Monday, February 9, 2009

[ကိုတိုးလေးရဲ့ခံစားချက်လေးများ...........] 5 New Entries: လမ်းခွဲ

လမ်းခွဲ

အဖေါ်မဲ့ငှက်ငယ် ကို့ဘဝ ခဏဘယ်သူ ယူပါ့မယ် ဆုံစဉ်ခဏလေး ချစ်မိကြလည်း ခွဲရကံကြုံ ရေစက်ကုန်သည် ညောင်ညိုပင်က လမ်းခွဲခဲ့ပြီ

ကိုယ်ပြန်ခေါ်နေတယ်လေ

နံနက်မိုးသောက်မှာ ကိုယ့်အိမ်တံခါးပေါက်ကို မင်းရောက်လာပြီး သီချင်းဆိုခဲ့တယ်။ ဒီ(အပြုအမှု)ဟာ အိပ်စက်ခြင်းမှ အနှိုးခံရလို့ ကိုယ့်ကို ဒေါ်သဖြစ်စေတယ်။ မင်းကတော့............. အမှတ်မထားဘဲ ပြန်ထွက်သွားခဲ့ပေါ့။ မိုးသောက်ချိန်မှာ မင်းရောက်လာပြန်တယ်။ ရေတောင်း(သောက်)ခဲ့တယ်။ ကိုယ့်အလုပ်ကို အနှောက်အယှက်ဖြစ်စေလို့ မင်းကို ကြိမ်းမောင်းပြစ်တင်ပြီး နှင်လွတ်ခဲ့မိတယ်။ ညဦးပိုင်းမှာတော့ မီးတောက်နေတဲ့ မီးတိုင်(ငယ်)နဲ့အတူ မင်းရောက်လို့လာပြန်တယ်။ မင်းဟာ............ ကြောက်လန့်စရာတစ်ခုလို ကိုယ့်ကို ထင်မြင်စေတဲ့အတွက် ကိုယ့်တံခါးကို ပိတ်လိုက်တယ်။ အခု.....ညသန်းခေါင်မှာ မီးအိမ်မရှိတဲ့ အခန်းထဲ ကိုယ်တစ်ယောက်တည်း ထိုင်ပြီး စော်ကားရိုင်းပျစွာ နှင်လွတ်လိုက်မိတဲ့ မင်းကို ကိုယ်ပြန်ပြီး ခေါ်နေမိတယ်လေ။

ငါ့ရဲ့ဖြေဆေး

ချစ်သူတစ်ယောက်ရဲ့ ကျိန်စာကိုခံယူဖို့ ငါ့မှာစွမ်းအားတွေမရှိခဲ့ဘူး မင်းရဲ့လှလှပပလှည့်စားမှုအောက်မှာ သေသေသပ်သပ်လည်စင်းပေးခဲ့ရတယ် ဒါတွေဟာ ဘ၀တစ်ခုလုံးကျိုးကြေသွားမှာပဲ ဖွင့်ကြည့်ဖို့သတိရခဲ့တဲ့ ဘ၀ရဲ့စာမျက်နှာတွေလိုပဲပေါ့ ဒါပေမဲ့ မှားမှန်းသိရက်နဲ့ ဆက်မှားဖို့ကြိုးစားခဲ့တာ မိုက်ရူးရဲဆန်တယ်လို့ပြောကြမှာလား ငါ့အတွက်တော့ နာကျင်ခဲ့ရဲတဲ့ နှလုံးသားအတွက် ဖြေဆေးတွေပါပဲ....။ 25/1/09

အလိုချင်ဆုံးအရာလေးပါ

ကိုယ့်စိတ်ဓာတ် ကိုယ်ပြင် ဖြူစင်အောင်ကျင့် သူ့စိတ်ဓါတ် သူ့သဘော နိုမ့်မပြောရ ကိုယ်ကသာ သူများကို အတတ်နိုင်ဆုံးပျော်ရွှင်အောင်ထားမှာပါ။ ကိုယ့်ကို ကိုယ်ပျော်ရွှင်သော ဘဝလေးပေးနိုင်ရင်တော့ အမြတ်ပေါ့နော်။

အဖြူရောင်နှလုံးသား

ချစ်သူ မင်းရွှေးပြီးမှာစွန့်ပြစ်လိုက်တဲ့ အဖြစ်မျိုးတော့မကြုံချင်ဘူး အနိမ့်အမြင့်သတ်မှတ်ချက်ကြောင့် ကျောခိုင်းသွားမှာလား အကျင်နာအချစ်နဲ့နှိုင်းရင် ပကသာနက ပိုအားသာတယ် ငါပိုင်ဆိုင်တာက အဖြူရောင်နှလုံးသားတစ်စုံပါ အဖြူရောင်ဆိုတာ ဟောင်းနွမ်းသွားတောင် စင်ကြယ်နေမယ် အစွန်းအထင်းမရှိသရွှေ့တော့ သစ်နေတုန်းပါပဲအချစ်။ 21/1/09

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.