Monday, February 9, 2009

[NYI LYNN SECK 18+ DEN] 3 New Entries: ထူးဆန်းတယ်

ထူးဆန်းတယ်

ရန်ကုန်မြို့လယ် မင်္ဂလာတောင်ညွန့်နှင့် တာမွေတဝိုက်တွင် နေထိုင်ကြသူများမှာ ယခုရက်ပိုင်းအတွင်း ကိုယ်ပေါ်မှ ရံဖန်ရံခါ အနီပြင်များထ၍ ထူးဆန်းသည့်ယားယံမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။ ... 

ဒီသတင်းလေးကို ကျွန်တော် နဲနဲ စိတ်ဝင်စားမိတယ်။ နဲနဲလည်း သဘောတူမိသလိုပဲ။ အခုတလော တော်တော် ထူးခြားတယ်။ အိမ်မှာ နေနေရင်းနဲ့ အလိုလို ယားနေတာ။ သွေးထဲကကို ယားနေသလို ဖြစ်နေတာ။ ကိုယ်က အလာဂျီ ဖြစ်တတ်တာမို့ ဖြစ်ရိုးဖြစ်စဉ်လို့ ထင်နေရာက အခု ဒီသတင်းလေး ဖတ်မိချိန်မှာ စဉ်းစားစရာ ဖြစ်လာပြီ။ ကိုယ်နေတာကလည်း မင်္ဂလာတောင်ညွှန့်မှာ။ တိုက်ဆိုင်တယ်။ ဒါလေးကို စုံစမ်းကြည့်ဦးမယ်။ ရေးရင်းနဲ့တောင် ကြက်သီးထလာသလိုပဲ။ နိုင်ငံခြားမှာ ဆိုရင်တော့ ဒါမျိုးဆို ဆိုင်ရာကို တရားစွဲပြီပဲ။ ဒီမှာတော့ ဖြစ်ရင်တောင် မသိလိုက်ဘဲ သေသွားမှာ။ တိုက်ကလူတွေ ရပ်ကွက်ကလူတွေကိုလည်း မေးကြည့်ရဦးမယ်။ သူတို့ရော သိမှ သိကြရဲ့လား။ ဆေးစစ်ဖို့တွေ လိုနေမလား။ အတွေးတွေ အများကြီးပဲ။ 


MJOY: Free Text Messages to any Mobile Phone


Image Hosted by ImageShack.us

Send unlimited FREE Text Messages to any mobile phone in the world.

Mjoy.com offers unlimited free text messaging to any mobile phone in the world. It's easy, just follow these simple steps:

  1. Go to their website.
  2. Choose your country and input your mobile phone number. They will also ask you to input the security code provided.
  3. Click "Send message to my phone" and check if you receive the message. (should be!)
  4. Open the link using your mobile phone to proceed to the registration page.
  5. Complete the Registration form then click register.

Your mobile phone must have internet connection or GPRS in order to gain access and use this service. Please check your settings first or you may contact your network service provider. This service may vary depending on the model of your mobile phone.


Attention: မြန်မာပြည်တွင်း နေထိုင်သူများနှင့် မသက်ဆိုင်။ 

Myanmar Books Catalogue



Find more photos like this on Myanmar Books Catalogue (Alpha)



မင်္ဂလာပါ

မြန်မာစာအုပ်အညွှန်း ကွန်ယက် (Myanmar Books Catalogue) ကို လာရောက် လည်ပတ် ဖတ်ရှုကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ဒီဆိုဒ်လေး ဖြစ်နိုင်အောင်လို့ အချိန်များစွာ၊ ငွေများစွာ ကုန်ကျခံပြီး ကြိုးစားခဲ့ရပါတယ်။ ရှားပါးတဲ့ မြန်မာစာအုပ်တွေကို လေ့လာနိုင်အောင်နဲ့ ဘယ်စာအုပ်မှာ ဘာအကြောင်းအရာတွေ ပါတယ်ဆိုတဲ့ သုံးသပ်ချက် အညွှန်းတွေကို လေ့လာနိုင်အောင် ဖြစ်ပါတယ်။

ဒီနေရာဟာ စာအုပ်တွေ အီးဘွခ်တွေ ဒေါင်းလုဒ် လုပ်တဲ့နေရာ မဟုတ်ပါဘူး။ စာပေ ချစ်မြတ်နိုးသူတွေနဲ့ စာဖတ်ဝါသနာ ပါသူတွေ၊ သုတေသနသမားတွေ အတွက် ရည်ညွှန်းနဲ့ ကိုးကား လေ့လာစရာ နေရာတစ်နေရာ ဖြစ်ဖို့သာ ရည်ရွယ်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော့်မှာရှိတဲ့ စကန်ဖတ်ထားတဲ့ စာအုပ်ကာဗာ လေးတွေနဲ့ မာတိကာ အညွှန်းတွေ၊ ဖတ်ညွှန်းတွေ၊ အတွေးအမြင်တွေကို စပြီး တင်ထားပါတယ်။ အခြားသူတွေ အနေနဲ့လည်း မိမိတို့မှာ ရှိတဲ့ စာအုပ်မျက်နှာဖုံးတွေကို စကန်ဖတ်ပြီး ဒီနေရာ တင်ပေးနိုင်ပါတယ်။ ကိုယ်ဖတ်ရှုခဲ့တဲ့ စာအုပ်တွေကိုလည်း ဒီနေရာကနေ သုံးသပ်ချက်တွေ အမြင်တွေ ရေးပေးမယ်ဆို မဖတ်ရသေးတဲ့ သူတွေအတွက် ဘယ်စာအုပ်ဟာ ကိုယ်နဲ့ လိုက်ဖက်တယ်၊ ဖတ်ရှုသင့်တယ် ဆိုတာကို လွယ်လွယ်ကူကူ မြင်သွားနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ အကြောင်းအရာဟာ ဘယ်စာအုပ်မှာ ပါဝင်နေတယ် ဆိုတာကို ကြိုသိနိုင်ပြီး စာအုပ်တစ်အုပ်ကို ဝယ်သင့်မဝယ်သင့် စဉ်းစားနိုင်ပါမယ်။ ပြီးတော့ ကိုယ်နှစ်သက်တဲ့ စာအုပ်တွေကိုလည်း အဆင့်အတန်း ခွဲပြီး Vote လုပ်ပေးကြမယ်ဆိုရင် ဘယ်စာအုပ်ဟာ ဘယ်လောက် လူကြိုက်များတယ် ဆိုတာကိုလည်း သိနိုင်ပါမယ်။ 

အခု လောလောဆယ်မှာတော့ စာအုပ်နာမည်တွေ အချက်အလက်တွေ လိုက်ဖြည့်နေဆဲ ဖြစ်ပါတယ်။ နောက်လည်း တဖြည်းဖြည်းချင်း ဖြည့်သွားပါမယ်။ အားလုံးလည်း ကိုယ်ဖတ်ဖူးတာလေးတွေ ဝေမျှကြမယ်လို့ ယုံကြည်ပါတယ်။ 

You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.