Saturday, January 3, 2009

[ALL FRIEND's WELCOME To My Blog] 1 New Entry: ကြိုဆိုပါတယ် ၂၀၀၉

ကြိုဆိုပါတယ် ၂၀၀၉



Welcome 2009




ကျွန်တော်သေသချာချာ မပြောတတ်တော့ဘူးဗျာ၊ ၂၀၀၉ ကို နွေးနွေးထွေးထွေး ကြိုဆိုနေမိတယ်ဗျာ။ ၂၀၀၈ ကိုတော့ ကျွန်တော် နှုတ်ဆက်လိုက်ပြီ။ ကျွန်တော့်အတွက် စိတ်မကောင်း ခြင်းများစွာ ဖြင့်နဲ့ပါဘဲ။ ကြိုပြောထားမယ်ဗျာ၊ ခင်ဗျားကိုလည်း ၂၀၀၈ လို တစ်ချိန် ကျရင် ကျွန်တော် ဒီလို ပဲနှုတ်ဆက်မယ်။ ကျွန်တော့်အတွက် ကံကောင်းခြင်းများ ပေးနိုင်တဲ့နှစ်၊ ကျွန်တော် မိဘ၊ ညီအစ်ကို၊ သူငယ်ချင်း၊ မိတ်ဆွေ၊ မောင်နှမများနဲ့ ဆရာသမား တွေအတွက်လည်း ကံကောင်းခြင်း တွေပေးနိုင်ပါစေ၊ အင်မတန် ပျော်ရွင် ချမ်းမြေ့စရာ ကောင်းနှစ်သစ် တစ်ခု ဖြစ်ပါစေလို့ ကျွန်တော် ဒီနေရာကနေ ဆုတောင်းခြင်းများနဲ့ ၂၀၀၉ ကို ဒီပို့စ် နဲ့ပဲ ကြိုဆိုလိုက်ရပါတယ်ဗျာ။



Welcome 2009

ကေမောင်ငြိမ်း

You received this email because you are subscribed to the real_time feed for http://jokesandpoem.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[HAN LIN HTUN] 1 New Entry: "မနှစ်ရဲ့ နောက်ဆုံးညက သူတို့တွေ ဘာလုပ်ခဲ့ကြသလဲ?"

"မနှစ်ရဲ့ နောက်ဆုံးညက သူတို့တွေ ဘာလုပ်ခဲ့ကြသလဲ?"

"မနှစ်ရဲ့ နောက်ဆုံးညက သူတို့တွေ ဘာလုပ်ခဲ့ကြသလဲ?"   ကိုငြိမ်သက် Tag ထားတာပါ။ 

နောက်ဆုံးည မရောက်ခင် တစ်ပတ်လောက်အလိုကထဲက သူငယ်ချင်း ကိုရီးယား နှစ်ယောက်က နှစ်သစ်ကူးညကျရင် သူတို့ အိမ်မှာ ကိုရီးအစားစာတစ်ခု လုပ်စားမယ်။ ပြီးရင် မီပန်းဖောက်တာ သွားကြည့် ကြမယ်လို့ ကြိုတင် စီစဉ်ထားကြတယ်။ သူတို့ လုပ်တဲ့ ကိုရီးယားအစားစာက ကျနော် အကြိုက်ဆုံးထဲက တစ်ခုပါ။ နာမည်ကို ခေါ်ရခက်လို့ ခဏခဏ မေးပေးမဲ့ တခါမှ မမှတ်မိဘူး။ ထားပါတော့ ခန်စူကီ ( အသုံထွက်မှားနေတယ်) လို့ လွယ်လွယ်ခေါ်ကြရအောင်။ ကိုရီးယားမှာလည်း တော်တော်လေး နာမည်ကြီးတဲ့ အစားအစာတစ်ခုပါ။ ၀က်သားပါးပါလေးအကင် ၊ မှို ၊ ဆလက်ရွက် ၊ ကင်မချီ ၊ ကြက်သွန်နီလော် ၊ ကိုရီးယား အချဉ် ၊ အားလုံးပေါင်း  ခြောက်မျိုးပါတယ်။ နာမည်သိတဲ့သူများ ရေးပြခဲ့ကြပါလို့ မေတ္တာရပ်ခံပါတယ်။ 

ကားမောင်းရမှာမို့  အရက်ကို ကောင်းကောင်းမသောက်လိုက်ရပါဘူး။ အားလုံးစားသောက်ပြီးတော့ ဂိမ်းခဏ ကစားကြတယ်။ ၁၁:၁၅ လောက်မှာ အိမ်ကထွက်ကြပြီး မီးပန်းဖောက်မယ့် နေရာကို ချီတက်ကြတယ်။ လမ်းတွေမှာ ကားတွေကလည်း များမှများပါပဲ။ ရဲတွေကလည်းနေရာတိုင်းမှာ တွေ့ရတယ်။ 

မီးပန်းဖောက်တဲ့နေရာရောက်တော့ ၁၂နာရီး ထိုးဖို့ ၁၀ မိနစ်လိုသေးတယ်။ ကားရပ်ဖို့ နေရာလိုက်ရှာတာ ဘယ်မှာမှကို ရှာမရဘူး။ ရတဲ့နေရာတွေကလည်း မီးပန်းဖောက်မယ့်နေရာနှင့် တော်တော် အလှမ်းဝေးတာမို့ မရပ်ဖြစ်ပဲ တစ်နေရာမှာ ရလိုရငြားကြိုးစားရှာကြည့်တယ်။ နောက်ဆုံး ကားရပ်တဲ့နေရာတစ်ခုရသွားတယ်။ ကိုယ်လည်းကားရပ်ဖို့နေရာလည်းရ မီးပန်းဖောက်ပြီး နှစ်သစ်ကို ကြိုဆိုလို့ ပြီးသွားကြပြီ။ ကားပေါ်မှာ ပါလာတဲ့သူတွေဆို အားလုံး ပွစိပွစိ လုပ်ကြတယ်။

နောက်ဆုံး အားလုံး အိမ်ပဲပြန်လာကြတယ်။ တကယ်ပါ Happy new year လို့တောင် မအော်လိုက်ရဘူး။ 

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးဦးဝေလွင်] 1 New Entry: သူငယ်ချင်း

သူငယ်ချင်း

You received this email because you are subscribed to the real_time feed for http://moeoowailwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Khin Ma Ma Myo's Blog] 1 New Entry: ဒီမိုကရေစီသမီးပျိုလေး၏ အတိတ်ဇာတ်ကြောင်း

ဒီမိုကရေစီသမီးပျိုလေး၏ အတိတ်ဇာတ်ကြောင်း

ဒီမိုကရေစီသမီးပျိုလေး၏ အတိတ်ဇာတ်ကြောင်း


ယနေ့ခေတ်ကမ္ဘာတွင် အမျိုးသမီးအခွင့်အရေးအရေးများ မည်မျှရှိနေသည် ဆိုစေကာမူ မတရားသိမ်းပိုက်ခံလိုက်ရကာ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ရေးနွံထဲသို့ အလိုဆန္ဒမပါပဲ ကျဆင်းသွားရသော သမီးပျိုများစွာ ရှိပါသည်။ မိဘဆွေမျိုးအသိုင်းအဝိုင်းတို့၏ အတင်းအကြပ်စီစဉ်မှုကို မလွန်ဆန်နိုင်၍ဖြစ်စေ၊ ချစ်သူ၊ရည်းစား၊ စေ့စပ်ထားသူများအဖြစ် တစ်ဦးနှင့်တစ်ဦး စိတ်နေစိတ်ထား၊ အကျင့်စာရိတ္တ၊ ယုံကြည်မှု၊ ခံယူချက်တို့ကို လေ့လာနေဆဲကာလတွင် စည်းကျော်ယုတ်မာသော ယောက်ျားများနှင့် ဖက်ပြိုင်၍ လူသိရှင်ကြား တရားတဘောင်မရောက်ချင်၍ဖြစ်စေ၊ မည်သည့်အကြောင်းများနှင့်ဖြစ်ဖြစ် မတရားသိမ်းပိုက်မှုကို လက်ခံလိုက်ရသော အမျိုးသမီးများစွာ ရှိနေပါသည်။ အဆိုပါအမျိုးသမီးများ၏ ဘဝမှာ နှုတ်မှဖွင့်ဟ မဆိုစေကာမူ ရင်ထဲတွင်တော့ နေဆယ်ဆင်းပူသမျှ ခံစားကြရစမြဲ။ ၄င်းတို့၏ လူမှုရေး၊ပညာရေး၊စီးပွားရေး၊ စိတ်ပျော်ရွှင်ချမ်းမြေ့မှု စသည်တို့မှာလဲ ဆုတ်ယုတ်သွားရစမြဲ။ စာရေးသူတို့ အမိမြန်မာပြည်၏ လွတ်လပ်ရေးရပြီးကာလ ဒီမိုကရေစီသမီးပျိုလေးမှာလဲ စစ်အာဏာရှင်စနစ်၏ မတရားသိမ်းပိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပါသည်။


တကယ်တော့ ဒီမိုကရေစီသမီးပျိုလေးသည် သန်းပေါင်းများစွာကို ပြည်သူလူထု၏ ဘဝကို ကိုယ်စားပြုခဲ့တာဖြစ်သည်။ သမီးပျိုတစ်ယောက်သည် သူ့ဘဝအနာဂတ်လှပရေး၊ ပညာရည်ထက်မြက်ရေး၊ ကျန်းမာပျော်ရွှင်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ အတွေးအခေါ်မြင့်မားရေး တို့အတွက် ဘက်ပေါင်းစုံတည်ဆောက်ရသကဲ့သို့ ဒီမိုကရေစီသမီးပျိုလေးသည် ပြည်တွင်းစစ်၊ ပြည်ပကျူးကျော်မှုတို့နှင့် ရှုပ်ရှက်ခတ်နေသည့် အတွေးအခေါ်ပေါင်းစုံ၊ လက်ဝဲလက်ယာ ဝါဒပေါင်းစုံကြားတွင် အရွယ်နှင့်မမျှအောင် ကြံ့ကြံ့ခံ၍ သူကိုယ်စားပြုထားသော လူပေါင်းများစွာ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရနိုင်စေရေးအတွက် ရှင်သန်ကြီးထွားခဲ့ရသည်။ သို့ပေမယ့်လဲ ကံအကြောင်းမလှစွာ သတိမမူ ဂူမမြင်ချိန်ဝယ် အကွက်ချောင်းနေသော စစ်အာဏာရှင် ဘီလူးစနစ်၏ မတရားသိမ်းပိုက်မှုကို ခံလိုက်ရလေသည်။


လွတ်လပ်ရေးရပြီးကာစ (၁၉၄၈-၁၉၅၈)ကာလအတွင်း ဒီမိုကရေစီသမီးပျိုလေး မည်သို့ရှင်သန်ခဲ့သည်ကို ဒီမိုကရေစီဖြစ်စဉ်တရပ်အား ပြဌာန်းသော အချက်များနှင့် လေ့လာကြည့်ကြပါစို့။


ဒီမိုကရေစီဆိုသော စကားလုံးကို သဘောသဘာဝနှင့် အခြေအနေများပေါ်တွင် အခြေခံ၍ အဓိပ္ပာယ်များ ဖွင့်ဆိုနိုင်ပါသည်။ ဤစကားလုံးသည် ဒီမိုကရေးရှား (Demokratia; demos=people, kratia= cracy) ဟူသော ဂရိဝေါဟာရမှ ဆင်းသက်လာပြီး၊ ဂရိပညာရှင် အရစ်()တိုတယ်မှ ပြည်သူကအုပ်ချုပ်သောစနစ်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ ထိုအတွေးအခေါ်ပေါ်တွင် မူတည်၍ ပတ်သက်ဆက်နွယ်သော အကြောင်းအချက်များအား ပေါင်းစပ်ထည့်သွင်းကာ အဓိပ္ပာယ်များ ထပ်မံဖွင့်ဆိုခဲ့ကြပါသည်။ ထပ်မံဖြည့်သွင်းထားသော အချက်တစ်ခုမှာ ပြည်သူလူထုမှ အုပ်ချုပ်သူများအား ရွေးကောက်ပွဲများဖြင့် ရွေးချယ်တင်မြှောက်သော ကိုယ်စားပြု ဒီမိုကရေစီ (Representative Democracy) နှင့် ရွေးကောက်တင်မြှောက်သူများက နိုင်ငံအုပ်ချုပ်ရေးမူဝါဒများအား ရေးဆွဲသော တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) တို့ဖြစ်ပါသည်။ အခြားအချက်တစ်ခုမှာမူ အရွယ်ရောက်ပြီးသူတိုင်း လွတ်လပ်စွာ မဲပေးခွင့် (the right to vote) ဖြစ်ပါသည်။ ဒီမိုကရေတစ် အခွင့်အရေးများဖြစ်သော ပြည်သူ့အသည်းကြားမှ မဲတပြားအား တူညီစွာ ရေတွက်သည့်အခွင့်အရေး (the right to have one's vote count equally)/ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများအား လွတ်လပ်စွာ တည်ထောင်ခွင့်ရရေး (the right to organize political groups or parties ) စသည်တို့ဖြစ်သည်။ နောက်ဆုံးအချက်မှာ အုပ်ချုပ်မှုဆိုင်ရာ ဥပဒေ (rule of law) ဖြစ်သည်။


အထက်ပါအချက်များမှာ ဒီမိုကရေစီဆိုသော ဝေါဟာရ၏ သဘောသဘာဝဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုမှုများ (Definitions based on the Nature of Democracy) ဖြစ်ပြီး၊ အခြားတဘက်မှလဲ ဒီမိုကရေစီစနစ်ဖြစ်တည်မှု၏ အခြေအနေများ (conditions of Democracy) ပေါ်တွင် မူတည်၍ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ အများလက်ခံအတည်ပြုထားသော အခြေအနေတစ်ခုမှာ သတင်းစာများနှင့် အခြားလူထုဆက်သွယ်ရေးမီဒီယာများသည် အစိုးရပေါ်လစီများနှင့် နိုင်ငံရေးခေါင်းဆောင်များအား လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် ရှိရပါမည်။ အတိုချုပ်ပြောရလျှင်တော့ သတင်းနှင့်စာနယ်ဇင်းလွတ်လပ်ခွင့် (Freedom of Press and communication media) ရှိရပါမည်။ ထို့အပြင် နိုင်ငံတော်အာဏာအား ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီသည် တစ်ခုထက် ပို၍ရှိရပါမည်။ တစ်ပါတီစနစ်သည် ဒီမိုကရေစီ၏ အခြေခံဖြစ်တည်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။ အခြားအခြေအနေတစ်ခုမှာ ပုံမှန်ရွေးကောက်ပွဲ ကျင်းပသည့် ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများ (regularly elected legislature) ရှိရပါမည်။ ထို့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် (constitution) (သို့မဟုတ်)အလားတူ သဘောတူညီချက်များ (ဥပမာ- ယူကေနိုင်ငံ)ကဲ့သို့သော rule of law ရှိရပါမည်။ အချို့သော ဒီမိုကရေစီရေးကျွမ်းကျင်ပညာရှင်များက ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့် (Religious Freedom) နှင့် မထင်ရှားသော အတွေးအခေါ်များအား ကိုင်စွဲခွင့်၊ ဖော်ထုတ်ခွင့် (the right to hold and express unpopular ideas) များအား ထပ်မံထည့်သွင်းထားပါသည်။


ဤသို့သော သဘောသဘာဝများ၊ အခြေအနေများနှင့် ပြည့်နှက်နေသော ဒီမိုကရေစီသည် စနစ် (system) တစ်ခုဖြစ်သည့် အားလျော်စွာ အချိန်ယူတည်ဆောက်ရပါသည်။ ရောမမြို့ကို တနေ့တည်းတည်ဆောက်ခဲ့ခြင်း မဟုတ်ပါဆိုသကဲ့သို့ စနစ်တစ်ခု အမြစ်တွယ် ခိုင်မာစေရေးအတွက် တည်ဆောက်ရမည့် အချိန်ကာလ အတိုင်းအတာ တစ်ရပ် လိုအပ်ပါသည်။ လွတ်လပ်ရေးရပြီးစ ကာလသည် ထိုသို့စနစ်တစ်ခုကို စတင်တည်ဆောက်ရသည့် ကာလဖြစ်ပါသည်။ ဒီမိုကရေစီစနစ်၏ ဘဘောသဘာဝများဖြစ်သော ကိုယ်စားပြုဒီမိုကရေစီစနစ်ဖြစ်မှု၊ လွပ်လပ်စွာမဲပေးခွင့်ရှိမှု၊ နိုင်ငံရေးပါတီနှင့်အဖွဲ့အစည်းများလွတ်လပ်စွာ တည်ထောင်ခွင့်ရှိမှု စသော အချက်များကို ကြည့်ခြင်းအားဖြင့်ထိုခေတ်ကို ဒီမိုကရေစီခေတ်ဟု ခေါ်ဆိုနိုင်ပါသည်။


ဒီမိုကရေစီစနစ်၏ အခြေပြအခြေအနေများနှင့် တိုင်းတာကြည့်ပါက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ရှိမှု၊ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများရှိမှုနှင့် နိုင်ငံတော်အာဏာအား ပြိုင်ဆိုင်သည့် တစ်ခုထက်ပိုသော နိုင်ငံရေးပါတီများရှိမှုဆိုသော အချက်တို့ကို ပြည့်မှီပါသည်။ သို့ပေမယ့် စာနယ်ဇင်းလွတ်လပ်ခွင့်လုံးဝပြည့်မှီသည် ဟူ၍တော့ မဆိုနိုင်ပါ။ လက်ဝဲလက်ယာဝါဒများအား ညီတူညီမျှ ဖော်ထုတ်ခွင့် အပြည့်အဝ မရှိခဲ့ပါ။ အားနည်းချက်အချို့တော့ ရှိခဲ့ပါသည်။ စနစ်တစ်ခုစတင် တည်ဆောက်နေဆဲကာလတစ်ခု ဖြစ်သဖြင့် ရှေးရိုးစွဲ အယူအဆများ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများ၏ လွှမ်းမိုးမှုများ အနည်းနှင့်အများ ရှိခဲ့မည်မလွဲပါ။


ထိုခေတ်ကအားနည်းချက်များကို အကြောင်းပြု၍ အချို့က 'မြန်မာလူမျိုးတို့သည် ဒီမိုကရေစီနှင့်မတန်'ဟူ၍ ဆိုကြပါသည်။ အခြားလူမျိုးများကသာ ဒီမိုကရေစီနှင့် တန်ရအောင် ထိုလူမျိုးများက မြန်မာများထက်ပိုကာ ခေါင်းနှစ်လုံး၊ မျက်စိသုံးလုံး၊ နှာခေါင်းနှစ်ခု၊ လက်သုံးဘက်၊ ခြေထောက်ငါးဖက်ရှိနေ၍လား ဟူ၍ပင် ပြန်မေးရပေမည်။ အတွေးအခေါ်၊ အမူအကျင့်များခြားနားသည်ကိုတော့ လက်ခံပါသည်။ သို့ပေမယ့် ထိုသို့သော အတွေးအခေါ်များသည် ပဒေသရာဇ်စနစ်ဆိုး၊ ကိုလိုနီစနစ်ဆိုးနှင့် စစ်အာဏာရှင်စနစ်ဆိုးတို့၏ ဆိုးမွေများသာ ဖြစ်ပါသည်။ လူသားအချင်းချင်း အပြန်အလှန်လေးစားမှုကို ပျက်ယွင်းထိခိုက်ကာ အိမ်တွင်းအာဏာရှင်စနစ်ကို အားမြှောက်ထားသည့် မြန်မာ့လူဘောင်အတွေးအခေါ်တစ်ရပ်ကိုပင် ကြည့်ပါ။ 'သားကိုသခင်၊လင်ကိုဘုရား'သတ်မှတ်၍ ညအိပ်ယာဝင်ချိန်တွင် ခင်ပွန်းဖြစ်သူအား ကန်တော့အိပ်ရမည်ဆိုသော ထုံးတမ်းစဉ်လာတစ်ရပ်။ အိမ်ထောင်တစ်ခု၏ ဝင်ငွေကိုရှာဖွေပေးသူမို့ ကန်တော့ရမည်ဆိုလျှင် အိမ်တွင်ကျန်ခဲ့သော ဇနီးဖြစ်သူကလည်း အိမ်မှုကိစ္စတာဝန်၊ သားသမီးပြူစုရေး တာဝန်များ တဖက်တလမ်းမှ ထမ်းနေခြင်းဖြစ်သည်။ အလုပ်တာဝန်ခွဲဝေမှု (Division of Labor) ပင်ဖြစ်၍ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် လေးစားရပေမည်။ အပေးအယူရှိရပေမည်။ ထိုသို့မဟုတ်ပဲ အိမ်ဦးနတ်ဆိုကာ အရိုအသေပေးခံမှုသည် အာဏာရှင်စနစ် တည်ဆောက်နေခြင်းသာ ဖြစ်သည်။


ထိုနည်းတူစွာပင် စာရေးသူတို့မြန်မာများတွင်ရှိသော ဒီမိုကရေစီနည်းလမ်းမကျသည့် အတွေးအခေါ်၊ လုပ်ရပ်များ ဖြစ်သော လွတ်လပ်မှုကို စည်းကမ်းမဲ့စွာ လွန်လွန်ကျူးကျူးအသုံးပြုမှု၊ အချင်းချင်းထဲမှ အောင်မြင်ကောင်းစားသူများဆိုလျှင် မနာလိုရှုစိမ့်မှု၊ လူထုအကျိုးကို ဖြစ်ထွန်းစေမည့် အတွေးအခေါ်ကွဲပြားမှုရှိလျှင် အပြန်အလှန်ဆွေးနွေးကာ တူတာတွေတွဲလုပ်၊ မတူတာတွေခွဲလုပ် စိတ်ထားထားရမည့်အစား တူသူများအုပ်စုဖွဲ့ကာ မတူသူကို ဝိုင်းကိုက်တတ်မှု၊ အချင်းချင်း ယုံကြည်မှုမထားပဲ သံသယစိတ်နှင့် ဆက်ဆံတတ်မှု၊ အရှုံးကို အရှုံးဟုလက်မခံပဲ သင်ခန်းစာယူရမည့်အစား ဆင်ခြေဆင်လက်ဖြင့် အပြန်အလှန် လက်ညှိုးထိုးနေကြရင်း အချိန်ကုန်နေမှု၊ ရာထူးရလျှင် ရာထူးနောက်ကွယ်မှ တာဝန်ကိုမမြင်ပဲ၊ ကုလားထိုင်ကိုသာ မြင်ကာ စိတ်ကြီးဝင်နေမှု၊ အရိုအသေပေး-နေရာပေးခံရမှုကို သာမန်ထက် လွန်ကဲစွာ တပ်မက်မှု၊ ပုဂ္ဂိုလ်ရေးမပြေလည်မှုကို နိုင်ငံတော်အရေးထဲသို့ ဆွဲသွင်းမှု စသည်တို့မှာ စနစ်ဆိုးအဆက်ဆက်တို့၏ ဆိုးမွေများသာဖြစ်သည်။


စနစ်က လူကိုဖန်တီးခြင်းမဟုတ်။ လူကသာ ရှေ့ရေးအကျိုးကို မျှော်ကိုးပြီး စနစ်နှင့် လျော်ညီစွာ ဖန်တီးရမည်ဆိုသော အခြေခံအချက်ကို အားလုံးနားလည် သဘောပေါက်ကာ ထိုစနစ်ဆိုးတို့၏ အမွေများကို ဖျောက်ဖျက်ရန်ကြိုးစားပြီး၊ ရွေးချယ်လိုက်သည့် စနစ်သစ်နှင့် ကိုက်ညီသော အတွေးအခေါ်၊ အမူအကျင့်များသို့ ပြုပြင်ပြောင်းလဲရပေမည်။ ပမာဆိုရသော် ပစိဖိတ်သမုဒ္ဒရာအား ကျော်ဖြတ်ရန် လိုသည်ဆိုပါစို့။ ရေကူးသွားမည်လား၊ သဘောင်္စီးသွားမည်လား၊ လေယာဉ်စီးမည်လား။ သင်္ဘောနှင့် သယ်ရသော ကွန်တိန်နာအား လေယာဉ်နှင့် သယ်၍မရသည်ကို သိကြရပေမည်။ 'ဒီမိုကရေစီစနစ်သည် နိုင်ငံတော်တစ်ရပ်ကျင့်သုံးရမည့် ပြီးပြည့်စုံသော စနစ်တစ်ခုတော့ မဟုတ်ပါ။ သို့ပေမယ့် ဒီမိုကရေစီစနစ်ထက် သာလွန်ကောင်းမွန်သော စနစ်တစ်ရပ်လဲ ယခုအချိန်ထိ မပေါ်သေးပါ'ဟူ၍ နိုင်ငံများစွာ၏ သမိုင်းသင်ခန်းစာများကို လေ့လာနေသော နိုင်ငံရေးပညာရှင်တစ်ဦးက ဆိုခဲ့ဖူးပါသည်။ ဒီမိုကရေစီစနစ်ကို မဖြစ်မနေကျင့်သုံးရန် လိုအပ်သည်ဆိုသော အမှန်တရားကို လက်ခံ၍ မလျော်ညီသော အတွေးအခေါ်ဆိုး၊ စရိုက်ဆိုးများကို ဖျောက်ဖျက်ပစ်ရမည်မှာ အားလုံး၏ တာဝန်ပင်ဖြစ်သည်။


ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြဌာန်းသော အခြေအနေများအကြောင်း ဆက်လက်ဖော်ပြပါမည်။ ဤနေရာတွင် ဒီမိုကရေစီစနစ်၏ အခြေအနေများ (the conditions of Democracy) နှင့်မရောထွေးစေလိုပါ။ ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြဌာန်းသော အခြေအနေများ ဆိုသည်က အောင်မြင်သော ဒီမိုကရေစီစနစ်တစ်ရပ်ထူထောင်ရာ၌ လိုအပ်သော အခြေအနေများ ((the conditions for the creation of successful democracy) ကို ဆိုလိုခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု လှိုင်းလုံးကြီးများ (waves of Democratization) နှင့်အတူ ဖြစ်ပွားခဲ့သော အခြေအနေများကို လေ့လာသည့် ကျွမ်းကျင်နိုင်ငံရေးပညာရှင်များက အဆိုပါ အခြေအနေများကို ခွဲခြားဖော်ထုတ်ခဲ့ကြသည်။ ဒီမိုကရေစီအရေး ကျွမ်းကျင်သူ နိုင်ငံရေးသိပ္ပံ ပညာရှင်များ ဖြစ်ကြသော David Potter, David Goldblatt, Margaret Kiloh, Lipset, Diamond, Beetham, O'Donnell, Paul Lewis စသူတို့၏ သုတေသနစာတမ်းများအရ ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြဌာန်းသော အခြေအနေများတွင် အရေးပါသော အချက်ကြီး()ချက် ရှိပါသည်။ ယင်းတို့မှာ


စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Economic Development)

လူထုလူတန်းစားကွဲပြားမှု (Social Divisions)

နိုင်ငံတော်နှင့်နိုင်ငံရေးအဆောက်အအုံ (State & Political Institutions)

မှီခိုမှုကင်းသော (ဝါ) လွတ်လပ်သော လူ့ဘောင် (Civil Society)

နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ် (Political culture & ideas)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (international engagements) စသည်တို့ဖြစ်ပါသည်။


လွပ်လပ်ရေးရကာလစ ဒီမိုကရေစီစနစ်တည်ဆောက်မှုဖြစ်စဉ်အား၊ ဤအချက်များပေါ်တွင် အခြေခံ၍ လေ့လာကြည့်ကြပါစို့။


() စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Economic Development)


(၁၉၄၈-၁၉၅၈)ကာလသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံစီးပွားရေး၏ အဖွံ့ဖြိုးဆုံးကာလတစ်ရပ်ဖြစ်ခဲ့သည်။ မှန်ကန်သော စီးပွားရေးစီမံခန့်ခွဲမှုစနစ်ကြောင့် ပြည်တွင်းစစ်မီးနှင့် ပြည်ပကျူးကျော်မှုစစ်မီးတို့ကို မည်မျှပင်ခံရလင့်ကစား အရှေ့တောင်အာရှ၏ ဆန်အိုးကြီးဖြစ်ခဲ့သည်။ 'ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံခဲ့သည်' စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် လူတန်းစားရုန်းကန်မှု (class struggle) ကိုဖြစ်ပေါ်စေပြီး၊ အထက်လွှာနှင့်အခြေခံလူတန်းစားများ (higher and lower classes) များအကြေား ကွာဟမှုများ (inequalities) အား လျော့ပါးစေကာ လူလတ်တန်းစား (middle class) များအား တိုးတက်စေနိုင်လေသည်။


() လူထု၊လူတန်းစားကွဲပြားမှု (Social Divisions)


လူလတ်တန်းစားများ များပြားလာခြင်းသည် ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြဌာန်းသော အခြေအနေများ၏ အရေးပါသောအချက်တစ်ရပ်ပင်ဖြစ်သည်။ ယင်းသို့ပြည်သူလူထုကွဲပြားမှုများတွင် ဝင်ငွေပေါ်အခြေခံသည့် class divisions သာမက လူမျိုးစု၊ စာပေ၊ ယဉ်ကျေးမှု၊ဘာသာရေး စသည်များပေါ်တွင် အခြေခံသည့် ကွဲပြားမှု (group divisions based on ethnicity, language, religion or other cultural criteria) ဆိုသည်လဲ ရှိပါသည်။ ဤသို့သော ကွဲပြားမှုများကြားတွင် အခြေခံ national identity တစ်ခုတော့ ရှိရပါမည်။ ထိုသို့မရှိပဲ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်၍ မရပါ။ အခြားကွဲပြားမှုတစ်ရပ်မှာ ဖိုမကွဲပြားမှု (gender divisions) ဖြစ်ပါသည်။ ဤအချက်သည်လဲ ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်တွင် အရေးကြီးပါသည်။ မိသားစု (family) သည်အခြေခံအကျဆုံးသော လူ့အဖွဲ့အစည်းတစ်ရပ်ပင်ဖြစ်သည် မဟုတ်ပါလော။


လွတ်လပ်ရေးရကာစ ကာလ (ဝါ) ဒီမိုကရေစီသမီးပျိုလေးကာလတွင် ပြည်သူလူထု၏ ဝင်ငွေများတိုးတက်၍ နေနိုင်စားနိုင်လူလတ်တန်းစားဦးရေများ တိုးတက်ခဲ့ပါသည်။ သို့ရာတွင် ကိုလိုနီစနစ်၏ သွေးထိုးခဲ့မှုများကြောင့် national identity တွင်တော့ သဘောထားကွဲလွဲမှုများရှိခဲ့ပါသည်။ ပါလီမန်တွင် အမျိုးသမီး အမတ်များပါဝင်ခဲ့သည်ကို ကြည့်ခြင်းဖြင့် အမျိုးသမီးများ၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍရှိခဲ့သည် ဟူ၍တော့ ခြုံပြောရပါမည်။


() နိုင်ငံတော်နှင့်နိုင်ငံရေးအဆောက်အအုံ (State & Political Institutions)


ဒီမိုကရေစီစနစ်တစ်ရပ်အောင်မြင်စွာ တည်ဆောက်နိုင်ရေးတွင် နိုင်ငံတော်ပိုင် လုပ်ငန်းများ မရှိသလောက် နည်းပါးရေးသည် အရေးကြီးပါသည်။ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အားပေးသော ဈေးကွက်စီးပွားရေးစနစ်သည် အသင့်လျော်ဆုံးဖြစ်ပါသည်။


ထို့အပြင် political institutions များ၏ အခန်းကဏ္ဍမှာလဲ အရေးကြီးပါသည်။ ယင်းတို့တွင် အောက်လွှတ်တော်၊ စစ်တပ်၊ ပါတီဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲကျင်းပပုံစနစ်၊ ဌာနဆိုင်ရာ ဖွဲ့စည်းပုံနှင့် ပူးတွဲဆောင်ရွက်မှု၊ အလုပ်သမား၊လယ်သမားအဖွဲ့များနှင့် နိုင်ငံရေးပါတီများအကြား ပတ်သက်ဆက်နွယ်မှု စသည်တို့ပါဝင်ပါသည်။ အရေးအကြီးဆုံးမှာ စစ်တပ်ကို ထိန်းချုပ်နိုင်မှုဖြစ်သည်။ နိုင်ငံတော်၏ အကြီးမားဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော စစ်တပ်သည် နိုင်ငံတော်၏ ပြည်တွင်းပြည်ပ အချုပ်အခြာအာဏာကို ကာကွယ်ရန်သာဖြစ်သည်။ သို့ပေမယ့် အဆိုပါစစ်တပ်သည် 'အရေးပေးရွှေအေးပန်းကန်တက်' လမ်းစဉ်လိုက်ကာ နိုင်ငံတော်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက် လာပါက ဒီမိုကရေစီနှင့် လူထုအတွက် အလွန်ပင် အန္တရာယ်ကြီးပါသည်။


လွတ်လပ်ရေးရကာစ မြန်မာနိုင်ငံသည် ဤသို့သော ပြဿနာကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါသည်။ ပြည်တွင်းပြည်ပစစ်မီးများသည် စစ်တပ်၏ ကဏ္ဍကို ထိပ်ဆုံးသို့ရောက်အောင် တွန်းတင်ခဲ့သည်။ တွန်းတင်မှုကြောင့် သွေးနားထင်ရောက်သွားမှုအား ပြန်လည်ထိန်းချုပ်ရန် စနစ်ကား မရှိခဲ့ပါ။ depoliticized military သည် ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် အရေးကြီးဆုံးအချက်တစ်ခုဖြစ်ပါသည်။


() မှီခိုမှုကင်းသော (ဝါ) လွတ်လပ်သော လူ့ဘောင် (Civil Society)


မှီတွယ်မှုကင်းသော လွတ်လပ်သည့် လူ့ဘောင်တစ်ရပ်ကြီးထွားရေးသည် ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် အရေးကြီးပါသည်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီးရေးရာ၊ ဘာသာရေး၊ သဘာဝပတ်ဝန်းရှင်ထိန်းသိမ်းရေး၊ အတတ်ပညာရှင်၊ အသိပညာရှင် အဖွဲ့အစည်းများတည်ထောင်ဖွဲ့စည်းမှုနှင့်စုပေါင်းလှုပ်ရှားမှုများပြားလာခြင်းသည် လူထုလူတန်းစားအလွှာ အသီးသီးအကြား ပူးတွဲဆာင်ရွက်မှုကို အားဖြစ်စေပြီး၊ အခန့်သင့်လျှင် လူထုတိုက်ပွဲများပင်ဖြစ်ပေါ်စေကာ အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ပါသည်။ ဒီမိုကရေစီအသွင်ပြောင်းဖြစ်စဉ်တွင်လဲ အလွန်ပင်အားကောင်းသော အင်အားစုများပင်ဖြစ်သည်။ လွတ်လပ်သော လူ့ဘောင်သည် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားအား ထိန်းညှိပေးသော အရာပင်ဖြစ်သည်။ အာဏာသည်ပြည်သူထံမှသာ သက်ဆင်းပါသည်။


လွတ်လပ်ရေးရကာစကာလ မြန်မာ့ လွတ်လပ်သော လူ့ဘောင်သည် အလွန်ပင် အင်အားကြီးမားခဲ့ပါသည်။ အုပ်ချုပ်သူများနှင့် လူ့ဘောင်တို့သည် တသားတည်းဖြစ်ခဲ့ကြသည်။ ဒီမိုကရေစီစနစ်သာ ဆက်လက်ရှင်သန်ခွင့်ရခဲ့ပါက စာရေးသူတို့မြန်မာပြည်ကြီး ကမ္ဘာ့အလယ်တွင် ဝင့်ထည်နေမည်မလွဲ။ ကံအကြောင်းမလှ၍ နေဝင်းနှင့်အပေါင်းအပါများ၏ ယုတ်မာစွာ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။


()အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (international engagements)


အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုရာတွင် နိုင်ငံတစ်ခု၏ နယ်ခြားမျဉ်းတဘက်စီမှ နိုင်ငံများအချင်းချင်းဆက်ဆံရေး၊ စစ်ရေး၊စီးပွားရေး၊သံတမန်ရေး၊ ဆက်သွယ်ရေး၊ မီဒီယာ စသည်များအားလုံး အကျုံးဝင်ပါသည်။


လွတ်လပ်ရေးရ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ အတွေးအခေါ်ဝါဒ နှစ်ရပ်လွန်ဆွဲသော စစ်အေးတိုက်ပွဲ၏ အရှိန်အမြင့်ဆုံးကာလတစ်ခုတွင် ဘက်မလိုက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ နိုင်ငံနှစ်ခု၏ ပဋိပက္ခများကြားတွင် စေ့စပ်ပေးသူဖြစ်ခဲ့သည်။ ပြည်ပကျူးကျော်မှုတွင်လဲ လက်မတွန့်ပဲ ပြတ်ပြတ်သားသား ရင်ဆိုင်ခဲ့သည်။ တိုးတက်မှုများရှိခဲ့သည်ဟု ဆိုရပေမည်။


() နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ် (Political culture & ideas)


နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ် များရှိခြင်းသည် ဒီမိုကရေစီစနစ်တည်ဆောက်ရေးတွင် အရေးကြီးပါသည်။ မည်သို့သော နိုင်ငံရေးယဉ်ကျေးမှုမျိုးနည်း။ စေ့စပ်ညှိနှိုင်းဆွေးနွေးမှု (negotiations) ရှိသော၊ အပေးအယူ (compromise) ရှိသော အချက်များ၊ အတွေးအခေါ်များပေါ်တွင် အခြေခံသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်က အရင်လား၊ ဒီမိုကရေစီယဉ်ကျေးမှုက အရင်လားဆိုသည်ကတော့ ကြက်ဥနှင့် ကြက်မမေးခွန်းကဲ့သို့ အစရှာရန် ခက်ခဲသည့် မေးခွန်းပင်ဖြစ်ပါသည်။ သို့ပေမယ့် ဒီမိုကရေစီစနစ်ယဉ်ကျေးမှုကတော့ အလွန်ပင်အရေးကြီးသော ပြဌာန်းချက်တစ်ရပ်ပင်ဖြစ်ပါသည်။


လွတ်လပ်စ စာရေးသူတို့ တိုင်းပြည်တွင် ဤယဉ်ကျေးမှုကတော့ အလွန်ပင်အားနည်းခဲ့ပါသည်။ အာဏာပြိုင်မှုများ၊ မှန်မှန်မှားမှားကိုယ်ထင်ရာ ခုတင်ရွှေနန်းလုပ်မှုများ၊ ညှိနှိုင်းဆောင်ရွက်မှုများမရှိပဲ ငါ့မြင်းငါစိုင်းမှုများ ရှိခဲ့သည်ကတော့ အသေအချာပင်ဖြစ်သည်။


အနှစ်ချုပ်ပါက စစ်တပ်အားထိန်းချုပ်နိုင်မှု လျော့ရဲခဲ့ခြင်းနှင့် ဒီမိုကရေစီယဉ်ကျေးမှုအားနည်းခဲ့ခြင်းသည် လှုပ်ရှားအသက်ဝင်နေသော ဒီမိုကရေစီသမီးပျိုလေး၏ ခြေလှမ်းများကို အဆုံးသတ်စေခဲ့ခြင်း ဖြစ်ပါသည်။ စစ်ဘီလူးအာဏာရှင်များ၏ သိမ်းပိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပါသည်။ ခေါင်းငုံ့ခံနေ၍တော့ နွံ့ထဲသို့နစ်သထက်နစ်ရန်သာရှိပါသည်။ မတရားသိမ်းပိုက်ခံလိုက်ရသော သမီးပျိုတစ်ယောက်သည် အနာဂတ်အရေးရှေးရှုပြီး၊ စိတ်ဆန္ဒမပါသော အိမ်ထောင်ရေးနွံအတွင်းမှ အခွင့်အရေးရသည်နှင့် အားယူရုန်းကန်ထွက်ရမည်ဖြစ်သကဲ့သို့၊ စစ်အာဏာရှင်စနစ်၏ မတရားဖျက်ဆီးခံထားရသော ဒီမိုကရေစီစနစ် သမီးပျိုလေးသည်လဲ ပြန်လည်နိုးထလာဖို့ အချိန်တန်ပါပြီ။ အဆိုပါ ဒီမိုကရေစီသမီးပျိုလေးသည် ကျွန်ုပ်တို့ ပြည်သူလူထုအားလုံး၏ ဘဝကို ကိုယ်စားပြုထားသည်မို့ ပြည်သူအများ စုပေါင်းအားဖြင့် ရုန်းကန် ထိုးထွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။


ခင်မမမျိုး

You received this email because you are subscribed to the real_time feed for http://khinmamamyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 2 New Entries: ဆုံးရှုံးနေသော ပြည်သူ့  လွတ်လပ်ရေးအတွက် အာဏာရှင်အား တော်လှန်ကြစို့ ။

ဆုံးရှုံးနေသော ပြည်သူ့  လွတ်လပ်ရေးအတွက် အာဏာရှင်အား တော်လှန်ကြစို့ ။

ယနေ့ - နှစ်သစ် (၂၀၀၉) ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ တွင် မြန်မာပြည်တွင်း လှုပ်ရှားဆောင်ရွက်မှုအဖြစ် ဖြန့် ဝေခဲ့သော "ပြည်သူ့ လွတ်လပ်ရေး မရသေးသမို့  ဆက်လက်တိုက်ပွဲ ၀င်ကြစို့ " လက်ကမ်းစာစောင်များ ဖြန့် ဝေခဲ့ကြသည်။

ပြည်သူ့ လွတ်လပ်ရေးအတွက် ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ကြဖို့  အထူး နှိုးဆော်အပ်ပါသည်။

ပြည်သူ့ အောင်ပွဲကို ပြည်သူတွေကိုယ်တိုင် ပြည်သူ့ အားနဲ့  ဆင်နွဲကြ။


























နစ်နေမန်းမှ နှစ်သစ်မင်္ဂလာ (၂၀၀၉) ဆုတောင်းလွှာ။




MUDTRAP.COM
NY Happy New Years Graphic provided by MUDTRAP.COM

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Republic] 1 New Entry: INDIVIDUALISM

INDIVIDUALISM



မင်း နဲ့ငါဟာ ဘယ်လိုမှမတူညီတဲ့ တစ်သီးတစ်ခြား ဘ၀ရပ်တည်ရှိနေမှု အတွင်းမှာရှိ နေကြတယ် ၊၊ မင်း ပတ်ဝန်းကျင်၊
မင်းနေထိုင်မှု အကျင့်စရိုက် နဲ့ ငါဟာ လုံးလုံး မတူညီနိုင်သလို ၊မင်းရဲ့ထိန်းချုပ်မှု နဲ့ မင်း ၊ ငါ့ရဲ့ ကိုယ်ပိုင် စီရင်မှု
နဲ့ငါ ၊ သီးခြား ငါတို့နေထိုင်တယ် ၊၊ နီးစပ်မှု မရှိနိုင်တဲ့ ဘ၀လမ်းခရီးကိုယ်စီ ကိုလျှောက်နေကြရတဲ့သူ တွေပဲပေါ့ ၊၊ တစ်သီးတစ်ခြားစီဖြစ်တည်မှု ဆိုတာ စာစကားအရ ခွဲခြမ်းစိတ်ဖြာ လို့မရနိုင်တဲ့ သူတွေ အရာဝတ္တုတွေပါပဲ ၊၊ဒါပေမယ့်
မင်း ရဲ့ခန္ဓာကိုယ်သေးသေးလေးရယ် ၊ငါရဲ့ ခန္ဓာကိုယ် ပုံဆောင်ခဲကို ခွဲခြမ်းစိတ်ပစ်နိုင်ခဲ့ရင် ၊မင်းနဲ့ငါ့အကြားက မတူညီ
မနီးစပ် နိုင်တဲ့ သီးခြားဖြစ်တည်ရှိမှုဆိုတဲ့ တံတိုင်းကြီးကို ဖြိုချပစ်နိုင်ကောင်းပါရဲ့ ၊၊

ဒါဟာ လွယ်ကူလှတဲ့အရာ ၊ဖြစ်စဉ်တစ်ခုတော့ မဟုတ်ဘူး ၊၊နည်းပညာတွေအရ မင်းနဲ့ငါ့အတွက် ပေါင်းစပ်ခြင်း (Fusion)
တွေများစွာလိုအပ်မယ်၊၊ သာမန်ခွဲစိတ်ခြင်းမျိုးနဲ့ မရနိုင်ဘူး၊၊ ဒီနှိုင်းယှဉ်ခြားနားချက်ကြီးကို ကျော်လွန်နိုင်ဖို့အတွက်
ဖော်ပြဖို့ခက်ခဲလှတဲ့ ၊ ရှုပ်ထွေးတဲ့ စိတ်ပိုင်းဆိုင်ရာ ထပ်တူမညီမျှခြင်းပေါင်း များစွာကိုပါ ထည့်တွက်ဖို့လိုအပ်တယ် ၊၊
သက်မဲ့ပစ္စည်း ဓာတုဒြပ်သဘောတွေ ကိုသီးခြားခွဲထုတ် (Isolate) လုပ်ဖို့လွယ်ကူပေမယ့် မင်းနဲ့ငါ တို့သက်ရှိတွေကို ခွဲခြမ်းစိတ်ဖြာဖို့ဆိုတာကတော့ နောက်ဆုံး နယ်ပယ်လွန်တဲ့ ယူဆခံစားချက် တစ်ခုလိုပါပဲ ၊၊

ပုရွှက်ဆိတ် …

ဘယ်လိုပဲဖြစ်ဖြစ် မင်း နဲ့ ငါ့အကြားမှာ တွေးခေါ်ပုံခြင်းတူညီတဲ့ ၊ ဆက်စပ်နေနိုင်တဲ့ အရာတစ်ခုတော့ ရှိနေပါသေးတယ်၊၊
ငါပြောပြချင်တဲ့ အရာလေးတစ်ခုပေါ့ ၊၊ ငါတို့ မရှူံးသေးပါဘူး ၊၊ ဒီအတွက် မင်းရော ငါပါ နားလည်သဘောပေါက်ထား
ဖို့က ငါတို့ကွဲပြားစွာ ဖြတ်သန်းနေကြရတဲ့ ဘ၀ခရီးလမ်းမှာ မင်းရောငါပါ တစ်သီးတစ်ခြားစီ ရပ်တည် လွတ်မြောက်မှု
ရှိနေတယ် ဆိုတာပါပဲ ၊၊ ၊၊


You received this email because you are subscribed to the real_time feed for http://kyawthetlatt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We She Me] 1 New Entry: ၂၀၀၈ မှ ၂၀၀၉ သို့

၂၀၀၈ မှ ၂၀၀၉ သို့

ဘလော့ကို စိမ်းစိမ်းကားကား ပစ်ထားလိုက်တာ Email နဲ့ လှမ်းပြောတဲ့သူတွေ GTalk နဲ့ လှမ်းပြောသူတွေ အားနာလို့ရယ် ဘလော်ဂျာက မီးတိုက်လို့ရယ် ဆီဗုံးမှာ လာနှုတ်ဆက်သူတွေကို ခင်လို့ရယ် အားလုံးကို နှစ်သစ်မှာ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ၂၀၀၉မှာ ပျော်ရွှင်ဖွယ်ရာတွေ ကြုံဆုံ ပိုင်ဆိုင်ပါစေလို့လည်း ကိုယ်တွေအတွက်ရော စာဖတ်သူတွေ အတွက်ပါ ဆုတောင်းပေးလိုက်ပါတယ်။

၂၀၀၈ က ဘယ်လို ကုန်သွားမှန်း မသိလိုက်ဘဲကို ၂၀၀၉ က ရောက်လာပြန်တယ်။ ၂၀၀၈ကို ပြန်တွေးကြည့်ရင် တစ်နှစ်လုံးလိုလို စိတ်ချမ်းသာရပါတယ်။၂၀၀၈ ထဲမှာ အိမ်တစ်ခါ ပြောင်းတယ်။ အလုပ်တစ်ခါပြောင်းတယ်။ သားလေးတစ်ယောက် မိသားစုထဲမှာ တိုးလာတာ မနေ့တနေ့ကလိုပဲ။ ပထမ ၆လ (၅လ) က သားလေးကို ကိုယ်ဝန်ဆောင်ထားလို့ ဆေးရုံသွား ဘာသွားနဲ့ ကုန်သွားတယ်။ နောက် ၆လက သားလေးကို ပြုစုတာရယ် သူမ မိဘတွေ အလည်လာတယ်ရယ်နဲ့ ၆လဆိုတာ ခဏလေးပဲ။ ကျွန်တော်တို့ ၂ ယောက်စလုံး အသက် ၃၀ ကျော်မှ ကိုယ်ပိုင်ကား ဆိုတာ ရှိလာတယ်။ ၂၀၀၈ ထဲမှာ ပညာရေးနဲ့ ပက်သတ်ပြီး ဘာမှ မဖြစ်ထွန်းလိုက်ဘူး။ ဘလော့ မိတ်ဆွေတွေ အများကြီးတိုးတယ်။ ပြင်ပမှာတော့ ရှိရင်းစွဲက လွဲလို့ မိတ်ဆွေ တစ်ယောက်မှ မရလိုက်ဘူး။ ရန်သူ နှောက်ယက်သူလည်း ကြီးကြီးမားမားမရှိလိုက်တာ အင်မတန် စိတ်ချမ်းသာစရာ။ အနီးအပါးမှာ ခရီးအတော် ထွက်ဖြစ်လိုက်ပေမယ့် ပြည်ပ ခရီး တစ်ခုမှ မသွားဖြစ်လိုက်ဘူး။ အလှူအတန်းလည်း ကြီးကြီးမားမား မလုပ်ဖြစ်ဘူး။ ၂၀၀၈ မှာ တခြား ဘလော့အတွက် ပို့စ် ၂၄ ခုရယ် WeSheMe အတွက်ဘလော့ ပို့စ်ပေါင်း ၁၂၀ ရေးဖြစ်တယ်။ အချိန်ပေး လာဖတ်သူတွေ၊ ကောမန့်ရေးသွားသူတွေ အားလုံးကို ကျေးဇူးတင်တယ်။ ဖြစ်နိုင်ရင် လာလည် လာဖတ်သူတွေကို Recipe ထဲက စားစရာတွေနဲ့ ကျွေးလိုက်ချင်ရဲ့။ ဒီလိုနဲ့ ၂၀၀၈ ဟာ သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် ကုန်သွားတယ်။

၂၀၀၉ အတွက်လည်း ထွေထွေထူးထူး ဆုံးဖြတ်ချက် (Resolution) မရှိပါဘူး။ သူမ အလုပ်ခွင် ပြန်ဝင်နိုင်ရေးက ၂၀၀၉ အတွက် အဓိက Objective ဖြစ်တယ်။ ဒါဟာ တခြားသူတွေ အတွက် လွယ်ချင် လွယ်မယ် ကျွန်တော်တို့ အတွက်တော့ ကြီးကြီးမားမား Objective တစ်ခုပါပဲ။ ကျွန်တော်ရဲ့ Career တိုးတက်ဖို့ထက် နည်းနည်းလျှော့ပြီး သူမ Career တိုးတက်ဖို့ ဦးစားပေးရမည်။ ပညာရေးကတော့ စိတ်ဝင်စားရင် စိတ်ဝင်စားသလောက်ပဲ။ ဗဟုသုတနဲ့ ပတ်သက်လို့တော့ Financial ဘက်ကို နည်းနည်း လေ့လာရဦးမည်။ အခုတော့ Zero Knowledge ပဲ။ ဒါကြောင့် သဌေး မဖြစ်တာ။ သားသမီးကတော့ ၂၀၀၇မှာ တစ်ယောက်၊ ၂၀၀၈မှာ တစ်ယောက်နဲ့ ၂၀၀၉ မှာတော့... ဟိုးဆရား ဟိုး.... ဆက်မပြောနဲ့တော့။ ဒီ ၂ ယောက်ကိုတင် မနည်း ပြုစု ပျိုးထောင်ရမည်။ နောက်နှစ်ထဲမှာတော့ သားက သမီးနဲ့ အပြိုင် ဆော့နိုင်တော့မည်။ ဖြစ်နိုင်ရင်တော့ ၂၀၀၉ မှာ အိုးပိုင် အိမ်ပိုင် ဖြစ်ချင်တယ်။ မိတ်ဆွေ အသစ် ၁ ယောက်လောက် ထပ်တိုးချင်တယ်။ ခင်ရင်းစွဲ သူငယ်ချင်းနဲ့ အမျိုးရင်း  ၃ ယောက်လောက် အနား ရောက်လာစေချင်တယ်။ မြန်မာငွေ ၁၀ သိန်း၊ သိန်း ၂၀ တန် အလှူ တစ်ခုလောက် လုပ်ချင်တယ်။ မြန်မာပြည် ပြန်ဖို့တော့ စိတ်ကူး မရှိသေးပါဘူး။ ပြည်ပ ခရီးထွက်ဖို့လည်း စိတ်ကူးတောင် မယဉ်ရဲပါဘူး။ ၂၀၀၉ ဟာလည်း ပုံမှန် ဖြတ်သန်းသွားနိုင်ရင် ကျေနပ်ပါပြီ။ အထူးသဖြင့် ကမ္ဘာ့ စီးပွားရေးတွေ၊ တိုင်းရေး ပြည်ရေး မင်းရေး ခမ်းရေးတွေနဲ့ ဘ၀ဟာ ပုံမှန် ရှိရင်ပဲ ပျော်ပါတယ်။

စာဖတ်သူ အပေါင်းရဲ့ New Year Resolution တွေ ပြည့်ဝ အကောင်အထည် ဖော်နိုင်ပြီး အတွေးတွေ အိပ်မက်တွေလည်း ပီပြင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

You received this email because you are subscribed to the real_time feed for http://wesheme.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[mm.it.lad] 1 New Entry: Critical Thinking

Critical Thinking

သူငယ်ချင်း ဝေဖြိုးကျော် ကျွန်တော်တို့ကို ရှင်းပြတဲ့ Critical Thinking အကြောင်းပေါ့။…

တစ်နေ့… တောတွင်းတစ်နေရာမှာ သူငယ်ချင်းနှစ်ယောက်ဟာ Cheetah တစ်ကောင်နဲ့ ပက်ပင်းတိုးပါသတဲ့။ အဲ့ဒီမှာ နှစ်ယောက်ထဲက တစ်ယောက်ဟာ ပြေးဖို့ ဖိနပ်ကြိုးကို သေသေချာချာ ပြင်စည်းပါရော။

အဲ့ဒီတော့ နောက်တစ်ယောက်က… "ဟေ့ကောင် Cheetah ဆိုတာမျိုး အပြေး အင်မတန် မြန်တဲ့ သတ္တဝါမျိုး ဆိုတာ မင်းမကြားဖူးဘူးလား" လို့ မေးတယ်။ ဖိနပ်စီးနေတဲ့ ပုဂ္ဂိုလ် ပြန်ဖြေပုံလေးဟာ အင်မတန် အတွေးပွားစရာပါပဲ။

"ငါ ကျားသစ်လက်က လွတ်အောင် ပြေးဖို့ မလိုဘူး။ ငါ မင်းကို Outrun လုပ်နိုင်ရင် ရပြီလေ။" ဟူ၍…

(အားလုံးပဲ နှစ်သစ်မှာ ငြိမ်းချမ်းနိုင်ကြပါစေဗျာ။)

:: Full credit goes to WPK. ::


You received this email because you are subscribed to the real_time feed for http://feeds.feedburner.com/mgthantzin. To change your subscription settings, please log into RSSFWD.

[Ywar Thar Lay (YTU)] 2 New Entries: မနေ့ညက

မနေ့ညက

မနေ့ညက ဘာတွေလုပ်ခဲ့ပါလိမ့်။ ပျော်စရာတွေရှာနေခဲ့တာပါလား။ ရုံးကနေ ညနေ ၄နာရီမှာပြန်လာခဲ့တယ်။ တစ်နေ့လုံး သူငယ်ချင်းတွေကို ဖုံးဆက်မိတယ်။ ဒီညဘာလုပ်ဖြစ်မလဲဆိုပြီး။ ဒီည လုပ်ဖြစ်ခဲ့ပါတယ် ကောင်းမယ်ထင်တာတွေ လုပ်ဖြစ်ခဲ့တယ်ထင်တာပါပဲ။

ရုံးကအစ်မကြီးက သူ့အိမ်မှာ ကောက်ညှင်းပေါင်းနဲ့ အကြော်စုံစားရင်း နှစ်သစ်ကိုကြိုကြမယ်ဆိုပါတယ်။ သူ့အိမ်ကိုရောက်တော့ ၆နာရီကျော်နေပြီ။ အကြော်ပွဲကစနေပါပြီ။ ထုံးစံအတိုင်း MIT ကအစ်ကိုကြီးတွေ အစ်မကြီး တွေ့ဆုံပွဲပါ။ မိန်းကလေးတွေက မီးဖိုချောင်မှာကြော်။ အမျိုးသားတွေကတော့ အိမ်ရှေ့မှာ စားရင်းသောက်ရင်း TV ကြည့်။ တစ်ပွဲပြီးတစ်ပွဲလာတဲ့ အကြော်ပွဲတွေမကုန်မချင်း။ ကျနော့ ရည်ရွယ်ရင်း သီချင်းဆိုချင်တဲ့ကိစ္စ မအောင်မြင်ခဲ့ပါဘူးခင်ဗျာ။ အဆိုတော်ကို ကြောက်လို့ တီးဝိုင်းဆရာက မလာရဲဘူးတဲ့ဗျာ။

နောက်တော့ ကိုဇင်ယော်ဆိုတဲ့ အစ်ကိုကြီးကို ခေါ်ပါဗျာလို့တောင်းပန်တယ်။ သူတို့နဲ့လိုက်ချင်လို့ပါဆိုတာ မခေါ်ဘူးဗျာ ထားပစ်ခဲ့တယ်။ (စတာနော် ပျံမပြေးချင်တဲ့ကိုဇင်ယော်)။ ကိုကြီးဝီကလည်း သူတစ်ယောက်တည်း အပျော်ရှာပါတယ်။ ညီရွာသား ညီရွာသားဆိုပြီး အမြဲထားခဲ့ပါတယ်။ အစကတော့ မပြောဘူးလို့ပဲ အခုတော့ စိတ်အရမ်းနာလို့ပါခင်ဗျာ။

သူငယ်ချင်းတစ်ယောက်က ဓါတ်ပုံရိုက်ချင်တယ် ကင်မရာယူလာမယ်ဆိုတော့ အဲဒီ countdown ဘက်ကို ဦးလှည့်ရပြန်ပါတယ်။ နဂိုတည်းက အိမ်မပြန်ချင်တာနဲ့တော့ တွေ့ပြီလေ။ ဒါနဲ့ countdown လုပ်မယ့်နေရာရောက်တော့ သူငယ်ချင်းက သူ့မှာကိစ္စမပြတ်သေးလို့ပါတဲ့။ ဆိုတော့ ပတ်လို့ရတဲ့နေရာမှာ သုံးလေးပတ်လောက်ပတ်လိုက်သေးတယ်။ မနေနိုင်တဲ့အကျင့်နဲ့ ဈေးတွေဝယ်မိပြန်ရော။ လျှော့ဈေးဆိုတာကိုးဗျ။ မရတော့ဘူး မျက်စိပိတ်မှဖြစ်မယ်ဆိုပြီး Starbuck ကိုဦးလှည့်ထွက်ခဲ့ရတယ်။ ဆိုင်ထဲမှာ အမှာကောင်းလို့ အအေးနှစ်ခွက်နဲ့ ငွေ ၁၁ ကျပ်ရှင်းခဲ့ရပြန်ရော။ အဲလိုတတ်ယောင်ကားလုပ်မိတာလေ။ အအေးကိုမကုန်ကုန်အောင် သောက်ရင်း ဆိုင်ထဲမှာ စောင့်ပေါ့။

သူငယ်ချင်းလာတော့ ၁၁:၄၅မိနစ်ဖြစ်တော့မယ်။ များပြားလှတဲ့လူအုပ်ကြားမှာ တိုးရင်းဝှေ့ရင်း တစ်နေရာစာကို အမိအရယူလိုက်ရတယ်။ ရိုက်ခါနီးတော့မှ ဓါတ်ခဲကကုန်နေပြီ။ သူများတွေကလည်း အော်နေပြီ။ အမြန်လဲ ပြီးတော့ Lens ကလည်း အဆင်မပြေပြန်။ တစ်ခါအမြန်မြန်လဲ။ ကဲ စဖောက်ပြီဆိုတော့ အလင်းက ချိန်လို့မရ တကယ့်ကိုးလို့ကန့်လန့်။ အခုဓါတ်ပုံကိုကြည့် အဲလိုမျိုးတော်တာ။

ဖုံးကွယ်ထားသောလက်ရာအမှန်များ.....





ပြီးသွားပြီဆိုတော့မှ ပြန်ကြည့်ဖြစ်တယ်။ တော်တော်ညံ့ပါလားနော်။ အကောင်းဆုံးဆိုတဲ့ ပုံလေးတွေကို ကြယ်ရောင်စုံတဲ့ညအဖြစ် မျှဝေခဲ့တယ်။ မကောင်းတာတွေကိုတော့ ဖျက်ပစ်မလို့။ အဲလို…

အိမ်ပြန်ုဖို့လမ်းလျှောက်ရင်း လက်တဲ့စမ်းတာလေးတွေလည်း မျှဝေပေးလိုက်ပါတယ်။ လမ်းလျှောက်နေတဲ့လူတွေ ရေထဲက အရောင်တွေ။ ပြီးတော့ လမ်းမီးတိုင်လေးတွေ။ ညဘက်ရှုခင်းတွေ။ လက်တည့်စမ်းနေမိတော့တာ။







ပြီးတော့ကျနော့အတွက် အလွမ်းပြေမယ့် နေရာလေးမှာ ထိုင်ခဲ့တယ်။ အရိပ်အယောင်လေးပဲဖြစ်ဖြစ် အငွေ့အသက်လေးပဲဖြစ်ဖြစ် နှစ်သစ်မှာ ကျနော်နဲ့အတူရှိစေချင်တယ်လေ။

နောက်ဆုံးရထားနဲ့ အိမ်ကိုပြန်ခဲ့တယ်။ ဆင်းရမယ့်ဘူတာရောက်တော့ အိပ်ပျော်ရာက လန့်နိုးလာလို့တော်ပါသေးရဲ့။ လမ်းလျှောက်ရင်း ဗိုက်ကဆာလာတာမို့ အိမ်နားမှာပဲ ကြက်ဥပလာတာစားရင်း ကိုဇင်ယော်ကို နှုတ်ဆက်ပါတယ်။ ဆန္ဒမပြည့်သွားတဲ့ ဇင်ယော်လည်း တော်တော်လေး ကဲခဲ့ပုံပါပဲ။ နောက်တော့နှစ်ယောက်စလုံး ဖုန်း ဘက်ထရီကုန်သွားတာမို့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။

အိမ်ကိုရောက်တော့ မအိပ်ချင်တော့ပြန်ဘူး။ ဓါတ်ပုံတွေ တင်ရင်း စာတွေဖတ်ရင်း နှစ်သစ်ကူးကို လိုက်နှုတ်ဆက်နေမိတယ်။ အရမ်းငိုက်လာမှ သတိထားမိတော့ မနက်၎:၄၅ ရှိနေပြီလေ။ ၁ရက်နေ့မနက်ခင်း ကို အိပ်စက်ခြင်းနဲ့ကြိုဆိုလိုက်တာ နေ့လည် ၁၂:၃၀ မှ ပြန်သတိရလာတယ်။ သြော်နှစ်သစ်ရောက်ပြီပဲ……………………ဗိုက်ဆာတာဗျို့ဆိုပြီး စအော်မိတယ်.....


ဘကြီးဦးလေးက ရေးပေးပါဆိုလို့ ရေးပါတယ်….

ကြယ်ရောင်စုံတဲ့ည

ကြယ်ရောင်စုံတဲ့ည တစ်ခုနဲ့ဆုံခဲ့ရပါတယ်။ အမိမြေက တောင်ကြီးမီးပုံးပျံပွဲလေးကို ပြန်သတိရမိတယ်။ ညမီးကျည်တွေ တစ်လုံးပြီးတစ်လုံးလွှတ်နေသလို ခံစားရပါတယ်။ နှစ်သစ်ကိုကြိုဆိုတဲ့ ချစ်စရာ ကြယ်ရောင်စုံတဲ့ညလေးကို မျှဝေပေးလိုက်ပါတယ်။ ရနိုင်သလောက်ကြိုးစားပြီး ရိုက်ခဲ့ပေမယ့် မကျွမ်းကျင်လေတဲ့ဓါတ်ပုံရိုက်ခြင်းအနုပညာကို ပုံတွေတိုင်းမှာ တွေ့မြင်နိုင်ပါတယ်ခင်ဗျာ…













You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Shwe Gyan's ပြောပါရစေရှင် ...] 1 New Entry: မင်္ဂလာနှစ်သစ်ပါ

မင်္ဂလာနှစ်သစ်ပါ

Happy New Year!!!

You received this email because you are subscribed to the real_time feed for http://shwegyan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[My Native Town] 1 New Entry: မုံရွာတစ်ဝိုက်(၁)

မုံရွာတစ်ဝိုက်(၁)

ကျွန်တော်... ဒီဘလော့လေးကိုရေးတော့ ကိုယ့်မြို့ကိုယ်ရွာအကြောင်းလေးလောက်သာ ရေးဖို့ စိတ်ကူးမိပါတယ်၊ နောက်ပိုင်း... သမိုင်းတွေ လျှောက်ဖတ်မိတော့မှ ကိုယ်တစ်ခုတည်းရေးလို့ကတော့ ဘယ်လိုမှ အဆင်ပြေမည်မဟုတ်ကြောင်း သိလာရသည်။ ယင်းမာပင်အကြောင်းဆိုလျှင် ယင်းမာပင်မြို့နယ်ထဲက ထင်ရှားတဲ့နယ်မြေတွေ၊ ရွာတွေရဲ့ဓလေ့တွေ ပါလာရပါပြီ။ နောက်... အိမ်နီးချင်းတွေ အကြောင်းလည်း ပါဝင်လာရပါပြီ။ ဒီတော့. . .ကျွန်တော့်အတွက် အတော်လေးလံရတဲ့ ကိစ္စဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီနောက်ပိုင်းမှာ ပိုစ့်အတင် ကျဲသွားခဲ့ပါတယ်။

"ရွှေမုံသား" ကလည်း မုံရွာနယ်တွေအကြောင်းပါ ထည့်သွင်းဖော်ပြသွားဖို့ တောင်းဆိုထားပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်လေ့လာမိသမျှ မုံရွာနယ်တစ်ဝိုက် အကြောင်းများကို ရေးသားသွားပါမယ်။

ပထမဆုံး မုံရွာမြို့ကိုဘာလို့ "သလ္လာဝတီမြို့တော်"လို့ ခေါ်နေကြသလဲဆိုတာကို အရင်ရှင်းပြချင်ပါတယ်။ မုံရွာမြို့ရဲ့ အသက် သွေးကြောဟာ ခုထက်ထိ ချင်းတွင်းမြစ်ပေါ်မှာ မူတည်နေဆဲပဲဆိုတာ ရောက်ဖူးတဲ့သူတိုင်း သိကြပါလိမ့်မယ်။ ဟိုး အရင်ခေတ် တုန်းကဆိုရင် ပိုပြီးတောင် ရေလမ်းကြောင်းပေါ်မှာ မူတည်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မုံရွာမြို့တော်ကို "ချင်းတွင်းမြို့တော်" (သို့မဟုတ်) "သလ္လာဝတီမြို့တော်" ရယ်လို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ကို "သလ္လာဝတီ" လို့ ခေါ်ဝေါ်ပါတယ်၊ "ဆူးညောင့်ရှိသာမြစ်" ဟု အဓိပ္ပါယ်ရပါတယ်။

ဟိုး... ရှေးယခင်အခါက မြန်မာနိုင်ငံရဲ့ နယ်ပယ်ဒေသတွေကို တိုက်ကြီး (၄)တိုက်အဖြစ် သတ်မှတ်ပြီး ခွဲခြားထားခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက သတ်မှတ်ခဲ့တဲ့ တိုက်ကြီးများနဲ့ ပါဝင်တဲ့ဒေသတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မုံရွာတစ်ဝိုက်က နယ်ပယ်ဒေသတွေဟာ ဘယ်တိုက်ထဲမှာ ပါဝင်နေခဲ့လဲဆိုတာ တစ်ချက် ရှာကြည့်ပါ...၊ တော်ပါပြီဗျာ... ခင်ဗျားတို့ ခေါင်းမူးနေပါလိမ့်မယ်။ ကျွန်တော်ပြောပြလိုက်ပါ့မယ်၊ မြောက်ဘက်တိုက်ထဲမှာ ပါဝင်ပါတယ်။ ရှာကြည့်လိုက်ပါ -

တောင်ဘက်တိုက် - ဆင်ရင်ရွာ၊ ငမြာငယ်၊ ကျောက်မဆင်၊ နွယ်ရောက်၊ လင်ကတော၊ ချောင်းဆုံကြီး၊ ညောင်မရွာ၊ တရား၊ ကြက်မောက်၊ သပြေ၊ ချောင်းဆုံငယ်၊ မြောက်များ၊ ပျည်းမ၊ ဗြဟ္မဒတ်၊ ဖြစ်သီ၊ လယ်အိုး၊ ထီးချိုင့်၊ ဗန်ရွာ၊ မန်ကျည်းခွ၊ ပုပ္ပါးရွာ၊ မတောင့်တ၊ ဦးနှောက်၊ စကား၊ မြို့ကြီး၊ ဖြစ်သီ၊ ဆုံတား၊ ၀ကျ၊ မင်းရွာ၊ လုံပေါင်၊ ဘူးတောင်း၊ ငဇင်၊ လက်ပံ၊ ဆင်စွယ်၊ သလင်း၊ စင်ဆယ်၊ ငမှိုင်း၊ တကော၊ ညည့်ရှော၊ ဆသိမ်၊ ကျော်ရာ၊ မြတ်ဝန်၊ ငနံသင်၊ လယ်ကန်၊ ကက်ရင်၊ ပလဲရွာ၊ ငကြောင်ရွာ၊ ကျတ်ရွာ၊ တည်ကြည်ရွာ၊ ၀ယ်ပေါင်ရွာ၊ ၀ယ်ခေါင်ရွာ၊ ကျောက်မြစုံချက်၊ မိဖုရား၊ မင်းကန်၊ ခေါ်သန္တီ၊ ပန်းတိမ်တော်၊ မြဲနဲ၊ ကျိုင်ခမောက်၊ ရွာသမင်၊ မုံမြစ်၊ တောကသောင်၊ သိတုန် စသောရွာများ ပါဝင်သောဒေသ...

မြောက်ဘက်တိုက် - မောက္ကတော်၊ သင်တော၊ ငစည့်ကိုင်း၊ တောင်အောက်၊ တောက်ရှရွာ၊ မှက်ကိ၊ ရှိမ္မကားရွာ (ရှိန်းမကား ဟု အသံထွက်ပါသည်)၊ မြင်တွင်၊ မုံရွာ၊ ဈေတက်၊ တောင်ကြား၊ ကုလားရွာ၊ ငသျှံရွာ၊ ခေါက်ရောင်ရွာ၊ ဟသာင်္ရွာ၊ သာဝတ္တိ၊ တည်တော၊ ငကင်၊ ဆေရ၊ နန်နုန်ရွာ၊ ကွမ်းဘုံး၊ ကျွန်းတော၊ ဘိန်ကား၊ မြောင်၊ မုတ်ဆိုးခြုံ၊ တန်တည်၊ ကုန်းရွာ၊ ရင်မိဿံ၊ မတောင့်တ၊ ရွာသာ၊ နဘက်၊ ကျောက်ရစ်၊ ကြာပန်းညို၊ ပဲခွဲ၊ အင်းပဲ၊ အင်းတိုင်၊ သစ်ဆိပ်ငယ်၊ သံမောက်၊ ဆင်ကွတ်၊ မြင်းမူ၊ အင်းမ၊ ရွာသစ်ကြီး၊ မြေနဲ၊ အုန်းပေါက်၊ မြင်းမေ၊ ပြောရွာ၊ ရွာသံ၊ ၀တ္တနာ၊ ညောင်ရင်း၊ မန်ကျည်းတုံ၊ ကြေးမုံ၊ မဗေရွာ၊ သိန်ကတော၊ ရေ၀င်၊ သရိုင်ရွာ၊ စဉ်သာ၊ ရတုံ၊ ချောင်းဦး၊ လှထွေ၊ ၀လို၊ ကျောက်ကာ၊ ဆံတော်ဆွဲ၊ ကူခေါင်း၊ မုတ်ဆိုးဘို၊ ခက်လုံ၊ စောဘွတ်အို၊ မင်းရွာ၊ ရွာစိုက်၊ သုံးကြီး၊ ရဝေရွာ၊ သင်တွဲ စသောရွာများ ပါဝင်သောဒေသ...

အနောက်တိုက် - သွန်ရွာ၊ မန်လည်၊ သက်ပန်း၊ တောင်တွင်းငယ်၊ ပဲနံ့သာရွာ၊ မလွန်မီတ္ထီလာ၊ ထီးလှိုင်၊ တပယ်၊ မြောင်လှမြို့၊ မြင်းခုံတိုင်မြို့၊ သဲကျေးရွာ၊ နံ့သာရွာ၊ ခေါင်းကွဲရွာ၊ ငမြာကြီး၊ သကြင်မြောက်ရွာ၊ လှိုင်းတက်မြို့၊ ပြင်စည်မြို့၊ ကင်းတောက်ရွာ၊ ရွာသယာရွာ၊ ရန်နောင်မြို့သစ်၊ ရန်နောင်မြို့အ၀င် ဇီးချို၊ ဖွတ်အင်း၊ သာဂရ၊ မြို့တင် မြို့၊ ပင်လှ၊ ကျိသာ၊ ငန်းစွန်၊ ထရကန်၊ ကင်းသာရွာ၊ မင်းလှရွာ၊ မင်းလှကင်းသာရွာ၊ လှိုင်တက်ငွေစွန်၊ ၀ါရွက်၊ အင်နီးကြောက်မြို့၊ မျင်ထိတ်၊ မြစ်စုတ်၊ မလည် စသော ရွာများ ပါဝင်သောဒေသ...

အရှေ့ဘက်တိုက် - အောင်ပင်လယ်၊ အောင်ပင်လယ်ကန်အသည်၊ အုတ်ဖို၊ အုန်းကွမ်း၊ ဘုတ်ရွာ၊ ကင်းရွာ၊ ကြပင်း၊ ရွှေခုံတိုင်၊ မြစ်တွင်း၊ မကွေတရာ၊ ကျွဲနဖား၊ ခက်တင်၊ တောင်အင်း၊ မတ္တရာ၊ ရေမြပုကန်၊ တောင်ပြုံးငယ်၊ စကြင်၊ စကြင်တောင်ရွာ၊ သပြေလှ၊ စုံးရွာ၊ စရိုင်၊ နာရီတောင်၊ မြစ်သစ်ငယ်၊ ၀ရင်းတုတ်၊ ကွမ်းစည်၊ ပြောင်းပြလင်းဇင်း၊ ကွန်သာယာ၊ ကင်ကုံပယ်၊ ပေါက်နက်၊ ရေကြည်၊ ရေနံသာ၊ ဆေးဟောင်း၊ ဆေးသစ်၊ ၀ါတန်ဆက်၊ ငှက်ကြီးသိုက်၊ ရက်ဘား၊ ရမာန်၊ ယမုံ၊ မုံတော၊ ရေထွက်ရွာများ ပါဝင်သော ဒေသ...
နောက်...ထပ်တွေ့ရတာက၊ "တောင် ၁၅၀" ဆိုတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်၊ ဒီအသုံးအနှုန်းကတော့ အထူးရွေးချယ်လေ့ကျင့်ထား တဲ့ တပ်သားအမှု့ထမ်းတွေကို သတ်မှန်ခေါ်ဝေါ်ခဲ့တဲ့ အမည်ဖြစ်ပါတယ်။ ပရစ်ကုန်းမြောက်ရွာ၊ ပရစ်ကုန်းတောင်ရွာ၊ လှေကူးရွာ၊ သက်ကယ်ကျင်းရွာ၊ အောင်သာရွာ၊ မုံရွာ၊ ရှားပြေးရွာ၊ အောင်ချမ်းသာရွာ၊ သက်ရှည်ကန်ရွာ၊ ညောင်ပင်စောက်ရွာ၊ စတဲ့ရွာများမှ သန်မာထွားကျိုင်းတဲ့ လူငယ်များကို ရွေးချယ်ဖွဲ့စည်းထားတဲ့ "အမှုထမ်း အစု" လို့ ရေးသားထားပါတယ်။ အဲဒီ အမှုထမ်းတွေရဲ့ လက်ယာလက်ဖမိုးမှာ "ခြင်္သေရုပ်" ကိုလည်း ရေးထိုးထားလေ့ရှိတယ်လို့ သိရပါတယ်။ ခင်ဗျားရဲ့ညာဖက်လက်ဖမိုးကို တစ်ချက် ပြန်ငုံ့ကြည့်လိုက်ပါဦး၊ တော်ကြာ... "တောင် ၁၅၀" အဖွဲ့ထဲကများ ဖြစ်နေမလား မသိဘူးနော်....

You received this email because you are subscribed to the real_time feed for http://yinmarbin.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မသက်ဇင်] 1 New Entry: ဒုတိယမြန်မာနိုင်ငံတော်

ဒုတိယမြန်မာနိုင်ငံတော်

စာမြည်း

နိုင်ငံရေးနှင့် ပတ်သက်ပြီး ဘုရင့်နောင်ရဲ့ အမြော်အမြင် ကြီးမားသော ဆောင်ရွက်ချက်များမှာ မြန်မာ နိုင်ငံတော် အတွင်း ရှိ လူမျိုး တစ်မျိုးက အခြားသော လူမျိုးများကို လက်ဝါးကြီး အုပ်အနိုင်ကျင့်မှု မရှိရ အောင် ညီတူတန်:တူ အခွင့် အရေး ပေး ထားခြင်း ပင်ဖြစ်သည်။


မွန်မြန်မာရှမ်း လူမျိုးတို့ ဖိုခနောက်ဆိုင် ယှဉ်ပြိုင် အားထုတ် လျှက်ရှိစဉ် ကရင်နှင့် အနွယ်တူ လူမျိုးစု များသည်ယ ခုခေတ် ကယားပြည် မိုးဗြဲနယ် သထုံနယ် တောင်ငူနှင့် ပဲခူးနယ်များ စစ်တောင်းမြစ် အရှေ့ ဘက်ကမ်း ဒေသ တ ၀ိုက် တွင် ပျံ့ နှံ့လျက်၎င်း ချင်းလူမျိုးများသည် စုန်မရ တောင်ရိုးမှ အနောက်ရိုးမ တောင်တန်း တစ် လျှောက် သို့ ၀င်ရောက်လျှက်၎င်း ကချင်နှင့်အနွယ်တူ လူမျိုးစုများသည် ဟူးကောင်း တောင်ကြားလမ်း မှ မြန်မာနိုင်ငံ မြောက် ဘက်စွန်း အရပ်ဒေသ များကို ၀င်ရောက်ပျံ့ နှံ့လျက်၎င်း ရှိနေကြသည်။

စစ်တောင်းမြစ်ဝှမ်း တစ်ဝိုက်တွင် တောင်ငူနယ်ကို အချက်အခြာ ပြုပြီး အင်အား စုဆောင်း နေကြ သောမြန်မာ လူမျိုး အကြီး အကဲများနှင့် ခေါင်းဆောင်များ ဒုတိယမြန်မာ နိုင်ငံတော်ကြီးကို စည်းလုံး သိမ်းသွင်းပြီး ပြန်လည် ထူထောင်ခြင်းပြုကြသည်ကို တွေ့ရသည် ...တောင်ငူနယ်သည် ၁၃ ရာစုခန့်လောက်မှအစပြုပြီးမြန်မာလူမျိုးများ အခြေခံဒေသ တစ်ခုဖြစ်ကြောင်း တွေ့ရှိရသည် မူလ တည်ထောင်ကာစ ပုဂံမင်းဆက်ဘုရင်များ လက်အောက်ခံ နယ်ကလေး တစ်နယ်မျှသာဖြစ်သော်လည်း အင်းဝမင်းဆက်ဘုရင်များလက်ထက်သို့ရောက်ရှိသောအခါ မြို့စား နယ်စား ဘုရင်ခံများ အုပ်ချုပ်ရသော နယ်ကြီးတစ်နယ်ဖြစ်လာပြီးလျှင်မင်းကြီးညို နန်းသက်တွင်ကား တောင်ငူ နယ်သည် အင်းဝနှင့်ဟံသာဝတီတို့အကြားတွင် သီးခြား ကင်းလွတ် သော အာဏာပိုင်ပြည်နယ် ကြီး တနယ်ဖြစ် လာသည် ပျဉ်းမနား ညောင်ရမ်း ယင်းတော် မိထ္ထီလာနှင့်ရေလွဲ ငါးခရိုင်အစ ရှိသည်တို့သည်လည်း မင်းကြီးညို လက်အောက်ခံမြန်မာဒေသများဖြစ်လာကြသည်။

ဒုတိယ မြန်မာနိုင်ငံတော်ကို ပြန်လည်စည်းရုံး သိမ်းသွင်းခြင်းပြုကြသော မြန်မာလူမျိုး ခေါင်း ဆောင် များ သည် ကား မင်းကြီးညိုသားတော် တပင်ရွှေထီး ၁၅၃၁ မှ ၁၅၅၀ နှစ်ထိ သမက်တော် ဘုရင့်နောင်ကျော်ထင်နော်ရထာ ၁၅၅၁ မှ ၁၅၈၈ ထိ တို့ဖြစ်ကြသည် မြန်မာရာဇ၀င်များတွင် ရေးသား ဖော်ပြချက်အရ တပင်ရွှေထီးနှင့် ဘုရင့် နောင်တို့သည် ရှေးဦးစွာ မွန်ဒေသဖြစ်သော ရာမညတိုင်းကို စတင် သိမ်းသွင်းခြင်းပြုကြောင်း ဟံသာဝတီနှင့် မုတ္တမစသော အချက်အခြာ မြို့ကြီးများတွင် မွန်ုဘုရင်နှင့် မြို့စား နယ်စားများဘက်မှ ပေါ်တူဂီ ကြေး စား စစ်သား များသည် ခေတ်မီ လက်နက်များ စိန်ပြောင်းများနှင့် ခုခံတိုက်ခိုက် ခြင်းပြုသဖြင့် တပင်ရွှေထီးနှင့် ဘုရင့်နောင် တို့သည် ခဲခဲယဉ်းယဉ်း တိုက်ခိုက်ကြရသည် ထို့နောက် ၄င်းရဲ့ယောက်ဖတော် ပြည်ဘုရင် နရပတိ ရှိရာ သို့ ဆုတ် ခွာထွက်ပြေးသွားသော ဟံသာဝတီဘုရင် သုရှင်ဒကာရွတ်ပိကို လိုက်လံတိုက်ခိုက်ကြရာတွင် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့သည် ဟံသာဝတီဘုရင် အင်းဝဘုရင် ရခိုင်ဘုရင်နှင့် မောရှမ်းစောဘွားတို့ရဲ့ စုပေါင်းခုခံမှုကို နှိမ်နှင်းအောင်နိုင်လိုက်ပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သော မင်းဘူး နှင့်မြင်းခြံ နယ်များအထိ ချီတက်သိမ်းသွင်းကြောင်း တပင်ရွှေထီးသည် ပုဂံမြို့တော်ဟောင်းတွင် မြန်မာဘုရင်ဟူသော အထိမ်းအမှတ်ဖြင့် နယ်စား ဘိသိက်ခံကြောင်း ထို့နောက် အင်းဝနှင့် အထက်မြန်မာ တစ်လွှားကို ဆက်လက် သိမ်း သွင်းခြင်း မပြု သေးပဲ အောက်မြန်မာနိုင်ငံ ဒေသများကို စနစ် တကျ အုပ်ချုပ်ရန်အတွက် တောင်ငူမှ ဟံသာဝတီသို့ မြို့တော် ကို ပြောင်းရွှေ့ ပြီးလျှင် တပင်ရွှေထီးသည် မွန်ဘုရင် အထိမ်းအမှတ်ဖြင့် မွန်တို့ဓလေ့ ထုံးစံနှင့်အညီ ရာဇဘိသိက် ခံကြောင်း စသည်ဖြင့် ရေး သား ထားကြသည်။

မြန်မာ ရာဇ၀င်များရဲ့ ရေးသား ချက်များကို လေ့လာသောအခါ ဒုတိယ မြန်မာနိုင်ငံတော်ကို စတင် တည်ထောင် သော အချိန်တွင် ဥရောပတိုက်သား ပေါ်တူဂီ ကြေးစား စစ်သားများသည် မြန်မာနိုင်ငံ တောင်ဘက် အရပ် ဒေ သ များ သို့ စတင် ၀င်ရောက်လျှက် ရှိနေပြီ ဆိုသော အချက် တစ် ချက်ကို သတိပြုတွေ့ရှိရသည် ဖွံ့ဖြိုးတိုးတက် လျက်ရှိသော မွန်လူမျိုးများနှင့် ၄င်းတို့ရဲ့ အခြေခံဒေသများကို စည်းလုံးခြင်း ပြုရာတွင် သူ့ခေတ်နှင့် သူ့အခါ စစ် တိုက်ခိုက်ခြင်းကို အခြေခံ ၀ါဒအဖြစ် လက်ကိုင်ပြုထားသော် ငြားလည်း သိမ်းသွင်းခြင်း ပြုရာတွင် တပင်ရွှေထီး နှင့်ဘုရင့်နောင်တို့သည် ယခင် ပုဂံ မင်းဆက် ဘုရင် ကျန်စစ်သားရဲ့ ၀ါဒအား ဆက်ခံ ကျင့် သုံးခြင်းပြုသည်ကို တွေ့ ရှိ ရသည် မြန်မာနိုင်ငံရဲ့ အချက်အခြာမြို့တော်ကို ဟံသာဝတီသို့ ပြောင်းရွှေ့ခြင်း မွန်လူမျိုးတို့ရဲ့ ယဉ်ကျေး မှုနှင့်ဓလေ့ထုံးစံတို့ကို များစွာ လေးစားခြင်း မွန်လူမျိုး အကြီး အကဲများ ခေါင်း ဆောင်များကို အသိ အမှတ်ပြု ချီး မြှင့်ခြင်း စသည်များကို တွေ့ရှိရလေသည်။

နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနှင့် သက်ဆိုင်သော လွှတ်တော်တို့တွင် ရှမ်း မွန် နှင့် မြန်မာ အမှူထမ်းများကို မျှမျှ တ တ ခန့်အပ်လျှက် ဒေသနေ လူမျိုးများ အလိုက် မိမိတို့အကြီးအကဲများကို ခန့်အပ်အုပ်ချုပ်စေခြင်း စသည်များ ကို တွေ့ရှိရလေသည် တပင်ရွှေထီး နန်းသက်အတွင်း မောရှမ်းဘုရင် အင်းဝနှင့် အထက် မြန်မာ တစ်လွှား ကို စည်း ရုံးသိမ်းသွင်းခြင်းမပြုနိုင်။ အဘယ့်ကြောင့်ဆိုသောအထက်ပိုင်းနှင့် ယိုးဒယားအရေးတို့ဖြေရှင်းနေခိုက် မွန်လူမျိုး အကြီးအကဲတစ်ချို့က ထကြွပုန်ကန်ကြပြီးလျင်တပင်ရွှေထီးကို လုပ်ကြံ သတ်ဖြတ် လိုက်သော ကြောင့်ဖြစ်သည် တပင်ရွှေထီး လုပ်ကြံခံ ရပြီးသည့် နောက် မြန်မာနိုင်ငံတော်ကို ဆက်လက်ထူထောင်ရန် တာဝန် သည် ဘုရင့် နောင် ပုခုံးထက်သို့ ကျရောက်ခဲ့သည် ။ ဘုရင့်နောင်သည် အံ့သြဖွယ်ရာ ကောင်းလောက်အောင် စွမ်းစွမ်း တ မန်စွမ်းဆောင်ခဲ့သည်ကို တွေ့ရှိရသည်။

နိုင်ငံရေးနှင့် ပတ်သက်ပြီး ဘုရင့်နောင်ရဲ့ အမြော် အမြင် ကြီးမားသော ဆောင်ရွက်ချက် များမှာ မြန်မာနိုင်ငံတော် အတွင်း ရှိ လူမျိုး တစ်မျိုးက အခြားသောလူမျိုးများကို လက်ဝါးကြီး အုပ် အနိုင်ကျင့်မှုမရှိရအောင် ညီတူ တန်းတူ အခွင့် အရေး ပေး ထားခြင်း ပင်ဖြစ်သည်။

မြန်မာရာဇ၀င်များတွင် တပင်ရွှေထီး လုပ်ကြံခံရပြီးနောက် မွန်လူမျိုး အကြီးအကဲများသည် ပုန်ကန်ထကြွပြီး ဟံ သာဝတီ မုတ္တမ ပုသိမ် မြောင်းမြ မြို့ကြီးများကို သိမ်းယူထားကြသော အကြောင်းများနှင့် မြန်မာ လူမျိုး အကြီး အကဲ တစ်ချို့ ကလည်း အလားတူ ပုန် ကန်ခြား နားကာ ပြည် တောင်ငူ စသောမြို့ကြီးများကို သိမ်းယူ ထားကြ သည့် အဖြစ် အပျက်များကို ရေးသားဖော်ပြကြသည် မြန်မာနှင့် မွန်လူမျိုးများကို စည်း ရုံး သိမ်းသွင်း ၍ နေသား တကျဖြစ်အောင် မစီမံရသေးမှီ ကစင့်ကလျားနှင့် တနယ်တမင်း တတပ်တဗိုလ် ဖြစ်တော့အံ့ ဆဲဆဲ အခြေအနေမှ ဘုရင့်နောင်သည် အချိန် မှီပြန် လည် ထိန်း သိမ်း လိုက် ရ သည့်အဖြစ်အပျက်များကို တခမ်း တနားနှင့် ဖွဲ့နွဲ့ရေး သားဖော်ပြကြသည်ကို တွေ့ရှိရသည် ဘုရင့် နောင်သည် တောင်ငူ ဟံသာဝတီ ပြည် စသည့် မွန်မြန်မာ ဒေသ များ ကို စနစ် တကျ စည်းရုံး သိမ်းသွင်း စီမံ အုပ် ချုပ် ပြီးနောက် မြန်မာ နိုင်ငံ အလယ် ပိုင်းဖြစ် သော ဧရာဝ တီမြစ် ၀ှမ်းဒေသများမှ စလေ ပခန်း ပုဂံမြို့ များကို ချီတက်သိမ်းယူခြင်းပြုသည်။

ထို့နောက် အင်းဝနှင့် အထက်မြန်မာနိုင်ငံ တလွှားကို၎င်း တရုတ် မြန်မာ နယ်စပ်ရှိ ရှမ်းပြည်နယ်များ အားလုံး ကို ၄င်း ချီတက်သိမ်းပိုက်သည် သက္ကရာဇ် ၁၅၅၁ ခုနှစ်တွင် နန်းတက်သောဘုရင့်နောင်သည် ၁၅၅၉ ခု နှစ် မတိုင်မီ ၈ နှစ်တာ ကာလအတွင်း ရခိုင်ကမ်းရိုးတန်း ဒေသမှအပ မြန်မာတစ်နိုင်ငံလုံးကို ပြန်လည် သိမ်းသွင်း မိရုံမျှ သာ မက မြန်မာနိုင်ငံ ပြင်ပ မဏိပူရ ကိုးရှမ်းပြည် ဇင်းမယ်နှင့် လင်းဇင်း စသောပြည်နယ်များကို ချီ တက် သိမ်း ပိုက် ကြောင်းမြန်မာရာဇ၀င်များတွင် တွေ့ရသည် ဘုရင့် နောင်နန်းသက်အတွင်း ယိုးဒယား နိုင်ငံသို့ နှစ် ကြိမ် တိုင်မျှ ချီတက် တိုက်ခိုက်ကြောင်း ပထမ တစ်ကြိမ်တွင် ယိုးဒယားဘုရင်ရဲ့ ဆင်ဖြူတော်များကို ရလို သောကြောင့်ဖြစ် ကြောင်း ဒုတိယ အကြိမ်တွင် ယိုးဒယားဘုရင်က ထကြွ ပုန်ကန် သောကြောင့် ဟူပြီး ရေးသားဖော်ပြကြသည်။

သို့ရာတွင် ထိုရေးသား ဖော်ပြချက်များကို လေ့လာ ကြည့်သောအခါ ယိုးဒယား မြန်မာ စစ်ပွဲများသည် ဆင်ဖြူ တော်ပြဿနာ အတွက် အဓိက မဟုတ်ပဲ မြန်မာနိုင်ငံ တောင်ဘက်တစ်လွှားရှိ တနင်္သာရီ ကမ်းရိုး တန်း ဒေသ များကို အမြဲတစ်စေ ခြိမ်းခြောက် လျက်ရှိသော ယိုးဒယား နိုင်ငံကို မြန်မာ ဘုရင်ရဲ့သြဇာခံ အဖြစ် သိမ်း သွင်း ထား ရှိလိုခြင်းသာဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

ကျမ်းကိုး
မင်းတရားရွှေထီးနှင့်ဘုရင့်နောင်-ကထိကဦးစိန်လွင်လေး
ရာဇဓိရာဇ်အရေးတော်ပုံ။ဗညားဒလ
မြန်မာမင်းများအရေးတော်ပုံ-အရေးတော်ပုံ ( ၆ ) စောင်တွဲ
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
အရှေ့တောင်အာရှရာဇ၀င်၊ဟော-၁၉၅၅
မြန်မာ ရာဇ၀င် (ဟာဗေး ၁၉၂၅)

You received this email because you are subscribed to the real_time feed for http://www.mathetzin.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Maung Myo] 1 New Entry: "မနှစ်ရဲ့ နောက်ဆုံးညက ကျနော် ဘာတွေလုပ်”

"မနှစ်ရဲ့ နောက်ဆုံးညက ကျနော် ဘာတွေလုပ်"

"မနှစ်ရဲ့ နောက်ဆုံးညက သူတို့တွေ ဘာလုပ်ခဲ့ကြသလဲ?" ဆိုပြီး ကိုငြိမ်သက် က Tag လာတယ် အကြွေးတွေများပေမယ့် ကျန်တာတွေက စဉ်းစားလို့မထိသေးဘူး ဒါလေးက ပူပူနွေးနွေးလေးဆိုတော့ အရင်ရေးလိုက်အုံးမယ်။နောက်ဆုံးညကို မရေးခင် နောက်ဆုံးနှစ် တစ်နှစ်တာမှာ ကြုံခဲ့ရတာလေးတွေ ပြောပြချင်သေးတယ် ။ အငယ်လေးတုန်းက စာအုပ်သစ်လေးရရင် ရေးရမှာ နှမြောတသသ စာတွေရေးပြီးလို့ ကုန်ခါနီးဆိုရင် စုတ်ပြတ်ပြတ် ကိုယ့်လက်ရေးတွေကို ကြည့်ပြီးနောက် စာအုပ်သစ်လေးကျရင်တော့ လှလှလေးရေးရမယ် ပြီးတော့ သန့်သန့်လေးထားမယ်ပေါ့ နောက်ဆုံးတော့လည်း ဒီတိုင်း တိုင်းပဲ ဘာမှမပြောင်းလဲလာပါဘူး ။ အဲ့ဒီလိုပဲ နှစ်တစ်နှစ်မှာလည်း ဘယ်လိုဖြစ်အောင်ကြိုးစားမယ် ဘယ်လိုနေမယ်လို့ စိတ်ကူးမိပေမယ့် အဆုံးသတ်ရောက်ရင်တော့ ကိုယ်တိုင် စိတ်တိုင်းမကျခြင်းတွေနဲ့ အဆုံးသတ်ရတာပါပဲ ။

၂၀၀၈ ကတော့ အဆင်မပြေခြင်းတွေများတယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင် မတရားမှုတွေကိုကြားရ၊ စိတ်မကောင်းစရာသတင်းတွေနဲ့ သိပ်ကိုစိတ်ပျက်စရာနှစ်တစ်နှစ်ပါပဲ ။ မနှစ်က ဒီလိုအချိန် ဘလော့သွေးလေးကတော့ ကြွရွနေတာပေါ့ ရောက်စလေးဆိုတော့ ပိုတောင်ပျော်သေး ။ဘာတွေသိလိုက်သလဲဆိုရင် "တည်မြဲခြင်း"ဆိုတာ ဘာမှမရှိဘူးဆိုတာပါပဲ ခင်ရတဲ့သူငယ်ချင်းတစ်ချို့ မထင်မှတ်ပဲ အပြောင်းလဲတွေ ကြုံလိုက်ရသလို ကိုယ်တိုင်လည်း တုန်လှုပ်လောက်စရာအပြောင်းလဲတစ်ခုကြုံလိုက်ရတယ် ။ ဘာကိုမှအများကြီးမတွေးဝံ့တော့သလို အများကြီးလည်းမမျှော်လင့်ရဲတော့ဘူး အဆင်ပြေသလိုလေးသာ အဆင်ပြေမယ်ထင်တာလေးသာ ဒီလိုလေးပဲ နေကြည့်လိုက်တော့မယ် ။

လေကြောရှည်တာများသွားပြီး"မနှစ်ရဲ့ နောက်ဆုံးညက ဘာလုပ်ခဲ့သလဲ?" ဆိုတော့ အိမ်မှာက နှစ်သစ်ခရီးထွက်နေကြတော့ ဘယ်သူမှမရှိ အေးဆေးပေါ့ ညနေပိုင်း ရောက်တော့ ခြံထဲက အစ်ကိုကြီးတွေက ဘီယာသောက်ရင်လာခဲ့ သူတို့တွေဝယ်ထားတယ်ဆိုတော့ တစ်ဗူးသွားသောက်လိုက်တယ် ပြီးတော့ ရေချိုး ထမင်းစား လည်စရာနေရာတွေလည်းမရှိသလို သွားစရာအဖော်လည်းမရှိ ။ အဲ့တော့ ကျနော့်ရဲ့ အချိန်တော်တော်များများကို ပိုင်ဆိုးထားတဲ့ ဘလော့လေးနဲ့ ပဲ နောက်ဆုံးညကို ကုန်ဆုံးခဲ့တယ် ။ အွန်လိုင်းပေါ်တက် မွေးစားသားများ လာမလားဆိုပြီးစောင့် သူကမော့နေတော့ သတိမရဘူးထင်ပါ့ ။ သူငယ်ချင်းတွေကို နှုတ်ဆက် ၊ လခ ထုတ်ပေးနေတဲ့ ကိုတင့်ဆီက ပိုက်ဆံတောင်းချေး =) ၊ ပြီးတော့ မ၀ါ ဘလော့မှာတင်ထားတဲ့ SlideShow ပုံတွေကို " ပိစိ ၊မွန် ၊ ကိုတိုး " တို့ နဲ့ အတင်းတုတ် ဟီးဟီးး ( ဘလော့ဂါတွေ အားလုံး လှကြကြောင်း ၊ ဘလော့မရေးပဲ မော်ဒယ် ဘွိုင်း/ဂဲလ် များ လုပ်သင့်ကြောင်း အဲ့လို အဲ့လိုတွေပါ :P ) ။ မွန်ကတော့ ကိုယ့်ကိုဝေဖန်လိုက်တာ နင်က အောက်ပိုင်းရှူးနေတယ်တဲ့ သရဲမ ပိန်ရင်လည်းပိန်တယ်ပေါ့ ပြောလိုက်တာ တစ်ခါတည်း သေချင်စိတ်ပါ ပေါက်တယ် ။ အဲ့ဓာတ်ပုံကိစ္စက မပြီးသေ ဒီမနက် မောင်ရှင်းသန့် ကလာမေးတယ် အစ်ကိုက သွားကျိုးနေတာလားတဲ့ ဟီးး ပြောတော့ဘူး စိတ်ကုန်း) ။

၁၂ ရီကျော်တော့ အိမ်ရှေ့မှာ မီးပန်းတွေဖောက်တာ ခဏထွက်ကြည့်ပြီး ပို့စ်တစ်ပုဒ်တင် အိပ်လိုက်တာပဲ ။ ကုန်ပြီး မနေ့ကညကို ဒီတိုင်းပဲ ရေတစ်ခွက်သောက်ပြီး နှုတ်ဆက်လိုက်တယ် ။ ကိုယ့်အတွက် ထူးဆန်းတဲ့အရာတွေလည်းမရှိသလို စိတ်လှုပ်ရှားစရာ ဘာအကြောင်းမှမရှိ ။ တစ်ခုတော့ စိတ်ထဲက ကြိတ်ဆုတောင်းလိုက်မိတာ " လောကနတ်မင်းကြီး ကျနော့်ဘ၀ ကို ကြမ်းကြမ်းကြီး မလှုပ်ခါလိုက်ပါနဲ့ မီးနီလေးတော့ တစ်ချက်လောက်ပြပါလို့ " ကြိုတင်ပြင်ဆင်ချင်လို့ ။ ပြီးတော့ ဒီချစ်ဖို့ကောင်းတဲ့ ဘလော့ရပ်ဝန်းလေးမှာ ကျနော့်ရဲ့ အချိန်တော်တော်များများကို ကုန်ဆုံးနေအုံးမယ်ဆိုတာလေး စိတ်ကူးတဲ့ အလုပ်တွေ လုပ်လိုက်ပါတယ်ခင်ဗျာ ။ ကိုငြိမ်သက်ရေ့ ကျေနပ်တော့နော့်  သူများတွေရေးပြီးမှ ရေးမယ်ဆိုတော့ အခုရေးလို့ရပြီဗျ :) Tag တဲ့ အတွက်လည်း ကျေးဇူးပါ ။

ကျနော်လည်း ဆက် Tag လိုက်အုံးမယ် ...

အန်ကယ်အောင်
ကိုဇင်ယော်
ကိုရွာသားလေး
ကိုတိုးလေး
ပိစိ
ရှင်းသန့်
မလေးမ
မွန်
ဝေလေး

အဆင်ပြေရင်ရေးပေးပါ ကျေးဇူးတင်ပါမယ် ။




You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[နတ်သမီးလေးရဲ့ ပုံပြင်] 1 New Entry: အချိုခါးလွန်းသော

အချိုခါးလွန်းသော

"အချစ်ဆိုတာတောင်းခံလို့ရသလားဟင်
ရတယ် ဒါပေမယ့် အချစ်အပြင် တခြားအရာတစ်ခုပါ အပိုရတတ်တယ်
အဲဒါက သိမ်ငယ်စိတ်"

ညညတွေမှာ အိပ်ရာကလန့်နိုးတတ်တိုင်း ဗိုက်အောင့်လို့ ဒါမှမဟုတ် သူမရှိတော့လို့ပဲဟု ထင်ခဲ့မိသည်။ ဟိုနေ့က ကျန်းမာရေးအကြံပေးသူနှင့် ဆွေးနွေးဖို့ ဆေးရုံကိုသွားတော့ ဗိုက်တွေအောင့်တာ ဘယ်အချိန်လဲ ဟုအမေးခံရသည်။ ညဘက်တွေဆို အချိန်မှန်အိပ်ရာကနိုးပြီး အောင့်တာပါ ဟုဖြေတော့ အစာအိမ်သမားဟာ စိုးရိမ်စိတ် ကြောက်လန့်စိတ်နဲ့ အိပ်ရာမဝင်ရဘူးဟု အကြံပေးသည်။ အစာအိမ်ထဲက အက်ဆစ်တွေက စိတ်ခံစားမှုကြောင့် ထုတ်လုပ်နှုန်းပိုများလာမယ်လေ ဟုရှင်းပြသည်။ သူမအိမ်ပြန်လာတော့ အိပ်ရာမဝင်ခင် သိမ်ငယ်စိတ်အကြောင်း စဉ်းစားနေမိသည်။ ဒီလိုပဲတွေးရင်းနှင့် အိပ်ပျော်သွားပြန်သည်။ တစ်ခုတော့ရှိသည်။ သူမအဆုတ်ရောဂါတော့ ဘယ်တော့မှဖြစ်မည်မဟုတ်။ ငိုခြင်းသည် အဆုတ်ကို အားကောင်းစေသည်ဟု ကျန်းမာရေးဂျာနယ်တစ်ခုက ဆိုသည်။

"ငါတစ်ယောက်ထဲနေရဲပါတယ်
နင်မရှိပဲတော့ မနေရဲဘူး"

piccadilly circus မှာ ဂျစ်ပစီအဖွားကြီးတစ်ယောက်က မေးခွန်းတစ်ခုလောက်မေးပါလားဟု လက်ကိုဆွဲပြီး လာပြောတာခံရဖူးသည်။ ညစ်ပေပေ အရေတွဲတွဲလက်တွေကိုကြည့်ပြီး ရန်ကုန်မှာလို ရှောင်ထွက်သွားဖို့ အခုတော့ အင်အားနည်းနေပြန်သည်။
"အိပ်မက်တွေမက်တိုင်း ဘာအကြောင်းအရာလဲဆိုတာ ဘာကြောင့်မမှတ်မိရတာလဲ"
အဖွားကြီးက ကြပ်ခိုးရောင်မျက်လုံးတွေနှင့် စိုက်ကြည့်နေရင်း
"အိပ်မက်ကောင်းမဟုတ်လို့ပေါ့ "ဟုဖြေသည်။
အဲဒါတွေကို သူထွက်သွားပြီးမှ ဘာလို့မက်ရတာလဲဟု မေးချင်သော်လည်း မေးခွန်းတစ်ခုလောက်ဟူသောစကားကြောင့် သူမအဖွားကြီးကို သွားခွင့်ပြုလိုက်သည်။



"နင့်ကိုငါမလိုချင်ဘူး မလိုအပ်ဘူး နင်ကငါ့အတွက် မီးပဲ"
"နင်ငါ့ကိုတကယ်မလိုအပ်ဘူးလား ဒါဆိုနင့်ကိုနင်ပြန်ကြည့်လိုက်ပါဦး"
အို ဟုတ်ပါရဲ့ သူမကိုယ်တိုင်က မီးလျှံတွေနဲ့မှ ရှင်သန်ထမြောက်ရတဲ့ ဖီးနစ်ငှက်တစ်ကောင်ပါလား

သူအသံသွင်းပေးခဲ့သော စကားတွေထဲမှာ ဒီဟာလဲပါသည်။
"နေမကောင်းတဲ့အခါတွေကျရင်လဲ မောင့်ကိုသတိရလိုက်ပေါ့ ဟုတ်လား"
အရင်က အမှုအမှတ်မဲ့ နားထောင်ခဲ့မိသော်လည်း အခုဒါကိုပြန်နားထောင်တိုင်း တွေးနေမိသည်။ မောင့်ကိုသတိရလိုက်ရင် ပိုနေကောင်းမယ်လို့ မောင်ထင်ခဲ့လို့လား။ အခုတော့ စကားစုလေးကို ပြောင်းပြန်လုပ်ပစ်ရမှာပဲဟု တွေးမိရင်း ပြုံးမိသေးသည်။ မောင့်ကိုသတိရလိုက် ဆိုသောစကားစုနှင့် နေမကောင်းတဲ့ ဆိုသောစကားစုကို ရှေ့နောက်လွှဲပစ်ရင် ပိုသဘာဝကျမှာပဲဟု ကြံကြံဖန်ဖန်တွေးမိသောကြောင့်ဖြစ်သည်။

"ငါလေ ဆုတောင်းမှားပြီး နင့်အတွက် ပုစ္ဆာအမှားတစ်ခုဖြစ်သွားမိတယ်။
နင့်အချိန်တွေကို ပြုန်းတီးစေပြီး အဖြေကိုလဲ ထွက်မလာစေပြန်ဘူး"

"မောင် နင့်ကိုငါပြောစရာရှိတယ်"
"ကောင်မလေးရဲ့ မောင်လို့ခေါ်နေပြီးမှ ဘာလို့နင်နဲ့ငါနဲ့ပြောနေရသေးတာလဲ"
"ဘာလို့ဆို နင်ကငါ့ရဲ့ ချစ်သူ နင်ကငါ့ရဲ့ သူငယ်ချင်းမို့ပေါ့"
"ဒါပဲလား နောက်ဘာကျန်သေးလဲ"
"ဟင့်အင်း မပြောပြဘူး"
.................
.........
"အိမ်ဦးနတ်မလား"
သူရိုက်လိုက်သော စာကြောင်းလေးအပြီးတွင် သူနှင့်သူမ ပြိုင်တူရယ်လိုက်ကြသည်။
သူက သူ့ကျေနပ်မှုနှင့်သူ ရယ်ခြင်းဖြစ်ပြီး သူမကတော့ သူနှင့်တပြိုင်ထဲ notepad ပေါ်တွင် ရိုက်လိုက်မိသော စာကြောင်းလေးအတွက် ရယ်မိခြင်းဖြစ်သည်။
"နင်က ငါ့ရဲ့ဘုရားသခင်လဲဖြစ်တယ်"
သို့သော် ထို notepad လေးကို သူ့ကိုဘယ်တော့မှမပို့ပေးဖြစ်ခဲ့ပါ။
ဒီလိုနှင့် အဲဒီနေ့က နင့်ကိုငါပြောစရာရှိတယ်ဆိုသော သူမစကားကို သူနားထောင်ဖို့မေ့သွားခဲ့သည်။

"ကမ်းနဲ့မြစ်လိုပါပဲလား
အရှိန်ပြင်းပြင်းနဲ့ ဆုံတွေ့မိတိုင်း ပြိုကျပျက်စီး
ဆက်ပြီးအတူတူ စီးဆင်းမနေရပြန်တော့လဲ ငါတို့ရှင်သန်နေတာ ဘာထူးဦးမှာလဲ။"

"မောင့်သဲလေးရေ" ဟုတစ်ခါတစ်လေ သူကခေါ်တတ်သည်။
"သဲက မောင့်သဲလေးလား" ဟုသူ့ကိုမေးမိတော့ သူကဖြေပါသည်။
"မောင့်သဲလေးမဟုတ်လို့ သဲက ဘယ်သူ့သဲလေးဖြစ်ရမှာတုန်း ပြောပါဦး"
သူမရော သူပါ ရယ်မောလိုက်ကြသည်။
ဒီလိုနှင့် အဲဒီနေ့က မောင်ကရော သဲရဲ့မောင်လားဟု သူ့ကိုမေးဖို့ သူမမေ့သွားခဲ့သည်။


"နင်အကြောက်ဆုံးက ငါ့နားမှာ တယောက်ယောက်ရှိနေမှာ။
ငါအကြောက်ဆုံးက နင့်နားမှာ ဘယ်သူမှရှိမနေမှာ။"

သံချေးတက်သွားသော ခဲတံချွန်ဓားလေး၊ အရည်မရှိတော့သော ရေမွှေးပုလင်းခွံတို့ကို သူမသိမ်းထားတုန်းဖြစ်ကြောင်းသိစဉ်က သူက ဥစ္စာချောက်တာ လွန်နေတယ်ဟု လှောင်ပြောင်ခဲ့သည်။ သိမ်းထားခြင်းမဟုတ်ပဲ သိမ်းထားပေးခြင်းပါဟု အလောတကြီးရှင်းပြခဲ့သော်လည်း သူမကို သူနားလည်မလည်မသေချာခဲ့ပါ။ မစွန့်လွှတ်တိုင်းလဲ တပ်မက်စိတ်မဟုတ်သလို သွားခွင့်ပြုတိုင်းလဲ လျစ်လျူရှုခြင်းမဟုတ်ဆိုတာ သူမသေချာစွာရှင်းမပြတတ်ခဲ့။ ဓားကလေးနှင့် ပုလင်းလေးတို့ကို အမှိုက်ပုံးထဲမပစ်ခဲ့သော်လည်း မနေ့ကမှ မြေမှာမြှုပ်ပစ်ခဲ့သည်။

"ငါသာ တန်ခိုးရှင်တစ်ပါး ဖြစ်ခဲ့ရင် ဒီ့ထက်ပိုကောင်းတဲ့ အခြေအနေတစ်ခုတော့ ဖန်ဆင်းနိုင်ကောင်းပါရဲ့။
ငါဘာဖန်ဆင်းမလဲ နင်သိလား
နင့်ကိုမချစ်တတ်တဲ့ သတ္တဝါတစ်ကောင်အဖြစ် ဖန်ဆင်းလိုက်တော့မယ်
အချစ်ရဲ့ဒုက္ခဆိုတာ ငါတစ်ယောက်ထဲသာ ရင်စည်းခံလိုက်ချင်ပါတယ်"

"မောင်နဲ့ပြန်တွေ့မှ နောက်တစ်ခါငို ဟုတ်ပြီလား" ဟုသူကမှာခဲ့သည်။ ဟိုနေ့က အတန်းဖော်ယူရိုပီယံမကလေးက "မင်းမျက်လုံးတွေကို လိုင်နာထည့်တာ ဘာကြောင့် အနက်ရောင်တစ်ခါမှ မထည့်တာလဲ" ဟုမေးလာသည်။ "အနက်ရောင်က မျက်ရည်နဲ့ထိပြီးပျော်ကျရင် သိပ်အရုပ်ဆိုးတယ်" ဟုဖြေတော့ နားမလည်သလိုကြည့်နေပြန်သည်။ အကြောင်းတခုခုလှီးလွှဲပြီးတော့ လိမ်ညာလဲမပြောချင်ပါ။ သူမှာခဲ့သောစကားကို သတိရနေသော်လည်း သြဂတ်စလ ၁၃ရက်နေ့မှ နောက်တဘဝလုံးအတွင်း လုံးဝမငိုသောမိန်းမအဖြစ် သူမကိုယ်သူမ အသွင်ပြောင်းဖို့ မတတ်နိုင်ခဲ့ပါ။

"တစ်ခါတစ်လေတော့ နောင်တရမိသည်။
သူ့ကိုပြောစရာ စကားတွေ မကျန်တော့သည့်အတွက်။ သူ့ကို ချစ်စရာတောင်မကျန်အောင် ချစ်ခဲ့မိသည့်အတွက်။
အခုနေ သူမဆီက ကြားချင်တာတစ်ခုခုများကျန်ခဲ့လျှင် သူပြန်လာပြီးများ မေးဦးမည်လားဟု ထင်နေမိတတ်သည်"

နှုတ်ခမ်းနှင့်ထိတွေ့ခွင့်မရခဲ့သော ကော်ဖီခွက်ကလေးအကြောင်း သူရေးထားတာကို ဖတ်ရစဉ်ကတည်းက သူမမှာဒီလိုအတွေးမျိုးရှိခဲ့ပါသည်။ ထိခွင့်တွေ့ခွင့်မရခဲ့သော နှုတ်ခမ်းကလေးကလဲ ကော်ဖီခွက်ကလေးကို လွမ်းနေမှာပဲဟု။ သို့သော် သောက်ပြီးသွားသော ကော်ဖီခွက်တစ်ခွက်အတွက်တော့ ဘာကိုများ သတိတရဖြစ်စရာရှိသေးပါလိမ့်ဟုလဲ ခုတော့စဉ်းစားတတ်နေပြီဟု သူမထင်သည်။ ထိုကော်ဖီခွက်ကတော့ ပန်းကန်ဆေးစက်ထဲကို အမြန်ဆုံးရောက်ဖို့ မျှော်လင့်ဖို့သာရှိတော့သည်မဟုတ်လား။

"ဇာတ်သိမ်းမှာမပေါင်းတဲ့ဝတ္ထုတွေပဲ ဘာလို့ဖတ်ရတာလဲ အသဲ"
"အဲဒါတွေက ရင်ထဲမှာတစ်ခုခုကျန်ခဲ့စေလို့ပေါ့ မောင်"
"ဘာကြောင့်ရင်ထဲမှာ တစ်ခုခုကျန်ခဲ့တာလဲဆိုတာရော သိလား"
"ဟင့်အင်း ပြောပြပါဦး"
"စာရေးသူရဲ့ ရင်ထဲကတစ်ခုခုကို ထုတ်ပြီးပေးခဲ့လို့ပေါ့ အသဲရယ်"

အိမ်ပြန်ချိန်တွေမှာ သွက်လက်မှုမရှိတော့မှန်း သတိထားမိတတ်ခဲ့ပြီ။ အလုပ်မှာ နောက်ဆုံးကျန်နေခဲ့ပြီး လက်မှတ်ထိုးပေးဖို့ လူလိုတိုင်း လုပ်ဖော်ကိုင်ဖက်တွေကို ငဲ့ညှာစွာ သူမအမြဲနေပေးတတ်သည်။ သူသာသိလျှင် စိတ်မကောင်းဖြစ်ဦးမည်။ သူက သနားတတ်လွန်းသည်။
ဇာတ်သိမ်းမပေါင်းသော ဝတ္ထုတွေကို သူမလဲ ရေးတတ် ဖန်တီးတတ်ပါသည်။


You received this email because you are subscribed to the real_time feed for http://www.natthimilay.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မာန်လှိုင်းငယ်] 1 New Entry: လူထုစိန်ဝင်းနှင့် ရေကြည်ရာမြက်နုရာ

လူထုစိန်ဝင်းနှင့် ရေကြည်ရာမြက်နုရာ

မေးမြန်းသူ - အေးအောင်
ဖြေဆိုသူ - လူထုစိန်ဝင်း

လူထုစိန်ဝင်းနှင့် ရေကြည်ရာမြက်နုရာ

လူငယ်ထုအပေါ်အမြဲလိုလို ကောင်းရာကောင်းကြောင်း အကြံပြုရေးသား တင်ပြပေးနေသည့် ဆရာလူထုစိန်ဝင်းနှင့် ရေကြည်ရာမြက်နုရာရှာကြသူ မြန်မာလူငယ်များအကြောင်း မေးမြန်းဖြစ်ခဲ့သည်များကို ...

ယခုတစ်ပတ် ဖော်ပြပေးလိုက်ပါသည်။ အသက်(၆၈)နှစ် ရှိနေပြီဖြစ်သည့် ဆရာလူထုစိန်ဝင်းသည် ကျန်းမာရေး အခြေအနေအရ နေအိမ်၌ပင် အေးအေးလူလူနေထိုင်ကာ စာပေများရေးသားရင်း လူငယ် များအတွက် စိတ်အာဟာရကို မွန်မြတ်သောစေတနာ၊ ကရုဏာဖြင့် ဖြည့်တင်းပေးလျက်ရှိကြောင်း လျှပ်တစ်ပြက်သတင်းဂျာနယ် စာမျက်နှာပေါ်မှ ဤသို့ချပြလိုက်ရပါသတည်း။


ဒီလူငယ်တွေ ပြည်ပကိုထွက်ခွာ အလုပ်လုပ်ကြတော့ သူတို့မှာ အဆင်ပြေတာလည်း ရှိတယ်။ တချို့ကျတော့ ဟိုနိုင်ငံသားခံယူလိုက်တာ လည်းရှိတယ်။ ဒီကိုပြန်လာတာလည်း ရှိတယ်ပေါ့ဆရာရယ်။ ဒီကအခြေအနေနဲ့ သူနဲ့မကိုက်လို့ဆိုပြီး ပြန်ထွက်လာတာလည်း ရှိ တယ်။ ဒီအပေါ် ဆရာဘယ်လိုဝေဖန် အကြံပြုလိုပါသလဲ။
ဆရာက အနှစ်(၂ဝ)ကျော်လောက် အင်္ဂလိပ်စကားပြော သင်တန်းဖွင့်ခဲ့တာကိုး။ နိုင်ငံခြားသွားချင် တဲ့ လူငယ်တွေတင်မကဘူး လူလတ်ပိုင်းလည်းပါတယ်။ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့သူတွေ၊ အင်ဂျင် နီယာ၊ ဆရာဝန်တွေပါ ဆရာ့ကျောင်းမှာ လာတက်ကြတော့ အများကြီးတွေ့ခဲ့ပါတယ်။ သွားကြတဲ့ အထဲမှာ အလုပ်အကိုင်ကြောင့် သွားကြတဲ့ သူတွေနဲ့တော့ ဆရာနဲ့သိပ်မရင်းနှီးဘူး။ အဲဒီဟာတော့ ဆရာသိပ်မပြောတတ်ဘူး။ ပညာသင်ဖို့သွားကြတဲ့သူတွေ အကြောင်း ဆရာကပိုပြီးများများသိတယ်။
လူငယ်တွေ နိုင်ငံခြားသွားတာဟာ ဆရာကတော့ ကောင်းတဲ့လက္ခဏာလို့ပဲ မြင်တယ်။ ဒီလိုသွားမှ သူများနိုင်ငံတွေရဲ့ ကောင်းတာတွေလည်း သိလာတယ်။ မကောင်းတာလည်းသိလာတယ်။ မျိုးချစ်စိတ် ရှိတယ်ဆိုတာ နှိုင်းယှဉ်ချက်ရှိမှ မျိုးချစ်စိတ်ရှိတာ။ သူများနိုင်ငံတွေ ကောင်းတာတွေမြင်ရသလို၊ မကောင်းတာတွေလည်း မြင်တတ်ရမယ်။ အလားတူ ကိုယ့်နိုင်ငံရဲ့အားသာချက်၊ အားနည်းချက်တွေ လည်းသိလာမယ်။ အဲဒီလို နှိုင်းယှဉ်ပြီးသိတဲ့အခါမှ တို့လူမျိုးက ဘယ်လောက် ချစ်စရာကောင်းသလဲ၊ တို့လူမျိုးကဘယ်လောက် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသလဲဆိုတာ သိလာမယ်။ အဲဒီကျမှ မျိုးချစ်စိတ်ဆိုတာ ပေါ်ထွက်နိုင်လာမယ်။ ဒီအတိုင်းနေလို့ မျိုးချစ်စိတ်ဆိုတာ ထွက်မလာဘူး။ ဒါကြောင့် မို့ နိုင်ငံခြားကိုသွားတယ်၊ လာတယ်ဆိုတာ ဆရာ့အနေနဲ့ သဘောကျတယ်။ ဆရာအနှစ်(၂ဝ)သင်ခဲ့ဖူး တော့ လူငယ်တွေဘာဖြစ်လို့ နိုင်ငံခြားသွားချင်သလဲဆိုတော့ ဆရာတွေ့သလောက်တော့ နိုင်ငံခြားကို အထင်ကြီးပြီး သွားချင်တဲ့သူကတော့ အင်မတန်နည်းပါတယ်။ မြန်မာလူငယ်လေးတွေ သွားချင်ကြ တယ်ဆိုတာ များသောအားဖြင့်မိဘကို လုပ်ကျွေးချင်လို့၊ ကျေးဇူးဆပ်ချင်လို့၊ ဒီအင်မတန်မွန်မြတ်တဲ့ ရည်ရွယ်ချက်ကလေးနဲ့သွားကြတာ။ ဆရာ့ကျောင်းမှာ တက်တော့ လူအများစုကလည်း ပညာတတ် လူငယ်တွေများတယ်။ အနိမ့်ဆုံးဆိုလည်း ဆရာက ဆယ်တန်းအောင်မှ လက်ခံတာကိုး။ ပညာတတ် တွေအများစု နိုင်ငံခြားကိုရောက်သွားပြီးတော့ မြန်မာလူမျိုးတွေ ဒုက္ခရောက်တယ်ဆိုတာ အင်မတန် နည်းပါတယ်။ မရှိသလောက်ရှားပါတယ်။ ရောက်တဲ့နေရာမှာ မြန်မာလူမျိုးဟာ အဆင်ပြေအောင် နေ တတ်၊ ထိုင်တတ်၊ လုပ်တတ်၊ ကိုင်တတ်တယ်။ နောက်တစ်ခါ မြန်မာလူမျိုးရဲ့ ပညာအဆင့်အတန်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆိုရင်အများကြီးကိုသာပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ပေါ့။ ဂျပန်နဲ့ယှဉ်မလား။ ကိုရီးယားတွေနဲ့ ယှဉ်မလား။ ဒီနားက ယိုးဒယားတို့ ဘာတို့ဆိုထည့်မပြောနဲ့တော့။ ထိပ်တန်းရောက်နေတဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့နဲ့ယှဉ်ရင် အင်္ဂလိပ်စကားပြော၊ အင်္ဂလိပ်စာဖတ် နားလည်တဲ့နေရာမှာ မြန်မာက အဲဒီလူတွေထက် သုံး၊ လေးဆလောက်သာတယ်။
အဲဒီတော့ မြန်မာလူမျိုးဟာ ဘယ်နိုင်ငံပဲရောက်ရောက် ဒုက္ခမရောက်ကြတော့ဘူး။ ဒါကြောင့် လူငယ်တွေ သွားတာဟာ မိဘကျေးဇူးဆပ်ချင်လို့ သွားကြတာဖြစ်တဲ့အတွက် ဒုက္ခလည်း သိပ်မရောက် ကြပါဘူး။ ဆရာကတော့ အဲဒါကို ကောင်းတယ်လို့ပဲမြင်တယ်။ အလုပ်အကိုင်ကြောင့် သွားတဲ့လူတွေ နဲ့တော့ ဆရာကသိပ်မရင်းနှီးဘူး။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ မလေးရှားမှာ ဘယ်လောက် ဒုက္ခ ရောက်တယ်။ ထိုင်းမှာ ဘယ်လောက်အနှိမ်ခံရတယ် ဆိုတာတွေတော့ ကြားနေရတာပေါ့လေ။ ကိုယ်တွေ့မဟုတ်တော့ ဒါတွေတော့ဆရာသိပ်မပြောတတ်ဘူး။

ဒီလိုဆို ကော်လာဖြူနဲ့ပတ်သက်ပြီးပဲ ဆရာပိုအကျွမ်းဝင်တယ်ပေါ့နော်။
ဟုတ်တယ်။ ဆရာက ပညာတတ်လူတန်းစားနဲ့ပဲ ပိုရင်းနှီးတယ်။

နိုင်ငံခြားက မိတ်ဆွေတစ်ယောက် ပြောပြတာက စင်ကာပူက အိုင်တီလောကမှာ မြန်မာ ပညာရှင်ပေါင်း အခုဆိုရင်အယောက်(၃ဝဝ)ကျော်လောက်ရှိပါပြီ။ အဲဒီပညာရှင်(၃ဝဝ)ကျော် က ပြန်မွေးထုတ်ပေးရင် ကျောင်းသားပေါင်း တစ်သိန်းလောက်ထပ်ထွက်လာမယ်။ ဒါပေမဲ့ အဲဒီလူတွေက မြန်မာပြည်ပြန်လာမှာလား ဆိုတော့ ပြန်မလာချင် ကြသေးတာ များတယ်တဲ့။ အဲဒီအခြေအနေအပေါ် brain drain ဖြစ်တယ်လို့ယူဆလို့ရမလား။
ဒီ brain drain အကြောင်းကတော့ ဆရာမကြာခဏရေးဖူးပါတယ်။ အခုလိုပညာတတ်တွေ နိုင်ငံခြား ထွက်ကုန်တာ မကောင်းဘူးဆိုတာ ဆရာရေးဖူးပါတယ်။ brain drain အကြောင်း ဆရာ ခဏခဏရေးတယ်။ သူများတွေ မရေးတာတွေတောင် ဆရာရေးတယ်။ brain dry ဆိုတာ သူများနိုင်ငံ တွေမှာ brain drain ပြဿနာပဲရှိတယ်။ ဆရာတို့မှာကျတော့ brain တွေက dry ဖြစ်ကုန်တယ်။ ကိုယ့်အတတ်ပညာနဲ့ ကိုယ်လုပ်ကိုင်မစားရဘဲ ကိုယ်သင်ထားတဲ့ပညာကတခြား၊ အလုပ်ကတခြား ဆိုတော့ ဦးနှောက်တွေ ခြောက်ခမ်းကုန်တယ်။ အဲဒါကြောင့် brain dry ပြဿနာဆိုပြီး ဆရာရေးခဲ့ဖူး တယ်။ နောက်တစ်ခုက နိုင်ငံခြားထွက်သွားပြီးတော့ ပြန်မလာကြဘူးဆိုတာ အပိုင်းနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်ယဉ်ကျေးမှုကို မချစ်တတ်တဲ့သူ။ နောက်တစ်ပိုင်းက စီးပွားရေး အခြေအနေအရ မိဘကိုလုပ်ကျွေးချင်တယ်၊ ကျေးဇူးဆပ်ချင်တယ်။ နိုင်ငံခြားမှာရှာဖွေလို့ရလာတာ လေးနဲ့ မိဘကိုကျေးဇူးဆပ်ချင်တာကြောင့် ပြန်မလာတာတစ်ပိုင်းရှိတယ်။ ကိုယ့်တိုင်းပြည်ကိုမချစ်လို့ ပြန်မလာတဲ့ သူဆိုတာ ဆရာအတွေ့အကြုံအရအင်မတန်နည်းပါတယ်။

အခွင့်သာရင်တော့ သူတို့ပြန်လာကြမယ်လို့ ဆိုလိုတာလားခင်ဗျ။
လာကြပါတယ်။ ဆရာ့ကျောင်းသားတပည့်တွေဆို အများကြီးပြန်လာ ကြတာရှိပါတယ်။

နောက်တစ်ခုက ဒီမှာဖြစ်တဲ့ ကိစ္စတစ်ခုက လူငယ်တချို့က အမြင်လွဲတာမှာ ဆယ်တန်း အောင်ပြီးရင်လည်း ရန်ကုန်မှာ ကုမ္ပဏီဝန်ထမ်းလုပ်လည်း မားကတ်တင်း၊ စာရေးလောက် နဲ့ပဲ ပြီးမယ်ဆိုပြီး ရှာကြံလို့ရတဲ့ ငွေလေးနဲ့ စင်ကာပူ၊ မလေးရှားစသည်ဖြင့်ထွက်ကြတယ်။ သူတို့ဟာ ဒီကသင်ပေးလိုက်တဲ့ပညာကို တန်ဖိုးမထားတတ်တဲ့ သဘောလေးတွေ ဆောင်လာ ကြတယ်။ အဲဒါကို ဆရာဘယ်လိုသုံးသပ်မိလဲ။
နိုင်ငံခြားသွား၊ ပင်ပင်ပန်းပန်းကြိုးစားရှာကြတာ။ ဥပမာ ဂျပန်နိုင်ငံမျိုးကို လူတွေကသိပ်ပြီး အားကျ နေတယ်။ ဂျပန်ရောက်တဲ့ သူကတကယ်ဆိုရင် သိပ်သနားဖို့ကောင်းတယ်။ နေ့အလုပ်၊ ညအလုပ်နှစ်ခု လောက်ခွဲလုပ်ရတယ်။ ဒါမှလည်း မိဘဆီပိုက်ဆံပို့နိုင်ရှာမှာ။ နေ့အလုပ်က ပြန်လာရင် အဝတ်အစား တောင်မလဲနိုင်ဘူး။ အဲဒီအဝတ်နဲ့ထိုးအိပ်ရတယ်။ အိပ်ရာနိုးတာနဲ့ပဲ ချက်ချင်း အလုပ်ပြေးရတယ်။ အဲဒီ လိုပြေးလွှားနေကြရတာ။ ဒီကလေးတွေ အပင်ပန်းခံပြီး သွားလုပ်တာမှာ သူတို့တွေချည်းပဲ အပြစ်တင် လို့မရဘူး။
တစ်ခါတုန်းက ဆရာရေးဖူးတယ်။ 'မြန်မာတွေဖျင်းတယ်၊ ပျင်းတယ်၊ ညံ့တယ်'လို့ဆိုပြီး တချို့မှား ပြောလေ့ရှိတာရှိတယ်။ ဆရာကရေးလိုက်တာမှာ ''တစ်နာရီကို (၆)ဒေါ်လာပေးပြီး ခိုင်းကြည့်ပါလား၊ မြန်မာတွေပျင်းသလား၊ အလုပ်ခိုကပ်သလားသိရအောင်''လို့။ အဲဒီလိုကိုရေးဖူးတယ်။ မြန်မာပြည် လောက်နေလို့ထိုင်လို့ကောင်းတဲ့နိုင်ငံ အစားအသောက်အတွက် ထမင်းငတ်မှာ မပူရဘူး။ ဆရာတို့ မြန်မာပြည်က မချမ်းသာရင်သာရှိမယ်။ ထမင်းငတ်တယ်ဆိုတာ ဘယ်ခေတ်ကမှမရှိခဲ့ဘူး။ ဖက်ဆစ် ဂျပန်လက်အောက်မှာ နေတုန်းကတောင် ထမင်းမငတ်ခဲ့ဘူး။ အဲဒီလိုနိုင်ငံမှာ ဗြဟ္မစိုရ်တရား ဆိုတာ လည်း မဆိတ်သုဉ်းသေးဘူး။ မေတ္တာ၊ စေတနာကို တန်ဖိုးထားနေကြတုန်းပါ။ နယ်ကနေ ရန်ကုန်က ဆွေမျိုး အိမ်မှာကျောင်းတက်၊ ပညာသင်ဆိုတာ မြန်မာပြည်မှာဘဲ လုပ်လို့ရတယ်။ နိုင်ငံခြားမှာ ဒီလို လုပ်လို့မရဘူး။
မြန်မာပြည်လောက် နေလို့ကောင်းတဲ့နိုင်ငံဟာ ကမ္ဘာမှာမရှိသလောက် ရှားပါတယ်။ ဘယ်သူမှ နိုင်ငံခြားမထွက်ချင်ဘူး။ ထွက်ပြီးရင်လည်း တစ်သက်လုံး ဘယ်သူမှဟိုမှာမနေချင်ဘူး။ ပြန်လာချင် တာပဲ။
ဒီကအလုပ်ရှင်တွေ၊ ကုမ္ပဏီတွေက သူများနိုင်ငံပေးသလို တစ်နာရီ (၆)ဒေါ်လာ၊ (၇)ဒေါ်လာ ပေးပြီးခိုင်းကြည့်ပါလား။ ဘယ်သူမှမထွက်ပါဘူး။ အခုစာရေးဆရာတွေလည်း ရေးကြ၊ အလုပ်ရှင်တွေ လည်း ပြောကြတာမှာ ''မြန်မာတွေပျင်းတယ်၊ ခိုကပ်တယ်''တဲ့။ နောက်ပြီးတော့ စင်ကာပူဟာဖြင့် ဘယ်လောက်ထိ သန့်ရှင်းတယ်၊ နိုင်ငံတကာစံချိန်မီ ဘယ်လိုအလုပ်လုပ်ကြတယ်။ ဘယ်လောက် ကြိုးစားကြတယ်လို့ ဆိုကြတယ်။ အလုပ်လုပ်တဲ့နေရာမှာ နိုင်ငံတကာစံကိုမပြောပါနဲ့။ အဲဒီလိုဆရာပြော ချင်တယ်။ အဲဒီလို နိုင်ငံတကာ စံနဲ့ပေးမယ်ဆိုရင် ဆရာပြောရဲပါတယ်။ မြန်မာလူမျိုး ဘယ်သူမှ နိုင်ငံ ခြားမှာ သွားမလုပ်ဘူးလို့။ ရှေးတုန်းက ဆရာတို့ဟာ အင်္ဂလိပ်လက် အောက်မှာနေခဲ့ရတယ်။ သွားချင် လည်း လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ ဘယ်နိုင်ငံသွားသွား။ အိန္ဒိယဆိုရင် အိမ်ဦးနဲ့ ကြမ်းပြင် ကူးလို့ရတယ်။ အဲဒီလို လွတ်လွတ်လပ်လပ် သွားလို့ရတဲ့ခေတ်မှာတောင် မြန်မာလူမျိုးတွေ ဘယ်နိုင်ငံ မှဒီလောက် မသွားခဲ့ဘူး။ အိန္ဒိယ၊ တရုတ်ကလူတွေ ဒီမှာလာပြီး ကူလီလာလုပ်ကြတယ်။ သင်္ဘောသား ဆိုရင်လည်း မြန်မာလူမျိုးတွေ မလုပ်ခဲ့ဘူး။ သင်္ဘောသားဆိုရင် ခေါ်တော ကုလားတွေပဲလုပ်တာ။ ဒါကြောင့် ဆလင်တို့ဘာတို့ဆိုတဲ့ စကားတွေဟာ ကုလားစကားတွေ။ မြန်မာတွေမလုပ်တဲ့ ပင်ပင် ပန်းပန်း အလုပ်တွေကို ကုလားတွေပဲလာလုပ်ခဲ့တာ။

တရုတ်ပြည်ဆိုရင် သူ့ပညာတတ်တွေကို သူပြန်စုနိုင်ခဲ့တယ်လို့ဆိုပါတယ်။
သူများနိုင်ငံကို သခင်ကြီးခေါ်ချင် သူတွေကတော့ အင်္ဂလိပ်လက်အောက် နေခဲ့စဉ်ကရှိခဲ့လို့ အခုလည်းရှိနေတယ်။ မြန်မာချင်းစကားမပြောချင်ဘူး။ မြန်မာလူငယ်အများစုမှာ အမေကျော် ဒွေးတော် လွမ်းတဲ့စိတ်မရှိပါဘူး။ ဒါကိုတော့ ဆရာပြောရဲတယ်။

အဲဒီတော့ ပြည်ပရောက် ပညာတတ်လူငယ်တွေကို အချိန်မရွေး ပြန်စုစည်းနိုင်မယ့် အနေအထားရှိလား။
အချိန်မရွေးစုစည်းနိုင်ပါတယ်။ ဆရာရဲရဲပြောရဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆရာကိုယ်တိုင် အနှစ်(၂ဝ)ကျော် နိုင်ငံခြားသွားတဲ့သူတွေကို ဆရာစာသင်တာကိုး။ ဆရာ့တပည့်တွေကို နေ့တိုင်းထိ တွေ့ နေရတော့ကောင်း ကောင်းသိတယ်။ ဘိုရူးရူးပြီးသွားတဲ့သူအင်မတန်နည်းပါတယ်။ အများစုက ပညာသင်ဖို့နဲ့ နောက်တစ်ခုက မိဘအလုပ်အကျွေးပြုချင်လို့ နိုင်ငံခြားထွက် ပိုက်ဆံရှာတာပါ။

You received this email because you are subscribed to the real_time feed for http://mhanhlainenge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.