ္ပတ္တိထဲက ကောက်နုတ်ဘာသာပြန်နေတာ တွေ့ရပါတယ်။ နောက်ပြီး အတွေးအမြင် စာစောင်မှာ သံအမတ်ဟောင်း ဦးသက်ထွန်းက ဦးသန့်နဲ့ပတ်သက်တဲ့ အကြောင်းအချက်တွေကို ရေးလာပါတယ်။ ဦးသန့်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ကြားက ဆက်ဆံရေးအကြောင်းကိုလည်း ပိုပြီး သိလာရပါတယ်။

ဒါကြောင့် အရင်တုန်းက ကြားဖူးခဲ့ကြသလို ဦးနုလူမို့လို့၊ မနာလိုလို့ ဗိုလ်ချုပ်နေဝင်းက ဦးသန့်ကို ကြည့်မရဘူးတို့၊ တူတူ တန်တန် ဂုဏ်မပြုဘူးတို့ ဘာတို့ ဆိုတာတွေနဲ့ ကွာခြားနေတာကို သတိပြုမိသပေါ့။ ကုလသမဂ္ဂ ရုံးချုပ်က ဦးနုရဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်း တစွန်းတစ အရင်က တွေ့ဖူးပေမယ့် မြန်မာလိုမဟုတ်တဲ့အတွက် မြန်မာပြည်မှာ သိကြဖို့ မလွယ်လှ ပါဘူး။

ဒီအကြောင်းတွေ မြန်မာ မီဒီယာမှာ ဖော်ပြခွင့် ရလာတာဟာ ဗိုလ်ချုပ်နေဝင်း လုပ်ခဲ့တာ ဒို့နဲ့ မဆိုင်ဘူးလို့ ပြချင်ပုံ ရှိပ်ါရဲ့။ တဖက်မှာလည်း သူ့တူမလို ခင်တဲ့ စုစု (ဒေါ်အောင်ဆန်းစုကြည်)နဲ့ ဆက်စပ်ပြီး သူ့ကို အငြိုးပြေကြသေးဟန် မရပ်ါဘူး။ ဒ်ါကြောင့် ဦးသန့် မျက်နှာဖုံးနဲ့ မဂ္ဂဇင်းကို စိစစ်ရေးက ရစ်နေတာပေါ့်။

(၂)
ဒါတွေအသာထား၊ ဦးသန့် ဦးသန့်နဲ့ ပြောနေကြတော့ ဦးသန့်အကြောင်းနဲ့ ဦးသန့် ရေးတဲ့ စာတွေ မြန်မာပြည်မှာ လူငယ်တွေ ဘယ်လောက် ဖတ်ဖူးမှတ်ဖူးကြသလဲဆိုတာ သိချင်မိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ပြည်တွင်းမီဒီယာမှာ လွတ်လွတ်လပ်လပ် ဖော်ပြခွင့်မရတာမို့ ဦးသန့်ဆိုတာ ဦးနုနဲ့တောင် ကွဲကြပါမလား မသိပါဘူး။

တက္ကသိုလ်စိန်တင်ရေးတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ စာအုပ်လောက်ပဲ မြန်မာစာအုပ်ဆိုင်တွေမှာ မြင်နေရတာပါ။ အထောက်တော်လှအောင် ပြန်ဆိုတဲ့ ဗမာ့ဦးသန့်တို့၊ ဦးသန့်၏ စာတို့၊ ပြည်တော်သာမှတ်တမ်းတို့ ဆိုတာတွေကို အဟောင်းဆိုင်မွှေတဲ့ ပရိသတ်လောက်ပဲ သိကြပါတော့တယ်။ စလေအညာက ပြွေဆရာ၊ ထူးဆန်းသော ကိုရွှေအုပ်တို့၊ From My School Window တို့ဆိုတာတွေကတော့ ထားလိုက်ပါတော့။

ဒီစာတွေကို ဖတ်ခွင့်ရခဲ့ရင်ဖြင့် လွန်ခဲ့တဲ့ အနှစ်၇၀ ကျော် မြစ်ဝကျွန်းပေါ် တောမြို့ကလေးက ကျောင်းအုပ်ဆရာကြီး တယောက်ရဲ့ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်တွေဟာ ဘာကြောင့်များ ဒီလောက် ထက်မြက်ပြီး ခေတ်ရှေ့ပြေး နေတာလဲဆိုတာ အံ့သြကြလိမ့်မယ်။ ပြီးတော့ ဆိုရှယ်လစ်ဘက်ယိမ်းတဲ့ သခင်အောင်ဆန်းနဲ့ လစ်ဘရယ်ပညာတတ်ဖြစ်တဲ့ ဦးသန့်တို့ ကျောင်းဝတ်စုံ ရှိသင့်၊ မရှိသင့် ငြင်းကြတာကလည်း စိတ်ဝင်စားစရာပါပဲ။

(၃)
လက်ဝဲသမားတွေကတော့ ဦးသန့်ဟာ ဦးနု လက်သုံး ပညာရှိကြီးပါပဲ၊ ဗိုလ်နေဝင်း ဒေါက်တာမောင်မောင်ကို မသေမချင်း ဂုတ်ခွစီးသလို အစီးခံရတဲ့သူပါလို့ ဆိုကြလိမ့်မယ်။ ဦးသန့်ရေးတဲ့ ပြည်တော်သာမှတ်တမ်းကြီးမှာ ကွန်မြူနစ်သောင်းကျန်းမှုကို တော်တော်အပြစ်ဆိုထားတာကိုး။ ဦးနုရဲ့ လူထုအောင်သံ၊ စာပေဗိမာန်၊ စွယ်စုံကျမ်း၊ ပြည်တော်သာစတဲ့ ပရောဂျက်ကြီး တွေကို ပြန်ကြည့်ရင် ဦးသန့် နဲ့ ကင်းနိုင်တာမှ မဟုတ်ဘဲကလား။ဦးသန့်ပြန်ကြားရေး အတွင်းဝန်၊ ဝန်ကြီးချုပ် အတွင်းဝန်ဘဝ အသက် ၄၀-၅၀ အတွင်းက ဆောင်ရွက်ချက်တွေကို ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ ဒေါက်တာထင်အောင်၊ ဦးခင်ဇော် (K) စတဲ့ ခေတ်ပြိုင် ပညာရှင် မျိုးဆက်တွေရဲ့ စွမ်းဆောင်ချက်တွေနဲ့ ဆက်စပ်ကြည့်မှ ပိုပြီး ရုပ်လုံးကြွလာမှာပါ။

ဆဋ္ဌသဂ်ါင်္ယနာခေတ်၊ နိုင်လွန်ခေတ် မီလိုက်သူ မျက်နှာကြီး အသိုင်းအဝိုင်းကတော့ ဦးသန့်အရင် ကုလသမဂ္ဂမှာ မြန်မာ သံအမတ် လုပ်သွားတဲ့ ဂျိမ်းစ်ဘယ်ရင်တန်သာ ဟမ်းမားရှိုး သေတာကို မီလိုက်ရင် ဦးသန့် အတွင်းဝန်ချုပ် ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

တကယ်တော့လည်း ဦးသန့် ဒီလိုဖြစ်လာတာကတော့ အဲဒီအချိန်က မြန်မာပြည်ရဲ့ 'ဘက်မလိုက်' တက်ကြွတဲ့ နိုင်ငံခြားရေး ဝါဒ ကျေးဇူးကြောင့်၊ ပြီးတော့ ဦးနုရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိုက်ထုတ်တဲ့ ဥဿဟတွေနဲ့လည်း ဆိုင်ပါတယ်။ ပင်ကိုတော်တဲ့လူမို့ ၁ဝ နှစ်တိတိ ကုလသမဂ္ဂမှာ တောင့်ခံနိုင်တာကတော့ ဦးသန့် စွမ်းလို့ပါပဲ။ ဒီခေတ် ဒီအခါမှာတော့ မြန်မာတွေ မျိုးပျံအောင်တော်နေပေမယ့် မြန်မာအစိုးရရဲ့ သိက္ခာကျမှုကြောင့် ကမ္ဘာမှာ နလံထူလှတော့တာ မဟုတ်ပါဘူး။

ဦးသန့်နဲ့ပတ်သက်ပြီး နောက်ထပ်ပြောမိကြတာက သန့်ရှင်း၊ တည်မြဲ ကွဲတဲ့အချိန်မှာ သူ မြန်မာပြည်မှာ ရှိနေခဲ့ရင် ဦးနုက သူ့ကို ပထစထဲပါခိုင်းမှာပဲ ဆိုတာပါ။ ဦးချမ်းသာ၊ ဦးချစ်ဖေတို့လို ICS ကြီးတွေတောင်မှ ပထစကြီးတွေဖြစ်လာ၊ နောက် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တောင်မှ ပထစအတွက် ဝင်မဲဆွယ်ပေးခဲ့ရတာ မဟုတ်လား။ ဦးသန့်ဟာ ပြန်ကြားရေး၊ ပညာရေး စတဲ့ နေရာတွေမှာ ဒေါက်တာဧမောင်လိုပဲ ဦးနုရဲ့ ပေါ်လစီတွေကို ဖော်ဆောင်နေရပါလိမ့်မယ်။

နိုင်ငံရေးထဲ မဝင်ဘဲ အတွင်းဝန် ဆက်လုပ်နေရင်လည်း ၆၂ အာဏာသိမ်းပြီးနောက်ပိုင်း စောစောစီးစီး နားရဖို့ ရှိပါတယ်။ တော်လှန်ရေးကောင်စီရဲ့ ပြန်ကြားရေး၊ ပညာရေးနဲ့ စီးပွားရေးမှာ ဓာတ်ကြမ်းရိုက်တဲ့ စစ်ဆိုရှယ်လစ်မူတွေနဲ့ ဦးသန့်ဟာ ဘယ်လိုမှ မအပ်စပ်လို့ပါပဲ။ အဲဒီလို စောစောအနားယူလိုက်ရင်လည်း ကုလသမဂ္ဂကို သူ ရောက်သွားမှာပါပဲ။ ဒေါက်တာ သာလှတို့၊ ဒေါက်တာညီညီတို့လိုပေါ့။

(၄)
စိတ်ကူးယဉ်လို့မရတဲ့ သမိုင်းမှာတော့ ဖြစ်ခဲ့တာတွေကိုပဲ ကြည့်ရမှာပါ။ အတွင်းဝန်လုပ်ခဲ့တဲ့ ဦးသန့်ဟာ အတွင်းဝန်ချုပ် ဖြစ်လာတော့လည်း ကုသမဂ္ဂဗျူရိုကရက် ယန္တရားကြီးကို နိုင်နိုင်နင်းနင်း ထိန်းချုပ်သွားခဲ့တာပါပဲ။ ကျောင်းဆရာ၊ သတင်းစာ ဆရာ နောက်ခံကလာသူမို့ ဆက်ဆံရေးညက်တာကလည်း စစ်အေး အထွတ်အထိပ်ရောက်တဲ့ ၆ဝ ပြည့်လွန်နှစ်တွေက ကမ္ဘာ့အခင်းအကျင်းမှာ အသုံးကျလှပါတယ်။ ကျူးဘား၊ မြောက်ဘော်နီယို စတဲ့ ကိစ္စတွေမှာ ဦးသန့် ဝင်လို့ရပေမယ့် ပရက်ဂ်အရေးအခင်းလို၊ အစ္စရေးလို၊ ဗီယက်နမ်လို ကိစ္စမျိုးမှာတော့ ဦးသန့်လည်း မရှင်းနိုင်ခဲ့ပါဘူး။ အင်အားကြီးတွေ လျှော့ပေးမှ ငြိမ်းချမ်းရေးဆိုတာ ပေါ်လာရတာ မဟုတ်လား။

ရင်နာစရာကောင်းတာက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့ ကြိုးပမ်းခဲ့တဲ့ ဦးသန့်ဟာ မြန်မာ့ငြိမ်းချမ်းရေး အတွက်တော့ ထိထိရောက်ရောက် မပံ့ပိုးနိုင်ခဲ့တာပါပဲ။

ဦးသန့် အတွင်းဝန်ချုပ်ဖြစ်တဲ့ ၁၉၆၁-၇၁ ခုနှစ်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းပြီး ပြည်တွင်းစစ်အရှိန် တက်နေတဲ့ အချိန်ပါပဲ။ မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုတွေအားလုံးဟာ စစ်အာဏာရှင်စနစ်အောက်မှာ လူးလွန့်လို့မရဘဲ နိုင်ငံရေး လုပ်ချင်တဲ့ သူတွေဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဝင်ဖို့ကလွဲပြီး တခြားလမ်းမရှိတဲ့ အချိန်လည်း ဖြစ်ပါတယ်။ (၂ဝ၁ဝ ခုနှစ်မှာ ပါတီစုံရွေးကောက်ပွဲလုပ်မယ့် နအဖ ကတော့ တော်လှန်ရေးအစိုးရထက် ပါးနပ်တယ်ပြောမလား၊ အရပ်သား မျက်နှာတပ်ပြီး စစ်အုပ်ချုပ်ရေးသစ် ထူထောင်မယ့်နေရာမှာတော့ ၁၉၇၄ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ကွာလှမယ် မထင်ပါဘူး။)

မြေပေါ်မြေအောက် နိုင်ငံရေးသမားတွေနဲ့ အာဏာသိမ်းစစ်ကောင်စီ ညှိနှိုင်းပွဲတွေမှာ (၁၉၆၃၊ ၁၉၆၈) ဦးသန့်အနေနဲ့ ပါဝင်ပါရစေလို့ တောင်းဆိုသံ မကြားခဲ့ရဖူးပါဘူး။ ဒါကလည်း အမေရိကန်၊ ဆိုဗီယက် နှစ်အုပ်စုလုံးရဲ့ ထောက်ခံမှုကို ယူနိုင်တဲ့ ဗိုလ်နေဝင်းရဲ့ နိုင်ငံခြားရေးပေါ်လစီကြောင့် ဖြစ်ပါလိမ့်မယ်။ ကွန်မြူနစ်ခြိမ်းခြောက်မှုကို 'မွေး' မထားနိုင်တဲ့ လက်ရှိ အစိုးရလက်ထက်မှာတော့ ဒီလို အားလုံး 'မီးသေ'တဲ့ အခွင့်အရေးမျိုး မရနိုင်တော့ပါဘူး။

(၅)
အခုလို ရာပြည့်တဲ့ အခမ်းအနားကို အခွင့်ယူပြီး ဦးသန့်စာတွေ ပြန်ထုတ်ဖို့၊ ဦးသန့် Institute ကနေပြီး ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသား မြန်မာလူငယ်တွေအတွက် ပညာရေး၊ လူမှုရေး အထောက်အပံ့တွေပါ လုပ်သွားဖို့ အားထုတ်ကြလိမ့်မယ်လို့ ယူဆပါတယ်။

ဦးသန့်၊ ဦးညွန့် (ECAFE) ၊ ဦးရွှေမရ၊ ဒေါ်သန်းဧ စတဲ့ မြန်မာပညာတတ်တွေ ကုလသမဂ္ဂမှာ ဘုန်းကြီးခဲ့တဲ့ ခေတ်ကို လွမ်းမိပါသေးရဲ့။ နာဂစ်ဖြစ်တဲ့ အချိန်တုန်းက ကုလသမဂ္ဂမှာ ဦးသန့်လိုလူမျိုး ရှိခဲ့ရင်လို့ တွေးမိသူတွေ နည်းမှာ မဟုတ်ပါဘူး။ လက်ရှိ ကုလသမဂ္ဂက မြန်မာဝန်ထမ်းတွေကလည်း စစ်အစိုးရနဲ့ ကဏ္ဋကောစ တိုက်ဝံ့ကြတာမှ မဟုတ်ဘဲကိုး။ အမျိုးသား ပညာရေးက မွေးထုတ်ပေးလိုက်တဲ့ မျိုးချစ်ပညာတတ် လူတန်းစားကတော့ မြန်မာပြည်မှာ မျိုးတုန်း ခါနီးပြီ ထင်ပါရဲ့လေ။

ပညာရွှေအိုး

ရွှေတိဂုံ ဘုရားက ပတ္တမြားမျက်ရှင်ဆုတောင်းပြည့် ဆင်းတု ကို သန်းရွှေ ခိုးသွားပြီ။

မိစ္ဆာဒိဋ္ဌိတွေကို ကိုးကွယ်နေတဲသန်းရွှေ နဲ့ မိသားစုဟာ အခုဆို ရွှေတိဂုံစေတီတော် အထက်ပစ္စယံက ပတ္တမြားမျက်ရှင် ဘုရားတောင်မှ မချန်တော့ပါဘူး။ မကြံကောင်း မစီရာ တွေကို ပုတီးဆွဲ သာသနာဖျက်တွေ ခိုင်းတဲ့ အတိုင်း ပတ္တမြား မျက်ရှင် ဘုရားကို ပုံစံတူအရုပ်နဲ့ လဲလှယ်ပြီးတစ်နေရာကို သယ်ဆောင်သွားခဲ့ပါပြီ။ သေပြည်တော်မှာတည်နေတဲ့ ရွှေတိဂုံစေတီတော် စင်ပြိုင်ပုံတူမှာ ထားနိုင်တယ်လို့ ယူဆရပါတယ်။ ကျွန်တော် ကိုယ်တိုင် လေ့လာပြီး မှတ်တမ်းယူခဲ့ပါတယ်။ Attach a file ထဲမှာကြည့်ပါ။

မှတ်ချက်။ ရွှေတိဂုံစေတီတော် စင်ပြိုင် မဟာဝိဇယ စေတီတည်ခဲ့တဲ့ ဦနေ၀င်းဟာ ဖျာလိပ်ပတ်ပြီး သေခြင်းဆိုးနဲ့ သေခဲ့ရပြီးပါပြီ အာဏာပြုတ်မှာကြောက်လို့  ပုတီးဆွဲ သာသနာဖျက်တွေ ခိုင်းတဲ့အတိုင်း ပတ္တမြား မျက်ရှင် ဘုရားကို ပုလင်ပေါ်ကချလို့  မတန်မရာတက်ထိုင်ပြီး စော်ကားခဲ့တဲ့ ငခင်ညွန့် လည်း ရက်ပိုင်း အတွင်းရာထူးပြုတ်ပြီး သူတင်မက မိသားစုပါ ဒုက္ခရောက်ခဲ့ ကြရပါပြီ......အတုပုံကသင်္ကန်းရုံထားရပါတယ်၊ နောက်တစ်ပုံကတော့ အရင်ကပုံတော်ကို ကူးလာခဲ့တာပါ။ နှိုင်းယှဉ်ကြည့်နိင်ပါတယ်။

မူလ ပတ္တမြား မျက်ရှင်ဘုရားအစစ် (အောက်မှပုံ)

ဓါတ်ပုံပေါ် ကလစ်နှိပ်၍ အကြီးပူဇော်ပါ။

လက်ရှိပတ္တမြားမျက်ရှင်ဘုရားအတု (အောက်မှပုံ)

ဓါတ်ပုံပေါ် ကလစ်နှိပ်၍ အကြီးပူဇော်ပါ
သေချာစွာကြည့်ပါ . မျက်နှာတော် အနေအထားမတူပါခင်ဗျား
ပေးပို့ တာ ကျေးဇူးပါ ကိုနေမင်းသူရ

မျှော်လင့်ရမှာလား အိုဘားမား

ကာတွန်း ဟန်လေး ဧရာဝတီ |

ရန်ကုန်မြို့နေရာအများအပြားတွင် ယခုကဲ့သို့ လက်နက်ကိုင် လုံထိန်းများ၊ စစ်သားများ နှင့် ယနေ့လုံခြုံရေး


အကြီးကြည့်ရန် ဓါတ်ပုံပေါ် ကလစ်နှိပ်ပါ
ကမ္ဘာအေးဘုရားလမ်းဘေးတလျှောက် လုံခြုံရေးကင်းများ ချထားသည်ကို တင်္နလာနေ့ ဇန်န၀ါရီလ ၁၉ ရက်၊ ၂၀၀၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်မြို့ နေရာ အများအပြားတွင် ယခုကဲ့သို့ လက်နက်ကိုင် လုံထိန်းများနှင့် စစ်သားများ လုံခြုံရေးကင်းစောင့်နေကြသည်ကို အမြဲလိုလို တွေ့နေရသည်။

"ရှစ်လေးလုံးသတင်းစာ" အမှတ်စဉ် ၁၅ မှ ၁၉ အထိ။

အမှတ် ၁၅
PDF ဖိုင်ဖြင့်ဖတ်ရန် 8888 Vol15.pdf PDF * 1.13 MB



အမှတ် ၁၆
PDF ဖိုင်ဖြင့်ဖတ်ရန် 8888 Vol16.pdf PDF * 1.18 MB

အမှတ် ၁၇
PDF ဖိုင်ဖြင့်ဖတ်ရန် 8888 Vol17.pdf PDF * 1.19 MB

အမှတ် ၁၈
PDF ဖိုင်ဖြင့်ဖတ်ရန် 8888 Vol18.pdf PDF * 1.05 MB

အမှတ် ၁၉
PDF ဖိုင်ဖြင့်ဖတ်ရန် 8888 Vol19.pdf PDF * 1.29 MB

ကိုမျိုးသန့် ဆွေ (မြှားနတ်မောင်ဖိုရမ်) မှတစ်ဆင့် ရရှိကာ ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါသည်။ ကိုမျိုးသန့် ဆွေနှင့် မြှားနတ်မောင် ဖိုရမ်အား အထူး ကျေးဇူးတင် ရှိပါသည်။





You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.