Monday, February 9, 2009

[Nya Lay's Ainmetdiary] 1 New Entry: မင်္ဂလာပါနော်...

မင်္ဂလာပါနော်...

အားလုံးပဲ မင်္ဂလာပါနော်.. ဒီပို့စ်လေးက ညလေး ဘလော့ဂ်ပြန်ရေးဖို့ အစပျိုးတဲ့ ပို့စ်လို့လဲ ပြောလို့ရပါတယ်။ ညလေး ဘလော့ဂ်မရေးတာ တော်တော်ကြာသွားပါတယ်၊ ၂၀၀၈ မေလက စလို့ ၂၀၀၉ ဇန္န၀ါရီလ မနေ့ကထိပဲလေ။ တစ်စုံတစ်ခုကြောင့် အကြောင်းကြောင်းကြောင့်လို့ပဲ ပြောရမှာပါ။ ရေးဖို့ လုံးဝ စိတ်ကုန်သွားတာ မဟုတ်ပေမယ့် တစ်ခဏတာ ရေးချင်စိတ်လေး ကုန်ခန်းသွားလို့ပါ။ လှည့်မကြည့်ချင်လောက်အောင် ဖြစ်သွားတဲ့ အချိန်နဲ့ အင်တာနက် လုံးဝ သုံးမရတော့တဲ့ အချိန် တိုက်ဆိုင်သွားတဲ့ အတွက်လဲ ပိုပြီးကြာသွားတာပါပဲ။ ညလေးမွေးနေ့နဲ့ မြန်မာပြည်ရဲ့ နေ့ကြီး၊ ရက်ကြီးတွေကို ရောက်တိုင်း၊ အင်တာနက်ကို သုံးဖြစ်တဲ့ အချိန်တိုင်းမှာ သူငယ်ချင်းတွေဆီ သွားနေကျ နေရာတွေဆီ ရောက်ဖြစ်ပါတယ်။ ရောက်တိုင်းလဲ နှုတ်ဆက်ခဲ့ချင်ပေမယ့် ဒီတိုင်းပဲ ရှိပါစေတော့လို့ စိတ်ကူးပြီး ပြန်လှည့်ခဲ့တာချည်းပါပဲ။ သူငယ်ချင်းများနဲ့ ဘလော့ဂ်မရေးဖြစ်ပေမယ့် ဘလော့ဂ်ကို ရောက်လာကြတဲ့ သူတွေကို အားနာခဲ့လဲ ကိုယ့်အတွက်ပဲ ကြည့်ခဲ့တဲ့ ညလေးကို နားလည်ပေးပါလို့ပဲ ပြောချင်ပါတော့တယ်။
*****
"ကာရံမဲ့"
ငါ ထွက်သွားဖို့ ကြိုးစားခဲ့ဖူးတယ်
အတိတ်ဟောင်းကို မေ့နိုင်မလားလို့ပေါ့
ဒါက အထင်ပါပဲလေ
တကယ့်လက်တွေ့မှာတော့
စိတ်ရော ကိုယ်ပါ ပင်ပန်းခဲ့ရတယ်။

ငါ့အာရုံတွေ နှစ်မြုပ်ခဲ့တဲ့ နေရာ
ငါ့အတွေးတွေ ဆန်းသစ်ခဲ့တဲ့ နေရာ
သူငယ်ချင်းအသစ် အသစ်တွေနဲ့ ပျော်ရွှင်ခဲ့ဖူးတဲ့ နေရာ
ငါ့အတွက်တော့ လောကသစ် နယ်ပယ်အသစ်၊
ငါ အစဉ်အမြဲ ဆန်းသပ်ဖို့ရာ သစ်လွင်တောက်ပနေတဲ့ နေရာ
အတိုက်အခိုက်တွေ ရှိခဲ့တာတောင် ငါက မရ ရအောင် နေခဲ့တဲ့နေရာ...

နေနိုင်မလားဟာ
ငါ ပြန်ရောက်လာရတာပဲ မဟုတ်လား...

ဒီလိုနေရာတစ်ခုက
အပြီးအပိုင် နှုတ်ဆက် ထွက်မသွားနိုင်တာ
ငါမလွန်ပါဘူးနော်.....။
*****

You received this email because you are subscribed to the real_time feed for http://ainmetdiary.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.