မုံရွာတစ်ဝိုက်(၁)
ကျွန်တော်... ဒီဘလော့လေးကိုရေးတော့ ကိုယ့်မြို့ကိုယ်ရွာအကြောင်းလေးလောက်သာ ရေးဖို့ စိတ်ကူးမိပါတယ်၊ နောက်ပိုင်း... သမိုင်းတွေ လျှောက်ဖတ်မိတော့မှ ကိုယ်တစ်ခုတည်းရေးလို့ကတော့ ဘယ်လိုမှ အဆင်ပြေမည်မဟုတ်ကြောင်း သိလာရသည်။ ယင်းမာပင်အကြောင်းဆိုလျှင် ယင်းမာပင်မြို့နယ်ထဲက ထင်ရှားတဲ့နယ်မြေတွေ၊ ရွာတွေရဲ့ဓလေ့တွေ ပါလာရပါပြီ။ နောက်... အိမ်နီးချင်းတွေ အကြောင်းလည်း ပါဝင်လာရပါပြီ။ ဒီတော့. . .ကျွန်တော့်အတွက် အတော်လေးလံရတဲ့ ကိစ္စဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီနောက်ပိုင်းမှာ ပိုစ့်အတင် ကျဲသွားခဲ့ပါတယ်။
"ရွှေမုံသား" ကလည်း မုံရွာနယ်တွေအကြောင်းပါ ထည့်သွင်းဖော်ပြသွားဖို့ တောင်းဆိုထားပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်လေ့လာမိသမျှ မုံရွာနယ်တစ်ဝိုက် အကြောင်းများကို ရေးသားသွားပါမယ်။
ပထမဆုံး မုံရွာမြို့ကိုဘာလို့ "သလ္လာဝတီမြို့တော်"လို့ ခေါ်နေကြသလဲဆိုတာကို အရင်ရှင်းပြချင်ပါတယ်။ မုံရွာမြို့ရဲ့ အသက် သွေးကြောဟာ ခုထက်ထိ ချင်းတွင်းမြစ်ပေါ်မှာ မူတည်နေဆဲပဲဆိုတာ ရောက်ဖူးတဲ့သူတိုင်း သိကြပါလိမ့်မယ်။ ဟိုး အရင်ခေတ် တုန်းကဆိုရင် ပိုပြီးတောင် ရေလမ်းကြောင်းပေါ်မှာ မူတည်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မုံရွာမြို့တော်ကို "ချင်းတွင်းမြို့တော်" (သို့မဟုတ်) "သလ္လာဝတီမြို့တော်" ရယ်လို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ကို "သလ္လာဝတီ" လို့ ခေါ်ဝေါ်ပါတယ်၊ "ဆူးညောင့်ရှိသာမြစ်" ဟု အဓိပ္ပါယ်ရပါတယ်။
ဟိုး... ရှေးယခင်အခါက မြန်မာနိုင်ငံရဲ့ နယ်ပယ်ဒေသတွေကို တိုက်ကြီး (၄)တိုက်အဖြစ် သတ်မှတ်ပြီး ခွဲခြားထားခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက သတ်မှတ်ခဲ့တဲ့ တိုက်ကြီးများနဲ့ ပါဝင်တဲ့ဒေသတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မုံရွာတစ်ဝိုက်က နယ်ပယ်ဒေသတွေဟာ ဘယ်တိုက်ထဲမှာ ပါဝင်နေခဲ့လဲဆိုတာ တစ်ချက် ရှာကြည့်ပါ...၊ တော်ပါပြီဗျာ... ခင်ဗျားတို့ ခေါင်းမူးနေပါလိမ့်မယ်။ ကျွန်တော်ပြောပြလိုက်ပါ့မယ်၊ မြောက်ဘက်တိုက်ထဲမှာ ပါဝင်ပါတယ်။ ရှာကြည့်လိုက်ပါ -တောင်ဘက်တိုက် - ဆင်ရင်ရွာ၊ ငမြာငယ်၊ ကျောက်မဆင်၊ နွယ်ရောက်၊ လင်ကတော၊ ချောင်းဆုံကြီး၊ ညောင်မရွာ၊ တရား၊ ကြက်မောက်၊ သပြေ၊ ချောင်းဆုံငယ်၊ မြောက်များ၊ ပျည်းမ၊ ဗြဟ္မဒတ်၊ ဖြစ်သီ၊ လယ်အိုး၊ ထီးချိုင့်၊ ဗန်ရွာ၊ မန်ကျည်းခွ၊ ပုပ္ပါးရွာ၊ မတောင့်တ၊ ဦးနှောက်၊ စကား၊ မြို့ကြီး၊ ဖြစ်သီ၊ ဆုံတား၊ ၀ကျ၊ မင်းရွာ၊ လုံပေါင်၊ ဘူးတောင်း၊ ငဇင်၊ လက်ပံ၊ ဆင်စွယ်၊ သလင်း၊ စင်ဆယ်၊ ငမှိုင်း၊ တကော၊ ညည့်ရှော၊ ဆသိမ်၊ ကျော်ရာ၊ မြတ်ဝန်၊ ငနံသင်၊ လယ်ကန်၊ ကက်ရင်၊ ပလဲရွာ၊ ငကြောင်ရွာ၊ ကျတ်ရွာ၊ တည်ကြည်ရွာ၊ ၀ယ်ပေါင်ရွာ၊ ၀ယ်ခေါင်ရွာ၊ ကျောက်မြစုံချက်၊ မိဖုရား၊ မင်းကန်၊ ခေါ်သန္တီ၊ ပန်းတိမ်တော်၊ မြဲနဲ၊ ကျိုင်ခမောက်၊ ရွာသမင်၊ မုံမြစ်၊ တောကသောင်၊ သိတုန် စသောရွာများ ပါဝင်သောဒေသ...
နောက်...ထပ်တွေ့ရတာက၊ "တောင် ၁၅၀" ဆိုတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်၊ ဒီအသုံးအနှုန်းကတော့ အထူးရွေးချယ်လေ့ကျင့်ထား တဲ့ တပ်သားအမှု့ထမ်းတွေကို သတ်မှန်ခေါ်ဝေါ်ခဲ့တဲ့ အမည်ဖြစ်ပါတယ်။ ပရစ်ကုန်းမြောက်ရွာ၊ ပရစ်ကုန်းတောင်ရွာ၊ လှေကူးရွာ၊ သက်ကယ်ကျင်းရွာ၊ အောင်သာရွာ၊ မုံရွာ၊ ရှားပြေးရွာ၊ အောင်ချမ်းသာရွာ၊ သက်ရှည်ကန်ရွာ၊ ညောင်ပင်စောက်ရွာ၊ စတဲ့ရွာများမှ သန်မာထွားကျိုင်းတဲ့ လူငယ်များကို ရွေးချယ်ဖွဲ့စည်းထားတဲ့ "အမှုထမ်း အစု" လို့ ရေးသားထားပါတယ်။ အဲဒီ အမှုထမ်းတွေရဲ့ လက်ယာလက်ဖမိုးမှာ "ခြင်္သေရုပ်" ကိုလည်း ရေးထိုးထားလေ့ရှိတယ်လို့ သိရပါတယ်။ ခင်ဗျားရဲ့ညာဖက်လက်ဖမိုးကို တစ်ချက် ပြန်ငုံ့ကြည့်လိုက်ပါဦး၊ တော်ကြာ... "တောင် ၁၅၀" အဖွဲ့ထဲကများ ဖြစ်နေမလား မသိဘူးနော်....
မြောက်ဘက်တိုက် - မောက္ကတော်၊ သင်တော၊ ငစည့်ကိုင်း၊ တောင်အောက်၊ တောက်ရှရွာ၊ မှက်ကိ၊ ရှိမ္မကားရွာ (ရှိန်းမကား ဟု အသံထွက်ပါသည်)၊ မြင်တွင်၊ မုံရွာ၊ ဈေတက်၊ တောင်ကြား၊ ကုလားရွာ၊ ငသျှံရွာ၊ ခေါက်ရောင်ရွာ၊ ဟသာင်္ရွာ၊ သာဝတ္တိ၊ တည်တော၊ ငကင်၊ ဆေရ၊ နန်နုန်ရွာ၊ ကွမ်းဘုံး၊ ကျွန်းတော၊ ဘိန်ကား၊ မြောင်၊ မုတ်ဆိုးခြုံ၊ တန်တည်၊ ကုန်းရွာ၊ ရင်မိဿံ၊ မတောင့်တ၊ ရွာသာ၊ နဘက်၊ ကျောက်ရစ်၊ ကြာပန်းညို၊ ပဲခွဲ၊ အင်းပဲ၊ အင်းတိုင်၊ သစ်ဆိပ်ငယ်၊ သံမောက်၊ ဆင်ကွတ်၊ မြင်းမူ၊ အင်းမ၊ ရွာသစ်ကြီး၊ မြေနဲ၊ အုန်းပေါက်၊ မြင်းမေ၊ ပြောရွာ၊ ရွာသံ၊ ၀တ္တနာ၊ ညောင်ရင်း၊ မန်ကျည်းတုံ၊ ကြေးမုံ၊ မဗေရွာ၊ သိန်ကတော၊ ရေ၀င်၊ သရိုင်ရွာ၊ စဉ်သာ၊ ရတုံ၊ ချောင်းဦး၊ လှထွေ၊ ၀လို၊ ကျောက်ကာ၊ ဆံတော်ဆွဲ၊ ကူခေါင်း၊ မုတ်ဆိုးဘို၊ ခက်လုံ၊ စောဘွတ်အို၊ မင်းရွာ၊ ရွာစိုက်၊ သုံးကြီး၊ ရဝေရွာ၊ သင်တွဲ စသောရွာများ ပါဝင်သောဒေသ...
အနောက်တိုက် - သွန်ရွာ၊ မန်လည်၊ သက်ပန်း၊ တောင်တွင်းငယ်၊ ပဲနံ့သာရွာ၊ မလွန်မီတ္ထီလာ၊ ထီးလှိုင်၊ တပယ်၊ မြောင်လှမြို့၊ မြင်းခုံတိုင်မြို့၊ သဲကျေးရွာ၊ နံ့သာရွာ၊ ခေါင်းကွဲရွာ၊ ငမြာကြီး၊ သကြင်မြောက်ရွာ၊ လှိုင်းတက်မြို့၊ ပြင်စည်မြို့၊ ကင်းတောက်ရွာ၊ ရွာသယာရွာ၊ ရန်နောင်မြို့သစ်၊ ရန်နောင်မြို့အ၀င် ဇီးချို၊ ဖွတ်အင်း၊ သာဂရ၊ မြို့တင် မြို့၊ ပင်လှ၊ ကျိသာ၊ ငန်းစွန်၊ ထရကန်၊ ကင်းသာရွာ၊ မင်းလှရွာ၊ မင်းလှကင်းသာရွာ၊ လှိုင်တက်ငွေစွန်၊ ၀ါရွက်၊ အင်နီးကြောက်မြို့၊ မျင်ထိတ်၊ မြစ်စုတ်၊ မလည် စသော ရွာများ ပါဝင်သောဒေသ...
အရှေ့ဘက်တိုက် - အောင်ပင်လယ်၊ အောင်ပင်လယ်ကန်အသည်၊ အုတ်ဖို၊ အုန်းကွမ်း၊ ဘုတ်ရွာ၊ ကင်းရွာ၊ ကြပင်း၊ ရွှေခုံတိုင်၊ မြစ်တွင်း၊ မကွေတရာ၊ ကျွဲနဖား၊ ခက်တင်၊ တောင်အင်း၊ မတ္တရာ၊ ရေမြပုကန်၊ တောင်ပြုံးငယ်၊ စကြင်၊ စကြင်တောင်ရွာ၊ သပြေလှ၊ စုံးရွာ၊ စရိုင်၊ နာရီတောင်၊ မြစ်သစ်ငယ်၊ ၀ရင်းတုတ်၊ ကွမ်းစည်၊ ပြောင်းပြလင်းဇင်း၊ ကွန်သာယာ၊ ကင်ကုံပယ်၊ ပေါက်နက်၊ ရေကြည်၊ ရေနံသာ၊ ဆေးဟောင်း၊ ဆေးသစ်၊ ၀ါတန်ဆက်၊ ငှက်ကြီးသိုက်၊ ရက်ဘား၊ ရမာန်၊ ယမုံ၊ မုံတော၊ ရေထွက်ရွာများ ပါဝင်သော ဒေသ...
You received this email because you are subscribed to the real_time feed for http://yinmarbin.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.