Monday, February 9, 2009

[တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်ပါတယ်..] 2 New Entries: Weekly Eleven မှသတင်း

Weekly Eleven မှသတင်း

ကိုရီးယားနိုင်ငံမှကျင်းပသည့် Dicaco 2008 နိုင်ငံတကာကာတွန်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကာတွန်း လက်ရာများ အနက် အကောင်းဆုံးလက်ရာတစ်ခုအပါအ၀င် လက်ရွေးစင်လက်ရာများ ရွေးချယ်ဖော်ပြခြင်းခံရ

(ကိုရီးယားနိုင်ငံရှိ Daejeon Int'l Cartoon Institute မှ ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် နိုင်ငံတကာကာတွန်းပြိုင်ပွဲ(the 17th Daejeon International Cartoon Contest)တွင် မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ကာတွန်းလက်ရာများမှာ အကောင်းဆုံးလက်ရာ ဆုတစ်ခုအပါအ၀င် လက်ရွေးစင် လက်ရာ သုံးခုရွေးချယ်ခြင်းခံခဲ့ရကြောင်း သတင်းရရှိပါသည်။ပြိုင်ပွဲခေါင်းစဉ်မှာ 'Tradition & Food' ဖြစ်ကြောင်းနှင့် မြန်မာကာတွန်းဆရာ ၁၂ ဦးက ကာတွန်းလက်ရာပေါင်း ၂၉ ကွက်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကာတွန်းဇော်သိန်း၏လက်ရာမှာ Best Cartoon စာရင်းဝင်ခဲ့ကာ ကာတွန်းအောင်မင်းမင်းနှင့် ကာတွန်းငယ်ဦးတို့၏ ကာတွန်းတို့မှာ လက်ရွေးစင်လက်ရာများဖြင့် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ ပြိုင်ပွဲဝင်ကာတွန်းလက်ရာများကို ပြန်လည်စုစည်းထုတ်ဝေသောစာအုပ်တွင် ပုံနှိပ်ဖော်ပြထားပြီး ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ Daejeon Gallery တွင်လည်း ပြသထားမည်ဖြစ်သည်။နိုင်ငံပေါင်း ၅၇ နိုင်ငံမှ ကာတွန်းပညာရှင်ပေါင်း ၆၁၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုပေါင်း ၃၆၅ဆုကို ရွေးချယ်ပေးအပ်ခဲ့သည်။)

Weekly Eleven (Online)
ကနေဖတ်လိုက်ရတဲ့ သတင်းပါ ။ မဖတ်မိသေးတဲ့ သူတွေအတွက် ဂုဏ်ယူဝမ်းသာ စရာ သတင်းတစ်ခုအနေနဲ့ ပြန်မျှလိုက်တာပါ ။ နောက်ပြီး ကိုရီးယား မှာနေတဲ့ Blogger များကော Blog Reader များပါ ကျန်တဲ့ မြန်မာကာတွန်း ဆရာများရဲ့ ပုံလေးများ (ရောက်ဖြစ်ခဲ့လို့ ဓာတ်ပုံရိုက်လာမိရင်) ကျွန်တော့်ကို မျှပါဦးခင်ဗျာ ။ Online ကကြည့်လို့ရမယ်ဆိုရင်လည်း လင့်ခ်လေးတစ်ဆိတ် ပေးပါခင်ဗျာ ။ (ကိုရီးယားမှာ အသိရှိသူများကိုလည်း အကူအညီတောင်းပါတယ် :) ) ။ နောက်တစ်ခုက ဆရာ ကာတွန်းဇော်သိန်း ၊ ကာတွန်း အောင်မင်းမင်း ၊ ကာတွန်း ငယ်ဦး တို့အတွက် Weekly Eleven မှာ Comment မရလို့ ကိုယ့် Blog ကိုယ်ပြန်တင်ပြီး Comment ပေးလိုက်ပါတယ် ။ ကာတွန်း ချစ်သူများ အဆင်ပြေပျော်ရွှင်ကြပါစေဗျာ ။

ပေါ့ပေါ့ပါးပါးပြုံး




You received this email because you are subscribed to the real_time feed for http://koyinnyein.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.